အခန်း ၆၃၁-၆၃၃
Vol. 43 Ch. 631-633
အခန်း (၆၃၁)
မင်းသားက ကျွန်မကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ
နေဝင်ဆည်းဆာချိန်။
ပြတင်းပေါက်မှ နီရဲသောနေရောင်ခြည်သည် လူနှစ်ဦး၏ ကျောပြင်ပေါ်သို့ ဖြာကျနေခဲ့သည်။
လုချန်းသည် ဝူကျန်းဝမ်၏ ကျောပြင်ကို မှီ၍ သူတို့၏ လက်ချောင်းများကို ချိတ်ဆက်ထားကြ၏။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဝူကျန်းဝမ်က နောက်ဆုံးတွင် တိတ်ဆိတ်မှုကို ချိုးဖျက်ကာ
“မင်းသားက ဘယ်လို ကျင့်စဉ် မျိုးကို လေ့ကျင့်နေတာလဲဆိုတာ ကျွန်မ တော်တော် သိချင်နေတယ်။”
ဤမျှလောက်ကြာအောင် လှည့်စားခံရပြီးနောက် ဝူကျန်းဝမ် နောက်ဆုံးတွင် သတိပြန်ရလာကာ လုချန်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို နားလည်သဘောပေါက်လာခဲ့သည်။
လုချန်းတွင် လူတို့၏ ဒဏ်ရာများကို ကုသနိုင်သည့် နည်းလမ်းများ ပိုင်ဆိုင်ထားရုံသာမက လူတစ်ဦး၏ သိုင်းပညာအဆင့် ကိုပင် မြှင့်တင်ပေးနိုင်သည်ကို သူမ သိလိုက်ရ၏။ သူသည် သူမအား အတော်အတန်များပြားသော စွမ်းအားများ သွင်းပေးခဲ့ပြီး အဆင့်လွန်ပညာရှင်အဆင့်သို့ ရောက်ရှိစေခဲ့သည်။
ထိုကဲ့သို့သော နည်းလမ်းများကို သူမ တစ်ခါမှ မကြားဖူးပေ။
လုချန်းက ပြုံး၍
“ကျွန်တော် ခင်ဗျားကို ပြောပြီးပြီလေ။ ခင်ဗျားကိုယ်ခင်ဗျား ဧကရီ လို့ သဘောထားရမယ်။”
ထိုစကားကိုကြားလျှင် ဝူကျန်းဝမ်လည်း မနေ့ညမှစ၍ ယခုအထိဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သတိရကာ
“မင်းသားရဲ့အကြိုက်က တစ်မျိုးပဲ”
ဟု နှာခေါင်းရှုံ့၍ အေးစက်စွာ ပြောလိုက်သည်။
လုချန်းက သူမအတွက် ဖီးနစ်ဝတ်ရုံကို အဘယ်ကြောင့် ပြင်ဆင်ပေးပြီး သူမကို ဧကရီ ကဲ့သို့ အဘယ်ကြောင့် ဆက်ဆံသည်ကို သူမ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ ဤလူငယ်လေးသည် ဧကရီဆိုသော ဂုဏ်ပုဒ်အပေါ် ထူးဆန်းသော စွဲလမ်းမှု ရှိနေသည်။ မနေ့ညက လုချန်းက သူမအား ဧကရီအပေါ် စိတ်ဝင်စားမှုရှိကြောင်း ပြောခဲ့သည်မှာ အံ့အားသင့်စရာမရှိပေ။
“မင်းသားရဲ့ ဒီလိုလုပ်ရပ်တွေက မင်းသားရဲ့ ဂုဏ်သတင်းကို ပျက်စီးစေမှာ မကြောက်ဘူးလား။”
လုချန်းသည် ဝူကျန်းဝမ်၏ ဖရိုဖရဲဆံပင်များထဲသို့ မျက်နှာအပ်၍ နက်ရှိုင်းစွာ အသက်ရှူပြီးနောက်
“ကျွန်တော့် ဂုဏ်သတင်းက ဒီထက်ပိုပြီး ဆိုးစရာမရှိတော့ဘူးလို့ မပြောခဲ့ဘူးလား။ ပိုဆိုးဖို့ နေရာမရှိတော့ဘူး။”
“အခု ရန်ခရိုင်ရဲ့ လမ်းမတွေပေါ် ထွက်ပြီး ကျွန်တော့်ရဲ့ ကာမဂုဏ် လိုက်စားမှုအကြောင်း ဘယ်သူ့ကိုမဆို မေးကြည့်ပါ။ ကျွန်တော်က လှပတဲ့ အမျိုးသမီးတွေကို သဘောကျတယ်လို့ သူတို့အားလုံးက ပြောကြမှာ သေချာတယ်။”
“ဧကရီ့လို ဂုဏ်သိက္ခာရှိပြီး လှပရင့်ကျက်တဲ့ အလှပိုင်ရှင်တစ်ယောက်ကို ကျွန်တော်က သိမ်းပိုက်တာက လုံးဝပုံမှန်ပါပဲ”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်တွင် ပြောစရာစကား မရှိတော့ပေ။ လုချန်း၏ သဘောထားသည် ရေနွေးပူလောင်ခံရမှာ မကြောက်တော့သော ဝက်သေနှင့်တူသည်။ ထိုကိစ္စကို သူလုံးဝ ဂရုမစိုက်တော့ပေ။
ဝူကျန်းဝမ်က အေးစက်စွာဖြင့်
“ကျွန်မလို မင်းသားထက် ဆယ်စုနှစ်ကျော် ပိုကြီးတဲ့ မိန်းမကိုတောင်မှ စိတ်ကူးယဉ်ရဲတာဆိုတော့ မင်းသားရဲ့ အကြိုက်က တကယ်ထူးခြားတာပဲ။”
လုချန်းက သူမ၏နားနား ကပ်၍
“ဆယ်စုနှစ်ကျော် ကြီးလဲ ဘာဖြစ်လဲ။ ခင်ဗျားလို ရင့်ကျက်တဲ့ အမျိုးသမီးမျိုးကို ကျွန်တော် ကြိုက်တယ်။”
ဝူကျန်းဝမ် တိတ်ဆိတ်သွားသည်။
ဖြစ်ပြီးတာတွေက ဖြစ်ခဲ့ပြီးပြီဖြစ်၍ သူမ ဘာပြောပြော ဘာလုပ်လုပ် အခုတော့ အသုံးမဝင်တော့ပေ။
ပြီးတော့ သူမ တကယ်တမ်း အရှုံးခဲ့ပါ။ အများဆုံးဆိုရလျှင် သူမ လက်မထပ်ရသေးပဲ သန့်ရှင်းမှု ပျက်စီးခဲ့သည့်အတွက် ကျင့်ဝတ်ထိခိုက်ခဲ့ရခြင်းမျှသာ ဖြစ်သည်။
သို့သော် သူမကဲ့သို့ အာဏာကို တန်ဖိုးထားသူမျိုးအတွက် ခန္ဓာကိုယ်၏ သန့်ရှင်းမှုက တကယ်တမ်း တန်ဖိုးရှိသည် မဟုတ်ပေ။ တော်ဝင် မိသားစုထဲတွင် မင်းသမီးအချို့သည် သူမထက် ပို၍ ပျော်ပါးခဲ့ကြပြီး ယောက်ျား အချစ်တော် မည်မျှထားရှိခဲ့သည်ကိုပင် မသိနိုင်ပေ။ လက်ထပ်ပြီးသော မင်းသမီးများပင်လျှင် ခင်ပွန်းသည်များကို အတူအိပ်ခွင့် မပေးပဲ အခြားယောက်ျားများကို အလုပ်အကျွေး ပြုစေခဲ့သည်။
