← Chapters

အခန်း ၅၇၁-၅၇၃

Vol. 39 Ch. 571-573

အခန်း ၅၇၁-၅၇၃

Vol. 39 Ch. 571-573

အခန်း( ၅၇၁)

စစ်ပွဲစတင်ခြင်း (၁)

ယုံအန်းခရိုင်။

နယ်စပ်မျဉ်းတစ်လျှောက်တွင် ကတုတ်ကျင်းများ စီတန်းနေသည်။ လက်နက်များ ပြောင်းလဲလာသည်နှင့်အညီ စစ်ပွဲပုံစံလည်း ပြောင်းလဲလာခဲ့သည်။

မြောက်ပိုင်းပြည်နယ်ရင်ဆိုင်ရမည့် အနာဂတ်စစ်ပွဲများသည် မြို့များတွင် ခံစစ်ယူသော စစ်ပွဲများ မဟုတ်တော့ပေ။

မုချန်တိန်၏ စစ်သည်နှစ်သိန်းသည် ဝူနိုင်ငံတော်၏ တပ်များနှင့် တိုက်ရိုက်ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

......

တစ်ချိန်တည်းမှာပင်။

နယ်စပ်မျဉ်း၏ အနောက်ဘက်တွင် ဝူနိုင်ငံတော်၏ လူအင်အား သုံးသိန်းရှိသော စစ်တပ်သည်လည်း တိုက်ခိုက်ရန် ပြင်ဆင်နေသည်။

အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားသော အရပ်ရှည်ရှည် အမျိုးသားတစ်ဦးသည် နယ်စပ်မျဉ်းအနီးရှိ တောင်ကုန်းငယ်တစ်ခုသို့ မြင်းစီးလာပြီး ယုံအန်းခရိုင်ဘက်သို့ ကြည့်နေသည်။ သူ၏နောက်တွင်လည်း စစ်သားများစွာ လိုက်ပါလာသည်။

ထိုအခိုက်အတန့်တွင် ဒုဗိုလ်ချုပ်တစ်ဦးက

"မြောက်ပိုင်းပြည်နယ်ရဲ့ စစ်သားတွေက ဘယ်လို ပရိယာယ်တွေ သုံးနေလဲ မသိဘူး။ ကျင်းတွေ အများကြီး တူးနေကြတယ်။ သူတို့က ဒီကျင်းတွေနဲ့ ဝူနိုင်ငံတော်ရဲ့ မြင်းတပ်ကို တားဆီးနိုင်မယ်လို့ တကယ် ထင်နေကြတာလား။"

နောက်ထပ် ဒုဗိုလ်ချုပ်တစ်ဦးက

"မြောက်ပိုင်းပြည်နယ်ရဲ့ စစ်သားတွေကို လျှော့မတွက်သင့်ဘူး ဒုဗိုလ်ချုပ်ရွယ်။ သူတို့က မြောက်ပိုင်းဒေသက လွင်ပြင်‌ဒေသမျိုးနွယ်စုတွေကို ချေမှုန်းနိုင်ခဲ့သလို ထျန်းချီဘုရင်ရဲ့ စစ်တပ်ကိုလည်း အနိုင်ယူနိုင်ခဲ့တယ်။ သူတို့မှာ အစွမ်းအစ နည်းနည်းတော့ ရှိတယ်။"

ဤစကားကို ကြားသောအခါ ဒုဗိုလ်ချုပ်ရွယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

"ဦးနှောက်မရှိတဲ့ လွင်ပြင်‌ဒေသသားတွေကို အနိုင်ယူနိုင်တာက ချီးကျူးစရာ မဟုတ်ဘူး။ ငါတို့က မြောက်ပိုင်းက လူတွေနဲ့ မတူဘူး။"

ထိုအချိန်တွင် စစ်သားအချို့က ဒုဗိုလ်ချုပ်ရွယ်၏ စကားကို ထောက်ခံပြောဆိုကြသည်။

"မြောက်ပိုင်းပြည်နယ်က နယ်စားပြည်နယ်လေးတစ်ခုပဲ။ ကျွန်တော်တို့ရဲ့ ဝူနိုင်ငံတော် ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။"

"ကျွန်တော့်အမြင်အရဆိုရင် သုံးလအတွင်းမှာ ကျွန်တော်တို့က ယုံအန်းခရိုင်ရဲ့ ခံစစ်ကို ချိုးဖျက်ပြီး မြောက်ပိုင်းပြည်နယ်ကို ကျူးကျော်နိုင်လိမ့်မယ်။"

"သုံးလ ဟုတ်လား....ခင်ဗျား ဘာတွေ စဉ်းစားနေတာလဲ။ အဲ့ဒီ သုံးလအတွင်းမှာ ကျွန်တော်တို့က မြောက်ပိုင်းပြည်နယ်တစ်ခုလုံးကို ချေမှုန်းနိုင်တယ်။ ယုံအန်းခရိုင်ကို ကျူးကျော်ရုံတင် မဟုတ်ဘူး။"

မြောက်ပိုင်းပြည်နယ်ကို အနိုင်ယူရန် မည်မျှကြာမည်ကို စစ်သားများ ဆွေးနွေးနေကြခြင်းဖြစ်သည်။ သူတို့အတွက် မြောက်ပိုင်းပြည်နယ် ပျက်စီးခြင်းသည် သေချာနေပြီးသားကိစ္စတစ်ခု ဖြစ်သည့်အလားပင်။

ထိုစဉ် အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားသော ဗိုလ်ချုပ် ရင်ဖေးယူက

"အရမ်း အားမတက်နဲ့ဦး။ မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ရာမှာ ကျုပ်တို့က အဓိက အင်အား မဖြစ်နိုင်ဘူး။"

ရင်ဖေးယူ ၏ စကားကို ကြားသောအခါ သူ့နောက်မှ ဒုဗိုလ်ချုပ်များ အံ့သြသွားကြသည်။ မြောက်ပိုင်းပြည်နယ်ကို ချေမှုန်းခြင်း၏ အရေးပါမှုကို သူတို့ သိကြသည်။ သူတို့သာ မြောက်ပိုင်းပြည်နယ်ကို အဓိက တိုက်ခိုက်သည့် အင်အား ဖြစ်နိုင်လျှင် စစ်ရေးဆိုင်ရာ အောင်မြင်မှုများစွာ ရရှိမည်မှာ သေချာသည်။ သို့သော် ယခု သူတို့၏ ဗိုလ်ချုပ်က သူတို့ အဓိက အင်အား မဖြစ်နိုင်ဟု ပြောနေသည်။

ဤအချိန်တွင် ဒုဗိုလ်ချုပ်တစ်ဦးက ဇဝေဇဝါဖြင့်

"ဗိုလ်ချုပ်။ ကျွန်တော်တို့က မြောက်ပိုင်းပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရှေ့တန်းမှာ ရှိတာပဲလေ။ ဘယ်လိုလုပ် အဓိက အင်အား မဖြစ်နိုင်မှာလဲ။ ယုံအန်းခရိုင်ရဲ့ ခံစစ်ကို ချိုးဖျက်ဖို့အတွက် မင်းကြီးက ကျွန်တော်တို့ကို အချိန်စောပြီး ဒီကို ရွှေ့ခိုင်းခဲ့တာ မဟုတ်ဘူးလား"

