← Chapters

အခန်း ၆၄၃-၆၄၅

Vol. 43 Ch. 643-645

အခန်း ၆၄၃-၆၄၅

Vol. 43 Ch. 643-645

အခန်း (၆၄၃)

ရှနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာခြင်း (၁)

လုချန်းက သူမအပေါ် မန္တာန်ကျင့်စဉ်တစ်မျိုးမျိုး သုံးထားသည်ဟု သံသယရှိနေသော်လည်း သူမ၏ ခန္ဓာကိုယ်တွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ဝူကျန်းဝမ် မခံစားရပေ။ သို့သော် မန္တာန်တစ်ခု၏ အကျိုးသက်ရောက်မှုအောက်တွင် ရှိမရှိ သိရှိဖို ထပ်မံစူးစမ်းကြည့်ရန် သူမ ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူမက

“ရှင်က ကျွန်မကို ထိန်းချုပ်ဖို့၊ ကျွန်မရဲ့ ခန္ဓာကိုယ်ကို ဆက်တိုက် သိမ်းပိုက်ဖို့ မန္တာန်ကျင့်စဉ် တစ်ခုခုကို သုံးထားတယ် ဆိုရင် ရှင့်ကို တကယ် ချစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

လုချန်းသည် လူမိုက်မဟုတ်ပေ။ သူချက်ချင်းနားလည်လိုက်သည်။ ဝူကျန်းဝမ်က သူ့ကိုစမ်းသပ်နေခြင်းဖြစ်သည်။

“ကျွန်တော့် ကို စမ်းသပ်နေတာလား။ ခင်ဗျားကို မန္တာန်တစ်ခုခု သုံးထားတယ်လို့ ထင်နေတာလား။”

ဝူကျန်းဝမ်က ညင်သာစွာ ရယ်မောလိုက်ပြီး “မဟုတ်လို့လား။ ရှင့်ရဲ့ ခန္ဓာကိုယ်နဲ့ ကျွန်မရဲ့ ခန္ဓာကိုယ် ထိတွေ့မိတာနဲ့ ကျွန်မရဲ့စွမ်းအားက ချက်ချင်း ပိတ်ဆို့သွားတယ်။ ရှင် မန္တာန်တစ်ခုခု မသုံးထားရင် ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်မှာလဲ။”

ဝူကျန်းဝမ်၏ စကားကို ကြားပြီးနောက် လုချန်း ခဏမျှ စဉ်းစားလိုက်သည်။ နဂါးဖီးနစ်လက်ဖက်ရည်၏ အာနိသင်များက အလွန်ကောင်းမွန်သော်လည်း အနည်းငယ် ထင်ရှားလွန်းနေသည်မှာ အမှန်ပင်။

သူတို့ ထိတွေ့တိုင်း သူမအတွင်းရှိ စွမ်းအား ပိတ်ဆို့သွားမည် ဖြစ်ပြီး မည်သည့်အမျိုးသမီးမဆို တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိပြုမိကြမည် ဖြစ်သည်။

သူ၏ အတွင်းဆောင်မှ ဇနီးမယားများလည်း သတိပြုမိကြမည်မှာ သေချာသည်။ သူတို့က တိုက်ရိုက် မပြောခဲ့ကြရုံသာ ဖြစ်၏။ သူနှင့် အိပ်စက်နေစဉ် သူတို့၏ စွမ်းအားကို မလိုအပ်ကြသောကြောင့် ဖြစ်ပြီး ထိုအရာက သူနှင့် သက်ဆိုင်သည်ဟု ခန့်မှန်းမိကြမည်မှာ သေချာသည်။

ထိုအချိန်အထိ လုချန်း ဝူကျန်းဝမ်၏ စကားများကို တိုက်ရိုက် မတုံ့ပြန်သေးပေ။ ယင်းအစား သူ၏ စနစ်အား စိတ်ထဲမှ

“စနစ်။ နဂါးဖီးနစ်လက်ဖက်ရည် သောက်ဖူးတဲ့ အမျိုးသမီးတွေ ကျွန်တော့်နဲ့ ထိတွေ့ပြီးနောက် သူတို့ရဲ့ စွမ်းအားကို လည်ပတ်နိုင်မယ့် နည်းလမ်း ရှိလား။”

[သခင်က စွမ်းအားကို အမျိုးသမီး၏ အတွင်းအား ချက္ကရနေရာသို့ ထည့်သွင်းပေးရန်သာ လိုအပ်သည်။ ထို့နောက် သူတို့သည် သူတို့၏ စွမ်းအားကို ပြန်လည် အသုံးပြုနိုင်မည်။]

လုချန်း ခဏမျှ ကြောင်သွားသည်။

“အဲဒီလောက် ရိုးရှင်းတာလား”

“ဒါဆို ဘာလို့ ကျွန်ုပ် အရင်က သူတို့ဆီကို ဒီလောက်များပြားတဲ့ စွမ်းအားတွေ လွှဲပြောင်းပေးခဲ့တုန်းက ဘာလို့...”

လုချန်း သူ၏ အတွေးကို မပြီးဆုံးသေးခင်မှာပင် စနစ်က ထပ်မံ တုံ့ပြန်လိုက်သည်။

[သခင်နှင့် ဇနီးမယားများ ပူးတွဲ လေ့ကျင့်နေစဉ် သူတို့သည် စွမ်းအားများကို အသုံးပြုနိုင်ပြီးဖြစ်သည်။ သို့သော် ပူးတွဲလေ့ကျင့် နေစဉ် စွမ်းအားကွင်းဆက်ဖြစ်ပေါ်နေသောကြောင့် သူတို့သည် သခင့်ကိုတိုက်ခိုက်နိုင်မည်မဟုတ်ပါ။]

လုချန်း ချက်ချင်းနားလည်သွားသည်။ ယခင်က သူထင်ထားသည်မှာ မိန်းမများသည် သူနှင့်ထိတွေ့သည်နှင့် စွမ်းအားများ လုံးဝပျောက်ဆုံးသွားမည်ဟု ထင်မှတ်ထားသည်။ သို့သော် ထိုသို့မဟုတ်ပေ။

