← Chapters

အခန်း ၆၈၅-၆၈၇

Vol. 46 Ch. 685-687

အခန်း ၆၈၅-၆၈၇

Vol. 46 Ch. 685-687

အခန်း (၆၈၅)

ချန်ဝမ်ရွန်၏ သံသယ (၁)

အစေခံမလေး၏ စကားကို ကြားသောအခါ ရွှီလင်လုံသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ကြာကြာမနေတော့ပဲ ချက်ချင်းထရပ်ကာ လုစံအိမ်သို့ ပြန်သွားပြီး လုချန်းက သူ့ကို တွေ့လိုကြောင်း လုရိအား ပြောပြခဲ့သည်။

လုချန်းက သူ့ကို တွေ့လိုကြောင်း ရွှီလင်လုံ ပြောသည်ကို ကြားသောအခါ လုရိ စိတ်ထဲအလွန် ဝမ်းမြောက်သွား၏။ လုချန်း ဆုံးဖြတ်ချက်ချပြီးပုံရသည်။ သူ့ကို ကူညီရန် သဘောတူလိမ့်မည်ဟု သူ ယုံကြည်ခဲ့သည်။

........

မွန်းလွဲပိုင်း။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။

ပန်းဥယျာဉ်အတွင်း။

လုချန်းနှင့် လုရိတို့ ကျောက်စားပွဲတွင် ထိုင်နေကြသည်။ လုချန်းက လုရိအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးပြီးနောက်

“ကျွန်တော် ဒီရက်ပိုင်း စဉ်းစားခဲ့ကြည့်တော့ အစ်တော်ပြောတာတွေ အများကြီး မှန်တယ်လို့ ထင်တယ်။ အခု ဖခင်က သစ္စာဖောက်အရာရှိတွေရဲ့ လှည့်ဖြားခြင်းကို ခံနေရတော့ ရှနိုင်ငံတော်ရဲ့ မင်းသားတစ်ပါးအနေနဲ့ ကျွန်တော် လက်ပိုက်ကြည့်မနေနိုင်တော့ဘူး။”

“ဒါကြောင့် ကျွန်တော် အစ်ကိုတော့်ကို ဟယ်ယန်ခရိုင်ကို သိမ်းပိုက်ရာမှာ ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပြီ။ ပြီးတော့ အစ်ကိုတော် စစ်သည်စုဆောင်းတာနဲ့ မြင်းစုဆောင်းတာတွေ လွယ်ကူစေဖို့အတွက် လိုအပ်တဲ့ ပစ္စည်းအချို့ကိုပါ ထောက်ပံ့ပေးပါမယ်။”

ထိုစကားကို ကြားသောအခါ လုရိ စိတ်ထဲတွင် ဝမ်းမြောက်သွားပြီး

“ဒါဆို နဝမ ညီ‌တော်ကို ကျေးဇူးတင်ရမှာပဲ။ ငါ အောင်မြင်တာနဲ့ ငါတို့ရဲ့ အရင်သဘောတူညီချက်အတိုင်း ညီတော့်ကို မြောက်ပိုင်းမှာ အင်ပါယာတည်ထောင်ဖို့ ကူညီပေးပါ့မယ်။”

လုချန်း ပြုံးလိုက်ပြီးနောက်

“ဒါပေမဲ့ ကျွန်တော်တို့ ဆွေးနွေးမှုဆီ ပြန်သွားရရင် အစ်ကိုတော် ဟယ်ယန်ခရိုင်ကို သွားရင် အန္တရာယ်ရှိနိုင်တယ်။ ပြီးတော့ အဲဒီက အခြေအနေတွေက အတော်လေး ကြမ်းတမ်းတယ်။ အစ်ကိုတော့်မိသားစုကို မြောက်ပိုင်းပြည်နယ်မှာ ထားခဲ့တာ မကောင်းဘူးလား။”

လုရိ၏ မျက်နှာ ချက်ချင်း မှောင်မိုက်သွားသည်။ လုချန်း၏ ဆိုလိုရင်းကို သူ ချက်ချင်း နားလည်သွားသည်။ လုချန်းသည် ရွှီလင်လုံနှင့် အခြားသူများကို ဓားစာခံအဖြစ် ထားရန် ရည်ရွယ်နေခြင်းဖြစ်သည်။ လုရိ အင်အားအလုံအလောက်ရသောအခါ မြောက်ပိုင်းပြည်နယ်၏ စကားကို နားမထောင်မှာကို ကာကွယ်ရန် ဖြစ်သည်။

လုရိသည် ခြိမ်းခြောက်ခံရခြင်းကို မုန်းသော်လည်း သူသည် အခြားသူ၏ အရိပ်အောက်တွင် ရှိနေပြီး သူ၏ ဩဇာလွှမ်းမိုးမှုကို တည်ဆောက်ရန် လုချန်းကို မှီခိုနေရဆဲဖြစ်သောကြောင့် ထိုတောင်းဆိုချက်ကို သဘောတူရန်မှတပါး ရွေးချယ်စရာ မရှိပေ။

လုရိက

“နဝမညီ‌တော်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါဆို အစ်ကို့တော့် ဇနီးနဲ့ အခြားသူတွေကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ ညီတော့်ကို ဒုက္ခပေးရတော့မယ်။”

လုချန်းက ပြုံးလျက်

“အစ်ကိုတော် စိတ်ချပါ။ ကျွန်တော် အစ်ကိုတော့်အတွက် သူတို့ကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးပါ့မယ်။”

လုရိ အနည်းငယ် လက်သီးဆုပ်လိုက်မိသည်။ သူ၏ နဝမ ညီတော်သည် လှပသော အမျိုးသမီးများကို စွဲလမ်းကြောင်း ရုတ်တရက် အတွေး ဝင်လာ သောကြောင့်ဖြစ်သည်။ သူ ရွှီလင်လုံကို စိတ်ဝင်စားနေပုံရသည်။

