အခန်း ၇၀၃-၇၀၅
Vol. 47 Ch. 703-705
အခန်း (၇၀၃)
မြောက်ပိုင်းနယ်စားမင်းသားကို ဖြုတ်ချဖို့ကလွယ်ပါတယ် (၃)
ရွှီလင်လုံသည် အဝတ်အစားအသစ်များစွာကို စမ်းဝတ်ကြည့်ခဲ့ရာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အထည်စက်ရုံမှ ဒီဇိုင်းများသည် အမှန်ပင် ထူးခြားပြီး ရွှီလင်လုံ၏ အကြိုက်နှင့် ကိုက်ညီသည်ဟု ဆိုရမည်။
အဝတ်အစားများကို စမ်းသပ်ဝတ်ဆင်နေစဉ် သူမ၏ အာရုံသည် အဝတ်အစားများပေါ်တွင် အလွန်စူးစိုက်နေသဖြင့် သူမ ဤနေရာသို့ ရောက်ရှိလာရခြင်း၏ မူလရည်ရွယ်ချက်ကို ပင် မေ့လျော့နေခဲ့သည်။
ခဏအကြာတွင် မုကျိရွှမ်းက အနက်ရောင် ပိုးထည်အင်္ကျီတစ်ထည်ကို ထုတ်ယူလာပြီး “အစ်မလင်လုံ။ ဒီအင်္ကျီလေး ဘယ်လိုလဲ။”
မုကျိရွှမ်း၏ လက်ထဲရှိ အနက်ရောင် ပိုးချည်ထည်အင်္ကျီကို မြင်လိုက်ရသည်နှင့် ရွှီလင်လုံ၏ မျက်လုံးများ လင်းလက်သွားသည်။ နတ်ဆိုးဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်နှင့်အညီ သူမ အကြိုက်ဆုံးမှာ အနက်ရောင် အဝတ်အစားများ ဖြစ်သည်။
ဤအနက်ရောင် ပိုးထည်အင်္ကျီသည် သူမ၏ အကြိုက်နှင့် လုံးဝကိုက်ညီနေသည်။ မုကျိရွှမ်း၏ လက်မှ အင်္ကျီကို ယူလိုက်ပြီး
“ကျိရွှမ်း။ ဒီအင်္ကျီလေးက အရမ်းလှတယ်။ မြောက်ပိုင်းမင်းသားစံအိမ်က အထည်စက်ရုံတွေမှာ ဒီလိုအင်္ကျီမျိုးတွေ ရောင်းလား။”
မုကျိရွှမ်းက
“အဲဒါတော့ မသေချာသေးဘူး။ ဒါပေမဲ့ အစ်မလင်လုံက ဒီအင်္ကျီကို ကြိုက်တယ်ဆိုရင်တော့ အစ်မကို လက်ဆောင်အဖြစ် ပေးလိုက်မယ်။”
ရွှီလင်လုံက
“ဒါဆို ကျိရွှမ်းကို ကျေးဇူးတင်ပါတယ်။”
မုကျိရွှမ်းက
“အစ်မလင်လုံ စမ်းဝတ်ကြည့်ပါလား”
“အင်း ကောင်းပါပြီ”
ဟု သဘောတူပြီး ရွှီလင်လုံသည် သူမ၏ အဝတ်အစားများကို လျင်မြန်စွာ ချွတ်ပြီး အနက်ရောင် ပိုးထည်အင်္ကျီကို ဝတ်ဆင်လိုက်သည်။
အနက်ရောင်အင်္ကျီသည် သူမ၏ သွယ်လျလှပသော ခန္ဓာကိုယ်နှင့် ကွက်တိဖြစ်နေသည်။ အင်္ကျီအနားသတ်များသည် ပန်းပွင့်ပုံ ဇာများနှင့် အလှဆင်ထားသည်။ပါးလွှာသော အနက်ရောင် အထည်မှတစ်ဆင့် သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေကို မြင်နေရပြီး ဆွဲဆောင်မှု အပြည့်ရှိနေသည်။
သို့သော် အင်္ကျီတစ်ခုလုံး အနက်ရောင်ဖြစ်နေသောကြောင့် အင်္ကျီဝတ်ပြီးနောက် ရွှီလင်လုံပုံစံက ခင်ပွန်းကွယ်လွန်ခါစ မုဆိုးမတစ်ဦးကဲ့သို့ ဖြစ်နေသည်။
ရွှီလင်လုံသည် မှန်ရှေ့တွင် ရပ်လျက် ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်နေသည်။ အင်္ကျီနှင့်ပတ်သက်၍ မသင့်လျော်မှု တစ်စုံတစ်ရာ ကိုမှ သူမ မခံစားရပေ။ ထိုအစား သူမ ဤအင်္ကျီကို အလွန်နှစ်သက်နေသည်။
ထိုအချိန်တွင် အစေခံတစ်ဦး အခန်းထဲသို့ ဝင်လာပြီး မုကျိရွှမ်းကို တစ်စုံတစ်ရာ တီးတိုး ပြောလိုက်သည်။
ထို့နောက် မုကျိရွှမ်းက ရွှီလင်လုံကို
“အစ်မလင်လုံ။ ရုတ်တရက် ကိစ္စပေါ်လာလို့ အဝတ်အစား ဆက်စမ်းဝတ်နေပါ။ ကျွန်မ ချက်ချင်း ပြန်လာခဲ့မယ်။”
ရွှီလင်လုံသည် မှန်ထဲတွင် သူမ၏ အလှကို ကြည့်ရှုနေရင်း
“အင်း ကောင်းပါပြီ။ ညီမကိစ္စ သွားလုပ်ပါ။”
မုကျိရွှမ်း ထွက်ခွာသွားခြင်းက လှည့်ကွက်တစ်ခု၏ အစိတ်အပိုင်းဖြစ်ကြောင်းကိုတော့ ရွှီလင်လုံ မသိရှိခဲ့ပေ။
မုကျိရွှမ်း ထွက်ခွာပြီး မကြာမီ တံခါးပြန်ဖွင့်သံ ကြားလိုက်ရသည်။ ရွှီလင်လုံက မုကျိရွှမ်း ပြန်ရောက်လာပြီဟု ထင်ကာ
“ကျိရွှမ်း။ ဒီအင်္ကျီက...”
