အခန်း ၇၀၀-၇၀၂
Vol. 47 Ch. 700-702
အခန်း (၇၀၀)
ဝူကျန်းဝမ် ကောင်းကင်လူသား ဖြစ်လာမည့် အခြေအနေ (၁)
ဝူကျန်းဝမ်သည် ကံကြမ္မာကို မည်သည့်အခါကမှ ယုံကြည်သူတစ်ယောက် မဟုတ်ခဲ့ပေ။ သူမ ကံကြမ္မာကို ယုံကြည်ခဲ့ပါကလည်း ဧကရီတစ်ပါး ဖြစ်လာရန် အိပ်မက်မက်ခဲ့မည် မဟုတ်ချေ။ သမိုင်းတစ်လျှောက် ထီးနန်းရယူခဲ့ကြသူများမှာ အမြဲတစေ အမျိုးသားများသာ ဖြစ်ကြပြီး ဝူနိုင်ငံတော်သည်လည်း ခြွင်းချက်မဟုတ်ပေ။
ဝူနိုင်ငံတော်၏ သမိုင်းတွင် ဧကရီတစ်ဦးမှ ပေါ်ထွန်းခဲ့ခြင်းမရှိသလို ဩဇာအာဏာရှိသော မိဖုရားများပင် ရှားပါးခဲ့သည်။
သို့သော် မကြာသေးမီ နှစ်များအတွင်း ဖြစ်ပျက်ခဲ့သော၊ အထူးသဖြင့် မြောက်ပိုင်းနယ်စားမင်းသားနှင့် သက်ဆိုင်သည့်ကိစ္စများက ဝူကျန်းဝမ်အား ဤအရာသည် ကံကြမ္မာ၏ ဖန်တီးမှုသာ ဖြစ်ရမည်ဟု ပြန်လည်ယုံကြည်စေခဲ့သည်။
သိပ်မစဉ်းစားတော့ပဲ ဝူကျန်းဝမ်က အခန်းထဲရှိ အစေခံမလေးဘက်သို့ လှည့်ကာ “ရေနွေး အသင့်ဖြစ်ပြီလား။”
အစေခံမလေးက ချက်ချင်းပင်
“မင်းသမီး။ အားလုံး အသင့်ပြင်ထားပါတယ်။”
အစေခံမလေး စကားမဆုံးသေးခင်မှာပင် ဝူကျန်းဝမ် အိပ်ရာမှ ထလိုက်ပြီး အဝတ်တစ်စုံတစ်ရာမပါပဲ ဘေးဘက်ရှိ ရေချိုးခန်းသို့ တန်းတန်းမတ်မတ် သွားရောက်လိုက်သည်။
သူမ လမ်းလျှောက်နေရင်း
“ရှောင်ရာ။ လာပြီး ပခုံးနှိပ်ပေးဦး။”
“ဟုတ်ကဲ့။ မင်းသမီး”
အဝတ်မဲ့နေသောကြောင့် ရေနွေးငွေ့များထနေသည့် ရေချိုးကန်ထဲသို့ သူမ တိုက်ရိုက်ဝင်ရောက်လိုက်သည်။ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ ခန္ဓာကိုယ်ရှိ ပင်ပန်းနွမ်းနယ်မှုများ အားလုံး ချက်ချင်း ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
ထို့နောက် ရေချိုးကန်အလယ်သို့ ရွှေ့သွားကာ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။ ထိုစဉ် သူမနောက်ဘက်မှ ရေထဲသို့ တစ်စုံတစ်ယောက် ဝင်လာသံကို ကြားလိုက်ရသည်။ ဝူကျန်းဝမ်ကတော့ မည်သည့်အန္တရာယ်ကိုမှ မခံစားရပေ။ အစေခံမလေးက နှိပ်ပေးရန် ရေချိုးကန်ထဲသို့ ဝင်လာသည်ဟု မှတ်ယူလိုက်သဖြင့် ဂရုမစိုက်ချေ။
မကြာမီ လက်တစ်စုံက သူမ၏ မွှေးကြိုင်သော ပခုံးများပေါ်တွင် တင်လိုက်ပြီး ဖြည်းညှင်းစွာ နှိပ်နယ်ပေးတော့သည်။ ခဏအတွင်း ဝူကျန်းဝမ် အလွန်ပေါ့ပါးသွားပြီး မျက်လုံးများကို မှိတ်ထားမိသည်။
သို့သော် တစ်ခုခု မှားနေသည်ကို ချက်ချင်း သဘောပေါက်သွားသည်။ သူမပခုံးများပေါ်တွင် ညင်သာစွာ နှိပ်နယ်နေခဲ့သည့် အစေခံမလေး၏ လက်များက ခဏအကြာတွင် အရှေ့ဘက်သို့ ရွေ့လျားလာခဲ့သည်။
ဝူကျန်းဝမ် မျက်မှောင်ကြုတ်လိုက်ပြီး မျက်လုံးများ ဖွင့်လိုက်သည်။
“ရှောင်ရာ။ ငါက ပခုံးနှိပ်ခိုင်းတာ။ နင် ဘာလုပ်နေတာလဲ။”
ဝူကျန်းဝမ် မလှည့်မီမှာပင် အားကောင်းသည့် လက်တစ်စုံက သူမ၏ သွယ်လျသောခါးကို ဖက်တွယ်လိုက်၏။ ထိုအခါကျမှသာ ကျူးကျော်သူ၏ ရှိနေတာကို သူမ ခံစားလိုက်ရသည်။ နောက်တစ်ခဏတွင် ဝူကျန်းဝမ်လည်း ရေချိုးကန်အစွန်းသို့ ဆွဲခေါ်ခံလိုက်ရသည်။
သို့သော် ဝူကျန်းဝမ် အော်ဟစ်ခြင်း အသံပြုခြင်း မရှိချေ။ သူမ၏ ခန္ဓာကိုယ်နှင့် ပတ်သက်ပြီး ထူးခြားမှုကို သတိပြုမိသည်နှင့်တစ်ပြိုင်နက် ဖြစ်ပျက်နေသည်အရာကို သူမ သိလိုက်သည်။ ဝူကျန်းဝမ် နှာခေါင်းရှုံ့လိုက်ပြီး
“မင်းသားက ဒီလို ခိုးကြောင်ခိုးဝှက် လုပ်ရတာ သဘောကျတာလား။”
သူမကို ဤမျှ ပြည့်စုံသည့် ခံစားမှုမျိုး ချက်ချင်း ပေးနိုင်သူမှာ ထိုလူသာဖြစ်ပြီး အခြားသူတစ်ဦး မဟုတ်နိုင်ဟု သူမ ယုံကြည်ခဲ့သည်။
သူမစကားကို ကြားသောအခါ လုချန်းက ရယ်မောလျက်
“ကျွန်တော့်ကို မင်းသမီးကျန်းဝမ်က ဒီလောက်ထိ ရင်းနှီးလိမ့်မယ်လို့ မထင်ထားဘူး။ ချက်ချင်းပဲ မှတ်မိတယ်။”
ဝူကျန်းဝမ်က ခံစားချက်မဲ့စွာဖြင့်
