← Chapters

အခန်း ၄၉၁-၄၉၃

Vol. 47 Ch. 491-493

အခန်း ၄၉၁-၄၉၃

Vol. 47 Ch. 491-493

အခန်း (၆၉၁)

အံ့အားသင့်သွားသော လုရိ (၃)

မြောက်ပိုင်းနယ်စားမင်းသား၏ လက်အောက်ခံများ ကိုယ့်ကိုယ်ကို အထင်ကြီးလေလေ သူ့အတွက် ပိုကောင်းလေလေဖြစ်သည်။ တစ်နေ့တွင် သူနှင့် မြောက်ပိုင်းနယ်စားမင်းသား သဘောထားကွဲလွဲပြီး စစ်ဖြစ်လာပါက ထိုကိုယ့်ကိုယ်ကို အထင်ကြီးသော ဗိုလ်ချုပ်များသည် မြောက်ပိုင်းပြည်နယ်အတွက် ဘေးဥပဒ် ဖြစ်လာနိုင်သည်။

သို့သော် လုရိသည် ရွှမ်ယွမ်ချန်း ကိုယ့်ကိုယ်ကို အထင်မကြီးကြောင်း မကြာမီပင် တွေ့ရှိလိုက်ရသည်။ ဆန့်ကျင်ဘက်အားဖြင့် ရွှမ်ယွမ်ချန်း ခန့်မှန်းခဲ့သည့် အချိန်သည် အနည်းငယ် များလွန်းသည်ဟုပင် ဆိုနိုင်သည်။

........

ထိုအချိန်တွင်။

မြစ်တစ်ဖက်ကမ်း၌။

သံချပ်ကာဝတ် ဗိုလ်ချုပ်တစ်ဦးသည် မြောက်ပိုင်းပြည်နယ် စစ်သည်များ တပ်စွဲထားသည့် စစ်စခန်းကို ကြည့်ကာ

“မြောက်ပိုင်းပြည်နယ် စစ်သည်တွေဟာ ရဲရင့်ပြီး တိုက်ခိုက်စွမ်းရည် မြင့်မားကြတယ်လို့ ကြားသိရတာ ကြာပြီ။ အလွန်အထင်ကြီးစရာ ကောင်းပါတယ်။ ကျုပ်ကို ကောင်းကောင်း အတွေ့အကြုံယူခွင့် ပေးလိုက်စမ်းပါ။ မြောက်ပိုင်းပြည်နယ် စစ်သည်တွေ တကယ် ဘယ်လောက် အစွမ်းထက်လဲဆိုတာ ကျုပ် သိချင်တယ်” ဟု ယုံကြည်မှုအပြည့်ဖြင့် ရေရွတ်လိုက်၏။

.......

နောက်တစ်နေ့ နံနက်စောစော။

လုရိ သူ၏တဲတွင် အိပ်ပျော်နေဆဲ၌ နားကွဲမတတ် ဆူညံသော ဗုံသံများက သူ့ကို နိုးသွားစေသည်။ နိုးလာသောအခါ သူ၏မျက်နှာတွင် အလွန်ဆိုးရွားသော အမူအရာရှိနေသည်။

သူကတဲအပြင်ဘက်ရှိ သူ၏ လူယုံ လက်ထောက်ကို

“ချန်လဲ့ ဘာဖြစ်တာလဲ။”

လူယုံက ချက်ချင်း တဲထဲသို့ ဝင်လာပြီး

“မင်းသား။ ဗိုလ်ချုပ်ရွှမ်ယွမ် စတင် တိုက်ခိုက်ပါပြီ။”

ထိုစကားကို ကြားသောအခါ လုရိ၏မျက်နှာ ချက်ချင်း မှောင်သွား၏။

ရွှမ်ယွမ်ချန်းနှင့် သူ၏လူများသည် သူ၏လက်အောက်ခံများ မဟုတ်သော်လည်း ဟယ်ယန်ခရိုင်ကို သိမ်းပိုက်ဖို့အတွက် သူ့ကို ကူညီရန် စေလွှတ်ထားခြင်း ဖြစ်သည်။ သို့သော် ဤသူများသည် တိုက်ခိုက်မှု မစတင်မီ သူ့ကိုပင် အကြောင်းမကြားပဲ သူ မရှိသကဲ့သို့ ဗုံတီးပြီး စတင်ခဲ့ကြသည်။

စိတ်မကြည်မသာ ဖြစ်သွားသော်လည်း လုရိ ဘာမှ မပြောတော့ပေ။ ထို့နောက် ချက်ချင်း ထ၍ အဝတ်လဲကာ မနက်စာပင် မစားတော့ပဲ ရှေ့တန်းသို့ တိုက်ရိုက်သွားတော့သည်။ မြောက်ပိုင်းပြည်နယ် စစ်သည်များ မည်သို့တိုက်ခိုက်သည်ကို သူ ကြည့်လိုသည်။

လုရိ ရှေ့တန်းရောက်သည်နှင့် အမြောက်စခန်းများမှ နားကွဲမတတ် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ လုရိသည် အမြောက်စခန်းများနှင့် မလှမ်းမကမ်းတွင် ရှိနေသဖြင့် ပေါက်ကွဲသံ တစ်ခုစီတိုင်းသည် သူ့ခန္ဓာကိုယ် အတွင်းကလီစာများထဲသို့ တိုက်ရိုက်ထိမှန်သလိုသို့ ခံစားရပြီး သူ၏ခန္ဓာကိုယ်လည်း အလိုလို တုန်ယင်လာသည်။

မကြာမီပင် မြစ်တစ်ဖက်ကမ်းသည် ဖုံမှုန့်တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားသည်ကို မြင်လိုက်ရသည်။ တစ်ဖက်ကမ်းရှိ အခြေအနေကို လေ့လာရန် မှန်ပြောင်း ယူလာဖို့ တစ်စုံတစ်ဦးကို အလျင်အမြန် ခေါ်ယူလိုက်၏။

အမြောက်ဆံများ ပေါက်ကွဲကာ ဟိုင်မင်းသား၏ စစ်သည်များကို အပိုင်းပိုင်းအစစ ဖြစ်သွားသည်ကို မြင်သောအခါ လုရိ၏ခြေထောက်များ မထိန်းချုပ်နိုင်စွာ တုန်ယင်လာသည်။

ထိုလက်နက်များ၏ စွမ်းအားက ကြောက်စရာ ကောင်းလှသည်။

လွင်ပြင်ဒေသ မျိုးနွယ်စုများသာမက ဝူနိုင်ငံတော်ပါ မြောက်ပိုင်းပြည်နယ်ကို အဘယ်ကြောင့် မယှဉ်နိုင်ရသည်ကို လုရိ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ ဤအမြောက်များ၏ စွမ်းအားသည် အဆင့်လွန် ပညာရှင်တစ်ဦး၏ စွမ်းအားနှင့်တူညီပြီး အရေးကြီးအဆုံးက အမြောက်အရေအတွက် အလုံအလောက် ရှိနေခြင်းဖြစ်၏။

