အခန်း ၆၀၄-၆၀၆
Vol. 41 Ch. 604-606
အခန်း (၆၀၄)
ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိခြင်း (၁)
တုန်းဖန်လုံယွဲ့၏ စကားသံဆုံးသည်နှင့် ဆောင်ရှိ အမျိုးသမီးအားလုံး၏ မျက်လုံးများက လုချန်းအပေါ်သို့ ကျရောက်လာသည်။
လုချန်းပြောသည့် ဓားစာခံသည် သူတို့တွေးထားသည့်သူ ဟုတ်မဟုတ် သိလိုစိတ် ပြင်းပြနေကြ၏။
သူ့ဇနီး မယားများက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ လုချန်းလည်း ရုတ်တရက် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
“ဘာလို့ ဒီလိုကြည့်နေကြတာလဲ”
ထိုအချိန်တွင် ဝမ်ချင်းစီက စနောက်သလို လေသံဖြင့်
“မင်းသား။ မင်းသား စိတ်ထဲမှာရှိတဲ့ ဓားစာခံက ဝူနိုင်ငံတော်ရဲ့ မင်းသမီးများ ဖြစ်နေမလား။”
လုချန်းက
“အစကက မင်းသား ဝူမင်းကို ဓားစာခံအဖြစ် စဉ်းစားခဲ့တာ။ ဒါပေမဲ့ ချင်းစီက ပြောမှပဲ သဘောပေါက်မိတယ်။ ဝူနိုင်ငံတော်မှာ အရည်အချင်းနဲ့ ရည်မှန်းချက် အရှိဆုံးသူက ဝူနိုင်ငံတော်ရဲ့ မင်းသမီးပဲ။ သူက ဝူနိုင်ငံတော်အတွက် ပိုအရေးပါတယ်။ ဒါကြောင့် သူ့ကို ဓားစာခံအဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။”
“ချင်းစီ သတိပေးတာ ကျေးဇူးတင်ပါတယ်။”
လုချန်း၏ စကားများကို ကြားရသောအခါ အမျိုးသမီးများ စိတ်ထဲတွင် ကြိတ်ရယ်လိုက်ကြသည်။ သူ ဘာကို တကယ်တွေးနေသည်ကို သူတို့ မသိဘဲ နေပါ့မလား။
လုချန်းသည် ဝူနိုင်ငံတော်၏ မင်းသမီးကို အစကတည်းက စဉ်းစားထားခဲ့ပြီးဖြစ်ကြောင်း သူတို့သိထားပြီးဖြစ်သည်။
ထိုစဉ် ဝမ်ချင်းစီက ပြုံးလျှက်
“ဒါပေမဲ့ ကျွန်မသိသလောက်တော့ ဝူကျန်းဝမ်က ဝူနိုင်ငံတော်ရဲ့ မင်းသမီးကြီး မဟုတ်တော့ပါဘူး။ သူ့ရဲ့ ဘွဲ့ကို ရုပ်သိမ်းလိုက်ပါပြီ။ သူ့အုပ်စုက အရာရှိ အများအပြားကလည်း တခြားမင်းသားတွေကို သစ္စာခံနေကြပါပြီ။ သူက ဝူနိုင်ငံတော်အတွက် အဲဒီလောက် အရေးပါတော့မယ် မထင်ဘူးနော်”
လုချန်းက
“သူရဲ့ ဘွဲ့ကို အခု ရုပ်သိမ်းလိုက်ပေမယ့် သူရဲ့ အရည်အချင်းနဲ့ဆိုရင် မကြာခင် ပြန်ပြီး အရေးပါလာမှာပါ။ သူက ဝူနိုင်ငံတော်အတွက် အရေးအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်နေတုန်းပဲ။”
ဟု ခပ်အေးအေး ပြန်ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် ရှောင်ဝမ်ယောင်က အပြစ်ကင်းစင်စွာဖြင့် စူးစမ်းမေးမြန်းလိုက်သည်။
“ဝူနိုင်ငံတော်ရဲ့ မင်းသမီးသာ မြောက်ပိုင်းပြည်နယ်မှာ ဓားစာခံဖြစ်လာရင် မြောက်ပိုင်းပြည်နယ်က ဝူနိုင်ငံတော်နဲ့ လက်ထပ်မဟာမိတ်ဖွဲ့တယ်လို့ ဆိုလိုတာလား။”
ထိုစကားကို ကြားသောအခါ လုချန်းက ရှောင်ဝမ်ယောင်ကို ဘာမှပြန်မပြောပဲ စိုက်ကြည့်လိုက်သည်။ လုချန်း၏ ပရိယာယ်ကို မြင်သွားသဖြင့် အမျိုးသမီးများက သူတို့၏ ပါးစပ်များကို လက်ဖြင့်အုပ်ကာ မနေနိုင်ပဲ ရယ်မောကြသည်။
မကြာမီပင် အဆောင်တစ်ခုလုံး ပျော်ရွှင်ဖွယ် ခံစားမှုများ ပြည့်နှက်သွားသည်။
ထိုအချိန်တွင် ချူးယုချင်က လုချန်းအစား ရှင်းပြလိုက်သည်။
“ယောင်ယောင်။ ဓားစာခံဆိုတာ ဓားစာခံပဲ။ လက်ထပ်မဟာမိတ်ဆိုတာ လက်ထပ်မဟာမိတ်ပဲ။ အဲ့ဒီနှစ်ခုက မတူဘူး။”
ရှောင်ဝမ်ယောင်က နားမလည်စွာဖြင့်
“ဝူနိုင်ငံတော်ရဲ့ မင်းသမီး မြောက်ပိုင်းပြည်နယ်ကို ရောက်လာရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ နေရမှာ မဟုတ်လား။”
ဒါက...
ရှောင်ဝမ်ယောင်၏ မေးခွန်းကို ကြားသောအခါ ချူးယုချင်သည် ခဏခန့် ရပ်တန့်ပြီး လုချန်းကို လှည့်ကြည့်လိုက်သည်။
လုချန်း အကြောင်းကောင်းကောင်းသိထားသည့် ချူးယုချင်သည် ဝူကျန်းဝမ် မြောက်ပိုင်းပြည်နယ်သို့ ရောက်လာသည့်နေ့တွင် လုချန်းက သူမကို သူ့အိပ်ရာထဲ ရောက်အောင် လုပ်လိမ့်မည်ဟု သံသယရှိနေခဲ့သည်။
ချူးယုချင် အဖြေမပေးသည်ကို မြင်သောအခါ ရှောင်ဝမ်ယောင်၏ အကြည့်က လုချန်းထံ ပြန်ရောက်လာသည်။ လုချန်းက ချောင်းဟန့်လိုက်ပြီး
“ဓားစာခံရဲ့ လှုပ်ရှားမှုတိုင်းကို ပိုပြီး ကောင်းကောင်း စောင့်ကြည့်နိုင်ဖို့အတွက် ဝူကျန်းဝမ် မြောက်ပိုင်းပြည်နယ်ကို လာတဲ့အခါ ကိုယ်ရဲ့ မျက်စိအောက်မှာ နေရမှာ သဘာဝပါပဲ။ မြောက်ပိုင်းပြည်နယ်ကို ထိခိုက်စေမယ့် ဘာကိစ္စကိုမှ မလုပ်နိုင်အောင် ကာကွယ်ဖို့ပါ။”
ရှောင်ဝမ်ယောင်က
“ဒါပေမဲ့ အဲဒီမင်းသမီးသာ မင်းသားစံအိမ်ထဲကို ပြောင်းလာရင် မင်းသားရဲ့ မိန်းမဖြစ်လာမှာ မဟုတ်ဘူးလား။ ဝူနိုင်ငံတော်ရဲ့ မင်းသမီးက မင်းသားနဲ့ လက်ထပ်ရင် လက်ထပ်မဟာမိတ်ဖြစ်တာ မဟုတ်ဘူးလား။”
အင်း... ဒါက...
