← Chapters

အခန်း ၆၁၀-၆၁၂

Vol. 41 Ch. 610-612

အခန်း ၆၁၀-၆၁၂

Vol. 41 Ch. 610-612

အခန်း (၆၁၀)

ဆွေးနွေးပွဲများ စတင်ခြင်း (၃)

ဆွေးနွေးမှု အဆုံးတွင် မြောက်ပိုင်းပြည်နယ် စစ်ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ထရပ်ကာ

“မြောက်ပိုင်းပြည်နယ် စစ်သည်ဘယ်နှစ်ယောက် ဆုံးရှုံးခဲ့တယ်ဆိုတာ ကျွန်တော်တို့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ဒါဆို ဝူနိုင်ငံတော်က ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုကို ဘယ်လိုသိနိုင်မှာလဲ။”

အရာရှိ စကားဆုံးသောအခါ ဝူနိုင်ငံတော်မှ သံတမန်တစ်ဦးက

“မြောက်ပိုင်းပြည်နယ်မှာ ဒီလောက်ကြောက်စရာကောင်းတဲ့ လက်နက်တွေရှိနေတယ်။ ကျွန်တော်တို့ရဲ့စစ်သည်တွေက မြောက်ပိုင်းတပ်နဲ့ မနီးခင်ကတည်းက ရှုံးနိမ့်ခဲ့တာ။ မြောက်ပိုင်းပြည်နယ် ဘယ်လိုများ အများကြီး ဆုံးရှုံးနိုင်မှာလဲ”

ဟု ပြန်လည်ချေပလိုက်သည်။

အရှက်ရစရာ ဝန်ခံချက်ဖြစ်သော်လည်း လျော်ကြေးကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရန်အတွက် ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဤအချက်များကို ထုတ်ပြောရန်မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပေ။

ဝူနိုင်ငံတော် သံတမန် စကားဆုံးသောအခါ မြောက်ပိုင်းပြည်နယ်မှ အရာရှိများက ပြန်လည်ချေပကြပြီး ခန်းမတစ်ခုလုံးသည် မြောက်ပိုင်းပြည်နယ် အရာရှိများနှင့် ဝူနိုင်ငံတော်ကိုယ်စားလှယ်အဖွဲ့အကြား စျေးဆစ်နေသည့် မြင်ကွင်းအဖြစ် ပြောင်းလဲသွားကာ စျေးကြီးတစ်ခုကဲ့သို့ ဆူညံနေတော့သည်။

လုချန်းသည် ပလ္လင်ပေါ်တွင် ထိုင်လျက် အဖြစ်အပျက်တစ်ခုလုံးကို သူနှင့် ဘာမှမဆိုင်သကဲ့သို့ ကြည့်နေသည်။

အချိန်အတော်ကြာပြီးနောက် ဝူမင်းက စတင်ပြောလိုက်သည်။

“ငွေသား ၂၅ သန်း။ ဒါက ဝူနိုင်ငံတော်ပေးနိုင်တဲ့ နောက်ဆုံး ပမာဏပဲ။”

ထိုစကားကို ကြားသောအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မြောက်ပိုင်းပြည်နယ်မှ အရာရှိများအားလုံး ပလ္လင်ပေါ်မှ လုချန်းကို လှည့်ကြည့်ကြသည်။

နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားပြီး လုချန်းက

“ငွေသား ၂၅ သန်း ဟုတ်လား။ ဝူနိုင်ငံတော်က လက်နက်ချခဲ့တဲ့ ဝူစစ်သည် နှစ်သိန်းကို ပြန်မလိုချင်ဘူး ထင်တယ်။”

ထိုစကားကို ကြားသောအခါ ဝူမင်းနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တုန်လှုပ်သွားကြသည်။

ထိုဝူစစ်သည် နှစ်သိန်းကို ပြန်ခေါ်ရန် သူတို့ တကယ် လိုအပ်သည်။ သူတို့သည် ဝူနိုင်ငံတော်၏ ထိပ်တန်းစစ်သည်များဖြစ်၏။ မြောက်ပိုင်းပြည်နယ်က အနိုင်ယူခဲ့သော်လည်း မြောက်ပိုင်းပြည်နယ်၏ လက်နက်များမှာ အလွန်အမင်း ခေတ်မီလွန်းသောကြောင့်သာ ဖြစ်သည်။ စစ်သည်များနှင့် ဘာမှ မဆိုင်ပေ။

ထိုစစ်သည် နှစ်သိန်းကို ပြန်မခေါ်နိုင်ပါက ဝူနိုင်ငံတော်၏ အင်အား အကြီးအကျယ် ယုတ်လျော့သွားပေလိမ့်မည်။

ဝူမင်းက တိုက်ရိုက်ပင် မေးလိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသားက ငွေသား ဘယ်လောက်လိုချင်လဲ ပြောပါ။”

လုချန်းက ချက်ချင်းပင်

“ ကျွန်တော် ကွေ့ပတ်မနေတော့ဘူး။ ငွေသား သန်း၃၀။ ”

ထိုစကားကို ကြားသောအခါ ဝူမင်းနှင့် ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ဝင်များ သက်ပြင်းချလိုက်ကြသည်။ ၅ သန်းသာ တိုးလာခြင်းဖြစ်သည်။ သန်း၃၀သည် များပြားသော်လည်း စစ်သည် နှစ်သိန်းကို ပြန်ခေါ်ရန်အတွက် ငွေသား ၅ သန်း အပိုပေးရခြင်းသည် အလွန်တန်ဖိုးရှိသော သဘောတူညီမှု ဖြစ်သည်။

ဝူမင်း ထပ်‌ပြောတော့မည်ဆဲတွင် လုချန်းက

“ရွှေသား ၅ သန်း ထပ်ပေါင်းပါဦး”

ဟု ဆက်လက်ပြောဆိုလိုက်သည်။

ထိုစကားကို ကြားသောအခါ ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့မှ လူများကြား ပွက်လောရိုက်သွားတော့သည်။

ရွှေသား ၅ သန်း။

ဟာသလုပ်နေတာလား။

ထိုခေတ်တွင် ရွှေသား ၅ သန်းသည် ငွေသား တန် ၅၀ သန်းနှင့် ညီမျှသည်။ အစက ငွေသား သန်း၃၀နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ကုန်ကျစရိတ်သည် ငွေသား တန် သန်း၈၀ ဖြစ်သွားလိမ့်မည်။

ရွှေသည် ရှားပါးသတ္တု ဖြစ်သည်။ ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို ရွှေသား ၅ သန်း လျော်ကြေးပေးလိုက်ပါက ဝူနိုင်ငံတော်၏ ဘဏ္ဍာတိုက်တွင် ရွှေသိပ်ကျန်တော့မည် မဟုတ်ပေ။