စကားမဆုံးမီ ရွှီလင်လုံ တောင့်တင်းသွားခဲ့သည်။ အကြောင်းမှာ ဝင်လာသူသည် မုကျိရွှမ်း မဟုတ်ပဲ မြောက်ပိုင်းနယ်စားမင်းသား ဖြစ်နေသောကြောင့်ပင်။
မြောက်ပိုင်းနယ်စားမင်းသား ရောက်လာသည်ကို မြင်လိုက်ရသည်နှင့် ရွှီလင်လုံ၏ စိတ်ထဲဝမ်းသာသွားသည်။ သူမ မြောက်ပိုင်းမင်းသားစံအိမ်သို့ ဝင်ရောက်လာခြင်း၏ ရည်ရွယ်ချက်မှာ မြောက်ပိုင်းနယ်စားမင်းသားနှင့် နီးစပ်ရန် ဖြစ်သည်။ ယခုအခါ မင်းသားသည် အခန်းအတွင်းသို့ ရောက်ရှိလာပြီဖြစ်သည်။ ယခု သူမ၏ တစ်ခုတည်းသော ဆန္ဒမှာ မုကျိရွှမ်း နောက်ကျမှ ပြန်လာရန် သို့မဟုတ် လုံးဝမပြန်လာပဲ နေစေရန်ဖြစ်သည်။ သို့မှသာ လုချန်းကို သွေးဆောင်နိုင်ဖို့ အခွင့်အရေးရရှိနိုင်မည်။
ထိုအချိန်တွင် လုချန်းက ပြုံးလျက်
“အစ်မ လင်လုံ ဒီမှာ ရှိနေတာကိုး။ ကျိရွှမ်း အဝတ်အစား စမ်းဝတ်နေတယ်လို့ ထင်ခဲ့တာ။”
ရွှီလင်လုံက
“ကျိရွှမ်း ခဏ ထွက်သွားတယ်။ ဘယ်တော့ ပြန်လာမလဲ မသိသေးဘူး။”
လုချန်းက
“ဪ။ ဒီလိုကိုး။”
စကားပြောနေစဉ် လုချန်းသည် ရွှီလင်လုံ၏ အနက်ရောင် ပိုးချည်အင်္ကျီကို ခြေဆုံးခေါင်းဆုံး ကြည့်ရှုလိုက်သည်။ ဝတ်စုံတွင် အကွဲကြောင်းပါဝင်သောကြောင့် သူမ၏ ရှည်လျားဖြူဖွေးသော ခြေထောက်များ ပေါ်လွင်နေသည်။
လုချန်း၏ အကြည့်က သူမပေါ်တွင် စွဲမြဲနေပြီး ဖယ်ရှား၍မရသည်ကို မြင်သောအခါ ရွှီလင်လုံ ပို၍ ပျော်ရွှင်သွားခဲ့သည်။ သူမ မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ရပဲ ဤလူငယ်က သူမ၏ အလှတွင် ယစ်မူးနေလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
မြောက်ပိုင်းနယ်စားမင်းသားကို ဖြုတ်ချရန် အလွန်လွယ်ကူလိမ့်မည်။
ယခု သူမ၏ တစ်ခုတည်းသော စိုးရိမ်မှုက မုကျိရွှမ်း မကြာမီ ပြန်ရောက်လာမည်ကိုဖြစ်သည်။ မုကျိရွှမ်း နောက်ကျမှ ပြန်လာပါက ဤကာမဂုဏ် စွဲလမ်းသော ယောက်ျား၏ နှလုံးသားကို ဖမ်းစားနိုင်မည်ဟု သူမ ယုံကြည်သည်။
ထိုအချိန်တွင် လုချန်းက အခန်းထဲရှိ အစေခံအား
“မိဖုရား ဘယ်သွားလဲ သွားကြည့်လိုက်ဦး”
“ဟုတ်ကဲ့ပါ မင်းသား။”
အစေခံများသည် ဉာဏ်ရှိစွာဖြင့် အခန်းမှ ထွက်ခွာသွားကြသည်။ ရွှီလင်လုံ၏ စိတ်ထဲတွင် ဝမ်းသာသွားသည်။ ဤလူက အစေခံများကိုပင် ထွက်ခိုင်းလိုက်ပြီ။
ယခု သူမ၏ အခွင့်အရေး ရောက်လာပြီ ဖြစ်သည်။
အစေခံများ အခန်းထဲမှ ထွက်ခွာသွားသည်နှင့် လုချန်းက ရွှီလင်လုံထံသို့ ပြုံးလျက် ချဉ်းကပ်လာပြီး
“အစ်မ ဒီနေ့ တကယ် လှနေတာပဲ။”
လုချန်း၏ တိုက်ရိုက် ချီးကျူးစကားကို ကြားသောအခါ ရွှီလင်လုံက ပါးစပ်ကို ဖုံး၍ တခစ်ခစ် ရယ်မောလိုက်ပြီးနောက်
“မောင်ငယ်က အရင်ကလို စကားချိုတုန်းပဲ။ မင်းသားစံအိမ်က အမျိုးသမီးတွေအားလုံး မင်းကို တကယ့်ကို ချစ်ကြတယ်လို့ ကျိရွှမ်း ပြောတာကြားဖူးတယ်။”
လုချန်းက ပြုံးလျက်
“အစ်မ မှားနေပါပြီ။ ကျွန်တော် ချီးကျူးလို့ မင်းသားစံအိမ်က အမျိုးသမီးတွေ ကျွန်တော့်ကို ချစ်တာ မဟုတ်ပါဘူး။”
ရွှီလင်လုံက ပြုံးလျက်
“ဪ။ ဒါဆို ဘာကြောင့်လဲ”
လုချန်းက ပြုံးလျက်
“တိကျတဲ့ အကြောင်းရင်းကို အချိန်တန်ရင် သိလိမ့်မယ်။”
ရွှီလင်လုံ ဆက်ပြောတော့မည့်အချိန်တွင် လုချန်းက ရုတ်တရက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“အခု အစ်ကိုတော် တောင်ဘက်မှာ စစ်တိုက်နေတော့ ပြန်လာဖို့ အချိန်အတော်ကြာလိမ့်မယ်။ အစ်မက မြောက်ပိုင်းပြည်နယ်မှာ တစ်ယောက်တည်းဆိုတော့ တစ်ခါတစ်လေ အထီးကျန်သလို ခံစားရလား။”
ရွှီလင်လုံက
“ မောင်ငယ်က အစ်မကို ကောင်းကောင်းသိတာပဲ။ ဟုတ်တယ်။ အခုတလော အစ်မအတော်လေး အထီးကျန်နေခဲ့တာ။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ။”
“ မင်းသားနဲ့ လက်ထပ်ထားတာဆိုတော့ မြောက်ပိုင်းပြည်နယ်မှာ သူ့ကို သစ္စာရှိရှိ စောင့်နေရုံပဲ ရှိတယ်။”
“မောင်ငယ်ရဲ့ ဇနီးတွေကိုတော့ အားကျတယ်။ သူတို့က မောင်ငယ်နဲ့နေ့တိုင်း အတူတူ နေရတာ။”
ထိုသို့ အဓိပ္ပာယ်ပါသည့် စကားလုံးများကို ကြားသောအခါ လုချန်း ရွှီလင်လုံထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။ သူ နီးကပ်လာသောအခါ ရပ်တန့်လိုက်ပြီး
“အားကျစရာ ဘာရှိလဲ။ သူတို့က ကျွန်တော်သူတို့ကို ကပ်တွယ်နေပြီး အရေးကြီးတဲ့ ကိစ္စတွေကို ဂရုမစိုက်ဘူးလို့ အပြစ်တင်ကြတယ်။”
ရွှီလင်လုံက ရယ်မောလျက်
“ဒါက သူတို့ ဗိုက်ဆာတဲ့သူတွေရဲ့ ဒုက္ခကို မသိလို့ပါ။ မောင်ငယ် သူတို့ကို ခဏလောက် ထားခဲ့လိုက်ရင် အဲ့ဒါ ဘယ်လောက် ဆင်းရဲလဲဆိုတာ သူတို့ သိလာလိမ့်မယ်။”
လုချန်းက ပြုံးလျက်
“ဒါဆို အစ်မက အခု နေ့တိုင်း အထီးကျန်နေရတာလား။”
ရွှီလင်လုံက
“ဟုတ်တယ်။ တကယ်တော့ အတော်လေး ခံရခက်နေတာ။”
လုချန်းက
“အဲ့ဒါ ကျွန်တော့် အမှားပါပဲ။ အစ်ကိုတော်လုရိ ထွက်ခွာသွားတုန်းက အစ်မကို ဂရုစိုက်မယ်လို့ ကတိပေးထားခဲ့တယ်။ အစ်မခံစားနေရတာကို ကျွန်တောိ မသိခဲ့ဘူး။ အစ်မရဲ့ ဒုက္ခတွေကို ဖြေလျှော့ပေးသင့်တယ်။”
ရွှီလင်လုံသည် သူမ၏ ညို့ငင်စွမ်းအားပညာကို အသုံးပြုရင်း
“ဒါက မောင်ငယ်ရဲ့ အမှားမဟုတ်ပါဘူး။ ပြဿနာက မောင်ငယ်ရဲ့ အစ်ကိုနဲ့ ဆိုင်တယ်။ သူသာ မြောက်ပိုင်းပြည်နယ်မှာ ရှိနေရင်တောင် ဒုက္ခရောက်နေဦးမှာပဲ။”
.................
