အခန်း ၆၄၆-၆၄၈
Vol. 44 Ch. 646-648
အခန်း (၆၄၆)
မင်းသားက ဘယ်လိုလူမျိုးလဲ (၁)
ချင်ဖန်၏အိမ်သို့ ထွက်ပြေးလာပြီးနောက် သူတို့၏ယခင် မိသားစုဆက်ဆံရေးအရ သူမကို လက်ခံပေးမည် သို့မဟုတ် လွတ်မြောက်ရန် လမ်းစတစ်ခုခု ပေးလိမ့်မည်ဟု ချင်ယူဝေ မျှော်လင့်ခဲ့သည်။ သို့သော် သူမ မထင်မှတ်ထားသည်မှာ ချင်ဖန်က သူမကို များများစားစား စဉ်းစားမနေပဲ ရောင်းစားလိုက်ခြင်းပင် ဖြစ်သည်။
ချင်ဖန်က ချင်ယူဝေကို ပြစ်မှုရေးရာ ဝန်ကြီးဌာနသို့ မပို့ခဲ့ပေ။ ထိုအစား သူမကို အိမ်ရှေ့မင်းသား လုရိအား ပေးအပ်ခဲ့ပြီး မျက်နှာလုပ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
ချင်ယူဝေသည် ထူးထူးခြားခြား လှပသူတစ်ယောက်ဖြစ်ပြီး လုရိ သူမကို နှစ်သက်လိမ့်မည်ဟု ချင်ဖန် ထင်ခဲ့သည်။
လုရိသည် ချင်ယူဝေကို တကယ်ပင် လက်ခံခဲ့သော်လည်း မင်းသားတစ်ပါးအနေနှင့် သူအားကမ်းလှမ်းထားသော အမျိုးသမီးများမှာ များပြားလှပြီး ဖြစ်သည်။ သူ၏ဘဝတွင် လှပသော အမျိုးသမီးများ မရှားပါးတော့ပေ။ ထို့ကြောင့် သူသည် ချင်ယူဝေကို ရိုးရိုးလေးပင် အဆောင်တစ်ခု၌ လှောင်ချိုင့်ထဲမှ ငှက်တစ်ကောင်ကဲ့သို့ မွေးမြူထားခဲ့ခြင်း ဖြစ်သည်။
လုရိသည် လုချန်းကဲ့သို့ မြင်မြင်သမျှ လှပသော အမျိုးသမီးနှင့် အိပ်တတ်သူမျိုး မဟုတ်ပေ။ တစ်ဖက်တွင် သူသည် သိုင်းပညာရှင်တစ်ယောက်ဖြစ်၍ ထိုသို့သော အနှောင့်အယှက်များ၌ မနစ်မျောနိုင်ခြင်း ဖြစ်ပြီး အခြားတစ်ဖက်တွင်လည်း သူ့၌ အမျိုးသမီးများ အများအပြား ရှိနှင့်ပြီးသား ဖြစ်သည်။
သူ ချင်ယူဝေကို လက်ခံခဲ့ခြင်းမှာ ချင်ဖန်အား မျက်နှာသာပေးရန်သာ ဖြစ်သည်။ ထိုသို့သော ကမ်းလှမ်းမှုမျိုးကို သူ ငြင်းဆန်လိုက်ပါက သူသည် အခြားတစ်ဖက်နှင့် မဟာမိတ်ဖွဲ့ရန် မလိုလားကြောင်း အချက်ပြလိုက်သလို ဖြစ်သွားမည်။ လက်ခံသင့်သော လက်ဆောင်များကို လက်ခံရမည်သာ ဖြစ်သည်။ ထို့ပြင် လုရိသည် အခြားသူများအား ပြန်ပေးရန် လှပသော အမျိုးသမီး အများအပြားကို ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးသည် တစ်ခါတစ်ရံ ရိုးရှင်းပြီး အမျိုးသမီးများကို နိုင်ငံရေး ကိရိယာအဖြစ် အသုံးပြုခြင်းသည်လည်း ထိုနည်းဗျူဟာများထဲမှ တစ်ခု ဖြစ်ပေသည်။
လုရိသည် လုချန်းအား စည်းရုံးရန် ဆုံးဖြတ်လိုက်သောအခါ ပထမဆုံး ချင်ယူဝေကို သတိရခဲ့ခြင်း ဖြစ်သည်။ သူမသည် အပျိုစင်တစ်ယောက်ဖြစ်ပြီး အံ့သြစရာကောင်းလောက်အောင် လှပပါသည်။ အမျိုးသမီးများကို နှစ်သက်တတ်သော လုချန်းက သူမကို သဘောကျမည်ဟု သူ ယုံကြည်ခဲ့သည်။
ပြတင်းပေါက် အပြင်ဘက်ကို ကြည့်နေရင်း ချင်ယူဝေ၏ စိတ်နှလုံးထဲတွင် အဆုံးမရှိသော ပျက်စီးခြင်းကို ခံစားနေရသည်။
ချင်မိသားစု ပြိုလဲပြီးကတည်းက သူမသည် ဟိုဟိုသည်သည် ပြောင်းရွှေ့ ပုန်းအောင်းနေခဲ့ရသည်။ နောက်ဆုံးတွင် ချင်ဖန်က သူမအား ခိုလှုံခွင့်ပေးမည်ဟု ထင်မှတ်ခဲ့သော်လည်း သူမနှင့် သွေးသားတော်စပ်မှုကို သူ အလေးမထားခဲ့ပေ။
ဟုတ်ပါသည်။ ချင်ဖန်သည် ဆွမ်ဧကရာဇ်အား သစ္စာခံသူဖြစ်ပြီး အာဏာရှိမိသားစုများကို ဖျက်ဆီးရန် ရည်ရွယ်ထားသူဖြစ်သည်။ ချင်ဖန်အနေနှင့် သူမအား ခိုလှုံခွင့်ပေးရန် ကြောက်ရွံ့ခြင်းမှာ ပုံမှန်ဖြစ်သည်။
ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ကြည့်ရင်း သူမကိုယ်သူမ လှောင်ချိုင့်ထဲမှ ငှက်တစ်ကောင်ကဲ့သို့ ချင်ယူဝေ ခံစားရပြီး သူမ၏ ကံကြမ္မာမှာ တစ်ယောက်မှ တစ်ယောက်သို့ လက်ဆင့်ကမ်း ခံရရန်သာ ဖြစ်သည်။
မြောက်ပိုင်းမင်းသားအကြောင်း ကောလာဟလများကို သူမ ကြားထားခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ထဲသို့ ရောက်သည်နှင့် လူမဆန်စွာ ဆက်ဆံခံရလိမ့်မည်ဟု သူမ ယုံကြည်ခဲ့သည်။ မြောက်ပိုင်းမင်းသားက သူမကို ငြီးငွေ့သွားပါက အခြားယောက်ျားများ ပျော်ပါးရန် ပြည့်တန်ဆာအိမ်သို့ ပို့လိုက်လိမ့်မည်ဟုလည်း ထင်ခဲ့ပေသည်။
သူမ၏ ကြေကွဲဖွယ် ကံကြမ္မာကို တွေးရင်း ချင်ယူဝေ၏ စိတ်ထဲ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် စိတ်ကူးများ ပေါ်လာခဲ့သည်။
......
ရှနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့သည် မြောက်ပိုင်းပြည်နယ်က စီစဉ်ပေးထားသော နေထိုင်ရာနေရာသို့ အမြန်ဆုံး ရောက်ရှိလာခဲ့သည်။ ဤသည်မှာ နိုင်ငံတော်အဆင့် ခရီးစဉ်မဟုတ်သောကြောင့် ချင်ဖန်သည် လုချန်းအား နိုင်ငံရေးရာ ခန်းမ၌ မတွေ့ဆုံပဲ သီးသန့်တွေ့ဆုံမည် ဖြစ်သည်။
.....
နေ့လယ်အစည်းအဝေး။
နေ့လယ်ခင်း အချိန်တွင် ရာသီဥတုက အလွန် လှပသာယာလျက်ရှိသည်။ မိုးတိမ်များ အနည်းငယ်သာရှိပြီး လေပြေလေညင်းများ ဖြည်းဖြည်းချင်း တိုက်ခတ်နေသည်။ လုချန်းသည် အပြင်ဘက်ဆောင်ရှိ အဆောင်ငယ်တစ်ခု၌ ထိုင်ပြီး ရှနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ ကို စောင့်ဆိုင်းနေခဲ့သည်။
လုချန်းသည် တဲထဲ၌ လက်ဖက်ရည်သောက်နေစဉ် လေတစ်ချက် တိုက်ခတ်သွားပြီး နောက်တစ်ခဏ၌ ကျူးကဲ့ကျုံကောင်း ရောက်ရှိလာသည်။
လက်ဖက်ရည်ခွက်ကို ချရင်း လုချန်းက
“ပညာရှိကြီး။ အိမ်ရှေ့မင်းသားက ကျွန်တော့်ကို စည်းရုံးဖို့ ဘယ်လို အခြေအနေတွေ ကမ်းလှမ်းမယ်လို့ ထင်လဲ။”
ကျူးကဲ့ကျုံကောင်းက သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း အနည်းငယ် ပြုံးကာ
“ကျွန်တော့်ရဲ့ အမြင်အရတော့ မင်းသားဟာ ထီးနန်းလုယူဖို့ တောင်ဘက်ကို ဦးတည်လာမယ်လို့ သူတို့တွက်ဆထားပြီးပါလိမ့်မယ်။ ဒါကြောင့် သူတို့ဘက်က အစွမ်းကုန် လိုက်လျောပြီး မင်းသားကို စည်းရုံးလိမ့်မယ်။ သူတို့ဟာ မင်းသားအတွက် ခြိမ်းခြောက်မှု မရှိဘူးလို့ မင်းသားထင်အောင်၊ ပြီးတော့ မင်းသား ထီးနန်းအတွက် အားစိုက်ထုတ်ဖို့ မလိုဘူးလို့ ထင်အောင် လုပ်ချင်တဲ့ သဘောပါ။”
ကျူးကဲ့ ကျုံးကောင်း၏ စကားများကို ကြားသောအခါ လုချန်းလည်း ပြုံးလိုက်သည်။ အိမ်ရှေ့မင်းသားက ထိုရည်ရွယ်ချက်ဖြင့် မြောက်ပိုင်းပြည်နယ်သို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခြင်းဖြစ်ပါက သူတို့၏ ကြိုးစားမှုများ အချည်းနှီးသာ ဖြစ်ပေမည်။
ထီးနန်းအတွက် တိုက်ခိုက်ရန် သူဆုံးဖြတ်ထားပြီးဖြစ်သည်။ ရှနိုင်ငံတော်တစ်ခုလုံးကို ထိန်းချုပ်မှသာ နိုင်ငံအားလုံးကို ပေါင်းစည်းနိုင်သော အင်အား ရှိမည်ဟု သူ နားလည်ထားပြီးဖြစ်သည်။
သူ့အတွက် ရှနိုင်ငံတော်၏ သယံဇာတများသည် အရေးကြီးသည်။ ရုပ်ပိုင်းဆိုင်ရာအရရော လူဦးရေအရပါ ဖြစ်သည်။ လူဦးရေ များပြားခြင်းသည် ကမ္ဘာကို သိမ်းပိုက်ရန် သူ အလွန်လိုအပ်သောအရာ ဖြစ်သည်။ ထို့ကြောင့် ထီးနန်းအတွက် သူ တိုက်ခိုက်မည်မှာ သေချာသည်။ သို့သော် တစ်နှစ်ခန့် အချိန်ရှိသေးသည့်အတွက် သူ အလျင်မလိုသေးပေ။
သူယခု လောလောဆယ် သဘောတူဟန်ဆောင်ထားပြီး နောက်မှ တောင်ဘက်သို့ ဦးတည်ရန် ဆင်ခြေရှာနိုင်မည်။
ခဏအကြာ၌ အစေခံမလေးတစ်ဦး ခြံဝင်းထဲ ဝင်လာပြီး
“ နန်းတွင်း ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာပါပြီ မင်းသား။”
လုချန်းက မတုံ့ဆိုင်းပဲ
“သူတို့ကို ဝင်ခွင့်ပြုလိုက်ပါ။”
“ဟုတ်ကဲ့။”
မင်းသားစံအိမ်ရှိ ကိုယ်ရံတော်များ၏ အစောင့်အရှောက်ဖြင့် ချင်ဖန်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်အချို့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ထဲ ဝင်လာပြီး ခဏအကြာတွင် လုချန်းရှိနေသော၏ ခြံဝင်းနားဆီသို့ ရောက်လာခဲ့ကြသည်။
