← Chapters

အခန်း ၆၉၄-၆၉၆

Vol. 47 Ch. 694-696

အခန်း ၆၉၄-၆၉၆

Vol. 47 Ch. 694-696

အခန်း (၆၉၄)

ဧကရီ ကြိုက်နှစ်သက်ပါသလား (၂)

လုချန်းကို အိပ်ရာပေါ်တွင် နက်နက်ရှိုင်းရှိုင်း ချစ်ကြောင်း ပြောဆိုဖူးခြင်း “ချစ်သူ” ဟု ချိုချိုသာသာ ခေါ်ဝေါ်ဖူးခြင်းများ ရှိသော်လည်း သူတို့ လုချန်းကို သစ္စာဖောက်နိုင်ခြေရှိသေးသည်။

လုချန်း သူတို့နှစ်ဦးကို အပြည့်အဝ မယုံကြည်ဟု ဝူကျန်းဝမ်နှင့် မုယုံရွှီတို့ အမြဲထင်မှတ်ခဲ့ကြသည်။ သူ၏စွမ်းအားကြီးမားမှုကြောင့် မြောက်ပိုင်းပြည်နယ်မှ သတင်းအချက်အလက် ခိုးယူမည်ကို လုချန်းမကြောက်ရွံ့ခြင်းသာ ဖြစ်သည်။

အမြောက်များသည် မြောက်ပိုင်းပြည်နယ်၏ အဓိကလျှို့ဝှက်ချက်ဖြစ်သည်။ လုချန်းက ထိုအဓိကလျှို့ဝှက်ချက်ကို သူတို့အား ဆန္ဒအလျောက် ထုတ်ဖော်ပြသမည်ကို ဝူကျန်းဝမ် အနည်းငယ် မယုံကြည်နိုင်သေးပေ။

လုချန်းက ပြုံးလျက်

“ဒီလောက်အထိ ရောက်လာတာကိုတောင် ကျွန်တော်က ခင်ဗျားတို့ကို စနောက်နေတာလို့ တကယ်ထင်နေတာလား။”

ဝူကျန်းဝမ်က ပေါ့ပေါ့ပါးပါးပင်

“နောက်မှ နောင်တမရဘူးလို့ မျှော်လင့်ပါတယ်။”

လုချန်းက ဂရုမစိုက်ပဲ ဝူကျန်းဝမ်နှင့် မုယုံရွှီတို့ကို လေ့ကျင့်ရေးကွင်းသို့ တိုက်ရိုက် ဦးဆောင်သွားခဲ့သည်။

လေ့ကျင့်နေသော စစ်သည်များသည် မင်းသားလာမည်ဟု ကြားသောအခါ သူတို့၏ လေ့ကျင့်မှုကို ချက်ချင်း ရပ်တန့်လိုက်ပြီး လုချန်းကို ကြိုဆိုရန် နှစ်တန်းစီ နေရာယူလိုက်ကြသည်။

လုချန်း လေ့ကျင့်ရေးကွင်းသို့ ဝင်ရောက်သည်နှင့် စစ်သည်များသည် တစ်ပြိုင်နက်တည်း

“မင်းသားကို ဂါရဝပြုပါတယ်။ မင်းသား အသက်ရှည်ပါစေ။ အသက်ရှည်ပါစေ။”

လုချန်းက လေ့ကျင့်ရေးကွင်းထဲသို့ ဝင်ရောက်ပြီးနောက်

“ကျွန်တော့်ကို ဂရုမစိုက်ကြပါနဲ့။ လေ့ကျင့်ရေး ဆက်လုပ်ကြပါ။”

လုချန်း၏ စကားကို ကြားသောအခါ စစ်သည်များလည်း သူတို့၏ မူလနေရာများသို့ ပြန်သွားကြသည်။

ထိုအချိန်တွင် ဝူကျန်းဝမ်နှင့် မုယုံရွှီတို့၏ အကြည့်က လေ့ကျင့်ရေးကွင်းရှိ အမြောက်များဆီသို့ ရောက်ရှိနေပြီး စစ်သည်များ၏ လုပ်ဆောင်ချက်အဆင့်ဆင့်ကို မျက်ခြေမပြတ် ကြည့်ရှုနေကြသည်။ တစ်ဆင့်မှ လွတ်မသွားစေရန် သတိထားနေဟန်ရှိသည်။

ခဏအကြာတွင် စစ်သည်တစ်ဦးက အမြောက်ကြိုးကို ဆွဲလိုက်ရာ နားကွဲမတတ် အသံကြီး ထွက်ပေါ်လာပြီးနောက် ပစ်မှတ်နေရာ ပေါက်ကွဲသွားကာ ဖုန်မှုန့်များ ပြန့်ကျဲသွားသည်။

ဤရင်သပ်ရှုမောဖွယ် မြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ အမျိုးသမီးနှစ်ဦးလုံး အံ့အားသင့်သွားကြသည်။

ဝူကျန်းဝမ်၏ ရင်ထဲတွင် တဆစ်ဆစ် နာကျင်သွားခဲ့သည်။

မြောက်ပိုင်းပြည်နယ်က ဝူနိုင်ငံတော်ကို အလွယ်တကူ အနိုင်ယူနိုင်ခြင်းမှာ အံ့သြစရာ မရှိပေ။

ထိုအမြောက်တပ်သားများ၏ သိုင်းပညာအဆင့်ကို သူမ ခံစားမိသည်။ အများစုမှာ ပထမအဆင့်တွင် ရှိကြပြီး အချို့မှာ ထိုအဆင့်ပင် မရောက်သေးပေ။ ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ အနည်းငယ် ပိုမိုသန်မာသော သာမန်လူများသာ ဖြစ်ကြသည်။

သာမန်လူတစ်ဦးသည် ထိုကဲ့သို့ အစွမ်းထက်သော လက်နက်ကို အသုံးပြုနိုင်ပြီး အမြောက်တစ်ချက်ပစ်လိုက်သည်နှင့် ထိပ်သီးအဆင့် ပညာရှင်တစ်ဦးကို သတ်နိုင်သည်။ သို့မဟုတ် အဆင့်လွန်ပညာရှင်တစ်ဦး၏ လှုပ်ရှားမှုများကိုပင် အနှောင့်အယှက် ပေးနိုင်ပေသည်။ ဤလက်နက်များ အလုံအလောက်ရှိပါက အခြားနိုင်ငံများမှ သိုင်းပညာရှင်များသည် မြောက်ပိုင်းပြည်နယ် စစ်သည်များရှေ့တွင် သာမန်လူများနှင့် မခြားနားတော့ပေ။

မဟုတ်ပါ။ ပိုတိကျစွာပြောရလျှင် ပုရွက်ဆိတ်များနှင့် မခြားနားတော့ပေ။

ထိုအချိန်တွင် စစ်သည်များက အမြောက်များအား တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်ကြသည်။ တစ်ခဏအတွင်း အဝေးရှိ ပစ်မှတ်၌ ကြီးမားသော တွင်းများစွာ ဖြစ်ပေါ်လာခဲ့ပြီး ထွက်ပေါ်လာသော ဖုန်မှုန့်များသည် အမြင့်မီတာများစွာရှိသော တံတိုင်းတစ်ခုသဏ္ဌာန် ဖြစ်ပေါ်လာခဲ့သည်။