အခန်း (၇၀၄)
ဒီလို အဆုံးသတ်သွားရမှာ နှမြောစရာပဲ
ထိုအချိန်တွင် ရွှီလင်လုံ၏ မျက်နှာပေါ်၌ စိတ်ပျက်အားငယ်ဟန် ပေါ်နေပြီး ကြီးမားသည့် တရား မမျှတမှု တစ်ခုကို ခံစားနေရသည်ဟု ထင်ရသည်။
လုချန်းက စိုးရိမ်ဟန်ဆောင်ကာ
“ဘာလို့ ဒီလိုပြောရတာလဲ လင်လုံ။ အစ်ကိုက အစ်မကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘူးလား။”
ရွှီလင်လုံက သက်ပြင်းချလိုက်ပြီး
“ မောင်တော်က ကျင့်စဉ်တွေကိုပဲ လုံးလုံးလျားလျား အာရုံစိုက်ပြီး မိန်းမတွေအပေါ် စိတ်ဝင်စားမှု လုံးဝမရှိဘူး။ သူ့ကို လက်ထပ်ပြီးကတည်းက အစ်မကို တစ်ခါမှ မထိတွေ့ခဲ့ဘူး။ အစ်မရဲ့ အခြေအနေက မုဆိုးမတစ်ယောက်နဲ့ ဘာမှမထူးပါဘူး။”
ထိုစကားကို ကြားသောအခါ လုချန်းက မယုံကြည်နိုင်ဟန်ဖြင့်
“ အစ်မပြောတာ တကယ်လား။”
“ဒါဆို ဒီနေ့အထိ အစ်မရဲ့ အပျိုစင်ဘဝ မပျက်သေးဘူးလို့ ပြောချင်တာလား။”
ရွှီလင်လုံက
“ဟုတ်ပါတယ်။”
ထိုအချိန်တွင် ရွှီလင်လုံက လုချန်းကို ချစ်ခင်စုံမက်သည့် မျက်လုံးများဖြင့် စိုက်ကြည့်ကာ
“မင်းလည်း သိုင်းပညာရှင်တစ်ယောက်ဆိုတာ ကျိရွှမ်းဆီက ကျွန်မ ကြားသိရပါတယ်။ မင်းတို့နှစ်ယောက်လုံး သိုင်းပညာရှင်တွေဖြစ်ပေမဲ့ ဘာလို့ ဒီလို ကြီးမားတဲ့ ကွာခြားမှုတွေ ရှိနေရတာလဲ။”
“ယိက မိန်းမတွေကို ရှောင်ရှားပြီး သိုင်းပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပေမဲ့ အဆင့်လွန်ပညာရှင်အဆင့်ကို မရောက်နိုင်သေးဘူး။ ဒါပေမဲ့ မင်းကတော့ နေ့စဉ်နဲ့အမျှ ဇနီးမယားတွေနဲ့ ပျော်ပျော်ပါးပါး နေပေမဲ့ ယိထက်တောင်ပိုသာနေပြီ။”
“ ယိက တကယ်ကို အသုံးမကျဘူး။”
ထိုစကားကို ကြားသောအခါ လုချန်းက အလျင်အမြန်ပင်
“လင်လုံ။ အစ်မ စကားကို ဆင်ခြင်ပြောရမယ်။ အစ်မ ပြောတာတွေကို ယိ ကြားရင် တော်တော် ဒေါသထွက်လိမ့်မယ်။”
ရွှီလင်လုံက
“ဒီအခန်းထဲမှာ တို့နှစ်ယောက်တည်းပဲ ရှိတယ်။ ခုနက ပြောတာတွေကို ယိ သိနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက မင်းသွားပြောပြတာပဲ။”
ထိုအချိန်တွင် ရွှီလင်လုံက လုချန်းအနီးသို့ လျှောက်လာကာ သူ၏ ရင်ဘတ်ပေါ်သို့ သူမ၏ လက်ကိုတင်လိုက်ကာ ညင်သာစွာ ပွတ်သပ်ရင်း
“ယိ အစ်မကို အပြစ်ပေးတာကို မင်း မြင်ချင်လား။”
ရွှီလင်လုံ၏ အပြုအမူကို မြင်သောအခါ လုချန်းစိတ်ထဲ တိတ်တဆိတ် ရယ်မောလိုက်သည်။ ထိုမိန်းမ နောက်ဆုံးတော့ စိတ်မရှည်နိုင်တော့ပြီ။
ထိုအချိန်တွင် ရွှီလင်လုံ၏ သူ့အပေါ် နှစ်သက်မှုကို ကြည့်လိုက်ရာ အမှတ်ကိုးဆယ်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
ဒါက မအံ့ဩစရာ မဟုတ်ချေ။ ရွှီလင်လုံသည် အခုတလော မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ နေ့စဉ် လာရောက်ခဲ့ပြီး သူမ၏ နှစ်သက်မှုက လျင်မြန်စွာ တိုးတက်နေခဲ့သည်။
လုချန်းက စမ်းသပ်သည့်အနေနှင့် တစ်လှမ်းဆုတ်လိုက်ပြီး
“လင်လုံ ဘာလုပ်နေတာလဲ။”
လုချန်းက သူမကို ရှောင်ဖယ်သွားသည်ကို မြင်သောအခါ ရွှီလင်လုံက
“ခုနက အစ်မရဲ့ ဒုက္ခတွေကို ကူညီဖြေရှင်းပေးမယ်လို့ မပြောခဲ့ဘူးလား။ အခု ဘာလို့ အစ်မကို ကြောက်နေသလို ဖြစ်နေတာလဲ။ တို့ကြားက ကိစ္စတွေကို ယိ သိမှာ ဒီလောက် စိုးရိမ်တာလား။”
“မင်း မပြောသရွေ့၊ အစ်မလည်း မပြောသရွေ့ သူ ဘယ်တော့မှ သိမှာ မဟုတ်ဘူး။”
သူမ စကားများ ဆုံးသည်နှင့်တစ်ပြိုင်နက် ရွှီလင်လုံ၏ မျက်လုံးများက လုချန်း၏ မျက်လုံးများပေါ်တွင် စိုက်ကြည့်နေပြီး သူ့ကို ဆွဲဆောင်ရန်နှင့် နာခံစေရန် သူမ၏ ညို့ငင်စွမ်းအားပညာကို ဆက်တိုက် အသုံးပြုနေသည်။
ထို့နောက် တစ်ခုခု မှားနေသည်ကို လုချန်း ခံစားလိုက်ရသည်။ ရွှီလင်လုံက ပို၍ပို၍ ဆွဲဆောင်မှုရှိလာပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ပို၍ မငြိမ်မသက်ဖြစ်လာကာ စိတ်ခံစားမှုပြင်းပြသော ပုံရိပ်များက သူ့စိတ်ထဲ ပေါ် ပေါက်လာခဲ့သည်။
မကြာမီ လုချန်း သဘောပေါက်လိုက်သည်။ ဤသည်က ညို့ငင်စွမ်းအား တစ်မျိုးဖြစ်ပြီး ထိုမိန်းမက သူ့အပေါ် အသုံးပြုနေခြင်းပင်။
အတော်လေး စိတ်ဝင်စားဖွယ်ကောင်းသည်...
