← Chapters

အခန်း ၆၄၀-၆၄၂

Vol. 43 Ch. 640-642

အခန်း ၆၄၀-၆၄၂

Vol. 43 Ch. 640-642

အခန်း (၆၄၀)

ဘယ်တုန်းက လောင်းကြေးလဲ (၁)

လျှံဇွန်း၏ အဖြေကို ကြားသောအခါ လုချန်း ခဏခန့် စဉ်းစားလိုက်သည်။

ပုံမှန်အားဖြင့် အထူးကိုယ်ရံတော်အဖွဲ့သည် ထောက်လှမ်းရေးသတင်း ရရှိသည်နှင့် ချက်ချင်းပင် ရန်ခရိုင်သို့ တစ်ယောက်ယောက်ကို စေလွှတ်လေ့ ရှိသည်။

အထူးကိုယ်ရံတော် သူလျှိုက လုရိ စေလွှတ်သည့် သံတမန်အဖွဲ့နှင့်အတူ နေပြည်တော်မှ ထွက်ခွာနိုင်ခဲ့ခြင်းက လုရိသည် သံတမန်အဖွဲ့ကို စေလွှတ်ရန် ဆုံးဖြတ်ပြီးသည်နှင့် ချက်ချင်း မြောက်ပိုင်းပြည်နယ်သို့ စေလွှတ်ခဲ့သည်ဟု ဆိုလိုသည်။

လုရိသည် မြောက်ပိုင်းပြည်နယ်နှင့် ဆက်သွယ်မှု ထူထောင်ရန် အလျင်လိုနေခဲ့၏။

ထိုအချိန်တွင် လုချန်းက

“နားလည်ပါပြီ။ ဒီထောက်လှမ်းရေးသတင်းကို ပညာရှိကြီးဆီ သွားသတင်းပို့လိုက်ပါ။”

လုရိ၏ သံတမန်အဖွဲ့ မြောက်ပိုင်းပြည်နယ်သို့ မရောက်သေးသော်လည်း လုရိက သူ့ကို မည်သို့ စည်းရုံးမည် မည်သည့်အခြေအနေများ ပေးမည်ကို လုချန်း မသိသေးပေ။ လုချန်းသည် တောင်ဘက်သို့ ဦးတည်ရန် စီစဉ်ထားပြီး ဖြစ်သော်လည်း တစ်နှစ်ခန့် အချိန်ရှိသေးသည်။

လုရိကို သူ၏ အကျိုးအတွက် အသုံးချနိုင်သည့် နည်းလမ်း ရှိမရှိ အရင်ကြည့်လိုသည်။

လုချန်း၏ လက်ထဲမှ စာကို ယူလျက် လျှံဇွန်းက

“ကျွန်တော့်ကို ခွင့်ပြုပါဦး။”

ထို့နောက် လျှံဇွန်း စာကြည့်ခန်းမှ ထွက်ခွာပြီး နိုင်ငံရေးရာ ခန်းမဘေးရှိ နိုင်ငံရေးရာရုံးသို့ ဦးတည်သွားသည်။

လောလောဆယ် ထိုကိစ္စကို လုချန်း အလေးအနက် မစဉ်းစားသေးပေ။ သံတမန်အဖွဲ့ ရန်ခရိုင်သို့ မရောက်မချင်း လုရိ၏ တောင်းဆိုချက်များ သို့မဟုတ် လုရိက သူ့ကို စည်းရုံးရန် မည်သည့်အခြေအနေများ ပေးမည်ကို သူ သိမည်မဟုတ်ပေ။ ယခု အလွန်အကျွံ တွေးတောခြင်းက အကျိုးမရှိ ပေ။ အရာအားလုံးသည် သံတမန်အဖွဲ့ မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိသည်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။

.......

ညနေရောက်သောအခါ။

လုချန်း ညစာ စားနေစဉ် မုကျိရွှမ်းက ဘေးမှနေ၍

“မင်းသား။ မင်းသမီးကျန်းဝမ် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ရောက်နေတာ ရက်တော်တော်ကြာပြီ။ လေပြင်းမိုးတိမ်ဆောင်ကို ညစာအတွက် တစ်ခါမှ လာမစားသေးဘူး။ ဘာလို့ သူကို ညစာစားဖို့ လေပြင်းမိုးတိမ်ဆောင်ကို မဖိတ်တာလဲ။”

လုချန်းက ပြုံးလျက်

“လောလောဆယ် မလိုအပ်သေးပါဘူး။ သူ့ကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ အရင် နေသားကျပါစေဦး။”

ချူးယုချင်က

“ချန်းလေး။ မနေ့က မင်းသမီးကို ဒေါ်လေးတွေ့ခဲ့တယ်။ သူ့ရဲ့ သိုင်းပညာ အငွေ့အသက်က ဒေါ်လေးထက် မနိမ့်ဘူး။ အဆင့်လွန် ပညာရှင်အဆင့်ကို ရောက်နေပုံရတယ်။ သူ့ကို မင်းသားစံအိမ်ရဲ့ အတွင်းဆောင်မှာ ဆက်ထားတာက ခြိမ်းခြောက်မှု ဖြစ်နိုင်တယ်။”

ဝူကျန်းဝမ်သည် ရန်သူနိုင်ငံမှ မင်းသမီးတစ်ဦး ဖြစ်နေသောကြောင့် ချူးယုချင် ဝူကျန်းဝမ်အပေါ် အမြဲ စိတ်အေးမနေနိုင် ဖြစ်နေခဲ့သည်။ သူမ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ထိခိုက်စေမည့်အရာ တစ်ခုခု လုပ်မည်ကို စိုးရိမ်သည်။

