← Chapters

အခန်း ၇၀၉-၇၁၁

Vol. 48 Ch. 709-711

အခန်း ၇၀၉-၇၁၁

Vol. 48 Ch. 709-711

အခန်း( ၇၀၉ )

သူက အဆင့်မြင့် ကမ္ဘာကလား (၂)

ခဏအကြာတွင် ရုပ်သေးရုပ်သည် လေပြင်းမိုးတိမ်ဆောင်၏အဝင်ဝသို့ ရောက်ရှိလာပြီး လုချန်းနှင့် ဆက်သွယ်မှု ရှိနေဆဲဖြစ်သည်။

လုချန်းက တံခါးဝတွင် စောင့်နေသောအစေခံကို တိုက်ရိုက်ပြောလိုက်သည်။

“ချင်ယူရှန်ကို စာကြည့်ခန်းလာဖို့ ပြောလိုက်ပါ။ သူ့ကိုတွေ့ဖို့လိုတယ်။”

အရုပ်က သူမကို စကားပြောနေသည်ကို တွေ့သောအခါ အစေခံမိန်းကလေးလည်း ခဏခန့် အံ့အားသင့်သွားသော်လည်း မြောက်ပိုင်းမင်းသား၏ အသံမှန်း ချက်ချင်းသိပြီး

“ဟုတ်ကဲ့ပါ မင်းသား”

ဟု ချက်ချင်းပြန်ဖြေလိုက်သည်။

ထိုအခိုက်တွင် လုချန်း ထရပ်ပြီး မုကျိရွှမ်းနှင့် ဝူကျန်းဝမ်တို့အား

“နှမ‌တော်နဲ့ ကျန်းဝမ်တို့ လုပ်ငန်းကိစ္စတွေ ဆက်ဆွေးနွေးကြပါ။ ကိုယ့်မှာ တခြားကိစ္စတွေ ရှိသေးတယ်။”

မုကျိရွှမ်းက ချက်ချင်းပြန်ဖြေလိုက်သည်။ “နားလည်ပါပြီ။ မင်းသား သွားပါ။”

ထို့နောက် လုချန်းသည် စာကြည့်ခန်းသို့ သွားရောက်ကာ ချင်ယူရှန်ကို စောင့်နေခဲ့သည်။

မကြာမီ ချင်ယူရှန်သည် စာကြည့်ခန်းထဲသို့ ရောက်ရှိလာသည်။

“မင်းသားကို ဂါရဝပြုပါတယ်။”

ဂါရဝပြုပြီးနောက် ချင်ယူရှန်က လုချန်းကို မော့ကြည့်လိုက်သည်။ လုချန်း၏ အကြည့်သည် စားပွဲပေါ်ရှိ သစ်သားအရုပ်ပေါ်တွင် ရှိနေပြီး ထိုအရုပ်သည် အသက်ဝင်နေသကဲ့သို့ စားပွဲပေါ်တွင် ခုန်ပေါက်နေသည်ကို သတိထားမိလိုက်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ချင်ယူရှန် လုံးဝအံ့အားသင့်သွားသည်။

လုချန်းက သူ့အာရုံကို ပြန်စုစည်းလိုက်ပြီး ချင်ယူရှန်ကို မော့ကြည့်ကာ

“တပ်မှုးချင် အခု ဒီအရုပ်ကို ယူပြီး ရန်ခရိုင်က ထွက်သွားလိုက်ပါ။ ခဏကြာရင် ကျွန်တော်အရုပ်ကနေတစ်ဆင့် ခင်ဗျားကို စကားပြောမယ်။ အရုပ်ဆီက အသံမကြားရရင် အရုပ်ကို ပြန်မေးမြန်းပါ။ ကျွန်တော်က ပြန်မဖြေဘူးဆိုရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ချက်ချင်းပြန်လာပါ။ ဒီအရုပ်ကို ဘယ်လောက်အကွာအဝေးအထိ ထိန်းချုပ်နိုင်လဲဆိုတာ စမ်းသပ်ချင်တယ်။”

လုချန်း၏ စကားကို ကြားသောအခါ ချင်ယူရှန် သူ၏ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားပြီး

“ဟုတ်ကဲ့။ ကျွန်တော် ရန်ခရိုင်ကနေ ချက်ချင်း ထွက်သွားပါမယ်။”

ပြောပြီးသည်နှင့် ချင်ယူရှန် စားပွဲဆီသွားကာ အရုပ်ကို ကောက်ယူပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ တိုက်ရိုက်ထွက်ခွာသွားသည်။

တစ်ချိန်တည်းတွင် လုချန်းသည် စာကြည့်ခန်းတွင် ထိုင်လျက် မျက်လုံးများကို မှိတ်ထားပြီး သူ၏အတွေးများအားလုံးကို အရုပ်ပေါ်တွင် အာရုံစိုက်လိုက်သည်။

ချင်ယူရှန်သည် မြင်းစီးကာ ရန်ခရိုင်မှ အလျင်အမြန် ထွက်ခွာသွားသည်။ သို့သော် ထိုအချိန်တွင် အရုပ်က အသံမထွက်လာသည်ကို သူ သတိထားမိသည်။ အရုပ် မင်းသား၏ ထိန်းချုပ်မှုမှ လွတ်သွားပြီလားဟု သူတွေးမိသည်။

သူက အရုပ်ကို အိပ်ထဲမှ ထုတ်ယူကာ ကြည့်လိုက်ပြီး မေးခွန်းမေးရန် ပြင်ဆင်လိုက်စဉ် ရုတ်တရက် အရုပ်က

“ဆက်သွားပါ တပ်မှူးချင်။”

အရုပ်က တကယ်ပြောလာသည်ကို ကြားရပြီး လုချန်း၏ အသံဖြစ်နေသဖြင့် ချင်ယူရှန် က အလျင်အမြန်ပင်

“ဟုတ်ကဲ့ပါ မင်းသား။”

ချင်ယူရှန်သည် မြောက်ပိုင်းပြည်နယ်က တည်ဆောက်ထားသော လမ်းအတိုင်း အရုပ်ကိုင်ကာ တောင်ဘက်သို့ ဆက်လက်သွားနေခဲ့သည်။

တောင်ဘက်ရှိ စစ်တပ်စခန်းတစ်ခုသို့ ရောက်သောအခါ သူ ထပ်ရပ်ကာ အရုပ်ကို ထုတ်ယူလိုက်သည်။ လုချန်းက အရုပ်မှတစ်ဆင့်

“ရှေ့ဆက်သွားပါ။”

ချင်ယူရှန်သည် အံ့အားသင့်သွားသည်။ ဤမျှဝေးကွာသောအကွာအဝေးတွင်ပင် မြောက်ပိုင်းနယ်စားမင်းသားက အရုပ်ကို ထိန်းချုပ်နိုင်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤနည်းလမ်းဖြင့် မြောက်ပိုင်းမင်းသားသည် အရုပ်မှတစ်ဆင့် မြောက်ပိုင်းပြည်နယ်တစ်ခုလုံးကို စစ်ဆေးနိုင်မည် မဟုတ်ပါလား။

ထပ်မံမတွေးတော့ပဲ ချင်ယူရှန် တောင်ဘက်သို့ ဆက်လက်ခရီးဆက်လိုက်သည်။

နေ့ဝက်ခန့်အကြာ နေ့လည်ခင်းသို့ ရောက်သောအခါ မြောက်ပိုင်းပြည်နယ်ရှိ အခြားမြို့တစ်မြို့သို့ အရုပ်နှင့်အတူ ချင်ယူရှန် ရောက်ရှိလာခဲ့သည်။ သို့သော် လုချန်းက အရုပ်မှတစ်ဆင့် ဆက်လက်စကားပြောနိုင်နေဆဲဖြစ်သည်။

ထို့အပြင် လုချန်းက အရုပ်၏ လှုပ်ရှားမှုများကို ဆက်လက်ထိန်းချုပ်နိုင်သေးသည်။ သို့သော် ထိန်းချုပ်ရသည်မှာ သိသိသာသာ ပို၍ပင်ပန်းလာပြီး အရုပ်၏ အမြင်အာရုံက အရင်ကလို မရှင်းလင်းတော့ပဲ ဝေဝါးစပြုနေသည်။