သူ ဟယ်ယန်ခရိုင်သို့ ထွက်ခွာသွားသည်နှင့် ရွှီလင်လုံနှင့် ကွဲကွာသွားမည်။ လုချန်းက ဤအချိန်ကို အခွင့်ကောင်းယူ၍ ရွှီလင်လုံကို တစ်ခုခု လုပ်လိမ့်မလို့လား။

ထိုအတွေး ဝင်လာသည်နှင့် လုရိ၏ ရင်ထဲတွင် ဒေါသများ ပြည့်လျှံလာခဲ့သော်လည်း နောက်အတွေးတစ်ခု ချက်ချင်းဝင်လာသည်။

ထီးနန်း ၊အာဏာတို့နှင့် နှိုင်းယှဉ်ပါက အမျိုးသမီးတစ်ဦး၏ တန်ဖိုးက ဘာလဲ။

မည်သို့ပင်ဖြစ်စေ သူသည် အစကတည်းက ရွှီလင်လုံကို သူမ၏ မိသားစု၏ ဩဇာလွှမ်းမိုးမှုကြောင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ရွှီမိသားစုသည် သူတို့၏ အသုံးဝင်မှု ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး ရွှီလင်လုံသည် နတ်ဆိုးဂိုဏ်းနှင့် အဆက်အသွယ်ရှိနေဆဲဖြစ်သော်လည်း ဂိုဏ်းမှ မည်သူမှ သူမကို လာရှာသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ နတ်ဆိုးဂိုဏ်းသည် ရွှီလင်လုံကို စွန့်ပစ်လိုက်ပြီလားဆိုတာ မည်သူမှ မသိနိုင်ပေ။

နတ်ဆိုးဂိုဏ်းက သူမကို စွန့်ပစ်လိုက်ပြီဆိုလျှင် သူ ရွှီလင်လုံကို အသုံးပြု၍ နတ်ဆိုးဂိုဏ်းနှင့် ဆက်သွယ်နိုင်တော့မည် မဟုတ်သောကြောင့် သူမကို မြောက်ပိုင်းပြည်နယ်တွင် ထားခဲ့ခြင်းက ပိုကောင်းပေမည်။

သို့သော် နှမြောစရာ ကောင်းသည်က ရွှီလင်လုံသည် အလွန်လှပသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ နတ်ဆိုးဂိုဏ်းက ပေးထားသော နတ်ဆိုးကျင့်စဉ်ကို သူ လေ့ကျင့်ခဲ့သောကြောင့် ရွှီလင်လုံကို မထိသေးပေ။ ထိုအတွေးက လုရိအား အနည်းငယ် လက်လွှတ်မခံလိုစိတ် ဖြစ်ပေါ်စေခဲ့သည်။

ထားလိုက်ပါ။

သူ ဧကရာဇ်ဖြစ်လာသည်နှင့် သူ လိုချင်သည့် အမျိုးသမီးကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ထိုအခိုက်တွင် လုရိက

“နဝမညီတော်က ငါ့ကို ဘယ်လို ကူညီဖို့ စီစဉ်ထားတာလဲ။ ညီတော်က တိုက်ရိုက် တပ်တွေ ငှားပေးမှာလား။ ဒါမှမဟုတ် ဟယ်ယန်ခရိုင်ကို သိမ်းပိုက်ဖို့ လူတွေ စေလွှတ်ပြီး ကူညီပေးမှာလား။”

လုချန်းက ပြုံးလျက်

“တပ်တွေ တောင်ဘက်ကို စေလွှတ်ပြီး ဟယ်ယန်ခရိုင်ကို အရင်ဆုံး သိမ်းပိုက်ဖို့ အရင်ကူညီပေးပါ့မယ်။ အစ်ကိုတော် ကိုယ်ပိုင်တပ်ဖွဲ့တွေ ထူထောင်ပြီး စစ်သည်အချို့ကို စုဆောင်းပြီးတာနဲ့ မြောက်ပိုင်းပြည်နယ်က စစ်သည်တွေကို ပြန်ခေါ်ပါ့မယ်။”

ထိုစကားကို ကြားလိုက်ရသော လုရိသည် တုန်လှုပ်သွားသည်။ သူမျှော်လင့်ထားသည်က တပ်များကို တိုက်ရိုက်ငှားမည်ဆိုပါက မြောက်ပိုင်းပြည်နယ်တပ်များကို သူကိုယ်တိုင် လွှမ်းမိုးနိုင်ပြီး မြောက်ပိုင်းပြည်နယ်၏ လက်နက်များကိုပါ ရရှိနိုင်မည်ဖြစ်သည်။

မြောက်ပိုင်းပြည်နယ်၏ လက်နက်များကို ရရှိပါက နောင်တွင် လုချန်း၏ ချုပ်ကိုင်မှုမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ သို့သော် လုချန်းက သတိကြီးစွာဖြင့် ထိုအခွင့်အရေး လုံးဝ မပေးပဲ နေမည်ဟု သူမျှော်လင့်မထားပေ။

ဤအချိန်တွင် လုရိလည်း မည်သည့်တောင်းဆိုမှုကိုမှ မပြုလုပ်နိုင်တော့ပေ။ အကြောင်းမှာ သူက လုချန်းထံမှ အကူအညီတောင်းနေရသူဖြစ်ပြီး သူ၏အနေအထားမှ အခြေအနေများ သတ်မှတ်ရန် မသင့်သောကြောင့်ဖြစ်သည်။

စိတ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် လုရိက ပြုံးလျက်

“ဒါဆို နဝမ ညီတော်ကို အများကြီး ကျေးဇူးတင်ပါတယ်။”

လုချန်းက ပြုံးလျက်

“ကျေးဇူးတင်စရာ မလိုပါဘူး။ ဒါ ကျွန်တော် လုပ်သင့်တာပါ။”

သူတို့နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် အပြုံးများ ရှိနေကြသော်လည်း တစ်ဦးစီတွင် ကိုယ်ပိုင်ပရိယာယ်များ ရှိနေကြသည်။