ဝူကျန်းဝမ် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ရောက်ရှိပြီးကတည်းက သူမ တည်းခိုသည့် အဆောင်ကို ချူးယုချင်အနီးကပ် စောင့်ကြည့်နေခဲ့သည်။ ဝူကျန်းဝမ်က လုချန်း၏ ဇနီး သို့မဟုတ် ကလေးများကို ထိခိုက်စေမည်ကို သူမ အလွန်စိုးရိမ်သည်။

လုချန်းက ပြုံးလျက်

“စိတ်မပူပါနဲ့။ သူက ကျွန်တော့်ရဲ့ မိန်းမ ဖြစ်နေပြီ။ သူ ပြဿနာ မရှာပါဘူး”။

ချူးယုချင်သည် နဂါးဖီးနစ်လက်ဖက်ရည် ကိစ္စကို မသိသောကြောင့် ဝူကျန်းဝမ်ကို

လုချန်း ထိန်းချုပ်နိုင် ပါ့မလားဟု အတော်လေး စိုးရိမ်ခြင်းဖြစ်သည်။

လုချန်း ထိုမျှ ယုံကြည်မှု ရှိသည်ကို မြင်သောအခါ ချူးယုချင်လည်း စိတ်ထဲမှ သက်ပြင်းတစ်ချက် ညင်သာစွာ ချလိုက်ပြီး အများကြီး မပြောတော့ပေ။

ညစာစားပြီးနောက် လုချန်းသည် ဝူကျန်းဝမ် တည်းခိုရာ အဆောင်သို့ တည့်တည့်မတ်မတ် သွားခဲ့သည်။

ထိုအချိန်တွင် ဝူကျန်းဝမ်သည် ညစာစားပြီးဖြစ်ကာ ရေချိုးခန်းမှ ထွက်လာပြီး အနီရောင်ဖီးနစ်ဝတ်စုံကို ပြန်လည် ဝတ်ဆင်နေသည်။

မှန်တင်ခုံရှေ့တွင် ထိုင်နေရင်း ဝူကျန်းဝမ်တစ်ယောက် မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ကြည့်နေပြီး လုံးဝတည်ငြိမ်တိတ်ဆိတ်နေ၏။ သူမ၏ အတွေးများကို မည်သူမှ မသိနိုင်ပေ။

သူမ အတွေးထဲ နစ်မြောနေစဉ် တံခါးဝမှ အစေခံတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

ဝူကျန်းဝမ် သတိပြန်ဝင်လာပြီး သူမ၏ နှလုံး တင်းကြပ်သွားကာ ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။

သူ ရောက်လာပြီ။ တကယ် ရောက်လာပြီ။

ဒီလူငယ်လေး ဒီတစ်ကြိမ် သူမကို ဘယ်လို နှိပ်စက်မလဲ မသိပေ။

ဝူကျန်းဝမ် ထိုင်ရာမှ မထနိုင်မီ လုချန်းက အနောက်မှ ချဉ်းကပ်လာပြီး ဖြစ်သည်။ သူက သူမ၏ မွှေးကြိုင်သော ပခုံးများပေါ်တွင် လက်တင်ကာ မှန်ထဲရှိ သူမ၏ ပုံရိပ်ကို ကြည့်ရင်း သူမ၏ နားနား ကပ်ကာ

“မင်းသမီးက တကယ်ကို လှတာပဲ။”

ပြောရင်းဆိုရင်း သူမ၏ ဆံပင်ကို မြှောက်လိုက်ပြီး နမ်းရှုံ့လိုက်သည်။ ဆံနွယ်ရနံ့ကို သူအလွန် နှစ်သက်ပုံရသည်။

ထိုအချိန်တွင် ဝူကျန်းဝမ် တစ်ခုခု ပြောလိုသော်လည်း စကားလုံးများ ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသည်။

သူမသည် အခြားသူ၏ အိမ်တွင် နေထိုင်နေရခြင်းဖြစ်သည်။ သူမအား လွှတ်ပေးရန် လုချန်းကို တောင်းဆိုနိုင်မည် မဟုတ်သည်မှာ သေချာသည်။ ထို့ပြင် သူမအတွက် ယောက်ျားမိန်းမ ကိစ္စများသည် ပျော်ရွှင်မှု တစ်မျိုး ဖြစ်သည်။

ဝူကျန်းဝမ်သည် မှန်ရှေ့တွင် မလှုပ်မယှက် ထိုင်နေဆဲဖြစ်ပြီး နောက်ထပ် ဘာလုပ်ရမည် သို့မဟုတ် ဘာပြောရမည်ကို လုံးဝ မသိတော့ပေ။

ဝူကျန်းဝမ် မလှုပ်မယှက် ရှိနေသည်ကို မြင်သောအခါ လုချန်းက

“ဧကရီက မေးခွန်းအချို့ ဖြေဆိုဖို့ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော် ဒီည ဒီမှာ မအိပ်ပါဘူး။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ် စိုးရိမ်သွားကာ

“ဘာသိချင်တာလဲ”

လုချန်းက

“တိုက်ကြီးရဲ့ အနောက်ဘက် အစွန်းမှာ မြူခိုးထူထပ်တဲ့ ဒေသတစ်ခု ရှိတယ်လို့ ကြားဖူးပါတယ်။ အဲဒီထဲကို ဝင်သွားတဲ့သူတွေထဲက ပြန်ထွက်လာနိုင်သူ မရှိသလောက်ပါပဲ။ ဒါပေမဲ့ ခင်ဗျားနဲ့ ယွဲ့ဧကရာဇ်တို့ နှစ်ဦးစလုံးက မြူခိုးထဲ ဝင်ရောက်နိုင်ခဲ့ရုံသာမကပဲ ပြန်ထွက်လာနိုင်ခဲ့ပြီး စွမ်းအားကြီးမားလာခဲ့တယ်။ ယွဲ့ဧကရာဇ်ဆိုရင် ကောင်းကင်လူသားအဆင့်ကိုတောင် တက်လှမ်းနိုင်ခဲ့တယ်။ ဟုတ်ပါတယ်။၊ သူတကယ် ကောင်းကင်လူသား စွမ်းအားရှင် ဟုတ် မဟုတ်တော့ ကျွန်တော် မသေချာဘူး။”

