← Chapters

အခန်း ၆၅၂-၆၅၄

Vol. 44 Ch. 652-654

အခန်း ၆၅၂-၆၅၄

Vol. 44 Ch. 652-654

အခန်း (၆၅၂)

ပြောစကားများစွာ ရှိရမည်

လုချန်းသည် မုယုံရွှီ လုံးဝမစိမ်းသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် အံ့အားသင့်သွားခဲ့ရသော်လည်း အရှုံးပေးကာ လုချန်းဆန္ဒရှိသည့်အတိုင်း ပြုမူခွင့်ပေးရုံမှတစ်ပါး သူမမှာ အခြားရွေးချယ်စရာ မရှိတော့ပေ။

ခဏအကြာတွင် လုချန်း၏ စိတ်ထဲမှ မီးများ အနည်းငယ် ငြိမ်းအေးသွားသည်။ ထို့နောက် သူက မုယုံရွှီအား

“မင်းကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရမလား။”

မုယုံရွှီက ဇဝေဇဝါဖြင့်

“ဘယ်သူနဲ့လဲ။”

လုချန်းက ပြုံးပြီး

“မင်း ဒီနေ့ စုံစမ်းဖို့ လာတဲ့သူပေါ့။”

ထိုစကားကို ကြားသောအခါ မုယုံရွှီ ရုတ်တရက် သတိဝင်လာခဲ့သည်။ သူမ၏ ခေါင်းကိုလှည့်ကာ လုချန်းကို ကြည့်လိုက်ပြီး

“ရှင်... ဒီလိုကိစ္စမျိုး သူ့ကို လုပ်ခဲ့တယ် မဟုတ်လား။”

မုယုံရွှီ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ အလျင်အမြန် ဝင်ရောက်ကာ ဝူကျန်းဝမ်အကြောင်း စုံစမ်းလိုရခြင်း၏ အဓိကအကြောင်းရင်းမှာ ယွဲ့ဧကရာဇ်က သူမ၏ သူငယ်ချင်း မြောက်ပိုင်းတိုင်းပြည်သို့ ရောက်ပြီး စော်ကားခံရခြင်း ရှိ မရှိ သိလိုသောကြောင့် ဖြစ်သည်။

ပြုံးလျက် လုချန်းက

“မင်း ဘယ်လိုထင်လဲ။”

လုချန်း၏ မထိတထိ အပြုံးကို မြင်သောအခါ မုယုံရွှီ၏ ရင်တုန်သွားသည်။

“ရှင်... ဘယ်လိုလုပ်... သူ့ကို”

“သူက ယွဲ့ဧကရာဇ်ရဲ့... သူငယ်ချင်းလေ...”

စိုးရိမ်ပူပန်မှု ကင်းသော အမူအရာဖြင့် လုချန်းက

“သူရဲ့ သူငယ်ချင်း ဘယ်သူဆိုတာ ကိုယ့်အတွက် အရေးကြီးလို့လား။”

မုယုံရွှီ စကားလုံးမဲ့သွားခဲ့သည်။ သူမ ဤလူဆိုး၏ အကျင့်ကို မသိသည်တော့ မဟုတ်ပေ။ ဤကာမစိတ်ပြင်းပြသူအား ဝူကျန်းဝမ်၏ နောက်ကွယ်မှ မည်သူကမှ ကြောက်ရွံ့စေနိုင်မည် မဟုတ်ပေ။ သူသည် အောက်ပိုင်းဆန်ဆန် တွေးတောသော တိရစ္ဆာန်တစ်ကောင်မျှသာ ဖြစ်သည်။

မုယုံရွှီက

“ထားလိုက်ပါတော့... ယွဲ့ဧကရာဇ် ဒီအကြောင်း သိသွားရင်... ရှင်ပဲ အကျိုးဆက်တွေကို ခံရလိမ့်မယ်။”

မုယုံရွှီ လုချန်းအား ထပ်မံ သတိပေးလိုခြင်း မရှိတော့ပေ။ အမှန်တော့ ထိုသူသည် ကောင်းကင်ကိုလည်း မကြောက်၊ မြေကြီးကိုလည်း မကြောက်ပဲ မည်သည့်အမျိုးသမီးကိုမဆို ထိတွေ့ရဲသူပင် ဖြစ်သည်။

လုချန်းက

“ဒီလိုလုပ်ပါလား။ သူနဲ့ မင်းကို တွေ့ခွင့်ပေးမယ်။ တစ်ယောက်က ယွဲ့ဧကရာဇ်ရဲ့ အစေခံမလေး၊ နောက်တစ်ယောက်ကတော့ သူ့ရဲ့ သူငယ်ချင်း။ မင်းတို့နှစ်ယောက်မှာ ပြောစရာ စကားတွေ အများကြီး ရှိလိမ့်မယ်လို့ ကိုယ် ယုံကြည်တယ်။”

ထိုစကားကို ကြားသောအခါ လုချန်း သူမနှင့် ပျော်ပါးပြီးနောက် သူမကို ဝူကျန်းဝမ်နှင့် တွေ့ခွင့်ပေးရန် စီစဉ်နေသည်ဟု တွေးမိလိုက်ပြီး ချက်ချင်းပင်

“ကောင်းပါပြီ။”

မုယုံရွှီ စကားဆုံးသည်နှင့် လုချန်းက စာကြည့်ခန်းတံခါးဘေးရှိ အစေခံအား

“ရှောင်ဟွမ်။ ဝူနိုင်ငံတော်ရဲ့ မင်းသမီးကို ခေါ်လာခဲ့။”

ဟု အမိန့်ပေးလိုက်သည်။

လုချန်း၏ စကားများကို ကြားသောအခါ မုယုံရွှီ တောင့်တင်းသွားခဲ့သည်။ ဒီလူဆိုးက ဒီအချိန်မှာ ဝူကျန်းဝမ်ကို တကယ်ခေါ်နေတာပဲ။ သူက ဝူကျန်းဝမ်ကို အခု ဘာလုပ်ချင်တာလဲ။

မဟုတ်တာ လုပ်ဖို့လား။

မုယုံရွှီ လုချန်းကို ဆုံးမရန် ပြင်ဆင်နေစဉ် သူ၏ လျင်မြန်သော လုပ်ဆောင်မှုများက သူမအား စကားမပြောနိုင်အောင် ဖြစ်စေခဲ့သည်။

တစ်ချိန်တည်းမှာပင်။

ဝူကျန်းဝမ်သည် အပြင်ဆောင်ရှိ အဆောင်ငယ်တွင် ထိုင်နေဆဲဖြစ်ပြီး လုချန်း စာကြည့်ခန်းတွင် မည်မျှကြာကြာ နေမည်ကို စောင့်ကြည့်နေခဲ့သည်။

ထိုစဉ် စာကြည့်ခန်းရှိရာ ခြံဝင်းမှ အစေခံတစ်ဦး ထွက်လာခဲ့သည်။ သူမအနီးသို့ ရောက်လာသည်အထိ သူမအတွက် လာနေသည်ကို ဝူကျန်းဝမ် သတိမထားမိခဲ့ပေ။

ရှောင်ဟွမ်က ဝူကျန်းဝမ်အား ဦးညွှတ်ကာ

“ဧကရီကို နှုတ်ဆက်ပါတယ်။”

အစေခံမလေး၏ စကားကို ကြားသောအခါ ဝူကျန်းဝမ်၏ မျက်နှာမှောင်မိုက်သွားခဲ့သည်။ သူမသည် ယခင်က ဧကရီဖြစ်ရန် တောင့်တခဲ့သော်လည်း မကြာသေးမီက “ဧကရီ” သို့မဟုတ် “ဘုရင်မကြီး” ဟူသော စကားလုံးများကို ကြားရခြင်းကို ကြောက်ရွံ့လာခဲ့သည်။

လုချန်း၏ မူမမှန်သော ပျော်ရွှင်မှုကို သူမ နားလည်လာခဲ့သည်။ သူက သူမအား ဧကရီအဖြစ် သရုပ်ဆောင်စေကာ သူ၏ဆန္ဒများ ဖြည့်ဆည်းနေခြင်းဖြစ်သည်။

သူမ မကျေနပ်သော်လည်း ဝူကျန်းဝမ် ရှောင်ဟွမ်အား မဆူပူခဲ့ပေ။ အမှန်တော့ အစေခံမ လေးမှာ ယုတ်မာသော လုချန်း၏ အမိန့်များကို လိုက်နာရုံမျှသာဖြစ်သဖြင့် သူမကို ဆူပူခြင်းဖြင့် မည်သည့်အရာမှ ပြောင်းလဲလာမည် မဟုတ်ပေ။

ဝူကျန်းဝမ်က အေးစက်စွာဖြင့်

“ဘာလိုချင်တာလဲ။”

အစေခံမလေးက စာကြည့်ခန်းဘက်မှ လာခဲ့သောကြောင့် လုချန်း သူမကို တွေ့လိုခြင်း ဖြစ်မည်။ ယခုအချိန်တွင် သူ ဘာကို လိုချင်နိုင်သည်ကို ဝူကျန်းဝမ် သိချင်လာသည်။

ရှောင်ဟွမ်က

“မင်းသားက ဧကရီ့ကို စာကြည့်ခန်းဆီ လာဖို့ ခေါ်လိုက်ပါတယ်။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်အံ့အားသင့်ပြီးနောက် ဝမ်းမြောက်သွားခဲ့သည်။

သူမ၏ အမြင်တွင် စာကြည့်ခန်းသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ နှလုံးသားဖြစ်ပြီး လျှို့ဝှက်ချက်များအားလုံးကို ထိန်းသိမ်းထားရာ နေရာဖြစ်သည်။

သူမ စာကြည့်ခန်းကို မြင်လိုခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း အခွင့်အရေး မရခဲ့ပေ။

မမျှော်လင့်ပဲ လုချန်းက သူမအား စာကြည့်ခန်းသို့ သူ့ဆန္ဒအလျောက် ဝင်ခွင့်ပြုခဲ့သည်။

ထိုယောက်ျားမှာ အမှန်တကယ် သတ္တိ ကောင်းသူပင်။

ဝူကျန်းဝမ် ချက်ချင်း ထရပ်ပြီး

“လမ်းပြပါ။”

ရှောင်ဟွမ်က

“ဒီဘက်လာပါ ဧကရီ။”

ရှောင်ဟွမ်နောက်သို့ လိုက်၍ ဝူကျန်းဝမ် စာကြည့်ခန်းအပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

စာကြည့်ခန်း၏ တံခါးများသည် ပိတ်ထားသော်လည်း အထဲမှ အသံများကို မပီမသ ကြားနေရသေးသည်။ အတွင်းမှ အသံများက ဝူကျန်းဝမ်ကို ဇဝေဇဝါဖြစ်စေခဲ့သည်။ ထိုအသံများကို ရင်းနှီးနေသည်ဟု ခံစားရသည်။

စံအိမ်ဟောင်း၏ စက္ကူဖုံးပြတင်းပေါက်များနှင့် တံခါးများနှင့်မတူပဲ စံအိမ်သစ်၏ ပြတင်းပေါက်များနှင့် တံခါးများသည် အသံလုံသောကြောင့် အသံအစအနများကိုသာ ကြားနိုင်ခဲ့သဖြင့် အတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ဝူကျန်းဝမ် သေချာမသိနိုင်ခဲ့ချေ။

ထိုစဉ် ရှောင်ဟွမ်က ဝူကျန်းဝမ်အတွက် စာကြည့်ခန်းတံခါးကို ဖွင့်ပေးလိုက်ပြီး

“ဧကရီ ဝင်ပါ။ မင်းသားက အနားယူခန်းမှာ ဧကရီကို စောင့်နေပါတယ်။”