လုချန်းအား မြင်သည်နှင့် ချင်ဖန်က အလျင်အမြန် ဂါရဝပြုပြီး
“ကျွန်တော်တို့ မြောက်ပိုင်းနယ်စားမင်းသားကို နှုတ်ဆက်ပါတယ်။”
လုချန်းက အင်းဟု အသံပြုပြီး
“နေသာသလို နေပါ။”
ချင်ဖန်နှင့် အခြားသူများက တပြိုင်နက်တည်း
“ကျေးဇူးတင်ပါတယ် မြောက်ပိုင်းနယ်စားမင်းသား။”
လုချန်းက ချင်ဖန်၏ မျက်နှာသွင်ပြင်ကို တစ်ချက်ကြည့်ရင်း စကားစပြောရန် ရည်ရွယ်နေစဉ် ချင်ဖန်၏ နောက်ဘက်၌ ပန်းရောင်ဖျော့ဖျော့ ပါးလွှာသည့် ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်ကို သတိထားမိလိုက်သည်။ သူမ၏ ဆံပင်များကို မက်မွန်ပန်းဆံထိုးဖြင့် လှပစွာ ထိုးထားပြီး သူမ၏ ခန္ဓာကိုယ်က ကျော့ရှင်းလှပသည်။ စနစ်ကို မသုံးပဲပင် သူမ၏ အဆင့်သတ်မှတ်ချက် ကိုးဆယ်ကျော် ရှိမည်ဖြစ်တာ သေချာသည်။
ထိုအမျိုးသမီး အကြောင်း သိနိုင်ရန် စနစ်ကို လုချန်း ဆက်လက်အသုံးပြုလိုက်သည်။
[အမည် : ချင်ယူဝေ]
[အချကိအလက် : တောင်ပိုင်းမှ ချင်မိသားစု၏ အကြွင်းအကျန်၊ အသက် ၂၃ နှစ်၊ အဆင့် ၆ သိုင်းပညာရှင်။ မိသားစုပြိုကွဲပြီးနောက် နေပြည်တော်ရှိ ချင်မိသားစုထံ ခိုလှုံရန် ရည်ရွယ်ခဲ့သော်လည်း ချင်ဖန်က မင်းသားလုရိထံ အပ်နှံလိုက်သည်။ မင်းသားလုရိသည် အပျော်အပါးကို မနှစ်သက်သဖြင့် သူမအား မထိပဲ စံအိမ်တစ်ခုတွင် ထားရှိခဲ့ပြီး ယနေ့ထိ အပျိုဖြစ်နေဆဲဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားအား ဖြားယောင်းရန် မင်းသားလုရိက သူမအား လက်ဆောင်အဖြစ် ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။ (သူမသည် အခြားသူများ မသိသောအရာများကို သိဟန်ရှိသည်)]
[အဆင့်သတ်မှတ်ချက် : ၉၂]
[နှစ်သက်မှု : ၅၀]
ချင်ယူဝေ၏ အချက်အလက်များကို မြင်သောအခါ လုချန်း အနည်းငယ် ပြုံးလိုက်သည်။ သူ၏အစ်ကိုသည် တကယ် ကောင်းသောသူပင် ဖြစ်သည်။ ကိုယ်တိုင် မိန်းမလှ များနှင့် ပျော်ပါးခြင်းမျိုး မပြုပဲ သူ့ညီကို သတိရခြင်း ဖြစ်သည်။
လုချန်း၏ အကြည့်က ချင်ယူဝေထံ၌ ရပ်တန့်နေသည်ကို သတိထားမိသောအခါ ချင်ဖန်လည်း ဝမ်းသာသွားပြီး ကောလာဟလများ မှန်ကန်ကြောင်း သေချာသွားခဲ့သည်။ မြောက်ပိုင်းမင်းသားသည် “အသုံးမကျသူ” ဆိုသည့် နာမည်မှ ကင်းလွတ်သွားခဲ့သော်လည်း သူ၏ ကာမဂုဏ် လိုလားမှုမှာ တကယ်ပင် ရှိနေသေးသည်။
..............
အခန်း (၆၄၇)
မင်းသားက ဘယ်လိုလူမျိုးလဲ (၂)
ချင်ယူဝေ အဆောင်ဝင်းထဲသို့ ဝင်သည်နှင့် မြောက်ပိုင်းနယ်စားမင်းသား၏ အကြည့်က သူမအပေါ်သို့ ရောက်ရှိသွားပြီး မခွာနိုင်အောင် ဖြစ်နေသည်။
ထိုအချိန်တွင် ချင်ဖန်က စတင်လိုက်သည်။
“မင်းသားဟာ အသက်ဆယ့်ခြောက်နှစ်အရွယ်မှာ ဒီခါးသီးအေးစက်တဲ့ မြောက်ဘက်ကို ရောက်လာခဲ့ပြီး မြောက်ပိုင်းပြည်နယ်ကို အကြိမ်ကြိမ် ကာကွယ်ခဲ့ရုံသာမက ရှနိုင်ငံတော်ကြီးရဲ့ တံခါးဝကိုလည်း စောင့်ရှောက်ခဲ့တယ်။ ဒါ့အပြင် မြောက်ပိုင်းပြည်နယ်ကို လက်ရှိကြွယ်ဝချမ်းသာတဲ့ အခြေအနေအထိ တည်ဆောက်ခဲ့တယ်။ ရှနိုင်ငံတော်ကြီးရဲ့ အကြီးမားဆုံးရန်သူကိုတောင် အနိုင်ယူခဲ့တယ်။ မင်းသားရဲ့ စွမ်းဆောင်မှုတွေက...”
