← Chapters

အခန်း ၇၁၂-၇၁၄

Vol. 48 Ch. 712-714

အခန်း ၇၁၂-၇၁၄

Vol. 48 Ch. 712-714

အခန်း (၇၁၂)

နတ်ဆိုးမ ရောက်လာခြင်း ( ၂)

မျက်စိတစ်မှိတ်အတွင်း တစ်နေ့တာ ကုန်ဆုံးသွားခဲ့သည်။

ယနေ့ည လေပြင်းမိုးတိမ်ဆောင်သို့ ညစာစားရန် လုချန်း မပြန်တော့ပေ။

......

သန်းခေါင်ယံ။

ယွမ်ရှန်ရှန် သူမ၏ အိပ်ရာပေါ်တွင် တရားထိုင်နေစဉ် တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။

နောက်တစ်ခဏတွင် ပြတင်းပေါက်မှ အပြာရောင်ငှက်တစ်ကောင် ပျံဝင်လာပြီး ယွမ်ရှန်ရှန်၏ လက်ပေါ်သို့ နားလိုက်သည်။ သူမက ငှက်၏ ခြေထောက်တွင် ချည်ထားသော စာလိပ်ကို ချက်ချင်း ဖြုတ်ယူကာ ဖတ်လိုက်သည်။

စာလိပ်ပါ အကြောင်းအရာကို မြင်သောအခါ ယွမ်ရှန်ရှန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် အခန်းတစ်ခုလုံး ရေခဲများဖြင့် ဖုံးလွှမ်းသွားတော့သည်။

ချက်ချင်းပင် ယွမ်ရှန်ရှန်၏ ပုံရိပ်သည် လျှပ်ပန်းလျှပ်နွယ်များပမာ ရုတ်တရက် လင်းလက်သွားပြီး ချန်ဝမ်ရွန်၏ အိပ်ခန်းထဲသို့ ဝင်ရောက်သွားသည်။

ချန်ဝမ်ရွန်လည်း တရားထိုင်နေခဲ့သည်။ သူမ ဆရာမ၏ တည်ရှိမှုကို ခံစားမိသောအခါ မျက်လုံးများကို ဖွင့်လိုက်သည်။

“ဆရာမ။ ကိစ္စတစ်ခုခု ရှိလို့လား။”

ယွမ်ရှန်ရှန်က သူမ ကိုင်ထားသော စာလိပ်ကို ချန်ဝမ်ရွန်အား ပေးဖတ်လိုက်သည်။ ထို့နောက် ချန်ဝမ်ရွန်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။

ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်

“ငါ မရှိတဲ့အချိန်မှာ သူတို့က ဆွမ်ဧကရာဇ်နဲ့ ပူးပေါင်းလိမ့်မယ်လို့ တကယ် မမျှော်လင့်ခဲ့ဘူး။”

ချန်ဝမ်ရွန်က

“ဆရာမ ဘာလုပ်ဖို့ စီစဉ်ထားလဲ။”

ယွမ်ရှန်ရှန်က သိပ်မရုမစိုက်ဟန်ဖြင့်

“ငါ့ကို သစ္စာဖောက်တဲ့သူတိုင်းအတွက် သေလမ်းတစ်ခုပဲ ရှိတယ်။ သူတို့က သစ္စာဖောက်လမ်းစဉ်ကို ရွေးချယ်ပြီးပြီဆိုတော့ ငါ့ကို ရက်စက်တယ်လို့ အပြစ်တင်လို့ မရတော့ဘူး။”

“သူတို့က အခု ရှနန်းတော်မှာ ရှိနေတယ်ဆိုတော့ လုချန်းရဲ့ တပ်တွေ တောင်ဘက်ကိုသွားတဲ့အခါ ငါလည်းသူ့နောက်က လိုက်ပြီး သစ္စာဖောက်တွေကို ရှင်းပစ်မယ်။”

ထိုစကားကို ကြားသောအခါ ချန်ဝမ်ရွန် လုချန်းအတွက် ဝမ်းသာသွားသည်။ ယွမ်ရှန်ရှန်၏ ထောက်ခံမှု အပြည့်အဝ ရရှိခြင်းက လုချန်းအတွက် နယ်မြေများကို စုစည်းရန် အများကြီး ပိုမိုလွယ်ကူစေမည်ဖြစ်သည်။

ထိုအခိုက် ယွမ်ရှန်ရှန် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး

“ဒါနဲ့။ လုချန်း ဘာလို့ ဒီရက်ပိုင်း မင်းနဲ့ လာမလေ့ကျင့်တာလဲ။ သူ ပင်ပန်းသွားပြီလား”

ဒါက…

ချန်ဝမ်ရွန် ခဏခန့် အံ့ဩသွားသည်။

မကြာသေးမီကမှ ယွမ်ရှန်ရှန်သည် သူမကို ပေါ့ပေါ့ဆဆနေသည်ဟု ဆူပူခဲ့ပြီး ယောက်ျားမိန်းမ ကိစ္စများက တိရစ္ဆာန်များ၏ အပြုအမူဖြစ်သည်ဟု ပြောခဲ့သည်။

အခုကျ ဘာဖြစ်လို့ ဒီအကြောင်း ပြောလာတာလဲ။

“ဆရာမ ဒေါသထွက်မှာ ကြောက်လို့ သူဒီရက်ပိုင်း မလာတာပါ။”

ယွမ်ရှန်ရှန်က နှာခေါင်း ရှုံ့ကာ

“သူက ငါ ဒေါသထွက်မှာ ကြောက်တယ်ဆိုရင် အရင်တုန်းက နေ့တိုင်း နင့်အခန်းကို လာမှာ မဟုတ်ဘူး။ ညဘက်မှာ ဆူညံအောင် လုပ်ပြီး ငါ့ကို တိတ်တိတ်ဆိတ်ဆိတ် တရားထိုင်ခွင့် မပေးခဲ့မှာ မဟုတ်ဘူး။”

ချန်ဝမ်ရွန် ဘာပြောရမှန်း မသိတော့။ လုချန်းက သူတို့၏ ဆရာမကို တကယ်ပင် မကြောက်ပေ။ မကြောက်ရုံသာမက မသင့်တော်သော စိတ်ကူးများပင် ရှိနေသေးသည်။

ယွမ်ရှန်ရှန်က

“ထားလိုက်တော့။ သူ မလာရင်လည်း နေပါစေ။”

သူမ၏ အသံ ဆုံးသွားသည်နှင့် ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်လည်း ထိုနေရာမှ ပျောက်ကွယ်သွားပြီး သူမ၏ အခန်းထဲသို့ ပြန်ရောက်လာခဲ့သည်။