ဝူနိုင်ငံတော်၏ နှစ်စဉ် အခွန်ဘဏ္ဍာငွေ မည်မျှရှိသနည်း။ ငွေသား တန် ၈၀ သန်းနီးပါးကို တစ်ပြိုင်နက်တည်း လျော်ကြေးပေးရပါက ဝူနိုင်ငံတော်သည် ခက်ခဲသော နှစ်များစွာကို ရင်ဆိုင်ရပေလိမ့်မည်။

မျက်နှာညိုမည်းစွာဖြင့် ဝူမင်းက

“မြောက်ပိုင်းနယ်စားမင်းသား။ မြောက်ပိုင်းပြည်နယ်က နည်းနည်းလေး လောဘကြီးလွန်းတယ်လို့ မထင်ဘူးလား။”

လုချန်း ထပ်ပြောတော့မည့် အချိန်တွင် အထူးကိုယ်ရံတော်တစ်ဦး ခန်းမ၏ ပင်မဝင်ပေါက်မှ ရုတ်တရက် ဝင်လာပြီး လုချန်း၏ နားနား ကပ်၍ တစ်စုံတစ်ရာကို ပြောလိုက်သည်။

လုချန်း အနည်းငယ် ပြုံးသွားသည်။

ထိုအရာကို မြင်သောအခါ ဝူမင်းနှင့် ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ဝင်များ ပို၍ပင် မျက်နှာပျက်လာပြီး တစ်စုံတစ်ခု ဖြစ်ပျက်နေပြီဟု ခန့်မှန်းမိလိုက်သည်။

ထိုအခိုက်တွင် အပြင်ဘက်မှ စစ်သည်တစ်ဦးက

“မင်းသား။ ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ဝင်တွေ ခန်းမထဲ ဝင်ခွင့်တောင်းနေပါတယ်” ဟု ကြေညာလိုက်သည်။

ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ လူများစွာ လိုက်ပါလာသော်လည်း လူတိုင်းက မြောက်ပိုင်းပြည်နယ်မှ အရာရှိများနှင့် ဆွေးနွေးရန် ခန်းမထဲသို့ ဝင်ရောက်ခြင်း မရှိပေ။ အချို့က အပြင်ဘက်တွင် ရှိနေပြီး ဝူနိုင်ငံတော်မှ အချိန်မရွေး ရောက်လာနိုင်သည့် သတင်းများကို စောင့်ဆိုင်းနေကြသည်။

သူတို့ကိုယ်စားလှယ်အဖွဲ့ ဝင်ရောက်ခွင့်တောင်းနေသည်ကို ကြားသောအခါ ဝူနိုင်ငံတော်တွင် တစ်စုံတစ်ခု ဖြစ်ပျက်နေပြီဖြစ်ကြောင်း ဝူမင်း သိလိုက်သည်။ မဟုတ်ပါက သူ၏ကိုယ်စားလှယ်အဖွဲ့ဝင်များ ဤအချိန်တွင် ဝင်ရောက်ခွင့်တောင်းမည် မဟုတ်ပေ။

လုချန်းကပြုံးလျက်

“သူတို့ကို ဝင်ခွင့်ပြုလိုက်။”

နောက်တစ်ခဏတွင် ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦး ခန်းမထဲသို့ ဝင်လာပြီး ပလ္လင်ပေါ်မှ လုချန်းကို ဦးညွှတ်ပြီးနောက် ဝူမင်းဆီသို့ လျင်မြန်စွာ လျှောက်သွားကာ စာအိတ်တစ်စောင် ပေးလိုက်သည်။

ဝူမင်းလည်း စာအိတ်ကို အလျင်အမြန် ယူပြီး ဖတ်ကြည့်လိုက်သည်။ ဖတ်ပြီးသောအခါ သူ၏မျက်နှာ ဖြူရော်သွားသည်။

လွန်ခဲ့သော ရက်အနည်းငယ်က မြောက်ပိုင်းပြည်နယ်သည် စစ်သား နှစ်သိန်းကို လင်တူခရိုင်နှင့် ယိုပင်ခရိုင် နယ်စပ်တွင် တပ်စွဲရန် စေလွှတ်ခဲ့ပြီး တစ်ခါတစ်ရံ မိုးခြိမ်းသံများ ထွက်ပေါ်စေခဲ့သည်။

မြောက်ပိုင်းပြည်နယ် တပ်စခန်း၏ တစ်ဖက်တွင် ဝူနိုင်ငံတော်၏ သံချပ်ကာမြင်းတပ် တပ်စခန်း ရှိနေသည်။ မြောက်ပိုင်းပြည်နယ်က တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိသော်လည်း ဝူနိုင်ငံတော်မှ ဗိုလ်ချုပ်တစ်ဦးက အဆင်အခြင်မဲ့စွာဖြင့် မြောက်ပိုင်းပြည်နယ်ဘက်က သတိလက်လွတ်ဖြစ်နေပြီဟု ထင်ကာ သူ၏သံချပ်ကာမြင်းတပ်ကို ဦးဆောင်၍ မြောက်ပိုင်းပြည်နယ် တပ်စခန်းကို ညဘက်တွင် စီးနင်းတိုက်ခိုက်ခဲ့သည်။

သို့သော် စီးနင်းတိုက်ခိုက်မှု မအောင်မြင်ရုံသာမက ဝူနိုင်ငံတော်၏ သံချပ်ကာမြင်းတပ် ၂၀,၀၀၀ သည်ပင် ရှုံးနိမ့်သွားခဲ့သည်။ မြောက်ပိုင်းပြည်နယ် စစ်တပ်လည်း အခွင့်အရေးကို ရယူ၍ တောင်ဘက်သို့ ချီတက်ကာ လင်တူခရိုင်ရှိ မြို့များစွာကို သိမ်းပိုက်ခဲ့သည်။

စာပါအကြောင်းအရာများကို ဖတ်ပြီးနောက် ဝူမင်း စာအိတ်တစ်ခုလုံးကို လုံးချေပစ်လိုက်သည်။

သူ၏ စိတ်ထဲမှ ဆဲဆိုလိုက်သည်။

‘မိုက်ရူးရဲတွေ။ ဘယ်လောက်တောင် မိုက်ရူးရဲဆန်တဲ့ အရူးကောင်တွေလဲ’။

သံချပ်ကာမြင်းတပ် နှစ်သောင်း ဘာလို့ စစ်သည် နှစ်သိန်းကို ဘာအထောက်အပံ့တပ်မှ မပါပဲ တိုက်ခိုက်ရဲတာလဲ။

မြောက်ပိုင်းပြည်နယ်ရဲ့ ကြောက်စရာကောင်းတဲ့ လက်နက်တွေကို သူတို့ မသိကြဘူးလား။

ထိုအဖြစ်အပျက်သည် သူတို့၏ ဆွေးနွေးပွဲများကို တစ်ဖန် အားနည်းစေပြန်သည်။

ထို့နောက် လုချန်းက ပြုံးလျက်

“မင်းသား ဝူမင်း မျက်နှာ နည်းနည်း ဖြူဖျော့နေပုံရတယ်။”