ချင်ဖန်က ဆက်တိုက် ပြောနေသည်ကို မြင်သောအခါ ချင်ဖန်က သူ့အပေါ် ချီးကျူးဂုဏ်ပြုမှုများစွာ ပုံအောတော့မည်ကို သိလိုက်သဖြင့် လုချန်းက ချက်ချင်းဖြတ်ပြောလိုက်သည်။
“လုံလောက်ပါပြီ။ လုံလောက်ပါပြီ။”
“ချင်လူကြီးမင်း ဒီအထိ လာရတာ ကျွန်တော့်ကို ချီးကျူးဖို့သက်သက်တော့ မဟုတ်လောက်ဘူး ထင်တယ်။”
ချင်ဖန်က ပြုံးလျက်
“မဟုတ်ပါဘူး မင်းသား။”
“အိမ်ရှေ့မင်းသားက မြောက်ပိုင်းနယ်စားမင်းသားရဲ့ ပင်ပန်းဆင်းရဲမှုတွေနဲ့ ဂုဏ်ထူးဆောင်မှုတွေကို ဆုချသင့်တယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ နန်းတွင်းအခြေအနေတွေ ရှုပ်ထွေးနေတာကြောင့် အိမ်ရှေ့မင်းသားက မင်းသားကို ဆုချဖို့ အဆိုပြုတိုင်း တခြားအုပ်စုက ဝန်ကြီးတွေက ပြင်းပြင်းထန်ထန် ဟန့်တားခဲ့ကြပါတယ်။ ဒါကြောင့် အိမ်ရှေ့မင်းသားက ရှနိုင်ငံတော်ကြီးအပေါ် မင်းသားရဲ့ ပံ့ပိုးမှုအတွက် ကျေးဇူးတင်ကြောင်း ဆုချဖို့ သူ့ကိုယ်ပိုင် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာတွေကို ထုတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။”
ထိုသို့ ပြောပြီးနောက် ချင်ဖန်သည် သူ၏ နောက်မှ လူများကို
“ယူလာခဲ့”
ဟု အမိန့်ပေးလိုက်သည်။
နောက်တစ်ခဏတွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အစောင့်အရှောက်များက သေတ္တာကြီးများ ဒါဇင်နှင့်ချီ၍ အဆောင်ထဲသို့ သယ်ဆောင်လာခဲ့ကြသည်။
ချင်ဖန်က ဆက်လက်၍
“အိမ်ရှေ့မင်းသားက မင်းသား မိန်းမလှတွေကို နှစ်သက်တယ်ဆိုတာ သိပါတယ်။ ဒါကြောင့် ထူးကဲစွာ လှပတဲ့ မိန်းကလေးအချို့ကို မင်းသားအတွက် လက်ဆောင်အဖြစ် အထူးရွေးချယ်ထားပါတယ်။ သူတို့အားလုံးက အပျိုစင်တွေပါ။”
ပြောရင်းဆိုရင်း ချင်ဖန်က ချင်ယူဝေဘက်သို့ ခေါင်းလှည့်လိုက်ပြီး သူ၏ မျက်နှာ ချက်ချင်းပြောင်းလဲသွားကာ အေးစက်စွာဖြင့်
“ဒီနေ့ကစပြီး မင်းက မင်းသားရဲ့ ပိုင်ဆိုင်မှုပဲ။ မင်းသားကို သွားပြီး ပြုစုလိုက်။”
ချင်ယွီဝေက ခံစားချက်မဲ့စွာဖြင့်
“ဟုတ်ကဲ့ပါ ချင်သခင်ကြီး။”
ထို့နောက် ချင်ယွီဝေ လုချန်းဘက်သို့ လျှောက်သွား၏။ လုချန်းက သူမကို မတားဆီးခဲ့ပေ။
မကြာမီ ချင်ယွီဝေ လုချန်းနောက်တွင် ရပ်လိုက်သည်။
လုချန်းက ရွှေနှင့်ကျောက်မျက်ရတနာများ ပြည့်နေသော သေတ္တာများကို ကြည့်ပြီး ပြုံးလျက်
“ကွေ့ပတ်ပြီး ပြောမနေပါနဲ့တော့ ချင်လူကြီးမင်း။ ပြောချင်တာကိုသာ ပြောလိုက်ပါ။”
“အိမ်ရှေ့မင်းသားက ဒီလောက်များတဲ့ အရာတွေကို အကြောင်းမဲ့ ပို့ပေးမှာ မဟုတ်ပါဘူး။”
ချင်ဖန်က ချက်ချင်းပင်
“မင်းသားက ပညာရှိပါတယ်”
“မင်းသား။ အိမ်ရှေ့မင်းသားက မြောက်ပိုင်းပြည်နယ်မှာ ခင်ဗျားကို ကိုယ်ပိုင်မင်းဆက်တည်ထောင်နိုင်ဖို့အတွက် ထောက်ပံ့ဖို့ စီစဉ်ထားပါတယ်။ ရှနိုင်ငံတော်ရဲ့ မြောက်ဘက်ခြမ်းက မြေအားလုံးကို ခင်ဗျားဆီ လွှဲပြောင်းပေးဖို့ ဆန္ဒရှိပါတယ်။”
လုချန်းက ရယ်မောလိုက်သည်။
“အိမ်ရှေ့မင်းသားက ကျွန်တော် တောင်ဘက် ဆင်းလာပြီး ပလ္လင်လုမှာကို ကြောက်နေတာလား။”
လုချန်း၏ စကားမှ မဖော်ရွေသော လေသံကို ကြားသောအခါ ချင်ဖန်၏ နဖူးတွင် ချွေးစေးများ စတင်ကျဆင်းလာသည်။
“မင်းသား။ ရန်ခရိုင်က အခုဆို နေပြည်တော်ထက်တောင် ပိုပြီး စည်ကားနေပါပြီ။ မြောက်ပိုင်းပြည်နယ်က သာမန်ပြည်သူတွေဟာ ဆာလောင်မှုနဲ့ အအေးဒဏ် ခံစားရတော့ဘူးလို့ ကျွန်တော် ကြားပါတယ်။ သူတို့ဟာ ရှနိုင်ငံတော်ရဲ့ တခြားဒေသက သာမန်ပြည်သူတွေထက် ပိုကောင်းကောင်း နေထိုင်ကြပါတယ်။”