ပူးတွဲ လေ့ကျင့်ကြံနေစဉ် သူ၏ဇနီးမယားများသည် ပုံမှန်အတိုင်းဖြစ်နေပြီး ဖြစ်သည်။ သို့သော် ထိုအခြေအနေတွင် သူတို့၏စွမ်းအားများသည် သူ၏ထိန်းချုပ်မှုအောက်တွင် ကန့်သတ်ခံရသည်။ ထို့ကြောင့် သူတို့ သူ့ကိုတိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ထိုအချိန်တွင် သူတို့သည် ရင်းနှီးသောဆက်ဆံရေး ထူထောင်ပြီး ဖြစ်နေကြပြီဖြစ်ရာ သူ၏ဇနီးမယားများက သူ့ကိုတိုက်ခိုက်မည် မဟုတ်ပေ။

သူမနောက်မှ လုချန်း တိတ်ဆိတ်သွားပြီး အတွေးထဲနစ်မြောသွားသည်ကို ဝူကျန်းဝမ် ခံစားမိသည်။ ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် သူမက

“ကျွန်မရဲ့ မှန်းဆချက် မှန်သွားပုံရတယ်။ ရှင် ကျွန်မအပေါ် မန္တာန်ကျင့်စဉ်တစ်ခုခု တကယ် သုံးထားခဲ့တာပဲ”

ဟု အေးစက်စွာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လုချန်းက ရယ်မောလိုက်ပြီး

“ခင်ဗျားက ဒါကို မန္တာန်ကျင့်စဉ်တစ်ခုလို့ တကယ် ထင်နေတာလား”

ဝူကျန်းဝမ်က

“မန္တာန်ကျင့်စဉ်ကလွဲလို့ ကျွန်မရဲ့ စွမ်းအား ဒီလောက် ထိထိရောက်ရောက် ပိတ်ဆို့နိုင်တဲ့ တခြားနည်းလမ်းကို ကျွန်မ စဉ်းစားလို့ မရဘူး။”

ထို့နောက် လုချန်းက သူ၏ အတွင်းအားကို လွှတ်ထုတ်ကာ ဝူကျန်းဝမ်၏ အတွင်းအား ချက္ကရနေရာတွင် စုစည်းလိုက်သည်။ နောက်တစ်ခဏတွင်အင်အားအပြည့်အဝ ရှိနေသည်ဟု ဝူကျန်းဝမ် ခံစားလိုက်ရသည်။ သူမ၏ စွမ်းအားများ ပြန်လည်ရောက်ရှိလာခဲ့ပြီ။

သူမ၏ စွမ်းအား ပြန်လည်ရောက်ရှိသည်နှင့် ဝူကျန်းဝမ် လုပ်ချင်သည့် ပထမဆုံးအရာမှာ အခြေအနေကို ပြောင်းပြန်လှန်ပြီး ပြန်လည်ထိန်းချုပ်ရန် ဖြစ်သည်။ သို့သော် သူမ၏ စွမ်းအားကို စတင်စုဆောင်းသည်နှင့် သူမ ဆက်လက်လှုပ်ရှားနိုင်ခြင်း မရှိသေးပဲ လုချန်းက သူမကို ခိုင်မာစွာ ဖိနှိပ်ထားဆဲဖြစ်ကြောင်း သဘောပေါက်သွားသည်။

ဝူကျန်းဝမ် အံ့ဩသွားသည်။

ဘာတွေ ဖြစ်နေတာလဲ။

သူမ၏စွမ်းအားများ ပြန်လည်ရောက်ရှိလာပြီဖြစ်သော်လည်း ဤလူငယ်ကို ဘာလို့များ ခုခံနိုင်မှုမရှိသေးတာလဲ။

ဝူကျန်းဝမ် ဇဝေဇဝါ ဖြစ်နေစဉ် လုချန်းက သူ၏ သိုင်းပညာ အငွေ့အသက်ကို ချက်ချင်း လွှတ်ထုတ်လိုက်သည်။ လုချန်းမှ ထွက်ပေါ်လာသော ဖိအားကို ခံစားရသည့်အခါ ဝူကျန်းဝမ် အံ့အားသင့်ကာ အော်ဟစ်လိုက်သည်။

“ရှင်...ရှင်က စွမ်းအားရှင်တစ်ဦးဖြစ်နေပြီလား။”

“မဖြစ်နိုင်ဘူး။ ရှင်က ဒီနှစ်မှ အသက်ဘယ်လောက် အသက်ရှိ သေးလို့လဲ။”

လုချန်းက ပြုံးလျက်

“ဟုတ်ပါတယ်။ ကျွန်တော် ကောင်းကင်လူသား စွမ်းအားရှင် မဟုတ်ပါဘူး။”

ဝူကျန်းဝမ် ချက်ချင်း သဘောပေါက်သွားသည်။

“ရှင်က ကောင်းကင်လူသား စွမ်းအားရှင် မဟုတ်ရင်တောင် ညီညွတ်ခြင်းအဆင့်ကို ရောက်နေပြီ။”

ထို့နောက် လုချန်းက သူမ၏ နားနားကပ်၍

“ဘယ်လိုလဲ။ ခင်ဗျားရဲ့ ကျင့်စဉ်စွမ်းအား ပြန်ရောက်လာပြီဆိုတော့ ကျွန်တော့်ကို ခုခံဖို့ ကြိုးစားလို့ ရပြီလေ”