လုချန်း ချန်ဝမ်ရွန်ကို လာရှာသောအခါ သူမ၏ ကျင့်စဉ်အထောက်အကူပြု ကိရိယာအဖြစ် အသုံးပြုရန် ယွမ်ရှန်ရှန် ကြံစည်ထားခဲ့ခြင်းဖြစ်သည်။ ယခု သူ မလာတော့ပေ။

လုချန်းတစ်‌ယောက် ဝမ်ရွန်ဆောင်မှ အချိန်အကန့်အသတ်မရှိ ဝေးကွာနေမည်ဟု သူမ မယုံကြည်ပေ။ ချန်ဝမ်ရုံ ရှိနေသရွေ့ အချိန်တန်လျှင် ပြန်လာမည်သာ ဖြစ်သည်။

လုချန်း ချန်ဝမ်ရုံထံ ပြန်လာမည်ကို သူမ သိနေသော်လည်း သူမ၏ စိုးရိမ်ပူပန်မှုကို ယွမ်ရှန်ရှန် မထိန်းချုပ်နိုင်ခဲ့ပေ။

သူမသည် လုချန်းကို တပည့်အဖြစ် လက်ခံခဲ့ပြီးတာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း ဤကာလအတွင်း သူ့ကို မည်သည့် ကျင့်စဉ်မှ သင်ကြားပေးခဲ့ခြင်း မရှိပေ။

သူမ၏ ဆရာဘွဲ့သည် နာမည်ခံသာဖြစ်သည်။ ထိုဘွဲ့နှင့်အတူပါလာသော တာဝန်များကို နည်းနည်းမှ မဖြည့်ဆည်းခဲ့ပေ။

ဤအတိုင်း ဆက်သွားပါက လုချန်းက သူ၏ ဆရာမ အသုံးမကျဘူးဟု ခံစားရပြီး သူမအပေါ် မကောင်းသော အတွေးများ ထားရှိလာနိုင်သည်။ သူ့ကို သူမ၏ စွမ်းအားပြန်လည်ရရှိရန်အတွက်သာ တပည့်အဖြစ် လက်ခံခဲ့သည်ဟု တွေးတောမိမည် မဟုတ်ပါလား။

သူမတွင် ထိုအကြံအစည် ရှိခဲ့သော်လည်း ယခု သူ့ကို တပည့်အဖြစ် လက်ခံထားပြီး ဖြစ်သောကြောင့် ဆရာတစ်ယောက်၏ အခန်းကဏ္ဍအချို့ကို ဆက်လက်သရုပ်ဆောင်ရန် လိုအပ်နေသေးသည်။

လုချန်း ပြသခဲ့သော နည်းစနစ်များကို ထောက်ရှုလျှင် သူသည် အဆင့်မြင့် ကမ္ဘာတစ်ခုမှ လာခြင်းဖြစ်နိုင်၏။ ထိုသို့သော ကမ္ဘာလောကမှ ‌လာသောသူနှင့် ရန်သူဖြစ်ခြင်းက ကောင်းသောအရာတစ်ခု‌တော့ မဟုတ်ပေ။

ထိုလူတွင် ဘုန်းကံတစ်မျိုး ပါရှိလာပြီး ကြီးမားသော အခွင့်အရေးတစ်ခုနှင့် ကြုံတွေ့ပါက သူ၏ စွမ်းအားများ ရုတ်တရက် မြင့်တက်လာနိုင်သည်။ ထိုအခါ သူမ၏ စွမ်းအားကိုပင် ကျော်လွန်သွားနိုင်ပြီး ဆရာကို သစ္စာဖောက်သည့် လုပ်ရပ်များကိုပင် လုပ်ဆောင်လာနိုင်သည်။

သူ၏ ဆန္ဒအလျောက် လိုက်လိုက်လျောလျော အကျိုး‌ဆောင်စေလိုပါက သူ့အား အကျိုးအမြတ်အချို့ ပေးဖို့လိုအပ်မည်ဖြစ်သည်။ ချန်ဝမ်ရွန်သည် သူမက လုချန်းအား ပေးအပ်ထားသော အကျိုးအမြတ်တစ်ခုဖြစ်သော်လည်း သူမသည် လွတ်လပ်သောလူတစ်ဦးဖြစ်သည်။ ယွမ်ရှန်ရှန် အနေနှင့် လုချန်းကို ဆွဲဆောင်ရန် အခြားနည်းလမ်းတစ်ခု ရှာဖွေရမည်ဖြစ်သည်။

သူ့ကို ကျင့်စဉ်တစ်ချို့ သင်ကြားပေးသင့်သလား။

မည်သည့် ကျင့်စဉ်ကို သင်ကြားပေးခြင်းက အကောင်းဆုံး ဖြစ်မည်နည်း။

ယွမ်ရှန်ရှန်တစ်ယောက် အတွေးထဲ နစ်မြောသွားသည်။

......

တစ်ချိန်တည်းမှာပင်။

စာကြည့်ခန်း။

အနားယူခန်း။

ရွှီလင်လုံသည် နောက်တစ်ကြိမ် ရွှံ့နွံထဲကျသွားသကဲ့သို့ ခံစားရပြီး လွတ်မြောက်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။

အရင်တစ်ခေါက်က ရွှီလင်လုံ မသက်မသာ မဖြစ်စေရန်အတွက် လှုပ်ရှားမှုများတွင် ပါဝင်နေစဉ် ပြန်လည်သန်စွမ်းစေသော စွမ်းအားကို အသုံးပြုကာ သူမ၏ ဒဏ်ရာများကို ကုသပေးခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ ကွဲပြားသည်။ မကောင်းဆိုးဝါးဂိုဏ်းဝင် မှော်ဆရာမတစ်ဦးကို ကိုင်တွယ်ရန် ကွဲပြားသောနည်းလမ်းများ လိုအပ်သည်။ သူမကို အဆက်မပြတ်ကုသပေးခြင်းက မသင့်တော်ပေ။

ဤတစ်ကြိမ်တွင်တော့ ပြန်လည်သန်စွမ်းစေသောစွမ်းအားကို လုံးဝမသုံးတော့ပေ။ ထို့ကြောင့် ရွှီလင်လုံ ကြာကြာမခံနိုင်တော့မည်ကိုတော့ လုချန်း စိုးရိမ်နေသည်။

သူမက လုချန်းအပေါ် ညို့ငင်စွမ်းအား အသုံးပြုရန် ကြိုးစားလိုက်သည်။

“မင်း… မင်း… မြန်မြန်ထ။ မင်းရဲ့ လုပ်ရပ်တွေအတွက် အလွန်အပြစ်ရှိတယ်လို့ ခံစားရပြီး… အင်း…”

ရွှီလင်လုံ စကားမဆုံးခင်မှာပင် လုချန်းက သူမ၏ နှုတ်ခမ်းများကို သူ၏နှုတ်ခမ်းများဖြင့် ထပ်မံ ပိတ်လိုက်သည်။