ဤမြင်ကွင်းကို မြင်သောအခါ ဝူကျန်းဝမ် လုံးဝ အံ့အားသင့်သွားခဲ့သည်။ မုယုံရွှီလည်း အလားတူ ခံစားလိုက်ရသည်။ ကျူးနိုင်ငံတော်သာ မြောက်ပိုင်းပြည်နယ်နှင့် ထိပ်တိုက်ရင်ဆိုင်ရပါက အနိုင်ရနိုင်ခြေ လုံးဝမရှိနိုင်ဟု တွေးလိုက်မိသည်။

သူမ၏ လွတ်လပ်ခွင့် ရရှိခြင်းသည် အချိန်မရွေး ဖြစ်လာနိုင်သည့် ကိစ္စတစ်ခုဖြစ်ပုံရသည်။ အဘယ်ကြောင့်ဆိုသော် သူမနှင့် လုချန်းကြားက မူလသဘောတူညီချက်အရ ကျူးနိုင်ငံတော်ကို အောင်နိုင်သည်နှင့် သူမအား လွတ်လပ်ခွင့် ပေးရမည်ဟု သတ်မှတ်ထားသောကြောင့် ဖြစ်သည်။

မြောက်ပိုင်းပြည်နယ်တွင် ဤမျှအားကောင်းသော လက်နက်များရှိပါက ကျူးနိုင်ငံတော် ပျက်သုဉ်းခြင်းသည် အမှန်တကယ်ဖြစ်လာ တော့မည့် အရာတစ်ခုသာဖြစ်သည်။

မုယုံရွှီသည် ရုတ်တရက် အတွေးများသွားခဲ့သည်။ သူမ လွတ်လပ်ခွင့်ရပြီးနောက် ဘာလုပ်ရမည်နည်းဟု တွေးမိသည်။ မြောက်ပိုင်းပြည်နယ်မှ ထွက်ခွာပြီး စာပေအနုပညာရေးရာ လှုပ်ရှားမှုများရှိသော နေရာတစ်ခုတွင် အခြေချရမှာလား။

အမြောက်သံများ ဆက်လက် ထွက်ပေါ်နေသော်လည်း အမျိုးသမီးနှစ်ဦး၏ အတွေးများမှာမူ အမြောက်တပ်စခန်းမှ ဝေးကွာသွားခဲ့ပြီးဖြစ်သည်။

အချိန်အတန်ကြာပြီးနောက် လုချန်းလည်း အမျိုးသမီးနှစ်ဦး အတွေးထဲနစ်မြောနေသည်ကို သတိထားမိလိုက်ရပြီး သူက

“ကိုယ်တိုင် စမ်းကြည့်ချင်ကြလား။”

လုချန်း၏ အသံကို ကြားတော့ ဝူကျန်းဝမ် သတိပြန်ဝင်လာကာ

“ရှင်က ကျွန်မတို့ ဒီအမြောက်တွေရဲ့ တည်ဆောက်ပုံကို သိသွားမှာ လုံးဝမကြောက်ဘူးဆိုတာ ထင်ရှားနေပြီ။”

လုချန်း တစ်ခုခု ပြောရန် ပြင်ဆင်နေစဉ် ဝူကျန်းဝမ်က ဆက်လက်၍

“မလိုပါဘူး။ ဒီအမြောက်တွေရဲ့ အသုံးပြုပုံက မခက်ခဲဘူးဆိုတာ ကျွန်မ မြင်ပြီးပါပြီ။ သေစေနိုင်တဲ့ အကျိုးသက်ရောက်မှုက အမြောက်ကိုယ်တိုင်က မဟုတ်ဘဲ အဲဒီ သတ္တုဘောလုံးတွေမှာပါ။”

ဝူကျန်းဝမ် စိတ်ဝင်စားမှု မရှိသည်ကို မြင်သောအခါ လုချန်းက

“စိတ်မဝင်စားရင်လည်း တခြားစစ်သားတွေ လေ့ကျင့်တာကို သွားကြည့်ရအောင်။”

ထို့နောက် လုချန်းသည် အမျိုးသမီးနှစ်ဦးကို အခြားလေ့ကျင့်ရေးကွင်းများသို့ ခေါ်သွားခဲ့သည်။

တစ်နေ့ခင်းလုံး ကြာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော လက်နက်များအပြင် မြောက်ပိုင်းပြည်နယ်၏ စစ်တပ်တွင် အလွန်ကွဲပြားသော လေ့ကျင့်ရေးနည်းလမ်းများနှင့် စစ်စည်းကမ်းများ ရှိကြောင်း ဝူကျန်းဝမ်သတိပြုမိခဲ့သည်။

သူတို့၏ စစ်တပ်က ပိုမိုစည်းကမ်းရှိပုံရသည်။ အမိန့်များကို ချက်ချင်းနာခံသည့် လက္ခဏာကို ပြသနေသည်။

ဤအရာက ဝူကျန်းဝမ်ကို အံ့အားသင့်စေခဲ့သည်။ ဤမျှ ကာမဂုဏ်လိုက်စားသော လူတွင် ဤမျှ ကောင်းမွန်သော စည်းကမ်းရှိသည့် စစ်တပ် ရှိနေခြင်းက သူမသိထားသော မြောက်ပိုင်းနယ်စားမင်းသား၏ ပုံရိပ်နှင့် လုံးဝမကိုက်ညီပေ။

.......

ညချမ်းအချိန် ရောက်သောအခါ။

လုချန်းသည် ဝူကျန်းဝမ်နှင့် မုယုံရွှီတို့နှင့်အတူ ရထားပေါ်သို့ ပြန်လာခဲ့သည်။

ယနေ့ည၏ လသည် အလွန်ကြည်လင်လှပပြီး လရောင်သည် ရထားပြတင်းပေါက်မှတစ်ဆင့် အတွင်းသို့ ဝင်ရောက်လာကာ လူတို့၏ မျက်နှာပေါ်တွင် သန့်ရှင်းသောအလင်းတန်းများသဖွယ် ကျရောက်နေသည်။

လုချန်းက ဝူကျန်းဝမ်နှင့် မုယုံရွှီတို့ကို ဒုတိယရထားတွဲသို့ ခေါ်ဆောင်သွားသည်။ ထိုတွဲထဲရှိ စားပွဲပေါ်တွင် အစားအစာများ ပြည့်နှက်နေပြီဖြစ်သည်။

ရထားတွဲထဲတွင် မီးများ ဖွင့်မထားပဲ ဖယောင်းတိုင်များသာ ထွန်းထားသောကြောင့် အစားအစာများသည် ဖယောင်းတိုင်မီးအောက်တွင် ပိုမိုစားချင်စဖွယ် ဖြစ်နေပြီး အစားစားချင်စိတ်ကို လှုံ့ဆော်ပေးနေသည်။