“ရှင်ကလွဲရင် ဒီလောကမှာ ကျွန်မကို ဒီလောက် ခိုးကြောင်ခိုးဝှက် ချဉ်းကပ်နိုင်တဲ့သူ ဘယ်သူမှ ရှိမှာမဟုတ်ဘူး။ ရှင့်ရဲ့ခိုးကြောင်ခိုးဝှက် ချဉ်းကပ်ပုံကို ကျွန်မ စွမ်းအားရှင်ဖြစ်လာရင်တောင် သိနိုင်မှာ မဟုတ်ဘူး။”
သူမ ဝန်ခံရန် မလိုလားသော်လည်း သူမ၏ ခန္ဓာကိုယ်သည် လုချန်းအတွက် အကာအကွယ်အားလုံးကို ဖယ်ရှားထားကြောင်း ကောင်းစွာ သိရှိထားသည်။ ထိုလူ ချဉ်းကပ်လာသည်ကို မမြင်မချင်း သူရှိနေခြင်းကို ဘယ်သောအခါမျှ ခံစားသိရှိမည်မဟုတ်ပေ။ အချိန်မရွေး သူ သူမဘေးသို့ တိတ်တဆိတ် ရောက်ရှိလာနိုင်ပြီး သူမကို တိုက်ရိုက် ကိစ္စအချို့ လုပ်ဆောင်မှသာလျှင် သူမ သိရှိနိုင်မည်ဖြစ်သည်။
ဝူကျန်းဝမ်က ဆက်လက်၍
“မင်းသား ဒီလောက်မနက်စောစော ဘာကိစ္စနဲ့ လာတာလဲ။”
လုချန်း သူမနှင့် ရင်းနှီးချင်ခဲ့လျှင် မနက်စောစော လာရောက်မည်မဟုတ်ဟု သူမ ယူဆသည်။ အထူးသဖြင့် သူ့တွင် တစ်နေ့လုံး လုပ်စရာ ကိစ္စများစွာ ရှိနေသောကြောင့်ဖြစ်သည်။
လုချန်းသည် ကာမဂုဏ်လိုက်စားသော်လည်း အရေးကြီးကိစ္စများကို ဂရုစိုက်တတ်သော မင်းသားတစ်ပါး ဖြစ်သည်။
ထို့ပြင် ညဘက်တွင် အချိန်ပိုရပြီး ညဘက်လာပါက သူလိုသလို ဆော့ကစားနိုင်သည်။
ထိုလူတွင် သူမနှင့် အလုပ်ကိစ္စတစ်ခုပြောဖို့ ရှိနေပုံရတာ ထင်ရှားသည်။
လုချန်းက ပြုံးလျက်
“ကိုယ့်ရဲ့ ဉာဏ်ကြီးရှင်ဇနီးက မှန်အောင် ခန့်မှန်းနိုင်ခဲ့ပြီ။ ဟုတ်ပါတယ်။ ဆွေးနွေးစရာ ကိစ္စတစ်ခုနဲ့ လာခဲ့တာပါ။”
ဝူကျန်းဝမ်က ရိုးရှင်းစွာပင်
“တိုက်ရိုက်ပဲ ပြောပါ။”
လုချန်းက
“မင်း မင်းသားစံအိမ်မှာ အချိန်အတော်ကြာနေခဲ့ပြီးပြီ။ နေ့တိုင်း ဘာမှမလုပ်ရပဲ ဒီမှာပဲ နေနေတာ နည်းနည်းလေးမှ မပျင်းဘူးလား။”
ဝူကျန်းဝမ် ညင်သာစွာ ရယ်မောလိုက်ပြီး
“ကျွန်မက မင်းသားရဲ့ ဓားစာခံပဲ။ မင်းသားစံအိမ်မှာ မနေရင် ဘယ်မှာ နေရမှာလဲ။ မင်းသားက ကျွန်မကို အပြင်ထွက်ပြီး ပြဿနာရှာခိုင်းတာလား။ မြောက်ပိုင်းပြည်နယ်တစ်ခုလုံးကို ကမောက်ကမဖြစ်အောင် လုပ်ခိုင်းတာလား ။”
လုချန်းက
“ပျင်းတယ်ဆိုရင် မင်းအတွက် အလုပ်တချို့ စီစဉ်ပေးလို့ရတယ်။”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ် တုံ့ဆိုင်းသွားသည်။
အလုပ်စီစဉ်ပေးမည်ဟုဆိုလျှင်... လုချန်း သူမ၏အပေါ် ယုံကြည်မှု ရှိလာပြီဟု ဆိုလိုခြင်းဖြစ်သည်။
ထို့ပြင် သူမလို လူတစ်ဦးအတွက် မြောက်ပိုင်းမင်းသားစံအိမ်တွင် အလုပ်ရှိလာပါက အာဏာနှင့် စတင်ထိတွေ့ရမည်ဖြစ်ပြီး အာဏာကို လက်ထဲရောက်လာပါက မြောက်ပိုင်းမင်းသားစံအိမ်ကို နှောင့်ယှက်နိုင်သည့် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်သည်။
ဒီလူရိုင်းက သူမ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ပြဿနာတွေ ယူဆောင်လာမှာကို မကြောက်ဘူးလား။
ဝူကျန်းဝမ်က
“မင်းသားက အတည်ပြောတာလား။”
လုချန်းက ပြုံးလျက်
“ကိုယ် ပြောလာခဲ့ပြီဆိုကတည်းက တကယ့် အတည်ပါပဲ။ မင်း ဆန္ဒရှိမရှိပဲ မသေချာတာပါ။”
ဝူကျန်းဝမ်က ခေါင်းအနည်းငယ်လှည့်ကာ လုချန်းဘက်သို့ ပြန်ကြည့်ပြီး
“မင်းသားက ဘာလုပ်စေချင်တာလဲ။”
လုချန်းက
“မင်းသားစံအိမ်ရဲ့ လုပ်ငန်းတွေက တဖြည်းဖြည်း များလာနေပြီ။ မိဖုရားက နည်းနည်းလေး ဝန်ပိနေပြီဆိုတော့ သူ့ကို ကူညီပြီး မင်းသားစံအိမ်ရဲ့ လုပ်ငန်းတွေကို စီမံခန့်ခွဲစေချင်တယ်။”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ် ရင်ထဲ လှုပ်ရှားသွားသည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ ထိုလုပ်ငန်းများ၏ အရေးပါပုံကို သူမ ကောင်းစွာသိသည်။
သူမသာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လုပ်ငန်းများကို စီမံခန့်ခွဲရမည်ဆိုလျှင် စံအိမ်၏ လျှို့ဝှက်ချက်အချို့....
ဥပမာ အမျိုးမျိုးသော ထုတ်ကုန်များ၏ ထုတ်လုပ်မှုနည်းပညာများကို ရယူနိုင်မည်ဖြစ်သည်။ ထို့နောက် ထိုပစ္စည်းများကို ခိုးယူကာ သူမ၏ နောက်လိုက်များထံ ပေးအပ်ပြီး ဝူနိုင်ငံတော်သို့ ပို့နိုင်မည်ဖြစ်သည်။
သို့သော်...
