အခန်း ၆၄၉-၆၅၁
Vol. 44 Ch. 649-651
အခန်း (၆၄၉)
ချင်ယူဝေ၏ ရောဂါ
ချင်ယူဝေ၏ မေးခွန်းကို ကြားသောအခါ ရေချိုးကန်ဘေးမှ အစေခံမလေးများ တစ်ယောက်ကိုတစ်ယောက် တုံ့ဆိုင်းစွာ ကြည့်လိုက်ကြသည်။
သူတို့ ချင်ယူဝေကို မသိကြပေ။ ထို့ကြောင့် သူမရှေ့တွင် ပေါ့ပေါ့ဆဆ စကားပြောရန် မဝံ့ရဲကြပေ။
ဤအချိန်တွင် ချင်ယူဝေအား ထိုနေရာသို့ ခေါ်လာသော အစေခံမလေးက အခြားသူများအား
“ဒီမိန်းကလေး မင်းသားရဲ့ ဇနီးအသစ်ပါ။”
ထိုစကားကို ကြားပြီးနောက် အစေခံမလေးများ နောက်ဆုံးတွင် သတိဝင်လာကြပြီး တစ်ယောက်က
“ဒါဆို မိန်းကလေးက မင်းသားရဲ့ ဇနီးပဲ။ မျိုးရိုးနာမည်က ဘာပါလဲ သခင်မ။”
ချင်ယူဝေက
“ချင်”
ဟု ပြန်ဖြေသည်။
ထိုအခါ လမ်းပြခေါ်ဆောင်လာသော အစေခံမလေးက
“ချင်သခင်မ စိတ်ပူစရာ မလိုပါဘူး။ မင်းသားက ကာမဂုဏ် လိုက်စားတယ်လို့ ကောလာဟလတွေ ရှိပေမဲ့ တကယ်တော့ သူက အလှအပကို နှစ်သက်တာပါ။ ပြီးတော့ သူ့ဇနီးမယားတွေကို အရမ်းကောင်း ကောင်း မွန်မွန်ဆက်ဆံပါတယ်။”
“အခု မင်းသားက သခင်မကို သူ့ဇနီးအဖြစ် လက်ခံဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ သခင်မ လုပ်ရမှာက သာယာတဲ့ ဘဝကို မျှော်လင့်ဖို့ပါပဲ။”
“မင်းသားရဲ့ မောင်းမဆောင်ကလည်း ငြိမ်းချမ်းပါတယ်။ လျှို့ဝှက် အကောက်ကြံတာတွေ ပရိယာယ်ဆင်တာတွေ မရှိပါဘူး။ ဒါကြောင့် သခင်မ စိတ်ပူစရာ မလိုပါဘူး။”
ထိုစကားများကို ကြားသောအခါ ချင်ယူဝေ ခဏမျှ အံ့အားသင့်သွားသည်။ အစေခံမလေးတစ်ဦးက မြောက်ပိုင်းမင်းသား အကြောင်း ထိုသို့မှတ်ချက်ပေးရဲလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ မြောက်ပိုင်းမင်းသားက ဘယ်လိုလူလဲဟု သူမ ရိုးရိုးလေး မေးခဲ့ခြင်း ဖြစ်သော်လည်း အစေခံမလေးများက သူမကို ပြန်ဖြေနိုင်လိမ့်မည်ဟု သူမ တကယ် မမျှော်လင့်ခဲ့ပေ။
သို့သော် အစေခံမလေးက ပြန်ဖြေရုံသာမက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အတွင်းပိုင်းအခြေအနေကိုပါ ထုတ်ဖော် ပြောပြခဲ့သည်။ ဤသည်မှာ မြောက်ပိုင်းမင်းသား၏ စံအိမ်တွင်း အုပ်ချုပ်မှု အလွန် ပေါ့လျော့နေပြီး အစေခံမလေးများအား မင်းသားစံအိမ်၏ ကိစ္စများကို ဆွေးနွေးခွင့် ပြုထားသည်ကို ညွှန်ပြနေသည်။
ထိုသို့ စဉ်းစားကြည့်သောအခါ မြောက်ပိုင်းမင်းသားက ထင်သလောက် ကြောက်စရာမကောင်းဘူးဟု ယူဆရသည်။
တကယ်တော့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင်းရှိ စိတ်ခံစားမှု လေထုသည် အမှန်တကယ်ပင် အတော်လေး သက်သာသည်။ လုချန်းက အစေခံမလေးများကို ကောင်းမွန်စွာ ဆက်ဆံသော်လည်း သာမန်အစေခံမလေးများသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ကိစ္စများကို ပေါ့ပေါ့ဆဆ ဆွေးနွေးခြင်းတော့ မပြုရဲကြပါ။ တစ်ခါတစ်ရံ သူတို့ဘာသာ တိုးတိုးတိတ်တိတ် ပြောဆိုကြခြင်းသာဖြစ်သည်။
သူမကို ဤနေရာသို့ ခေါ်လာသော အစေခံမလေးက သာမန် အစေခံ မဟုတ်ကြောင်း ချင်ယူဝေက မသိခဲ့ပေ။ ထိုအစေခံမလေးသည် လုချန်းနှင့် အလွန်ခင်မင်သော ချန်မိသားစုမှ ဖြစ်သည်။ ထို့ကြောင့် မင်းသားစံအိမ်အတွင်း၌ သူမ၏ အဆင့်အတန်းသည် အတော်လေး မြင့်မားပြီး သူမအား ပိုမို ရဲရင့်စေခဲ့ခြင်း ဖြစ်သည်။
ဤအချိန်တွင် ချင်ယူဝေက အစေခံမလေးအား
“ဒီအချက်အလက်တွေ ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
အစေခံမလေးက
“ချင်သခင်မက အရမ်း ယဉ်ကျေးတာပဲ။ ဒါ ကျွန်မရဲ့ တာဝန်ပါ။”
ချင်ယူဝေက ဆက်မေးလိုက်သည်။ “နောက်ထပ် မေးခွန်းတစ်ခု မေးလို့ ရမလား။ မင်းသားမှာ မိန်းမ ဘယ်နှယောက် ရှိလဲ။”
အစေခံမလေးက
“အဲဒါတော့ ကျွန်မ မသိပါဘူး။”
မင်းသားစံအိမ် အတွင်းဆောင်မှ ဇနီးများ၏ အရေအတွက်ကို သူမ သိသော်လည်း သူမ၏အမြင်၌ သူမတို့၏ မင်းသားသည် အလွန်ချောမောပြီး ဆွဲဆောင်မှုရှိသောကြောင့် အပြင်ဘက်တွင် မရေမတွက်နိုင်သော အမျိုးသမီးများလည်း သူနှင့် ပျော်ရွှင်သော ညများကို ကုန်ဆုံးခဲ့ကြမည်ဖြစ်သည်။ ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသား၌ အမျိုးသမီး ဘယ်နှယောက် ရှိသည်ကို သူမ တကယ်မသိခဲ့ပေ။
အစေခံမလေးက မသိဘူးဟု ပြောသည်ကို ကြားသောအခါ ချင်ယူဝေသည် ထပ်မံမေးမြန်းခြင်း မပြုတော့ပေ။ သို့သော် သူမ၏ တုံ့ပြန်မှုမှ မြောက်ပိုင်းနယ်စားမင်းသားသည် အမှန်တကယ်ပင် ကာမဂုဏ် နှစ်သက်တတ်သူဖြစ်ကြောင်း ချင်ယူဝေ သဘောပေါက်ခဲ့သည်။ မဟုတ်လျှင် မင်းသားစံအိမ်မှ အစေခံမလေးများပင် သူ့၌ အမျိုးသမီး ဘယ်နှယောက် ရှိသည်ကို မသိပဲနေမည် မဟုတ်ပေ။
ချင်ယူဝေ သူမဘဝအတွက် ပြန်လည် စိုးရိမ်ပူပန်လာခဲ့သည်။ သူမကို လုချန်းက ငြီးငွေ့သွားပြီးနောက် အိမ်ရှေ့မင်းသားက သူမကို လက်ဆောင်တစ်ခုအဖြစ် ဆက်ဆံခဲ့သလိုမျိုး လုချန်းကလည်း အခြားသူတစ်ဦးကို ပေးလိုက်မည်ကို စိုးရိမ်လာခဲ့သည်။
ဤခေတ်တွင် ကိုယ်လုပ်တော်တစ်ဦး၌ အရေးပါသော အဆင့်အတန်းမရှိပေ။ သူတို့ကို လွတ်လပ်စွာ ပေးကမ်းလွှဲပြောင်းနိုင်သည်။ အထူးသဖြင့် မင်းသားစံအိမ်လို နေရာမျိုး၌ ဖြစ်သည်။
အချို့မင်းသားများ၏ စံအိမ်များတွင် ကိုယ်လုပ်တော်သည် ကိရိယာတစ်ခုမျှသာ ဖြစ်သည်။ အကယ်၍ အာဏာကြီးသော ဧည့်သည်တစ်ယောက် စံအိမ်သို့ ရောက်ရှိလာပါက ထိုမင်းသားများသည် သူတို့၏ ကိုယ်လုပ်တော်များအား ဧည့်သည်များကို ပြုစုစေပြီး အိပ်ယာထဲ ဝင်စေသည်။
ဧည့်သည်က သဘောကျပါက ထိုကိုယ်လုပ်တော်ကို လက်ဆောင်အဖြစ် ပေးလိုက်ရုံသာ ဖြစ်သည်။
ထို့ကြောင့် ချင်ယူဝေသည် ကိုယ်လုပ်တော်ဘဝရရုံမျှဖြင့် စိတ်ချမ်းသာနိုင်ခြင်း မရှိပေ။ သူမ၏ စိတ်နှလုံးလည်း မသက်သာစွာ ဆက်ရှိနေခဲ့သည်။
ချင်ယူဝေက
“မင်းသားက သူ့ကိုယ်လုပ်တော်တွေကို တခြားသူတွေကို ပေးတတ်တဲ့ အကျင့်ရှိလား။”
ထိုမေးခွန်းကို ကြားသောအခါ ချန်မိသားစုမှ အစေခံမလေးက ချင်ယူဝေ၏ စိုးရိမ်မှုကို ချက်ချင်း နားလည်သွားပြီး
“မင်းသားက သူ့အမျိုးသမီးတွေအပေါ် အရမ်း ပိုင်ဆိုင်လိုစိတ် ပြင်းပြပါတယ်။ သူပိုင်ဆိုင်ပြီဆိုတာနဲ့ တခြားဘယ်သူ့ကိုမှ မပေးပါဘူး။ ချင်သခင်မ စိတ်အေးအေးထားပါ။”
ဤစကားကို ကြားသောအခါ ချင်ယူဝေ နောက်ဆုံး၌ သက်ပြင်းချလိုက်သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏အမျိုးသမီးများကို ပေါ့ပေါ့ဆဆ ပေးကမ်းတတ်သော အလေ့အကျင့်မရှိသရွေ့ အရာဝတ္ထုတစ်ခုကဲ့သို့ ဆက်ဆံခံရမည်ကို သူမ ကြောက်ရွံ့စရာ မလိုတော့ပေ။
ချင်ယူဝေ ရေချိုးပြီး ရေချိုးခန်းမှ ထွက်လာသည်နှင့် အစေခံမလေးများက သူမကို ခမ်းနားသော ဝတ်စုံတစ်ထည် ဝတ်ဆင်ပေးပြီး အလှပြင်ပေးခဲ့ကြသည်။
အလှပြင်စားပွဲရှေ့တွင် ထိုင်ရင်း ချင်ယူဝေသည် သူမ၏ ပုံရိပ်ကို မှန်ထဲတွင် ကြည့်ရင်း အလွန် စိတ်လှုပ်ရှားနေခဲ့သည်။
သူမ အရှေ့ဘက်နန်းတော်၌ ရှိစဉ်အခါက လူတစ်ဦးကို ပြုစုပုံများအား သင်ကြားခဲ့ရပြီး ရုပ်ပုံများစွာကို ပြသခဲ့သော်လည်းတကယ်တမ်း မကြုံတွေ့ခဲ့ဖူးပေ။ ဤသည်မှာ အမျိုးသားတစ်ဦးကို သူမ ပထမဆုံး ပြုစုခြင်း ဖြစ်သည်။
ချင်ယူဝေ၏ စိတ်ထဲ စိုးရိမ်ပူပန်နေဆဲဖြစ်သည်။ သူမ လုချန်းကို ကျေနပ်အောင် မလုပ်ပေးနိုင်မည်ကို စိုးရိမ်ခဲ့သည်။ မြောက်ပိုင်းမင်းသားက သူမ၏ နည်းစနစ်ကို မနှစ်သက်ပါက သူမထံသို့ ထပ်လာတော့မည်မဟုတ်ပေ။ မြောက်ပိုင်းမင်းသား၏ မျက်နှာသာကို မရရှိပါက သူမ၏ ကံကြမ္မာ ထပ်မံ ဆိုးရွားသွားပေလိမ့်မည်။
.........