အရုပ်အပေါ် ထိန်းချုပ်မှု အရင်ကလို မခိုင်မာတော့သော်လည်း ၎င်းတို့ကြားက ဆက်သွယ်မှု မပြတ်သေးသရွေ့ ဆက်လက်စမ်းသပ်ရန် လုချန်း ဆုံးဖြတ်လိုက်သည်။

ထို့နောက် လုချန်းက အရုပ်မှတစ်ဆင့် ချင်ယူရှန်ကို

“ယုံကြည်ရတဲ့ လက်အောက်ခံတစ်ယောက်ကို ရှာပါ တပ်မှူးချင်။ သူ့ကို အရုပ်နဲ့ တောင်ဘက်ကို ဆက်သွားခိုင်းပါ။ ခင်ဗျား ဆက်သွားစရာမလိုတော့ပါဘူး။”

ချင်ယူရှန်သည် အထူးကိုယ်ရံတော်တပ်၏ တပ်မှူးဖြစ်သဖြင့် ရန်ခရိုင်တွင် သူ့အတွက် ဆောင်ရွက်ရန် ကိစ္စများစွာရှိသည်။ ထိုနေ့တွင် အရုပ်အပေါ် အဝေးဆုံး ထိန်းချုပ်နိုင်သည့် အကွာအဝေးကို ရှာဖွေနိုင်မည် မဟုတ်ဟု ယူဆသောကြောင့် လူပြောင်းရန် ဆုံးဖြတ်လိုက်ပြီး အရုပ်နှင့်အတူ တောင်ဘက်သို့ ဆက်သွားရန် အခြားတစ်ယောက်ကို တာဝန်ပေးမည်ဖြစ်သည်။

ချင်ယူရှန်သည် အနီးရှိမြို့ထဲသို့ ချက်ချင်းဝင်ရောက်ကာ အထူးကိုယ်ရံတော် တစ်ဦးကို ရှာတွေ့ပြီး အရုပ်ကိစ္စကို အကျဉ်းချုံးပြောပြကာ အရုပ်နှင့်အတူ တောင်ဘက်သို့ ဆက်သွားရန် ညွှန်ကြားလိုက်သည်။

အရုပ်မှ လုချန်း၏ အသံကို ကြားသောအခါ အထူးကိုယ်ရံတော် အံ့အားသင့်သွားသော်လည်း မြောက်ပိုင်းမင်းသားသည် ထာဝရတန်ခိုးရှင်တစ်ဦး၏ တပည့်၊ ကံကြမ္မာ၏ သားတော်ဖြစ်ကြောင်း သတိရသောအခါ ထိုအချက်ကို ချက်ချင်းလက်ခံလိုက်သည်။

ထို့နောက် အထူးကိုယ်ရံတော်သည် လုချန်း၏ အရုပ်ကို ယူဆောင်၍ တောင်ဘက်သို့ ဆက်လက်ထွက်ခွာသွားသည်။

နောက်ထပ် နှစ်ရက်ကြာပြီးနောက်တွင်ပင် လုချန်းသည် အရုပ်မှတစ်ဆင့် စကားပြောနိုင်နေဆဲဖြစ်သည်။ ဝူနိုင်ငံတော်၏ နယ်စပ်ဖြစ်သော အန်းပင်မြို့သို့ ရောက်သည့်တိုင်အောင် အရုပ်မှ ပြတ်တောင်းပြတ်တောင်း အသံထွက်နေဆဲပင်။

ယင်းက လုချန်းကို အမှန်တကယ်အံ့အားသင့်စေသည်။ ရုပ်သေးရုပ် အတတ်ပညာဖြင့် ဤမျှဝေးကွာသော အကွာအဝေးမှ အရုပ်ကို ထိန်းချုပ်နိုင်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

အန်းပင်မြို့အထိ အရုပ်ကို ထိန်းချုပ်နိုင်သော်လည်း ထိုသို့ပြုလုပ်ခြင်းက သူ၏ အတွင်းအားကို အကြီးအကျယ် ကုန်ဆုံးစေကြောင်း သဘောပေါက်လိုက်သည်။ အရုပ်မှတစ်ဆင့် စကားတစ်ခွန်း ပြောရုံနှင့်ပင် သူ၏ စွမ်းအင်များ အကုန်အစင်ကုန်ဆုံးသွားသကဲ့သို့ ခံစားရသည်။

အခြားရွေးချယ်စရာမရှိသဖြင့် လုချန်းလည်း အထူးကိုယ်ရံတော်ကို တောင်ဘက်သို့ ဆက်မသွားရန် အမိန့်ပေးလိုက်ပြီး အရုပ်ကိုလည်း ပြန်ပို့ခိုင်းလိုက်သည်။

ရက်အနည်းငယ်ကြာပြီးနောက် အထူးကိုယ်ရံတော်က အရုပ်ကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ပြန်ပို့ပေးခဲ့၏။ ထိုအချိန်တွင် လက်မှုပညာရှင်များကလည်း ပိုမိုကြီးမားသော သစ်သားရုပ်တုများကို ထုလုပ်ပြီးစီးပြီဖြစ်သည်။

.........

နံနက်ခင်း။

ဝူကျန်းဝမ်၏ အဆောင်မှ ထွက်လာပြီးနောက် အရုပ်အသစ်များ ပြုလုပ်ရန် လေပြင်းမိုးတိမ်ဆောင်သို့ လုချန်း ပြန်လာခဲ့သည်။

သူနှင့် အရွယ်အစားတူ လူခန္ဓာကိုယ်အရွယ်သစ်သားအရုပ်များစွာကို သူ့ရှေ့တွင် မြင်သောအခါ လုချန်း အနည်းငယ်ပြုံးလိုက်သည်။

ထိုအချိန်တွင် လုချန်း၏ဇနီးမယားများလည်း အရုပ်များအကြောင်း ကြားပြီး ကြည့်ရှုရန် လေပြင်းမိုးတိမ်ဆောင်သို့ ပြေးလာကြသည်။

ထို့နောက် လုချန်းက သူ၏ လက်ဖျားကို ကိုက်ပြီး အရုပ်ပေါ်တွင် စာလုံးအချို့ကို ရေးဆွဲလိုက်သည်။ ခဏအကြာတွင် သူ၏မျက်လုံးများကို မှိတ်ထားပြီး သူ့ကိုယ်လုံးအရွယ် အရုပ်ကို စတင်လမ်းလျှောက်ရန် ထိန်းချုပ်လိုက်သည်။

သို့သော် ထိန်းချုပ်မှု စတင်သည်နှင့် သူ၏ကိုယ်ခန္ဓာအတွင်းမှ အတွင်းအားများ လျင်မြန်စွာ ကုန်ဆုံးနေသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

အရုပ်ပိုကြီးလေလေ ထိန်းချုပ်ရန် အတွင်းအား ပိုကုန်လေလေဖြစ်သည်ကို လုချန်းချက်ချင်းနားလည်သွားသည်။

သူ အရင်ကလုပ်ခဲ့သော အရုပ်က လက်ဖဝါးအရွယ်သာရှိသဖြင့် ထိန်းချုပ်ရန် အလွန်လွယ်ကူပြီး အတွင်းအားလည်း မကုန်ဆုံးသလောက်ဖြစ်သည်။ ထို့ကြောင့် ထိန်းချုပ်နိုင်သည့် အကွာအဝေးလည်း ပိုများသည်။

ဤအရုပ်ကြီးကို ထိန်းချုပ်နိုင်သည့် အကွာအဝေးမှာ အရင်က သေးငယ်သော အရုပ်နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

လုချန်း၏ အရုပ် အသက်ဝင်လာသည်ကို မြင်သောအခါ ရှောင်ဝမ်ယောင်က အံ့သြစွာဖြင့်

“လှုပ်နေပြီ။တကယ်လှုပ်နေပြီ”

ဟု အော်လိုက်သည်။

ကျန်အမျိုးသမီးများလည်း သူတို့ရှေ့မှ မြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။

ထိုအခိုက်တွင် လုချန်းက အရုပ်ကို လေထဲသို့ လက်သီးတစ်ချက် ထိုးခိုင်းရန် ကြိုးစားလိုက်သော်လည်း ထိုသို့ပြုလုပ်လိုက်သည်နှင့် သူ လုံးဝပင်ပန်းနွမ်းနယ်သွားသည်။