လုချန်းက သူမ၏အပေါ် ဤမျှ ယုံကြည်မှု ရှိနိုင်မည်ဟု ဝူကျန်းဝမ်သည် မယုံကြည်နိုင်ချေ။
ဒီလူက သူမကို စမ်းသပ်နေတာလား။
ဒါမှမဟုတ် တကယ်ပဲ ဒီလိုရည်ရွယ်ချက်တွေ ရှိနေတာလား။
ခဏမျှ တအံ့တဩ တိတ်ဆိတ်ပြီးနောက် ဝူကျန်းဝမ်က
“မင်းသားက ကျွန်မကို စမ်းသပ်နေတာလား။”
“မင်းသားက ကျွန်မကို မယုံကြည်လို့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ လျှို့ဝှက်ချက်တွေကို ကျွန်မ စိတ်ဝင်စားနေသေးလားဆိုတာ သိရအောင် စမ်းသပ်ချင်တာများလား။”
ထိုစကားကို ကြားသောအခါ လုချန်းက ရယ်မောလျက်
“မင်း အတွေးလွန်နေတာပါ။ မင်းကို မင်းသားစံအိမ်ရဲ့ လုပ်ငန်းတွေမှာ ပါဝင်စေဖို့ တကယ် စီစဉ်ထားတာပါ။”
“မင်းက ရည်မှန်းချက်ကြီးပြီး အရည်အချင်းရှိတဲ့ အမျိုးသမီးတစ်ယောက်ပါ။ မင်းကို မင်းသားစံအိမ်ထဲမှာ ငှက်လေးတစ်ကောင်လို ပိတ်လှောင်မထားချင်ပါဘူး။”
လုချန်း၏ စကားကို ကြားသောအခါ ဝူကျန်းဝမ်က တိုက်ရိုက်ပင်
“မင်းသားက ဒီလုပ်ငန်းတွေရဲ့ လျှို့ဝှက်ချက်တွေ ကျွန်မဆီကို ပေါက်ကြားသွားမှာ မစိုးရိမ်ဘူးလား။”
လုချန်းက
“အဲဒါက မင်း ဘာတွေးနေလဲဆိုတဲ့အပေါ် မူတည်တယ်။ မင်း ကိုယ့်ဘေးမှာ တစ်သက်လုံး ကိုယ့်မိန်းမအဖြစ် နေချင်တာလား။ ဒါမှမဟုတ် ကိုယ့်ကို သစ္စာဖောက်ပြီး အပြင်မှာ ဘဝသစ် စတင်ဖို့ စီစဉ်နေတာလား။”
“မင်း ကိုယ်နဲ့ တစ်သက်လုံး နေဖို့ ရည်ရွယ်ထားရင် မင်းသားစံအိမ်ကို ကူညီလိမ့်မယ်။ မင်းက ကိုယ့်ကို လက်ထပ်ထိုက်တဲ့သူလို့ မထင်ရင် အဲဒီလုပ်ငန်းလျှို့ဝှက်ချက်တွေကို ခိုးပြီး ဝူနိုင်ငံတော်ကို ပေးကြည့်လို့ ရတယ်။”
လုချန်း၏ စကားကို ကြားသောအခါ ဝူကျန်းဝမ်က ရယ်မောလိုက်ပြီး
“မင်းသားက ကျွန်မကို တကယ် စမ်းသပ်နေတာပဲ။”
သူမ လုပ်ငန်းလျှို့ဝှက်ချက်များကို ရယူနိုင်ခဲ့လျှင်ပင် သူမသည် ရန်ခရိုင်ထဲတွင်သာ ရှိနေဆဲဖြစ်ပြီး သူမ၏ နောက်လိုက်အဖွဲ့လည်းကလည်း ရန်ခရိုင်တွင်ပင် ရှိနေသေးသည်။ သူတို့သည် အထူးကိုယ်ရံတော်များ၏ စောင့်ကြည့်မှုအောက်တွင် အမြဲရှိနေသည်။
သူမ ထိုလုပ်ငန်းလျှို့ဝှက်ချက်များကို ရရှိခဲ့လျှင်ပင် ဝူနိုင်ငံတော်သို့ ပေးပို့နိုင်မည် မဟုတ်ပေ။ သူမထံ၌ ခိုးယူလိုသည့် ရည်ရွယ်ချက် ရှိကြောင်းကို ဖော်ထုတ်ရာ ရောက်မည်သာ ဖြစ်သည်။ ထို့ကြောင့် ထိုလူငယ်က သူမ ထိုလုပ်ငန်းလျှို့ဝှက်ချက်များကို ရယူခြင်းနှင့်ပတ်သက်ပြီး လုံးဝ စိုးရိမ်ခြင်းမရှိပေ။
လုချန်းက
“ရိုးရိုးသားသားပြောရရင် မင်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို သစ္စာဖောက်လိမ့်မယ်လို့ ကိုယ် တစက်မှ မယုံကြည်ဘူး။”
ဝူကျန်းဝမ်က
“ဪ။ မင်းသားက ဘာလို့ ဒီလောက် ယုံကြည်မှုရှိတာလဲ။ ဘေးခန်းက ကောင်မလေး ပြောသလို ကျွန်မက ရှင့်ရဲ့ အပိုင်ဖြစ်သွားပြီလို့ တကယ် ထင်နေတာလား။”
လုချန်းက
“အဲဒါက အကြောင်းပြချက် မဟုတ်ဘူး။”
ဝူကျန်းဝမ်က
“ဒါဆို ဘာအကြောင်းပြချက်လဲ။”
လုချန်းက
“ဘာလို့လဲဆိုတော့ မင်းရဲ့ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်ဖို့ စမ်းသပ်မှုက ကိုယ်နဲ့ သေချာပေါက် ဆက်စပ်နေတယ်ဆိုတာ သိလို့ပဲ။ စွမ်းအားရှင်ဖြစ်ဖို့ဆိုရင် မင်း ကိုယ့်ဘေးမှာ ရှိနေရမယ်။ ဒါကြောင့် မင်း ကိုယ့်ကို သစ္စာဖောက်မှာ မဟုတ်ဘူးလို့ ကိုယ်ထင်တယ်။”
ဝူကျန်းဝမ်က
“ကျွန်မ ကျင့်ကြံတဲ့လမ်းက သံယောဇဉ်မဲ့ တာအိုလမ်းစဉ်မို့လို့ စွမ်းအားရှင်ဖြစ်ဖို့ မင်းသားကို သတ်ရမယ်။ ဒါမှမဟုတ် မင်းသားကို သစ္စာဖောက်ရမယ်လို့ ဖြစ်နေမှာ မစိုးရိမ်ဘူးလား။”
ဝူကျန်းဝမ်၏ စကားကို ကြားသောအခါ လုချန်း အံ့အားသင့်သွားသည်။ တကယ်ပင် ထိုသို့ဖြစ်နိုင်ခြေ ရှိနေသည်။