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့သည်။
ညနေဆည်းဆာချိန် ရောက်လာခဲ့ပြီဖြစ်သည်။
အပြင်ဘက်မှ အစေခံမလေးများ မြောက်ပိုင်းမင်းသားအား နှုတ်ဆက်သည်ကို ချင်ယူဝေ ကြားလိုက်ရသော်လည်း လုချန်းက အခန်းထဲသို့ ချက်ချင်း မဝင်လာခဲ့ပေ။
ထိုအချိန်တွင် လုချန်းက တံခါးဝမှ အစေခံမလေးအား
“သူလက်ဖက်ရည် သောက်ပြီးပြီလား။”
နဂါးဖီးနစ်လက်ဖက်ရည်ကို ရည်ညွှန်းနေခြင်းဖြစ်ပြီး အစေခံမလေးက ချက်ချင်းပင်
“ချင်သခင်မက မင်းသားစံအိမ်က လက်ဖက်ရည်ကို သောက်သုံးပြီးပါပြီ မင်းသား။”
လုချန်း ထပ်မံမေးမြန်းခြင်း မပြုတော့ပဲ တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ ဝင်လိုက်သည်။
ထိုအချိန်တွင် ချင်ယူဝေသည် ပန်းရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားပြီး အိပ်ယာဘေးတွင် တိတ်ဆိတ်စွာနှင့် လှပစွာ ထိုင်နေပြီး လူတစ်ဦး၏ စိတ်ခံစားမှုများကို နှိုးဆွနေသည်။
သူမခေါင်းကို ငုံ့ထားကာ လက်များကို ဆုပ်ထားပြီး ပေါင်ပေါ်တွင် တင်ထားသည်။ သူမ၏ ကိုယ်ခန္ဓာသည် မထိန်းချုပ်နိုင်စွာ အနည်းငယ် တုန်ယင်နေပြီး အလွန် စိတ်လှုပ်ရှားနေပုံရသည်။
လုချန်းက မတွန့်ဆုတ်ပဲ အိပ်ရာဆီသို့ လျှောက်လာပြီး ထိုင်လိုက်သည်။ ထို့နောက် ချက်ချင်းစကားစလိုက်သည်။
“ချင်မိသားစု ပျက်စီးပြီးနောက်ပိုင်း ခင်ဗျား တော်တော် ဒုက္ခရောက်ခဲ့ရမှာပဲ။”
ထိုစကားကို ကြားသောအခါ ချင်ယူဝေ တောင့်ခနဲ ဖြစ်သွားခဲ့သည်။
သူမ ချင်မိသားစုမှ လာသည်ကို လုချန်း သိလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
သူ ဘယ်လို သိခဲ့တာလဲ။
ထိုအချိန်တွင် ချင်ယူဝေ ခေါင်းမော့ကာ လုချန်းအား နားမလည်နိုင်သည့် မျက်လုံးများ ကြည့်ရင်း
“မင်းသား... မင်းသားက ကျွန်မ ဘယ်သူလဲဆိုတာ သိနေတာလား။”
လုချန်းက ပြုံးလျှက်
“ ခင်ဗျားက တောင်ပိုင်းက ချင်မိသားစုရဲ့ သမီးအကြီးဆုံးလေ။ ကိုယ်ပြောတာ မမှားဘူး မဟုတ်လား။”
လုချန်းက သူမ၏ ရာဇဝင်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောလိုက်သည်ကို မြင်သောအခါ ချင်ယူဝေ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။ မြောက်ပိုင်းမင်းသားက တကယ်ပင် သူမအကြောင်း သိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
လုချန်းက ဆက်လက်၍
“ဒါ မြောက်ပိုင်းပြည်နယ်ပဲ။ ချင်မိသားစုဝင် ဖြစ်နေရင်တောင် ဒီမှာ စိတ်ပူစရာ မလိုဘူး။ ဘယ်သူမှ ခင်ဗျားကို မထိရဲဘူး။”
“ခင်ဗျားကလွဲလို့ ခင်ဗျားရဲ့ ချင်မိသားစုမှာ တခြား အသက်ရှင်ကျန်ရစ်သူတွေ ရှိသေးလား။”
ထိုမေးခွန်းကို ရင်ဆိုင်ရသောအခါ ချင်ယူဝေ တိတ်ဆိတ်သွားခဲ့သည်။
လုချန်း ဤသို့မေးမြန်းလာခြင်း၏ ရည်ရွယ်ချက်ကို သူမ မသိပေ။ ချင်မိသားစု၏ ကျန်ရစ်သူများကို ရှာဖွေပြီး ချေမှုန်းရန်လား သို့မဟုတ် ရိုးရိုးလေး မေးမြန်းခြင်းလားဆိုတာ သူမ မဝေခွဲနိုင်ပါ။
ချင်ယူဝေက တိုက်ရိုက် မဖြေသည်ကို မြင်သောအခါ လုချန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး
“ခင်ဗျား မပြောချင်ရင် မပြောပါနဲ့လေ။”
ထိုအချိန်တွင် ချင်ယူဝေက
“သူတို့ အားလုံး နာမည်ပြောင်းပြီး တခြားမှူးမတ်တွေဆီ ခိုလှုံနေကြလောက်ပါပြီ။”
လုချန်းက စူးစမ်းလိုစိတ်ဖြင့်
“သူတို့ အားလုံး တခြားမှူးမတ်တွေဆီ ခိုလှုံရမယ်ဆိုတာ သိကြတယ်။ ဒါဆို ဘာလို့ ချင်မိသားစုရဲ့ သမီးအကြီးဆုံးဖြစ်တဲ့ ခင်ဗျားက နေပြည်တော်ဆီ ပြေးသွားတာလဲ။ ချင်ဖန်ဆီ ခိုလှုံဖို့လား။ ချင်ဖန်က ဧကရာဇ်ရဲ့လူဆိုတာ ခင်ဗျား မသိဘူးလား။”
ချင်ယူဝေ ခဏတာမျှ တိတ်ဆိတ်နေခဲ့သည်။ အကြာကြီး တိတ်ဆိတ်ပြီးမှ သူမက
“ကျွန်မကို ရောဂါတစ်ခု ကူးစက်ခဲ့လို့ နတ်ဆေးဆရာကြီးဆီမှာ ကုသဖို့ လိုအပ်ခဲ့တယ်။ နတ်ဆေးဆရာကြီးက နေပြည်တော်မှာ နေတဲ့အတွက် ကျွန်မ အဲဒီကို ရောက်တဲ့အခါ ပုန်းစရာ နေရာမရှိတော့ဘူး။ ဒါကြောင့် နေပြည်တော်က ချင်မိသားစုကို ရှာပြီး ကျွန်မကို ခဏလောက် ကာကွယ်ပေးဖို့ မျှော်လင့်ခဲ့တယ်။
ဒါပေမဲ့ သူတို့က ကျွန်မကို အိမ်ရှေ့မင်းသားဆီ ပို့လိုက်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။”
ချင်ယူဝေ၏ အဖြေကို ကြားသောအခါ လုချန်းက ရယ်မောရင်း “
တောင်ပိုင်းက အာဏာရှိမိသားစုရဲ့ အကြွင်းအကျန်ဖြစ်တဲ့ ခင်ဗျားကို နေပြည်တော်က ချင်မိသားစုက ကာကွယ်ပေးလိမ့်မယ်လို့ ထင်တာ ခင်ဗျား အရမ်းအတာပဲ။”
လုချန်း၏ စကားများကို ကြားသောအခါ ချင်ယူဝေ အလွန် ရှက်ရွံ့သွားခဲ့သည်။
ထို့နောက် လုချန်းက
“ဒါဆို ခင်ဗျားရဲ့ ရောဂါ နောက်ဆုံးတော့ ပျောက်သွားပြီလား။”
ချင်ယူဝေက
“အိမ်ရှေ့မင်းသားက ကျွန်မကို နတ်ဆေးဆရာကြီးနဲ့ ကုသခွင့် မပေးခဲ့ပါဘူး။ အဲ့ဒီအစား နတ်ဆေးဆရာကြီးဆီက ဆေးတချို့ကို ယူပေးပြီး ကျွန်မကို တိုက်ပါတယ်။ သောက်ပြီးတဲ့နောက် ကျွန်မ ခဏလောက် သက်သာလာခဲ့ပါတယ်။”
ချင်ယူဝေ စကားမဆုံးသေးမီပင် လုချန်းက သူမ၏ လက်ကောက်ဝတ်ကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။ ချင်ယူဝေက သူမ၏ လက်မောင်းကို အလိုလိုပြန်ရုန်းလိုက်မိသော်လည်း လုချန်းက ပိုသန်မာသည်။
ချင်ယူဝေ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီးနောက် ပြန်လည်သန်စွမ်းစေသောစွမ်းအား အသုံးပြု၍ သူမ၏ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးလိုက်သည်။ စစ်ဆေးကြည့်သောအခါ ချင်ယူဝေ၏ ကိုယ်ခန္ဓာ၌ ပြဿနာအချို့ တကယ်ရှိသည်ကို သူ တွေ့ရှိလိုက်သည်။
