← Chapters

အခန်း ၆၁၆-၆၁၈

Vol. 42 Ch. 616-168

အခန်း ၆၁၆-၆၁၈

Vol. 42 Ch. 616-168

အခန်း (၆၁၆)

ဖီးနစ်ဝတ်ရုံကို ဘာအတွက် ချုပ်ခိုင်းတာလဲ

နန်းတွင်း ၌ ကုန်သွယ်ရေး သတ်မှတ်ချက်ကို သဘောတူညီသူ အများအပြားရှိသည်ကို မြင်ရသောအခါ ချိုင်ကျိလျှံ၏ မျက်နှာ မည်းမှောင်သွားခဲ့သည်။

မြောက်ပိုင်းပြည်နယ်၏ ကုန်သွယ်ရေး သတ်မှတ်ချက်အား သဘောတူညီသူများကို သူကြည့်လိုက်ရာ အများစုမှာ မင်းသားဝူမင်း၏ အဖွဲ့ဝင်များနှင့် မည်သည့်အုပ်စုတွင်မှ မပါဝင်သော ဝန်ကြီးများ ဖြစ်နေပြီး မင်းသားလုရိီ၏ အဖွဲ့ဝင်အမတ်များမှာမူ လုံးဝနီးပါး တိတ်ဆိတ်နေသည်ကို တွေ့ရသည်။

မင်းသားဝူမင်းသည် မြောက်ပိုင်းပြည်နယ်၌ ရှိနေဆဲဖြစ်ပြီး သူ၏အဖွဲ့ဝင် အရာရှိများက မြောက်ပိုင်းပြည်နယ်၏ ကုန်သွယ်ရေးစာချုပ်ကို သဘောတူညီနေပုံကို ထောက်ရှုပါက မင်းသားဝူမင်းနှင့် မြောက်ပိုင်းနယ်စားမင်းသားတို့အကြား သဘောတူညီမှုတစ်ခုခု ရှိနေနိုင်ဖွယ်ရှိပြီးဖြစ်ကြောင်း ဖော်ပြနေသည်။

ဤအချိန်တွင် ဝူဧကရာဇ်သည် ဝန်ကြီးများကို ဆက်လက်ကြည့်ရှုနေသေးပြီး ဆုံးဖြတ်ချက် ချက်ချင်း မချခဲ့ပေ။ အတန်ကြာပြီးမှ ဝူဧကရာဇ်က

“အခု မြောက်ပိုင်းပြည်နယ်ရဲ့ စစ်တပ်ကလင်တူခရိုင်ကို တောင်ဘက်က ဝင်ရောက်လာပြီ။ ဒါကို သဘောမတူရင် မြောက်ပိုင်းပြည်နယ်တပ်က တောင်ဘက်ကို ဆက်လက် ဖိအားပေးလာမှာကို စိုးရိမ်ရတယ်။”

ထိုသို့ပြောရင်း ဝူဧကရာဇ်၏ လက်ချောင်းထိပ်များသည် နဂါးပလ္လင်အား ဆက်တိုက်ခေါက်နေခဲ့ပြီး ခဏအကြာတွင်

“မြောက်ပိုင်းပြည်နယ်က ကုန်ပစ္စည်းတွေဟာ ဝူနိုင်ငံတော်အတွက် အမှန်တကယ် အသုံးဝင်တယ်။ မြောက်ပိုင်းပြည်နယ်ဟာ အထွတ်အထိပ် ရောက်ရှိနေချိန်ဖြစ်တဲ့အတွက် ဒီကုန်သွယ်ရေး သတ်မှတ်ချက်ကို သဘောမတူရင်တောင် မြောက်ပိုင်းနယ်စားမင်းသားက လွယ်လွယ်ကူကူ လက်လျှော့မှာ မဟုတ်ဘူး။”

“ဒါ့ကြောင့် သူ့ရဲ့တောင်းဆိုချက်ကို လိုက်လျောပြီး စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ရမယ်။”

ဝူဧကရာဇ် ထိုသို့ မိန့်ဆိုသည်ကို မြင်သောအခါ ချိုင်ကျိလျှံ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့သည်။ ဝူဧကရာဇ်သည် အမြဲတမ်း ပြင်းထန်သော စိတ်ဓာတ်ရှိသူ၊ စစ်ကိုလိုလားသောသူ၊ လွယ်လွယ်ကူကူ နောက်မဆုတ်တတ်သူ ဖြစ်သည်။ ဒီနေ့ကျမှ အဘယ်ကြောင့် ဤမျှလျင်မြန်စွာ အညံ့ခံလိုက်ရသနည်း။

တကယ်တော့ ဝူဧကရာဇ်တွင်လည်း သူ၏ကိုယ်ပိုင် အတွေးအခေါ်များ ရှိသည်။ သူသည် ငြိမ်းချမ်းရေး ညှိနှိုင်းမှုများကို အမြန်ဆုံး အဆုံးသတ်ပြီး ဝူကျန်းဝမ်ကို မြောက်ပိုင်းပြည်နယ်သို့ စေလွှတ်လိုသည်။

ဝူကျန်းဝမ်သာ မြောက်ပိုင်းပြည်နယ်၏ လက်နက်ထုတ်လုပ်မှု နည်းပညာများ ရယူနိုင်ခဲ့လျှင် ဝူနိုင်ငံတော်သည် မကြာမီ အင်အား ပြန်လည်ပြည့်ဝလာမည် ဖြစ်သည်။ ထိုအခါ သူတို့ ဆုံးရှုံးခဲ့သမျှ အရာအားလုံးကို သူကိုယ်တိုင် ပြန်လည် သိမ်းပိုက်နိုင်လိမ့်မည်။

သူသည် သူ၏အကောင်းဆုံးအရွယ်တွင် ရှိနေဆဲဖြစ်ပြီး အချိန်များစွာ ရှိသေးကာ အတိတ်က အရှက်ရစရာများကို လက်စားချေရန် အခွင့်အလမ်းကောင်းများ ရှိနေသေးသည်။

မကြာမီပင် ဝူဧကရာဇ်က ကုန်သွယ်ရေး သတ်မှတ်ချက်များ သဘောတူညီကြောင်း သတင်း မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာသည်။

ထိုသတင်းနှင့်အတူ မြောက်ပိုင်းပြည်နယ်နှင့် ဝူနိုင်ငံတော်တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြီးစီးလုနီးပါး ဖြစ်ခဲ့ပြီး ဓားစာခံ ကိစ္စတစ်ခုသာ ကျန်ရှိတော့သည်။

.....

မြောက်ပိုင်းပြည်နယ်။

နိုင်ငံရေးရာ ခန်းမ။

မင်းသားဝူမင်းသည် လုချန်းကို စိုးရိမ်တကြီး ကြည့်နေသည်။

တကယ်တော့ လုချန်း သူ၏စကားကို တည်မတည် သူလုံးဝ မသေချာပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ဖခင်သည် ကုန်သွယ်ရေး သတ်မှတ်ချက်ကို သဘောတူညီပြီး ဖြစ်သည့်အတွက် မြောက်ပိုင်းနယ်စားမင်းသားက ကတိဖျက်ပြီး နန်းတွင်း ဓားစာခံအဖြစ် ဆက်လက်ထားရှိနိုင်သည်။

ဤအချိန်တွင် မင်းသားဝူမင်းက

“မြောက်ပိုင်းနယ်စားမင်းသား။ အခု ငြိမ်းချမ်းရေး အတွက် သတ်မှတ်ချက်တွေ ဆွေးနွေးပြီးပြီဆိုတော့ ကျွန်တော်တို့ သဘောတူညီချက် စာချုပ်ကို လက်မှတ်ထိုးသင့်ပြီ မဟုတ်လား။”

မင်းသားဝူမင်းက “ သဘောတူညီချက်” ဟု ခေါ်ဆိုသည်မှာ မဟာမိတ်စာချုပ်မဟုတ်ပဲ တကယ်တော့ စစ်လျော်ကြေးစာချုပ်သာ ဖြစ်သည်။ “ သဘောတူညီချက်” ဟူသော ဝေါဟာရကို ပိုမိုသာယာနာပျော်ဖွယ်ဖြစ်စေရန်သာ အသုံးပြုခြင်းဖြစ်သည်။

လုချန်းသည် သူ၏ပလ္လင်ပေါ်တွင် ထိုင်လျက် ပြုံး၍

“ဟုတ်ကဲ့။ ရပါတယ်။”

ထို့နောက် လုချန်းက သူ၏ဘေးရှိ အထူးကိုယ်ရံတော်အား အသင့်ပြင်ဆင်ထား‌သော စာချုပ်ကို ယူလာရန် ညွှန်ကြားလိုက်သည်။

ခဏအကြာတွင် လုချန်းက ခန်းမကြီးထဲတွင် ရပ်နေသော မင်းသားဝူမင်းဘက်သို့ လှည့်ကာ

“မင်းသားဝူမင်။ ထိုင်ပါ”