သို့သော် ဒီအမျိုးသမီးက ပြောလာခဲ့ပြီဆိုကတည်းက ထိုကိစ္စ မဟုတ်နိုင်တော့ချေ။
ထိုအချိန်တွင် ဝူကျန်းဝမ်၏ ကိုယ်ရေးအချက်အလက်ကို လုချန်း ဖွင့်ကြည့်လိုက်သည်။
တစ်ခါတစ်ရံတွင် အချို့သောအရာများသည် လုံးဝ မရှုပ်ထွေးချေ။ ဥပမာ လုချန်းက ဝူကျန်းဝမ်၏ မကြာသေးမီက လှုပ်ရှားမှုများကို သိလိုပါက စနစ်အား ရိုးရိုးလေး မေးကြည့်လိုက်ရုံပင်။
လုချန်းသည် သူ၏ ဇနီးမယားများ၏ ကိုယ်ရေးအချက်အလက်များကို အမြဲတစေ စောင့်ကြည့်လေ့မရှိပေ။ သို့သော် ဝူကျန်းဝမ်က သူမ၏ သစ္စာဖောက်နိုင်ခြေကို ပြောလိုက်သဖြင့် လုချန်း သေချာအာရုံစိုက်ဖို့ လိုအပ်လာခဲ့သည်။ သူမက အမှန်ပြောခဲ့သည်ဖြစ်စေ မပြောခဲ့သည်ဖြစ်စေ သတိထားရမည်။
[အမည်: ဝူကျန်းဝမ်]
[အချက်အလက်: ဝူနိုင်ငံတော်၏ ဝူမင်းသမီး၊ ဝူဧကရာဇ်၏ သမီး၊ ယွဲ့ဧကရာဇ်၏ မိတ်ဆွေ၊ မြောက်ပိုင်းနယ်စားမင်းသား၏ မိန်းမ၊ အသက် ၃၁ နှစ်၊ အလွန်မြင့်မားသော သိုင်းပညာပါရမီရှိပြီး ညီညွတ်ခြင်းအဆင့်သို့ ရောက်ရှိနေသည်။ မြောက်ပိုင်းနယ်စားမင်းသားနှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာခဲ့သည်မှစ၍ သူ့ကိုချစ်မိသွားခဲ့ပြီး သူမ၏ ကာလရှည်ကြာ ထားခဲ့သော ဧကရီဖြစ်လိုသည့် အိပ်မက်ကိုပင် စွန့်လွှတ်ရန် ဆန္ဒရှိနေသည်။]
[မြောက်ပိုင်းနယ်စားမင်းသားအပေါ်ရှိသော သူမ၏ မေတ္တာကြောင့် ကောင်းကင်က သူမအတွက် အထူးစမ်းသပ်မှုတစ်ခု သတ်မှတ်ပေးခဲ့သည်။ သူမ မြောက်ပိုင်းနယ်စားမင်းသားအတွက် ကလေးသုံးယောက် မွေးဖွားပေးပြီးမှသာ ညီညွတ်ခြင်းအဆင့်ကို ပြီးမြောက်ကာ စစ်မှန်သော ကောင်းကင်လူသားရှင်တစ်ဦး ဖြစ်လာနိုင်မည်ဖြစ်သည်။ သူမသည် သူမ၏ စွမ်းအားရှင် ဖြစ်နိုင်မည့် အခြေအနေကို ဖုံးကွယ်ရန် ကြိုးစားနေသည်။]
[အဆင့်သတ်မှတ်ချက် :၉၈]
[နှစ်သက်မှု: ၁၀၀]
ဝူကျန်းဝမ်၏ အချက်အလက် အသစ်များကို မြင်သောအခါ လုချန်း တအံ့တဩ ဖြစ်သွားသည်။
ဝူကျန်းဝမ်၏ စွမ်းအားရှင် ဖြစ်လာနိုင်မည့်အခြေအနေသည် သူ့နှင့် ဆက်စပ်နေရမည်ဟု သူ သိခဲ့သော်လည်း ဤအခြေအနေ ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ဒီအခြေအနေက အရမ်းရိုးရှင်းနေသည် မဟုတ်ပါလား။
ကလေးသုံးယောက် မွေးပေးရုံပဲလား။
စဉ်းစားကြည့်ရင်း လုချန်း ချက်ချင်း သဘောပေါက်လိုက်သည်က ထိုအခြေအနေက ဒီလောက် ရိုးရှင်းမည်မဟုတ်ဟုပင်။
ဝူကျန်းဝမ်သည် အရိပ်အယောင် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး ဖြစ်နေပြီဖြစ်ပြီး သူကိုယ်တိုင်လည်း အရိပ်အယောင် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးဖြစ်သည်။ သူတို့ကြား ကလေးရရန် အလွန်ခက်ခဲသည်။
ကလေးသုံးယောက် ရရှိရန် ဝူကျန်းဝမ်နှင့် အကြိမ်မည်မျှ ကြိုးစားရမည်ကို သူ မသိချေ။
ကောင်းကင်က ဝူကျန်းဝမ်အတွက် ဒီလိုစမ်းသပ်မှုမျိုး သတ်မှတ်ပေးခြင်းက ဝူကျန်းဝမ်ကို သူနှင့်အတူ ထိုသို့သော လုပ်ဆောင်မှုမျိုး မကြာခဏ လုပ်ဆောင်ရန် အားပေးနေခြင်း မဟုတ်ပါလား။
ဒီလို စမ်းသပ်မှုမျိုး ဘယ်လိုလုပ် ရှိနိုင်တာလဲ။
ဒီလောက၏ ကောင်းကင်စည်းမျဉ်းက တကယ်ကို ထူးဆန်းသည်။
သို့သော် ပြန်လည်စဉ်းစားကြည့်သောအခါ ဝူကျန်းဝမ်၏ စွမ်းအားရှင် ဖြစ်လာနိုင်သည့် အခြေအနေက သူ့ကို သစ္စာဖောက်ခြင်းနှင့် မပတ်သက်သောကြောင့် ဝူကျန်းဝမ်နှင့် သူ လွတ်လွတ်လပ်လပ် နေနိုင်သည်။
လုချန်း အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ဝူကျန်းဝမ်က ရယ်မောလိုက်ပြီး
“မင်းသား စိုးရိမ်လာပြီထင်တယ်။”
ဝူကျန်းဝမ်၏ စကားကို ကြားသောအခါ လုချန်း သတိပြန်ဝင်လာပြီး ပြုံး၍ ဝူကျန်းဝမ်၏ နားနား ကပ်၍
“မင်း ခဏတာတော့ ကိုယ့်ကို လန့်သွားစေခဲ့တယ်။”
....................