အမျိုးသမီးများ တိတ်ဆိတ်သွားကြသည်။
ပြန်စဉ်းစားကြည့်လျှင် လက်ထပ်မဟာမိတ်လိုပင် အမှန်တကယ် အဓိပ္ပာယ် ထွက်ပေါ်နေ၏။
“အဟမ်း အဟမ်း။ ယောင်ယောင်။ မင်းက အတွေးလွန်နေတာ။ ဓားစာခံဆိုတာက အရေးပါတဲ့လူတစ်ယောက်ကို တခြားနိုင်ငံကို ပေးပို့ပြီး အလဲအလှယ်လုပ်တာ။ အဲဒီလူက အိမ်ပြန်ရဖို့ အခွင့်အရေးရှိတယ်။ လက်ထပ်မဟာမိတ်ဆိုတာကတော့ အရေးပါတဲ့ အမျိုးသမီးတစ်ယောက်ကို တခြားဘက်ကို လက်ထပ်ဖို့ပေးပို့တာ။ အဲဒီအမျိုးသမီးက နောက်ဆုံးတော့ တခြားဘက်ရဲ့ အစိတ်အပိုင်းဖြစ်သွားပြီး ပြန်လာမှာမဟုတ်ဘူး”
ဟု လုချန်းက ရှင်းပြလိုက်သည်။
ထိုအခိုက်အတန့်တွင် ကျောင်းယိုယိုက စူးစမ်းစွာ မေးလိုက်ပြန်သည်။
“ဒါဆို မင်းသားက ဘာလို့ ဝူနိုင်ငံတော်ရဲ့ မင်းသမီးကို ဓားစာခံအဖြစ် ရွေးတာလဲ။ ဘာလို့ တိုက်ရိုက် လက်ထပ်မဟာမိတ် မဖွဲ့တာလဲ။ ဘာပဲဖြစ်ဖြစ် သူ မင်းသားစံအိမ်ထဲ ရောက်တာနဲ့ မင်းသားရဲ့ မိန်းမဖြစ်လာမှာ။ ဝူနိုင်ငံတော်ကိုလည်း ပြန်နိုင်ဦးမှာ မဟုတ်ဘူးဆိုတော့ တိုက်ရိုက် လက်ထပ်မဟာမိတ်ဖွဲ့တာက ပိုကောင်းတာ မဟုတ်ဘူးလား။”
ထိုစကားကို ကြားသောအခါ လုချန်းက ပြုံးလိုက်ပြီးနောက် လက်ကိုမြှောက်ကာ ကျောက်ခုံတန်းပေါ် ထိုင်နေသော ကျောင်းယိုယိုကို သူ၏ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
“မင်း အတင့်ရဲလိုက်နေပါလား ယိုယို။ ကိုယ့်ကို စော်ကားရဲတယ်။ မင်းမျက်လုံးထဲမှာ မင်းသားစံအိမ်ထဲ ရောက်လာတဲ့ မိန်းမတိုင်းကို ကိုယ်သိမ်းပိုက်လိမ့်မယ်လို့ ထင်နေတာလား။”
သူ၏ စကားများ ဆုံးသွားသည်နှင့် လုချန်းသည် ကျောင်းယိုယိုကို သူ့ပေါင်ပေါ် တင်လိုက်ပြီး လက်ကို မြှောက်ကာ သူမ၏ တင်ပါးကို ရိုက်လိုက်သည်။ ကျောင်းယိုယို “အင်း” ကနဲ ညည်းညူလိုက်ပြီးနောက်
“မင်းသား။ ကျွန်မ စကားလွန်သွားမိတာပါ။ အမှားသိပါပြီ။”
ဟု အလျင်အမြန် တောင်းပန်လိုက်သည်။
ကျောင်းယိုယို အရိုက်ခံရသည်ကို မြင်သောအခါ ရှောင်ဝမ်ယောင်လည်း အနည်းငယ် တုန်ယင်သွားသည်။ သူမလည်း ထိုမေးခွန်းကို မေးချင်ခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သူမအမြင်တွင်လည်း မင်းသားစံအိမ်ထဲကို ရောက်လာသော မိန်းမလှတိုင်း အစေခံများမှလွဲ၍ လုချန်း၏ လက်မှလွတ်ဖို့ ခက်ခဲသည်။
ရှောင်ဝမ်ယောင် စိတ်ထဲအနည်းငယ် သက်သာရာရသွားသည်။ ထိုမေးခွန်းကို မမေးမိခဲ့တာ ကံကောင်းသည်ဟု ကျေးဇူးတင်မိသည်။ မဟုတ်ရင် သူမသာ အခု အရိုက်ခံရမည့်သူ ဖြစ်နေမည်။
လူအများကြီးရှေ့မှာ အရိုက်ခံရတာ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်မလဲ။
ကျောင်းယိုယိုကို ဆုံးမပြီးနောက် လုချန်းက သူမကို လွှတ်မပေးပဲ သူ့ရင်ခွင်ထဲတွင် ဆက်လက်ပွေ့ဖက်ထားပြီး သူ့ပေါင်ပေါ်တွင် ထိုင်စေကာ ကျောင်းယိုယို၏ သွယ်လျသော ခါးကို ပွေ့ဖက်ထားသည်။
“ဒေါ်လေးချူး အခုလေးတင် ပြောသွားတာကို မှတ်ထားကြ။ ဓားစာခံဆိုတာ ဓားစာခံပဲ။ လက်ထပ်မဟာမိတ်ဆိုတာ လက်ထပ်မဟာမိတ်ပဲ။ နှစ်ခုကို ရောထွေးလို့ မရဘူး”
ဟု လုချန်းက လူတိုင်းကို သတိပေးလိုက်သည်။
လုချန်း စကားပြောပြီးသည်နှင့် ရဲလိနန်ရန်က
“မင်းသားက လက်ထပ်မဟာမိတ်လုပ်ဖို့ မရွေးရတဲ့ အကြောင်းရင်းကတော့ အနာဂတ်အတွက် ပြင်ဆင်တာ ဖြစ်နိုင်ပါတယ်။ ဝူနိုင်ငံတော်နဲ့ လက်ထပ်မဟာမိတ်ဖွဲ့လိုက်ရင် ဝူဧကရာဇ်က မင်းသားရဲ့ ယောက္ခမ ဖြစ်လာလိမ့်မယ်။ နောင်မှာ မြောက်ပိုင်းပြည်နယ်က ဝူနိုင်ငံတော်ကို စစ်ကြေညာဖို့ ဆုံးဖြတ်ခဲ့ရင် ကျွန်မတို့ဘက်က ကျင့်ဝတ်ပိုင်းဆိုင်ရာအရ အသာစီးရမှာ မဟုတ်ဘူးလေ။”
ရဲလိနန်ရန်၏ ရှင်းပြချက်ကို ကြားသောအခါ ရှောင်ဝမ်ယောင်က ရုတ်တရက် အမြင်သစ်ရသွားကာ
“သြော်။ အခုမှ နားလည်သွားတယ်။”
ဝမ်ချင်းစီက ပြုံးလျှက်
“ယောင်ယောင်က ဘာကို နားလည်သွားတာလဲ”
ဟု ထပ်မေးလိုက်သည်။
ရှောင်ဝမ်ယောင်က
“လက်ထပ်မဟာမိတ်ဆိုရင် ဝူနိုင်ငံတော်ရဲ့ မင်းသမီးက ဝူနိုင်ငံတော်ကို ဘယ်တော့မှ ပြန်နိုင်မှာ မဟုတ်ဘူး။ မင်းသမီးက ဝူနိုင်ငံတော်အတွက် ဒီလောက်အရေးပါတာ။ သူတို့ သေချာပေါက် သဘောတူမှာ မဟုတ်ဘူး။”
“ဒါပေမယ့် ‘ဓားစာခံ’ ဆိုတဲ့ စကားလုံးကို သုံးပြီးတော့ မင်းသားက အရင်ဆုံး ဝူနိုင်ငံတော်ရဲ့ မင်းသမီးကို ဒီကို လှည့်စားခေါ်လာမယ်။ အဲဒါပြီးတာနဲ့ ‘ဆန်ကိုထမင်း’ ဖြစ်အောင်လုပ်သလို သူ့ရဲ့လူဖြစ်အောင် လုပ်ပစ်မယ်။ ဒီနည်းနဲ့ သူက ဝူနိုင်ငံတော်နဲ့ ဆွေမျိုးသားချင်းဖြစ်စရာ မလိုပဲ ဝူနိုင်ငံတော်ရဲ့ မင်းသမီးရဲ့ ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်နိုင်တာပေါ့။”
..............
အခန်း (၆၀၅)
ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိခြင်း (၂)
ထိုစကားကို ပြောပြီးသည်နှင့် ရှောင်ဝမ်ယောင်က လုချန်းကို ကြည့်ကာ
“မင်းသား။ မင်းသားက တကယ်ကို ထူးချွန်တာပဲ။ ရှနိုင်ငံတော်ရဲ့ အကြီးမားဆုံး ပြဿနာက ဆွေမျိုးတွေချည်းပဲ နေရာယူနေတာပဲ”
ဟု ချီးကျူးလိုက်သည်။
ချူးယုချင် “...”
ရဲလိနန်ရန် “...”
ဝမ်ချင်းစီ “...”
