အခန်း ၆၆၄-၆၆၆
Vol. 45 Ch. 664-666
အခန်း (၆၆၄)
လရောင်ကြည့်ခြင်း (၂)
အချို့ကိစ္စများ ပေါက်ကြားသွားခြင်းကို လုချန်း သိပ်ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ဝူကျန်းဝမ်အား ပြောပြလျှင်ပင် သူမ လေ့လာသင်ယူနိုင်မည် မဟုတ်ချေ။
ထို့နောက် လုချန်းက
“ကောင်းပြီ။ ဒီည ဘယ်အချိန်မီ လာခဲ့မယ်လို့ သွားပြောလိုက်ပါ။”
“ဟုတ်ကဲ့ မင်းသား။”
.........
ညနေပိုင်းတွင် ဝူကျန်းဝမ်နှင့် မုယုံရွှီတို့ အဆောင်ငယ်ထဲတွင် ထိုင်နေကြသည်။ နေဝင်ချိန်၏ နီရဲသော အလင်းရောင်က သူတို့နှစ်ဦးပေါ်သို့ ကျရောက်နေပြီး ရင့်ကျက်သော အမျိုးသမီးတို့၏ ဆွဲဆောင်မှုနှင့် ပြည့်နှက်နေသည့် အလှတရားကို ပိုမိုထင်ဟပ်စေသည်။
မုယုံရွှီက
“မင်းသမီး။ မင်းသားကို လသာတာကြည့်ဖို့ ဖိတ်ချင်တယ်ဆိုရင် ကျွန်မကိုပါ ခေါ်ထားစရာ မလိုပါဘူး။”
မုယုံရွှီသည် လုချန်းကို အလွန်နားလည်သည်။ လုချန်းတွင် ထိုသို့အပန်းဖြေသည့် အကျင့် ရှိမည်မဟုတ်ဟု သူမယုံကြည်သည်။
လုချန်း၏ ရှေ့တွင် မည်မျှပင် လှပသော မြင်ကွင်းရှိစေကာမူ မရှိသကဲ့သို့ပင်။ လုချန်း၏ မျက်လုံးများက လှပသော အမျိုးသမီးများအပေါ်တွင်သာ ထာဝရ ရှိနေခဲ့သည်။
လုချန်းကို သူတို့၏ အဆောင်သို့ ဖိတ်ခြင်းသည် ဝံပုလွေကို အိမ်တွင်းသို့ ခေါ်သွင်းသလို ဖြစ်မည်။ ယနေ့ညတွင် ဝူကျန်းဝမ်အတွက် အိပ်စက်ရန် အချိန်ရနိုင်ဖွယ် မရှိ တော့ပေ။ မုယုံရွှီသည် သူတို့ကိစ္စများတွင် မပါဝင်လိုပေ။
မုယုံရွှီသည်လည်း လုချန်း၏ ချစ်ခြင်းမေတ္တာမရှိပဲ မနေနိုင်တော့သော်လည်း သူမသည် သာမန်လူတစ်ဦးဖြစ်ပြီး ယောက်ျားများအကြောင်းကို နေ့စဉ် တွေးနေတတ်သူ မဟုတ်ပေ။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ပြောင်းရွှေ့လာပြီး ကတည်းက လုချန်းနှင့် တစ်ကြိမ်ရင်းနှီးပြီးနောက် သူမသည် အတော်ကြာအောင် လိုအင်ဆန္ဒမရှိပဲ နေနိုင်ခဲ့သည်။
ဝူကျန်းဝမ်က စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကောက်ယူကာ လက်ဖက်ရည်ကို ဖြည်းညှင်းစွာ သောက်ရင်း
“တို့နှစ်ယောက်က တစ်ဆောင်တည်းနေတာဆိုတော့ မင်းလည်း အတူတကွ ပါဝင်သင့်တာပေါ့။”
ယခင်တစ်ကြိမ်တွင် လုချန်းထံ လဝက်ကြာ အဆက်မပြတ် သင်ကြားခံရပြီးနောက် ဝူကျန်းဝမ်သည် စိတ်ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ သူမ ပို၍ ဉာဏ်ကောင်းလာပုံရသည်။ မုယုံရွှီလည်း သူမ၏ အဆောင်တွင် ရှိနေသည်ဖြစ်သဖြင့် လုချန်းနှင့် တွေ့ဆုံရန် မုယုံရွှီကိုပါ အဘယ်ကြောင့် မခေါ်ထားရမည်နည်း။
ဝူကျန်းဝမ်၏ စကားကို ကြားသောအခါ မုယုံရွှီ ခဏမျှ ကြောင်သွားခဲ့သည်။
ဝူကျန်းဝမ်၏ စကားက မည်သို့ အဓိပ္ပာယ်သက်ရောက်သနည်း။
သူမကိုလည်း ထိုသို့သော ကိစ္စများတွင် ပါဝင်ပတ်သက်စေလိုခြင်းလား။
အလွန်အမင်း ရယ်စရာကောင်းလှသည်...
သူမသည် ထိုသို့သော အမျိုးသမီးမျိုး မဟုတ်ပေ။
ထိုအချိန်တွင် အဆောင်အတွင်းရှိ အစေခံများ လကြည့်ပွဲအတွက် ပြင်ဆင်ရန် စတင်လုပ်ကိုင်ကြသည်။
မကြာမီ လသာဆောင်ကို အလှဆင်ပြီးစီးခဲ့ပြီး အစေခံမလေးများက လက်ဖက်ရည်နှင့် မုန့်များကို ပြင်ဆင်ကာ အဆောင်အတွင်းသို့ ဗျပ်စောင်းတစ်ခုကိုလည်း သယ်ဆောင်လာကြသည်။
နေဝင်ပြီး ညချမ်းအချိန် ကျရောက်လာသောအခါ လပြည့်ဝန်းသည် ကောင်းကင်ယံ၌ လှပစွာ ထွန်းလင်းလာသည်။
ထိုအချိန်တွင် ဝူကျန်းဝမ်၏ လက်ချောင်းများက ဗျပ်စောင်းကိုညင်သာစွာ ပွတ်သပ်လိုက်ပြီး တီးခတ်တော့သည်။
မကြာမီပင် လုချန်း အဆောင်ဝင်းတံခါးဝတွင် ပေါ်လာသည်။ အဆောင်ငယ်အတွင်းရှိ များစွာသော ပြင်ဆင်ထားမူများကို မြင်သောအခါ လုချန်း ပြုံးလိုက်မိသည်။ ဝူကျန်းဝမ်သည် တစ်စထက်တစ်စ ကျွမ်းကျင်လာပြီး ဤမျှလောက် အဆင့်မြင့်သော နိဒါန်းပျိုးမှုကို ပြုလုပ်နိုင်လာသည်ဟု သူ့စိတ်ထဲတွင် တွေးမိသည်။
လုချန်း အဆောင်အတွင်းသို့ ဝင်လာသည်ကို ဝူကျန်းဝမ် သတိပြုမိသော်လည်း သူမ၏ လက်ချောင်းများ၏ နှစ်လိုဖွယ် လှုပ်ရှားမှုများကို မရပ်တန့်ခဲ့ချေ။ တူရိယာသံသည် အဆောင်အတွင်း၌ ဆက်လက် ပဲ့တင်ထပ်နေခဲ့သည်။
လုချန်းသည် အဆောင်ငယ်အတွင်း၌ တိတ်ဆိတ်စွာ ထိုင်ချလိုက်ပြီး မုယုံရွှီက ချက်ချင်းပင် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။ သူတို့နှစ်ဦးစလုံး စကားမပြောပဲ ဝူကျန်းဝမ်၏ တီးခတ်မှုကိုသာ တိတ်ဆိတ်စွာ နားထောင်နေကြသည်။
ဂီတသံ ရပ်တန့်သွားသည်။