အခန်း (၇၀၁)
မြောက်ပိုင်းနယ်စားမင်းသားကို ဖြုတ်ချဖို့ကလွယ်ပါတယ် (၁)
လုချန်း၏ စကားကို ကြားလိုက်သောအခါ ဝူကျန်းဝမ်က ဘာခံစားချက်မှ မပြပဲ
“မင်းသားက ကြောက်နေပြီဆိုရင် မင်းသားစံအိမ်ရဲ့ ပိုင်ဆိုင်မှုတွေ ကျွန်မကို စီမံခန့်ခွဲခိုင်းဖို့ စဉ်းစားတာ ရပ်လိုက်ပါတော့။ တခြားတစ်ယောက်ကို ရှာပါ။”
လုချန်းက ပြုံးလျက်
“ခဏတော့ စိုးရိမ်မိတာ မှန်တယ်။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာဖို့ အခြေအနေတွေက လူတစ်ယောက်အတွက် အလွန်အရေးကြီးတယ်။ ဘယ်သူမှ ကိုယ့်ရဲ့ အခြေအနေကို စိတ်လိုလက်ရ ဝေမျှမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့သာ ဝေမျှလိုက်ရင် တခြားသူတွေက သူတို့ အဲ့ဒီအဆင့် မရောက်အောင် လုပ်ဖို့ နည်းလမ်းရှာလာနိုင်လို့ပဲ။”
“မင်းကိုယ်တိုင် ဆန္ဒအလျောက် ထုတ်ဖော်ပြောဆိုခဲ့တယ်ဆိုတော့ အဲဒါက မင်းရဲ့ ကောင်းကင်လူသား စွမ်းအားရှင်ဖြစ်မယ့် အခြေအနေ မဟုတ်ဘူးဆိုတာ သက်သေပြနေတာပဲ။”
လုချန်းက သူမ လိမ်နေမှန်း သိသွားကြောင်း ဝူကျန်းဝမ် မြင်သော်လည်း သူမ အနည်းငယ်မှ ဂရုမစိုက်ပေ။ မှန်ကန်စွာ မှန်းဆခဲ့လျှင်လည်း ဘာအရေးလဲ။
သူမ၏ စကားများက လုချန်း၏ စိတ်ထဲတွင် သံသယမျိုးစေ့များ ကျဲချခဲ့ပြီးပြီ ဖြစ်ရာ လုချန်း သူမကို လုံးဝ ယုံကြည်နိုင်တော့မည် မဟုတ်ပေ။
လုချန်းက သူမကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လုပ်ငန်းများတွင် ပါဝင်ခွင့်ပြုတော့မည် မဟုတ်ဟု ဝူကျန်းဝမ် ထင်နေစဉ်တွင် လုချန်းက ဆက်လက်၍
“မင်းရဲ့ ကောင်းကင်လူသား စွမ်းအားရှင် အခြေအနေက ကိုယ့်ကို သစ္စာမဖောက်ဖို့ မဟုတ်ပဲ ကိုယ်နဲ့ တစ်နည်းနည်းနဲ့ ပတ်သက်နေတယ်ဆိုရင်တော့ အဲ့ဒီ အခြေအနေက ကိုယ့်ကို ကလေး မွေးပေးဖို့ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရတယ်။”
လုချန်း၏ စကားကို ကြားလိုက်သောအခါ ဝူကျန်းဝမ်၏ ကိုယ်ရောစိတ်ပါ တင်းကျပ်သွားသည်။ လုချန်းသည် သူမ ကောင်းကင်လူသား စွမ်းအားရှင်ဖြစ်လာမည့် အခြေအနေကို ဤမျှ လွယ်ကူစွာ မှန်းဆနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ဝူကျန်းဝမ်၏ ခန္ဓာကိုယ် ရုတ်တရက် တင်းမာလာပြီး အလွန် စိုးရိမ်နေပုံ ရသည်ကို ခံစားမိသောအခါ လုချန်းက သူမ၏ နားနား ကပ်၍
“ချစ်ရတဲ့ ဝမ်ရန်တစ်ယောက် ဒီလောက် တုံ့ပြန်မှုကြီးသွားပုံထောက်တော့ ကိုယ်မှန်းတာ မှန်သွားတယ် ထင်တယ်။”
ဝူကျန်းဝမ် သတိပြန်ဝင်လာပြီး နှာခေါင်းရှုံ့လျက် လျင်မြန်စွာ ငြင်းဆိုလိုက်သည်။
“အဓိပ္ပာယ်မရှိတာ။ ဒီလောကမှာ ကောင်းကင်လူသား စွမ်းအားရှင် စမ်းသပ်မှုက ကလေးမွေးတာလောက် ရိုးရှင်းတာ ဘယ်ကလာ ရှိမှာလဲ။ ရှင် တကယ် စိတ်ကူးယဉ်ဆန်တာပဲ။”
လုချန်းက
“ဪ။ ကလေးမွေးတာ မဟုတ်ဘူးလား။”
“ကလေးမွေးတာက ရိုးရှင်းတဲ့ ကိစ္စလို့ မင်းထင်နေတာလား။”
“ကလေးတစ်ယောက် မဟုတ်ဘူးဆိုရင် နှစ်ယောက်များလား။”
ဒါက...
ဝူကျန်းဝမ် ခဏမျှ အံ့အားသင့်သွားပြီး ထပ်မံ၍ စိုးရိမ်လာသည်။ သူတို့၏ လက်ရှိအခြေအနေတွင် ဝူကျန်းဝမ်၏ ခန္ဓာကိုယ်မှ အနည်းငယ်မျှသော တင်းကျပ်မှုကိုပင် လုချန်းက အလွယ်တကူ ခံစားမိနိုင်သည်။
ဝူကျန်းဝမ် ထပ်မံတင်းကျပ်လာသည်ကို သတိပြုမိသောအခါ လုချန်းက ပြုံးလျက်
“ဝမ်ရန်။ ဘာလို့ ထပ်ပြီး စိုးရိမ်နေတာလဲ။ ဒီတစ်ခါတော့ ကိုယ် မှန်မှန်ကန်ကန် ခန့်မှန်းမိပုံရတယ်။”
ဝူကျန်းဝမ်က အေးစက်စွာဖြင့်
“မင်းသားက ဒီနေ့ ဒီကို ကျွန်မရဲ့ ကောင်းကင်လူသား စွမ်းအားရှင်ကိစ္စ အတင်းအကျပ် ဖောတ်ထုတ်ဖို့ လာတာလား။”
လုချန်းက ပြုံးလျက်
“စကားလမ်းကြောင်း ပြောင်းဖို့ ကြိုးစားနေတာလား။”
“စဉ်းစားကြည့်လို့ ရသလောက်တော့ အဖြေနဲ့ အရမ်း နီးစပ်နေပြီ ထင်တယ်။ နှစ်ယောက် မဟုတ်ဘူးဆိုရင် သုံးယောက်များလား။”
“အင်း။ ကိုယ့်ခန့်မှန်းချက် မှန်တယ်လို့ ကိုယ်ယုံကြည်တယ်။ မင်း ကိုယ့်ကို ကလေး သုံးယောက် မွေးပေးမှ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လိမ့်မယ်။”
လုချန်း၏ စကားကို ကြားလိုက်သောအခါ ဝူကျန်းဝမ် လုံးဝ အေးစက်တောင့်တင်းသွားသည်။ ဤလူဆိုးလေးသည် တကယ်ပင် မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။