ယောက်ျား အချစ်တော်တစ်ဦးက တစ်ရက်နှင့်တစ်ည သူမအား အလုပ်အကျွေး ပြုခဲ့သည်ဟုသာ သဘောထားလိုက်တော့သည်။
လူတစ်ယောက် အသက်ကြီးလာလေ ကိုယ်ကျင့်တရားနှင့် ပတ်သက်သော စံနှုန်းများ နည်းပါးလာလေလေဖြစ်သည်။ ဝူကျန်းဝမ်၏စိတ်ထဲတွင် ကြီးမားသော ကန့်သတ်ချက်များ မရှိပေ။
သူမအတွက် အဓိကအချက်မှာ သူမသည် ထိုထူးခြားသော ခံစားမှုများကို ပထမဆုံးအကြိမ် တွေ့ကြုံခံစားခဲ့ရခြင်းပင် ဖြစ်သည်။ ထို့ပြင် သူမ၏ အဆင့်သည် ထိုအတွေ့အကြုံကြောင့် အဆင့်လွန် ပညာရှင်အဆင့် သို့ပင် ရောက်ရှိခဲ့၏။ ထိုအချက်က သူမ အစတုန်းက မတွေးတောခဲ့ဖူးသော အရာ ဖြစ်သည်။
သူမကဲ့သို့ အဆင့်မြင့်ရာထူး ရှိသူတစ်ဦး တွေးတတ်သလို အကျိုးအမြတ်ကို အလေးထားပြီး တွက်ဆမည်ဆိုပါက မြောက်ပိုင်းနယ်စားမင်းသား နှင့် အတူအိပ်ခြင်းသည် အရှုံးမရှိပဲ အကျိုးအမြတ်သာ ရှိသော ကိစ္စပင် ဖြစ်ပေသည်။
ဝူကျန်းဝမ် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ လုချန်းက သူမ၏နားထဲသို့ လေမှုတ်သွင်းကာ
“ဘာလဲ။ ဘာလို့ရုတ်တရက် တိတ်သွားတာလဲ။”
ဝူကျန်းဝမ်က
“မင်းသား က ကျွန်မကို ဘာလုပ်ဖို့ စီစဉ်ထားလဲ။”
လုချန်းက နားမလည်စွာဖြင့်
“ခင်ဗျားကို ဘာလုပ်ရမှာလဲ။”
ဝူကျန်းဝမ်က
“မင်းသားက ကျွန်မလို ဓားစာခံတစ်ယောက်ကို ဒီလိုမျိုး ရဲရဲတင်းတင်း လုပ်ရဲတယ်ဆိုတာက ဝူနိုင်ငံတော်ကို လုံးဝ ဂရုမစိုက်ဘူးဆိုတာ သက်သေပြနေတယ်။ ပြီးတော့ မင်းသား က ဝူနိုင်ငံတော် ကို သိမ်းပိုက်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကိုလည်း ဖော်ပြနေတာပဲ။”
“မင်းသား ဒီကိစ္စကို အပြင်မပေါက်ကြားစေချင်ရင် နည်းလမ်းနှစ်ခုပဲ ရှိတယ်။ ဝူနိုင်ငံတော် က လူတွေနဲ့ မတွေ့စေဖို့ ကျွန်မကို အကျယ်ချုပ်ချထားရမယ် ဒါမှမဟုတ် နှုတ်ပိတ်ရှင်းလင်းရမယ်။”
လုချန်းက ရယ်မောလိုက်ပြီးနောက်
“ခင်ဗျားရဲ့ စိတ်ကူးတွေက တော်တော်ဆန်းတာပဲ။ ကျွန်တော့်ရဲ့ မိန်းမတစ်ယောက်ကို ကျွန်တော်က ဒီလိုမျိုး လုပ်ရမှာလား။”
“နောက်ပိုင်း ဘယ်လိုပဲ ဖြစ်လာလာ မြောက်ပိုင်းပြည်နယ် နဲ့ ဝူနိုင်ငံတော် တို့ ထပ်ပြီး စစ်တိုက်သည်ဖြစ်စေ မတိုက်သည်ဖြစ်စေ ခင်ဗျားရဲ့ကံကြမ္မာက မြောက်ပိုင်းပြည်နယ် မှာ ကျွန်တော့်ကလေးတွေကို မွေးဖွားဖို့ပဲ။”
ထိုသို့ဆိုပြီးနောက် လုချန်းက ဝူကျန်းဝမ်၏ နားရွက်ကို ညင်သာစွာ ကိုက်လိုက်ပြီး
“ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ကျွန်တော် အရမ်းကြိုက်တယ်။ ဘယ်လိုလုပ် သတ်ရက်ပါ့မလဲ။”
ထိုလူငယ်၏ စကားကို ကြားရသောအခါ ဝူကျန်းဝမ်၏ စိတ်အတွင်း၌ ထူးဆန်းသော ခံစားချက် တစ်ခုကို ခံစားလိုက်ရသည်။ ဘာခံစားချက်မှန်းမသိသော်လည်း သူမကို စိတ်ရှုပ်ထွေးစေသည်။ ဝမ်းနည်းစရာကောင်းသော်လည်း ပျော်ရွှင်မှုအနည်းငယ်ပါဝင်နေသည့် ခံစားချက်မျိုးဖြစ်သည်။
ဝူကျန်းဝမ်က ရယ်မော၍
“ဒါဆို ရှင့်အကြောင်း ကောလဟာလတွေက အမြဲတမ်း မှန်နေတာပဲ။ ရှင်က တကယ်ကို ကာမဂုဏ်လိုက်စားသူပဲ။ ရှင့်ရဲ့ ကာမဂုဏ်လိုက်စားမှုက ပိုကြီးတဲ့ ရည်ရွယ်ချက်အတွက် မျက်နှာဖုံးတစ်ခုပဲလို့ ကျွန်မတစ်ချိန်က ထင်ခဲ့တာ ရယ်စရာပဲ။”
“သမိုင်းတစ်လျှောက် ကြီးမားတဲ့ မင်းဆက်တွေမှာ ကာမဂုဏ်လိုက်စားတဲ့ ဧကရာဇ် တွေဟာ အဆုံးမသတ်ကောင်းခဲ့ကြဘူးဆိုတာကို မင်းသား တစ်ခါမှ မစဉ်းစားဖူးဘူးလား”
လူများသည် များသောအားဖြင့် ကာမဂုဏ်လိုက်စားခြင်းကို “အရည်အချင်းမရှိခြင်း” နှင့် ဆက်စပ်တတ်ကြရာ သူတို့၏ စိတ်ထဲတွင် ကာမဂုဏ်လိုက်စားသော ဧကရာဇ် များသည် ၎င်းတို့၏နိုင်ငံများ ပြိုလဲခြင်း သို့မဟုတ် အာဏာကို ဆုပ်ကိုင်ထားမှု ဆုံးရှုံးပြီး နိုင်ငံကို ကမောက်ကမ ဖြစ်သွားစေလေ့ရှိသည်ဟု ထင်မြင်ကြသည်။
အနည်းဆုံးတော့ လက်ရှိ ဧကရာဇ် များထဲတွင် ကာမဂုဏ်လိုက်စားသူတစ်ဦးမှ မရှိဟု ထင်ရသည်။
ဟုတ်ပါသည်။
ဒါကလည်း ဝူကျန်းဝမ်ရဲ့ ထင်မြင်ချက်သက်သက်မျှသာဖြစ်သည်။
ထိုစဉ်မှာ လုချန်းက ပြုံးလိုက်ပြီး
“ဒီလောကမှာ ကာမဂုဏ် မလိုက်စားတဲ့ ဧကရာဇ် ဆိုတာ မရှိဘူး။ တိတိကျကျပြောရရင် ကာမဂုဏ်မလိုက်စားတဲ့ ယောက်ျားဆိုတာ မရှိဘူး။ အခု အင်ပါယာကြီးတွေရဲ့ ဧကရာဇ် တွေကို ကြည့်ပါဦး။ ဘယ်သူက သူတို့ နန်းတွင်းမှာ မိန်းမ ဒါဇင်နဲ့ချီ၊ ရာနဲ့ချီ မထားပဲ နေသလဲ။”