ဝူကျန်းဝမ်က လုချန်းဘက်သို့ ကြည့်လိုက်ပြီး
“မင်းသား။ ကျွန်မရဲ့ လက်သံက ဘယ်လိုလဲ။”
လုချန်းက
“နားထောင်လို့ ကောင်းပါတယ်။ ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ကို သတိရစေပါတယ်”
ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဝူကျန်းဝမ်က
“မင်းသား ပြောတဲ့ မိတ်ဆွေက အမျိုးသမီးတစ်ယောက်များလား။”
လုချန်းက ပြုံးလျှက်
“မင်းသမီး ဝူကျန်းဝမ်က တကယ်ကို ထက်မြက်ပါတယ်။”
ဝူကျန်းဝမ်က
“မင်းသားရဲ့ ဘယ်ချစ်ရတဲ့ အမျိုးသမီး မိတ်ဆွေက မင်းသားအပေါ် ဒီလို မမေ့နိုင်စရာ စွဲလမ်းမှုမျိုး ချန်ထားခဲ့နိုင်တာလဲလို့ သိချင်မိပါတယ်။”
လုချန်းက လက်ဖက်ရည်ခွက်ကို ကောက်ယူကာ လက်ဖက်ရည် တစ်ငုံသောက်ပြီး ပြုံးလျှက်
“မကြာခင်မှာ သူနဲ့ တွေ့ရပါလိမ့်မယ်။”
ဝူကျန်းဝမ်က
“ဪ။ တကယ်လား။ မင်းသားအပေါ် ဒီလို မမေ့နိုင်စရာ အမှတ်ရစရာတွေ ချန်ထားခဲ့နိုင်တာ ဘယ်လို လှပတဲ့ အမျိုးသမီးမျိုးလဲဆိုတာ ကျွန်မတကယ်ပဲ ကိုယ်တိုင် မြင်ချင်မိပါတယ်။”
လုချန်းက ပြုံးပြီး ဘာမှ မပြောပေ။
ထိုအချိန်တွင် ဝူကျန်းဝမ်က မုယုံရွှီဘက်သို့ လှည့်ကာ
“ရွှီက စောင်း၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီပညာတွေမှာ ကျွမ်းကျင်တယ်လို့ ကြားသိရပါတယ်။ ကျွန်မတို့ နားထောင်ဖို့ သီချင်းတစ်ပုဒ် တီးပေးပါလား။”
မုယုံရွှီ စိတ်ထဲတွင် အနည်းငယ် မတက်မကြွ ဖြစ်နေခဲ့သည်။ ဝူကျန်းဝမ်သည် ယောက်ျားကို တောင့်တသူဖြစ်ပြီး လုချန်းကို ဤနေရာသို့ ဆွဲဆောင်လာခဲ့ပြီးမှ ယခုလုချန်းရှေ့တွင် သူမအား ဖျော်ဖြေစေလိုနေသည်။
မတက်ကြွသေည်လည်း မုယုံရွှီက
“ဒါဆို နှိမ့်ချစွာပဲ ကျွန်မရဲ့ ပညာကို ပြသပါရစေ။”
ထို့နောက် ဝူကျန်းဝမ်သည် ထပြီး မုယုံရွှီနှင့် နေရာလဲလိုက်သည်။ မုယုံရွှီသည် ဗျပ်စောင်းရှေ့တွင် ထိုင်လိုက်ပြီး သူမ၏ နုနယ်သော လက်ချောင်းများဖြင့် ကြိုးများကို စတင်တီးခတ်လိုက်သည်။ စောင်း၏ သာယာသောအသံသည် အဆောင်ဝင်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ထိုအခိုက်တွင် ဝူကျန်းဝမ်က
“ဒီနေ့ညရဲ့ လက အလွန်လှပပါတယ်။ လမင်းကြီးကို ကြည့်ပြီး ကဗျာရွတ်ဖို့ အချိန်ကောင်းပဲ။ မင်းသား ဘယ်လိုထင်လဲ”
လုချန်း ရယ်မောလိုက်ပြီးနောက်
“မင်းသမီး ကျန်းဝမ်။ ကျွန်တော်က သာမန်လူတစ်ယောက်ပါ။ ဒါကြောင့် ကဗျာနဲ့ လကြည့်တာတွေကို မခံစားတတ်တာ ခွင့်လွှတ်ပေးပါ။”
“မင်းသမီးက ကျွန်တော့်ကို ဒီကို ခေါ်တာ ဆွေးနွေးစရာတစ်ခုခု ရှိလို့ ဖြစ်ရမယ် မဟုတ်လား။ ပွင့်ပွင့်လင်းလင်းပဲ ပြောပါလား။”
ဝူကျန်းဝမ်က
“မင်းသားက တကယ်ကို မစောင့်နိုင်ဘူးနော်။”
ဟု မှတ်ချက်ပြုလိုက်သည်။
လုချန်းတွင် စိတ်ကူးယဉ်ဆန်သော အတွေးများ ရှိလိမ့်မည်ဟုလည်း ဝူကျန်းဝမ် မျှော်လင့်ထားခြင်း မရှိပါ။ ထို့ကြောင့် သူမက တိုက်ရိုက် မေးလိုက်သည်
“မင်းသားက လျှပ်စီးရဲ့ စွမ်းအားကို ဘယ်လို ထိန်းချုပ်တာလဲဆိုတာ သိချင်ရုံသက်သက်ပါ။ ကျွန်မ သိသလောက်ဆို ထာဝရတန်ခိုးရှင်တစ်ပါးမှသာ ဒီလိုနည်းလမ်းတွေ ရှိတာပါ။”
လုချန်းက ပြုံးလျှက် ပြန်မေးလိုက်သည်။
“ဒီမေးခွန်းကို မေးဖို့ပဲ ကျွန်တော့်ကို လကြည့်ဖို့ ဖိတ်တာလား။”
ဝူကျန်းဝမ်က
“မင်းသားနဲ့အတူ လရောင်ခံစားပြီး စကားပြောချင်တာ အမှန်ပါ။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက မင်းသားက ဒီအလှတရားကို နားမလည်ဘူးထင်ပါတယ်။”
ထို့နောက် လုချန်း အနည်းငယ်ရွေ့လျားသွားပြီး ဝူကျန်းဝမ်ဘေးတွင် ထိုင်လိုက်ကာ သူမနှင့် လက်ချင်း ထိလိုက်သည်။
လုချန်း ရုတ်တရက် နီးကပ်လာသည်ကို မြင်သော် ဝူကျန်းဝမ်၏ ခန္ဓာကိုယ်လည်း အလိုလျောက်ရွေ့သွားပြီး လုချန်းနှင့် အကွာအဝေးတစ်ခုထားရန် ကြိုးစားသည်။ မမျှော်လင့်ပဲ လုချန်းက သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ဘက်သို့ ဆွဲကာ ခါးကိုဖက်လိုက်သည်။
စောင်းတီးနေသော မုယုံရွှီပင် အံ့အားသင့်သွားသည်။ ဝူကျန်းဝမ်သည် တကယ်ပင် ထူးဆန်းသူပါလား။
ယောက်ျားနှင့် နေချင်လျှင် လုချန်းကို သူမ၏အခန်းသို့ တိုက်ရိုက်ဖိတ်ခေါ်နိုင်သည်။ အဲ့ဒီအစား လကြည့်ခြင်းကို အကြောင်းပြချက်အဖြစ် ပုံဖော်ခဲ့သည်။
ဘာလကို ကြည့်ရမည်နည်း။ ဤသားရဲ လုချန်း ရောက်လာသည်နှင့် တပြိုင်နက် သူမကိုကိုင်တွယ်နေပြီ မဟုတ်ပါလား။
ဝူကျန်းဝမ်က ထိတ်လန့်ခြင်း ရုန်းကန်ခြင်းမရှိပဲ
“မင်းသား ဘာလုပ်နေတာလဲ။”