ထိုသို့ ပြောနေစဉ် ရှောင်ဟွမ်၏ ပါးပြင်များ နီရဲလာခဲ့သည်။

တံခါးဖွင့်လိုက်သောအခါ အတွင်းမှ အသံများ ပို၍ ကျယ်လာခဲ့ပြီး မုယုံရွှီ၏ အသံကို ရှင်းလင်းစွာ ကြားလာရသည်။ ထိုအခါ ဝူကျန်းဝမ်၏ မျက်ခုံးများ တွန့်သွားခဲ့ပြီး လုချန်းသည် စာကြည့်ခန်းထဲတွင် မသင့်လျော်သော အရာများ လုပ်ဆောင်နေခြင်း ဖြစ်နိုင်သည်ဟု သူမ သံသယရှိလာခဲ့သည်။

သူမတွင် သံသယများရှိသော်လည်း ဆက်လက်တွေးတောခြင်းမရှိပဲ စာကြည့်ခန်းထဲသို့ ဝင်ရောက်ခဲ့သည်။ ဝူကျန်းဝမ် ခြေလှမ်းပြီး ဝင်လိုက်သည်နှင့် ရှောင်ဟွမ်က သူမနောက်မှ တံခါးကို ပြန်ပိတ်သွားခဲ့သည်။ ဝူကျန်းဝမ်ကတော့ ဂရုမစိုက်ပဲ အတွင်းသို့ ဆက်လျှောက်သွားခဲ့သည်။

အနားယူခန်းအနီးသို့ ချဉ်းကပ်လာသည်နှင့် ဆူညံသံများ ပို၍ ရှင်းလင်းလာခဲ့သည်။ တံခါးဝသို့ ရောက်ရှိသောအခါ သူမရှေ့မှ မြင်ကွင်းက သူမအား လုံးဝ ထိတ်လန့်စေခဲ့သည်။

တစ်ခုခု ဖြစ်ပျက်နေသည်ဟု ခန့်မှန်းထားသော်လည်း ထိုမြင်ကွင်းကို တိုက်ရိုက် မြင်တွေ့ရခြင်းက သူမအား စကားမပြောနိုင်အောင် ဖြစ်စေခဲ့သည်။

ဤအချိန်တွင် အမျိုးသမီးတစ်ဦးသည် စာလုံးများ ရေးထားသော စာရွက်ဖြူတစ်ရွက်ပေါ်တွင် ဒူးထောက်နေပြီး လုချန်း၏ လက်က သူမ၏ သွယ်လျသော ခါးကို ထိန်းချုပ်ထားသည်။ စုတ်တံကို ဆုပ်ကိုင်ထားသော လက်သည် အနည်းငယ် တုန်ယင်နေပြီး သူမ ရေးလိုသော်လည်း မတတ်နိုင် ဖြစ်နေခဲ့သည်။

ဝူကျန်းဝမ်သည် ကြမ်းပြင်ပေါ်ရှိ စာရွက်ဖြူများကို တစ်ချက်ဝေ့ကြည့်ပြီးနောက် အခန်း၏ အနေအထားကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ အခန်းကို လက်ရေးလှပန်းချီများဖြင့် အလှဆင်ထားပြီး စာပေပညာရှင်ဆန်သော အငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။

သို့သော် ထိုသို့သော စာပေပညာရှင်ဆန်သော အခန်းထဲတွင် လုချန်းက ထိုသို့သော အရာများကို လုပ်ဆောင်နေခဲ့သည်။

ဒေါသထွက်ဖွယ် အကောင်းဆုံးအပိုင်းမှာ ဤလူငယ်က သူမ အခန်းထဲသို့ ဝင်လာသည်ကို ရှင်းရှင်းလင်းလင်း သိနေသော်လည်း သူမ မရှိသကဲ့သို့ သူ လုပ်ဆောင်နေသောအရာကို ဆက်လက်လုပ်ဆောင်နေခြင်းပင်။

ဝူကျန်းဝမ်က အေးစက်စွာဖြင့်

“တခြားအမျိုးသမီးတစ်ဦးနဲ့ ဒီလိုလုပ်နေတာ ကြည့်ဖို့ပဲ ကျွန်မကို ခေါ်တာလား။”

ထိုအခါ လုချန်းက ပြုံးလျှက် ဝူကျန်းဝမ်ကို ကြည့်လိုက်ပြီး

“မဟုတ်ပါဘူး။ ကျွန်တော် ခင်ဗျားကို တစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ ခေါ်တာပါ။”

ထို့နောက် လုချန်းက မုယုံရွှီ၏ လက်ကို ဆုပ်ကိုင်ကာ သူမအားဆွဲထူလိုက်ပြီး ဝူကျန်းဝမ်ကို မျက်နှာချင်းဆိုင်စေခဲ့သည်။ ထို့နောက် သူမ လဲကျမသွားစေရန် မုယုံရွှီ၏ ဝမ်းဗိုက်ကို ဖက်ထားခဲ့သည်။

“ကျွန်တော် ခင်ဗျားကို မိတ်ဆက်ပေးမယ့်သူက သူပါ။ သူက ယွဲ့ဧကရာဇ်က ကျွန်တော့်ကို လက်ဆောင်ပေးတဲ့ အမျိုးသမီးပါ။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ် ခဏမျှ တောင့်တင်းသွားခဲ့သည်။

ဟူရှုက သူမအား လုပ်ခိုင်းခဲ့သောအရာကို သူမ သတိရသွားသည်။

ဟူရှုက သူမအား မုယုံရွှီ လုချန်းနှင့် အတူ အိပ်ခဲ့ခြင်း ရှိ မရှိ စုံစမ်းရန် ပြောခဲ့သည်။

ဝူကျန်းဝမ်သည် မျက်နှာနီရဲနေပြီး စကားပြောချင်သော်လည်း စကားလုံးများ ရှာမတွေ့ ဖြစ်‌နေပုံရသော မုယုံရွှီကို လျင်မြန်စွာ တစ်ချက်ကြည့်လိုက်သည်။ ဝူကျန်းဝမ်၏စိတ်ထဲ ရယ်ချင်သွားသည်။

သူမသည် ထိုအချိန်က လုချန်းကို မေးကြည့်ရန် အလေးအနက် စဉ်းစားခဲ့သော်လည်း ယခုအခါ ရယ်စရာကောင်း နေသည်။ ထိုမျှ ရှင်းရှင်းလင်းလင်းဖြစ်နေသောအရာကို အဘယ်ကြောင့် မေးရန် လိုအပ်မည်နည်း။ လှပသော အမျိုးသမီးတစ်ဦး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ဝင်ရောက်လာပါက ဤကာမဂုဏ်ကို နှစ်သက်သောသူ၏ လက်ထဲသို့ ကျရောက်မည်သာဖြစ်သည်။ သူက ဘာမှ မလုပ်ပဲ နေမှာလား။

မုယုံရွှီ၏ အခြေအနေအရ သူမ၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို လုချန်းက ပုံဖော်ပြီးသား ဖြစ်နိုင်သည်။ ဤလူက သူမအား ဘယ်နှစ်ကြိမ် နှိပ်စက်ခဲ့သည်ကိုပင် သူမ မခန့်မှန်းနိုင်‌ပေ။

ဝူကျန်းဝမ်၏ မျက်နှာမည်းမှောင်သွားခဲ့သည်။ ဤအမျိုးသမီးသည် စာကြည့်ခန်းသို့ အရေးကြီး ကိစ္စတစ်ခုခုကြောင့် လာခဲ့သည်ဟု သူမ ထင်ခဲ့သည်။ ထိုအစား သူတို့နှစ်ဦးသည် အခန်းထဲတွင် ဘဝ၏ ကြီးမြတ်သော အတွေးအခေါ်များကို ဆွေးနွေးနေခဲ့ကြသည်။

လုချန်းက ဆက်လက်၍

“ခင်ဗျားတို့နှစ်ယောက်ထဲက တစ်ယောက်က ယွဲ့ဧကရာဇ်ရဲ့ အယုံကြည်ရဆုံး အစေခံ နောက်တစ်ယောက်ကတော့ ယွဲ့ဧကရာဇ်ရဲ့ အချစ်ဆုံး သူငယ်ချင်း။ ခင်ဗျားတို့မှာ ပြောစရာ စကားတွေ အများကြီး ရှိမယ်လို့ ကျွန်တော် ယုံကြည်တယ်။”

“ရွှီ့ကို ခင်ဗျားရဲ့ အဆောင်မှာ နေခိုင်းမယ်ဆို ဘယ်လိုလဲ။”

လုချန်း၏ စကားများကို ကြားသောအခါ လုချန်း တစ်ခုခု ကြံစည်နေသည်ဟု ဝူကျန်းဝမ် ခံစားမိကာ အတွေးထဲနစ်မြောသွားခဲ့သည်။

ထိုအချိန်အထိ တိတ်ဆိတ်နေခဲ့သော မုယုံရွှီလည်း နောက်ဆုံးတွင် အနည်းငယ် သတိပြန်ဝင်လာခဲ့သည်။ သူမက

“ကျွန်မ မုယုံရွှီ.... မင်းသမီး ကျန်းဝမ်ကို ဂါရဝပြုပါတယ်... “

ဝူကျန်းဝမ်က အေးဆေးတည်ငြိမ်စွာဖြင့်

“ကျွန်မက ဝူနိုင်ငံတော်ရဲ့ မင်းသမီး ကျန်းဝမ် မဟုတ်တော့ပါဘူး။ အခု မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ အကျဉ်းသားတစ်ဦး ဖြစ်နေပါပြီ။”

လုချန်းက ပြုံးလျှက်

“ခင်ဗျားက အရမ်း ဇာတ်နာအောင် ပြောတတ်တာပဲ။ ခင်ဗျားကို မင်းသားစံအိမ်မှာပဲ နေရမယ်၊ အပြင်မထွက်ရဘူးလို့ ကျွန်တော် အမိန့်မချခဲ့ပါဘူး။”

ဝူကျန်းဝမ်က ထိုအကြောင်းအရာကို ဆက်မပြောတော့ပဲ

“တခြားဘာမှ မရှိရင် ကျွန်မ ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး။”

ထို့နောက် ဝူကျန်းဝမ် လှည့်ထွက်သွားခဲ့သည်။ ဤစုံတွဲ၏ မသင့်လျော်သော လုပ်ဆောင်မှုများကို သူမ မမြင်လိုတော့ပေ။

ဝူကျန်းဝမ် စာကြည့်ခန်း၏ ထွက်ပေါက်ဆီသို့ လျှောက်သွားနေစဉ် လုချန်းက သူမနောက်မှနေ၍

“ခင်ဗျားရဲ့ အစေခံတွေကို အခန်းတစ်ခန်း ပြင်ဆင်ခိုင်းထားပါ။ အခုကစပြီး မုယုံရွှီက ခင်ဗျားနဲ့အတူ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ နေလိမ့်မယ်။”

ဝူကျန်းဝမ် တုံ့ပြန်ခြင်းမရှိပေ။ သူမ၏ ခြေလှမ်းများကို ရပ်တန့်ခြင်းမရှိပဲ စာကြည့်ခန်းမှ ထွက်ခွာသွားခဲ့သည်။

ဝူကျန်းဝမ် စာကြည့်ခန်းမှ ထွက်ခွာသွားသည်နှင့် လုချန်းလည်း လုပ်စရာ ရှိသည်များကို ဆက်လုပ်ခဲ့သည်။

..........