မင်းသားဝူမင်းနှင့် ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ရက်များစွာ သော ဆွေးနွေးပွဲများအတွင်း အမြဲတမ်း မတ်တပ်ရပ်နေခဲ့ကြရသည်။ သို့သော် ယနေ့တွင်မူ စာချုပ်ကို လက်မှတ်ထိုးရမည် ဖြစ်သောကြောင့် သူတို့ကို ရပ်ခိုင်းထား၍ မသင့်ပေ။ ရပ်နေရင်း စာရေးရန် မဖြစ်နိုင်ပေ။

လုချန်း၏ စကားများ ထွက်ပေါ်လာသည်နှင့် ခန်းမကြီး၏ ဘယ်ဘက်ရှိ မြောက်ပိုင်းပြည်နယ် အရာရှိများက နေရာများကို ချက်ချင်း ဖယ်ပေးလိုက်ကြသည်။ ထို့နောက် မင်းသားဝူမင်းနှင့် ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ဝင်များက သူတို့၏နေရာများကို ဝင်ယူခဲ့ကြသည်။

မကြာမီမှာပင် အထူးကိုယ်ရံတော်များက ကြိုတင်ရေးဆွဲထားသော စာချုပ်နှစ်စောင်ကို လုချန်းနှင့် မင်းသားဝူမင်ထံ အသီးသီး ယူဆောင်လာခဲ့သည်။

ဓားစာခံကဏ္ဍတွင် ဖော်ပြထားသော နာမည်မှာ ဝူကျန်းဝမ် ဖြစ်နေသည်ကို မြင်သောအခါမှ ဝူမင်း နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် မြောက်ပိုင်းနယ်စားမင်းသားသည် သဘောတူညီချက်ကို လိုက်နာပြီး ဝူကျန်းဝမ်ကို မြောက်ပိုင်းပြည်နယ်၌ ဓားစာခံအဖြစ် ခွင့်ပြုခဲ့ခြင်းပင်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် မင်းသားဝူမင်း၏ ကြာမြင့်စွာ ဖိနှိပ်ထားခဲ့ရသော ခံစားချက်များသည် ပြေလျော့သွားပုံရပြီး သူ၏နှုတ်ခမ်းထောင့်များ အလိုအလျောက် အနည်းငယ် ကွေးညွှတ်သွားသည်။

ဤမိန်းမ နောက်ဆုံးတွင် ကစားပွဲမှ ထွက်သွားခဲ့ပြီဖြစ်သည်။

ဝူကျန်းဝမ်အုပ်စု၏ အဓိကပုဂ္ဂိုလ်ဖြစ်သော ချိုင်ကျိလျှံကို ဖြုတ်ချရန်သာ လိုအပ် တော့၏။ ထိုအခါ ဝူကျန်းဝမ်၏ ဝူနိုင်ငံတော် နန်းတွင်း ၌ရှိနေသော သြဇာအာဏာများသည် လုံးဝပျက်စီးသွားမည် ဖြစ်ကာသူမတွင် ပြန်လည်ထူထောင်ရန် အခွင့်အလမ်း လုံးဝမရှိတော့ပေ။

ဤအကြောင်းကို စဉ်းစားရင်း မင်းသားဝူမင်း အလွန်အမင်း ကျေနပ်အားရမှုကို ခံစားရပြီး စာချုပ်၏ ကျန်ရှိသောအချက်အလက်များကို ကြည့်ရှုပြီး ပြဿနာတစ်စုံတစ်ရာ မတွေ့ရှိသောအခါ ချက်ချင်းပင် လက်မှတ်ရေးထိုး၍ တံဆိပ်တုံး ရိုက်နှိပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် လုချန်းက စာလိပ်ကို လက်မှတ်ထိုးရင်း

“မင်းသားဝူမင်း။ ခင်ဗျားပြန်ရောက်တာနဲ့ ဓားစာခံကို ချက်ချင်း ပို့ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

မင်းသားဝူမင်းက ပြုံးလျက်

“စိတ်ချပါ မြောက်ပိုင်းနယ်စားမင်းသား။ တစ်လအတွင်းမှာပဲ ကျွန်တော့်ရဲ့ အစ်မတော် ရန်ခရိုင်ကို ရောက်လာပါလိမ့်မယ်။”

လုချန်းက

“အကောင်းဆုံးပါပဲ။”

စာချုပ်ကို လက်မှတ်ထိုးပြီး လုပ်ထုံးလုပ်နည်းအားလုံး ပြီးစီးသည်နှင့် မင်းသားဝူမင်းသည် ချက်ချင်း ထရပ်ကာ လက်နှစ်ဖက်ကို ယှက်၍

“ဒါဆို ကျွန်တော်တို့ ပြန်ခွင့်ပြုပါ။”

လုချန်းက ပြုံးလျက်

“မင်းသားဝူမင်း။ ခင်ဗျားက မြောက်ပိုင်းပြည်နယ်က အမျိုးသမီးတွေကို အရမ်းသဘောကျပုံရတယ်။ မြောက်ပိုင်းပြည်နယ်မှာ ခဏလောက် နေဖို့ မစဉ်းစားဘူးလား။”

ဝူမင်းက

“မြောက်ပိုင်းနယ်စားမင်းသားရဲ့ ကမ်းလှမ်းမှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဖခင် ဝူဧကရာဇ်ဆီ ပြန်ပြီး အစီရင်ခံရမှာမို့ သိပ်ကြာကြာ နေလို့ မဖြစ်နိုင်ပါဘူး။”

လုချန်းက

“ကောင်းပါပြီ။ ခရီးလမ်း ချောမွေ့ပါစေ။”

လုချန်း စကားဆုံးသည်နှင့် ဝူမင်းလည်း ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ရန်ခရိုင်မှ ချက်ချင်း ထွက်ခွာသွားသည်။

ဝူမင်းသည် ရန်ခရိုင်မှ အမြန်ဆုံး ထွက်သွားချင်နေပြီး မလိုအပ်ဘဲ တစ်စက္ကန့်မှ ပိုမနေချင်ပေ။

စာချုပ်ကို လက်မှတ်ထိုးပြီးနောက် လုချန်း အတွင်းဆောင်သို့ ပြန်လာသည်။ နောက်ရက်များတွင် ကောင်းစွာနားနေရန် သူစီစဉ်ထား၏။ နောက်နှစ်တွင် တောင်ဘက်သို့ ချီတက်ကာ ထီးနန်းကို သိမ်းပိုက်ရန် စီစဉ်နေသည့်အတွက် တစ်နှစ်အတွင်း နောက်ထပ် သားသမီးများ ရရှိရန် မျှော်လင့်နေသည်။

လုချန်း အတွင်းဆောင်သို့ ပြန်ရောက်သောအခါ မုယုံရွှီလည်း လေပြင်းမိုးတိမ်ဆောင်တွင် ရှိနေသည်ကို မြင်ရ၍ အံ့အားသင့်သွားသည်။ မုကျိရွှမ်းနှင့် အခြားသူများက မုယုံရွှီနှင့် စကားပြောနေသည်ကို မြင်သောအခါ လုချန်း ခဏတာမျှ ကြောင်အသွားသည်။

မုယုံရွှီသည် မုကျိရွှမ်းတို့နှင့် ဘယ်တုန်းက ဤမျှ ရင်းနှီးသွားပါသနည်း။

ယခင်က မုယုံရွှီ မင်းသားစံအိမ်သို့ လာရောက်လည်ပတ်တိုင်း အတွင်းဆောင်သို့ ဝင်ရောက်ခဲပြီး အများအားဖြင့် စာကြည့်ခန်းသို့သာ သွားကာ သူ့နှင့် ရင်းနှီးသော ဆက်ဆံရေးများ ပြုလုပ်လေ့ရှိသည်။

ယနေ့တွင်မူ သူမရှိတုန်း မင်းသားစံအိမ်သို့ လာရောက်လည်ပတ်စဉ် အတွင်းဆောင်ထဲသို့ ဝင်လာရုံမက သူ့၏ဇနီးမယားများနှင့်ပါ စကားစမြည် ပြောဆိုနေသည်။

ဤအချိန်တွင် အမျိုးသမီးများ လုချန်း ပြန်ရောက်လာသည်ကို သတိပြုမိကြပြီး ချက်ချင်း ထရပ်ကာ

“မင်းသားကို ဂါရဝပြုပါတယ်။”

လုချန်းက မုယုံရွှီကို ပြုံးပြပြီး

“ဘာကိစ္စရှိပါသလဲ မုယုံမိန်းကလေး။”

မုယုံရွှီ စကားမပြောခင်မှာပင် မုကျိရွှမ်းက ကြားဖြတ်ဝင်ပြီး

“မင်းသားက အပ်ချုပ်သမားတွေကို ဖီးနစ်ဝတ်ရုံ ချုပ်ခိုင်းဖို့ မုယုံမိန်းကလေးကို အကူအညီ တောင်းခဲ့တာ မဟုတ်ပါလား။ မုယုံမိန်းကလေးက အဲ့ဒီကိစ္စ‌ကြောင့် ရောက်လာတာပါ။”