လုချန်းက သူမနားနား ကပ်၍
“လကို ကြည့်တာထက် လူတွေကို ကြည့်ရတာ ပိုကြိုက်တယ်”
ဟု တိုးတိုးလေး ပြောလိုက်သည်။
ထို့နောက် လုချန်းက ချက်ချင်း လှုပ်ရှားခြင်းမပြုသေးပဲ ဆက်ပြောလိုက်သည်။
“ကမ္ဘာတိုင်းမှာ သူ့ရဲ့ ကိုယ်ပိုင် စည်းမျဉ်းတွေနဲ့ ပုံစံတွေ ရှိပါတယ်။ အရာအားလုံးကို ထိန်းချုပ်ထားတဲ့ နိယာမတွေကို ရှာဖွေတွေ့ရှိလိုက်တာနဲ့ ဒီကမ္ဘာမှာ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အရာတွေ မကြားဖူးတဲ့ အရာတွေကို ဖန်တီးနိုင်ပါတယ်။ ဥပမာ မြောက်ပိုင်းပြည်နယ်ရဲ့ ရထားတွေနဲ့ အမြောက်တွေလိုမျိုးပေါ့။”
“လျှပ်စီးကို ထိန်းချုပ်တာလည်း အတူတူပါပဲ။”
ဝူကျန်းဝမ်က ဆက်မေးလိုက်သည်။
“မင်းသားက နိယာမတစ်ခုခုကို ရှာဖွေတွေ့ရှိထားတယ်လို့ ဆိုလိုတာလား။ အဲဒီနိယာမနဲ့ပဲ လျှပ်စီးရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်တာလား”
လုချန်းက ပြုံးလျှက်
“ပြောမယ်ဆိုရင်တော့ ဟုတ်ပါတယ်။”
ဝူကျန်းဝမ် တိတ်ဆိတ်သွားခဲ့သည်။
ယခုအခါ အေးမြသောလရောင်သည် ကမ္ဘာလောကကို လွှမ်းခြုံထားပြီး ဝူကျန်းဝမ်အပေါ် သန့်ရှင်းသော စင်ကြယ်သော အလင်းများ ပေးစွမ်းနေကာ သူမ၏ ဂုဏ်သိက္ခာရှိပြီး ကြော့ရှင်းသော အမူအရာသည် လုချန်း၏ တပ်မက်မှုများကို နှိုးဆွပေးခဲ့သည်။
ဝူကျန်းဝမ် စကားပြောတော့မည် အပြုတွင် လုချန်းက သူမကို ရုတ်တရက် မြှောက်လိုက်ပြီး အဆောင်ငယ်ထဲရှိ တိုင်တစ်ခုတွင် သူမ၏ လက်မောင်းများကို ဖိကပ်ထားလိုက်သည်။
ဝူကျန်းဝမ် တောင့်ခနဲ ဖြစ်သွားပြီး ကန့်ကွက်ရန် ပြင်လိုက်စဉ် စုတ်ပြဲသံတစ်ခုကို ကြားလိုက်ရသည်။ နောက်တစ်ခဏတွင် လုချန်းက သူမ၏ နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းများဖြင့် ပိတ်လိုက်သည်။
လရောင်အောက် အဆောင်ငယ်အတွင်း၌ စောင်းသံသည် အနှောင့်အယှက်မရှိ ထွက်ပေါ်နေခဲ့သည်။
မြင်ကွင်းကို မျက်မြင်တွေ့ရှိနေရသော မုယုံရွှီလည်း ထွက်ပြေးချင်စိတ် ပြင်းပြနေခဲ့သည်။ သို့သော် သူမသည် ယခုတီးခတ်ခြင်းကို ရပ်လိုက်ပါက သူမပါ ပစ်မှတ်ဖြစ်လာနိုင်သည်ဟု ခံစားမိသည်။
မုယုံရွှီ စိတ်ထဲတွင်
“တကယ်ပဲ မျက်နှာပြောင်တိုက်တဲ့ ခွေးနှစ်ကောင်ပါလား”
ဟု ကျိန်ဆဲလိုက်သည်။
လသည် တဖြည်းဖြည်း ခေါင်မိုးပေါ်သို့ ရွေ့လျားလာပြီး လေထုထဲတွင် မြူဆိုင်းလာသည်ကို မည်သူမှ မသိပါ။ သစ်ရွက်များပေါ်တွင် မြူများစုပြုံလာပြီး ထိုမှတဆင့် ရေစက်များအဖြစ် မြေကြီးပေါ်သို့ ကျရောက်ကာ မြေကြီးကို စိုစွတ်စေသည်။
လုချန်းက ဝူကျန်းဝမ်နားနား ကပ်၍
“မင်းအတွက် သတင်းကောင်းရှိတယ်။”
ဝူကျန်းဝမ်က ဝေဝါးစွာဖြင့်
“ဘာသတင်းကောင်းလဲ။”
လုချန်းက ပြုံးလျှက်
“မနေ့ညက ယောင်ယောင်နဲ့ နန်ရန် နှစ်ယောက်စလုံး ကိုယ်ဝန်ရှိသွားပြီ။ တစ်ယောက်က ထိပ်သီးတစ်ဝက် အဆင့်၊ နောက်တစ်ယောက်က ထိပ်သီးပညာရှင် ဖြစ်နေပြီ။”
ဝူကျန်းဝမ်က ဇဝေဇဝါဖြင့်
“အဲဒါ ဘာနဲ့ ပတ်သက်နေလို့လဲ...”
စကားမဆုံးမီ ဝူကျန်းဝမ် ရုတ်တရက် သတိပြန်ဝင်လာပြီး လုချန်း၏ ဆိုလိုရင်းကို နားလည်သွားသည်။
သူသည် သိုင်းပညာရှင်နှစ်ဦးကို ကိုယ်ဝန်ရစေနိုင်ကြောင်း သူမအား သတိပေးနေခြင်းဖြစ်ပြီး ဝူကျန်းဝမ်အား ချက်ချင်း ရုန်းကန်လာစေသည်။
သို့သော် သူမ၏ ခုခံအားထုတ်မှုများမှာ အချည်းနှီးပင်။
အမှောင်က ပိုမိုနက်ရှိုင်းလာသည်။ စောင်းသံသည် လေထဲတွင် လွင့်ပျံ့နေပြီး သတ္တဝါများ၏ အော်သံများနှင့် ပေါင်းစပ်ကာ ပြည့်စုံသော သံစုံတီးဝိုင်းတစ်ခုကို ဖန်တီးနေခဲ့သည်။
.......
နောက်တစ်လအတွင်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် လျှပ်စစ်ကို အသုံးပြုနိုင်ကြောင်း သတင်းသည် မြောက်ပိုင်းပြည်နယ်တစ်ဝန်းလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး အခြားနိုင်ငံများသို့ပင် ရောက်ရှိသွားခဲ့သည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သည် လျှပ်စီးကို ထုတ်လုပ်နိုင်ရုံသာမက အလင်းရောင်နှင့် အပူပေးခြင်းအတွက်ပါ အသုံးပြုနိုင်သည်ကို ကြားသိသောအခါ နိုင်ငံကြီးများ အံ့အားသင့်ခဲ့ကြသည်။
အမျိုးမျိုးသော အဖွဲ့အစည်းများက မြောက်ပိုင်းနယ်စားမင်းသား မည်သို့ လျှပ်စစ်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ခဲ့သည်ကို သိရှိရန် သူလျှိုများကို စေလွှတ်ခဲ့ကြရာ ရန်ခရိုင်ရှိ အထူးကိုယ်ရံတော်များ ပြန်လည် အလုပ်များလာခဲ့သည်။
.............