ဟု တီးတိုးပြောလိုက်သည်။

လုချန်း၏ စကားကို ကြားသောအခါ ဝူကျန်းဝမ်လည်း သူမ လုချန်းကို ယှဉ်နိုင်ဦးမည် မဟုတ်ကြောင်း သိနေသော်လည်း ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူမက စမ်းသပ်ခုခံကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဝူကျန်းဝမ် သူမ၏စွမ်းအားကို အသုံးပြု၍ ခုခံရန် ကြိုးစားနေစဉ် သူမ၏ ခန္ဓာကိုယ်အတွင်း တစ်စုံတစ်ရာ ထူးဆန်းနေကြောင်း ရုတ်တရက် ခံစားမိလိုက်သည်။ ထို့နောက် သူမ စိတ်ဝိညာဉ် စွမ်းအားကို စတင်လည်ပတ်လိုက်သည်နှင့် သူမ၏စွမ်းအားသည် အခြားအရာတစ်ခုနှင့် ချိတ်ဆက်သွားပုံရကြောင်း သဘောပေါက်သွားသည်။

နောက်တစ်ခဏတွင် သူမ ဘာဖြစ်နေသည်ကို နားလည်သွားသည်။ သူမသည် လုချန်းနှင့် အခြေအနေတစ်ခုတွင် ရှိနေဆဲ ဖြစ်သည်။ သူမ စိတ်ဝိညာဉ် စွမ်းအားကို စတင်အသုံးပြုသည်နှင့် ၎င်းသည် လုချန်း၏ စိတ်ဝိညဉ်စွမ်းအားကို သက်ရောက်မှု ရှိမည် ဖြစ်သည်။ သို့သော် သူတို့၏ စွမ်းအားများ လှည့်ပတ်နေသော ပတ်လမ်းတစ်ခုကို ဖွဲ့စည်းပြီးသား ဖြစ်သည်။ အရေးအကြီးဆုံးမှာ ထိုပတ်လမ်းကို လုချန်းက အများဆုံး ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် လုချန်းက ခွင့်ပြုမှသာ သူမ၏ စွမ်းအားကို အသုံးပြုနိုင်မည် ဖြစ်သည်။

သူ၏ ခွင့်ပြုချက်မပါဘဲ သူမ၏ စွမ်းအားကို ဆက်လက် အသုံးပြုနိုင်ခြင်း မရှိသေးပေ။

ဝူကျန်းဝမ် ဇဝေဇဝါ ဖြစ်သွားသည်။

ဒါက ဘယ်လို ကျင့်စဉ်မျိုးလဲ။

လူနှစ်ဦး၏ စိတ်ဝိညဉ် စွမ်းအားများ ဤကဲ့သို့ ပေါင်းစပ်နိုင်သည်ဟု သူမ တစ်ခါမှ မကြားဖူးပေ။

ဝူကျန်းဝမ် နားလည်အောင် ကြိုးစားနေစဉ် လုချန်းက ရုတ်တရက် သူ၏စွမ်းအားကို စတင် လည်ပတ်လိုက်သည်။ နောက်တစ်ခဏတွင် သူမ၏ စွမ်းအားအားလုံးကို လှုပ်ရှားလာသည်ဟု ဝူကျန်းဝမ် ခံစားလိုက်ရသည်။

သူမ၏ စွမ်းအားကို သူတစ်ပါးက မောင်းနှင်နေသည်ဟု ချက်ချင်း ခံစားလိုက်ရပြီး အလိုလိုပင်

“မလုပ်နဲ့”

ဟု ရေရွတ်လိုက်မိသည်။

သို့သော် လုချန်းက သူမကို ဂရုမစိုက်ပဲ သူ၏ စွမ်းအားကို ဆက်လက် လည်ပတ်စေခဲ့သည်။ ဤတစ်ကြိမ်တွင် လုချန်းက ပြန်လည်လှုပ်ရှားလာပြီး ဝူကျန်းဝမ်လည်း အရင်ကလိုပင် ရွေးချယ်စရာ မရှိတော့ပေ။

အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် နောက်ဆုံးတွင် သူမ၏ ကံကြမ္မာကို ဝူကျန်းဝမ် လက်ခံလိုက်သည်။ သူမတွင် ခုခံရန် နည်းလမ်းမရှိခဲ့ပေ။

လုချန်းက

“ခင်ဗျားရဲ့ စွမ်းအား ပြန်သုံးနိုင်ရင်တောင် ဘာမှလုပ်လို့ မရသေးဘူး‌လေ။”

.............

အခန်း (၆၄၄)

ရှနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိခြင်း (၂)

ဝူကျန်းဝမ်က လဲလျောင်းနေရာမှ အားအင်ချိနဲ့စွာဖြင့်

“ရှင်ဘယ်လိုလုပ်ခဲ့တာလဲ”

ဟု မေးလိုက်သည်။

လုချန်းတွင် လျှို့ဝှက်ထားရန် ရည်ရွယ်ချက် မရှိပေ။ သူက တိုက်ရိုက်ပင်

“ဒါက ယောကျ်ားနဲ့ မိန်းမ အတူ ကျင့်ကြံနိုင်တဲ့ ကျင့်စဉ်တစ်ခုပါ။”

ဝူကျန်းဝမ်က

“ယင်ယန်မျှခြေလား။ နတ်ဆိုးဂိုဏ်းက နတ်ဆိုးပညာလား။”

လုချန်းက ရယ်မောလိုက်ပြီး

“ယင်ယန်မျှခြေသာဆိုရင် ကျွန်တော့်လုပ်ခဲ့တဲ့ပြင်းထန်မှုတွေအရ ခင်‌ဗျားအခု လောက်ဆို အရိုးခြောက်တစ်ခု ဖြစ်နေလောက်ပြီ။”

“ခင်ဗျားရဲ့ စွမ်းအားတွေ ဆက်တိုက် တိုးတက်လာတာကို မသတိထားမိဘူးလား။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ ကျွန်တော် ဒီနည်းလမ်းကို သုံးပြီး ခင်ဗျားကို အဆင့်လွန် ပညာရှင်အဆင့် ရောက်အောင် ကူညီပေးခဲ့တာလေ။”