ဟု မေးလိုက်သည်။

ရင်ဖေးယူက

"မြောက်ပိုင်းပြည်နယ်ရဲ့ အင်အား အများစုက ယုံအန်းခရိုင်မှာ စုစည်းထားတာ။ ဒီအင်အားတွေကို ရင်ဆိုင်ဖို့ ကျုပ်တို့ရဲ့ အင်အား အားလုံးကို ယုတ်လျော့ခံပြီး မင်းကြီးက အသုံးပြုလိမ့်မယ်လို့ ထင်သလား။"

"သေးငယ်တဲ့ မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ဖို့ ကျုပ်တို့ဘက်က စစ်သားအများအပြား ဆုံးရှုံးမယ်ဆိုရင် နောင်မှာ အခြားပြည်နယ်တွေကို ဘယ်လို ချေမှုန်းမလဲ။"

ရင်ဖေးယူ၏ စကားကို ကြားသောအခါ လူတိုင်း စဉ်းစားသွားကြသည်။

အမှန်စင်စစ် သူတို့သည် မြောက်ပိုင်းပြည်နယ်၏ အင်အားကို ပါးစပ်ကသာ လျှော့တွက် ပြောဆိုနေကြသော်လည်း မြောက်ပိုင်းပြည်နယ်သည် မြောက်ပိုင်းမှ ‌လွင်ပြင်‌ဒေသ မျိုးနွယ်စုများကို အနိုင်ယူခဲ့သလို အဆင့်လွန်ပညာရှင် ထျန်းချီဘုရင်၏ စစ်တပ်ကိုပင် အနိုင်ယူခဲ့ဖူးသောကြောင့် မြောက်ပိုင်းပြည်နယ်တွင် အစွမ်းအစတစ်ချို့ ရှိနေသည်ကို သူတို့ ကောင်းစွာ သိကြသည်။

ယုံအန်းခရိုင်ရှိ မြောက်ပိုင်းပြည်နယ်၏ အဓိက အင်အားများနှင့် ထိပ်တိုက်တွေ့ဆုံမိပါက ဝူနိုင်ငံတော်ဘက်မှ စစ်သားအများအပြား ဆုံးရှုံးရမည်မှာ သေချာသည်။

မြောက်ပိုင်းပြည်နယ်ကို ဖြိုခွဲခြင်း၏ ရည်မှန်းချက်မှာ နောက်ပြည်နယ်များကို သိမ်းပိုက်ရန်အတွက် ပြင်ဆင်ခြင်း ဖြစ်သည်။ မြောက်ပိုင်းပြည်နယ်ကို အနိုင်ယူရစဉ် အဆုံးအရှုံးများလွန်းပါက ဝူနိုင်ငံတော်အတွက် တန်ဖိုးကြီးကြီး ပေးဆပ်လိုက်ရသော အောင်ပွဲသာ ဖြစ်လိမ့်မည်။ ထို့ကြောင့် ဝူဧကရာဇ်သည် ယုံအန်းခရိုင်တွင် အင်အား အားလုံးကို အသုံးပြုမည် မဟုတ်ပေ။

ရင်ဖေးယူ က ဆက်၍

"ကျုပ်အမြင်အရဆိုရင် တကယ့် အဓိက တပ်တွေက ဗိုလ်ချုပ်ကျန်းနဲ့ ဗိုလ်ချုပ်ရွှီ ဦးဆောင်တဲ့ စစ်တပ်တွေ ဖြစ်မှာ သေချာတယ်။ ဒါ့ကြောင့် ယုံအန်းခရိုင်ကို ရှောင်ရှားပြီး မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ဖို့အတွက် ကျူးနိုင်ငံတော်ကို လမ်းကြောင်းအဖြစ် အသုံးပြုနိုင်တယ်။ ဒီမှာရှိတဲ့ ကျုပ်တို့ရဲ့ အခန်းကဏ္ဍက ယုံအန်းခရိုင်မှာနေပြီး မြောက်ပိုင်းပြည်နယ်ရဲ့ တပ်တွေကို တားဆီးထားဖို့ပဲ။"

ထိုစကားကို ကြားသောအခါ စစ်သားအချို့ စဉ်းစားကြည့်လိုက်ပြီး သူတို့၏ ဗိုလ်ချုပ် ပြောသည်က အကျိုးအကြောင်း ဆီ‌လျော် ‌‌သည်ဟု ခံစားလိုက်ရသည်။

သို့သော် ထိုအချက်က စစ်သည်များအား စိတ်ဓာတ်ကျသွားစေသည်။ သူတို့သည် အဓိက အင်အား မဟုတ်လျှင် ဝူနိုင်ငံတော်သည် နောက်ပိုင်းတွင် သူတို့ထံသို့ တပ်ကူများ စေလွှတ်မည် မဟုတ်ဟု ဆိုလိုသည်။ သူတို့ ယုံအန်းခရိုင်ကို မထိုးဖောက်နိုင်လျှင် မြောက်ပိုင်းပြည်နယ်ကို သိမ်းပိုက်ခြင်း၏ ဂုဏ်ထူးဆောင်မှုသည် သူတို့နှင့် သက်ဆိုင်တော့မည် မဟုတ်ပေ။

သူတို့က ရန်သူကို တားဆီးထားရသော်လည်း မြောက်ပိုင်းပြည်နယ်ကို ပထမဆုံး ကျူးကျော်နိုင်သူများ မဟုတ်ကြတော့ပေ။ သူတို့သည် တာဆီးကာကွယ်ရသည့် အခန်းကဏ္ဍကိုသာ လုပ်ဆောင်နေရခြင်းဖြစ်သဖြင့် မြောက်ပိုင်းပြည်နယ်ကို ကျူးကျော်သည့် စစ်တပ်များလောက် ဂုဏ်မရှိနိုင် တော့သည်က သေချာသည်။

ထို့ပြင် နောက်ထပ် အဓိက စိုးရိမ်ရသည့် အချက်မှာ သူတို့ မြောက်ပိုင်းပြည်နယ်ကို အချိန်မီ မကျူးကျော်နိုင်ပါက မြောက်ပိုင်းပြည်နယ်၏ ကြွယ်ဝချမ်းသာမှုသည် သူတို့နှင့် သက်ဆိုင်တော့မည် မဟုတ်ပေ။ ထိုအချိန်တွင် မြောက်ပိုင်းပြည်နယ်ကို ကျူးကျော်သည့် အဓိက တပ်များက လုယက်ပြီး ဖြစ်လိမ့်မည်။ သူတို့ စစ်သည်သုံးသိန်းသည် ဘာမျှမလုပ်ရပဲ ကြည့်ရုံသာ ကြည့်နေရတော့မည် ဖြစ်သည်။

သူ့နောက်မှ စစ်သည်များ မပျော်ရွှင်ပုံရသည်ကို မြင်သောအခါ ရင်ဖေးယူက ရယ်မောလိိုက်ပြီး

"ကျုပ်တို့က အဓိကထိုးစစ် မဟုတ်ရင်တောင် ယုံအန်းခရိုင်ကို သိမ်းပိုက်ပြီး မြောက်ပိုင်းပြည်နယ်ကို ကျူးကျော်နိုင်ခဲ့ရင် ကျုပ်တို့က အဓိကထိုးစစ် ဖြစ်လာမှာပဲ။"