ဝူကျန်းဝမ် အနည်းငယ် ဇဝေဇဝါ ဖြစ်နေပြီး လုချန်း ဘာလုပ်မည်ကို မသိပေ။

လုချန်းက ပြုံးလျက် ဝူကျန်းဝမ်နှင့် မုယုံရွှီတို့အား

“ထိုင်ပါဦး။”

သိပ်မစဉ်းစားတော့ပဲ အမျိုးသမီးနှစ်ဦး ညစာစားရန် ထိုင်လိုက်ကြသည်။ ပြောရမည်ဆိုလျှင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ အစားအစာများသည် သူတို့၏ အကြိုက်နှင့် အလွန်ကိုက်ညီသည်။ သူတို့ နှစ်ဦးစလုံးသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် နေထိုင်ခဲ့ကြပြီးဖြစ်သောကြောင့် အပြင်မှ အစားအစာများကို မစားနိုင်တော့ပေ။

ဤအချိန်တွင် ဝူကျန်းဝမ်က

“မင်းသားက ညတိုင်း သူ့ဇနီးတွေနဲ့ ညစာစားတယ်လို့ ကြားမိတယ်။ ဒီည ဘာလို့ သူတို့နဲ့ ညစာ ပြန်မစားတာလဲ။”

...............

အခန်း (၆၉၅)

ဧကရီ ကြိုက်နှစ်သက်ပါသလား (၃)

ဝူကျန်းဝမ်သည် လေပြင်းမိုးတိမ်ဆောင်သို့ တစ်ခါမှ မရောက်ဖူးသော်လည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အတွင်းဆောင် အခြေအနေကို ကောင်းစွာ နားလည်ပြီး ဖြစ်သည်။

ဝူကျန်းဝမ်က ဤမေးခွန်းကို မေးသောအခါ လုချန်းက ပေါ့ပေါ့ပါးပါးပင်

“ကျွန်တော်က ခင်ဗျားတို့ကို ဒီနေ့ စစ်သားတွေ လေ့ကျင့်တာ လိုက်ပြရတာ မဟုတ်လား။ ဘယ်တတ်နိုင်မလဲ။ အချိန်မီ ပြန်မရောက်နိုင်တော့ဘူးလေ။”

ဝူကျန်းဝမ်က

“ရထားအမြန်နှုန်းနဲ့ဆိုရင် မင်းသား ဆန္ဒရှိရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ညစာစားဖို့ အချိန်မီ ပြန်ရောက်နိုင်ပါသေးတယ်။”

ရန်ခရိုင်ရှိ အမြောက်တပ်ရင်းသည် အတော်အတန် ဝေးသော်လည်း အချိန်မီ ပြန်မရောက်နိုင်လောက်အောင်တော့ မဟုတ်ပေ။ အထူးသဖြင့် ရထားစီးလာခြင်းဖြစ်၍ မြင်းလှည်းထက် များစွာ ပိုမြန်သည်။

အခု ပြန်သွားလျှင်တောင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ညစာစားဖို့ အချိန်မီ ရောက်နိုင်သေးသည်။

ဤလူငယ်လေး တစ်ခုခု ကြံစည်နေသည်ကို ဝူကျန်းဝမ် ရှင်းရှင်းလင်းလင်း ခံစားမိသည်။

လုချန်းက

“ခင်ဗျားတို့ နှစ်ယောက်လည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ အချိန်ကာလတစ်ခု နေပြီးပြီ။ ကျွန်တော် အရင်က ခင်ဗျားတို့နဲ့ အတူတူ ထမင်းမစားခဲ့ဘူးဆိုတော့ ဒီညကို ကျွန်တော့်ရဲ့ လျော်ကြေးလို့ သဘောထားလိုက်ပါ။”

ဝူကျန်းဝမ်က

“မင်းသားက ကျွန်မကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ် အတွင်းဆောင်က မိန်းမတွေလို မှတ်ယူနေတာလား။”

လုချန်း ရယ်မောလိုက်သည်။ ဤအမျိုးသမီးသည် အမှန်ပင် ဆတ်ဆတ်ထိ မခံသူပါတကား။

မုယုံရွှီက တိုက်ရိုက်ပင်

“မင်းသား။ ရှင် ကျွန်မတို့ကို အရေးကြီးတဲ့ ကိစ္စတစ်ခုခုကြောင့် ခေါ်ထုတ်လာတာ မဟုတ်လား။”

လုချန်းက သူတို့ကို ရထားဖြင့် ခေါ်ထုတ်လာခြင်းသည် စစ်သားများ လေ့ကျင့်သည်ကို ကြည့်ရန်သက်သက်ဟု မုယုံရွှီ မယုံကြည်ပေ။ ထိုရည်ရွယ်ချက်သက်သက်သာဆိုလျှင် သူတို့ ဒီည အိမ်ပြန်ရမည်ဖြစ်သည်။

အိမ်မပြန်ခြင်းက ပြဿနာတစ်ခု ရှိနေခြင်းကို ဆိုလိုသည်။

ဤလူဆိုးလေး တစ်ခုခု ကြံစည်နေတာသေချာသည်။

လုချန်းက ပြုံးပြီးနောက်

“ဒီနေ့က ကျွန်တော်တို့ ဧကရီရဲ့ မွေးနေ့ပါ။ သူ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ အမြဲတမ်းနေရပြီး စိတ်မချမ်းမသာ ဖြစ်နေမှာစိုးလို့ အပြင်ခေါ်ထုတ်လာတာပါ။”

လုချန်း၏ စကားကို ကြားသောအခါမှ ယနေ့သူမ၏ မွေးနေ့ဖြစ်ကြောင်း ဝူကျန်းဝမ် သတိပြုမိသွားသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ရောက်ရှိလာပြီးနောက် သူမ ရက်စွဲများကို သိပ်ဂရုမစိုက်ဖြစ်ခဲ့‌ပေ။

သူမ၏ မွေးနေ့ကို သူမကိုယ်တိုင် မေ့နေခဲ့သော်လည်း ဤလူငယ်လေးက သတိရနေခဲ့သည်။ ဤအချက်က ဝူကျန်းဝမ်၏ စိတ်ထဲတွင် နွေးထွေးသော စိတ်ခံစားမှုတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ ဤလူငယ်လေးသည် အမှန်ပင် ဂရုစိုက်တတ်သူပါတကား။

ဤလူ လဝက်မျှ သူမကို လာမတွေ့ခဲ့ပဲ ယနေ့မှ သူမ၏ အဆောင်သို့ ရုတ်တရက် ရောက်လာခဲ့ခြင်းက အံ့သြစရာမရှိပါ။ ယနေ့ သူမ၏ မွေးနေ့ဖြစ်သည့်အတွက် အထူးတလည် လာရောက်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဤရထားအတွင်းရှိ အစီအစဉ်အားလုံးက ဤလူငယ်လေး၏ အထူးပြင်ဆင်မှုများ ဖြစ်နေလား။

သူမ၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားမှုတစ်ခု ရှိနေသော်လည်း ဝူကျန်းဝမ်က ခေါင်းမာစွာပင်

