← Chapters

အခန်း ၆၉၇-၆၉၉

Vol. 47 Ch. 697-699

အခန်း ၆၉၇-၆၉၉

Vol. 47 Ch. 697-699

အခန်း (၆၉၇)

မည်သူမှ အိမ်ပြန်ခြင်းကို တားဆီးနိုင်မည် မဟုတ် (၁)

မြူခိုး‌ဒေသ။

တိမ်တိုက်များကို ထိုးဖောက်နေသော မြင့်မားသည့် တောင်ထိပ်တစ်ခုပေါ်တွင် ခရမ်းရောင်တိမ်တိုက်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးသည် ချောက်ကမ်းပါးအစွန်း၌ ရပ်လျက် အဝေးမှ လောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားသည့် မီးခိုးရောင် မြူခိုးများကို ငေးကြည့်နေခဲ့သည်။

ဤတောင်ထိပ်သည် ဤလောကထဲတွင် မြူခိုးများ ဖုံးလွှမ်းခြင်း မရှိသည့် ရှားပါးနေရာများထဲမှ တစ်ခု ဖြစ်လေသည်။

ထိုအချိန်တွင် အမျိုးသမီးက

“ပိတ်ပင်တားဆီးမှုတွေ ပြေလျော့လုပြီ ထင်ပါရဲ့။ တခြားကမ္ဘာကို တစ်ခေါက် ထပ်ပြန်ရောက်ရင် ငါ မွေးခဲ့တဲ့ တပည့်နှစ်ယောက်ကို မြင်ရပါဦးမလား မသိဘူး”

ဟု သူမဘာသာ ရေရွတ်လိုက်သည်။

ပိတ်ပင်တားဆီးမှု ပြီးဆုံးတော့မည်ဟု ထင်ရသော်လည်း ထိုဖြစ်စဉ်က အတော်လေး ကြာမြင့်ပေလိမ့်မည်။ ဆယ်နှစ်ကြာနိုင်သလို နှစ်တစ်ရာပင် ကြာနိုင်ချေ ရှိ၏။

သက်တမ်းရှည်လျားသော ပညာရှင်များအတွက် နှစ်တစ်ရာသည် အရေးမကြီးနိုင်သော်လည်း သာမန်လူများအတွက်မူ နှစ်တစ်ရာသည် ဘဝတစ်သက်တာပင် ဖြစ်သည်။

ထာဝရတန်ခိုးရှင်များနှင့် သေမျိုးများအကြား ကွာခြားချက်ရှိသည်။

သူမ၏ တပည့်နှစ်ယောက်သည် သူတို့၏ သက်တမ်းအတွင်း ကောင်းကင်လူသားအဆင့်သို့ မရောက်နိုင်ပါက ပိတ်ပင်တားဆီးမှု ပျောက်ကွယ်သွားသည့်အချိန်၌ သူမ ထိုအောက်ကမ္ဘာသို့ ပြန်ရောက်သည့်အခါ သူတို့၏ အုတ်ဂူများကိုသာ တွေ့ရမည်ကို သူမ စိုးရိမ်မိသည်။

ထိုသို့ တွေးမိသည့်အခါ အမျိုးသမီး သက်ပြင်းအသာချလိုက်သည်။

သူမ ထိုအောက်ကမ္ဘာသို့ ပထမဆုံးရောက်ရှိချိန်တွင် ဤအကြောင်းတရားနှင့် အကျိုးဆက်များထဲ မပါဝင်သင့်ခဲ့ပေ။ သူမ ထိုတပည့်နှစ်ဦးကို မွေးခဲ့မိသည့်အတွက် အနည်းငယ် နောင်တရမိသည်။

ထိုအချိန်တွင် တာအိုတန်ခိုးရှင်တစ်ဦးနှင့်တူသော အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး အမျိုးသမီး၏ နောက်ကွယ်မှ ပေါ်လာခဲ့သည်။

အမျိုးသားက အဝေးမှ မြူခိုးများကို ကြည့်လိုက်ပြီးနောက် ပြုံးလျက်

“ညီမလေး။ ပိတ်ပင်တားဆီးမှုက မကြာခင် လုံးဝ ပွင့်သွားတော့မယ် ထင်တယ်။ ပိတ်ပင်မှုတွေ ပျောက်သွားတာနဲ့ ငါတို့ မြူခိုး‌မှော်ဂိုဏ်း ပြန်ပြီး တန်ခိုးကြီးလာတော့မှာ။”

ထိုစကားကို ကြားသောအခါ အမျိုးသမီး၏ မျက်ခုံးများ တွန့်သွားပြီး

“အစ်ကိုကြီး။ ကျွန်မတို့ ဒီအခြေအနေကို ဘယ်လိုရောက်လာခဲ့ရတယ်ဆိုတာ မေ့နေပြီလား။”

ထိုစကားကို ကြားသောအခါ အမျိုးသားက အေးအေးဆေးဆေးပင်

“ငါတို့က အစွမ်းမရှိလို့ ဒီနေရာကို ပို့ခံခဲ့ရတာလေ။ အဲ့ဒီတော့ ငါတို့ ပိုပြီး အင်အားကြီးလာအောင် ကြိုးစားသင့်တယ်။ တစ်နေ့ကျရင် မြူခိုးမှော်ဂိုဏ်းကို ဇာတိမြေ ပြန်ခေါ်သွားပြီး ငါတို့ရဲ့ ရန်သူဟောင်းတွေကို အကုန် ရှင်းပစ်မယ်။”

အမျိုးသမီးက

“အစ်ကိုကြီး။ အချို့ကိစ္စတွေက မေ့ပစ်သင့်ပါတယ်။”

အမျိုးသမီး၏ စကားကို ကြားသောအခါ အမျိုးသားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“ညီမလေးက စိတ်နူးညံ့တုန်းပဲနော်။”