နန်းတွင်းက သူတို့အား မြောက်ပိုင်းပြည်နယ်၏ အဓိက အင်အားကို ထိန်းထားခိုင်းဖို့ ဖြစ်နိုင်ခြေ များသော်လည်း သူတို့သာ မြောက်ပိုင်းပြည်နယ်၏ အဓိက အင်အားကို အနိုင်ယူပြီး ကျူးကျော်နိုင်လျှင် သူတို့၏ အခန်းကဏ္ဍ ပို၍အရေးပါလာလိမ့်မည်။ ထို့ပြင် နန်းတွင်း၏ အဓိက တပ်များ မရောက်မီ မြောက်ပိုင်းပြည်နယ်ကို ကျူးကျော်နိုင်ပါက ပစ္စည်များလုယက်သိမ်းပိုက်နိုင်မည်ဖြစ်သည်။

ရင်ဖေးယူ၏ စကားကို ကြားပြီးနောက် သူ့နောက်မှ စစ်သည်များ တဖန် ပြန်လည် အားတက်လာကြသည်။ မြောက်ပိုင်းပြည်နယ်တွင် ထူးခြားဆန်းပြားသော ရတနာများစွာ ရှိသည်။ သူတို့သာ နန်းတွင်း၏ အဓိက တပ်များ မတိုင်မီ ကျူးကျော်နိုင်ပါက ထိုရတနာများကို သူတို့၏ ပိုင်ဆိုင်ခွင့် ရနိုင်လိမ့်မည်။

ထိုအချက်က စစ်သည်များကို တွန်းအားအသစ် တစ်ခုဖြစ်စေသည်။

သို့သော် ဒါတွေက သူတို့၏ အတွေးများသာ ဖြစ်သည်။ နန်းတွင်းမှ အမိန့် မထုတ်ပြန်မချင်း သူတို့ ဝူနိုင်ငံတော် နယ်မြေအတွင်း၌သာ ရှိနေရဦးမည်ဖြစ်သည်။

......

နှစ်ပတ်ခန့် အကြာတွင်။

ရန်ခရိုင်။

လုချန်းနှင့် ကျူးကဲ့ကျုံကောင်းတို့သည် မြေပုံတစ်ခုရှေ့တွင် ရပ်နေပြီး ဝူနိုင်ငံတော်နှင့် စစ်ပွဲ မည်သို့ဆင်နွှဲရမည်ကို ဆွေးနွေးနေကြသည်။

.........

အခန်း (၅၇၂)

စစ်ပွဲစတင်ခြင်း (၂)

ထိုအချိန်တွင် လုချန်းက စ‌မေးလိုက်သည်။

“ဒီတစ်ခါ ဝူနိုင်ငံတော် နယ်မြေကို ကျွန်တော်တို့ တိုက်ခိုက်သင့်တယ်လို့ ပညာရှိကြီး ယူဆပါသလား။”

လုချန်းသည် မြောက်ပိုင်းပြည်နယ် တပ်မတော်၏ တိုက်ခိုက်ရေးစွမ်းရည်များကို အပြည့်အဝ ယုံကြည်မှုရှိ၏။ သူ၏အမြင်အရ မြောက်ပိုင်းပြည်နယ်အနေနှင့် ဝူနိုင်ငံတော် တပ်များကို အနိုင်ယူရန် ပြဿနာတစ်စုံတစ်ရာ မရှိနိုင်ပေ။

သို့သော် ဝူနိုင်ငံတော်၏ တပ်များကို အနိုင်ရရန်မှာ လွယ်ကူသော်လည်း နောက်ဆက်တွဲကိစ္စများမှာ ပို၍ပင် ရှုပ်ထွေးမည်ဖြစ်သည်။ ဥပမာ ဝူနိုင်ငံတော်ကို ပြန်လည် ထိုးစစ်ဆင်ခြင်း ကဲ့သို့ ကိစ္စများဖြစ်သည်။

ဝူနိုင်ငံတော်ကို ပြန်လည် ကျူးကျော်တိုက်ခိုက်၍ သူတို့၏ နယ်မြေများကို သိမ်းပိုက်သင့် မသင့် အတွေးများဖြင့်

လုချန်း မဆုံးဖြတ်နိုင် ဖြစ်နေဆဲဖြစ်သည်။

မြောက်ပိုင်းပြည်နယ်ကို အုပ်ချုပ်ခဲ့၍ အုပ်ချုပ်ရေး အတွေ့အကြုံများ သူဆီမှာ ရှိပြီးဖြစ်သော်လည်း မြောက်ပိုင်းပြည်နယ်သည် သူ၏ ပိုင်နက်နယ်မြေ ဖြစ်သည်ကို သတိပြုရမည်။ ဝူနိုင်ငံတော်၏ နယ်မြေကို သိမ်းပိုက်ပါက ထိုဒေသရှိ ပြည်သူများကို ထိရောက်စွာ အုပ်ချုပ်နိုင်မည်လားဆိုတာက တပ်အပ်မပြောနိုင်ပေ။

အခြားနိုင်ငံမှ သာမန်ပြည်သူများကို အုပ်ချုပ်ခြင်းက လွယ်ကူသည့်အလုပ် တစ်ခုတော့ မဟုတ်ပေ။

မြောက်ပိုင်းပြည်နယ်သည် တိုးတက်ဆဲဖြစ်၍ နိုင်ငံခြားနယ်မြေများကို သိမ်းပိုက်ခြင်းဖြင့် မိမိပြည်နယ်၌ အခြေအနေများ မရှုပ်ထွေး‌စေလိုပေ။

ကျူးကဲ့ကျုံကောင်းက

“မင်းသား။ ကျွန်တော့်ရဲ့ အမြင်အရတော့ မြောက်ပိုင်းပြည်နယ်ဟာ ဝူနိုင်ငံတော်ကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ရုံသာ မဟုတ်ပါဘူး။ ယုံအန်းခရိုင်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ယိုပင်ခရိုင်ကိုပါ သိမ်းပိုက်သင့်ပါတယ်။”

“ဝူနိုင်ငံတော်ကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်မှသာ အခြား နိုင်ငံတွေကို ပိုထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှ မြောက်ပိုင်းပြည်နယ် တိုးတက်နိုင်ဖို့ အချိန်ပို ရနိုင်ပါလိမ့်မယ်။”

“ယိုပင်ခရိုင်ကို သိမ်းပိုက်လိုက်ခြင်းအားဖြင့် မြောက်ပိုင်းပြည်နယ်ဟာ ရှနိုင်ငံတော် နန်းတွင်းက တိုက်ရိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်သွားမှာ ဖြစ်ပါတယ်။”

“အရေးအကြီးဆုံးကတော့ ယိုပင်ခရိုင်ဟာ လူဦးရေ များပါတယ်။ အဲ့ဒီက ပြည်သူတွေဟာ မိုးခေါင်ရေရှားမှုနဲ့ အခွန်ကိစ္စတွေကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ဝူနိုင်ငံတော် နန်းတွင်းကို မကျေမနပ်ဖြစ်နေကြပါတယ်။ မြောက်ပိုင်းပြည်နယ်ရဲ့ မူဝါဒတွေကို ယိုပင်ခရိုင်မှာ မိတ်ဆက်ပေးနိုင်မယ်ဆိုရင် ပြည်သူတွေရဲ့ စိတ်နှလုံးကို အလျင်အမြန် သိမ်းသွင်းနိုင်ပါလိမ့်မယ်။ မြောက်ပိုင်းပြည်နယ်ကလည်း ဒီလူဦးရေကို လိုအပ် ပါတယ်။”