“ကျွန်မမှာ မွေးနေ့ကျင်းပတဲ့ အလေ့အကျင့် မရှိပါဘူး။”

လုချန်းက ဝူကျန်းဝမ်၏ စကားကို ဂရုမစိုက်ပဲ

“အဲဒါတွေ မပြောတော့ပါနဲ့တော့။ စားစရာရှိတာ ဆက်စားရအောင်။ စားပြီးရင် ကျွန်တော်တို့ လုပ်စရာတွေ အများကြီး ရှိသေးတယ်။”

ထိုစကားကို ကြားသောအခါ အမျိုးသမီးနှစ်ဦးလုံး လုချန်း ဘာကို ရည်ညွှန်းနေသည်ကို ချက်ချင်းပင် သဘောပေါက်သွားသည်။

ဝူကျန်းဝမ် စိတ်ထဲပြုံးလိုက်သည်။ ဒါဆို သူ့ရဲ့ မွေးနေ့ကျင်းပပုံက ဒီလိုလား။ သူမ နားလည်သွား၏။

ဒီလူက ဒီလိုလုပ်ရပ်တွေကို နေရာပြောင်းလုပ်ဆောင်ဖို့ အကြောင်းရှာနေတာသာဖြစ်သည်။

သို့သော် လုချန်း ရည်ညွှန်းသည်မှာ ထိုလုပ်ရပ်များကို လုပ်ရုံသက်သက် မဟုတ်ပဲ အမှန်တကယ် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း မကြာမီ အမျိုးသမီးနှစ်ဦး တွေ့ရှိခဲ့ကြသည်။

ညစာစားပြီးနောက် ဝူကျန်းဝမ်နှင့် မုယုံရွှီတို့ရေချိုးရန် တတိယရထားတွဲသို့ အစေခံများအား ခေါ်သွားစေခဲ့သည်။ ရေချိုးပြီး ဖီးနစ်ဝတ်ရုံကို လဲဝတ်ပြီးနောက် ဝူကျန်းဝမ် ပထမတွဲသို့ ပြန်လာခဲ့သည်။

ဝူကျန်းဝမ် အိပ်ရာဆီသို့ တိုက်ရိုက်သွားပြီး လဲလျောင်းလိုက်သည်။ သူမက တံခါးဝတွင် ရပ်နေသော လုချန်းကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာပင်

“စကြရအောင်။”

လုချန်း ရယ်မောလိုက်သည်။

“ဧကရီက ဘယ်တုန်းက ဒီလောက် စိတ်မရှည် ဖြတ်တတ်လာတာလဲ။ ကျွန်တော့်ထက်တောင် ပိုဆိုးနေသေးတယ်။”

ဝူကျန်းဝမ်က မျက်နှာအမူအယာ ကင်းမဲ့စွာဖြင့်

“ကျွန်မတို့ကို ဒီကို ခေါ်ထုတ်လာတာက မတူညီတဲ့နေရာမှာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်တွေကို ခံစားဖို့ မဟုတ်ဘူးလား။ မင်းသားက ဘယ်တုန်းက ဒီလောက် ဟန်ဆောင်တတ်သွားတာလဲ။ စလိုက်ပါတော့။”

လုချန်း ပြုံးလိုက်ပြီး ရှင်းပြခြင်းမရှိပဲ အစေခံများကို

“အခု စလို့ရပါပြီ။”

နောက်တစ်ခဏတွင် ရထားတွဲအတွင်းရှိ မီးများ ပိတ်သွားသည်။ မကြာမီတွင် ဒုတိယရထားတွဲမှ အစေခံတစ်ဦးက တွန်းလှည်းတစ်ခုကို သူတို့ရှေ့သို့ တွန်းလာခဲ့သည်။ တွန်းလှည်းပေါ်တွင် ထူးဆန်းသော အရာတစ်ခု ရှိနေသည်။

အစေခံမိန်းကလေးများက

“ဧကရီရဲ့ မွေးနေ့မှစ၍ ဘေးကင်းချမ်းသာပြီး ထာဝရ နုပျိုလှပပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါတယ်။”

လုချန်းက

“ဒါက ကျွန်တော်တို့ မြောက်ပိုင်းပြည်နယ်ရဲ့ ထုံးစံပါ။ မွေးနေ့မှာ မွေးနေ့ကိတ် စားကြတယ်။”

ကိတ်။

အဲဒါ ဘာလဲ။

ဝူကျန်းဝမ်နှင့် မုယုံရွှီတို့သည် ဖယောင်းတိုင်မီးထွန်းထားသော ကိတ်မုန့်ကို ဇဝေဇဝါဖြင့် ကြည့်နေကြသည်။

ဤအချိန်တွင် လုချန်းက အိပ်ရာနားသို့ ချဉ်းကပ်လာပြီး အစေခံမိန်းကလေးများကို တိုက်ရိုက်ပင်

“အခု စလုပ်လို့ရပြီ။”

အစေခံမိန်းကလေးက ချက်ချင်းပင် တွန်းလှည်းကို ဝူကျန်းဝမ်ဆီသို့ တွန်းယူလာပြီး ဓားမြှောင်တစ်ချောင်း ပေးလိုက်သည်။ ထိုအချင်းအရာကို မြင်သောအခါ အစေခံမိန်းကလေးအား လုပ်ကြံသတ်ဖြတ်သူဟု ဝူကျန်းဝမ် ထင်လိုက်သည်။ သူမက အစေခံမိန်းကလေးကို တားရန် ပြင်ဆင်နေစဉ် လုချန်းက သူမကို ခပ်တင်းတင်း ဖက်ထားသဖြင့် လုံးဝ လှုပ်ရှား၍ မရတော့ပေ။

ထိုအခိုက်အတန့်တွင် အစေခံမိန်းကလေးက

“ ကိတ်မုန့်ကို လှီးပေးပါ ဧကရီ။”

သံသယမျက်နှာဖြင့် ဝူကျန်းဝမ်က ဓားမြှောင်ကို ယူလိုက်ပြီး လုချန်းဘက်သို့ လှည့်ကာ

“မင်းသား။ ဒါ ဘာတွေလဲ။ ကျွန်မ ဘာလို့ နားမလည်ရတာလဲ။”

လုချန်းက

“မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က လူတွေ မွေးနေ့ရှိရင် ကိတ်မုန့်စားကြတယ်။ ဒါက ပွဲကျင်းပတဲ့ ထုံးစံပဲ။”

“လက်ဆောင်တစ်ခုလို့ပဲ သဘောထားလိုက်ပါ။”

ဝူကျန်းဝမ်က

“ဒီလို ထူးဆန်းတဲ့ လက်ဆောင်မျိုးကို တစ်ခါမှ မကြားဖူးပါဘူး။”

လုချန်းက

“အခုတော့ ကြားဖူးသွားပြီပေါ့။”