လုချန်းမှာ ထိုသို့သော အတွေးများ အမှန်တကယ် ရှိကောင်းရှိနိုင်သော်လည်း တိုက်ရိုက်ပြောဆိုခြင်းက အနည်းငယ် မသင့်လျော်ပေ။
သူမက လုချန်း သူမအခန်းကို မရောက်တာ ကြာနေပြီလို့ ထင်နေတာလား။
ထိုအခိုက်အတန့်တွင် အမျိုးသမီးအားလုံး၏ အကြည့်များက လုချန်းအပေါ်သို့ ကျရောက်လာပြီး သူ၏ တုံ့ပြန်မှုကို သိလိုနေကြသည်။
လုချန်းက ပြုံးလျှက်
“ယောင်ယောင်။ ဒီည ယိုယို့အခန်းကို လာခဲ့။”
ဤစကားကို ကြားသောအခါ ရှောင်ဝမ်ယောင် ခဏမျှ ကြောင်သွားပြီး တံတွေးမျိုချကာ ခြေထောက်နှစ်ဖက်ကို ပူးကပ်လိုက်သည်။
ထို့နောက် လုချန်းက တုန်းဖန်လုံယွဲ့ကို
“လုံယွဲ့။ ဒါတွေကတော့ ကိုယ်တောင်းဆိုမယ့် အခြေအနေတွေပဲ။ ကောလာဟလအချို့ကို စဖြန့်လိုက်ပါ။ ဒါမှ ဝူနိုင်ငံတော်ရဲ့ ကိုယ်စားလှယ်အဖွဲ့က ကြားရလိမ့်မယ်။”
တုန်းဖန်လုံယွဲ့က ချက်ချင်းပင် သူမ၏ ဘောပင်ကို ချလိုက်ပြီး
“ဟုတ်ကဲ့ မင်းသား”
“ဒါဆို ကျွန်မ သတင်းစာတိုက်ကို ပြန်ပါတော့မယ်။”
လုချန်းက ခေါင်းညိတ်ကာ
“အင်း။ ကောင်းပါပြီ။”
တုန်းဖန်လုံယွဲ့ ထွက်သွားပြီးနောက် ချူးယုချင်က စိုးရိမ်တကြီးဖြင့်
“ချန်းလေး။ ဝူနိုင်ငံတော်ရဲ့ မင်းသမီးဝူကျန်းဝမ်က သူ့တိုင်းပြည်မှာ တကယ့်အာဏာရှိသူပဲ။ သူ မြောက်ပိုင်းပြည်နယ်ကို ရောက်လာတာနဲ့ မင်းရဲ့ မိန်းမဖြစ်လာဖို့ ဆန္ဒရှိပါ့မလား”
လုချန်း စကားမပြောမီ ဝမ်ချင်းစီက ကြားဖြတ်ပြောလိုက်သည်။
“မင်းသားစံအိမ်ထဲမှာ ဘယ်မိန်းမက မင်းသားရဲ့ လက်အောက်ကို မရောက်ခဲ့ဖူးလို့လဲ။ မင်းသားရဲ့ အရည်အချင်းနဲ့ဆိုရင် ဘယ်မိန်းမမှ သူ့လက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ အရင်တုန်းက မင်းသားစံအိမ်ထဲမှာ မင်းသားနဲ့ လက်ထပ်ဖို့ လုံးဝငြင်းဆန်ခဲ့သူတွေ ရှိခဲ့ပေမဲ့ အခုတော့ ‘ချစ်သူရေ၊ မောင်ရေ’ လို့ အဆက်မပြတ် ခေါ်ပြီး အိပ်ရာထဲ ရောက်နေကြတာပဲ မဟုတ်လား။”
ထိုစကားကို ကြားသောအခါ ချူးယုချင်၏ မျက်နှာ ချက်ချင်းပင် ညိုမှိုင်းသွားပြီး ဝမ်ချင်းစီကို ဆိုးဆိုးရွားရွားကြည့်ကာ
“နင့်လို ရှက်စရာကောင်းတဲ့ မိန်းမက ဘာသိလို့လဲ။”
ချူးယုချင်သည် တုံးအသူ မဟုတ်ပါ။ ဝမ်ချင်းစီက သူမကို ရည်ညွှန်းနေသည်ကို ဘယ်လိုလုပ် မသိပဲ နေမည်နည်း။
လုချန်းက ကျောင်းယိုယိုကို ရင်ခွင်ထဲ ထွေးပိုက်ထားရင်း
“သူက တကယ်ကို ရည်မှန်းချက်ကြီးတဲ့သူပဲ။ ဒါပေမဲ့ မင်းသားစံအိမ်ထဲ ရောက်တာနဲ့ သူ့ရည်မှန်းချက်တွေ မကြာခင် ပျောက်ကွယ်သွားလိမ့်မယ်။”
လုချန်း၏ ယုံကြည်မှုကို မြင်သောအခါ ချူးယုချင်က သက်ပြင်းချကာ
“မင်းမှာ အစီအစဉ်ရှိရင် ရပါပြီ။”
လုချန်းကို နေ့တိုင်း ပိုင်ဆိုင်လိုစိတ်ဖြင့် တွယ်ကပ်နေသော ဝမ်ချင်းစီနှင့် နှိုင်းယှဉ်လျှင် ချူးယုချင်က ဝူကျန်းဝမ်ကို ပိုမိုစိုးရိမ်သည်။ ရဲလိနန်ရန်နှင့် ဝူကျန်းဝမ် နှစ်ဦးစလုံးသည် တစ်ချိန်က တကယ့်အာဏာရှိခဲ့သူများဖြစ်သော်လည်း ရဲလိနန်ရန်မှာမူ နောက်ခံအင်အား မရှိတော့ပေ။
သို့သော် ဝူကျန်းဝမ်ကတော့ မတူပေ။ သူမနောက်တွင် ဝူနိုင်ငံတော်၏ အထောက်အပံ့များ ရှိနေဆဲဖြစ်ပြီး ဝူနိုင်ငံတော်က ဘာမှ မလုပ်ခဲ့လျှင်ပင် ဝူနိုင်ငံတော် သူမကို ထောက်ခံနေသည်ဟူသော အတွေး ဝူကျန်းဝမ်တွင် ရှိထားသဖြင့် မသင့်လျော်သော ရည်မှန်းချက်အချို့ကို ဖြစ်ပေါ်စေနိုင်သည်။
ထိုအခိုက်အတန့်တွင် လုချန်း၏ ရင်ခွင်ထဲမှ ကျောင်းယိုယိုက ရုတ်တရက် ခပ်တိုးတိုး “အင်း” ဟူသော အသံကို ထုတ်လိုက်ရာ အမျိုးသမီးအားလုံး ကျောင်းယိုယိုကို လှည့်ကြည့်မိကြသည်။ မင်းသားစံအိမ်မှ အမျိုးသမီးများ၏ စူးစိုက်ကြည့်ခြင်းကို ခံရသဖြင့် ကျောင်းယိုယို အလွန်အမင်း ရှက်ရွံ့ကာ မျက်နှာနီမြန်းသွားပြီး မြေကြီးထဲ တိုးဝင်သွားချင်စိတ်များ ပေါက်သွားသည်။
ဘာပဲဖြစ်ဖြစ် သူမသည် ကလေးနှစ်ယောက်မိခင် ဖြစ်နေပြီဖြစ်၏။ ယခုအခါ လုချန်း၏ ရင်ခွင်ထဲတွင် ကလေးတစ်ယောက်လို ပွေ့ဖက်ခံနေရသည်။
လုချန်းက ကျောင်းယိုယို၏ နားနားကပ်ကာ တီးတိုးပြောလိုက်သည်။
“ယိုယို။ လူအများကြီးရှေ့မှာ စိတ်လွတ်နေတာ မကောင်းဘူးနော်။”
ထိုသို့ပြောလိုက်သည်နှင့် ကျောင်းယိုယို၏ ပါးပြင်များ ပိုမိုနီရဲလာပြီး လေထဲတွင်ပျောက်ကွယ်သွားချင်စိတ်များ ပေါက်သွားသည်။
ကံကောင်းထောက်မစွာပင် လုချန်းက သူမကို ဆက်ပြီး မစနောက်တော့ပေ။ ထို့နောက် သူက ကျောင်းယိုယိုကို လွှတ်ပေးလိုက်ပြီး
“ကောင်းပြီ။ ကိုယ့်မှာ လုပ်စရာတွေ ရှိတယ်။ မင်းတို့တွေ ဆက်ပြောနေကြ။”
ထိုပြောပြီးနောက် လုချန်း ထရပ်ကာ အဆောင်ထဲမှ တန်းတန်းမတ်မတ် ထွက်ခွာသွားလေသည်။
အမျိုးသမီးများက တစ်ညီတစ်ညွတ်တည်း
“မင်းသားကို လိုက်ပို့ပါတယ်”
လုချန်း လေပြင်းမိုးတိမ်ဆောင်မှ ထွက်ခွာသွားသည်နှင့် အစေခံ မိန်းကလေးတစ်ဦး အပြေးအလွှား ရောက်လာပြီး
“မင်းသား။ ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ ရန်ခရိုင်ကို ရောက်ရှိနေပါပြီ။”
ထိုစကားကို ကြားသောအခါ လုချန်း ခဏမျှ ရပ်တန့်သွားသည်။ ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့သည် ရန်ခရိုင်သို့ ဒီလောက်မြန်မြန် ရောက်ရှိလာမည်ဟု သူ မထင့်ခဲ့ပေ။
ထို့နောက် သူက
“ ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံကြိုဆိုဖို့ လိယုရီကို လူစီစဉ်ခိုင်းလိုက်။ ငါ မသွားဘူး။”
အောင်မြင်သူဖြစ်သည့်အတွက် လုချန်းသည် စစ်ရှုံးသော ဝူနိုင်ငံတော်မှ ကိုယ်စားလှယ်အဖွဲ့ကို ကိုယ်တိုင် သွားရောက်ကြိုဆိုရန် သဘာဝအားဖြင့် မလိုအပ်ပေ။
လုချန်းသည် ကိုယ်တိုင်ကြိုဆိုရန် ရည်ရွယ်ချက် မရှိရုံသာမက ဝူနိုင်ငံတော်၏ သံအဖွဲ့ကို နောက်ရက်အနည်းလောက် လျစ်လျူရှုထားရန်လည်း စီစဉ်ထား၏။
လုချန်း၏ စကားများကို ကြားသောအခါ အစေခံက ချက်ချင်းပင်
“နားလည်ပါပြီ မင်းသား”
ထို့နောက် အစေခံ မိန်းကလေးလည်း အဆောင်ဝင်းထဲမှ ထွက်ခွာသွား၏။
...