ဝူကျန်းဝမ် ခဏခန့် စဉ်းစားလိုက်သည်။ ဤကျင့်စဉ်သည် နတ်ဆိုးဂိုဏ်း၏ မကောင်းဆိုးဝါး နည်းစနစ်များနှင့် အလွန်ဆင်တူသော်လည်း ရလဒ်များကို ကြည့်လျှင် ယင်ယန်မျှခြေနှင့် မတူဟု ထင်ရသည်။

နတ်ဆိုးဂိုဏ်းမှ မကောင်းဆိုးဝါး ကျင့်စဉ်သာဆိုလျှင် လုချန်း၏ လုပ်ပုံကိုင်ပုံအရ သူမ အခုဆိုလျှင် သေလုနီးပါး ဖြစ်နေလောက်ပြီ။ အထူးသဖြင့် ထိုတစ်ကြိမ်က နှစ်ညနှင့် တစ်ရက် ကြာပြီးနောက် သူမ မသေလျှင်ပင် ထူးဆန်းနေလိမ့်မည်။ သို့သော် ထိုအစား အဆင့်လွန် ပညာရှင်အဆင့်သို့ သူမ ရောက်ရှိသွားခဲ့သည်။

ထို့ကြောင့် ဤကျင့်စဉ်သည် တကယ် မှန်ကန်သော ကျင့်စဉ်တစ်ခု ဖြစ်နိုင်သလား။

ဝူကျန်းဝမ်သည် ချက်ချင်းပြဿနာ၏အဓိကအချက်ကို သတိပြုမိပြီး မြန်မြန်ပြောလိုက်သည်။

“ဒီလိုနည်းလမ်းမျိုး ဒီကမ္ဘာမှာ မရှိနိုင်ဘူး။ ရှင့်ကို ဒီနည်းလမ်း ဘယ်သူပေးခဲ့တာလဲ။”

ထိုအချိန်တွင် လုချန်းက သူမ၏ နားနား ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

“ဒီမှာ ကိုယ့်ရဲ့ ချစ်ဇနီး။ ခင်ဗျား မသိရုံနဲ့ ဒီကမ္ဘာမှာ မရှိဘူးလို့ မဆိုလိုပါဘူး”

လုချန်း၏ စကားများကို ဝူကျန်းဝမ် မယုံကြည်ပေ။ ဤကျင့်စဉ်သည် အခြားကမ္ဘာမှ လာရမည်ဖြစ်ပြီး မြူခိုးဒေသကပင် ဖြစ်နိုင်ဖွယ် ရှိသည်ဟု သူမ၏ ခန့်မှန်းမိသည်။

ဤအချက်နှင့် လုချန်း ယခင်က မြူခိုး‌ဒေသအကြောင်း မေးမြန်းချက်များကို ဆက်စပ်ကြည့်လျှင် ဝူကျန်းဝမ်၏ မှန်းဆချက်ကို ပိုမိုခိုင်မာစေသည်။

ထိုအချိန်တွင် လုချန်း၏ လက်တစ်ဖက်က ဝူကျန်းဝမ်၏ ခန္ဓာကိုယ်ကို ပွတ်သပ်နေရင်း

“ဒီကျင့်စဉ်က ဘယ်သူမဆို ကျင့်ကြံနိုင်တဲ့ အရာမဟုတ်ပါဘူး။ ဒါကို ကျင့်ကြံဖို့ ဘယ်လို အခြေအနေတွေ လိုအပ်တယ်ဆိုတာ ခင်ဗျား သိလား။”

ဝူကျန်းဝမ်က

“ဘာအခြေအနေတွေလဲ။”

လုချန်းက

“ဒီနည်းစနစ်ကို ကျင့်ကြံဖို့ ယောကျ်ားနဲ့ မိန်းမကြား တစ်ယောက်နဲ့တစ်ယောက် နှစ်သက်ဖို့၊ သူတို့ကြားမှာ ချစ်စိတ် ရှိဖို့ လိုအပ်တယ်။”

“တစ်ဖက်က တခြားတစ်ဖက်အပေါ် ခံစားချက် မရှိဘူးဆိုရင် ဒီနည်းစနစ်ကို ကျင့်ကြံလို့ မရဘူး။”

လုချန်း ဆိုလိုသည်ကို ဝူကျန်းဝမ် ချက်ချင်း နားလည်သွားသည်။ သူမ သူ့ကိုသဘောကျသည်ဟု ဆိုလိုနေခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့အတူတကွ ဤကျင့်စဉ်ကို ကျင့်ကြံနိုင်ခြင်းဖြစ်သည်။

ဝူကျန်းဝမ် ချက်ချင်း ငြင်းလိုက်သည်။

“မဖြစ်နိုင်ဘူး။”

“ကျွန်မက ရှင့်ကို ဘယ်လိုလုပ် နှစ်သက်နိုင်မှာလဲ။ ဒီကျင့်စဉ်ကျင့်ဖို့ ဒီအခြေအနေမလိုအပ်ဘူး။”

လုချန်းက

“ခင်ဗျား ဘယ်လောက် ငြင်းငြင်း အလကားပါပဲ။”

ဝူကျန်းဝမ်၏ စိတ်ထဲ အနည်းငယ် ရှုပ်ထွေးနေသည်။ ဤအမှန်တရားကို သူမ မယုံရဲပေ။ ထိုအတိုင်းဆိုလျှင် သူမ ဤယောက်ျားကို သဘောကျနေပြီ မဟုတ်ပါလား။

သူမသည် သူ့ခန္ဓာကိုယ်ကို နှစ်သက်သဘောကျပြီး သူ့ကို ချောမောသူတစ်ဦးဟု ယူဆခဲ့သည်မှာ မှန်သော်လည်း ယင်းမှာ လုချန်း၏ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုကြောင့်သာ ဖြစ်သည်။ သူမ သူ့အပေါ် ဘယ်လိုလုပ် ခံစားချက် ရှိနိုင်မှာလဲ။ နန်းတွင်း၌ နေထိုင်သူတစ်ဦးအနေနှင့် သူမ၌ ထိုသို့သော စိတ်ခံစားမှုများ ရှိရန် မဖြစ်နိုင်ပေ။