လုရိ ထွက်ခွာသွားပြီးနောက် လုချန်းက

ရွမ်ယွမ်ချန်းကို ခေါ်ပြီး တောင်ဘက်သို့ ချီတက်မည့် ကိစ္စကို အကျဉ်းချုပ် ပြောပြခဲ့သည်။ လုချန်းသည် ရွမ်ယွမ်ချန်းအား တပ်ပေါင်းစုတပ်ကို ကွပ်ကဲခြင်းအား အလေ့အကျင့်ရ‌စေရန် စီစဉ်ထားခြင်းဖြစ်သည်။

ရွှမ်ယွမ်ချန်းသည် နောင်တွင် အဓိက စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်လာမည်ဖြစ်ရာ သံချပ်ကာမြင်းတပ် ဗိုလ်ချုပ်၏ ရှုထောင်မှ စစ်ပွဲကို မကြည့်တော့ပဲ စစ်တပ်တစ်ခုလုံးကို ခြုံငုံ ကြည့်တတ်ရန် လိုအပ်သည်။

လုချန်းက သူ့ကို တောင်ဘက်သို့ ချီတက်၍ ဟယ်ယန်ခရိုင်ကို တိုက်ခိုက်စေလိုကြောင်း ကြားသောအခါ ရွှမ်ယွမ်ချန်း ဝမ်းသာသွားသည်။ သူသည် မြောက်ပိုင်းပြည်နယ်၏ တပ်ပေါင်းစုအသစ်ကို မကြာသေးမီက စတင် အုပ်ချုပ်ခဲ့၏။ သူ၏ လက်အောက်တွင် လူနှစ်သိန်းကျော် ရှိသော်လည်း စစ်ပွဲတွင် သူတို့ကို ကွပ်ကဲရန် အခွင့်အရေး မရသေးပေ။ သောင်းဂ‌ဏန်းသာရှိသော သံချပ်ကာ မြင်းတပ်ကို ကွပ်ကဲရခြင်းနှင့် နှိုင်းယှဉ်ပါက လူနှစ်သိန်းရှိသော တပ်ကို ဦးဆောင်ခြင်းမှာ တကယ်ပင် ခက်ခဲသော စိန်‌ခေါ်မှုတစ်ခု ဖြစ်သည်။

........

ညနေပိုင်း။

ညစာစားပြီးနောက် လုချန်း ဝမ်ရွန် ဆောင်သို့ သွားခဲ့သည်။ သူသည် ယွမ်ရှန်ရှန်ကို မနှစ်သက်သော်လည်း ချန်ဝမ်ရွန်နှင့် ဆော့ကစားရန် ထိုအဆောင်သို့ သွားရခြင်းဖြစ်သည်။

အဆောင်ခြံဝင်းထဲသို့ ဝင်ရောက်လာသောအခါ ယွမ်ရှန်ရှန်ကို မတွေ့ရသောကြောင့် လုချန်း သက်ပြင်းချလိုက်ပြီး ချန်ဝမ်ရွန်၏ အိပ်ခန်းသို့ တန်းသွားလိုက်သည်။

ချန်ဝမ်ရွန်၏ အခန်းတံခါးကို ဖွင့်လိုက်ပြီးနောက်

“ရွန်ရွန် မင်းရဲ့ အချစ်ဆုံး ရောက်လာပြီ”

ဟု ပြုံးလျက် ပြောလိုက်သည်။

သို့သော် လုချန်း တံခါးပိတ်ပြီး လှည့်လိုက်သည်နှင့် သူ၏ တစ်ကိုယ်လုံး တောင့်တင်းသွား၏။

ယွမ်ရှန်ရှန်က ချန်ဝမ်ရွန်၏ ကုတင်ပေါ်တွင် ခြေချိတ်ထိုင်နေပြီး သူမ၏ မျက်လုံးနှစ်လုံးက သူ့ကို သားကောင်တစ်ကောင်ကို ကြည့်သကဲ့သို့ စူးစိုက်ကြည့်နေသည်။

“ဆရာမ…ဆရာမ…ဒီကို ဘာလာလုပ်တာလဲ”

....................

အခန်း (၆၈၆)

ချန်ဝမ်ရွန်၏ သံသယ (၂)

ယွမ်ရှန်ရှန်က မျက်နှာသေဖြင့် ပြောလိုက်သည်။

“ရွန်ရွန်မြောက်ပိုင်းပြည်နယ်ကို ရောက်တာ ရက်အနည်းငယ်ရှိပြီ။ မင်းလည်း သူနဲ့ ရင်းရင်းနှီးနှီး နေတာ ရက်အတော်ကြာပြီပဲ။ သူက ကျင့်စဉ်လေ့ကျင့်ဖို့ စိတ်ကူးရှိသေးရဲ့လား။”

လုချန်းက အကူအညီမဲ့ဟန်ဖြင့်

“ဆရာမ။ ရွန်ရွန့်အတွက် တောင်ပေါ်က ဆင်းလာနိုင်ဖို့ မလွယ်ပါဘူး။ သူနဲ့ ကျွန်တော်က တာအို လေ့ကျင့်ဖော်တွေပဲလေ။ ဒီလိုကိစ္စမျိုးကို ဆရာမ မတားမြစ်လောက်ဘူး မဟုတ်လား။”

ယွမ်ရှန်ရှန်လည်း လုချန်းနှင့် ထိုကိစ္စကို ငြင်းခုံမနေတော့ပဲ

“မင်းသားစံအိမ်ကို ခဏခဏလာတဲ့ ရွှီလင်လုံဆိုတဲ့ မိန်းကလေးမှာ ပြဿနာရှိတယ်။ သူရဲ့ ကိုယ်ကထွက်တဲ့ အငွေ့အသက်က တစ်မျိုးပဲ။ ရွံစရာကောင်းတယ်။ သူဘာတွေသုံးပြီး သိုင်းပညာရှင် အငွေ့အသက်ကို ဖုံးကွယ်ထားလဲ မသိပေမဲ့ သူ့ဆီကနေ ထွက်တဲ့ ဆိုးယုတ်တဲ့ သဘာဝကိုတော့ လိမ်လို့မရဘူး။ မင်း သူ့ကို သတိထားသင့်တယ်။”