“မင်းသားအတွက် လက်ရှိရှနိုင်ငံတော်ကြီးက ရှုပ်ထွေးနေတဲ့ အခြေအနေပါပဲ။ အခု မြောက်ပိုင်းပြည်နယ်ကို ဒီအခြေအနေအထိ တည်ဆောက်ပြီးပြီဆိုတော့ အဲဒီပလ္လင်ကို ဘာလို့ လိုအပ်မှာလဲ။”
“အကယ်၍ မင်းသားသာ တောင်ဘက်ကို ဆင်းမယ်ဆိုရင် မြောက်ပိုင်းပြည်နယ်ရဲ့ စစ်အင်အားနဲ့ ပလ္လင်သိမ်းပိုက်တာက မခက်ခဲပါဘူး။ ဒါပေမဲ့ မင်းသား ပလ္လင်သိမ်းပိုက်နိုင်ရင်တောင် မြောက်ပိုင်းပြည်နယ်မှာ မင်းသား လုပ်ခဲ့တဲ့အရာတွေကြောင့် ရှနိုင်ငံတော်ရဲ့ သာမန်ပြည်သူတွေက မင်းသား အဲဒီပလ္လင်မှာ ထိုင်တာကို သဘောတူကြမှာ မဟုတ်ပါဘူး။ သူတို့က ပုန်ကန်ကြမယ်ဆိုရင် မင်းသားအတွက် နောက်ထပ် ပြဿနာကြီးတစ်ခု ဖြစ်လာမှာပါ။”
ချင်ဖန်၏ စကားကို ကြားသောအခါ လုချန်း အနည်းငယ် ပြုံးလိုက်သည်။ ကျူကဲ့ကျုံကောင်း ပြောတာ မှန်ပုံရသည်။ လုရိ သို့မဟုတ် လုရိဘေးက လူတွေက သူတောင်ဘက်ကို ရွှေ့ဖို့ ဖြစ်နိုင်ခြေရှိကြောင်းသဘောပေါက်သွားသဖြင့် မြောက်ပိုင်းပြည်နယ်သို့ သံတမန် အလျင်အမြန် စေလွှတ်လိုက်ခြင်းဖြစ်သည်။
ထို့နောက် လုချန်းက
“ခင်ဗျား ပြောတာ အဓိပ္ပာယ်ရှိပါတယ်။”
“ဒါပေမဲ့ မြောက်ပိုင်းပြည်နယ် ဖွံ့ဖြိုးဖို့အတွက် ကြီးမားတဲ့ အရင်းအမြစ်တွေ လိုအပ်တယ်။မြောက်ပိုင်းပြည်နယ်က မြေကလည်း သီးနှံစိုက်ပျိုးဖို့ ခက်ခဲတယ်။ အခု မြောက်ပိုင်းပြည်နယ်က သာမန်ပြည်သူတွေ ဆာလောင်မှု မခံစားရတော့တဲ့ အဓိကအကြောင်းရင်းက တခြားနိုင်ငံတွေဆီက စားနပ်ရိက္ခာ အများကြီး ဝယ်နေရလို့ပဲ။
တစ်နေ့နေ့မှာ တခြားနိုင်ငံတွေက ကျွန်တော်တို့ကို အစားအသောက် မရောင်းတော့ဘူးဆိုရင် မြောက်ပိုင်းပြည်နယ်က သာမန်ပြည်သူတွေ ပြန်ပြီး ဆာလောင်ခြင်းဒဏ်ကို ခံစားရနိုင်တယ်။”
“ဒါကြောင့် မြောက်ပိုင်းပြည်နယ်က သာမန်ပြည်သူတွေရဲ့ ဝမ်းရေးအတွက် မြောက်ပိုင်းနယ်စားမင်းသားကလည်း အဲဒီရာထူးအတွက် တိုက်ပွဲဝင်ရမှာပဲ။”
ချင်ဖန်က သူ့နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ချက်ချင်းပင်
“မြောက်ပိုင်းပြည်နယ်က သာမန်ပြည်သူတွေရဲ့ ကောင်းကျိုးအတွက် စဉ်းစားပေးတာကိုကြည့်ရင် မင်းသားဟာ သဘောထားကြီးတဲ့ အုပ်ချုပ်သူတစ်ဦး ဖြစ်ကြောင်း ပြသနေပါတယ်။”
“ဒါပေမဲ့ မင်းသား သေချာ နားလည်ထားသင့်ပါတယ်။ မင်းသားက တပ်ဖွဲ့တွေကို တောင်ဘက်ကိုသွားရင် သေချာပေါက် လူသတ်ပွဲတွေ ဖြစ်ပြီး မရေမတွက်နိုင်တဲ့ လူတွေ သေဆုံးပါလိမ့်မယ်။”
“မင်းသားက ဒီလောက် သဘောထားကြီးတာဆိုတော့ စစ်ပွဲကို စချင်မှာ မဟုတ်ပါဘူး”
ချင်ဖန်၏ စကားကို ကြားသောအခါ လုချန်း မထိန်းနိုင်တော့ပဲ အေးစက်စွာ ရယ်မောလိုက်ကာ
“ဒါဆို ခင်ဗျား ပြောချင်တာက မြောက်ပိုင်းပြည်နယ်က သာမန်ပြည်သူတွေ ဆာလောင်ပြီး အေးခဲနေသင့်တယ်ဆိုတာလား။”
ပြောရင်းဆိုရင်း လုချန်းက သူ၏ အငွေ့အသက်ကို ချက်ချင်း လွှတ်ထုတ်လိုက်သည်။ ချင်ဖန်နှင့် ကိုယ်စားလှယ်အဖွဲ့လည်း ချက်ချင်း ဒူးထောက်လိုက်ကြပြီး ချင်ဖန်က အလျင်အမြန်ပင်
“မဟုတ်ပါဘူး မင်းသား။ အိမ်ရှေ့မင်းသားက ပိုကောင်းတဲ့ နည်းလမ်းတစ်ခု စဉ်းစားထားပါတယ်။”
လုချန်းက
“ဪ။ ဒါဆို ပြောပြပါဦး။ ဘာနည်းလမ်းလဲ။”
“မင်းသား ကိုယ်ပိုင်နိုင်ငံတည်ထောင်ပြီးတာနဲ့ ရှနိုင်ငံတော်က မင်းသားနဲ့ ထာဝရ မဟာမိတ်စာချုပ် ချက်ချင်း လက်မှတ်ရေးထိုးပါလိမ့်မယ်။ အဲဒီအချိန်ကစပြီး မြောက်ပိုင်းပြည်နယ် ဘာပဲလိုအပ် လိုအပ် ရှနိုင်ငံတော်က ပံ့ပိုးပေးပါလိမ့်မယ်။ မြောက်ပိုင်းပြည်နယ်က ကုန်သည်ယာဉ်တန်းတွေဟာ ရှနိုင်ငံတော် နယ်မြေအတွင်းမှာ လွတ်လွတ်လပ်လပ် ကုန်သွယ်နိုင်ပြီး စားနပ်ရိက္ခာအပါအဝင် ဘယ်လို ကုန်သွယ်မှုမျိုးကိုမှ ကန့်သတ်ချက် မရှိပါဘူး။”
