← Chapters

အခန်း ၇၁၈-၇၂၀

Vol. 48 Ch. 718-720

အခန်း ၇၁၈-၇၂၀

Vol. 48 Ch. 718-720

အခန်း (၇၁၈)

ရောက်လာပြီဆိုတော့ (၁)

“ငါက ကောင်းကင်လူသား ကောင်းကင်လူသား စွမ်းအားရှင်အဆင့်ကို ပြန်လည်ရောက်ရှိပြီဆိုပေမဲ့ ဆွမ်ဧကရာဇ်က ကောင်းကင်လူသား စွမ်းအားရှင်ကို သတ်နိုင်တဲ့ လက်နက်တစ်မျိုးကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ငါအနေနဲ့ မင်းကို ကူညီဖို့ ခက်ခဲသွားလိမ့်မယ်လို့ ထင်တယ်။”

ယွမ်ရှန်ရှန်သည် မိုက်မဲသူမဟုတ်ချေ။ သူမ၏ အသက်ကို ခြိမ်းခြောက်မှုမရှိပါက သူမပါဝင် ဆောင်ရွက်ရန် ဆန္ဒရှိမည်ဖြစ်သည်။

သို့သော် ပြိုင်ဘက်တွင် သူမကို သတ်နိုင်သော လက်နက်တစ်ခုရှိနေပါက သူမ အလောတကြီး ရှေ့တိုးမည် မဟုတ်သည်က သေချာသည်။

တစ်နေ့တွင် ဤကမ္ဘာမှ ထွက်ခွာပြီး သူမ၏ ဇာတိဖြစ်သော အထက်လောကသို့ ပြန်သွားရန် သူမ အိပ်မက် မက်နေဆဲပင်။ သူမသာ ဤကမ္ဘာတွင် သေဆုံးခဲ့ပါက မည်သို့ ပြန်သွားနိုင်မည်နည်း။

ယွမ်ရှန်ရှန်၏ စကားကို ကြားသောအခါ လုချန်း စိတ်ထဲမှ ပြုံးလိုက်မိသည်။ သူ၏ နတ်သမီးဆရာမ သေခြင်းတရားကို ဤမျှ ကြောက်ရွံ့လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သို့သော် သေခြင်းတရားကို ကြောက်ရွံ့ခြင်းသည် သဘာဝကျသော သာမန်လူသားတို့၏ စိတ်ခံစားမှုတစ်ခု ဖြစ်သည်။

သို့သော် စွမ်းအားရှင်များကို သတ်နိုင်သည့် ထိုလက်နက်ကို မည်သို့ဖယ်ရှားရမည်နည်း။

ကောင်းကင်လူသား စွမ်းအားရှင်များကို ခြိမ်းခြောက်သော လက်နက်တစ်ခုရှိနေသဖြင့် သူတို့ ပေါ့ပေါ့ဆဆ လှုပ်ရှားလို့ မဖြစ်နိုင်တာ ထင်ရှားသည်။ စွမ်းအားရှင်တစ်ဦး ပါဝင်လာပြီးနောက် ချက်ချင်း အသတ်ခံရမည်ဆိုပါက အလွန်ကြီးမားသော ဆုံးရှုံးမှုဖြစ်သွားမည် မဟုတ်ပါလား။

လုချန်း တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ယွမ်ရှန်ရှန်က

“မင်း အရမ်း စိတ်ပူစရာမလိုပါဘူး။ ယေဘုယျအားဖြင့် ဒီလိုလက်နက်မျိုးတွေကို အကြိမ်ပေါင်းများစွာ အသုံးပြုလို့မရပါဘူး။ အရိပ်အယောင် ကောင်းကင်လူသားတစ်ဦးက သုံးမယ်ဆိုရင်တောင် တစ်ကြိမ်ပဲ သုံးနိုင်မှာပါ။”