ချင်ယူဝေ၏ အတွင်းအား ချက္ကရ နေရာ၌ အအေးဓာတ် စုစည်းမှုတစ်ခု ရှိနေပုံရသည်။ လုချန်းလည်း အနည်းငယ် မယုံနိုင်ဖြစ်သွားသည်။ ချင်ယူဝေ၏ အတွင်းအား ချက္ကရနေရာ ထိုမျှ ထူးဆန်းလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ထို့နောက် ချင်ယူဝေအား ကုသရန် ပြန်လည်သန်စွမ်းစေသော စွမ်းအားကို အသုံးပြုလိုက်ပြီး အအေးဓာတ်စုစည်းမှုကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။
နောက်တစ်ခဏ၌ သူမ၏ ကိုယ်ထဲသို့ နွေးထွေးသော စီးဆင်းမှုတစ်ခု ဝင်လာပြီး သူမ၏ အတွင်းအား ချက္ကရနေရာ၌ စုစည်းသွားသည်ကို ချင်ယူဝေ ခံစားလိုက်ရသည်။
ပြန်လည်သန်စွမ်းစေသောစွမ်းအားသည် အလွန်ထိရောက်မှုရှိသည်။ ချက်ချင်းပင် အအေးဓာတ်များ ပြိုကွဲစပြုလာသည်။
ချင်ယူဝေ၏ ခန္ဓာကိုယ် အတွင်းရှိ အအေးဓာတ်များ ပြိုကွဲပျံ့နှံ့သွားပြီးနောက် သူမ၏ ကိုယ်ခန္ဓာတစ်ခုလုံး အလွန် သက်တောင့်သက်သာ ရှိလာခဲ့သည်။
နောက်တစ်ခဏ၌ အခန်းသည် အလွန် အေးစိမ့်သွားပြီး ကြမ်းပြင်ပေါ်၌ ရေခဲအလွှာတစ်ခုပင် ပေါ်ပေါက်လာခဲ့သည်။
ချင်ယူဝေ မယုံနိုင်ဖြစ်ခဲ့သည်။ သူမ၏ ရောဂါ ထိုသို့ပင် ပျောက်ကင်းသွားပြီလား။
မြောက်ပိုင်းမင်းသား မည်သည့် ကျင့်စဉ်ကို အသုံးပြုခဲ့သနည်း။
မြောက်ပိုင်းမင်းသားနှင့် ထိတွေ့ရုံဖြင့် သူမ မည်သို့ သက်သာလာခဲ့သနည်း။
နတ်ဆေးဆရာကြီး တောင်ပိုင်းသို့ ရောက်ရှိခဲ့စဉ်က သူ့ထံတွင် သူမကုသမှု ခံယူခဲ့ဖူးသည်။ သို့သော် သူပင် သူမ၏ ကိုယ်ထဲမှ အအေးဓာတ်ကို အချိန်တိုအတွင်း မဖယ်ရှားနိုင်ခဲ့ပေ။ မြောက်ပိုင်းမင်းသားကမူ ချက်ချင်းဖယ်ရှားနိုင်ခဲ့သည်။
ချင်ယူဝေ အံ့အားသင့်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူမ သတိပြန်ဝင်လာပြီး လုချန်းအား အလျင်အမြန်ပင်
“ကျွန်မ မင်းသားကို အရမ်း ကျေးဇူးတင်ပါတယ်။”
လုချန်းက မတုံ့ဆိုင်းပဲ
“ခင်ဗျားက အခု ကျွန်တော့် မိန်းမပဲ။ ခင်ဗျားကို ကုသပေးတာ ကျွန်တော့် တာဝန်ပါပဲ။ ပြောပါဦး။ ခင်ဗျား ကိုယ်ထဲမှာ အအေးဓာတ် ဘယ်လို ဖြစ်လာတာလဲ။”
ထိုစကားကို ကြားသောအခါ ချင်ယူဝေ ခဏခန့် တိတ်ဆိတ်သွားပြန်သည်။ တစ်ခုခုကို ပြန်လည်သတိရနေသကဲ့သို့ ဖြစ်သည်။
ခဏအကြာတွင် သူမက
“ချင်မိသားစုဟာ တစ်ချိန်က ပင်လယ်ထဲမှာ သေးငယ်တဲ့ ကျွန်းတစ်ကျွန်းကို ရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒီကျွန်းမှာ သတ္တုနဲ့ပဲ လုံးဝတည် ဆောက်ထားတဲ့ အဆောက်အအုံတစ်ခု ရှိတယ်။ အဲ့ဒါကို စိတ်ဝင်စားလို့ ကျွန်မလည်း မိသားစုနဲ့အတူ အဲဒီကျွန်းကို လိုက်သွားခဲ့တယ်။
အဲဒီမှာ သတ္တုအဆောက်အဦးထဲက အခန်းတစ်ခုကို ဖြတ်သွားတုန်း အတွင်းက အအေးဓာတ်ရဲ့ တိုက်ခိုက်ခြင်းကို ကျွန်မ ခံလိုက်ရတယ်။ အဲဒီကတည်းက ကျွန်မရဲ့ အတွင်းအား ချက္ကရနေရာမှာ အအေးဓာတ်တွေ စုနေပြီး ဘယ်တော့မှ ဖယ်ရှားလို့ မရခဲ့ပါဘူး။”
လုချန်း၏ မျက်ခုံးများကို အနည်းငယ် တွန့်သွားသည်။
သတ္တု အဆောက်အဦး ဆိုပါလား။
အာကာသယာဉ်တစ်စင်းများ ဖြစ်နေမလား။
ထိုအချိန်တွင် လုချန်း တစ်ခုခုကို သတိရသွားပြီး ဆက်လက်၍
“တိမ်ဖောက်လေးနဲ့ တိမ်ဖောက်မြှားအတွက် သုံးတဲ့ ပစ္စည်းတွေကို မင်းသား လုရှူယွမ်က အဲဒီကျွန်းကနေ ရခဲ့တာလား။”
တိမ်ဖောက်လေးနဲ့ တိမ်ဖောက်မြှားအတွက် အသုံးပြုသော ပစ္စည်းများသည် အလွန်ထူးခြားပြီး ဤကမ္ဘာမှ မဟုတ်ပေ။ ချင်ယူဝေက အခြားကမ္ဘာများမှ အရာဝတ္ထုများနှင့် တူနိုင်သော အရာတစ်ခု၏ တည်ရှိမှုကို ဖော်ပြသောကြောင့် တိမ်ဖောက်လေးနဲ့ တိမ်ဖောက်မြှားအတွက် ပြုလုပ်ရန် အသုံးပြုသော ပစ္စည်းများက ထိုကျွန်းမှ ဖြစ်နိုင်ကြောင်း လုချန်း ဆက်စပ်မိလိုက်ခြင်းဖြစ်သည်။
သို့သော် ချင်ယူဝေက
“အဲဒါတော့ ကျွန်မ မသိပါဘူး။ ချင်မိသားစုက အဲဒီသတ္တုတွေကို အရည်ကျိုဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ ဘယ်နည်းလမ်းနဲ့မှ မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်းမှာ မင်းသားလုရှုယွမ်က ဒီအကြောင်း ကြားတော့ ချင်မိသားစုကို ကြားဝင်ဆွေးနွေးပေးပြီး ကျွန်းကို ဝမ်မိသားစုဆီ ရောင်းချဖို့ စီစဉ်ပေးခဲ့တယ်။”
လုချန်း စိတ်ထဲတွင် တွေးမိသည်။ တိမ်ဖောက်လေးနှင့် မြှားပြုလုပ်ရန် အသုံးပြုသော ပစ္စည်းများသည် ဝမ်မိသားစုထံမှ ဖြစ်သည်ဆိုလျှင် ထိုပစ္စည်းများသည် အဆိုပါကျွန်းရှိ သတ္တုအဆောက်အဦမှ ဖြစ်နိုင်သည်ဟု တစ်ထစ်ချ ယူဆနိုင်သည်။
သူ တစ်ချိန်ချိန်မှာ သွားကြည့်ဖို့ လိုမည်။
သူ့အတွက် လိုအပ်နိုင်သော အရာများ ရှိနိုင်သည်။
လုချန်းက ဆက်မေးလိုက်သည်။
“အဲဒီကျွန်းက ဘယ်နေရာမှာ ရှိလဲဆိုတာ ခင်ဗျားမှတ်မိလား။”
ခဏခန့် စဉ်းစားပြီးနောက် ချင်ယူဝေက
“မှတ်မိပါတယ်။ ဝမ်မိသားစုက အဲဒီကျွန်းကို ဖုန်းယင်ကျွန်းလို့ နာမည်ပေးခဲ့ပြီး ပင်လယ်ရေကြောင်းမြေပုံတွေမှာတောင် မှတ်သားထားတယ်။ ရှနိုင်ငံတော်ရဲ့ ပင်လယ်ရေကြောင်းမြေပုံတွေကိုရရင် ကျွန်းရဲ့ တိကျတဲ့ တည်နေရာကို ရှာတွေ့နိုင်ပါတယ်။”
လုချန်း ခဏခန့် စဉ်းစားလိုက်သည်။ ထို့နောက်
“အဲဒီကျွန်းက ဘယ်အရပ်မှာ ရှိလဲ။ သူ့ရဲ့ ခန့်မှန်းခြေ တည်နေရာကို အရင်ပြောပါ။”
...............