ထိုအခါမှ လုချန်း အခြေအနေကို သဘောပေါက်သွားသည်။

ထို့နောက် ချူးယုချင်က ဇဝေဇဝါဖြစ်စွာဖြင့်

“ချန်းလေး။ ဖီးနစ်ဝတ်ရုံတွေကို ဘာအတွက် ချုပ်ခိုင်းတာလဲ။ ကျူးဧကရီ ဝတ်ဆင်တဲ့ ပုံစံအတိုင်း ချုပ်ခိုင်းတာလို့ ကြားတယ်။”

အမျိုးသမီးများအားလုံးသည် လုချန်းကို စူးစမ်းစွာ ကြည့်နေကြသည်။ ယောက်ျားတစ်ယောက်အနေနှင့် နေပြည်တော်ရှိ ထိုရာထူးကို စိတ်ဝင်စားသည်ဆိုလျှင် နဂါးဝတ်ရုံများကို ကြိုတင်ချုပ်ထားခြင်းက ယုတ္တိရှိမည် ဖြစ်သည်။ အနီရောင် ဖီးနစ်ဝတ်ရုံများကို ချုပ်ခိုင်း၍ ဘာအသုံးဝင်မည်နည်း။

လုချန်းက ညင်သာစွာ ပြုံးလျက်

“ကျွန်တော့် အမျိုးသမီးတွေထဲမှာ အာဏာကို မက်မောပြီး ဧကရီဖြစ်ချင်သူ အတော်များများ ရှိနေတာကို သတိထားမိတယ်။ ဒါကြောင့် သူတို့ကို ဧကရီတစ်ပါး ဖြစ်ရတဲ့ ပျော်ရွှင်မှုကို ခံစားခွင့်ပေးချင်တာပါ။”

ထိုစကားကို ပြောရင်း လုချန်း၏ အကြည့်က ရဲလိနန်ရန်ပေါ်သို့ ကျရောက်သွားရာ သူမ ခဏတာမျှ တွေဝေသွားပြီး ချက်ချင်းပင်

“မင်းသား။ ကျွန်မ အခု‌တော့ မင်းသားအတွက် သားသမီးတွေ မွေးဖွားပေးဖို့ပဲ ဆန္ဒရှိပါတယ်။ အခြားဆန္ဒတွေ မရှိပါဘူး။”

လုချန်းက သူမကို ရည်ညွှန်းနေသည်ဟု ရဲလိနန်ရန် ထင်မှတ်ခဲ့သည်။

လုချန်းက

“နန်ရန်။ မင်း ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို နားလည်မှုလွဲနေပြီ။”

လုချန်း ထပ်မရှင်းပြခင်မှာပင် ဝမ်ချင်းစီက ရယ်မောလိုက်ပြီးနောက်

“မင်းသားပြောတဲ့ ဧကရီအဖြစ် ခံစားရတဲ့ပျော်ရွှင်မှုဆိုတာ အိပ်ရာထဲမှာ အတူတူခံစားရတဲ့အရာမျိုး မဟုတ်လား။”

လုချန်း၏ မျက်လုံးများက ဝမ်ချင်းစီပေါ်သို့ ကျရောက်သွားပြီး စိတ်ထဲမှ ရယ်မောလိုက်သည်။ ထိုကောက်ကျစ်သော မြေခွေးမက နန်းတွင်း ကောင်းကောင်း နားလည်နေသည်ကို တွေ့ရသည်။

ဝမ်ချင်းစီ ထိုသို့ ပြောသည်ကို ကြားသောအခါ အခြားအမျိုးသမီးများ လုချန်း၏ အဓိပ္ပာယ်ကို သဘောပေါက်သွားကြပြီး ပါးပြင်များ နီရဲလာကာ ရှက်ရွံ့မှုနှင့် စိတ်ဝင်စားမှု ရောထွေးနေသော မျက်လုံးများဖြင့် နန်းတွင်း ကြည့်လိုက်ကြသည်။

လုချန်းက ချောင်းဟန့်၍

“ဝူကျန်းဝမ်က ဧကရီဖြစ်ဖို့ကို အရမ်းစိတ်စွဲလမ်းနေတာ။ မြောက်ပိုင်းပြည်နယ်မှာ သူပျော်အောင် သူရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမယ်။ ပြီးတော့ ရွန်ရွန်ကလည်း မင်းသမီးတစ်ပါးပဲ။ သူက အခု လျှို့ဝှက်လဝန်းနန်းတော်မှာ ရှိနေပေမဲ့ ဧကရီဖြစ်ဖို့လည်း အိပ်မက်တွေ ရှိနေတယ်။”

“သူ့ရဲ့ ချစ်သူအနေနှင့် သူရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကူညီပေးရမှာက ကျွန်တော်ရဲ့တာဝန် မဟုတ်ဘူးလား။”

ချူးယုချင်က လုချန်းကို ပြစ်တင်သော အကြည့်ဖြင့် ကြည့်လျက်

“မင်းက သူတို့အတွက် လုပ်နေတာ မဟုတ်ပါဘူး။ မင်းက ကျူးဧကရီကိုပဲ စွဲလမ်းနေတာလို့ ဒေါ်လေးထင်တယ်။ ဒါကြောင့် တခြားသူတွေကို သူ့ရဲ့ ဖီးနစ်ဝတ်ရုံ ဝတ်ခိုင်းပြီး သူ့နေရာမှာ သရုပ်ဆောင်ခိုင်းချင်တာ။”

လုချန်းက

“ဒေါ်လေးချူး။ ကျွန်တော် ကျိန်ပြောပါတယ်။ ကျွန်တော့်မှာ အဲ့ဒီလို ရည်ရွယ်ချက် မရှိပါဘူး။”

ဘေးတွင် ရပ်နေသော ဝမ်ချင်းစီက လိမ္မာပါးနပ်စွာ ပြုံးလျက်

“မင်းသားက သရုပ်ဆောင်ရတာကို ကြိုက်တာပဲလေ။ ကြည့်ပါဦး။ ကလေးတွေတောင် ရနေပြီကို ခုထိ ‘ဒေါ်လေး’ လို့ ခေါ်တုန်းပဲ။”

လုချန်းက နှာခေါင်းရှုံ့ကာ

“ဪ။ ဒါဆို ခင်ဗျားတို့က ကျွန်တော့်ကို စွပ်စွဲဖို့ စုပေါင်းကြံစည်နေတာပေါ့။ဟုတ်လား။”

“ချင်းစီ။ ဒီည မင်း ဒေါ်လေးချူး အခန်းကို လာခဲ့။ မင်းတို့ နှစ်ယောက်လုံးနဲ့ ကောင်းကောင်း စကားပြောဖို့ လိုတယ်။”

ဝမ်ချင်းစီ ဘာမှမပြောနိုင်ခင်မှာပင် ချူးယုချင်က ချက်ချင်း ကန့်ကွက်လိုက်သည်။

“မရဘူး။”

သူမနှင့် ဝမ်ချင်းစီတို့ အမြဲတမ်း ဆက်ဆံရေး မကောင်းခဲ့ကြပေ။ သူမသည် လုချန်း၏ အာရုံစိုက်မှုကို ထိုမြေခွေးမနှင့် ခွဲဝေယူရန် မလိုလားပေ။

ဝမ်ချင်းစီက ပါးစပ်ကို ဖုံး၍ ရယ်မောကာ

“ဒေါ်လေးချူးရဲ့ ဆွဲဆောင်မှုတွေကို ကျွန်မ တကယ်ပဲ ရှုစားချင်ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဒေါ်လေးချူးက သဘောတူမှာ မဟုတ်ဘူး။”

လုချန်းက

“သူ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ အရေးမကြီးဘူး။ ဒီည မင်းလာရမယ်။”

ချူးယုချင်၏ ပါးပြင်များ နီရဲလာပြီး

“ချန်းလေး မင်း။”

ဟု အော်လိုက်သည်။

ထိုအခိုက်အတန့်တွင် အမျိုးသမီး အစေခံတစ်ဦး အဆောင်ဝင်းထဲသို့ ဝင်လာပြီး

“မင်းသား။ ရွှမ်ယွမ် သခင်ကြီးက တွေ့ခွင့်တောင်းနေပါတယ်။”

လုချန်းလည်း သူ၏ဇနီးမယားများနှင့် ချစ်ကြည်နူးသော စကားများ ဆက်လက် ပြောဆိုမနေတော့ပဲ ချက်ချင်းပင် စာကြည့်ခန်းသို့ သွားလိုက်သည်။

.............

