အခန်း ၅၈၉-၅၉၁
Vol. 40 Ch. 589-591
အခန်း (၅၈၉)
လုချန်း၏ စွမ်းအားရှင်ဖြစ်ရန် လမ်းကြောင်း (၂)
“အထူးသဖြင့် မကြာသေးခင်က ရှနိုင်ငံတော်ရဲ့ သံသယဖြစ်ဖွယ် ကုန်သည်လှည်းတန်းတွေ ချီပြည်နယ်ကနေတစ်ဆင့် မြောက်ပိုင်းပြည်နယ်ထဲ ဝင်ခဲ့သလားဆိုတာကို အာရုံစိုက် စစ်ဆေးပါ။”
ယခုအခါ လေငြိမ်တောင် နှင့် လေးမျက်နှာတောင် တို့သည် ဆွမ်ဧကရာဇ်နှင့် ပူးပေါင်းလိုက်ပြီး ရှနိုင်ငံတော်၏ နယ်စားများကို ပစ်မှတ်ထား ဖယ်ရှားနေကြပြီဖြစ်သည်။ လုချန်း ရုတ်တရက် သတိရလိုက်သည်။ သူကိုယ်တိုင်လည်း ရှနိုင်ငံတော်၏ နယ်စားတစ်ဦးဖြစ်သည်။ သူသည် ဆွမ်ဧကရာဇ်၏သားဖြစ်သော်လည်း လက်ရှိအခြေအနေတွင် နယ်စားအားလုံးထဲတွင် သူသည်သာ အကြီးမားဆုံးသော ခြိမ်းခြောက်မှုဖြစ်နေသည်။
ထို့ပြင် ဝူနိုင်ငံတော်၏ ဆိုးရွားလှသော ရှုံးနိမ့်မှုကြောင့် မြောက်ပိုင်းပြည်နယ်၏ ခြိမ်းခြောက်မှုမှာ ပို၍ထင်ရှားလာခဲ့သည်။ ထို့ကြောင့် လုချန်း သံသယရှိလာသည်။ သူ၏ ဖခင် သည် သူ့ကို လုပ်ကြံရန် လူစေလွှတ်နိုင်ခြေ အလွန်ရှိသည်။
သူနှင့် သူ၏ဖခင်ကြားတွင် မိသားစု ချစ်ခြင်းမေတ္တာမရှိသလောက်ဖြစ်သည်။ ယခင်က ဆွမ်ဧကရာဇ် သည် သူ့ကို သတ်ဖြတ်ရန် လူမစေလွှတ်ခဲ့သော်လည်း သူမြန်မြန်သေဆုံးစေရန် မျှော်လင့်နေခဲ့သည်။ ဆွမ်ဧကရာဇ် သူ့ကို လုပ်ကြံရန် လူစေလွှတ်မလွှတ်ဆိုသည်မှာ ဧကရာဇ်၏ စိတ်ဆန္ဒပေါ်တွင်သာ မူတည်သည်။
ချင်ယူရှန် လုချန်း၏ ဆိုလိုရင်းကို ချက်ချင်းနားလည်သွားပြီး
“ဟုတ်ကဲ့မင်းသား။ အထူးကိုယ်ရံတော် အဖွဲ့ က သူတို့ရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်ထားပါမယ်။”
လုချန်းက
“သူတို့ကို အရမ်းကြီး နီးနီးကပ်ကပ်တော့ မစောင့်ကြည့်နဲ့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အရိပ်အယောင် ကောင်းကင်လူသားတွေပဲ။ အရမ်းနီးနီးကပ်ကပ် စောင့်ကြည့်ရင် သူတို့ စောင့်ကြည့်ခံနေရတယ်ဆိုတာ သိသွားနိုင်တယ် “
“ကောင်းပြီ။ ခင်ဗျား သွားလို့ရပြီ။”
ချင်ယူရှန်လည်း ထပ်မံခါးညွှတ်ကာ
“ကျွန်တော့်ကို ခွင့်ပြုပါ”
ဟုဆိုပြီး ထွက်ခွာသွားလေသည်။
ချင်ယူရှန် စာကြည့်ခန်းမှ ထွက်ခွာသွားပြီးနောက် သူ့ဖခင်က သူ့ကို လုပ်ကြံဖို့ လူမလွှတ်ပါစေနဲ့ဟု ဆုတောင်းနေမိသည်။ မည်သို့ပင်ဆိုစေ အနည်းဆုံးတော့ သူသည် ဆွမ်ဧကရာဇ်ကြောင့် မွေးဖွားလာခဲ့ရသူဖြစ်သည်။
သူ ဝန်မခံချင်သော်လည်း ဆွမ်ဧကရာဇ်သည် ဤကမ္ဘာ၌ သူ့၏ သွေးသားဖခင် ဖြစ်သည်။
အကယ်၍ ဆွမ်ဧကရာဇ်က သူ့ကို လုပ်ကြံရန် တစ်စုံတစ်ဦးကို အမှန်တကယ် စေလွှတ်ပါက သူ့အနေနှင့် ပြန်လည် တိုက်ခိုက်ခြင်းမှလွဲ၍ အခြား ရွေးချယ်စရာ ရှိမည်မဟုတ်ပေ။