အခန်း (၆၆၅)
ရှနိုင်ငံတော်မှ သိုင်းပညာရှင်များ ပျောက်ဆုံးခြင်း (၁)
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။
လေပြင်းမိုးတိမ်ဆောင်။
လုချန်း နေထိုင်ရာ လေပြင်းမိုးတိမ်ဆောင်သည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် အကြီးဆုံး အဆောင်ဖြစ်သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း လုချန်းသည် အဆောင်၏ အစိတ်အပိုင်းတစ်ခုကို လယ်ကွက်ငယ်လေးအဖြစ် ပြောင်းလဲရန် အမိန့်ပေးခဲ့သည်။
ထို့နောက် စိတ်ဝိညာဉ်ဆန်အချို့ကို ထိုနေရာတွင် စိုက်ပျိုးခဲ့သည်။
လုချန်းတစ်ယောက် လယ်ကွက်ငယ် နားတွင် ဟိုဟိုဒီဒီ လှည့်ပတ်နေသည်ကို မြင်သောအခါ မုကျိရွှမ်းက သူ့အနီးသို့ စူးစမ်းလိုစိတ်ဖြင့် ချဉ်းကပ်လာပြီး
“မင်းသား။ ဒီမှာ ဘာတွေ စိုက်ပျိုးနေတာလဲ။”
လုချန်းက
“ဆန်တစ်မျိုးပါ။”
လုချန်းက ဆန်ဖြစ်သည်ဟု ပြောသည်ကို ကြားသော် မုကျိရွှမ်းလည်း လုချန်း အဘယ်ကြောင့် လယ်ကွက်ငယ်လေးကို နေ့စဉ် အကြိမ်ကြိမ် စစ်ဆေးသည်အထိ အနီးကပ် ဂရုစိုက်နေရသည်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။
“ဒီဆန်မှာ ထူးခြားတာ တစ်ခုခုများ ရှိလို့လား။”
ဟု မုကျိရွှမ်းက ထပ်မေးလိုက်သည်။
လုချန်းက မုကျိရွှမ်းဘက်သို့ လှည့်ကြည့်ကာ ပြုံးလျှက်
“ဟုတ်ပါတယ်။ သာမန်ဆန်ဆိုရင်တော့ ကိုယ် ကိုယ်တိုင် စိုက်ပျိုးပြီး ဂရုစိုက်နေမှာ မဟုတ်ပါဘူး။”
ထိုစကားကို ကြားသော် မုကျိရွှမ်းလည်း ဤဆန်၏ ထူးခြားချက်ကို ပို၍ စူးစမ်းချင်စိတ်ဖြစ်လာရင်း နဂါးဖီးနစ်ပင်ကို ရုတ်တရက် သတိရလိုက်သည်။
ဤဆန်သည် ထူးခြားပြီး သူ ကိုယ်တိုင် ပြုစုပျိုးထောင်ရန် လိုအပ်သည်ဟု လုချန်း ပြောခဲ့သဖြင့် ဤဆန်သည်လည်း နဂါးဖီးနစ်ပင်ကဲ့သို့ပင် ထာဝရတန်ခိုးရှင်တစ်ပါးက ပေးခဲ့ခြင်း ဖြစ်နိုင်သည်။
ထာဝရတန်ခိုးရှင်တစ်ပါးက ပေးခဲ့ခြင်းဖြစ်ပါက လျှို့ဝှက်ချက်များ ပေါက်ကြားခြင်းမှ ရှောင်ရှားရန် အများကြီး မမေးမြန်းခြင်းက ပိုကောင်းပေသည်။
ထိုသို့ တွေးကာ မုကျိရွှမ်း ဆက်လက် စုံစမ်းခြင်း မပြုတော့ပေ။ သူမ ဆက်လက် မမေးမြန်းသည်ကို မြင်သောအခါ လုချန်းက ပြုံးလျှက်
“ကိုယ့်ရဲ့ မိဖုရားက ဒီဆန်ရဲ့ ထူးခြားချက်ကို မသိချင်ဘူးလား။”
မုကျိရွှမ်းက ဖြူစင်စွာ ပြုံးလိုက်ပြီး
“ဒီဆန်က မင်းသား ကိုယ်တိုင် ဂရုစိုက်ရလောက်အောင် တန်ဖိုးရှိတယ်ဆိုရင်တော့ တကယ်ပဲ အဖိုးတန်မှာပါ။ မင်းသားရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားခြင်းကနေ ရှောင်ရှားဖို့ ကျွန်မက အများကြီး မမေးတာ ပိုကောင်းပါတယ်။”
မုကျိရွှမ်း၏ စကားကို ကြားသောအခါ လုချန်းက ပြုံးလျှက်
“အဖိုးတန်လား မဖိုးတန်လားဆိုတာ ပေါက်လာမှပဲ သိရမှာပါ။”
စနစ်က စိတ်ဝိညာဉ်ဆန်ကို စိတ်ဝိညာဉ်စွမ်းအင် အတော်အတန် ကြွယ်ဝသည့် နေရာတွင် စိုက်ပျိုးရန် လိုအပ်သည်ဟု အကြံပေးထားပြီးဖြစ်သည်။ နဂါးဖီးနစ်ပင် ရှိနေခြင်းကြောင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ စိတ်ဝိညာဉ်စွမ်းအင်သည် အပြင်ဘက်ထက် အနည်းငယ် ပိုမို ကြွယ်ဝသော်လည်း ဤစွမ်းအားပမာဏသည် စိတ်ဝိညာဉ်ဆန်များ ကြီးထွားရန် လုံလောက်မည်မဟုတ်ဟု လုချန်း ယူဆသည်။
သို့သော်လည်း ဤကမ္ဘာတွင် စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝသော နေရာများစွာ မရှိသောကြောင့် စမ်းသပ်စိုက်ပျိုးကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုစိတ်ဝိညာဉ်ဆန်စေ့ သုံးပြည်ကို အသုံးမပြုပဲ ထားခြင်းက အဓိပ္ပာယ်မရှိချေ။ သိမ်းထားခြင်းထက် စိုက်ပျိုးကြည့်ခြင်းက ပိုကောင်းသည်။ ထို့ပြင် အောင်မြင်စွာ ပေါက်ရောက်လာနိုင်ခြေလည်း အနည်းငယ် ရှိသည်။
ထိုစဉ် အစေခံမလေးတစ်ဦး ဆောင်အတွင်းသို့ ဝင်လာကာ
“မင်းသား။ တပ်မှူးလျှံ တွေ့ခွင့်တောင်းပါတယ်။”
ထိုစကားကို ကြားပြီး တစ်ခွန်းမှ မပြောတော့ပဲ လုချန်း စာကြည့်ခန်းသို့ ချက်ချင်းတန်းသွားခဲ့သည်။
စာကြည့်ခန်းသို့ ဝင်ရောက်ပြီးနောက် လျှံဇွန်းက ဦးစွာ အရိုအသေပြုပြီးနောက် သူယူဆောင်လာသော ထောက်လှမ်းရေး အစီရင်ခံစာများကို လုချန်းအား ချက်ချင်း ပေးအပ်ကာ
“နေပြည်တော်မှာ မကြာသေးခင်က အခြေအနေတွေ မတည်မငြိမ် ဖြစ်နေပါတယ်။ မင်းသား အတော်များများ လုပ်ကြံခံရတာတွေ ရှိခဲ့ပြီး အိမ်ရှေ့မင်းသားတောင် လုပ်ကြံဖို့ ကြိုးစားတာခံခဲ့ရပါတယ်။”
“ နောက်ပြီး ရှနိုင်ငံတော်ရဲ့ ခရိုင်အတော်များများမှာ သိုင်းပညာရှင် အများအပြား ပျောက်ဆုံးနေပြီး သူတို့ ဘယ်ရောက်သွားလဲဆိုတာ မသိရပါဘူး။”