“ခင်ဗျားရဲ့ ဖခင်ဧကရာဇ် ကို ဥပမာပေးလို့ရလား။ သူ ကာမဂုဏ်မလိုက်စားဘူးလို့ ခင်ဗျား ပြောရဲလား။ သူသာ ကာမဂုဏ် မလိုက်စားဘူးဆိုရင် ကလေးအများကြီး ဘယ်လို မွေးလာတာလဲ။”
လုချန်း၏ စကားကို ဝူကျန်းဝမ် ပယ်ချလိုသော်လည်း စကားလုံးများက သူမ၏ နှုတ်ဖျားသို့ ရောက်လာချိန်တွင် စကားမဲ့သွားခဲ့သည်။
လုချန်းက
“ခင်ဗျား ဧကရီဖြစ်ချင်တဲ့ဆန္ဒက အာဏာရဖို့အတွက်ပဲ မဟုတ်လာ။ အဲ့ဒီအာဏာရပြီးရင် ဘာလုပ်မလဲဆိုတာ တစ်ခါမှ မတွေးဖူးဘူးလား။”
“အုပ်ချုပ်သူ ဖြစ်လာရင် ခင်ဗျားရဲ့ဘဝတစ်လျှောက်လုံးကို စာကြည့်ခန်း မှာ နိုင်ငံတော်ရေးရာ ကိစ္စတွေနဲ့ပဲ အချိန်ကုန်မှာလား။ တခြားဘာမှ မလုပ်တော့ပဲ အုပ်ချုပ်ရေးမှာပဲ ခွန်အားအပြည့် သုံးမလား။”
“ကျွန်တော်ကတော့ အဲဒီလို ကိုယ်ကျိုးမဖက်တဲ့ သူတစ်ယောက် မဟုတ်ဘူး။ ကျွန်တော်က ကိုယ်ပိုင်ဆန္ဒတွေအတွက် အာဏာကို လိုချင်တာ။ အခု မြောက်ပိုင်းပြည်နယ် က ကျွန်တော့် ဦးဆောင်မှုအောက်မှာ ဝူနိုင်ငံတော် ကို အနိုင်ယူပြီး ခင်ဗျားလို လှပတဲ့ အမျိုးသမီးတစ်ယောက်ကို မြောက်ပိုင်းပြည်နယ် ကို ခေါ်လာခဲ့ပြီဆိုတော့ ဘယ်လိုလုပ် အောင်ပွဲရဲ့ အသီးအပွင့်တွေကို မခံစားပဲ နေရမှာလဲ။ ခင်ဗျားကျွန်တော့်ကို သူတော်စင်တစ်ယောက်လို သဘောမထားပါနဲ့ ကျန်းဝမ်။”
“ခင်ဗျားရဲ့ဖခင် ဧကရာဇ်က နိုင်ငံတစ်နိုင်ငံကို အနိုင်ယူပြီး သူတို့ရဲ့ မင်းသမီး ဒါမှမဟုတ် ဧကရီကို ခေါ်လာခဲ့ရင် သူတို့ရဲ့ ကိုယ်ခန္ဓာကို သူလက်ဖျားနဲ့တောင် မတို့ဘူးလို့ ခင်ဗျား ရိုးသားစွာ ပြောရဲလား။”
ဝူကျန်းဝမ်တွင် ပြန်ဖြေစရာ စကားမရှိပေ။
အဘယ်ကြောင့်ဆိုသော် လုချန်းပြောသည်များ မှန်နေသောကြောင့် ဖြစ်သည်။ သူမ၏ဖခင် ဧကရာဇ် သည် စစ်ပွဲနှင့် နယ်မြေချဲ့ထွင်ခြင်းအတွက် ဘဝကို မြှုပ်နှံထားသည်ဟု ထင်ရသော်လည်း သူသည် အနိုင်ရသော နိုင်ငံများမှ လှပသော အမျိုးသမီးများကို သူ၏ နန်းတွင်းသို့ မကြာခဏ ထပ်ထည့်လေ့ ရှိသည်။
သူသည် အုပ်ချုပ်ရေးတွင် ကြိုးစားသူတစ်ဦးအဖြစ် ထင်ရသော်လည်း သူ၏ တစ်ခုတည်းသော အာရုံစိုက်မှုသည် ဝူနိုင်ငံတော် ၏ အကျိုးစီးပွားအတွက် ဖြစ်သည်ဟု မဆိုနိုင်ပေ။
ဝူကျန်းဝမ် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ လုချန်းက အသာအယာ ပြုံးလိုက်ပြီး
“ဝူနိုင်ငံတော်က လူတွေနဲ့ ခင်ဗျား တွေ့တာကို ကျွန်တော် တားမှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်နေ့ကျရင် နိုင်ငံကြီးတွေ စည်းလုံးညီညွတ်လာမယ်။ ပြီးတော့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ် မှာပဲ ခင်ဗျားရဲ့ ဧကရီ ဖြစ်ချင်တဲ့ အိပ်မက်ကို ဆက်လက် အကောင်အထည် ဖော်နိုင်မယ်ဆိုတာ ခင်ဗျား နားလည်စေချင်တယ်။”
“ညက ဧကရီ တစ်ယောက်လို ပျော်ရွှင်မှုကို ခင်ဗျား မခံစားရဘူးလား။ ကျွန်တော်ကိုယ်တိုင် ဂရုစိုက်ပေးခံရတဲ့ အမျိုးသမီး ဒီလောကမှာ သိပ်မများပါဘူး။”
လုချန်း၏ စကားကို ကြားသောအခါ တိတ်ဆိတ်နေခဲ့သော ဝူကျန်းဝမ်က အေးစက်စွာ နှာခေါင်းရှုံ့ လိုက်ပြီး
“မင်းသား က ဟာသဉာဏ် ကောင်းတာပဲ။ ကျွန်မရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရတာကို မင်းသားဘက်က ရှုံးသွားသလိုမျိုး ပြောနေတာပဲ။”
ဝူကျန်းဝမ် ပြန်ပြောသည်ကို မြင်သောအခါ လုချန်းက ပြုံး၍
“ကျွန်တော် ရှုံးတယ်လို့ မပြောခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အတွင်းအား ပိတ်ဆို့ခံထားရပေမဲ့ သူ့ဘာ့သာသူ ခန္ဓာကိုယ်ထဲက သွေးကြောတွေကို ထိန်းချုပ်ပြီး ခန္ဓာကိုယ်ကို တောင့်တင်းအောင် လုပ်နိုင်တဲ့ မိန်းမမျိုးကို ကျွန်တော် တစ်ခါမှ မတွေ့ဖူးသေးလို့ပဲ။”
ထိုစကားကြောင့် အခုမှ တည်ငြိမ်စပြုနေသော ဝူကျန်းဝမ် ရုတ်တရက် ရှက်ရွံ့စိတ် အပြင်းအထန် ခံစားလိုက်ရသည်။ ဤနည်းဖြင့် လုချန်းကို တားဆီးနိုင်မည်ဟု မူလက ထင်ခဲ့သော်လည်း ထိုလူ၏ အလိုကို လိုက်လျောမိသွားခဲ့သည်။
ဤ “ခွေး” ဆိုသည်မှာ စော်ကားခြင်းမဟုတ်ပါ။ သူနှင့် တိရစ္ဆာန်တစ်ကောင်ကြားတွင် ဘာကွာခြားမှုမှ မရှိပါ။ သူမသည် နှစ်သုံးဆယ်ကျော် အသက်ရှင်ပြီး ယောက်ျားနှင့်မိန်းမ၏ကိစ္စများအကြောင်း အနည်းငယ်သိထားသော်လည်း လုချန်းကဲ့သို့ ယောက်ျားကို တစ်ခါမှ မကြားဖူးခဲ့ပေ။
.............