ဖခင်နှင့် သား အချင်းချင်း ရန်ဖြစ်ရသည့် အခင်းအကျင်းသည် လုချန်း မမြင်တွေ့လိုသော မြင်ကွင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် သူ၏သားသမီးအပေါ် မကောင်းသော လွှမ်းမိုးမှု ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။
ယခု လုချန်းသည် ဖခင်တစ်ဦး ဖြစ်လာပြီဖြစ်၍ သူ၏ ကလေးများကို ပြုစုပျိုးထောင်ခြင်းကို အာရုံစိုက်လာခဲ့ပြီး စံနမူနာပြ ဦးဆောင်ခြင်း၏ အရေးကြီးပုံကို နားလည်လာခဲ့သည်။
လုချန်း အတွေးထဲ နစ်မြောနေစဉ် အစေခံတစ်ဦး၏ အသံက တံခါးဝတွင် ထပ်မံ ပေါ်လာသည်။
“မင်းသား။ မိဖုရားတို့ ရောက်လာပါပြီ။”
လုချန်း သတိပြန်ဝင်လာသည်။ ခုနက ကိစ္စကြောင့် သူ၏ ဇနီးများ အလွန်စိုးရိမ်နေကြပေလိမ့်မည်။ သူ ချက်ချင်း ထရပ်ပြီး စာကြည့်ခန်းတံခါးဆီသို့ လျှောက်သွားလိုက်သည်။
လုချန်း အပြင်သို့ ထွက်လာသည်နှင့် ချူးယုချင်က စိုးရိမ်တကြီးဖြင့် သူ့အနီးသို့ ချဉ်းကပ်ကာ
“ချန်းလေး။ နေကောင်းရဲ့လား။”
လုချန်းက သူ၏ ဇနီးများကို ပြုံး ကြည့်ပြီး
“ကောင်းပါတယ် ကျွန်တော် အဆင့်တက်သွားတာပါ။”
ထိုစကားကို ကြားသောအခါ အမျိုးသမီးများ အံ့သြသွားကြသည်။ လုချန်း ကောင်းကင်လူသားအဆင့်သို့ တက်ရောက်သွားပြီဟု သူတို့အစက ထင်လိုက်မိကြသော်လည်း ကျူးကဲ့ကျုံကောင်း အဆင့်တက်စဉ်က ဖြစ်ရပ်ကို သတိရကာ သူတို့ မှားယွင်းသွားကြောင်း ချက်ချင်း သိလိုက်ကြသည်။
ထိုအချိန်တွင် ရှောင်ဝမ်ယောင်က
“မင်းသား စွမ်းအားရှင် ဖြစ်သွားပြီလား။”
ရှောင်ဝမ်ယောင်သည် အတော်လေး အသူဖြစ်သည်။ လုချန်းသည် အဆင့်လွန် ပညာရှင်ဘဝကပင် သူမကို အဆုံးမရှိ နှိပ်စက်ခဲ့ကြောင်း တွေးမိသည်။ အကယ်၍ သူ စွမ်းအားရှင် ဖြစ်သွားပါက လုချန်း၏ အစွမ်းသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို သူမ စိတ်ကူး၍ပင် မရနိုင်ပေ။
မင်းသားစံအိမ်တွင် နေ့ရက်များကို ကုန်ဆုံးရင်း မြက်ခင်းလွင်ပြင်မှ ဤဖြူစင်သော မြင်းဖြူလေး ရှောင်ဝမ်ယောင်သည် လုချန်းကြောင့် စွန်းထင်းသွားခဲ့ရသည်။ သူမသည် ယောက်ျားမိန်းမ ကိစ္စများကို ဦးစွာ တွေးတတ်သူ ဖြစ်သည်။
လုချန်းက ရယ်မောလိုက်ပြီး သူ၏အမျိုးသမီးများကို ထပ်ကြည့်လိုက်ရာ သူတို့အားလုံး သူ့ကို မျှော်လင့်တကြီး ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
ထို့နောက် သူက
“စိတ်ပျက်စရာပါပဲ။ ကျွန်တော် ကောင်းကင်လူသား မဖြစ်သေးပါဘူး။ ကောင်းကင်လူသား ဖြစ်ဖို့ မလွယ်ပါဘူး။ ဒီကမ္ဘာရဲ့ စမ်းသပ်မှုတွေကို ဖြတ်ကျော်ရဦးမယ်။ အခုအချိန်မှာတော့ ကျွန်တော့်ကို အရိပ်အယောင် ကောင်းကင်လူသားလို့ပဲ သတ်မှတ်နိုင်ပါလိမ့်မယ်။”
လုချန်း၏ အဖြေကို ကြားသောအခါ အမျိုးသမီးများ အနည်းငယ် စိတ်ပျက်သွားကြသည်။