ဆယ့်ငါးမိနစ်ခန့်အကြာတွင်။
ရန်ခရိုင်၏ တောင်ဘက်တံခါးဝ။
ဝူမင်းသည် ရထားပေါ်တွင် ထိုင်နေပြီး ပြတင်းပေါက်မှတဆင့် လမ်းဘေးနှစ်ဖက်ရှိ သွားလာနေသော လူအုပ်ကြီးကို ကြည့်နေ၏။ မြောက်ပိုင်းပြည်နယ်က ကြိုဆိုပွဲ အခမ်းအနား မစီစဉ်ထားသည်ကို မြင်ရသောအခါ သူ့စိတ်ထဲတွင် အလွန်မကျေမနပ်ဖြစ်နေ၏။
ဤအရာက သူ မြောက်ပိုင်းပြည်နယ်သို့ နောက်ဆုံးအကြိမ် ရောက်လာစဉ်က ခံစားခဲ့ရသော အရှက်ရမှုများကို သတိရစေခဲ့သည်။ သူမြောက်ပိုင်းပြည်နယ်သို့ ထပ်လာတော့မည်မဟုတ်ဟု တွေးခဲ့သော်လည်း မမျှော်လင့်ပဲ သူသည် သံတမန်တစ်ဦးအဖြစ် မြောက်ပိုင်းပြည်နယ်သို့ တစ်ဖန်ပြန်၍ ရောက်လာခဲ့ရသည်။
ထို့ပြင် ယခုတစ်ကြိမ်၌ သူက ငြိမ်းချမ်းရေး တောင်းဆိုရန်အတွက် စစ်ရှုံးနိုင်ငံ၏ သံတမန်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်ရာ ဝူမင်း၏ စိတ်ထဲမှ မနှစ်မြို့မှုများ ပိုမိုနက်ရှိုင်းလာခဲ့သည်။
ဝူမင်က သူ့ဘာသူ တွေးမိသည်။ အားလုံးက ထိုအမျိုးသမီး၏ အပြစ်ပင်ဖြစ်သည်။ သူမ၏ ညံ့ဖျင်းသော ထောက်လှမ်းရေး အဖွဲ့ကြောင့် မဟုတ်ခဲ့ပါက ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို ဘယ်လိုလုပ် စစ်ကြေညာမှာဖြစ်မှာလဲ။ စစ်မဖြစ်ခဲ့ပါက ဝူနိုင်ငံတော်သည် ယခုလို ဆိုးရွားသည့် ရှုံးနိမ့်မှုကို ရင်ဆိုင်ရမည်မဟုတ်ပေ။ ရှုံးနိမ့်မှုမရှိခဲ့ပါက သူသည် စစ်ရှုံးနိုင်ငံ၏ သံတမန်အဖြစ် မြောက်ပိုင်းပြည်နယ်တွင် ငြိမ်းချမ်းရေး လာတောင်းခံရမည်မဟုတ်ချေ။
ဤသံတမန်လုပ်ရသည့် အခြေအနေသည် နောင်တွင် သူ့ကို ကြီးမားသော ပြဿနာများ ပေးလိမ့်မည်။ သူ့ဧကရာဇ်ဖခင်သည် သူ့ကို မြင်သည်နှင့် ရှုံးနိမ့်မှုကို မလွဲမသွေ သတိရလိမ့်မည်ဖြစ်ပြီး သူ့ကို တွေ့လိုတော့မည် မဟုတ်ပေ။
ဤအကြိမ်တွင် မြောက်ပိုင်းပြည်နယ်က မတန်တဆ တောင်းဆိုမှုများ ပြုလိမ့်မည်ဟု သူမျှော်လင့်ထားသည်။ ဝူနိုင်ငံတော် လက်ခံနိုင်သော အခြေအနေများကို မရရှိခဲ့ပါက သူ ဝူနိုင်ငံတော်သို့ ပြန်ရောက်သည်နှင့် လူများ၏ ကျိန်ဆဲခြင်းကို ခံရနိုင်စရာရှိသည်။ ဤအရာက သူ အိမ်ရှေ့မင်းသားဖြစ်လာနိုင်ခြေကို ပိုမိုနည်းပါးစေလိမ့်မည်။
သူ၏ ဖခင်ဧကရာဇ်က သူ့ကို နယ်ရုပ်တစ်ခုအဖြစ် စဉ်းစားထားပြီး ပြိုင်ဘက် မင်းသားလုရီကို အိမ်ရှေ့မင်းသားဖြစ်အောင် လုပ်ဖို့ ရည်ရွယ်နေခြင်းလားဟု ဝူမင်းတွေးမိလာသည်။ ထို့ကြောင့် သူ့ကို မြောက်ပိုင်းပြည်နယ်သို့ ငြိမ်းချမ်းရေး တောင်းဆိုဖို့ စေလွှတ်ခဲ့တာလားဟုပင် သံသယရှိခဲ့သည်။
ဝူနိုင်ငံတော် ယာဉ်တန်း မြို့တံခါးအနီးသို့ ရောက်ရှိလာသောအခါ မြောက်ပိုင်းပြည်နယ်မှ အရာရှိအချို့ တံခါးဝတွင် ရပ်စောင့်နေသည်ကို ဝူမင်းမြင်လိုက်သည်။
ထိုအခိုက်အတန့်တွင် အရာရှိတစ်ဦးက
ဝူမင်း၏ ရထားကို
“ဝူနိုင်ငံတော်က မင်းသားဝူမင်း ခင်ဗျား။ ကျွန်တော်က ရန်ခရိုင်ရဲ့ အုပ်ချုပ်ရေးမှူးပါ။ မြောက်ပိုင်းပြည်နယ်က ကြိုဆိုပါတယ်။”
ထိုစကားကို ကြားသောအခါ ဝူမင်း မျက်နှာချက်ချင်း မှောင်မိုက်သွားသည်။ သူတို့က ဝူနိုင်ငံတော်ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုဖို့အတွက် ဒေသခံအရာရှိတစ်ဦးကိုသာ စေလွှတ်ခဲ့တာလား။
စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသော်လည်း ဝူမင်းသည် စစ်ရှုံး နိုင်ငံ၏ သံတမန်တစ်ဦးသာဖြစ်သည်။ သူအနေနှင့် မကျေနပ်ကြောင်း ပြောပိုင်ခွင့်မရှိသလို ပြောလည်းမပြောရဲပေ။ ဒီတစ်ခါ မြောက်ပိုင်းပြည်နယ်ကို စိတ်ဆိုးအောင် လုပ်မိပြီး ငြိမ်းချမ်းရေး အခြေအနေများ ပိုမိုဆိုးရွားလာစေခဲ့ပါက သူ ဝူနိုင်ငံတော်သို့ ပြန်ရောက်သည်နှင့် စွပ်စွဲပြစ်တင်မှုများစွာကို ရင်ဆိုင်ရမည်မှာ သေချာသည်။
စိတ်ရှည်ရှည်ထား၍ သည်းခံရုံသာရှိသည်။
ဤအချက်ကို စဉ်းစားရင်း ဝူမင်းလည်း စိတ်ထဲမှ ဒေါသကို ငြိမ်သက်စေပြီး
“ကျွန်တော်တို့ကို ကြိုဆိုတဲ့အတွက် အုပ်ချုပ်ရေးမှူးကို ကျေးဇူးတင်ပါတယ်။”
ရန်ခရိုင်၏ အုပ်ချုပ်ရေးမှူးက “ကိုယ်စားလှယ်အဖွဲ့အတွက် နေရာထိုင်ခင်း စီစဉ်ပြီးပါပြီ။ ကျေးဇူးပြုပြီး ကျွန်တော်တို့နောက်လိုက်လာပြီး မြို့ထဲဝင်ပါ။”
အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုအောက်တွင် ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ ရန်ခရိုင်သို့ ဝင်ရောက်လာကြသည်။
သူတို့ တည်းခိုမည့် နေရာသို့ ရောက်ရှိပြီးနောက် ဝူမင်းသည် မြောက်ပိုင်းပြည်နယ် အရာရှိများအကြောင်း ထောက်လှမ်းရေး အချက်အလက်များ စုဆောင်းရန် ချက်ချင်းပင် လူများ စေလွှတ်လိုက်သည်။ သူသည် ဆွေးနွေးပွဲများ မစတင်မီ မြောက်ပိုင်းပြည်နယ် အရာရှိအချို့ကို လာဘ်ထိုးရန် စီစဉ်ထား၏။ သူတို့က ဆွေးနွေးပွဲများအတွင်း ဝူနိုင်ငံတော်အတွက် စကားပြောပေးခြင်းဖြင့် ဝူနိုင်ငံတော် ဘက်ကပေးရမည့် တန်ဖိုးများကို လျှော့ချနိုင်မည်ဟု မျှော်လင့်နေသည်။
.....