လုချန်း အနည်းငယ် အံ့ဩသွားသည်။ ယွမ်ရှန်ရှန် ရွှီလင်လုံ၏ ပရိယာယ်များကို မြင်အောင် ကြည့်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ။ တပည့် နားလည်ပါတယ်။”

“ဆရာမ။ ညဥ့်နက်နေပြီ။ အခန်းထဲ ပြန်နားပါတော့လား။”

ယွမ်ရှန်ရှန်က

“ ရွန်ရွန့်ကို ပြောပြီးပြီ။ ဒီည မင်းကို တစ်ညလောက် ငှားမယ်။ မင်းက ငါ့ကို စွမ်းအားပြန်ရအောင် ကူညီရမယ်။”

လုချန်း၏ မျက်ခုံးများ တွန့်သွားပြီး တစ်စုံတစ်ခု ပြောမည်အပြုတွင် သူ၏ခန္ဓာကိုယ် ရုတ်တရက် လေထဲသို့ မြောက်တက်သွားကာ အိပ်ရာပေါ်သို့ တည့်တည့်ကျသွားပြီး သစ်သားတုံး တစ်တုံးကဲ့သို့ လှဲ လျောင်းနေသည်။

အရင်တစ်ခါ စာကြည့်ခန်းတုန်းကလိုပင် ယွမ်ရှန်ရှန်က လုချန်း၏ ခန္ဓာကိုယ်ကို ထိတွေ့ခြင်းမရှိဘဲ သူ့ဘေးတွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။

ယွမ်ရှန်ရှန် လက်ဝှေ့ယမ်းလိုက်သည်နှင့် လုချန်း၏ အဝတ်အစားများ စုတ်ပြတ်သွားသည်။ လုချန်း အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

ဤအမျိုးသမီးက သူ့ကို ထိုသို့ ထပ်လုပ်ပြန်ပြီ။

မဖြစ်ပါ။ ယွမရှန်ရှန်၏ ကိုယ်ကို ထိတွေ့ရန် နည်းလမ်းရှာရမည်။

ယနေ့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် နဂါးဖီးနစ်လက်ဖက်ရည်ကို ယွမ်ရှန်ရှန် အတော်အတန် သောက်ထားသည်။ သူသာ ယွမ်ရှန်ရှန်၏ ကိုယ်ကို ထိတွေ့နိုင်ပါက သူမ၏ စွမ်းအားများ ပိတ်ဆို့သွားမည် ဖြစ်သည်။ ဤအမျိုးသမီးကို သူ၏ အရည်အချင်းများ ပြသလိုသည်။

သို့သော် ထိုအချိန်တွင် လုချန်း စိတ်ကူးရုံသာ ကူးနိုင်တော့သည်။ သူ၏ တစ်ကိုယ်လုံး လှုပ်ရှား၍မရပဲ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများ နိုးကြားလာကာ လည်နေသည်။

ယွမ်ရှန်ရှန်၏ မျက်နှာအေးစက်စက်ကို မြင်လိုက်ရသောအခါ လုချန်း၏ ရင်ထဲတွင် မီးများ တောက်လောင်သွားသည်။ သူ ယွမ်ရှန်ရှန်ကို အခုပင် အောင်နိုင်ချင်နေပြီ ဖြစ်သည်။ သို့သော် ထိုသို့ဖြစ်ခြင်းကြောင့် သူနှင့် ယွမ်ရှန်ရှန်တို့အတွက် ကျင့်စဉ်ကျင့်ရန် ပိုမိုပြည့်စုံသော အခြေအနေသို့ ရောက်ရှိသွားကြောင်း တွေ့ရှိရသည်။

ယွမ်ရှန်ရှန်ကို ပိုင်ဆိုင်လိုသည့် သူ၏ဆန္ဒ ပြင်းပြလာသောကြောင့် သူနှင့် ယွမ်ရှန်ရှန်တို့ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် လေ့ကျင့်ရန်အတွက် လိုအပ်သော အခြေအနေများကို ပြည့်စုံသွားခြင်းဖြစ်သည်။

လေ့ကျင့်ရေး ကိရိယာအဖြစ် ထပ်မံအသုံးချခံရသည်ဟု လုချန်း ခံစားရကာ ခဏမျှ ရုန်းကန်ပြီးနောက် အချည်းနှီး ဖြစ်နေသဖြင့် ရုန်းကန်ခြင်းကို ရပ်လိုက်တော့သည်။

ဤနတ်သမီးက ကြည့်လိုလျှင် သူ ကြည့်ခွင့်ပေးလိုက်မည်။

ခဏမျှ လေ့ကျင့်ပြီးနောက် ရုတ်တရက် ထူးခြားသော ခံစားမှုတစ်ခုကို ယွမ်ရှန်ရှန် ကြုံတွေ့ရသည်။ သူမ၏ လှပသော မျက်နှာအေးစက်စက်ပေါ်တွင် နီမြန်းသော အသွင်အပြင်တစ်ခု ပေါ်လာပြီးနောက် သူမ၏ ကိုယ်ခန္ဓာ ပူလာသည်ကို ခံစားလိုက်ရသည်။

သူမ၏ အကြည့်က လုချန်း၏ ကိုယ်ပေါ်သို့ ကျရောက်သောအခါ ယောက်ျားမိန်းမ ကိစ္စများတွင် ပါဝင်လိုစိတ် ရုတ်တရက် ပေါ်လာသည်။

ဒါက...