လုချန်း အသက်ပြင်းပြင်းရှူလိုက်ပြီး

“လူအရွယ် အရုပ်တစ်ခုကို ထိန်းချုပ်တာ ဒီလောက် အတွင်းအားကုန်မယ်လို့ မထင်ထားခဲ့ဘူး။ ငါ့ရဲ့ စွမ်းအားက အခုထိ မလုံလောက်သေးဘူးပဲ”

ဟု ကိုယ့်ကိုယ်ကိုယ်ပြောလိုက်သည်။

ထို့နောက် လုချန်းလည်း ကိုယ်လုံးအရွယ် အရုပ်ကို ထိန်းချုပ်ခြင်းအား လက်လျှော့လိုက်ပြီး လက်မအရွယ် အရုပ်သေးသေးလေးများကို ကောက်ယူကာ အသက်သွင်းလိုက်သည်။

သူသည် လောလောဆယ်တွင် လူခန္ဓာကိုယ်အရွယ် အရုပ်များကို တိုက်ခိုက်ရေးအတွက် အသုံးပြုနိုင်ခြင်း မရှိသေးသော်လည်းအသုံးဝင်မှု အချို့တော့ ရှိနေသေးသည်။ ဤအရုပ်များကို အထူးကိုယ်ရံတော်များဆီတွင် ထားနိုင်ပြီး အထူးကိုယ်ရံတော်များက ရုပ်သေးရုပ်များနှင့်အတူ မြောက်ပိုင်းပြည်နယ်တစ်ဝှမ်း လှည့်လည်စစ်ဆေးနိုင်သည်။

မြောက်ပိုင်းပြည်နယ် နယ်မြေအတွင်း တစ်စုံတစ်ရာဖြစ်ပွားပါက အထူးကိုယ်ရံတော်များက သူ့ကို ချက်ချင်းအကြောင်းကြားနိုင်မည်ဖြစ်သည်။

နေ့လယ်ခင်း။

ယွမ်ရှန်ရှန်သည် ဝမ်ရွန်ဆောင်ရှိ အဆောင်ငယ်တစ်ခုတွင် လက်ဖက်ရည်နှင့် မုန့်များကို သုံးဆောင်နေစဉ် လင်ဝမ်ရွန် အထဲသို့ ဝင်လာသည်။

ယွမ်ရှန်ရှန်က

“ဒီမနက် လေပြင်းမိုးတိမ်ဆောင်မှာ အတော်လေး ဆူညံနေပုံရတယ်။ မင်းတို့ ဘာလုပ်နေကြတာလဲ။”

လင်ဝမ်ရွန်က လုချန်း၏ အရုပ်များအကြောင်းကို ယွမ်ရှန်ရှန်အား ချက်ချင်းပြောပြလိုက်သည်။

လုချန်း ရုပ်သေးရုပ်များ ပြုလုပ်နိုင်ကြောင်း ကြားသောအခါ ယွမ်ရှန်ရှန်၏ လက်ဖက်ရည်ခွက်ကို ကိုင်ထားသောလက် လေထဲတွင် ရပ်တန့်သွားသည်။

“ရုပ်‌သေးရုပ်တွေ လုပ်တာလား။”

“သူက ရုပ်သေးရုပ် ပညာကိုပါ သိတာလား။”

ယွမ်ရှန်ရှန် အတွေးထဲ နစ်မြောသွားသည်။ လုချန်း ဖော်ထုတ်ပြခဲ့သော နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်သည် ကောင်းကင်ဘုံအဆင့် ကျင့်စဉ်ဖြစ်ပြီး ယခု သူသည် ရုပ်သေးရုပ်များ ပြုလုပ်နိုင်သည့် စွမ်းရည်ကိုပါ ပြသလာသည်။

သူမသိသလောက်ဆိုလျှင် ရုပ်သေးရုပ် အတတ်ပညာသည် အဆင့်မြင့် ကမ္ဘာများတွင်သာ ပိုင်ဆိုင်ကြသည့် အရာဖြစ်သည်။ လုချန်းက ရုပ်သေးရုပ် ပညာကို တကယ်ပိုင်ဆိုင်နေတာလား။

လုချန်းသာ သူမလို အထက်ကမ္ဘာမှ လာသည်ဆိုလျှင် အောက်ကမ္ဘာမှ အရာများဖြစ်သည့် ရထားများ၊ လျှပ်စစ်မီးများစသည်တို့ကို သူမည်သို့ သိနိုင်မည်နည်း။ ၎င်းတို့သည် အဆင့်နိမ့် ကမ္ဘာတစ်ခုမှ ထုတ်ကုန်များဖြစ်သည်။

အထက်ကမ္ဘာမှ တာအိုကျင့်စဉ်များဖြင့် နေထိုင်သော လူအများစုသည် ထိုကဲ့သို့သော အရာများကို အကျွမ်းတဝင်ရှိမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများသည်များတွင် ကျင့်စဉ်များဖြင့် နေထိုင်ရသော အထက်ကမ္ဘာများတွင် မတည်ရှိသောကြောင့်ဖြစ်သည်။

ထိုသို့တွေးပြီးနောက် ထိုကိစ္စ အရေးမကြီးလှဟု ယွမ်ရှန်ရှန် သဘောထားလိုက်သည်။ သူအဆင့်မြင့် ကမ္ဘာက လာသည်ဆိုလျှင်လည်း ဘာဖြစ်သလဲ။ မည်သို့ပင်ဖြစ်‌စေ သူ၏လက်ရှိ စွမ်းအားက သူမထက်နိမ့်သည်။ ထို့ပြင် သူက သူမကို ဆရာအဖြစ် တင်မြှောက်ထားသည်။

ယွမ်ရှန်ရှန်၏ စိတ်ထဲတွင် လုချန်းကို အလေးအနက်ထားခြင်းမရှိသေးပေ။ လောလောဆယ်တွင် သူမ၏စွမ်းအားကို အမြန်ဆုံးပြန်လည်ရရှိရန်သာ ဆန္ဒရှိနေသည်။

................

အခန်း (၇၁၀)

အဲ့ဒီ လူဆိုးရဲ့ အပြစ်တွေပဲ

လုချန်းသည် ရုပ်သေးပညာကို သင်ယူပြီးနောက် နေ့စဉ် ရုပ်သေးများကို ထိန်းချုပ် လေ့ကျင့်နေခဲ့ရာ စွဲလမ်းသွားသည့်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

သူသည် ပန်းပုသမားတစ်ဦးကို လက်ဖဝါးအရွယ် အရုပ်အချို့ ထုလုပ်ခိုင်းကာ သူ၏ ဇနီးမယား တစ်ဦးစီအား တစ်ရုပ်စီ ပေးခဲ့၏။ အ‌ကြောင်းကိစ္စတစ်ခုခု ရှိလာပါက ထိုရုပ်သေးရုပ်များကို အသုံးပြု၍ သူ့ကို ဆက်သွယ်နိုင်စေရန် ဖြစ်သည်။

သို့သော် လုချန်း၏ ရုပ်သေးရုပ် လက်ဆောင်ပေးခြင်းက ချူးယုချင်ကို အလွန် မသက်မသာ ခံစားရစေခဲ့သည်။

တစ်ညတွင် လုချန်း ချူးယုချင်၏ အခန်းသို့ ရောက်လာပြီး သူတို့ နှစ်ဦးအကြား ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုပြီးနောက် ချူးယုချင်က သူမ၏ စိုးရိမ်မှုများကို ထုတ်ဖော်ခဲ့သည်။

“ချန်းလေး။ မင်းက အသက်ရှင်နေသေးတာကို မင်းနဲ့ ပုံစံတူ အရုပ်တွေ အများကြီး လုပ်ထားတာက သင့်တော်ရဲ့လား။”

ရှနိုင်ငံတော်တွင် “အသက်ရှင်နေသူ၏ ရုပ်ထုကို မပြုလုပ်ခြင်း” နှင့် “အသက်ရှင်နေသူအတွက် ကမ္ပည်း ကျောက်တိုင် မစိုက်ထူခြင်း” တို့သည် အများသိသော အရာ ဖြစ်သည်။ ထို“လူရုပ်လေးများ” အကြောင်းပြောသည်နှင့် လူများ၏ စိတ်ထဲ့တွင် ကောက်ရိုးစာခြောက်ရုပ်များဖြင့် ဦးစွာ ဆက်စပ်မိကြသည်။