အခန်း (၆၅၀)
လျှပ်ဓာတ်အားပေးစက် ရရှိခြင်း
ထိုကျွန်း မြောက်ပိုင်းပြည်နယ်နှင့် ဝေးကွာခြင်း ရှိ မရှိ လုချန် သိရှိလိုသည်။ အကယ်၍ အလွန်အမင်း ဝေးကွာခြင်း မရှိပါက သူတို့၏ သင်္ဘောများကို တိုက်ရိုက် စေလွှတ်ရန် သို့မဟုတ် တုန်းဖန်မိသားစုမှ တစ်ဦးဦးအား ကျွန်းသို့ သွားရောက်လည်ပတ်ဖို့ စေလွှတ်ရန် စဉ်းစားခဲ့သည်။
“အဲဒီကျွန်းက ဆူဟိုင်ခရိုင်ရဲ့ အရှေ့တောင်ဘက်မှာ ရှိပါတယ်။”
“ကျွန်မ မိသားစုနဲ့အတူ ကျွန်းကို လိုက်သွားတုန်းက လေးရက်လောက် ကြာပါတယ်။”
လုချန်း မျက်မှောင်ကြုတ်လိုက်သည်။ အနည်းငယ် ဝေးပုံရပေသည်။
အကယ်၍ မြောက်ပိုင်းပြည်နယ်မှ သင်္ဘောတစ်စီးကို စေလွှတ်ပြီး တောင်ဘက်သို့ ရွက်လွှင့်ပါက ရှနိုင်ငံတော်၏ ကမ်းရိုးတန်းမြို့များတွင် ရိက္ခာဖြည့်တင်းရန် လိုအပ်ပေလိမ့်မည်။ ထိုသို့ ထင်ရှားသော လှုပ်ရှားမှုသည် လက်ရှိ နယ်စားအသီးသီးတို့အကြား ထိလွယ်ရှလွယ်သော အခြေအနေနှင့် ပေါင်းစပ်ပါက သေချာပေါက် သတိထားမိကြမည် ဖြစ်သည်။
ခဏမျှ စဉ်းစားပြီးနောက် လုချန်းက
“တောင်ပိုင်းက အာဏာရှိ မိသားစုတွေ ဖျက်ဆီးခံရပြီးတဲ့နောက် အဲဒီကျွန်းကို နန်းတွင်းက သိမ်းပိုက်ခဲ့သေးလား။”
“ဆူဖုန်းမြို့ကို သိမ်းပိုက်ပြီးတဲ့နောက် ကျွန်မ မြောက်ဘက်ကို ထွက်ပြေးခဲ့ပါတယ်။”
“အဲဒီနောက် ဘာဖြစ်ခဲ့လဲ ကျွန်မ မသိပါဘူး။”
အာဏာရှိ မိသားစုများ ကျဆုံးသွားပြီးနောက်ပိုင်း ဝမ်မိသားစုမှ ဖမ်းဆီးခံရသူများသည် သူတို့၏ အသက်များကို ကယ်တင်ရန်အတွက် အချို့လျှို့ဝှက်ချက်များကို သေချာပေါက် ဖော်ထုတ်ခဲ့ကြမည်ဟု လုချန်း တွေးလိုက်သည်။ ထို့ကြောင့် ကျွန်း၏ လျှို့ဝှက်ချက်ကို ဆွမ်ဧကရာဇ် သိရှိထားမည်မှာ သေချာသည်။ ဆွမ်ဧကရာဇ်က ကျွန်းကို သိမ်းပိုက်ရန်အတွက် လူများ စေလွှတ်ခဲ့သည်မှာ ကြာပြီ ဖြစ်ပြီး ယခုအခါ ကျွန်းပေါ်တွင် ရှနန်းတွင်း စစ်သည်အများအပြားဖြင့် စောင့်ကြပ်နေမှာကို လုချန်း စိုးရိမ်မိသွားသည်။
ယခုအချိန်တွင် တစ်စုံတစ်ဦးကို စေလွှတ်ခြင်းဖြင့် အကျိုးကျေးဇူး မရှိတော့ပေ။
အကောင်းဆုံးနည်းလမ်းမှာ သူထီးနန်းရရှိပြီးမှသာ တစ်စုံတစ်ဦးကို စေလွှတ်ကာ ကျွန်း၏ အခြေအနေကို အကဲဖြတ်ရန် ဖြစ်သည်။
လုချန်း နက်နက်နဲနဲ စဉ်းစားနေသည်ကို မြင်သောအခါ ချင်ယူဝေ၏ စိတ်များ အနည်းငယ် လွင့်မျောသွားသည်။ လုချန်းကို အလွန်ပင် ခန့်ညားပြီး ဆွဲဆောင်မှုရှိသည်ကို သူမ စတင်သတိထားမိလိုက်သည်။ အထူးသဖြင့် သူ နက်နဲစွာ စဉ်းစားနေချိန်တွင် သူမစိတ်နှလုံးအတွင်းမှ ချစ်ခြင်းမေတ္တာဆန်သော ခံစားမှုများကို နှိုးဆွပေးသည်။
မြောက်ပိုင်းနယ်စားမင်းသား၏ အမျိုးသမီး ဖြစ်ရခြင်းက သူမအတွက် သိပ်မဆိုးဟု ချင်ယူဝေ မတွေးပဲ မနေနိုင်ခဲ့ပေ။
မြောက်ပိုင်းနယ်စားမင်းသားသည် ကာမဂုဏ်၌ မွေ့လျော်ပြီး ဖောက်ပြန်သူဖြစ်သည်ဟူသော ကောလာဟလများ ရှိသော်လည်း ယခုအခါ သူ၏ ခန့်ညားသော ရုပ်ရည်ကြောင့် မည်သည့်အမျိုးသမီးမှ သူ၏ သွေးဆောင်မှုကို မတွန်းလှန်နိုင်ဟု သူမ ထင်မြင်နေသည်။ ထို့ကြောင့် သူ့ကို ဖြားယောင်းခဲ့ကြသည်မှာ ထိုအမျိုးသမီးများ ဖြစ်ရမည်ဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသားက သူတို့အား လိုက်လျောခဲ့ရခြင်း ဖြစ်လိမ့်မည်။
ချင်ယူဝေ ထိုသို့ တွေးနေစဉ် လုချန်းက ရုတ်တရက် ခေါင်းလှည့်ပြီး သူမကို ကြည့်လိုက်သောအခါ သူမ သူ့ကို ကြည့်နေတာ မိသွားပြီဟု ခံစားလိုက်ရပြီး သူမ၏ မျက်နှာလည်း နီမြန်းလာခဲ့သည်။
ထို့ပြင် အစောပိုင်းက လုချန်း သူမ၏ ရောဂါကို ကုသပေးစဉ် နွေးထွေးသော စိတ်ဝိညာဉ်စွမ်းအင်အချို့ကို သူမထံသို့ လွှဲပြောင်းပေးခဲ့ရာ သူမခန္ဓာကိုယ်ကို အလွန်အမင်း နွေးထွေးစေခဲ့ပြီး စိတ်မတည်မငြိမ် ဖြစ်စေခဲ့သည်။
ချင်ယူဝေ၏ မျက်နှာ နီရဲပြီး ရှက်ရွံ့နေသည့် အမူအရာကို မြင်သောအခါ လုချန်း၏ စိတ်ဝင်စားမှုများ တိုးလာသည်။
“အရှေ့နန်းဆောင်က အမျိုးသမီးအရာရှိတွေက ခင်ဗျားကို တော်တော်များများ သင်ပေးခဲ့မှာပဲ မဟုတ်လား။”
ချင်ယူဝေက ခေါင်းညိတ်လိုက်ပြီး မျက်နှာ နီရဲလျက် “အင်း” ဟု ဖြေလိုက်သည်။
ထို့နောက် လုချန်း သူ၏ ဖိနပ်များကို ချွတ်ပြီး ကုတင်ပေါ် လှဲချလိုက်ကာ ချင်ယူဝေအား
“အခု ခင်ဗျားရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရအောင်။”
လုချန်းသည် သူတော်စင်တစ်ဦး မဟုတ်သောကြောင့် ချင်ယူဝေကဲ့သို့ လှပသော အမျိုးသမီးတစ်ဦးက သူမကိုယ်သူမ ကမ်းလှမ်းလာပါက ဝမ်းမြောက်ဝမ်းသာ လက်ခံမည်မှာ သဘာဝပင်ဖြစ်သည်။
လုချန်း လှဲချလိုက်သောအခါ ချင်ယူဝေ အနည်းငယ် တွေဝေနေပုံရသည်။ အမျိုးသမီးအရာရှိများက သူမကို နည်းလမ်းများ သင်ပေးခဲ့သော်လည်း ဤသည်မှာ သူမ၏ ပထမဆုံး အကြိမ် လက်တွေ့လုပ်ဆောင်ခြင်းဖြစ်၏။
ထို့ပြင် ယခင်က ဇိမ်ကျသော ဘဝဖြင့် နေထိုင်ခဲ့ရသော အာဏာရှိ မိသားစုမှ သမီးတစ်ဦးအနေနှင့် ရုတ်တရက် ယောက်ျားတစ်ယောက်ကို ပြုစုရတော့မည်ဟူသော အတွေးက သူမကို အလွန်အမင်း ရှက်ရွံ့စေခဲ့သည်။
သို့သော် လုချန်းကို စိတ်ကျေနပ်မှု ပေးနိုင်မှသာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ဆက်နေနိုင်မည်ဖြစ်ပြီး ပြည့်တန်ဆာအိမ်သို့ အပို့ခံရခြင်းမှ ရှောင်ရှားနိုင်မည်ဟူသော အတွေးက သူမကို စတင်လှုပ်ရှားစေခဲ့သည်။
ချင်ယူဝေက လုချန်း၏ ဖိနပ်များကို ချွတ်ပြီးနောက် သူမ၏ သွယ်လျသော လက်များကို ဆန့်ထုတ်ကာ လုချန်း၏ အဝတ်အစားများကို စကိုင်လိုက်သည်။
ထိုတစ်လျှောက်လုံး လုချန်းက ကြည့်သာကြည့်နေပြီး ဘာမှ မလုပ်ပေ။ ချင်ယူဝေသာ ယောက်ျားတစ်ယောက်ကို ပြုစုရာတွင် ကျွမ်းကျင်ပါက သူ၏ ဇနီးမယားများအတွက် ဆရာမ ဖြစ်လာနိုင်မလားဟု စဉ်းစားနေခဲ့ခြင်းဖြစ်သည်။
ထိုကြောင့် သူက ချင်ယူဝေ ဘယ်လောက် ကောင်းကောင်း လုပ်ဆောင်နိုင်မလဲဆိုသည်ကို အကဲဖြတ်နေခြင်းဖြစ်သည်။
ချင်ယူဝေ၏ လှုပ်ရှားမှုများသည် အလွန်နူးညံ့သိမ်မွေ့ပြီး လုချန်း၏ အဝတ်အစားများကို လျင်မြန်စွာ ဖယ်ရှားလိုက်သည်။ ချင်ယူဝေတွင် အဝတ်အစားများ ရှိနေသေးသည်ကို မြင်သောအခါ လုချန်းက ခံစားချက်မဲ့စွာဖြင့်
“ခင်ဗျားရဲ့ အဝတ်အစားတွေကိုလည်း ဖယ်လိုက်ပါ။”
ထိုစကားကို ကြားသောအခါ ချင်ယူဝေ၏ မျက်နှာ ပို၍ပင် နီရဲလာပြီး တိုးညင်းစွာဖြင့်
“ဟုတ်ကဲ့ပါ မင်းသား။”
ထို့နောက် သူမ ဝတ်စုံကို လျင်မြန်စွာ ဖယ်ရှားလိုက်သည်။
သူမ ငုံ့ကြည့်လိုက်ပြီး အချို့အရာများကို မြင်သောအခါ မအံ့ဩပဲ မနေနိုင်ခဲ့ပေ။ မင်းသားကို ကောင်းမွန်စွာ ပြုစုပြီးမှသာ သူမ၏ ဘဝ ပို၍ လွယ်ကူလာမည်ဟူသော အတွေးကြောင့် ချင်ယူဝေလည်း သူမ၏ ကြောက်ရွံ့မှုကို လျင်မြန်စွာ ကျော်လွှားကာ လုချန်းကို စတင်ပြုစုပေးပြီး နှိပ်နယ်ပေးခဲ့သည်။
ချင်ယူဝေ၏ နူးညံ့သိမ်မွေ့သော ထိတွေ့မှုများကို ကြည့်ရင်း လုချန်းက ပြုံးလျက်
“ခင်ဗျား အရှေ့နန်းဆောင်က အမျိုးသမီးတွေဆီက တကယ်ပဲ ကောင်းကောင်း သင်ယူခဲ့ပုံရတယ်။”
ဤစကားကို ကြားသောအခါ ချင်ယူဝေသည် အလွန်အမင်း အရှက်ရသွားသည်။
အတိတ်က တောင်ပိုင်းမှ အာဏာရှိ မိသားစုများသည် ထီးနန်းကို ထိန်းချုပ်နိုင်ပြီး ဧကရာဇ်ကိုပင် ဆန့်ကျင်နိုင်ခဲ့ကြသည်။
ထိုအချိန်က သူတို့မိသားစုမှ လူငယ်သခင် လေးများနှင့် သခင်မလေးများသည် အလွန်မြင့်မားသော အဆင့်အတန်းများ ရှိကြပြီး အချို့မင်းသားများ သို့မဟုတ် နယ်စားများပင် သူတို့ရှေ့၌ အလွန်ယဥ်ကျေးခဲ့ကြရသည်။
သို့သော် ယခုအခါ သူတို့၏ မိသားစု ဖျက်ဆီးခံခဲ့ရပြီး အသက်ရှင်ရန်အတွက် မြောက်ပိုင်းနယ်စားမင်းသားကို ယခုလို ပြုစုနေရပြီဖြစ်သည်။
ချင်ယူဝေအား ဝမ်းနည်းခြင်းနှင့် ပူဆွေးခြင်းတို့က ဖုံးလွှမ်းလာသည်။
သခင်မလေးတစ်ဦးအနေနှင့် တစ်နေ့တွင် ဤအရာများကို မြောက်ပိုင်းနယ်စားမင်းသားရှေ့တွင် လုပ်နေရပြီး သူ၏ မှတ်ချက်ပေးခံရမည်ဟု သူမ တစ်ခါမှ မတွေးဖူးခဲ့ပေ။
သူမ၏ အတွင်းစိတ်တွင် အလွန်ဝမ်းနည်းနေသော်လည်း သူမ လက်များ၏ လှုပ်ရှားမှုများကို ချင်ယူဝေ မရပ်တန့်ခဲ့ပေ။
ထို့နောက်တွင် ချင်ယူဝေသည် လုချန်းကို ရိုးသားစွာ ဆက်လက်နှိပ်နယ်ပေးနေခဲ့သော်လည်း လုချန်းကဲ့သို့ အားကောင်းသော တစ်ဦးအတွက် ချင်ယူဝေ၏ ကြိုးစားအားထုတ်မှုများသည် စံချိန်မမီသေးပေ။
လုချန်းက ချက်ချင်း လှည့်လိုက်ပြီး ချင်ယွီဝေကို သူ့အောက်သို့ ဖိချလိုက်သည်။ ချင်ယွီဝေ ချက်ချင်း ကြောင်သွားသည်။ သူမတစ်ခုခု ပြောတော့မည့်အချိန်တွင် လုချန်းက သူမပါးစပ်ကို လက်ဖြင့် ပိတ်လိုက်သဖြင့် ချင်ယူဝေလည်း မပီမသ အသံများသာ ထွက်နိုင်တော့သည်။
လုချန်းက ချင်ယွီဝေကို မနမ်းခဲ့ပေ။ အချို့အရာများကို သူ မြည်းစမ်းလိုသော်လည်း အနမ်းမပါပဲပင် ချင်ယွီဝေ နောက်ဆုံးတွင် ကျဆုံးသွားခဲ့သည်။
[ဇနီးတစ်ဦး ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဓာတ်အားပေးစက် ပုံကြမ်းများနှင့် ဓာတ်အားပေးစက် ဆယ်ခုကို ချီးမြှင့်ပါသည်]
[သခင်သည် ဇနီးနှင့် တစ်ကြိမ် ရင်းနှီးခဲ့သည်။ အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံ.......