ယခုအကြိမ်က မိန်းမတစ်ယောက် သူ့အပေါ် ညို့ငင်စွမ်းအား အသုံးပြုသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
သူမက တကယ်ကို ကြောက်စိတ်မရှိဘူးပဲ။
ထိုအချိန်တွင် ရွှီလင်လုံက လုချန်းအနီးသို့ တစ်ဖန် ချဉ်းကပ်လာပြီး သူမ၏ သွယ်လျသောလက်ဖြင့် သူ၏ ရင်ဘတ်ကို ထပ်မံ၍ ထိတွေ့ကာ လက်ချောင်းများဖြင့် ပွတ်သပ်လိုက်သည်။
“မောင်ငယ်ရဲ့ နှိပ်နယ်တဲ့ နည်းစနစ်က ကောင်းတယ်လို့ ကျိရွှမ်းက ပြောတယ်။ အစ်မဗိုက်က အခုတလော တော်တော် မအီမသာ ဖြစ်နေတာ။ အစ်မကို ပွတ်ပေးလို့ရမလား။”
ဒီတစ်ကြိမ်တွင် လုချန်း မရှောင်တော့ချေ။ သူ၏ မျက်နှာတွင် အနည်းငယ် စိတ်လွတ်နေဟန် ပေါ်လာပြီး
“ဒါ… ဒါ မဖြစ်သင့်ဘူး”
ရွှီလင်လုံက ဆွဲဆောင်မှုရှိစွာ ဆက်ပြောလိုက်သည်။
“ဘာမှ မမှားဘူး။ ဘယ်သူမှလည်း သိမှာ မဟုတ်ဘူး”
“လာပါ။ မင်းရဲ့ အစ်မကို ကူညီပါ။”
“လာပါ။ အစ်မရဲ့ အိပ်မက်ကမ္ဘာထဲမှာ နစ်မြောလိုက်ပါ…”
ယခုအချိန်တွင် လုချန်း၏ မျက်လုံးများမှာ တစ်ဝက်ပိတ်နေပြီး သူ၏ ခန္ဓာကိုယ်လည်း မတည်မငြိမ် ဖြစ်နေပုံရသည်။
ရွှီလင်လုံ၏ ရင်ထဲတွင် အောင်မြင်မှု ခံစားချက်တစ်ခု ပေါ်လာသည်။ သူမ တွေးထားသလိုပင် ဒီလူက သူမ၏ ညို့ငင်စွမ်းအားအောက်၌ အလွယ်တကူ ကျဆုံးသွားခဲ့ပြီ။
အောင်နိုင်သည့် အပြုံးဖြင့် ရွှီလင်လုံက
“အစ်မ လှရဲ့လား။”
လုချန်းက တိုးညင်းစွာဖြင့်
“လှတယ်”
ဟု ရေရွတ်လိုက်သည်။
ရွှီလင်လုံက ဆက်လက်၍
“မင်းရဲ့ တခြားဇနီးမယားတွေနဲ့ ယှဉ်ရင် ဘယ်သူက ပိုလှလဲ။”
လုချန်းက
“မင်းက ပိုလှတယ်။ မင်းက ဒီလောကမှာ အလှဆုံးမိန်းမပဲ။ သူတို့ ဘယ်သူမှ မင်းနဲ့ ယှဉ်လို့မရဘူး။”
လုချန်း၏ အဖြေကို ကြားသောအခါ ရွှီလင်လုံ အလွန်ကျေနပ်သွားသည်။ ဒါက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လျှို့ဝှက်ချက်များကို ရှာဖွေရန် အကောင်းဆုံးအခွင့်အရေး ဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။
ထိုအတွေးဖြင့် ရွှီလင်လုံက
“မင်းရဲ့ အစ်မကို ပြောပါဦး။ မြောက်ပိုင်းပြည်နယ်ရဲ့ လျှို့ဝှက်လက်နက်တွေ ဘယ်ကနေလာတာလဲ။”
လုချန်းက
“ကျွန်တော့် ဆရာက ပေးတာပါ။”
ရွှီလင်လုံ အံ့ဩသွားသည်။ ဆရာသခင် ဟုတ်လား။
ဒါဆို သူ့နောက်ကွယ်မှာ တကယ်ပဲ တစ်စုံတစ်ယောက်က ထောက်ပံ့ပေးနေတာကိုး.....
ရွှီလင်လုံက ဆက်လက်၍
“မင်းရဲ့ ဆရာသခင်က ဘယ်သူလဲ။”
လုချန်းက
“ကျွန်တော့်ဆရာသခင်က လျှို့ဝှက်လဝန်းနန်းတော်သခင်ပါ။”
ဒါက.....
ရွှီလင်လုံ ခဏခန့် ရပ်တန့်သွားသည်။ လျှို့ဝှက်လဝန်းနန်းတော်သခင်ဟုတ်လား.....