ရွှီလင်လုံ အံ့ဩမှင်တက်သွားသည်။

ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။

သူမ၏ ညို့ငင်စွမ်းအားက အကျိုးသက်ရောက်မှု မရှိတော့ဘူးလား။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

အရင်က ကောင်းကောင်း အလုပ်လုပ်နေတာ မဟုတ်လား။

သူမ၏ ညို့ငင်စွမ်းအားကို အသုံးပြုလိုက်သဖြင့် လုချန်းရဲ့ အတွင်းစိတ်ဆန္ဒများကို လှုံ့ဆော်မိပြီး သူစိတ်လွတ်သွားခဲ့တာ မဟုတ်လား။

အခုတော့ ညို့ငင်စွမ်းအားကို ထပ်သုံးသော်လည်း လုချန်း လုပ်နေတာကို ရပ်တန့်ခိုင်း၍ မရနိုင်ဖြစ်နေသည်။

ရွှီလင်လုံ၏ စိတ်နှလုံးတွင် ကြီးမားသော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။

မကြာမီ သူမ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရစ်တော့သည်။

ငါ သေပြီ…

အချိန်မည်မျှကြာသွားသည်ကို မသိ အိပ်ရာပေါ်တွင် လဲလျောင်းနေသော ရွှီလင်လုံတစ်ယောက် သူမကို တစ်စုံတစ်ဦးက စကားပြောနေသည်ကို ဝေဝေဝါးဝါး ကြားလိုက်ရသည်။

“နတ်ဆိုးဂိုဏ်းက စုန်းမ။ ကျွန်တော့်ကို မင်းရဲ့ ညို့ငင်စွမ်းအားနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေတုန်းပဲလား။ အခု နောင်တရနေပြီ မဟုတ်လား။”

သူ ဟန်ဆောင်ရန် မလိုအပ်တော့ဟု လုချန်းခံစားရသည်။ သူ ပြုမူနေစဉ်အတွင်း ဤစုန်းမသည် သူ့နှင့် အလွန်အမင်း သဟဇာတဖြစ်သည်ကို တွေ့ရှိခဲ့သည်။ ထိုသို့ဖြစ်ပါက အဘယ်ကြောင့် ဤစုန်းမကို သူ၏ မိဖုရားဆောင်သို့ စောစောမခေါ်ပဲ နေရမည်နည်း။ သူ၏ မိဖုရားဆောင်တွင် သူ၏အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ခံနိုင်ရည်ရှိသော စုန်းမတစ် ယောက် လိုအပ်နေသည်။

ထိုစကားများကို ကြားသည်နှင့် ရွှီလင်လုံ ချက်ချင်း သတိပြန်ဝင်လာသည်။

ထိုအသံက လုချန်း၏ အသံဖြစ်သည်။

သူမ၏ ညို့ငင်စွမ်းအားကြောင့် လုချန်း စိတ်လွတ်သွားခဲ့ပြီ မဟုတ်ပါလား။

ဒါဆိုဘာလို့ ဒီလိုတိကျတဲ့ မှတ်ချက်တွေ ပေးနိုင် နေသေးတာလဲ။

ပြီးတော့ သူက သူမကို စုန်းမလို့ ခေါ်နေတာလား။

သူမ နတ်ဆိုးဂိုဏ်းမှ စုန်းမတစ်ဦးဖြစ်ကြောင်း သူ ဘယ်လိုသိတာလဲ။

ရွှီလင်လုံ ခေါင်းကို ချက်ချင်း လှည့်ကြည့်လိုက်သည်။ ထိုအခါ သူမကို ပျော်ရွှင်သော အမူအရာဖြင့် ကြည့်နေသော လုချန်းကို မြင်လိုက်ရသည်။

လုချန်း၏ မျက်လုံးများက တောက်ပနေပြီး ထိန်းချုပ်ခံနေရသူနှင့် လုံးဝမတူပေ။ ရွှီလင်လုံ၏ နှလုံးခုန်နှုန်း လုံးဝမြန်ဆန်သွားသည်။

သူ ဘယ်လိုလုပ် လုံးဝ လွတ်မြောက်သွားတာလဲ။ ညို့ငင်စွမ်းအားက အကျိုးမရှိတော့ဘူးလား။

အသက်ရှူကျပ်စွာဖြင့် ရွှီလင်လုံက

“မင်း… မင်း… ဘယ်တုန်းက… သတိဝင် သွားတာလဲ။”

လုချန်းက ပြုံးလျက်

“သတိဝင်တာ ဟုတ်လား။ ကျွန်တော်က အစကတည်းက ခင်ဗျားရဲ့ ညို့ငင်စွမ်းအားရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိခဲ့ဘူး။”

“ကျွန်တော် သရုပ်ဆောင်တာ ဘယ်လိုလဲ။ ယုံချင်စရာ ကောင်းတယ် မဟုတ်လား။”

လုချန်း၏ စကားက ရွှီလင်လုံ၏ စိတ်နှလုံးတွင် ကြီးမားသော ထိတ်လန့်မှုတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။

ပထမအကြိမ် သူမ လုချန်းကို အမိန့်ပေးသောအခါ သူ လုံးဝ လျစ်လျူရှုပြီး သားရဲတစ်ကောင်ကဲ့သို့ ပြုမူခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။ သူသည် အစကတည်းက ထိန်းချုပ်ခံခဲ့ရခြင်း မရှိပေ။ အရာအားလုံးက သရုပ်ဆောင်ထားခြင်း ဖြစ်သည်။

ဒါက သူ သူမ၏ သရုပ်မှန်ကို ကြိုတင်သိရှိနေပြီဟု ဆိုလိုသည်။

ပြေးရမည်… သူမ အမြန်ဆုံး ပြေးရမည်။

ထိုအတွေးဖြင့် ရွှီလင်လုံ ချက်ချင်း ခုခံရန် ကြိုးစားခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများ အားလုံး ပိတ်ဆို့ခံထားရသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။ ထို့ပြင် ခုနက ဖြစ်ပျက်ခဲ့သည့် လှုပ်ရှားမှုများကြောင့် သူမ၌ ခွန်အားလုံးဝ မရှိတော့ပေ။ ထို့ကြောင့် ယခု လုချန်းက ဖမ်းချုပ်ထားသောအခါ သူမ လုံးဝ ထွက်ပြေး၍ မရတော့ပေ။

ရွှီလင်လုံ နောက်တစ်ကြိမ် အံ့အားသင့်သွားသည်။

ဘာတွေဖြစ်နေတာလဲ...