နှလုံးသားထိန်းချုပ်မှု ကျင့်စဉ် အတွေ့အကြုံ ၁၀၀၀ တိုးပွားလာပြီး တတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်...]
......
မနက်စောစော။
ချင်ယူဝေ နိုးလာသောအခါ ခိုင်မာသော လက်တစ်စုံက သူ၏ ခါးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည်ကို တွေ့ရှိရပြီး ကျောဘက်တွင် လေးလံမှုအနည်းငယ်ကို ခံစားရသည်။
ခဏအကြာတွင် မနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အားလုံးကို သူမပြန်သတိရလာသည်။
ချင်ယူဝေသည် ခေါင်းအုံးပေါ်တွင် သူမခေါင်းကို လုံးဝမှီထားလိုက်၏။ အရာအားလုံးမှ လွတ်မြောက်ရန် ကြိုးစားနေသကဲ့သို့ပင် ဖြစ်သည်။ ခဏအကြာတွင် ထိုသူ၏ အသံကို ကြားလိုက်ရသည်။
“အရှေ့နန်းဆောင်မှာ သင်ယူခဲ့တဲ့ ကျွမ်းကျင်မှုတွေက တကယ် အသုံးဝင်ပါတယ်။ ဒါပေမဲ့ ပိုပြီး လေ့ကျင့်ဖို့ လိုအပ်ပါသေးတယ်။”
ထိုစကားကို ကြားသောအခါ ချင်ယူဝေ ချက်ချင်း စိတ်လှုပ်ရှားသွား၏။ လုချန်း၏ အကဲဖြတ်မှုကို သူမ အောင်မြင်ခဲ့ခြင်း ရှိ မရှိ မသေချာဖြစ်နေသည်။
ချင်ယူဝေ စိုးရိမ်ပူပန်နေစဉ် လုချန်းက ဆက်လက်၍
“ဒီနေ့ကစပြီး မင်းက ကိုယ်ရဲ့ မိန်းမပဲ။ ဒီအဆောင်မှာပဲ မင်းနေရလိမ့်မယ်။ မင်း ရေချိုးပြီးရင် အစေခံမလေးကို ခေါ်ပြီး လေပြင်းမိုးတိမ်အဆောင်မှာ မိဖုရားကို တွေ့ဖို့ သွားလိုက်ပါ။”
လုချန်း၏ စကားကို ကြားသောအခါ ချင်ယူဝေ၏ ရင်ထဲမှ ကျောက်တုံးကြီး နောက်ဆုံးတွင် ပြုတ်ကျသွားတောသည်။
သူမသည် နောက်ဆုံးတွင် လုချန်း၏ အကဲဖြတ်မှုကို အောင်မြင်ခဲ့ပြီဖြစ်သည်။ မနေ့က လုချန်းကို ကောင်းကောင်း မွန်မွန် မပြုစုနိုင်ခဲ့ဟု သူမ ခံစားခဲ့ရသည်။ အဓိကအားဖြင့် လုချန်းက စတင်လှုပ်ရှားခဲ့သောကြောင့်ဖြစ်သည်။
သို့သော် ယခုအခါ သူမ၏ အနာဂတ်အတွက် အားကိုးရာတစ်ခု ရရှိပြီဖြစ်ကာ သူမ၏ ရောဂါလည်း ပျောက်ကင်းသွားပြီဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် ဆက်လက်နေထိုင်နိုင်ပါက တောင်ပိုင်းတွင် သူမ ယခင်က နေထိုင်ခဲ့သော ဘဝသို့ ပြန်မရောက်နိုင်သော်လည်း အိုးမဲ့အိမ်မဲ့ ဖြစ်နေခြင်းထက်တော့ ပို၍ကောင်းမည်ဖြစ်သည်။
ပုံမှန်နှင့် မတူပဲ လုချန်းသည် ကုတင်ပေါ်တွင် ကြာကြာမနေခဲ့ပေ။ ရေချိုးအဝတ်အစားလဲပြီးနောက် နိုင်ငံရေးရာ ခန်းမသို့ ဦးတည်သွားခဲ့သည်။ ယနေ့တွင် ပြည်နယ်နန်းတွင်းအစည်းအဝေး တစ်ခု ရှိနေသည်။ အမျိုးသမီးတစ်ဦးအတွက် ထိုအစည်းအဝေးကို ရွှေ့ဆိုင်းမည် မဟုတ်ပေ။
ပြည်နယ် နန်းတွင်းအစည်းအဝေးတွင် အရာရှိများက မြောက်ပိုင်းပြည်နယ်ရှိ ခရိုင်အသီးသီး၏ ယခုနှစ် အခြေအနေများကို တင်ပြခဲ့ကြပြီး လုချန်း ဂရုတစိုက် နားထောင်ခဲ့သည်။
အရာရှိအားလုံး၏ တင်ပြချက်များကို အပြီးသတ်သောအခါ လုချန်း၏ အကြည့်က စိုက်ပျိုးရေးဝန်ကြီးဌာနမှ အရာရှိအပေါ်သို့ ရောက်ရှိသွားသည်။
စိုက်ပျိုးရေးဝန်ကြီးဌာနသည် အသစ်ထပ်ဖွင့်ထားသော ဌာနတစ်ခုဖြစ်သည်။ မြောက်ပိုင်းပြည်နယ်တွင် စားနပ်ရိက္ခာ ရှားပါးမှု မရှိတော့စေရန်အတွက် အထွက်နှုန်းမြင့် သီးနှံများ စိုက်ပျိုးခြင်းကို အလျင်အမြန် မြှင့်တင်ရန် တည်ထောင်ထားသော ဌာနသစ်တစ်ခု ဖြစ်သည်။
လုချန်းက
“အာလူးနဲ့ ကန်စွန်းဥလိုမျိုး သီးနှံတွေ စိုက်ပျိုးမှု မြှင့်တင်ရေးကိစ္စ ဘယ်လို အခြေအနေရှိပြီလဲ”
စိုက်ပျိုးရေးဝန်ကြီးက ချက်ချင်းပင်
“လက်ရှိတိုးတက်မှုအရ အထွက်နှုန်းမြင့် သီးနှံတွေကို မြောက်ပိုင်းပြည်နယ်အနှံ့အပြားမှာ လာမယ့်နှစ်ကျရင် အပြီးသတ် မြှင့်တင်စိုက်ပျိုးနိုင်ပါတော့မယ်။ အဲဒီအချိန်ကျရင် မြောက်ပိုင်းပြည်နယ်က သာမန်ပြည်သူတွေဟာ သူတို့ရဲ့ ဝမ်းရေးအတွက် စိုးရိမ်စရာ မလိုတော့ပါဘူး။”
စိုက်ပျိုးရေးဝန်ကြီး၏ အဖြေကို ကြားသောအခါ လုချန်း အနည်းငယ် ပြုံးလိုက်သည်။ ဤသီးနှံများ စိုက်ပျိုးမှု မြှင့်တင်ခြင်းသည် သူ မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာ ဖြစ်ပျက်နေပုံရသည်။
ကောင်းပြီ။ နောက်နှစ် ဆောင်းဦးရာသီတွင် သူတို့ တောင်ပိုင်းသို့ ချီတက်မည်။
ထို့နောက် လုချန်းက အခြားသော အစိုးရရေးရာ မေးမြန်းစရာများ ဆက်လက်မေးမြန်းခဲ့ပြီး နှစ်နာရီခန့် ကြာပြီးနောက် ပြည်နယ်နန်းတွင်းအစည်းအဝေး ပြီးဆုံးသွားသည်။ သူ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ပြန်ရောက်လာပြီး သူ၏ စာကြည့်ခန်းသို့ သွားတော့မည့်အချိန်တွင် လင်ဝမ်ရွန်က သူ့နောက်မှ ရုတ်တရက် ခေါ်လိုက်သည်။
“ချန်းလေး... ချန်းလေး...”
လင်းဝမ်ရွန်၏ အသံကို ကြားပြီး လုချန်းလှည့်ကြည့်လိုက်ရာ လင်းဝမ်ရွန်၏ ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော ပါးပြင်များ နီမြန်းနေပြီး အနည်းငယ် ရှက်ရွံ့နေပုံလည်းရသည်။
လင်းဝမ်ရွန်သည် ချူယုချင်ကဲ့သို့ လုချန်းကို “ချန်းလေး” ဟု ခေါ်နေခဲ့သော်လည်း ထိုအသုံးအနှုန်းကို အခုထိ အသားမကျသေးပေ။ ဤလူငယ်လေးနှင့် ရင်းနှီးသော ဆက်ဆံရေးရှိခြင်းကြောင့် သူ့ကို “ချန်းလေး” လို့ ခေါ်ရခြင်းက သူမအတွက် ထူးဆန်းနေသေးသော်လည်း လုချန်းက တောင်းဆိုထားသည့်အတွက် သူမလည်း ထိုသို့သာ ခေါ်ဝေါ်ရသည်။
လုချန်းက
“ဘာကိစ္စလဲ ဒေါ်လေးလင်။”
လင်းဝမ်ရွန်က စာတစ်စောင်ကို ထုတ်ပြီး လုချန်းအား ပေးလိုက်သည်။
“ရွန်ရွန်က စာရေးလာတယ်။ သူ ရက်အနည်းငယ်အတွင်း မင်းသားစံအိမ်ကို ပြန်လာတော့မယ်တဲ့။”
ဤစကားများကြောင့် လုချန်း ခဏမျှ ရပ်တန့်သွားပြီးနောက် လင်းဝမ်ရွန်၏ လက်မှ စာကို လျင်မြန်စွာ ယူလိုက်ကာ စာအိတ်ကို ဖွင့်ပြီး စိတ်ဝင်တစား ဖတ်ရှုလိုက်သည်။
ချန်ဝမ်ရွန်၏ လှပသော ခန္ဓာကိုယ် သူမ၏ အေးစက်သော အမူအရာတို့ကို တွေးမိသည်နှင့် လုချန်း၏ နှလုံးသားတွင် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သို့သော် သူ၏ စိတ်လှုပ်ရှားမှုကို လျင်မြန်စွာ ဖိနှိပ်လိုက်ပြီး လင်ဝမ်ရွန်အား ပြုံးလျက်
“ ကျွန်တော် သိပါပြီ ဒေါ်လေးလင်။”
“ကျွန်တော့်မှာ တခြားကိစ္စတွေ လုပ်စရာရှိသေးလို့ စာကြည့်ခန်းကို သွားတော့မယ်။”
လင်ဝမ်ရွန်က
“ကောင်းပါပြီ။”
ထို့နောက် လုချန်း စာကြည့်ခန်းသို့ ဦးတည်သွားလိုက်သည်။ လုချန်းထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း လင်ဝမ်ရွန် ညင်သာစွာ သက်ပြင်းချလိုက်သည်။
လုချန်း စာကြည့်ခန်းသို့ ရောက်ပြီး မကြာမီတွင် မိုးရှင်း ရောက်လာသည်။
“မင်းသားကို ဂါရဝပြုပါတယ်။”
လုချန်းက ခပ်အေးအေးဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူ၏ အကြည့်သည် သူ့လက်ထဲမှ ပုံစံဒီဇိုင်းများထံမှ မခွာပဲ ရှိနေသေးနေသည်။
လုချန်း ဘာကို လေ့လာနေသည်ကို မိုးရှင်းစူးစမ်းလိုစိတ် ဖြစ်လာသည်။
မိုးရှင်း စမေးတော့မည့်အချိန်တွင် လုချန်းက “ရေနွေးငွေ့ရထား ထုတ်လုပ်မှု လုပ်ငန်းစဉ်က အခုတော့ အတော်ခရီးရောက်နေပြီ။ အခုကစပြီး တခြားသူတွေက ရထားအင်ဂျင်ထုတ်လုပ်ပြီး ရထားလမ်းတွေ ဖောက်လုပ်တာကို လုပ်လိမ့်မယ်။ ခင်ဗျားအတွက် ပိုအရေးကြီးတဲ့ တာဝန်တစ်ခု ရှိတယ်။”
မိုးရှင်း ခဏမျှ ကြောင်သွားသည်။
ပိုအရေးကြီးတဲ့ တာဝန်လား....
