← Chapters

အခန်း ၆၅၅-၆၅၇

Vol. 44 Ch. 655-657

အခန်း ၆၅၅-၆၅၇

Vol. 44 Ch. 655-657

အခန်း (၆၅၅)

ဘယ်တော့မှ သခင်မ ဖြစ်နိုင်မှာလဲ (၁)

ဝူကျန်းဝမ် ရုတ်တရက် ထိုသို့ မေးလာသည်ကို မြင်သောအခါ လုချန်းက ပြုံးလျက်

“ဘာလို့ အဲ့လို ထင်တာလဲ”

ဝူကျန်းဝမ်က နှာခေါင်းရှုံ့လျက်

“ရက်ပေါင်း ၁၅ ရက်လုံးလုံး ညတိုင်း ကျွန်မအခန်းကို လာပြီး ကျွန်မကို နှိပ်စက်တယ်။ မုယုံရွှီက ရှင့်ကို တစ်ခုခု ပြောမထားရင် ရှင် ဘယ်လိုလုပ် နေ့တိုင်း ဒီကို လာနိုင်မှာလဲ။”

အစပိုင်းတွင် လုချန်း သူမထံသို့ ဆက်တိုက် ရက်အတော်ကြာ လာရောက်လည်ပတ်နေခြင်းကြောင့် ဝူကျန်းဝမ် အနည်းငယ် ပျော်ရွှင်ခဲ့သည်။ မြောက်ပိုင်းပြည်နယ်တွင် ရာထူးတိုးလိုလျှင် ဤလူငယ်၏ နှလုံးသားကို သိမ်းပိုက်ရမည်ကို သူမ ကောင်းစွာ သိရှိထားသည်။

ဤလူငယ်က သူမထံနေ့တိုင်း လာရောက်၍ ချစ်မြတ်နိုးပြခြင်းက သူမခန္ဓာကိုယ်ကို သူ အလွန်နှစ်သက်ကြောင်း သက်သေပြနေခြင်းဖြစ်ပြီး ယင်းမှာ ကောင်းသော ကိစ္စပင် ဖြစ်၏။ ထို့ပြင် လုချန်းနှင့် အတူနေရင်း မြောက်ပိုင်းနယ်၏ လျှို့ဝှက်ချက်အချို့ကို စူးစမ်းနိုင်မည်ဟု မျှော်လင့်ခဲ့သည်။

သို့သော်လည်း မကြာမီပင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ဝူကျန်းဝမ် သဘောပေါက်သွားသည်။ လုချန်းသည် သူမထံသို့ ၁၅ ရက်လောက် ဆက်တိုက် လာရောက်ခဲ့ပြီး သူ၏အခန်းသို့ ရောက်သည်နှင့်အချိန်မဆွဲပဲ အရုဏ်တက်သည်အထိ ချစ်တင်းနှောတတ်သည်။

ဝူကျန်းဝမ်သည် အဆင့်လွန်ပညာရှင်ဖြစ်သော်လည်း နှစ်ပတ်ကြာပြီးနောက် သူမပါ ပင်ပန်းလာခဲ့သည်။

သူမ၏ အတွင်းဆောင်တွင် ဩဇာလွှမ်းမိုးရန် ကြိုးစားမည့် အကြံအစည်အကြောင်း မုယုံရွှီက လုချန်းအား ပြောပြခဲ့တာ ဖြစ်နိုင်ခြေ အလွန်များကြောင်း ထိုအချိန်တွင် သူမ ကောက်ချက်ချလိုက်သည်။ ထို့ကြောင့် ထိုလူဆိုးလေးက နေ့တိုင်း လာရောက်၍ ထိုအကြံအစည်များ၏ အကျိုးဆက်များကို ပြသနေခြင်းပင် ဖြစ်မည်။

မုယုံရွှီက လုချန်း၏ အတွင်းဆောင်တွင် မည်သည့်လှုပ်ရှားမှုမှ မလုပ်ရန် အဘယ်ကြောင့် အကြံပေးခဲ့သည်ကို နောက်ဆုံးတွင် ဝူကျန်းဝမ် နားလည်သွားခဲ့သည်။

လုချန်း၏ အတွင်းဆောင်မှ အမျိုးသမီးများသည် သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ကြသည်ဟု မုယုံရွှီ ပြောခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။ လုချန်း၏ စွမ်းအားဖြင့် သူသည် မည်သည့်မကောင်းသော ရည်ရွယ်ချက်ရှိသော အမျိုးသမီးကိုမဆို ဖိနှိပ်နိုင်စွမ်း ရှိသည်မှာ အမှန်ပင်ဖြစ်သည်။

သူမ အနည်းငယ်မျှ ရည်မှန်းချက်ပြသလိုက်သည်နှင့် ဤလူငယ်က သူမအား နှစ်ပတ်ကြာ ပစ်မှတ်ထားခဲ့သည်။ ယခုမူ သူမ အလျင်စလို လုပ်ဆောင်ဝံ့တော့မည် မဟုတ်ပေ။