တစ်စုံတစ်ခု မှားယွင်းနေကြောင်း ယွမ်ရှန်ရှန် ချက်ချင်း သဘောပေါက်သွားသည်။

သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး ယင်းသည် ကျင့်စဉ်၏ ဆိုးကျိုးတစ်ခု ဖြစ်ရမည်ဟု စဉ်းစားမိလိုက်သည်။

ဤကျင့်စဉ်ကို အချိန်ကြာမြင့်စွာ ကျင့်ကြံပါက ထိုသို့သော အတွေးများ ပေါ်လာမည်။ သို့သော် သူမ ဤယောက်ျားနှင့် ထိုသို့သော ကိစ္စမျိုးကို မည်သည့်အခါမှ ပြုလုပ်မည်မဟုတ်ပေ။

သူမ၏ အင်အားကို ပြန်လည်ရရှိရန် ကျင့်စဉ်ကို ဆက်လက်ဖိအားပေးလုပ်ဆောင်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ မည်မျှကြာသွားသည်မသိ သူမ မခံနိုင်တော့ပဲ ချက်ချင်းပင် ရပ်တန့်လိုက်တော့သည်။

ထိုအခိုက်တွင် လုချန်းလည်း ငေးမောနေရာမှ သတိပြန်ဝင်လာပြီး သူ့အကြည့်က ယွမ်ရှန်ရှန်၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။ သူမ၏ လှပသော မျက်နှာ နီရဲနေသည်ကို တွေ့ရပြီး နဖူးတွင် ချွေးစေးများ စို့နေကာ စိုစွတ်နေသော ဆံပင်များက ပါးပြင်ပေါ် ကပ်နေသဖြင့် သူမ ပို၍ပင် ဆွဲဆောင်မှုရှိလာသည်။

ဒီအခြေအနေက ဘာလဲ....

သူတို့၏ ကိုယ်ခန္ဓာများ ထိတွေ့ခြင်းမရှိပဲ ယွန်ရှန်ရှန်သည် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေခြင်းမျှသာ ဖြစ်သည်။

သူမ ဘယ်လိုလုပ် ဒီလို ဖြစ်လာရတာလဲ။

ယွမ်ရှန်ရှန် အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်ပြီး သူမ၏ မတည်မငြိမ်ဖြစ်မှုကို ထိန်းချုပ်လိုက်သည်။ ခဏအကြာတွင် သူမ ပြန်လည် ကောင်းမွန်လာသည်။

သူမ ကောင်းမွန်လာသည်နှင့် တစ်ပြိုင်နက် ယွမ်ရှန်ရှန်၏ အေးစက်သော အကြည့်က လုချန်းအပေါ်သို့ ပြတ်သားစွာ ကျရောက်လာပြီး သူ့တစ်ကိုယ်လုံးအား တစ်ဖန် ပြန်လည် ချမ်းစိမ့်သွားစေသည်။

လုချန်းက

“ဆရာမ... ဆရာမ ဘာဖြစ်သွားတာလဲ။”

ယွန်ရှန်ရှန်က မျက်နှာသေဖြင့်

“ဆရာမ အဆင်ပြေပါတယ်။”

ဤကျင့်စဉ်သည် လူတို့၏ အနက်ရှိုင်းဆုံးသော ဆန္ဒများကို နှိုးဆွပေးသည်မှာ မှန်ကန်သည်ဟု ယွမ်ရှန်ရှန် မှတ်ချက်ချလိုက်သည်။ သူမ၏ လိုအင်ဆန္ဒများကို အပြည့်အဝဖြတ်တောက်ပစ်လိုက်ပါက ဤနည်းလမ်းကို အသုံးပြု၍ လေ့ကျင့်နိုင်မည်မဟုတ်ပေ။ ဤနည်းလမ်း၏ အဓိကအနှစ်သာရမှာ လူတစ်ဦး၏လိုအင်ဆန္ဒများကို အသုံးချခြင်းဖြစ်သည်။

သူမအတွင်းရှိ ကျင့်စဉ်ကို ခံစားမိပြီးနောက် ယွမ်ရှန်ရှန် သက်ပြင်းချလိုက်သည်။ ဤနှုန်းအတိုင်း သွားမည်ဆိုပါက သူမ၏ အမြင့်ဆုံး စွမ်းအားကို မည်သည့်အချိန်တွင် ပြန်လည်ရရှိနိုင်မည်မှန်း သူမ မသိပေ။

ယွမ်ရှန်ရှန် ရုတ်တရက် တိတ်ဆိတ်သွားပြီး သက်ပြင်းချနေသည်ကို မြင်သောအခါ လုချန်းက

“ဆရာမ ဘာလို့ သက်ပြင်းချတာလဲ။”

ယွန်ရှန်ရှန်က

“အခုလို နှုန်းနဲ့ဆိုရင် ငါ့ရဲ့ အမြင့်ဆုံး စွမ်းအားကို ဘယ်တော့မှ ပြန်ရရှိနိုင်မလဲ မသိဘူး။”

လုချန်းက

“ဆရာမရဲ့ စွမ်းအားက ဘယ်လိုလုပ် ဒီလိုကျဆင်းသွားတာလဲ။”

ယွမ်ရှန်ရှန်က

“ဒီကမ္ဘာကို ရောက်လာပြီးနောက် ဒီကမ္ဘာရဲ့ ကောင်းကင်ဘုံလမ်းစဉ်က ငါ့ကို ဖိနှိပ်ခဲ့တယ်။ ငါ ခုခံဖို့ ကြိုးစားခဲ့ပေမဲ့ ကောင်းကင်ဘုံလမ်းစဉ်က ကောင်းကင်ဘုံ ပြစ်ဒဏ်ကို ချမှတ်ခဲ့တယ်။ အဲဒါကြောင့် ငါ အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ငါ့ရဲ့အဆင့်နဲ့ စွမ်းအားက သိသိသာသာ ကျဆင်းသွားခဲ့တာ။”

ယွမ်ရှန်ရှန်၏ အဖြေကို ကြားရသောအခါ လုချန်းလည်း

“ဒီလိုဆိုရင် သူ၏ ပြန်လည်သန်စွမ်းစေ‌သောစွမ်းအားက ယွမ်ရှန်ရှန်ကို ကောင်းမွန်လာအောင် ကူညီနိုင်မလား”