နေဝင်ရီတရောအချိန်တွင် ဝူကျန်းဝမ်သည် သူမ နေထိုင်သော အဆောင်၌ လှပသော နေဝင်ချိန်ကို ခံစားနေစဉ် အနက်ရောင်နှင့် အဖြူရောင် ဝတ်စုံဝတ်ဆင်ထားသော မုယုံရွှီ အဆောင်ထဲသို့ ဝင်လာခဲ့သည်။

အဝတ်အစားများ ပြောင်းလဲထားသော မုယုံရွှီကို ဝူကျန်းဝမ် တစ်ချက်ကြည့်လိုက်သည်။ သူမ ဝတ်လာသော ဝတ်စုံကို လုချန်းက စာကြည့်ခန်းထဲတွင် ဆွဲဖြဲခဲ့ခြင်း ဖြစ်သည်။

မုယုံရွှီက ဝူကျန်းဝမ်အနီးသို့ ချဉ်းကပ်ကာ

“မင်းသမီး ကျန်းဝမ်ကို နှုတ်ဆက်ပါတယ်”

ဝူကျန်းဝမ်မှာ မျက်နှာအမူအရာ မဲ့စွာဖြင့် “ကျွန်မ ဝူနိုင်ငံတော်ရဲ့ မင်းသမီး ကျန်းဝမ် မဟုတ်တော့ပါဘူး။ နောင်ဆိုရင် ကျွန်မကို မင်းသမီးလို့ ခေါ်ဖို့ မလိုပါဘူး”

မုယုံရွှီလည်း ဓလေ့ထုံးတမ်းများကို အလေးမထားတော့ပဲ

“ဟုတ်ကဲ့ပါ။”

ဝူကျန်းဝမ်က မုယုံရွှီကို တစ်ဖန် ပြန်ကြည့်လိုက်ပြီးမှ

“ထိုင်ပါ”

“ကျေးဇူးပါ။”

ထို့နောက် မုယုံရွှီသည် ဝူကျန်းဝမ်၏ မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်သည်။

ဝူကျန်းဝမ်က တည့်တည့်မတ်မတ်ပင်

“ဟူရှုက မြောက်ပိုင်းနယ်စားမင်းသားနဲ့ ရှင်နဲ့အိပ်ပြီးပြီလားဆိုတာ စုံစမ်းခိုင်းတယ်။ သူက ရှင့်ဆီကို တိုက်ရိုက် မလာပုံထောက်ရင်တော့ ရှင့်ကို မယုံတော့ပုံပါပဲ။”

ဟူရှုသည် ကျူးနိုင်ငံတော်မှဖြစ်ပြီး ဧကရီနှင့် ရင်းနှီးသူဖြစ်သည်။ သူမ တစ်ခုခု သိလိုပါက မုယုံရွှီကို တိုက်ရိုက် အလွယ်တကူ မေးမြန်းနိုင်ခဲ့သည်။ ဝူကျန်းဝမ် စုံစမ်းရန် မလိုအပ်ပေ။

ဟူရှု မုယုံရွှီကို မယုံကြည်သောကြောင့် သူမအား ကိုယ်တိုင် စုံစမ်းခိုင်းခြင်း ဖြစ်သည်ဟု ဝူကျန်းဝမ် ကောက်ချက်ချခဲ့သည်။

ဝူကျန်းဝမ်၏ စကားများကို ကြားသောအခါ မုယုံရွှီ အံ့အားသင့်ခြင်း မရှိခဲ့ပေ။

အမှန်တကယ်တော့ သူမ၏ ကိုယ်ခန္ဓာရှိ ကျိန်စာပုံစံက မြောက်ပိုင်းနယ်စားမင်းသားကို သက်ရောက်မှု ရှိ မရှိ ဟူရှု သိလိုခြင်း ဖြစ်နိုင်သည်။ အကယ်၍ မသက်ရောက်ပါက လျစ်လျူရှုနိုင်သော်လည်း သက်ရောက်ပါက မုယုံရွှီသည် မြောက်ပိုင်းနယ်စားမင်းသားကို ထိန်းချုပ်နိုင်ပြီဟု ဆိုလိုသည်။

သို့သော် မေးခွန်းအစစ်မှာ သူမ၏ ကိုယ်ခန္ဓာရှိ အပျိုစင်အမှတ်အသားသည် အမှန်တော့ ကျိန်စာပုံစံတစ်ခုသာ ဖြစ်သည်ဟု ဧကရီက သူမအား အဘယ်ကြောင့် တိုက်ရိုက် မပြောပြခဲ့တာလဲ ဆိုတာဖြစ်သည်။ အစကတည်းက ဧကရီသည် သူမကို တစ်ခါမှ မယုံကြည်ခဲ့ပုံရသည်။ ယခုတိုင်ပင် ယွဲ့ဧကရာဇ်က သူမ၏ ကျိန်စာပုံစံ အကြောင်းကို တိုက်ရိုက်မပြောပဲ အခြားတစ်ဦးကို အချက်အလက်များ စုဆောင်းရန် စေလွှတ်ခဲ့သည်။

မုယုံရွှီက

“ဒီအကြောင်းကို ကျွန်မကို ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ဝူကျန်းဝမ်က မုယုံရွှီကို စူးစမ်းစွာဖြင့် ထပ်ကြည့်လိုက်သည်။

မုယုံရွှီတွင် အေးစက်သော အမူအရာနှင့် အသက်ရှူမှားလောက်အောင် လှပသော အလှရှိသည်။ မည်သည့်အမျိုးသားမဆို သူမကို သဘောကျမှာ သေချာသည်။

ဝူကျန်းဝမ်က တည့်တိုးပင်

“ရှင်နဲ့ မြောက်ပိုင်းနယ်စားမင်းသား အဲဒီလို ကိစ္စမျိုး ဘယ်နှစ်ကြိမ် လုပ်ခဲ့ပြီးပြီလဲ။”

အခန်း (၆၅၃)

ဝူကျန်းဝမ်၏ ရည်မှန်းချက်

မင်းသမီးကျန်းဝမ်၏ မေးခွန်းကို ကြားသောအခါ မုယုံရွှီ ခဏခန့် ကြောင်သွားပြီး မည်သို့ပြန်ဖြေရမှန်း မသိဖြစ်သွားသည်။

မုယုံရွှီ ဘာမျှမဖြေသည်ကို မြင်သောအခါ ဝူကျန်းဝမ်က ကျောက်စားပွဲပေါ်ရှိ ရေနွေးကြမ်းခွက်ကို ယူကာ ညင်သာစွာ တစ်ငုံသောက်လိုက်ပြီး

“အကြိမ်များလွန်းလို့ မမှတ်မိတော့ဘူးလား။”

မုယုံရွှီတွင် ပြောစရာ စကားမရှိတော့ပေ။ အကြိမ်များစွာ မဟုတ်ဟု သူမ ယုံကြည်သော်လည်း တကယ်တမ်း အကြိမ်မည်မျှရှိသည်ကိုတော့ သူမ မမှတ်မိချေ။

မုယုံရွှီက

“မင်းသမီး ဘာလို့ ဒီကိစ္စကို မေးရတာလဲ”

ဟု ပြန်မေးလိုက်သည်။

ဝူကျန်းဝမ်က မေးခွန်းကို မဖြေပဲ

“ဒါဆို ရှင်က ချင်ရို့ကို သစ္စာဖောက်လိုက်ပြီပေါ့။”

မုယုံရွှီ တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားသည်။ တစ်နည်းအားဖြင့် သူမသည် ယွဲ့ဧကရာဇ်ကို သစ္စာဖောက်ခဲ့သည်မှာ မှန်ပါသည်။

မည်သို့ပင်ဆိုစေ သူမ ဤလူဆိုးနှင့် မခွဲနိုင်တော့ချေ။ သူမ၏ ခန္ဓာကိုယ်နှင့် နှလုံးသားကို ထိုသူက လုံးလုံးလျားလျား ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။

မုယုံရွှီ ဆက်မပြောပဲ နေသည်ကို မြင်သောအခါသူမ၏ ထင်မြင်ချက်မှန်ကြောင်း ဝူကျန်းဝမ် သိလိုက်သည်။ ဝူကျန်းဝမ် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဤလူ၏ ကြောက်စရာ အကောင်းဆုံးအချက်မှာ မည်သည့်အမျိုးသမီးမှ သူ၏သွေးဆောင်မှုကို မတွန်းလှန်နိုင်ခြင်းပင် ဖြစ်သည်ဟု စိတ်ထဲက တွေးလိုက်သည်။

ထိုစကားကိုကြားလိုက်ရသည်နှင့် မုယုံရွှီလည်း အံ့အားသင့်သွားသည်။ မင်းသမီးကျန်းဝမ်ပါ မြောက်ပိုင်းနယ်စားမင်းသားလက်အောက် ကျရောက်သွားပြီလား။

မင်းသမီးကျန်းဝမ်သည် ဝူနိုင်ငံတော်၏ ဂုဏ်သရေရှိသော မင်းသမီးဖြစ်ပြီး မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာခဲ့သည်မှာ မကြာသေး‌ပေ။

ထိုလူ၏လက်အောက်ကို ဒီလောက်မြန်မြန် ကျရောက်သွားပြီလား...

မုယုံရွှီက

“မင်းသမီး ဘာလုပ်ဖို့ စီစဉ်ထားပါသလဲ။ ကျွန်မရဲ့ အကြောင်းတွေကို ဧကရီကို ပြောပြတော့မှာလား။”

မုယုံရွှီ အနည်းငယ် မသေချာခဲ့ပေ။ ဝူကျန်းဝမ်၏ ရပ်တည်ချက်ကို မုယုံရွှီ ကောင်းစွာ သိသည်။ ဝူကျန်းဝမ်နှင့် ယွဲ့ဧကရာဇ်တို့ကြား ဆက်ဆံရေး မည်မျှရင်းနှီးကြောင်း သူမ ကောင်းစွာ သိသည်။

ဝူကျန်းဝမ် မရှိသည့်ကာလများတွင် ယွဲ့ဧကရာဇ်က သူမကို ဝူကျန်းဝမ်ကဲ့သို့ပင် သဘောထားကာ ဆက်ဆံခဲ့ဖူးသည်။ သူတို့နှစ်ဦးအကြားမှ ချစ်ခြင်းမေတ္တာက သာမန်မဟုတ်ပေ။

ဝူကျန်းဝမ်၏ ခန္ဓာကိုယ်သည် ထိုလူဆိုးကြောင့် ညစ်နွမ်းသွားခဲ့ပြီ ဖြစ်သော်လည်း ထိုအချက်က ဝူကျန်းဝမ်သည် ယွဲ့ဧကရာဇ်အပေါ် ခံစားချက်များ မရှိတော့ဟု မဆိုလိုပေ။ ယခု ယွဲ့ဧကရာဇ်က မြောက်ပိုင်းပြည်နယ်သို့ စေလွှတ်ခဲ့သော သူလျှိုသည် ဘက်ပြောင်းသွားခဲ့ပြီး နောင်တွင် ကျူးနိုင်ငံတော်ကို ခြိမ်းခြောက်နိုင်ကြောင်း ဝူကျန်းဝမ် သိသွားပြီဖြစ်၍ ၎င်းတို့ကြားရှိ သူငယ်ချင်း ချစ်ခြင်းမေတ္တာကြောင့် ဤကိစ္စကို ယွဲ့ဧကရာဇ်အား ပြောပြလိမ့်မည်ဟု မုယုံရွှီ တွေးမိသည်။

ထိုသို့ဖြစ်ခဲ့ပါက မုယုံရွှီ ယွဲ့ဧကရာဇ်ကို သစ္စာဖောက်သွားသည့် ကိစ္စ လုံးဝ ပေါ်သွားတော့မည် ဖြစ်သည်။

ဤအချိန်တွင် ဝူကျန်းဝမ်က မျက်နှာအမူအယာ မပါပဲ မေးလိုက်သည်။

“ရှင်ရဲ့ကိစ္စကို ချင်ရို့ကို ပြောပြစေချင်တာလား။ ဒါမှမဟုတ် ဘာမှမသိသလို ဟန်ဆောင်နေစေချင်တာလား။”

မုယုံရွှီ ချက်ချင်းပြန်မဖြေခဲ့ပေ။

မုယုံရွှီ တိုက်ရိုက်မဖြေသည်ကို မြင်သောအခါ ဝူကျန်းဝမ်က

“ကျွန်မ ဘာမှမပြောဘူးဆိုရင် မြောက်ပိုင်းနယ်စားမင်းသားက ရှင်ကို အသုံးချပြီး ချင်ရို့ဆီကို ထောက်လှမ်း‌ရေး သတင်းမှားတွေ ပို့ခိုင်းလိမ့်မယ်။ ဒါမှမဟုတ် ရှင်က ကျူးနိုင်ငံတော်ကနေ သတင်းအချက်အလက်တွေ ခိုးယူပြီး မြောက်ပိုင်းနယ်စားမင်းသားကို ပေးလိမ့်မယ်။ အဲ့ဒီလိုဆိုရင် ရှင်မှာ တန်ဖိုးရှိနေသေးတယ်။”