မြောက်ပိုင်းပြည်နယ်က ၎င်းတို့ကို ဆက်လက် ထုတ်လုပ်နိုင်သရွေ့ မည်သည့်နိုင်ငံ သို့မဟုတ် အင်အားစုတွင်မဆို အဆင့်လွန် ပညာရှင်များစွာ ရှိနေပါကလည်း မြောက်ပိုင်းပြည်နယ်ကို ယှဉ်နိုင်မည် မဟုတ်ချေ။ ဤအမြောက်များ၏ အဆက်မပြတ် ပစ်ခတ်မှုက အဆင့်လွန် ပညာရှင်တစ်ဦးကိုပင် ပင်ပန်းနွမ်းနယ်၍ သေဆုံးစေနိုင်ပေသည်။

တစ်ဖက်ကမ်းရှိ စစ်သည်များ၏ အသက်များကို အမြောက်ဆံများက မနားမနေ ချွေနေသည်ကို ကြည့်ရင်း လုရိ၏မျက်နှာ ဖျော့တော့သွား၏။ ဤသည်မှာ စစ်ပွဲမဟုတ်တော့ပဲ တစ်ဖက်သတ် သတ်ဖြတ်မှုသာ ဖြစ်သည်။

ဤအမြောက်များ၏ စွမ်းအားဖြင့် တစ်ဖက်ကမ်းသို့ ရောက်ရန် သုံးရက်ကြာမှာလား။

မဟုတ်ပါ။ အချိန်နှစ်နာရီပင် မလိုလောက်ပါ။

ထိုစဉ် မြောက်ပိုင်းပြည်နယ်၏ စစ်သင်္ဘောများ မြစ်ကို စတင်ဖြတ်ကျော်နေပြီဖြစ်ကြောင်း လုရိ လျင်မြန်စွာ သတိပြုမိလိုက်သည်။

ဤစစ်သင်္ဘောများသည် အလျင်အမြန် ပြုပြင်ထားခြင်း ဖြစ်သော်လည်း အမြောက်ငယ်များ ကဲ့သို့သော ပစ္စည်းများ တပ်ဆင်ထားသည်။ စစ်သင်္ဘောများ တစ်ဖက်ကမ်းသို့ နီးကပ်လာသည်နှင့် ဟိုင်မင်းသား၏ ကျန်ရှိနေသော စစ်သည်အချို့ ခေါင်းမာစွာ ခုခံရန် ကြိုးစားခဲ့ကြသော်လည်း အမြောက်ဆံ အနည်းငယ်နှင့်အတူ ကြွေလွင့်သွားကြရသည်။

အမြောက်နှင့် ပစ်ခတ်မှုသည် တစ်နာရီခန့်သာ ကြာမြင့်ခဲ့ပြီး မကြာမီပင် လုရိ၏ စစ်အလံများသည် မြစ်တစ်ဖက်ကမ်းရှိ ခံတပ်များပေါ်တွင် စိုက်ထူထားသည်ကို တွေ့မြင်ရသည်။

ရွှမ်ယွမ်ချန်းနှင့် သူ၏လူများသည် လုရိအား ဟယ်ယန်ခရိုင်ကို သိမ်းပိုက်ရန် ကူညီနေခြင်းသာဖြစ်သောကြောင့် အလံများတွင် မြောက်ပိုင်းပြည်နယ်၏ အမှတ်အသားများ မပါဝင်ပေ။

လွှင့်ထူထားသော အလံကို မြင်သောအခါ လုရိ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။

သဘောတရားအရ မြောက်ပိုင်းပြည်နယ်၏ စစ်သည်များ မြစ်ကို အောင်မြင်စွာ ဖြတ်ကျော်ပြီးသည်နှင့် ဟယ်ယန်ခရိုင်ကို အပြီးသတ် သိမ်းပိုက်ရန် အချိန်များစွာ မလိုတော့ပေ။ လုရိ မကြာမီတွင်ပင် ပြန်လည် ဦးမော့နိုင်တော့မည် ဖြစ်သည်။ သူ ပျော်ရွှင်သင့်သော်လည်း ထိုအချိန်တွင် မည်သည့် ပျော်ရွှင်မှုမျိုးမှ မခံစားရချေ။

နောင်တွင် မြောက်ပိုင်းပြည်နယ်၏ အမြောက်များကို ရင်ဆိုင်ရမည်ဟူသော အတွေးက လုရိကို ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်စေခဲ့သည်။

သူသာ ပုံမှန်စစ်တပ်ကို ဦးဆောင်ပြီး မြစ်ကူးတိုက်ပွဲ ဆင်နွှဲခဲ့မည်ဆိုလျှင် အောင်မြင်မှုရရှိရန် လပေါင်းများစွာ ကြာမြင့်နိုင်သော်လည်း မြောက်ပိုင်းပြည်နယ်၏ စစ်တပ်မှာမူ မြစ်တစ်ဖက်ကမ်းရှိ ခုခံကာကွယ်နေသော တပ်များကို နှစ်နာရီခန့် မကြာမီပင် ရှင်းလင်းနိုင်ခဲ့သည်။

ဒါ ဘယ်လိုစစ်ပွဲမျိုးလဲ…

တစ်နေ့တွင် မြောက်ပိုင်းနယ်စားမင်းသားက သူ၏တပ်များနှင့် တောင်ဘက်သို့ချီလာပါက တစ်လပင် မလိုပဲ နေပြည်တော်ကို တိုက်ရိုက်သိမ်းပိုက်ကာ မင်းဆက်ပြောင်းလဲပစ်နိုင်မှာလား။

လုရိ၏ လူယုံက သူ့ကို အလျင်အမြန် ဖေးမလိုက်ပြီး

“မင်းသား ဘာဖြစ်တာလဲ။”

“မင်းသား နေကောင်းရဲ့လား။”

“မင်းသား…”

ထိုစဉ် လုရိ၏ မျက်လုံးများ သေ‌နေပြီး အပြင်ဘက်မှ အသံများကို မကြားနိုင်တော့သကဲ့သို့ မြေပြင်ပေါ်တွင် ထိုင်လျက် မြစ်တစ်ဖက်ကမ်းရှိ မီးခိုးများကို စိုက်ကြည့်နေသည်။

အချိန်တစ်ခုကြာပြီးနောက်မှ လုရိ၏နားများသည် သူ၏လက်ထောက်များ၏ အသံများကို တဖြည်းဖြည်း ကြားလာရပြီး ခပ်တိုးတို့ဖြင့်

“ကျွန်တော့်ကို ထူပေးပါ။”

လက်ထောက်များလည်း လုရိကို အလျင်အမြန် ထူပေးကာ တဲသို့ ပြန်ပို့ဆောင်ပေးကြသည်။

ယနေ့ မြင်တွေ့ခဲ့ရသည့် မြင်ကွင်းသည် လုရိအား အကြီးအကျယ် ထိတ်လန့်တုန်လှုပ်စေခဲ့၏။ စစ်ပွဲ ဤမျှ အချိန်တိုလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။