ထို့နောက် လုချန်းက ပုံစံဒီဇိုင်းများကို မိုးရှင်းအား ပေးလိုက်သည်။ မိုးရှင်းလည်း ထိုပုံစံများ စိတ်ဝင်တစား လေ့လာလိုက်သည်။ ခဏအကြာတွင် မိုးရှင်းက ဇဝေဇဝါ ဖြစ် နေဟန်ဖြင့်
“အဲ့ဒါ ဘာပါလဲ မင်းသား။”
လုချန်းက
“ဒါတွေက ဓာတ်အားပေးစက်ရဲ့ ပုံစံဒီဇိုင်းတွေပဲ “
“ဓာတ်အားပေးစက်” ဟူသော စကားလုံးကို မိုရှင်း ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ပြီး ၎င်း၏ အသုံးပြုပုံကို လုံးဝမသိရှိပေ။
ထိုစဉ် လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ပင့်တက်သွားပြီး
“ဒါက လျှပ်စီးကြောင်းကို ထုတ်လုပ်ပြီး ထိန်းချုပ်နိုင်တဲ့ စက်တစ်ခုပဲ။”
ထိုရှင်းပြချက်က မိုရှင်းအား လုံးဝအံသြသွားစေသည်။
လျှပ်စီးကို ထိန်းချုပ်တာလား။
ထိုသို့သော အရာမျိုးကို သူ ယခင်က အိပ်မက်ပင် မမက်ခဲ့ဖူးပေ။ သူတို့အတွက် လျှပ်စီးသည် ဖျက်ဆီးခြင်းနှင့် အတူတူပင်ဖြစ်သည်။ သမိုင်းတစ်လျှောက်လုံးတွင် လူများသည် ကောင်းကင်မှ လျှပ်စီးကို ကြောက်ရွံ့ကြပြီး “မိုးကြိုးပစ်ခြင်း” ကို မကောင်းမှုများအတွက် ပြစ်ဒဏ်ခံရခြင်းနှင့် ဆက်စပ်ကြသည်။
လျှပ်စီးကို ထိန်းချုပ်နိုင်သော စက်တစ်ခုသည် ဤကမ္ဘာတွင် တည်ရှိနိုင်လိမ့်မည်ဟု မိုးရှင်း စိတ်မကူးဖူးပေ။
ထိုသို့သော စက်တစ်ခုကို တီထွင်နိုင်ခဲ့လျှင်...
နေပါဦး။
ဒီစက်ကို တီထွင်နိုင်ရင်တောင် ဘာအသုံးဝင်မှာလဲ။
လက်နက်အဖြစ် အသုံးပြုနိုင်မလား။
ရန်သူတွေကို တိုက်ခိုက်ဖို လျှပ်စီးကြောင်း ထုတ်လွှတ်တာမျိုးလား။
............
အခန်း (၆၅၁)
စာရေးဖို့ လာတာ မဟုတ်ပါ
မိုးရှင်းသည် ရှေးခေတ်ကာလက လူသားတစ်ဦးဖြစ်သည်နှင့်အညီ လျှပ်စစ်ဓာတ်အားပေးစက်များအကြောင်း မကြားဖူးခဲ့သကဲ့သို့ ၎င်းတို့ မည်သို့ အသုံးဝင်ကြောင်းလည်း မသိပေ။
လုချန်းက ခဏခန့် စဉ်းစားလိုက်ပြီး
မိုးရှင်းအား
“လျှပ်စစ်ဓာတ်အားပေးစက်တွေမှာ အသုံးဝင်ပုံတွေ အများကြီး ရှိပါတယ်။ ပိုပြီးတိတိကျကျ ပြောရရင် လျှပ်စစ်ဓာတ်မှာ အသုံးဝင်မှုတွေ အများကြီး ရှိတယ်။”
“အချိန်ကိုက်ပါပဲ။ ကျွန်တော့်မှာ လျှပ်စစ်ဓာတ်အားပေးစက်တစ်ချို့ ရှိတယ်။ လျှပ်စစ်ဓာတ်အားပေးစက်တွေ တပ်ဆင်ဖို့ လူတစ်ဦးဦး ရှာပြီးတဲ့အခါ လျှပ်စစ်ဓာတ်ရဲ့ အသုံးဝင်ပုံတွေကို ခင်ဗျားကို ရှင်းပြပါမယ်။”
“နောက်ပြီး လျှပ်စစ်ဓာတ် အသုံးချမှုကို သုတေသနပြုဖို့ ခင်ဗျားအတွက် သီးသန့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပေးမယ်။”
မိုးရှင်းက
“ဟုတ်ကဲ့ပါ မင်းသား။”
လျှပ်စစ်ဓာတ်အားပေးစက်တစ်ခု မည်သို့ အသုံးဝင်သည်ကို သူ မသိသော်လည်း လုချန်းက ထိုစက်များကို အလွန်တန်ဖိုးထားပုံရသည်ကို မိုးရှင်း မြင်တွေ့ခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားက အလွန်တန်ဖိုးထားသောအရာ ဖြစ်သည့်အတွက် အလွန်အရေးကြီးမည်မှာ သေချာသည်။
မိုးရှင်း စိတ်ထဲတွင် တွေးလိုက်သည်။ လျှပ်စစ်ဓာတ်အားပေးစက်များသည် ရေနွေးငွေ့အင်ဂျင်များ၏ အရေးပါမှုထက် မနိမ့်ကျနိုင်ပေ။ ဤနည်းဖြင့် သူ၏အမည်သည် နောက်ထပ် သမိုင်းတွင် ကျန်ရစ်နိုင်မည်ဟု ထင်မိသည်။
သူ၏ နာမည်သည် အနာဂတ်တွင် နယ်ပယ်များစွာ၌ ပေါ်ထွက်လာမည်ဟူသော အတွေးကပင် မိုးရှင်းအား စိတ်လှုပ်ရှားစေခဲ့သည်။
ဤအချိန်တွင် လုချန်းက
“ဒီနေ့ ဒီ ဒီဇိုင်းပုံစံတွေကို ယူသွားပြီး ရင်းနှီးအောင် လုပ်ပါ။ ပြီးရင် ခင်ဗျား ထူးချွန်တယ်လို့ ထင်တဲ့ လက်မှုပညာရှင်တချို့ကို ရှာပါ။ လျှပ်စစ်သုတေသနအဖွဲ့မှာ ပါဝင်ချင်လားလို့ မေးပါ။ ပါဝင်ချင်တယ်ဆိုရင် အချိန်တန်ရင် သူတို့ကို ခေါ်လာပါ။”
မိုးရှင်းက စိတ်လှုပ်ရှားစွာဖြင့်
“ဟုတ်ကဲ့ပါ မင်းသား။”
“ကျွန်တော့်ကို ခွင့်ပြုပါဦး။”
စကားဆုံးသည်နှင့် မိုးရှင်းလည်း စိတ်အားထက်သန်စွာဖြင့် လျှပ်စစ်ဓာတ်အားပေးစက် ပုံစံများကို ယူကာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာသွားခဲ့သည်။
.........
မျက်စိတစ်မှိတ်အတွင်း လဝက်ခန့် ကုန်လွန်သွားခဲ့သည်။
လျှပ်စစ်သုတေသနအဖွဲ့ကို လျင်မြန်စွာ စုစည်းဖွဲ့စည်းနိုင်ခဲ့သည်။ မိုးရှင်းနှင့် သူကဲ့သို့ ရှေးခေတ်လူများ လျှပ်စစ်ဓာတ်ဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို နားလည်စေရန်အတွက် လုချန်းက သူတို့အား မင်းသားစံအိမ်သို့ နေ့စဉ်လာရောက် စေ၍ သင်ခန်းစာများကို သင်ယူစေခဲ့သည်။
ဤလဝက်အတွင်း လုချန်း အထူးအလုပ်များနေခဲ့သည်။ မိုးရှင်းတို့ကို သင်ကြားပေးရုံသာမက ညဘက်၌ စာကြည့်ခန်းတွင် နိုင်ငံတော်ကိစ္စများကိုလည်း ဆောင်ရွက်ရသေးသည်။ သူသည် အရိပ်အယောင် ကောင်းကင်လူသားဖြစ်ပြီး အိပ်ချိန် များစွာ မလိုအပ်သော်လည်း နေ့စဉ် အလုပ်များနေခြင်းက လုချန်းကို အနည်းငယ် ပင်ပန်းစေခဲ့သည်။
ထိုကာလအတွင်း အမျိုးသမီးတစ်ဦးကိုပင် သူ မထိတွေ့နိုင်ခဲ့ပေ။
လုချန်း အလုပ်များနေသည်ကို မင်းသားစံအိမ်၏ အတွင်းဆောင်ရှိ အမျိုးသမီးများအားလုံး အထူးသဖြင့် ဝူကျန်းဝမ်လည်း မြင်တွေ့ခဲ့သည်။
သူမ မင်းသားစံအိမ်သို့ ရောက်ရှိပြီးကတည်းက ဝူကျန်းဝမ်သည် လုချန်း၏ လှုပ်ရှားမှုတိုင်းကို အနီးကပ် စောင့်ကြည့်ခဲ့သည်။
သူမသည် လုချန်းနှင့် အလောင်းအစားရှုံးခဲ့ပြီး သဘောတူညီချက်အရ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၌ နေထိုင်ကာ လုချန်းအတွက် သားသမီး မွေးဖွားပေးသင့်သော်လည်း လက်တွေ့တွင် သူမသည် ထိုမျှ နာခံသော အမျိုးသမီးမျိုး မဟုတ်ပေ။ သူမ၏ စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်နေဆဲပင်။
ခဏတာ စောင့်ကြည့်ပြီးနောက် လုချန်းသည် လက်မှုပညာရှင်များနှင့် အထူးရင်းနှီးပြီး သူတို့နှင့်ပင် ရယ်မောပျော်ရွှင်သည်ကို သတိထားမိပြီး လုချန်းအပေါ် သူမ၏ အမြင်သစ်တစ်ခု ရရှိခဲ့သည်။
လုချန်းက လက်မှုပညာရှင်များကို ထိုမျှ တန်ဖိုးထားပြီး ထိုမျှ မြင့်မားသော အဆင့်အတန်း ပေးလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ မည်သည့် တခြားနိုင်ငံတွင်မဆို လက်မှုပညာရှင်များသည် နိမ့်ကျသော အတန်းအလွှာမျှသာဖြစ်သည်။ မြင့်မားသော ရာထူးရှိသူများ မလုပ်ချင်ဆုံး အရာတစ်ခုက အဆင့်အတန်း နိမ့်ကျသော လက်မှုပညာရှင်များနှင့် အရောအဝင် ပေါင်းသင်းခြင်းဖြစ်သည်။
သို့သော် လုချန်းကတော့ ထိုသို့မဟုတ်ပဲ လက်မှုပညာရှင်များကို မင်းသားစံအိမ်သို့ ခေါ်ယူကာ လဝက်ကျော်ကြာ သူတို့နှင့်အတူ အလုပ်လုပ် နေခဲ့သည်။
......