လျှံဇွန်း၏ အစီရင်ခံချက်ကို နားထောင်ပြီး လက်ထဲရှိ ထောက်လှမ်းရေး အစီရင်ခံစာများကို ဖတ်ရှုရင်း လုချန်း၏ မျက်ခုံးများ အနည်းငယ် တွန့်သွားခဲ့သည်။
နေပြည်တော်တွင် အာဏာလုပွဲများ တိုးလာခြင်းမျှသာဆိုလျှင် သူ နားလည်နိုင်ပေသည်။ သူ၏ ဖခင်ဖြစ်သူ ဧကရာဇ်က သေလုမြောပါး ဖြစ်နေဟန်ဆောင်နေသဖြင့် မင်းသားများသည် ထီးနန်းအတွက် ယှဉ်ပြိုင်ရန် မထိန်းနိုင်မသိမ်းနိုင် ဖြစ်နေကြခြင်းသာ ဖြစ်သည်။
လုချန်းကို တကယ်ပင် နားမလည်နိုင် ဖြစ်စေသည်က ရှနိုင်ငံတော်၏ ခရိုင်အနှံ့အပြားမှ သိုင်းပညာရှင်များ ပျောက်ဆုံးမှု ဖြစ်သည်။
ထောက်လှမ်းရေး အစီရင်ခံစာများအရ ပျောက်ဆုံးနေသော ခရိုင်များမှ သိုင်းပညာရှင်များ အားလုံးနီးပါးသည် အဆင့် ငါး သို့မဟုတ် ထိုထက် မြင့်မားသူများ ဖြစ်ကြသည်။
အဆင့်ငါး သိုင်းပညာရှင်များသည် မြောက်ပိုင်းပြည်နယ်တွင် အများအပြား ရှိနေသော်လည်း ရှနိုင်ငံတော်၏ ကျယ်ပြန့်သော နယ်မြေမှ လူဦးရေနှင့်ယှဉ်လျှင် အလွန်များပြားသည်ဟု မဆိုနိုင်ပေ။
ထို့အပြင် ပျောက်ဆုံးသူများထဲတွင် အဆင့်ငါး သိုင်းပညာရှင်များသာမက အဆင့်ကိုး သိုင်းပညာရှင်များလည်း ပါဝင်သည်။ အဆင့်ကိုးသို့ ရောက်ရှိသူများသည် ပုံမှန်အားဖြင့် သူတို့နောက်ကွယ်တွင် အဖွဲ့အစည်းများ၊ အာဏာရှိ မိသားစုများ သို့မဟုတ် မြေပိုင်ရှင်ကြီးများကဲ့သို့သော အင်အားကြီးမားသည့် အင်အားစုများ ရှိတတ်သည်။
တစ်စုံတစ်ယောက်က အဆင့်ကိုး သိုင်းပညာရှင်များကို ပစ်မှတ်ထားနေပါက သူတို့နောက်ကွယ်ရှိ အင်အားစုများက လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ သို့သော် ယခုပုံစံက တစ်ဦးတစ်ယောက်တည်းကို ပစ်မှတ်မထားပဲ အဖွဲ့အစည်းတစ်ခုက အားလုံးကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။
အထူးကိုယ်ရံတော်၏ အစီရင်ခံစာများအရ ပျောက်ဆုံးမှုများတွင် တူညီသော ပုံစံတစ်မျိုးရှိသည်။ သူတို့အားလုံးသည် အဆင့် ငါးသို့မဟုတ် ထိုထက် အဆင့်မြင့်သူများ ဖြစ်ကြသည်။ သိုင်းဂိုဏ်းမရွေး၊ လက်နက်ကိုင်အဖွဲ့မရွေး အားလုံးနီးပါး ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့သည်။
ပျောက်ဆုံးမှုများသည် ယခုအခါ ရှနိုင်ငံတော် နယ်နိမိတ်အတွင်းရှိ အဓိက အင်အားစုများအကြား ထိတ်လန့်မှုကို ဖြစ်စေခဲ့သည်။ ပုံမှန်အားဖြင့် ထိုအင်အားစုများသည် ပုန်ကန်သော နယ်စားများကို မကြောက်ရွံ့ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မည်သည့်အချိန်တွင်မဆို အောင်နိုင်သူဘက်သို့ ကူးပြောင်းနိုင်သောကြောင့် ဖြစ်သည်။
သို့သော် ယခုအခါတွင် အားလုံးကို ခွဲခြားမှုမရှိပဲ ပစ်မှတ်ထားသည့် အင်အားစုတစ်ခု ပေါ်ထွက်လာခဲ့ပြီး ထိုအင်အားစုအကြောင်း သူတို့ လုံးဝနားမလည်ကြပေ။
ဤလျှို့ဝှက်အင်အားစုနှင့် ညှိနှိုင်း၍ပင် မရနိုင်ပဲ သူတို့၏ လူများ တစ်ဦးပြီးတစ်ဦး ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေရသည်။ ဤအရာက သူတို့အား ကြောက်ရွံ့မှု မဖြစ်စေပဲ နေမည်မဟုတ်ပေ။
ထိုအချိန်တွင် လုချန်းက
“ဘယ်သူ လုပ်တာလဲဆိုတာ ရှာတွေ့ပြီလား။”
လျှံဇွန်းက
“မတွေ့သေးပါဘူး။ အထူးကိုယ်ရံတော် အဖွဲ့က သဲလွန်စတစ်ခုတောင် မတွေ့သေးပါဘူး။ အဲဒီသိုင်းပညာရှင်တွေက လေထဲမှာ ပျောက်ကွယ်သွားသလိုပါပဲ။”
လုချန်း အတွေးထဲ နစ်မြောသွားခဲ့သည်။ အထူးကိုယ်ရံတော်၏ ထောက်လှမ်းမှုကိုပင် ရှောင်လွှဲနိုင်သူကား မည်သူ ဖြစ်နိုင်မည်နည်း။
လျှံဇွန်းက ဆက်လက်၍
“နောက်ပြီး ကျွန်တော်တို့လူတွေထဲက အတော်များများလည်း သဲလွန်စမကျန်ပဲ ပျောက်ဆုံးသွားပါပြီ။”
အထူးကိုယ်ရံတော် အဖွဲ့အတွင်း၌ အဆင့်ငါး သိုင်းပညာရှင်များစွာ ရှိသည်။ ပစ်မှတ်ထားခြင်းသည် အဆင့်ငါးနှင့် အထက်ကို ဦးတည်ထားသည့်အတွက် အထူးကိုယ်ရံတော်များလည်း တိုက်ခိုက်ခံရခြင်းတွင် ပါဝင်ခဲ့သည်။
လုချန်း၏ မျက်ခုံးများ ထပ်မံ မြင့်တက်လာပြီး နဖူးတွင် အရေးအကြောင်းများ ပေါ်လာသည်။
အထူးကိုယ်ရံတော် အဖွဲ့ဝင်များပင် ပျောက်ကွယ်သွားခဲ့သည်။
ဘယ်သူလုပ်တာလဲ။
လုချန်းက
“ဆက်ပြီး စုံစမ်းပါ။ ဒီကြားထဲမှာ အဆင့်ငါးနဲ့ အထက် အထူးကိုယ်ရံတော် အဖွဲ့ဝင်အားလုံး လျှို့ဝှက်နေပြီး ဘာလှုပ်ရှားမှုမှ မလုပ်ရဘူး။ အဆင့်ငါးအောက်က လူတွေကို အခြေအနေကို စုံစမ်းခိုင်းပါ။”
လျှံဇွန်းက
“နားလည်ပါပြီ။”
လုချန်းက ဆက်ပြောသည်။
“အခု ဒီထောက်လှမ်းရေး အစီရင်ခံစာကို ပညာရှိကြီးဆီ ပေးလိုက်ပါ။”
.................