ဗိုလ်ချုပ်ရွှမ်ယွမ်သည် မြစ်တစ်ဖက်ကမ်းကို သိမ်းပိုက်ပြီးနောက် လုရိ၏ တဲအပြင်ဘက်သို့ ရောက်လာခဲသည်။ သူက လုရိအား တိုက်ပွဲအခြေအနေကို ပုံမှန်အတိုင်း အစီရင်ခံရန် ရည်ရွယ်ခဲ့သော်လည်း လုရိ၏ လက်ထောက်များက ဗိုလ်ချုပ်ရွှမ်ယွမ်ကို တားဆီးကာ

“ဗိုလ်ချုပ်ရွှမ်ယွမ်။ မင်းသား နေမကောင်းဖြစ်နေပါတယ်။ ဒီစစ်ပွဲအတွက် အပြည့်အဝ တာဝန်ယူဖို့ ခင်ဗျားကို လွှဲအပ်ထားပါတယ်။ ဟယ်ယန်ခရိုင်ကို လုံးဝ သိမ်းပိုက်ပြီးမှပဲ သူ့ကို အစီရင်ခံပါ‌တော့။ ဒီကြားထဲမှာ အစီရင်ခံဖို့ မလိုပါဘူး။”

ရွှမ်ယွမ်ချန်း ဆက်လက် မတောင်းဆိုတော့ပေ။ သူက လက်နှစ်ဖက်ဆုပ်ကာ

“သဘောပေါက်ပါပြီ။ ဒါဆို မင်းသား ကောင်းကောင်း အနားယူပါ။”

.......

တစ်ရက်အကြာ။

ရှုနန်မြို့အတွင်း။

လုယုံသည် မိန်းမလှများ၏ ဧည့်ခံမှုကို ခံစားနေစဉ် ရုတ်တရက် ဗိုလ်ချုပ်အုပ်စုတစ်စု ခန်းမထဲသို့ အရေးတကြီး

ဝင်ရောက်လာသည်။

“မင်းသား။ မကောင်းတော့ဘူး။”

“မင်းသား လုရိ ကျွန်တော်တို့ဆီ လာနေပြီ။”

ဗိုလ်ချုပ်များ ရုတ်တရက် ရောက်ရှိလာမှုကြောင့် လုယုံ ထိတ်လန့်သွား၏။ သူ၏ခန္ဓာကိုယ် ချက်ချင်း တောင့်တင်းသွားပြီး အဝလွန်သော သူ့ကိုယ်ခန္ဓာသည် ချက်ချင်းထနိုင်ခြင်းမရှိပဲ မိန်းမလှတစ်ဦးအပေါ်တွင် လဲလျောင်းနေ၏။

လုယုံ က ကြောက်မက်ဖွယ်ရာ အသံဖြင့်

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

“မဖြစ်နိုင်ဘူး။ ချွမ်ပင်းမြစ်က အတားအဆီးတစ်ခုလို ရှိနေတာ။ မြောက်ပိုင်းပြည်နယ် စစ်သည်တွေ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ကူးလာနိုင်မှာလဲ။”

လုယုံ အလွန်ထိတ်လန့်နေသည့်အပြင် ထရန်ကြိုးစားသော်လည်း မထနိုင်ဖြစ်နေသည်ကို မြင်သောအခါ ဗိုလ်ချုပ်များ ပို၍ပင် စိုးရိမ်ပူပန်လာကြသည်။

သူတို့သည် အစကတည်းက အင်အားချည့်နဲ့ ရှုံးနိမ့်ပြီးသား ဖြစ်နေကာ ယခုလို တည်ငြိမ်သောနေရာကို မနည်းရှာဖွေခဲ့ကြရသည်။ ဤနေရာတွင် ဇိမ်ကျသောဘဝဖြင့် ဆက်လက်နေထိုင်နိုင်မည်ဟု တွေးခဲ့ကြသော်လည်း လုရိမင်းသားက လျင်မြန်စွာ ဖျက်ဆီးပစ်လိုက်ပြီဖြစ်သည်။

ထိုစဉ် ဗိုလ်ချုပ်တစ်ဦးက ရုတ်တရက်

“ခင်ဗျားတို့အားလုံး မြောက်ပိုင်းပြည်နယ် ခုနက သုံးခဲ့တဲ့ လက်နက်ကို မြင်ခဲ့ကြတယ်။ ဒီလို ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ သေရမှာ သေချာတယ်။”

နောက်ဗိုလ်ချုပ်တစ်ဦးက

“ဘာလို့ လက်နက်မချတာလဲ။ မင်းသားလုရိက အခု လူအင်အား လိုအပ်နေတာ။ သူ ကျွန်တော်တို့ကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ဘူး”

ဟု အကြံပြုလိုက်သည်။

သူတို့၏စကားကို ကြားသောအခါ အလှမယ်ပေါ်တွင် ဝက်ကြီးတစ်ကောင်ကဲ့သို့ လဲလျောင်းနေသော လုယုံက

“ဟုတ်တယ်။ လက်နက်ချမယ်။ ငါ လက်နက်ချမယ်”

ဟု ရောယောင် ပြောလိုက်၏။

သို့သော် သူ့ စကားမဆုံးသေးမီပင် လူတိုင်း၏အကြည့်များက လုယုံထံသို့ ပြင်းထန်စွာ ရောက်ရှိလာပြီး သူတို့၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

နောက်တစ်ခဏတွင် ဗိုလ်ချုပ်တစ်ဦးက သူ၏ဓားကို ထုတ်ယူကာ လုယုံနှင့် မိန်းမလှတို့ နှစ်ဦးလုံးကို တစ်ချက်တည်းဖြင့် ထိုးဖောက်လိုက်သည်။

လုယုံ သေဆုံးသည်အထိ နားမလည်နိုင်ခဲ့ပေ။ သူ့ဖခင်နေရာကို သိမ်းပိုက်ရန် သူ့အား ထောက်ခံခဲ့ကြသော ဤလူများသည် ယခု ရုတ်တရက် သူ့အား သစ္စာဖောက်သွားခြင်းဖြစ်သည်။

...............

အခန်း (၆၉၂)

မြောက်ပိုင်းနယ်စားမင်းသားသာ သဘောကျလာမည်ဆိုလျှင်

လုယုံ သေဆုံးပြီးနောက် သူ၏လက်အောက်ခံများသည် လုယုံ ၏ဦးခေါင်းကို မြောက်ပိုင်းပြည်နယ် စစ်သည်များထံ သယ်ဆောင်လာကာ လက်နက်ချခဲ့ကြသည်။

ရွှမ်ယွမ်ချန်း၏ တိုက်ခိုက်မှု စတင်ပြီး တစ်လမပြည့်ခင်မှာပင် ဟယ်ယန်ခရိုင်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။

လုရိသည် ထိုအတောအတွင်း သူ၏တဲထဲတွင်သာ နေခဲ့သော်လည်း အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သည်များကို သိရှိနေခဲ့သည်။

လုယုံ၏ ကံကြမ္မာကို စစ်ပွဲစတင်သည့် ပထမဆုံးနေ့ကတည်းက သူကြိုတင်ခန့်မှန်းခဲ့ပြီး ဖြစ်သည်။ ရွှမ်ယွမ်ချန်းသည် မြစ်ကူးတိုက်ပွဲကို တစ်ရက်တည်းဖြင့် အပြီးသတ်ခဲ့သည်။ ဟိုင်မင်းသား၏ လက်အောက်ခံများလည်း မြောက်ပိုင်းပြည်နယ် အမြောက်တပ်ဖွဲ့၏ ပစ်ခတ်မှုကို ခံခဲ့ရပြီးနောက် ဘယ်လိုလုပ် ခုခံလိုစိတ် ရှိနိုင်ပါတော့မည်နည်း။