အခန်း (၆၁၇)

သူတို့က စတိုက်ဖို့ ပြင်ဆင်နေကြပြီ

လုချန်းသည် အတွင်းဆောင်မှ ထွက်လာပြီး စာကြည့်ခန်းသို့ မရောက်သေးမီ ရွှမ်ယွမ်ချောင်ကဲကို တွေ့မြင်လိုက်သည်။

ရွှမ်ယွမ်ချောင်ကဲ လုချန်းကို မြင်သောအခါ ဦးစွာ ဂါရဝပြုပြီး ချက်ချင်းပင်

“မင်းသား။ မြို့ဟောင်းမှာ အခြေအနေတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။”

ရွှမ်ယွမ်ချောင်ကဲ၏ ရုတ်တရက် ထုတ်ဖော်ပြောဆိုမှုကြောင့် လုချန်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

အခြေအနေတစ်ရပ်လား...

ဘယ်လို အခြေအနေမျိုးလဲ...

ရွှမ်ယွမ်ချောင်ကဲလည်း သူ၏စကားအလွန်ကျယ်ပြန့်လွန်းသည်ကို သဘောပေါက်သွားသဖြင့် ချက်ချင်းပင်

“မြို့ဟောင်းမှာ အင်အားကြီးမားတဲ့ အငွေ့အသက်နှစ်ခုကို ကျွန်တော် မတော်တဆ တွေ့ရှိခဲ့တာပါ။ ဒါကြောင့် အဲ့ဒီကို သွားကြည့်လိုက်တော့ အဆင့်လွန်ပညာရှင်တွေ အများအပြားရှိနေတာကို တွေ့ရတယ်။ အဆင့်လွန်ပညာရှင်ကို ကျော်လွန်တဲ့ အငွေ့အသက်ပိုင်ရှင် နှစ်ဦးတောင် ရှိနေပါတယ်။”

ထိုစကားကို ကြားသောအခါ လုချန်း ခဏခန့် တုန်လှုပ်သွားသည်။

အဆင့်လွန်ပညာရှင်ကို ကျော်လွန်သော အငွေ့အသက်များလား....

စွမ်းအားရှင်တွေလား....

ဒါမှမဟုတ် အရိပ်အယောင် စွမ်းအားရှင်တွေလား.....

လုချန်းက ချက်ချင်းပင်

“သူတို့ရဲ့ စွမ်းအားက ရွှမ်ယွမ်သခင်ကြီးထက် သာလွန်ပါသလား။”

ရွှမ်ယွမ်ချောင်ကဲက

“သူတို့ရဲ့ အငွေ့အသက်တွေက ကျွန်တော်ရဲ့ အငွေ့အသက်ထက် အများကြီး နိမ့်ပါးပါတယ်။”

ဤအချက်တွင် ရွှမ်ယွမ်ချောင်ကဲ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး

“သူတို့မှာ ပါလာတဲ့ အငွေ့အသက်က ပညာရှိကြီး ကျူးကဲ့နဲ့ အရမ်းတူပါတယ်။”

ရွှမ်ယွမ်ချောင်ကဲထံမှ ထိုစကားကို ကြားသောအခါ လုချန်းသည် ရုတ်တရက် လူနှစ်ဦးကို သတိရသွားပြီး စဉ်းစားဟန်ဖြင့်

“ဒါဆို ဒီနှစ်ယောက်က အရိပ်အယောင် ကောင်းကင်လူသားတွေပေါ့။”

ရွှမ်ယွမ်ချောင်ကဲက

“ဖြစ်နိုင်ခြေ အရမ်းများပါတယ်။ ဒီနှစ်ယောက်ရဲ့နောက်ကွယ်မှာ တကယ့် စွမ်းအားရှင်တစ်ဦး ရှိနေနိုင်တယ်လို့ စိုးရိမ်မိလို့ မင်းသားဆီ အရင်ပြန်လာပြီး သတင်းပို့တာပါ။”

ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာပြီးနောက် ရွှမ်ယွမ်ချောင်ကဲသည် ကောင်းကင်နှင့် သိမ်မွေ့စွာ ဆက်သွယ်နိုင်ပြီး သူ၏ အငွေ့အသက်ကို ပတ်ဝန်းကျင်နှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်သည့်အတွက် သူ၏ တကယ့်အဆင့်ကို တခြားသူများက သိရှိရန် မဖြစ်နိုင်တော့ပေ။

သူ၏အမြင်အရ အခြားသော စွမ်းအားရှင်များလည်း ဤစွမ်းရည်ကို ပိုင်ဆိုင်ထားနိုင်သည်ဟု ယူဆသည်။ ထို့ကြောင့် ဤအရိပ်အယောင် စွမ်းအားရှင်နှစ်ဦး၏ နောက်ကွယ်တွင် တကယ့် စွမ်းအားရှင် ရှိမရှိကို သူ မသေချာပေ။ ထို့ကြောင့် သူ ရဲရဲတင်းတင်း လုပ်ဆောင်ခြင်းမပြုပဲ အခြေအနေကို လုချန်းအား ဦးစွာ သတင်းပို့ရန် ရွေးချယ်ခဲ့သည်။

ရွှမ်ယွမ်ချောင်ကဲ၏ စကားများကို ကြားသောအခါ လုချန်း အတွေးထဲနစ်မြောသွားပြီး အတန်ကြာမှ

“ဒီနှစ်ယောက် ဘယ်သူဖြစ်နိုင်တယ်ဆိုတာ ကျွန်တော် စဉ်းစားမိပါပြီ။”

ထို့နောက် လုချန်းက

“နောက်မှ အထူးကိုယ်ရံတော်တွေနှင့် ပူးပေါင်းပြီး မြို့ဟောင်းမှာ သူတို့ရဲ့ အချက်အလက်တွေကို စုံစမ်းပါ။ သူတို့ရဲ့ အချက်အလက်တွေ အတည်ပြုပြီးတာနဲ့ ဘာမှ မလုပ်ပါနဲ့ဦး။ ကျွန်တော့်ဆီ အရင်ပြန်လာပြီး သတင်းပို့ပါ။”

လုချန်းတွင် စနစ်တစ်ခုရှိပြီး ထိုသူများ၏ အချက်အလက်များကို အတည်ပြုရန်မှာ အမှန်တကယ်ပင် ရိုးရှင်းလှသည်။ မြို့ဟောင်းတွင် လမ်းလျှောက်ရုံဖြင့် သူတို့ကို အတည်ပြုနိုင်သည်။

သို့သော် ထိုသို့ပြုလုပ်ပါက သူကို သတိထားမိနိုင်သောကြောင့် ရွှမ်ယွမ်ချောင်ကဲနှင့် လျှံဇွန်းတို့အား ထိုသူများ၏ အချက်အလက်များကို အတည်ပြုခိုင်းရန် စီစဉ်ခဲ့သည်။

ထို့နောက် လုချန်းက တံခါးဝရှိ အစေခံအား

“တပ်မှူးလျှံကို သွားခေါ်လိုက်ပါ။”

စကားပြောနေရင်း လုချန်းတို့ စာကြည့်ခန်းဘက်သို့ လျှောက်သွားရင်း

“ကျွန်တော့်နဲ့အတူ စာကြည့်ခန်းကို လိုက်ခဲ့ပါဦး။ တပ်မှူးလျှံကို အဲ့ဒီမှာ စောင့်ကြတာ‌ပေါ့။”

ထို့နောက် လုချန်းနှင့် ရွှမ်ယွမ်ချောင်ကဲတို့ စာကြည့်ခန်းသို့ သွားကာ လျှံဇွန်းကို စောင့်ဆိုင်းခဲ့သည်။

ခဏအကြာတွင် လျှံဇွန်းသည် စာကြည့်ခန်းသို့ အလျင်အမြန် ရောက်ရှိလာပြီး ရွှမ်ယွမ်ချောင်ကဲလည်း ထိုနေရာတွင် ရှိနေသည်ကို မြင်သောအခါ လုချန်းက နန်းတွင်း မည်သည့်ကိစ္စပြောလိုသည်ကို သိလိုစိတ် ပြင်းပြလာခဲ့သည်။

“မင်းသားကို ဂါရဝပြုပါတယ်။”

လုချန်းက

“မြို့ဟောင်းမှာ အရိပ်အယောင် စွမ်းအားရှင်နှစ်ဦးရဲ့ အငွေ့အသက်တွေကို တွေ့ရှိထားပါတယ်။ ခင်ဗျားတို့က သခင်ကြီး ရွှမ်ယွမ်နဲ့ ပူးပေါင်းပြီး မြို့ဟောင်းက အခြေအနေကို စုံစမ်းပါ။ လေးမျက်နှာတောင်နဲ့ လေငြိမ်တောင်က လူတွေ ရောက်လာပြီလားဆိုတာ ရှာဖွေပါ။”

ထိုစကားကို ကြားသောအခါ လျှံဇွန်း အံ့အားသင့်သွားသည်။

နေပြည်တော်ရှိ အထူးကိုယ်ရံတော်များက ထိုအဖိုးအိုနှစ်ဦး နေထိုင်သည့်နေရာကို အနီးကပ် စောင့်ကြည့်နေခဲ့ကြ၏။ သို့သော် သူတို့ နေပြည်တော်မှ ထွက်ခွာသွားသည်ကို သတိမထားမိခဲ့ပေ။