“ဒီလိုဆိုရင် မြောက်ပိုင်းပြည်နယ်မှာ အစားအသောက် ပြတ်လပ်မှုအတွက် စိုးရိမ်စရာ မလိုတော့ဘူး။”
“ဒီလို လုပ်ခြင်းအားဖြင့် မင်းသားဟာ မြေပိုင်ရှင်တွေ ဒါမှမဟုတ် အာဏာရှိ မိသားစုတွေနဲ့ ပတ်သက်နေစရာ မလိုတော့ပဲ မြောက်ပိုင်းပြည်နယ်ကို ဖွံ့ဖြိုးအောင် လုပ်ဆောင်ရာမှာ အာရုံစိုက်နိုင်ပါလိမ့်မယ်။”
ထိုစကားကို ကြားသောအခါ လုချန်း တဟားဟား ရယ်မောလိုက်သည်။ ခဏကြာ ရယ်မောပြီးနောက် လုချန်းက
“ကျွန်တော့်အစ်ကိုကြီးက တကယ်ကို ကြင်နာတတ်သားပဲ။ ဒီလောက်အထိ အပင်ပန်းခံ စဉ်းစားပေးလိမ့်မယ်လို့ မထင်ဘူး။”
လုချန်း စိတ်ကြည်လာပုံရသည်ကို မြင်သောအခါ ချင်ဖန်လည်း နောက်ဆုံးတွင် သက်ပြင်းချနိုင်လိုက်သည်။ ချင်ဖန် နောက်ထပ် တစ်ခုခု ပြောတော့မည့်အချိန်တွင် လုချန်းက
“အိမ်ရှေ့မင်းသားက ခင်ဗျားကို အကျိုးအမြတ်တွေချည်း ပြောခိုင်းမှာ မဟုတ်ပါဘူး။ ကျွန်တော့်ကို ပြောပါ။ မြောက်ပိုင်းပြည်နယ်ကို ထောက်ပံ့တာအပြင် တခြား ဘယ်လို အခြေအနေတွေ ရှိလဲ။ ဒါမှမဟုတ် သူ ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ။”
...............
အခန်း (၆၄၈)
မင်းသားက ဘယ်လိုလူမျိုးလဲ (၃)
ချင်ဖန်က
“မင်းသား ဉာဏ်ကြီးပါတယ်။ အိမ်ရှေ့မင်းသားရဲ့ ဆန္ဒက ခင်ဗျား သူ့ကို လူသိရှင်ကြား ထောက်ခံစေချင်ပြီး အရေးကြီးတဲ့ အချိန်ကျရင် တခြားနယ်စားတွေရန်က ကာကွယ်ဖို့အတွက် တပ်ဖွဲ့တွေ စေလွှတ်စေချင်ပါတယ်။”
လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကော့ညွတ်သွားပြီး အန္တာရာယ်ရှိသော အပြုံးတစ်ပွင့်ကို ဖော်ပြနေခဲ့သည်။
ချင်ဖန် ဆက်မပြောနိုင်မီ လုချန်းက ဝင်ပြောလိုက်သည်။
“ကောင်းပါပြီ။ ကျွန်တော် သဘောတူတယ်။”
လုချန်းက မြန်မြန်ဆန်ဆန် သဘောတူလိုက်သည်ကို မြင်သောအခါ ချင်ဖန်နှင့် အခြားသူများသည် ခဏမျှ ကြောင်သွားကြသည်။ မြောက်ပိုင်းနယ်စားမင်းသားက နောက်ထပ် အခြေအနေများစွာ တောင်းဆိုလိမ့်မည်ဟု သူတို့ ထင်ထားခဲ့ပြီး ဤမျှ လွယ်ကူစွာ သဘောတူလိမ့်မည်ဟု မထင်ခဲ့ကြပေ။
ချင်ဖန်က အနည်းငယ် မယုံနိုင်စွာဖြင့် “မင်းသား တကယ် သဘောတူတာလား။”
လုချန်းက ခံစားချက်မဲ့စွာဖြင့်
“အိမ်ရှေ့မင်းသားက ကျွန်တော့်အစ်ကိုကြီးပဲ။ ဒါကြောင့် သူ့ကို မျက်နှာသာ ပေးသင့်တာပေါ့။ ပြီးတော့ ရှနိုင်ငံတော်က အမြဲတမ်း သားဦးကို ထီးနန်းဆက်ခံစေတဲ့ အစဥ်အလာကို လိုက်နာခဲ့တာပဲ။ ရာစုနှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးခဲ့တဲ့ ကျွန်တော်တို့ရဲ့ ဓလေ့ထုံးတမ်းတွေကို မှန်ကန်တဲ့ လမ်းကြောင်းဆီ ပြန်တင်ဖို့ အချိန်တန်ပါပြီ။”
“နောက်ပြီး အိမ်ရှေ့မင်းသားက ဒီလောက် စေတနာပြနေတာပဲ။ ရတနာတွေနဲ့ ရွှေတွေ ပေးတယ်။ မြေတွေ ပေးတယ်။ ပြီးတော့ ဒီလို လှပတဲ့ အမျိုးသမီးကိုတောင် ကျွန်တော့်ကို ပေးတယ်။ ကျွန်တော်သာ သဘောမတူရင် ကျေးဇူးကန်းရာ မရောက်ဘူးလား။”
ပြောရင်းဆိုရင်း လုချန်းက သူ့ဘေးတွင် ရပ်နေသည့် ချင်ယူဝေကို လှည့်ကြည့်လိုက်သည်။
လုချန်း၏ အကြည့်ကို ခံစားမိသောအခါ ချင်ယွီဝေ အလိုလို တုန်ယင်သွားသည်။ သူမ၏ ဘဝက သားရဲတစ်ကောင်၏ အကြည့်အောက်မှ သားကောင်တစ်ကောင်လို ဖြစ်နေသည်။
သူမ၏ နောင်ပိုင်းကံကြမ္မာကို တွေးမိသောအခါ ကြီးစွာသော ဝမ်းနည်းမှုကို ချင်ယူဝေ ခံစားလိုက်ရသည်။