ဟု စိတ်ထဲမှ စဉ်းစားလိုက်သည်။

ထိုအတွေးဖြင့် လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားပြီးနောက်

“တပည့်မှာ ဆရာမကို မြန်မြန်ပြန်ကောင်းလာအောင် ကူညီနိုင်တဲ့ နည်းလမ်းတစ်ခုရှိတယ်။ ဒါပေမဲ့ ဆရာမ နည်းနည်းတော့ ပေးဆပ်ရလိမ့်မယ်။”

ထိုသို့ ကြားသောအခါ ယွမ်ရှန်ရှန် စူးစမ်းလိုစိတ် အနည်းငယ်ဖြင့်

“မင်းမှာ နည်းလမ်းရှိတယ် ဟုတ်လား။ ဘယ်လိုနည်းလမ်းလဲ။ ငါ့ရတဲ့ ဒဏ်ရာက ကောင်းကင်ဘုံလမ်းစဉ်ကြောင့် ဖြစ်တာ။ မင်းမှာ ဘယ်လိုကောင်းတဲ့ နည်းလမ်းမျိုးများ ရှိနိုင်မှာလဲ။”

.................

အခန်း (၆၈၇)

ချန်ဝမ်ရွန်၏ သံသယ (၃)

လုချန်းက

“ဆရာမက ကျွန်တော့်ကို မယုံရင်လည်း ကျွန်‌တော်ထပ် မပြောတော့ပါဘူး။”

ယွမ်ရှန်ရှန် ခဏမျှ စဉ်းစားနေမိသည်။ လုချန်းသည် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကဲ့သို့သော အဆင့်မြင့် ကျင့်စဉ်ကို ရရှိခဲ့သည်ဆိုသည့် အချက်က သူ့တွင် အခွင့်အရေးအချို့ ရှိသည်ကို သက်သေပြနေသည်။ သူ၌ တကယ်ပင် နည်းလမ်းတစ်ခု ရှိနိုင်သည်။

ထိုအချက်ကို စဉ်းစားမိပြီးနောက် ယွမ်ရှန်ရှန်က

“ဒါဆိုလည်း ပြောပြပါဦး။ မင်းရဲ့နည်းလမ်းက အသုံးဝင်တယ်ဆိုရင် အခုကစပြီး ရွန်ရွန်နဲ့ တွေ့တာကို ငါ ကန့်သတ်တော့မှာ မဟုတ်ဘူး။ မင်းတို့နှစ်ယောက် သဘောရှိ တွေ့လို့ရတယ်။”

လုချန်းက တိုက်ရိုက်ပင်

“ကျွန်တော် ပြောတဲ့နည်းလမ်းက ဆရာမနဲ့တပည့်နှစ်ယောက်အတူ ပူးတွဲလေကျင့်တာပါ။”

ထိုစကားကို ကြားသည်နှင့် ယွမ်ရှန်ရှန်၏ ပါးပြင်များ ချက်ချင်းပင် ရေခဲပမာ အေးစက်သွားပြီး သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဆီးနှင်းများ ဖြစ်ပေါ်လာခဲ့သည်။

လုချန်းက ဆက်၍

“ကျွန်တော် ရည်ညွှန်းတဲ့ ပူးတွဲကျင့်ကြံမှုဆိုတာ ဆရာမ အသုံးပြုတဲ့ ဝေးကွာတဲ့ ပူးတွဲကျင့်ကြံမှုမျိုး မဟုတ်ပါဘူး။ ခန္ဓာကိုယ်ချင်း ထိတွေ့မှု ပါဝင်ပါတယ်။ ဆရာမရဲ့ ပူးတွဲကျင့်ကြံမှု နည်းလမ်းကလည်း အတွင်းအား ပြန်လည်ဖြည့်တင်းနိုင်ပေမဲ့ သူ့ရဲ့ထိရောက်မှုက အများကြီး လျော့နည်းနေပါတယ်။ တိုက်ရိုက်ခန္ဓာကိုယ်ချင်း ထိတွေ့တဲ့ နည်းလမ်းလောက် မကောင်းပါဘူး။”

လုချန်း စကားဆုံးသည်နှင့် ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်

“မင်း ဘာလုပ်ချင်လဲဆိုတာ ငါ မသိဘူးလို့ ထင်နေလား။ ကိုယ့်ဆရာမ အပေါ်မှာတောင် မင်းက မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ထားရဲတယ်။ ငါဒေါသထွက်ပြီး မင်းကို သတ်လိုက်မှာကို မကြောက်ဘူးလား။”

လုချန်းက တည်ငြိမ်စွာပင်

“ဆရာမဟာ မဆင်မခြင်လုပ်တတ်တဲ့သူ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။”

ထို့နောက် ယွမ်ရှန်ရှန်က

“တော်လောက်ပြီ။ ဒီကိစ္စကို နောက်ထပ်မပြောကြရအောင်။”

ပူးတွဲကျင့်စဉ်မှ အကောင်းဆုံးရလဒ်များ ရရှိရန်အတွက် ချန်ဝမ်ရွန်နှင့် လုချန်းတို့ ပြီးခဲ့သည့် ရက်များက ပြုလုပ်ခဲ့သကဲ့သို့ လုပ်ဆောင်ရမည်ကို သူမ မည်သို့ မသိပဲ နေပါမည်နည်း။ သို့သော် သူမ၏တပည့်နှင့် ထိုကဲ့သို့ မသင့်လျော်သည့် လုပ်ရပ်ကို သူမ မည်သို့ လုပ်ဆောင်နိုင်မည်နည်း။

ဤလူဆိုး လုချန်းသည် ဆရာသမား အပေါ်ပင် သစ္စာဖောက်သည့် ထိုသို့သော အတွေးမျိုးကိုပင် တွေးဝံ့သည်ဟု သူမ တွေးလိုက်မိသည်။

ထိုအခိုက်အတန့်တွင် ယွမ်ရှန်ရှန် မတ်တပ်ရပ်ပြီး လက်ကိုဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

.......