ဝူကျန်းဝမ်က အကြောင်းရင်းကို ခန့်မှန်းပြီး ဖြစ်သောကြောင့် လုချန်းက ပြုံးလျက်

“မင်း အရမ်းတွေးပူတာပဲ။ မင်း ညဘက် တစ်ယောက်တည်း အိပ်ရတာ အထီးကျန်မှာ စိုးလို့ အဖော်လုပ်ပေးဖို့ လာတာပါ။”

ဝူကျန်းဝမ်က

“မင်းသားက ကျွန်မကို အရူးလို့ ထင်နေတာလား။”

လုချန်းက ချက်ချင်း ငြင်းလိုက်သည်။

“ကျွန်တော် အဲ့လို မပြောပါဘူး။ မင်းက တစ်ချိန်က အဆင့်အတန်းမြင့်မားပြီး အာဏာရှိခဲ့တဲ့ အမျိုးသမီးတစ်ဦးဆိုတာ ထည့်သွင်းစဉ်းစားရင် မင်းကို အရူးလို့ သဘောမထားဝံ့ပါဘူး။”

ဝူကျန်းဝမ်က လှောင်ပြောင်သော လေသံဖြင့်

“မုယုံရွှီက ရှင့်ကို ကျွန်မအကြောင်း အကုန်ပြောထားတာ သေချာတယ်။”

“စဉ်းစားကြည့်လေ။မုယုံရွှီကို ရှင်ကအောင်နိုင်ပြီးသား။ ကျွန်မကို ထောက်လှမ်းဖို့ ရှင်က သူ့ကိုကျွန်မနားမှာ ထားတာ။ ကျွန်မ လုပ်တာ ပြောတာ အကုန်လုံး သူက ရှင်ကို ချက်ချင်း သတင်းပို့မှာပဲ။”

လုချန်းက ပြုံးလျက်

“သူ နဲ့ အဆောင်အတူတူ မနေချင်ဘူးဆိုရင် ကိုယ့်ကို ပြောလိုက်ရုံပဲ။ ကိုယ် သူ့ကို ချက်ချင်း ပြောင်းခိုင်းလိုက်မယ်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ သူ့အတွက် နောက်ထပ် ဆောင်တစ်ခု ပြင်ဆင်ထားပြီးသား။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ် တွေဝေသွားပြီး

“မလိုပါဘူး။ သူ ဒီအဆောင်မှာပဲ ဆက်နေပါစေ။”

လုချန်းက ပြုံးလျက်

“သူ မင်းကိစ္စတွေကို ကိုယ့်ကို ပြောပြမှာ မကြောက်ဘူးလား။”

ဝူကျန်းဝမ်က

“ရှင်က ကျွန်မကို နှစ်ပတ်‌လောက် နှိပ်စက်ထားတာ။ ကျွန်မ ဘာအကြံအစည်မှ မရှိတော့ဝံ့ပါဘူး။ တစ်ယောက်ယောက်က ကျွန်မကို စောင့်ကြည့်နေတာပဲ ဖြစ်ဖြစ်၊ မကြည့်တာပဲ ဖြစ်ဖြစ် ကျွန်မအတွက် အရေးမကြီးတော့ဘူး။”

ယခုအချိန်တွင် လုချန်းကို တစ်ဦးတည်း ပိုင်ဆိုင်ရန် အကြံအစည်ကို ဝူကျန်းဝမ် လုံးဝ စွန့်လွှတ်ခဲ့ပြီ ဖြစ်၏။ ဤလူက သူမ မထိန်းချုပ်နိုင်သည်အထိ အားကောင်းလွန်းလှသည်။ အတွင်းဆောင်ရှိ အခြားအမျိုးသမီးများနှင့် သူ့စွမ်းအင်များ ကုန်ဆုံးစေတာ ပိုကောင်းသည်။

အရေးအကြီးဆုံးကတော့ သူမတွင် စကားပြောဖော်မရှိသည့် နေ့ရက်များကို ပြန်မသွားချင်တော့ခြင်းပင် ဖြစ်သည်။ မုယုံရွှီသည် သူမကို စောင့်ကြည့်ရန် ရောက်နေသော်လည်း မုယုံရွှီသည် တစ်ချိန်က ယွဲ့ဧကရာဇ်နှင့် အနီးစပ်ဆုံး သူဖြစ်ပြီး သူမနှင့် အတူနေထိုင်လျှင် စကားပြောစရာများစွာ ရှိသည်။

မုယုံရွှီကို မောင်းထုတ်လိုက်လျှင် တစ်ဆောင်လုံးတွင် တစ်ယောက်တည်း ကျန်ခဲ့ပြီး စကားပြောဖော်မရှိ ဖြစ်နေပေလိမ့်မည်။