သူတို့သာ နေပြည်တော်မှ ထွက်ခွာသွားခဲ့လျှင် အထူးကိုယ်ရံတော်များထံမှ ထောက်လှမ်းရေးသတင်းများ ရန်ခရိုင်သို့ အစောကြီးကတည်းက ရောက်ရှိနေသင့်သည်။ အခုလို ဘာသတင်းမှ မရပဲ မဖြစ်နေသင့်ပေ။

ထိုစဉ် လျှံဇွန်း ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ လွန်ခဲ့သော ကာလအချို့က နေပြည်တော်မှ ရန်ခရိုင်သို့ စီးပွားရေးလာရောက်လုပ်ကိုင်သူ အရေအတွက် ရုတ်တရက် တိုးလာကြောင်း အထူးကိုယ်ရံ တော်တစ်ဦး နန်းတွင်း သတင်းပို့ခဲ့ဖူးသည်။ ထိုစဉ်က သူလည်း အကြမ်းဖျင်း စုံစမ်းမှုသာ ပြုလုပ်ခဲ့သည်။

ယခု ပြန်လည်စဉ်းစားကြည့်သောအခါ အခြားသူများသည် ရန်ခရိုင်သို့ ဝင်ရောက်လိုပါက ကုန်သည်အဖွဲ့အစည်းအဖြစ် ဟန်ဆောင်လာကြမည်ဖြစ်သည်။ မြို့သစ်သို့ တိုက်ရိုက်မလာဘဲ မြို့ဟောင်းသို့သာ သွားခြင်းက အလွန်လိမ္မာပါးနပ်သော အပြုအမူ တစ်ခုလည်းဖြစ်သည်။

အသစ်တည်ထားသောမြို့တွင် စစ်ဆေးမှုများသည် အလွန်တင်းကျပ်ပြီး လူအုပ်ထဲတွင် အထူးကိုယ်ရံတော်များ ရှိနေတတ်သည်။ မြို့ဟောင်းတွင်လည်း အချို့သော စစ်သည်များ လှည့်လည်စောင့်ရှောက်နေသော်လည်း ထိုစစ်သည်များသည် ထိုမျှလောက် တင်းကျပ်ခြင်း မရှိပေ။ အကြမ်းဖက်မှုများ သို့မဟုတ် လူသတ်မှုများ မဖြစ်ပွားသရွေ့ မြို့ဟောင်းရှိ စစ်သည်များသည် အများအားဖြင့် အရေးမကြီးဟု သဘောထားကြသည်။

ထို့နောက် လျှံဇွန်းက

“ကျွန်တော် လူအချို့ကို ခေါ်ပြီး သခင်ကြီးရွှမ်ယွမ်နဲ့ အတူ မြို့ဟောင်းကို ချက်ချင်း လိုက်သွားပါ့မယ်။”

လုချန်းက

“သတိထားပြီးသွားပါ။ သူတို့ကို လန့်မသွားပါစေနဲ့။”

လျှံဇွန်းက ချက်ချင်း ဦးညွှတ်ပြီး

“နားလည်ပါပြီ”

ထို့နောက် ရွှမ်ယွမ်ချောင်ကဲနှင့် လျှံဇွန်းတို့ မြို့ဟောင်းသို့ ထွက်ခွာသွားကြသည်။ မြို့ဟောင်းနားသို့ ရောက်လာသောအခါ ကုန်သည်များအဖြစ် ရုပ်ဖျက်ကာ မြို့ဟောင်းသို့ ဝင်ရောက်ခဲ့ကြသည်။

နောက်နှစ်ရက်အတွင်းတွင် ရွှမ်ယွမ်ချောင်ကဲနှင့် အထူးကိုယ်ရံတော်များသည် ထိုနှစ်ဦးနှင့် ပတ်သက်သည့် အချက်အလက်များကို လျှို့ဝှက် စုဆောင်းရန် နည်းလမ်းများကို စဉ်းစားခဲ့ကြသည်။ ကုန်သည်များအဖြစ် ဟန်ဆောင်ကာ မြို့ဟောင်းရှိ လုပ်ငန်းအချို့နှင့် အရောင်းအဝယ်ပြုလုပ်ရင်း သူတို့၏ စကားဝိုင်းများမှတစ်ဆင့် သွယ်ဝိုက် စုံစမ်းခဲ့ကြသည်။

လေးမျက်နှာတောင်နှင့် လေငြိမ်တောင်မှ တပည့်များသည် ဟန်ဆောင်ရာတွင် အထူးကျွမ်းကျင်ကြသည်။ သူတို့သည် တည်းခိုခန်း၌ အချိန်တိုင်း မနေကြပေ။ ကုန်ကူးရန် ရောက်ရှိလာသူများအနေနှင့် တည်းခိုခန်းတွင်သာ နေပြီး ဘာလုပ်ငန်းမှ မလုပ်ပဲ နေထိုင်ခြင်းက ယုတ္တိမရှိသောကြောင့် ဖြစ်သည်။

သံသယ အဝင်မခံရစေရန်အတွက် လေငြိမ်တောင်နှင့် လေးမျက်နှာတောင်မှ တပည့်များသည် မြို့ဟောင်းတွင် အရက်ဆိုင်တစ်ဆိုင်ကိုပင် ဖွင့်လှစ်ခဲ့ကြသည်။

သူ၏ အငွေ့အသက်ကို ဖုံးကွယ်၍

အရိပ်အယောင် စွမ်းအားရှင်နှစ်ဦးနားသို့ ရွှမ်ယွမ်ချောင်ကဲ ချဉ်းကပ်နိုင်ခဲ့သည်။ သိုသော် သူတို့သည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နှင့် ပတ်သက်၍ မည်သည့်စကားမှ ပြောဆိုခြင်း မရှိကြသည်ကို တွေ့ရှိရသည်။ သူတို့၏ နေ့စဉ်စကားဝိုင်းများသည် မြောက်ပိုင်းပြည်နယ်မှ ထုတ်ကုန်များ မည်မျှ ကောင်းမွန်ကြောင်း သို့မဟုတ် အရက်အရသာ မည်မျှကောင်းကြောင်း စသည့် အကြောင်းအရာများသာ ဖြစ်၏။ တကယ့် ကုန်သည်များဖြစ်သည်ဟု ထင်ရသည့်အထိ ကောင်းစွာ ရုပ်ဖျက်ထားကြသည်။

ထိုအဖိုးအိုနှစ်ဦး၏ စကားများက ရွှမ်ယွမ်ချောင်ကဲကိုပင် သူ၏ အငွေ့အသက် သတိပြုခံလိုက်ရပြီလားဟု သံသယဖြစ်စေခဲ့သည်။

နှစ်ရက်ကြာသည်အထိ အထူးကိုယ်ရံတော်များထံမှ သတင်းမရရှိသောအခါ လုချန်း စိုးရိမ်သွားခဲ့သည်။

ထိုသူများ၏ အချက်အလက်များကို အတည်ပြုရုံသက်သက်သာ မဟုတ်လား။ ဘာလို့ နှစ်ရက်ကြာသည်အထိ အတည်မပြုနိုင်ရတာလဲ။

လုချန်းက တံခါးဝရှိ အစေခံမလေးအား

“ရှောင်ရို့။ အထူးကိုယ်ရံတော်တစ်ယောက်ကို သွားခေါ်ချေ။”

အစေခံမလေး ထွက်ခါနီးတွင် လျှံဇွန်း အဆောင်ဝင်းထဲသို့ ဝင်လာပြီး

“မင်းသား။ တပ်မှူးလျှံက တွေ့ခွင့်တောင်းနေပါတယ်။”

လုချန်းက ချက်ချင်း

“ရှောင်ရို့။ မင်း သွားစရာမလို‌တော့ဘူး”

“ဟုတ်ကဲ့ မင်းသား။”

နောက်တစ်ခဏတွင် လျှံဇွန်း စာကြည့်ခန်းသို့ ဝင်လာသည်။ လျှံဇွန်း ဦးညွှတ်ခါနီးတွင် လုချန်းက

“သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အတည်ပြုဖို့ ဘာလို့ နှစ်ရက်ကြာခဲ့တာလဲ။”

လုချန်း အနည်းငယ် ဒေါသထွက်နေပုံရသည်ကို မြင်သောအခါ လျှံဇွန်းက အလျင်အမြန် ရှင်းပြလိုက်သည်။

“မင်းသား။သူတို့က အရမ်း ဟန်ဆောင်ကောင်းပါတယ်။ သူတို့က လေးမျက်နှာတောင်နဲ့ လေငြိမ်တောင် တပည့်တွေရဲ့ ဝတ်စုံကို မဝတ်ဆင်သလို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နဲ့ ပတ်သက်တဲ့ ‌အကြောင်းအရာကို ဘယ်တော့မှ မပြောပါဘူး။ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို လုံးဝဖော်ထုတ်လို့ မရပါဘူး။”

ထိုစကားကို ကြားသောအခါ လုချန်း မျက်မှောင်ကြုတ်သွားပြီး

“ဒါဆို သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အတည်မပြုရသေးဘူးလား။”

လျှံဇွန်းက

“အတည်ပြုပြီးပါပြီ။ မနေ့ညက သူတို့ရဲ့ တပည့်တစ်ဦးဟာ ပြည့်တန်ဆာအိမ်ကို သွားရင်း အရက်မူးပြီး ရန်ဖြစ်ခဲ့ပါတယ်။ သူ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ပဲ လေငြိမ်တောင်က သိုင်းပညာကို သုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။”

လုချန်းစိတ်ထဲ မေးခွန်းများ ပြည့်နှက်သွားသည်။ သူတို့က ဒီလောက်ကောင်းကောင်း ဖုံးကွယ်ထားပေမဲ့ တပည့်တစ်ဦးက ပြည့်တန်ဆာအိမ်ကို သွားခဲ့လို့ ပေါ်သွားခဲ့တာလား....