ရွှမ်ယွမ်ချန်းသည် ဟယ်ယန်ခရိုင်တစ်ခုလုံးကို ထိန်းချုပ်ပြီးနောက် လုရိ၏တဲသို့ ထပ်မံလာရောက်ခဲ့သည်။ ရွှမ်ယွမ်ချန်းသည် ဤရက်များအတွင်း လုရိကို ရှာဖွေခဲ့ခြင်း မရှိခဲ့ပေ။ လုရိ စိတ်ဓာတ်ကျနေပြီး အခြားသူများနှင့် တွေ့ဆုံရန် ဆန္ဒမရှိသေးကြောင်း သူ သိသောကြောင့် ဖြစ်၏။

သို့သော် ယခု ဟယ်ယန်ခရိုင်ကို သိမ်းပိုက်ပြီး ဟိုင်မင်းသား၏ ဦးခေါင်းလည်း ပြတ်သွားကာ သူ၏ လက်အောက်ခံများ လုရိထံ လက်နက်ချခဲ့ပြီဖြစ်ရာ ယခု လုရိ နှင့်တွေ့ဆုံရန် အချိန်ကျလာပြီဖြစ်သည်။

ရွှမ်ယွမ်ချန်း လုရိ၏တဲသို့ ရောက်ရှိလာသောအခါ

“မင်းသား။ ဟယ်ယန်ခရိုင်ကို သိမ်းပိုက်လိုက်ပါပြီ။ ဟိုင်မင်းသားရဲ့ လက်အောက်ခံတွေက သူ့ရဲ့ ဦးခေါင်းကို ယူလာပြီး လက်နက်ချပါပြီ။ နောက်ဘာဆက်လုပ်သင့်တယ်လို့ ထင်ပါသလဲ”

ဟု ကျယ်လောင်စွာ ပြောလိုက်၏။

ရွှမ်ယွမ်ချန်း၏အသံကို ကြားသောအခါ တဲထဲမှ လုရိ၏ ပြင်းထန်‌သော ချောင်းဆိုးသံ ထွက်ပေါ်လာသည်။

တဲအပြင်ဘက်ရှိ လူယုံက

“ဗိုလ်ချုပ်ရွှမ်ယွမ်။ မင်းသားဟာ ဒီရက်ပိုင်း နေမကောင်းဖြစ်နေပြီး မသက်သာသေးပါဘူး။ အရင်ဆုံး အဲဒီလူတွေကို ဖမ်းဆီးထားသင့်ပြီး မင်းသား သက်သာလာမှ ဒီကိစ္စကို ပြန်ဆွေးနွေးတာ ပိုကောင်းပါလိမ့်မယ်”

ဟု အလျင်အမြန် ဝင်ပြောလိုက်သည်။

လူယုံ၏ စကားကို ကြားပြီးနောက် ရွှမ်ယွမ်ချန်းက

“ကောင်းပါပြီ။”

ရွှမ်ယွမ်ချန်းလည်း အလေးအနက် စဉ်းစားမနေတော့ပဲ မြစ်တစ်ဖက်ကမ်းရှိ တပ်စခန်းသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

ရက်အတော်ကြာပြီးနောက် လုရိ၏ နာမကျန်းမှု နောက်ဆုံးတွင် အနည်းငယ် သက်သာလာသည်။ လုရိသည် ဟိုင်မင်းသား၏ လက်အောက်ခံများကို မကွပ်မျက်ခဲ့ပေ။

သို့သော် သူ၏စိတ်ထဲတွင် ဤလူများသည် ယုံကြည်စိတ်ချရသူများ မဟုတ်ဟု ခံစားရသည်။ သူတို့သည် သခင်ဖြစ်သူ လုယုံ၏ဦးခေါင်းကို သယ်ဆောင်လာ၍ လက်နက်ချခဲ့ကြသူများ ဖြစ်သည်။ ထိုသို့သောလူများသည် တစ်ကြိမ် သို့မဟုတ် အကြိမ်ပေါင်းများစွာ လက်နက်ချနိုင်သည်။ တစ်နေ့တွင် သူနှင့် လုချန်းတို့ စစ်ဖြစ်ပါက ဤလူများသည် သူ့ကို သတ်၍ လက်နက်ချခြင်း သို့မဟုတ် သူ့ကို ဖမ်းဆီးပြီး မြောက်ပိုင်းပြည်နယ်သို့ ပို့ဆောင်ခြင်းမျိုးပင် ပြုလုပ်ကြမည့် လူများဖြစ်သည်။

သို့သော် မတတ်နိုင်ပေ။ စိတ်ထဲတွင် မလိုလားသော်လည်း သူ့တွင် လူအင်အား မလုံလောက်သဖြင့် ဤလူများကို ယခုအချိန်တွင် ဆက်ထားရန် လိုအပ်သည်။

မြောက်ပိုင်းပြည်နယ်၏စစ်သည်များသည် အမှန်တကယ် အစွမ်းထက်သော်လည်း သူတို့ထဲမှ ဘယ်သူကမှ သူ၏လူမဟုတ်ပေ။ မကြာမီ သူတို့သည် မြောက်ပိုင်းပြည်နယ်သို့ ပြန်သွားကြမည်ဖြစ်ရာ သူ့ အ‌နေနှင့် အချိန်ယူကာ သူ၏ကိုယ်ပိုင်တပ်မတော်ကို တည်ဆောက်ရန် လိုအပ်သည်။

မြောက်ပိုင်းပြည်နယ်၏ စစ်တိုက်ပုံကို မြင်တွေ့ခဲ့ရပြီးနောက် လုရိ ပို၍ပင် အလျင်လိုလာ၏။ သူ၏အင်အားကို လျင်မြန်စွာ တည်ဆောက်ပြီးနောက် မြောက်ပိုင်းပြည်နယ်မှ အမြောက်နည်းပညာများကို ရယူဖို့ နည်းလမ်းရှာဖွေရန် လိုအပ်သည်။ သူ စိတ်ဓာတ် ဆက်ကျနေ လို့မဖြစ်တော့ချေ။

လုရိသည် ဟယ်ယန်ခရိုင်၏ မြို့တော်ဖြစ်သော ရှုနန်မြို့သို့ ရောက်ရှိလာပြီးနောက် အမိန့်ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် အကျင့်ပျက်ခြစားသော အရာရှိများက ရှနိုင်ငံတော်အုပ်ချုပ်နေပြီး ဧကရာဇ် လမ်းမှား ရောက်နေကြောင်း၊ အိမ်ရှေ့မင်းသားဖြစ်သူက ရှနိုင်ငံတော်ကို ကယ်တင်ရန်၊ သစ္စာဖောက် အရာရှိများကို ဖယ်ရှားရန် ရပ်တည်မည်ဖြစ်ကြောင်း၊ တိုင်းပြည်မှ ဖြောင့်မတ်မှန်ကန်သူများကို သူ့ထံ လာရောက်ပူးပေါင်းပြီး နေပြည်တော်သို့ ချီတက်ကာ ဧကရာဇ်ကို ထောက်ခံရန် တောင်းဆိုခဲ့သည်။