ထို့ပြင် မုယုံရွှီသည် မြောက်ပိုင်းပြည်နယ်တွင် အတော်ကြာ နေထိုင်ခဲ့ပြီး ဖြစ်သဖြင့် သူမ မှတစ်ဆင့် မြောက်ပိုင်းပြည်နယ်၏ အခြေအနေကို ပိုမို ကောင်းမွန်စွာ နားလည်နိုင်ခဲ့သည်။

ဝူကျန်းဝမ်၏ စကားကို ကြားသောအခါ လုချန်းက ရင်ဘတ်ဖောင်းသည်အထိ အသက် ရှူသွင်းလိုက်ပြီးနောက် သူမ၏ နူးညံ့သော ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ကာ

“မင်းက တစ်ချိန်က ဝူနိုင်ငံတော်ရဲ့ မင်းသမီး ၊ အဆင့်အတန်းမြင့်မားပြီး အာဏာရှိတဲ့သူပဲ။ ဒီလိုပဲ အညံ့ခံလိုက်တော့မှာလား”

ဝူကျန်းဝမ်က အေးစက်စွာဖြင့်

“မင်းသားက ကျွန်မကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ကမောက်ကမဖြစ်အောင် လုပ်စေချင်တာလား။”

လုချန်းက

“အဲ့လို မဟုတ်ပါဘူး။ မင်း အရမ်းမြန်မြန် လက်လျှော့လိုက်တာကို အံ့သြသွားတာပါ။ မင်း အဲ့ဒီအတွေးတွေကို စွန့်လွှတ်ဖို့ အနည်းဆုံး တစ်လလောက် ကြာမယ်လို့ ထင်ထားတာ။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်က

“မုယုံရွှီက တကယ်ပဲ ကျွန်မအကြောင်း အကုန်ပြောထားတာပဲ။”

ထိုစဉ် လုချန်း ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ နောက်တစ်ခဏတွင် လုချန်းက လှည့်လိုက်ပြီး အပေါ်မှ ထပ်မံ ကြည့်လိုက်သောအခါ ဝူကျန်းဝမ်လည်း လစ်ဟာမှုတစ်ခုကို ခံစားလိုက်ရသည်။

လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ရင်း ဝူကျန်းဝမ်က

“ကျွန်မ တော်တော် သိချင်တယ် မင်းသား။ ရှင်ကဘာလို့ ဒီလောက် အားအင်ပြည့်ဝနေရတာလဲ။”

ဝူကျန်းဝမ် ရှက်ရွံ့ခြင်း မရှိပေ။ လုချန်း၏ စွမ်းအားကို သူမ တကယ်ပင် စိတ်ဝင်စားနေသည်။ သူမ သိသလောက် ထိုမျှ ပြင်းထန်သော စွမ်းအားရှိသည့် ယောက်ျားမျိုး မရှိနိုင်ပေ။

ပြန်စဉ်းစားပြီးနောက် လုချန်းက

“ဒါ သဘာဝကနေ ရတဲ့ ဆုလာဘ်တစ်ခုပါ။”

ဝူကျန်းဝမ်က

“ဒါဆို သဘာဝဆိုးတစ်ခုပဲ။”

ဤမှတ်ချက်ကြောင့် လုချန်း လုံးဝ စိတ်မဆိုးပေ။ သူ၏ အမျိုးသမီးက သူ့ကို ဆိုးသည်ဟု ခေါ်သည်ကို သူ နှစ်သက်၏။

“ယောက်ျား မဆိုးလျှင် မိန်းမ မချစ်” ဟူသော ဆိုရိုးစကားရှိသည်။ သို့သော် ဒါက မိမိ၏အမျိုးသမီးအတွက်သာဖြစ်ပြီး အခြားသူများရှေ့တွင် မသင့်လျော်ပေ။

ထိုစဉ် လုချန်းက ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ဝူကျန်းဝမ်အား ပေးလိုက်သည်။ လုချန်းလက်ထဲရှိ ဆေးလုံးကို မြင်သောအခါ ဝူကျန်းဝမ် အံ့အားသင့်သွားပြီး နားမလည်နိုင်စွာဖြင့်

“ကျွန်မ ခန္ဓာကိုယ်နဲ့ ကစားရတာ ရိုးသွားပြီလား။ အခု ကျွန်မကို ဖယ်ရှားပစ်ဖို့ စီစဉ်နေတာလား”

လုချန်းက ရယ်မောလိုက်ပြီးမှ

“မင်းက ကိုယ့်ကို ဘာမှတ်လို့လဲ။ ကိုယ့်ရဲ့အမျိုးသမီးကို၊ အထူးသဖြင့် မင်းလို လှပတဲ့သူကို ဘယ်လိုလုပ် ထိခိုက်အောင် လုပ်နိုင်မှာလဲ။ မင်းကို ချစ်လို့တောင် မဝနိုင်ဘူး။”

.................