ထိုအချိန်တွင် လုချန်း ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး
“ဟုတ်သားပဲ။ နောက်ဆို မိန်းမလှတွေ ပိုပြီး ပို့ပေးဖို့ ခင်ဗျားတို့ ပြန်ရောက်ရင် အိမ်ရှေ့မင်းသားကို ပြောလိုက်ပါ။ ဒီမြောက်ပိုင်းပြည်နယ်မှာ အေးခဲပြီး ဆင်းရဲတာကြောင့် လှပတဲ့ အမျိုးသမီးတွေ ရှာမတွေ့ဘူး။”
ချင်ဖန်က အလျင်အမြန်ပင်
“ဟုတ်ကဲ့။ ဟုတ်ကဲ့။ ကျွန်တော် ပြန်ရောက်ရင် အိမ်ရှေ့မင်းသားကို လျှောက်တင်ပါ့မယ်။ မင်းသားဆီကို မိန်းမလှတွေ ပိုပြီး စေလွှတ်ပေးပါ့မယ်။”
ထို့နောက်မှ လုချန်းသည် လက်ကို ဝှေ့ယမ်း၍
“ကောင်းပါပြီ။ တခြား ဘာမှ မရှိရင် ခင်ဗျားတို့အားလုံး ပြန်ပြီး အနားယူလို့ရပါပြီ။”
ချင်ဖန် ထရပ်လိုက်ပြီး
“ကျေးဇူးတင်ပါတယ် မင်းသား။”
ထို့နောက် ချင်ဖန်လည်း ကိုယ်စားလှယ်များကို ဦးဆောင်ထွက်ခွာကာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာသွားသည်။ သူတို့ ထွက်ခွာသွားချိန်တွင် သူတို့အားလုံး၏ မျက်နှာများတွင် အပြုံးများ ဖြင့် တောက်ပနေသည်။ သူတို့၏ တာဝန်ပြီးမြောက်သွားပြီဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားက အိမ်ရှေ့မင်းသား၏ တောင်းဆိုမှုကို အလွယ်တကူပင် သဘောတူခဲ့သေည်။
မြောက်ပိုင်းနယ်စားမင်းသားသာ မြောက်ပိုင်းပြည်နယ်တွင် ဆက်လက်နေထိုင်ပြီး လုရိ၏ ဘက်က ရပ်တည်နေသရွေ့ ဆွမ်ဧကရာဇ် နတ်ရွာစံပြီးနောက် လုရိသည် ပလ္လင်ပေါ်သို့ အလွယ်တကူ တက်ရောက်နိုင်မည်ဖြစ်သည်။
အချိန်အနည်းငယ် ပေးရုံဖြင့် ရှနိုင်ငံတော်သည် နောက်ဆုံးတွင် မြောက်ပိုင်းပြည်နယ်ကဲ့သို့ လက်နက်များကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး ထိုအချိန်တွင် ရှနိုင်ငံတော်ကြီးသည် မြောက်ပိုင်းပြည်နယ်ထက်ပင် ပိုမို အင်အားကြီးမားလာနိုင်မည် ဖြစ်သည်။
သူတို့၏ အစီအစဉ် အောင်မြင်ပါက ယနေ့ မြောက်ပိုင်းပြည်နယ် သံတမန်အဖြစ် ပါဝင်ခဲ့သည့် ကိုယ်စားလှယ်များ၏ အဆင့်အတန်းများ အလွန်မြင့်မားလာမည်ဖြစ်သဖြင့် ချင်ဖန်တို့တွင် ပျော်ရွှင်စရာ အကြောင်းရင်းများစွာ ရှိလာတော့သည်။
ချင်ဖန်နှင့် ကိုယ်စားလှယ်များ အဆောင်မှ ထွက်ခွာသွားပြီးနောက် လုချန်းက မင်းသားစံအိမ်မှ အစေခံများကို သေတ္တာများ သယ်ဆောင်သွားရန် အမိန့်ပေးလိုက်သည်။ မကြာမီပင် အစေခံမလေးများမှလွဲ၍ လုချန်း၊ ကျူးကဲ့ကျုံကောင်းနှင့် ချင်ယူဝေသာ ကျန်ရှိတော့သည်။
ချင်ယူဝေကို ဂရုမစိုက်ပဲ လုချန်းက ကျူးကဲ့ကျုံကောင်းအား
“ပညာရှိကြီး။ ကျွန်တော် အိမ်ရှေ့မင်းသားရဲ့ တောင်းဆိုမှုကို သဘောတူသင့်တယ်လို့ ထင်လား။”
ကျူးကဲ့ကျုံကောင်းက ပြုံးလျက်
“မင်းသားရဲ့ ရင်ထဲမှာ အဖြေရှိပြီးသား မဟုတ်ဘူးလား။”
လုချန်းသည် အစောပိုင်းက နှုတ်အားဖြင့် သဘောတူခဲ့သော်လည်း လုချန်းက ရိုးရိုးလေး သဘောတူဟန်ဆောင်ခြင်းသာ ဖြစ်ကြောင်း ကျူးကဲ့ကျုံကောင်း တစ်ချက်ကြည့်ရုံဖြင့် သိသည်။ အကယ်၍ လုရိ တကယ်တမ်း အန္တရာယ်နှင့် ကြုံတွေ့ရပြီး မြောက်ပိုင်းပြည်နယ်၏ တပ်ဖွဲ့များ တောင်ဘက်သို့ ချီတက်ရန် လိုအပ်ပါက ထိုလှုပ်ရှားမှုအတွင်း သူကိုယ်တိုင်အတွက် ထီးနန်းကို သိမ်းပိုက်ရန် လုချန်း သေချာပေါက် အခွင့်အရေးယူလိမ့်မည်။
ထိုအချိန်တွင် ကျူကဲ့ကျုံကောင်းက ဆက်လက်၍
“တခြား ဘာမှ မရှိရင် ကျွန်တော် နိုင်ငံတော်ရေးရာတွေကို ပြန်သွားကြည့်ရှုလိုက်ပါ့မယ်။”
ထိုသို့ ပြောပြီးနောက် ကျူကဲ့ကျုံကောင်းက ချင်ယွီဝေကို တစ်ချက်ကြည့်လိုက်သည်။ လုချန်းတွင် နောက်ထပ် အရေးကြီးသော အလုပ်တစ်ခု ရှိနေနိုင်သည်ကို သိရှိသဖြင့် သူ ဆက်လက် အနှောင့်အယှက် မပေးလိုတော့ချေ။