ဝူမင်းက ချက်ချင်းပင်

“မြောက်ပိုင်းနယ်စားမင်းသား။ ဒီနေ့ ကျွန်တော် နည်းနည်း နေမကောင်းဘူး ခံစားရတယ်။ ငြိမ်းချမ်းရေး ကိစ္စတွေကို မနက်ဖြန်ကျမှ ဆက်ဆွေးနွေးလို့ ရမလား။”

မဆိုင်းမတွပင် လုချန်းက

“မင်းသား ဝူမင်း နေမကောင်းဘူးဆိုတော့ ဒီနေ့ ဒီမှာပဲ ရပ်နားကြစို့။ ကောင်းကောင်း အနားယူလိုက်ပါ မင်းသား”

ဟု သဘောတူလိုက်သည်။

ကျေးဇူးတင်ဟန်ဖြင့် ဝူမင်းက

“မြောက်ပိုင်းနယ်စားမင်းသားကို ကျေးဇူးတင်ပါတယ်”

ထို့နောက် ဝူမင်းနှင့် ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် လှည့်ထွက်ကာ ခန်းမထဲမှ ထွက်ခွာသွားကြသည်။

သူတို့၏ ထွက်ခွာသွားသော ပုံရိပ်များကို ကြည့်ရင်း လုချန်း ဟက်ဟက်ပက်ပက် ရယ်ကာ

“ဝူနိုင်ငံက လူတွေကတော့ တကယ့်ကို စစ်ရေး ပရိယာယ် ကြွယ်ဝသူ တွေပါပဲ။”

“ဒါပေမဲ့ အခုထိ ရှေးခေတ်မှာပဲလို့ ထင်နေကြတာလား မသိဘူး။”

အကယ်၍ ခေတ်ဟောင်းလက်နက်များ အသုံးပြုနေဆဲ ခေတ်ဖြစ်ပါက သံချပ်ကာမြင်းတပ် နှစ်သောင်းက စစ်သည်နှစ်သိန်း တပ်စွဲထားသော ခြေလျင်တပ်စခန်းကို ညဘက် စီးနင်းတိုက်ခိုက်ခြင်းက သူတို့၏ သံချပ်ကာ ဝတ်စုံများ၏ အားသာချက်ကြောင့် အောင်မြင်နိုင်ခြေ ရှိသည်။

သို့သော် ဝမ်းနည်းစရာမှာ ခေတ်ကာလ ပြောင်းလဲသွားပြီ ဖြစ်သည်။

ထို့ပြင် ဝူနိုင်ငံတော် သံချပ်ကာမြင်းတပ်၏ ညအချိန် စီးနင်းတိုက်ခိုက်မှု မအောင်မြင်ရခြင်း၏ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ ဗိုလ်ချုပ် မုချန်တိန်၏ သတိကြီးမှုကြောင့် ဖြစ်သည်။ မြောက်ပိုင်းပြည်နယ် စစ်သည်များက တကယ်တမ်း ပေါ့ဆခဲ့ပါက ဝူနိုင်ငံတော်၏ သံချပ်ကာမြင်းတပ် နှစ်သောင်း၏ ညအချိန် စီးနင်းတိုက်ခိုက်မှုသည် မြောက်ပိုင်းပြည်နယ် စစ်စခန်းကို ကစဉ့်ကလျားဖြစ်သွားစေ နိုင်သည်။

သို့သော် ယခုအချိန်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ အရေးကြီးသော အချိန်ကာဖြစ်‌ကြောင်း မုချန်တိန် သိရှိထားသည်။ ဝူနိုင်ငံတော်သည် သူတို့၏ စျေးဆစ်နိုင်စွမ်းကို တိုးမြှင့်ရန် တစ်စုံတစ်ရာ ကြိုးစားလိမ့်မည်ဟု ခန့်မှန်းထားသောကြောင့် သူ အမြဲတမ်း သတိထားနေခဲ့သည်။ ရလဒ်အနေဖြင့် ဝူနိုင်ငံတော်တပ်များ စခန်းကို လာရောက်တိုက်ခိုက်သောအခါ သူတို့ကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည်။

............

အခန်း (၆၁၁)

မင်းသား ဟန်ဆောင်ခြင်း မရှိပါ

ဝူမင်းသည် သူနေထိုင်ရာ ဝူနိုင်ငံတော် သံရုံးသို့ ပြန်ရောက်သောအခါ ဒေါသတကြီးဖြင့်ပစ္စည်းများကို ရူးသွပ်စွာ ရိုက်ချိုးပစ်လိုက်သည်။

“ငတုံး ကောင်တွေ။ အစုလိုက်အပြုံလိုက်ကို တုံးကြတဲ့လူ‌တွေ”

“ငါ မြောက်ပိုင်းပြည်နယ်မှာ ရှိနေသေးတယ်ဆိုတာ မသိကြဘူးလား။ ဒီအချိန်မှာ မြောက်ပိုင်းပြည်နယ် စစ်စခန်းတွေကို ဝင်တိုက်ဖို့ ဘယ်သူက သူတို့ကို သတ္တိပေးလိုက်တာလဲ။”

“သူတို့က ငါ့ကို သတ်ချင်နေကြတာလား။”

မင်းသားတစ်ပါးအနနှင့် သူသည် ရန်သူနိုင်ငံ၏ နယ်မြေထဲတွင် ရှိနေသေးသည်။ သို့သော် သူ၏နိုင်ငံမှ စစ်တပ်များက ထိုနိုင်ငံကို တိုက်ခိုက်ခဲ့သည်။ ဤအရာက မြောက်ပိုင်းပြည်နယ်ကို ဒေါသထွက်စေပါက သူတို့၏လက်ဖြင့် သူအသတ်ခံရပေလိမ့်မည်။

ဝူနိုင်ငံတော်တွင် သူ့ကို သေစေလိုသူများ ရှိနေသည်ဟု ဝူမင်းပြင်းပြင်းထန်ထန် သံသယဝင်နေပြီဖြစ်သည်။ ထို့ကြောင့် ထိုသံချပ်ကာမြင်းတပ် နှစ်သောင်းကို မြောက်ပိုင်းပြည်နယ် စစ်စခန်းကို တိုက်ခိုက်စေခြင်းဖြင့် မြောက်ပိုင်းနယ်စားမင်းသားကို အမျက်ထွက်စေပြီး သူ့ကို ဓားငှားသတ်ရန် ကြိုးစားခြင်းဖြစ်သည်။

ပထမအကြိမ် ဆွေးနွေးပွဲ ပြီးဆုံးပြီးနောက် လုချန်းလည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အတွင်းဆောင်သို့ ပြန်လာသည်။ ဝူနိုင်ငံတော်၏ သံချပ်ကာမြင်းတပ်က မြောက်ပိုင်းပြည်နယ် စစ်စခန်းကို တိုက်ခိုက်သည့်အကြောင်းကို ဝူမင်သည် သိရှိနှင့်ပြီးဖြစ်ကြောင်း သူသိသည်။ ထို့ကြောင့် အစောပိုင်းက နိုင်ငံရေးရာခန်းမမှ ထွက်ခွာရန် သူသည် ထိုမျှ စိတ်စောနေခြင်း ဖြစ်သည်။