ဒါက မတော်တဆမှု သက်သက်လား။

ထိုအချိန်တွင် အစေခံမလေး၏ အသံ တံခါးဝမှ ထပ်မံထွက်ပေါ်လာသည်။

“မင်းသား။ ရွှမ်ယွမ်သခင်ကြီးက တွေ့ခွင့်တောင်းနေပါတယ်။”

“ခွင့်ပြလိုက်ပါ။”

ချက်ချင်းပင် ရွှမ်ယွမ်ချောင်ကဲ စာကြည့်ခန်းသို့ ဝင်လာသည်။

“ဂါရဝပြုပါတယ်။ မင်းသား။”

လုချန်းက ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်သည်။

ရွှမ်ယွမ်ချောင်ကဲက

“မင်းသား။ အရိပ်အယောင် စွမ်းအားရှင်နှစ်ဦးက တော်တော်ကောင်းကောင်းမွန်မွန်ကို ဟန်‌ဆောင်ထားပါတယ်။ သူတို့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နဲ့ ပတ်သက်ပြီး ဘာမှ ပြောတာ မတွေ့ခဲ့ပါဘူး။”

ခဏတာမျှ စဉ်းစားပြီးနောက် လုချန်းက တံခါးဝရှိ အစေခံမလေးအား

“ရှောင်ရို့။ ပညာရှိကြီးကို ဒီကို ခေါ်လိုက်ပါ။”

“ဟုတ်ကဲ့ မင်းသား။”

ခဏအကြာတွင် ကျူးကဲ့ကျုံကောင်းလည်း စာကြည့်ခန်းသို့ ရောက်ရှိလာသည်။

“ဂါရဝပြုပါတယ် မင်းသား။”

လုချန်းက ချက်ချင်းပင်

“မြို့ဟောင်းမှာ အရိပ်အယောင် စွမ်းအားရှင်နှစ်ဦး ပေါ်လာပါတယ်။ သူတို့က လေငြိမ်တောင်နဲ့ လေးမျက်နှာတောင်က အကြီးအကဲတွေလို့ သံသယရှိပါတယ်။ ဒီကိစ္စကို ဘယ်လိုလုပ်သင့်တယ်လို့ ပညာရှိကြီး ထင်ပါသလဲ။”

ကျူးကဲ့ကျုံကောင်း အံ့အားသင့်သွားပြီး

“မင်းသား သူတို့ရဲ့ အချက်အလက်တွေ အတည်ပြုပြီးပြီလား။”

လုချန်းက

“မသေချာသေးပါဘူး။သူတို့က ကောင်းကောင်း ဖုံးကွယ်ထားပါတယ်။ ကျွန်တော် တပ်မှူးလျှံနဲ့ သခင်ကြီး ရွှမ်ယွမ်ကို စုံစမ်းခိုင်းတာ သူတို့တောင် သဲလွန်စ အချို့ကိုပဲ ရှာတွေ့ခဲ့ပါတယ်။”

ကျူးကဲ့ကျုံကောင်းက လျှံဇွန်းကို လှည့်ကြည့်ပြီး

“တပ်မှူးလျှံ သူတို့ရဲ့ အချက်အလက်တွေကို ဘယ်လို စစ်ဆေးတွေရှိခဲ့ပါသလဲ။”

လျှံဇွန်းက

“သူတို့ရဲ့ တပည့်တစ်ယောက်က ပြည့်တန်ဆာအိမ်ကို သွားပြီး အရက်သောက်ခဲ့ပါတယ်။ သူ အရက်မူးလာတော့ ရန်ဖြစ်ပြီး လေငြိမ်တောင်က သိုင်းပညာကို သုံးခဲ့ပါတယ်။”

လျှံဇွန်း၏ အဖြေကို နားထောင်ပြီးနောက် ကျူးကဲ့ကျုံကောင်းက သူ့မုတ်ဆိတ်ကို ပွတ်သပ်ရင်း ခဏခန့် စဉ်းစားပြီးမှ လုချန်းအား

“မင်းသား။ သူတို့လူတွေက သူတို့ သတိထားခံရပြီဆိုတာ သိပုံရပါတယ်။ သူတို့က မင်းသားကို တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတာ ဖြစ်နိုင်ပါတယ်။”

.............

အခန်း (၆၁၈)

ပြန်လာမှာကို စောင့်နေမယ်

ကျူးကဲ့ကျုံကောင်း၏ စကားကို ကြားသောအခါ စာကြည့်ခန်းရှိ ကျန်သူများ ခဏတာမျှ မှင်တက်သွားကြသည်။ လုချန်း သတိပြန်ဝင်လာပြီး

“ပညာရှိကြီး ဘာကြောင့် ဒီလို ထင်တာလဲ။”

ကျူးကဲ့ကျုံကောင်းက

“ရွှမ်ယွမ် သခင်ကြီးက သူ့ရဲ့ တည်ရှိမှုကို ဖုံးကွယ်ထားနိုင်ပေမဲ့ တပ်မှူးလျှံကတော့ မတူပါဘူး။ တပ်မှူးလျှံဆီက အငွေ့အသက်က အရမ်းပြင်းထန်ပါတယ်။ သူ ရုပ်ဖျက်ထားလို့ သူဘယ်သူဆိုတာ မမှတ်မိနိုင်ရင်တောင် သူက ထိပ်သီးပညာရှင်တစ်ဦးဆိုတာကို သူ့ရဲ့ အငွေ့အသက်ကနေ သိနိုင်ပါတယ်။”

“သူတို့က သူတို့ကိုယ်သူတို့ သေသေချာချာ ဟန်ဆောင်ဖုံးကွယ်ထားပေမဲ့ တပည့်တစ်ဦးကြောင့် ဘာမဟုတ်တဲ့ ကိစ္စနဲ့ သဲလွန်စပေါ်သွားတယ်။ ဒါက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က သူတို့ကို စုံစမ်းနေတယ်ဆိုတာ သူတို့ သိသွားလို့ တမင်သက်သက်လုပ်တာ ဖြစ်နိုင်ပါတယ်။ ဒီဘက်ကလူတွေကို မြို့ဟောင်းဘက် မြှားခေါ်ပြီး ရှင်းပစ်ဖို့ပါ။”

“သူတို့က တောင်ပေါ်က ကျားတောပြောင်း ဗျူဟာကို သုံးပြီး မြို့သစ်က သိုင်းပညာရှင်တွေကို မြို့ဟောင်းဆီ မျှားခေါ်ပြီး တစ်ချိန်တည်းမှာပဲ မြို့သစ်ထဲ ဝင်လာပြီး မင်းသားစံအိမ်ကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။”

ကျူးကဲ့ကျုံကောင်း၏ ရှင်းပြချက်ကို ကြားသောအခါ လုချန်း သဘောပေါက်သွားသည်။ ဤသူများသည် အလွန်ပိပိရိရိ ဖုံးကွယ်ထားပါလျက် အဘယ်ကြောင့် သူတို့၏ တပည့်များကို ပြည့်တန်ဆာအိမ်သို့ သွား၍ အရက်သောက်ခွင့်ပြုကာ သူတို့ဂိုဏ်း၏ပညာကို အသုံးပြု၍ တိုက်ခိုက်ခွင့်ပြုမည်နည်း။

ထို့ကြောင့် သူတို့သည် ရည်ရွယ်ချက်ရှိရှိ သူတို့၏ တည်ရှိမှုကို ဖော်ထုတ်နေခြင်း ဖြစ်သည်။

ထိုသို့ဆိုလျှင် ထိုသူများသည် သူ့အား လုပ်ကြံရန် အစီအစဉ်ရှိ နေပြီလား။

ဟုတ်ပါသည်။ တိုက်ဆိုင်မှုလည်း ဖြစ်နိုင်သည်။ သို့သော် ကျူးကဲ့ကျုံကောင်း ပြောသည်က ပိုပြီး ဖြစ်နိုင်ခြေရှိပုံရသည်။