ထိုအချိန်တွင် ဝမ်ချင်းစီက ဆွဲဆောင်မှုရှိသော အပြုံးဖြင့်
“မင်းသား။ အရိပ်အယောင် ကောင်းကင်လူသားနဲ့ အဆင့်လွန် ပညာရှင်တို့ရဲ့ ခြားနားချက်က ဘယ်လိုလဲ။”
လုချန်းက ခပ်တည်တည်ဖြင့်
“စွမ်းအားနည်းနည်း တိုးလာတာကလွဲလို့ သိပ်ပြီး ကွာခြားတာ မရှိဘူးနဲ့ တူပါတယ်”
ချူးယုချင်က ဇဝေဇဝါဖြင့်
“အဆင့်တက်လာပြီး ဘာမှ မကွာဘူးဆိုတာ ဘယ်ဟုတ်ပါ့မလဲ။ ကောင်းကင်လူသားအဆင့် တကယ်မရောက်သေးရင်တောင် ကောင်းကင်လူသားတွေသာ ပိုင်ဆိုင်တဲ့ စွမ်းရည်အချို့တော့ ရှိရမှာပေါ့။ မဟုတ်လား။”
ထို့နောက် ဝမ်ချင်းစီက စနောက်သည့်လေသံဖြင့်
“ မင်းသား ဒီည ကျွန်မ အခန်းကို လာပါလား။ အရိပ်အယောင် ကောင်းကင်လူသားနဲ့ အဆင့်လွန် ပညာရှင်တို့ရဲ့ ကွာခြားချက်တွေက ဘာလဲဆိုတာ ကျွန်မ ကူညီပြီး စမ်းသပ်ပေးပါ့မယ်။”
ဤစကားကို ကြားလျှင် ချူးယုချင်က
“မိန်းမယုတ်” ရေရွတ်ကာ နှာခေါင်းရှုံ့လိုက်သည်။
သူတို့သည် အရေးကြီးကိစ္စများကို ဆွေးနွေးနေကြသော်လည်း ထိုမိန်းမယုတ်ကတော့ လုချန်းကို မြှူဆွယ်ရန်သာ စိတ်ထဲရှိနေသည်။
ဘယ်လောက်တောင် အရှက်မရှိတဲ့ မိန်းမလဲ။
ဝမ်ချင်းစီ၏ စကားကို ကြားသောအခါ လုချန်းက ပြုံးလိုက်ပြီး
“ကောင်းပြီ။ ဒီည မင်းအခန်းကို ကိုယ်လာခဲ့မယ်။ ကိုယ်ရဲ့ ကာယစွမ်းအား ဘယ်လောက်တိုးတက်လာပြီလဲဆိုတာ စမ်းကြည့်ရအောင်။”
ချူးယုချင်က လုချန်းကို စောင်းငဲ့ကြည့်လိုက်ပြီး
“ချန်းလေး။ မင်းနေကောင်း နေတယ်ဆိုတော့ မင်းရဲ့ အလုပ်ချိန်ကို ဒေါ်လေးတို့ မနှောင့်ယှက်တော့ဘူး။”
ထိုသို့ပြောပြီး ချူးယုချင်က မုကျိရွှမ်းတို့ကို
“ကျိရွှမ်းတို့ပြန်ကြစို့”
မုကျိရွှမ်းသည် လုချန်းကို ကြည့်ပြီး
“မင်းသား အဆင်ပြေတယ်ဆိုတော့ ကျွန်မတို့ အတွင်းဆောင်ကို အရင်ပြန်ပါတော့မယ်။”
လုချန်းက ခေါင်းညိတ်ကာ
“ကောင်းပါပြီ။”
ထို့နောက် အမျိုးသမီးများ အတွင်းဆောင်သို့ ပြန်လည်ထွက်ခွာသွားကြသည်။ ဝမ်ချင်းစီကတော့ မထွက်ခွာမီ လုချန်းကို ဆွဲဆောင်မှုရှိသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ သူမ ကိုကြည့်ရင်း လုချန်း ရယ်မောလိုက်သည်။
ကလေးရပြီးတာတောင် ဒီလောက် ဆွဲဆောင်မှုရှိတုန်းပဲလား။
သို့သော် ဝမ်ချင်းစီက သူ၏ အရိပ်အယောင် ကောင်းကင်လူသားအစွမ်းကို စမ်းသပ်လိုသဖြင့် သူမကို လိုက်လျောပေးမည်။ ဒီည သူ ဝမ်ချင်းစီ၏ အခန်းသို့ သွားပြီး သူမကို သေသေချာချာ စမ်းသပ်ခိုင်းရမည်။
ချူးယုချင်တို့ ထွက်ခွာသွားပြီးနောက် လုချန်းသည် သူ၏အခန်းသို့ ပြန်လာပြီး စစ်ရေးကိစ္စများကို ဆက်လက်စီမံရန် ထိုင်ချလိုက်သည်။
တစ်နာရီခန့် ကြာပြီးနောက် အစေခံ၏ အသံက တံခါးဝတွင် ထပ်မံ ပေါ်လာသည်။
“မင်းသား။ မုယုံ မိန်းကလေး ဝင်ခွင့်တောင်းနေပါတယ်။”
.............