ဝူကျန်းဝမ်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ လုချန်းက မြူခိုးထူထပ်သည့် ဒေသကို ရုတ်တရက် စိတ်ဝင်စားလာမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ထို့နောက် သူမက

“မြူခိုး ဒေသက အရမ်းအန္တရာယ်များတယ်။ ရှင် အဲဒီနေရာကို စိတ်မဝင်စားတာ အကောင်းဆုံးပဲ”

ဟု သတိပေးလိုက်သည်။

လုချန်းက ဝူကျန်းဝမ်၏ ဆံပင်ကို မြှောက်တင်ကာ လေကို ပြင်းပြင်းရှူသွင်းပြီး

“အဲဒါ ကျွန်တော့်ကိစ္စပါ။ မြူခိုးထူထပ်တဲ့ ဒေသထဲမှာ ဘာတွေ ရှိတယ် ဒါမှမဟုတ် အဲဒီရဲ့ တစ်ဘက်မှာ ဘာတွေ ရှိတယ်ဆိုတာ ကျွန်တော့်ကို ပြောပြရုံပါပဲ။”

ဝူကျန်းဝမ်က

“ရှင်က မြူခိုးဒေသကို ဒီလောက် စိတ်ဝင်စားနေတာဆိုတော့ ကျွန်မ အချို့အရာတွေကို ပြောပြပါ့မယ်။”

“မြူခိုးဒေသက တခြားကမ္ဘာတစ်ခုပါ။ ယွဲ့ဧကရာဇ်နဲ့ ကျွန်မတို့ နှစ်ယောက်က တစ်ချိန်တုန်းက ဆရာတူတပည့် တွေပါ။ ဆရာမက ကျွန်မတို့ကို မြူခိုးဒေသထဲကို ခေါ်သွားခဲ့တယ်။ ကျွန်မတို့ အဲဒီမှာ ဆယ်နှစ်နီးပါး နေခဲ့ကြတယ်။ အဲဒီဆယ်နှစ်အတွင်းမှာ ကျွန်မ အိမ်ပြန်လည်ပတ်ချင်စိတ် ဖြစ်ခဲ့ပေမဲ့ ဘယ်လမ်းက သွားသွား မြူခိုးထဲကနေ ထွက်ပေါက်ကို ရှာမတွေ့ခဲ့ဘူး။ တစ်နေ့တော့ မြေကြီးတုန်လှုပ်သွားပြီး မြူခိုးတွေ ရုတ်တရက် ခဏလောက် ပျောက်ကွယ်သွားခဲ့တယ်။

ကျွန်မတို့ရဲ့ ဆရာမက တစ်ခုခု သဘောပေါက်သွားပုံရပြီး ယွဲ့ဧကရာဇ်နဲ့ ကျွန်မကို ပြန်ပို့ဖို့ စဉ်းစားခဲ့ပုံပါပဲ။”

.............

အခန်း (၆၄၁)

ဘယ်တုန်းက လောင်းကြေးလဲ (၂)

“မြူခိုး‌ဒေသကို ဝင်ဖို့ မစဉ်းစားတာ အကောင်းဆုံးလို့ မင်းသားကို အကြံပြုချင်တယ်။ အဲဒီထဲမှာ ကောင်းကင်လူသား စွမ်းအားရှင်တွေဟာ ဘာမှ မဟုတ်ဘူး။”

ဝူကျန်းဝမ်၏ စကားကို ကြားသောအခါ လုချန်း ထိတ်လန့်သွားသည်။

ကောင်းကင်လူသား စွမ်းအားရှင်တွေက ဘာမှ မဟုတ်ဘူးလား။

အဆင့်လွန် ပညာရှင်တွေ ခွေးတွေထက် ညံ့ပြီး ကောင်းကင်လူသား စွမ်းအားရှင်တွေ နေရာအနှံ့ ရှိနေတဲ့ အချိန် ရောက်လာပြီလား။

သို့သော်လည်း ဤအရာက အံ့ဩစရာ မဟုတ်ပေ။ ယွမ်ရှန်ရှန် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ လာရောက်စဉ်က ဤကမ္ဘာကြီးသည် အောက်အဆင့် ကမ္ဘာမျှသာ ဖြစ်ပြီး စွမ်းအားကြီးမားသူများကို များများစားစား ထိန်းထားနိုင်ခြင်း မရှိသောကြောင့် ကောင်းကင်လူသား စွမ်းအားရှင်များကို ဤနေရာတွင် တန်ခိုးရှင်များဟု အခြေခံအားဖြင့် သတ်မှတ်ကြသည်ဟု သူ့ကို ပြောခဲ့ဖူးသည်။

စိတ်ဝင်တစားဖြင့် လုချန်းက

“မြူခိုး‌ဒေသကလူတွေက ကောင်းကင်လူသား စွမ်းအားရှင်တွေကို ဘာမှ မဟုတ်ဘူးလို့ သဘောထားတယ်ဆိုရင် သူတို့ ဘာလို့ အဲဒီကနေ ထွက်မလာပဲ အဓိက နိုင်ငံကြီးတွေကို မသိမ်းပိုက်တာလဲ။”

ဝူကျန်းဝမ်က

“ကျွန်မလည်း အဲ့ဒါရဲ့ တိကျတဲ့ အကြောင်းပြချက်ကို မသိပါဘူး။ ဒါပေမဲ့ သူတို့ကို မြူခိုး ဒေသကနေ ထွက်ခွာခွင့် မပြုတဲ့ ကန့်သတ်ချက်တချို့ ရှိနေပုံရပါတယ်။ ကျွန်မရဲ့ ဆရာမ မြူခိုးဒေသကနေ ထွက်ခွာနိုင်ခဲ့တာလည်း မတော်တဆပါပဲလို့ ပြောခဲ့ဖူးပါတယ်။”