ဆွေးနွေးပွဲနှင့် ပတ်သက်၍ မြောက်ပိုင်းပြည်နယ်ဘက်က လုံးဝအလောမကြီးပေ။ လပေါင်းများစွာ ညှိနှိုင်းရမည် ဆိုလျှင်လည်း ပြဿနာမရှိပေ။ အရာ အားလုံးက ဝူနိုင်ငံတော် မြောက်ပိုင်းပြည်နယ် စစ်တပ်၏ ဖိအားကို ခံနိုင်ရည်ရှိမရှိ အပေါ် မူတည်နေသည်။

ညှိနှိုင်းမှု ကြာလာသည်နှင့်အမျှ ဝူနိုင်ငံတော်အတွက် မသင့်တော်သည့်အခြေအနေများ ပိုမိုဖြစ်ပေါ်လာမည်။ ထိုအခါ မြောက်ပိုင်းပြည်နယ်ဘက်က တဖြည်းဖြည်းပိုမိုတောင်းဆိုသွားမည်ဖြစ်သည်။

.......

ဤကဲ့သို့ သာယာသောနေ့တွင် လုချန်းသည် အတွင်းဆောင်သို့ ပြန်လာပြီးနောက် သူ၏ဇနီးများနှင့်အတူ လက်ဖက်ရည်သောက်ရင်း စကားပြောဆိုနေသည်။ ထိုအချိန်တွင် ရဲလိနန်ရန်က အပ်နှင့်ချည်ကို ကိုင်လျက် တစ်စုံတစ်ရာ ချုပ်လုပ်နေသည်ကို လုချန်းသတိပြုမိလိုက်သည်။

လုချန်းက စိတ်ဝင်တစားဖြင့်

“နန်ရန်။ မင်း အဝတ်ချုပ်နေတာလား”

ဟု မေးလိုက်သည်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အဝတ်အစားများအားလုံးကို သီးသန့်အပ်ချုပ်သမားက ချုပ်လုပ်ခြင်းဖြစ်သောကြောင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ လူများက ကိုယ်တိုင် ချုပ်ရန် မလိုအပ်ပေ။ ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သည် အထည်ချုပ်စက်ရုံတစ်ခုကို တည်ထောင်ထားပြီးဖြစ်ရာ လိုအပ်သမျှအဝတ်အစားများကို ထုတ်လုပ်ပေးနိုင်သည်။

လုချန်း၏ မေးခွန်းကို ကြားသောအခါ ရဲလိနန်ရန်က သူမ၏ အပ်ချုပ်လုပ်ငန်းကို ချလိုက်ပြီးနောက်

“ကျွန်မရဲ့ ကလေး မရသေးခင်မှာ ကလေးအတွက် အဝတ်တစ်ထည် နှစ်ထည်လောက် ချုပ်ထားချင်လို့ပါ။”

ထိုစကားကို ကြားသောအခါ လုချန်းက အနည်းငယ် ပြုံးကာ

“အဝတ်အစား လိုချင်ရင် အထည်ချုပ် စက်ရုံကို ပြောလိုက်ရုံပါပဲ။ ကိုယ်တိုင် လက်နဲ့ ချုပ်စရာ မလိုပါဘူး။”

ရဲလိနန်ရန်က

“ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မက ပျင်းနေတာကိုး။”

မူလက ဘဏ္ဍာရေးကို စီမံခန့်ခွဲခဲ့ရသော ရဲလိနန်ရန်သည် သူမ၏ အာဏာကို လုချန်း စီစဉ်ပေးထားသော အရာရှိများထံ တဖြည်းဖြည်း လွှဲပြောင်းပေးခဲ့သည်။ ထို့ကြောင့် သူမ၌ လုပ်စရာ အနည်းငယ်သာ ရှိတော့သည်။ ထို့ကြောင့် ဤပျင်းရိစရာ ကောင်းသောအချိန်ကို မွေးလာမည့် ကလေးအတွက် အဝတ်အစုံ အနည်းငယ် ကိုယ်တိုင်ချုပ်လုပ်ရန် စဉ်းစားမိသည်။

သူမတွင် လုချန်း၏သားသမီးမရှိသေးသော်လည်း ချူးယုချင်နှင့် ဝမ်ချင်းစီတို့ကဲ့သို့ သိုင်းပညာရှင်များပင်

လုချန်း၏ သားသမီးရှိထားပြီဖြစ်ရာ သူမလည်း ကြိုးစားပါက ကိုယ်ဝန်ရနိုင်မည်ဟု ယုံကြည်သည်။

ထိုအခိုက်တွင် မလှမ်းမကမ်းမှ ချူးယုချင်က

“ချန်းလေး။ တို့ ကိုယ်တိုင်ချုပ်တဲ့ အဝတ်အစားတွေက အထည်ချုပ် စက်ရုံက ချုပ်တာနဲ့ မနှိုင်းယှဉ်နိုင်ဘူး။ နောက်ပြီး ဒါက မိခင်တစ်ယောက်ရဲ့ ခံစားချက်ပါ။”

မိခင်တစ်ဦးဖြစ်သော ချူးယုချင်သည် ကလေးအတွက် အဝတ်ချုပ်ရသည့် ကျေနပ်မှုကို တွေ့ကြုံဖူးသည်။ ဤခံစားချက်ကို လုချန်းကဲ့သို့ ယောက်ျားတစ်ဦး နားမလည်နိုင်ကြောင်းလည်း သူမသိသည်။

မုကျိရွှမ်းသည် ဘေးမှ နူးညံ့စွာ ပြုံးလိုက်ပြီးနောက်

“မင်းသား။ အစ်မနန်ရန်က ကလေးအတွက် အဝတ်တောင် ပြင်ဆင်ပြီးပြီ။ မင်းသားလည်း နည်းနည်း ကြိုးစားသင့်ပြီ။”

ထိုစကားကို ကြားသောအခါ ရဲလိနန်ရန်၏ မျက်နှာ ရုတ်တရက် နီရဲလာသည်။

လှပသော အမျိုးသမီး၏ နီရဲနေသည့် မျက်နှာကို မြင်သောအခါ လုချန်းက ရယ်မောပြီး

“နန်ရန်။ ဒီရက်တွေမှာ မင်းအခန်းကို ကိုယ် ပိုပြီး လာလည်ဖို့ ကြိုးစားပါ့မယ်။”

ရဲလိနန်ရန်လည်း ဘာပြောရမှန်းမသိဖြစ်ကာ

“ဟုတ်ကဲ့ မင်းသား။”

လူတိုင်း ရယ်မောနေကြစဉ် အစေခံတစ်ဦးက အတွင်းဆောင်ထဲသို့ ဝင်လာပြီး

“မင်းသား။ မုယုံမိန်းကလေးက တွေ့ခွင့်တောင်းနေပါတယ်။”