“နေပြည်တော်ရှိ ဧကရာဇ်ကို ထောက်ခံခြင်း” ဟူသော တောင်းဆိုမှု ပြုလုပ်လိုက်သည်နှင့် အင်အားစု အတော်များများက လုရိနှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့ကြသည်။

လုရိ၏ လက်ရှိစွမ်းရည်မှာ သာမန်မျှသာ ဖြစ်သော်လည်း ဤအင်အားစုများသည် လူမိုက်များ မဟုတ်ကြချေ။ သူတို့သည် လုရိ၏ နောက်ကွယ်ရှိ ကြီးမားသော အင်အားကို မြင်ခဲ့ကြသည်။

ဟယ်ယန်ခရိုင်ကို တစ်လ မကြာပဲ သိမ်းပိုက်နိုင်ခဲ့ခြင်းက လုရိထံ၌ မြောက်ပိုင်းနယ်စားမင်းသားထံမှ ခိုင်မာသော အထောက်အပံ့ ရရှိထားကြောင်း ရှင်းလင်းစွာ ပြသနေသည်။

မြောက်ပိုင်းနယ်စားမင်းသား၏ အထောက်အပံ့ရှိနေပါက လုရိအနေနှင့် ထီးနန်းသိမ်းယူခြင်းက အလွန်လွယ်ကူပေလိမ့်မည်။ အထူးသဖြင့် သူသည် အိမ်ရှေ့မင်းသားဖြစ်ကာ ထီးနန်း၏ တရားဝင်အမွေဆက်ခံသူလည်းဖြစ်သည်။

ထိုသတင်းက နေပြည်တော်သို့ လျင်မြန်စွာ ရောက်ရှိလာသည်။ လုရိ လူအများအပြားကို စုစည်းပြီး နေပြည်တော်ရှိ ဧကရာဇ်ကို ထောက်ခံရန် ရည်ရွယ်နေကြောင်း ဆွမ်ဧကရာဇ် သိသွားသောအခါ သူ အလွန် ဝမ်းသာသွားသည်။

လုရိက ဟယ်ယန်ခရိုင်ကို သိမ်းပိုက်ပြီး ခဏမျှ အင်အားထူထောင်ဦးမည်ဟု သူအစက ထင်ထားခဲ့သည်။ လုရိက “နေပြည်တော်ရှိ ဧကရာဇ်ကို ထောက်ခံခြင်း” ဟူသော ကြွေးကြော်သံကို ဤမျှ လျင်မြန်စွာ ထုတ်ပြန်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

လုရိက ကြွေးကြော်ပြီးပြီဖြစ်ရာ သူ၏ကွပ်ကဲမှုအောက်ရှိ စစ်တပ် မကြာမီ နေပြည်တော်သို့ ချီတက်လာတော့မည်ဟု ဆိုလိုသည်။

လုရိ နေပြည်တော်သို့ ရောက်ရှိလာပါက မြောက်ဘက်ရှိ ထိုသူပုန်ကို ကိုင်တွယ်နိုင်ရန် က မကြာတော့ပေ။

.......

ထိုအတောအတွင်း။

မြောက်ပိုင်းပြည်နယ်။

လုစံအိမ်။

ရွှီလင်လုံသည် အနက်ရောင် ပိုးဝတ်စုံပါးကို ဝတ်ဆင်ထားရာ သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေကို မထင်မရှား မြင်နိုင်နေသည်။

ထိုစဉ် ယုထျန်းလု ရွှီလင်လုံအနားသို့ ရောက်ရှိလာပြီး ထောက်လှမ်းရေးသတင်းတစ်ခုကို ပေးအပ်လိုက်၏။

ရွှီလင်လုံက ထောက်လှမ်းရေးသတင်းကို လက်ခံယူကာ ကြည့်ရှုပြီးနောက်

“မြောက်ပိုင်းပြည်နယ်ရဲ့ စစ်အင်အားက တကယ်ပဲ အထင်ကြီးစရာ ကောင်းတယ်။ တစ်လတောင် မလိုပဲ ဟယ်ယန်ခရိုင်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်။”

“မြောက်ပိုင်းနယ်စားမင်းသား တကယ်ပဲ သူ့တပ်တွေနဲ့ တောင်ဘက်သွားမယ်ဆိုရင် နေပြည်တော်ရဲ့ တံခါးဝကို ရောက်ဖို့ တစ်လတောင် မလိုလောက်ဘူး”

ဟု ညင်သာစွာ ရယ်မောရင်း ပြောလိုက်၏။

ထိုအခါ ယုထျန်းလုက

“ကျွန်တော်တို့ ရှာဖွေနေတဲ့ ‘ကံကြမ္မာရဲ့သား’ ဟာ မြောက်ပိုင်းနယ်စားမင်းသား ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အတည်ပြုနိုင်ပါပြီ။”

“သူ့ကို ယဇ်ပူဇော်နိုင်မယ်ဆိုရင် ဂိုဏ်းချုပ်ကို သေချာပေါက် ပြန်အသက်သွင်းနိုင်မှာပါ။ ဒါပေမဲ့ မြောက်ပိုင်းနယ်စားမင်းသားက အမြဲတမ်း ရန်ခရိုင်မှာပဲ နေနေတာ။ လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်လူသား စွမ်းအားရှင်လည်း ရန်ခရိုင်မှာပဲ ရှိနေပုံရတယ်။ ကျွန်တော်တို့ မြောက်ပိုင်းနယ်စားမင်းသားကို ခေါ်သွားဖို့ လွယ်မှာ မဟုတ် လောက်ဘူး။”

ရွှီလင်လုံက

“ဒါက လွယ်ပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားက အလှအပကို နှစ်သက်သူဆိုတော့ ကျွန်မရဲ့ ဆွဲဆောင်မှုတွေကို အသုံးပြုပြီး သူ့ကို ဖျားယောင်းနိုင်ပါတယ်။”

“မြောက်ပိုင်းနယ်စားမင်းသားသာ ကျွန်မကို နှစ်သက်လာမယ်ဆိုရင် သူ့ရဲ့ဆန္ဒအလျောက် ယဇ်ပူဇော်ခံလာအောင် လှည့်စားဖို့ နည်းလမ်း ရှာတွေ့ပါလိမ့်မယ်။”

ထိုစကားကို ကြားသောအခါ ယုထျန်းလု ခဏမျှ လန့်သွားပြီးနောက်

“သူတော်စင်မ။ ဒါ မသင့်တော်ဘူး မဟုတ်လား။”

“ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားက တိုင်ယင် နတ်ဘုရားဂိုဏ်းရဲ့ သူတော်စင်မပဲ။ ခင်ဗျားက ဂိုဏ်းချုပ်ရဲ့ မိန်းမပါ။ ဂိုဏ်းချုပ် ပြန်အသက်ဝင်လာပြီး ခင်ဗျားနဲ့ မြောက်ပိုင်းနယ်စားမင်းသားကြားက ကိစ္စကို သိသွားရင်... သူ...”