ဤကောက်ရိုးစာ‌ခြောက်ရုပ်များကို များသောအားဖြင့် တစ်စုံတစ်ဦးကို အောက်လမ်းနည်းဖြင့် ကျိန်စာတိုက်ရာတွင် အသုံးပြုကြသည်။ ရှနိုင်ငံတော်တွင် စုန်းအတတ်ပညာဆိုင်ရာ ကျိန်စာများနှင့် ပတ်သက်သော ကပ်ဆိုးအချို့ ဖြစ်ပွားခဲ့ဖူးပြီး ၎င်းတို့အားလုံးသည် ထိုကဲ့သို့သော ရုပ်တုများနှင့် နီးကပ်စွာ ဆက်စပ်နေခဲ့သည်။

သို့သော် ထိုရုပ်တုများသည် တစ်စုံတစ်ဦးကို ကျိန်စာတိုက်ရန် ပြုလုပ်ထားခြင်း ဖြစ်၏။ လုချန်းကမူ သူ၏ကိုယ်ပွားရုပ်ထုများစွာကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အဓိကအချက်မှာ ဤရုပ်သေးရုပ်လေးများ အားလုံးတွင် သူ၏ သွေးများ စွန်းထင်းနေခြင်းဖြစ်သည်။

ကျိန်စာ၏ ထိရောက်မှုသဘောနှင့် ဆက်စပ်ကြည့်ပါက သူ၏ ကိုယ်ပိုင်သွေးများ စွန်းထင်းနေသော ဤရုပ်သေးရုပ်များက ပို၍ထိရောက်မှုရှိမည် ဖြစ်သည်။

ထို့ကြောင့် ဤရုပ်သေးရုပ်လေးများကို သူတပါးအား ပေးခြင်းက အလွန်မသင့်လျော်ဟု ချူးယုချင် ခံစားရ၏။ ထိုအရုပ်အားလုံးကို ပြန်လည် သိမ်းဆည်းထားသင့်သည်ဟုလည်း သူမ ယူဆခဲ့သည်။

မည်သို့ပင်ဆိုစေ ချူးယုချင်သည် ဤခေတ်ကမ္ဘာမှ ဖြစ်ပြီး ဤခေတ်ကမ္ဘာ၏ အတွေးအခေါ်များကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ချူးယုချင်၏ စကားများကို ကြားရသောအခါ လုချန်းက သူမ၏ နောက်ကျောကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး

“ဒေါ်လေးချူး။ ကျွန်တော်က ဒီလို စုန်းအတတ်ပညာမျိုးကို ဘယ်တော့မှ မယုံဘူး” ဟု ပြုံးလျက် ပြောလိုက်သည်။

လုချန်း၏ တုံ့ပြန်မှုကို မြင်သောအခါ ချူးယုချင်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ လုချန်း စုန်းအတတ်ပညာကို တကယ်ပင် မယုံကြည်ကြောင်း သူမ သိသည်။ မဟုတ်လျှင် သူ့နှင့်တူသော ရုပ်သေးရုပ် များစွာကို ပန်းပုသမားတစ်ဦးအား ထုလုပ်ခိုင်းမည် မဟုတ်ပေ။

ထို့နောက် ချူးယုချင်က

“ချန်းလေး။ ဒီလိုကိစ္စတွေမှာ ဖြစ်နိုင်ခြေကို ပယ်ချတာထက် ကြိုတင်ကာကွယ်တာက ပိုကောင်းပါတယ်”

ဟု အကြံပေးလိုက်သည်။

ထို့နောက် လုချန်း ထလိုက်ကာ သူမကို သူ့ဘက်သို့ လှည့်စေပြီး သူမ၏ မျက်လုံးများကို စိုက်ကြည့်လျက်

“ကျွန်တော် ထုလုပ်ထားတဲ့ သစ်သားရုပ်သေးရုပ်တွေကို ကျွန်တော့် မိန်းမတွေကိုပဲ ပေးခဲ့တာ။ သူတို့ထဲက တစ်ယောက်ယောက်က ကျွန်တော့်ကို ဒုက္ခပေးချင်နေတယ်လို့ ဒေါ်လေးချူးက ပြောချင်တာလား။”

ချူးယုချင် မျက်နှာနီမြန်းသွားပြီး

“အခုတော့ မဟုတ်လောက်ဘူး။ မင်းခန္ဓာကိုယ်က ဒီလောက် ကြံ့ခိုင်နေတာကိုး။”

“ဒါပေမဲ့ လူ့စိတ်က မခန့်မှန်းနိုင်ဘူးလေ။”

“မင်းရဲ့ မိန်းမတွေ အရေအတွက် တိုးလာတာနဲ့အမျှ နောင်ကျရင် မင်းက မင်းရဲ့ ဇနီးမယားတချို့ကို လျစ်လျူရှုလာနိုင်တယ်။ ကလေးတွေ များလာပြီး ကလေးတွေ ကြီးပြင်းလာရင် အဲ့ဒီမိန်းမတွေက သူတို့ ကလေးတွေအတွက် မသင့်တော်တဲ့ အတွေးတွေ စတင် တွေးတောလာနိုင်တယ်။”

“မင်းက တော်ဝင်မိသားစုဝင်တစ်ယောက်ပဲ။ အဲ့ဒီဖြစ်ရပ်တွေကို မင်း ကြုံခဲ့ဖူးတာပဲ။ သိပ်သတိထားသင့်တယ်။”

သူမ၏ စကားများကြောင့် လုချန်း စိတ်လှုပ်ရှားသွားသည်။ ဤကမ္ဘာပေါ်တွင် သူ့ကို ဤအမျိုးသမီးကသာ ဂရုအစိုက်ဆုံးဖြစ် ကြောင်း စိတ်ထဲမှ ခံစားလိုက်ရသည်။

လုချန်းက လက်ကို မြှောက်ကာ ချူးယုချင်၏ မျက်နှာကို ထိလိုက်ပြီး ပြုံးလျက်

“ဒေါ်လေးချူး ပြောတဲ့အရာအားလုံးကို ကျွန်တော် စဉ်းစားပြီးပါပြီ။ ဒါပေမဲ့ စိတ်ချပါ။ ကျွန်တော့် မိန်းမတွေက ကျွန်တော့်ကို ဒုက္ခပေးမှာ မဟုတ်ဘူး။”

လုချန်းတွင် ယုံကြည်မှုရှိနေသော်လည်း ချူးယုချင်ကတော့ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူမက လုချန်းကို အန္တရာယ်ရှိနိုင်ခြေများကို သတိပေးတိုင်း သူက အလားတူ တုံ့ပြန်လေ့ရှိသည်။

လုချန်း ယုံကြည်မှု ပိုရှိလေလေ ချူးယုချင် ပိုစိုးရိမ်လေလေ ဖြစ်သည်။

ထိုအခိုက် လုချန်းက ပြန်လည်ကပ်တွယ်လာပြီး ချူးယုချင်ထံမှ ညည်းတွားသံ ပေါ်လာစဉ် သူက သူမ၏ နားနား ကပ်၍

“လျှို့ဝှက်ချက်တစ်ခု ရှိတယ်။ ဒီအကြောင်း ဒေါ်လေးကို ပြောဖူးလား မပြောဖူးလား မသိဘူး။ ဒါပေမဲ့ ဒေါ်လေးက ကျွန်တော့်ရဲ့ အရင်းနှီးဆုံးလူ ဖြစ်တဲ့အတွက် ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။”

လုချန်း၏ စကားများကြောင့် သူမ သိလိုစိတ် ပြင်းပြလာခဲ့သည်။ လုချန်းက မည်သည့် လျှို့ဝှက်ချက်ကို ဖော်ထုတ်တော့မည်နည်း။

လုချန်းက

“ နဂါးဖီးနစ်လက်ဖက်ရည်ကို ဘာအတွက် သုံးလဲဆိုတာ ဒေါ်လေးသိလား။”

ဇဝေဇဝါ ဖြစ်ဟန်ဖြင့် ချူးယုချင်က

“ဒါက စွမ်းအားကို မြှင့်တင်ဖို့ မဟုတ်လား။”