အခန်း (၆၅၆)

ဘယ်တော့မှ သခင်မ ဖြစ်နိုင်မှာလဲ (၂)

ဝူကျန်းဝမ်က သံသယဖြင့်

“ဒါဆို ကျွန်မက ရှင့်ရဲ့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ပြဿနာရှာမှာ စိုးလို့ အဆိပ်ဆေးလုံးနဲ့ ထိန်းချုပ်ချင်တာပေါ့။”

“ဒါကတော့ အလှထိန်းဆေးလုံးပါ”

လုချန်းက တိုက်ရိုက်ပြောလိုက်သည်။

“မင်း ဒါကို သောက်လိုက်တာနဲ့ ထာဝရ နုပျိုနေလိမ့်မယ်။ အိုမင်းရင်တောင် ဆံပင်ဖြူတာကလွဲလို့ ခန္ဓာကိုယ်မှာ အခြား အိုမင်းရင့်ရော်တဲ့ လက္ခဏာတွေ၊ အရေးအကြောင်းတွေတောင် ပေါ်လာမှာ မဟုတ်ဘူး။”

လုချန်း၏ စကားကို ကြားသောအခါ ဝူကျန်းဝမ် ခဏတာမျှ မှင်တက်သွား၏။

အလှထိန်း ဆေးလုံးတဲ့လား။

လုချန်းက ထိုဆေးလုံးကို ဘယ်လိုများ ပိုင်ဆိုင်နိုင်မှာလဲ။

ဝူကျန်းဝမ်နှင့် ယွဲ့ဧကရာဇ်တို့သည် တစ်ချိန်က မြူခိုးဒေသသို့ ဝင်ရောက်ခဲ့ဖူးပြီး ဂိုဏ်းတစ်ခုသို့လည်း ဝင်ရောက်ခဲ့ဖူးသည်။ နှစ်ဦးစလုံးသည် ဗဟုသုတများစွာ ရှိကြသူများဖြစ်သည်။ ထို့ကြောင့် အလှထိန်းဆေးလုံးအကြောင်းကို သူမ ကြားဖူးသည်က သဘာဝကျသည်။ သို့သော် ထိုဆေးလုံးသည် တန်ခိုးရှင်များသာ ပိုင်ဆိုင်သည့်အရာ ဖြစ်သည်။ သူတို့အတွက်မူ ထိုဆေးလုံးသည် နတ်ဆေးလုံးနှင့် အတူတူပင်။

လုချန်းက ထိုနတ်ဆေးလုံးကို ဘယ်လိုများ ပိုင်ဆိုင်နိုင်မှာလဲ။

ထိုသို့ဆိုလျှင် လုချန်းတွင် မြူခိုးဒေသမှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၏ ထောက်ပံ့မှု ရှိနေနိုင်သည် မဟုတ်ပါလား။

လုချန်း၏ လက်ထဲရှိ အလှထိန်းဆေးလုံးကို သံသယအပြည့်ဖြင့် ကြည့်ကာ ဝူကျန်းဝမ်က

“ဒီလိုမျိုး တန်ဖိုးရှိတဲ့ နတ်ဆေးလုံးကို ကျွန်မကို ပေးရဲတာလား။ ဒီလိုမျိုး တန်ဖိုးရှိတဲ့ ဆေးလုံးမျိုး ကျွန်မကို ပေးလိုက်တာ ရှင့်ရဲ့ အမျိုးသမီးတွေသိရင် စိတ်ဆိုးကြမှာ မဟုတ်ဘူးလား။”

လုချန်းက ခပ်အေးအေးပင်

“မင်းနဲ့ မုယုံရွှီကလွဲလို့ ကိုယ့်အမျိုးသမီးတွေ အကုန်လုံး အလှထိန်းဆေးလုံး သောက်ထားပြီးသား။”

လုချန်း၏ စကားကို ကြားသောအခါ ဝူကျန်းဝမ် တစ်ဖန် မှင်တက်သွားပြန်သည်။

သူမက မယုံကြည်နိုင်စွာဖြင့်

“မဖြစ်နိုင်ဘူး”

“ရှင် နတ်ဆေးလုံးတွေ အများကြီး ဘယ်က ရတာလဲ။”

နတ်ဆေးလုံးတစ်လုံး ပိုင်ဆိုင်ရပုံကိုပင် ရှင်းပြရန် ခက်ခဲနေချိန်တွင် ဆေးလုံးများစွာကို မည်သို့မှ ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ သူမနှင့် ယွဲ့ဧကရာဇ် ဝင်ရောက်ခဲ့ဖူးသည့် မြူခိုးမှော်ဂိုဏ်းတွင်ပင် အလှထိန်းဆေးလုံးတစ်လုံး ရရှိရန် ခက်ခဲလှသည်။