လုချန်းက

“ကောင်းပါပြီ။ မိုးလင်းနေပြီ။ ကျွန်တော့်မှာ လုပ်စရာတွေ ရှိတယ်။ ဒါကြောင့် ဒီကိစ္စကို လောလောဆယ် မပြောပဲ နေကြရအောင်။”

“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်မရှိလို့ မဖြစ်ဘူးဆိုတာ ခင်ဗျား နားလည်ထားပါ။”

ယခုတစ်ကြိမ်တွင် ဝူကျန်းဝမ် လုချန်း၏ စကားများကို ပြန်လည် မချေပတော့ပေ။ နောက်တစ်ခဏတွင် လုချန်း ထလိုက်ပြီး ရေချိုးခန်းသို့ သွားရန် ပြင်ဆင်နေစဉ် ဝူကျန်းဝမ် ရုတ်တရက် လှိမ့်လိုက်ပြီး လုချန်းအား လက်ဝါးဖြင့် ရိုက်လိုက်သည်။

ဝူကျန်းဝမ်၏ လက်ဝါး လုချန်း၏ ကိုယ်ပေါ်သို့ ရောက်ခါနီးတွင် အင်အားတစ်ခုက သူမကို ဆွဲထိန်းထားသကဲ့သို့ ဖြစ်နေသဖြင့် သူမ၏ လက်ဝါး ဆက်တိုး၍ မရတော့ပေ။

ထိုအချိန်တွင် လုချန်းက ဝူကျန်းဝမ်ကို လှည့်ကြည့်လိုက်ရာ သူမ သူ့ကို တိုက်ခိုက်ရန် ပြင်နေစဉ် လက်က လေထဲတွင် ရပ်တန့်နေသည်ကို တွေ့လိုက်ရသည်။ လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးသွားသည်။

“ကျွန်တော် ပြောတာ မှန်တယ် မဟုတ်လား။ ခင်ဗျား စွမ်းအား ပြန်ရလာရင်တောင် ဘာမှမလုပ်နိုင်ဘူး။ ကျွန်တော့်ကို မရိုက်ရက်ဘူး မဟုတ်လား။”

ဝူကျန်းဝမ်သည် လေထဲတွင် ရပ်တန့်နေသော သူမ၏ လက်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။ သူမ တကယ်ပင် မလုပ်ရက်နိုင်ခဲ့ပေ။

သူက သူမကို အမျိုးသမီး အစေခံတစ်ဦးလို နှိပ်စက်ခဲ့သည်။ သို့သော် သူမကမူ သူ့ကို တိုက်ခိုက်ရန် မစွမ်းသာခဲ့ပေ။

အရင်က သူမ လုချန်းကို မတိုက်ခိုက်နိုင်ခဲ့စဉ်က သူမ လုချန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသဖြင့် သူ့ကို မတိုက်ခိုက်နိုင်ဟု ဆင်ခြေပေးနိုင်သည်။

သို့သော် ယခုတစ်ကြိမ်က မတူပေ။ သူမ၏ စွမ်းအားများ ပြန်လည်ကောင်းမွန်လာခဲ့ပြီး လုချန်း၏ နောက်ကျောဘက်တွင် ရှိနေသဖြင့် သူမ လုချန်းကို လုံးဝ တိုက်ခိုက်နိုင်သော်လည်း သူမ မလုပ်နိုင်ခဲ့ပေ။

မည်သည့် စွမ်းအားကမှ သူမကို ကန့်သတ်ထားခြင်း မရှိပေ။ သူမ ရိုက်ရန် ကြိုးစားသည့်အချိန်၌ နှလုံးသားတွင် နာကျင်မှုတစ်ခုကို ခံစားရသောကြောင့်သာ ဖြစ်သည်။

ဝူကျန်းဝမ် အတွေးထဲ နစ်မြောနေစဉ် လုချန်းက သူမ၏ လက်ကောက်ဝတ်ကို အလျင်အမြန် ဆွဲယူလိုက်ပြီး သူမကို ကုတင်ပေါ်မှ ပွေ့ချီကာ ရေချိုးခန်းသို့ သွားတော့သည်။

ဝူကျန်းဝမ်သည် ချက်ချင်းပင် အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်သွားပြီး ဆက်လက် မရုန်းကန်တော့ပဲ သူမ၏ လက်များက လုချန်း၏ လည်ပင်းကို ရစ်ပတ်ကာ ရေချိုးခန်းသို့ ခေါ်သွားခွင့် ပြုလိုက်သည်။

ရေချိုးခန်းထဲ ရောက်သည်နှင့် လုချန်းက ဝူကျန်းဝမ်ကို ဖက်လျှက် ရေချိုးကန်ထဲ ဝင်ထိုင်လိုက်သည်။ ထိုအခါမှ သူမ စကားပြန်ပြောလာသည်။

“ကျွန်မက ကြီးမားတဲ့ ရည်မှန်းချက်ရှိတဲ့ မိန်းမတစ်ယောက်ပါ။”

ဝူကျန်းဝမ်၏ လေသံ သိသိသာသာ နူးညံ့သွားပြီး သူမကိုယ် သူမ “မင်းသမီး” ဟု မသုံးစွဲတော့ပေ။

ဝူကျန်းဝမ်၏ မမျှော်လင့်သော မှတ်ချက်ကို ကြားသောအခါ လုချန်းက မတုံ့ဆိုင်းပဲ

“သိပါတယ်။”

ဝူကျန်းဝမ်က ဆက်လက်၍

“ကျွန်မ ရှင့်ရဲ့ မိန်းမဖြစ်လာပြီးရင် မြောက်ပိုင်းပြည်နယ်ကို ဇောက်ထိုးလှန်ပစ်မှာ မကြောက်ဘူးလား။”