လုချန်း မှန်ကန်စွာ ခန့်မှန်းခဲ့သော်လည်း ဝူကျန်းဝမ်ကတော့ လုံးဝ ဝန်ခံမည် မဟုတ်ပေ။ သူမက အေးစက်စွာဖြင့်
“မင်းသားမှာ တခြားကိစ္စ မရှိဘူးဆိုရင် ပြန်လို့ရပါပြီ။”
လုချန်းက
“တခြားကိစ္စ ဘယ်လိုလုပ် မရှိရမှာလဲ။ မင်းကို ရှာဖို့ လာခဲ့တာဆိုတော့ ကိုယ်တို့ရဲ မနက်ခင်း လေ့ကျင့်ခန်းကိုတော့ ဆက်လုပ်ရမှာပဲ။”
ထိုသို့ ပြောပြီးနောက် လုချန်းက လက်များကို မြှောက်လိုက်ပြီး ဝူကျန်းဝမ်ကို ရေချိုးကန်အစွန်းတွင် တိုက်ရိုက် တင်လိုက်ကာ သူတို့၏ နံနက်ခင်း လေ့ကျင့်ခန်းကို စတင်ခဲ့သည်။
လုချန်း ဝူကျန်းဝမ်ကို အလွန်အကျွံ ဖိအားမပေးခဲ့ပေ။ ယနေ့က လာရသည့် အဓိက အကြောင်းရင်းကို သူ မမေ့ပါ။ ခဏအကြာတွင် သူက ဝူကျန်းဝမ်၏ ခါးကို ဖက်ထားပြီး သူမကို သူ့ရင်ခွင်ထဲတွင် ထိုင်ခိုင်းလိုက်ကာ
“ကိုယ် မင်းကို တော်တော်လေး ယုံတယ်။ မနက်ဖြန်ကစပြီး မင်းကျိရွှမ်းကို မင်းသားစံအိမ်ရဲ့ လုပ်ငန်းတွေ စီမံခန့်ခွဲရာမှာ ကူညီပေးရမယ်။ မနက်ဖြန် မင်းကို ကျိရွှမ်းနဲ့ တွေ့ပေးမယ်။”
လုချန်း စိတ်ဆုံးဖြတ်ပြီးပြီကို မြင်သောအခါ ဝူကျန်းဝမ်က မထီမဲ့မြင်ဟန်ဖြင့်
“ကျွန်မ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်မယ့် အခြေအနေက ရှင့်ကို ကလေး သုံးယောက် မွေးပေးဖို့ ဆိုတာကို တကယ် ယုံကြည်နေ တာလား။”
လုချန်း ထိုသို့ မယုံကြည်ပါက ယခုလို ဆုံးဖြတ်ချက်မျိုး ချရဲမည် မဟုတ်ပေ။ ယင်းက ဝူကျန်းဝမ်ကို အနည်းငယ် ဇဝေဇဝါ ဖြစ်စေသည်။
ဤလူငယ်သည် တော်တော်လေး ရဲရင့်သူ ဖြစ်သည်။
လုချန်းက ပြုံးလျက်
“မင်းက လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းတဲ့ နေရာမှာ မတော်ဘူး။ မင်းရဲ့ ခန္ဓာကိုယ်က ခုနက အရမ်း တင်းကျပ်နေပြီး အရမ်း စိုးရိမ်နေပုံရတယ်။ ကိုယ် အမှန်အတိုင်း ခန့်မှန်းမိတာ ထင်ရှားတယ်။”
လုချန်း၏ အဖြေကို ကြားလိုက်သောအခါ ဝူကျန်းဝမ် တိတ်ဆိတ်သွားသည်။
သူမ ဘာမှ မတတ်နိုင်ပေ။ ဤလူသည် ရောက်ရောက်ချင်းပင် သူမကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ သူမက စိုးရိမ်စိတ် အနည်းငယ်မျှ ပြသလိုက်သည်နှင့် သူက ချက်ချင်း သတိထားမိသည်။ ယခု သူမ မည်မျှပင် ငြင်းဆိုစေကာမူ အသုံးမဝင်တော့ပုံ ရသည်။ သူမ ကောင်းကင်လူသားဖြစ်ရန် အခြေအနေသည် သူ့အတွက် ကလေး မွေးပေးရန် ဖြစ်သည်ဟု သူက ယုံကြည်နေသည်။
ပြီးသွားပြီ။ ဤအကြောင်းကို ဆက်လက်ဆွေးနွေးခြင်းက အဓိပ္ပါယ်မရှိတော့ပေ။ သူမဝန်မခံသရွေ့တော့ ပြဿနာမရှိဟု ထင်ရသည်။
ဤသို့ တွေးမိသောအခါ ဝူကျန်းဝမ်က
“မင်းသား နောင်တ မရပါစေနဲ့လို့ပဲ ကျွန်မ မျှော်လင့်တယ်။”
လုချန်းက
“ကိုယ်က ဆုံးဖြတ်ပြီးပြီဆိုရင် နောင်တမရတတ်ဘူး။”
“မင်းရဲ့ အကူအညီနဲ့ မင်းသားစံအိမ်ရဲ့ လုပ်ငန်းတွေ ဆက်ပြီး ချဲ့ထွင်နိုင်လိမ့်မယ်လို့ ကိုယ်ယုံကြည်တယ်။”
ဝူကျန်းဝမ် ဘာမှ ထပ်မပြောတော့ပေ။
ထိုအချိန်တွင် လုချန်းက ဝူကျန်းဝမ်ကို လွှတ်ပေးလိုက်ပြီး ရေချိုးကန်ထဲမှ ထွက်လာသည်။ ထိုအခါ အစေခံတစ်ဦးက မျက်နှာသုတ်ပုဝါဖြင့် သူ့ကို သုတ်ပေးရန် လျင်မြန်စွာ ပြေးလာသည်။ လုချန်းက
“ကိုယ်လုပ်စရာတွေ ရှိသေးလို့ အရင်သွား တော့မယ်။ မင်း ရေဆက်ချိုးနေပါ။”
ဝူကျန်းဝမ် နှာခေါင်းရှုံ့လိုက်သည်။ ဤမကောင်းဆိုးဝါးလေးက အရာအားလုံးပြီးသွားပြီးနောက် ပြေးထွက်သွားသည်။
အဝတ်အစားများ ဝတ်ဆင်ပြီးသည်နှင့် တပြိုင်နက် စာကြည့်ခန်းသို့ လုချန်း တိုက်ရိုက် သွားရောက်ခဲ့သည်။
ဝူကျန်းဝမ် ရေချိုးပြီး ထွက်လာသော မှန်တင်ခုံတွင် ထိုင်ပြီး မှန်ထဲတွင် ပေါ်နေသော သူမ၏ ပုံရိပ်ကို ကြည့်ကာ အတွေးထဲနစ်မြောသွားသည်။
သူမသည် ထိုလူငယ်၏ လက်ထဲတွင် တင်းကျပ်စွာ ပိတ်မိနေပြီး ဤဘဝတွင် သူ့လက်က လွတ်မြောက်နိုင်တော့မည် မဟုတ်ဟု ခံစားရသည်။
သူမ၏ ကိုယ်ရောစိတ်ပါ သူနှင့် မခွဲနိုင်ရုံသာမက ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာရန် အခြေအနေပင် ဤလူနှင့် ဆက်စပ်နေသည်။ ထို့ပြင် သူက ထိုအခြေအနေကို အလွန်လွယ်ကူစွာ မှန်းဆခဲ့သည်။
..............