လုချန်းက အေးဆေးတည်ငြိမ်စွာဖြင့်

“ဘယ်ကလာတယ်ဆိုတာ စိတ်မပူနဲ့။ အရင်သောက်လိုက်ပါ။”

သူမ၏ နူးညံ့သော လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး လုချန်းလက်ထဲမှ ဆေးလုံးကို ယူရန် ပြင်ဆင်နေစဉ် လက်ချောင်းများ ထိလုနီးနီး၌ ရပ်တန့်သွားပြီး တွေဝေနေခဲ့သည်။

လုချန်း ပေးနေသည့် ဆေးလုံးသည် နတ်ဆေးလုံး ဖြစ်ကြောင်း ဝူကျန်းဝမ် မယုံနိုင်သေးပေ။

ဒီလူငယ်က သူမအပေါ် တကယ်ပဲ ဒီလောက် ကြင်နာနိုင်တာလား။

သူက သူမရဲ့ ခန္ဓာကိုယ်ကိုပဲ သဘောကျတာ မဟုတ်လား။ ဒီလောက် တန်ဖိုးရှိတဲ့ ဆေးလုံးကို ဘယ်လိုလုပ် ပေးနိုင်မှာလဲ။

ထို့ပြင် သူ့အမျိုးသမီးတွေ အကုန်လုံး နတ်ဆေးလုံး သောက်ထားတယ်လို့ ပြောတဲ့အချက်က ထိုဆေးလုံး အလှထိန်းဆေး ဟုတ်မဟုတ်ကို သူမအားပိုပြီး သံသယဖြစ်စေခဲ့သည်။

ထိုဆေးကို သူမ သောက်လိုက်ရင် လုချန်း၏ ထိန်းချုပ်မှုကို ခံရပြီး တစ်သက်လုံး သူရဲ့ ရုပ်သေးရုပ် ဖြစ်သွားမှာလားဟု သူမ ပိုပြီး သံသယဝင်လာခဲ့သည်။

ဝူကျန်းဝမ်၏ တွေဝေမှုကို မြင်သောအခါ လုချန်းက ပြုံးလျက်

“ဘာဖြစ်တာလဲ။ ဝူနိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ မင်းသမီးက ဆေးလုံးလေးတစ်လုံးကို ကြောက်နေတာလား။”

“ဒါ အဆိပ်ဆေးလုံး ဖြစ်ရင်တောင် မင်းရဲ့ အဆင့်လွန်ပညာရှင်စွမ်းအားနဲ့ အဆိပ်ကို မြန်မြန် ထုတ်နိုင်တာပဲ မဟုတ်လား။ ဘာကို ကြောက်နေစရာလိုလဲ။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ် သတိပြန်ဝင်လာ၏။

လုချန်းပြောတာ သဘာဝကျသည်။ သူမသည် အဆင့်လွန်ပညာရှင် ဖြစ်နေပြီဖြစ်ရာ သာမန်အဆိပ်များ သူမအပေါ် သက်ရောက်မှု မရှိနိုင်ပေ။ ဆေးလုံးတွင် ပြဿနာ အမှန်တကယ် ရှိခဲ့ပါက သူမ၏ စွမ်းအားကို လည်ပတ်စေကာ ခန္ဓာကိုယ်မှ အဆိပ်ကို ထုတ်ပစ်နိုင်သည် မဟုတ်ပါလား။

ဆေးလုံးသည် အဆိပ်ဆေးလုံးဖြစ်နေခဲ့လျှင်လည်း သူမ မသောက်ချင်လျှင်‌တောင် လုချန်းက အတင်းအကျပ် သောက်ခိုင်းလိမ့်မည်။

ဤလူငယ်ရှေ့တွင် သူမ၌ ရွေးချယ်စရာ မရှိပေ။ လုချန်းကို သူမ တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ သူမ လှုပ်ရှားလိုက်သည်နှင့် လုချန်းက ချက်ချင်း ဖိနှိပ်နိုင်လိမ့်မည်။

ဤအချက်ကို သဘောပေါက်ပြီးနောက် ဝူကျန်းဝမ်လည်း လုချန်းလက်ထဲမှ အလှတိုးဆေးလုံးကို လှမ်းယူကာ မတွေဝေတော့ပဲ မျိုချလိုက်သည်။

ဝူကျန်းဝမ် အဆိပ်မိရန် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ထားစဉ်မှာပင် အတွင်းအား ချက္ကရနေရာတွင် နွေးထွေးသော စီးဆင်းမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ထို့နောက် သူမ၏ အရေပြားတစ်ခုလုံး ရွေ့လျားနေသကဲ့သို့ ခံစားလိုက်ရသည်။

မကြာမီပင် သူမ၏ အရေပြားမှ အမျိုးမျိုးသော အညစ်အကြေးများ စတင် ထွက်ရှိလာပြီး အရေပြားအချို့ စတင် ကွာကျကာ အလွန်နူးညံ့ပြီး ဖြူဝင်းသော အရေပြားများ အသစ်များ ပေါ်ပေါက်လာသည်။