လုချန်းက

“စွမ်းအားမြှင့်တင်တာက နဂါးဖီးနစ်လက်ဖက်ရည်ရဲ့ အာနိသင်တွေထဲက တစ်ခုပဲ ရှိသေးတယ်။ သူ့မှာ တခြား ပိုကြီးတဲ့ ရည်ရွယ်ချက် ရှိသေးတယ်။”

ချူးယုချင်က သိချင်စိတ်ဖြင့်

“ဘာရည်ရွယ်ချက်လဲ”

လုချန်းက

“နဂါးဖီးနစ်လက်ဖက်ရည်က ကျွန်တော့်ဇနီးမယားတွေရဲ့ ကျွန်တော့်အပေါ် ချစ်ခင်မှုကို နက်ရှိုင်းစေပြီး တည်ငြိမ်စေနိုင်တယ်။”

ထိုအချက်ကို ကြားရသောအခါ ချူးယုချင် အံ့ဩတုန်လှုပ်သွားသည်။

သူမ ချက်ချင်း ဆက်စပ်တွေးမိပြီး မျက်နှာ နီမြန်းသွားကာ

“မင်း… မင်း လူဆိုးလေး…”

“မင်း ဒေါ်လေးကို နဂါးဖီးနစ်လက်ဖက်ရည် သောက်ခိုင်းတာ အံ့ဩစရာ မဟုတ်တော့ဘူး။ မင်းက တကယ်ကို…”

ချူးယုချင်၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုအနည်းငယ်ကို ခံစားရသည်။ တစ်ချိန်တုန်းက သူမ ဤလူဆိုးနှင့် ပတ်သက်မိရန် အမြဲတမ်း တွေးတောနေခဲ့သည်ကို သူမ အံ့ဩမိသည်။

နေပြည်တော်တွင် ရှိစဉ်က သူ့ကို တစ်သက်လုံး ကာကွယ်ပေးလိုခဲ့သော်လည်း သူ့နှင့် အတူ အိပ်ရမည်ဟု သူမ တစ်ခါမှ မတွေးခဲ့ဖူးပေ။

သို့သော် မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိပြီး မကြာမီပင် ဤလူဆိုးလေးက သူမကို လုံးဝ သိမ်းပိုက်ပစ်ခဲ့သည်။ ဤလူဆိုးလေးက သူမအပေါ် မကောင်းသော နည်းလမ်းအချို့ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်ကို နောက်ကျမှ သိရ‌တော့သည်။

လုချန်းသည် ကိုယ်ကို လှည့်ရင်း ချူးယုချင်အား

“စိတ်မဆိုးပါနဲ့။ ဒီလက်ဖက်ရည်က ကျွန်တော့် မိန်းမတွေအတွက် ရည်ရွယ်ထားတာပါ။ နောက်ပြီး စွမ်းအားလည်း မြှင့်တင်ပေးနိုင်တယ်။ ဒေါ်လေးကို ပေးသောက်စေချင်တဲ့ ကျွန်တော့်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒေါ်လေးရဲ့ စွမ်းအားကို တိုးတက် အောင် ကူညီပေးဖို့ပါ။”

ချူးယုချင်က နှာခေါင်းကို ညင်သာစွာ ရှုံ့လိုက်ပြီး

“မင်းကို မယုံဘူး။ မင်း လူဆိုးလေး။”

သူမသည် ဤလူဆိုးလေးကြောင့် ကိုယ်ဝန်ရခဲ့ပြီးဖြစ်သည်။ အခုထိ သူက သူမ၏ စွမ်းအားမြှင့်တင်ပေးရန်ဖြစ်သည်ဟု ပြောနေသေးသည်။ သူမ မည်သို့ ယုံနိုင်မည်နည်း။ ဤလူဆိုးလေးသည် အစကတည်းက သူမ၏ ခန္ဓာကိုယ်ကို မျက်စိကျနေခဲ့သည်။

နောက်ဆုံးတွင် လုချန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“ကျွန်တော့်ကို ဘာပဲပြောပြော ဒေါ်လေး မယုံဘူးဆိုတော့ ကျွန်တော်လည်း ဟန်ဆောင်တော့ဘူး။ ကျွန်တော်က ဒေါ်လေးကို အစောကတည်းက လိုချင်ခဲ့တာ။ အဲ့ဒါကြောင့် နဂါးဖီးနစ်လက်ဖက်ရည် သောက်ခိုင်းခဲ့တာ။ ဘာပဲဖြစ်ဖြစ် ဖြစ်ပြီးသွားပြီလေ။ ဒေါ်လေး ဘာလုပ်ဖို့ စီစဉ်ထားလဲ။”

“မင်း… ငါ…”

ချူးယုချင်လည်း နောက်ဆုံးတွင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ နဂါးဖီးနစ်လက်ဖက်ရည်ကြောင့် ဖြစ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူမ၏ ကံကြမ္မာသည် အဆုံးအဖြတ်ပေးထားပြီး ဖြစ်ကြောင်း သူမ ကောင်းစွာသိရှိနေခဲ့သည်။ ဤလူဆိုးလေးသည် သူငယ်စဉ်ကတည်းက သူမကို မျက်စိကျနေခဲ့ပြီး သူမကို လွှတ်ပေးတော့မည် မဟုတ်ပေ။

ထို့နောက် ချူးယုချင်က

“အခုချိန်မှာ ဒါတွေပြောလို့ မထူးတော့ပါဘူး။ ဒီဘဝမှာ မင်းလိုလူဆိုးလေးနဲ့ ဆုံတွေ့ရတာ ဒေါ်လေးကံမကောင်းတာပဲလို့ သဘောထားလိုက်ပါတော့။”

လုချန်းက ပြုံးလျက်

“ကံမကောင်းတာ ဘယ်ဟုတ်မလဲ။ ကျွန်တော့်ကို တွေ့ရတာ ဒေါ်လေး ကံကောင်းတယ်လို့တောင် ခံစားသင့်တယ်။”

ချူးယုချင်က ထပ်မံ နှာခေါင်းရှုံ့လိုက်ပြီး

“ဒီကိစ္စတွေနဲ့ မင်းကို ထပ်ပြီး စိတ်မရှုပ် စေချင်တော့ဘူး။ မိဖုရားဆောင် ကိစ္စတွေကို အာရုံစိုက်ဖို့ မင်းကို သတိပေးတိုင်း မင်းဘာလို့ လျစ်လျူရှုနေတာလဲလို့ အံ့ဩနေတာ။ မင်းရဲ့ ဇနီးမယားတွေက မင်းကို သစ္စာဖောက်မှာ မဟုတ်ဘူးဆိုတာ မင်းက သိနေတာကိုး။”

“ဒေါ်လေးက မင်းအတွက် စိုးရိမ်နေတာ။”

လုချန်းက

“အကြောင်းပြချက်ကို ခုနကပဲ ရှင်းပြပြီးပြီ မဟုတ်လား။ နောင်ကျရင် စိတ်ပူစရာ မလိုတော့ဘူး။”

ထိုသို့ပြောပြီးနောက် လုချန်းလည်း သူ၏လုပ်ငန်းကို အာရုံစိုက်လိုက်သည်။ ချူးယုချင်လည်း သူ ဖန်တီးပေးသော ပျော်ရွှင်မှုထဲသို့ နှစ်မြှုပ်နေရန်မှတပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

......