အခန်း (၆၃၂)
ဒီလူက သူ့ကလေးတွေ တကယ်မွေးစေချင်နေတာပဲ
လုချန်း၏ စကားကို ကြားပြီးနောက် လုချန်းကို ကာမဂုဏ်လိုက်စားသူဟု ခေါ်ဆိုရန် မသင့်တော့ကြောင်း ဝူကျန်းဝမ် နားလည်သွားသည်။
အဘယ်ကြောင့်ဆိုသော် သူမသည်လည်း လုချန်းကဲ့သို့ပင် အခြေခံအားဖြင့် တူညီသောလူစားမျိုး ဖြစ်သောကြောင့်ပင်။
သူတို့နှစ်ဦးစလုံးသည် အာဏာကို ဆုပ်ကိုင်လိုသူများ ဖြစ်ကြသည်။
သူမနှင့် လုချန်းတို့ကြား အကြီးမားဆုံး ကွာခြားချက်မှာ လုချန်းသည် လမ်းကြောင်းစတင်ချိန်မှစ၍ သူမထက် အာဏာပိုမိုများပြားခဲ့ခြင်း ဖြစ်သည်။ လုချန်းသည် သူပိုင်ဆိုင်သည့် အာဏာကို အသုံးပြု၍ သူလိုချင်သည့်အရာများကို လုပ်ဆောင်နေခြင်းမျှသာဖြစ်ရာ ထိုအထဲတွင် လှပသော အမျိုးသမီးများနှင့် ပေါင်းသင်းမှုလည်း ပါဝင်သည်ဟု ဆိုရပေမည်။
အကယ်၍ သူမတွင် လုချန်းကဲ့သို့ အာဏာရှိပါက ယောက်ျားလေး အချစ်တော်များကို မရှာသည့်တိုင် ထိုအာဏာကို အသုံးပြု၍ ကိုယ်ကျိုးအတွက် အချို့အရာများကို လုပ်ဆောင်မိမည်သာ ဖြစ်သည်။
သူမ၏ မင်းသမီးဘွဲ့ ရုပ်သိမ်းခံရသည့် အကြောင်းရင်းများထဲမှ တစ်ခုမှာ သူမ၏ အာဏာကို ကိုယ်ကျိုးအတွက် အသုံးပြုသည်ဟု စွပ်စွဲခံရခြင်းကြောင့် မဟုတ်ပါလား။
သူမသည် ထိုသို့ လုပ်ဆောင်ခဲ့သည်ကလည်းမှန်၏။ ထောက်လှမ်းရေး အဖွဲ့မှ စုဆောင်းထားသော ရတနာများအားလုံးသည် သူမ၏ စိမ်းလန်းသောမိုးတိမ်နန်းတော်သို့ ရောက်ရှိခဲ့သလို ချွမ်ဟိုင် ကုန်သည်အုပ်စုမှတစ်ဆင့်လည်း ပစ္စည်းဥစ္စာ အမြောက်အမြားကို စုဆောင်းခဲ့သည်။ ဤအရာများအားလုံးသည် သူမ၏ အာဏာကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့သည့် နည်းလမ်းများပင် ဖြစ်သည်။
ဤအချိန်တွင်လုချန်းနှင့် မည်သို့ ဆက်ဆံရမည်ကို ဝူကျန်းဝမ် မသိတော့ချေ။ သူမ၏ ကိုယ်ခန္ဓာကို ဤလူငယ်က သိမ်းပိုက်ပြီးဖြစ်သော်လည်း သူမ သူ့အပေါ် မည်သည့် မုန်းတီးမှုမှ မထားရှိခဲ့ပေ။
ဆန့်ကျင်ဘက်အားဖြင့် သူမသည် ဤအမျိုးသားကို သူမဘေးတွင် ထာဝရထားရှိရန် ဆန္ဒရှိနေသည်ကို တွေ့ရှိရသည်။
တကယ်တမ်းတော့ ထိုအတွေးသည် အသစ်အဆန်း မဟုတ်ခဲ့ပေ။ ယခင်ကတည်းက ဝူနိုင်ငံတော် မြောက်ပိုင်းပြည်နယ်ကို အနိုင်ယူပြီးပါက လုချန်းကို ဖမ်းဆီးကာ သူမ၏ အမျိုးသား အချစ်တော်အဖြစ် ထားရှိရန် စဉ်းစားခဲ့ဖူးသည်။
ကံမကောင်းစွာဖြင့် ထိုအစီအစဉ် ပျက်ပြားခဲ့ပြီး နောက်ဆုံးတွင် သူမသည် ပေးဆပ်ရမည့်ပစ္စည်းတစ်ခုအဖြစ် မြောက်ပိုင်းပြည်နယ်သို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။
ဖြစ်စဉ်သည် ထင်ထားသလို ချောမွေ့ခြင်းမရှိခဲ့သော်လည်း ရလဒ်မှာ အတူတူပင်ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် သူတို့နှစ်ဦး တစ်သားတည်း ဖြစ်သွားခဲ့ကြသည်။
လုချန်းနှင့်ပတ်သက်၍ သူမ အလွန်ကျေနပ်မိသည်။ သို့သော် သူ့ကို မယှဉ်နိုင်သောကြောင့် သူ့၏လွှမ်းမိုးမှုကိုသာ ခံခဲ့ရသည်။
ဝူကျန်းဝမ် စိတ်ထဲ သက်ပြင်းချလိုက်ပြီး အနည်းငယ် စိတ်ပျံ့လွင့်နေခဲ့သည်။ မူလက သူမသည် လုချန်းနှင့် ရင်းနှီးအောင် လုပ်ဆောင်ကာ မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ချက်များကို ထုတ်ယူပြီး နောက်ဆုံးတွင် ဝူနိုင်ငံတော်၏ ဧကရီအဖြစ် ရောက်ရှိနိုင်ရန် စီစဉ်ထားခဲ့သည်။
သို့သော် တစ်နေ့နှင့်တစ်ညအတွင်းမှာပင် သူမ၏ ကြီးမားသော ရည်မှန်းချက်များ လုံးဝပျောက်ကွယ်သွားခဲ့သည်။
သူမသည် အာဏာအတွက် ဧကရီ ဖြစ်လိုခဲ့သော်လည်း လုချန်းနှင့် ရင်းနှီးသော အတွေ့အကြုံများပြီးနောက် အာဏာကို အသုံးပြု၍ ရနိုင်သည့် အကောင်းဆုံးအရာမှာ ဤလူငယ်နှင့် ထိုကဲ့သို့သော အရာများကို ပြုလုပ်ခြင်းသာ ဖြစ်သည်ကို သဘောပေါက်ခဲ့သည်။
ဤသည်မှာ သူမ ချစ်ကျွမ်းဝင်သွားသောကြောင့် မဟုတ်ပေ။ သူမသည် ယခင်က ကြီးမားသော အာဏာကို ပိုင်ဆိုင်ခဲ့ပြီး ထိုအာဏာနှင့်အတူ ပါလာသော အကျိုးကျေးဇူးအားလုံးကို ခံစားခဲ့ရဖူးသည်။ တစ်ခုတည်းသော အတွေ့အကြုံမှအပ ကျန်အရာများအားလုံးကို ခံစားခဲ့ပြီး ဖြစ်သည်။ လုချန်းက သူမကို မကြုံစဖူး ပျော်ရွှင်မှုကို ပေးခဲ့သဖြင့် ချက်ချင်းပင် ထိုအထဲသို့ နစ်မြောသွားခဲ့သည်။
ယခုအခါ ဧကရီရာထူးက အရေးမကြီးတော့သလို ဖြစ်နေတော့သည်။