“ရှင်ရဲ့ကိစ္စကို ချင်ရို့ကို တိုက်ရိုက်ပြောပြလိုက်မယ်ဆိုရင်တော့ ရှင် ကျူးနိုင်ငံတော်အတွက် သံတမန်အဖြစ် ဆက်မလုပ် နိုင်တော့ဘူး။ ဒါပေမဲ့ မြောက်ပိုင်းနယ်စားမင်းသားအတွက်လည်း အသုံးမဝင်တော့ဘူး။ အဲ့ဒီအခါကျရင် သူက ရှင့်ကို ပစ်ပယ်လိုက်လိမ့်မယ်။”

ထိုအခါ မုယုံရွှီက

“မင်းသမီး အစိုးရိမ်လွန်နေတာ ဖြစ်ပါလိမ့်မယ်။ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ရည်မှန်းချက်တွေအတွက် ကျွန်မက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာ မဟုတ်ပါဘူး။ သူ့အတွက် ကျွန်မရဲ့ အကြီးမားဆုံး အသုံးဝင်မှုက သူ အနားယူဖို့ နည်းလမ်းတစ်ခု ပေးတာပါပဲ။ ကျွန်မက သူ့ရဲ့ စိတ်ခံစားမှုတွေကို ထုတ်ဖော်ဖို့ ကိရိယာသက်သက်ပါ။”

“မြောက်ပိုင်းနယ်စားမင်းသားက ကျူးနိုင်ငံတော်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကျွန်မကို မကြာခဏ တောင်းဆိုတာ မရှိသလို ထောက်လှမ်းရေး သတင်းမှားတွေ ဖြန့်ဖို့လည်း မကြာခဏ ပြောတာ မရှိပါဘူး။ ကျွန်မ မူလက မြောက်ပိုင်းနယ်စားမင်းသားဆီက ရခဲ့တဲ့ မြောက်ပိုင်းပြည်နယ်ရဲ့ စစ်တပ်ဖြန့်ကျက်ပုံ မြေပုံတောင် တကယ့်အစစ်အမှန်ပါပဲ။ တကယ့်အစစ်အမှန် ဖြစ်ခဲ့ပေမဲ့ ဝူနိုင်ငံတော် စစ်တပ် ရှုံးနိမ့်ခဲ့ရတာ နှမြောစရာပါပဲ။”

ထိုစကားများကို ကြားသောအခါ ဝူကျန်းဝမ်၏ မျက်ခုံးများ အနည်းငယ် ကြုံ့သွားသည်။ ထို့နောက် နှာခေါင်းရှုံ့ကာ

“ဒါဆို မြောက်ပိုင်းနယ်စားမင်းသားရဲ့ ရှင့်အပေါ် ခံစားချက်တွေက တကယ့်အစစ်အမှန်လို့ ရှင် ထင်တာပေါ့။”

မုယုံရွှီက

“ မင်းသားက ကျွန်မရဲ့ ခန္ဓာကိုယ်ကိုပဲ နှစ်သက်တယ်ဆိုတာ ကျွန်မ ကောင်းကောင်းသိပါတယ်။ မင်းသားက ကျွန်မအပေါ် တကယ့်ခံစားချက်တွေ ရှိနိုင်တယ်လို့ ကျွန်မ ဘယ်တုန်းကမှ မတွေးဖူးပါဘူး”

မုယုံရွှီ ထိုသို့ ပြောသည်ကို မြင်သောအခါ ဝူကျန်းဝမ် စကားမပြောနိုင် ဖြစ်သွားသည်။

ခဏမျှ စဉ်းစားပြီးနောက် ဝူကျန်းဝမ်က

“အခုတော့ သူက ရှင်ရဲ့အလှကို သဘောကျနေပေမဲ့ တစ်နေ့ကျရင် ရှင် အိုမင်းလာမှာပဲ။ သူ့အတွက်က အမျိုးသမီးတွေ ရှားမှာ မဟုတ်ဘူး။ သူ့နောက် လိုက်မယ်ဆိုရင် ပစ်ပယ်ခံရဖို့ အဆင်သင့်ပြင်ထားသင့်တယ်။”

မုယုံရွှီက

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသမီး။ ကျွန်မ မင်းသမီးရဲ့ စကားတွေကို မှတ်သားထားပါ့မယ်။”

ဝူကျန်းဝမ် မုယုံရွှီကို ထပ်မံ အကြံပေးလိုစိတ် မရှိခဲ့ချေ။ သူမကိုယ်တိုင်လည်း လုချန်း၏ အသုံးချခြင်းကို အပြည့်အဝ ခံခဲ့ရသူဖြစ်ရာ အခြားသူများအ‌ကြောင်း ပြောဆိုပိုင်ခွင့် မရှိပေ။

ထို့ပြင် ထိုလူငယ်၏ အရည်အချင်းများအရ သူ့နှင့် ပေါင်းသင်းဆက်ဆံခဲ့သော မည်သည့်အမျိုးသမီးမဆို သူ့ကို စွန့်ခွာရန် အလွန်ခက်ခဲကြောင်း သူမ ကောင်းစွာ သိသည်။ အမျိုးသမီးများနှင့် ပတ်သက်၍ သူတွင်နည်းလမ်းများစွာ ရှိနေသည် ဆိုသည်က အမှန်တရားတစ်ခု ဖြစ်သည်။

ဝူကျန်းဝမ်က

“အခုလောလောဆယ်တော့ ရှင်ရဲ့အခြေအနေကို အဖွားဟူဆီ အကြောင်းမကြားသေးပါဘူး။ ဒီနေ့ကစပြီး ရှင် ကျွန်မနဲ့ အတူနေရလိမ့်မယ်။”

မုယုံရွှီက ထပ်မံ၍ ကျေးဇူးတင်စကား ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် သခင်မ။”

ထိုအခိုက်အတန့်တွင် ဝူကျန်းဝမ်က

“ရှင်က မြောက်ပိုင်းပြည်နယ်ကို စောစောရောက်ခဲ့ပြီး မြောက်ပိုင်းနယ်စားမင်းသားရဲ့ အမျိုးသမီး ဖြစ်နေခဲ့တာကြာပြီဆိုတော့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အကြောင်း ကောင်းကောင်း သိမှာပဲ။ မြောက်ပိုင်းနယ်စားမင်းသားနဲ့ ပတ်သက်တဲ့ ကိစ္စအချို့ ရှင့်ကိုမေးချင်ပါတယ်။”

မုယုံရွှီက

“သခင်မ သိလိုတာ မှန်သမျှ မေးမြန်းနိုင်ပါတယ်။ ကျွန်မ ဘာမှဖုံးကွယ်ထားမှာ မဟုတ်ပါဘူး။”

မည်သို့ပင်ဆိုစေကာမူ ဝူကျန်းဝမ်သည် ယွဲ့ဧကရာဇ်၏ သူငယ်ချင်း ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားအကြောင်း ဝူကျန်းဝမ်ကို သတင်းအချက်အလက်အချို့ ပေးခြင်းသည် သူမကို ပြုစုပျိုးထောင်ပေးခဲ့သော ယွဲ့ဧကရာဇ်၏ ကျေးဇူးကို ပြန်ဆပ်ခြင်းပင် ဖြစ်သည်ဟု မုယုံရွှီ တွေးလိုက်သည်။

ဝူကျန်းဝမ်က ဆက်လက်၍

“မြောက်ပိုင်းနယ်စားမင်းသားစံအိမ် အတွင်းဆောင်မှာ အမျိုးသမီး အများကြီးရှိတော့ သူတို့ကြားထဲ ပဋိပက္ခတွေ ပြင်းပြင်းထန်ထန် ရှိကို ရှိရမယ်။ မင်းသားစံအိမ်ထဲက ဘယ်အမျိုးသမီးက ရည်မှန်းချက် အကြီးဆုံးလဲဆိုတာ သိချင်တယ်။”

ထိုစကား ကြားသောအခါ မုယုံရွှီ တစ်ခုခုကို နားလည်သွား ပုံရသည်။ ဝူကျန်းဝမ်သည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ထဲသို့ ဝင်ရောက်ရန် ပြင်ဆင်နေပြီး အာဏာနှင့် အကျိုးအမြတ်အတွက် တိုက်ပွဲဝင်ရန် ရည်ရွယ်နေဟန်တူသည်။

မုယုံရွှီက ချက်ချင်း ပြောလိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသားစံအိမ် အတွင်းဆောင်ထဲမှာ အာဏာနဲ့ အကျိုးအမြတ်အတွက် တိုက်ပွဲဝင်ဖို့ ရည်ရွယ်တယ်ဆိုရင် အဲဒီအတွေးကို စွန့်လွှတ်ဖို့ ကျွန်မ အကြံပြုပါရစေ။”

“ကျွန်မက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ အရင်က မနေခဲ့ဖူးပေမဲ့ အစေခံတွေကနေတဆင့် အချို့အရာတွေကို သိခဲ့ရပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ အတွင်းဆောင်က အလွန် သဟဇာတ ဖြစ်ပါတယ်။ မင်းသားရဲ့ ဇနီးမယားတွေက ညီအစ်မတွေလိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်တာမျိုး လုံးဝ မရှိပါဘူး။”

ဝူကျန်းဝမ်က ညင်သာစွာ ရယ်မောလိုက်သည်။

“လူတွေရှိတဲ့နေရာတိုင်းမှာ ပြဿနာတွေ ရှိစမြဲပါ။ အမျိုးသားက အစွမ်းထက်လေလေ သူ့ရဲ့ နန်းတွင်းသူတွေက သူ့မျက်နှာသာရဖို့ ဘာမဆို လုပ်ကြလေလေပဲ။ အပေါ်ယံမှာ သဟဇာတဖြစ်နေရင်တောင် လျှို့ဝှက်ကြံစည်မှုတွေ ရှိနေမှာပဲ။”

နန်းတွင်းမိသားစုတွင် မွေးဖွားလာသူဖြစ်၍ ဝူကျန်းဝမ်သည် နန်းတွင်းအခြေအနေကို အကောင်းဆုံး သိထားသည်။ ထို့ကြောင့် လုချန်း၏ မောင်းမဆောင် အထူးသဟဇာတဖြစ်ကြောင်းကို တစ်စက္ကန့်မျှပင် သူမ မယုံခဲ့ချေ။

သူမကို လုချန်းက ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပြီး လုချန်း၏ နိုင်ငံတော်များ ပေါင်းစည်းရေး စီမံကိန်းကလည်း နောက်ပြန်လှည့်၍ မရနိုင်ကြောင်း သူမ နားလည်လာခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် အလွန်အစွမ်းထက်ပြီး မြောက်ပိုင်းပြည်နယ်၏ စစ်အင်အားသည်လည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသားသည် လွှမ်းမိုးချုပ်ကိုင်တတ်သည့် ယောက်ျားတစ်ဦးဖြစ်သဖြင့် သူမ ဝူနိုင်ငံတော်သို့ ပြန်သွားနိုင်တော့မည် မဟုတ်ကြောင်း ဝူကျန်းဝမ် ယုံကြည်လာသည်။ ယခုမှစ၍ သူမသည် ထိုလူ၏ ပိုင်ဆိုင်မှု ဖြစ်လာနိုင်တော့မည် ဖြစ်သည်။

သူ၏အမျိုးသမီး ဖြစ်ရခြင်းကို သူမ မဆန့်ကျင်ခဲ့ပေ။ သို့သော် လှောင်အိမ်ထဲက ငှက်တစ်ကောင် ဘဝဖြင့် သူမ ကျေနပ်‌နေမည်တော့ မဟုတ်ပေ။

ဝူကျန်းဝမ်သည် သူမအတွက် ဒုတိယလမ်းကြောင်းတစ်ခုကို ပြင်ဆင်ရန် ကြံစည်ခဲ့သည်။ တစ်နေ့တွင် လုချန်း ကမ္ဘာကို တကယ်တမ်း ပေါင်းစည်းပြီး တစ်ဦးတည်းသော ဧကရာဇ် ဖြစ်လာပါက သူမသည်လည်း ထိုလူ၏ ဘေးတွင် အရေးအကြီးဆုံးအမျိုးသမီးတစ်ဦး၊ ပို၍ ရှင်းရှင်းပြောရလျှင် ဧကရီတစ်ပါး ဖြစ်လာလိမ့်မည်။