ခဏမျှ စဉ်းစားပြီးနောက် လုချန်းက

“ဒါဆို ခင်ဗျားရဲ့ ဆရာမက နောက်ဆုံးမှာ ခင်ဗျားတို့ကို ဘာလို့ ပြန်ပို့ခဲ့တာလဲ။”

ဝူကျန်းဝမ်က ခံစားချက်မဲ့စွာဖြင့်

“ကျွန်မတို့က လောကီဆန္ဒတွေကို မစွန့်လွှတ်နိုင်သေးဘူး၊ ပြီးတော့ ဆရာမရဲ့ ဂိုဏ်းမှာ နေဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတာ သူ မြင်လို့ပါ။ ဒါကြောင့် ကန့်သတ်ချက်တွေ လျော့ရဲလာတဲ့အခါ ကျွန်မတို့ကို ပြန်ပို့လိုက်တာပါ။”

လုချန်းက

“သဘောပေါက်ပါပြီ။”

ထိုစဉ် ဝူကျန်းဝမ် ထိုင်နေရာမှ ထကာ ကုတင်ဘက်သို့ လျှောက်သွားသည်။ လျှောက်ရင်း

“ကျွန်မက ရှင့်ကို မြူခိုးဒေသအကြောင်း ပြောပြပြီးပြီဆိုတော့ ရှင်လည်း အစောပိုင်းက ပြောခဲ့တဲ့ ကတိကို တည်ရပါလိမ့်မယ်။ ရှင် ထွက်သွားဖို့ အချိန်တန်ပြီ။”

ဝူကျန်းဝမ် စကားပင် မဆုံးသေးခင်မှာပင် သန်မာသော လက်တစ်စုံက သူမ၏ သွယ်လျသော ခါးကို နောက်မှ ဖက်တွယ်လိုက်သည်။ သူမ၏ နားနားကပ်၍ လုချန်းက

“ကျွန်တော် ဒီည ဒီမှာ မအိပ်ဘူးလို့ပဲ ပြောခဲ့တာပါ။ ချက်ချင်း ထွက်သွားမယ်လို့ မပြောခဲ့ပါဘူး။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်၏ စိတ်ဆိုးသွားပြီး

“ရှင်။ ရှင် ကတိကို ဖျက်တယ်”

လုချန်းက ရယ်မောလိုက်ပြီး

“ကျွန်တော် ဘယ်မှာ ကတိဖျက်မိလို့လဲ။ ဒီည ဒီမှာ မအိပ်ဘူးလို့ပဲ ပြောခဲ့တာပါ။ ဒါဆို မအိပ်ရင် ပြီးတာပဲ မဟုတ်ဘူးလား။”

“ခင်ဗျားလို လှပတဲ့ မိန်းမလှတစ်ယောက် ဒီမှာ ရှိနေတာကို ကျွန်တော် ဘယ်လိုမှ အိပ်လို့ မရပါဘူး “

လုချန်း စကားပင် မဆုံးသေးခင် ဝူကျန်းဝမ်ကို ကုတင်ပေါ် တွန်းချလိုက်သည်။ ဝူကျန်းဝမ် အနည်းငယ် ရုန်းကန်ရန် ကြိုးစားလိုက်ရာ သူမ၏ စွမ်းအားက သူမ၏ ခန္ဓာကိုယ်ထဲတွင် ပိတ်ဆို့ခံထားရပြီး လုချန်း သူမကို ယနေ့အစောပိုင်းက ထိန်းချုပ်ခဲ့သလိုပင် ဖြစ်နေကြောင်း တွေ့ရှိလိုက်သည်။

ဝူကျန်းဝမ် သဘောပေါက်သွားသည်မှာ ဤလူငယ်က သူမ၏ ခန္ဓာကိုယ်နှင့် ထိတွေ့လိုက်သည်နှင့် သူမ၏ စွမ်းအား ပိတ်ဆို့ခံရပြီး လည်ပတ်၍ မရနိုင်ခြင်းဖြစ်သည်။

ဒီလူက သူမအပေါ် မန္တာန်ကျင့်စဉ်တစ်မျိုး သုံးထားတာများလား။

မြူခိုးမှော်ဂိုဏ်းတွင် နှစ်ပေါင်းများစွာ လေ့ကျင့်သင်ကြားခဲ့ဖူးသောကြောင့် မန္တာန်များနှင့် ပတ်သက်၍ အချို့အရာများကို သူမနားလည်ထားခဲ့သည်။ ယွဲ့ဧကရာဇ်နှင့် သူမ နှစ်ဦးစလုံး အတော်များများ သင်ယူခဲ့ကြသော်လည်း မသုံးတာကြာပြီဖြစ်သဖြင့် အချို့ကိုပင် မေ့လျော့ခဲ့ပြီ ဖြစ်သည်။

ထိုသို့ တွေးမိသောအခါ ဤအရာသည် မန္တာန် တစ်မျိုးမျိုး ဖြစ်ရမည်ဟု ဝူကျန်းဝမ် သေချာသွားသည်။ ဤလူက သူမကို ထိုသို့ ပြုမူရဲခြင်း၊ သူမကို အတွင်းဆောင်တွင်ပင် နေခွင့်ပေးရဲခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။ သူက သူမအပေါ် မန္တာန်တစ်ခုခု သုံးထားခဲ့ခြင်းပင် ဖြစ်၏။

လုချန်း၏ မှော်ပညာဖြင့် ကျိန်စာမိနေနိုင်သည်ဟု တွေးမိသောအခါ ဝူကျန်းဝမ်လည်း ရုန်းကန်ခြင်းကို ရိုးရိုးလေး ရပ်တန့်လိုက်ပြီး လုချန်းအား လွတ်လပ်စွာ လှုပ်ရှားခွင့် ပေးလိုက်သည်။