အခန်း (၆၆၆)
ရှနိုင်ငံတော်မှ သိုင်းပညာရှင်များ ပျောက်ဆုံးခြင်း (၂)
လျှံဇွန်းသည် လုချန်း၏ လက်ထဲမှ ထောက်လှမ်းရေး အစီရင်ခံစာကို ယူကာ လက်သီးဆုပ်၍ ဂါရဝပြုပြီး
“ကျွန်တော့်ကို ခွင့်ပြုပါ။”
လျှံဇွန်း ထွက်သွားပြီးနောက် လုချန်းလည်း သူ၏ စာရေးစားပွဲတွင် ထိုင်ကာ အတွေးထဲ နစ်မြောသွားခဲ့သည်။
အဆင့်ငါးနှင့်အထက် သိုင်းပညာရှင်များကို တိကျစွာ ပစ်မှတ်ထားနေသူသည် မည်သူ ဖြစ်မည်နည်း။
အခြား နိုင်ငံများတွင်လည်း အလားတူ ဖြစ်ရပ်များ ဖြစ်ပွားနေသလားဟု သူ တွေးမိသည်။
ထိုသို့ တွေးမိပြီး လုချန်းက အစေခံမလေးအား ချက်ချင်း
“ရှောင်ဟွမ်။ ဝမ်မိန်းကလေးကို စာကြည့်ခန်းကို လာဖို့ သွားခေါ်လိုက်။ မင်းသားမှာ အရေးကြီးကိစ္စ ဆွေးနွေးစရာ ရှိတယ်လို့ ပြောလိုက်။”
“ဟုတ်ကဲ့ မင်းသား။”
မကြာမီပင် ဝမ်ချင်းစီ စာကြည့်ခန်းတွင် ပေါ်လာသည်။ ဝင်ရောက်လာသည်နှင့် စားပွဲပေါ်ရှိ မြေပုံကို စိုက်ကြည့်နေသော လုချန်းထံ ချဉ်းကပ်မသွားပဲ ရပ်နေလိုက်သည်။ လုချန်းတွင် အရေးကြီးကိစ္စများ ဆွေးနွေးရန် ရှိနေသည်မှာ ထင်ရှားသည်။
ဝမ်ချင်းစီက ချက်ချင်းပင်
“မင်းသား။ ကျွန်မအတွက် အလုပ်တစ်ခု ရှိပါသလား။”
လုချန်းက တိုက်ရိုက်ပင်
“အခြား နိုင်ငံတွေမှာ မကြာသေးခင်က သိုင်းပညာရှင်တွေ ပျောက်ဆုံးမှု ဖြစ်ခဲ့လားဆိုတာ မိုးစက်ရဲတိုက်က လူတွေကို စုံစမ်းခိုင်းပါ။”
ထိုစကားကို ကြားသော် ဝမ်ချင်းစီ ခဏမျှ ရပ်တန့်သွားပြီး အနည်းငယ် အံ့သြသွားသည်။ လုချန်း အဘယ်ကြောင့် မိုးစက်ရဲတိုက်ကို ဤကိစ္စ စုံစမ်းရန် တာဝန်ပေးသည်ကို သူမ နားမလည်နိုင်ပေ။
အထူးကိုယ်ရံတော်များက ထောက်လှမ်းရေးလုပ်ငန်းအများစုကို လွှဲယူထားပြီးဖြစ်သည်။ မိုးစက်ရဲတိုက်တွင်ပင် အထူးကိုယ်ရံတော်များ ခန့်ထားပြီးဖြစ်သည်။ မိုးစက်ရဲတိုက်ကို လည်း မည်သည့် စုံစမ်းစစ်ဆေးမှုမှ မလုပ်ခိုင်းသည်မှာ ကြာပြီဖြစ်သည်။
ပုံမှန်အားဖြင့် မိုးစက်ရဲတိုက်သည် သတင်းအချက်အလက်များကို စုဆောင်းပြီး လုချန်းထံ အစီရင်ခံတင်ပြလေ့ရှိသည်။
သို့သော်...
လုချန်း၏မျက်နှာအမူအရာကို ကြည့်ပြီး ဤကိစ္စ အလွန်အရေးကြီးသည်ဟု ဝမ်ချင်းစီ သိလိုက်ရသည်။ ထို့ကြောင့် သူမက
“နားလည်ပါပြီ။ မိုးစက်ရဲတိုက်က လူတွေကို ချက်ချင်း ဆောင်ရွက်ခိုင်းပါမယ်။”
ဝမ်ချင်းစီ ထွက်ခွာရန် ပြင်ဆင်နေစဉ်တွင် အစေခံမလေးတစ်ဦး၏ အသံ တံခါးဝမှ ထွက်ပေါ်လာသည်
“မင်းသား။ ပညာရှိကြီး ဝင်ခွင့်တောင်းပါတယ်။”
လုချန်း တိုက်ရိုက်ပင်
“ဝင်ခွင့်ပြုလိုက်ပါ။”
နောက်တစ်ခဏတွင် ကျူးကဲ့ကျုံကောင်းသည် တံခါးကို တွန်းဖွင့်ကာ ဝင်လာသည်။ အရေးကြီးသည့် ကိစ္စရပ်များ ဆွေးနွေးစရာရှိနိုင်သည်ကို ရိပ်စားမိသဖြင့် ဝမ်ချင်းစီက လုချန်းအား
“မင်းသား။ ကျွန်မ အခု ထွက်သွားပါတော့မယ်။”
လုချန်းက
“မသွားပါနဲ့ဦး။ ဘာကိစ္စလဲဆိုတာ နားထောင်သွားပါလား။”
ဝမ်ချင်းစီက
“နားလည်ပါပြီ။”
ကျူးကဲ့ကျုံကောင်း စာကြည့်ခန်းသို့ ဝင်လာပြီးနောက် ဦးညွှတ်ကာ
“မင်းသားကို ဂါရဝပြုပါတယ်။”
လုချန်းက ခေါင်းညိတ်ပြီး
“ပညာရှိကြီး အဲဒီအစီရင်ခံစာကို ဖတ်ပြီးပြီလား။”
ကျူးကဲ့ကျုံကောင်းက
“ဟုတ်ကဲ့ ဖတ်ပြီးပါပြီ။”
သူတို့စကားပြောနေပုံနှင့် မျက်နှာအမူအရာများကို ကြည့်ပြီး ဝမ်ချင်းစီ၏ စူးစမ်းလိုစိတ် ပိုမိုမြင့်တက်လာသည်။ အရေးကြီးသည့် ကိစ္စတစ်ခုခု ဖြစ်ပွားတော့မှာ ဖြစ်နိုင်သည်။ မဟုတ်ပါက လုချန်းနှင့် ကျူးကဲ့ကျုံကောင်း နှစ်ဦးစလုံး၏ မျက်နှာအမူအရာများ ထိုမျှ လေးနက်နေမည် မဟုတ်ချေ။
လုချန်းက
“ပညာရှိကြီးမှာ ခန့်မှန်းချက်များ ရှိပါသလား။”
ကျူးကဲ့ကျုံကောင်းက
“ကျွန်တော့်မှာ ဘာသဲလွန်စမှ မရှိပါဘူး။ ယုတ္တိတန်တာကတော့ ဒီလို အင်အားစု အများကြီးကို တစ်ပြိုင်နက်တည်း ထိပါးဖို့ ဘယ်အင်အားစုမှ သတ္တိရှိမှာ မဟုတ်ပါဘူး။”
“ နောက်ပြီး အဲဒီသိုင်းပညာရှင်တွေရဲ့ ရုပ်အလောင်းတွေတောင် မကျန်ခဲ့ပါဘူး။ သူတို့ သေပြီလား၊ အသက်ရှင်နေသေးလားဆိုတာ မသိရပါဘူး။”
ထိုအခိုက်တွင် လုချန်း၏ အကြည့်သည် ဝမ်ချင်းစီအပေါ်သို့ ကျရောက်သွားသည်။
“ အခုတလော ရှနိုင်ငံတော်မှာ အဆင့်ငါးအထက် သိုင်းပညာရှင် အတော်များများ ပျောက်ဆုံးနေတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်း အခုပဲ ရခဲ့တယ်။ ဒီသိုင်းပညာရှင်တွေက လေထဲမှာ ပျောက်ကွယ်သွားသလိုပါပဲ။ သူတို့ ဘယ်ရောက်သွားလဲဆိုတာ ဘယ်သူမှ မသိရဘူး။ အထူးကိုယ်ရံတော် အများအပြားလည်း ပျောက်ဆုံးနေတယ်။”
ဤစကားကိုကြားလိုက်ရသည်နှင့် လုချန်း အဘယ်ကြောင့် အခြားနိုင်ငံများတွင် သိုင်းပညာရှင်များ ပျောက်ဆုံးမှုများ ရှိမရှိ မိုးစက်ရဲတိုက်အား စုံစမ်းစေလိုကြောင်း ဝမ်ချင်းစီ နားလည်သွားသည်။