လုချန်းက
“အင်း။ ကောင်းပါပြီ။”
နောက်တစ်ခဏတွင် ကျူကဲ့ကျုံကောင်း အဆောင်ထဲမှ ထွက်ခွာသွားပြီး လုချန်းနှင့် ချင်ယူဝေတို့သာ အစေခံမလေးများနှင့်အတူ ကျန်ရစ်ခဲ့သည်။
ချင်ယူဝေ အလွန်အမင်း စိတ်လှုပ်ရှားလာသည်။ သူမ၏ လက်များသည် အလိုလို ဝတ်စုံကို ဆုပ်ကိုင်ထား၏။ သူမဘဝတွင် နောက်ထပ် ဘာတွေ ဖြစ်လာတော့မည်ကို မသိနိုင်ပေ။
ထို့နောက် လုချန်းက ခံစားချက်မဲ့စွာဖြင့်
“ချင်မိန်းကလေး။ ခင်ဗျား အရှေ့နန်းဆောင်မှာ ရှိတုန်းက လူတစ်ယောက်ကို ဘယ်လို ကောင်းကောင်း ပြုစုရမယ်ဆိုတာ သင်ယူခဲ့လား။”
ဤမေးခွန်းကို ကြားသောအခါ ချင်ယူဝေ ခဏမျှ ကြောင်သွားသည်။ မကြာသေးမီက ဖြစ်ပျက်ခဲ့သည်များကို သူမ ချက်ချင်း ပြန်လည်သုံးသပ်ကြည့်လိုက်ပြီး ချင်ဖန်က မြောက်ပိုင်းနယ်စားမင်းသားကို သူမ အမည် မပြောခဲ့ကြောင်း သဘောပေါက်သွားသည်။
ဒါဆို သူက ဘယ်လိုလုပ် သူမ ချင်မျိုးနွယ်ဆိုတာ သိသွားတာလဲ။
သိလိုစိတ် ရှိသော်လည်း ချင်ယူဝေ ထိုမေးခွန်းကို ပါးစပ်မှ မဟခဲ့ပေ။ ယင်းအစား
“အရှေ့နန်းဆောင်က အမျိုးသမီးအရာရှိတွေက ကျွန်မကို သင်ပေးခဲ့ပါတယ် မင်းသား။”
ချင်ဖန်က သူ့ကို အရှေ့နန်းဆောင်သို့ ပို့ဆောင်ခဲ့ပြီးကတည်းက အမျိုးသမီးအရာရှိများက ယောက်ျားများ နှစ်သက်အောင် မည်သို့လုပ်ရမည် ဆိုသည်များကို နေ့တိုင်း အတင်းအကြပ် သင်ကြားပေးခဲ့သည်။ ထို့ကြောင့် ချင်မိသားစု၏ သခင်မလေးဘဝမှ စိတ်နေသဘောထားများကို သူမ ဆုံးရှုံးခဲ့သည်မှာ ကြာပြီဖြစ်၏။
ထိုအမျိုးသမီးအရာရှိများ၏ သင်ကြားမှု ကြောင့် သူမ လက်တွေ့ မပြုလုပ်ရသေးသော်လည်း ယောက်ျားမိန်းမ ကိစ္စများကို ချင်ယူဝေ ကောင်းစွာ သိနားလည်ပြီး ဖြစ်သည်။
လုချန်းက ပြုံးလျက်
“ကောင်းပြီ။ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ ဒီည ကိုယ့်ကို ကောင်းကောင်း ပြုစုပေးရင် နောင်ကျရင် ရန်ခရိုင်မှာ လွတ်လွတ်လပ်လပ် သွားလာနိုင်မယ်။ ပြီးတော့ မင်းကို ဇနီးမယားအဆင့်အထိတောင် ချီးမြှင့်ပေးနိုင်တယ်။”
လုချန်း၏ စကားကို ကြားသောအခါ တကယ်ရော ဟုတ်ရဲ့လားဟု ချင်ယူဝေ မယုံနိုင်ဖြစ်သွားသည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် တစ်သက်တာ ပိတ်လှောင်ခံရရန် သူမ၏ စိတ်ကို ပြင်ဆင်ထားခဲ့သော်လည်း ယခုအခါ လုချန်းက သူမကို ထွက်ခွာခွင့်ပေးရန်ပင် ဆန္ဒရှိနေသည်။ ရန်ခရိုင်အတွင်း လှည့်လည်သွားလာနိုင်မည် ဖြစ်သဖြင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် တစ်သက်တာ ပိတ်လှောင်ခံရခြင်းထက် အများကြီး ပိုကောင်းသေးသည်။
ချင်ယူဝေက ချက်ချင်းပင်
“ကျေးဇူးတင်ပါတယ် မင်းသား။ ကျွန်မ မင်းသားကို ကြိုးစားပြီး ပြုစုပါ့မယ်။”
ထို့နောက် လုချန်းက အစေခံမလေးများအား
“သူ့ကို ရေချိုးပေးပြီး အဝတ်အစားလဲပေးလိုက်။”
“ဟုတ်ကဲ့ပါ မင်းသား”
ထို့နောက် အစေခံမလေးများလည်း ချင်ယူဝေကို ခေါ်ဆောင်သွားကြသည်။
လုချန်းသည် အဆောင်ငယ်ထဲတွင် ခဏမျှ ဆက်ထိုင်ပြီးနောက် ထရပ်ကာ သူ၏ စာကြည့်ခန်းသို့ ပြန်ဝင်သွားသည်။
ချင်ယူဝေ ရေချိုးနေစဉ် သူမ၏ စိတ်များ လွင့်မျောနေသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူမ ထင်ထားသည့်အတိုင်း မဟုတ်ဘူးဟု ခံစားရခြင်းကို သူမ မဖယ်ရှားနိုင်ခဲ့ပေ။
ထို့နောက် သူမက ရေကန်နားရှိ အစေခံမလေးများကို
“ မင်းသားက ဘယ်လိုလူမျိုးလဲဆိုတာ မေးချက်ပါတယ်။”
.................