သို့သော်လည်း သူမက မေးခွန်းတစ်ခု ပြန်ထုတ်လိုက်သည်။

“မြောက်ပိုင်းပြည်နယ်ရဲ့ နက်နဲဆန်းကြယ်တဲ့ လက်နက်တွေက မြူခိုးဒေသနဲ့ သက်ဆိုင်ရမယ်။ မဟုတ်ရင် ရှင်အဲဒီလောက် စိတ်ဝင်စားမှာ မဟုတ်ဘူး။”

လုချန်းက ဝူကျန်းဝမ်၏ ပန်းထိုးဖိနပ်များကို ချွတ်နေရင်း

“ကျွန်တော်နဲ့ မြူခိုးဒေသ ဘာမှမသက်ဆိုင်ပါဘူး။ တစ်နေ့နေ့မှာ ကျွန်တော့်ရဲ့ နားလည်မှုကို ကျော်လွန်တဲ့ အင်အားကြီး ရန်သူတစ်ဦး အနောက်ဘက်ကနေ ရောက်လာမှာကိုပဲ စိုးရိမ်နေတာပါ။ ဒါကြောင့် ကြိုတင်ပြင်ဆင်ဖို့ စီစဉ်တာပါ။”

“ကိုယ့်ကိုယ်ကိုယ်ကိုရော ရန်သူကိုပါ သိရင် တိုက်ပွဲမှာ ပိုမိုလွယ်ကူစွာ အနိုင်ရနိုင်ပါတယ်။”

“ဒီတစ်ကြိမ် ဝူနိုင်ငံတော် ဒီလောက် အကြီးအကျယ် ရှုံးနိမ့်ခဲ့ရတာက မြောက်ပိုင်းပြည်နယ်ကို လုံးဝ မသိနားမလည်ခဲ့လို့ပါပဲ။ မြောက်ပိုင်းပြည်နယ် အသုံးပြုခဲ့တဲ့ လက်နက်တွေရဲ့ စွမ်းအားကိုတောင် မသိပဲ ပေါ့ပေါ့ဆဆ စစ်တပ် စေလွှတ်ခဲ့လို့ပဲ။”

ဝူကျန်းဝမ်က

“ဒါကို ရှင် တကယ် စိုးရိမ်စရာ မလိုပါဘူး...”

လုချန်း၏ လက်များ လှုပ်ရှားနေသည်ကို ခံစားမိသောအခါ ဝူကျန်းဝမ်သည် အံ့အားသင့်စွာ အော်ဟစ်လိုက်ရင်း စကားကို ရပ်လိုက်သည်။ သူမ၏ စိတ်ခံစားမှုများကို ထိန်းချုပ်ရန် အံတင်းတင်း ကြိတ်လိုက်သည်။ ခဏအကြာတွင် သူမက

“မြူခိုးဒေသမှာ ကန့်သတ်ချက်တွေ ရှိတယ်။ အထဲမှာ ရှိတဲ့သူတွေ ဘယ်လိုမှ ထွက်လာနိုင်မှာ မဟုတ်ဘူး။ ရှင် လုံးဝ စိုးရိမ်စရာ မလိုပါဘူး။”

လုချန်းက ပြုံးလျက်

“အဲဒီကန့်သတ်ချက် အမြဲတမ်း အကျိုးသက်ရောက်မယ်လို့ ကျွန်တော် မယုံဘူး။ ခင်ဗျားနဲ့ ယွဲ့ဧကရာဇ်တို့ တောင် မြူခိုးဒေသထဲကို ဝင်နိုင်ခဲ့ပြီး ထွက်နိုင်ခဲ့တယ်။ ခင်ဗျားရဲ့ ဆရာမတောင် အဲဒီကနေ ထွက်လာခဲ့တာဆိုတော့ ကန့်သတ်ချက်မှာ သိသာထင်ရှားတဲ့ အားနည်းချက်တွေ ရှိနေတယ်ဆိုတာ ပြနေတာပဲ။”

“ဒါမှမဟုတ် အဲဒီကန့်သတ်ချက်ကို ချိုးဖျက်နိုင်တာလည်း ဖြစ်နိုင်တယ်။ တစ်နေ့နေ့မှာ အဲဒါကို ချိုးဖျက်ပြီး မြူခိုးဒေသကနေ အင်အားကြီးတဲ့ ရန်သူတွေ ထွက်ပေါ်လာမယ်၊ ပြီးတော့ မြောက်ပိုင်းပြည်နယ်က လုံးဝ ပြင်ဆင်မထားဘူးဆိုရင် ကျွန်တော်တို့ ကျွန်တွေပဲ ဖြစ်သွားမှာ မဟုတ်ဘူးလား။”

လုချန်း ပြောသည်ကို ကြားသောအခါ

သူ၏ စကားများတွင် အကျိုးကြောင်းဆီလျော်မှု ရှိကြောင်း ဝူကျန်းဝမ် တွေ့လိုက်ရပြီး သူ့အပေါ် သူမ၏ အမြင် အနည်းငယ် ပြောင်းလဲသွားသည်။

ဤကာမဂုဏ် လိုက်စားသော လူငယ်လေးတွင် အချို့သော အားသာချက်များ ရှိနေသေးကြောင်း၊ ငြိမ်းချမ်းနေသည့်အချိန်တွင်ပင် သတိထားတတ်ကြောင်း မည်သူထင်မှတ်ထားမည်နည်း။

ဝူကျန်းဝမ်က

“မြူခိုးဒေသကလူတွေ တကယ် ထွက်လာမယ်ဆိုရင် ရှင်ကောင်းကောင်း ပြင်ဆင်ထားရင်တောင် သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။”