ဝူကျန်းဝမ် ထိုသို့ စဉ်းစားနေရင်း ထိုလမ်းကြောင်းအတိုင်း ဆက်မသွားရန် သူမကိုယ်သူမ လျင်မြန်စွာ တားဆီးလိုက်သည်။
မဖြစ်နိုင်ပါ။ ဒီလိုညံ့ဖျင်းသော အတွေးမျိုး ဘယ်လိုလုပ် ဝင်လာရတာလဲ။
လက်ရှိရလဒ်သည် ယခင်က သူမစိတ်ကူးယဉ်ခဲ့သည့်အတိုင်း ဖြစ်နေသော်လည်း သူမသည် မြောက်ပိုင်းပြည်နယ်သို့ ဓားစာခံအဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သူမသည် ဤလူငယ်လေးအတွက် စစ်အောင်ပွဲ၏ သားကောင်တစ်ခုသာ ဖြစ်နေသည်။
နောင်တွင် ဤလူငယ်သည် သူမကို ငြီးငွေ့လာကာ မည်သည့်အချိန်တွင်မဆို စွန့်ပစ်သွားနိုင်သည်။ ဤလူငယ်၏ ရှေ့မှောက်တွင် သူမထံ၌ မည်သည့်အဆင့်အတန်းမှ မရှိခဲ့ပေ။
သူမတွင် မြောက်ပိုင်းနယ်စားမင်းသားကဲ့သို့ တူညီသော အာဏာနှင့် ဂုဏ်ပုဒ်ကို မပိုင်ဆိုင်နိုင်ပါက မြောက်ပိုင်းနယ်စားမင်းသား၏ ဖိနှိပ်မှုကို အမြဲခံရမည်သာ ဖြစ်သည်။
ဤလူငယ်၏ ရုပ်ရည်ကြောင့် သူမ မပျက်စီးသင့်ပေ။ သူမသည် လက်ထဲတွင် ကြီးမားသော အာဏာရှိသူတစ်ဦး ဖြစ်လာရမည်။
ဝူကျန်းဝမ်သည် ထိုသို့ တွေးတောနေစဉ် လုချန်း၏ လက်ကသူမ၏ ကျောပြင်ကို ပွတ်သပ်လိုက်ပြီး
“ဝမ်ယန်။ မင်းလို မြင့်မြတ်ပြီး လှပတဲ့ မိန်းကလေးတစ်ယောက်က တကယ် စိတ်မထိန်းနိုင်ချင်စရာပဲ။”
ထိုစကားများကို ကြားရသောအခါ ဝူကျန်းဝမ် ချက်ချင်းပင် ပြင်းထန်သော အရှက်ရမှုတစ်ခုကို ခံစားလိုက်ရသည်။ သူမသည် ပစ္စည်းတစ်ခုလို ခံစားရပြီး လုချန်း၏ စကားများက သူမကို စော်ကားနေသကဲ့သို့ ခံစားရသည်။
ထိုအချိန်တွင် ဝူကျန်းဝမ် ရုတ်တရက် တစ်စုံတစ်ခုကို သတိရကာ
“ရှင် ဒီအခန်းကို ယွဲ့ဧကရာဇ်ရဲ့ အဆောင်လို ဖြစ်အောင် လုပ်နိုင်ခဲ့တာက မြောက်ပိုင်းပြည်နယ်က သူလျှိုတွေက ယွဲ့ဧကရာဇ်ရဲ့ ဘေးကို ထိုးဖောက်ဝင်ရောက်ခဲ့လို့ မဟုတ်လား။”
ယွဲ့ဧကရာဇ်သည် ဝူကျန်းဝမ်၏ မိတ်ဆွေကောင်းတစ်ဦး ဖြစ်သောကြောင့် ယွဲ့ဧကရာဇ်အတွက် သူမအလွန်အမင်း စိုးရိမ်ခဲ့သည်။ ဤလူငယ်သည် ယွဲ့ဧကရာဇ်၏ ဖီးနစ်ဝတ်ရုံကဲ့သို့သော ဝတ်ရုံကို ချုပ်လုပ်ရုံသာမက အိပ်ခန်းပုံစံကိုပါ ယွဲ့ဧကရာဇ်၏ အဆောင်နှင့် ဆင်တူအောင် ပြုလုပ်ထားနိုင်ခြင်းက အတော်ပင် ထိတ်လန့်စရာ ဖြစ်သည်။
သူမ၏ သူငယ်ချင်းကောင်းအား သူမပတ်ဝန်းကျင်မှ လူများကို သတိထားရန် သတိပေးသင့်သည်ဟု ဝူကျန်းဝမ် ခံစားရသည်။ ဤလူငယ်ကို မယုံကြည်သင့်ပေ။
ထို့ပြင် လုချန်းသည် သူမကို ဧကရီ၏ အဝတ်အစားများ ဝတ်ဆင်စေပြီး အတူနေခဲ့ရာ လုချန်းက သူမကို ယွဲ့ဧကရာဇ်အဖြစ် မြင်နေနိုင်သည်ဟု သွယ်ဝိုက်စွာ ခံစားမိခဲ့သည်။ ဤလူသည် သူမ၏ ကိုယ်ခန္ဓာကိုသာ လိုချင်နေသည်သာ မဟုတ်ပဲ ယွဲ့ဧကရာဇ်ကိုပါ လိုချင်နေခြင်း ဖြစ်နိုင်သည်။
လုချန်းက ပြုံးလျှက်
“ကျူးနိုင်ငံတော် နန်းတော်ကို ထိုးဖောက်ဖို့ဆိုတာ မလွယ်ဘူး။ ကျွန်တော့်လူတွေ မဝင်နိုင်သေးပါဘူး။ ကျွန်တော် ယွဲ့ဧကရာဇ်ရဲ့ အိပ်ခန်းပုံစံကို ဘယ်လိုသိလဲဆိုတော့ သူကိုယ်တိုင် မြောက်ပိုင်းပြည်နယ်ကို လူတစ်ယောက်စေလွှတ်ခဲ့တာပဲ။ အဲဒီလူက သူ့ရဲ့နေ့စဉ်ဘဝကို အမြဲဂရုစိုက်ပေးခဲ့တာ။”
လုချန်း၏ အဖြေကို ကြားရသောအခါ ဝူကျန်းဝမ် ခဏမျှ တိတ်ဆိတ်သွားပြီးနောက်
“မဖြစ်နိုင်ဘူး။”
ဝူကျန်းဝမ်သည် စိတ်ထဲတွင် တွေးမိသည်။ သူမ၏ သူငယ်ချင်း မြောက်ပိုင်းပြည်နယ်သို့ စေလွှတ်လိုက်သောသူသည် မြောက်ပိုင်းနယ်စားမင်းသားနှင့် ပူးပေါင်းပြီး ထိုသို့သောအရာများ ပြုလုပ်နိုင်မည်လား။ ကျူးနိုင်ငံတော်မှလူများသည် သူမနှင့် ဧကရီ၏ ဆက်ဆံရေးကို သိရှိပြီးသားဖြစ်သည်။
လုချန်းက ဆက်လက်၍
“ခင်ဗျားရဲ့ သူငယ်ချင်းမှာ ကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး။ သူက မြောက်ပိုင်းပြည်နယ်ကို မိန်းမလှတစ်ယောက် စေလွှတ်ပြီး ကျွန်တော့်ကို မြူဆွယ်ဖို့ ကြိုးစားခဲ့တာ။ ဖီးနစ်ဝတ်ရုံလုပ်တာနဲ့ အိပ်ခန်းအပြင်အဆင်တွေ အားလုံးက အဲဒီမိန်းမလှရဲ့ အကူအညီနဲ့ လုပ်ခဲ့တာပဲ။”
လုချန်း၏ စကားကို ကြားရသောအခါ ဝူကျန်းဝမ်သည် ရုတ်တရက် တစ်ခုခုကို သတိရလိုက်သည်။
ယွဲ့ဧကရာဇ်သည် ထောက်လှမ်းရေး အချက်အလက်များ စုဆောင်းရန် အလွန်လှပသော အမျိုးသမီးတစ်ဦးကို မြောက်ပိုင်းပြည်နယ်သို့ စေလွှတ်ခဲ့ကြောင်း သူမ မှတ်မိနေခဲ့သည်။
ထိုအမျိုးသမီးများ ဖြစ်နိုင်မလား။
အကယ်၍ ထိုအမျိုးသမီး ဖြစ်ပါက ယုတ္တိရှိနိုင်သည်။
သို့သော်...