ညနေရောက်သောအခါ။
ဝူမင်းတစ်ယောက် အဆောင်ငယ်တစ်ခုထဲတွင် ထိုင်းရင်းလက်ဖက်ရည် သောက်နေသည်။ သူသည် စိတ်မငြိမ်တတ်သူဖြစ်ရာ တစ်နေရာတည်းတွင် ကြာကြာနေရန် ခက်ခဲသည်။ သူ မြောက်ပိုင်းပြည်နယ်သို့ နောက်ဆုံးအကြိမ် ရောက်လာစဉ်က သူ၏ လူများကို သူ့အတွက် အမျိုးသမီးများစွာ စီစဉ်ပေးရန် စေခိုင်းခဲ့သည်။
သို့သော် ယနေ့တွင်မူ ကွဲပြားသည်။ သူသည် အဆောင်ငယ်ထဲတွင် ညအမှောင်ကျသည်အထိ တစ်ယောက်တည်း ထိုင်နေခဲ့ပြီး အမျိုးသမီးအဖော် စီစဉ်ပေးရန် သူ၏ လက်အောက်ခံများကို အမိန့်မပေးခဲ့ပေ။ အဓိကအချက်မှာ သူတွင် ထိုသို့ပျော်ပါးနိုင်သည့် စိတ်အခြေအနေ ရှိမနေခြင်းဖြစ်သည်။
မြောက်ပိုင်းပြည်နယ်က သူ၏ဖခင်ဧကရာဇ် လက်ခံနိုင်သည်ထက် ပိုမိုမြင့်မားသော တောင်းဆိုမှုများ ပြုလုပ်ပါက သူ မည်သို့ကိုင်တွယ်ရမည်ကို စိုးရိမ်နေသည်။
ထိုအခိုက်အတန့်တွင် ကိုယ်စားလှယ်အဖွဲ့မှ အစောင့်တစ်ဦးက သတင်းစာတစ်စောင်ကို ကိုင်ဆောင်ကာ အဆောင်ထဲသို့ အလျင်အမြန်ဝင်ရောက်လာပြီး ဝူမင်းကို
“မင်းသား။ အရှေ့ပိုင်းသတင်းစာတိုက်က မြောက်ပိုင်းပြည်နယ်ဘက်က ဆွေးနွေးပွဲမှာ တင်ပြနိုင်မယ့် အခြေအနေအချို့ကို ဖော်ပြထားတဲ့ ဆောင်းပါးတစ်စောင် အခုလေးတင် ထုတ်ဝေလိုက်ပါပြီ။”
ထိုစကားကို ကြားသောအခါ ဝူမင်းလည်း ချက်ချင်းပင် သူ့လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အစောင့်၏ လက်ထဲမှ သတင်းစာကို ဆွဲယူကာ စတင်ဖတ်ရှုလိုက်သည်။
သတင်းစာပါ အကြောင်းအရာများကို ဖတ်ရှုစဉ် ဝူမင်း၏ မျက်ခုံးများ အလိုလို တွန့်သွားသည်။ သတင်းစာတွင် မြောက်ပိုင်းနယ်စားမင်းသားက ညှိနှိုင်းဆွေးနွေးပွဲတွင် တောင်းဆိုမည့် အခြေအနေများ၏ အဓိကအချက် များကိုသာ ဖော်ပြထားပြီး ရှင်းလင်းသော အခြေအနေများကို ဖော်ပြထားခြင်း မရှိပေ။
နယ်မြေနှင့် နစ်နာကြေးပေးဆောင်ခြင်းတို့မှာ အခြေခံအကျဆုံး အချက်များဖြစ်သည်။ သတင်းစာမှာ မပါလည်း မြောက်ပိုင်းပြည်နယ်က နယ်မြေနှင့် နစ်နာကြေးများ တောင်းဆိုမည်ကို ဝူမင်း သိပြီးသားဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်တွင် နောက်ဆုံးအချက်ကို သူရုတ်တရက် သတိထားမိလိုက်သည်။
ဓားစာခံလား။
.............
အခန်း (၆၀၆)
ကျန်းမာရေး ချူချာတတ်သော မင်းသမီး ကျန်းဝမ်
“ဓားစာခံ” ဟူသော စကားလုံးကို မြင်လိုက်ရသည်နှင့် ဝူမင်း ပို၍ပင် ရုပ်ပျက်သွားသည်။
ဝူမင်း၏ အမြင်တွင် ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်သို့ ဓားစာခံတစ်ဦး စေလွှတ်မည်ဆိုပါက သူ့ကို ရွေးချယ်နိုင်ခြေ အလွန်များသည်။
မည်သည့် နိုင်ငံအတွက်မဆို ဓားစာခံဆိုသည်မှာ အသုံးပြုပြီးလျှင် စွန့်ပစ်ရမည့် ပစ္စည်းတစ်ခုနှယ်သာ ဖြစ်၏။ ထို့ကြောင့် အရေးအကြီးဆုံး မင်းသားကို သေချာပေါက် ရွေးချယ်မည် မဟုတ်ပေ။
သူ၏ဖခင် ဧကရာဇ်က မင်းသား လုရိီကို အလွန်တန်ဖိုးထားသဖြင့် မြောက်ပိုင်းပြည်နယ်သို့ ယခုတာဝန်ဖြင့်ပင် လာရောက် ခွင့်ပင် မပြုခဲ့ပေ။ ထို့ကြောင့် သူ၏ဖခင်သည် မင်းသား လုရိီကို မြောက်ပိုင်းပြည်နယ်သို့ ဓားစာခံအဖြစ် သေချာပေါက် ပေးအပ်မည် မဟုတ်ပေ။
ဝူဧကရာဇ်၌ အခြားသားတော်များစွာ ရှိသော်လည်း သူနှင့် မင်းသား လုရိီတို့မှလွဲ၍ ကျန်မင်းသားများသည် အခြေခံအားဖြင့် အသုံးမဝင်သလောက်ဖြစ်သည်။ မင်းသား လုရိီနှင့် ဒုတိယမင်းသားဖြစ်သော သူကိုယ်တိုင်တို့မှာ အထင်ရှားဆုံး ဖြစ်ကြသည်။
သူ၏ဖခင်က အခြားမင်းသားတစ်ပါးကို မြောက်ပိုင်းပြည်နယ်သို့ ဓားစာခံအဖြစ် စေလွှတ်မည်ဆိုပါက မြောက်ပိုင်းပြည်နယ်က သဘောမတူ နိုင်စရာရှိသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် လူမိုက် မဟုတ်ပေ။ ဝူနိုင်ငံတော်မှ အရေးမပါသော မင်းသားတစ်ပါးကို မြောက်ပိုင်းပြည်နယ်တွင် ဓားစာခံအဖြစ် မည်သို့ ခွင့်ပြုနိုင်မည်နည်း။
ဝူမင်း၏ ရင်ထဲ၌ စိုးရိမ်ပူပန်မှုများ လွှမ်းခြုံနေစဉ်တွင် မြောက်ပိုင်းနယ်စားမင်းသားက ဓားစာခံအဖြစ် ဝူနိုင်ငံတော်၏ မင်းသမီး ကျန်းဝမ်ကို ရွေးချယ်ခဲ့ကြောင်း သတင်းစာတွင် ရုတ်တရက် တွေ့လိုက်ရသည်။
ဝူမင်း ခဏတာမျှ မှင်တက်သွားပြီးနောက် ပီတိဖြာသွားသည်။
မြောက်ပိုင်းနယ်စားမင်းသားက ထိုအမျိုးသမီးကို မြောက်ပိုင်းပြည်နယ်တွင် ဓားစာခံအဖြစ် အမှန်တကယ် လိုချင်နေတာပါလား။
ဒါက မယုံနိုင်လောက်အောင်ပင် ကောင်းနေသော သတင်းဖြစ်သည်။
ဝူကျန်းဝမ်သည် ယခု မျက်နှာသာ မရတော့သော်လည်း တစ်နေ့နေ့တွင် သူမ ပြန်လည် ထွန်းတောက်လာမည် မဟုတ်ကြောင်း မည်သူမှ အာမခံနိုင်မည် မဟုတ်ပေ။