အခန်း (၇၀၂)
မြောက်ပိုင်းနယ်စားမင်းသားကို ဖြုတ်ချဖို့ကလွယ်ပါတယ် (၂)
လုချန်းသည် မှန်းဆနေခြင်း သက်သက် မဟုတ်ပဲ တစ်နည်းနည်းဖြင့် သူမ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်မည့် အခြေအနေအကြောင်းကို တိုက်ရိုက် သိနေခြင်းလားဟုပင် ဝူကျန်းဝမ် သံသယဝင်လာခဲ့သည်။
ဆိုလိုသည်မှာ ဤလူငယ်လေးတွင် သူမမသိသေးသော လျှို့ဝှက်ချက်များ အများအပြားရှိနေနိုင်သည်။
သို့သော် ယခုအချိန်တွင် တွေးတောနေခြင်းက အသုံးမဝင်တော့ပေ။ သူမ၏ ကံဆိုးမှုကို လက်ခံပြီး ဤလူငယ်လေးကိုသူမ အရှုံးပေးခဲ့ရသည်ကို ဝန်ခံရတော့မည် ဖြစ်သည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင် ဤလူ၏ လက်ထဲသို့ ကျရောက်မည့်သူမှာ သူမ တစ်ဦးတည်းသာ ဖြစ်မည် မဟုတ်ချေ။ သူမ၏ သူငယ်ချင်းကောင်းလည်း သူ၏ လက်ထဲသို့ ကျရောက်ဖွယ်ရှိသည်။
သူမ ညီညွတ်ခြင်းအဆင့်သို့ ဝင်ရောက်ပြီးကတည်းက သူမ၏ သူငယ်ချင်း ကောင်းကင်လူသား စွမ်းအားရှင် အစစ် မဟုတ်ကြောင်း သိရှိခဲ့ရသည်။
သူမ၏ သူငယ်ချင်းဖြစ်သူက ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးဟု ဝူကျန်းဝမ်အမြဲ ယူဆခဲ့သည်။ သူမ ရှေ့တွင်အဆင့်လွန် ပညာရှင်တစ်ဦးပင်တွင် အစွမ်းမရှိသလောက် ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။
သို့သော် ယခုအခါမှ သူမ နားလည်သွားခဲ့သည်။ ယွဲ့ဧကရာဇ်သည် သူမကဲ့သို့ပင် ညီညွတ်ခြင်း အဆင့်သို့ ဝင်ရောက်ကာ အရိပ်အယောင် ကောင်းကင်လူသားအဆင့်သို့သာ ရောက်ရှိခဲ့ခြင်း ဖြစ်၏။ သူတို့၏ ကျင့်စဉ်များသည် မြူခိုးမှော်ဂိုဏ်းမှ ရရှိလာခြင်း ဖြစ်သောကြောင့် သူတို့၏ စွမ်းအားသည် သာမန် အရိပ်အယောင် ကောင်းကင်လူသားအဆင့် စွမ်းအားရှင်များထက် အမှန်ပင် ပိုမိုအားကောင်း၏။ ထို့ကြောင့် ယွဲ့ဧကရာဇ်ရှေ့တွင် အဆင့်လွန် ပညာရှင်များ အစွမ်းမရှိ ဖြစ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယွဲ့ဧကရာဇ် ကိုယ်တိုင်ကတော့ အရိပ်အယောင် ကောင်းကင်လူသားအဆင့် သာ ဖြစ်သည်။ မည်မျှပင် အစွမ်းထက်သော အရိပ်အယောင် ကောင်းကင်လူသားအဆင့် စွမ်းအားရှင် ဖြစ်ဖြစ် ကောင်းကင်လူသား စွမ်းအားရှင် အစစ်နှင့် မယှဉ်နိုင်ပေ။
ယခု လျှို့ဝှက်လဝန်းနန်းတော်သည် မြောက်ပိုင်းပြည်နယ်နှင့် မဟာမိတ်ဖွဲ့ထားပြီး လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင်လည်း မြောက်ပိုင်းပြည်နယ်သို့ ရောက်လာပုံရသည်။ တစ်နေ့နေ့တွင် မြောက်ပိုင်းပြည်နယ်သည် ကျူးနိုင်ငံတော်ကို စစ်ကြေညာနိုင်ပြီး ထိုအချိန်ကျလျှင် ကျူးနိုင်ငံတော် ခုခံနိုင်စွမ်း မရှိနိုင်ချေ။
သူမ၏ သူငယ်ချင်းကောင်းသည်လည်း နောက်ဆုံးတွင် သူမနှင့် တူညီသော ကံကြမ္မာကို ခံစားရမည်ဟူသော အတွေးက ဝူကျန်းဝမ်ကို ထူးဆန်းသော ခံစားမှုတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
ဤသို့ စဉ်းစားရင်း ဝူကျန်းဝမ် တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။ နောက်ဆုံးတွင် သူမသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် သူမ၏ သူငယ်ချင်းကောင်းနှင့် ပြန်လည် ဆုံဆည်းရန် စောင့်ဆိုင်းနေတော့မည် ဖြစ်၏။ ထိုအချိန်တွင် သူမ၏ သူငယ်ချင်းလည်း ဖြစ်ပျက်ခဲ့သမျှကို လျင်မြန်စွာ လက်ခံနိုင်မည်ဟု မျှော်လင့်မိသည်။
........
နေ့လယ်ခင်း။
မုကျိရွှမ်းနှင့် စကားပြောရန် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ရွှီလင်လုံ တစ်ဖန် ရောက်လာပြန်သည်။ ယခုအခါ သူတို့နှစ်ဦးသည် အရာရာကို အပြန်အလှန် ရင်ဖွင့်နိုင်သည့် ညီအစ်မကောင်းများပမာ ဖြစ်နေကြသည်။
ထိုအချိန်တွင် နှစ်ဦးသား နန်းဆောင်ငယ်တစ်ခုတွင် လက်ချင်းတွဲလျက် ထိုင်နေကြသည်။
ရွှီလင်လုံ သက်ပြင်းချကာ
“ဟင်း။ အိမ်ရှေ့မင်းသား တောင်ဘက်ကို သွားတာ အခုဆို တော်တော်ကြာပြီ။ သတင်းကလည်း မကြားရဘူး။ အစ်မကို မြောက်ပိုင်းပြည်နယ်မှာ တစ်ယောက်တည်း ထားခဲ့တော့ လုစံအိမ်ကြီးလည်း အသက်မဲ့ နေသလို ခံစားရတယ်။”
ထိုစကားကို ကြားသောအခါ မုကျိရွှမ်းက
“အစ်မရွှီ။ အိမ်ရှေ့မင်းသားမှာ လောလောဆယ် လုပ်စရာတွေ အများကြီး ရှိနေမှာပါ။ ဒါကြောင့် အစ်မဆီ စာမရေးဖြစ်တာ ဖြစ်မယ်။ လုစံအိမ်မှာ တစ်ယောက်တည်း အထီးကျန်တယ်လို့ ခံစားရရင် နေ့တိုင်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို လာလည်လို့ရပါတယ်”