အခန်း (၅၉၀)
လုချန်း၏ စွမ်းအားရှင်ဖြစ်ရန် လမ်းကြောင်း (၃)
ထိုသတင်းပို့သံကို ကြားသောအခါ လုချန်း အံ့သြမသွားခဲ့ပေ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ရွှေရောင်အလင်းတန်းကြီး ထွက်ပေါ်လာခြင်းကြောင့် ယွဲ့ဧကရာဇ်စေလွှတ်ထားသည့် သူလျှို မုယုံရွှီသည် အခြေအနေကို စုံစမ်းရန်နှင့် မည်သူ အဆင့်တက်သွားသည်ကို သိရှိရန် ရောက်လာမည်ကို သူသိထားပြီးသား ဖြစ်သည်။
ထို့နောက် လုချန်းက
“ဝင်ခဲ့ပါ”
နောက်တစ်ခဏတွင် မုယုံရွှီသည် ထုံးစံအတိုင်း အဖြူရောင် ပေါ်တွင် အနက်ရောင် အနားသတ် ဝတ်စုံကို ဝတ်ဆင်ကာ အခန်းထဲသို့ ဝင်လာသည်။ သူမ၏ ဆံပင်ကို မြင့်မြင့်စည်းထား၏။ သူမ၏ ဆင်ယင်ထုံးဖွဲ့ပုံက ရိုးရှင်းသည်ဟု မထင်ရသည့်အပြင် သူမ၏ ရေခဲကဲ့သို့ အေးစက်သော စိတ်နေစိတ်ထားကို ပိုမိုပေါ်လွင်စေသည်။
လုချန်းက မုယုံရွှီကို တစ်ချက်သာ ကြည့်လိုက်ပြီး အစိုးရရေးရာများတွင် နစ်မြုပ်နေခဲ့သည်။ ခုနက ရွှေရောင်အလင်းတန်းကြောင့် စာကြည့်ခန်း၏ အမိုးတွင် အပေါက်ကြီးတစ်ခု ပေါ်လာခဲ့ပြီး နေရောင်ခြည်သည် ထိုအပေါက်မှတစ်ဆင့် စားပွဲပေါ်သို့ တိုက်ရိုက် ကျရောက်နေသည်။
ထိုအပေါက်ကို မြင်သောအခါ ရွှေရောင်အလင်းတန်းသည် စာကြည့်ခန်းမှ ထွက်ပေါ်လာခြင်း ဖြစ်ပုံရသည်ဟု မုယုံရွှီက တွေးလိုက်သည်။
ထိုအချိန်တွင် ခေါင်းမော့မကြည့်ပဲ လုချန်းက
“မုယုံမိန်းကလေး ဘာကိစ္စနဲ့ ရောက်လာတာလဲ။”
လုချန်း၏ အေးစက်သော လေသံကို ကြားသောအခါ မုယုံရွှီ ခဏမျှ ကြောင်သွားသည်။ လုချန်းသည် အရင်က ဒီလို မဟုတ်ခဲ့ပေ။ သူမ ရောက်လာတိုင်း သူသည် မိန်းမ မမြင်ဖူးသူကဲ့သို့ သူမအပေါ် အမြဲတက်ကြွနေတတ်သည်။
ယနေ့မှ အဘယ်ကြောင့် ရုတ်တရက် ဒီလောက်တည်တည်ငြိမ်ငြိမ် ဖြစ်သွားရတာလဲ။
ဖြစ်နိုင်တာက…
သူ သူမကို ငြီးငွေ့သွားတာလား။
ထိုအသိက မုယုံရွှီကို ကြီးမားသော အကျပ်အတည်းတစ်ခု ခံစားရစေခဲ့သည်။ ယခု သူမ ပြန်မသွားနိုင်တော့သည့်အပြင် လုချန်းကိုလည်း မထိန်းချုပ်နိုင်တော့သဖြင့် ဧကရီက သူမကို နောင်တွင် ယုံကြည်တော့မည် မဟုတ်ပေ။ ယွဲ့ဧကရာဇ်၏ ယုံကြည်မှုကို ပြန်လည်ရရှိလိုပါက မင်းသား၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်လိမ့်မည်။
သို့သော် မင်းသားက သူမ၏ ခန္ဓာကိုယ်ကို ငြီးငွေ့သွားပါက သူ သူမကို ကူညီမည် မဟုတ်တာ သေချာသလောက်ဖြစ်ပြီး နှစ်ဖက်စလုံးက စွန့်ပစ်ခြင်းကို သူမခံရလိမ့်မည်။ ကျူးနိုင်ငံတော်က စွန့်ပစ်ရုံသာမက မြောက်ပိုင်းပြည်နယ်တွင်လည်း သူမအတွက် နေရာရှိတော့မည် မဟုတ်ပေ။
မုယုံရွှီ စိတ်ပူပန်နေစဉ် လုချန်းက သူမ စကားမပြောသည်ကို သတိထားမိပြီး သူမကို မော့ကြည့်ကာ ပြုံး၍
“ဘာလို့ စကားမပြောတာလဲ”
ဟု မေးလိုက်သည်။
ထိုအချိန်တွင် မုယုံရွှီ သတိပြန်ဝင်လာပြီး မဲ့ပြုံးဖြင့်
“မင်းသားစံအိမ်မှာ ရွှေရောင်အလင်းတန်းတစ်ခု တွေ့လို့ ဘာဖြစ်လဲဆိုတာ လာကြည့်တာပါ။”
လုချန်းက
“ဘယ်သူ အဆင့်တက်သွားလဲဆိုတာ သိချင်တာ မဟုတ်လား”
ဟု ပြန်မေးသည်။
လုချန်းက သူမ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိသော်လည်း မုယုံရွှီ ဒါကို ဂရုမစိုက်ပေ။ ဤလူအား ဘာကိုမှ ဖုံးကွယ်၍ မရကြောင်း သူမသိသည်။