အကယ်၍ ဝူကျန်းဝမ် တစ်နေ့နေ့တွင် နန်းတွင်းသို့ ပြန်လည်ရောက်ရှိလာပါက ကြီးမားသော အာဏာကို ပြန်လည်ရရှိနိုင်ဆဲ ဖြစ်ပြီး မင်းသားများကို သူမ၏ ဖိအားအောက်တွင် အသက်ရှုမဝအောင် ပြုလုပ်နိုင်ဦးမည်ဖြစ်သည်။
သို့သော် ဝူကျန်းဝမ် မြောက်ပိုင်းပြည်နယ်၌ ဓားစာခံဖြစ်သွားပါက အခြေအနေများ ပြောင်းလဲသွားလိမ့်မည်။ ဓားစာခံဆိုသည်မှာ စွန့်ပစ်ရမည့် ပစ္စည်းတစ်ခုဖြစ်ရာ ဝူကျန်းဝမ် မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိသွားသည်နှင့် နေပြည်တော် အသိုင်းအဝိုင်းထဲသို့ ပြန်လည်ဝင်ရောက်ရန် ပိုမိုခက်ခဲသွားမည်ဖြစ်ပြီး အာဏာ၏ ဗဟိုချက်နှင့် အလွန် ဝေးကွာသွားလိမ့်မည်။
ဝူနိုင်ငံတော်၏ အာဏာဗဟိုချက်မှ ဝူကျန်းဝမ်အား ဖယ်ရှားနိုင်ပါက သူမ၏နိုင်ငံရေးသက်တမ်းလည်း အဆုံးသတ်သွားမည်ဖြစ်သည်။ သူမ ထိုကစားပွဲမှ လုံးဝ ထုတ်ပယ်ခံရခြင်းနှင့် အတူတူပင် ဖြစ်လိမ့်မည်။
ထိုသို့ တွေးမိသည်နှင့် ဝူမင်း၏ ရင်ထဲတွင် ကြည်နူးစိတ်များ လွှမ်းခြုံသွားသည်။ ဝူနိုင်ငံတော်၏ မင်းသားများသည် သူတို့ အစ်မတော်၏ ဖိနှိပ်မှုကို ကြာရှည်စွာ ခံစားခဲ့ရပြီး ဖြစ်သည်။ သူမကို အာဏာဗဟိုချက်မှ ဖယ်ရှားနိုင်ခြင်းက အားလုံးကို ဝမ်းမြောက်စေလိမ့်မည်။
သို့သော် ဝူမင်း ပြဿနာတစ်ခုကို လျင်မြန်စွာ တွေးမိသည်။ သူတို့၏ ဖခင်ကရော သူတို့၏ အစ်မတော်ကို မြောက်ပိုင်းပြည်နယ် ဓားစာခံအဖြစ် သဘောတူပါ့မလား။
လူတိုင်း သိကြသည့်အတိုင်း သူတို့၏ အစ်မတော်တွင် မင်းသမီး ကျန်းဝမ်အဖြစ် ခန့်အပ်ခံရလောက်အောင် အာဏာများစွာ ရှိနေခြင်းမှာ သူတို့၏ ဖခင်ကြောင့်သာ ဖြစ်သည်။ သူက မင်းသမီး ကျန်းဝမ်ကို အုပ်ချုပ်ရေးတွင် ပါဝင်စေလိုခြင်း မရှိပါက သူမကို မင်းသမီး ကျန်းဝမ်အဖြစ် ခန့်အပ်ခဲ့မည် မဟုတ်ပေ။
သူတို့၏ ဖခင်ဧကရာဇ်အား မြောက်ပိုင်းနယ်စားမင်းသား၏ တောင်းဆိုချက်များကို သဘောတူရန် စည်းရုံးနိုင်ပါက အလွန်ကောင်းမွန်လိမ့်မည်။
သို့သော် သူတို့၏ ဖခင်ကို မည်သို့ သဘောတူအောင် ပြုလုပ်နိုင်မည်နည်း။
ပြီးခဲ့သည့်တစ်ကြိမ်တုန်းကလို နန်းတွင်းဝန်ကြီးများ ပူးပေါင်းတောင်းဆိုကြမှာလား။
ဝူမင်း၏အဖွဲ့မှ ဝန်ကြီးများက ဝူကျန်းဝမ်အား မြောက်ပိုင်းပြည်နယ်၌ ဓားစာခံဖြစ်ရန် စေလွှတ်ရန် တင်ပြပါက မင်းသား လုရိီ၏ အဖွဲ့မှ ဝန်ကြီးများလည်း သေချာပေါက် ပူးပေါင်းပါဝင်မည်ဟု ယုံကြည်ရသည်။
သူတို့သည် တစ်ဖွဲ့တည်း မဟုတ်သော်လည်း ဝူကျန်းဝမ်ကို ရင်ဆိုဖို့ဆိုပါက မင်းသားအဖွဲ့များမှ အရာရှိအားလုံး ပူးပေါင်းနိုင်ခြေရှိသည်။
ထိုအတွေးနှင့် ဝူမင်းက သူ၏ဘေးနားရှိ ကိုယ်ရံတော်အား ချက်ချင်းပင်
“ ကလောင်တံနဲ့ စက္ကူ ပြင်ထား။”
ကိုယ်ရံတော်က ကလောင်တံနှင့် စက္ကူကို ယူလာပေးပြီးသည်နှင့် ဝူမင်းလည်း ထိုအဆောင်ငယ်ထဲတွင်ပင် အစီရင်ခံစာကို စတင်ရေးသားတော့သည်။ မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိပြီးနောက် သူကြားသိခဲ့ရသော အချို့အရာများကို စာထဲတွင် ထည့်သွင်းရေးသားခဲ့ပေသည်။
အစီရင်ခံစာ ရေးသားပြီးစီးသောအခါ ဘေးနားရှိ ကိုယ်ရံတော်အား
“ဒီအစီရင်ခံစာကို ဝူနိုင်ငံတော် ချက်ချင်း ပို့လိုက်ပါ။”
ညှိနှိုင်းဆွေးနွေးမှုများသည် ရက်ရှည်လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ ရက်အနည်းငယ်အတွင်း အပြီးသတ်နိုင်မည် မဟုတ်ပေ။ ယခု အစီရင်ခံစာကို ဝူနိုင်ငံတော်သို့ အလျင်အမြန် ပေးပို့လိုက်ခြင်းဖြင့် ညှိနှိုင်းမှုများ မပြီးဆုံးမီ ဧကရာဇ်၏ အမိန့်တော် ရောက်ရှိလာနိုင်သေးသည်။ ထိုအခါ မြောက်ပိုင်းပြည်နယ်က ကမ်းလှမ်းသော တောင်းဆိုချက်များနှင့် ပတ်သက်သော သူ့ဖခင်၏ သဘောထားကို သိရှိနိုင်ပေမည်။
ဟုတ်ပါသည်။ သူ၏အစီရင်ခံစာ၏ အရေးကြီးဆုံး ရည်ရွယ်ချက်မှာ မြောက်ပိုင်းနယ်စားမင်းသားက ဝူကျန်းဝမ်ကို ဓားစာခံဖြစ်စေလိုကြောင်း နန်းတွင်းရှိ ဝန်ကြီးများအား အသိပေးရန်ပင် ဖြစ်သည်။ ထိုဝန်ကြီးများ ဤအကြောင်းကို သိသည်နှင့် ဧကရာဇ်အား တောင်းဆိုရာတွင် အမြောက်အမြား ပူးပေါင်းပါဝင်လာကြမည်ဖြစ်သည်။
ဝူမင်း၏ ဘေးနားမှ ကိုယ်ရံတော် လှည့်၍ အဆောင်ငယ်ထဲမှ ထွက်ခွာတော့မည်ဆဲဆဲတွင် ဝူမင်းက ရုတ်တရက် သတိပေးလိုက်သည်။
“ဟုတ်ပြီ။ အစီရင်ခံစာကို နေပြည်တော်ကို ပြန်ပို့ပြီးတာနဲ့ မြောက်ပိုင်းနယ်စားမင်းသားက မင်းသမီးကြီးကို ဓားစာခံအဖြစ် ခေါ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းကို ဖြန့်ဖို့ တစ်ယောက်ယောက်ကို ရှာပါ။ နန်းတွင်းဝန်ကြီးအားလုံး သိစေရမယ်။”
ကိုယ်ရံတော်က ချက်ချင်း ဦးညွှတ်ကာ “အမိန့်အတိုင်းပါ မင်းသား။”
“ကောင်းပြီ။ သွားတော့။”
“ကျွန်တော့်ကို ခွင့်ပြုပါ”
ထို့နောင် ကိုယ်ရံတော်လည်း အဆောင်ထဲမှ ထွက်ခွာသွားလေသည်။
........