အစေခံ၏ အသံ ဆုံးသွားသောအခါ လုချန်း မပြောရသေးခင်မှာပင် မုကျိရွှမ်းက

“မင်းသား။ မုယုံမိန်းကလေးအတွက် အဆောင်ကို ပြင်ဆင်ထားပြီးတာ ကြာပါပြီ။ အစေခံတွေကိုလည်း ရွေးချယ်ပြီးပါပြီ။ ဒါပေမဲ့ ခုထိ သူက မပြောင်းရသေးဘူး။”

“မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကိုပြောင်းလာဖို့ သူ့ကိုဘာလို့ မပြောတာလဲ။”

လုချန်းက

“ကောင်းပြီ။ ဒီကိစ္စကို နောက်မှ သူ့ကို ပြောပါ့မယ်။”

“စကားဆက်ပြောကြပါ။ ကိုယ် ခဏနေရင် ပြန်လာခဲ့မယ်။”

ထိုသို့ပြောပြီး လုချန်း ထရပ်ကာ စာကြည့်ခန်းသို့ တိုက်ရိုက်သွားလိုက်သည်။

လုချန်း စာကြည့်ခန်း အဆောင်သို့ ဝင်လိုက်တော့ ရေခဲလို အေးစက်ပြီး လှပသည့် မုယုံရွှီတစ်ယောက် စာကြည့်ခန်း၏ ဝင်ပေါက်တွင် ရေခဲတောင် ကြာပန်းတစ်ပွင့်လို တိတ်ဆိတ်စွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။ မုယုံရွှီ၏ အေးစက်သောပုံစံကို မြင်သောအခါ လုချန်း ချက်ချင်းပင် စိတ်ဝင်စားသွားသည်။

စာကြည့်ခန်း၏ ဝင်ပေါက်သို့ လျှောက်သွားရင်း

“ရွှီ။ မင်း ဒီရက်ပိုင်း ပိုပြီး တက်ကြွလာတာပဲ။”

လုချန်း၏ အသံကို ကြားသောအခါ မုယုံရွှီက ဦးခေါင်းကို အနည်းငယ် လှည့်၍ သူ့ကို ကြည့်လိုက်သည်။ ထိုအရပ်မြင့်မြင့် ချောမောသော လုချန်းကို မြင်သောအခါ သူမ၏ နှလုံး အနည်းငယ် တုန်ယင်သွားသည်။

ရက်အနည်းငယ်ကြာ မတွေ့ရပဲ ပြန်တွေ့ရသောအခါ လုချန်းသည် ပို၍ပင် ချောမောလာပြီး သူ၏ ယောင်္ကျားဆန်သော အငွေ့အသက်လည်း ပိုမိုအားကောင်းလာသည်ဟု သူမ ခံစားမိသည်။

မုယုံရွှီ၏ စိတ်ထဲတွင် လုချန်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က ပုံရိပ်များ ရုတ်တရက် ပေါ်လာသည်။ ထိုအချိန်က သူသည် ခေါင်းဆောင်တစ်ဦး၏ အသွင်အပြင် ရှိနေပြီးဖြစ်သော်လည်း လူငယ်ဆန်သော ပုံစံရှိနေသေးသည်။ သို့သော် ယနေ့ လုချန်းသည် အရွယ်ရောက်ပြီးသော ယောင်္ကျားတစ်ဦး၏ ရင့်ကျက်သော ဆွဲဆောင်မှုကို ထုတ်လွှတ်နေပြီး ထိုလူငယ်ဆန်သော ပုံစံမျိုး မရှိတော့ပေ။

ဤအရာက လုချန်းကို ပို၍ပင် ဆွဲဆောင်မှုရှိစေသည်။ သူမ၏ အတွးများ နေ့စဉ်နှင့်အမျှ ညစ်ညမ်းလာနေသည်ဟု မုယုံရွှီ ခံစားမိသည်။ လုချန်းကို ရက်အနည်းငယ်မျှ မတွေ့ရပဲ ပြန်တွေ့ရသောအခါ သူမ၏ ကိုယ်ခန္ဓာက မတည်မငြိမ်ဖြစ်လာသည်။

သူမ ဤလူဆိုးကို တကယ်တမ်း စွန့်ခွာနိုင်ပါ့မလားဟု ယခု သံသယဖြစ်နေသည်။

မုယုံရွှီက တိုက်ရိုက်ပင်

“ဧကရီက ကျွန်မဆီ ခိုစာတစ်စောင် ပို့ပြီး ဝူမင်းသမီး မရောက်ခင်မှာ မင်းသားရဲ့ မိန်းမအမြန်ဖြစ်လာဖို့ စေခိုင်းထားပါတယ်။”

မုယုံရွှီ၏ စကားများ ဆုံးသွားသောအခါ လုချန်း သူမ၏ အရှေ့သို့ ရောက်လာသည်။ သူ၏ လက်တစ်ဖက်က သူမ၏ ခါးကို ဖက်လိုက်ပြီး သူမကို စာကြည့်ခန်းအတွင်းသို့ ခေါ်သွားရင်း

“မင်းရဲ့ ဧကရီက ကိုယ်ဝူနိုင်ငံတော်က မင်းသမီးကို ဘာလုပ်မလဲဆိုတာ ကြောက်နေပုံရတယ် ဟုတ်လား။”

“ဧကရီနဲ့ ဝူကျန်းဝမ်ရဲ့ ဆက်ဆံရေးအကြောင်း ကိုယ် အမြဲတမ်း စိတ်ဝင်စားခဲ့တယ်။ သူတို့မှာ ဘယ်လို ဆက်ဆံရေးမျိုးရှိလဲဆိုတာ တိတိကျကျ ပြောပြပါဦး။”

လုချန်း၏ ဤမေးခွန်းကို ကြားသောအခါ မုယုံရွှီသည် တိုက်ရိုက် မဖြေဆိုပေ။

လုချန်းသည် မုယုံရွှီ၏ ခါးကို ဖက်လျက် စာကြည့်ခန်းထဲသို့ ဝင်ရောက်ပြီးနောက် သူ၏လက်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး တံခါးများနှင့် ပြတင်းပေါက်များအားလုံးကို ပိတ်လိုက်သည်။

ခဏအတွင်းမှာပင် စာကြည့်ခန်းသည် ချစ်ခြင်းမေတ္တာ လွှမ်းမိုးသော လေထုဖြင့် ပြည့်နှက်သွားသည်။

မဆိုင်းမတွပင် လုချန်းသည် မုယုံရွှီ၏ ခါးကို ဖက်လိုက်ပြီး သူမ စကားတစ်ခွန်းမှ မပြောရသေးခင်မှာပင် သူ၏နှုတ်ခမ်းများကို နမ်းလိုက်သည်။

လုချန်းသည် ထိုသို့သော ကိစ္စများတွင် ကျွမ်းကျင်ပြီးသားဖြစ်ပြီး မုယုံရွှီကလည်း မရုန်းကန်ပဲ ပြန်လည်တုံ့ပြန်လိုက်ကာ ခဏမျှ နမ်းရှုံ့လိုက်ကြသည်။