တစ်ချိန်တည်းမှာပင်။

လုစံအိမ်တွင်။

ရွှီလင်လုံသည် ပိုးသားအတွင်းခံဝတ်စုံနှင့် အိပ်ရာပေါ်တွင် လှိမ့်နေကာ လုချန်းနှင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၌ ပတ်သက်ခဲ့ရသော ပုံရိပ်များက သူမ၏ စိတ်ထဲတွင် ပြည့်နှက်နေသည်။

ကျင့်စဉ်လေ့ကျင့်သည်ဖြစ်စေ အိပ်သည်ဖြစ်စေ လုချန်းကို သူမ တွေးနေမိသည်။

ထိုခံစားချက်ကို စွဲလမ်းလာသကဲ့သို့ ရွှီလင်လုံ ခံစားနေရသည်။

စောင်ခြုံလျက် အိပ်ရာပေါ်တွင် ခဏမျှ လှိမ့်ပြီးနောက် ရွှီလင်လုံ ရုတ်တရက် ထထိုင်လိုက်သည်။

သူမ တီးတိုးရေရွတ်မိလိုက်သည်။

“ထူးဆန်းတယ်။ ရက်နည်းနည်း ကြာနေပြီ။ အဲ့ဒီလူက လုစံအိမ်မှာ ငါ့ကို ဘာလို့လာမရှာသေးတာလဲ။”

ယုတ္တိဗေဒအရ သူမ၏ ညို့ငင်စွမ်းအားဖြင့် ထိန်းချုပ်မှု အောင်မြင်ခဲ့ပြီးဖြစ်သည်။ လုချန်း သတိပြန်ဝင်လာခဲ့သော်လည်း သူမသည် လုချန်း၏ စိတ်နှလုံးထဲတွင် မျိုးစေ့တစ်ခုကို နက်နက်ရှိုင်းရှိုင်း စိုက်ပျိုးထားပြီး ဖြစ်သည်။ သူမအပေါ် အပြစ်ရှိသည်ဟု လုချန်း ပြင်းပြင်းထန်ထန် ခံစားရပြီး သူမကို ပြန်လည် ပေးဆပ်ရန် နည်းလမ်းများ ရှာဖွေသင့်သည်။

သူမ ခန့်မှန်းထားသည်က သူမ ပြန်လာပြီး နောက်တစ်နေ့တွင် လုချန်း သူ့ဘာသာသူ သူမကို လာရှာပြီး ပြန်လည်ပေးဆပ်ဖို့ နည်းလမ်းများကို ရှာဖွေလိမ့်မည်ဟု ဖြစ်သည်။

သို့သော် ရက်များစွာ ကြာသွားသော်လည်း ထိုလူက တစ်ချက်မှ မလှုပ်ရှားခဲ့‌ပေ။ လုစံအိမ်သို့ လက်ဆောင်များပင် မပို့ခဲ့ပေ။ သူမ၏ ညို့ငင်စွမ်းအား တကယ် ထိရောက်ခဲ့ခြင်း ရှိ မရှိ သူမ စတင်သံသယဝင်လာသည်။

ရွှီလင်လုံ၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

“ငါ့ရဲ့ ညို့ငင်စွမ်းအားကို လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်လူသား စွမ်းအားရှင်က သတိထားမိပြီး ပြန်ဖြေပေးလိုက်တာလား။”

“အဲ့လိုဆိုရင် ဒုက္ခပဲ”

လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင်သာ လုချန်းအပေါ် တစ်စုံတစ်ဦးက ညို့ငင်စွမ်းအားကို အသုံးပြုထားကြောင်း တွေ့ရှိပါက နောက်ကွယ်မှ လက်သည်ကို ရှာဖွေမည်မှာ သေချာသည်။ သူမ၏ လုပ်ရပ်များ ဖော်ထုတ်ခံရပါက သူမအနေနှင့် ရန်ခရိုင်မှ ထွက်ခွာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ထိုသို့ဖြစ်ပါက လုချန်းကို တိုင်ယင်နတ်ဘုရားဂိုဏ်းသို့ ယဇ်ပူဇော်ရန် ခေါ်ဆောင်သွားနိုင်မည် မဟုတ်တော့ပေ။

ဤအတွေးက ရွှီလင်လုံအား အလွန်စိတ်မချမ်းမသာ ဖြစ်စေခဲ့သည်။

နောက်တစ်‌နေ့မနက်တွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ သွားရောက်၍ သူမ၏ ညို့ငင်စွမ်းကို တစ်စုံတစ်ဦးက တကယ်ပင် ပြန်ဖြေပေးခဲ့ခြင်း ရှိ မရှိ စုံစမ်းရန် ရွှီလင်လုံ ဆုံးဖြတ်သည်။

ထိုအခိုက် သူမ၏ ခန္ဓာကိုယ်ထဲတွင် လစ်ဟာမှုတစ်ခုကို ထပ်မံခံစားလိုက်ရပြီး တစ်ကိုယ်လုံး ပူလောင်လာခဲ့သည်။

ရွှီလင်လုံသည် သူမ၏ သွားများကို ကိုက်လိုက်ပြီး လက်များဖြင့် စောင်ကို တင်းတင်းဆုပ်ကိုင်ရင်း ဒေါသတကြီး ရေရွတ်လိုက်သည်။

“အားလုံး အဲ့ဒီလူဆိုးကြောင့်ပဲ။ သူ့နဲ့ အဲ့လို မလုပ်ခဲ့သင့်ဘူး။”

နောက်ထပ် အိပ်မပျော်သော ညတစ်ည ထပ်မံ ကြုံတွေ့ရပြန်သည်။

........

နောက်တ‌စ်နေ့ မနက်စောစော။

ရွှီလင်လုံသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ရောက်ရှိလာပြီး ယခင်ကအတိုင်း မုကျိရွှမ်းနှင့် စကားလာပြောခဲ့သည်။

မုကျိရွှမ်းနှင့် လက်ဖက်ရည်သောက်ရင်း စကားပြောနေစဉ် မုကျိရွှမ်းက

“အစ်မရွှီ အခုတလော အလုပ်များနေလား။ ဘာလို့ ရက်အတော်ကြာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို မလာတော့တာလဲ။”

ရွှီလင်လုံက ရှက်ကိုးရှက်ကန်းဟန်ဖြင့် “အစ်မ… ဒီရက်ပိုင်း အလုပ်နည်းနည်း ရှုပ်နေခဲ့တာ။ ဒါပေမဲ့ အခုတော့ အားလုံး ပြီးသွားပြီ။ ပြန်အားသွားပြီ။”

ရွှီလင်လုံက စမ်းသပ်သည့်သဘောဖြင့်

“ဒါနဲ့ ညီမကျိရွှမ်း။ မင်းသားစံအိမ်မှာ ဒီရက်ပိုင်း တစ်ခုခု ဖြစ်ခဲ့တာ ရှိလား။”

မုကျိရွှမ်းက

“အစ်မရွှီ ဘာလို့ မေးတာလဲ။”

ရွှီလင်လုံက

“ဒီရက်ပိုင်း လက်မှုပညာသည်တွေ အများကြီး မင်းသားစံအိမ်ထဲ ဝင်နေကြတယ်လို့ ကြားလို့။ စံအိမ်ကို ပြန်လည်ပြုပြင်နေတာလားလို့ သိချင်လို့ပါ။”

မုကျိရွှမ်းက

“လုံးဝ မဟုတ်ပါဘူး”

“မင်းသားရဲ့ အပြုအမူက အခုရက်ပိုင်း နည်းနည်း ပြောင်းသွားပုံရတယ်။ သစ်သားပန်းပုဆရာတွေကို မင်းသားစံအိမ်ကို ခေါ်လာတာက တကယ်တော့ သစ်သားရုပ်တု တချို့ထုလုပ်ဖို့ပဲ။”

မုကျိရွှမ်း၏ တုံ့ပြန်မှုကို ကြားရသောအခါ ရွှီလင်လုံ အံ့ဩတုန်လှုပ်သွားသည်။

သူ့အပြုအမူက နည်းနည်း ပြောင်းသွားတယ်တဲ့လား။

ဒါဆို သူမ၏ ညို့ငင်စွမ်းက မအောင်မြင်ခဲ့ခြင်း မဟုတ်တော့ပေ။ ဒါဆို သူ ဘာကြောင့် သူမကို လာမရှာတာလဲ။

ရွှီလင်လုံက

“မင်းသားက သစ်သားရုပ်တုတွေကို ဘာအတွက် ထုလုပ်တာလဲ”

ဟု ဆက်မေးလိုက်သည်။

မုကျိရွှမ်းက

“မသိပါဘူး။ ဒါပေမဲ့ မိန်းမတစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန်ကို ထုလုပ်ချင်ပုံရတယ်။”

“မင်းသား မှော်ဆရာတွေနဲ့ တွေ့ပြီး ပြုစားခံရတာများလားလို့တောင် ကျွန်မ သံသယရှိတယ်။”