ညနေခင်း။
ဆည်းဆာချိန်ရောက်လာသည်နှင့်အမျှ မင်းသားစံအိမ်၏ အဆောင်များအတွင်း မီးပုံးများ တစ်ခုပြီးတစ်ခု ထွန်းညှိလာရာ မင်းသားစံအိမ် တစ်ခုလုံး မီးရောင်များဖြင့် လင်းထိန်နေခဲ့သည်။ ညစာစားပြီးနောက် လုချန်းသည် လေပြင်းမိုးတိမ်ဆောင်တွင် မုကျိရွှမ်းနှင့်ရသော ကလေးနှစ်ဦးနှင့် ကစားရင်း အချိန်အနည်းငယ် ကုန်ဆုံးခဲ့ပြီးနောက် အချိန်တန်ပြီဟု ခံစားရပြီး ကျောင်းယိုယို၏ အခန်းဆီသို့ ဦးတည်လိုက်သည်။
လုချန်း မြောက်ပိုင်းအဆောင်သို့ ဝင်ရန် ပြင်ဆင်နေစဉ်တွင် သူ၏နောက်ဘက်မှ အစေခံ မိန်းကလေးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
“မင်းသား။ မင်းသားဝူမင်းက ဒီနေ့မွန်းလွဲပိုင်းထုတ် အရှေ့ပိုင်းသတင်းစာကို ကြည့်ပြီး ဝူနိုင်ငံတော်ကို ပြန်ပို့ဖို့ အစီရင်ခံစာတစ်စောင် ရေးထားပါတယ်။ အဲ့ဒီအစီရင်ခံစာကို ကြားဖြတ်ဖမ်းဆီးရမလား။”
လုချန်းက ပေါ့ပေါ့ပါးပါးပင်
“မလိုဘူး။ အဲ့ဒီ အစီရင်ခံစာကို လွှတ်ပေးလိုက်ပါ။”
ဝူမင်း၏ အစီရင်ခံစာကို ကြားဖြတ်ဖမ်းဆီးခြင်း မပြုလုပ်ပဲပင် ထိုအထဲတွင် မည်သည့်အရာများ ပါဝင်နိုင်သည်ကို လုချန်း အတော်အတန် သိရှိထားသည်။ မြောက်ပိုင်းပြည်နယ်က ထုတ်ပြန်ခဲ့သော အချက်အလက်အချို့ကို ဝူဧကရာဇ်နှင့် ဝူနိုင်ငံတော်၏ ဝန်ကြီးများထံသို့ ဝူမင်းပို့ဆောင်လိုပုံရသည်။
အဖြေကို ကြားပြီးနောက်
“အမိန့်အတိုင်းပါ မင်းသား။”
ထို့နောက် အစေခံမိန်းကလေး လှည့်၍ အတွင်းဆောင်မှ ထွက်ခွာသွား၏။ ထိုအချိန်တွင် လုချန်းသည် မြောက်ပိုင်းအဆောင်ဝင်းထဲသို့ ခြေချကာ ကျောင်းယိုယို၏ အခန်းထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။
ကျောင်းယိုယို၏ အခန်းထဲတွင် သူမ တစ်ဦးတည်းရှိနေသည်ကို တွေ့ရပြီး ပြုံးလျက် မေးလိုက်သည်။
“ဟို ကလေးဆိုးလေး နှစ်ယောက် ဘယ်ရောက်သွားလဲ။ ဘာလို့ ဒီမှာမရှိတာလဲ။”
မျက်နှာ နီမြန်းနေသော ကျောင်းယိုယိုက ကုတင်ဘေးတွင် ထိုင်လျက်
“မင်းသား။ ကျွန်မ သူတို့ကို ညီမလေးအခန်းကို ပို့လိုက်ပါပြီ။”
နေ့လည်တုန်းက ရှောင်ဝမ်ယောင်ကိုပါ သူမအခန်းသို့ ခေါ်ခိုင်းခဲ့သည်ကို ကြားခဲ့ရသဖြင့် ထိုညတွင် လုချန်း သူမဆီ သေချာပေါက် လာမည်ကို ကျောင်းယိုယို သိထားသည်။ ထို့ကြောင့် ကလေးများကို ဘေးခန်းသို့ ကြိုတင်ပို့ထားပြီး သူမတစ်ဦးတည်း ကုတင်ပေါ်တွင် ထိုင်ကာ အသင့်ပြင်ထားခဲ့သည်။
ထိုသို့ကြားရသည်နှင့် လုချန်းက အနည်းငယ် ပြုံးပြပြီးနောက် ကုတင်ဘေးတွင် ထိုင်ကာ ကျောင်းယိုယို၏ နုနယ်သော လက်ကို ဆုပ်ကိုင်လိုက်သည်။
ကျောင်းယိုယို၏ မျက်နှာ နီရဲနေသည်ကို မြင်ရသောအခါ လုချန်းက လက်ကို မြှောက်၍ သူမ၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
“ယိုယို။ မင်းက ကလေးနှစ်ယောက် အမေ ဖြစ်နေပြီ။ ဘာလို့ ခုထိ ရှက်နေသေးတာလဲ။”
ကျောင်းယိုယို မည်သို့ပြန်ပြောရမှန်းမသိ ဖြစ်နေသည်။
“ကျွန်မ... ကျွန်မ...”
ကျောင်းယိုယို စကားပြောရန် အလွန်ရှက်နေသည်ကို မြင်ရသောအခါ လုချန်းက သူမကို စတင်ချဉ်းကပ်ကာ နှုတ်ခမ်းများကို နမ်းရှုံ့လိုက်လေသည်။
ရှောင်ဝမ်ယောင်ကိုလည်း ခေါ်ထားကြောင်း လုချန်း မေ့လျော့သွားပြီး ကျောင်းယိုယိုနှင့်သာ တိုက်ရိုက် ချစ်တင်းနှောတော့ တော့သည်။ ကျောင်းယိုယိုကတော့ ရှောင်ဝမ်ယောင် မလာသေးသည်ကို မှတ်မိနေသော်လည်း များစွာပြောရဲခြင်း မရှိပေ။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောကိ။
ရေချိုးပြီးနောက် ရှောင်ဝမ်ယောင်သည် မြောက်ပိုင်းဆောင်သို့ ဦးတည်သွားလေသည်။ ရောက်ရှိသည်နှင့် ထိုနေရာမှ အစေခံမလေးတစ်ဦးကို ခပ်တိုးတိုး မေးလိုက်သည်။
“မင်းသားက မရောက်သေးဘူးလား။”
အစေခံမလေးက
“ မင်းသား ရောက်နေတာ ခဏလောက်ရှိပါပြီ။”
ထိုသို့ကြားရသည်နှင့် ရှောင်ဝမ်ယောင် ရင်ထဲတွင် ဖျတ်ခနဲ ဖြစ်သွားသည်။ သူမ နောက်ကျသွားပြီလား။
မင်းသား သူမကို ဒေါသထွက် နေမှာလား။
စိုးရိမ်ပူပန်မှုများစွာဖြင့် ရှောင်ဝမ်ယောင် ကျောင်းယိုယို၏ အခန်းဆီသို့ ဆက်သွားခဲ့၏။ အခန်းနား ရောက်သည်နှင့် အသံများကို စကြားရလိုက်သည်။
ရှောင်ဝမ်ယောင်၏ စိုးရိမ်စိတ် ပိုမိုနက်ရှိုင်းလာသည်။ သူမ အမှန်တကယ် နောက်ကျသွားပြီ။
ဒါက ပြဿနာပင်။ နောက်ကျခြင်းသည် ပြစ်ဒဏ်နှင့် ရင်ဆိုင်ရမည်ဟု ဆိုလိုသည်။
အထဲတွင် ကိစ္စများ ရှိနေသဖြင့် သူမ တန်းဝင်သွားခြင်းက မသင့်တော်ဟု ခံစားရသည်။
သူမ တံခါးခေါက်၍လည်း မရပေ။ မင်းသားကို နှောင့်ယှက်မိမည် မဟုတ်ပါလား။
ရှောင်ဝမ်ယောင် မည်သို့လုပ်ရမည်ကို တွေးတောနေစဉ် အထဲမှ လုချန်း၏ အသံ ထွက်ပေါ်လာသည်။
“ယောင်ယောင်။ ဘာလို့ တံခါးဝမှာ ရပ်နေတာလဲ။ ဝင်လာပါ။”
လုချန်း၏ အသံကို ကြားရသော်လည်း ရှောင်ဝမ်ယောင်သည် ခဏမျှ တုံ့ဆိုင်းနေသေး၏။ ပြီးမှ တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။
သူမ စကားပြောရန် ပြင်ဆင်နေစဉ်တွင် အင်အားတစ်ခုက သူမကို ဆွဲသွင်းကာ ကုတင်ပေါ်သို့ ဆွဲတင်လိုက်ပြီး တံခါးလည်း သူမနောက်မှ ပိတ်သွားလေသည်။
ရှောင်ဝမ်ယောင်သည် ကုတင်ပေါ်တွင် မှင်တက်စွာ လဲလျောင်းနေသည်။ လုချန်းနှင့် ကျောင်းယိုယိုတို့ ကုတင်ပေါ်တွင် မရှိကြပါ။ သူတို့က စားပွဲနားတွင် ရှိနေခဲ့သည်။
ဖြစ်ပျက်နေသည်များကို မြင်ရသောအခါ ရှောင်ဝမ်ယောင် စကားမပြောရဲတော့ပေ။ သူမ ဖိနပ်များကို တိတ်ဆိတ်စွာ ချွတ်ကာ အိပ်ခန်းထဲမှ ကုတင်ပေါ်တွင် တစ်ဦးတည်း လဲလျောင်းနေတော့သည်။
သူမ စကားမပြောသရွေ့ နောက်ပိုင်းတွင် မင်းသား၏ အာရုံက သူမဆီသို့ ရောက်လာမည် မဟုတ်ဟု စိတ်ထဲက တွေးနေသည်။
သို့သော် နောက်တစ်ခဏတွင် လုချန်း သူမရှေ့တွင် ပေါ်လာသည်။ သူက ပြုံးလျက်
“ယောင်ယောင်။ မင်း ကိုယ့်ကို ဒီနေ့ အဆောင်ထဲမှာ မဟုတ်မမှန် ပြောခဲ့တယ်။ ဒီည ဘယ်လို အပြစ်ပေးခံရမလဲဆိုတာ ကြည့်ရသေးတာပေါ့။”
ရှောင်ဝမ်ယောင်၏ နူးညံ့သော ခန္ဓာကိုယ် တုန်ယင်သွားပြီး အားမရှိသော အသံဖြင့်
“မင်းသား၊ ကျွန်မ မှားသွားတာပါ...”