ကျူးကဲ့ကျုံကောင်းသည် မြောက်ပိုင်းပြည်နယ်သို့ လာခဲ့စဉ်က ယိုပင်ခရိုင်အပါအဝင် ဝူနိုင်ငံတော်ရှိ နေရာအများအပြားကို ခရီးလှည့်လည်ခဲ့ဖူးသဖြင့် ထိုဒေသ၏ အခြေအနေကို အသင့်အတင့် နားလည်ထားသည်။

မြောက်ပိုင်းပြည်နယ်သည် ချီပြည်နယ်မှ ယုံအန်းခရိုင်ကို ဝယ်ယူခဲ့စဉ်က တစ်ဝက်သာ ဝယ်ယူခဲ့ပြီး ကျန်တစ်ဝက်သည် မြောက်ပိုင်းပြည်နယ်နှင့် ရှနိုင်ငံတော် နန်းတွင်းထိန်းချုပ်နယ်မြေများအကြား တိုက်ရိုက်နယ်နိမိတ် ထိစပ်မှုကို ကာကွယ်ထားသည့် ပုံစံမျိုး ဖြစ်နေခဲ့သည်။

သို့သော် ဝူနိုင်ငံတော်၏ ယိုပင်ခရိုင်သည် ရှနိုင်ငံတော် နန်းတွင်းထိန်းချုပ်နယ်မြေနှင့် နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် တစ်နေ့တွင် မြောက်ပိုင်းပြည်နယ်က ရှနိုင်ငံတော်ကို တိုက်ခိုက်ပါက ချီပြည်နယ်နှင့် အခြားသော နယ်စားပိုင်နယ်မြေများကို ကျော်ဖြတ်စရာ မလိုပဲ ယိုပင်ခရိုင်မှ တိုက်ရိုက် စစ်ချီနိုင်ပြီး ရှနိုင်ငံတော် နန်းတွင်းထိန်းချုပ်ထားသည့် မြို့များကို တိုက်ခိုက်နိုင်ပေသည်။

ဟုတ်ပါသည်။ တစ်နေ့တွင် မြောက်ပိုင်းပြည်နယ်က နေပြည်တော်ကို တိုက်ခိုက်ရန် တောင်ဘက်သို့ စစ်ချီမည်ဆိုပါက ကွေ့ပတ်မနေပဲ တိုက်ရိုက်ချီတက်သင့်သည်။ သို့သော် ရှနိုင်ငံတော် နန်းတွင်းထိန်းချုပ်နယ်မြေသို့ ဝင်ရောက်ရန် နောက်ထပ်လမ်းကြောင်းတစ်ခု ရှိခြင်းသည် ရွေးချယ်စရာလမ်းကြောင်းတစ်ခု အပိုရရှိခြင်း ဖြစ်သည်။

ဝူနိုင်ငံတော်သည် မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ရာတွင် စစ်အင်အားအားလုံးကို ယုံအန်းခရိုင်တွင်သာ စုစည်ထားမည် မဟုတ်ပါ။ ကျူးနိုင်ငံတော်ကို ဖြတ်သန်း၍ မြောက်ပိုင်းပြည်နယ်သို့ ဝင်ရောက်နိုင်ခြေ မြင့်မားသည်။

ထို့ပြင် ယိုပင်ခရိုင်ကို သိမ်းပိုက်ခြင်းဖြင့် အခြားအကျိုးကျေးဇူးများလည်း ရှိသေးသည်။ ဥပမာ ကုန်သည်လှည်းတန်းများသည် ချီပြည်နယ်ကို ရှောင်ကွင်းနိုင်ပြီး အခွန်အချို့ကို သက်သာစေနိုင်သည်။ သို့သော် ဒါတွေက သေးငယ်သော အကျိုးကျေးဇူးများသာ ဖြစ်သည်။

မြောက်ပိုင်းပြည်နယ်အတွက် အမှန်တကယ် အကျိုးရှိသည်မှာ လူဦးရေပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြောက်ပိုင်းပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ၎င်း၏ လူဦးရေအပေါ်၌ မူတည်နေသောကြောင့်ဖြစ်သည်။ အထူးသဖြင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်သည်။

ရှေ့မှ မြေပုံကို ကြည့်ရင်း လုချန်း ခဏ စဉ်းစားပြီးနောက်

“ကောင်းပါပြီ။ ဗိုလ်ချုပ်မုရဲ့တပ်တွေက ယိုပင်ခရိုင်မှာရှိတဲ့ ဝူနိုင်ငံတော်ရဲ့ စစ်သည် သုံးသိန်းကို ချေမှုန်းပြီးတာနဲ့ ချက်ချင်း တန်ပြန်ထိုးစစ် စတင်မယ်။”

ထိုစဉ် စစ်သည်တစ်ဦး၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာ၏။

“မင်းသား။ ဝူနိုင်ငံတော်က အရေးပေါ်စစ်ထောက်လှမ်းရေး သတင်းပါပါတယ်။”

လုချန်းက ချက်ချင်းပင်

“ဝင်ခဲ့”

ဟု အမိန့်ပေးလိုက်သည်။

နောက်တစ်ခဏတွင် အထူးကိုယ်ရံတော် တစ်ဦးသည် စာကြည့်ခန်းထဲသို့ ဝင်လာပြီး ထောက်လှမ်းရေး အစီရင်ခံစာတစ်စောင်ကို လုချန်းထံ ပေးလိုက်သည်။ လုချန်းက ဖွင့်ဖတ်ကြည့်ပြီးနောက် ဘေးနားရှိ ကျူးကဲ့ကျုံကောင်းထံသို့ ပေးလိုက်သည်။

ကျူးကဲ့ကျုံကောင်းလည်း အစီရင်ခံစာကိုယူ၍ လျင်မြန်စွာ ကြည့်ရှုပြီးနောက်

“ယုံအန်းခရိုင်ဘက်မှာ တိုက်ပွဲ ဖြစ်တော့မယ့်ပုံပဲ။”

ထို့နောက် လုချန်း ချက်ချင်းပင် ကလောင်တံကို ကောက်ယူကာ စစ်အမိန့်များကို ရေးသားလိုက်သည်။ ထိုအမိန့်များတွင် ဝူနိုင်ငံတော် တပ်များ ယုံအန်းခရိုင်ကို စတင်တိုက်ခိုက်သည်နှင့် မုချန်တိန်၏ တပ်များက ဝူနိုင်ငံတော်ကို ပြန်လည်တိုက်ခိုက်ဆင်ရန်၊ အချိန်တိုအတွင်း ယိုပင်ခရိုင်ကို သိမ်းပိုက်ရန်၊ အဓိက ထိုးစစ်ဆင်မည့် ဝူတပ်များ၏ ထောက်ပို့လမ်း‌ ကြောင်းကို ဖြတ်‌တောက်ရန်၊ ထောက်ပံ့ရေးပစ္စည်းများကို ကျူးနိုင်ငံတော်အတွင်းရှိ အဓိက ထိုးစစ်ဆင်မည့် ဝူတပ်များဆီသို့ မရောက်ရှိအောင် တားဆီးရန်တို့ဖြစ်သည်။

စစ်အမိန့်များကို အနီရောင် ဖဲကြိုးတပ် သတင်းပို့သူတစ်ဦးထံ ချက်ချင်း လွှဲပြောင်းပေးအပ်ပြီး ယုံအန်းခရိုင်သို့ အမြန်ဆုံး သယ်ဆောင်သွားရန် လုချန်း ညွှန်ကြားလိုက်သည်။