ဝူကျန်းဝမ် မယုံနိုင်လောက်အောင်ဖြစ်နေသည်။ ထိုဆေးလုံးသည် တကယ်ပင် နတ်ဆေးအစစ်ဖြစ်နေခဲ့၏။

ထိုအချိန်တွင် လုချန်းသည် ကုတင်ပေါ်မှ ထရပ်လိုက်ပြီး

“မှန်ထဲမှာ သွားကြည့်လိုက်ပါ။ မင်း သေချာပေါက် ကျေနပ်သွားလိမ့်မယ်။”

ဝူကျန်းဝမ် မတွန့်ဆုတ်တော့ပဲ ကုတင်ပေါ်မှ ထလိုက်ပြီး အဝတ်အစားကိုပင် ဂရုမစိုက်ပဲ မှန်တင်ခုံသို့ လျှောက်သွားလိုက်သည်။ တကယ်ပင် သူမ၏ အရေပြားသည် ပိုမို ချောမွေ့နူးညံ့လာပြီး သူမ ပို၍ပင် လှပလာသည်ကို တွေ့လိုက်ရသည်။

လုချန်းအား တစ်ခုခု မေးရန် ရည်ရွယ်သော်လည်း သူမ မမေးရသေးမီပင် လုချန်းက သူမ၏ ခါးမှ ပွေ့ချီလိုက်ပြီး

“အလှထိန်းဆေးလုံးနဲ့ အညစ်အကြေးတွေ အများကြီး ထုတ်ပစ်ပြီးပြီဆိုတော့ သေချာ ရေချိုးတာ အကောင်းဆုံးပဲ။”

ထို့နောက် လုချန်း အိပ်ခန်းဘေးရှိ ရေချိုးခန်းဘက်သို့ လျှောက်သွားသည်။

ရေချိုးခန်းထဲတွင် လုချန်းက အစေခံတစ်ဦးအား ဝူကျန်းဝမ်၏ ခန္ဓာကိုယ်မှ အညစ်အကြေးများကို ဆေးကြောပေးရန် ခိုင်းပြီးနောက် သူက သူမကို ပွေ့ဖက်ကာ ရေချိုးကန်ထဲသို့ သူမနှင့်အတူ ဝင်လိုက်သည်။

လုချန်း၏ ရင်ခွင်ထဲတွင် ထိုင်နေစဉ် ဝူကျန်းဝမ်သည် သူမပိုမိုလှပလာသည့် ပျော်ရွှင်မှုထဲတွင် နစ်မြောနေဆဲဖြစ်သည်။

မည်သို့ပင်ဆိုစေ အလှအပကို မမြတ်နိုးသည့် အမျိုးသမီး မရှိပေ။ အထူးသဖြင့် လုချန်းက သူမ ထာဝရ နုပျိုနေပြီး ဘယ်တော့မှ အိုမင်းရုပ်ဆိုးမည် မဟုတ်ဟု ပြောထား‌ သောကြောင့်ဖြစ်သည်။

ရေချိုးကန်ထဲတွင် ခဏမျှ စိမ်ပြီးနောက် ဝူကျန်းဝမ်သည် ဆက်ပြီး မထိန်းနိုင်တော့ပဲ တိုက်ရိုက် မေးလိုက်သည်။

“ရှင့်ရဲ့ အလှထိန်းဆေးလုံး ဘယ်က ရတာလဲ တကယ် သိချင်တယ်။”

လုချန်းက ပြုံးလျက်

“အဲ့ဒါကိုတော့ လောလောဆယ် မပြောနိုင်သေးဘူး။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်က ရယ်မောလျက်

“မင်းသားရဲ့ လျှို့ဝှက်ချက်တွေက ကျွန်မ ထင်ထားတာထက် ပိုများပုံရတယ်။”

လုချန်းက ဝူကျန်းဝမ်၏ နူးညံ့သော ခန္ဓာကိုယ်ကို ဖက်ထားရင်း သူမ၏ နားနား ကပ်၍

“ကိုယ့်မှာ လျှို့ဝှက်ချက်တွေ ပိုများလေလေ မင်းက ကိုယ့်ဆီကနေ အဲ့ဒါတွေကို ပိုပြီး စူးစမ်းချင်လေလေ ဖြစ်လာမှာ မဟုတ်လား။”

အများအားဖြင့် အမျိုးသမီးတစ်ဦး၏ အမျိုးသားတစ်ဦးအပေါ် စိတ်ဝင်စားမှုသည် စူးစမ်းလိုစိတ်မှ စတင်တတ်ပြီး ဝူကျန်းဝမ်သည်လည်း လုချန်းနှင့် ပတ်သက်၍ ခြွင်းချက် မဟုတ်ပေ။

...........