ယခင်ကလို ရှက်ရွံ့မှုများ မုယုံရွှီဆီတွင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူမ အရာအားလုံးကို လက်ခံလိုက်ပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမသည် လုချန်း၏ မိန်းမ ဖြစ်လာခဲ့ပြီဖြစ်ရာ သူမအတွက် ထိုသို့သော ကိစ္စများ ပြလုပ်ခြင်းက တစ်ကြိမ်ဖြစ်စေ အကြိမ်ပေါင်းများစွာဖြစ်စေ ဘာမှခြားနားခြင်းမရှိပေ။

ခဏမျှ နမ်းရှုံ့ပြီးနောက် လုချန်းက မုယုံရွှီ ၏ခါးကို နောက်ဘက်မှ ဖက်လိုက်ပြီး သူမကို စာကြည့်ခန်းရှိ အနားယူခန်းသို့ ညင်သာစွာ တွန်းပို့လိုက်သည်။

ထို့နောက် မုယုံရွှီက

“မင်းသားက တိုက်ရိုက်ဆန်လာတယ်နော်”

ဟု လေသံအေးအေးဖြင့် ပြောလိုက်သည်။

ယခင်က သူမ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ လာတိုင်း လုချန်းက စကားကွေ့ပတ်ကာ ဟိုအကြောင်း ဒီအကြောင်း ပြောပြီးမှ သူမကို အိပ်ရာသို့ ခေါ်ဆောင် လေ့ရှိသည်။

ဒီတစ်ကြိမ်တော့ သူမ ရောက်လာသည်နှင့် လုချန်းက သူမကို စနမ်းခဲ့သည်။

.............

အခန်း( ၆၁၂ )

ယွဲ့ဧကရီနှင့် ဝူကျန်းဝမ်တို့ကြားက ဆက်ဆံရေး‌ ဘယ်လောက် ကောင်းလဲ

မုယုံရွှီ၏ စကားကို ကြားသောအခါ လုချန်းက ညင်သာစွာ ပြုံးလျက် သူမ၏ နားရွက်နားသို့ ကပ်၍

“မင်းက ကိုယ့်မိန်းမ ဖြစ်နေပြီဆိုတော့ ဘာလို့ ဟန်ဆောင်နေဖို့ လိုတော့မှာလဲ”

ဟု တိုးတိုးလေး ပြောလိုက်သည်။

ရေခဲကဲ့သို့ အေးစက်သော မုယုံရွှီက

“ဒီကိစ္စတွေ အားလုံးက အပေးအယူသက်သက်ဆိုတာ မမေ့ပါနဲ့ မင်းသား။ “

လုချန်းက ပေါ့ပေါ့ပါးပါးပင်

“မှန်တာပေါ့။”

ပြောရင်းဆိုရင်း လုချန်း မုယုံရွှီကို ဖက်လျက် စာကြည့်ခန်း၏ အနားယူခန်းသို့ ခေါ်ဆောင်သွားသည်။

အနားယူခန်းသို့ ရောက်သည်နှင့် လုချန်း မုယုံရွှီကို ဆက်လက် နမ်းရှုံ့လိုက်သည်။

ခဏအကြာတွင် မုယုံရွှီ၏ မျက်လုံးများ ဝေဝါးလာပြီး လုချန်းကြောင့် စိတ်လှုပ်ရှားနေပုံရသော်လည်း သူက ဆက်မလုပ်တော့ပေ။ သူက မုယုံရွှီ၏ မျက်လုံးများကို ကြည့်ကာ

“ယွဲ့ဧကရာဇ်နဲ့ ဝူကျန်းဝမ်က သွေးသောက်ညီအစ်မတွေလို့ ကိုယ်ကြားတယ်။ သူတို့က တစ်ချိန်က ဂိုဏ်းတူ ညီအစ်မတွေလား။ ဘယ်ဂိုဏ်းမှာ ပါဝင်ခဲ့ဖူးလဲ။”

လုချန်းက ထိုသို့သော အခိုက်အတန့်တွင် ရပ်တန့်သွားသည်ကို မြင်သောအခါ မုယုံရွှီလည်း မရည်ရွယ်ပဲ လက်ကို မြှောက်ကာ လုချန်း၏ ကိုယ်ပေါ်တွင် တစ်စုံတစ်ခု ရှာဖွေနေသကဲ့သို့ စမ်းသပ်လိုက်သည်။

လုချန်းက မုယုံရွှီ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။ နောက်တစ်ခဏတွင် သူမ၏ နောက်လက်တစ်ဖက်က စတင်လှုပ်ရှားလာသည်။ ထို့နောက် သူက ထိုလက်ကောက်ဝတ်ကိုပါ ဖမ်းဆုပ်လိုက်ပြီး မုယုံရွှီ၏ လက်များကို သူမ၏ ခေါင်းပေါ်တွင် ထားကာ လက်တစ်ဖက်ဖြင့် ဆက်လက်ဖိထားရင်း သူမကို လွှမ်းမိုးသော အမူအရာဖြင့် ငုံ့ကြည့်လိုက်သည်။

ထိုအခိုက်တွင် အေးစက်သော အလှပိုင်ရှင် မုယုံရွှီက မချေမငံအမူအရာဖြင့်

“ဒီ... ဒီကိစ္စတွေကို နောက်မှ ပြောရအောင်။ ကျွန်မကို မနှိပ်စက်ပါနဲ့တော့။”

လုချန်းက ညင်သာစွာ ရယ်မောလိုက်ပြီး

“မင်း မပြောရင် ကိုယ်လည်း ဆက်မလုပ်ဘူး။”

ထိုစကားကို ကြားသောအခါ မုယုံရွှီ၏ အသိစိတ် အနည်းငယ် ပို၍ ရှင်းလင်းလာပြီး အေးစက်စွာဖြင့်

“ရှင်က တကယ်ကို ယုတ်မာတဲ့ လူပဲ။”

သူမ သူမေးတာ မပြောမချင်း ဤကဲ့သို့ ဆိုင်းငံ့နေမည်ဟု မုယုံရွှီ သံသယရှိလာသည်။ ယခင်ကလည်း ဤနည်းဖြင့် မေးမြန်းပြီးမှသာ ဆက်လက်လုပ်ဆောင်လေ့ရှိသည်။

ဒါက ပထမအကြိမ် သို့မဟုတ် ဒုတိယအကြိမ်လည်း မဟုတ်ပေ။ သူမ မင်းသားစံအိမ်သို့ ယခင်က လာရောက်ခဲ့သည့်အချိန်များတွင်လည်း အလားတူ နည်းလမ်းများကို အသုံးပြုခဲ့သည်။ သူမအတွက် လုချန်း၏ လုပ်ရပ်များသည် နှိပ်စက်မှုနှင့် မခြားနားပေ။