ယုထျန်းလု စကားဆက်မပြောတော့ပေ။ ရွှီလင်လုံ သူ၏ဆိုလိုရင်းကို နားလည်သည်ဟု သူ ယုံကြည်သောကြောင့် ဖြစ်သည်။

ရွှီလင်လုံက

“ကျွန်မရဲ့ ဆွဲဆောင်မှုတွေကို အသုံးမပြုရင် မြောက်ပိုင်းနယ်စားမင်းသားနဲ့ နီးစပ်ဖို့ အခွင့်အရေး ဘယ်လိုရမှာလဲ။ သူ့နဲ့ မနီးစပ်ရင် ဂိုဏ်းချုပ်ကို ဘယ်လို ပြန်အသက်သွင်းနိုင်မှာလဲ”

ဟု ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

“ကျွန်မတို့ အခု လုပ်ရမှာက ဂိုဏ်းချုပ်ကို ပြန်အသက်သွင်းဖို့ပဲ။ တခြားကိစ္စတွေကတော့ ဂိုဏ်းချုပ် ပြန်အသက်ဝင်လာမှ စဉ်းစားလို့ရပါတယ်။”

“နောက်ပြီး ကျွန်မက တကယ်တမ်း ကိုယ့်ကိုယ်ကို အနစ်နာခံဖို့ စိတ်ကူးမရှိပါဘူး။ ယင်ယန်မှန်နဲ့ဆိုရင် တကယ့် လက်‌တွေ့နီးပါးအတိုင်း မြင်ရတဲ့ ထင်ယောင်ထင်မှားမှုတွေကို ဖန်တီးနိုင်ပါတယ်။”

ထိုစကားကို ကြားသောအခါ ယုထျန်းလူ ချက်ချင်း နားလည်သွား၏။

မှန်ပါသည်။ ယင်ယန်မှန်က သူတို့၏ သူတော်စင်မ လက်ထဲတွင် ရှိနေသည်။ ထိုမှန်က လူတစ်ယောက်၏ အငွေ့အသက်နဲ့ စွမ်းအားကို ဖုံးကွယ်နိုင်သည်သာမက ပုံရိပ်အတုများကိုလည်း ဖန်တီးနိုင်၏။ ပုံမှန်အားဖြင့် ယင်ယန်မှန်၏ ဖန်တီးမှူများကို ထင်ယောင်ထင်မှားမှုလား တကယ်လားဆိုတာ လူများမခွဲခြားနိုင်‌ပေ။

ထိုသို့တွေးလိုက်သည်နှင့် ယုထျန်းလု စိတ်သက်သာရာ ရသွား၏။

နောက်တစ်ဆင့်ကတော့ သူတို့၏ ရည်ရွယ်ချက်အမှန်ကို မြောက်ပိုင်းနယ်စားမင်းသား မသိစေပဲ သူနှင့်နီးစပ်အောင် ကြံဆဖို့ဖြစ်သည်။

......

ထိုစဉ်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အတွင်း။

ဝူကျန်းဝမ်သည် အဆောင်ထဲတွင် ထိုင်လျက် သူမ၏ အစေခံ ယူလာသော ထောက်လှမ်းရေးအစီရင်ခံစာကို ကြည့်ကာ ညင်သာစွာ သက်ပြင်းချလိုက်သည်။

မုယုံရွှီက ဘေးမှ

“မင်းသမီး ဘာလို့ သက်ပြင်းချတာလဲ။ မင်းသားက မင်းသမီးရဲ့ အခန်းကို မလာတာ ကြာလို့လား။”

ဤစကားကို ကြားသောအခါ ဝူကျန်းဝမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“ရှင်က ကျွန်မကို ဘာမှတ်နေတာလဲ။ ယောင်္ကျားမိန်းမ ကိစ္စပဲ တွေးနေတဲ့လူလို့ ထင်နေတာလား။”

မုယုံရွှီက ဝူကျန်းဝမ်၏ အေးစက်သော လေသံကို မကြောက်ရွံ့ပဲ

“အရင်တုန်းက ကျွန်မရဲ့ လေ့လာချက်တွေအရဆိုရင် မင်းသမီး အဲ့ဒါကို တကယ်နှစ်သက်ခဲ့ပုံပါပဲ”

ဟု ညင်သာစွာ ပြန်ပြောလိုက်သည်။

ဝူကျန်းဝမ်က အေးစက်စွာဖြင့်

“မြောက်ပိုင်းပြည်နယ်မှာ ရှိနေလို့သာ ရှင်ကျွန်မကို ဒီလိုပြောရဲတာ။”

ထို့နောက် ဝူကျန်းဝမ်က သူမ ကိုင်ထားသော ထောက်လှမ်းရေးအစီရင်ခံစာကို မုယုံရွှီရှေ့တွင် ချပေးလိုက်ရာ မုယုံရွှီလည်း ယူကြည့်လိုက်၏။ ဟယ်ယန်ခရိုင်အကြောင်း သတင်းဖြစ်သည်။

မြောက်ပိုင်းပြည်နယ်က ဟေယန်ခရိုင်ကို လျင်မြန်စွာ သိမ်းပိုက်နိုင်မည်ဟု မုယုံရွှီ မျှော်လင့်ထားပြီးဖြစ်သည်။ မြောက်ပိုင်းပြည်နယ်၏စစ်အင်အား ကြီးမားမှုက လျှို့ဝှက်ချက် တစ်ခုမဟုတ်တော့ပေ။

ရုတ်တရက် ဝူကျန်းဝမ်က

“ရှင် အမြောက်ရဲ့ စွမ်းအားကို မြင်ဖူးလား။”

မုယုံရွှီက

“ကျွန်မလည်း မြင်ချင်ပါတယ်။ ဒါပေမဲ့ မင်းသားက ကျွန်မကို အမြဲ သတိထားနေတယ်။”

ဝူကျန်းဝမ်က

“အမြောက်ကို အနီးကပ်ကြည့်ဖို့ သူ့ကို တောင်းဆိုမယ်ဆိုရင် သူ သဘောတူမယ်လို့ ထင်လား။”

မုယုံရွှီက

“မင်းသမီး တောင်းဆိုရင် မင်းသားသဘောတူဖို့ များလိမ့်မယ်လို့ ကျွန်မယုံကြည်တယ်။”

မုယုံရွှီ၏စကားကို ကြားသောအခါ ဝူကျန်းဝမ် နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည်။ ထိုလူငယ်လေး တကယ် သဘောတူလျှင် ကောင်းမည်။

မြောက်ပိုင်းပြည်နယ်တွင် ဤမျှကြာကြာ နေခဲ့ပြီးနောက် သူမ အမြောက်နှင့် ထိတွေ့ဖူးခြင်း မရှိသေးပေ။ လုချန်း လုရိကို လိုက်ပို့စဉ် ရထားပေါ်ရှိ သတ္တုပြွန်များကို အဝေးမှ မြင်ခဲ့ရသည့် တစ်ကြိမ်မှလွဲ၍ ဖြစ်၏။

အမြောက် တကယ်တမ်း မည်မျှ အစွမ်းထက်သည်ကို သူမ အလွန် သိချင်နေသည်။

ထိုစဉ် အဆောင်၏ ဝင်ပေါက်မှ ရင်းနှီးသော ယောက်ျားတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။

“အမြောက်ကို မြင်ချင်တယ်ဆိုရင် မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဒီနေ့နေ့လယ်ခင်းမှာ အခွင့်အရေးတစ်ခု ရှိတယ်။”

............

