အခန်း ၆၆၁-၆၆၃
Vol. 45 Ch. 661-663
အခန်း (၆၆၁)
ရှောင်ဝမ်ယောင်နှင့် ရဲလိနန်ရန် ကိုယ်ဝန်ရှိခြင်း (၂)
ရှောင်ဝမ်ယောင်သည် ပျော်ပျော်ပါးပါး နေတတ်သူ ဖြစ်ပြီး မိခင်တစ်ယောက် ဖြစ်လာရန် လုံးဝပြင်ဆင်ထားခြင်း မရှိသေးပေ။ သို့သော် သူမ ကလေးမရနိုင်ပါက လုချန်း၏ မနှစ်မြို့မှု ခံရမည်ကို အမြဲတစေ စိုးရိမ်ပူပန်နေခဲ့သည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ရောက်ရှိလာပြီးနောက် ရှနိုင်ငံတော်၏ အယူအဆများစွာကို သူမ လက်ခံလာခဲ့သောကြောင့် ရှနိုင်ငံတော်မှ အမျိုးသမီးတစ်ဦးအတွက် ကလေးရှိခြင်းက မည်မျှ အရေးကြီးသည်ကို သူမ ရှင်းရှင်းလင်းလင်း သိရှိခဲ့သည်။
လုချန်း၏ စွန့်ပစ်ခံရခြင်းကို ရှောင်ရှားရန်အတွက် သူ၏ ကလေးကို ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သော်လည်း သူမ မည်မျှပင် ကြိုးစားစေကာမူ သူမ၏ ဝမ်းဗိုက်တွင် မည်သည့် လှုပ်ရှားမှုမှ မရှိခဲ့ပေ။
ရှောင်ဝမ်ယောင်၏ စကားကို ကြားသောအခါ ရေချိုးနေသော ရဲလိနန်ရန် သက်ပြင်းချလိုက်သည်။ သူမလည်း ဤသဘောတရားကို ရှင်းရှင်းလင်းလင်း နားလည်ခဲ့သည်။
သူမသည် ကလေးအတွက် အဝတ်အစားများကို ကြိုတင်ပြင်ဆင်ထားခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း သူမ၏ ဝမ်းဗိုက်တွင် လှုပ်ရှားမှု မရှိသေးပေ။ လုချန်းသည် သူမကို ချစ်မြတ်နိုးရန် ညတိုင်း လာရောက်လည်ပတ်ခဲ့သော်လည်း သူမ၏ ဝမ်းဗိုက်က တုံ့ပြန်မှုမရှိပဲ ရှိနေခဲ့သဖြင့် နောက်ပိုင်းတွင် လုချန်းလည်း နွေဦးအသံဆောင်သို့ မကြာခဏမလာတော့ပေ။
လုချန်းက သူမ၏ ရင်သွေးကို ရရှိရန် စိတ်ကူးကို လက်လျှော့လိုက်ပြီလားဟုပင် ရဲလိနန်ရန်သည် သံသယ ဝင်မိခဲ့သည်။
ရဲလိနန်ရန် အတွေးထဲနစ်မြောနေစဉ် ရုတ်တရက် ရေချိုးခန်းအပြင်ဘက်မှ အော်သံတစ်သံကို ကြားလိုက်ရသည်။ ဤအသံကြောင့် ရဲလိနန်ရန် သတိပြန်ဝင်လာပြီး ချက်ချင်းပင်
“ဘာဖြစ်တာလဲ။”
သို့သော် အပြင်ဘက်မှ ရှောင်ဝမ်ယောင်၏ တုံ့ပြန်မှု မရှိသောကြောင့် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ရဲလိနန်ရန် ချက်ချင်းသိလိုက်သည်။ သူမက ရေချိုးခန်းအတွင်းရှိ အစေခံမလေးအား လျင်မြန်စွာပင်
“ဖိန်အာ။ အပြင်ထွက်ပြီး ဘာဖြစ်နေ
လဲဆိုတာ ကြည့်လိုက်”
“ဟုတ်ကဲ့ သခင်မ။”
အစေခံမလေးလည်း ရေချိုးခန်းမှ ချက်ချင်း ထွက်သွားပြီး အိပ်ခန်းဘက်သို့ သွားခဲ့သည်။ သို့သော် အစေခံမလေး ထွက်သွားပြီးနောက် မည်သည့် အသံမှ မကြားရတော့ပေ။
ရဲလိနန်ရန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ရေချိုးကန်မှ လျင်မြန်စွာ ထွက်လာကာ အဝတ်များဖြင့် ကိုယ်ကို ပတ်လိုက်သည်။ ထို့နောက် သံသယဖြင့်
“ဖိန်အာ။ အပြင်မှာ ဘာဖြစ်နေတာလဲ”
ဟုထပ်မေးလိုက်သည်။