လုချန်းက

“ကိုယ်မယုတ်မာရင် မင်းလို ကျူးနိုင်ငံတော်ရဲ့ ကြီးမြတ်တဲ့ ပါရမီရှင်ကို ဘယ်လိုများ ရယူနိုင်မှာလဲ။”

ပြောရင်းဆိုရင်း လုချန်းက သူ၏လက်ကို မြှောက်၍ မုယုံရွှီ၏ လှပသော မေးစေ့ကို ညှစ်လိုက်သည်။

မုယုံရွှီက ခေါင်းကို အတင်းလှည့်လိုက်သဖြင့် လုချန်း၏ လက်မှ လွတ်မြောက်သွားပြီး သူမ၏ အကြည့်ကို လွှဲဖယ်ကာ

“ဧကရီနဲ့ ဝူကျန်းဝမ်တို့က တကယ်တော့ ဂိုဏ်းတူ ညီအစ်မတွေပါ။ ဒါပေမဲ့ သူတို့ဝင်ခဲ့တဲ့ ဂိုဏ်းက အနောက်ဘက် အစွန်းပိုင်းဒေသမှာ ရှိပြီး လူသူအရောက်အပေါက် နည်းပါးတဲ့ နေရာပါ။”

“အနောက်ဘက် အစွန်းပိုင်းဒေသကို သိတဲ့သူ သိပ်မများပါဘူး။ ယွဲ့ဧကရီနဲ့ ဝူကျန်းဝမ်ကလွဲလို့ သူတို့ ဘယ်ဂိုဏ်းကို ဝင်ခဲ့လဲဆိုတာ ဘယ်သူမှ မသိပါဘူး။

မုယုံရွှီ၏ အဖြေကို ကြားသောအခါ လုချန်း ခဏမျှ ရပ်တန့်သွား၏။ ဤတိုက်ကြီး၏ အနောက်ဘက်နှင့် အရှေ့ဘက်အကြား ဆက်သွယ်ရေးသည် အလွန်နည်းပါးသည်ကို သတိရလိုက်သည်။ အနောက်ဘက်သည် မည်သို့မည်ပုံ ရှိသည်ကို အရှေ့ဘက်နိုင်ငံများ လုံးဝမသိသ လောက်ပင်။

သူသည် အထူးကိုယ်ရံတော်များကို အနောက်ဘက် အစွန်းပိုင်းဒေသကို စုံစမ်းရန် အမိန့်ပေးထားပြီး ဖြစ်သော်လည်း သူတို့၏ တွေ့ရှိချက်များအရ နဂါးနက်နိုင်ငံ၏ အနောက်ဘက်တွင် မြူခိုးထူထပ်သော ကမ္ဘာတစ်ခု တည်ရှိပြီး ဝင်ရောက်သူတိုင်း လမ်းပျောက်နိုင်ခြေ ရှိသည်ဟု ထင်ရသည်။ မြူခိုးများ၏ အနောက်တွင် မည်သည့်အရာများ ရှိသည်ကို ဝင်ရောက်ပြီး ပြန်ထွက်လာနိုင်သူများသာ သိနိုင်သည်။

ဝူကျန်းဝမ်နှင့် ယွဲ့ဧကရီတို့သည် မြူခိုးထဲသို့ ဝင်ရောက်ပြီး အသက်ရှင်လျက် ပြန်ထွက်လာသူများ ဖြစ်သောကြောင့် အတွင်း၌ မည်သည့်အရာများ ရှိသည်ကို သူတို့ သေချာပေါက် သိကြမည် ဖြစ်သည်။

ဝူကျန်းဝမ် မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာသည်နှင့် အနောက်ဘက်တွင် မည်သည့်အရာများ ရှိသည်ကို အသေးစိတ် မေးမြန်းရမည်ဟု လုချန်းစိတ်ထဲမှ တွေးလိုက်သည်။

ထိုသို့ တွေးလိုက်ပြီး လုချန်း၏ လက်လှုပ်ရှားသွားကာ မုယုံရွှီ၏ အနက်ရောင်နှင့် အဖြူရောင် ဝတ်စုံ ဆုတ်ဖြဲခံလိုက်ရသည်။ မုယုံရွှီသည် တအံ့တသြ ဖြစ်သွားပြီးနောက် လုချန်းကို လှည့်ကြည့်ကာ

“ရှင်”

မုယုံရွှီသည် စကားပြောချင်သော်လည်း ရပ်တန့်သွား၏။ လုချန်း၏ အပြုအမူကြောင့် အနည်းငယ် ဒေါသထွက်နေသလို ခံစားရသည်။

သူက သူမ၏ အဝတ်အစားများကို ဆုတ်ဖြဲလိုက်တော့ ဘယ်လိုအိမ်ပြန်ရမလဲ။

သို့သော် သူမ၏ အဝတ်အစားများကို ဆုတ်ဖြဲလိုက်ခြင်းသည် နောက်တစ်ဆင့်သို့ ဆက်လက်လုပ်ဆောင်ရန် ရည်ရွယ်နေကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။ သူမလည်း မသက်မသာဖြစ်နေပြီး ဆက်လက်သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သူမသည် ဘာမျှမပြောတော့ပေ။

မုယုံရွှီ၏ ဒေါသထွက်နေသော မျက်နှာကိုမြင်သော လုချန်းက ပြုံးလျက်

“ကိုယ် ဘာလုပ်မိလိုက်တာလဲ။”

မုယုံရွှီ နှာခေါင်းရှုံ့လိုက်ပြီး တိတ်ဆိတ်နေတော့သည်။

ထိုအခိုက်တွင် လုချန်းက သူ၏ လက်ကို မုယုံရွှီ၏ ဗိုက်ပေါ်တွင် တင်ကာ ပွတ်သပ်ရင်း

“ဒီ အပျိုစင်အမှတ်အသားက တော်တော်လေး မှေးမှိန်သွားပြီ။ နောက်မှ မင်းအတွက် ပြန်ရေးပေးရတော့မယ် ထင်တယ်။”

မုယုံရွှီသည် ဘာမှ မပြော‌ပေ။ သူမ လုချန်း၏ ဆိုးယုတ်သော လုပ်ရပ်များကို မျှော်လင့်နေသော်လည်း သူက မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ပဲ ဆက်လက်မေးမြန်းနေ၏။

“ယွဲ့ဧကရာဇ်နဲ့ ဝူကျန်းဝမ်တို့က ဘယ်လောက် ရင်းနှီးကြလဲ။”

ထိုစကားကို ကြားသောအခါ မုယုံရွှီ အံကြိတ်လိုက်သည်။

ဒီလူဆိုးကောင်.....။

“ဒီမေးခွန်းတွေ မေးနေမယ့်အစား ဆက်မလုပ်နိုင်ဘူးလား။”

“အဝတ်အစားတွေ ဆုတ်ဖြဲထားပြီးပြီ။ ဒါတောင် ဒီလို မသက်ဆိုင်တဲ့ မေးခွန်းတွေ မေးနေသေးတယ်။”