ဤကာမဂုဏ်လိုက်စားသည့် လူငယ်သည် ထိုအမျိုးသမီးကိုလည်း သူ၏လက်အောက်ခံဖြစ်စေခဲ့မည်မှာ သေချာသည်။ သူမ သူငယ်ချင်း၏ အလှအပဖြင့် ဖြားယောင်းသည့်နည်းဗျူဟာ အောင်မြင်သည်ဟု သတ်မှတ်နိုင်မလား ဝူကျန်းဝမ် သိလိုသည်။
ဤကာမဂုဏ် လိုက်စားသော လူငယ်သည် လှပသော အမျိုးသမီးများကို နှစ်သက်သော်လည်း အမျိုးသမီးတစ်ဦးတည်းအပေါ် အာရုံစိုက်နေမည် မဟုတ်ပေ။ ထို့ကြောင့် ဤနည်းဖြင့် သူထံမှ မြောက်ပိုင်းပြည်နယ်နှင့်ပတ်သက်သော လျှို့ဝှက်ချက်များ ထုတ်ယူရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။
ထိုအချိန်တွင် လုချန်းက ဝူကျန်းဝမ်၏ လက်တစ်ဖက်ကို လွှတ်ပေးလိုက်ပြီးနောက် သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်ကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်ကာ
“ဝမ်ယန်။ ခင်ဗျားကို အဆင့်လွန် ပညာရှင်အဆင့် ရောက်အောင် ကျွန်တော် ကူညီပေးခဲ့တယ်။ ဘယ်လိုပြန်ပေးဆပ်ရမယ်ဆိုတာ မစဉ်းစားဘူးလား။”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ် တိတ်ဆိတ်သွားသည်။
သူ့ကို ပြန်ဆပ်ရမည်လား။
ဒီလူငယ်က တကယ်ကို မျက်နှာပြောင်တိုက်တတ်တာပဲ။
သူမ၏ အပျိုစင်ဘဝကို ရယူသွားရုံသာမက ယခုအခါ သူ့အား ပြန်ပေးဆပ်ရန်ပင် မျှော်လင့်နေသေးသည်။
သူမက သူ့ကို သိုင်းပညာအဆင့် မြှင့်တင်ပေးရန် တောင်းဆိုခဲ့ခြင်း မဟုတ်ခဲ့ပေ။
ဝူကျန်းဝမ် စကားမပြောသည်ကို မြင်သောအခါ လုချန်းက ပြုံးလျှက်
“ဘယ်လိုပြန်ဆပ်ရမယ် မသိဘူးလား။ ကျွန်တော့်ကို ကလေးတစ်ရာလောက် မွေးပေးလိုက်ပါ။”
ထိုအခါ ဝူကျန်းဝမ် မနေနိုင်တော့ပဲ
“နယ်စားမင်းသား။ ရှင် တကယ်ကို နောက်တတ်တာပဲ။ ကျွန်မ ကိုယ်ဝန်ရနိုင်မရနိုင်ဆိုတာ ထားလိုက်ဦး။ ကျွန်မက ဝူနိုင်ငံတော်ရဲ့ မင်းသမီး ကျန်းဝမ်လေ။ ရှင့်ကလေးကို လွယ်ခဲ့ရင်တောင် ရှင်က မွေးဖွားခွင့် ပေးရဲပါ့မလား”
အကယ်၍ တစ်နေ့တွင် လုချန်း ဝူနိုင်ငံတော်ကို တကယ်တမ်း ဖျက်ဆီးခဲ့ပါက သူမသည် ရှုံးနိမ့်သော နိုင်ငံ၏ အကြွင်းအကျန် ဖြစ်သွားပေမည်။ သူမတွင် ကလေးရှိပါက သူမ၏ကလေးသည် ဝူနိုင်ငံတော်၏ တော်ဝင်မျိုးနွယ်သွေးကို သယ်ဆောင်ထားမည်။ သူမ၏ မခံချင်စိတ်ကြီးသော သဘာဝကြောင့် သူက သူမကို ကလေးမွေးဖွားခွင့် ပေးရဲမည် မဟုတ်ပေ။
လုချန်းက ပြုံးစိစိဖြင့်
“ခင်ဗျား ကိုယ်ဝန်ရနိုင်မရနိုင်ဆိုတာ ကျွန်တော့်ကိစ္စပါ။ ကျွန်တော်မိန်းမတွေထဲမှာ ကလေးမွေးထားတဲ့ သိုင်းပညာရှင် အမျိုးသမီးတွေရှိတယ်။”
“ခင်ဗျားကို ကလေးမွေးဖွားခွင့်ပေးရဲ မရဲဆိုတာနဲ့ ပတ်သက်ပြီးလည်း မစိုးရိမ်နဲ့။ ခင်ဗျားကိုယ်ဝန်ရနိုင်ရင် ကျွန်တော် မွေးဖွားခွင့်ပေးရဲတယ်”
ဝူကျန်းဝမ်၏ စိတ်ထဲ တုန်လှုပ်သွားသည်။
ဒီလူငယ်က တကယ်ကို အတည်ပြောနေတာ ဟုတ်ရဲ့လား။
သူ နေ့ညမပြတ် သူမကို လိုက်လံနှောင့်ယှက်နေခြင်းမှာ သူမကို ကိုယ်ဝန်ရစေရန် အတွက်လား...
အရမ်းကို စက်ဆုပ်ဖွယ်ကောင်းသောသူ...
ဝူကျန်းဝမ် ရုတ်တရက် ဒေါသထွက်သွားခဲ့သည်။ လက်ရှိအချိန်တွင် သူမကိုယ်တိုင် မြောက်ပိုင်းပြည်နယ်တွင် မည်သို့ရပ်တည်ရမည်ကို မသိရှိသေးပဲ ကလေးမွေးရန် အကြောင်းကို မည်သို့စဉ်းစားနိုင်မည်နည်း။
ထိုလူက သူမကို ကလေးမွေးစေချင်နေသည်။
...........
အခန်း (၆၃၃ )
သစ္စာဖောက်မှာ မကြောက်ဘူးလား
“မင်းသားက ကျွန်မကို သူလိုသလို လုပ်လို့ရတယ်လို့ တကယ်ပဲ ထင်နေတာလား။ ရှင်က ကျွန်မကို ရှင့်ကလေး မွေးစေချင်ရုံနဲ့ ကျွန်မက လုပ်ပေးရတော့မှာလား။”
ဝူကျန်းဝမ် ဤလူငယ်၏ သွေးသားကို လုံးဝမသယ်ဆောင်လိုပေ။ အကယ်၍ လိင်ကိစ္စမျှသာဆိုလျှင် လုချန်းကို သူမ၏ ယောက်ျားအချစ်တော် အဖြစ် စိတ်ထဲက မှတ်ယူနိုင်သည်။
အကယ်၍ သူမ လုချန်း ကလေးကို မွေးဖွားပေးခဲ့ပါက သူမသည် လုချန်းအတွက် သားဖောက်ကိရိယာတစ်ခုမျှသာ ဖြစ်သွားမည် မဟုတ်ပါလား။
သူမ၏ အတွေးများမှာ ရိုးရှင်းသည်။ အိပ်ရာမျှဝေနိုင်သော်လည်း ကလေးယူရန်မှာ လုံးဝမဖြစ်နိုင်သည့် ကိစ္စပင် ဖြစ်၏။
ဝူကျန်းဝမ်၏ အေးစက်သော လေသံကို ကြားသောအခါ လုချန်းက ညင်သာစွာ ပြုံးလိုက်ပြီးနောက် သူမနားနား ကပ်၍
“ခင်ဗျားကို ကိုယ်ဝန်ရစေချင်ရင် ခင်ဗျား တားနိုင်မှာလား။”
ဝူကျန်းဝမ် တစ်စုံတစ်ခု ပြောရန် ပြင်ဆင်နေစဉ် လုချန်းက ရုတ်တရက် သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ ဝူကျန်းဝမ် ရှက်ရွံ့သွားသည်။
လုချန်းပြောသည်မှာ မှန်ပါသည်။ အကယ်၍ သူသာ သူမကို ကိုယ်ဝန်ရစေလိုပါက သူမအတွက် သူ့ကို တားဆီးရန် အလွန်ခက်ခဲမည် ဖြစ်သည်။
သို့သော်...