“အဲ့ဒီ အောက်ကမ္ဘာက ပုရွက်ဆိတ်တွေက ညီမလေးရဲ့ သနားဂရုဏာကို မခံထိုက်ပါဘူး။ သူတို့က အမှိုက်သက်သက်ပဲ။ ငါတို့ မြူခိုးမှော် ဂိုဏ်းအတွက် အစာဖြစ်လာရတာ သူတို့ ဂုဏ်ယူရမယ့်ကိစ္စပါ။”

အမျိုးသမီးက အေးစက်စွာပင်

“အစ်ကိုကြီး ပြောင်းလဲသွားပြီ။ အရင်တုန်းက ဒီလိုမဟုတ်ဘူး။”

ထိုစကားကို ကြားသောအခါ အမျိုးသားက ရယ်မောလျက်

“လူတွေက ပြောင်းလဲတတ်တာပေါ့။ ငါရဲ့ ဆရာက ငါတို့ကို သူပြန်ဝင်စားဖို့ အသုံးချခံ အဖြစ်ပဲ မြင်တယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ ငါပြောင်းလဲသွားခဲ့တာ။”

“ဒီလောကကြီးက သိပ်ရက်စက်တယ်။ အရင်တုန်းကလို အဖြူထည်အတိုင်းပဲ ဆက်နေခဲ့မယ်ဆိုရင် မြူခိုးမှော်ဂိုဏ်း ဖျက်ဆီးခံရတာ ကြာပြီ။”

“တစ်နေ့ကျရင် ညီမလေး အစ်ကိုကြီးကို နားလည်လာမယ်လို့ ယုံတယ်။”

ထို့နောက် အမျိုးသား၏ ပုံရိပ် ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးသာ တောင်ထိပ်ပေါ်တွင် ရပ်ကျန်ရစ်ခဲ့သည်။

......

အနောက်မြောက်ပိုင်းလွင်ပြင်ဒေသ။

ကျယ်ပြောလှသော မြက်ခင်းလွင်ပြင်ပေါ်တွင် ကိုယ်လုံးကိုယ်ပေါက် လှပသော အမျိုးသမီးတစ်ဦးသည် ကုန်းမြင့်တစ်ခုပေါ်တွင် ရပ်လျက် အဝေးမှ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်တပ်ကို ငေးကြည့်နေခဲ့သည်။

အမျိုးသမီးသည် အဝတ်အစားအများကြီး မဝတ်ဆင်ထားပဲ ပိုးထည်အနည်းငယ်မျှသာ ကိုယ်ပေါ်တွင် အုပ်ထားသည်။ သူမ၏ ဖြူ ဖွေးသော ဗိုက်သားမှာ ပေါ်လွင်နေပြီး ဖြူဖျော့ဖျော့ ခန္ဓာကိုယ်မှ ဆွဲဆောင်မှုမျိုး ထွက်ပေါ်ထွက်နေ၏။ သူမ၏ လက်အောက်ခံများက သူမ၏ ရက်စက်မှုကို သိကြသော်လည်း သူမကို ကြည့်မိခြင်းအား မထိန်းချုပ်နိုင်ခဲ့ကြပေ။

ထိုအချိန်တွင် လွင်ပြင်ဒေသ ဗိုလ်ချုပ်တစ်ဦးသည် အမျိုးသမီးထံ ချဉ်းကပ်လာပြီး စာရွက်ဖြူများကို ပေးလိုက်သည်။

“နတ်ဘုရားမ။ ဒါက မကြာသေးခင်ကဖြစ်ပျက်ခဲ့တဲ့ နိုင်ငံကြီး အချို့ရဲ့ အခြေအနေဆိုင်ရာ ထောက်လှမ်းရေး အစီရင်ခံစာတွေပါ။”

အမျိုးသမီးက စာရွက်များကို ယူလိုက်ပြီး

“ဒီကမ္ဘာက လူတွေ ဒီလို ကောင်းမွန်တဲ့ စက္ကူကို မြန်မြန်ဆန်ဆန် ဖန်တီးနိုင်မယ်လို့ မထင်ထားဘူး” ဟု သူမဘာသာ ရေရွတ်လိုက်သည်။

စာရွက်များကို လှန်လှောကြည့်စဉ် စာရွက်ပေါ်တွင် ရေးသားထားသည့် ထောက်လှမ်းရေးသတင်းများကို မြင်သောအခါ မုယန်စီ အံ့ဩသွားခဲ့ရသည်။

“ကျွန်မ မျှော်မှန်းထားတာနဲ့ မကွာခြားပါဘူး။ မြောက်ပိုင်းပြည်နယ်က အတားအဆိီးအခက်ခဲ တစ်ခု‌တော့ မဟုတ်ပါဘူး။”

“လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်တွေ…”

“ဘယ်လောက်ပဲ အစွမ်းထက်တဲ့ လက်နက်တွေ ဖြစ်နေပါစေ နည်းဗျူဟာပုံစံတွေကိုတော့ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။”

ထိုအချိန်တွင် မုယန်စီ၏ ရှေ့မှ လွင်ပြင်ဒေသ ဗိုလ်ချုပ်က

“နတ်ဘုရားမ။ မြက်ခင်းပြင်ပေါ်က မျိုးနွယ်စုတွေကို စုစည်းပြီးသွားပါပြီ။ သစ္စာမခံတဲ့သူတွေကို ကျွန်တော်တို့တပ်ဖွဲ့တွေက နှိမ်နင်းပြီးပါပြီ။”

“အခုဆို လွင်ပြင်ဒေသ မျိုးနွယ်စုတွေ ပြန်ပြီး စည်းလုံးသွားပြီ။ မျိုးနွယ်စုခေါင်းဆောင်အားလုံးကလည်း နတ်ဘုရားမရဲ့ စကားကို နားထောင်ဖို့ ဆန္ဒရှိနေကြပြီဆိုတော့ နတ်ဘုရားမရဲ့ အမိန့်တစ်ချက်ထုတ်တာနဲ့ ကျွန်တော်တို့ တောင်ဘက်ကို ချီပြီး အဓိက နိုင်ငံကြီးတွေကို နင်းချေဖျက်ဆီးပစ်မယ်။”