နောက်တစ်ခဏတွင် အိပ်ရာပေါ်သို့ ချန်ဝမ်ရွန် ရုတ်တရက် ရောက်ရှိလာခဲ့သည်။ ချန်ဝမ်ရွန်သည် ဘေးခန်းတွင် တရားထိုင်နေစဉ် ရုတ်တရက် သူမ၏ ခန္ဓာကိုယ်ကို တစ်စုံတစ်ခုက ဆွဲယူလိုက်သလို ခံစားလိုက်ရသည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အခါ လုချန်းသည် အိပ်ရာပေါ်တွင် ရိုးသားစွာ လဲလျောင်းနေပြီး သူမကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ချန်ဝမ်ရွန် ခဏမျှ အံ့အားသင့်သွားသည်။ ဆရာမက လုချန်းနှင့် အရေးကြီးကိစ္စများ ဆွေးနွေးစရာရှိသည်ဟု ပြောခဲ့သည် မဟုတ်ပါလား။

အခု လုချန်းက အဝတ်မပါပဲ...

သူတို့ ခုနက...

ချန်ဝမ်ရွန် ရုတ်တရက် တုန်လှုပ်သွားသည်...

သူတို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

သူမ၏ ဆရာမက လုချန်းရဲ့ ဆရာမပဲ မဟုတ်ဘူးလား။

လုချန်းက ဆရာသမားကိုပင် ဖောက်ပြန်သည့် ထိုသို့သော လုပ်ရပ်ကို မည်သို့လုပ်နိုင်မည်နည်း...

ချန်ဝမ်ရွန် သူ့ကို ငေးကြည့်နေသည်ကို မြင်သောအခါ သူမ တစ်စုံတစ်ခုကို နားလည်မှုလွဲနေပြီဟု လုချန်း သိသော်လည်း ရှင်းပြရန် စိတ်မဝင်စားပေ။

သူသည် ယွမ်ရှန်ရှန်ကြောင့် လုံးဝ ဒေါသထွက်နေခဲ့သည်။ ချန်ဝမ်ရွန် သတိမပြန်မဝင်မီမှာပင် လုချန်းက သူမပေါ်သို့ ခုန်အုပ်လိုက်ပြီး အိပ်ရာပေါ်တွင် ဖိချလိုက်သည်။

ချန်ဝမ်ရွန်သည် လုချန်းအား ဖြစ်ပျက်ခဲ့သည့်ကိစ္စကို မေးမြန်ရန် စဉ်းစားနေခြင်းဖြစ်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ နှုတ်ခမ်းများကို ထိုလူဆိုးက နမ်းရှုံ့လိုက်သည်။

“အွန်း...”

ကိစ္စများ ပြီးစီးပြီးနောက်မှ ဘာဖြစ်ခဲ့သည်ကို မေးရန် ချန်ဝမ်ရွန်စိတ်ကို လျှော့ချလိုက်သည်။

......

တစ်ဖက်တွင်။

ရွှမ်ယွမ်မိသားစု။

ရွှမ်ယွမ်ချန်းသည် ရွှမ်ယွမ်ချောင်ကဲနှင့် တစ်စုံတစ်ခု ဆွေးနွေးနေစဉ် ရွှမ်ယွမ်ယွမ်ချီ အိမ်ပြန်ရောက်လာခဲ့သည်။ သူမ၏ အစ်ကိုကြီးနှင့် ဖခင်ရွှမ်ယွမ်ချောင်ကဲတို့ စိတ်အားထက်သန်စွာ စကားပြောနေသည်ကို မြင်သောအခါ ရွှမ်ယွမ်ယွမ်ချီက စပ်စုစွာပင် သူတို့ဆီ ချဉ်းကပ်လာခဲ့သည်။

ရွှမ်ယွမ်ယွမ်ချီ ပြန်ရောက်လာသည်ကို မြင်သောအခါ ရွှမ်ယွမ်ချန်းက ပြုံးလျက်

“ညီမလေး။ နင့်အတွက် သတင်းကောင်းရှိတယ်။”

ရွှမ်ယွမ်ယွမ်ချီက စပ်စုစွာပင်

“ဘာသတင်းကောင်းလဲ။”

ရွှမ်ယွမ်ချန်းက ဂုဏ်ယူစွာဖြင့်

“ရက်အနည်းငယ်အတွင်းမှာ နင့်ရဲ့အစ်ကိုကြီးက တပ်တွေကို ဦးဆောင်ပြီး တောင်ဘက်ကို ဆင်းမယ်။ အဲဒီအချိန်ကျရင် ရန်ခရိုင်တစ်ခုလုံးရဲ့ ကာကွယ်ရေးက နင့်လက်ထဲမှာ ရှိနေလိမ့်မယ်။”

ရွှမ်ယွမ်ယွမ်ချီ ပြန်လာသည်နှင့် ရန်ခရိုင်အနီးရှိ ကာကွယ်ရေးတပ်ရင်းကို တာဝန်ယူခဲ့သော်လည်း တပ်ရင်းတွင် စစ်သားများစွာ ရှိနေပြီး ရွှမ်ယွမ်ယွမ်ချီသည် တပ်ရင်းတစ်ခုလုံးကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်သည့် စွမ်းရည် မရှိသေးဟု စိုးရိမ်သောကြောင့် ရွှမ်ယွမ်ချန်းက လုံးဝ လက်လွှတ်မထားခဲ့ပေ။

သို့သော် ယခုရွှမ်ယွမ်ချန်း ထွက်သွားပြီးနောက် တပ်ရင်းတစ်ခုလုံးသည် ရွှမ်ယွမ်ယွမ်ချီ၏ ကွပ်ကဲမှုအောက်တွင် ရှိနေမည်ဖြစ်ရာ သူမအတွက် စစ်တပ်အုပ်ချုပ်ပုံ လေ့ကျင့်ရန် ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်လာမည်။

ရွှမ်ယွမ်ချန်း၏ စကားကို ကြားသောအခါ ရွှမ်ယွမ်ယွမ်ချီ ခဏမျှ အံ့အားသင့်သွားသည်။ သူမ၏ အစ်ကိုကြီးသည် တပ်များကို ဦးဆောင်ပြီး တောင်ဘက်သို့ ဆင်းရန် အခွင့်အရေးရလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ခဏလေး...