သိပ်မစဉ်းစားပဲ ဝူကျန်းဝမ် ကိတ်မုန့်ကို လှီးဖြတ်လိုက်တော့သည်။

ပုံမှန်အားဖြင့် မွေးနေ့ပွဲတွင် လုပ်စရာ အဆင့်အနည်းငယ် ပိုရှိသေးသော်လည်း မွေးနေ့သီချင်းဆိုခြင်းနှင့် ဆုတောင်းခြင်းတို့ကို လုချန်း တမင်တကာ ချန်လှပ်ထားခဲ့သည်။ အဓိကအားဖြင့် ယခုလို မွေးနေ့ပွဲသည် ဝူကျန်းဝမ်၏ ပထမဆုံး မွေးနေ့ပွဲ ဖြစ်သဖြင့် အလွန်အမင်း ရှုပ်ထွေးအောင် လုပ်ရန် မလိုအပ်ပေ။

နောက်တစ်ကြိမ် မွေးနေ့ကျင်းပသည့်အခါမှ ထိုအဆင့်များကို ပြန်လည် ထည့်သွင်းပေးမည်ဖြစ်သည်။

ဝူကျန်းဝမ်က ကိတ်မုန့်ကို အပိုင်းများ ပိုင်းပြီးနောက် ဓားကို အစေခံမိန်းကလေးအား ပြန်ပေးလိုက်ရာ သူမက ဝူကျန်းဝမ်အတွက် ကိတ်မုန့်တစ်ချပ်ကို ကိုယ်တိုင်လှီးပြီး ပန်းကန်ပေါ် တင်ပေးလေသည်။

လုချန်းက ပြုံးလျက်

“စားကြည့်ပါဦး။ ကိတ်မုန့်က ဘယ်လိုအရသာရှိလဲ ကြည့်ရအောင်။”

ဝူကျန်းဝမ် ဇွန်းတစ်ချောင်းကို ကောက်ယူကာ ကိတ်မုန့်တစ်ဇွန်းကို ခပ်ယူပြီးနောက် ပါးစပ်ထဲ ထည့်လိုက်သည်။

သူမ၏ ပါးစပ်ထဲတွင် ချိုမြိန်သော အရသာတစ်မျိုး ပေါက်ကွဲထွက်လာခဲ့ပြီး ဝူကျန်းဝမ် အတော်အတန် အံ့အားသင့်သွားသည်။ ဤမျှ ချိုမြိန်သော အရာမျိုးကို တစ်ခါမှ မစားဖူးခဲ့ပေ။

ထိုအခိုက်အတန့်တွင် အစေခံမိန်းကလေးက မုယုံရွှီနှင့် လုချန်းတို့အတွက်လည်း ကိတ်မုန့်အပိုင်းများကို လှီးဖြတ်ပေးခဲ့သည်။ မုယုံရွှီသည် ဤအရာကို ဘာကြောင့် စားရမည်ကို နားမလည်သော်လည်း သူမလည်း ကိတ်မုန့်ကို မြည်းစမ်းကြည့်ခဲ့သည်။

ထို့နောက် ဝူကျန်းဝမ်က

“ဒီအချိုပွဲက အရသာရှိတယ်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ဒီလိုမျိုး အရသာရှိတဲ့ အချိုပွဲတွေ ရှိတာ မသိခဲ့ဘူး။”

ဝူကျန်းဝမ်၏ ချီးကျူးသံကို ကြားသောအခါ လုချန်း ပြုံးလိုက်ပြီးနောက်

“ဒီညအတွက် တခြားပွဲတစ်ခုလည်း စီစဉ်ထားသေးတယ်။”

လုချန်း စကားမဆုံးသေးခင်မှာပင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော “ဘွန်း” ဟူသော အသံ ထွက်ပေါ်လာသည်။

ချက်ချင်းပင် ကောင်းကင်ယံတွင် ရောင်စုံကြယ်များ ပေါက်ကွဲထွက်လာပြီးနောက် ကြယ်များကြွေသကဲ့သို့ ကျဆင်းလာခဲ့သည်။

ဝူကျန်းဝမ်နှင့် မုယုံရွှီတို့သည် ထိုမြင်ကွင်းကို မြင်သောအခါ အံ့အားသင့်သွားကြပြန်သည်။

ထူးဆန်းသော သဘာဝဖြစ်စဉ်တစ်ခုဟု အစက ထင်မှတ်ခဲ့ကြသော်လည်း ရောင်စုံကြယ်များ ပိုမိုများပြားစွာ ပေါက်ကွဲလာသည်နှင့်အမျှ ရထားတွဲတစ်ခုလုံး လင်းထိန်လာခဲ့သည်။

ညကောင်းကင်အောက်တွင် မီးရှူးမီးပန်းများမှ အလင်းရောင်သည် ရထားထဲသို့ ကျဆင်းနေပြီး ဝူကျန်းဝမ်နှင့် မုယုံရွှီတို့၏ လှပသော မျက်နှာများကို ထင်ရှားစေခဲ့သည်။

အချိန်မည်မျှကြာသွားသည်မသိ နောက်ဆုံးတွင် လုချန်း၏ အသံက ဝူကျန်းဝမ်၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။

“ဧကရီ ကြိုက်နှစ်သက်ပါသလား။”

............

အခန်း (၆၉၆)

မင်းသားက တကယ်ပဲ အစွမ်းအစရှိပါတယ်

လုချန်း၏ အသံကို ကြားသောအခါ ဝူကျန်းဝမ် နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့သည်။ မီးရှူးမီးပန်းများ၏ ရောင်ပြန်ဟပ်မှုအောက်တွင် သူမ၏ ဖြူစင်သော မျက်နှာ အနည်းငယ် နီမြန်းနေခဲ့သည်။

“ရှင်က မိန်းမတွေနဲ့ အဲ့ဒီလိုကိစ္စတွေပဲ လုပ်တတ်တယ် ထင်ထားတာ။ မိန်းမတွေကို ပျော်အောင် ဒီလိုနည်းလမ်းတွေလည်း သုံးတတ်တယ်လို့ မထင်ထားဘူး။”

“စိတ်မကောင်းစရာပဲ။ ဒီလိုအသေး အဖွဲလေးတွေက ကျွန်မအပေါ် ဘာအကျိုးသက်ရောက်မှုမှ မရှိဘူး”

ဟု အေးစက်စွာ ထပ်ပြောလိုက်သည်။

ဘေးတွင် ရပ်နေသော မုယုံရွှီကတော့ ဝူကျန်းဝမ်၏ စကားကို ကြားသောအခါ အထင်အမြင်သေးစွာ ကြည့်လိုက်မိသည်။ ဝူကျန်းဝမ်သည် မျက်နှာ နီမြန်းနေပြီး ပူလောင်နေပြီ ဖြစ်နေသော်လည်း ခက်ထန်စွာ ဟန်ဆောင်နေဆဲပင်။

သူမသည် အဆင့်အတန်းမြင့်မားသူအဖြစ် နေသားကျနေသဖြင့် ဤလူအား အညံ့ခံရသည်ကို ဝန်ခံလိုခြင်း ရှိပုံမရ‌ပေ။

ထိုအခိုက်အတန့်တွင် မုယုံရွှီက

“ဧကရီရဲ့ နှလုံးသားကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် မင်းသား။”