မိုးစက်ရဲတိုက်သည် အပြင်ပမ်းအားဖြင့် စီးပွားရေးအဖွဲ့အစည်းတစ်ခုသာဖြစ်ပြီး အထူးကိုယ်ရံတော် အဖွဲ့ကဲ့သို့ အဆင့်မြင့်သိုင်းပညာရှင်များ မရှိသလောက်နည်းသည်။ အခြားနိုင်ငံများကို စုံစမ်းရန် မိုးစက်ရဲတိုက်အား လုချန်း အသုံးပြုလိုခြင်းမှာ အထူးကိုယ်ရံတော်အဖွဲ့ဝင်များ အန္တရာယ်ဖြစ်နိုင်ခြေကို စိုးရိမ်သောကြောင့်ဖြစ်သည်။
ဝမ်ချင်းစီက
“မင်းသားရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားလည်ပါပြီ။ အဆင့်ငါးအောက်က လူတွေကို ဒီကိစ္စကို စုံစမ်းခိုင်းဖို့ ကြိုးစားပါမယ်။”
လုချန်း၏ အကြည့်က ကျူးကဲ့ကျုံကောင်းထံသို့ ပြန်လည်ရောက်ရှိလာပြီး
“ပညာရှိကြီး။ ဒီကိစ္စက နတ်ဆိုးဂိုဏ်းနဲ့ ဆက်စပ်နေတယ်လို့ ထင်ပါသလား။”
ထိုစကားကို ကြားသော် ကျူးကဲ့ကျုံကောင်း ခဏတာမျှ စဉ်းစားပြီးနောက်
“သူတို့ လုပ်တာ ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။ နတ်ဆိုးဂိုဏ်းက လူတွေက ကြောက်ရွံ့မှု မရှိသလို ထင်ရပေမဲ့ ဒီလို အင်အားစု အများကြီးကို တစ်ပြိုင်နက်တည်း ထိပါးဖို့ သူတို့လည်း သတ္တိရှိမှာ မဟုတ်ပါဘူး။”
လုချန်းက
“ဒီကိစ္စမှာ ထူးခြားတဲ့ အချက်တစ်ခု ရှိပါတယ်။ ရှနိုင်ငံတော်ရဲ့ ခရိုင်အများအပြားက သိုင်းပညာရှင်တွေ အမြောက်အမြား ပျောက်ဆုံးနေပေမဲ့ မြောက်ပိုင်းပြည်နယ်မှာတော့ တစ်ခုတောင် မရှိပါဘူး။”
ထိုစကားကို ကြားသော် ကျူးကဲ့ကျုံကောင်းက
“ ဒီအင်အားစုရဲ့ လွှမ်းမိုးမှုက မြောက်ပိုင်းပြည်နယ်ကို မရောက်နိုင်ဘူးလို့ မင်းသားဆိုလိုတာလား။”
လုချန်းက
“မဟုတ်ပါဘူး။ အဲဒီအင်အားစုရဲ့ လွှမ်းမိုးမှုက မြောက်ပိုင်းပြည်နယ်ရဲ့ တောင်ဘက် ရှနိုင်ငံတော် နယ်နိမိတ်အတွင်းမှာပဲ ရှိတယ်လို့ ကျွန်တော် သံသယရှိပါတယ်။ ဒါကြောင့်လည်း ဘယ်သူမှ သတိမထားမိပဲ လူတွေကို ဖမ်းဆီးနိုင်တာပါ။ သူတို့ရဲ့ စိုးမိုးနယ်ပယ်ပြင်ပမှာ လူတွေကို ဖမ်းမယ်ဆိုရင်တော့ တခြားသူတွေက တွေ့သွားနိုင်ခြေ အများကြီး ရှိပါတယ်။”
ကျူးကဲ့ကျုံကောင်း အတွေးထဲ နစ်မြောသွားပြန်သည်။ ခဏခန့် စဉ်းစားပြီးနောက် သူ ရုတ်တရက် တစ်စုံတစ်ယောက်ကို သတိရလိုက်ပြီး
“မင်းသား။ ဒီကိစ္စက တော်ဝင်မိသားစုနဲ့ ပတ်သက်နေနိုင်တယ်လို့ ကျွန်တော် စိုးရိမ်ပါတယ်။”
ထိုစကားကို ကြားသော် လုချန်း၏ တည်ကြည်သော မျက်နှာတွင် အပြုံးတစ်စွန်းတစ်စ ပေါ်လာသည်။
“ပညာရှိကြီးနဲ့ ကျွန်တော်က ကောက်ချက်ချတာ တူသွားပုံ ရပါတယ်။ ကျွန်တော်လည်း ဒါက ကျွန်တော့်ရဲ့ ဖခင် ဆွမ်ဧကရာဇ်ရဲ့ လက်ချက်လို့ သံသယရှိပါတယ်။”
ရုတ်တရက် ပျောက်ကွယ်သွားသည့် သိုင်းပညာရှင်များအကြောင်း ကြားလိုက်ရသည်နှင့် လုချန်း၏ ဦးစွာတွေးမိသည်က အရိပ်ကိုယ်ရံတော်များ၏ နည်းလမ်းများဖြစ်သည်။ ထို့ကြောင့် ဒါက သူ၏ဖခင် ဆွမ်ဧကရာဇ်၏ လုပ်ရပ်ဖြစ်နိုင်ခြေ အလွန်များသည်ဟု ယုံကြည်သည်။
“ဒါပေမဲ့ ကျွန်တော့်ကို နားမလည်နိုင် ဖြစ်စေတာက သူက ဘာလို့ သိုင်းပညာရှင် အများကြီးကို ဖမ်းရတာလဲ။ သူတို့အားလုံးကို စုစည်းလိုက်ရင်တောင် သူတို့က သူ့ကို သစ္စာခံမှာ မဟုတ်ဘူး။”
ကျူးကဲ့ကျုံကောင်းက
“ မကောင်းဆိုးဝါး ကျင့်စဉ်တစ်ခုခု ကျင့်ဖို့ ဖြစ်နိုင်မလား။”
လုချန်း၏ နှလုံးသား ထိတ်ခနဲ ဖြစ်သွားသည်။ ဖြစ်နိုင်ခြေ အမှန်တကယ်ရှိသော မှန်းဆချက်ဖြစ်သည်။ ထိုသိုင်းပညာရှင်များကို ဆွမ်ဧကရာဇ် တကယ် ဖမ်းနေသည်ဆိုပါက မကောင်းဆိုးဝါး ကျင့်စဉ် တစ်မျိုးအတွက် အသုံးပြုခံရနိုင်ပေသည်။
မြောက်ပိုင်းပြည်နယ်သည် အလွန်အားကောင်းနေပြီဖြစ်သည်။ အထူးသဖြင့် သေနတ်များ၏ မြင့်မားလာသော အစွမ်းကို ရှနိုင်ငံတော်၏ ရိုးရာတပ်များ ခုခံနိုင်စွမ်းမရှိ တော့ပေ။ ဆွမ်ဧကရာဇ်သည် သာမန်နည်းလမ်းများဖြင့် ကောင်းကင်လူသား စွမ်းအားရှင်အဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ဟု ခံစားရသဖြင့် ပုံမှန်မဟုတ်သော တားမြစ်ထားသော နည်းလမ်းများကို အသုံးပြုခဲ့ခြင်း ဖြစ်နိုင်သည်။
လုချန်းက
“ကျွန်တော့်ဖခင်က အဲဒီသိုင်းပညာရှင်တွေကို ဖမ်းခဲ့တာဆိုရင် မကောင်းဆိုးဝါး ကျင့်စဉ်တစ်ခု ကျင့်ဖို့ လုပ်တာ ဖြစ်နိုင်ခြေအတော်လေး ရှိပါတယ်။ ဘယ်လို မကောင်းဆိုးဝါး ကျင့်စဉ်မျိုးက ဒီလောက်များတဲ့ သိုင်းပညာရှင်တွေ လိုအပ်လဲဆိုတာတော့ မသိဘူး။”
စကားဆုံးသော် လုချန်းနှင့် ကျူးကဲ့ကျုံကောင်းတို့ နှစ်ဦးစလုံး တိတ်ဆိတ်သွားပြန်သည်။ ဝမ်ချင်းစီက သူတို့နှစ်ဦးကို ကြည့်လိုက်ပြီး သူမ ရှိနေရန် မလိုအပ်တော့ဟု ခံစားလိုက်ရသည်။ သူမက