အခန်း (၆၅၇)

ဘယ်တော့မှ သခင်မ ဖြစ်နိုင်မှာလဲ (၃)

ဝူကျန်းဝမ် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ထပ်မံ ဘာမှ မပြောတော့ပေ။

သူမ၏ ရင်ထဲတွင်မူ ဒီလူငယ်လေးက သူမကို လုံးဝ ထောင်ချောက်ဆင်

ဖမ်းစားထားလိုက်ပြိီဟု ထင်နေသည်။

ပထမဆုံးအနေဖြင့် သူက သူမကို အဆင့်လွန်ပညာရှင်အဆင့်သို့ တက်လှမ်းနိုင်အောင် ကူညီပေးခဲ့သည်။ ထို့နောက် သူမခန္ဓာကိုယ်ကို ခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်ခဲ့ပြီး ယခုမူ နုပျိုမှုကို ထာဝရ ထိန်းသိမ်းထားနိုင်စေမည့် အလွန်တန်ဖိုးရှိသော နတ်ဆေးလုံးတစ်လုံးကို ပေးအပ်ခဲ့သည်။

ဤလူမရှိဘဲ သူမ ဆက်လက် အသက်ရှင်နိုင်မည်မဟုတ်တော့ဟု ဝူကျန်းဝမ် ခံစားလိုက်ရသည်။

သူမ ကျဆုံးခဲ့ပြီ။

သူမ ဤလူငယ်လေးကို လုံးဝ စွဲလမ်းသွားခဲ့ပြီ ဖြစ်သည်။ ဒါက ယခင်က တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးသော အရာဖြစ်သည်။ ထိုသို့သောလူမျိုးက သူမကို အနိုင်ယူနိုင်လိမ့်မည်ဟု သူမ တစ်ခါမှ မထင်မှတ်ခဲ့ချေ။

အတွေးများထဲတွင် နစ်မြောနေရင်း ဝူကျန်းဝမ် တိတ်ဆိတ်သွားပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင် ဖြစ်နေခဲ့သည်။ လုချန်းလည်း ထပ်မပြောတော့ပဲ သူတို့နှစ်ဦး ရေချိုးကန်ထဲတွင် တိတ်ဆိတ်စွာ စိမ်နေခဲ့ကြသည်။

ဆယ့်ငါးမိနစ်ခန့် စိမ်ပြီးနောက် လုချန်း ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူက ဝူကျန်းဝမ်ကို ပြုံးပြပြီး

“မင်းသားစံအိမ်မှာ နေရတာ ပျင်းလာရင် အပြင်ထွက် လမ်းလျှောက်လို့ရတယ်။ ကိုယ် မင်းကို တော်တော်လေး ပိုယုံကြည်လာတယ်။”

လုချန်း၏ စကားကို ကြားသောအခါ ဝူကျန်းဝမ် ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်သည်။ သူမ ဤလူငယ်လေးကို ဘဝတစ်လျှောက်လုံး စွန့်ခွာနိုင်တော့မည် မဟုတ်သည်ကို ရင်ထဲမှ သိနေသော်လည်း သူမကို လုံးဝ ထိန်းချုပ်နိုင်နေသည့်ပုံစံ မြင်တိုင်း မကျေနပ်စိတ် ပေါ်လာတတ်သည်။

ဒီလူ့လက်အောက်မှာ နှစ်ပတ်ကြာအောင် အကျဉ်းချခံရပြီး‌နောက် ဘယ်တော့မှ သူမ အခြေအနေကို ပြောင်းပြန်လှန်ပြီး ဦးဆောင်နိုင်မည်နည်း။

ဝူကျန်းဝမ်၏ အခန်းမှ ထွက်ခွာပြီးနောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စမ်းသပ်စခန်းသို့ လုချန်း တိုက်ရိုက် ဦးတည်သွားခဲ့သည်။

ပထမဆုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ကို မြို့သစ်နှင့် မနီးမဝေးရှိ မြစ်ဘေးတွင် တပ်ဆင်ထားသည်။ ထိုနေရာတွင် ဓာတ်အား များများစားစားမရှိသော်လည်း မင်းသား၏စံအိမ်၏လိုအပ်ချက်များကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်သည်။

လုချန်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စမ်းသပ်စခန်းသို့ ရောက်ရှိလာသောအခါ မိုးရှင်းနှင့် အခြားသူများ စောင့်ဆိုင်းနေကြပြီဖြစ်သည်။ လျှပ်စစ်ဓာတ်အားကို စမ်းသပ်အသုံးပြုရန် သူတို့မစောင့်နိုင်တော့အောင် ဖြစ်နေကြသည်။

သူတို့၏ ယခင်က အမြင်တွင် မိုးကြိုးနှင့် လျှပ်စီးများသည် အန္တရာယ်ရှိသော အရာများ ဖြစ်ကြသည်။ သို့သော် ယခုမူ သူတို့သည် လျှပ်စစ်ကို ထုတ်လုပ်နိုင်သည်သာမက လူသားများအတွက်ပင် အသုံးပြုနိုင်သည်ကို တွေ့ရှိရသောကြောင့် အလွန်စိတ်လှုပ်ရှားနေကြသည်