ရဲလိနန်ရန် သံသယရှိခဲ့သည့်အတိုင်း အစေခံမလေး၏ ပြန်ဖြေသံကို မကြားရပေ။ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ကြောင်း သေချာနေသည့် လက္ခဏာပင်။
ရဲလိနန်ရန် ချက်ချင်း ပြေးထွက်လာခဲ့ပြီး စစ်စေးကြည့်ရန် ပြင်ဆင်နေစဉ် အစေခံမလေး ဖိန်အာ အိပ်ခန်းအလယ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာက နီမြန်းနေပြီး အိပ်ရာဘက်သို့ ကြည့်နေသည်။
ရဲလိနန်ရန်၏ ထိုဘက်သို့ ချက်ချင်း လှည့်
ကြည့်လိုက်ရာ ရှောင်ဝမ်ယောင်၏ အနောက်တွင် လုပ်ကြံသူတစ်ဦးက ချုပ်ကိုင်ထားပြီး သူမကို ဓားဖြင့်ထိုးရန် ကြိုးစားနေသည်ကို မြင်လိုက်ရသည်။ ရှောင်ဝမ်ယောင်၏ ပါးစပ်ကို လုပ်ကြံသူက ပိတ်ထားသောကြောင့် စကားမပြောနိုင်ပဲ ဗလုံးဗထွေး အသံများသာ ထွက်နိုင်သည်။
ထိုစဉ် လုပ်ကြံသူက လှုပ်ရှားမှုအနည်းငယ် ပြုလုပ်လိုက်သည်နှင့် ရှောင်ဝမ်ယောင်၏ ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားသည်။
ရဲလိနန်ရန်သည် လှည့်စားနေသော လူသတ်သမားကို မကျေမနပ်ဖြင့် ကြည့်လိုက်ပြီး ရေချိုးခန်းဘက်သို့ ပြန်လည်ဝင်ရောက်ကာ
“မင်းသားက ကျွန်မဆီလာတာကို ဘာလို့ အစေခံမလေးတွေကို မကြေညာခိုင်းတာလဲ။ ကျွန်မက ယောင်ယောင် လုပ်ကြံသူနဲ့ တွေ့တာလားလို့ ထင်သွားတာ။”
လုချန်းသည် လုပ်ကြံသူတစ်ဦး ဖြစ်သော်လည်း အသက်ကို သတ်ဖြတ်သည့် လုပ်ကြံသူ တော့မဟုတ်ပေ။ အကယ့် လုပ်ကြံသူသည် လူသတ်ခြင်း ဖြစ်ပြီး လုချန်း၏ လုပ်ကြံမှုကတော့ စိတ်ဝိညာဉ်ကို သတ်ဖြတ်ခြင်း ဖြစ်သည်။ ထိုနှစ်ခုမှာ ကွဲပြားခြားနားသော ကိစ္စများဖြစ်သည်။
ရဲလိနန်ရန် ထွက်လာသည်ကို မြင်သောအခါ လုချန်းက ရှောင်ဝမ်ယောင်၏ ပါးစပ်ကို ဖုံးအုပ်ထားခြင်း မပြုတော့ပေ။ ထိုအချိန်၌ ရှောင်ဝမ်ယောင်က အသက်ရှုနေရင်း
“မင်းသား... မင်းသား... ရှင့်ကြောင့် ကျွန်မ သေလုနီးပါး ကြောက်သွားတာ...”
သူမ အိပ်ရာပေါ်တွင် လဲလျောင်းနေစဉ် လူတစ်ယောက် ရုတ်တရက် ပေါ်လာပြီး သူမကို ဖိထားကာ ပါးစပ်ကိုအုပ်ပြီး ဓားဖြင့် ထိုးရန် ကြိုးစားခဲ့သောကြောင့် သူမလည်း လူဆိုးတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံရပြီဟု ထင်ခဲ့သည်။
သို့သော် ပြန်စဉ်းစားကြည့်သောအခါ သူမနောက်ကွယ်မှ လူသည် တကယ်ပင် လူဆိုးကြီးတစ်ဦး ဖြစ်သည်။ မဟုတ်ပါက သူ သူမကို အဘယ့်ကြောင့် ဤသို့ အနိုင်ကျင့်မည်နည်း။
လုချန်းက ပြုံးပြီး
“မင်းရဲ့ သတိရှိမှုကို စမ်းသပ်နေတာပါ။ ဒါ မင်းသားစံအိမ်ဆိုပေမယ့် မင်းတို့ သတိမလစ်သင့်ဘူး။ တစ်နေ့နေ့ လုပ်ကြံသူတစ်ယောက် ရောက်လာရင် မင်း ဘယ်လိုလုပ်မလဲ။”
သူက ရှောင်ဝမ်ယောင်ကို ငုံ့ကြည့်ပြီး ဆက်လက်၍
“ကိုယ်ပြောတာ မှန်တယ် မဟုတ်လား ယောင်ယောင်။”
ရှောင်ဝမ်ယောင်က အားနည်းစွာဖြင့်
“မင်းသား.... မှန်ပါတယ်။ နောင်ကျရင် သတိနဲ့ နေပါမယ်။”