အနီရောင် ဖဲကြိုးတပ် သတင်းပို့သူအား စစ်အမိန့်များ ပေးအပ်ပြီးနောက် နောက်ထပ် အမိန့်များကို လုချန်း ဆက်ရေးလိုက်၏။ ယင်းအမိန့်များတွင် ယုံအန်းခရိုင်မှ ဆွမ်ရွှီလင်နှင့် တုန်းမန်ဖေးယွဲ့တို့အား ဝူနိုင်ငံတော်၏ အဓိကစစ်တပ်များကို တိုက်ရိုက်ရင်ဆိုင်ဖို့ ပြင်ဆင်ထားရန် ညွှန်ကြားထားသည်။

လုချန်း ယခုလေးတင် ရရှိခဲ့သော ထောက်လှမ်းရေး သတင်းမှာ ဝူနိုင်ငံတော်က စစ်သည် သုံးသိန်းကို ကျူးနိုင်ငံတော်ထဲမှ ဖြတ်ကျော်ရန် စေလွှတ်လိုက်ပြီဆိုသည့် သတင်း ဖြစ်သည်။

ဝူနိုင်ငံတော်သည် အဆင့်လွန်ပညာရှင် စစ်သူကြီးနှစ်ဦးနှင့် စစ်သည် သုံးသိန်းကို ကျူးနိုင်ငံတော်သို့ စေလွှတ်ပြီးပြီဖြစ်၍ ယုံအန်းခရိုင်သည် ပထမဆုံး စစ်ပွဲဖြစ်ပွားမည့် နေရာ ဖြစ်သည်မှာ သေချာပေသည်။ ဝူနိုင်ငံတော်သည် ထိုနေရာတွင် မြောက်ပိုင်းပြည်နယ် စစ်သည်များကို ချည်နှောင်ထားပြီး အဆင့်လွန်ပညာရှင် စစ်သူကြီးနှစ်ဦး ဦးဆောင်သော အဓိကတပ်များအတွက် အချိန်ဆွဲရန် ကြိုးစားမည်ဖြစ်သည်။

အနှစ်ချုပ်အားဖြင့် ဝူနိုင်ငံတော်သည် မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ရန် စစ်သည် စုစုပေါင်း ခြောက်သိန်းကို စစ်ချီခဲ့ခြင်း ဖြစ်သည်။

ထိုသတင်းသည် မြောက်ပိုင်းပြည်နယ်သို့သာမက ဆွမ်ဧကရာဇ်ထံသို့လည်း လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။ ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို ဖျက်ဆီးရန် စစ်သည် ခြောက်သိန်းကို စစ်ချီစေခဲ့ကြောင်း သိရှိရသောအခါ ဆွမ်ဧကရာဇ်သည် အလွန်ဝမ်းမြောက်သွား၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာက သူ၏ စီမံကိန်းများ မကြာမီ စတင်နိုင်တော့မည်ဟု အဓိပ္ပာယ်ရနေသောကြောင့် ဖြစ်သည်။

ရက်အနည်းငယ်သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့သည်။

ယုံအန်းခရိုင်မှ ပြည်သူများ အားလုံးနီးပါး ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။ ပြည်သူများ ပါဝင်ပတ်သက်ခြင်း မရှိစေရန် လုချန်းက အစောပိုင်းကတည်းက ရွှေ့ပြောင်းရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယခုအခါ ယုံအန်းခရိုင်၏ လမ်းများပေါ်တွင် စစ်သည်များမှလွဲ၍ သာမန်ပြည်သူ တစ်ယောက်မှ မတွေ့ရတော့ပေ။

ထိုစဉ် စစ်သည်တစ်ဦး၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံက ရွက်ဖျင်တဲအပြင်ဘက်မှ ထွက်ပေါ်လာ၏။

“ဗိုလ်ချုပ်။ သူတို့ ရောက်လာပြီ။ ရောက်လာပြီ...”

ထိုအသံကို ကြားသောအခါ မုချန်တိန် ချက်ချင်း မတ်တပ်ရပ်လိုက်သည်။

နောက်တစ်ခဏတွင် ထိုစစ်သည် တဲထဲသို့ ဝင်လာပြီး အသက်ကို မောမောနှင့် ပြန်ရှူလိုက်ပြီးနောက်

“ဗိုလ်ချုပ်။ ရန်သူ့စစ်သူကြီး ရင်ဖေးယူဟာ စစ်သည် သုံးသိန်းကို ဦးဆောင်ပြီး ကျွန်တော်တို့ရဲ့ ခံတပ်တွေဘက်ကို ချီတက်လာနေပါပြီ။ သူတို့ရဲ့ စစ်သည်တွေ ညက သေဆုံးသွားလို့ကျွန်တော်တို့ဆီက ကလဲ့စား လာချေတာလို့ ဆိုပါတယ်။”

ထိုစကားကို ကြားသောအခါ တဲထဲရှိ လူတိုင်း ပြုံးလိုက်ကြသည်။ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ပြီးနောက် ရန်သူသည် နောက်ဆုံးတွင် စစ်ချီလာခဲ့ပြီဖြစ်သည်။ အမှန်တော့ သူတို့လည်း မစောင့်နိုင်တော့ပေ။

မုချန်တိန်က ချက်ချင်းဆိုသလိုပင်

“မြင်းတွေ ပြင်။ ရန်သူကို သွားရင်ဆိုင်မယ်။”

စကားဆုံးသည်နှင့် မုချန်တိန်လည်း တဲအပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ဦး ဆောင်ထွက်ခွာသွားသည်။

မုချန်တိန် တဲထဲမှ ထွက်သွားပြီးနောက်

ယုံအန်းခရိုင်ကောင်းကင်တစ်ခွင်တွင် စည်သံများ ဆက်တိုက် ပဲ့တင်ထပ်လာတော့သည်။

မကြာမီပင် နှစ်ဖက်တပ်များ ရင်ဆိုင်ရန် အသင့်ဖြစ်သွားကြသည်။

သို့သော် မြောက်ပိုင်းပြည်နယ် စစ်တပ်ကို မြင်တွေ့ရသောအခါ ဝူစစ်သည်များအားလုံး အံ့အားသင့်‌နေကြသည်။

သူတို့ နားမလည်နိုင် ဖြစ်ရခြင်းက မြောက်ပိုင်းပြည်နယ် စစ်တပ် မြို့ပြင်ထွက်ပြီး တိုက်ပွဲဝင်ရဲ၍ မဟုတ်ပေ။ ထွက်လာသော မြောက်ပိုင်းပြည်နယ် စစ်သည် အရေအတွက် အလွန်နည်းပါးနေသည်ကို မြင်၍ အံ့ဩနေခြင်းပင်။

အမှန်တော့ မြောက်ပိုင်းပြည်နယ်မှ စစ်သည်အများစုသည် သူတို့၏ သက်ဆိုင်ရာနေရာများတွင် အသင့်အနေအထားဖြင့် ရှိနေနှင့်ပြီး ဖြစ်သည်။ ဥပမာ အမြောက်တပ်သားများသည် သူတို့၏ နေရာများတွင် ရောက်ရှိနေကြပြီး သေနတ်ကိုင် စစ်သည်များသည်လည်း ကတုတ်ကျင်းများအတွင်း၌ အသင့်စောင့်ဆိုင်းနေကြသည်။ မုချန်တိန်နောက်မှ တပ်ဖွဲ့သည် ပထမဆုံး ထိတွေ့ တိုက်ပွဲအပြီးတွင် ရင်ဖေးယူ၏ တပ်များကို ဖြိုခွဲရန် ရှေ့တိုးချီတက်မည့် အုပ်စုဖြစ်သည်။