အရာရာ အဆင်သင့် ဖြစ်နေသည်ကို မြင်သောအခါ လုချန်းလည်း လျှပ်စစ်ပစ္စည်းအမျိုးမျိုးကို စတင်တပ်လိုက်သည်။

အရာရာအားလုံး အသင့်ဖြစ်သည်နှင့် လုချန်းက သူ ပြုလုပ်ထားသော မီးသီးတစ်လုံးကို ထုတ်ယူကာ ပလပ်ပေါက်ထဲသို့ ထိုးလိုက်သည်။ နောက်တစ်ခဏတွင် မီးသီး ချက်ချင်း လင်းလာခဲ့သည်။

“မီးလင်းပြီ၊ မီးလင်းပြီ၊ တကယ်ကြီး မီးလင်းပြီ။”

“ကျွန်တော်တို့ အောင်မြင်ပြီ။”

“လျှပ်စစ်မီးလိုင်းတပ်ဆင်ပြီးရင် ဖယောင်းတိုင်တွေ မလိုတော့ဘူး”

ထိုမြင်ကွင်းကို မြင်တွေ့ရသောအခါ မိုးရှင်းတို့အဖွဲ ပို၍ပင် တက်ကြွလာကြကာ စိတ်လှုပ်ရှားစွာဖြင့် စကားများ ပြောဆိုနေကြသည်။

သို့သော် မကြာမီပင် မီးသီးသည် “ဖောက်” ဟူသော အသံနှင့်အတူ ပေါက်ကွဲသွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်သောအခါ လူတိုင်း ချက်ချင်း တိတ်ဆိတ်သွားကြသည်။ သူတို့ လုချန်းဘက်သို့ လှည့်ကြည့်လိုက်ရာ လုချန်းက

“မီးသီးလုပ်ရာမှာ သုံးတဲ့ပစ္စည်းတွေက အရည်အသွေးမမီဘူး။ ခံနိုင်ရည်ရှိတဲ့ ပစ္စည်းတွေ ရှာတွေ့ဖို့နဲ့ ဆက်လက် စမ်းသပ်ဖို့ လိုအပ်တယ်”

ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

လုချန်း၏ရှင်းလင်းချက်ကို ကြားရသောအခါ လူအားလုံးသည် စိတ်သက်သာရာရကြသည်။ ပစ္စည်းများ အရည်အသွေး မမီခြင်းသာ ဖြစ်သည်။

ပစ္စည်းကိစ္စများသည် တကယ့်ပြဿနာများ မဟုတ်ချေ။ သူတို့ ဆက်လက် စမ်းသပ်ရုံသာ ဖြစ်သည်။

လုချန်းသည် လျှပ်စစ်အပူပေးတံကို ထုတ်ယူကာ ပလပ်ထိုးပြီး ထိုအတံကို သစ်သားပုံးထဲသို့ ထည့်လိုက်သည်။

မည်သို့ဖြစ်လာမည်ကို သိလို၍ လူတိုင်း စောင့်ကြည့်နေကြသည်။

ခဏအကြာတွင် သစ်သားပုံးထဲရှိ ရေများ ဆူပွက်လာတော့သည်။

လုချန်းက ပြုံးလျှက်

“ဒါကလည်း လျှပ်စစ်ဓာတ်ရဲ့ အသုံးဝင်ပုံတစ်ခုပဲ။ မီးထွန်းရုံတင်မကဘူး အပူလည်း ထုတ်ပေးနိုင်တယ်။”

လျှပ်စစ်ဓာတ်က အပူကိုလည်း ထုတ်ပေးနိုင်သည်ဟု မိုးရှင်းတို့အဖွဲ့ မထင်မှတ်ထားကြသဖြင့် ထပ်မံ စိတ်လှုပ်ရှားသွားကြသည်။

လုချန်း ဆက်လက်၍

“ကောင်းပြီ။ မင်းသားစံအိမ်ကို လျှပ်စစ်ပတ်လမ်း အရင် သွယ်ကြစို့။ လျှပ်စစ်ပစ္စည်းအမျိုးမျိုးရဲ့ အသုံးဝင်မှုကို ကျွန်တော်ကိုယ်တိုင် စမ်းသပ်မယ်။”

လျှပ်စစ်သည် အန္တရာယ်ရှိသော အရာဖြစ်ပြီး မင်းသားတစ်ဦးအနေနှင့် ပထမဆုံး အသုံးပြု သူဖြစ်သင့်သည်။ သို့မှသာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် အချိန်ရောက်သည့်အခါ သာမန်ပြည်သူလူထုကို စိတ်ချစေနိုင်မည် ဖြစ်သည်။

..........

All Chapters