တပ်များကို ဦးဆောင်ပြီး တောင်ဘက်သို့ ဆင်းမည်တဲ့လား။

ရွှမ်ယွမ်ယွမ်ချီက ချက်ချင်းပင်

“မင်းသားက နန်းတော်ကို တိုက်ခိုက်ဖို့ စီစဉ်နေတာလား။”

ရွှမ်ယွမ်ချန်းက

“မဟုတ်ပါဘူး။ မင်းသားက မင်းသားလုရိကို ဟယ်ယန်ခရိုင် သိမ်းပိုက်ဖို့ အရင်ကူညီပြီးမှ နန်းတွင်းရဲ့ အခြေအနေကို စမ်းသပ်ကြည့်ဖို့ပဲ စီစဉ်ထားတာပါ။”

ရွှမ်ယွမ်ယွမ်ချီက

“နားလည်ပါပြီ။”

ရွှမ်ယွမ်ယွမ်ချီ၏ မျက်နှာအနည်းငယ် မဲ့သွားသည်ကို မြင်သောအခါ ရွှမ်ယွမ်ချန်းက

“နင်က အမြဲတမ်း တပ်ကို ကိုယ်တိုင်ဦးဆောင်ချင်ခဲ့တာ မဟုတ်လား။ အခု ကာကွယ်ရေးတပ်ရင်းတစ်ခုလုံး နင့်လက်ထဲ ရောက်နေပြီ။ ဘာလို့ မပျော်သလို ဖြစ်နေရတာလဲ။”

ရွှမ်ယွမ်ယွမ်ချီက

“ကျွန်မက နောက်တန်းမှာ အမြဲတမ်းနေတာထက် စစ်မြေပြင်မှာ ရှိနေချင်တယ်။”

ထိုသို့ပြောရင်း ရွှမ်ယွမ်ယွမ်ချီ လှည့်ထွက်သွားပြီး သူမ၏ အခန်းဆီသို့ ဦးတည်သွားတော့သည်။ သူမ ထွက်သွားသည်ကို မြင်သောအခါ ရွှမ်ယွမ်ချန်း ခဏမျှ အံ့အားသင့်သွားသည်။

ထိုအခါမှ ရွှမ်ယွမ်ချောင်ကဲက

“ အင်း။ မင်းသား သူ့ကို သဘောကျလို့ ဒဏ်ရာရမှာ မလိုလားဘူးဆိုတာ ယွမ်ချီက မမြင်ဘူးလား။”

“ဒီလောက် ကြီးလာတာတောင် ဘာမှ နားမလည်သေးဘူး။ အမြဲတမ်း တိုက်ခိုက်သတ်ဖြတ်ဖို့ပဲ စဉ်းစားနေတယ်။”

ရွှမ်ယွမ်ချန်းက လေသံခပ်တိုးတိုးဖြင့်

“ဖခင်။ ဖခင်ကိုယ်တိုင် မင်းသားနဲ့ စကားပြောပြီး ယွမ်ချီကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နဲ့ လက်ထပ်ပေးလိုက်ပါလား။ ဒါဆို သူ စစ်မြေပြင်အကြောင်း အမြဲတွေးနေတာ‌ လျှော့သွားလိမ့်မယ်။”

ရွှမ်ယွမ်ချောင်ကဲက

“ဒီကိစ္စကို မင်းသားနဲ့ ပြောပြီးပါပြီ။ မင်းသားက ယွမ်ချီရဲ့ ဆန္ဒအရပဲ ဖြစ်စေချင်တယ်။”

ထိုသို့ပြောရင်း ရွှမ်ယွမ်ချောင်ကဲက ထပ်မံ သက်ပြင်းချလျက်

“ထားလိုက်ပါ။ ဖြစ်သင့်တာ ဖြစ်ပါစေ။”

“မင်းလည်း နောက်ရက်တွေမှာ ကောင်းကောင်း ပြင်ဆင်ထား။ တောင်ဘက်ခရီးမှာ သတိထားပါ။”

ရွှမ်ယွမ်ချန်းက

“နားလည်ပါတယ်။”

......

နံနက်စောစော။

လုချန်းသည် ချန်ဝမ်ရွန်၏ ခါးကို ဖက်ထားပြီး သူမ၏ ဆံပင်များထဲသို့ မျက်နှာကို ထိုးစိုက်ကာ ဆံပင်နံ့ကို ရှူရှိုက်နေသည်။

ချန်ဝမ်ရွန် သတိပြန်ဝင်လာပြီးနောက် မနေနိုင်တော့ပဲ

“မနေ့ညက ရှင်နဲ့ဆရာမ အခန်းထဲမှာ ဘာတွေလုပ်ခဲ့ကြတာလဲ။”

မေးခွန်းကို ကြားသောအခါ လုချန်းက ပြုံးလျက်

“ ဘာလုပ်ခဲ့တယ် ထင်လဲ”

ပြန်မေးလိုက်သည်။

ထိုအခိုက်အတန့်တွင် ချန်ဝမ်ရွန်က သူမ၏ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး လုချန်းဘက်သကြည့်ကာ မျက်လုံးများကို စိုက်ကြည့်လျက်

“ရှင်တို့ နှစ်ယောက်ကလည်း ဒီလိုမျိုးလုပ်ခဲ့ကြတာလား။”

လုချန်းက

“သဝန်တိုနေတာလား။”

ချန်ဝမ်ရွန်က ပုံမှန်အတိုင်းပင်

“မဟုတ်ပါဘူး။”

လုချန်းက

“ဒါဆို ဘာလို့ အဲဒီလို မေးတာလဲ။”

ချန်ဝမ်ရွန်က မျက်နှာအမူအယာမဲ့စွာဖြင့်

“မေးကြည့်တာပါ။”

...................

All Chapters