အနီရောင်ဝတ်ရုံ ခြုံထားသော သန်မာထွားကြိုင်းသည့် အမျိုးသားတစ်ဦး မြောက်ပိုင်းပြည်နယ်ဘက်မှ ထွက်ပေါ်လာသည်ကို မြင်သောအခါ ထိုသူသည် မြောက်ပိုင်းပြည်နယ်၏ အဓိကဗိုလ်ချုပ် ဖြစ်ရမည် ရင်ဖေးယူ သိလိုက်သည်။ သူက ချက်ချင်းပင် အတွင်းအားကို စုစည်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်

“မနေ့ညက မြောက်ပိုင်းပြည်နယ်က စစ်သည်တွေဟာ ဝူနိုင်ငံတော် နယ်မြေထဲကို ခိုးဝင်ပြီး ကျုပ်တို့ စစ်သည်တွေကို သတ်ဖြတ်ခဲ့တယ်။ ဒီနေ့ ဗိုလ်ချုပ်ဆီက တရားမျှတမှုကို လာရောက်တောင်းဆိုတာပါ။”

ထိုစကားကို ကြားသော် မုချန်တိန်က နှာခေါင်းရှုံ့ကာ ရယ်မောလိုက်ပြီးနောက် သူလည်း အတွင်းအားကို စုစည်းကာ ပြန်အော်လိုက်သည်။

“စကား‌တွေ အများကြီး လျှောက်မပြောနဲ့ ဗိုလ်ချုပ် ရင်ဖေးယူ။ အစွမ်းအစရင် ခင်ဗျားရဲ့ စစ်သည်တွေ ခေါ်ပြီး ကျုပ်တို့ကို လာတိုက်။”

ရင်းနှီးသော အသံကို ကြားလိုက်ရသောအခါ ရင်ဖေးယူ ခဏမျှ အံ့အားသင့်သွားသည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ အဝေးရှိ မုချန်တိန်ကို သေချာကြည့်လိုက်သည်။

နောက်တစ်ခဏတွင် ထိူသူ မည်သူဖြစ်ကြောင်း ရင်ဖေးယူ ရုတ်တရက် သဘောပေါက်လိုက်သည်။

သို့သော် သူတစ်စုံတစ်ရာ မပြောမီပင် သူ့နောက်မှ တစ်စုံတစ်ဦးက ကြားဖြတ်ပြောလိုက်သည်။

“မုချန်တိန်....မြောက်ပိုင်းပြည်နယ်ရဲ့ အဓိက ဗိုလ်ချုပ်က မုချန်တိန်ပဲ။”

“မုချန်တိန်ကို ဆွမ်ဧကရာဇ်က ရှင်းပစ်ခဲ့တာ ကြာပြီ မဟုတ်ဘူးလား။ ဘာလို့ သူဒီရောက်နေရတာလဲ”

“ဘာတွေဖြစ်နေတာလဲ”

ရင်ဖေးယူ သတိပြန်ဝင်လာပြီးနောက် အဓိကဗိုလ်ချုပ် မည်သူဖြစ်သည်ကို သိပ်အလေးမထားတော့ပဲ

“ဒါဆို ခင်ဗျားမသေသေးဘူးပဲ။ ခင်ဗျားကို သတ်လိုက်ပြီလို့ ကြားတုန်းက ခင်ဗျားအတွက်တောင် စိတ်မကောင်းဖြစ်မိခဲ့တာ။ ခင်ဗျားက မသေရုံတင် မဟုတ်ဘူး မြောက်ပိုင်းပြည်နယ်ရဲ့ စစ်သူကြီးတောင် ဖြစ်လာတာကိုး။”

“ကောင်းပြီ။ ဗိုလ်ချုပ်မုရဲ့ အရည်အချင်းကို ကျုပ် ကိုယ်တိုင် မြင်ချင်နေတာ ကြာပြီ။”

ရင်ဖေးယူနှင့် မုချန်တိန်တို့သည် ခေတ်ပြိုင်များဖြစ်ကြသည့်အပြင် ယခင်ကလည်း တွေ့ဆုံဖူးကြသဖြင့် မိတ်ဆွေဟောင်းများဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့် မုချန်တိန်၏ အသံကို ကြားသည်နှင့် ရင်ဖေးယူ ချက်ချင်း မှတ်မိလိုက်ခြင်း ဖြစ်သည်။

မိတ်ဆွေဟောင်း မုချန်တိန်ကို မှတ်မိသော်လည်း ဝူနိုင်ငံတော်နှင့် မြောက်ပိုင်းပြည်နယ် တိုက်ပွဲကို အနည်းငယ်မှ ထိခိုက်မှု မရှိပေ။

စစ်ပွဲ စတင်တော့မည်.....

နောက်တစ်ခဏတွင် ရင်ဖေးယူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“တိုက်”

သူ၏စကားသံ ဆုံးသည်နှင့် ဝူတပ်ဘက်မှ ဗုံသံများ ထွက်ပေါ်လာပြီး မြားပစ်သမားများနှင့် လှံကိုင်စစ်သည်များလျင်မြန်စွာ နေရာ ပြောင်းရွှေ့လိုက်ကြသည်။

သူတို့၏ တိုက်ပွဲ နည်းဗျူဟာပုံစံကို မြင်သောအခါ မုချန်တိန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်လာသည်။

အရင်က တိုက်ပွဲမစမီ နှစ်ဘက်လုံးမှ တိုက်ပွဲနည်းဗျူဟာပုံစံ ပြင်ဆင်ရန် အချိန်ယူရသည်။

သို့သော် အချိန်ကာလများ ပြောင်းလဲသွားပြီ ဖြစ်သည်။

မည်မျှပင် ကောင်းမွန်သော နည်းဗျူဟာပုံစံဖြစ်စေကာမူ အမြောက်ဆန်များ၏ ဗုံးကြဲတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ဝူစစ်တပ်ဘက်က နည်းဗျူဟာပုံစံကို လျင်မြန်စွာ ပြင်ဆင်နေသော်လည်း မြောက်ပိုင်းပြည်နယ်မှ စစ်သည်များကမူ သူတို့၏ မြင်းများပေါ်တွင် မလှုပ်မယှက် ငြိမ်သက်စွာ ရပ်နေကြသည်။

.............