ရွှီလင်လုံ နှလုံးတုန် သွားသည်။ လုချန်းက သူမကို စွဲလန်းပြီး သူမပုံတူ ရုပ်တု ထုလုပ်နေတာလား။

ဒါက တကယ်ပင် ဖြစ်နိုင်‌ခြေ ရှိသည်။

သူမကို လာမရှာတာ အံ့ဩစရာ မဟုတ်တော့ပေ။

ဒါဆို သူက ရုပ်တုနှင့် သူ့ဘာသာသူ နှစ်သိမ့်ဖို့ စီစဉ်ထားတာပေါ့။

ဒီလိုတော့ မဖြစ်ပါ။

သူမ လိုချင်တာက သူမကို တက်ကြွစွာ လာရှာဖို့ဖြစ်သည်။သူ့ဘာသာသူ နှစ်သိမ့်ဖို့ မဟုတ်ပေ။

ရွှီလင်လုံ၏ အမြင်တွင် သူမ၏ ညို့ငင်စွမ်းအား မကျရှုံးခဲ့ရုံသာမက ၎င်း၏ အကျိုးသက်ရောက်မှုသည် အလွန်ကြီးမားသောကြောင့် သူမအပေါ် အလွန်အမင်း အပြစ်ရှိသည်ဟု လုချန်းအား ခံစားစေခဲ့သည်။ ထို‌ ကြောင့် သူမကို ကြောက်ရွံ့ကာ ရင်ဆိုင်ရဲခြင်း မရှိသောကြောင့် သူမထံ မလာခဲ့ခြင်း ဖြစ်သည်။

သူမအတွက်‌တော့ ဒါက ကောင်းသော လက္ခဏာမဟုတ်ပေ။ သူမလိုချင်သည်က လုချန်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ တက်ကြွစွာ ထွက်ခွာပြီး သူမကို ရှာဖွေစေလိုပြီး နောက်ပိုင်းတွင် လုချန်းကို မြောက်ပိုင်းပြည်နယ်မှ ခေါ်ဆောင်သွားနိုင်မည့် အခွင့်အရေး ရလိုခြင်းဖြစ်သည်။

...............

အခန်း (၇၁၁)

နတ်ဆိုးမ ရောက်လာခြင်း (၁)

ရွှီလင်လုံသည် သူမ၏ ညို့ငင်စွမ်းအား အကျိုးသက်ရောက်မှု မပျက်စီးသေးကြောင်း အတည်ပြုပြီးနောက် လုချန်းထံ ထပ်မံချဉ်းကပ်ဖို့ နည်းလမ်းရှာရန် ဆုံးဖြတ်လိုက်သည်။

လုချန်းသည် သူမ ထင်ထားသလို အပြစ်ရှိသည်ဟု ခံစားရ၍ သူမကို ရှောင်နေခြင်းဖြစ်ရမည်။ သူမဘက်က တက်ကြွစွာ မချဉ်းကပ်ပါက သူတို့၏ ဆက်ဆံရေး ဘယ်တော့မှ ရှေ့ဆက်နိုင်မည် မဟုတ်တော့ဟု ဆိုလိုခြင်း မဟုတ်လား။

ထို့ကြောင့် သူမ ဆက်လက်၍ တက်ကြွစွာ လုပ်ဆောင်ရန် လိုအပ်နေသေးသည်။

ထိုအတွေးဖြင့် ရွှီလင်လုံက မုကျိရွှမ်းအား “နဝမ မောင်ငယ်က ဒီကြားထဲ မိသားစုတစ်စုက အမျိုးသမီးတစ်ယောက်ကို သဘောကျသွားပုံရတယ်။ အဲ့ဒါကြောင့် သူ ဒီလောက်တောင် စိတ်ရှုပ်ထွေးနေပုံရတာ။”

မုကျိရွှမ်းက

“အစ်မရွှီ ပြောတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မင်းသားရဲ့ မြောက်ပိုင်းပြည်နယ်မှာ ရှိတဲ့ ရာထူးနဲ့ဆိုရင် သူ မိသားစုတစ်စုက အမျိုးသမီးတစ်ယောက်ကို သဘောကျတယ်ဆိုရင် လက်ထပ်ဖို့ လွယ်ကူသင့်တယ် မဟုတ်လား။ ဒီလောက်တောင် စိတ်မချမ်းမသာ ဖြစ်နေဖို့ မလိုပါဘူး။”

ရွှီလင်လုံက

“ဒါကိုတော့ အစ်မ မသိဘူး။ အဲ့ဒီအမျိုးသမီးက မြောက်ပိုင်းပြည်နယ်က မဟုတ်တာလည်း ဖြစ်နိုင်တယ်။”

“ဒါနဲ့ ညီမကျိရွှမ်း။ ညီမကို အကူအညီတစ်ခု တောင်းချင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်ပေါ့။”

မုကျိရွှမ်းက အံ့အားသင့်ဟန်ဆောင်ကာ

“ဘာလဲ အစ်မရွှီ။ ပြောပါ”

ရွှီလင်လုံက

“နဝမ မောင်ငယ်နဲ့ တွေ့ပြီး အိမ်ရှေ့စံရဲ့ ကျန်းမာရေးအကြောင်း မေးချင်လို့ပါ။ သူ စာမရေးတာ ကြာပြီ။ ဒီရက်ပိုင်း ညဘက်တွေမှာ အစ်မ စိတ်မငြိမ်မသက် ဖြစ်နေတယ်။ တစ်ခုခု ဖြစ်နေသလိုပဲ။ ကောင်းကောင်း အိပ်မပျော်ဘူး။”

ပြုံးလျက် မုကျိရွှမ်းက

“ဒါက လွယ်ပါတယ်။ ကျွန်မ အစေခံတွေကို အကြောင်းကြားခိုင်းလိုက်မယ်။”

ထိုအခိုက် မုကျိရွှမ်းက သူမဘေးမှ အစေခံမိန်းကလေးကို

“ရှောင်ရို့။ မင်းသား စာကြည့်ခန်းမှာ ဘာလုပ်နေလဲ သွားကြည့်။ သူ အလုပ်မများနေဘူးဆိုရင် အစ်မ လင်လုံက အိမ်ရှေ့မင်းသားအခြေအနေမေးဖို့ တွေ့ချင်တယ်လို့ ပြောပါ။”

“ဟုတ်ကဲ့ပါ။”

အစေခံမိန်းကလေးလည်း ခြံဝင်းမှ ချက်ချင်း ထွက်ခွာကာ စာကြည့်ခန်းသို့ ဦးတည်သွားသည်။

လုချန်းသည် သူ၏ စာကြည့်ခန်းတွင် နိုင်ငံတော်ကိစ္စများကို ဆောင်ရွက်နေစဉ် အစေခံမိန်းကလေးထံမှ ရွှီလင်လုံ သူ့ကို တွေ့လိုကြောင်း ကြားသိလိုက်ရသည်။ အနည်းငယ် ပြုံးလိုက်ပြီး ရွှီလင်လုံကို သူ၏ စာကြည့်ခန်းသို့ ခေါ်လာရန် ညွှန်ကြားလိုက်သည်။

နတ်ဆိုးမက သူ့ထံသို့ ထပ်မံ တက်ကြွစွာ လာရောက်ခဲ့သောကြောင့် သူမကို ကောင်းစွာ ကိုင်တွယ်ရပေမည်။

မကြာမီပင် ရွှီလင်လုံ စာကြည့်ခန်းသို့ ရောက်လာသည်။ သူမကို မြင်သည်နှင့် လုချန်းက အစေခံမိန်းကလေးအား ချက်ချင်း ထွက်ခွာစေပြီး တံခါးကို ပိတ်ခိုင်းလိုက်သည်။ မကြာမီပင် လုချန်းနှင့် ရွှီလင်လုံ နှစ်ဦးသာ စာကြည့်ခန်းတွင် ကျန်ရစ်တော့သည်။

လုချန်း၏ မျက်နှာတွင် ရှုပ်ထွေးသော အမူအရာဖြင့်

“လင်လုံ။ အဲ့ဒီနေ့က…”

ဟု စတင်ပြောဆိုလိုက်သည်။

သူ စကားမဆုံးခင် ရပ်တန့်သွားသည်။

လုချန်း၏ အပြစ်ရှိဟန် အမူအရာကို မြင်သောအခါ ရွှီလင်လုံ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။ သူမ၏ ခါးကို လှုပ်ယမ်းရင်း လုချန်းဆီသို့ လျှောက်သွားကာ