သူမ၏စွမ်းအားတွေ ဘာကြောင့်ပိတ်ဆို့ခံထားရတာလဲ။

ကြောက်ရွံ့မှုနှင့် ရှက်ရွံ့မှု ရောယှက်နေသော အသံဖြင့် ရွှီလင်လုံက

“ရှင်… ရှင်… ကျွန်မကို ဘာလုပ်ထားတာလဲ”

လုချန်းက ပြုံးလျက်

“ဘာလုပ်ထားတာလဲ ဟုတ်လား။ ခင်ဗျား ကောင်းကောင်းသိသင့်တယ်။”

“နတ်ဆိုးဂိုဏ်းက စုန်းမ။ ခင်‌ဗျားကို ကျွန်တော် စေ့စေ့စပ်စပ် စစ်ဆေးမေးမြန်းရမယ်။ ဒါကြောင့် လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပေးလို့မရတာ သဘာဝပဲ။”

“တိုင်ယင်နတ်ဘုရားဂိုဏ်းရဲ့ သူတော်စင်မ။ ကျွန်တော့်ရဲ့ စစ်ဆေးမေးမြန်းခြင်းကို ခံယူဖို့ အဆင်သင့်ပြင်ထားပါ။”

ရွှီလင်လုံ၏ လှပသော မျက်လုံးများ ပြူးကျယ်လာပြီး သူမ၏ မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းကာ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း တောင့်တင်းသွားသည်။ လူတစ်‌ ယောက် ကြောက်စိတ်လွှမ်းခံရသောအခါ ထိုသူ၏ ကြွက်သားများအားလုံး တင်းမာလာတတ်သည်။ ထိုအချက်က ယခု လုချန်းအတွက် အဆင်ပြေစေသည်။

မယုံနိုင်စွာဖြင့် ရွှီလင်လုံက

“ရှင်… ရှင်… ဘယ်လိုလုပ်… သိနိုင်မှာလဲ။”

သူမသည် ယင်ယန်မှန်ကို အမြဲဆောင်ထားသူဖြစ်သည်။ ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသား သူမ၏ သရုပ်မှန်ကို ရှာဖွေတွေ့ရှိဖို့ မဖြစ်နိုင်ပေ။ သူမ၏ သရုပ်မှန်သာမက သူမ၏ သိုင်းပညာအဆင့်အတန်းကိုလည်း မသိသင့်ပေ။

သို့သော် ယခု သူက သူမ၏ သရုပ်မှန်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်သည်။

ထိုအခိုက်တွင် လုချန်းက သူမ၏ ခါးကို တင်းတင်းဖက်လိုက်ပြီး နားနား ကပ်၍ တီးတိုးပြောလိုက်သည်။

“တိုင်ယင်ဂိုဏ်းရဲ့ သူတော်စင်မ။ ကျွန်တော့်ရဲ့ စစ်ဆေးမေးမြန်းခြင်း စတင်တော့မယ်။”

ဤစကားများကို ကြားသောအခါ ရွှီလင်လုံ၏ ကြောက်ရွံ့မှုများ ထပ်မံ မြင့်တက်လာပြီး လုချန်း နားနား ကပ်ပြောသော စကားသံက နတ်ဆိုး၏ တီးတိုးကျီစယ်သံကဲ့သို့ ဖြစ်နေသည်။

အခန်း (၇၁၃ )

စစ်ပွဲအတွက် ပြင်ဆင်မှုများ စတင်ခြင်း (၁)

ရွှီလင်လုံသည် နောက်ဆုံးတွင် လုချန်း၏ ညလုံးပေါက် စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရသည်။ ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောထွေးနေသောကြောင့် သူမ၏ သတိတရားသည် လုံးဝပြိုလဲလုနီးပါး ဖြစ်ခဲ့ရသည်။

နောက်ဆုံးတွင် ရွှီလင်လုံ ရုန်းကန်ခြင်းကို လက်လျှော့လိုက်သည်။

မည်သို့ပင်ဖြစ်စေ သူမ ထွက်ပြေး၍မရကြောင်း ရွှီလင်လုံ သဘောပေါက်သွားသည်။ မြောက်ပိုင်းနယ်စားမင်းသားက သူမကို သတ်လိုပါက သူမသည် အသတ်ခံရရန်စောင့်နေရသော သိုးငယ်တစ်ကောင်မျှသာ ဖြစ်‌ပေလိမ့်မည်။

ထို့ပြင် လုချန်း သူမကို တကယ်သတ်လိုပါက ဤမျှကြာအောင် မစောင့်ပဲ အရေးယူပြီးဖြစ်မည်ဟု သူမ ယုံကြည်သည်။ ဤလူအတွက် သူမ အသုံးဝင်နေဆဲဖြစ်မည်။

မည်သို့ပင်ဆိုစေ သူမသည် တိုင်းယင်နတ်ဆိုးဂိုဏ်း၏ သူတော်စင်မ ဖြစ်သည်။ သူမကို ထိန်းချုပ်ထားပါက သူသိလိုသော ထောက်လှမ်းရေးအချက်အလက်အချို့ ရယူနိုင်မည်ဖြစ်သည်။

သို့သော် ပြောရမည်ဆိုလျှင် သူက သူမကို စစ်ဆေးမည်ဟု ပြောခဲ့သော်လည်း အခြားကိစ္စများဖြင့် အလုပ်ရှုပ်နေခဲ့သည်။ သူမကို အင်အားကုန်လုနီးပါး နှိပ်စက်ခဲ့သော်လည်း သူသည် တိုင်ယင်နတ်ဆိုးဂိုဏ်းအကြောင်းကို တစ်ခါမှ မမေးခဲ့ပေ။

ဒါ ဘယ်လို စစ်ဆေးမေးမြန်းခြင်းမျိုးလဲ။ စစ်ဆေးမေးမြန်းခြင်းဆိုသည်မှာ မေးခွန်းများ ပါဝင်သင့်သည် မဟုတ်လား။

ဤလူဆိုးက သူမ၏စိတ်ဓာတ်များ လုံးဝကျဆင်းသွားသည်အထိ စောင့်ဆိုင်းပြီးမှ မေးခွန်းများ မေးရန် ကြံစည်နေသည်ဟု ရွှီလင်လုံ သံသယရှိလာသည်။

မနက်ခင်း၏ ပထမဆုံး နေရောင်ခြည်များ အခန်းထဲသို့ ထွန်းလင်းလာချိန်တွင် လုချန်းသည် ရွှီလင်လုံ၏ ဘေးတွင် လဲလျောင်းလျက် သူမ၏ ကိုယ်ခန္ဓာကို ပွေ့ဖက်ထားသည်။ ဤအချိန်တွင် ရွှီလင်လုံထံ၌ ရုန်းကန်ရန် အတွေးများ လုံးဝမရှိ‌တော့ပေ။

အချိန်အတန်ကြာမြင့်ပြီးနောက် ရွှီလင်လုံက “ရှင် ကျွန်မကို စစ်မေးမယ်လို့ ပြောခဲ့တာ။ ဒါပေမဲ့ တစ်ညလုံးကုန်သွားတာတောင် မေးခွန်းတစ်ခုမှ မမေးခဲ့ဘူး”

လုချန်းက ပြုံးလျက်

“ဘာမေးစရာရှိလို့လဲ။ ခင်ဗျားတို့ နတ်ဆိုးဂိုဏ်းက မြောက်ပိုင်းပြည်နယ်ကို လာတာ ကောင်းတဲ့ကိစ္စ ဖြစ်နိုင်စရာမရှိဘူး။ ဖျက်ဆီးဖို့ လာတာပဲ ဖြစ်နိုင်ခြေများတယ်”

ဒါက...