မုယုံရွှီ၏ ရုတ်တရက် မှတ်ချက်ကို ကြားသောအခါ ဝူကျန်းဝမ်က အေးစက်စွာဖြင့်

“ဟယ်။ ရယ်စရာကောင်းလိုက်တာ။”

ဝူကျန်းဝမ်သည် မျက်နှာ နီမြန်းနေသော်လည်း အေးစက်သော အမူအရာကို ထိန်းသိမ်းထားသည်ကို မြင်သောအခါ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်လာခဲ့သည်။ ဝူကျန်းဝမ်၏ ခေါင်းမာသော ဟန်ဆောင်ပုံ မြင်ရတာကို သူ သဘောကျသည်။

ကောင်းကင်ယံတွင် တောက်ပသော မီးရှူးမီးပန်းများ ဆက်လက် ပေါက်ကွဲနေ၏။ ဝူကျန်းဝမ်သည် ကိတ်မုန့်အချို့ကို စားပြီးနောက် ပန်းကန်ကို တွန်းလှည်းပေါ် တင်လိုက်သည်။

အစေခံမလေးက ပိုးပဝါတစ်ထည်ကို အလျင်အမြန် ယူလာခဲ့ရာ ဝူကျန်းဝမ်က သူမ၏ နီမြန်းသော နှုတ်ခမ်းများကို သုတ်ပြီး

“စားလို့ ပြီးပြီ။ ယူသွားလို့ရပြီ။”

ဝူကျန်းဝမ်၏ စကားကို ကြားသောအခါ မုယုံရွှီလည်း သူမ၏ ပန်းကန်ကို တွန်းလှည်းပေါ် တင်လိုက်သည်။

ကိတ်မုန့်သည် ဝူကျန်းဝမ် တစ်ခါမှ မစားဖူးသော အရသာ အရှိဆုံး အချိုပွဲဖြစ်သော်လည်း သူမ ညစာစားပြီးပြီဖြစ်၍ အများကြီး မစားနိုင်တော့ပေ။

ထို့ပြင် သူမထံ၌ စားချင်စိတ်လည်း မရှိပေ။ သူမသည် သူမရှေ့မှ လူငယ်လေးနှင့် နောက်ဆုံးအကြိမ် ထိုအရာ လုပ်ခဲ့သည်မှာ လဝက်ပင် ကြာခဲ့ပြီ ဖြစ်သည်။

ယနေ့တွင် ဤလူငယ်လေးက သူမကို ရုတ်တရက် ခေါ်ထုတ်လာပြီး ဤမြင်ကွင်းတစ်ခုလုံးကို စီစဉ်ခဲ့သည်။ ထိုအရာက ဝူကျန်းဝမ်၏ ဆန္ဒများကို ထိန်းချုပ်ရန် ခက်ခဲစေခဲ့သည်။

ဤလူငယ်လေးသည် မိန်းမများကို ကိုင်တွယ်ရာတွင် ပါးနပ်သည်ဟု ဆိုရမည်။ ဝူကျန်းဝမ်သည် အသံထွက်၍ ဝန်ခံမည်မဟုတ်သော်လည်း သူမ၏ စိတ်ထဲတွင်တော့ လုချန်း၏ နည်းလမ်းများကို အသိအမှတ်ပြုပြီး ဖြစ်သည်။

စားပွဲတင်တွန်းလှည်းကို ယူသွားပြီးနောက် အခြားအစေခံများလည်း အခြေအနေကို နားလည်ပုံရပြီး ရထား၏ ကန့်လန့်ကာများကို လျင်မြန်စွာ ဆွဲပိတ်လိုက်ကြသည်။

အခန်းတွင်း၌ မှိန်ဖျော့သော အဝါရောင် အလင်းထွက်‌ပေါ်လာခဲ့သည်။ အလင်းရောင်အောက်တွင် ဝူကျန်းဝမ်၏ ဖြူဖျော့သော အသားအရေသည် အဝါရောင်သန်းနေခဲ့ပြီး သူမကို ပိုမို ဆွဲဆောင်မှုရှိစေခဲ့သည်။

ဝူကျန်းဝမ်က ပုံမှန်အတိုင်းပင်

“ဒီအရာတွေအားလုံးက ရှင့်ဘေးက နန်းတွင်းအစေခံမလေးအတွက် ပြင်ဆင်ထားတာဆိုရင် သူတော်တော်လေး စိတ်လှုပ်ရှားပြီး ရှင့်ရဲ့ တစ်သက်တာ အစေခံမလေး ဖြစ်ချင်စိတ် ရှိသွားမှာပါ။ ကံမကောင်းစွာပဲ ဒါတွေအားလုံးက ကျွန်မအတွက် ပြင်ဆင်ထားတာဆိုတော့ မင်းသား စိတ်ပျက်ရတော့မယ်။”

ဝူကျန်းဝမ် ရည်ညွှန်းသော “နန်းတွင်းအစေခံမလေး” မှာ မုယုံရွှီပင် ဖြစ်သည်။

လုချန်းက အနည်းငယ် ပြုံးလိုက်ပြီးနောက် ဝူကျန်းဝမ်ကို အိပ်ရာပေါ်သို့ လျင်မြန်စွာ လှဲချလိုက်ပြီး သူမကို ကြည့်လျက်

“ဪ။ တကယ်လား။ ဧကရီက ခေါင်းမာတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပုံရတယ်။”

“ဒါပေမဲ့ ကျွန်တော် အကျွမ်းကျင်ဆုံးက ခင်ဗျားလို ခေါင်းမာတဲ့ အမျိုးသမီးတွေကို ကိုင်တွယ်တာပဲ။”

မျက်နှာသေဖြင့် ဝူကျန်းဝမ်က

“ဒါဆို နာမည်ကြီး မြောက်ပိုင်းနယ်စားမင်းသားမှာ တခြား ဘယ်လိုနည်းလမ်းတွေ ရှိသေးလဲဆိုတာ ကျွန်မ တကယ် မြင်ချင်တယ်။”

ဝူကျန်းဝမ်၏ လေသံတွင် စိန်ခေါ်မှုပါနေသည်က ထင်ရှားသဖြင့် လုချန်း ရယ်မောလိုက်သည်။ ဤအမျိုးသမီးကို သူ အတော်လေး စိတ်ဝင်စားသည်။

ထို့နောက် လုချန်းက ခေါင်းငုံ့ကာ ဝူကျန်းဝမ်၏ နှုတ်ခမ်းများ နမ်းရှိုက်လိုက်သည်။

ဝူကျန်းဝမ် ခဏမျှ ရုန်းကန်ပြီးနောက် သူမ၏ လက်များကို မြှောက်ကာ လုချန်း၏ လည်ပင်းကို ဖက်တွယ်လိုက်သည်။

ဤမြင်ကွင်းကို မြင်သောအခါ မုယုံရွှီ အထင်အမြင်သေးစွာဖြင့် ပြုံးလိုက်သည်။

ဘာ ဝူမင်းသမီးလဲ။

မြောက်ပိုင်းနယ်စားမင်းသားရှေ့တွင် သူမလည်း သူ့လိုပဲ ဖြစ်သွားပြီ။

ဝူကျန်းဝမ်လည်း မခြားနားပေ။

အဘယ်ကြောင့်မှန်းမသိ ဝူကျန်းဝမ်ကဲ့သို့ ဂုဏ်သရေရှိသူတစ်ဦး ကျဆုံးသွားသည်ကို မြင်ရပြီး မုယုံရွှီ၏ ရင်ထဲ အေးချမ်းသွားသလို ခံစားလိုက်ရသည်။