“နဝမ မောင်ငယ်။ ဒါက အစ်မရဲ့ ဆန္ဒပါ။ စိတ်ချပါ။ မောင်ငယ် မပြောသရွေ့ အဲ့ဒီနေ့က ဘာဖြစ်ခဲ့လဲဆိုတာ ဘယ်သူမှ သိမှာ မဟုတ်ဘူး။”

လုချန်း ခဏခန့် တုံ့ဆိုင်းသွားပြီး တစ်ခုခု ပြောရန် ပြင်နေစဉ် ရွှီလင်လုံ သူ့ရှေ့တွင် ရပ်နေပြီး ဖြစ်သည်။ သူမက သူမ၏ သွယ်လျသော လက်ကို သူ၏ ကျယ်ပြန့်သော ရင်ဘတ်ပေါ်သို့ တင်လိုက်ပြီးနောက် သူ့ကို ပွေ့ဖက်လိုက်သည်။

သူမ စာကြည့်ခန်းထဲသို့ ဝင်လာပြီးနောက် လုချန်း၏ ချောမောသော မျက်နှာကို မြင်သည်နှင့် သူမ၏ ခန္ဓာကိုယ်ထဲတွင် မငြိမ်မသက်ဖြစ်သော စိတ်လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသည်။ သူမ ယခု လိုချင်သည်မှာ သူတို့ နောက်ဆုံးအကြိမ် အတူမျှဝေခဲ့သော အခိုက်အတန့်ကို ပြန်လည်ခံစားရန်သာ ဖြစ်သည်။

“နဝမ မောင်ငယ်ဘယ်တုန်းက ဒီလောက် ကြောက်တတ်သွားတာလဲ။ မောင်ငယ်က အစ်မရဲ့ ခန္ဓာကိုယ်ကို အမြဲတမ်း လိုချင်ခဲ့တာ မဟုတ်လား။”

“နောင်တော်ယိရဲ့ ရှေ့မှာတောင် မောင်ငယ့်ရဲ့ မျက်လုံးတွေက အစ်မရဲ့ အပေါ်မှာပဲ ရောက်နေခဲ့တာ။ ဒါပေမဲ့ အခု ဖြစ်ပြီးသွားတော့ မောင်ငယ်က စိတ်ပူနေပုံရတယ်။”

“အဲ့ဒီကိစ္စတွေကို ဘာလို့ စိတ်ပူနေရမှာလဲ။ ဘာပဲဖြစ်ဖြစ် ယိက ဟယ်ယန်ခရိုင်မှာလေ။ လောလောဆယ် သူပြန်လာမှာ မဟုတ်သေးဘူး။”

စကားပြောနေစဉ် ရွှီလင်လုံက လှုပ်ရှားမှုများ စတင်ပြုလုပ်လာခဲ့သည်။ သူမ၏ နူးညံ့သော လက်များက သူ၏ ရင်ဘတ်မှ ဖြည်းညင်းစွာ လျှောဆင်းသွားပြီး လွတ်လပ်သော မိန်းမတစ်ဦးကဲ့သို့ ပြုမူနေသည်။

လုချန်းစိတ်ထဲ ပြုံးလိုက်သည်။ နတ်ဆိုးမက ဒီလောက် ရဲရင့်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူ၏ အမျိုးသမီးများထဲတွင် ဤမျှ တက်ကြွသူမျိုး မရှိသည်မှာ ကြာပြီဖြစ်သည်။ ယခင်က ဝမ်ချင်းစီသည် အလွန်တက်ကြွခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဝမ်ချင်းစီလည်း အရမ်း မတက်ကြွတော့ပေ။ ယခု ဝမ်ချင်းစီသည် အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦး၏ ဂုဏ်သိက္ခာရှိသော ရင့်ကျက်မှုကို ရရှိနေပြီဖြစ်သည်။

မည်သို့ပင်ဆိုစေ သူမသည် ယခုမိခင်တစ်ဦး ဖြစ်နေပြီဖြစ်သဖြင့် စိတ်နေစိတ်ထားအချို့ ပြောင်းလဲခြင်းက သဘာဝကျသည်။

လုချန်း ရွှီလင်လုံ၏ လက်ကောက်ဝတ်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး ခါးကို ဆုပ်ကိုင်ကာ စားပွဲပေါ်သို့ တွန်းကပ်လိုက်ပြီး သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများကို စိုက်ကြည့်ရင်း

“ခင်ဗျားက တကယ်ကို မကောင်းတဲ့ မိန်းမတစ်ယောက်ပဲ။ အိမ်ရှေ့စံ မသွားသေးခင် ကတည်းက ကျွန်တော့်ကို မြှူဆွယ်ဖို့ ကြိုးစားနေတာ မဟုတ်လား။”

ထိုစကားကို ကြားသောအခါ ရွှီလင်လုံက ပြုံးလျက်

“နဝမ မောင်ငယ် ဒီလိုပြောပေမဲ့ မောင်ငယ့်ရဲ့ ခန္ဓာကိုယ်ကတော့ သဘောမတူပုံရတယ်။ မောင်ငယ်ကလည်း ဟန်ဆောင်တတ်သူတစ်ယောက်ပဲ ထင်တယ်။”

လုချန်းက အေးစက်စွာ ရယ်မောလိုက်ပြီး

“ဒီလို မြှူဆွယ်မယ်နေမယ်ဆိုရင် ကျွန်တော့်ကို မယဉ်ကျေးဘူးလို့ မပြောနဲ့။”

ရွှီလင်လုံက

“လာလေ။ ကျွန်မက အဆင်သင့်ပဲ။ ကျင့်ဝတ်စည်းမျဉ်းအားလုံးကို မေ့ပြီး ပျော်ရွှင်မှုထဲမှာ နှစ်မြှုပ်ကြရအောင်။”

ထိုအခိုက် ရွှီလင်လုံ၏ မျက်လုံးများတွင် ခရမ်းရောင် အလင်းများ တောက်ပလာပြီး လုချန်းကို ထပ်မံ ဖမ်းစားရန် ကြိုးစားလိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင် သူမ လုချန်းကို ထိန်းချုပ်ခြင်း မပြုခဲ့ပေ။ သူ၏ စိတ်ထဲရှိ ဆန္ဒကို လှုံ့ဆော်ပေးလိုပြီး သူတို့ နောက်ဆုံးအကြိမ် လုပ်ခဲ့သည်များကို ထပ်မံပြုလုပ်ရန် သာ တွန်းအားပေးလိုက်ခြင်း ဖြစ်သည်။

လုချန်းလည်း အမှန်တကယ် ခံစားမိသွားပုံရ ပြီး မကြာမီပင် သူ၏ကိုယ်ကို ကုန်းလိုက်ကာ ရွှီလင်လုံ၏ နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းများဖြင့် ပိတ်လိုက်သည်။

လုချန်းကို ခဏမျှ နမ်းပြီးနောက်သူမ၏ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စစ်ဓာတ်စီး‌ နေသကဲ့သို့ စိတ်လှုပ်ရှားမှုခံစားလိုက်ရသည်။

သူမ၏ စိတ်ထဲတွင်လည်း ‘ဒီခံစားချက်ပဲ’ ဟု တွေးမိလိုက်သည်။ ဤလူသည် တကယ်ပင် စွမ်းရည်အချို့ ပိုင်ဆိုင်ထားသည်ကို သူမ ဝန်ခံရပေမည်။

နမ်းရှုံ့နေကြသူ နှစ်ဦးသည် မကြာမီပင် စာကြည့်ခန်း၏ အနားယူခန်းသို့ ဝင်ရောက်သွားကြသည်။

ရွှီလင်လုံသည် လုချန်းအပေါ် သူမ၏ နတ်သမီးကျင့်စဉ်ကို ထပ်မံ အသုံးပြုခဲ့သော်လည်း ယခင်ကဲ့သို့ပင် သူမ၏စိတ်များသည် မကြာမီမှုန်ဝါးသွားပြီး လုချန်းက အရာအားလုံးကို ထိန်းချုပ်လိုက်သည်။

...............

All Chapters