ရှောင်ဝမ်ယောင်၏ စကားမဆုံးမီ လုချန်းက သူမ၏ နီရဲသော နှုတ်ခမ်းများကို နမ်းရှုံ့လိုက်ပြီး ရှောင်ဝမ်ယောင်လည်း ပြင်းထန်စွာ ဆုံးမခံရလေသည်။
ရှောင်ဝမ်ယောင်ကို ဆုံးမနေသည်ကို မြင်ရသောအခါ အနီးနားတွင် အနားယူနေသော ကျောင်းယိုယိုလည်း စကားတစ်ခွန်းမျှ မဟရဲတော့ပေ။ သူမ နောင်တွင် မင်းသားကို ဘယ်တော့မှ ဒေါသ မထွက်စေရဟု စိတ်ထဲက တွေးနေသည်။ မင်းသား၏ ဒေါသသည် အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှသည်။
ရက်အနည်းငယ် ကြာပြီးနောက် ဝူနိုင်ငံတော် နန်းတွင်းသို့ အစီရင်ခံစာ ရောက်ရှိလာသည်။
ဤရက်အနည်းငယ်အတွင်း နေပြည်တော်တစ်ဝှမ်းလုံးတွင် မြောက်ပိုင်းပြည်နယ်က ဝူနိုင်ငံတော်အား ဓားစာခံတစ်ဦး စေလွှတ်ရန် အဆိုပြုခဲ့ကြောင်း ကောလာဟလများ ပျံ့နှံ့ခဲ့သည်။
အစပိုင်းတွင် ဝူနိုင်ငံတော် ဝန်ကြီးများသည် ထိုသတင်းကို ကြားရသောအခါ အားလုံး ကန့်ကွက်ကြောင်း အသနားခံစာများ တင်ပြခဲ့ကြသည်။
သူတို့ ရှုံးနိမ့်ခဲ့သည် ဆိုသော်လည်း ဝူနိုင်ငံတော်သည် အင်ပါယာကြီး တစ်ခုဖြစ်သည်။ အင်ပါယာကြီး တစ်ခုက အခြား အင်ပါယာ အတွင်းရှိ နယ်စားပြည်နယ်တစ်ခုသို့ ဓားစာခံတစ်ဦးကို မည်သို့ စေလွှတ်နိုင်မည်နည်း။ ထိုသို့ဆိုလျှင် ဝူနိုင်ငံတော်သည် ထိုအချိန်မှစ၍ အဓိက နိုင်ငံကြီးများကြားတွင် ရယ်စရာ ဖြစ်သွားမည် မဟုတ်ပါလား။
ဝန်ကြီးများ ဒေါသထွက်နေစဉ် မြောက်ပိုင်းပြည်နယ်က မင်းသမီးကျန်းဝမ်းကို ဓားစာခံအဖြစ်ရွေးချယ်ထားကြောင်း နောက်ထပ်ကောလာဟလများပျံ့နှံ့လာသည်။ ဤသတင်းကြောင့် နန်းတွင်းရှိဝန်ကြီးများ အလွန်ဝမ်းသာသွားပြီး ဝူဧကရာဇ်ထံ မင်းသမီးကျန်းဝမ်းအား ဓားစာခံအဖြစ်စေလွှတ်ရန် သဘောတူသင့်ကြောင်း အဆိုပြုချက်အသစ်များ တင်သွင်းကြသည်။
ယခုအခါ ဝူဧကရာဇ်၏ စားပွဲပေါ်တွင် တူညီသော ဝန်ကြီးများထံမှ အဆိုပြုစာ နှစ်မျိုးဖြင့် ပုံနေသည်။ တစ်မျိုးမှာ မြောက်ပိုင်းပြည်နယ်သို့ ဓားစာခံစေလွှတ်ခြင်းကို ဆန့်ကျင်ပြီး အခြားတစ်မျိုးမှာ မင်းသမီး ကျန်းဝမ်အား မြောက်ပိုင်းပြည်နယ်သို့ ဓားစာခံအဖြစ် စေလွှတ်ရန် ထောက်ခံခြင်း ဖြစ်သည်။ ဤအခြေအနေက ထိုဝန်ကြီးများသည် စိတ်နှစ်ခွဖြစ်နေသူများဖြစ်ကြောင်း ပြသလိုက်သည်။
နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ဝူဧကရာဇ်သည် အောက်မှ ဝန်ကြီးများကို စူးရှသော အကြည့်ဖြင့် ကြည့်နေခဲ့၏။ သူတို့ကို ထိုနေရာတွင်ပင် သတ်ပြစ်လိုက်ချင်သလိုထင်ရသည်။
စုဝေးနေသော ဝန်ကြီးများသည် ခေါင်းငုံ့ထားကြပြီး စကားတစ်ခွန်းမျှ မဟရဲကြပေ။
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဝူဧကရာဇ်က
“ကျုပ်ရဲ့ ချစ်လှစွာသော ဝန်ကြီးအားလုံး ရေတို မှတ်ဉာဏ်ပျောက်ဆုံးတဲ့ရောဂါ ခံစားနေရကြတာလား။”
“ပထမတော့ မြောက်ပိုင်းပြည်နယ်ကို ဓားစာခံ လုံးဝ မစေလွှတ်ရဘူးလို့ အသနားခံစာ တင်ကြတယ်။ အခု ဒီရက်ပိုင်းကျတော့ မင်းသမီး ကျန်းဝမ်ကို မြောက်ပိုင်းပြည်နယ်ကို ဓားစာခံအဖြစ် စေလွှတ်ဖို့ ကျုပ်ကို အပြင်းအထန် တိုက်တွန်းနေကြတယ်။”
“အချိန်တိုအတွင်းမှာ ခင်ဗျားတို့ရဲ့ သဘောထားတွေ ဘယ်လို ဒီလောက် ပြောင်းလဲသွားရတာလဲဆိုတာ ဘယ်သူ ရှင်းပြနိုင်မလဲ။”
ဝူဧကရာဇ် မေးခွန်းထုတ်လိုက်သော်လည်း ဝန်ကြီးများ စကားမပြောရဲကြပေ။ သို့သော် ထိုအချိန်တွင် ချိုင်ကျိလျှံ ထရပ်လိုက်သည်။ ရာထူးကျခဲ့သော်လည်း သူသည် နန်းတွင်းသို့ ဝင်ခွင့် ရနေဆဲဖြစ်ပြီး အာဏာ၏ ဗဟိုချက်မှ မောင်းထုတ်ခံရခြင်း မရှိပေ။
ချိုင်ကျိလျှံသည် ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲ သူတစ်ဦး ဖြစ်သောကြောင့် ဝူဧကရာဇ်က သူ့ကို ရာထူးချခဲ့သော်လည်း နန်းတွင်းမှ တိုက်ရိုက်နှင်ထုတ်၍ မရခဲ့ပေ။ ချိုင်ကျိလျှံလို လုပ်ရဲကိုင်ရဲသော သူတစ်ဦးကိုအတင်းအကျပ် ထွက်ခွာစေပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို အခြားမည်သူမှ ကိုင်တွယ်နိုင်မည် မဟုတ်ပေ။
ချိုင်ကျိလျှံ ရှေ့သို့တိုးလာသည်ကို မြင်ရသောအခါ သူ စကားမပြောမီ ဝူဧကရာဇ်က တိုက်ရိုက်မေးလိုက်သည်။
“ချိုင်မင်းကြီး ဘာလျှောက်တင်စရာ ရှိပါသလဲ”
ချိုင်ကျိလျှံက ချက်ချင်းပင် ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ပြီး
“မင်းကြီး။ မင်းသမီး ကျန်းဝမ်ဟာ ကျန်းမာရေး ချူချာသူ ဖြစ်ပါတယ်။ သူ့ကို မြောက်ပိုင်းပြည်နယ်လို အေးစက်ကြမ်းတမ်းတဲ့ ဒေသမှာ ဓားစာခံအဖြစ် စေလွှတ်ခြင်းက လုံးဝမသင့်တော်ပါဘူး။”
ချိုင်ကျိလျှံ၏ စကားကို ကြားရသောအခါ မင်းသားအဖွဲ့မှ ဝန်ကြီးများ မကျေမနပ် ဖြစ်သွားကြသည်။ ‘ ချူချာသူ’ ဆိုတာ ဘာကိုဆိုလိုတာလဲ။
မင်းသမီး ကျန်းဝမ်သည် ဝူဧကရာဇ်၏ သားသမီးများအနက် ထိပ်သီး ပညာရှင် အဆင့်သို့ ထိုးဖောက်နိုင်ခဲ့သော တစ်ဦးတည်းသောသူ ဖြစ်သည်။ အခြားမင်းသားများမှာ အဆင့် ၈ သို့ပင် မရောက်သေးကြပေ။ ထိပ်သီးပညာရှင်အဆင့်ဆိုသည်မှာ ဝေးကွာလှပေသည်။ ချူချာသူများက ထိုမင်းသားများသာ ဖြစ်ကြသည်။ သူမသည် ထိပ်သီး ပညာရှင်တစ်ဦး ဖြစ်သည့်အတွက် အလွန် ကျန်းမာရေးကောင်းလှသည်။
နန်းတွင်းတစ်ခုလုံး ချိုင်ကျိလျှံ ဝူကျန်းဝမ်ကို မြောက်ပိုင်းပြည်နယ်သို့ ဓားစာခံအဖြစ် မသွားစေလိုခြင်း၏ အကြောင်းရင်းကို သိရှိကြသည်။ သူသည် မင်းသမီးကို နှစ်သက်ပြီး သူကိုယ်တိုင်လည်း ကျန်းဝမ်အဖွဲ့ဝင်ဖြစ်၏။ ဝူကျန်းဝမ်ကို မြောက်ပိုင်းပြည်နယ်သို့ ဓားစာခံအဖြစ် စေလွှတ်ခြင်းကို သူဘယ်လိုမှ သဘောကျစရာ အကြောင်းမရှိပေ။
...............