ဒါဆို မြောက်ပိုင်းပြည်နယ်မှာ ဖြစ်ပျက်နေသော အရာအားလုံးသည် လျှို့ဝှက်လဝန်းနန်းတော်ရဲ့ လက်ချက်များလား။ လျှို့ဝှက်လဝန်း နန်းတော်သခင် မြောက်ပိုင်းပြည်နယ်တွင် ဤမျှကြာမြင့်စွာနေထိုင်နေသည်ကို သူမအံ့သြနေခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လျှို့ဝှက်လဝန်းနန်းတော်သည် မြောက်ပိုင်းပြည်နယ်နှင့် အတော်ကြာကြာကတည်းက ဆက်သွယ်မှုရှိနေခဲ့သည်။
လျှို့ဝှက်လဝန်းနန်းတော်က တစ်ခုခု ကြံစည်နေခြင်းဖြစ်ရမည်။
ရွှီလင်လုံ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်။ လျှို့ဝှက်လဝန်းနန်းတော်က မည်သည့်အရာကို ကြံစည်ရှိနေသည်ဖြစ်စေ လုချန်းသည် သူတို့အတွက် အလွန်အရေးကြီးသော နယ်ရုပ်တစ်ရုပ် ဖြစ်ရမည်။ မဟုတ်ပါက သူတို့က သူ့ကိုရွေးချယ်မည်မဟုတ်ပေ။
ရွှီလင်လုံ တွေးလိုက်မိသည်က ယခု သူမသည် လျှို့ဝှက်လဝန်းနန်းတော်၏ အရေးပါသော ကစားရုပ် တစ်ရုပ်ကို ထိန်းချုပ်ထားပြီဟု ဖြစ်သည်။ သူတို့ ကြံစည်နေသည်များကို သူမက မတော်တဆ ဖျက်ဆီးခဲ့လျှင် နန်းတော်က လူတွေ နောက်ဆုံးမှာ ဘယ်လိုမျက်နှာမျိုး ဖြစ်သွားမလဲဟု တွေးမိလိုက်သည်။
ထိုသို့တွေးလိုက်သောအခါ ရွှီလင်လုံ၏ ရင်ထဲတွင် ပျော်ရွှင်မှုများ လှိုင်းဂယက်ထသွားသည်။
သူမနှင့် လျှို့ဝှက်လဝန်းနန်းတော်သည် တိုက်ရိုက်ရန်ငြိုးမရှိသော်လည်း နန်းတော်သည် အဖြူရောင်ဂိုဏ်းများထဲတွင် ပါဝင်ပြီး သူမကတော့ နတ်ဆိုးဂိုဏ်းမှ ဖြစ်သည်။ အဖြူရောင် ဂိုဏ်းများကို ဒုက္ခပေးနိုင်သည့်အခွင့်အလမ်းတိုင်းသည် သူမ၏စိတ်နှလုံးကို ပျော်ရွှင်စေသည်။
ယခုအချိန်တွင် ရွှီလင်လုံ၏ သွယ်လျသော လက်က လုချန်း၏ ချောမောသော မျက်နှာပေါ်သို့ ရောက်ရှိသွားကာ ညင်သာစွာ ပွတ်သပ်ရင်း
“ကံကြမ္မာရဲ့သားလို့ တကယ်ယူဆဖို့ ထိုက်တန်တယ်။ ဒီလောက် ချောတာ။”
“ဒီလိုနည်းနဲ့ စတေးခံရတာ သိပ်နှမြောစရာကောင်းတယ်။”
“ငါ့ရဲ့နတ်သမီးကျင့်စဉ်ကို အရင်တုန်းက တစ်ခါမှမသုံးဖူးဘူး... ဒီတစ်ခါတော့...”
ရွှီလင်လုံ၏ အကြည့်က လုချန်း၏ မျက်နှာပေါ်မှ မခွာပဲ ရှိနေသည်။
ထိုစဉ် အကြောင်းအရာတစ်ခုခုကြောင့် သူမ၏ ခန္ဓာကိုယ် ပူလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ထိုယောက်ျား၏ ခန္ဓာကိုယ်ကို သူမ စတင်လိုချင်နေပြီဖြစ်ကြောင်းရွှီလင်လုံ ချက်ချင်း သဘောပေါက်လိုက်သည်။
သူမ စိတ်ရှုပ်ထွေးနေသည်။ ထိုယောက်ျားက သူတို့ဂိုဏ်း၏ ဂိုဏ်းချုပ်အတွက် စတေးရမည့် ယဇ်ကောင်ဖြစ်သည်။ သူမက အခု သူ့ကို တစ်ခုခု လုပ်လိုက်ပြီး နောက်ပိုင်းတွင် သူတို့ဂိုဏ်းချုပ်က လုချန်းခန္ဓာကိုယ်ထဲသို့ ပြန်ဝင်စားရန် ရွေးချယ်ခဲ့လျှင် သူမ လုပ်ခဲ့သည်များကို ဂိုဏ်းချုပ် သိသွားနိုင်မည် မဟုတ်ပါလား။
ရွှီလင်လုံ အတွေးများ ရှုပ်ထွေးနေစဉ် လုချန်းတွင် အပြောင်းအလဲအချို့ ရှိနေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ သူမ၏ ညို့ငင်စွမ်းအားက ထိုလူကို လုံးဝ မရုန်းထွက်နိုင်အောင် လုပ်ဆောင်နေပုံရသည်။
ရွှီလင်လုံ ထပ်မံတွေးလိုက်သည်။ ထိုသူသာ တိုင်ယင်နတ်ဆိုးဂိုဏ်းက ဟောကိန်းထုတ်ထားသည့် ကံကြမ္မာ၏ သားတော် ဖြစ်ခဲ့လျှင် နတ်သမီးကျင့်စဉ်ကို အသုံးပြုပြီး သူ့ရဲ့ ယန်ဓာတ်ကိုယူကာ သူမရဲ့ ယင်ဓာတ်ကို အားဖြည့်လိုက်ပါက သူမရဲ့ စွမ်းအား သိသိသာသာ တိုးလာနိုင်မလား။
မြောက်ပိုင်းနယ်စားမင်းသားတွင် မိန်းမများစွာ ရှိသည့်အတွက် သူ၏ ယန်စွမ်းအင်သည် ကုန်ခန်းနေနိုင်သည်။ သို့သော် သူ၏ ယန်စွမ်းအင်အချို့ကို စုပ်ယူခြင်းကပင် သူမ၏ ကျင့်စဉ်အား ကြီးမားသော အထောက်အကူ ဖြစ်စေနိုင်သည်။
သူမ၏ စွမ်းအားကို မြှင့်တင်ခြင်းသည် နောက်ဆုံးတွင် တိုင်ယင်ဂိုဏ်းအတွက် ဖြစ်ပြီး သူမ၏ လုပ်ဆောင်မှုများကို ဂိုဏ်းချုပ် သိရှိခဲ့လျှင်ပင် သူမ အပြစ်တင်ခံရမည်မဟုတ်ဟု သူမ ယုံကြည်လာသည်။
ထိုသို့တွေးလိုက်ပြီး ရွှီလင်လုံက လုချန်း၏ နားနား ကပ်ကာ ညင်သာစွာ လေမှုတ်ထုတ်လိုက်ပြီး
“အစ်မနဲ့ ပျော်စရာကိစ္စတွေ လုပ်ချင်လား။”
ထိုစကားကို ကြားသောအခါ လုချန်း၏ ခန္ဓာကိုယ်သည် ပို၍ပင် မငြိမ်မသက်ဖြစ်လာသည်။ ရွှီလင်လုံက စကားများလွန်းသည်ဟု သူ တွေးလိုက်မိသည်။ သူမ တိုက်ရိုက်ပဲ လုပ်ဆောင်ခဲ့သင့်သည်။