လုချန်းက

“ကြောက်တယ်ဆိုရင် ခင်ဗျားကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ထဲကို ပေးမဝင်ဘူး။ ကျွန်တော့် မိန်းမလည်း လုပ်ခိုင်းမှာ မဟုတ်ဘူး။”

လုချန်း၏ စကားကို ကြားသောအခါ ဝူကျန်းဝမ် တိတ်ဆိတ်သွားသည်။ ခဏအကြာတွင် သူမက ဆက်မေးလိုက်သည်။

“ရှင်က နိုင်ငံအားလုံးကို တကယ် ပေါင်းစည်းဖို့ ကြံစည်ထားတာလား။”

လုချန်းက ဝူကျန်းဝမ်၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ရင်း

“အစတုန်းကတော့ ကမ္ဘာကို ပေါင်းစည်းဖို့ အရမ်းကြီး ဆန္ဒမရှိပါဘူး။ ဒါပေမဲ အခုတော့ အခြေအနေတွေ မတူတော့ဘူး။”

............

အခန်း (၆၄၅)

ရှနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိခြင်း (၃)

“မြူခိုးဒေသမှာ အင်မတန် အစွမ်းထက်တဲ့

သူတွေ ရှိတယ်ဆိုတာ ခင်ဗျားကြောင့် ကျွန်တော် သိခဲ့ရတယ်။”

“ကျွန်တော်သာ ဒီကမ္ဘာကို မြန်မြန် မပေါင်းစည်းပဲ မြူခိုးဒေသက အင်အားကြီး ပုဂ္ဂိုလ်တွေနဲ့ ရင်ဆိုင်ဖို့ မပြင်ဆင်ခဲ့ရင် မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေ ပြိုပျက်ပြီး အတွင်းက ရန်သူတွေ ထွက်လာတဲ့အခါ ကျွန်တော် ပိုင်ဆိုင်တဲ့နိုင်ငံ ပျက်စီးရုံတင်မကပဲ ကျွန်တော့် မိန်းမတွေလည်း ဖမ်းဆီးခံရပြီး ကျွန်အဖြစ် ပြောင်းလဲခံရနိုင်တယ်။”

“ကိုယ့်နိုင်ငံ ပျက်သုန်းသွားတဲ့ ခံစားချက်မျိုးကို ကျွန်တော် မခံစားချင်ဘူး။”

ဝူကျန်းဝမ်က

“ရှင်က တခြားနိုင်ငံတွေကို ချေမှုန်းမှ ရမှာလား။ သူတို့နဲ့ ပူးပေါင်းလို့ မရဘူးလား။”

လုချန်းက ပြုံးလျှက်

“ဒါက နည်းနည်း ရိုးသားလွန်းတဲ့ အတွေးပဲ။ နိုင်ငံတစ်နိုင်ငံစီရဲ့ အကျိုးစီးပွားတွေက မတူညီဘူး။ သူတို့က ဘယ်တော့မှ တကယ် ပေါင်းစည်းနိုင်မှာ မဟုတ်ဘူး။ အဓိက နိုင်ငံကြီးတွေဟာ မြူခိုးဒေသရဲ့ ကျူးကျော်မှုကို ယာယီရပ်တန့်နိုင်ရင်တောင် ရန်သူက နိုင်ငံတွေကြားမှာ အကျိုးစီးပွားတွေ မက်လုံးပေးပြီး သွေးခွဲလိုက်ရင် ဒီလိုမျိုး မခိုင်မာတဲ့ မဟာမိတ်အဖွဲ့ဟာ ပြိုကွဲသွားမှာပါပဲ။”

စဉ်းစားကြည့်ပြီးနောက် လုချန်း ပြောသည်များ မှန်ကန်ကြောင်း ဝူကျန်းဝမ် သဘောပေါက်လိုက်သည်။ မခိုင်မာသော မဟာမိတ်အဖွဲ့များသည် ရန်သူကို အမှန်တကယ် ခုခံရန် ခက်ခဲလိမ့်မည်။ အချို့ နိုင်ငံများပင် မြူခိုးဒေသမှ ထွက်ပေါ်လာသော ရန်သူများကို လက်နက်ချနိုင်ဖွယ် ရှိသည်။ ထိုအချိန်ကျလျှင် ဤကမ္ဘာရှိ အခြား နိုင်ငံကြီးများအတွက် ပိုဆိုးရုံသာ ဖြစ်ပေလိမ့်မည်။

ဤကမ္ဘာကို ပေါင်းစည်းခြင်းသည်သာ အင်အားကို စုစည်းရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ဝူကျန်းဝမ် လက်ခံသွားသည်။ သို့သော် အရှုံးသမားဘက်မှ ရပ်တည်နေရသူအနေနှင့် သူမ စိတ်ဓာတ်ကျမိသည်။

လုချန်းသာ ကမ္ဘာကို ပေါင်းစည်းရန် ဆုံးဖြတ်ထားလျှင် ဝူနိုင်ငံတော်လည်း ဝါးမျိုခံရနိုင်ပြီး သူမ၏ ဧကရီဖြစ်လိုသော အိပ်မက် လုံးဝ ပျက်စီးသွားလိမ့်မည်။ မြူခိုးဒေသအကြောင်း လုချန်းအား အသိပေးခဲ့သည်ကို သူမ အနည်းငယ် နောင်တရမိသည်။

လုချန်းသာ မြူခိုးဒေသရှိ အင်အားကြီး ရန်သူများ၏ တည်ရှိမှုကို မသိခဲ့ပါက အခြားနိုင်ငံများကို ချေမှုန်းရန် သူဤမျှ အလျင်လိုမည်မဟုတ်ပေ။ ယခု သူ ဖိအားခံစားနေရပြီဖြစ်ရာ နိုင်ငံများ စုစည်းခြင်း လုပ်ငန်းစဉ်ကို မုချ အရှိန်မြှင့်လိမ့်မည်။

ဝူနိုင်ငံတော်အား သစ္စာဖောက်မိသကဲ့သို့

ဝူကျန်းဝမ် ရုတ်တရက် ခံစားလိုက်ရသည်။

ဝူကျန်းဝမ် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ လုချန်းက ပြုံးလျှက်