ထိုအချိန်တွင် ရဲလိနန်ရန်သည် ရေချိုးခန်းသို့ ပြန်သွားကာ ကိုယ်လက် သန့်စင်ဆေးကြောခြင်းကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။ ရေချိုးကန်တွင် အနည်းငယ်ကြာကြာ စိမ်ရန် သူမ စီစဉ်ထားခဲ့သော်လည်း စံအိမ်သခင် ရောက်လာပြီ ဖြစ်သောကြောင့် အမြန်ဆုံး ပြီးအောင် လုပ်ပြီး ထိုကလေးဆိုးလေးကို ပြုစုရပေမည်။
မကြာမီ ရဲလိနန်ရန် ရေချိုးခန်းမှ ထွက်လာခဲ့ပြီး အဖြူရောင် အတွင်းခံအင်္ကျီနှင့် အတွင်းခံဘောင်းဘီကိုသာ ဝတ်ဆင်ထားသည်။
ရေချိုးပြီးကာစဖြစ်သော ရဲလိနန်ရန်သည် ပန်းရနံ့များ မွှေးကြိုင်နေပြီး ဆံပင်များတွင် ရေစက်များ ကျန်ရှိနေသေးသောကြောင့် သူမ၏ ကိုယ်ခန္ဓာတစ်ခုလုံး သန့်စင်ပြီး ဆွဲဆောင်မှုရှိနေသည်။
လုချန်းက ရှောင်ဝမ်ယောင်ကို တစ်ဖက်သို့ ဖယ်ထုတ်လိုက်ပြီး ရဲလိနန်ရန်ကို သူ၏ရှေ့သို့ တိုက်ရိုက်ဆွဲယူကာ သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်သည်။
မျက်နှာအနည်းငယ် နီမြန်းနေသော ရဲလိနန်ရန်က
“မင်းသား။ ဒီရောင်စုံဖန်မီးအိမ်တွေကို အရင်ပိတ်ထားသင့်လား မသိဘူး။”
လုချန်းက ဇဝေဇဝါဖြင့်
“ဘာလို့လဲ”
ဟု မေးလိုက်သည်။
ရှက်ရွံ့စွာဖြင့် ရဲလိနန်ရန်က
“အရမ်းလင်းလွန်းလို့ပါ။”
ယခင်က ညဘက်တွင် ဖယောင်းတိုင်များသာ ထွန်းညှိလေ့ရှိပြီး ဖယောင်းတိုင်၏ မှိန်ဖျော့သော အလင်းရောင်ကြောင့် လူများကို ကောင်းစွာ မမြင်ရပေ။ ထို့ကြောင့် ရဲလိနန်ရန်ကို ပိုမို လွတ်လပ်သလို ခံစားရစေခဲ့သည်။
ယခုအခါ ရောင်စုံဖန်မီးအိမ်များက အခန်းကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်စေနေသော ကြောင့် ထိုအရာများကို နေ့ခင်းဘက်တွင် လုပ်ဆောင်နေသကဲ့သို့ သူမ ခံစားရပြီး လွတ်လပ်စွာ လုပ်ဆောင်ရန် ခက်ခဲစေခဲ့သည်။
ရဲလိနန်ရန်၏ စကားကို ကြားသောအခါ လုချန်းက ရယ်မောလိုက်ပြီး
“မင်း ဒီလိုပြောလာနိုင်တယ်လို့ ကိုယ် ခန့်မှန်းထားပြီးသား။ ဒါကြောင့် အားနည်းတဲ့ မီးသီးတွေ တပ်ခိုင်းထားတာ။”
ထို့နောက် သူက အစေခံမလေးအား
“ပင်မမီးလုံး ပိတ်ပြီး မီးလုံးအသေးလေး ဖွင့်လိုက်။”
သူ စကားပြောပြီးသည်နှင့် မီးလုံးဘေးရှိ အစေခံမလေးက အခန်း၏ ပင်မမီးလုံးကို ချက်ချင်း ပိတ်လိုက်ပြီး မီးလုံးအသေးကို ဖွင့်လိုက်သည်။
မီးလုံးအသေးမှ အလင်းသည် မှိန်ဖျော့နေပြီး ယခင်က ဖယောင်းတိုင် ထွန်းညှိခဲ့စဉ်ကကဲ့သို့ပင် ဖြစ်သည်။ ချက်ချင်းဆိုသလို အခန်းတစ်ခုလုံးသည် မှိန်ဖျော့ နွေးထွေးသော အဝါရောင် အလင်းဖြင့် ပြည့်နှက်သွားခဲ့သည်။ ယင်းက လုချန်းနှင့် ရဲလိနန်ရန်တို့အကြား ပိုမိုရင်းနှီးသော စိတ်ခံစားမှုလေထုကို ဖြစ်ပေါ်စေသည်။
..................
အခန်း (၆၆၂)
ရှောင်ဝမ်ယောင်နှင့် ရဲလိနန်ရန် ကိုယ်ဝန်ရှိခြင်း (၃)
ရဲလိနန်ရန်က တိုးတိုးလေးပြောလိုက်သည်။ “မင်းသား။ ဒီည... ပင်ပန်းခံပေးလို့ ကျေးဇူးတင်ပါတယ်...”