ရွှီလင်လုံ နှလုံးတုန် သွားသည်။

လုချန်းသည် သူမ ထိုနတ်ဆိုးဂိုဏ်း၏ သူတော်စင်မ ဖြစ်ကြောင်း သိရုံသာမက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ သူမရောက်ရှိလာရခြင်း၏ ရည်ရွယ်ချက်ကိုပါ သိနေသည်။

ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။

ချက်ချင်းပင် ဖြစ်နိုင်ခြေတစ်ခုကို ရွှီလင်လုံ စဉ်းစားမိလိုက်သည်။

လုချန်းက တိုင်ယင်နတ်ဆိုးဂိုဏ်းအကြောင်းကို ဒီလောက်ကောင်းကောင်း သိနေသည်ဆိုပါက ဂိုဏ်းအတွင်းတွင် သစ္စာဖောက်တစ်ဦးရှိပြီး ဂိုဏ်း၏ လျှို့ဝှက်ချက်များ သူ့ဆီသို့ ပေါက်ကြားသွားခဲ့သည်ဟု ဆိုလိုပေသည်။

ထို့ပြင် သစ္စာဖောက်သည် ဂိုဏ်းအတွင်း အရေးပါသူ ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် သူမ မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာကြောင်းကို ဂိုဏ်းသားအတော်များများပင် မသိခဲ့ကြပေ။ သိထားကြသူများပင် သူမ ဘာလုပ်ရန်လာသည်ကို သိကြမည်မဟုတ်ပေ။ ရာထူးကြီးသော အဖွဲ့ဝင်အနည်းငယ်မျှသာ သူမ၏ မြောက်ပိုင်းပြည်နယ်ရှိ တာဝန်ကို သိရှိခဲ့ကြသည်။

လုချန်းက ဘယ်လိုလုပ်ခဲ့တာလဲ။

တိုင်ယင်ဂိုဏ်း၏ တပည့်များသည် ဂိုဏ်းချုပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိကြပြီး ဂိုဏ်း၏ အကြီးအကဲများလည်း ထို့အတူပင် ဖြစ်သည်။ ၎င်းတို့၏ ဂိုဏ်းချုပ် သေဆုံးသွားခဲ့သော်လည်း သူ၏ဝိညာဉ်က ဆက်လက်အသက်ရှင်နေဆဲ ဖြစ်သည်။ ထိုတပည့်များတွင် ပုန်ကန်လိုစိတ် ဖြစ်ပေါ်လာပါက သွေးအိုင်တစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားကြမည်ဖြစ်သည်။

သို့သော်...

သူမ ကိုယ်တိုင်လည်း ဂိုဏ်းချုပ်အား သစ္စာဖောက်ရန် စဉ်းစားခဲ့ဖူးသည်။ အထူးသဖြင့် ပြီးခဲ့သည့်ညက သူမ၏စိတ်ခံစားမှုများ မြင့်တက်နေချိန်တွင် မြောက်ပိုင်းနယ်စားမင်းသားအား လက်နက်ချပြီး သူ၏မိန်းမဖြစ်ရန်ပင် စဉ်းစားခဲ့ဖူးသည်။

သူမသည် ပြီးခဲ့သည့်ညက သွေးအိုင်အဖြစ် ပြောင်းလဲသွားသင့်သော်လည်း အခုထိ ဘာလို့ အသက်ရှင်နေပြီး ကျန်းမာနေရတာလဲ။

ဖြစ်နိုင်တာက...

သူတို့၏ ဂိုဏ်းချုပ် တစ်ခုခုဖြစ်ခဲ့တာလား။

ဒါမှမဟုတ် သူ့ရဲ့စွမ်းအားတွေက သူတို့ကို မထိန်းချုပ်နိုင်တော့တာလား။

ထိုအတိုင်းသာဖြစ်ပါက တိုင်ယင်ဂိုဏ်း၏ အကြီးအကဲများ သစ္စာဖောက်ကြခြင်းက ထူးဆန်းတော့မည် မဟုတ်ပေ။

ရွှီလင်လုံ အတွေးထဲနစ်မြောနေစဥ် လုချန်း၏လက်က သူမ၏ကိုယ်ပေါ် လှည့်ပတ်သွားလာနေပြီး သူမ၏နားနား ကပ်ကာ

“အစကတော့ ခင်ဗျားနဲ့ ဆက်ပြီး ဟန်ဆောင်နေဖို့ စီစဉ်ထားတာ။ ခင်ဗျားရဲ့ သရုပ်မှန်ကို ဘာလို့ ဒီလောက် မြန်မြန် ထုတ်ဖော်ခဲ့လဲဆိုတာ သိလား။”

ရွှီလင်လုံက

“ရှင်က ကျွန်မကို ဖယ်ရှားပစ်ဖို့ ရည်ရွယ်တာလား။”

ထိုအချိန်တွင် ရွှီလင်လုံ၏ရင်ထဲ ကြောက်ရွံ့မှုအနည်းငယ် ခံစားလိုက်ရသည်။ သူမ

ဤကံကြမ္မာမှ လွတ်မြောက်နိုင်မည်မဟုတ်ဟု ခန့်မှန်းထားခဲ့သော်လည်း သေခြင်းတရားကို လက်တွေ့ရင်ဆိုင်ရခြင်းက သူမကို နက်ရှိုင်းစွာ ထိတ်လန့်စေတုန်း ဖြစ်သည်။

လုချန်းက ရယ်မောလျက်

“ဘယ်လိုလုပ် အဲ့လိုဖြစ်နိုင်မှာလဲ။”

စကားပြောနေစဥ် လုချန်းက ရွှီလင်လုံ၏ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း

“ကျွန်တော် အခုတလော မိန်းမအစေခံတစ်ဦး လိုချင်နေခဲ့တာ။ ခင်ဗျားက ကျွန်တော့်စိတ်ကြိုက် ဖြစ်နေတယ်။ ပြီးတော့ ခင်ဗျားက နတ်ဆိုးဂိုဏ်းက သူတော်စင်တစ်ပါးဖြစ်နေတော့ ခင်ဗျားကို ဘာလုပ်လုပ် ကျွန်တော် အပြစ်စွဲစိတ် ဖြစ်မှာမဟုတ်ဘူး။”