“ကျွန်မ တစ်ခါက ဝင်ခဲ့တဲ့ မြူခိုးမှော်ဂိုဏ်းကို ကြည့်ပါ။ ဂိုဏ်းထဲက အဆင့်အနိမ့်ဆုံး သူတွေတောင် ကောင်းကင်လူသားအဆင့်တွေချည်းပဲ။ မြောက်ပိုင်းပြည်နယ်မှာ ကောင်းကင်လူသားတွေ ရှိမရှိ မပြောတော့ဘူး။ ရှိခဲ့ရင်တောင် အဲ့ဒီ တစ်ယောက်နှစ်ယောက်က မြူခိုးမှော်ဂိုဏ်းကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။”

ထိုစကားကို ကြားသောအခါ လုချန်း၏ လက်များ ခဏခန့် ရပ်တန့်သွားသည်။ သူ ချက်ချင်း မတုံ့ပြန်ခဲ့ပေ။ ဝူကျန်းဝမ် ပြောသည်က ကျိုးကြောင်းဆီလျော်သည်။ မြူခိုးဒေသမှ အင်အားစုများ သူတို့၏ ကန့်သတ်ချက်များကို ချိုးဖျက်ကာ ဤကမ္ဘာသို့ ဆင်းသက်လာပါက တကယ်ပင် အလွယ်တကူ အနိုင်ရမည့် တစ်ဖက်သတ် တိုက်ပွဲဖြစ်သွားလိမ့်မည်။

...............

အခန်း (၆၄၂)

ဘယ်တုန်းက လောင်းကြေးလဲ (၃)

ထိုသို့ဆိုလျှင် သူ၏ စွမ်းအားကို အမြန်မြှင့်တင်ပြီး ပိုမို အစွမ်းထက်လာအောင် လုပ်ရမည်။ ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိသွားသည်နှင့် စနစ်ကို အားကိုးကာ သူ၏အဆင့်ကို ဆက်လက်မြှင့်တင်နိုင်သည်။

ဝူကျန်းဝမ်၏စကားက လုချန်းအား အရေးတကြီးလုပ်ဆောင်ရန် တွန်းအားပေးလိုက်သည်။ မူလက နိုင်ငံများ ပေါင်းစည်းခြင်းသည် ဖြည်းဖြည်းချင်း လုပ်ဆောင်နိုင်သည့် ကိစ္စဟု သူထင်မှတ်ခဲ့သည်။

ယခုမူ သူ ဖြည်းဖြည်းချင်း လုပ်၍ မဖြစ်တော့ဟု ယူဆသည်။ သူ နယ်မြေများကို မပေါင်းစည်းနိုင်မီ မြူခိုးဒေသမှ လူများ ကန့်သတ်ချက်များကို ဖောက်ဖျက်နိုင်ခဲ့လျှင် ထိုရန်သူများ၏ ဖိနှိပ်ခြင်းကို သူတို့ခံရ တော့မည် မဟုတ်ပါလား။

ဤအတွေးနှင့်အတူ လုချန်း၏ လက်များ ထပ်မံ လှုပ်ရှားလာသည်။ သူ ပြင်းထန်စွာ ဆွဲလိုက်ရာ ဝူကျန်းဝမ်၏ ဖီးနစ်ဝတ်ရုံစ တစ်စကို ဆွဲဖြဲလိုက်မိသဖြင့် သူမ၏ ချောမွေ့နူးညံ့သော အသားအရေ ပေါ်လာကာ လုချန်း၏ အတွင်းမှ ရိုင်းစိုင်းသော စိတ်များကို ရုတ်တရက် လှုံ့ဆော်ပေးလိုက်သည်။

ဝူကျန်းဝမ် တစ်ခုခု ပြောရန် စဉ်းစား‌နေခဲ့သော်လည်း နောက်တစ်ခဏတွင် သူမ၏ နှုတ်ခမ်းများကို လုချန်းက ပိတ်လိုက်သဖြင့် “အင်း..” ဟူသော အသံများသာ ထွက်နိုင်တော့သည်။

လုချန်း၏ နမ်းရှုံ့မှုများသည် ဝူကျန်းဝမ်၏ စိတ်များကို လျင်မြန်စွာ ဝေဝါးစေခဲ့သည်။ ခဏအကြာတွင် ဝူကျန်းဝမ်၏ မျက်လုံးများ ဝေဝါးလာပြီး သူမ၏ စိတ်ထဲတွင် လုချန်း၏ ပုံရိပ်များသာ ပြည့်နှက်နေတော့သည်။

လုချန်း၏ မှော်ပညာကြောင့် သူမ အညို့ခံလိုက်ရသည်ဟု ဝူကျန်းဝမ် သိနေသော်လည်း သူမ ဂရုမစိုက်တော့ပေ။ သူမ ယခု လိုလားသည်မှာ ထိုလူနှင့် အတူ ပေါင်းသင်းဆက်ဆံလိုခြင်းသာ ဖြစ်သည်။

ခဏမျှ နမ်းပြီးနောက် လုချန်းက ပြန်ထလိုက်ရာ သူတို့၏ နှုတ်ခမ်းများ ကွာသွားသည်။ သူက ဝူကျန်းဝမ်၏ ဆွဲဆောင်မှုရှိသော ပါးပြင်ကို ကြည့်ရင်း လေးနက်သောအသံဖြင့်

“ဝမ်ယန်။ မင်း အရမ်းလှတယ်။ မင်းကို တကယ်ပဲ သဘောကျတယ်။”

လုချန်း၏ စကားများကို ကြားသော်လည်း ဝူကျန်းဝမ် ပြန်မဖြေပေ။ သူမ၏ လက်များက လုချန်း၏ လည်ပင်းကို အလိုလို ရစ်ပတ်လိုက်ပြီး သူမကပင် လုချန်း၏ နှုတ်ခမ်းများကို တက်ကြွစွာ ပြန်နမ်းလိုက်ရာ လေထုထဲ ချစ်ချင်းမေတ္တာ၏ အငွေ့အသက်များ ပြန့်နှံ့သွားခဲ့သည်။