ဝူကျန်းဝမ်က အေးစက်စွာဖြင့်
“အဆင့်လွန် ပညာရှင်တစ်ဦးအတွက် ကလေး ဖျက်ချတာ မခက်ခဲလောက်ပါဘူး။”
လုချန်းက သူမစကားကို ဂရုမစိုက်ပဲ
“ဒါလည်း လွယ်ပါတယ်။ အဲဒီလိုလုပ်ရဲရင် ကျွန်တော်ကထပ်ပြီး ကိုယ်ဝန်ရအောင် လုပ်လိုက်ရုံပဲ။ ကျွန်တော့်အတွက် ခင်ဗျားကို ကိုယ်ဝန်ရစေတာ မခက်ခဲပါဘူး။”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်က အေးစက်စွာဖြင့်
“အချိန်တန်ရင် ကျွန်မရဲ့ ကလေးကို အမွေဆက်ခံဖို့အတွက် ရန်ဖြစ်ခိုင်းမှာကို မင်းသား မကြောက်ဘူးလား။”
လုချန်းက ပြုံးလျှက်
“အမွေဆက်ခံဖို့ ရန်ဖြစ်တာလား။ ကျွန်တော့် ရဲ့ စွမ်းအားနဲ့ဆိုရင် နောင်နှစ်တစ်ထောင်လောက် အသက်ရှင်တာ ပြဿနာမရှိဘူး။ ဒီနှစ်တစ်ထောင်အတွင်းမှာ ဒီလိုကိစ္စတွေ ဖြစ်မလာအောင် တားဆီးမယ့် နည်းလမ်း ရှာမတွေ့နိုင်ဘူးလို့ ကျွန်တော် မယုံဘူး။”
“ရှင်းရှင်းပြောရရင် ခင်ဗျား ကျွန်တော့်လောက် အသက်မရှည်နိုင်ဘူး။ ကျွန်တော်အသက်ရှင်နေသရွေ့ ခင်ဗျားမြောက်ပိုင်းပြည်နယ်မှာ ပြဿနာရှာဖို့ အခွင့်အရေး လုံးဝရမှာ မဟုတ်ဘူး။”
“မြေးတွေ လက်ထက်မှာ အမွေဆက်ခံဖို့ ရန်ဖြစ်ကြမလားဆိုတာကတော့ ကျွန်တော်နဲ့ မဆိုင်တော့ဘူး။ ကျွန်တော့်ဘဝတစ်သက်တာ ကိစ္စတွေကိုပဲ စီမံခန့်ခွဲနိုင်တယ်။ ခင်ဗျားက ကျွန်တော့်ထက် အသက်ရှည်ခဲ့ရင် ခင်ဗျားရဲ့ကလေးကို အမွေဆက်ခံဖို့ ရန်ဖြစ်စေတာ ထားတော့ ခင်ဗျား ဧကရီဖြစ်သွားရင်တောင် ကျွန်တော် ဝင်မစွက်ဖက်နိုင်ဘူး။”
ဒါက.....
လုချန်း၏ စကားများကို စဉ်းစားကြည့်သောအခါ အဓိပ္ပာယ်ရှိသည်ဟု ဝူကျန်းဝမ် ခံစားရသည်။ လုချန်း၏ အရည်အချင်းဖြင့် ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းခြင်းသည် ကြီးမားသော စိန်ခေါ်မှု မဖြစ်သင့်ပေ။ ထိုအဆင့်ရောက်သည်နှင့် သူသည် နှစ်တစ်ထောင်ကျော် အသက်ရှင်နိုင်ဖို့က ဖြစ်နိုင်ခြေရှိသည်။
ဤလူ ရှိနေသဖြင့် သူမ၏ အကြံအစည်များ အောင်မြင်ရန် အခွင့်အလမ်း အလွန်နည်းပါးသည်မှာ အမှန်ပင်။
ဝူကျန်းဝမ်က
“ရှင်က ကျွန်မကို လှောင်ချိုင့်ထဲက ငှက်လိုပဲ ရှင့်ရဲ့ မောင်းမဆောင်မှာ တစ်သက်လုံး ပိတ်လှောင်ထားဖို့ ရည်ရွယ်ထားတာလား။”
လုချန်းက မစိုးရိမ်ပဲ
“ကျွန်တော် ပြောခဲ့ပြီးပြီပဲ။ ခင်ဗျားဘယ်သူနဲ့အဆက်အသွယ်လုပ်လုပ် ကျွန်တော် တားမှာ မဟုတ်ဘူး။ ခင်ဗျားမှာ လွတ်လပ်ခွင့် အတိုင်းအတာတစ်ခုအထိ ရှိတယ်။ တကယ်လို့ ခင်ဗျားက အာဏာကို တကယ် လိုချင်တယ်ဆိုရင် အာဏာတချို့ ကျွန်တော် မျှဝေပေးနိုင်တယ်။”
ဝူကျန်းဝမ် ဤလူငယ်၏ စကားများကို ယုံကြည်ရန် ခက်ခဲနေခဲ့သည်။ ဤလူငယ်သည် တကယ်ပင် ထိုမျှ သဘောထားကြီးသူ တစ်ယောက်လား။
မည်သို့ပင်ဆိုစေ သူမသည် ဝူနိုင်ငံတော်၏ မင်းသမီးဖြစ်ပြီး မကြာသေးမီကပင် ရန်သူများဖြစ်ခဲ့ကြသည်။ သူမသည် ယခုအခါ ဓားစာခံဖြစ်နေသော်လည်း အမည်ခံအားဖြင့် ဝူနိုင်ငံတော်၏ မင်းသမီးပင် ဖြစ်နေသေးသည်။ လုချန်းက သူမကို အဘယ်ကြောင့် ယုံကြည်သင့်သနည်း။
ဒီလူငယ်က ဒီလောက်တောင် ကိုယ့်ကိုယ်ကို အထင်ကြီးနေတာလား။
သူမ တစ်နေ့နေ့ သစ္စာဖောက်မှာကို သူ မကြောက်ဘူးလား။
ဝူကျန်းဝမ်က
“တစ်နေ့နေ့ ကျွန်မက ရှင့်ကို သစ္စာဖောက်မှာ မကြောက်ဘူးလား။”
ဝူကျန်းဝမ် စကားမဆုံးမီ လုချန်းက သူမ၏ ခါးကို ကိုင်ကာ မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်ပြီး ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော သူမ၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။
“ခင်ဗျား သစ္စာဖောက်မှာကို ကျွန်တော် မကြောက်ဘူးလို့ ဘာလို့ထင်တာလဲ။”
လုချန်း၏ မျက်လုံးများကို စိုက်ကြည့်နေရင်း ဝူကျန်းဝမ် တိတ်ဆိတ်သွားသည်။ သူမ သူ့ကို သစ္စာမဖောက်နိုင်ကြောင်း လုချန်း ယုံကြည်နေမှုက မည်သည့်နေရာမှ လာသည်ကို သူမ မည်သို့သိနိုင်ပါမည်နည်း။
ဝူကျန်းဝမ်သည် ယခုလိုဘဝနှင့်ရောင့်ရဲတင်းတိမ်နေမည့် အမျိုးသမီးတစ်ဦးတော့ မဟုတ်ပေ။ လုချန်း၏ နောက်ကွယ်တွင် အခြားအမျိုးသားတစ်ဦးကို ရှာဖွေမည် မဟုတ်သော်လည်း သူမ၏ အာဏာဆာလောင်မှုမှာ မပြည့်ဝနိုင်ခဲ့ပေ။ အာဏာရရှိရန်အတွက် မြောက်ပိုင်းပြည်နယ်ကို ထိခိုက်စေမည့် လုပ်ရပ်များကို သူမ အမှန်ပင် လုပ်ဆောင်လိမ့်မည်။
ဝူကျန်းဝမ် ပြန်မဖြေပဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လုချန်းက သူ့လက်ကို မြှောက်ကာ ဝူကျန်းဝမ်၏ နီမြန်းနေသော ပါးပြင်များကို ပွတ်သပ်ရင်း ဖရိုဖရဲဖြစ်နေသော ဆံပင်များကို နားရွက်နောက်သို့ ညင်သာစွာ သပ်တင်လိုက်သည်။
“ဒီမေးခွန်းရဲ့ အဖြေကို တစ်လအတွင်း ခင်ဗျားသိရလိမ့်မယ်။ အခု ကျွန်တော် ပြောဖို့ မလိုပါဘူး။”
“ကျွန်တော်တို့ လောင်းကစားတစ်ခုလုပ်ရအောင်လား။ တစ်လအတွင်း ခင်ဗျား ကျွန်တော့်ကို ချစ်သွားပြီး ကျွန်တော်မရှိရင် မနေနိုင်ဖြစ်သွားမယ်လို့ ကျွန်တော် လောင်းမယ်။”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ဝူကျန်းဝမ် ညင်သာစွာ ရယ်မောလိုက်ပြီးနောက်