ထို့ကြောင့် သူမအတွက် လုချန်း၏ နန်းတွင်းရှိ အမျိုးသမီးအားလုံးသည် သူမ၏ ပြိုင်ဘက်များ သို့မဟုတ် သူမ၏ ရန်သူများပင် ဖြစ်ကြသည်။

ထို့ကြောင့် သူမ အနေနှင့် အခုချိန်ကတည်းက စတင်ပြင်ဆင်ရမည်ဖြစ်သည်။ ပထမဦးစွာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အတွင်းရှိ အခြေအနေကို သူမ သေချာနားလည်ရန် လိုအပ်သည်။

ဝူကျန်းဝမ်၏ စကားများကို ကြားသောအခါ ဝူကျန်းဝမ် အလျှော့ပေးရန် အစီအစဉ် မရှိကြောင်း မုယုံရွှီ သိလိုက်သည်။

သို့သော် စဉ်းစားကြည့်သောအခါ ဒါကလည်း သဘာဝကျသည်ဟု မုယုံရွှီ ထင်မြင်မိသည်။ ဝူကျန်းဝမ်သည် တစ်ချိန်က ဝူနိုင်ငံတော်၏ မင်းသမီးကျန်းဝမ်ဖြစ်၍ အဆင့်အတန်းမြင့်မားပြီး အာဏာရှိသူတစ်ဦး ဖြစ်သည်။ အခုတော့ ထိုကြောက်မက်ဖွယ်ကောင်းသော လူသားက သူမကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ထဲတွင် ပိတ်လှောင်ထားကာ သူ့အတွက် ကလေးမွေးဖွားပေစေရန် ရည်ရွယ်နေသည်။ သူမ မည်သို့သည်းခံနိုင်မည်နည်း။

ဝူကျန်းဝမ်အနေနှင့် ဤတိုက်ပွဲတွင် အလွယ်တကူ အလျှော့ပေးနိုင်မည် မဟုတ်ပေ။

ထို့နောက် မုယုံရွှီက

“မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ထဲက အမျိုးသမီးအများစုက ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြပါတယ်။ မိဖုရားက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ ပစ္စည်းဥစ္စာအားလုံးကို ကြီးကြပ်ပြီး မင်းသားစံအိမ်တစ်ခုလုံးကို စီမံခန့်ခွဲပါတယ်။”

“ရဲလိနန်ရန်ဆိုတဲ့ တစ်ချိန်က ကောင်းကင်ဝံပုလွေဘုရင်ရဲ့ ဇနီးက ပြည်နယ်ဘဏ္ဍာတိုက်ကို စီမံခန့်ခွဲပါတယ်။”

မုယုံရွှီ စကားမဆုံးမီ ဝူကျန်းဝမ်က ဖြတ်ပြောလိုက်သည်။

“ကောင်းကင်ဝံပုလွေဘုရင်ရဲ့ ဇနီးက အခုထိ ဘဏ္ဍာတိုက်ကို စီမံခန့်ခွဲနေသေးလား။”

သူမ ဝူနိုင်ငံတော်တွင် ရှိစဉ်က သူလျှိုများမှတစ်ဆင့် ရဲလိနန်ရန်က ဘဏ္ဍာတိုက်ကို စီမံခန့်ခွဲကြောင်း ဝူကျန်းဝမ် သိခဲ့သည်။ ယင်းသည် လုချန်း၏ နိုင်ငံရေးလှုပ်ရှားမှုများထဲမှ တစ်ခုဖြစ်ပြီး မြောက်ပိုင်းပြည်နယ်ရှိ လွင်ပြင်ဒေသ မျိုးနွယ်စုများကို တည်ငြိမ်စေရန်အတွက် အဓိကရည်ရွယ်သည်ဟု ထိုအချိန်က သူမသည် ထင်မှတ်ခဲ့သည်။

မည်သို့ပင်ဆိုစေ ရဲလိနန်ရန်သည် လွင်ပြင်ဒေသ မျိုးနွယ်စုမှ လူတစ်ဦး ဖြစ်သည်။ သူမသာ မြောက်ပိုင်းပြည်နယ်၏ နိုင်ငံတော်ဘဏ္ဍာတိုက်ကို စီမံခန့်ခွဲခွင့် ရပါက မြောက်ပိုင်းနယ်စားမင်းသားသည် လွင်ပြင်ဒေသလူမျိုးများကို တစ်နည်းတစ်ဖုံ တန်းတူဆက်ဆံပြီး ၎င်းတို့အား မျှော်လင့်ချက် ပေးနေကြောင်း ဖော်ပြနေသည်။

သို့သော် ဝူကျန်းဝမ်ကတော့ ဤအရာကို အပေါ်ယံသဘော သက်သက်သာ ဖြစ်သည်ဟု ယူဆသည်။ ဘဏ္ဍာတိုက်ကို အမှန်တကယ် ထိန်းချုပ်ခွင့်သည် မြောက်ပိုင်းပြည်နယ်သားများလက်တွင်း၌သာ ရှိပြီး ရဲလိနန်ရန်နှင့် မသက်ဆိုင်ဟု သူမ ယူဆသည်။

ထိုအချိန်တွင် မုယုံရွှီက

“ဟုတ်ပါတယ်။ သူက ဘဏ္ဍာတိုက်ကို ဆက်လက်ထိန်းချုပ်ထားဆဲပါပဲ။ ဒါပေမဲ့ သူ့ရဲ့ အာဏာခွဲဝေပေးဖို့ စတင်နေပါပြီ။ နောက်ထပ် ဆယ်နှစ်လောက်ဆိုရင် ဘဏ္ဍာတိုက်ကို တခြားသူတစ်ယောက်ကို လွှဲပြောင်းပေးလိမ့်မယ်လို့ ကျွန်မ ခန့်မှန်းပါတယ်။”

ဝူကျန်းဝမ်က

“ကောင်းပါပြီ။ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ကျန်ဇနီးမယားတွေအကြောင်း ပြောပြပါဦး။”

မုယုံရွှီက ဆက်လက်၍

“လက်ရှိမှာတော့ ရဲလိနန်ရန်တစ်ယောက်ပဲ မြောက်ပိုင်းပြည်နယ်ရဲ့ နိုင်ငံရေးရာကိစ္စတွေမှာ ပါဝင်နေပါတယ်။”

“သူ့အပြင် ဝမ်ချင်းစီက မိုးစက်ရဲတိုက်ကို စီမံခန့်ခွဲပြီး တုန်းဖန် လုံယွဲ့က အရှေ့ပိုင်းသတင်းစာတိုက်ကို ကြီးကြပ်ပါတယ်။ ချူးယုချင်ကတော့ မင်းသားစံအိမ်ရဲ့ ယုံကြည်ရတဲ့ အစောင့်အရှောက်တွေကို ကွပ်ကဲပြီး ပိုင်ဆိုတဲ့ အမျိုးသမီးကတော့ မြောက်ပိုင်းနယ်စားမင်းသားနောက်ကို မကြာခဏ လိုက်ပါနေပေမဲ့ သူ့အကြောင်း ကျွန်မ သိပ်မသိပါဘူး။”

ဝူကျန်းဝမ်က

“အဲဒါတွေက မြောက်ပိုင်းနယ်စားမင်းသားရဲ့ အမျိုးသမီးတွေအားလုံးလား။”

မုယုံရွှီက

“သူတို့တင် မဟုတ်ပါဘူး။ ကျောင်းမိသားစုက ညီအစ်မနှစ်ယောက်၊ အရင် ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုက မင်းသမီးတစ်ပါး၊ ပြီးတော့ လျှို့ဝှက်လဝန်းနန်းတော်က လင်ဆိုတဲ့ အမျိုးသမီးတစ်ယောက်လည်း ရှိပါသေးတယ်။ ဒီအမျိုးသမီးတွေအပြင် အပြင်မှာ အမျိုးသမီးတချို့လည်း ရှိသေးပုံပါပဲ။ ဒါပေမဲ့ အသေးစိတ်တော့ ကျွန်မ မသိပါဘူး။”

ဝူကျန်းဝမ် မျက်မှောင်ကြုံ့လိုက်သည်။

ဤလူမှာ အမျိုးသမီး အလွန်များ၏။

တကယ်ကို ကာမစိတ်ထန်သူတစ်ဦးပင်။

အမျိုးသမီး အများအပြားရှိနေတော့ သူ အားလုံးကို ဂရုစိုက်နိုင်ပါဦးမည်လား။

မင်းသားစံအိမ်အတွင်း ပဋိပက္ခသည် သူမ ထင်ထားသည်ထက်ပင် ပိုမိုပြင်းထန်ပုံရသည်။

အမျိုးသမီး အများအပြားက အမျိုးသားတစ်ဦးအတွက် ယှဉ်ပြိုင်ကြရသည့် အနေအထားဖြစ်သည်။ မင်းသားစံအိမ် အတွင်းဆောင်သည် ငြိမ်းချမ်းနိုင်ဖွယ်မရှိပေ။ မည်သည့်အမျိုးသမီးမှ လစ်လျူရှခံရသည့်ဘဝတွင် မနေပေ။

အထူးသဖြင့် ထိုယောက်ျားနှင့် ထိုသို့သော ဆက်ဆံမှုမျိုး ရှိပြီးနောက်ပိုင်းတွင် သူတို့သည် သူ၏ ချစ်ခြင်းမေတ္တာကို ပိုမိုလိုလားလာကြမည်ဖြစ်ရာ သူ့မျက်နှာသာရရန် သေချာပေါက် ယှဉ်ပြိုင်ကြလိမ့်မည်။

ထိုအချိန်၌ ဝူကျန်းဝမ်၏ စိတ်ထဲတွင် မင်းသားစံအိမ် အတွင်းဆောင်သည် အသက်နှင့်လဲ၍ တိုက်ခိုက်ရသော စစ်မြေပြင်နှင့် အတူတူပင်ဖြစ်သည်။

ထို့နောက် ဝူကျန်းဝမ်သည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နှင့် ပတ်သက်သည့် အခြားကိစ္စများကို မုယုံရွှီအား ဆက်လက်တိုင်ပင်ခဲ့ပြီး နှစ်ဦးသား အဆောင်ငယ်ထဲတွင် ညဉ့်နက်သည်အထိ စကားပြောခဲ့ကြသည်။

လုချန်း ပြောခဲ့သည့်အတိုင်း သူတို့နှစ်ဦးတွင် ပြောဆိုစရာ ကိစ္စများစွာ ရှိနေသည်။

.......