“ အခြေအနေကို ကျွန်မ သိပါပြီ မင်းသား။ ဒီမှာ ကျွန်မအတွက် ဘာမှလုပ်စရာ မရှိတော့ဘူး ထင်ပါတယ်။ ကျွန်မကို ခွင့်ပြုပါ။”
လုချန်းက
“ကောင်းပါပြီ။ မင်းရဲ့ တာဝန်တွေကို ဆက်လက်ဆောင်ရွက်ပါ။”
ဝမ်ချင်းစီ စာကြည့်ခန်းမှ ထွက်သွားသည်နှင့် တပြိုင်နက် အစေခံမလေးတစ်ဦး၏ အသံ တံခါးဝမှ ထွက်ပေါ်လာသည်။
“မင်းသား။ တပ်မှူး လျှံ တွေ့ခွင့်တောင်းပါတယ်”
လုချန်း ခဏခန့် ကြောင်သွားသည်။
လျှံဇွန်းက အခုလေးတင်မှ ထွက်သွားတာ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက် မြန်မြန် ပြန်လာရတာလဲ။
ထို့နောက်လုချန်းက
“ဝင်ခွင့်ပြုလိုက်ပါ။”
လျှံဇွန်း ချက်ချင်း စာကြည့်ခန်းသို့ ဝင်လာသည်
“မင်းသားကို ဂါရဝပြုပါတယ်။”
စကားဆုံးသည်နှင့် လျှံဇွန်းက လုချန်းအား စာတစ်စောင် ပေးအပ်လိုက်သည်။
“မင်းသား။ ဒါက တောင်ပိုင်းကနေ အခုမှ ရောက်လာတဲ့ အရေးပေါ် အစီရင်ခံစာပါ။ စာပို့လာတဲ့ အထူးကိုယ်ရံတော်က ဒါက အရမ်းအရေးကြီးတယ်လို့ ပြောပါတယ်။ ကျွန်တော် မဖတ်ရသေးပါဘူး။”
ထိုစကားကို ကြားသော် လုချန်းလည်း လျှံဇွန်း၏ လက်ထဲမှ စာကို လျင်မြန်စွာ ယူကာ အာရုံစိုက် ဖတ်ရှုလိုက်သည်။
စာထဲမှ အကြောင်းအရာများကို ကြည့်ရင်း လုချန်း မျက်မှောင်ကြုတ်သွားပြန်သည်။ သူ စိတ်မသက်မသာ ဖြစ်နေပုံရသည်။
မင်းသား၏ မျက်နှာအမူအရာ မည်းမှောင်လာသည်ကို မြင်သော် ကျူးကဲ့ကျုံကောင်းက
“မင်းသား။ ဘာဖြစ်လို့ပါလဲ။”
လုချန်းသည် စာကို ကျူးကဲ့ကျုံကောင်းအား ပေးလိုက်ပြီး
“မကြာသေးခင်က တောင်ပိုင်းမှာ သံချပ်ကာ မြင်းတပ်တစ်တပ်ကို ချထားခဲ့တယ်။ ဆွမ်ဧကရာဇ်ရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်မှာပါ။ သူတို့ နေပြည်တော်ကို တစ်ခုခု ပို့ဆောင်နေပုံရတယ်။ တော်ဝင်မိသားစုက အဆင့်လွန် ပညာရှင်ကိုတောင် စေလွှတ်ထားတယ်။”
မြောက်ပိုင်းပြည်နယ်က ဝူနိုင်ငံတော်ကို အနိုင်ယူပြီးနောက် ဆွမ်ဧကရာဇ် အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။ ယခုလို ရုတ်တရက် သံချပ်ကာ မြင်းတပ်ကို တောင်ပိုင်းသို့ ချထားခြင်းနှင့် တော်ဝင်မိသားစု အဆင့်လွန် ပညာရှင်ကိုပါ စေလွှတ်ခြင်းက သူတို့ အစီအစဉ်အသစ်တစ်ခု ရှိနေသည်ဟူသော ယူဆချက်ကို ပေးသည်။
ထို့ပြင် ရှနိုင်ငံတော် နယ်မြေအတွင်း မကြာသေးခင်က သိုင်းပညာရှင် အများအပြား ပျောက်ဆုံးမှုများသည် အခြားသော အရေးကြီးသည့် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်တော့မည်ကို ညွှန်ပြနေသည်။
စာကို ဖတ်ပြီးနောက် ကျူးကဲ့ကျုံကောင်း အတွေးထဲ နစ်မြောသွားပြန်သည်။ ဆွမ်ဧကရာဇ် ယခုအချိန်တွင် ဘာတွေ စီစဉ်နေသည်ကို သူပင် မစဉ်းစားနိုင်ပေ။
အချိန်အတော်ကြာပြီးနောက် လုချန်းက လျှံဇွန်းအား
“သံချပ်ကာ မြင်းတပ်တွေ ဘာလို့ တောင်ပိုင်းကို သွားတာလဲဆိုတာ အထူးကိုယ်ရံတော်တွေကို စုံစမ်းခိုင်းပါ။”
“မင်းသားရဲ့ အမိန့်အတိုင်းပါ။”
ရှနိုင်ငံတော်မှ သိုင်းပညာရှင်များ အကြီးအကျယ် ပျောက်ဆုံးမှု သတင်းကို ရရှိပြီး တစ်လအတွင်း ရှနိုင်ငံတော် နယ်နိမိတ်အတွင်း အဆင့်ငါးနှင့် အထက် သိုင်းပညာရှင်များ ပိုမို ပျောက်ဆုံးနေခဲ့သည်။ သူတို့၏ ပျောက်ဆုံးမှုများသည် သဲလွန်စမဲ့ပြီး လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။ မည်သည့် သက်သေအထောက်အထားမှ မချန်ထားခဲ့ပေ။
ဤကိစ္စကို မြောက်ပိုင်းပြည်နယ်၏ အထူးကိုယ်ရံတော်များသာမက ရှနိုင်ငံတော် နယ်နိမိတ်အတွင်းရှိ အဓိက အင်အားစုများ အားလုံးကပါ စုံစမ်းနေကြသည်။ နယ်စားများ သူပုန်ထမှု၏ ဂယက်ရိုက်ခတ်မှုများက သာမန်ပြည်သူများကို စိုးရိမ်ပူပန်စေခဲ့ပြီး ယခုအခါ အင်အားစုများမှ အစွမ်းထက် သိုင်းပညာရှင်များ၏ ရှင်းပြမရသော ပျောက်ဆုံးမှုများသည် ပို၍ပင် ရှုပ်ထွေးမှုများကို ဖြစ်စေခဲ့သည်။
မကြာမီ မိုးစက်ရဲတိုက်မှ စုံစမ်းစစ်ဆေးမှု ရလဒ်များ လုချန်းထံ ရောက်ရှိလာခဲ့သည်။ သူတို့၏ တွေ့ရှိချက်အရ အခြားနိုင်ငံများတွင် ဤမျှလောက်များပြားသော သိုင်းပညာရှင်ပျောက်ဆုံးမှုများ မဖြစ်ပွားပေ။ တစ်နိုင်ငံလျှင် တစ်ဦး သို့မဟုတ် နှစ်ဦးမျှသာ ပျောက်ဆုံးမှုရှိပြီး ရှနိုင်ငံတော်တွင်မူ ခရိုင်တစ်ခုတည်းမှာပင် အဆင့်ငါးနှင့်အထက်သိုင်းပညာရှင် ခုနစ်ဦး ရှစ်ဦး အထိ ပျောက်ဆုံးနေကြောင်း သိရသည်။
ဤပျောက်ဆုံးမှုများ၏ အထူးခြားဆုံး အချက်မှာ ပျောက်ဆုံးပုံများတွင် တူညီသော အချက်များ ရှိနေခြင်းဖြစ်သည်။ အဆင့်ငါး သို့မဟုတ် ထိုထက် မြင့်မားသူများ ပျောက်ဆုံးခြင်းဖြစ်ပြီး ထိုပျောက်ဆုံးသူများအချင်းချင်းလည်း တစ်ဦးနှင့်တစ်ဦး မသိကျွမ်းကြခြင်း ဖြစ်သည်။
...............