အချိန်မည်မျှ ကြာသွားသည်မသိ လုချန်းက ဝူကျန်းဝမ်၏ ခါးကို ဖက်လျှက် သူမ၏ နားနား ကပ်၍

“ဝမ်ယန်။ မင်း ကိုယ့်ကို ချစ်လား။”

ဤအချိန်တွင် ဝူကျန်းဝမ် လုံးဝ လက်နက်ချလိုက်ပြီ ဖြစ်သည်။ သူမ၌ ကိုယ်ပိုင်စိတ်ဆန္ဒ မရှိတော့ဘဲ မသိစိတ်ကပင်

“ကျွန်မ... ရှင့်ကို ချစ်တယ်..”

လုချန်း၏ မျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်လာပြီး သူက ဆက်လက်မေးမြန်းလိုက်သည်။

“ဒါဆို ကိုယ်က မင်းရဲ့ ချစ်သူလား။”

“ဟုတ်ကဲ့...”

လုချန်းက ဆက်လက် တိုက်တွန်းလိုက်သည်။

“ချစ်သူလို့ ခေါ်ကြည့်ပါလား။”

“ချစ်သူ”

“မဟုတ်ဘူး။ ဒါ မဟုတ်သေးဘူး”

ဝူကျန်းဝမ်၏ စိတ်ထဲတွင် ရုတ်တရက် ရှင်းလင်းသွားသည်။

သူမ လုချန်းနှင့် လောင်းထားသော လောင်းကြေးကို ချက်ချင်း သတိရသွားသည်။ တစ်လအတွင်း သူမက လုချန်းကို

‘ချစ်သူ’ ဟု ခေါ်မိလျှင် သို့မဟုတ် သူ့အပေါ် ချစ်ကြောင်း ဝန်ခံမိလျှင် သူမ ရှုံးမည်ဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် တစ်သက်လုံး နေထိုင်ကာ သူ၏ကလေးများကို မွေးပေးရမည်ဖြစ်သည်။

ပြီးပြီ...

ရက်အနည်းငယ်သာ ရှိသေးပြီး သူမ တကယ် ရှုံးသွားခဲ့ပြီ...

သို့သော် ဝူကျန်းဝမ်၏ နောင်တခံစားမှုများ အလျင်အမြန် ပျောက်ကွယ်သွားပြီး သူမ၏စိတ်ညစ်ညူးမှု အားလုံးလည်း ယာယီ ရပ်တန့်သွားသည်။ သူမ၏စိတ်ထဲတွင် လုချန်းယူဆောင်လာသော ပျော်ရွှင်မှုများသာ ကျန်ရှိနေသည်။

......

မိုးသောက်ယံ။

ပြတင်းပေါက် အပြင်ဘက်တွင် ကျေးငှက်များ မြည်တွန်နေပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အစေခံမိန်းကလေးများ အလှည့်ကျ တာဝန်လဲနေကြပြီဖြစ်သည်။

ဝူကျန်းဝမ်၏ အဆောင်တံခါးဝရှိ အစေခံမိန်းကလေးများလည်း တာဝန်ပြောင်းယူမည့် မိန်းကလေးများ ရောက်လာသည်နှင့် သူတို့၏ နေရာများကို အလျင်အမြန် စွန့်ခွာသွားကြပြီး ထွက်ပြေးသွားကြသည်။

တစ်ညလုံး ကင်းစောင့်ခဲ့ရသဖြင့် သူတို့ မခံနိုင်တော့ပေ။ သူတို့သည် စိတ်လှုပ်ရှားစပြုသည့် အရွယ်များ ဖြစ်ကြပြီး တစ်ညလုံး မသင့်လျော်သည့် အသံများကို နားထောင်ခဲ့ရသဖြင့် ထိုအစေခံမိန်းကလေးငယ်များ ရှက်ရွံ့နေကြသည်။

တစ်ချိန်တည်းမှာပင် အခန်းတွင်း၌မူ လှုပ်ရှားမှုများ ဆက်လက် ရှိနေဆဲဖြစ်ပြီး အပြင်ဘက်မှ အသံများ သဲ့သဲ့ ကြားနေရသည်။

အခန်းတွင်း၌။

လုချန်းသည် အရင်တစ်ကြိမ်ကအတိုင်း ဝူကျန်းဝမ်၏ ကျောပေါ် ဖိထားကာ သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို ပွေ့ဖက်ပြီး နားနားကပ်၍ ချိုမြိန်သော စကားများ တိုးတိုးလေး ပြောနေသည်။

စိတ်ပြန်လည်တည်ငြိမ်လာပြီးနောက် ဝူကျန်းဝမ်က နာကျည်းစွာဖြင့်

“ရှင် မိန်းမတွေ အားလုံးကို ဒီလိုပဲ ဆက်ဆံတာလား။”

သူမအား လုချန်းက အမျိုးသမီး အစေခံ တစ်ဦးလို ဆက်ဆံသည်ဟု ဝူကျန်းဝမ် ခံစားရသဖြင့် ဤမေးခွန်းကို မေးလိုက်ခြင်းဖြစ်သည်။

လုချန်းက ရယ်မောရင်း

“ဒါမျိုးတော့ မဟုတ်ပါဘူး။ အဓိကကတော့ လူပေါ် မူတည်ပါတယ်။ ကျွန်တော့် အိပ်ရာကို မျှဝေတဲ့ မိန်းမက အဆင့်ငါးအောက်ဆိုရင် ဘယ်လို နူးညံ့ရမယ်ဆိုတာ ကျွန်တော် သိပါတယ်။”