ထိုစကားကို ကြားသောအခါ မုယန်စီက ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက်

“ကျင့်စဉ်တွေနဲ့ စစ်ခင်းတဲ့ နည်းဗျူဟာ လေ့ကျင့်မှုက ဘယ်လိုရှိလဲ။”

“ဒါက…”

လွင်ပြင်ဒေသ ဗိုလ်ချုပ်ခဏမျှ တုံ့ဆိုင်းသွားပြီး ဆက်မပြောတော့ပေ။

မုယန်စီက

“ကျွန်မ စစ်တပ်ကို ချက်ချင်း တောင်ဘက် ချီတက်စေချင်တာ မှန်ပေမဲ့ ရှင်တို့ရဲ့ လက်ရှိ အင်အားနဲ့ဆိုရင် တောင်ဘက်ကို ရွှေ့ပြောင်းဖို့နေနေသာသာ နဂါးနက်နိုင်ငံတော်လို အားအနည်းဆုံးနိုင်ငံကိုတောင် အနိုင်ရမှာ မဟုတ်ဘူး။”

“ထျန်းချီဘုရင်ရဲ့ ကံကြမ္မာကို အဲ့ဒီလောက် မြန်မြန် မေ့နေကြပြီလား။”

ထို့နောက် လွင်ပြင်ဒေသ ဗိုလ်ချုပ်က

“နတ်ဘုရားမ ပြောတာ မှန်ပါတယ်။ ကျွန်တော် စိတ်အလောကြီး နေခဲ့ပါတယ်။”

မုယန်စီက

“စစ်ခင်းတဲ့ နည်းဗျူဟာပုံစံတွေ လေ့ကျင့်တာ မြန်မြန်လုပ်ပါ။ ငါးနှစ်အတွင်း တောင်ဘက်ကို ချီတက်ပြီး ကျူးနိုင်ငံတော်ကို ဖျက်ဆီးမယ်။”

နတ်ဘုရားမထံမှ ရှင်းလင်းသော အချိန်သတ်မှတ်ချက်ကို ရရှိသောအခါ လွင်ပြင်ဒေသ ဗိုလ်ချုပ် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး

“ဟုတ်ကဲ့ပါ နတ်ဘုရားမ။”

ထို့နောက် မုယန်စီ၏ အကြည့်က အဝေးမှ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်ခင်းနည်းဗျူဟာပုံစံများ လေ့ကျင့်နေသည့် မြင်ကွင်းဆီသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားပြီး သူမ ဘာသာ တွေးနေမိသည်။

မြောက်ပိုင်းပြည်နယ်သည် မခန့်မှန်းနိုင်သော အခြေအနေတစ်ခု မဖြစ်လာရန်သာ သူမ မျှော်လင့်မိသည်။

ထိုသို့ တွေးမိသည်နှင့်အမျှ ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် မုယန်စီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

ဘယ်သူပဲဖြစ်ဖြစ်၊ မည်သည့်အရာပဲဖြစ်ဖြစ် သူမ အိမ်ပြန်ခြင်းကို တားဆီးနိုင်မည် မဟုတ်ချေ။

........

ရွှမ်ယွမ်ချန်း၏ အကူအညီဖြင့် လုရိသည် ဟယ်ယန်ခရိုင်တွင် ခိုင်မာသော ခြေကုပ်တစ်ခုကို လျင်မြန်စွာ ထူထောင်နိုင်ခဲ့သည့်အပြင် ကြီးမားသော စစ်တပ်ကြီးတစ်ခုကိုပါ ဖွဲ့စည်းနိုင်ခဲ့သည်။

အခန်း (၆၉၈)

မည်သူမှ အိမ်ပြန်ခြင်းကို တားဆီးနိုင်မည် မဟုတ် (၂)

လုရိ၏ စစ်တပ်ကြီးတွင် ကျောက်မင်းသား ဖျက်ဆီးခဲ့သော နယ်စားနယ်မြေများမှ ထွက်ပြေးလာသူ အများအပြား ပါဝင်သည်။

လုရိသည် တပ်ဖွဲ့ကို စုစည်းပြီးသည်နှင့် ချက်ချင်းပင် စစ်တပ်ကို တိုးချဲ့ကာ နယ်မြေများကို ဆက်တိုက်သိမ်းပိုက်ခဲ့သည်။ မကြာမီ လုရိသည် ခရိုင်သုံးခုကို ထိန်းချုပ်နိုင်ခဲ့ပြီး သူ၏ဩဇာလွှမ်းမိုးမှုသည် နေပြည်တော်ဆီသို့ တဖြည်းဖြည်းပျံ့နှံ့လာနေသည်။ သူ၏နယ်မြေသစ် ချဲ့ထွင်မှုအရှိန်ကို ကြည့်ခြင်းအားဖြင့် တစ်နှစ်ပင်မပြည့်မီပင် သူ၏ထိန်းချုပ်မှုအောက်ရှိ ဒေသများသည် နေပြည်တော်နှင့် နယ်နိမိတ်ချင်း ထိစပ်တော့မည် ဖြစ်သည်။

လုရိသည် သူ့ကိုယ်သူ လုချန်း၏ စစ်တုရင်ရုပ်တစ်ခုမျှသာဖြစ်ကြောင်း သိသော်လည်း ထိုနေရာတွင် ကျေနပ်ခြင်းမရှိ‌ပေ။ အချိန်တိုအတွင်း ပိုမိုအားကြီးလာရန် ဆန္ဒပြင်းပြနေခဲ့သည်။