ထိုအချိန်တွင် မုယုံရွှီက အမိုးတွင်ရှိသော အပေါက်ကို မော့ကြည့်ပြီး
“ရှင်တို့မြောက်ပိုင်းပြည်နယ်မှာ ကောင်းကင်လူသားအဆင့်နီးပါး အစွမ်းထက်တဲ့ လူတစ်ယောက် ထပ်ရသွားပုံရတယ်။”
လုချန်းက ပြုံးပြီး
“မင်းက တစိမ်းတစ်ယောက်လို ပြောနေတာပဲ။ ‘ရှင့်တို့ မြောက်ပိုင်းပြည်နယ်’ တဲ့။ မင်းက ကိုယ်မိန်းမပဲ။ ‘ကျွန်မတို့ မြောက်ပိုင်းပြည်နယ်’ လို့ ပြောသင့်တယ်”
မုယုံရွှီက အေးစက်စွာဖြင့်
“ရှင်နဲ့ကျွန်မကြားမှာ အပေးအယူသဘောတစ်ခုပဲ ရှိတယ်။ ကျွန်မ ဘယ်တော့မှ ရှင့်မိန်းမ မဖြစ်နိုင်ဘူး။”
သူမ ထိုသို့ပြောလိုက်သော်လည်း လုချန်း၏ စကားက သူမ၏ စိတ်ထဲတွင်ရှိသော မသက်မသာ ခံစားချက်များကို ချက်ချင်း ပျောက်ကွယ်သွားစေသည်။
လုချန်းက သူမကို ငြီးငွေ့သွားပြီဟု သူမ ထင်ခဲ့သည်။ သို့သော်ဒါက သူမ အလွန်အကျွံ တွေးတောနေခြင်း ဖြစ်ပုံရသည်။ မြောက်ပိုင်းပြည်နယ်နှင့် ဝူနိုင်ငံတော်တို့ကြား စစ်ပွဲကြောင့် လုချန်း ယောက်ျားမိန်းမ ကိစ္စများတွင် စိတ်မဝင်စားနိုင်ပဲ သူမအပေါ် အေးစက်နေခြင်း ဖြစ်နိုင်သည်။
လုချန်းက မုယုံရွှီ၏ စကားကို အာရုံမထားပဲ ပြုံးပြီး
“ဘယ်သူ အဆင့်တက်သွားလဲဆိုတာ သိချင်လို့လား “
ထိုစကားကို ကြားရသောအခါ မုယုံရွှီ၏ ခန္ဓာကိုယ် အနည်းငယ် တုန်လှုပ်သွားသည်။ သူမ၏မျက်လုံးများက လုချန်း၏ ချောမောလှပသောမျက်နှာကို စိုက်ကြည့်နေသည်။ သူမ အမှန်တကယ် သိချင်နေသည်။ သူမ၏တာဝန်မှာ ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းရန်ဖြစ်သည်။
သို့သော် မုယုံရွှီက
“ရှင် ကျွန်မကို ပြောမှာ မဟုတ်ဘူး။”
ကောင်းကင်လူသား အဆင့်နီးပါး အစွမ်းထက်သူသည် မြောက်ပိုင်းပြည်နယ်အတွက် အားသာချက်တစ်ခု ဖြစ်လိမ့်မည်။ မြောက်ပိုင်းနယ်စားက ထိုအားသာချက်ကို ဘာကြောင့်အလွယ်တကူ ထုတ်ဖော်မည်နည်း။
မုယုံရွှီ ထိုသို့ တွေးနေစဉ် လုချန်း ထိုင်ခုံမှ ထလိုက်ပြီး သူမဆီသို့ လျှောက်လာသည်။
လုချန်း ချဉ်းကပ်လာသည်ကို မြင်သောအခါ မုယုံရွှီ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားသည်။
သူမတွင် ဤလူသားအပေါ်၌ ရှုပ်ထွေးသော ခံစားချက်များ ရှိသည်။ သူ့ကြောင့်သာ မဟုတ်လျှင် သူမ ယခုလိုနေရာမျိုးတွင် မဟုတ်ပဲ ကျူးနိုင်ငံတော်တွင် ယွဲ့ဧကရာဇ် အနား၌ ဆက်လက် အမှုထမ်းဆောင်နေရဦးမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူမ ကြောက်ရွံ့နေသည်။ တစ်ဖက်တွင် သူမသည် သူမကို လွတ်လွတ်လပ်လပ် ဆက်ဆံမည်ကို ကြောက်ရွံ့ပြီး အခြားတစ်ဖက်တွင် သူ သူမကို ငြီးငွေ့သွားပြီး မကြာမီ စွန့်ပစ်တော့မည်ကို စိုးရိမ်နေသည်။
မုယုံရွှီ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်နေသော်လည်း လုချန်းကတော့ သူမ၏ မသက်မသာဖြစ်မှုကို သတိမထားမိပေ။ သူမအနီးသို့ ရောက်လာပြီးနောက် သူက
“ခုနက အဆင့်တက်သွားတဲ့သူက ကိုယ်ပဲ”
“ဒီသတင်းက မင်းရဲ့ဧကရီကို ကျေနပ်စေသင့်တယ် မဟုတ်လား။”
ထိုစကားများကြောင့် မုယုံရွှီ အနည်းငယ် တုန်လှုပ်သွားသည်။
လုချန်း နောက်ထပ် အဆင့်တက်သွားတာလား။
သူသည် အဆင့်လွန်ပညာရှင်ဖြစ်ပြီးသား ဖြစ်ပြီး ယခုအခါ စွမ်းအားရှင်နီးပါး အဆင့်သို့ ရောက်ရှိသွားပြီဆိုလျှင်... သူ၏စွမ်းအား ပိုမိုကြီးမားလာပြီလား....