အခန်း (၆၉၃)

ဧကရီ ကြိုက်နှစ်သက်ပါသလား (၁)

ထိုအသံကိုကြားလိုက်ရတော့ အမျိုးသမီးနှစ်ဦးစလုံး ခြံဝင်းအဝင်ဝဘက်သို့ လှည့်ကြည့်လိုက်ရာ လွန်ခဲ့သည့်တစ်လခန့်ကတည်းက မတွေ့ဖြစ်တော့သည့် လူဆိုးက မာန်ပါပါဖြင့် ခြံဝင်းထဲသို့ ဝင်လာနေသည်ကို တွေ့လိုက်ရသည်။

လုချန်းက ဝူကျန်းဝမ်အနီးသို့ တိုက်ရိုက်လျှောက်သွားပြီး ထိုင်လိုက်ကာ သူမ၏ သွယ်လျသောခါးကို ဖက်လိုက်သည်။

ဝူကျန်းဝမ်က

“မြောက်ပိုင်းနယ်စားမင်းသားက တကယ့်ကို အလုပ်များတဲ့သူပါပဲ။ ကျွန်မ မြောက်ပိုင်းနယ်စားမင်းသားကို မတွေ့တာ တစ်လနီးပါးရှိပြီ။”

ထိုစကားကို ကြားသောအခါ လုချန်းက ပြုံးလျက်

“ကျွန်တော့်အမှားပါ။ ကျွန်တော် အခုတလော တကယ်ကို အလုပ်များနေခဲ့တာပါ။”

ဝူကျန်းဝမ်က

“မင်းသားက နိုင်ငံတစ်နိုင်ငံရဲ့ အုပ်စိုးရှင်တစ်ယောက်ဖြစ်ပြီး အမှားကို ဒီလောက်အလွယ်တကူ ဝန်ခံရင် ဂုဏ်သိက္ခာကျဆင်းသွားမှာ မကြောက်ဘူးလား။”

လုချန်းက ပြုံးလျက်

“ဂုဏ်သိက္ခာဆိုတာ သူစိမ်းတွေအတွက်ပါ။”

ဝူကျန်းဝမ်က ဆက်လက်၍

“လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ရောက်လာတယ်လို့ ကျွန်မ ကြားသိရပါတယ်။ မြောက်ပိုင်းနယ်စားမင်းသား တစ်လလုံး အလုပ်များနေတာ အဲဒီနန်းတော်သခင်နဲ့ အိပ်ရာပေါ်မှာ အရေးကြီးကိစ္စတွေ ဆွေးနွေးရင်း အလုပ်များနေတာများလား။”

ထိုစကားကို ကြားသောအခါ လုချန်းက သူ့ဘေးရှိ မုယုံရွှီကို ကြည့်ကာ

“ရွှီ။ ချဉ်တဲ့အနံ့ ရနေလား”

ဟု ပြုံးလျက် မေးလိုက်သည်။

မုယုံရွှီက မျက်နှာသေဖြင့်

“ကျွန်မလည်း ရတယ်။ တအားချဉ်တဲ့ အနံ့ပဲ။”

ထိုနှစ်ယောက် အတိုင်အဖောက် ညီနေကြသည်ကို မြင်သောအခါ ဝူကျန်းဝမ် နှာခေါင်းရှုံ့လိုက်ပြီး

“မင်းသားက ဒီနေ့ နေ့ခင်းပိုင်း မြောက်ပိုင်းပြည်နယ်ရဲ့ အမြောက်တွေကို ခေါ်သွားပြမယ်ဆို။ တကယ်လား။”

လုချန်းက

“ဟုတ်ပါတယ်။ ခဏနေရင် ခေါ်သွားပြမယ်။”

လုချန်း တကယ်သဘောတူသည်ကို မြင်သောအခါ အမျိုးသမီးနှစ်ဦးစလုံး အလွန်ကျေနပ်သွားကြသည်။

သူတို့ လုချန်းကို သဘောကျနေပြီဖြစ်ပြီး မြောက်ပိုင်းပြည်နယ်တွင် ပြဿနာရှာရန် ရည်ရွယ်ချက်မရှိတော့သော်လည်း သူတို့စိတ်ထဲတွင် စွဲလမ်းမှုအချို့ ရှိနေဆဲပင်။

ထိုစွဲလမ်းမှုတစ်ခုမှာ မြောက်ပိုင်းပြည်နယ်၏ လက်နက်များ မည်မျှအစွမ်းထက်သည်ကို သိလိုသည့် ဆန္ဒပင်ဖြစ်သည်။

ဝူကျန်းဝမ်က ဆက်မေးမြန်းပြန်သည်။

“ရှင်က မင်းသားလုရိကို ဟယ်ယန်ခရိုင် သိမ်းပိုက်နိုင်အောင် ကူညီပြီး သူ့သြဇာအာဏာ ချဲ့ထွင်ရာမှာပါ ကူညီပေးခဲ့တယ်။ သူ အင်အားကြီးလာတဲ့အခါ ရှင်သူ့ကိုထိန်းချုပ်နိုင်တော့မှာ မဟုတ်တာကို မကြောက်ဘူးလား။”

လုချန်းက ခပ်ဖွဖွ အပြုံးဖြင့်

“အဲဒါကို စိုးရိမ်ခဲ့ရင် သူ့ကို အစကတည်းကတပ်တွေ ငှားပေးခဲ့မှာ မဟုတ်ဘူး။”

လုချန်း၏ ပေါ့ပေါ့ဆဆပုံစံကို မြင်သောအခါ ဝူကျန်းဝမ်က

“တပ်တွေကို ဒီလောက် ပေါ့ပေါ့ဆဆ ငှားပေးခဲ့တာလား။ မြောက်ပိုင်းပြည်နယ်ရဲ့ လက်နက်တွေကို ခိုးပြီး မြောက်ပိုင်းပြည်နယ်အပေါ် ပြန်သုံးလာနိုင်တယ်ဆိုတာ သတိထားပါ။”

ဟု သတိပေးလိုက်သည်။

ဝူကျန်းဝမ်၏ သတိပေးစကားကို ကြားသောအခါ လုချန်းက ဝူကျန်းဝမ်ကို သူ့အနီးသို့ ဆွဲယူလိုက်ပြီး

“မင်းမြောက်ပိုင်းပြည်နယ်ရဲ့ ကိစ္စတွေကို ဒီလောက်အထိ စိတ်ဝင်စားလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ အခြေအနေအသစ်နှင့် နေသားကျနေပြီထင်တယ်။”