သူမသည် အချိန်တိုအတွင်း ဤလူဆိုး သိမ်းပိုက်တာ ခံခဲ့ရသည်ဟု အမြဲခံစားခဲ့ရပြီး မိမိကိုယ်ကို အရှက်မရှိသော မိန်းမဟု ထင်မှတ်ခဲ့သည်။

ယခုအခါ ဝူနိုင်ငံတော်၏ မင်းသမီးပင် မြောက်ပိုင်းနယ်စားမင်းသားနှင့် ဝေးဝေးနေနိုင်ခြင်း မရှိသည်ကို မြင်ရသောအခါ မြောက်ပိုင်းနယ်စားမင်းသား သိမ်းပိုက်တာခံရခြင်းက ထိုမျှ အရှက်ရစရာ မဟုတ်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

ဤလူဆိုးသည် တကယ်ပင် အစွမ်းအစရှိသူ ဖြစ်သည်။

သို့သော်လည်း ဤစုံတွဲသည် သူမရှေ့တွင်ပင် မသင့်လျော်သောအရာများကို လုပ်နေကြသည်။ ဒါက သူမကို နည်းနည်းတော့ မလေးစားရာ ရောက်မနေဘူးလား။

ထိုအရာက သူမကို မောင်းမတစ်ဦးလို ခံစားစေသည်။ တကယ်တော့ သူမသည် ယွဲ့ဧကရာဇ်အား ပြုစုရသည့် အစေခံတစ်ဦးဖြစ်သော်လည်း မြောက်ပိုင်းပြည်နယ်တွင် သံတမန်ရာထူး ရှိနေသေးသည်။

မုယုံရွှီ အနည်းငယ် စိတ်လှုပ်ရှားနေစဉ် လုချန်းနှင့် ဝူကျန်းဝမ်တို့သည် စိတ်ခံစားမှုများကြား လုံးဝနစ်မြောနေကြပြီ ဖြစ်သည်။

“ချစ်ရတဲ့ ဝမ်ယန်။ ကိုယ်ကို ချစ်သူလို့ ခေါ်ပါဦး...”

“ချစ်သူ...”

ဝူကျန်းဝမ်၏ အသံကို ကြားသောအခါ မုယုံရွှီ ညည်းသံတစ်ချက် ထွက်ကာ ချက်ချင်း ထရပ်ပြီး ဘေးတွဲသို့ ရွှေ့ရန် ပြင်ဆင်လိုက်သည်။ သို့သော် သူမ ထဖို့ပြင်လိုက်စဉ်မှာပင် ထိုယုတ်မာသော လူသားက သူမကို ပြန်ဆွဲလှဲလိုက်သည်။

သူမ တုံ့ပြန်နိုင်ခြင်းပင် မရှိသေးခင် လုချန်း၏ နှုတ်ခမ်းများက သူမ၏ နှုတ်ခမ်းများကို ဖုံးလွှမ်းသွားခဲ့သည်။

တစ်ဦးက ဂုဏ်သရေရှိသော မင်းသမီးဖြစ်ပြီး နောက်တစ်ဦးက ခန့်ညားသော ပါရမီရှင်တစ်ဦးဖြစ်သည်။ ဤနှစ်ဦးစလုံးသည် လုချန်း၏ အတွင်းစိတ်မှ ရိုင်းစိုင်းမှုများကို အထွတ်အထိပ်သို့ ရောက်စေခဲ့သည်။

အဆုံးမရှိသော အချိန်ကာလတစ်ခု ကြာပြီးနောက် ဝူကျန်းဝမ်၏ ခန္ဓာကိုယ်မှ ရုတ်တရက် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ၎င်းတို့သည် ကောင်းကင်သို့ ပေါ်သို့တိုက်ရိုက် မတက်ပဲ သူမ အနားတွင် လည်ပတ်နေသည်။

ထို့နောက် ရထားနားတွင် ကြီးမားပြီး တောက်ပသော လေဆင်နှာမောင်းသဏ္ဍန် တိမ်တိုက်တစ်ခု စုဝေးလာခဲ့သည်။

ထိုမြင်ကွင်းကို မြင်သောအခါ လုချန်းနှင့် မုယုံရွှီတို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။

လုချန်း ချက်ချင်း နားလည်သွားသည်။ ဝူကျန်းဝမ်၏ ခန္ဓာကိုယ်မှ အလင်းတန်း မထွက်ပေါ်လာသော်လည်း သူမ၏ အငွေ့အသက်သည် သူ၏ကိုယ်ပိုင် အငွေ့အသက်နှင့် ဆင်တူနေသည်။

ယင်းက ဝူကျန်းဝမ်သည် ယခုအခါ ကောင်းကင်နှင့် ညီညွတ်ခြင်းနယ်ပယ်သို့ ဝင်ရောက်သွားပြီဖြစ်ပြီ အရိပ်အယောင် ကောင်းကင်လူသားတစ်ဦး ဖြစ်သွားသည်ဟုဆိုလိုသည်။

အမြင်တစ်ခု ပွင့်သွားသလို လုချန်းခံစားလိုက်ရသည်။ ဝူကျန်းဝမ်သည် ဤအခြေအနေများအောက်တွင် ကောင်းကင်နှင့် ညီညွတ်ခြင်းနယ်ပယ်သို့ ဝင်ရောက်ကာ အရိပ်အယောင် ကောင်းကင်လူသား ဖြစ်လာခဲ့သည်။

ဤကမ္ဘာကြီးက သူမအပေါ် မည်သို့သော စမ်းသပ်မှုများ ချမှတ်မည်နည်း။

စူးစမ်းလိုစိတ်က လုချန်း၏ ရင်ထဲတွင် ပြည့်နှက်နေခဲ့သည်။

ဤအချိန်တွင် ဝူကျန်းဝမ်လည်း သူမ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ ထွက်ပေါ်နေသည်ကို အနည်းငယ် ဇဝေဇဝါဖြင့် ကြည့်နေခဲ့သည်။

လုချန်း ချက်ချင်းပင် သတိပြန်ဝင်လာခဲ့သည်။ ဝူကျန်းဝမ်၏ လက်ရှိအခြေအနေက သူမအား မတူညီသော ခံစားမှုတစ်ခု ပေးမည်လား မသိသော်လည်း လုချန်းက ဝူကျန်းဝမ် တုံ့ပြန်လာသည်ကို မစောင့်တော့ပဲ မုယုံရွှီကို ဘေးဖယ်လိုက်ပြီး တစ်ဖန် သူမကို ထပ်မံဆွဲယူလိုက်သည်။

လက်တွေ့သက်သေပြချက်အရ ဝူကျန်းဝမ်၏ အခြေအနေသည် အမှန်ပင် မတူညီသော ခံစားမှုကို ပေးကြောင်း သက်သေပြခဲ့သည်။

မကြာမီ ဝူကျန်းဝမ်၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းများ သူမကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီး ကောင်းကင်မှ သဘာဝဖြစ်ရပ်ဆန်းလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

.......