“ကျွန်တော့် အိပ်ရာထဲက မိန်းမက အဆင့်လွန် ပညာရှင်အဆင့် ဒါမှမဟုတ် အဲ့ဒီအထက် ရောက်နေပြီဆိုရင်တော့ နူးညံ့ဖို့မလိုအပ်တော့ပါဘူး။”

ဝူကျန်းဝမ် အနည်းငယ် အံ့အားသင့်သွားသည်။ သူမသည် အဆင့်လွန် ပညာရှင်တစ်ဦး ဖြစ်နေပြီးပြီ ဖြစ်သဖြင့် ထိုခွေးကောင်လေးက သူမကို လူတစ်ယောက်လို မဆက်ဆံခြင်းမှာ အံ့သြစရာ မရှိတော့ပေ။

သို့သော်လည်း သူမအတွက် အဓိက ပြဿနာက ထိုကိစ္စ မဟုတ်ပါ။ သူမကို အနှောက်အယှက် အဖြစ်ဆုံးက လုချန်းကို အလောင်းအစား ရှုံးသွားခြင်းဖြစ်သည်။

အလောင်းအစား ရှုံးသွားပြီဖြစ်ရာ လောင်းကြေးစည်းကမ်းအရ သူမသည် လုချန်း၏ မိန်းမအဖြစ် တစ်သက်လုံး နေထိုင်ကာ သူ၏ကလေးများကို မွေးပေးရမည်ဖြစ်သည်။

ထိုအချိန်တွင် လုချန်းက သူမ၏ နားနားကပ်၍

“ကျွန်တော့် ချစ်ဇနီးလေး။ ကျွန်တော်တို့ရဲ့ လောင်းကြေးကို မှတ်မိလား။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်၏ မျက်နှာ အေးစက်သွားသော်လည်း တစ်ဖက်လှည့်ထားသဖြင့် သူမ၏ မျက်နှာပေါ်ရှိ အေးစက်မှုကို လုချန်း မမြင်နိုင်ပေ။

ထို့နောက်ဝူ ကျန်းဝမ်က

“လောင်းကြေးလား။ ဘယ်တုန်းက လောင်းကြေးလဲ။ ကျွန်မရှင်နဲ့ ဘယ်တုန်းကမှ အလောင်းအစား မလုပ်ဖူးပါဘူး။”

ဝူကျန်းဝမ် တွေးလိုက်သည်။ လုချန်းက မနေ့ညက ကတိမတည်ခဲ့သဖြင့် သူမလည်း သူတို့ကြားက လောင်းကြေးကို ငြင်းပယ်နိုင်သည်။

ဝူနိုင်ငံတော်၏ မင်းသမီးတစ်ဦးဖြစ်သည့် သူမကသာ တခြားယောက်ျားများကို အနိုင်ယူရမည် ဖြစ်သည်။ သူမထက် ဆယ်စုနှစ်တစ်ခုကျော် ငယ်သော ကောင်လေးတစ်ယောက်၏ အနိုင်ယူခြင်းကို ဘယ်လိုလုပ် ခံရနိုင်မည်နည်း။

ဒီခွေးကောင်လေးက သူမကို သူ့ကလေးတွေကို မွေးစေချင်သေးသည်။ သူ အိပ်မက် မက်နေတာပဲ ဖြစ်မည်။

ဝူကျန်းဝမ်က လောင်းကြေးကို ငြင်းဆန်သည်ကို မြင်သောအခါ လုချန်းက ပြုံးလျှက်

“ခင်ဗျားရဲ့ ငြင်းဆန်မှုက အဓိပ္ပာယ်မရှိပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျား လောင်းကြေး ရှုံးသွားပြီလေ။ အခုကစပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာပဲ နာခံစွာ နေထိုင်ပြီး ကျွန်တော့်ကလေးတွေကို မွေးပေးပါတော့။”

ဝူကျန်းဝမ်က အေးစက်စွာဖြင့်

“ရှင် ကျွန်မကို အကျဉ်းမချထား မချင်း အဲဒီ သဘောတူညီချက်ဆိုတာကို ဘယ်တော့မှ လိုက်နာမှာ မဟုတ်ဘူး။”

ဝူကျန်းဝမ် ဆက်ပြီး ဟန်ဆောင်မနေတော့ပေ။

ဝူကျန်းဝမ် သဘောတူညီချက်ကို မလိုက်နာချင်သည်ကို မြင်သောအခါ လုချန်း ဒေါသထွက်ပေ။

“စိတ်ဓာတ်မာကျောတဲ့ မိန်းကလေးတွေကို ကျွန်တော် ကြိုက်တယ်။ ဒီလိုပဲ မာကျောခဲ့တဲ့ နောက်ဆုံးတစ်ယောက် အခုကျွန်တော့်ဆီလာပြီး စာရေးမလေ့ကျင့်ရတာ ရက်နည်းနည်းကြာရင် မတည်မငြိမ် ဖြစ်နေရပြီ။”

“ခင်ဗျား ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကျွန်တော် သိချင်တယ်။”

ထိုသို့ပြောပြီး လုချန်းက ဝူကျန်းဝမ်၏ နားထဲသို့ လေမှုတ်သွင်းလိုက်သည်။

လုချန်း ဘယ်သူ့အကြောင်း ပြောနေသည်ကို ဝူကျန်းဝမ် မသိသော်လည်း သူမကို နာခံအောင် လုပ်နိုင်သည့် နည်းလမ်းအချို့ သူ၌ ရှိမည်ဟု သူမ သဘောပေါက်လိုက်သည်။

ဒီလူငယ်က ဒီလောက် ယုံကြည်မှု ရှိနေပုံထောက်ရင် သူ သူမအပေါ် မှော်ပညာတစ်ခုခု သုံးထားလို့များလား။

.............

All Chapters