အခန်း (၅၇၃)

စစ်ရှုံးရခြင်းက အဲ့ဒီမိန်းမကြောင့် (၁)

မြောက်ပိုင်းပြည်နယ် စစ်သည်များ နေရာ၌ပင် ရပ်နေသည်ကို မြင်သောအခါ တစ်စုံတစ်ခု မှားနေပြီဟု ရင်ဖေးယူ ခံစားလိုက်ရသည်။

စစ်တပ်နှစ်တပ် တိုက်ပွဲဝင်ရာတွင် ပြိုင်ဘက်က နည်းဗျူဟာပုံစံ မပြင်ဆင်တာ ဖြစ်နိုင်ပါ့မလား။

မုချန်တိန်သည် နာမည်ကြီး စစ်သူကြီးတစ်ဦး ဖြစ်သည်။ နည်းဗျုဟာ ပြင်ဆင်မှု၏ အရေးပါပုံကို မသိပဲ နေပါ့မလား။

နည်းဗျုဟာပုံစံမရှိသည့် စစ်သည်များသည် ပြန့်ကျဲနေသော သဲများသာ ဖြစ်သည်။ မုချန်တိန်သည် ထိုပြန့်ကျဲနေသော စစ်သည်များဖြင့် သူတို့ ဝူစစ်သည် သုံးသိန်းကို ရင်ဆိုင်ဖို့ စဉ်းစား‌နေတာလား။

အမြင်အရ မြောက်ပိုင်းပြည်နယ် စစ်သည်များ အရေအတွက် နည်းပါးနေပြီး ခန့်မှန်းခြေအားဖြင့် ထောင်ဂဏန်းသာ ရှိသည်။ စစ်သည်သုံးသိန်းကို ထောင်ဂဏန်းဖြင့် ရင်ဆိုင်ပါက အစကတည်းက အနိုင်ရနိုင်ခြေ မရှိပေ။ ထို့ပြင် ထိုမြောက်ပိုင်းပြည်နယ် စစ်သည်များသည် မြို့၏ အကာအကွယ်ယူထားခြင်းလည်း မဟုတ်ပဲ ဝူစစ်တပ်ကို ခေါင်းချင်းဆိုင် တိုက်ခိုက်ရန် ထွက်လာခဲ့ခြင်း ဖြစ်သည်။

ထိပ်တိုက်ရင်ဆိုင်သော တိုက်ပွဲများတွင် အရေးကြီးဆုံးအချက်မှာ နည်းဗျူဟာ ပုံစံများ ချမှတ်ခြင်း ဖြစ်သည်။ နည်ဗျူဟာ ပုံစံမရှိသောဘက်သည် အခြေခံအားဖြင့် ပြိုကွဲရန်သာ ရှိတော့သည်။

တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ရင်ဖေးယူ သိလိုက်သည်။ မုချန်တိန်သည် လူမိုက်မဟုတ်ကြောင်း သူကောင်းစွာသိသည်။ သူ့လိုလူက နည်းဗျူဟာပုံစံ၏ အရေးပါမှုကို မသိတာ မဖြစ်နိုင်‌ပေ။ မြောက်ပိုင်းပြည်နယ်ဘက်က ဘာတွေလုပ်နေသနည်း။

မုချန်တိန် ဘာလုပ်နေသည်ကို သူ နားမလည်နိုင်သော်လည်း မြောက်ပိုင်းပြည်နယ်က ထိုမျှကြီးမားသော အားနည်းချက်ကို ဖော်ထုတ်ထားသဖြင့် ရင်ဖေးယူလည်း ယဉ်ကျေးနေရန် စိတ်ကူးမရှိတော့ပေ။

ဗုံသံများအောက်တွင် ရင်ဖေးယူ၏ တပ်သည် နည်းဗျူဟာပုံစံကို လျင်မြန်စွာ ဖွဲ့စည်းထားပြီးဖြစ်သည်။ ထိုအချိန်တွင် မြောက်ပိုင်းပြည်နယ်ဘက်မှလည်း ဗုံသံများ စတင်ထွက်ပေါ်လာသည်။

မြောက်ပိုင်းပြည်နယ်ဘက်မှ ဗုံသံများ စတင်ထွက်ပေါ်လာသည်ကို ကြားသောအခါ မုချန်တိန်၏ တပ်များ ယခုမှ နည်းဗျုဟာ ပုံစံများ စတင်ဖွဲ့စည်းနေသည်ဟု ရင်ဖေးယူ ထင်မှတ်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားပြီး

“အရမ်းနောက်ကျသွားပြီ” ဟု စိတ်ထဲက ရေရွတ်လိုက်သည်။

နောက်တစ်ခဏခန့်အကြာ ရင်ဖေးယူ စတင်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် အဝေးမှ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး နှစ်ဖက်စလုံး၏ ဗုံသံများကိုပင် ဖုံးလွှမ်းသွားသည်။

ဝူတပ်များ တုံ့ပြန်ရန် အချိန်မရမီပင် ကြီးမားသော သံလုံးကြီးတစ်လုံး ဝူစစ်သည်များအကြားသို့ ကျရောက်လာသည်။

ပုံမှန်အားဖြင့် နည်းဗျူဟာ ပုံစံအတွင်းရှိ စစ်သည်များသည် တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ် ကျစ်လစ်ခိုင်မာစွာ စုစည်းတတ်ကြသည်။ ထိုကဲ့သို့ လူအုပ်ကြီးထဲသို့ အမြောက်ဆံတစ်ခု တိုက်ရိုက်ကျရောက်လာသည့် အကျိုးဆက်များကို မှန်းဆရန် မခဲယဉ်းပေ။

ထိုသံလုံးသည် မြောက်ပိုင်းပြည်နယ်မှ ကျောက်မောင်းဖြင့် ပစ်လွှတ်လိုက်သော ကျောက်တုံးတစ်ခုမျှသာ ဖြစ်သည်ဟု သူတို့ထင်နေစဉ်တွင် ထိုသံလုံးသည် ချက်ချင်း ပေါက်ကွဲသွားပြီး နောက်တစ်ခဏတွင် ပတ်ပတ်လည်ရှိ စစ်သည်များ လွင့်စင်သွားကြသည်။

ပြင်းထန်သော ပေါက်ကွဲမှုကြောင့် ရင်ဖေးယူအပါအဝင် ဝူ စစ်သည်များ သတိပြန်ဝင်လာကြသည်။ သို့သော် ဝူစစ်သည် သုံးသိန်းတို့သည် အတွေ့အကြုံ ရင့်ကျက်ပြီးသားစစ်သည်များ ဖြစ်၍ ချက်ချင်း ကစဉ့်ကလျား မဖြစ်သွားခဲ့‌ပေ။

ရင်ဖေးယူ အမိန့်အသစ်များ ထုတ်ပြန်တော့မည့်အချိန်တွင် အဝေးမှ တရစပ် မြည်ဟိန်းသံများ ထပ်မံ ထွက်ပေါ်လာသည်။

မြောက်ပိုင်းပြည်နယ် အမြောက်တပ် စတင်တိုက်ခိုက်နေပြီဖြစ်သည်။ အမြောက်တပ်က ဝူတပ်များဆီသို့ အဆက်မပြတ် ပစ်ခတ်လာသည်။

အမြောက်ဆံတစ်ခု ရင်ဖေးယူ၏ တပ်ထဲသို့ ပေါက်ကွဲကျရောက်တိုင်း ဝူစစ်သည်များ၏ ကိုယ်လက်အင်္ဂါများ လေထဲသို့ လွင့်စင်ကုန်ကြသည်။

မြောက်ပိုင်းပြည်နယ် မြောက်ပိုင်းဒေသကို အဘယ်ကြောင့် လွယ်လွယ်ကူကူ သိမ်းပိုက်နိုင်ခဲ့သည် အဆင့်လွန်ပညာရှင် ရှိသော စစ်တပ်ကို အဘယ်ကြောင့် အနိုင်ယူနိုင်ခဲ့သည်တို့ကို နောက်ဆုံးတွင် ရင်ဖေးယူ နားလည်သွားသည်။

သူက ချက်ချင်း အမိန့်ပေးလိုက်သည်။

“လူစုခွဲကြ”

ပေါက်ကွဲနေသော သံလုံးများ မည်သည့်အရာများဖြစ်သည်ကို သူမသိသော်လည်း သူတို့သည် ကျစ်လစ်သိပ်သည်းသော