ထိုစကားကို ကြားသောအခါ ရွှီလင်လုံက ခပ်ဖွဖွပြုံးလိုက်ပြီး

“ဒါဆို ဒါက မင်းသား စိတ်ထဲမှာရှိတဲ့ ရည်ရွယ်ချက်ပဲပေါ့။”

“ကျွန်မကို ရှင့်ရဲ့ အစေခံအဖြစ် ခန့်ချင်တာလား။ ကျွန်မလို နတ်ဆိုးဂိုဏ်းက လူတစ်ယောက်က မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ထိခိုက်နစ်နာအောင် လုပ်မှာ မကြောက်ဘူးလား။”

လုချန်းက ဂရုမစိုက်ဟန်ဖြင့်

“ကျွန်တော့်အတွင်းဆောင်က အမျိုးသမီးတစ်ချို့လည်း အရင်က အဲ့ဒီလိုစကားမျိုး ပြောခဲ့ဖူးတယ်။ နောက်ဆုံးတော့ သူတို့ထဲက တချို့ကို ကျွန်တော်က လုံးဝ နာခံအောင် လုပ်နိုင်ခဲ့ပြီး တချို့ဆို ကျွန်တော့်ကလေးတွေကိုတောင် မွေးဖွားပေးခဲ့ကြတယ်။”

လုချန်း၏စကားကို ကြားသောအခါ ရွှီလင်လုံ အံ့အားသင့်သွားသည်။

လုချန်းက ပြုံးလျက်

“မယုံမရှိနဲ့။ ခင်ဗျား အတွင်းဆောင်ထဲ ရောက်တာနဲ့ မကြာခင်မှာ ခင်ဗျားလို အတွေ့အကြုံမျိုးရှိတဲ့ အမျိုးသမီးတွေ အများကြီး ရှိတယ်ဆိုတာ တွေ့ရလိမ့်မယ်။”

“သူတို့ထဲက တချို့က အစကတုန်းက ကျွန်တော့်ကို သတ်ဖို့လာခဲ့ကြတာ။ ကျွန်တော့်ကို မသတ်နိုင်ရုံသာမကပဲ သူတို့ ကိုယ်တိုင်ပါ ထောင်ချောက်မိပြီး တစ်သက်လုံး ကျွန်တော့်ဆီကနေ မခွဲနိုင်တော့ဘူး။”

ရွှီလင်လုံ တိတ်ဆိတ်သွားသည်။ လုချန်း၏လေသံအရ သူ လိမ်မပြောကြောင်း သူမသိသည်။

ပြီးတော့ လုချန်းတွင် သူမကို လိမ်ညာရန် အကြောင်း မရှိပေ။ သူမကဲ့သို့ လုချန်းကို ဒုက္ခပေးရန် ရည်ရွယ်ချက်ရှိခဲ့သော်လည်း နောက်ဆုံးတွင် သူ၏လက်အောက်ခံဖြစ်သွားခဲ့သော အမျိုးသမီးတွေ မင်းသားစံအိမ်မှာ တကယ်ရှိနေတာလား။

ထို့နောက် ရွှီလင်လုံက

“သူတို့က သူတို့။ ကျွန်မက ကျွန်မပဲ။ မင်းသားက ကျွန်မကို နာခံတဲ့ အစေခံတစ်ဦးဖြစ်အောင် လုပ်နိုင်တယ်လို့ ထင်ရင်တော့ ကိုယ့်ကိုယ်ကို လိမ်လည်လှည့်ဖြားနေတာပဲဖြစ်လိမ့်မယ်။”

ထိုအခိုက်အတန့်တွင် လုချန်းက ရွှီလင်လုံ၏နားနား ကပ်ကာ အသံနိမ့်နိမ့်ဖြင့်

“သူတို့လည်း အဲ့လိုပဲ ပြောခဲ့ကြတာ။ ဝူနိုင်ငံတော်ရဲ့ မင်းသမီး ဝူကျန်းဝမ်လည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ရောက်လာတုန်းက ဒီလိုပဲ တွေးခဲ့တာ။ ဒါပေမဲ့ အခုတော့ သူက ကိုယ့်ကိုယ်ကိုယ် မင်းသားစံအိမ်ရဲ့ အစိတ်အပိုင်းတစ်ခုလို့ သဘောထားပြီး မိဖုရားကို လုပ်ငန်းကိစ္စတွေကူညီနေပြီ။”

.............

အခန်း (၇၁၄ )

စစ်ပွဲအတွက် ပြင်ဆင်မှုများ စတင်ခြင်း (၂)

လုချန်း၏စကားများက ရွှီလင်လုံကို တစ်ဖန် အံ့အားသင့်စေပြန်သည်။

“ဘာ။ ရှင်က ဝူနိုင်ငံတော်ရဲ့ မင်းသမီးကိုတောင် အခွင့်အရေးယူခဲ့တယ်...”

ရွှီလင်လုံ မယုံနိုင်အောင် ဖြစ်သွားသည်။ ဝူနိုင်ငံတော် စစ်ရှုံးခဲ့ပြီး ဝူကျန်းဝမ်လည်း ဓားစာခံအဖြစ် မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာခဲ့သည်။

ဒီ ယုတ်မာတဲ့လူက ဝူကျန်းဝမ်ကိုလည်း သိမ်းပိုက်ခဲ့တာလား။

ဒါက သဘာဝ‌တော့ကျသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် ကာမဂုဏ်အလွန်ခံစားလိုသော လူတစ်ဦးဟု ဆိုကြပြီး သူမြင်သမျှ လှပသည့် အမျိုးသမီးတိုင်းကို သူ၏ ‌မိဖုရား‌ဆောင်ထဲ ထည့်ရန် အစဉ်အမြဲကြံစည်နေသူဖြစ်သည်။

ဝူကျန်းဝမ်ကဲ့သို့သော လှပသော အမျိုးသမီးတစ်ဦးကို မြောက်ပိုင်းနယ်စားမင်းသား၏စံအိမ်သို့ ပို့လိုက်ပါက သူမ၏ကံကြမ္မာအကြောင်းတွေးတောရန်ပင် မလိုတော့ပေ။

သတိပြန်ဝင်လာသောအခါ ရွှီလင်လုံက ခပ်ပြုံးပြုံးဖြင့်

“မင်းသား။ ရှင်က တိုင်ယင်ဂိုဏ်းကို အလေးအနက် မထားတာပဲ။ ကျွန်မတို့ ဂိုဏ်းချုပ်က သူ့ရဲ့တပည့်တွေအပေါ်မှာ အစွမ်းထက်တဲ့ ထိန်းချုပ်မှုရှိတယ်။ အဲ့ဒါကြောင့်ပဲ သူကကျွန်မတို့ နတ်ဆိုးဂိုဏ်းတွေရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့တာ။”