ရဲလိနန်ရန်၏ ရှက်ရွံ့သော ပုံစံကို မြင်သောအခါ လုချန်း ထိန်းချုပ်မထားနိုင်တော့ပဲ ချက်ချင်း ငုံ့ကာ ရဲလိနန်ရန်၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။
.........
နံနက်စောစော။
လုချန်း၏ ဘယ်ညာ တစ်ဖက်တစ်ချက်စီတွင် အမျိုးသမီးတစ်ဦးစီ ရှိနေသည်။ ဘယ်ဘက်ရှိ ရှောင်ဝမ်ယောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ညာဘက်ရှိ ရဲလိနန်ရန်ကိုလည်း ပြန်ကြည့်လိုက်ပြီး သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
ယခုလို ဘဝသည် အလွန်ပျော်စရာကောင်းလှသည်။
ရဲလိနန်ရန်လည်း ထိုအချိန်တွင် နိုးလာခဲ့သည်။ လုချန်း၏ မျက်လုံးများ သူမကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ရဲလိနန်ရန်၏ ပါးပြင်များ တဖြည်းဖြည်း နီမြန်းလာခဲ့သည်။
လုချန်း ရဲလိနန်ရန်အား တစ်စုံတစ်ရာ ပြောရန် ပြင်ဆင်နေစဉ် သူ၏ စနစ်မျက်နှာပြင်တွင် စနစ်သတိပေးချက်အသစ်များစွာ ပေါ်လာသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။
မနေ့ညက အလွန်အမင်း စိတ်အားထက်သန် နေခဲ့သောကြောင့် စနစ်၏ အသိပေးချက်များကို သူ သတိမပြုမိခဲ့ခြင်း ဖြစ်သည်။
လုချန်း ချက်ချင်း စစ်ဆေးကြည့်လိုက်ရာ သူ၏ရှေ့မှ သတိပေးချက်များကြောင့် ချက်ချင်းပင် တုန်လှုပ်သွားသည်။
[သခင်သည် ဇနီးမယားတို့နှင့် ချစ်ခင်ရင်းနှီးခဲ့ပြီး အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံ..... ]
[ရှောင်ဝမ်ယောင်အား ကိုယ်ဝန်ရှိစေရန် ကူညီပေးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ ဆုလာဘ်အဖြစ် ကြေးနန်းစက်နှင့် ၎င်း၏ အသုံးပြုနည်းလမ်းညွှန်၊ ခဲအက်စစ်ဘက်ထရီထုတ်လုပ်နည်း လမ်းညွှန်တို့ကို ဆုအဖြစ်ပေးအပ်ပါသည်။]
[သခင်သည် ဇနီးနှင့် တစ်ကြိမ် ချစ်ကျွမ်းဝင်မှု ပြုလုပ်ခဲ့ပြီး အတွင်းအားမန္တန်ကျင့်စဉ် အတွေ့အကြုံ ၁၀၀၀ တိုးလာပြီး ပြန်လည်သန်စွမ်းစေသောစွမ်းအား အတွေ့အကြုံ .....။]
[ရဲလိနန်ရန်အား ကိုယ်ဝန်ရှိစေရန် ကူညီပေးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ ဆုလာဘ်အဖြစ် အထွက်နှုန်းမြင့် ဆန်မျိုးစေ့ တစ်သောင်း၊ အထွက်နှုန်းမြင့် ပဲပိစပ်မျိုးစေ့ တစ်သောင်း၊ စိတ်ဝိညာဉ်ဆန်မျိုးစေ့ သုံးပြည်ကို ပေးအပ်ပါသည်။]
[ကိုယ်ဝန်ဆောင်ခြင်းအတွက် ဆုလာဘ်က အားပေးနှစ်သိမ့်ခြင်းဖြစ်ပြီး ရင်သွေးများကို ဘေးကင်းစွာ မွေးဖွားနိုင်ရန် မျှော်လင့်ပါသည်။]
သူ၏ရှေ့မှ စနစ်၏ သတိပေးချက်များကို မြင်သောအခါ လုချန်း မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။
ဖြစ်နိုင်ပါ့မလား...