ဝူကျန်းဝမ်က ခံစားချက်မဲ့စွာဖြင့်

“မြောက်ပိုင်းပြည်နယ်ရဲ့ လက်နက်တွေ ပျံ့နှံ့ပြီး စစ်ပွဲတွေ ပိုဖြစ်လာတာ မမြင်ချင်ရုံသက်သက်ပါပဲ။”

လုချန်းက

“မင်းက တကယ်ကို နည်းနည်းလေးမှ ပွင့်ပွင့်လင်းလင်း မရှိဘူး။”

ထိုအချိန်တွင် လုချန်းက ဝူကျန်းဝမ်၏ ခါးကို လွှတ်လိုက်ပြီး ထရပ်ကာ

“သွားစို့။ ကိုယ်နဲ့အတူ အမြောက်တပ်လေ့ကျင့်တာ သွားကြည့်ကြစို့။”

ထိုစကားကို ကြားသောအခါ အမျိုးသမီးနှစ်ဦးစလုံး စိတ်ဝင်စားသွားကြပြီး အလျင်အမြန် ထရပ်ကာ အမြောက်တပ်စခန်းသို့ လိုက်ပါသွားကြသည်။

အမြောက်တပ် လေ့ကျင့်မှုက အလွန်ဆူညံသောကြောင့် ရန်ခရိုင်နှင့် အနည်းငယ်ကွာဝေးသောနေရာတွင် တည်ရှိပြီး ရထားခဏစီး၍ သွားရသည်။

ဝူကျန်းဝမ်နှင့် မုယုံရွှီတို့ ရထားထဲတွင် ထိုင်နေကြစဉ် စိတ်ထဲတွင် အတွေးပေါင်းများစွာဖြင့် ပြည့်နှက်နေသည်။

မြင်းရထားလုံးနှင့် နှိုင်းယှဉ်လျှင် လုချန်း၏ ကိုယ်ပိုင်ရထားက ပိုမိုကျယ်ဝန်းပြီး ခမ်းနားထည်ဝါသည်။ မင်းသမီးတစ်ပါးဖြစ်သည့် ဝူကျန်းဝမ်ပင် သူ့ဘဝတွင် ဒီလိုမျိုး ခမ်းနားထည်ဝါသော ယာဉ်မျိုးကို တစ်ခါမှ စီးဖူးခြင်းမရှိခဲ့ချေ။

လုချန်း၏သီးသန့်ရထားသည် ရွေ့လျားနေသော အခန်းတစ်ခုနှင့် မခြားနားပေ။ အခန်းအတွင်း၌ အိပ်ရာတစ်လုံးပင် ပါရှိသည်။

မလှမ်းမကမ်းရှိ အိပ်ရာကို မြင်သောအခါ

ဝူကျန်းဝမ်၏ စိတ်ထဲတွင် လုချန်း ထိုအိပ်ရာပေါ်တွင် သူ၏ ဇနီးမယားများနှင့် မကောင်းမှုများကို ပြုလုပ်နေသည့် ပုံရိပ်များ ပေါ်လာခဲ့သည်။

အမျိုးသမီးနှစ်ဦးစလုံး အတွေးထဲနစ်မြောနေစဉ် လုချန်းက

“ဒီည ရထားပေါ်မှာပဲ အိပ်မယ်။ အိမ်မပြန်ဘူး။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ဝူကျန်းဝမ်နှင့် မုယုံရွှီတို့သည် တုန်လှုပ်သွားပြီး သူတို့အခုလေးတင် တွေးနေသည်များကို သတိရကာ မျက်နှာများ နီမြန်းလာကြသည်။

ထိုအချိန်တွင် အဝေးတစ်နေရာမှ မိုးခြိမ်းသံကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုမျှ ပြင်းထန်သော “မိုးခြိမ်းသံ” ကို ကြားသောအခါ အမျိုးသမီးနှစ်ဦးစလုံး တုန်လှုပ်သွားကြသည်။

သို့သော် မိုးခြိမ်းသံဟု သူတို့ မယုံကြည်ကြချေ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်မှာ ကြည်လင်နေပြီး ထိုမျှပြင်းထန်သော မိုးခြိမ်းသံများ ထွက်ပေါ်လာဖို့ မဖြစ်နိုင်ပေ။

သူတို့ ယခင်က စုဆောင်းထားသည့် သတင်းအချက်အလက်များအရ မြောက်ပိုင်းပြည်နယ်၏ လက်နက်များသည် မိုးခြိမ်းသံနှင့် နီးကပ်စွာ ဆက်စပ်နေခဲ့သည်။

မြောက်ပိုင်းပြည်နယ်၏ အမြောက်တပ်စခန်းအနီးသို့ ချဉ်းကပ်လာနေပုံရသည်။

ထိုစဉ် ရထားဥသြဆွဲသံ ထွက်ပေါ်လာပြီးရထားလည်း နှေးကွေးလာကာ မကြာမီ ရပ်တန့်သွားသည်။

လုချန်း အမျိုးသမီးနှစ်ဦးကို ရထားပေါ်မှ ခေါ်ဆောင်လာခဲ့ပြီး ထွက်လာသည်နှင့်တစ်ပြိုင်နက် ယမ်းနံ့ ပြင်းပြင်းက ကြိုဆို နေသည်။

ဝူကျန်းဝမ်နှင့် မုယုံရွှီတို့သည် ဤမျှပြင်းထန်သော ယမ်းနံ့ကို မရှူဖူးကြသဖြင့် သူတို့အတွက် အတော်ပင် မသက်မသာဖြစ်စေသည်။

ထို့နောက် အသံ၏လားရာကို လိုက်၍ အမျိုးသမီးနှစ်ဦးစလုံး “မိုးခြိမ်းသံ” ထွက်ပေါ်ရာနေရာကို အလျင်အမြန် ရှာဖွေတွေ့ရှိကာ ထိုလားရာကို တပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

ဝူကျန်းဝမ်က

“ဒီမိုးခြိမ်းသံက မြောက်ပိုင်းပြည်နယ်ရဲ့ အမြောက်တွေကြောင့်လား။”

လုချန်းက

“ဟုတ်ပါတယ်။ ပိုပြီးတိကျအောင်ပြောရရင် အမြောက်သံလို့ ခေါ်တာက ပိုမှန်ပါတယ်။”

ဝူကျန်းဝမ်က လုချန်းဘက်သို့ လှည့်ကာ “စစ်သည်တွေ လေ့ကျင့်တာကို ကျွန်မတို့ကို ခေါ်သွားပြမှာ သေချာလား။ ရွှီရော ကျွန်မရောက ရန်သူနိုင်ငံကနေ ထောက်လှမ်းရေးသတင်း ခိုးယူဖို့ လာခဲ့ကြတာလေ”

ဟု အတည်ပြုမေးမြန်းလိုက်သည်။

သူတို့သည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တစ်ယောက်ကိုတစ်ယောက် ပျော်ရွှင်အောင် လုပ်ဆောင်ပေးခဲ့ကြသော်လည်း ဤဆက်ဆံရေးမျိုးက သိပ်မတည်မြဲနိုင်ချေ။ အလှတရား ထောင်ချောက်မှာ အသုံး

အများဆုံး ဗျူဟာပင်ဖြစ်သည်။

.............

All Chapters