အကြောင်းတစ်ခုခုကြောင့် မုယုံရွှီ၏ စိတ်ထဲတွင် လုချန်းက သူမကို အနိုင်ကျင့်နေသည့် မြင်ကွင်းများ ရုတ်တရက် ပြည့်နှက်လာသည်။
ထိုစဉ် သူမ၏ အတွေးများ လွင့်မျောမသွားအောင် အမြန် တားဆီးလိုက်သည်။
ထို့နောက် သူမက မဲ့ပြုံးဖြင့်
“မင်းသား အဆင့်တက်သွားတာ ဝမ်းသာပါတယ်။”
မုယုံရွှီ၏ အေးစက်သော အမူအရာကို မြင်သောအခါ လုချန်းက သူမ၏ ရေခဲကဲ့သို့ အေးစက်သော ပါးပြင်ကို ပွတ်သပ်ရင်း
“မုယုံမိန်းကလေး။ ကိုယ် မင်းကို ဒီလောက် အရေးကြီးတဲ့ သတင်း ပေးလိုက်တာ မင်း ဘာပြန်ပေးမလဲ။”
လုချန်း ဘာလုပ်ချင်သည်ကို မုယုံရွှီ အကြမ်းဖျင်းအားဖြင့် သိနေပြီးဖြစ်သည်။
လုချန်းက
“နောက်ပြီး ယွဲ့ဧကရာဇ်က မင်းကို ယမ်းလက်နက်တချို့ ရအောင် ကြိုးစားခိုင်းထားတယ် မဟုတ်လား။”
ထိုမေးခွန်းကို ကြားသောအခါ မုယုံရွှီ အံ့အားသင့်သွားသည်။ လုချန်းကို ဘာမှ ဖုံးကွယ်၍ မရပေ။
မြောက်ပိုင်းပြည်နယ်မှ ယမ်းလက်နက်များ ဖြစ်နိုင်လျှင် လက်နက်ပြုလုပ်နည်းကိုပါ ရယူရန် ယွဲ့ဧကရာဇ်က သူမအား အမိန့်ပေးထားသည်။
သို့သော် လုချန်းက သူမအား ထိုကဲ့သို့ အရေးကြီးသောအရာကို ပေးမည်ဟု မုယုံရွှီ မယုံကြည်ပေ။ ထို့ကြောင့် သူမ ဤတာဝန်ကို ပြီးမြောက်နိုင်လိမ့်မည်ဟုလည်း အမှန်တကယ် မထင်ခဲ့ပေ။
တကယ်လည်း မုယုံရွှီ ထင်ထားသည့်အတိုင်း လုချန်းက မုယုံရွှီအား ယမ်းလက်နက်များနှင့် ၎င်းတို့၏ ထုတ်လုပ်နည်းများကို ဘယ်တော့မှ ပေးမည် မဟုတ်ပေ။
ထိုအချိန်တွင် မုယုံရွှီက
“ဒီနေ့ မင်းသား စာမရေးချင်ဘူးဆိုရင် ကျွန်မ ပြန်တော့မယ်။”
လုချန်းက သူမ၏လတ်တလော တာဝန်ကို မှန်းဆမိသော်လည်း မုယုံရွှီ ဝန်ခံမည် မဟုတ်ပေ။ ယမ်းလက်နက်သည် မြောက်ပိုင်းပြည်နယ်၏ အဓိကလျှို့ဝှက်ချက်ဖြစ်သည်။ သူမ လုချန်းထံ ဤအကြောင်း မေးမြန်းမိပါက သူနှစ်သက်မည် မဟုတ်ပေ။ ထို့ကြောင့် သူမ လုချန်း၏မေးခွန်းကို ရှောင်လိုက်သည်။
...........
အခန်း (၅၉၁ )
ဒါက ထင်ယောင်ထင်မှားမှုတစ်ခုပဲ (၁)
မုယုံရွှီ ထွက်သွားတော့မည့်ပုံကို မြင်သောအခါ လုချန်းက သူမ၏ လက်ကောက်ဝတ်ကို တိုက်ရိုက်ဆွဲလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို ဆွဲဖက်လိုက်သည်။
မုယုံရွှီ မရုန်းကန်ခဲ့ပေ။ ထိုအချိန်တွင် လုချန်းက
“ဘာလို့ မလေ့ကျင့်ရမှာလဲ။ ကိုယ်စာရေးမလေ့ကျင့်ခဲ့တာ ကြာပြီ။ ကိုယ်ရဲ့ လက်ရေးက ပိုဆိုးလာနေပြီ။ အလေးအနက်ထား လေ့ကျင့်သင့်တဲ့ အချိန်ရောက်နေပြီ။”
ထိုသို့ပြောပြီး လုချန်း မုယုံရွှီကို ပွေ့ချီကာ အနားယူရန်ခန်းဆီသို့ လျှောက်သွားရင်း ရယ်မောကာ
“မုယုံမိန်းကလေးရဲ့ ခန္ဓာကိုယ်က ပိုပြီး ပျော့ပြောင်းလာနေပြီ။”
ထိုစကားများကို ကြားသောအခါ မုယုံရွှီ၏ မဲ့ပြုံးပြုံးလိုက်သည်။ သူမ၏ မျက်နှာလည်း နီမြန်းလာသည်။ သူမသည် သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားနေပြီး လုချန်း၏ စကားများကြောင့် စိတ်မပါသွားအောင် ကြိုးစားနေသည်။