“ကျွန်မသာ တိုင်ယင်ဂိုဏ်းကို သစ္စာဖောက်ခဲ့ရင် သွေးအိုင်အဖြစ် ချက်ချင်းပြောင်းသွားမှာ။ ကျွန်မကို ရှင့်အစေခံဖြစ်အောင် ထိန်းချုပ်ဖို့ စဉ်းစားတာဟာက ရူးသွပ်သူတစ်ယောက်ရဲ့ အိပ်မက်တစ်ခု သက်သက်ပဲ။”

လုချန်းက ရွှီလင်လုံ၏နားနား ကပ်ကာ

“လင်လုံ။ ကိုယ့်ကိုယ်ကို မလှည့်ဖြားပါနဲ့။ ခင်ဗျား ကျွန်တော့်ကို ဖြားယောင်းဖို့ ကြိုးစားခဲ့တဲ့ အချိန်ကတည်းက ခင်ဗျားရဲ့ တိုင်ယင်ဂိုဏ်းကို သစ္စာဖောက်ပြီးသားပဲ။ ကျွန်တော့်နဲ့အတူရှိနေတုန်း ခင်ဗျား ကျွန်တော့်နဲ့ တစ်သက်လုံး အတူနေဖို့ တစ်ခါမှ မစဉ်းစားခဲ့ဘူးလို့ ပြောရဲလား။”

“ဒါတောင် ခင်ဗျားက အခုထိ အသက်ရှင်နေသေးပြီး ကျွန်တော့်လက်ထဲမှာပဲ ရှိနေတုန်းပဲ။”

လုချန်းက ထိုသို့ပြောလိုက်သောအခါ ရွှီလင်လုံ တစ်ဖန် တိတ်ဆိတ်သွားသည်။ သူလည်း ထိုမေးခွန်းကို စဉ်းစားနေကြောင်း သဘောပေါက်သွားသည်။

ဘာတွေဖြစ်နေမှန်း သူမနားမလည်ခဲ့ပေ။

သူမက သူတော်စင်မ ဖြစ်သောကြောင့် ဂိုဏ်းချုပ်က ခွင့်လွှတ်ပေးနေတာလား။ သူမ၏ သေးငယ်သော သစ္စာဖောက်လိုစိတ်များက သူမကို သွေးစက်များ အဖြစ်ပျက်စီးသွားအောင် လုပ်ဆောင်ဖို့ မလုံလောက်သေးတာလား။

ရွှီလင်လုံ အတွေးထဲနစ်မြောနေသည်ကို မြင်သောအခါ လုချန်းက ဆက်ပြောလိုက်သည်။

“လူတစ်ဦးကို ထိန်းချုပ်ဖို့ အခြေခံအားဖြင့် နည်းလမ်းသုံးမျိုးရှိတယ်။ ပိုးကောင်အသုံးပြုတာ၊ ဆေးဝါးအသုံးပြုတာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ လှည့်စားခြင်းပဲ။”

“ဘယ်နည်းလမ်းပဲဖြစ်ဖြစ် ကျွန်တော့်ရှေ့မှာ တော့ အားလုံး ပျောက်ကွယ်သွားလိမ့်မယ်။”

“ပိုးကောင်ကြောင့် ထိခိုက်ခံရတာ ဒါမှမဟုတ် ဆေးတစ်မျိုးမျိုး သောက်ထားခဲ့တာဆိုရင် ကျွန်တော်က ပိုးကောင်ကို တိုက်ရိုက်ထုတ်ယူနိုင်တယ် ဒါမှမဟုတ် ခန္ဓာကိုယ်ထဲက ဆေးကို ချေဖျက်နိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုကတော့ ပိုလို့တောင် ရိုးရှင်းတယ်။ ကျွန်တော်လည်း စိတ်နှလုံး ထိန်းချုပ်တဲ့ပညာကို ပိုင်ဆိုင်တယ်။ ကျွန်တော် ခင်ဗျားအပေါ် အဲ့ဒီပညာ သုံးလိုက်ရင် ခင်ဗျားခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုတွေ အားလုံး ပျောက်ကွယ်သွားလိမ့်မယ်။”

“ခင်ဗျားအခု တိုင်းယင်နတ်ဘုရားဂိုဏ်းရဲ့ ချုပ်ချယ်မှုတွေကနေ လုံးဝ လွတ်မြောက်သွားပြီ။”

လုချန်း၏စကားကို ကြားသောအခါ ရွှီလင်လုံ အနည်းငယ် တွေဝေသွားသည်။ အတန်ကြာပြီးမှ သူမက

“မဖြစ်နိုင်ဘူး... ဘယ်သူကများ ဂိုဏ်းချုပ်ရဲ့ ထိန်းချုပ်မှုကို ချိုးဖျက်နိုင်မှာလဲ။”

လုချန်းက

“ခင်ဗျားကိုယ်တိုင်က ပြီးပြည့်စုံတဲ့ သက်သေပါပဲ။”

ရွှီလင်လုံ တစ်ဖန် တိတ်ဆိတ်သွားသည်။

ရုတ်တရက် တစ်စုံတစ်ခုကို သူမ ပြန်သတိရမိလိုက်သည်။ သူမ လုစံအိမ်ကို ပြန်ရောက်ပြီးကတည်းက ညတိုင်း အိပ်မပျော်ပဲ သူမနဲ့ လုချန်းအတူရှိခဲ့သော မြင်ကွင်းများက သူမသူမ၏ခန္ဓာကိုယ်မငြိမ်မသက်ဖြစ်စေပြီး အပူလောင်နေရသလို ခံစားနေရသည်ကို တွေးမိလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် သူမသည်လည်း လုချန်း၏ ညို့ငင် စွမ်းအား၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ လုချန်းသည် ယောက်ျားတစ်ဦးဖြစ်ပြီး ထိုကဲ့သို့သောစွမ်းအားများကို အသုံးပြုတတ်သည်။

သူသည် သူ့ကိုယ်သူ အလွန်ယုံကြည်မှုရှိပြီး မြောက်ပိုင်းနယ်စားမင်းသား၏စံအိမ်တွင် သူ့အားအန္တရာယ်ပြုခဲ့ဖူးသော အမျိုးသမီးများကိုပင် ထိန်းသိမ်းထားရဲခြင်းက အံ့သြစရာမရှိပေ။

ထိုသို့တွေးကြည့်လျှင်တော့ ထိုအမျိုးသမီးများသည် ယခု ရုပ်သေးရုပ်များသာဖြစ်နေကြပြီး သူတို့၏ကိုယ်ပိုင်သိစိတ်များ ပျောက်ဆုံးသွားပြီဖြစ်သည်။