နှစ်ထပ်ကွမ်း ပျော်ရွှင်မှုလား။
သူသည် ရဲလိနန်ရန်၏ အဆောင်တွင် နေ့စဉ် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ သို့သော် မမျှော်လင့်ပဲ မနေ့ညက အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
ဤအချိန်တွင် လုချန်း၏ မျက်နှာပေါ်၌ အံ့ဩတုန်လှုပ်သော အမူအရာကို မြင်တွေ့ရ သောအခါ ရဲလိနန်ရန်က ဇဝေဇဝါဖြင့်
“မင်းသား။ ဘာဖြစ်တာလဲ”
ဟု မေးလိုက်သည်။
လုချန်း သတိပြန်ဝင်လာပြီး ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင် နှစ်ဦးစလုံးကို တင်းကျပ်စွာ ပွေ့ဖက်ကာ ပြုံးရွှင်စွာဖြင့်
“မင်းတို့ကို သတင်းကောင်း ပြောပြစရာရှိတယ်။”
အိပ်ငိုက်နေသေးသော ရှောင်ဝမ်ယောင်က မေးလိုက်သည်။
“ဘာသတင်းကောင်းလဲ”
လုချန်းက ပြုံးပြီး
“ယောင်ယောင်။ မင်းမှာ ကိုယ်ဝန်ရှိနေပြီ။”
ထိုစကားကို ကြားသောအခါ ရှောင်ဝမ်ယောင်နှင့် ရဲလိနန်ရန်တို့ အံ့ဩတုန်လှုပ်စွာဖြင့် ငြိမ်သက်သွားကြသည်။
ရှောင်ဝမ်ယောင် ချက်ချင်း သတိဝင်လာသည်။ ခဏအကြာတွင် သူမက မယုံနိုင်စွာဖြင့်
“မင်းသား... မင်းသား အတည်ပြောတာလား။ ကျွန်မ တကယ်ပဲ မင်းသားရဲ့ ကလေးကို လွယ်ထားရတာလား”
လုချန်းက
“ဟုတ်ပါတယ်။ ကိုယ့်ရဲ့ အာရုံခံနိုင်စွမ်းကို မင်း မယုံဘူးလား။”
ရှောင်ဝမ်ယောင် ချက်ချင်း ပျော်ရွှင်ဝမ်းမြောက်သွားသည်။ သူမ လုချန်း၏ ကလေးကို ရရှိပါက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ဘဝတစ်လျှောက်လုံး နေထိုင်နိုင်ပြီး အမှားတစ်ခုခု မပြုလုပ်သရွေ့ ဇိမ်ကျသောဘဝကို ခံစားနိုင်မည်ဟု စိတ်ထဲက တွေးမိခဲ့သည်။
အချို့က ပျော်ရွှင်မှု ခံစားရသော်လည်း အချို့ကမူ စိုးရိမ်ပူပန်မှု ခံစားရသည်။
ရုတ်တရက် ရဲလိနန်ရန်၏ စိတ်ထဲတွင် မသာယာဖွယ်ရာ ခံစားချက်များ ဖြစ်ပေါ်လာသည်။ ရှောင်ဝမ်ယောင်အား မနာလိုဖြစ်နေ၍ မဟုတ်ပေ။ သူမထက် အသက်ငယ်သော ရှောင်ဝမ်ယောင် ကိုယ်ဝန်ရှိနေပြီး သူမကိုယ်တိုင်ကမူ ကိုယ်ဝန်ရသောလက္ခဏာ မပြသေးသည်ကို စိုးရိမ်နေခြင်းသာ ဖြစ်သည်။ သူမ အသက်ကြီးလာပါက နောင်တွင် ကလေးရနိုင်မည် မဟုတ်တော့ပေ။
တစ်ခဏအတွင်း ရဲလိနန်ရန်၏ စိတ်ထဲ၌ စိုးရိမ်ပူပန်မှုများ ပြည့်နှက်လာ၏။
ရဲလိနန်ရန်၏ စိတ်ပျက်အားငယ်နေသော အမူအရာက လုချန်း၏ မျက်လုံးများမှ မလွတ်မြောက်ခဲ့ပေ။ သူက ပြုံးပြီး
“သတင်းကောင်း နောက်တစ်ခု ရှိသေးတယ်။”
ရှောင်ဝမ်ယောင်က
“ဘာသတင်းကောင်းလဲ”
ဟု ထပ်မေးလိုက်သည်။
လုချန်းက ရဲလိနန်ရန်ဘက်သို့ ခေါင်းလှည့်ကာ
“နန်ရန်။ မင်းလည်း ကိုယ်ဝန်ရှိနေပြီ။”
ဒါက...
ရဲလိနန်ရန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။
အချိန်အတန်ကြာပြီးနောက် ရဲလိနန်ရန်က
“မင်းသား ပြောတာ အမှန်လား”
လုချန်းက
“မင်း ပြင်ဆင်ထားတဲ့ အဝတ်အစားတွေ မကြာခင် အသုံးဝင်လာတော့မယ် ထင်တယ်။”
ထိုအချိန်တွင် ရဲလိနန်ရန်က
“ကျွန်မကို ကလေးတစ်ယောက် ပေးသနားလို့ ကျေးဇူးတင်ပါတယ် မင်းသား။”
လုချန်း ညင်သာစွာ ပြုံးလိုက်ပြီးနောက် ထရပ်ကာ
“ဒီနေ့ ကောင်းကောင်း နားကြပါ။ ကိုယ်တော့အလုပ်တွေ ရှိလို့ အရင်ထလိုက်ပြီ။”
................