မနက်စောစော။

နေရောင်ခြည်သည် ရထားပြတင်းပေါက်မှ တိုးဝင်လာပြီး ရထားအတွင်းခန်းအား အလင်းရောင် ပေးနေသည်။ ရထားတွဲအတွင်း လုံးဝ ရှုပ်ပွနေပြီး စုတ်ပြဲနေသော ဖီးနစ်ဝတ်ရုံတစ်ခု၏ အပိုင်းအစများ ပြန့်ကျဲနေသည်။

လုချန်းက ဝူကျန်းဝမ်ကို ဖက်ထားပြီး မုယုံရွှီကတော့ သူတို့ဘေးတွင် လဲလျောင်းနေသည်။

လုချန်း၏ ရထားတွဲသည် အတော်အတန် ကြီးသော်လည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ အခန်းထက် သိသိသာသာ သေးငယ်နေသေးပြီး အတွင်းရှိ အိပ်ရာကလည်း များစွာသေးငယ်သည်။

ထို့ကြောင့် ဘေးချင်းယှဉ်အိပ်ရန် နေရာမရှိပေ။ ဤနည်းဖြင့်သာ လှဲနိုင်သည်။

ဝူကျန်းဝမ် နိုးလာသောအခါ သူမ ချက်ချင်းပင်

“မင်းသားမှာ တကယ်ပဲ အစွမ်းအစရှိပါတယ်။ သူများကို ဂရုစိုက်ရာမှာ တော်တယ်ဆိုတာ ကျွန်မ အသိအမှတ်ပြုတယ်။ အခုကစပြီး ရှင်က ကျွန်မရဲ့ ယောက်ျားအချစ်တော်ပဲ။”

နိုးလာသည်နှင့် တစ်ပြိုင်နက် လေသံပြန်မာလာသော ဝူကျန်းဝမ်ကို မြင်သောအခါ မုယုံရွှီက ပြုံးလျက်

“ယောက်ျားအချစ်တော်ဆီမှာ ဒီလောက် အကူအညီမဲ့နေပြီး ငိုယိုမြည်တမ်းနေရတဲ့ မင်းသမီးမျိုးကို ကျွန်မ အခုမှ ပထမဆုံး မြင်ဖူးတာ။”

မုယုံရွှီ၏ လှောင်ပြောင်မှုကို မနှစ်သက်သော ဝူကျန်းဝမ်က နှာခေါင်းရှုံ့လိုက်ပြီး

“ချင်ရို့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ရောက်လာခဲ့ရင် သူ့ရဲ့ အစေခံတွေကို ဘယ်လို သင်ပေးထားတာလဲဆိုတာ မေးကြည့်ရမယ်။”

ဝူကျန်းဝမ်၏ စကားကြောင့် စူးစမ်းလိုစိတ်ဖြင့် လုချန်းက

“ဪ။ ယွဲ့ဧကရာဇ် နောက်ဆုံးတော့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ရောက်လာလိမ့်မယ်လို့ မင်းယုံကြည်နေတယ် ထင်တယ်။ သူက သူများ လက်အောက်ခံ ဖြစ်တာထက် သတ်သေမယ့်လူလို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား။”

ဝူကျန်းဝမ်က

“မင်းသားသာ ကျူးနိုင်ငံတော်ကို တကယ် အနိုင်ယူနိုင်စွမ်းရှိရင် ကျွန်မက ကြားဝင်ပြီး ချင်ရို့ကို မင်းသားနောက် လိုက်ဖို့ ဆွဲဆောင်ပေးပါ့မယ်။”

ဝူကျန်းဝမ်၏ သဘောထား ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်သောအခါ လုချန်းက သူမ၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပြီး တိုက်ရိုက်ပင်

“ပြောပါဦး။ မင်းရဲ့ ကောင်းကင်လူသားဖြစ်ခြင်း စမ်းသပ်မှုက ဘာလဲ။”

ထိုမေးခွန်းကြောင့် ဝူကျန်းဝမ် အံ့အားသင့်သွားပြီး ခဏမျှ ရပ်တန့်သွားကာ အေးစက်စွာဖြင့်

“ကျွန်မအတွက် ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ရှင့်ကို ပြောပြမယ် ထင်နေတာလား။”

ဝူကျန်းဝမ် ပြောပြရန် ဆန္ဒမရှိသည်ကို မြင်သောအခါ လုချန်း ဆက်မဖိအားပေးတော့ပဲ ပြုံးလျက်

“မင်း မပြောရင်တောင် ကိုယ် ခန့်မှန်းလို့ရတယ်။ မင်းရဲ့ ကောင်းကင်လူသားဖြစ်ခြင်း စမ်းသပ်မှုက ကိုယ်နဲ့ တော်တော်လေး ပတ်သက်နေမှာပဲ။”

ဝူကျန်းဝမ် တောင့်တင်းသွားခဲ့သည်။ လုချန်း တစ်ခုခု ခန့်မှန်းမိသွားကြောင်း သိလိုက်ရသည်။ ဤပါးနပ်သော လူသားသာ သူမ၏ ကောင်းကင်လူသားဖြစ်ခြင်း စမ်းသပ်မှုအကြောင်း သိရှိသွားပါက သူမကို မည်သို့ မြင်သွားမည်ကို သူမ ခန့်မှန်း၍မရပေ။ ဘာဖြစ်ဖြစ် သူ့ကို သိ့ခွင့်မပေးနိုင်‌ပေ။

ဤသို့တွေးရင်း ဝူကျန်းဝမ်က

“မင်းသားက အရင်ကလိုပဲ အရှက်မဲ့တုန်းပဲလား။ ကျွန်မရဲ့ ကောင်းကင်လူသားဖြစ်ခြင်း စမ်းသပ်မှုက ရှင်နဲ့ ဘာဆိုင်လို့လဲ။”

သူတို့၏ စကားများကို ကြားသောအခါ မုယုံရွှီ တုန်လှုပ်သွားခဲ့သည်။ မနေ့ညက ဝူကျန်းဝမ်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်း ထွက်ပေါ်ရခြင်းက အံ့သြစရာမရှိပေ။ သူမသည် ဒဏ္ဍာရီလာ ကောင်းကင်နှင့် စည်းလုံးညီညွတ်ခြင်းနယ်ပယ်သို့ ဝင်ရောက်သွားပြီး အရိပ်အယောင် ကောင်းကင်လူသား ဖြစ်လာခဲ့ပြီဖြစ်သည်။

ဒါက အလွန်ကို ထူးဆန်းသည်။

ထိုသို့သော လုပ်ရပ်မျိုးတွင် ပါဝင်နေစဉ် ကောင်းကင်နှင့် ညီညွတ်ခြင်းနယ်ပယ်သို့ ဝင်ရောက်လာသူတစ်ဦး ရှိလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။

............

All Chapters