မိန်းမများနှင့် ပတ်သက်သော သူ၏ အရင်အတွေ့အကြုံများတွင် သူသည် အမြဲတစေ လျင်မြန်စွာ ဦးဆောင်ခဲ့ပြီး စကားများများပြောခြင်းကို မည်သည့်အခါကမှ မကြိုက်ခဲ့ပေ။ သူက သူမကို အိပ်ရာပေါ်တွင် ဖိထားလိုက်ချင်ရုံသက်သက်ပင်။
သို့သော် ထိုသို့လုပ်ရန် လုချန်း မရည်ရွယ်ရွယ်သေးချေ။ ထိုမိန်းမ သူမ၏ကိုယ်ပိုင်ဆန္ဒအလျောက် မည်မျှထိသွားနိုင်သည်ကို ကြည့်ရှုလိုသည်။
ထိုအချိန်တွင် လုချန်းက တံတွေးမျိုချဟန်ဆောင်ကာ
“လုပ်ချင်… အရမ်းလုပ်ချင်တယ်။”
ထို့နောက် ရွှီလင်လုံက ဆွဲဆောင်မှုရှိစွာဖြင့်
“ဒါဆို အစ်မနဲ့ လိုက်ခဲ့။”
ထိုသို့ပြောရင်း ရွှီလင်လုံ အိပ်ရာဘက်သို့ လျှောက်သွားလိုက်သည်။ မုကျိရွှမ်း ဒီအချိန်တွင် လာရောက်နှောင့်ယှက်မည်မဟုတ်ဟု တိတ်တိတ်လေး မျှော်လင့်နေခဲ့သည်။
မုကျိရွှမ်း ပြန်လာနိုင်သည်ဟူသော အတွေးက ရွှီလင်လုံကို သူခိုးတစ်ယောက်လိုပင် အပြစ်ရှိသလို ခံစားရစေခဲ့သည်။
သို့သော် ထိုအချိန်တွင် သူမ ရုတ်တရက် အတွေးတစ်ခု ရလာသည်။
“အစ်မနဲ့ ပျော်စရာကိစ္စတွေ လုပ်ချင်ရင် မင်းရဲ့ ဇနီးကို တားလိုက်ပါ။ သူ ပြန်လာပြီး အစ်မတို့ကို အနှောင့်အယှက် မပေးပါစေနဲ့။”
လုချန်းလည်း ရွှီလင်လုံ၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်လိုက်ပြီးနောက် တံခါးဝရှိ အစေခံအား
“ရှောင်ချင်။ သခင်မကို စာကြည့်ခန်းမှာ စောင့်နေခိုင်းလိုက်ပါ။ ငါစာကြည့်ခန်းကို မလာမချင်း စောင့်နေခိုင်းလိုက်ပါ။ ဒီကို ထပ်မလာရဘူး။ ငါ့ခွင့်ပြုချက်မရှိပဲ ဘယ်သူမှ ဝင်ခွင့်မပြုဘူး။”
အစေခံ၏ အသံက တံခါးဝမှ ချက်ချင်းထွက်ပေါ်လာသည်။
“ဟုတ်ကဲ့ပါ မင်းသား။”
အစေခံ ထွက်သွားသည်နှင့် ရွှီလင်လုံ စိတ်ထဲတွင် ဝမ်းမြောက်သွားသည်။ ယခု ဘယ်သူမှ သူမကို အနှောင့်အယှက် မပေးနိုင်တော့ချေ။
သူမ ယခု နတ်သမီးကျင့်စဉ်ကို အသုံးပြုရန် အာရုံစိုက်နိုင်ပြီဖြစ်သည်။
သူမသည် နတ်သမီးကျင့်စဉ်ကို ကြာရှည်စွာ လေ့ကျင့်ခဲ့ပြီး ယန်စွမ်းအင်ကိုယူကာ ယင်စွမ်းအားကိုအားဖြည့်ခြင်း၏ အဓိပ္ပာယ်ကို သိရှိခဲ့သော်လည်း တကယ်တမ်း လက်တွေ့လုပ်ဆောင်ဖူးခြင်း မရှိခဲ့ပေ။ မြောက်ပိုင်းနယ်စားမင်းသား ဤမျှ ချောမောခြင်းမရှိခဲ့ပါက ထိုသို့သော အတွေးမျိုး သူမ၏ စိတ်ထဲတွင် ပေါ်လာမည် မဟုတ်ပေ။
ဟုတ်ပါသည်။ ဒါတွေက ရွှီလင်လုံ၏ စိတ်ကူးများသာဖြစ်သည်။ သူမ လုချန်းအပေါ် နတ်သမီး ကျင့်စဉ်ကို အသုံးပြုလိုသည်မှာ သူမ၏ ကိုယ်ပိုင် အတွေးဟုသာ ထင်နေမိပြီး တကယ်တော့ သူမကိုယ်တိုင်က လုချန်း၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသည်ကိုတော့ လုံးဝမသိချေ။
လုချန်း၏ ရွှီလင်လုံအပေါ် လွှမ်းမိုးပုံမှာ နှစ်မျိုးဖြစ်သည်။ တစ်ဖက်တွင် သူမသည် နဂါးဖီးနစ်လက်ဖက်ရည်ကို အချိန်ကြာမြင့်စွာ သောက်သုံးခဲ့ပြီး အခြားတစ်ဖက်တွင် လုချန်းကသည် စိတ်နှလုံး ထိန်းချုပ်မှု ကျင့်စဉ်ကို လေ့ကျင့်ထားတာ ကြာပြီဖြစ်သည်။ သူသည် သူ့ထက် စွမ်းအားနိမ့်သူများ၏ အတွေးများကို တစ်စိတ်တစ်ပိုင်း လွှမ်းမိုးနိုင်သည်။
စိတ်နှလုံး ထိန်းချုပ်မှုစွမ်းအားသည် ညို့ငင်စွမ်းအားနှင့် အနည်းငယ် ဆင်တူသော်လည်း ညို့ငင်စွမ်းအားကို ဆန့်ကျင်ဘက်လိင် အပေါ်တွင်သာ အသုံးပြုနိုင်ပြီး စိတ်နှလုံး ထိန်းချုပ်မှုစွမ်းအားကို မည်သည့်လူပုဂ္ဂိုလ် သို့မဟုတ် လူမဟုတ်သော အရာများအပေါ်တွင်ပင် အသုံးပြုနိုင်သည်။
အစောပိုင်းက လုချန်းအပေါ် ညို့ငင်စွမ်းအားကို အသုံးပြုခဲ့စဉ် ကတည်းကက လုချန်းကလည်း သူမအပေါ် စိတ်နှလုံး ထိန်းချုပ်မှုစွမ်းအားကို အသုံးပြုနေခဲ့ခြင်းဖြစ်သည်။
ယခု ရွှီလင်လုံသည် သူ၏ လွှမ်းမိုးမှု အောက်တွင် ရှိနေသော်လည်း လုံးဝ သတိမမူမိချေ။ လုချန်း၏ ခန္ဓာကိုယ်အပေါ် တပ်မက်သော သူမ၏ အနက်ရှိုင်းဆုံးဆန္ဒများကြောင့် သူမသည် လွှမ်းမိုးခံနေရသော်လည်း ဘာမှ မှားယွင်းနေသည်ဟု မထင်ခဲ့ပေ။
ထိုအချိန်တွင် ရွှီလင်လုံ မစောင့်နိုင်တော့ပေ။ သူမက လုချန်းကို အိပ်ရာပေါ်သို့ တွန်းချလိုက်ပြီး လက်လှုပ်ရမ်းကာ သူ၏ အဝတ်အစားများကို ဆုတ်ဖြဲလိုက်သည်။ သို့သော် ထိုအချိန်တွင် ရွှီလင်လုံ ရပ်တန့်သွားသည်။
............