သန်းခေါင်ယံ။

မုယုံရွှီသည် ဝူကျန်းဝမ်၏ ဘေးခန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သူမနှင့်အတူ မည်သည့်အရာမှ ယူမလာခဲ့ပေ။ အဝတ်အစားများအားလုံး ကျူးသံရုံးတွင် ရှိနေဆဲ ဖြစ်သည်။ သူမဝတ်ဆင်ထားသော ဝတ်စုံသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ပေးထားသော ဝတ်စုံဖြစ်သည်။

အလှပြင်စားပွဲရှေ့တွင် ထိုင်နေရင်း မုယုံရွှီ သက်ပြင်းတစ်ချက်ချလိုက်သည်။ ထိုစဉ် အစေခံတစ်ဦး ဝင်လာပြီး

“မုယုံ မိန်းက‌လေး။ ရေနွေးအဆင်သင့် ဖြစ်ပါပြီ။ အခု ရေချိုးမလား။”

အစေခံက သူမကို ခေါ်ဝေါ်ပုံကို မပြင်သေးပေ။ သူမ ဂရုမစိုက်တော့ချေ။ အစေခံများ သူမကို မည်သို့ခေါ်ခေါ် သူမအတွက် အရေးမကြီးတော့ပေ။ မည်သို့ပင်ဆိုစေ သူမသည် ထိုလူ၏ လုပ်ရပ်များကြောင့် လုံးဝ ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။ သူမက ညင်သာစွာ ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။”

အစေခံက ချက်ချင်း

“လိုက်ခဲ့ပါ မုယုံ မိန်းကလေး။”

ထို့နောက် မုယုံရွှီလည်း အစေခံနောက်မှလိုက်ကာ အခန်းဘေးရှိ ရေချိုးခန်းသို့ သွားခဲ့သည်။ ရေချိုးခန်းသည် အလွန်ကျယ်ဝန်းပြီး ရေချိုးကန်ထဲတွင် ရေနွေးငွေ့များ ထွက်နေသော ရေနွေးများရှိကာ အစေခံများစွာက ပန်းပွင့်များကို ကြဲဖြန့်နေကြသည်။

ခဏအကြာတွင် ရေချိုးကန်တစ်ခုလုံး ပန်းရနံ့များဖြင့် ပြည့်နှက်သွားသည်။ မုယုံရွှီသည် အစေခံများ၏ အကူအညီဖြင့် သူမ၏ အဝတ်အစားများကို ဖြည်းဖြည်းချင်း ချွတ်လိုက်ရာ သူမ၏ ဖြူစင်သော အသားအရေ ပေါ်လွင်လာသည်။

သူမ ညင်သာစွာ ရေနွေးထဲသို့ ဆင်းလိုက်သည်။ ဝင်လိုက်သည်နှင့် သူမ ချက်ချင်း ပြန်လည်လန်းဆန်းသွားပြီး တစ်နေ့တာ ပင်ပန်းမှုများအားလုံး ပျောက်ကွယ်သွားကာ အလွန်သက်သောင့်သက်သာ ခံစားရသည်။

ရေနွေးထဲတွင် စိမ်ပြီး မကြာမီ မုယုံရွှီ အိပ်ငိုက်လာသည်။ ထိုအခါ သူမက အစေခံများကို

“ရှင်တို့ အားလုံး သွားလို့ရပြီ။ လိုရင် ခေါ်လိုက်မယ်။”

“ဟုတ်ကဲ့ပါ။”

ထို့နောက် အစေခံများ ရေချိုးခန်းမှ ထွက်သွားကြပြီး မုယုံရွှီလည်း ရေကန်ထဲတွင် နောက်သို့ မှီကာ မျက်လုံးများကို မှိတ်လိုက်သည်။

သူမ အိပ်ပျော်လုနီးပါး ဖြစ်နေစဉ် ရုတ်တရက် လက်ကြီးနှစ်ဖက်က သူမ၏ သွယ်လျသော ခါးကို ဖက်လိုက်သည်။ သူမ လန့်နိုးသွားပြီး ရုန်းကန်ရန် စတင်ခဲ့သည်။ သူမ အော်ဟစ်ရန် ပြင်လိုက်စဉ် နောက်တစ်ခဏတွင် သူမ၏ ပါးစပ်ကို လက်ကြီးတစ်ဖက်ဖြင့် ပိတ်လိုက်သဖြင့် “အွန်း အွန်း” ဟူသော အသံများသာ ထွက်ပေါ်လာတော့သည်။

...................

အခန်း (၆၅၄)

အမြန်လှုပ်ရှားမှ ဖြစ်မယ်

မုယုံရွှီ၏ စိတ်အာရုံများ လုံးဝလျော့ပါးနေသည့်အချိန်တွင် ရုတ်တရက် သူမအနားသို့ တစ်စုံတစ်ယောက် ရောက်လာကာ သူမ၏ သွယ်လျသောခါးကို အမြန်ဆွဲဖက်ရင်း နောက်မှနေ၍ ပါးစပ်ကို ပိတ်လိုက်သဖြင့် မုယုံရွှီ တစ်ယောက် ကြောက်လန့်တကြား ဖြစ်သွားသည်ကတော့ မဆန်းချေ။

လုပ်ကြံသူ သို့မဟုတ် ရန်သူတစ်ဦးဦးက သူ့ကိုသတ်ရန် ရောက်လာပြီဟုပင် သူမထင်လိုက်သည်။

သို့သော်လည်း မကြာမီပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူမ ရိပ်မိသွားသည်။ ရုန်းကန်နေရင်းမှပင် သူမ၏ စွမ်းအားများ ပိတ်ဆို့ခံထားရကာ အသုံးမပြုနိုင်တော့သည်ကို သဘောပေါက်လိုက် သောကြောင့်ဖြစ်သည်။

နောက်တစ်ခဏတွင် ခန္ဓာကိုယ်ထဲသို့ ရင်းနှီးသောခံစားမှုတစ်ခု လှိုင်းလုံးများပမာ ဝင်ရောက်လာပြီးနောက် ထိုလူယုတ်မာ ရောက်လာတာဖြစ်ကြောင်း မုယုံရွှီ သဘောပေါက်လိုက်သည်။

သူတို့နှစ်ဦး အတူတူမကောင်းမှုများစွာ ကျူးလွန်ခဲ့ဖူးသောကြောင့် အလွန်ရင်းနှီးနေပြီဖြစ်သည့်အပြင် သူမကို ရူးသွပ်သွားအောင် လုပ်နိုင်သူမှာ ထိုလူတစ်ဦးတည်းသာရှိသည်။

သို့သော်လည်း သူမ၏ ကနဦး အတွေးက မမှားပါ။ သူသည် အမှန်ပင် လုပ်ကြံသူတစ်ဦးဖြစ်ပြီး သူမကို ‘သတ်ဖြတ်ရန်’ ရောက်လာခြင်း ဖြစ်ပေသည်။

မုယုံရွှီ ရုန်းကန်ခြင်းကို ရပ်တန့်လိုက်ပြီး ရေချိုးကန်ထဲမှ ရေများလည်း ငြိမ်သက်သွားသည်။ မည်မျှကြာသွားသည်မသိ လုပ်ကြံသူက သူမနားနား ကပ်ကာ

“ကိုယ်ရဲ့ချစ်ဇနီးလေးက ဘာလို့ ကာကွယ်မှုတွေ လုံးဝမရှိတာလဲ။ ဒါမကောင်းဘူးလေ။ နောက်ပြီး မရုန်းတောင် မရုန်းကန်ဘူး။ တကယ့်လူဆိုးနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ”

မုယုံရွှီက ရယ်မောလျက်

“ရှင့်လို လူဆိုးမျိုးကလွဲလို့ မင်းသားစံအိမ်ထဲမှာ ကျွန်မသိုင်းပညာကို ပိတ်ဆို့နိုင်တဲ့သူ ဘယ်သူရှိလို့လဲ။”

“မင်းသားစံအိမ်မှာ လူဆိုးရှိရင်တောင် ရှင်တစ်ယောက်ပဲ လူဆိုးဖြစ်မှာ။”

မုယုံရွှီ၏ သွယ်လျသောခါးကို ဖက်ထားရင်း လုချန်းသည် ရေချိုးကန်ဘေးတွင် ဖြည်းညှင်းစွာ ထိုင်ချလိုက်ကာ မုယုံရွှီကို သူ့ရင်ခွင်ထဲ ထည့်လိုက်ပြီးနောက်

“ကိုယ်က မင်းကို ရေချိုးပေးဖို့ လာတာကို ဘာလို့ လူဆိုးလို့ ခေါ်ရတာလဲ။”

မုယုံရွှီက လုချန်း၏ စကားများကို အာရုံမစိုက်ပဲ တိုက်ရိုက်မေးလိုက်သည်။

“မင်းသားက ဒီလောက်နောက်ကျမှ လာလည်တာ ဆိုတော့ မင်းသမီးကျန်းဝမ် ကိစ္စကြောင့် ဖြစ်မှာပဲ။ ဟုတ်တယ်မလား။”

လုချန်းက ပြုံးလျှက်

“ကိုယ်ရဲ့ ဉာဏ်ကြီးရှင်ရွှီပါပဲ”

“မင်း သူနဲ့ အကြာကြီးပြောနေတာ မဟုတ်လား။ မင်းတို့နှစ်ယောက်မှာ ပြောစရာတွေ အများကြီးရှိပုံရတယ်။ ကိုယ့်ကိုပြောပါဦး။ မင်းတို့စောစောက ဘာတွေပြောကြတာလဲ။”

မုယုံရွှီက တိုက်ရိုက်ပြန်ဖြေလိုက်သည်။

“သူက မင်းသားစံအိမ်ရဲ့ အတွင်းဆောင်က မိန်းမတွေအကြောင်း မေးနေတာပါ။”

ထိုအချိန်တွင် မုယုံရွှီ ခေါင်းကို အနည်းငယ်စောင်းကာ သူမနောက်မှ လုချန်းကို မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်ပြီးမှ တိုးတိုးလေးပြောလိုက်သည်။

“မင်းသားက တော်တော်စွမ်းတာပဲနော်။”

“ဝူနိုင်ငံတော်က မင်းသမီးတစ်ပါးက မြောက်ပိုင်းနယ်စားမင်းသားစံအိမ် ရောက်တာ ရက်အနည်းငယ်ပဲ ရှိသေးတာကို ရှင်က သူ့ကို လုံးဝကို အသွင်ပြောင်းအောင် လုပ်လိုက်နိုင်ခဲ့တယ်။ မင်းသားစံအိမ်ရဲ့ သခင်မဖြစ်ဖို့နဲ့ ရှင့်ကို တစ်ဦးတည်းပိုင်ဆိုင်ဖို့အထိ သူစိတ်ကူးယဉ်နေပြီ။”

လုချန်းက ရယ်မောလျှက်

“မင်းသားစံအိမ်ရဲ့ သခင်မ ဖြစ်ဖို့လား။”

“ဒီလိုအတွေးမျိုးက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ တွေးခွင့်မရှိဘူး။”

မုယုံရွှီက

“ဒါဆို မင်းသားက သူ့ကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ။”

လုချန်းက

“သူက ကိုယ့်ကို တစ်ဦးတည်းပိုင်ဆိုင်ချင်တယ်ဆိုရင် လွယ်ပါတယ်။ နောက်ထပ် လဝက်လောက် ဆက်ပြီးတော့ သူ့ကို အဖော်လုပ် ပေးလိုက်မယ်။”

ဤစကားကို ကြားသောအခါ မုယုံရွှီ ရင်ခုန်သံမြန်သွားပြီး လဝက်အတွင်း ဝူကျန်းဝမ်အပေါ် ဘာတွေဖြစ်လာမလဲဆိုသည်ကို တွေးကာ စိတ်ထဲ နည်းနည်း သဘောကျသွားသည်။

လဝက်ကြာပြီးနောက် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ မည်သို့ ထွက်ပြေးရမည်ကိုပင် ဝူကျန်းဝမ် စဉ်းစားနေလိမ့်မည်။

ထိုအချိန်တွင် လုချန်းက သူ့လက်ကို ဆန့်တန်းကာ မုယုံရွှီ၏ မေးစေ့ကို ပင့်တင်လိုက်ပြီး သူမမျက်နှာ ဘေးဘက်မှ ကြည့်ကာ

“ ဒီအကြောင်းတွေ မပြောကြပဲ နေရအောင်။ ဒီနေ့ နေ့လယ်က နည်းနည်းစောပြီး ရပ်လိုက်ရတာ ကိုယ်မကျေနပ်သေးဘူး။”

မုယုံရွှီ တစ်ခုခုပြောတော့မညိ့အချိန်တွင် လုချန်းက သူမကို ဖက်ပြီး ရေချိုးကန်အစွန်းပေါ် တင်ပေးလိုက်သည်။

မုယုံရွှီသည် အနည်းငယ် စိတ်ပျက်မိသည်။ ဝူကျန်းဝမ်က လုချန်းကို တစ်ဦးတည်းပိုင်ဆိုင်ရန် မည်သို့ စိတ်ကူးနိုင်ပါလိမ့်ဟု သူမ နားမလည်နိုင် ဖြစ်မိသည်။

.......