လုချန်းအပေါ် စိတ်ထဲတွင် အနည်းငယ် မကျေနပ်မှုများ ရှိနေသော်လည်း မုယုံရွှီက

“ကောင်းပြီ။ ဝူကျန်းဝမ် ကျူးနိုင်ငံတော်ကို သွားတဲ့အခါတိုင်း ယွဲ့ဧကရီနဲ့ အတူတူ ထမင်းစား၊ အတူနေ၊ အတူတူ အိပ်ကြတယ်။”

“ယွဲ့ဧကရီမှာ ဝူကျန်းဝမ်အပေါ် ထူးခြားတဲ့ ခံစားချက်မျိုး ရှိနေတယ်လို့ ကျွန်မ နည်းနည်းခံစားမိတယ်။ ကျွန်မက ယွဲ့ဧကရီကို ပြုစုရတဲ့အခါ သူက ကျွန်မကို မကြာခဏ ဖက်ပြီး ဝူကျန်းဝမ်ရဲ့ နာမည်ကို ခေါ်တယ်။”

“ပြီးတော့ သူကလည်း...”

ထိုအချိန်တွင် မုယုံရွှီ၏ စကားများ ရုတ်တရက် ရပ်တန့်သွားသည်။

လုချန်း စိတ်ဝင်စားစွာ နားထောင်နေစဉ် မုယုံရွှီ ရုတ်တရက် ရပ်တန့်သွားသဖြင့် သူ၏ သိလိုစိတ် အလွန်ပြင်းပြသွားပြီး ချက်ချင်းပင်

“ပြီးတော့ သူ ဘာတွေလုပ်သေးလဲ။”

မုယုံရွှီ တုံ့ဆိုင်းသွားပြီး ဆက်မပြောတော့ပေ။

လုချန်းက ပြုံးလျက်

“မင်းက ကိုယ်နဲ့ ပူးပေါင်းချင်တာ မဟုတ်လား။ ဒါဆို ဘာလို့ ယွဲ့ဧကရာဇ်ရဲ့ လျှို့ဝှက်ချက်တွေ ပြောမပြချင်တာလဲ။”

ထို့နောက် မုယုံရွှီက

“ပြီးတော့ သူက ကျွန်မကို သူ့အောက်မှာ မကြာခဏ ဖိထားတယ်။ ရှင့်လိုပဲ... အဲဒီလို ကိစ္စတွေ လုပ်တယ်။”

ထိုစကားကို ကြားသောအခါ လုချန်း

ခဏခန့် အံ့အားသင့်သွားသည်။

အလွန်အရှက်စရာ ကောင်းသော ကိစ္စတစ်ခုကို သူကြားလိုက်ရခြင်းဖြစ်သည်။

ဒါဆို ယွဲ့ဧကရာဇ်က အဲဒီလိုလူမျိုးပေါ့...

စူးစမ်းလိုစိတ် အပြည့်အဝဖြင့် လုချန်းက

“သူက ဧကရီပဲ။ သူလိုချင်တဲ့ ယောက်ျား ရနိုင်တယ်။ ဘာလို့ မင်းလို အစေခံတစ်ယောက်နဲ့ ဒီလိုကိစ္စတွေ လုပ်တာလဲ။”

မုယုံရွှီက

“ဒါက သူ ကျင့်တဲ့ ကျင့်စဉ်နဲ့ ဆိုင်ပုံရတယ်။ သူက ယောင်္ကျားမိန်းမ ကိစ္စတွေကို မလုပ်နိုင်ဘူး။”

လုချန်းက စဉ်းစားဟန်ဖြင့်

“ဒါဆို ယွဲ့ဧကရာဇ်က ဒီနေ့အထိ အပျိုစင် ဖြစ်နေနိုင်တယ်ပေါ့။”

လုချန်း၏ စကားကို ကြားသောအခါ မုယုံရွှီသည် အနည်းငယ် ထူးဆန်းသလို ခံစားရသည်။ သူမက သူ့ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်ကာ

“ဘာလို့ မင်းသားက စိတ်လှုပ်ရှားနေသလို ဖြစ်သွားတာလဲ။ ဧကရီကိုလည်း မင်းသား စိတ်ဝင်စားနေတာလား။”

လုချန်း လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာပြီး ပြုံးလျက်

“ရွှီက သဝန်တိုနေတာလား။”

မုယုံရွှီပြန် မဖြေခဲ့ပေ။

ထိုအခိုက်တွင် လုချန်းက မုယုံရွှီ၏ လက်ကို လွှတ်ပေးလိုက်သည်။ လုချန်းက သူမကို လွှတ်ပေးလိုက်သည်နှင့် သူမလုချန်းကို တွန်းလိုက်ပြီး အပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။

ဤအချိန်တွင်မုယုံရွှီသည် လုချန်းအပေါ် မကျေနပ်မှုများ အတော်လေး ခံစားနေရသည်။

ဒီယုတ်မာတဲ့လူက အချိန်ဆွဲနေတာပဲ။

သူမ ကိုယ်တိုင်ပဲ လုပ်ဆောင်လိုက်တာ ကောင်း၏။

လုချန်းသည် အိပ်ရာပေါ်တွင် လဲလျောင်းလျက် မုယုံရွှီ၏ မျက်နှာကို ငေးကြည့်နေသည်။ သူမ၏ မျက်နှာသည် အေးစက်သော်လည်း နှင်းဆီ‌ရောင်သန်းနေပြီး မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ပေ။

ခွန်အားအရဆိုလျှင် မုယုံရွှီသည် လုချန်းကို လုံးဝ မယှဉ်နိုင်ပေ။ သို့သော် သူဘာမှလုပ်ရန် အစီအစဉ်မရှိပေ။ မုယုံရွှီကို သူမလုပ်ချင်ရာ လုပ်ခွင့်ပြုလိုက်သည်။

ထိုစဉ် မုယုံရွှီ စတင်လှုပ်ရှားလာသည်။

လုချန်းက စနောက်သလို လေသံဖြင့်

“ရွှီက ပိုပိုပြီး စိတ်မရှည်တော့ဘူး။ အရင်က ပါရမီရှင် အမျိုးသမီးပုံစံနဲ့ လုံးဝ မတူတော့ဘူး။”

မုယုံရွှီ၏ မျက်နှာနီရဲသွား၏။ သို့‌သော် လုချန်း၏ လှောင်ပြောင်စကားများကို သူမ ဂရုမစိုက်တော့ပေ။ သူမကိုင်းညွှတ်လိုက်ပြီး လုချန်းကို နမ်းလိုက်သည်။

သူမ ယခင်ကလို မဟုတ်တော့ပေ။ လုချန်းရှေ့တွင် ရှက်ကြောက်စိတ် အနည်းငယ် ရှိနေသေးသော်လည်း အတွင်းစိတ်ဆန္ဒများက သူမကို ရဲရဲတင်းတင်း ဖြစ်စေခဲ့ပြီ ဖြစ်သည်။

.............

All Chapters