အခန်း (၆၆၃)
လရောင်ကြည့်ခြင်း (၁)
လုချန်းသည် အလျင်အမြန်ရေချိုးပြီး စာကြည့်ခန်းသို့ ပြေးသွားခဲ့သည်။ အလွန်အမင်းစိတ်အားထက်သန်နေသဖြင့် မနက်စာကိုပင် မစားပဲ ကျော်သွားခဲ့သည်။
ဤကြိမ်တွင် စနစ်မှပေးသောဆုများသည် ယခင်ကထက် ပိုမိုကြွယ်ဝလာခဲ့သည်။ ယခင်က ဆုတစ်ခုတည်းသာ ပေးလေ့ရှိသည်။
လုချန်း စာကြည့်ခန်းသို့ရောက်သော် တံခါးပိတ်ပြီး စနစ်ကို ထပ်မံဖွင့်ကြည့်သည်။
ယခုအခါတွင် သူ့တွင် လျှပ်စစ်ဓာတ်အားပေးစက် နှင့် ခဲ-အက်ဆစ်ဘက်ထရီများ ရှိနေပြီဖြစ်သည်။ ခဲ-အက်ဆစ်ဘက်ထရီများဖြင့် အနာဂတ်တွင် ကြေးနန်းစက်ကို ဝေးလံသောနေရာများတွင်ပါ အသုံးပြုနိုင်မည်။ ထို့ကြောင့် အထူးကိုယ်ရံတော်အတွက် သတင်းပို့ရန် ပိုမိုလွယ်ကူလာမည်ဖြစ်ပြီး ဝေးလံသည့်နေရာများတွင် တစ်စုံတစ်ရာ ဖြစ်ပွားပါက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ချက်ချင်းသိရှိနိုင်မည်။
တစ်ခါတစ်ရံ သတင်းအချက်အလက် ကွာဟမှုပေါ်တွင် စစ်ပွဲအနိုင်အရှုံး ဆုံးဖြတ်တတ်သည်။ သတင်းအချက်အလက် စုံစုံလင်လင် အချိန်မီ ရရှိသူသာ အောင်ပွဲရရှိနိုင်သည်။
ကြေးနန်းနှင့် ဘက်ထရီများကို တစ်ချက်ကြည့်ပြီးနောက် လုချန်း၏ အကြည့်က ရဲလိနန်ရန်အတွက် ကိုယ်ဝန်ဆောင်ဆုလာဘ်ပေါ်တွင် ရပ်တန့်သွားခဲ့သည်။
ဆန်သည် ရှနိုင်ငံတော်၏ အဓိကအစားအစာဖြစ်ပြီး တောင်ပိုင်းတွင် အဓိကစိုက်ပျိုးသည်။ ရှနိုင်ငံတော်တစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးမှသာ ဤဆန်စေ့များကို အသုံးချနိုင်မည်ဟု ထင်ရသည်။
ပဲပိစပ်ကတော့ မြောက်ပိုင်းတွင်လည်း စိုက်ပျိုးရန်လည်း သင့်တော်သည်။ ပဲပိစပ်နှင့် ပြောင်းဖူးတို့ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပြီး မြောက်ပိုင်းတွင် ဤသီးနှံနှစ်မျိုးကို စိုက်ပျိုးမည်ဆိုပါက တိရစ္ဆာန်များအတွက် အစာရရှိမည်ဖြစ်ပြီး ပြည်သူများလည်း အသားစားနိုင်ကြမည်။
ထိုသို့တွေးမိရင်း လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားသည်။ မြေယာများ ပိုမိုဖော်ထုတ်ရန် လူများကို တိုက်တွန်းရမည့်အချိန် ရောက်ပြီဟု ထင်ရသည်။ မြောက်ပိုင်းတွင် မြေဩဇာကောင်းသော မြေများစွာရှိပြီး အဓိကအားဖြင့် မြေနက်များဖြစ်ကာ မြေဩဇာထည့်ရန် မလိုအပ်ပဲ အထွက်နှုန်းကောင်းမွန်သည်။
မြောက်ပိုင်းရှိ မြေရိုင်းများကို ဖော်ထုတ်ကာ သီးနှံများ စိုက်ပျိုးပြီးသည်နှင့် မြောက်ပိုင်းပြည်နယ်သာမက ရှနိုင်ငံတော်ပင် သဘာဝဘေးအန္တရာယ် ကျရောက်သည့်နှစ်များ မဟုတ်ပါက ငတ်မွတ်ခေါင်းပါးခြင်းနှင့် ရင်ဆိုင်ရတော့မည် မဟုတ်ပေ။
လုချန်း၏ မျက်လုံးများ နောက်ဆုံးတွင် စိတ်ဝိညာဉ်ဆန် သုံးပြည်ပေါ်သို့ ရပ်တန့်သွားခဲ့သည်။
သိချင်စိတ်ဖြင့် လုချန်းက စနစ်ကို မေးလိုက်သည်။
“စိတ်ဝိညာဉ်ဆန်ဆိုတာ ဘာလဲ။ ဒါက ဆန်တစ်မျိုးလား။”
[စိတ်ဝိညာဉ်ဆန်သည် စိန်ဝိညာဉ်ဆိုင်ရာသီးနှံတစ်မျိုးဖြစ်သည်။ ပုံစံအားဖြင့် သာမန်ဆန်နှင့်ဆင်တူပြီး စားသုံးပါက ကျင့်စဉ်တိုးတက်မှုနှုန်းကို သိသိသာသာ တိုးမြင့်စေနိုင်သည်။ သို့သော် စိတ်ဝိညာဉ်ဆန်ကို စိတ်ဝိညာဉ်စွမ်းအား ကြွယ်ဝသောနေရာများတွင် စိုက်ပျိုးရန် လိုအပ်သည်။ မဟုတ်ပါက အထွက်နှုန်း သိသိသာသာ ကျဆင်းသွားနိုင်သည်]