မကြာခင်မှာပင် သူတို့ အနားယူခန်းသို့ ရောက်ရှိသွားကြသည်။ လုချန်းက မုယုံရွှီကို အိပ်ရာပေါ်တွင် ညင်သာစွာ ချထားလိုက်ပြီး ဘာမှ မလုပ်သေးပေ။
သူက အေးစက်လှပသော မုယုံရွှီ၏ မျက်နှာကို ငေးကြည့်ရင်း ပြုံးကာ
“ကိုယ်တို့ရဲ့ အပေးအယူက မမျှတဘူးလို့ ခံစားရတယ်။”
ထိုစကားကို ကြားသောအခါ မုယုံရွှီ အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး
“ဘာကို ဆိုလိုတာလဲ”
ဟု မေးလိုက်သည်။
လုချန်းက
“စဉ်းစားကြည့်ပါဦး။ ကိုယ်တို့ရဲ့ အပေးအယူမှာ မင်းကို မြောက်ပိုင်းပြည်နယ်ရဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေကို ကိုယ်ကပေးတယ်။ မင်းက ကိုယ်နဲ့ စာရေးတာကို လေ့ကျင့်ရုံပဲ။”
“မျှတတဲ့ အပေးအယူလို့ ထင်ရပေမဲ့ ကိုယ်တို့ စာရေးတာကို လေ့ကျင့်တိုင်း ကိုယ်က ကာယစွမ်းအင် သုံးရုံတင် မဟုတ်ပဲ စိတ်စွမ်းအင်ကိုပါ သုံးရတယ်။ နောက်ဆုံးမှာ မင်းကို သက်သောင့်သက်သာ ဖြစ်အောင်လည်း ကုပေးရတယ်။ ဒီ အပေးအယူက မျှတရဲ့လား ပြောပါဦး။”
ထိုစကားကို ကြားသောအခါ မုယုံရွှီ အံ့အားသင့်သွားသည်။ မြောက်ပိုင်းနယ်စားဆိုတဲ့ ရှက်မရှိတဲ့ လူယုတ်မာက သူမကို အမြတ်ထုတ်ပြီးမှ သူ နစ်နာတယ်လို့ ပြောရဲတယ်တဲ့လား။
သူမ၏ စိတ်ခံစားချက်များ တုန်လှုပ်နေသော်လည်း မုယုံရွှီက လုချန်းနှင့် တိုက်ရိုက် ငြင်းမခုန်ပဲ အေးစက်စွာဖြင့်
“ဒါဆို ရှင် ဘာလိုချင်သေးလဲ”
ဟု မေးလိုက်သည်။
လုချန်းက ရယ်မောကာ
“အပေးအယူမျှတအောင် မင်းက ကိုယ့်ကို ပြုစုသင့်တယ်။ ကိုယ်က ပြန်ပြုစုရမှာ မဟုတ်ဘူး။”
ထိုစကားကို ကြားသောအခါ မုယုံရွှီ၏ နှလုံးခုန်နှုန်း မြန်ဆန်လာသည်။ သူ ဘာကို ဆိုလိုကြောင်း နားလည်သလို ဖြစ်သွားပြီး သူမ၏ ပါးပြင်များ အလွန်ပူလာသည်။
ထို့နောက် မုယုံရွှီက
“ရှင်စာရေး လေ့ကျင့်နေတော့ ကျွန်မက ဘယ်လိုပြုစုရမှာလဲ။”
အမှန်တော့ လုချန်းသည် စာလုံးရေးခြင်းကို အမှန်တကယ် လေ့ကျင့်နေခြင်းဖြစ်ပြီး အခြားအရာများကို အမြဲ မလုပ်ဆောင်ပေ။
ထို့နောက် လုချန်းက မုယုံရွှီ၏ နားနားကပ်၍ တီးတိုးပြောလိုက်သည်။
“ကိုယ်က စာရေးတဲ့အကြောင်း ပြောနေတာ မဟုတ်ဘူးဆိုတာ မင်း နားလည်သင့်တယ်။ ကိုယ်လေ့ကျင့်ဖို့ လိုအပ်ပေမဲ့ လေ့ကျင့်နေရင်း အချိန်မရွေး ရပ်လို့ရတယ် မဟုတ်လား။”
မုယုံရွှီ စကားပြောချင်သော်လည်း ဝန်လေးနေသည်။
အမှန်စင်စစ် လုချန်း ပြောသည့်အတိုင်း သူသည် သူမအပေါ်တွင် စာရေးသော်လည်း အဆက်မပြတ် ရေးခြင်း မဟုတ်ပေ။ အချိန်အများစုတွင် သူတို့သည် အချို့သော လှုပ်ရှားမှုများတွင် ပါဝင်ကြသည်။ ထို့ကြောင့် သူမ သူ့ကိုပြစုရန် မဖြစ်နိုင်သည် မဟုတ်ပေ။
သို့သော် သူမသည် ကျူးနိုင်ငံတော်၏ နန်းတော်တွင် ကြီးပြင်းခဲ့ပြီး ယွဲ့ဧကရာဇ်ကိုသာ ပြုစုဖူးသည်။ သူမ ယောက်ျား တစ်ယောက်ကို တစ်ခါမှ မပြစုဖူးပေ။ ရုတ်တရက် ယောက်ျားတစ်ယောက်ကို ပြုစုဖို့ အပြောခံရသောအခါ ဘာလုပ်ရမှန်း လုံးဝ မသိတော့ပေ။