နယ်မြေနှင့် သြဇာအာဏာကို ချဲ့ထွင်ခြင်းအပြင် သူ၏ ဒုတိယအစီအစဉ်များ လုရိဆက်လက်ပြင်ဆင်နေခဲ့သည်။ သူသည် နတ်ဆိုးဂိုဏ်းနှင့် ဆက်သွယ်ရန် ကြိုးစားနေခဲ့၏။ သူတို့ထံမှ အထောက်အပံ့များပါ ရယူကာ မြောက်ပိုင်းပြည်နယ်မှ လက်နက်များကို ရယူနိုင်မည့် နည်းလမ်းများကို ရှာဖွေနေခဲ့သည်။

ဗိုလ်ချုပ် ရွှမ်ယွမ်၏ ဟယ်ယန်ခရိုင် စစ်ဆင် ရေးသည် လုရိအပေါ် နက်ရှိုင်းသော သက်ရောက်မှုရှိခဲ့သည်။ မကြာခဏဆိသလို လုရိ အိပ်မက်ဆိုးများမက်နေတတ်သည်။ ထိုအိပ်မက်များထဲတွင် အမြောက်ဆံများ‌ကြောင့် သူ၏ခန္ဓာကိုယ် တစ်စစီ ကြေမွနေခဲ့သည်။

ယခု သူသည် ယမ်းလက်နက်များကို စွဲလမ်းနေပြီး သူကိုယ်တိုင်လည်း အမြောက်များကို ပိုင်ဆိုင်လာရမည်ဟု ယုံကြည်နေသည်။ သူ့တွင် ကိုယ်ပိုင်အမြောက်များရှိမှသာ မြောက်ပိုင်းပြည်နယ်တပ်ကို ကြောက်ရွံ့စရာမလိုမည်ဖြစ်သည်။

သို့သော် အမြောက်ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများကို ရယူရန်မှာ လွယ်ကူသော အလုပ်မဟုတ်ခဲ့ပေ။ မကြာသေးမီက သူသည် ဗိုလ်ချုပ်ရွှမ်ယွမ်ယူဆောင်လာသော ယမ်းလက်နက်များကို ခိုးယူရန် အုပ်စုများစွာကို စေလွှတ်ခဲ့သော်လည်း အားလုံးကျရှုံးခဲ့သည်။

အချို့အကြိမ်တွင် အောင်မြင်မှုများ ရှိခဲ့သော်လည်း သူတို့ယူလာသော သေနတ်များတွင် ယမ်းမပါဝင်ခဲ့ချေ။ ဖြုတ်တပ်ကြည့်ပြီးနောက်တွင်လည်း ထူးခြားသည့်အရာကို ရှာမတွေ့ခဲ့ကြပေ။

လုရိသည် လက်မှုပညာသည်များကိုတိတ်တဆိတ် စု‌ဆောင်းကာ မြောက်ပိုင်းပြည်နယ်၏ လက်နက်များနှင့် ဆင်တူသော လက်နက်များ ထုတ်လုပ်ရန် ကြိုးပမ်းခဲ့သည်။

လုရိ၏ လျှို့ဝှက်လှုပ်ရှားမှုများကို အထူးကိုယ်ရံတော်များက လျင်မြန်စွာ သတိပြုမိခဲ့သည်။ သူခိုးများ စစ်တပ်စခန်းများသို့ ထိုးဖောက်ဝင်ရောက်သည့် အဖြစ်အပျက်များသည် အထူးအဆန်းဖြစ်ပြီး တစ်ကြိမ်ထက်ပို၍ ဖြစ်ပွားသောအခါတွင် ပို၍ပင် ထူးဆန်းခဲ့သည်။ မကြာမီပင် ထိုသတင်းသည် လုချန်း၏ နားသို့ ရောက်ရှိသွားတော့သည်။

........

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။

စာကြည့်ခန်းအတွင်း။

လျှံဇွန်း၏ အစီရင်ခံမှုကို နားထောင်ပြီးနောက် လုချန်း အတွေးထဲ နစ်မြောနေခဲ့သည်။ ခဏအကြာတွင် သူက

“ဘယ်သူတွေ လက်ချက်လဲဆိုတာ ခင်ဗျားတို့ စုံစမ်းတွေ့ရှိပြီလား။”

လျှံဇွန်းက

“မင်းသား။ အဲဒီသူခိုးတွေက အသေခံ စစ်သားတွေပါ။ ဖမ်းမိတာနဲ့ ချက်ချင်း အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေရင်သတ်သေ ဒါမှမဟုတ် သူတို့ရဲ့ အတွင်းအား ချက္ကရတွေကို ဖောက်ခွဲလိုက်ကြတာပါ။ ကျွန်တော်တို့ ဘာသဲလွန်စမှ မရလိုက်ပါဘူး။”

လုချန်းက ပြုံး၍

“အမြောက်သံတွေကြောင့် အစ်ကိုတော် လုရိ တစ်ယောက် ရူးနေပြီထင်တယ်။”

ပြစ်မှုကျူးလွန်သူများကို မဖော်ထုတ်နိုင်သော်လည်း ခန့်မှန်းရတော့ မခက်ခဲ့ချေ။

အဘယ့်ကြောင့်ဆိုသော် ထိုအဖြစ်အပျက်များက ဟယ်ယန်ခရိုင်မှာသာ ဖြစ်‌ပျက်‌နေသောကြောင့်ဖြစ်သည်။

ခဏမျှ စဉ်းစားပြီးနောက် လုချန်းက

“လုရိက ဟယ်ယန်ခရိုင်မှာ ခိုင်မာတဲ့ အခြေစိုက်စခန်းနဲ့ သူ့ကိုယ်ပိုင် အာဏာကို တည်ထောင်ပြီးပြီဆိုတော့ ဗိုလ်ချုပ် ရွှမ်ယွမ်နဲ့ သူ့တပ်တွေ မြောက်ပိုင်းပြည်နယ်ကို ပြန်ဖို့အချိန်တန်ပြီ။”

ထိုအခိုက်တွင် လုချန်းက ကလောင်တံနှင့် စာရွက်ဖြူတစ်ရွက်ကို ကောက်ယူကာ စာရေးလိုက်သည်။ သူရေးနေရင်း