ရှနိုင်ငံတော်။

နေပြည်တော်။

အရှေ့နန်းဆောင်။

နေပြည်တော်သို့ ပြန်ရောက်ပြီးနောက် ချင်ဖန်သည် လုချန်းက သူတို့၏ အခြေအနေများကို သဘောတူခဲ့ကြောင်း အိမ်ရှေ့မင်းသား လုရိအား ချက်ချင်းအသိပေးခဲ့ပြီး လုရိကလည်း သူတို့အဖွဲ့ကို အရှေ့နန်းဆောင်သို့ ခေါ်ယူကာ အရေးကြီးကိစ္စများကို ဆွေးနွေးစေခဲ့သည်။

ကျောင်းဝမ်ဟန်က ချင်ဖန်ကို ကြည့်ကာ

“မြောက်ပိုင်းနယ်စားမင်းသား ကိုယ်တိုင် သဘောတူခဲ့တာလား ဒုဝန်ကြီးချင်။”

ချင်ဖန်က

“ဟုတ်ပါတယ်။ သူကိုယ်တိုင်ပါပဲ”

ကျောင်းဝမ်ဟန်သည် ပြုံးရွှင်စွာဖြင့် အိမ်ရှေ့မင်းသားအား

“ ဂုဏ်ယူပါတယ် မင်းသား။ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ထောက်ပံ့မှုနဲ့ဆိုရင် အဲ့ဒီ ရာထူးက လက်တစ်ကမ်းမှာပါပဲ။”

ကျောင်းဝမ်ဟန်၏ စကားကို ကြားသောအခါ အိမ်ရှေ့မင်းသား လုရိက ထူးထူးခြားခြား ပျော်ရွှင်ဟန်မပြပဲ သူ၏မျက်နှာမှာ ပို၍ပင် တည်ကြည်လာသည်။

သူသည် ခန်းမဆောင်၏ အဓိကထိုင်ခုံတွင် တံခါးဘက်သို့ မျက်နှာမူကာ ထိုင်နေပြီး အပြင်ဘက်ရှိ ညကောင်းကင်ကို ငေးကြည့်ရင်း အတွေးထဲနစ်မြောနေပုံရသည်။

အိမ်ရှေ့မင်းသား လုရိ တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ ကျောင်းဝမ်ဟန်လည်း ဆက်မပြောတော့ပေ။ ခဏအကြာတွင် အိမ်ရှေ့မင်းသား လုရိက နောက်ဆုံးတွင်

“ကျွန်တော့်ဖခင် ဧကရာဇ်က အသည်းအသန်နာမကျန်း ဖြစ်နေပုံရတယ်။ ဒါပေမဲ့ နိုင်ငံတော် ပညာရှိက သူ့ဘေးမှာ ရှိနေတော့ ဆယ်စုနှစ်တစ်ခု ဒါမှမဟုတ် ဒီထက်ပိုပြီး အသက်ရှည်နိုင်ပါသေးတယ်။”

“ကျွန်တော့်ဖခင် နှစ်ပေါင်းများစွာ နာမကျန်းဖြစ်နေတာကို ကျွန်တော် မကူညီနိုင်ဘူးဆိုတဲ့ အတွေးနဲ့တင် ကျွန်တော့်မှာ ဝမ်းနည်းပူဆွေးမှု များစွာဖြစ်ရပါတယ်။”

ထိုအချိန်တွင် အိမ်ရှေ့မင်းသားလုရိ၏မျက်နှာတွင် ဝမ်းနည်းသော အရိပ်အယောင်များ ထင်ဟပ်လာသည်။ ဧကရာဇ် နာမကျန်းဖြစ်နေသည်ကို သူစိတ်မကောင်းဖြစ်နေသကဲ့သို့ ဖြစ်နေသည်။

အိမ်ရှေ့မင်းသား လုရိ၏ စကားများကို ကြားသောအခါ ခန်းမရှိ အရာရှိများလည်း အဘယ်ကြောင့် သူစိတ်ပူပန်နေပုံရသည်ကို ချက်ချင်းနားလည်သွားကြသည်။

မြောက်ပိုင်းနယ်စားမင်းသားသည် အိမ်ရှေ့မင်းသား လုရိ ဧကရာဇ်ဖြစ်လာ စေဖို့ ပွင့်ပွင့်လင်းလင်း ထောက်ခံပေးရန် သဘောတူခဲ့သော်လည်း ဆွမ်ဧကရာဇ် သက်ရှိထင်ရှားရှိနေသရွေ့ အိမ်ရှေ့မင်းသား လုရိအတွက် ထီးနန်းတက်ရန် လွယ်ကူမည်မဟုတ်ပေ။

အိမ်ရှေ့မင်းသား လုရိ ဧကရာဇ်ဖြစ်လိုပါက အနည်းဆုံး ဆွမ်ဧကရာဇ် နတ်ရွာစံရန် စောင့်ရမည် ဖြစ်သည်။ ဧကရာဇ် နန်းစွန့်၍ ထီးနန်းလွှဲပြောင်းပေးမည်ဟူသော အယူအဆကတော့ သူတို့တွေးရဲသည့် ကိစ္စမဟုတ်ချေ။

ရှနန်းတွင်းမှ အဆင့်လွန်ပညာရှင်များ မည်သို့မှ သဘောတူမည်မဟုတ်သည်ကို ထည့်မတွက်လျှင်တောင် နိုင်ငံတော် ပညာရှိကတော့ လုံးဝ သဘောတူမည်မဟုတ်ပေ။ အိမ်ရှေ့မင်းသား လုရိ၏ အင်အားဖြင့် ဧကရာဇ်ကို နန်းစွန့်ရန် ဖိအားပေးနိုင်စွမ်း မရှိပေ။

ဧကရာဇ်၏ ရောဂါသည် နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်တစ်ခုထက် ပို၍ပင် ကြာရှည်သွားမည်ဆိုပါက အိမ်ရှေ့မင်းသား လုရိ ထီးနန်းပင် မတက်ရသေးခင် မြောက်ပိုင်းနယ်စားမင်းသား၏ တပ်များ တောင်ဘက်သို့ ချီတက်လာပေလိမ့်မည်။

မြောက်ပိုင်းနယ်စားမင်းသားအား ပေးခဲ့သည့် ကတိကဝတ်များသည် သူ့ကို ခေတ္တထိန်းချုပ်ထားရန်သာဖြစ်ကြောင်း လုရိ ကောင်းစွာသိရှိထားသည်။ မြောက်ပိုင်းနယ်စားမင်းသားတွင် တိုက်ကြီးတစ်ခုလုံးကို ပေါင်းစည်းရန် ရည်မှန်းချက် အမှန်တကယ်ရှိနေပါက ရှနိုင်ငံတော်အား နောက်ဆုံးတွင် တိုက်ခိုက်လာပေလိမ့်မည်။

အိမ်ရှေ့မင်းသား လုရိ ထီးနန်းကို စောနိုင်သမျှ စောစွာတက်လေလေ သူ၏အဖွဲ့အတွက် ပိုကောင်းလေလေ ဖြစ်လိမ့်မည်။ ထိုအခါမှသာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်နှင့် စစ်ရေးအင်အားနှင့် သိုင်းပညာရှင် အင်အားများကို တိုးမြှင့်ရန် အချိန်ရရှိပေမည်။

အိမ်ရှေ့မင်းသား လုရိ၏ စကားများအပြီးတွင် ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး အရာရှိများလည်း မည်သို့ တုံ့ပြန်ရမည်ကို မသေချာပဲ ဖြစ်နေကြသည်။

မည်သို့ပင်ဆိုစေ ဆွမ်ဧကရာဇ်သည် ဧကရာဇ်အဖြစ် ရှိနေသေးသည့်အတွက် လုရိအား အာဏာသိမ်းရန်နှင့် ထီးနန်းကို လုယူရန် ပွင့်ပွင့်လင်းလင်းတော့ လှုံ့ဆော်၍ မရနိုင်သလို ဆွမ်ဧကရာဇ်ကို သတ်ရန်လည်း လုရိကို အားပေး၍ မရနိုင်ပေ။

ယခုအချိန်တွင် လုရိအား ဆွမ်ဧကရာဇ်ကို သတ်ရန် လှုံ့ဆော်ခဲ့ပါက တစ်နေ့တွင် လုရိ၏ သားသမီးများကို လုရိအား သတ်ရန် လှုံ့ဆော်လာနိုင်သည်။ ထိုအကြံဉာဏ်ကို ပေးဝံ့သူ မည်သူမဆို လုရိ၏ သတိထားခြင်းကို ခံရမည်ဖြစ်ပြီး ထိုသူသည် နောင်တွင် လုရိ၏ ယုံကြည်မှုကို ရရှိတော့မည်မဟုတ်သလို ပြန်လည်အသုံးပြုခံရမည်လည်း မဟုတ်ပေ။

ဟုတ်ပါသည်။ နိုင်ငံရေးတွင် ပြောနိုင်တာကို အမြဲတမ်းလုပ်စရာမလိုသလို လုပ်ထားတာကိုလည်း အမြဲတမ်း ပြောပြစရာ မလိုပေ။

ဆွမ်ဧကရာဇ်ကို သတ်ဖြတ်ခြင်း သို့မဟုတ် အာဏာသိမ်းခြင်းအကြောင်းကို ပွင့်ပွင့်လင်းလင်း မပြောနိုင်သော်လည်း လုရိက ယခုအချိန်တွင် ထိုအကြောင်းကို ပြောလာပြီဖြစ်သောကြောင့် ပြဿနာကို ဖြေရှင်းပေးရန် လုရိ မျှော်လင့်နေသည်မှာ သဘာဝကျသည်။

ပါးနပ်သူများ ဖြစ်ကြသောကြောင့် လုရိ၏ ရည်ရွယ်ချက်ကိုလည်း သူတို့ ကောင်းစွာနားလည်နိုင်ကြသည်။ လက်အောက်ခံများအနေနှင့် အထက်လူကြီး၏ ရည်ရွယ်ချက်များကို ခန့်မှန်းနိုင်ရန် အရေးကြီးပေသည်။

ဤအချိန်တွင် လုရိက စကားလမ်း‌ကြောင်းပြောင်းကာ

“အခု မြောက်ပိုင်းနယ်စားမင်းသားက ကျွန်တော်နဲ့အတူ ရပ်တည်ဖို့ သဘောတူလိုက်ပြီဆိုတော့ ကျွန်တော်ကလည်း ပေးထားတဲ့ ကတိကို ဖြည့်ဆည်းဖို့ ပြင်ဆင်သင့်ပြီ။ ဒါပေမဲ့ ချီပြည်နယ် မြောက်ပိုင်းက မြေတွေကို မြောက်ပိုင်းနယ်စားမင်းသားကို ပေးဖို့က လွယ်မှာတော့ မဟုတ်ဘူး။”

ပထမဦးစွာ လုရိသည် ဧကရာဇ်မဟုတ်သည့်အတွက် နယ်စားတစ်ဦးအား မြေများကို စိတ်ထင်တိုင်းပေးပိုင်ခွင့် မရှိပေ။ ဒုတိယအနေနှင့် ချီပြည်နယ်တွင် သူ့ကိုယ်ပိုင် အုပ်ချုပ်သူ ရှိနေသည်။ နန်းတွင်းက သူ၏နယ်မြေကို မြောက်ပိုင်းပြည်နယ်သို့ ပေးမည်ဟု ချီမင်းသားသာ ကြားသိပါက လုရိထံမှ ရှင်းလင်းချက်တောင်းရန် တပ်များဖြင့် တောင်ဘက်သို့ ဆင်းလာနိုင်သည်။

ထို့ကြောင့် အနှစ်သာရအားဖြင့် လုရိ ဧကရာဇ်ဖြစ်လာသည်အထိ စောင့်ရမည်သာဖြစ်သည်။ ထိုအခါမှသာ ဤလှုပ်ရှားမှုများ အကောင်အထည်ဖော်နိုင်ပေလိမ့်မည်။