ခဏခန့် စဉ်းစားပြီးနောက် လုချန်းက ဆက်မေးလိုက်သည်။

“ဒါဆို ပညာရှိကြီးက ဘာလုပ်သင့်တယ်လို့ ထင်ပါသလဲ။”

ကျူးကဲ့ကျုံကောင်းက

“လေငြိမ်တောင်နဲ့ လေးမျက်နှာတောင်က မင်းသားကို တကယ်ပဲ ပစ်မှတ်ထားနေတယ်ဆိုရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က လူတွေ စေလွှတ်ပြီး သူတို့ကို ဝိုင်းရံလိုက်တာနဲ့ မြို့ဟောင်းမှာ တစ်ယောက်ယောက်က အချိန်ဆွဲထားပြီး တခြားတစ်ယောက်က လူတွေခေါ်လာပြီး မြို့သစ်က မင်းသားစံအိမ်ကို တိုက်ခိုက်ပါလိမ့်မယ်။”

“ဒါကြောင့် မင်းသားက ကျွန်တော့်ကို မြို့ဟောင်း စေလွှတ်ပြီး စုံစမ်းခွင့်ပြုသင့်ပါတယ်။ တစ်ချိန်တည်းမှာ မင်းသားနဲ့ ရွှမ်ယွမ်သခင်ကြီးကတော့ မြို့သစ်မှာ သူတို့ကို စောင့်နေသင့်ပါတယ်။”

ထိုစကားကို ကြားပြီးနောက် လုချန်း ခဏမျှ စဉ်းစားပြီး

“ကောင်းပါပြီ။ အဲ့ဒီလိုပဲ လုပ်ကြပါစို့။”

“ဒီညပဲ စတင်လှုပ်ရှားကြမယ်။”

လုချန်းသည် သူ၏လုံခြုံရေးကို အဆက်မပြတ်ခြိမ်းခြောက်နေသူများကို မလိုလားပေ။ သူ့တွင် အရိပ်အ‌ယောင် ကောင်းပင်လူသား စွမ်းအားရှင်၏ စွမ်းအားရှိသော်လည်း သူ၏ ဇနီးများမှာမူ ထိုမျှ စွမ်းအားမရှိကြပေ။

တစ်နေ့နေ့တွင် ထိုသူများက သူ၏ဇနီးမယားများကို တိုက်ခိုက်ပါက ထိခိုက်ဒဏ်ရာရနိုင်ခြေ မြင့်မားသောကြောင့် ခြိမ်းခြောက်မှုကို ကြိုတင်ဖယ်ရှားခြင်းက အကောင်းဆုံးဖြစ်သည်။

ထို့နောက် လုချန်းနှင့် ရွှမ်ယွမ်ချောင်ကဲတို့ အစီအစဉ်များကို စတင်ရေးဆွဲကြသည်။

......

နေဝင်ချိန်။

ညစာ စားနေစဉ် လုချန်းသည် စားပွဲ၌ ထိုင်နေသော ဝမ်ချင်းစီအား ရုတ်တရက်

“ချင်းစီ။ ဒီည ကိုယ်အပြင်သွားဖို့ လိုတယ်။ ဒါကြောင့် မင်း ဒေါ်လေးချူး အခန်းကို သွားစရာမလိုတော့ဘူး။”

ထိုစကားကို ကြားသောအခါ စားပွဲရှိ အမျိုးသမီးများအားလုံး အံ့အားသင့်သွားကြသည်။

အပြင်ထွက်မှာလား...

ပြီးတော့ ညဘက်လား...

ညဘက် ဘာအတွက် အပြင်ထွက်မှာလဲ....

လုချန်း ညဘက် အပြင်ထွက်ခဲလှသည်။ သူ အတွင်းဆောင်တွင် မရှိလျှင်ပင် စာကြည့်ခန်းတွင် ရှိနေမည်မှာ သေချာသည်။

တစ်ခုခု ဖြစ်နေတာလား....

သို့မဟုတ် လုချန်းက ချစ်သူတစ်ဦးနှင့် လျှို့ဝှက်တွေ့ဆုံရန် အပြင်ထွက်မှာလား...

လုချန်း ယခင်က ထိုကဲ့သို့သော အပြုအမူမျိုးကို ပြုလုပ်ဖူးသည်။ ညအချိန်တွင် အပြင်သို့ ထွက်ခွာသွားပြီး တစ်နေကုန် မပြန်ပဲနေကာ သူ၏ဇနီးများကို အလွန်အမင်း စိုးရိမ်စေခဲ့သည်။ နောက်ပိုင်းတွင် သူသည် ချန်ဝမ်ရွန်နှင့် တွေ့ဆုံရန် လျှို့ဝှက်ထွက်ခွာခဲ့ကြောင်း သိရှိခဲ့ရသည်။

ထိုအချိန်တွင် ဝမ်ချင်းစီက ပြုံးလျက်

“မင်းသား ဒီတစ်ခါ ဘယ်သူ့အလှက မင်းသားကို မျက်စိကျသွားစေတာလဲ။”

လုချန်းက ပြုံးပြီး

“ရက်အနည်းငယ်အတွင်း သိရပါလိမ့်မယ်။”

ဒီည ဘာလုပ်မည်ကို လုချန်း သူတို့ကို မပြောပြခဲ့ပေ။ သူတို့ စိုးရိမ်မည်ကို မလိုလားပေ။ ဝမ်ချင်းစီက နားလည်မှုလွဲနေသောကြောင့် ဆက်လက် နားလည်မှုလွဲခိုင်းလိုက်သည်။ သို့မှသာ သူတို့ မစိုးရိမ်မည် ဖြစ်သည်။

လုပ်ကြံသူများသည် ယခင်က မင်းသားစံအိမ်သို့ လာရောက်ခဲ့ဖူးသည်။ ဤတစ်ကြိမ်တွင် လုချန်းက လုပ်ကြံသူများကို မြို့ပြင်၌ ရှင်းလင်းရန် ရည်ရွယ်ထားသောကြောင့် သူ၏ဇနီးမယားများနှင့် ကလေးများကို ထိတ်လန့်စေတော့မည် မဟုတ်ပေ။

လုချန်း ထိုသို့ ပြောလိုက်သော်လည်း ချူးယုချင်ကတော့ တစ်ခုခု မှားယွင်းနေသည်ကို ရှင်းလင်းစွာ ခံစားမိသည်။ လုချန်းသည် အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံရန် အပြင်ထွက်မည့်ပုံ မရပေ။ သူ့တွင် အရေးကြီး ကိစ္စတစ်ခုခု ရှိပုံရသည်။

ယနေ့ည အရေးကြီးသော ကိစ္စတစ်ခု ဖြစ်ပေါ်လာမည်ဟု သူမ ခန့်မှန်းထားသော်လည်း ချူးယုချင် တိုက်ရိုက်မမေးခဲ့ပေ။ သူမက

“ချန်းလေး။ စောစောပြန်လာဖို့ မမေ့ပါနဲ့”

လုချန်းက ပေါ့ပေါ့ပါးပါးပင်

“ကောင်းပါပြီ။ မနက်အစောကြီး ပြန်လာပါ့မယ်။”

ထို့နောက် လူတိုင်း ဆက်လက် ထမင်းစားခဲ့ကြသည်။

ညစာစားပြီးနောက် လုချန်း ရေချိုးပြီး လုပ်ကြံသူများ၏ လက်ထဲမှ ရရှိခဲ့ဖူးသော ရွှေချည်ထိုး သံချပ်ကာကို ဝတ်ဆင်ခဲ့သည်။ ထို့နောက် မြို့သစ်ရှိ စစ်တပ်စခန်းသို့ သွားရန် ပြင်ဆင်ခဲ့သည်။

လုချန်း စံအိမ်တံခါးဝသို့ ရောက်ချိန်တွင် လှပသော အမျိုးသမီးတစ်ဦး၏ပုံရိပ်ကို သတိပြုမိသည်။ ချူးယုချင်သည် မီးပုံးအောက်တွင် ရပ်လျက် နန်းတွင်း စောင့်ဆိုင်းနေပုံရသည်။

စံအိမ်တံခါးဝရှိ ချူးယုချင်ကို မြင်သောအခါ လုချန်းက

“ဒေါ်လေးချူး ဘာလို့ ဒီမှာ ရပ်နေတာလဲ။”

ချူးယုချင်က တိုက်ရိုက်ပင်

“ချန်းလေး။ တစ်ခုခု ဖြစ်နေတာလား။”

လုချန်းလည်း ချူးယုချင်ကို ဆက်လက် လျှို့ဝှက်ထားရန် မရည်ရွယ်တော့ပဲ

“ရန်ခရိုင်ကို လုပ်ကြံသူတွေ ရောက်လာတယ်။ သူတို့ကို မြို့ပြင်မှာ ရှင်းပစ်ဖို့ စီစဉ်ထားတယ်”