ကြည်လင်သော နံနက်ခင်းတစ်ခုတွင် ဝူကျန်းဝမ် နိုးထလာပြီး မနက်စာကို ရိုးရိုးရှင်းရှင်း စားပြီးနောက် အပြင်ဆောင်ရှိ စာကြည့်ခန်းနှင့် မလှမ်းမကမ်းရှိ အဆောင်ငယ်တစ်ခုတွင် ထိုင်နေခဲ့သည်။
ဤသည်မှာ သူမ၏ လွတ်လပ်ခွင့် နယ်ပယ်ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာခွင့် ရှိသော်လည်း ထိုလူငယ်၏ လျှို့ဝှက်ချက်အချို့ကို ဖော်ထုတ်ရန်က အပြင်ဘက်၌ ကိစ္စရပ်များ စီစဉ်ခြင်းထက် ပိုအရေးကြီးသဖြင့် သူမ မင်းသားစံအိမ်ထဲမှ မထွက်ခဲ့ပေ။
ထိုအချိန်တွင် မိုးရှင်းသည် လက်မှုပညာရှင်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ စာကြည့်ခန်းဘေးရှိ အခန်းဆီသို့ ဦးတည်သွားနေသည်။
မိုးရှင်းကို မြင်ရသောအခါ ဝူကျန်းဝမ် စိတ်ထဲတွင် တွေးလိုက်သည်။ မင်းသားက ဤလက်မှုပညာရှင်များကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ နေ့စဉ် ခေါ်ထားသည်ကို ထောက်ရှုပါက မြောက်ပိုင်းပြည်နယ်သည် အစွမ်းထက်သော လက်နက်သစ်တစ်ခုကို တီထွင်နေခြင်း ဖြစ်နိုင်ပါသလား။
ထိုအတွေးကြောင့် ဝူကျန်းဝမ်၏ မျက်ခုံးများ တွန့်သွားပြီး သူမ၏ မျက်နှာ အေးစက်သွားခဲ့သည်။
မြောက်ပိုင်းပြည်နယ်၏ အမြောက်များပင် ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။ အမြောက်များထက် ပိုမို အစွမ်းထက်သော လက်နက်တစ်ခုကို တီထွင်နိုင်ခဲ့ပါက အဓိက နိုင်ငံကြီးများသည် ဤလူငယ်၏ ကမ္ဘာကို ပေါင်းစည်းရန် အကြံအစည်ကို တကယ်ပင် ရပ်တန့်နိုင်တော့မည် မဟုတ်ပေ။
သူမ စုံစမ်းရန် နည်းလမ်းတစ်ခုကို ရှာဖွေရမည်။
သို့သော် ဘယ်လိုလုပ်ရမည်နည်း။
လုချန်းကို တိုက်ရိုက် မေးရမှာလား။
သူ နောက်ဆုံးသူမထံ လာရောက်သည်မှာ လွန်ခဲ့သည့် နှစ်ပတ်ကဖြစ်သည်။ တိုက်ရိုက် မေးမြန်းရန် မလွယ်ကူပေ။
လုချန်း မလာခြင်းက သူမကို ငြီးငွေ့သွား၍ မဟုတ်ပဲ သူ အလုပ်များနေသောကြောင့် ဖြစ်ကြောင်း ဝူကျန်းဝမ် ရှင်းရှင်းလင်းလင်း သိထားသည်။
သူသည် တစ်နေကုန် လက်မှုပညာရှင်များနှင့်အတူ ရှိနေခဲ့ပြီး ညဘက်၌ စာကြည့်ခန်းတွင် အစိုးရရေးရာ ကိစ္စများကို ဆောင်ရွက်နေခဲ့သည်။ နေ့တိုင်း ဤသို့ဖြစ်နေသောကြောင့် သူမထံ လာရောက်ရန် အချိန်မရှိခြင်းက ပုံမှန်ပင် ဖြစ်သည်။
.....
နေ့ခင်း နေရောင်ခြည်သည် မြေပြင်ပေါ်သို့ လွှမ်းခြုံကျရောက်နေပြီး မိုးရှင်းနှင့် အခြားလက်မှုပညာရှင်များ လုချန်းနှင့်အတူ စာကြည့်ခန်းဘေးရှိ အခန်းကြီးမှ ထွက်လာခဲ့ကြသည်။
စာကြည့်ခန်းခြံဝင်းမှ ထွက်ခွာပြီးနောက် လက်မှုပညာရှင်များက လုချန်းအား ဂါရဝပြုပြီး
“ကျွန်တော်တို့ကို အသိပညာတွေ သင်ကြားပေးတဲ့အတွက် မင်းသားကို ကျေးဇူးတင်ပါတယ်။”
လုချန်း အနည်းငယ် ပြုံးလိုက်ပြီး “ကျွန်တော် သင်ပေးတာက အခြေခံ အဆင့်လောက်ပါ။ ပိုနက်ရှိုင်းတဲ့ သုတေသနကို ဆက်လုပ်ဖို့က ခင်ဗျားတို့အပေါ်မှာ မူတည်ပါတယ်။”
လုချန်းသည် သိပ္ပံနှင့် အင်ဂျင်နီယာ ပညာရှင်တစ်ဦး မဟုတ်ပေ။ သူသည် အခြေခံ သဘောတရား အချို့ကိုသာ သိရှိထားသောကြောင့် သူ သင်ကြားပေးသောအရာများသည် အရှင်းဆုံးနှင့် အခြေခံအကျဆုံးများသာ ဖြစ်သည်။
သို့သော် မိုးရှင်းတို့ကဲ့သို့ ရှေးခေတ်ကာလက လူသားများအတွက် ဤအချက်အလက်များက လုံလောက်သည်။ လျှပ်စစ်ဓာတ်ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သူတို့ နားလည်သွားကြပြီဖြစ်သည်။ အရေးအကြီးဆုံးမှာ ယခင်က လျှပ်စစ်ဓာတ်အပေါ် ရှိခဲ့သော ကြောက်စိတ်များ မရှိတော့ခြင်းဖြစ်သည်။
ထို့နောက် သူတို့သည် လျှပ်စစ်ဓာတ်အား ပေးစက်များ တပ်ဆင်ပြီးစီးသည်အထိ စောင့်ဆိုင်းပြီးမှ လျှပ်စစ်ဓာတ်ကို စတင်စမ်းသပ်နိုင်မည်။
ထိုအချိန်တွင် မိုးရှင်းတို့က တစ်ပြိုင်တည်း
“ကျွန်တော်တို့ မင်းသားကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး။”
လုချန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး
“ကောင်းပါပြီ။ ပြန်ပြီး ဒါ တွေကို လေ့လာထားပါ။ မီးစက်တွေ တပ်ဆင်ပြီးတာနဲ့ အကြောင်းကြားလိုက်ပါမယ်။”
မိုးရှင်းတို့အဖွဲ့သည် လုချန်းအား တစ်ဖန် ဂါရဝပြုပြီးနောက် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာသွားခဲ့သည်။
ထိုအချိန်တွင် ဝူကျန်းဝမ်သည် အပြင်ဆောင်ရှိ အဆောင်ငယ်ထဲ၌ ထိုင်နေတုန်းဖြစ်သည်။ လက်မှုပညာရှင်များ၏ ပြုံးနေသော မျက်နှာများကို မြင်သောအခါ သူတို့ ဘာတွေ ဆွေးနွေးနေကြသည်ကို သူမ ပို၍ပင် စူးစမ်းလိုခဲ့သည်။
ထိုအခါ အနက်ရောင်နှင့် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဝူကျန်းဝမ်၏ မြင်ကွင်းထဲသို့ ဝင်လာခဲ့သည်။ ထိုအမျိုးသမီးသည် အေးဆေးတည်ငြိမ်သော အမူအရာနှင့် ထူးခြားလှပသော ရုပ်ရည်ရှိသည်။
ထိုအမျိုးသမီးကို တစ်နေရာရာ၌ မြင်ဖူးသလိုမျိုး ဝူကျန်းဝမ် ခံစားရသော်လည်း မည်သည့်နေရာတွင် မြင်ဖူးခဲ့မှန်း စဉ်းစား၍ မရပေ။
ထိုအမျိုးသမီးသည် စာကြည့်ခန်းသို့ တည့်တည့်သွားခဲ့သည်။ သူမ စာကြည့်ခန်းသို့ ဦးတည်နေသည်ကို မြင်သောအခါ သူမသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှဖြစ်ပြီး ထိုလူငယ်၏ အမျိုးသမီး ဖြစ်ရမည်ဟု ဝူကျန်းဝမ်၏ စိတ်ထဲတွေးလိုက်သည်။
.....