“ဒါဆို မင်းသား စဉ်းစားနေတာ အဲ့ဒါပဲပေါ့။ မင်းသားက သူနဲ့ တစ်ကြိမ်လောက် အိပ်ရာဝင်လိုက်ရုံနဲ့ ကျွန်မ သူ့ကို လုံးဝ ခယနာခံတော့မယ်လို့ တကယ်ပဲ ထင်နေတာလား။”
“ကျွန်မအတွက် မိန်းမယောက်ျားကိစ္စဟာ အသစ်အဆန်းဖြစ်ပေမဲ့ ကျွန်မရဲ့လုပ်ရပ်တွေကိုထိန်းချုပ်နိုင်တဲ့အရာတော့ မဟုတ်ဘူး။”
လုချန်းက
“ ဩော် ခင်ဗျားက ဒီလောက်တောင် ယုံကြည်မှုရှိတာလား။ ဒါဆို ပြောပါ။ ခင်ဗျားလောင်းမလား မလောင်းဘူးလား။”
ဝူကျန်းဝမ် ချက်ချင်း ပြန်မဖြေပေ။ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူမ ခံစားရသည်။ ဤလူငယ်က သူမ သူ့ကို ချစ်သွားမည်ဟု တကယ်ပင် ဤမျှ သေချာနေတာလား။
သူမ သူ့ကို စိတ်ဝင်စားသည်မှာ မှန်သော်လည်း ချစ်ခြင်းမေတ္တာအထိ ရောက်ရှိလာရန်မှာ လုံးဝမဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် တော်ဝင်မိသားစုဝင်များသည် ခံစားချက်များ ဖြင့်အလုပ်မလုပ်ပဲ အကျိုးစီးပွားဖြင့်သာ လုပ်ဆောင်တတ်သောကြောင့်ပင်။
လုချန်းကိုယ်တိုင်လည်း ရှနိုင်ငံတော် တော်ဝင်မိသားစုမှဖြစ်ရာ ဤမျှ အခြေခံကျသော အမှန်တရားကိုပင် နားမလည်နိုင်လောက်သည်အထိ အလွန်အမင်း ရိုးသားနိုင်လိမ့်မည်တော့ မဟုတ်ပေ။
လုချန်း၏အလောင်းအစားတွင်လျှို့ဝှက်အကြံအစည် တစ်စုံတစ်ရာရှိနေမည်ဟု ဝူကျန်းဝမ် ခံစားနေရသည်။
အတန်ကြာစဉ်းစားပြီးနောက် ဝူကျန်းဝမ် နောက်ဆုံးတွင် လုချန်း၏ အလောင်းအစားကိုလက်ခံလိုက်သည်။ လုချန်းဘာလုပ်မည်ကိုသူမသိချင်သည်။
“ရှင်ရဲ့ စိန်ခေါ်မှုကို ကျွန်မ လက်ခံပါတယ်။ ဘယ်လိုလောင်းကြမလဲ။”
လုချန်းက ပြုံးလျှက်
“တစ်လအတွင်း ခင်ဗျားက ကျွန်တော့်ကို ချစ်တယ် ကြိုက်တယ်ဆိုတဲ့စကားမျိုး မပြောဘူးဆိုရင် ကျွန်တော်က ခင်ဗျားကို အမြောက်လက်နက်ရဲ့ နည်းပညာတွေ ပေးမယ်။”
“ခင်ဗျား အမြောက်အကြောင်း ကြားဖူးမှာပါ။ အဲဒါက ခင်ဗျားတို့ ဝူနိုင်ငံတော် စစ်တပ်ကို အနိုင်ယူခဲ့တဲ့ လက်နက်ပဲ။”
ဝူကျန်းဝမ်၏ နှလုံး လျင်မြန်စွာ ခုန်တက်သွားခဲ့သည်။
အမြောက်.....
ဓားစာခံအဖြစ် မြောက်ပိုင်းပြည်နယ်သို့ သူမ ရောက်လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ဆန်းကြယ်သော လက်နက်များ၏ နည်းပညာများ ရယူရန်ဖြစ်၏။ သူမ ထိုအခွင့်အရေးကို ဤမျှမြန်မြန် ရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ သို့သော် သူမယုံကြည်ရန် ခက်ခဲနေသေးသည်။
ဝူကျန်းဝမ်က
“ရှင် စကားတည်မတည် ကျွန်မ ဘယ်လိုသိနိုင်မလဲ။”
လုချန်းက ပြုံးလျှက်
“ခင်ဗျားမှာ အခု ရွေးချယ်စရာ မရှိဘူး မဟုတ်လား။ ကျွန်တော်က ကာမဂုဏ်လိုက်စားတတ်ပေမဲ့ နယ်စားမင်းသားတစ်ပါးပါ။ ပြည်နယ်တစ်ခုရဲ့ အုပ်ချုပ်သူပါ။ ကတိမတည်တာက ကျွန်တော့်အတွက် အောက်တန်းကျတဲ့ ကိစ္စပဲ။”
ဝူကျန်းဝမ်က
“ကောင်းပါပြီ။ ရှင့်ရဲ့ အလောင်းအစားကို ကျွန်မ လက်ခံတယ်။”
လုချန်းက ဆက်လက်၍
“ခင်ဗျားက ဒီလောက် မြန်မြန် သဘောတူလိုက်တာလား။ ရှုံးရင် ဘာပေးရမယ်ဆိုတာ မသိချင်ဘူးလား။”
ဝူကျန်းဝမ်က အေးစက်သော မျက်နှာဖြင့်
“ကျွန်မ မရှုံးနိုင်ဘူး။”
ဝူကျန်းဝမ်၏ လေသံမှာ ပြတ်သားသည်။ သူမသည် သူမကိုယ်သူမ အလွန်ယုံကြည်မှုရှိသည်။ သူ၏ ခန္ဓာကိုယ်ကို စွဲလန်းသော်လည်း အမှန်နှင့် အမှားကို မခွဲခြားနိုင်သည်အထိတော့ မဖြစ်နိုင်ပေ။ ဤအလောင်းအစား အနိုင်ရခြင်းသည် သူမ၏ ဧကရာဇ်ဖခင်က သူမအား အပ်နှင်းခဲ့သော တာဝန်ကို ပြီးမြောက်ခြင်းဟု ဆိုလိုသည်။ သူမ ထိုအလောင်းအစားကို စွန့်စားရန် ဆုံးဖြတ်ထားသည်။
လုချန်းက
“ခင်ဗျား ရှုံးရင် တစ်သက်လုံး ကျွန်တော့် ရဲ့ မောင်းမဆောင်မှာ နေရမယ်။ သားသမီးတွေ မွေးပေးရမယ်။ ကျွန်တော့်ကို အမြဲတမ်း ဦးစားပေးအနေနဲ့ ထားရမယ်။”
ဝူကျန်းဝမ်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း နောက်ဆုံးတွင်
“ကျွန်မ သဘောတူပါတယ်။ မင်းသား နောက်ဆုံးမှာ ကတိတည်ဖို့ပဲ မျှော်လင့်ပါတယ်။”
လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်။ သူမသည် တကယ်ပင် ရိုးသားလှသည်။
တစ်လဆိုတာ ပိုတွက်ထားခြင်းဖြစ်သည်။ ခုနစ်ရက် မကြာခင် ဝူကျန်းဝမ် ရှုံးလိမ့်မည်။
ထိုအချိန်တွင် ဝူကျန်းဝမ်က လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ
“မင်းသား ကျွန်မရဲ့ အဆောင်မှာ တစ်နေ့နဲ့ တစ်ညလုံး နေခဲ့တာပဲ။ ပြန်ဖို့ အချိန်မတန်သေးဘူးလား။”
ဝူကျန်းဝမ်၏ ပူလောင်နေသော်လည်း နူးညံ့ပျော့ပျောင်းသော ကိုယ်ခန္ဓာကို ခံစားမိသော လုချန်းသည် လုံးဝ လွှတ်မပေးလိုတော့ချေ။
လုချန်းက အေးဆေးစွာဖြင့်
“ဘယ်လိုပဲဖြစ်ဖြစ် မှောင်နေပြီပဲ။ ဆက်အိပ်ရအောင်။”
ဝူကျန်းဝမ်၏ စိတ်အာရုံများ လုံးဝလစ်ဟာသွားသည်။
“ရှင်...”
“အင်း...”
ဝူကျန်းဝမ် စကားမဆုံးမီ လုချန်းက ထိုလှပသော အမျိုးသမီး၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။
..............