“ဧကရီ ဖြစ်ချင်တယ်ဆိုရင် ကျွန်တော် ကမ္ဘာကို စုစည်းပြီးတဲ့အထိ မစောင့်နိုင်ဘူးလား။ ဒါဆို ကျွန်တော် ခင်ဗျားအတွက် နယ်မြေတစ်ခုကို ခွဲပေးပြီး ခင်ဗျားလည်း ကိုယ်ပိုင်နိုင်ငံမှာ ဧကရီဖြစ်ရတဲ့ အရသာကို ခံစားကြည့်လို့ ရတယ်။”

ဝူကျန်းဝမ် သတိပြန်ဝင်လာပြီး မတုံ့ဆိုင်းပဲ

“မလိုပါဘူး။”

သူမသည် ဝူနိုင်ငံတော်၏ ဧကရီသာ ဖြစ်ချင်သည်။ လက်အောက်ခံ ဘဝဖြင့် ဧကရီလုပ်တမ်း ကစားလိုခြင်း မဟုတ်ပေ။

လုချန်းက ဆက်လက်၍

“အနာဂတ်မှာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာပဲ နေပါ။ နိုင်ငံရေးထဲ ဝင်ချင်တယ်ဆိုရင်လည်း အခွင့်အရေး ပေးပါ့မယ်။”

ဝူကျန်းဝမ်က

“ကျွန်မနဲ့ အာဏာကို ဝေမျှရဲလို့လား။”

လုချန်းက

“ကျွန်တော်တို့က မိသားစုဝင်တွေ ဖြစ်နေပြီဆိုတော့ ဘာကို ကြောက်ရမှာလဲ။”

ဝူကျန်းဝမ်က

“မိန်းမတစ်ယောက်ကို ဒီလောက် ယုံကြည်တာ တစ်နေ့ကျ ရှင် နောင်တရလိမ့်မယ်။”

လုချန်းက

“ကျွန်တော်က အခြားမိန်းမတွေကို မယုံပါဘူး။ ကျွန်တော့် မိန်းမတွေကိုပဲ ယုံကြည်တာ။”

လုချန်း၏ စကားများကို ကြားသောအခါ ဝူကျန်းဝမ်၏ နှလုံးသားထဲတွင် ဖော်ပြ၍ မရနိုင်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

........

ရက်အနည်းငယ်ကြာပြီးနောက်။

အိမ်ရှေ့မင်းသား လုရိ စေလွှတ်လိုက်သော သံတမန်အဖွဲ့ မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာခဲ့သည်။

ရန်ခရိုင်သို့ ရောက်ရှိလာသောအခါ သံတမန်အဖွဲ့ဝင်များသည် ဤနေရာက အရင် ရန်ခရိုင် ဟုတ်ပါ့မလားဟု မယုံနိုင်ဖြစ်နေခဲ့ကြသည်။

ရန်ခရိုင်သို့ သွားရာလမ်းသည် မယုံနိုင်လောက်အောင် ကျယ်ဝန်းသည်။ လမ်းမကြီး ခုနစ်ခု၊ ရှစ်ခုစာ ရှိသည်။ အရေးအကြီးဆုံးအချက်မှာ ရန်ခရိုင်၏ မြေပြင်ကို ကျောက်သားဖြင့် ခင်းထားခြင်း ဖြစ်သည်။

ရန်ခရိုင်ထဲ ဝင်လိုက်သည်နှင့် သူတို့ မြင်တွေ့ရသည်မှာ အလွန်စည်ကားသော မြို့ကြီး တစ်ခုဖြစ်သည်။ မြင်းရထားများ လူးလာ ခေါက်ပြန် သွားလာနေပြီး လမ်းများပေါ်တွင် လူများ ပြည့်ကျပ်နေသည်။ ကျယ်ဝန်းပြီး စည်ကားနေသည့်တိုင် လမ်းများသည် အလွန် သန့်ရှင်းပြီး အမှိုက်သရိုက် အနည်းငယ်မျှပင် မရှိပေ။ ဤသည်မှာ နေပြည်တော်တွင်ပင် မလုပ်နိုင်သည့် အရာဖြစ်သည်။

အရေးအကြီးဆုံးမှာ ရန်ခရိုင်ရှိ အိမ်များသည် အလွန် ခိုင်ခံ့ပုံရသည်။ နေပြည်တော်နှင့် နှိုင်းယှဉ်လျှင် ခြောက်ထပ် သို့မဟုတ် ခုနစ်ထပ်ကျော်မြင့်သော အဆောက်အအုံများ ပိုများသည်။

သာယာဝပြောမှုနှင့် ခမ်းနားထည်ဝါမှုပိုင်းတွင် ရန်ခရိုင်သည် ရှနိုင်ငံတော်၏ နေပြည်တော်ကို ကျော်ဖြတ်သွားပြီ ဖြစ်သည်။ သို့သော် အရေးအကြီးဆုံးမှာ တက်ကြွလှုပ်ရှားခြင်းမှု ရှိခြင်းပင် ဖြစ်သည်။ ရန်ခရိုင်သည် နေပြည်တော်ထက် သိသိသာသာ ပို၍ တက်ကြွလှုပ်ရှား နေသည်။

လက်ရှိ နေပြည်တော်တွင် နိုင်ငံရေး ပဋိပက္ခ များ ပြင်းထန်နေပြီး လူများသည် နေ့စဉ်နီးပါး နိုင်ငံရေးပယောဂတွင် ပါဝင်နေကြရပြီး ယင်း၏ သားကောင်များ ဖြစ်လာကြသည်။ ထို့ကြောင့် နေပြည်တော်နေ ပြည်သူများသည် အလွန်သတိထားနေကြပြီး အများသူငှာ သွားလာသော နေရာများတွင် ရှနိုင်ငံရေးကိစ္စများ ပြောဆိုခြင်းကိုပင် ရှောင်ကြဉ်ကြသည်။