အခန်း (၇၀၅)
တကယ့် ကပ်ဘေးကြီးပါလား (၁)
ရွှီလင်လုံသည် အဝေးမှအရာဝတ္ထုကို မယုံနိုင်စွာ စိုက်ကြည့်နေမိပြီး
“ဒီလိုကိုး…” ဟု ရေရွတ်လိုက်သည်။
သူမ စကားမဆုံးသေးခင်မှာပင် စိတ်ထဲမှ နောက်ဆုတ်ရန် စဉ်းစားနေပြီ ဖြစ်သည်။ သူမ နတ်သမီး ကျင့်စဉ်ကို ဤမျှ ပြင်းပြင်းထန်ထန် အသုံးပြုခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။
ရွှီလင်လုံ ထုံထိုင်းစွာ ရပ်နေသည်ကို မြင်သောအခါ သူမ နောက်ပြန်ဆုတ်ရန် စဉ်းစားနေပြီလားဟု လုချန်း တွေးမိသည်။
မရပါ။ ဤအခြေအနေ ရောက်လာပြီးမှ ပြန်ဆုတ်ရန် စဉ်းစားနေသည်က မဖြစ်သင့်ပေ။
ရွှီလင်လုံ တကယ်ပြန်ဆုတ်ရန် ဆုံးဖြတ်ပါက သူလည်း ဟန်ဆောင်ခြင်းကို ရပ်သင့်ပြီလားဟု လုချန်း စဉ်းစားလိုက်သည်။
ခဏမျှ တွေဝေပြီးနောက် ရွှီလင်လုံ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူမ ခေါင်းထဲတွင် အတွေးတစ်ခု ဝင်လာပြီး လုချန်းကို
“လာပါ။ ရှင့်ရဲ့ အတွေ့အကြုံဟောင်းတွေကို အသုံးပြုပြီး ကျွန်မကို ပျော်ရွှင်အောင်လုပ်ပေးပါ။”
လုချန်းသည် သူမ၏ ညှို့ဓာတ်အောက် ရောက်နေပြီး ကိုယ်ပိုင် သတိမရှိတော့သည့်အတွက် ဟန်ဆောင်ခြင်းကို ရပ်တန့်ကာ ကိုယ့်ကိုယ်ကိုယ် “ကျွန်မ” ဟု ရွှီလင်လုံ သုံးနှုန်းလိုက်သည်။
ကံကြမ္မာ၏သားတော်က သူမကို ပြုစုပေးမည်ဟု တွေးလိုက်မိသောအခါ ရွှီလင်လုံ၏ ရင်ထဲတွင် ပျော်ရွှင်မှုများ လှိုင်းထလာခဲ့သည်။
လုချန်း ရယ်လိုက်သည်။
ဒီညှို့အားပြင်းတဲ့ အမျိုးသမီးက တကယ်ပဲ ဘဝကို ပျော်ပျော်နေတတ်တာပဲ။
သူ့ကို ပြုစုခိုင်းနေတာကိုး။
အစကတော့ ထိုညှို့အားပြင်းသော ရွှီလင်လုံ ဘာလုပ်မလဲဆိုတာ သိနိင်ဖို့ သူ ဟန်ဆောင် နေခဲ့ခြင်းဖြစ်သည်။ အံ့သြစရာကောင်းစွာပင် သူမက သူ့ကို ပြုစုခိုင်းဖို့ တိုက်ရိုက်ပြောလာခဲ့သည်။
ကောင်းပြီ။သူမအလိုရှိသည့်အတိုင်း ဖြည့်ဆည်းပေးမည်။
လုချန်းက အာရုံပျံ့လွင့်နေဟန်ပြုကာ
“နားလည်ပါပြီ။”
ရွှီလင်လုံသည် သူမ၏ ဖိနပ်များကို အမြန်ချွတ်ပြီး လုချန်းဘေးတွင် လှဲချလိုက်သည်။ သူ ဘာလုပ်တော့မလဲဆိုတာကို သူမ စပ်စုနေစဉ်တွင် လုချန်းက ရုတ်တရက် လှည့်ကာ သူမ၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။
“အင်း”
.........
တစ်ချိန်တည်းမှာပင်။
မုကျိရွှမ်း လေပြင်းမိုးတိမ်ဆောင်တွင် စောင့်ဆိုင်းနေစဉ် အစေခံမိန်းကလေးတစ်ဦး ဝင်လာပြီး
“ မင်းသားက မိဖုရားကို စာကြည့်ခန်းမှာ စောင့်ခိုင်းထားပါတယ်။ ခုနက အဆောင်ကို ပြန်မသွားပါနဲ့တဲ့။”
ထိုစကားကို ကြားသောအခါ မုကျိရွှမ်း ဖြူဖျော့စွာ ပြုံးလိုက်ပြီး လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။
သူမက ချက်ချင်းပင်
“နားလည်ပါပြီ။ နင်လည်း ပြန်စရာမလိုပါဘူး။ ငါနဲ့အတူ ဒီမှာပဲနေလိုက်ပါ။”
“ဟုတ်ကဲ့ပါ မိဖုရား။”
မုကျိရွှမ်းသည် လုချန်းကို စာကြည့်ခန်းတွင် သွားမစောင့်တော့ပေ။ သူ ယနေ့ အလုပ်များနေမည်ဖြစ်ပြီး စာကြည့်ခန်းကိုလည်း လာမည်မဟုတ်သလို ညစာပင် လာစားမည်မဟုတ်ဟု သူမ သိနေသည်။
ရှင်းရှင်းပြောရလျှင် သူ အစေခံမိန်းကလေးကို ပြောခဲ့သော စကားက ရွှီလင်လုံအတွက် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့လယ်တွင် မည်သူမှ သူတို့ကို အနှောင့်အယှက်ပေးမည်မဟုတ်ကြောင်း ရွှီလင်လုံ သိစေလိုခြင်းပင် ဖြစ်၏။
.......