“ဗိုလ်ချုပ်ရွှမ်ယွမ်ကို တတ်နိုင်သမျှ မြန်မြန် ဟယ်ယန်ခရိုင်ကနေ တပ်တွေဦးဆောင်ပြီး မြောက်ပိုင်းပြည်နယ်ကို ပြန်ခိုင်းဖို့ သတင်းပို့လိုက်ပါ။”

လျှံဇွန်းက ခါးညွှတ်လျက်

“မင်းသားရဲ့ အမိန့်အတိုင်းပါ။”

စာရေးသားပြီးနောက် လုချန်းက စာကို လျှံဇွန်းအား လှမ်းပေးလိုက်သည်။

လျှံဇွန်းသည် စစ်အမိန့်များ ပေးပို့ရန်အတွက် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ချက်ချင်း ထွက်ခွာသွားသည်။

........

ညနေပိုင်း။

လျှံဇွန်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာသွားပြီး မကြာမီပင် အစေခံတစ်ဦးသည် စာကြည့်ခန်းထဲသို့ ဝင်ရောက်လာကာ “မင်းသား။ မိဖုရား လင်လုံ ဒီနေ့လည်း မင်းသားစံအိမ်ကို လာလည်ပါတယ်။”

အစေခံ၏စကားကို ကြားလိုက်သောအခါ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်။ ရွှီလင်လုံ နေ့စဉ် လာရောက်လည်ပတ်နေသည်ကို ထောက်ရှုပါက သူ့အနားသို့ ချဉ်းကပ်ချင်စိတ် အလွန်ပြင်းပြနေပုံရသည်။

ထိုသို့ဆိုလျှင် သူလည်း အခွင့်အရေး ပေးလိုက်တော့မည်ပင်။

.......

လေပြင်းမိုးတိမ်ဆောင်။

လုချန်း ယနေ့ ချန်ဝမ်ရွန်၏ အခန်းသို့ မသွားခဲ့ချေ။ သူ နေ့စဉ်သွားနေခဲ့သဖြင့် ယွမ်ရှန်ရှန် စိတ်ဆိုးနေပြီ ဖြစ်သည်။

လုချန်းက မုကျိရွှမ်း၏ ခါးကို ဖက်ထားပြီး သူမ၏ ကျောပြင်ကို ရင်ဘတ်ဖြင့် ဖိကပ်ကာ သူ၏ခေါင်းကို သူမ၏ မွှေးကြိုင်သော ပခုံးပေါ်တင်လျက် နားနားကပ်ကာ

“နှမတော် မနက်ဖြန် လင်လုံ ထပ်လာရင် ကိုယ့်ကို တစ်ခုကူညီနိုင်မလား။”

လုချန်းနှင့် အတူနေပြီးကာစ ဖြစ်သောကြောင့် မုကျိရွှမ်းက အားလျော့စွာဖြင့်

“မင်းသား...ပြောပါ..”

လုချန်းက ဆက်၍

“ကိုယ့်ကို လင်လုံနဲ့ နှစ်ယောက်တည်း တွေ့ဖို့ အခွင့်အရေး ဖန်တီးပေးပါ။ သူ ကိုယ့်ကို ချဉ်းကပ်ချင်လို့ နေတိုင်းလာနေပေမဲ့ အခွင့်အရေး မရရှာသေးဘူး။”

“သူက ချဉ်းကပ်ချင်တယ်ဆိုတော့ ကိုယ်က အခွင့်အရေးပေးလိုက်ပါမယ်။”

လုချန်း ရွှီလင်လုံအကြောင်းပြောသောအခါ မုကျိရွှမ်း အလိုလို တုန့်ပြန်လိုက်သည်။

“မင်းသား...က သူ့ကို ဘာမှလုပ်ဖို့ မစဉ်းစားဘူး မဟုတ်လား။”

လုချန်းက ပြုံးလျက်

“နှမတေယ်က ဘယ်လိုထင်လို့လဲ။”

အသက်ပြင်းပြင်း အနည်းငယ် ရှူသွင်းပြီးနောက် မုကျိရွှမ်းက

“နားလည်ပါပြီ။”

ရုတ်တရက် မုကျိရွှမ်း တစ်စုံတစ်ခုကို သတိရသွားကာ

“မင်းသား။ ကျွန်မ ပြောချင်တာ တစ်ခုရှိပါတယ်။”

ထိုစကားကို ကြားသောအခါ လုချန်းက စိတ်ဝင်တစားဖြင့်

“ စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်း ပြောပါ။”

ထိုသို့ပြောပြီးနောက် မုကျိရွှမ်း၏ ခန္ဓာကိုယ်ကို သူဘက်သို့ လှည့်စေပြီး ဘေးမှနေ၍ ဖက်ထားလိုက်သည်။

ထို့နောက် မုကျိရွှမ်း၏ နီမြန်းနေသော ပါးပြင်များကို ကြည့်ရင်း သူမ ပြောလာမည်ကို နားထောင်ရန် စောင့်ဆိုင်းနေခဲ့သည်။

မုကျိရွှမ်းက

“မင်းသား။ မင်းသားစံအိမ်ရဲ့ လုပ်ငန်းတွေက တဖြည်းဖြည်းကြီးလာတာနဲ့အမျှ ကျွန်မရဲ့ လုပ်နိုင်စွမ်းက အကန့်အသတ်ရှိလာပါတယ်။ တစ်ခါတလေ အရမ်းဝန်ပိသလို ခံစားရပါတယ်။”

မုကျိရွှမ်းသည် စွမ်းရည်အချို့ ရှိသူဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အတွင်းရေးရာများကို ကောင်းစွာ စီမံခန့်ခွဲနိုင်သူ ဖြစ်သည်။

အစပိုင်းတွင် မင်းသားစံအိမ်၌ လုပ်ငန်း အနည်းငယ်သာရှိသောကြောင့် သူမအပေါ် ဖိစီးမှု များစွာမရှိခဲ့ပေ။