စနစ်၏ စကားကို ကြားပြီးနောက် လုချန်းသည် စနစ်မျက်နှာပြင်ရှိ စိတ်ဝိညာဉ်ဆန်စေ့များကို ကြည့်ကာ ဝိညာဉ်စွမ်းအင် ရှားပါးသော ကမ္ဘာတွင် ဤစိတ်ဝိညာဉ်ဆန်စေ့များက မည်သို့ အသုံးဝင်မည်နည်းဟု တွေးတောမိသည်။
စိုက်ပျိုးနိုင်လျှင်ပင် ရိတ်သိမ်းချိန်တွင် များများစားစား ရရှိနိုင်မည်မဟုတ်ပေ။ စိတ်ဝိညာဉ်ဆန်မျိုးစေ့တစ်စေ့မှ စိတ်ဝိညာဉ်ဆန်တစ်စေ့ပင် မရရှိနိုင်ဟု ထင်ရသည်။
ထို့ပြင် စနစ်မှ ဆုချသည့် ဆန်နှင့် ပဲပိစပ်မျိုးများနှင့် နှိုင်းယှဉ်လျှင် စိတ်ဝိညာဉ်ဆန်သုံးပြည်သည် အလွန်နည်းပါးနေသည်ဟု ထင်ရသည်။
အရေးအကြီးဆုံး ပြဿနာမှာ စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝသည့် နေရာကို ရှာဖွေရခြင်းဖြစ်သည်။
ထားလိုက်ပါ။
စိတ်ဝိညာဉ်ဆန်သည် သူအတွက် ယခုအချိန်တွင် အထူးအရေးကြီးသည့် အရာမဟုတ်သေးပေ။ ထို့ကြောင့် စမ်းပြီးစိုက်ပျိုးကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သုံးပြည်သာရှိသဖြင့် အထွက်နှုန်းလည်း များများစားစား ရရှိမည် မဟုတ်ပေ။
ထိုအချိန်တွင် လုချန်းက တံခါးဝရှိ အစေခံမလေးကို ခေါ်ကာ
“ရှောင်ဟွမ်။ မိုးရှင်းကို သွားခေါ်ချေ။ ငါ သူ့နဲ့ ဆွေးနွေးစရာတွေရှိတယ်။”
ကြေးနန်းနှင့် ဘက်ထရီများ ပြုလုပ်သည့် နည်းပညာများကို မိုးရှင်းအား ပေးရန် စီစဉ်ထားပြီး အခုပင် စတင်ပြုလုပ်စေမည်ဖြစ်သည်။ ကြေးနန်း အသုံးပြုပုံကိုတော့ ပြုလုပ်ပြီးမှ သူတို့သင်ယူကြရမည်။ စနစ်က ကြေးနန်းကို ပေးသည့်အခါ လမ်းညွှန်စာအုပ်ပါလာသည့်အတွက် အထူးကိုယ်ရံတော်များအတွက် သင်ယူရန် အချိန်များစွာ မလိုအပ်ဟု လုချန်းယုံကြည်သည်။
......
နံနက် ဆယ်နာရီဝန်းကျင်တွင် အရှေ့ပိုင်းသတင်းစာတိုက်ရှေ့၌ လူများ ပြည့်ကျပ်နေခဲ့သည်။ သတင်းစာများ ရောက်ရှိသည်နှင့် ချက်ချင်း ရောင်းကုန်သွားခဲ့သည်။
သတင်းစာဝယ်သူများ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။
“သတင်းစာထဲမှာ ရေးထားတာတွေက အမှန်လား အလိမ်လား။ ကျွန်တော်တို့ရဲ့ မင်းသားက တကယ်ပဲ လျှပ်စီးကို ထိန်းချုပ်ပြီး မီးအဖြစ် အသုံးပြုနိုင်တာလား”
“မှန်မှာပါ။ မနေ့ညက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တစ်ခုလုံး နေ့ခင်းဘက်လိုပဲ လင်းထိန်နေခဲ့တာ။ မင်းသားစံအိမ်က မြင်းနဲ့ဆွဲစရာမလိုတဲ့ ရထားတွေတောင် တီထွင်နိုင်ခဲ့တာပဲ။ သူတို့ မလုပ်နိုင်တာ ဘာများရှိလို့လဲ။”
“လျှပ်စီးကို ထိန်းချုပ်တာက ထာဝရတန်ခိုးရှင်တစ်ယောက်ရဲ့ စွမ်းအားမဟုတ်ဘူးလား။ ဒါဆို ကျွန်တော်တို့ရဲ့ မင်းသားက ထာဝရတန်ခိုးရှင် ဖြစ်သွားတာလား။”
“ကျွန်တော်တို့ရဲ့ မင်းသားက ကံကြမ္မာရဲ့သားတော်ပဲ။ လျှပ်စီးကို ထိန်းချုပ်တာ ဘာများ အံ့သြစရာရှိလဲ။ တစ်နေ့နေ့မှာ မင်းသားက တောင်တွေ ရွှေ့ပြီး မြေယာဖော်ထုတ်နိုင်ရင်တောင် ကျွန်တော့်အတွက်တော့ ဘာမှ မထူးဆန်းဘူး။”
.......