ထိုအချိန်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ် အတွင်းရှိ အခန်းတစ်ခန်းထဲတွင် ဖြစ်၏။
ရွှီလင်လုံ ထရန်ကြိုးစားသော်လည်း လုချန်းက သူမကို ဖိထားသဖြင့် လှုပ်ရှား၍မရပေ။ ထို့နောက် သူမက
“ဟင်း....ဖယ်ပါတော့”
ဟု အမိန့်ပေးလိုက်သည်။
သို့သော် လုချန်းက မတုန်မလှုပ်ဟန်ဖြင့် သူမ၏ အမိန့်ကို လုံးဝလျစ်လျူရှုလိုက်သည်။ ရွှီလင်လုံ ဇဝေဇဝါဖြစ်သွားသည်။
ဒါဘယ်လိုဖြစ်တာလဲ…
သူမ၏ ညှို့ဓာတ်မိနေပြီ မဟုတ်ပါလား။ ဘာလို့ ရုတ်တရက် ထိန်းချုပ်မှုမဲ့ပြီး သူမ၏ အမိန့်ကို မနာခံရတာလဲ။
ဒီလိုဆက်သွားလို့ မဖြစ်ပေ။ ဤသို့ဆက်လုပ်နေလျှင် သူမ၏သိစိတ်များ ပြိုလဲသွားတော့မည်။
ထိုစဉ် သူမ၏ စွမ်းအားများ လျင်မြန်စွာ တိုးတက်နေပြီး မရပ်မနား ကြီးထွားလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ သို့သော် ထိုတိုးတက်မှုက သူမ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်နေပြီ ဖြစ်သည်။
လုချန်းကို စတင်နမ်းရှုံ့လိုက်သည့် ခံစားချက်က အံ့ဩဖွယ်ကောင်းပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ပီတိဖြစ်နေခဲ့သည်။
သို့သော် မကြာမီပင် တစ်ခုခု မှားယွင်းနေပြီဟု သူမ သဘောပေါက်လိုက်သည်။ သူမ၏ နတ်သမီး ကျင့်စဉ်ဖြင့် လုချန်းကို ညှို့ယူလိုက်သောအခါ သူ့ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများက သူမထံသို့ ရူးသွပ်စွာ စီးဝင်လာပြီး သူမ၏ အသိစိတ်များကို လွှမ်းမိုးသွားသည်။
လုချန်းက သူမကို ဦးဆောင်သွားသဖြင့် သူမ၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်မှု မဲ့သွားပြီးလုံးဝ ခုခံနိုင်စွမ်းမရှိတော့ပေ။
မသက်မသာဖြစ်မှု မခံစားရသော်လည်း ထိုအတွေ့အကြုံမှာ အလွန်ပင် ထူးခြားသဖြင့် ရွှီလင်လုံ ကြောက်လန့်သွားပြီး လုချန်းလက်မှ လွတ်မြောက်ရန် ကြိုးစားခဲ့သည်။ သို့သော် သူမ မည်မျှပင် ကြိုးစားစေကာမူ သူ့ကို တွန်းထုတ်၍ မရခဲ့ပေ။ ထို့အစား သူ၏ ကစားစရာ အရုပ်ကဲ့သို့ ဖြစ်သွားခဲ့ရသည်။
ရွှီလင်လုံ ပို၍ ပို၍ ကြောက်လန့်လာသော်လည်း တဖြည်းဖြည်းနှင့် သူမ၏ ကြောက်ရွံ့မှု အပါအဝင် အရာအားလုံးကို မေ့လျော့သွားခဲ့သည်။
........
ညနေပိုင်းတွင်။
ညစာစားချိန်၌ မုကျိရွှမ်းသည် အစေခံမိန်းကလေးတစ်ဦးကို စေလွှတ်၍ ရွှီလင်လုံ၏ အခြေအနေကို စစ်ဆေးစေခဲ့၏။ အစေခံမိန်းကလေး၏ တင်ပြမှုကို နားထောင်ပြီးနောက် ချူးယုချင်တို့အား
“မင်းသားက ဒီည ညစာစားဖို့ ပြန်လာမှာမဟုတ်တော့ဘူး ထင်တယ်။ သူ့ကို မစောင့်ပဲ ကျွန်မတို့ဘာသာ စားရအောင်။”
ထိုစကားကို ကြားသောအခါ ချူးချင်လီ နှုတ်ခမ်းစူကာ
“မင်းသားက အရမ်းရဲရင့်တာပဲ။ အဲ့ဒီအမျိုးသမီးကို ထိရဲတယ်။ သူက နတ်ဆိုးဂိုဏ်းဝင် ဖြစ်နိုင်ခြေရှိတာထားဦးတော့ အိမ်ရှေ့မင်းသားရဲ့ တရားဝင် ကြင်ယာတော် ပဲ။ ကောလဟာလတွေ ထွက်လာရင်…”
ဟု ပြောရင်း ရပ်တန့်သွားသည်။
ချူးယုချင်က အေးဆေးတည်ငြိမ်စွာပင်
“ချန်းလေးက သူဘာလုပ်နေလဲဆိုတာ သူသိပါတယ်။ နင် စိတ်ပူစရာမလိုပါဘူး ချင်လီ။”
ချူးချင်လီက
“စဉ်းစားကြည့်ရင် သူက အစ်မကိုတောင် အလွတ်မပေးခဲ့ဘူးဆိုတော့ ဒီလောကမှာ သူ မထိရဲတဲ့ မိန်းမဆိုတာ မရှိလောက်ဘူး”
ဟု မှတ်ချက်ပြုလိုက်သည်။
ထိုစကားကို ကြားသောအခါ ချူးယုချင်၏ ပါးပြင်များ နီရဲသွားသည်။ သူမလည်း
လုချန်း၏ မိဖုရားဆောင်တွင် အဆုံးသတ်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိပေ။
ချူးယုချင်က စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ကျိရွှမ်း။ မင်းသားစံအိမ်အောက်မှာ လုပ်ငန်းတွေ အရမ်းများလွန်းလို့ မင်းတစ်ယောက်တည်း စီမံခန့်ခွဲဖို့ ခက်တယ်လို့ ပြောခဲ့ဘူးတယ် မဟုတ်လား။ ဒါကို ချန်းလေးနဲ့ ဆွေးနွေးပြီးပြီလား။”
မုကျိရွှမ်းက
“ဆွေးနွေးပြီးပါပြီ။ မင်းသားက ကျွန်မကို ကူညီဖို့ ဝူကျန်းဝမ်ကို စီစဉ်ထားပါတယ်။”
ဒါက…
မုကျိရွှမ်း အဖြေကို ကြားသောအခါ ချူးယုချင် ခဏခန့် ကြောင်အသွားသည်။ လုချန်းက စံအိမ်၏ လုပ်ငန်းများကို အိမ်တွင်းသို့ တရားဝင် မဝင်သေးသော အပြင်လူတစ်ဦးကို လွှဲအပ်ရဲလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့မိပေ။ ဝူကျန်းဝမ်သည် ဝူနိုင်ငံတော်၏ မင်းသမီးတစ်ပါးဖြစ်နေသေးသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လုပ်ငန်းလျှို့ဝှက်ချက်များ ပေါက်ကြားသွားမည်ကို သူ မကြောက်ဘူးလား။
ချူးယုချင် စကားမပြောနိုင်ဖြစ်နေသည်ကို မြင်သောအခါ မုကျိရွှမ်းက ဆက်လက်၍
“ဒေါ်လေးချူး ဘာကို စိတ်ပူနေလဲဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမယ့် စိတ်ချပါ။ မင်းသားက မိုက်မဲတဲ့သူ မဟုတ်ပါဘူး။ ဝူကျန်းဝမ်က မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို သစ္စာဖောက်မှာ မဟုတ်ဘူးလို့ သူယုံကြည်တယ်ဆိုရင် အဲ့ဒီအတိုင်းပဲ ဖြစ်မှာပါ။”
........