သို့သော် လုပ်ငန်းအချို့ ပိုမိုကြီးထွားလာပြီး ဝန်ထမ်းအရေအတွက်များလာသည်နှင့်အမျှ တာဝန်ပိလာသည်ကို မုကျိရွှမ်း သိသိသာသာ ခံစားလာရသည်။

ရဲလိနန်ရန်ကဲ့သို့ စွမ်းရည်မြင့်မားသော အမျိုးသမီးတစ်ဦးပင် ဘဏ္ဍာရေးအာဏာကို အခြားသူများထံ လွှဲအပ်ခဲ့သည်ကို ဒီရက်ပိုင်းအတွင်း သူမသတိပြုမိလာခဲ့သည်။ သူမလည်း ထိုသို့လုပ်သင့်ပြီဟု မုကျိရွှမ်း နားလည်လာသည်။

တာဝန်ဝတ္တရားများ တိုးပွားလာသည်နှင့်အမျှ သူမတွင် အိပ်ရန်ပင် အချိန်မရှိတော့ပေ။ ယနေ့ လုချန်း လေပြင်းမိုးတိမ်ဆောင်တွင် ညလာမအိပ်ပါက ဤအချိန်တွင် လုပ်ငန်းကိစ္စများကို ကိုင်တွယ်နေဦးမည်ဖြစ်သည်။

.................

အခန်း (၆၉၉)

မည်သူမှ အိမ်ပြန်ခြင်းကို တားဆီးနိုင်မည် မဟုတ် (၃)

မုကျိရွှမ်း၏ စကားကို ကြားလိုက်သောအခါ လုချန်း အံ့အားသင့်သွားသည်။

ဟုတ်ပါသည်။ သူမင်းသားစံအိမ်၏ လုပ်ငန်းများကို လျစ်လျူရှုထားခဲ့မိသည်။

မင်းသားစံအိမ်၏စီးပွားရေးလုပ်ငန်းများသည် အလျင်အမြန် ကျယ်ပြန့်လာပြီး ဤလုပ်ငန်းများသည် ခေတ်သစ်ကုမ္ပဏီကြီးများနှင့် မခြားနားပေ။ မူကျိရွှမ်းသည် ကုမ္ပဏီကြီးများစွာကို တစ်ဦးတည်းစီမံနေရသည့်အပြင် မင်းသားစံအိမ်၏အတွင်းရေးများကိုပါ ဂရုစိုက်နေရသည်။ သူမ မည်မျှပင် ထူးချွန်စေကာမူ ဤအရာအားလုံးကို တစ်ယောက်တည်း တာဝန်ယူနိုင်မည် မဟုတ်ပါ။

လုချန်းက

“နှမတော်‌ရေ။ အခု မြောက်ပိုင်းပြည်နယ်မှာ စိတ်ချရတဲ့ လူတွေ နည်းနေသေးတယ်။ နောင်ကျရင် လုပ်ငန်းတချို့ကို လွှဲပြောင်းတာဝန်ယူနိုင်မယ်လို့ မင်းယုံကြည်စိတ်ချရတဲ့သူ ရှိလား။”

မုကျိရွှမ်း ခဏမျှ စဉ်းစားပြီးနောက် “မင်းသားပဲ ဆုံးဖြတ်တာ ပိုကောင်းပါတယ်။ ဒီကိစ္စတွေမှာ ဇနီးမယားတစ်ယောက် အနေနဲ့ ဝင်ပါတာ သိပ်မသင့်တော်ပါဘူး။”

မုကျိရွှမ်းသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ မိဖုရားဖြစ်လင့်ကစား မင်းသားစံအိမ်၏ လုပ်ငန်းများကို သူမ သဘောအလျောက် အခြားလူများကို လွှဲပြောင်းပေးပါက ကိုယ်ပိုင်အင်အားစုတစ်ခုကို မွေးထုတ်နေသည်ဟု အထင်မှားခံရမည်ကို စိုးရိမ်ခဲ့သည်။ ထိုသို့သော စိုးရိမ်ပူပန်မှုမျိုး သူမ မလိုချင်သောကြောင့် လုချန်းကိုသာ ဆုံးဖြတ်စေခြင်းက ပို၍ ကောင်းသည်။

လုချန်း အတန်ငယ် စဉ်းစားပြီးနောက်

“ကိုယ့်မှာ အခု တော်တော်အားနေတဲ့သူတစ်ယောက်တော့ ရှိတယ်။ ဒါပေမဲ့ သူ့ရဲ့ ဂုဏ်ပုဒ်က နည်းနည်း ထူးခြားနေလို့ လုပ်ငန်းတွေကို အများသိအောင် တာဝန်ယူဖို့ မသင့်တော်သေးဘူး။”

မုကျိရွှမ်း ချက်ချင်းပင် လုချန်း ရည်ညွှန်းနေသည့်သူကို မှန်းဆမိကာ

“မင်းသားက ဝူမင်းသမီးကို ပြောတာများလား။”

လုချန်းက

“ဟုတ်တယ်။ သူက ရည်မှန်းချက်ကြီးရုံတင်မကဘူး အရည်အချင်းလည်း ရှိတယ်။ သူ့ကို အဆောင်ထဲမှာ ပိတ်လှောင်ထားပြီး ဘာမှမလုပ်ခိုင်းပဲထားတာက သူ့ကို သက်သောင့်သက်သာ မဖြစ်စေဘူး။”

“သူ့ကို လုပ်ငန်းတချို့ စမ်းပြီး လွှဲပေးကြည့်ချင်တယ်။”