ရန်ခရိုင်ကမူ ကွဲပြားခြားနားသည်။ သတင်းစာရောင်းသည့် ကောင်လေးများ လမ်းများပေါ်တွင် နေရာအနှံ့ ရှိနေသည်။ လူများသည် မြောက်ပိုင်းနယ်စားမင်းသား၏ ပြုပြင်ပြောင်းလဲမှု အမျိုးမျိုး၏ သက်ရောက်မှုများကို ဆွေးနွေး ပြောဆိုကြသည်။ ဝေဖန်ရုံသာမက အကျိုးကျေးဇူးများအကြောင်းလည်း ပြောဆိုကြသည်။

သံတမန်အဖွဲ့ ခေါင်းဆောင် ချင်ဖန်သည် ရန်ခရိုင်၌ သူ မြင်တွေ့နေရသည်များကို အနည်းငယ် မယုံနိုင်ဖြစ်နေသည်။ နယ်စားပြည်နယ် တစ်ခု၏ မြို့တော်သည် မင်းနေပြည်တော်ထက် ပိုမိုသာယာဝပြောနိုင်မည်ဟု သူ တစ်ခါမှ မထင်မှတ်ခဲ့ပေ။

ဤသည်က မြောက်ပိုင်းနယ်စားမင်းသား၏ မြင့်မားသော အုပ်ချုပ်ရေး စွမ်းရည်များ ထင်ဟပ်နေခြင်း ဖြစ်သည်။

ချင်ဖန် စိတ်မချမ်းမြေ့ဖြစ်မိသည်။ တစ်ချိန်က အရည်အချင်းမရှိဟု ယူဆခံခဲ့ရသည့် မြောက်ပိုင်းနယ်စားမင်းသားသည် နှစ်အနည်းငယ်အတွင်း မြောက်ပိုင်းပြည်နယ်ကို အင်အားကြီးမားပြီး သာယာဝပြောသော ပြည်နယ်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။

ချင်ဖန် စိုးရိမ်လာသည်။ မြောက်ပိုင်းမင်းသားသည် အိမ်ရှေ့မင်းသား၏ ကမ်းလှမ်းချက်ကို ပယ်ချနိုင်‌ခြေ ရှိသည််။

မြောက်ပိုင်းနယ်စားမင်းသားသည် ဤမျှ ကြီးမားသော အင်အားကို ပိုင်ဆိုင်နေပြီဖြစ်သည်။ သူသည် တောင်ဘက်သို့ ချီတက်ကာ ထီးနန်းကို အလွယ်တကူ သိမ်းပိုက်နိုင်သည်။ အိမ်ရှေ့မင်းသားကို ဘာကြောင့် ထောက်ခံရမှာလဲ။

မသေချာသော်လည်း မြောက်ပိုင်းနယ်စားမင်းသားနှင့် တွေ့ဆုံရန် ချင်ဖန် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ခဲ့သည်။ အိမ်ရှေ့မင်းသား၏ အဖွဲ့ဝင်တစ်ဦးဖြစ်သဖြင့် သူသည် သူ့ကိုယ်စား လုပ်ဆောင်ရမည်သာ ဖြစ်သည်။

သံတမန်ယာဉ်တန်းအတွင်း၌ မြင်းရထား အများအပြားတွင် အနီရောင် ကုလားကာများ တပ်ဆင်ထားပြီး ၎င်းတို့သည် အမျိုးသမီးများကို သယ်ဆောင်ထားကြောင်း ထင်ရှားစွာ ပြသနေသည်။

ရထားတစ်စီးအတွင်းမှ အမျိုးသမီးတစ်ဦးသည် ကန့်လန့်ကာကို လှန်ကာ အပြင်ဘက်ရှိ စည်ကားသော မြင်ကွင်းကို ငေးကြည့်နေသည်။ သို့သော် သူမ၏ မျက်နှာတွင် မည်သည့် ခံစားချက်မှ မရှိပေ။ ကမ္ဘာကြီးနှင့် မသက်ဆိုင်သကဲ့သို့ ဖြစ်နေသည်။

အိမ်ရှေ့မင်းသား၏ မြောက်ပိုင်းနယ်စားမင်းသားထံ စေလွှတ်သော ကိုယ်စားလှယ်အဖွဲ့တွင် ကျောက်မျက်ရတနာများနှင့်ငွေများအပြင် လှပသော အမျိုးသမီးများလည်း ပါဝင်သည်။

အနီရောင် ကန့်လန့်ကာများ တပ်ဆင်ထားသော ထိုမြင်းရထားများအတွင်း၌ မြောက်ပိုင်းနယ်စားမင်းသားအတွက် ရည်ရွယ်သော မိန်းမလှများ ပါဝင်ပြီး ထိုအထဲတွင် ကန့်လန့်ကာကိုလှန်၍ အပြင်ဘက်ကို ကြည့်နေသော ချင်ယူဝေလည်း ပါဝင်သည်။

သူမသည် တောင်ပိုင်းရှိ ချင်မိသားစုမှ ဖြစ်ပြီး ဖျက်ဆီးခံခဲ့ရသော အာဏာရှိ မိသားစုဝင်တစ်ဦးဖြစ်သဖြင့် ချင်ဖန်ထံ ခိုလှုံခဲ့ခြင်း ဖြစ်သည်။

ချင်ဖန်သည် တောင်ပိုင်း ချင်မိသားစုနှင့် အလှမ်းဝေးသော ဆွေမျိုးတော်စပ်မှု ရှိသော်လည်း သူက ဆွမ်ဧကရာဇ်ဘက်မှ အစကတည်းက ပါဝင်ခဲ့သည်။ ထို့ကြောင့် ဧကရာဇ် အာဏာရှိ မိသားစုများကို ချေမှုန်းခဲ့စဉ်က သူ၏ မိသားစု မထိခိုက်ခဲ့ပေ။

.............

All Chapters