သူမကတော့ စိတ်ဝိညာဉ်မဲ့သော ရုပ်သေးရုပ်တစ်ရုပ် ဖြစ်လာတာကို လက်မခံနိုင်ပါ။

ရွှီလင်လုံက

“မျှော်လင့်ချက်တွေ မထားပါနဲ့။ ကျွန်မ အခု ရှင့်လက်ထဲမှာ ရှိနေပြီ။ သတ်ချင်လည်း သတ်။ ခုတ်ပိုင်းချင်လည်း ခုတ်ပိုင်း။ အထိန်းချုပ်ခံပြီး ရှင့်အတွက် ကစားစရာ ဖြစ်နေတာကိုတော့ လက်မခံနိုင်ဘူး။”

ရွှီလင်လုံ စိတ်ပိုင်းဖြတ်လိုက်သည်။ စိတ်မဲ့ခန္ဓာကိုယ်ဖြင့် ရိုးရိုးကစားစရာတစ်ခုလို အသက်ရှင်နေရမယ့်အစား သူမ သေရတာက ပိုကောင်းသည်။

မည်သို့ပင်ဆိုစေ သူမသည် မိဘမဲ့ကလေးဘဝဖြင့် တိုင်ယင်ဂိုဏ်း၏ ပြုစုပျိုးထောင်မှုအောက်တွင် ကြီးပြင်းလာခဲ့သူဖြစ်သည်။ သူမတွင် နက်ရှိုင်းသော သံယောဇဥ်များလည်း မရှိပေ။ သေခြင်းတရားသည် သူမအတွက် လွတ်မြောက်ခြင်းတစ်ခုလို ဖြစ်နေသည်။

သို့သော် သူမ မကြာမီသေဆုံးတော့မည့် အဖြစ်ကို တွေးလိုက်မိသောအခါ ရွှီလင်လုံ ဝမ်းနည်းသွားသည်။ အကူအညီမဲ့သော မိန်းကလေးဘဝမှ တိုင်းယင်ဂိုဏ်းအတွင်း သူတော်စင်မ အဆင့်အထိ ရောက်ရှိလာခဲ့ပြီးနောက် သူမလိုချင်သမျှ အရာအားလုံးကို သူမ၏ ကြီးမားသော စွမ်းအားဖြင့် ရရှိနိုင်လိမ့်မည်ဟု ရွှီလင်လုံ ထင်မှတ်ခဲ့သည်။

ယခုလို အဆုံးသတ်သို့ ရောက်ရှိလာလိမ့်မည်ဟု သူမ လုံးဝမမျှော်လင့်ခဲ့ပေ။

ထိုသို့ စဉ်းစားရင်း သူမ၏မျက်လုံးများကို မှိတ်ကာ သေခြင်းတရားကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

သို့သော် သေဆုံးခြင်းက သူမထံသို့ မရောက်ရှိလာခဲ့ပေ။ ထိုအစား သူက သူမကို ထပ်မံ၍ ထိုသို့ စတင်လုပ်ဆောင်ပြန်သည်။ ရွှီလင်လုံ စိတ်ပျက်စွာဖြင့် သူမ၏နှုတ်ခမ်းကို ကိုက်လိုက်သည်။

သူက သူမကို မသတ်ခင် တစ်ခါထပ်ပြီး သူ့ဆန္ဒကို ဖြည့်ဆည်းချင်တာလား။

ကောင်းပြီ...

အနည်းဆုံးတော့ နာကျင်မှုမရှိသော သေဆုံးခြင်းမျိုးဖြစ်လိမ့်မည်။

သို့သော် အရာအားလုံး ပြီးဆုံးသွားပြီးနောက်တွင်လည်း လုချန်းက သူမကို မသတ်သေးပေ။ ရွှီလင်လုံ၏ အသိစိတ် ပြန်လည်ကြည်လင်လာသောအခါ လုချန်းက အိပ်ရာပေါ်မှ ထကာ အဝတ်အစားများ ဝတ်ဆင်နေပြီ ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ရွှီလင်လုံ မယုံနိုင်အောင်ပင် ဖြစ်သွားသည်။

“ရှင် ကျွန်မကို မသတ်တော့ဘူးလား။”

သူမ၏အသံကို ကြားသောအခါ လုချန်းက ရွှီလင်လုံကို လှည့်ကြည့်ကာ ပြုံးလျက်

“အိမ်ရှေ့မင်းသားနဲ့ ကျွန်တော်က ညီအစ်ကိုကောင်းတွေပဲ။ ပြီးတော့ ခင်ဗျားက ကျွန်တော့်ရဲ့ လင်လုံပဲ။ ကိုယ့်မရီးကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ။”

ရွှီလင်လုံ နှာခေါင်းရှုံ့လိုက်သည်။ လုချန်း၏ အဓိပ္ပာယ်မရှိသော စကားကို သူမ လုံးဝ မယုံကြည်ပေ။ သူမနှင့် ထိုသို့လုပ်ပြီးနောက်တွင်ပင် သူက ညီအစ်ကို ရင်းနှီးမှုအကြောင်းပြောရဲနေသေးသည်။

ဘယ်လောက်တောင် ဟန်ဆောင်ကောင်းတဲ့လူလဲ။

ထို့နောက် ရွှီလင်လုံက

“ရှင် နောင်တရလိမ့်မယ်။”

ထို့နောက် လုချန်း စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် အိပ်ရာပေါ်မှ လျင်မြန်စွာ ဆင်းကာ အဝတ်အစားများ အလျင်အမြန် ဝတ်ဆင်လိုက်သည်။

အဝတ်အစားဝတ်ဆင်ပြီးသည်နှင့် ရွှီလင်လုံလည်း စာကြည့်ခန်းမှ ချက်ချင်းထွက်ခွာကာ လုစံအိမ်သို့ အလျင်အမြန် ပြန်လာခဲ့သည်။

လုစံအိမ်သို့ ပြန်ရောက်သည်နှင့် သူမ ပထမဆုံးလုပ်မည့်အရာက တိုင်ယင်ဂိုဏ်း၏ တပည့်များကို စုရုံးရန်ဖြစ်သည်။ သူတို့အားလုံး ရန်ခရိုင်မှ ထွက်ခွာရမည်။ မြောက်ပိုင်းနယ်စားမင်းသားသည် အလွန်အန္တရာယ်များသည်။ သို့သော် သူမ၏ အခြားစိတ်ဆန္ဒတစ်ခုက‌တော့ သူတို့၏ဂိုဏ်းခေါင်းဆောင်ပြန်လည်ရှင်သန်ရေးအတွက် မြောက်ပိုင်းနယ်စားမင်းသားကို ယဇ်ကောင်အဖြစ် အသုံးပြုရန် ဆက်လက်အဆိုပြုနေဆဲဖြစ်သည်။

.............

All Chapters