မုကျိရွှမ်းက လုချန်းကို ချက်ချင်း ပြန်မဖြေခဲ့ပေ။ မင်းသားစံအိမ်၏ အတွင်းဆောင်မှ အမျိုးသမီးများသည် ဝူကျန်းဝမ်ကို အနည်းငယ် သတိထားကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးသည် ရည်မှန်းချက် အလွန်ကြီးမားသောကြောင့် ဖြစ်သည်။ သူမသည် မူလက ဧကရီဖြစ်ရန် ရည်ရွယ်ခဲ့သူ ဖြစ်သည်။ ယခုအခါ လုချန်း၏ အမျိုးသမီး ဖြစ်လာခဲ့ပြီဖြစ်ရာ သူမ၏ ကိုယ်ရောစိတ်ကိုပါ လုချန်းကပိုင်ဆိုင်သွားပြီဟု ဆိုနိုင်သော်လည်း သူမ၏ စိတ်နေသဘောထားကို အကြီးအကျယ် ပြောင်းလဲပစ်နိုင်မည်တော့ မဟုတ်ပေ။

ဤအမျိုးသမီးသည် မိဖုရားခေါင် နေရာအတွက် ပြိုင်ဆိုင်ရန်ပင် စိတ်ကူးရှိနေနိုင်ပြီး နောက်ဆုံးတွင် ဧကရီဖြစ်လာရန်ပင် ရည်မှန်းထားနိုင်သည်။

ဝူကျန်းဝမ်သည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် နေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း စံအိမ်မှ အမျိုးသမီးများသည် သူမ၏အဆောင်ကို ကိုယ်တိုင် ဆန္ဒအလျောက် လာရောက်လည်ပတ်ခြင်း မရှိသလောက်ပင် ဖြစ်သည်။ အကြောင်းမှာ သူမကို သတိထားကြသောကြောင့် ဖြစ်သည်။

ရည်မှန်းချက် အလွန်ကြီးသော အမျိုးသမီးတစ်ဦး မင်းသားစံအိမ်၏ အတွင်းဆောင်သို့ ရောက်ရှိလာပါက သူတို့၏ လက်ရှိ သဟဇာတဖြစ်သော ပတ်ဝန်းကျင်ကို အလွယ်တကူ ထိခိုက်စေနိုင်သည်။

မုကျိရွှမ်း တိုက်ရိုက် မဖြေသည်ကို မြင်သောအခါ လုချန်းက

“သူက ရည်မှန်းချက်တွေ အရမ်းကြီးပြီး နောက်ဆုံးကျရင် မင်းသားစံအိမ်ကို ထိခိုက်အောင် လုပ်လာမှာကို နှမတော် စိုးရိမ်နေတာလား။”

မုကျိရွှမ်း သတိပြန်ဝင်လာပြီး

“ဟုတ်ပါတယ်။ သူက မင်းသားရဲ့ အမျိုးသမီး ဖြစ်နေပြီဖြစ်ပေမဲ့ ကျွန်မ စိုးရိမ်ပူပန်မှုတွေ ရှိနေတုန်းပဲ...”

မုကျိရွှမ်း ဆက်မပြောတော့ပေ။ ကောင်းကင်ဝံပုလွေဘုရင်၏ မိဖုရား ရဲလိနန်ရန် စံအိမ်သို့ ရောက်ရှိလာစဉ်က သူမတွင် ထိုသို့သော စိုးရိမ်မှုမျိုး မရှိခဲ့ပါ။ သို့သော် ဝူကျန်းဝမ်ကိုမူ သူမ ပေါ့ပေါ့ဆဆ သဘောမထားရဲပေ။

ရဲလိနန်ရန်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများမှ မိဖုရား တစ်ဦးသာ ဖြစ်ပြီး ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုကို လုချန်းက ဖျက်ဆီးခဲ့သောကြောင့် ရဲလိနန်ရန်ကို နောက်ကွယ်မှ ထောက်ပံ့ပေးနိုင်သူ မည်သူမှ မရှိတော့ပေ။ သို့သော် ဝူကျန်းဝမ်၏ နောက်ကွယ်တွင် ဝူနိုင်ငံတော် ရှိနေ၏။ ထို့ပြင် ဝူနိုင်ငံတော်သည် အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။

လုချန်းက ပြုံးလျက်

“မပူပါနဲ့ နှမတော်။ သူ့ရည်မှန်းချက်တွေ အရမ်းထင်ရှားလာရင် အချိန်မီ ဖိနှိပ်ဖို့ ကိုယ်လုပ်မှာပါ။”

မုကျိရွှမ်းက

“မင်းသားပဲ ဆုံးဖြတ်ပါ။”

လုချန်း ပြောပြီးပြီ ဖြစ်၍ မုကျိရွှမ်းတွင် ထပ်ပြောစရာ စကား မရှိတော့ပေ။ လုချန်း စောင့်ကြည့်နေသရွေ့ ထိုအမျိုးသမီးသည် ပြဿနာ ဖြစ်လာမည် မဟုတ်ကြောင်း သူမ ယုံကြည်သည်။

သို့သော်...

မုကျိရွှမ်းက ဆက်လက်၍

“မင်းသား။ ဝူနိုင်ငံတော်ရဲ့ မင်းသမီးက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို တရားဝင် လက်မထပ် ရသေးပါဘူး။ လုပ်ငန်းတွေကို တာဝန်ယူ စီမံခန့်ခွဲနေတာကို လူတွေ သိသွားရင် မင်းသားနဲ့ သူ့ရဲ့ ဆက်ဆံရေးကို သံသယ မဝင်သွားနိုင်ကြဘူးလား။”