နည်းဗျူဟာပုံစံအတိုင်း ဖွဲ့စည်းထားပါက သူ၏ စစ်သည် သုံးသိန်းသည် မကြာမီ အားလုံးပျက်စီးသွားမည်ကို ရင်ဖေးယူ အလွန်ရှင်းလင်းစွာ သိလိုက်သည်။

ရင်ဖေးယူ၏ အမိန့်ကို ကြားသည်နှင့် အချက်ပြစစ်သည်များက အလံများကို အသည်းအသန် ဝှေ့ယမ်းလိုက်ကြသည်။ သို့သော် ထိုအခိုက်အတန့်တွင် ထိုးဖောက်ဝင်ရောက်သည့် လေတိုးသံတစ်ခု ရင်ဖေးယူဘေးမှ ဖြတ်ကျော်သွားပြီး နောက်တစ်ခဏတွင် သူ၏ အသက်အန္တရာယ်ကို ခံစားမိကာ လျင်မြန်စွာ ရှောင်တိမ်းလိုက်ရသည်။

သူ ရှောင်တိမ်းနိုင်ခဲ့သော်လည်း သူ့နောက်မှ အချက်ပြစစ်သည်ကတော့ ချက်ချင်းလဲကျသွားသည်။ ရင်ဖေးယူ ပြန်လှည့်ကြည့်လိုက်ရာ အချက်ပြစစ်သည်၏ နဖူးတွင် လျှို့ဝှက်လက်နက်ဖြင့် ထိမှန်ခံရသကဲ့သို့ အပေါက်ငယ်လေးတစ်ခုကို တွေ့လိုက်ရသည်။

မကြာမီ မြောက်ပိုင်းပြည်နယ်က တူးထားသော မြေကျင်းများမှ ဦးခေါင်းများစွာ ထွက်ပေါ်လာပြီးနောက် ကျည်ဆံများ တရစပ် ထွက်လာသည်။

မြောက်ပိုင်းပြည်နယ်၏ မီးဖောက်သေနတ်ကျည်ဆံများမှာ ယခုအချိန်အထိ တိကျစွာ ပစ်ခတ်နိုင်မှု သိပ်မရှိသေးသော်လည်း ရင်ဖေးယူ၏ တပ်များသည် လူစုမကွဲသေးပဲ စစ်သည်များ အလွန်ထူထပ်စွာ စုစည်းနေကြသဖြင့် ပစ်သတ်ခံရရန် ကတုတ်ကျင်းများရှေ့၌ ရပ်နေကြသကဲ့သို့ပင် ဖြစ်သည်။

ကျည်ဆံများ တရစပ် ဝင်လာသည်ကို ရင်ဆိုင်ရသောအခါ ရင်ဖေးယူက ချက်ချင်းပင်

“အားလုံးဆုတ်ကြ။”

သူ၏စကားဆုံးသည်နှင့် ဗုံသံများ ထပ်မံထွက်ပေါ်လာသည်။ စစ်သည်များအတွင်းမှ အချက်ပြစစ်သည်များလည်း အလံများကို အသည်းအသန် ဝှေ့ယမ်းလိုက်ကြသည်။တိုက်ပွဲစသည်မှာ ဆယ်ငါးမိနစ်ပင် မပြည့်သေးပေ။ သို့သော် ဝူနိုင်ငံတော်၏ စစ်သည် သုံးသိန်း စတင်ဆုတ်ခွာပြီဖြစ်သည်။

ရင်ဖေးယူ ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ခြင်းမှာ လူအများအပြား သေဆုံးမှုကြောင့် မဟုတ်ပဲ မြောက်ပိုင်းပြည်နယ်က အသုံးပြုသည့် လက်နက်များကို သူတို့တစ်ခါမှ မမြင်ဖူးခြင်းကြောင့် ဖြစ်သည်။ အမြောက်များနှင့် မီးဖောက်သေနတ်များက သူတို့၏ စိတ်နှလုံးများအား အလွန်ကြီးမားသော ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခဲ့သည်။

လူသားတို့သည် မသိသော အရာကို အမြဲကြောက်ရွံ့တတ်ကြ၏။ သူဆက်လက်တိုက်ခိုက်ပါက သူဦးဆောင်သော သုံးသိန်းသော စစ်သည်များ ဤနေရာတွင် ပျက်စီးဆုံးရှုံးသွားမည်ကို ရင်ဖေးယူလည်း ကြောက်ရွံ့သည်။ ထို့ကြောင့် အချိန်မီ ဆုတ်ခွာခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

မြောက်ပိုင်းပြည်နယ်မှ အသုံးပြုသော လက်နက်များမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ထိုလက်နက်များ အကြောင်းကို တိကျစွာ သိရှိရမည်။ မြောက်ပိုင်းပြည်နယ် အသုံးပြုသော လက်နက်များကို သူ နားမလည်မချင်း မြောက်ပိုင်းပြည်နယ် တပ်ဖွဲ့များနှင့် ထပ်မံတိုက်ခိုက်ရန် ရင်ဖေးယူ စိတ်ကူးမရှိပေ။

သို့သော် ဒါက သူ၏ အတွေးမျှသာ ဖြစ်သည်။ မုချန်တိန်တို့က ရင်ဖေးယူ၏ တပ်ဖွဲ့များကို အချိန်ပေးမည် မဟုတ်ပေ။ ဝူ စစ်သည် သုံးသိန်း အလောတကြီး ဆုတ်ခွာသွားသည်ကို သူတို့ မြင်လိုက်ကြပြီဖြစ်သည်။

မုချန်တိန်၏ အမိန့်ဖြင့် မြောက်ပိုင်းပြည်နယ် စစ်တပ်သည် တန်ပြန်တိုက်ခိုက်မှု အပြည့်အဝ စတင်ခဲ့ပြီး ဝမ်ရန်လီ၏ သံချပ်ကာ မြင်းတပ်များလည်း စတင် လှုပ်ရှားလာခဲ့သည်။

မြောက်ပိုင်းပြည်နယ် ပြန်လည်တိုက်ခိုက်လာသည်ကို မြင်သောအခါ ဆုတ်ခွာနေသော ရင်ဖေးယူသည် ဒုဗိုလ်ချုပ်တစ်ဦးကို စစ်သည် ငါးသောင်းနှင့်အတူ မြောက်ပိုင်းပြည်နယ် စစ်တပ်ကို တားဆီးရန် ချန်ထားခဲ့သည်။

မတတ်သာသော်လည်းစစ်မြေပြင်တွင် ဖြစ်၍ အမိန့်ကို အကြွင်းမဲ့ နာခံရမည်ဖြစ်သည်။ ဒုဗိုလ်ချုပ်သည် မြောက်ပိုင်းပြည်နယ်တပ်ကို မြားများဖြင့် ပစ်ခတ်တားဆီးရန် အသင့်ပြင်နေစဉ် အဆက်မပြတ် ကျရောက်လာသော အမြောက်ဆံများနှင့် ကြုံတွေ့လိုက်ရ တော့သည်။

ဝူ စစ်သည် ငါးသောင်းတို့ ထိရောက်သော ကာကွယ်မှုကို မပြုလုပ်နိုင်မီပင် စစ်သည်အ‌ မြောက်အမြားများလေထဲသို့ လွင့်စင်ကုန်ကြသည်။

............

All Chapters