ထိုအတောအတွင်း
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ စာကြည့်ခန်း။
မုယုံရွှီ လုချန်း၏ စာကြည့်ခန်းထဲသို့ ဝင်ရောက်သည်နှင့် လုချန်းက သူမကို ပြင်းထန်စွာ နမ်းရှုံ့လိုက်သည်။
လုချန်းသည် နှစ်ပတ်ကျော်ကြာ အလုပ်များနေခဲ့သည်။ ဤနှစ်ပတ်အတွင်း အမျိုးသမီးများနှင့်အတူ ရှိနေခဲ့သော်လည်း နောက်နေ့တွင် တက်ကြွနေစေရန်အတွက် ကာမဂုဏ်၌ အလွန်အကျွံ မနစ်မြောခဲ့ပေ။
ယနေ့တွင်တော့ လက်မှုပညာရှင်များအား လျှပ်စစ်ဓာတ်အကြောင်း သင်တန်းပေးပြီးခဲ့ပြီဖြစ်သဖြင့် ပြန်လည်ပျော်ပါးရန် အချိန်ရပြီဖြစ်သည်။ မုယုံရွှီ ရောက်လာသည့်အတွက် သူမနှင့် စတင်ရန် လုချန်း ဆုံးဖြတ်ခဲ့သည်။
လုချန်း၏ ရုတ်တရက် ပြင်းပြသော စိတ်ဆန္ဒကြောင့် မုယုံရွှီ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ သူမ ရောက်သည်နှင့် သူ အဘယ်ကြောင့် ထိုမျှ စိတ်လှုပ်ရှားနေသည်ကို နားမလည်ခဲ့ပေ။ သူမသည် သူ့၏ အနမ်းများဖြင့် လျင်မြန်စွာ လွှမ်းမိုးခံခဲ့ရပြီး ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်သော သူမ၏ ပါးပြင်များပင် နီရဲလာခဲ့ရာ ကာမဂုဏ်ကို နှစ်သက်သော အမျိုးသမီးတစ်ဦးကဲ့သို့ ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် လုချန်းက မုယုံရွှီ၏ ခါးကို ဖက်ထားပြီး သူမအား အနားယူခန်းဆီသို့ တွန်းပို့ရင်း
“မုယုံ မိန်းကလေး ဒီနေ့ ဘာလို့ ကျွန်တော့်ကို လာတွေ့တာလဲ။”
လုချန်း၏ မေးခွန်းကို ကြားသောအခါ မုယုံရွှီ နှာခေါင်းရှုံ့လိုက်ပြီး
“မင်းသားက တကယ် အလုပ်များတဲ့လူပဲ။ ရှင့်ကို တွေ့ရဖို့ နှစ်ပတ်တောင် ကြာတယ်။”
ပြီးခဲ့သည့် ရက်များကလက်မှုပညာရှင်များကို သင်တန်းပေးနေရသဖြင့် သင်တန်းချိန်အတွင်း မည်သူပင်ဖြစ်စေ အရေးကြီးဆုံး ကိစ္စမဟုတ်သရွေ့ အနှောင့်အယှက် မပြုရန် တံခါးစောင့်များအား သေချာမှာကြားထားခဲ့သည်။
မုယုံရွှီက လုချန်းကို တွေ့လိုခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူမ လာတိုင်း မင်းသားစံအိမ်မှ အစောင့်များက လုချန်း အလုပ်များနေပြီး သူမကို တွေ့ရန် အချိန်မရှိဟု ပြောခဲ့သည်။ လုချန်း သူမကို ငြီးငွေ့သွားပြီလားဟုပင် သူမ သံသယဝင်ခဲ့သည်။
ကံကောင်းစွာဖြင့် နေ့စဉ် လက်မှုပညာရှင်များ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ရောက်လာတတ်သည်ကို သူမ သတိပြုမိခဲ့ပြီး အရေးကြီးသော လှုပ်ရှားမှုတစ်ခု သို့မဟုတ် ထိုလူ တစ်ခုခု လုပ်ဆောင်နေသည်ကို သူမ ခန့်မှန်းမိခဲ့သည်။
ဟုတ်ပါသည်။ သူမ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ လုချန်းကို ရှာရန် လာရောက်ခြင်းက သူ ဘာလုပ်နေသည်ကို စုံစမ်းရန် မဟုတ်ပေ။ သူမ ဝူကျန်းဝမ်အတွက် လာခဲ့ခြင်း ဖြစ်သည်။
မုယုံရွှီ၏ မကျေနပ်သော စကားများကို ကြားသောအခါ လုချန်းက သူမ၏ မျက်နှာကို ညင်သာစွာ နမ်းလိုက်ပြီး
“ကျွန်တော် မှားပါတယ်။ နောက်မှ ခင်ဗျားရဲ့ ကိုယ်ပေါ်မှာ စာတွေ ရေးပြီး ပြန်လျော်ပါမယ်။”
ထိုစကားကို ကြားသောအခါ မုယုံရွှီ အလိုလို တုန်ယင်သွားခဲ့သည်။
သူမ လုချန်းနှင့် ရင်းနှီးစွာ နေထိုင်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ နောက်ဖြစ်လာမည့်အရာများကို တွေးလိုက်သည်နှင့် သူမ ဆက်လက်ခံနိုင်ရည် ရှိဦးမည်လားဟု မုယုံရွှီ သံသယဝင်လာခဲ့သည်။
မကြာမီ နှစ်ဦးသား အနားယူခန်းသို့ ဝင်ရောက်သွားကြသည်။ သို့သော် ဝင်ရောက်ပြီးနောက် လုချန်းက မုယုံရွှီကို ချက်ချင်း မလုပ်ဆောင်ခဲ့ပေ။
သူက ရုတ်တရက် စိတ်ဝင်စားစရာ တစ်ခုခုကို သတိရသွားဟန်ဖြင့်
“ကိုယ်ကပဲ အမြဲ စာရေးခဲ့တာ။ မင်းရဲ့ လက်ရေးကို တစ်ခါမှ မမြင်ဖူးသေးဘူး။ ကိုယ် ကြည့်ဖို့ တစ်ခုခု ရေးပြပါလား။”
ထိုစကားကို ကြားသောအခါ မုယုံရွှီ အနည်းငယ် စကားလုံး မဲ့သွားခဲ့သည်။ ဤလူဆိုးက ဘယ်လိုမျိုး လှည့်ကွက်အသစ်ကို ကြံစည်နေတာလဲဟု သူမ တွေးမိလိုက်သည်။
သို့သော် သူမ ငြင်းဆန်ခြင်း မပြုပဲ မျက်နှာအမူအရာ မဲ့စွာဖြင့်
“ကောင်းပါပြီ”
မုယုံရွှီ သဘောတူသည်ကို မြင်သောအခါ လုချန်း လက်ဝှေ့ယမ်းလိုက်ရာ စုတ်တံ၊ စာရွက်နှင့် မှင်တို့ စာကြည့်ခန်းမှ အနားယူခန်းရှိ စားပွဲဆီသို့ ပျံသန်းလာခဲ့သည်။ လုချန်းက
“အခုပဲ ရေးပါ”
မုယုံရွှီက စုတ်တံကို ညင်သာစွာ ကောက်ယူလိုက်ကာ မှင်နှစ်ပြီး စတင်ရေးရန် ပြင်ဆင်နေစဉ် သူမ၏ ကိုယ်ခန္ဓာတွင် ထူးဆန်းသော ခံစားမှုတစ်ခု ခံစားလိုက်ရသည်။ လုချန်းက သူမ၏ ကိုယ်ခန္ဓာကို ဖက်ထားပြီး သူ၏ လက်များက လျှောက်သွားနေသဖြင့် သူမ အာရုံစိုက်နိုင်ခြင်း မရှိခဲ့ပေ။
ထိုလူဆိုးက ဤမျှ ရိုးရှင်းမည် မဟုတ်ကြောင်း သူမ သိခဲ့သည်။
လုချန်းက ဘယ်တုန်းက အလေးအနက်ထား ပြီး စာရေးခဲ့ဖူးလို့လဲ။
မဟုတ်တာ တစ်ခုခု လုပ်ဖို့ ဆင်ခြေပေးတာပဲ မဟုတ်လား။
အနည်းငယ် မသက်မသာ ခံစားရသော်လည်း ဆက်လက်ကြိုးစားကာ စာရွက်ပေါ်တွင် စာလုံးတစ်လုံး ရေးလိုက်သည်။
မုယုံရွှီ စာလုံးတစ်လုံး ရေးပြီး ရပ်လိုက်သည်ကို မြင်သောအခါ လုချန်းက သူမ၏ နားနား ကပ်ကာ
“ဘာလို့ ရပ်လိုက်တာလဲ။ ဆက်ရေးလေ။ မင်းရဲ့ လက်ရေးလှ ပညာကို ကိုယ်ကြည့်ချင်သေးတယ်။”
သူမ၏ ငွေရောင်သွားများကို ကိုက်ကာ မုယုံရွှီ စတင်ပြန်လည်ရေးသားခဲ့သည်။
ထို့နောက် စာရွက်ပေါ်တွင် စာလုံး တစ်ဒါဇင်ကျော် ရေးလိုက်သည်။
ထိုအခါ လုချန်းက လက်ဝှေ့ယမ်းလိုက်ရာ ရုတ်တရက် စာကြည့်ခန်းမှ စာရွက်များစွာ အခန်းထဲသို့ ပျံသန်းဝင်ရောက်လာခဲ့သည်။ မီတာများစွာ ရှည်လျားသော ထိုစာရွက်များသည် အနားယူခန်း ကြမ်းပြင်ကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။
လုချန်းက ပြုံးလျှက်
“ မုယုံမိန်းကလေး ဒီစာရွက်တွေက အရမ်းသေးတယ်။ အဲ့ဒီအစား ကြမ်းပြင်ပေါ်က စာရွက်ပေါ်မှာ ရေးတာ ပိုကောင်းမယ် မဟုတ်လား။”
မုယုံရွှီက လှည့်ကာ လုချန်းအား မထီမဲ့မြင် ကြည့်လိုက်ပြီး
“မင်းသား။ ကျွန်မ ဒီကို စာရေးဖို့ လာတာ မဟုတ်ဘူး။”
လုချန်းက ပြုံးလျှက်
“ဒါဆို ဘာလာလုပ်တာလဲ။”
မုယုံရွှီ၏ ပါးပြင်များပေါ်တွင် သွေးရောင်ဖျော့ဖျော့ ပျံ့နှံ့သွားပြီး သူမ၏ မျက်နှာ ပို၍ပင် နီရဲလာခဲ့သည်။
နောက်ထပ် စကားမပြောတော့ပဲ မုယုံရွှီလည်း စုတ်တံကို ကောက်ယူကာ ကြမ်းပြင်ပေါ်ရှိ စာရွက်ပေါ်တွင် ရေးရန် ကိုယ်ကိုကိုင်းလိုက်သည်။
မုယုံရွှီ စာလုံးတစ်လုံးကို ရေးပြီးသည်နှင့် လုချန်းက ရုတ်တရက်
“ရွှီ။ မင်း အဲဒီလို ကိုယ်ကိုကိုင်းပြီး ရေးရတာ မသက်သာလောက်ဘူး။ ဒူးထောက်လိုက်တာ ပိုကောင်းမယ် မဟုတ်လား။”
ထို့နောက် လုချန်းက မုယုံရွှီအား ကိုယ်တိုင် ဦးဆောင်ကာ စာရွက်ပေါ်တွင် ဒူးထောက်စေပြီး လက်တစ်ဖက်ဖြင့် ထောက်ကာ ကျန်လက်တစ်ဖက်ဖြင့် စုတ်တံကို ကိုင်စေခဲ့သည်။ ထိုအခါ သူမ၏ ခန္ဓာကိုယ်အလှကို ပြည့်စုံစွာ ဖော်ပြနေခဲ့သည်။
ဤအရာကို မြင်သော လုချန်း၏ မျက်လုံးများ မှုန်ဝါးသွားသည်။ အထူးသဖြင့် မုယုံရွှီသည် အဖြူရောင် စက္ကူပေါ်တွင် ဒူးထောက်နေပြီး အမည်းရောင် စာလုံးများ ရေးသားနေသည့် အခြေအနေက သူမအား အထူးဆွဲဆောင်မှုရှိစေသည်။
မုယုံရွှီကတော့ လုချန်းကြည့်နေသည့်ကို မသိပဲ စာရွက်ပေါ်တွင် ဆက်လက်ရေးသားနေခဲ့သည်။
ထိုအချိန်တွင် “ပညာတတ်အမျိုးသမီး စာရေးနေပုံ” ကို ကြည့်ရင်း လုချန်း သည်းခံ၍ မရတော့ပေ။
နောက်တစ်ခဏ၌ သူက တစ်ခုခုကို အတင်းအကြပ် ဆွဲဖြဲလိုက်ရာ စုတ်ပြဲသံ ထွက်ပေါ်လာခဲ့သည်။
မုယုံရွှီ တုံ့ပြန်ရန်ပင် အချိန်မရသေးမီ ထိုခွေးကဲ့သို့သော လူလုချန်းက အနားကပ်လာခဲ့သည်။
...........