ဝူကျန်းဝမ်သည် မြောက်ပိုင်းပြည်နယ်သို့ ဓားစာခံအဖြစ် ရောက်ရှိလာခြင်းဖြစ်ပြီး လုချန်းနှင့် တိုက်ရိုက် လက်ထပ်ခဲ့ခြင်း မဟုတ်ပေ။ ယခု လုချန်းက မြောက်ပိုင်းပြည်နယ်၏ လုပ်ငန်းများစွာကို ဝူကျန်းဝမ်အား စီမံခန့်ခွဲခိုင်းမည်ဆိုလျှင် ဝူကျန်းဝမ်နှင့် လုချန်းတို့အကြား တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့သည်ဟု မည်သူမဆို သံသယ ဝင်မည်သာ ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဝူနိုင်ငံတော်အား ရှင်းပြရန် ခက်ခဲမည်ဖြစ်သည်။ ထို့ပြင် ဝူကျန်းဝမ်သည် လုချန်းနှင့် တရားဝင် လက်ထပ်ထားခြင်း မရှိသေးသောကြောင့် မြောက်ပိုင်းပြည်နယ်အတွင်းမှ လူအချို့ကိုလည်း စိုးရိမ်ပူပန်စေမည်မှာ သေချာသည်။

လုချန်း ခဏခန့် စဉ်းစားပြီးနောက်

“ဒီလိုဆိုရင်ရော။ သူက အခုလောလောဆယ် မင်းကို ကူညီပြီး အဲဒီလုပ်ငန်းတွေကို စီမံခန့်ခွဲပေးလိမ့်မယ်။ ဒါပေမဲ့ လောလောဆယ်တော့ ရာထူးက မင်းရဲ့ နာမည်နဲ့ပဲ ရှိနေဦးမှာပေါ့။”

မုကျိရွှမ်းက

“ဝူမင်းသမီးက ဒါကို သဘောတူပါ့မလား။”

ဝူကျန်းဝမ်သည် တစ်ချိန်က ရာထူးမြင့်မားသူ ဖြစ်ပြီး ဧကရီဖြစ်ရန်ပင် ရည်ရွယ်ခဲ့သူ ဖြစ်သည်။ ယခု သူမသည် အခြားသူတစ်ဦး၏ လက်အောက်တွင် လုပ်ကိုင်ရမည်ဖြစ်ပြီး သူမ၏ လုပ်ဆောင်မှုများအတွက်လည်း အခြားအမျိုးသမီးတစ်ဦးက နာမည်ယူမည်ဆိုပါက သူမလုံးဝ ဆန္ဒရှိမည် မဟုတ်ပေ။

လုချန်းက ပြုံးလျက်

“သူ သဘောတူမှာပါ။”

“တော်ပြီ။ လေပြင်းမိုးတိမ်ဆောင်မှာ မအိပ်တာ ကြာပြီ။ ဒီည မင်းရဲ့အဆင့်ကို မြှင့်တင်ပေးဖို့ ကိုယ်ကူညီမယ်။”

ထိုသို့ ပြောပြီးနောက် လုချန်းက မုကျိရွှမ်း၏ ခါးကို ဖက်လိုက်ပြီး နှုတ်ခမ်းများကို နမ်းလိုက်သည်။

......

နံနက်ခင်း။

နွေးထွေးသော နေရောင်ခြည်တစ်ခု အခန်းထဲသို့ ဝင်ရောက်လာပြီး ထိုအမျိုးသမီး၏ ပုံရိပ်ပေါ်သို့ ကျရောက်ကာ ထိုအမျိုးသမီးကို ပိုမို၍ အိပ်မက်ဆန်သော ပုံစံ ဖြစ်ပေါ်စေသည်။

ဝူကျန်းဝမ် နိုးလာပြီး သူမ၏ စောင်ကို မတင်လိုက်ရာ ဖြူဖွေးသော အသားအရေ ပေါ်ထွက်လာသည်။

အတွင်းခံများ ဘေးတွင်ပစ်ချထားသည်ကို မြင်သောအခါ ဝူကျန်းဝမ်က

“အဲဒီလူကြောင့်ပဲ ငါ့မှာ ဒီလို မကောင်းတဲ့ အကျင့်ဖြစ်သွားတာ” ဟု နှာခေါင်းရှုံ့ကာ ရေရွတ်လိုက်သည်။

အိပ်ရာဝင်တိုင်း အဝတ်အစားများဝတ်ဆင်အိပ်တတ်သော အကျင့်ရှိခဲ့သော်လည်း မြောက်ပိုင်းနယ်စားမင်းသား၏စံအိမ်သို့ရောက်ရှိပြီးနောက် ထိုလူနေ့တိုင်းလာတတ်သည့် ကာလတစ်ခုကြာသောအခါ အဝတ်မဝတ်ပဲအိပ်တတ်သော အကျင့်ဆိုး ရလာခဲ့သည်။

တစ်ခါတစ်ရံ အဝတ်အစားအပြည့်အစုံဖြင့် အိပ်ရာဝင်သော်လည်း နိုးလာသောအခါ အဝတ်အစားများ ချွတ်ထားသည်ကို တွေ့ရတတ်သည်။ ယခု သူမသည် အတွင်းခံများဝတ်ဆင်၍ အိပ်စက်ခြင်းကို မနှစ်သက်တော့ပဲ ထိုလူ၏ကိုယ်ခန္ဓာနှင့်ထိတွေ့မှုကို ပိုမိုတောင့်တလာသည်။

ဝူကျန်းဝမ် အခန်းကို ဝေ့ကြည့်ပြီး ညင်သာစွာ သက်ပြင်းချလိုက်သည်။ ဤအရာအားလုံးသည် အဖြစ်မှန် မဟုတ်ဟု သူမ ခံစားနေရဆဲဖြစ်သည်။

ထိုလူ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသော်လည်း ယခုတော့ ထိုလူကို သူမ လုံးဝ စွန့်ခွာနိုင်စွမ်း မရှိတော့ပေ။ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာရန် အခြေအနေများပင် ထိုလူနှင့် ဆက်စပ်နေပေသည်။

ကောင်းကင်ဘုံက သူမကို လှည့်စားရတာ အမှန်တကယ် နှစ်သက်ပုံရသည်။

“တော်ပြီ။ အရာအားလုံးက ကံကြမ္မာပဲ။ ဒီလိုဖြစ်ရတာ ငါ့ကံကြမ္မာပဲ။”

.................

All Chapters