“ထင်သားပဲ။”

အကြောင်းပြချက်ကောင်းကောင်း မရှိပဲ လုချန်း ညဘက် မင်းသားစံအိမ်မှ ထွက်ခွာမည် မဟုတ်ကြောင်း သူမ သိခဲ့သည်။

ထို့နောက် ချူးယုချင်က

“သတိထားပါ။ မင်းကို ဒေါ်လေးစောင့်နေပါ့မယ်။”

သူမ ထပ်မမေးတော့ပေ။ လုချန်း ဘာလုပ်ရန် အပြင်ထွက်သည်ကို သိရုံနှင့် လုံလောက်ပြီဖြစ်သည်။

ထို့နောက် လုချန်းက

“ဒေါ်လေးချူး။ ဒီည မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို စောင့်ရှောက်ဖို့ ဒေါ်လေးကို ပဲ အားကိုးရတော့မယ်။”

ချူးယုချင်အား ယနေ့ည၏ အစီအစဉ်များကို ပြောပြရခြင်း၏ အဓိကအကြောင်းရင်းမှာ သူမအား သတိထားစေလိုသောကြောင့် ဖြစ်သည်။ လုပ်ကြံသူများကို အလွယ်တကူ ဖြေရှင်းနိုင်မည်ဟု သူယုံကြည်သော်လည်း အချို့သော လုပ်ကြံသူများ လွတ်မြောက်သွားပြီး မြောက်ပိုင်းနယ်စားမင်းသား စံအိမ်ကို လျှို့ဝှက်တိုက်ခိုက်နိုင်ခြေလည်း ရှိသည်။

ယခုအခါ ချူးယုချင်သည် အဆင့်လွန်ပညာရှင် ဖြစ်နေပြီ ဖြစ်သဖြင့် သူမအား မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ယုံကြည်စိတ်ချစွာ အပ်ထားနိုင်သည်။ သူမရှိနေသဖြင့် လုချန်း အနည်းငယ် စိတ်အေးနိုင်သည်။

အနည်းငယ် ပြုံးလျက် ချူးယုချင်က

“စိတ်မပူပါနဲ့။ ဒေါ်လေး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ကာကွယ်ပေးပါ့မယ်။”

ထို့နောက် လုချန်းလည်း မင်းသားစံအိမ်မှ ထွက်ခွာသွားတော့သည်။

ရန်ခရိုင်၏ ညအချိန်သည် စည်ကားလှသည်။ ညမထွက်ရအမိန့် မရှိသဖြင့် လူများနှင့် မြင်းရထားများ ဥဒဟို သွားလာနေကြသည်။

ထိုစဉ် မြို့ပြင်စစ်တပ်စခန်းမှ စစ်သည်တစ်စု မြင်းစီးလျက် မြို့ဟောင်းဆီသို့ ဦးတည်ထွက်ခွာလာသည်။

.......

ရန်ခရိုင်။

မြို့ဟောင်း။

အရက်ဆိုင်တစ်ဆိုင်အတွင်း၌။

လေးမျက်နှာ ဂိုဏ်းချုပ်နှင့် တာအိုရသေ့တို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

လေးမျက်နှာ ဂိုဏ်းချုပ်က

“သူတို့ ဒီထောင်ချောက်ကို တကယ်ပဲ တိုးဝင်လာမှာ သေချာလား ”

တာအိုရသေ့က သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း ပြုံးလျက်

“သူတို့က လူတွေ စေလွှတ်ပြီး စုံစမ်းနေပြီဆိုတော့ ကျုပ်တို့ရောက်လာတာကို သိနေပြီဆိုတာ ပြ‌နေတာပဲ။ သူတို့က တစ်ယောက်ယောက်ကို လွှတ်ပြီး ကျုပ်တို့ကို ရှင်းပစ်ဖို့ သေချာပေါက် လုပ်လိမ့်မယ်။”

“ကျူးကဲ့ကျုံကောင်းက ကျုပ်တို့နဲ့ အင်အားတူတူပဲ။ သူ မလာပဲ နေမှာမဟုတ်ဘူး။ ကျွန်တော်တို့ထဲက တစ်ယောက်က ကျူးကဲ့ကျုံကောင်းကို ထိန်းထားနိုင်သရွေ့ ကျန်တစ်ယောက်က မြို့သစ်ထဲကို အလွယ်တကူ ဝင်ပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ဖျက်ဆီးနိုင်လိမ့်မယ်။”

သူတို့၏ စုံစမ်းမှုများမှတစ်ဆင့် ရန်ခရိုင်တွင် ကျူးကဲ့ကျုံကောင်းထက် စွမ်းအားကြီးသူ မရှိနိုင်ကြောင်း အတည်ပြုထားပြီးဖြစ်သည်။

မူလက သူတို့၏ အစီအစဉ်မှာ ကျူးကဲ့ကျုံကောင်းကို အရင်ပူးပေါင်းရှင်းလင်းပြီးမှ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို တိုက်ခိုက်ရန်ဖြစ်သည်။

သို့သော် ထိုမျှ ဒုက္ခခံရန် မလိုအပ်ကြောင်း သူတို့ စဉ်းစားမိသည်။

သူတို့၏ ပစ်မှတ်မှာ မြောက်ပိုင်းနယ်စားမင်းသား ဖြစ်သည်။ ကျူးကဲ့ကျုံကောင်းကို ဒုက္ခခံပြီး အဘယ့်‌ကြောင့် ရှင်းလင်းရမည်နည်း။ သူက သူတို့လိုပင် ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သူဖြစ်သည်။ သို့သော် ထိုတစ်လှမ်းသည် လွယ်ကူသော အရာမဟုတ်ပေ။

သူတို့နှစ်ဦး စွမ်းအားရှင် ဖြစ်လာနိုင်မည့် အခြေအနေများသည် အလွန်တင်းကျပ်လှသောကြောင့် ကျူးကဲ့ကျုံကောင်းသည်လည်း အချိန်တိုအတွင်း ကောင်းကင်နှင့် ပေါင်းစည်းကာ တကယ့် စွမ်းအားရှင် ဖြစ်လာနိုင်သည်ဟု သူတို့ မယုံကြည်ပေ။

တာအိုရသေ့၏ စကားကို နားထောင်ပြီးနောက် လေးမျက်နှာ ဂိုဏ်းချုပ် စဉ်းစားသွားပြီး

“ဘယ်သူသွားမလဲ ခင်ဗျားလား ဒါမှမဟုတ် ကျွန်တော်လား။”

ထာဝရတာအိုရသေ့က

“သဘာဝကျကျ ပြောရရင် ကျွန်တော်ပဲ သွားသင့်ပါတယ်။ ခင်ဗျားက ကျွန်တော့်ထက် စွမ်းအားကြီးပါတယ်။ ကျွန်တော့်က ကျူးကဲ့ကျုံကောင်းကို ဟန့်တားရမှာတာလား။”

ဂိုဏ်းချုပ်က နှာခေါင်းရှုံ့ကာ

“ခင်ဗျားက တော်တော်လိမ္မာပါးနပ်တာပဲ။ ကျုပ်ကို အသေတိုက်ခိုင်းပြီး ခင်ဗျားကတော့ ဒီလို လွယ်ကူတဲ့ အလုပ်ကို ယူတယ်။”

ပေါ့ပေါ့ပါးပါး လေသံဖြင့် တာအိုရသေ့က

“ကျူးကဲ့ကျုံကောင်းက စာပေဘက်က‌နေ ဝင်ရောက်လာတဲ့ ပညာရှင်တစ်ဦးပဲ။ ဘယ်လောက် စွမ်းအားကြီးနိုင်မှာလဲ။ ခင်ဗျားက သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး စာပေပညာရှင်ကို ကြောက်နေတာလား။”

ဂိုဏ်းချုပ်က

“ကျုပ်ကို လာမဆွပေးပါနဲ့။ ခင်ဗျား မြောက်ပိုင်းနယ်စားမင်းသားကို ရှင်းပြီးတာနဲ့ ကျွန်တော့်ကို အမြန်ပြန်ကူပါ။ ကျူးကဲ့ကျုံကောင်းက တစ်ခါမှ လှုပ်ရှားဖူးတာ မဟုတ်ဘူး။ ဘယ်သူမှ သူ့ရဲ့ စွမ်းအား ဘယ်လောက်ရှိတယ်ဆိုတာ မသိဘူး။”

တာအိုရသေ့က

“ကောင်းပါပြီ။”

ထိုစဉ် လူတစ်ဦး၏ အသံ အပြင်မှ ထွက်ပေါ်လာပြီး

“အကြီးအကဲတို့။ ဒုက္ခရောက်ပါပြီ။ရန်ခရိုင်က စစ်သည်တွေ လာနေပါတယ်။”

............

All Chapters