ဟု နှစ်သိမ့်ပေးလိုက်သည်။
ရွှီလင်လုံက ပြုံးလျက်
“ညီမလေးကျိရွှမ်း ရှိပေးနေလို့ ကျေးဇူးတင်ပါတယ်။ ညီမလေးသာ မရှိရင် မြောက်ပိုင်းပြည်နယ်မှာ ဘယ်လောက် အထီးကျန်နေရမလဲ မသိဘူး။”
“ဒါပေမဲ့ ပြောရမယ်ဆိုရင် အိမ်ရှေ့မင်းသား ဘေးမှာ မရှိတော့ ညတိုင်း အိပ်တဲ့အခါ အခန်းက ဟာတာတာ ဖြစ်နေသလို ခံစားရတယ်။”
“ဟင်း။ အိမ်ရှေ့မင်းသားနဲ့ လက်ထပ်ပြီးကတည်းက အစ်မ အမျိုးသမီးတစ်ဦးရဲ့ ခံစားချက်ကို တကယ် မခံစားဖူးသေးဘူး။ အခုလည်း အိမ်ရှေ့မင်းသား တောင်ဘက်ကို သွားတော့ ဘယ်တော့များမှ အစ်မကို ခေါ်မလဲ မသိဘူး။ မုဆိုးမလို နေရတာ တကယ်ကို ပင်ပန်းဆင်းရဲတယ်။”
ထိုစကားကို ကြားသောအခါ မုကျိရွှမ်းကရယ်မောလျက်
“အစ်မ ဒီလို ကိစ္စမျိုးကြောင့် ဒုက္ခရောက်နေမယ် မမျှော်လင့်မိဘူး။”
ရွှီလင်လုံက
“ပြောရတာလည်း ရှက်ပါတယ် ကျိရွှမ်းရယ်။ အစ်မလည်း အမျိုးသမီးတစ်ယောက်ပါ။ စိတ်ဆန္ဒတွေ လိုအင်တွေ ရှိတယ်။ မုဆိုးမလို နေရတာ တကယ်ကို ညှဉ်းပန်းနှိပ်စက် ခံနေရသလိုပါပဲ။”
ထိုသို့ ပြောရင်း ရွှီလင်လုံသည် မုကျိရွှမ်းကို ကြည့်ကာ
“ညီမလေးကျိရွှမ်း။ မင်းသားစံအိမ်မှာ အမျိုးသမီးတွေ အများကြီးဆိုတော့ မြောက်ပိုင်းနယ်စားမင်းသားက ညီမလေး အခန်းမှာ သိပ်မနေဘူးမလား။”
မုကျိရွှမ်းက ပြုံးလျက်
“အဲ့ဒီလို မဟုတ်ပါဘူး။ သူ ကျွန်မ အခန်းကို မကြာခဏ လာပါတယ်”
ရွှီလင်လုံက တစ်ဖန် သက်ပြင်းချကာ
“ညီမလေးကို တကယ် အားကျတယ်။”
မုကျိရွှမ်းက
“ဒါက အားကျစရာ မဟုတ်ပါဘူး အစ်မရွှီ။”
ရွှီလင်လုံက စူးစမ်းလိုဟန်ဆောင်ကာ
“ဘာလို့လဲ”
မုကျိရွှမ်းက
“အဓိကက မင်းသားမှာ အတွင်းအားတွေ အရမ်းများပြီး အရမ်း သန်မာလွန်းလို့ပါပဲ။ မင်းသား ကျွန်မ အခန်းကို လာတိုင်း ကျွန်မတော်တော် ပင်ပန်းရတယ်။”
ရွှီလင်လုံက ဇဝေဇဝါ ဖြစ်လျက်
“မင်းသားစံအိမ်မှာ အမျိုးသမီးတွေ အများကြီးဆိုတော့ မောင်ငယ်ရဲ့ အတွင်းအားတွေကို မလျှော့ချနိုင်ဘူးလား။”
မုကျိရွှမ်းက သက်ပြင်းချလိုက်ပြီး
“ဟင်း။ သူမှာ မယားတွေအများကြီး ရှိပေမဲ့ အားလုံးပေါင်းလိုက်ရင်တောင် မင်းသားအတွက် မလုံလောက်ပါဘူး။”
ရွှီလင်လုံက အံ့ဩသွားဟန်ဖြင့်
“မောင်ငယ်က အဲ့လောက် ပြင်းထန်တာလား။”
မုကျိရွှမ်းက
“အစ်မရွှီ အိမ်ရှေ့မင်းသားနဲ့ လက်ထပ်ခဲ့တာ ဝမ်းနည်းစရာပဲ။ အိမ်ရှေ့မင်းသားနဲ့ မလက်ထပ်ခဲ့ဘဲ မင်းသားနဲ့ လက်ထပ်ခဲ့ရင် အစ်မလည်း ကျွန်မရဲ့ ဒုက္ခတွေကို နားလည်နိုင်မှာပါ။”
ရွှီလင်လုံက သက်ပြင်းထပ်ချကာ
“ဟင်း။ အားလုံးက ကံကြမ္မာပဲ။ အစ်မမှာ ဒီလိုကံမျိုး မရှိဘူးပဲ မှတ်ရမယ်။”
ထိုအချိန်တွင် မုကျိရွှမ်း ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး
“အစ်မရွှီ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ အထည်ချုပ်စက်ရုံက အဝတ်ဒီဇိုင်း အသစ်တွေ ထုတ်ထားတယ်။ အစ်မ စမ်းဝတ်ကြည့်ချင်လား။”
ထိုစကားကို ကြားသောအခါ ရွှီလင်လုံ၏ ရင်ခုန်သံ မြန်လာခဲ့သည်။
အဝတ် စမ်းဝတ်ကြည့်မလားတဲ့...
ဒါက မင်းသားစံအိမ်ရဲ့ အတွင်းဆောင်ထဲ ဝင်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပင်။
ယခုအချိန်ထိ သူတို့၏စကားဝိုင်းများသည် မင်းသားစံအိမ်၏ အပြင်ဘက်ဆောင်များတွင်သာ ဖြစ်ပွားခဲ့ပြီး သူမ အတွင်းဆောင်များသို့ တစ်ခါမှ မရောက်ဖူးသလို မြောက်ပိုင်းမင်းသားနှင့် နီးစပ်ရန် အခွင့်အလမ်းလည်း မရရှိခဲ့ပေ။
သူမသာ စံအိမ်၏ အတွင်းဆောင်ထဲ ဝင်နိုင်မည် ဆိုပါက အခွင့်အရေး အများကြီး ပိုရလာမည် ဖြစ်သည်။
ရွှီလင်လုံက ချက်ချင်းပင်
“ရပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ အထည်စက်ရုံက ချုပ်တဲ့ အဝတ်အစားတွေကို အစ်မ တော်တော် ကြိုက်ပါတယ်။”
ထို့နောက် မုကျိရွှမ်း ထရပ်ကာ
“ဒါဆို ကျွန်မနောက် လိုက်ခဲ့ပါအစ်မရွှီ။”
“ကောင်းပါပြီ။”
ထို့နောက် မုကျိရွှမ်း ရွှီလင်လုံကို အတွင်းဆောင်သို့ ခေါ်သွားခဲ့သည်။
ထို့နောက် များသောအားဖြင့် လူမနေသော အိပ်ခန်းတစ်ခန်းဆီသို့ တန်းတန်းမတ်မတ် သွားခဲ့ကြသည်။ မုကျိရွှမ်းက ရွှီလင်လုံအတွက် အထူးရွေးချယ်ထားခြင်း ဖြစ်၏။
အိပ်ခန်းထဲသို့ ဝင်ရောက်ပြီးနောက် မုကျိရွှမ်းက အစေခံများကို မင်းသားစံအိမ်၏ အထည်စက်ရုံမှ ချုပ်လုပ်ထားသော အဝတ်အထည်အသစ်များကို ယူဆောင်လာရန် ညွှန်ကြားခဲ့ပြီးနောက် နှစ်ဦးသား အဝတ်အထည်အသစ်များကို ဖြည်းဖြည်းချင်း စမ်းဝတ်ကြည့်ကြသည်။
................