မိုးရှင်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ရောက်ရှိပြီးနောက် လုချန်းက ကြေးနန်းနှင့် ဘက်ထရီများ၏ လုပ်ဆောင်ချက်များကို သူ့အား ရှင်းပြခဲ့သည်။ ထိုသို့ ရှင်းပြခြင်းက နာရီပေါင်းများစွာ ကြာမြင့်ခဲ့ပြီး နေ့လယ် တစ်နာရီမှသာ မိုးရှင်း စာကြည့်ခန်းမှ ထွက်ခွာသွားခဲ့သည်။
ရှေးခေတ်လူများသည် ဤအရာများကို ယခင်က မကြုံဖူးကြသလို အခြေခံနိယာမများကို သေသေချာချာ မသိကြသောကြောင့် ရှင်းပြရန် အတော်ပင် ခက်ခဲခဲ့သည်။
ပုံမှန်အားဖြင့် စာမကြိုးစားသည့် လုချန်းပင် ပညာရှင်တစ်ဦး အလား ခံစားနေရသည်။ လျှပ်စစ်ဓာတ်အားထုတ်စက်၏ အခြေခံသဘောတရားများ၊ လျှပ်စစ်ဓာတ်အား အကြောင်း၊ ကြေးနန်းစက် အလုပ်လုပ်ပုံ စသည် တို့ကို ရှင်းပြရန် သူသည် ပထမဦးစွာ စနစ်မှ ပေးသော ယင်းတို့၏ အခြေခံသဘောတရားများနှင့် အသုံးပြုနည်းလမ်းညွှန်စာအုပ်များကို လေ့လာခဲ့ရသည်။
ဆိုလိုသည်မှာ ရှေးခေတ်မှ မိုးရှင်းကဲ့သို့သော လူများကို ရှင်းပြနိုင်ရန် သူက ဦးစွာ လေ့လာရန် လိုအပ်ခဲ့ခြင်းဖြစ်သည်။။ ယခင်ဘဝက လုချန်းလည်း ထိုအရာများကို တစ်ခါမှ မကြုံဖူးခဲ့ပေ။ သူ မွေးဖွားချိန်တွင် လူများသည် စမတ်ဖုန်းများပင် အသုံးပြုနေကြပြီဖြစ်၏။ မည်သူက ကြေးနန်းကို အသုံးပြုနေဦးမည်နည်း။
မိုးရှင်း ထွက်ခွာသွားပြီးနောက် လုချန်း ကိုယ်လက်ဆန့်လိုက်ကာ စာကြည့်ခန်းမှ ထွက်လာသည်။ အတော်ပင် ပင်ပန်းနေသည်ဟု သူခံစားရသည်။
သင်ကြားခြင်းသည် စိတ်အလွန် ပင်ပန်းစေသော အရာဖြစ်သည်။
လုချန်း လေပြင်းမိုးတိမ်ဆောင်သို့ နေ့လယ်စာ စားရန် သွားမည်အပြုတွင် အစေခံမလေးတစ်ဦး ပြေးလာကာ
“မင်းသား။ မင်းသမီး ဝူကျန်းဝမ်က ဒီညနေ မင်းသား အချိန်ရရင် လသာတာ အတူကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်တဲ့။”
ထိုစကားကို ကြားသော် လုချန်း ပြုံးလိုက်သည်။
လသာတာ ကြည့်ဖို့လား။
ဘာလကို ကြည့်ရမည်နည်း။
သူသည် စိတ်ကူးယဉ်သမားမဟုတ်သဖြင့် လကြည့်ခြင်း ဆိုသည်ကို နားမလည်ပေ။ ဝူကျန်းဝမ်ကလည်း သူဘယ်လို လူစားဖြစ်သည်ကို ကောင်းစွာသိသည်။ ဝူကျန်းဝမ်၏ အဆောင်သို့ သွားလျှင် လကြည့်ရန်ထက် အတူတူ အချိန်ကုန်ဆုံးရန် ဖြစ်နိုင်ခြေ ပိုများပေသည်။
တကယ်တော့ ဝူကျန်းဝမ် သူ့ကို တွေ့လိုသည့် အခြားအကြောင်းရင်း ရှိနိုင်သည်ဟု လုချန်း သံသယရှိသည်။ ယခင်ညက လျှပ်စစ်မီးများက သူမကို အတော်ပင် အထင်ကြီးစေခဲ့သဖြင့် လျှပ်စစ်အကြောင်း စုံစမ်းချင်ပုံ ရသည်။
.................