လုရိ၏စကားများထဲမှ အဓိပ္ပာယ်ကို ကျောင်းဝမ်ဟန် နောက်တစ်ကြိမ် ရိပ်စားမိလိုက်သည်။ သူတို့သည် သူ့ကို ထီးနန်းတင်ရန် အချိန်ရောက်ပြီဖြစ်ကြောင်း လုရိက အရိပ်အမြွက် ပြောနေခြင်း ဖြစ်သည်။ သူ အာဏာရမှသာလျှင် သူတို့ဝန်ကြီးများ အဖွဲ့ဆုလာဘ်များကို ရိတ်သိမ်းနိုင်ပေမည်။

ထို့ကြောင့် သူတို့ ဆက်လုပ်ရမည့်အရာက ရိုးရှင်းလှသည်။ ဆွမ်ဧကရာဇ် နတ်ရွာစံစေရန် နည်းလမ်းတစ်ခုရှာဖွေပြီး လုရိကို ထီးနန်းတင်ရန်သာ ဖြစ်သည်။

ထိုအချိန်တွင် ကျောင်းဝမ်ဟန်က လုရိအား “မင်းသား စိတ်ချပါ။ မြောက်ပိုင်းနယ်စားမင်းသားက နားလည်မှုရှိပြီး ချီပြည်နယ် မြောက်ပိုင်းက မြေတွေကို မင်းသားဆီက အလျင်စလို တောင်းမှာမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်။”

လုရိက

“အင်း။ ခင်ဗျားကတော့ ပြောတာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်တော့ စိတ်ပူနေတုန်းပဲ။”

ကျောင်းဝမ်ဟန်က ပြုံးလျှက်

“စိတ်ပူမနေပါနဲ့ မင်းသား။ အရာရာကို သဘာဝအတိုင်း ဖြစ်စေလိုက်ပါ။ တချို့အတားအဆီးတွေဟာ အချိန်အတိုင်းအတာတစ်ခုအထိပဲ ရှိတော့မှာပါ။”

ကျောင်းဝမ်ဟန်၏ စကားများကို ကြားသောအခါ လုရိ၏ မျက်နှာတွင် အပြုံးရိပ်တစ်ခု ပေါ်လာပြီး

“ကျောင်းလူကြီးမင်း ပြောတာ မှန်ပါတယ်။ ကျွန်တော် နည်းနည်း စိုးရိမ်လွန်နေတာပါ။”

ကျောင်းဝမ်ဟန် သူ့ရည်ရွယ်ချက်ကို နားလည်သွားပြီဟု လုရိ ယုံကြည်သည်။ ယခုအခါတွင် ကျောင်းဝမ်ဟန်၏ လုပ်ဆောင်ချက်များပေါ်တွင်သာ မူတည်တော့သည်။ အရာရာချောမွေ့ပါက သူ တစ်လအတွင်း ထီးနန်းတက်နိုင်လိမ့်မည်။

ဟုတ်ပါသည်။ ဒါက လုရိ၏စိတ်ကူး သက်သက်သာဖြစ်သည်။

တကယ့် စစ်တုရင်သမားက ဆွမ်ဧကရာဇ် ကိုယ်တိုင်ဆိုဖြစ်ကြောင်းကိုတော့ သူတို့ မသိခဲ့ကြ‌ပေ။

......

တစ်နာရီခန့် ကြာပြီးနောက်။

ရှနိုင်ငံတော်။

နန်းတော်အတွင်း၌။

ဆွမ်ဧကရာဇ်သည် နဂါး အိပ်ရာပေါ်တွင် ခြေချိတ်ထိုင်နေပြီး မျက်နှာမှာ မဲမှောင်နေကာ သူ့ရှေ့တွင် အစီရင်ခံနေသည့် အရိပ်ကိုယ်ရံတော်၏ စကားများကို နားထောင်နေသည်။

လုရိသာ ထိုနေရာတွင် ရှိနေခဲ့ပါက အရိပ်ကိုယ်ရံတော်က သူတို့ အရှေ့နန်းဆောင်၌ ခုနက ပြောဆိုခဲ့သည့် စကားဝိုင်းကို အစီရင်ခံနေခြင်းဖြစ်ကြောင်း သိနိုင်ပေလိမ့်မည်။

အရိပ်ကိုယ်ရံတော် အစီရင်ခံပြီးသောအခါ ဆွမ်ဧကရာဇ်က အေးစက်စက် ရယ်မောလိုက်ပြီး

“သူ ဒီလောက်တောင် စိတ်မရှည်ဖြစ်လာလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။”

ထို့နောက် ဆွမ်ဧကရာဇ်က အရိပ်ကိုယ်ရံတော်ကို အမိန့်ပေးလိုက်သည်။

“သူတို့ကို ဆက်ပြီး စောင့်ကြည့်နေ။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဘာမှ မလုပ်နဲ့။ သူတို့ အဖွဲ့ကဘယ်သူ့ကိုမှ မထိနဲ့။”

ဆွမ်ဧကရာဇ်သည် ပြင်ပကိစ္စများကို လုံးဝနားမလည်ပဲ ရှိနေနိုင်သော်လည်း နေပြည်တော်အတွင်း အထူးသဖြင့် နန်းတော်အတွင်း၌ ဖြစ်ပျက်နေသမျှကို ကောင်းစွာသိရှိနေသည်။

မည်သူက အိမ်ရှေ့မင်းသားအဖွဲ့မှဖြစ်ပြီး မည်သူတို့က နန်းတော်အတွင်း၌ သူတို့၏လူများကို ထားရှိထားသည်ကို သူအတိအကျ သိထားသည်။

ထိုသစ္စာဖောက်များသည် သူ၏အသက်ကို ယူရန် ဆက်လက်အိပ်မက်မက်နေကြသည်။ သူတို့သည် လုံးဝကို အသိဉာဏ်မဲ့သူများဖြစ်ပြီး သူတို့ပျက်စီးမည့်အခြေအနေကို လုံးဝမသိကြပေ။

ယခုအချိန်တွင် ဆွမ်ဧကရာဇ် အပူပန်ဆုံးက နေပြည်တော်ရှိ ထိုသစ္စာဖောက်များမဟုတ်ပဲ မြောက်ပိုင်းမှ ထိုတစ်ဦးတည်းသောသူ ဖြစ်သည်။

ရှင်းလင်းသော သက်သေအထောက်အထား မရှိသော်လည်း တာအိုရသေ့နှင့် ဂိုဏ်းချုပ်တို့၏ လုပ်ကြံမှု မအောင်မြင်ရခြင်းမှာ လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင် ရန်ခရိုင်သို့ သွားရောက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ထိုကောင်းကင်လူသား စွမ်းအားရှင်သည် ယခုအချိန်ထိ လုချန်းကို ကာကွယ်ပေးနေနိုင်သည်ဟု သူ ခိုင်မာစွာ ယုံကြည်နေဆဲဖြစ်သည်။

ထိုကောင်းကင်လူသား စွမ်းအားရှင် ရှိနေခြင်းကြောင့် ထိုသစ္စာဖောက်ကို ဖယ်ရှားရန်မှာ မဖြစ်နိုင်ပေ။

ဤအချက်က ဆွမ်ဧကရာဇ်ကို တော်တော်လေး စိတ်ရှုပ်စေခဲ့သည်။

သူအစဉ်အမြဲစိုးရိမ်နေရသည်မှာ လျှို့ဝှက်လဝန်းနန်းတော်ဖြစ်သည်။ ယခု လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသားတစ်ဦး ဆင်းသက်လာပြီဟု ထင်ရသည်။ ဤအရာက သူ့ကို အမြဲတမ်းကြောက်ရွံ့စိတ်နှင့် နေထိုင်စေသည်။ လျှို့ဝှက်လဝန်းနန်းတော်၏ ကောင်းကင်လူသား စွမ်းအားရှင်က နန်းတော်မှ အဆင့်လွန်ပညာရှင်များကို လိုက်လံသတ်ဖြတ်ခဲ့သည့် မြင်ကွင်းများသည် သူ့စိတ်ထဲတွင် စွဲမြဲနေဆဲဖြစ်သည်။ ယခုတိုင် ထိုအိပ်မက်ဆိုးများကို မကြာခဏ မက်နေဆဲဖြစ်သည်။

ထိုအိပ်မက်ဆိုးမှ နိုးလာတိုင်း ချွေးအေးများဖြင့် စိုရွှဲနေတတ်သည်။

သို့သော်လည်း ဆွမ်ဧကရာဇ်တွင် မဖြေရှင်းနိုင်သေးသော မေးခွန်းတစ်ခု ရှိနေဆဲပင်။ လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင် အမှန်တကယ် တောင်ပေါ်မှ ဆင်းလာခဲ့ပါက အဘယ်ကြောင့် လျှို့ဝှက်လဝန်းနန်းတော်၏ အထွတ်အမြတ် ပစ္စည်းကို ပြန်လည်ယူဆောင်ရန် နေပြည်တော်သို့ တိုက်ရိုက် မလာခဲ့ပါသနည်း။

ထိုပစ္စည်းက သူ့ထံတွင် ရှိနေကြောင်း လျှို့ဝှက်လဝန်းနန်းတော်က မသိလို့များ ဖြစ်နိုင်လား။

ထိုသို့ မဖြစ်နိုင်ချေ။ လျှို့ဝှက်လဝန်းနန်းတော်သည် တစ်ချိန်က နန်းတော်ကို ရှာဖွေရန် လူများစေလွှတ်ခဲ့ဖူးသည်။ ဘာမှ မတွေ့ရှိခဲ့သော်လည်း ထိုပစ္စည်း နန်းတော်တွင် ရှိနေသည်ဟု သံသယရှိရမည် ဖြစ်သည်။

ထိုပစ္စည်းမရှိပဲ တော်ဝင်မိသားစုသည် ထိုမျှတိုတောင်းသောကာလအတွင်း အဆင့်လွန်ပညာရှင်များစွာကို မွေးထုတ်ပေးနိုင်မည်မဟုတ်ပေ။ လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်သည် ဤအရာကို မမှန်းဆနိုင်လောက်အောင် မိုက်မဲမည်မဟုတ်ပေ။

ဆွမ်ဧကရာဇ်၏ အကြည့်သည် ပြတင်းပေါက်ဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားပြီးနောက် အပြင်ဘက်ရှိ ညကောင်းကင်သို့ ရောက်ရှိသွားကာ

“ငါ မြန်မြန်လုပ်မှ ဖြစ်တော့မယ် ထင်တယ်။ ဖုန်းယင်ကျွန်းက လက်နက်ကို အသက်သွင်းနိုင်ရင် ကောင်းကင်လူသား စွမ်းအားရှင်တောင် အနိုင်ယူနိုင်မှာ မဟုတ်လောက်ဘူး” ဟု သူ့ဘာသာသူ တိုးတိုးလေး ရေရွတ်လိုက်သည်။

.......

မြောက်ပိုင်းပြည်နယ်၌။

အချိန်သည် ပျံသန်းသွားသကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း လဝက် ထပ်မံကုန်ဆုံးသွားခဲ့သည်။

နံနက်စောစောတွင် နေရောင်ခြည်တန်း တစ်ခုသည် ပြတင်းတံခါးမှတစ်ဆင့် အခန်းထဲသို့ ဝင်ရောက်လာကာ လူများအပေါ်သို့ နွေးထွေးသော အလင်းရောင်များ ဖြန့်ကျက် လွှမ်းမိုးထားပေးပြီး သက်သောင့်သက်သာရှိသော ခံစားမှုကို ပေးစွမ်းနေသည်။ အိပ်ပျော်နေသူများလည်း နွေးထွေးသောအလင်းရောင်ကြောင့် နိုးထလာကြသည်။

ဝူကျန်းဝမ်သည် အိပ်ရာပေါ်တွင် မှောက်လျက်လဲလျောင်းနေပြီး လုချန်းက သူမ၏ခါးကို ဖက်ထားကာ ခေါင်းကို ဝူကျန်းဝမ်၏ မွှေးကြိုင်သောပခုံးပေါ် တင်ထားသည်။

ဤအချိန်တွင် အားအင်ကုန်ခမ်းနေသည့် ဝူကျန်းဝမ်က

“မုယုံရွှီက ရှင့်ကို တစ်ခုခု ပြောပြထားတယ်။ ဟုတ်တယ်မလား။”

...............

All Chapters