မုယုံရွှီ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လုချန်းက ပြုံးပြီး
“ဘာဖြစ်လို့လဲ။ မင်း မလုပ်ချင်ဘူးလား”
“မင်း မဆန္ဒရှိရင် ဒီနေ့ ပြန်သင့်တယ်။”
ထိုစကားကို ကြားသောအခါ မုယုံရွှီ သတိပြန်ဝင်လာပြီး
“ကောင်းပါပြီ”
ဟု အမြန် သဘောတူလိုက်သည်။
သူမ ဘယ်လိုဆက်လုပ်ရမှန်း မသိသော်လည်း မင်းသားစံအိမ်ကို အကြိမ်ပေါင်းများစွာ လာရောက်ဖူးပြီး လုချန်းနှင့်အတူ ဤအခန်းတွင် အရာများစွာ လုပ်ဆောင်ဖူးသောကြောင့် အတွေ့အကြုံ အနည်းငယ် ရှိနေသည်။
သူမ လုချန်း၏ တောင်းဆိုချက်များကို သဘောမတူပါက သူ သူမနှင့် နောင်တွင် အပေးအယူ မလုပ်တော့မှာကို စိုးရိမ်ရသည်။ ထို့ကြောင့် လုချန်း၏ တောင်းဆိုချက်အားလုံးကို သူမ ဖြည့်ဆည်းပေးရမည်။
ထိုအတွေးဖြင့် မုယုံရွှီက
“ရှင် အရင်ထပါ။”
မုယုံရွှီ သဘောတူကြောင်း မြင်သောအခါ လုချန်းက အနည်းငယ် ပြုံးလိုက်ပြီး ကျေနပ်သွားကာ ထရပ်ပြီး ဖိနပ်ချွတ်ကာ အိပ်ရာတွင် လှဲလိုက်သည်။
လုချန်း အိပ်ရာပေါ်တွင် လှဲနေပြီး မျက်လုံးများက သူမကို စိုက်ကြည့်နေသည်ကို မြင်သောအခါ မုယုံရွှီ ဘာလုပ်ရမှန်း မသိဖြစ်သွားသည်။
ယခင်က မင်းသားစံအိမ်သို့ လာရောက်တိုင်း အရာအားလုံးကို လုချန်းက ဦးဆောင်ခဲ့ပြီး သူမက အစအဆုံး ဘာမှ မလုပ်ခဲ့ပေ။ ယခု သူမက လုချန်းကို ပြုစုရမည်ဆိုသော်လည်း ဒီလူကို ဘယ်လို ပြစုရမယ်မှန်း သူမ မသိတော့ပေ။
မုယုံရွှီက သူ့ကို ကြည့်နေသည်ကို မြင်သောအခါ လုချန်းက
“ဘာဖြစ်လို့လဲ”
ဟု မေးလိုက်သည်။
မုယုံရွှီ ခဏမျှ တုံ့ဆိုင်းသွားပြီး ချက်ချင်း ထရပ်လိုက်ကာ သူမ၏ ဖိနပ်ကို ချွတ်လိုက်၏။
ထိုအရာကို မြင်သောအခါ လုချန်းက ပြုံးပြီး
“မင်း ဒီလောက် အလျင်စလို ဖြစ်နေတာလား။”
လုချန်း၏ စကားများကို ကြားသောအခါ မုယုံရွှီ၏ ရပ်တန့်သွားပြီး သူမက
“မင်းသားက ကျွန်မ ဘယ်လို ဆက်လုပ်စေချင်လို့လဲ”
ဟု မေးလိုက်သည်။
မုယုံရွှီ တကယ်တော့ ဘာလုပ်ရမယ်မှန်း မသိပေ။ သို့သော် ဒီလူက သူမ အလျင်စလို လုပ်နေသည်ဟု ပြောရဲသည်။
ယခု သူတို့ အိပ်ရာပေါ် ရောက်နေပြီသည်။ ဤရန်ရှာတတ်သောလူ သူမကို စနောက်နေတာ ထင်ရှားသည်။
လုချန်းက
“ လုပ်လို့ရတဲ့ အရာတွေ အများကြီး ရှိတယ်။”
ထိုသို့ပြောပြီး လုချန်းက မုယုံရွှီ၏ နီရဲသော နှုတ်ခမ်းများကို နမ်းလိုက်သည်။
လုချန်း စနမ်းလိုက်သည်ကို မြင်သောအခါ မုယုံရွှီတွေးမိသည်။
ဤလူယုတ်မာက သူ့စိတ်ကူးနှင့် သူလုပ်မည်ဆိုလျှင် သူမကို ဘာလို့ ပြစုခိုင်းနေရတာလဲ။ သူ့အစီအစဉ်အတိုင်း လိုက်လုပ်ရုံပင်။
အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သော်လည်း လုချန်း၏ အနမ်းအောက်တွင် စောနက မကျေနပ်မှု အားလုံးကို မုယုံရွှီ မေ့လျော့သွားသည်။
အချိန်အတိုင်းအတာတစ်ခုအထိ ကြာပြီးနောက် လုချန်းက မုယုံရွှီ၏ မွှေးကြိုင်သော ပခုံးများကိုကိုင်ကာ သူမ၏ နှုတ်ခမ်းများနှင့် ခွာလိုက်သည်။
............