ထိုစကားကို ကြားသောအခါ လုချန်း အနည်းငယ် အကူအညီမဲ့သလို ခံစားလိုက်ရသည်။ ယွမ်ရှန်ရှန်မှအပ မြောက်ပိုင်းပြည်နယ်တွင် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးသာ ရှိတော့သည်။ ထိုလက်နက်ကို တစ်ကြိမ်သာ အသုံးပြုနိုင်သော်လည်း ရွှမ်ယွမ်ချောင်ကဲကို ထိခိုက်စေပါက မြောက်ပိုင်းပြည်နယ်အတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်လာလိမ့်မည်။

သူ နဂါးနက်နိုင်ငံတော်မှ ကောင်းကင်လူသား စွမ်းအားရှင်ကို ခေါ်ယူသင့်သလား။

နဂါးနက်နိုင်ငံတော်၏ အဓိကတာဝန်မှာ မြူခိုးဒေသကို စောင့်ကြည့်ရန်နှင့် ကျူးနိုင်ငံတော်ကို ဖိအားပေးရန်ဖြစ်သည်။ သူတို့၏ ကောင်းကင်လူသား စွမ်းအားရှင်ကို ပေါ့ပေါ့တန်တန် ခေါ်ယူ၍မရပေ။

နဂါးနက်နိုင်ငံတော်မှ ကောင်းကင်လူသား စွမ်းအားရှင်ကို ခေါ်ယူနိုင်သော်လည်း ရှနိုင်ငံတော် နန်းတွင်းမှ ကောင်းကင်လူသား စွမ်းအားရှင်ကို သတ်နိုင်သော လက်နက်ကို မတွေ့ရှိရသေးခင်အထိတော့ သူတို့ အလျင်စလို လုပ်ဆောင်၍ ရမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်လူသား စွမ်းအားရှင်များသည် ဤကမ္ဘာပေါ်တွင် အမြင့်ဆုံးသော တိုက်ခိုက်ရေးစွမ်းအားအဖြစ် လူသိများပြီး တစ်ဦးဆုံးရှုံးရခြင်းသည် ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်သည်။

သို့သော် တောင်ပိုင်းသို့ချီတက်ရန် အစီအစဉ်က သေချာပေါက် ဆက်ရှိနေမည် ဖြစ်သည်။ ဆွမ်ဧကရာဇ်တွင် စွမ်းအားရှင်များကို သတ်နိုင်သည့် လက်နက်ရှိသည်ဟူသောအကြောင်းပြချက်ဖြင့် တောင်ပိုင်းသို့ချီတက်ခြင်းကို ရပ်တန့်၍ မရပေ။

ထိုအခိုက်အတန့်တွင် ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ မကြာမီ မိီးဖွားတော့မည်ဖြစ်ကြောင်း လုချန်း သတိရမိလိုက်သည်။ စနစ်က သူအား ထိုလျှို့ဝှက်ဆန်းကြယ်သော လက်နက်ကို တန်ပြန်နိုင်သည့် အရာတစ်ခုခုကို ဆုချကောင်း ဆုချလိမ့်မည်။

သို့သော် မျှော်လင့်ချက်အားလုံးကို စနစ်ပေါ်တွင်သာ မှီခို၍မရပေ။ စနစ်တွင် ထိုကိစ္စနှင့် ပတ်သက်သော ဆုလာဘ်များ ရှိနေလျှင် အကောင်းဆုံးဖြစ်မည်။ သို့သော် ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ ကလေးမွေးဖွားသည့်အခါ စနစ်က ထိုကိစ္စနှင့် ပတ်သက်သော ဆုလာဘ် မပေးခဲ့လျှင်ကော။ ကောင်းကင်လူသား စွမ်းအားရှင်များကို ခြိမ်းခြောက်နေသော ထိုလျှို့ဝှက်ဆန်းကြယ်သော လက်နက်ကို ကိုင်တွယ်ရန် နည်းလမ်းတစ်ခုကိုတော့ သူ မဖြစ်မနေ စဉ်းစားရပေမည်။

စနစ်သည် အမှန်တကယ်ပင် အစွမ်းထက်၏။ သူ ယခု ပိုင်ဆိုင်ထားသမျှ အရာအားလုံးသည် စနစ်ကြောင့်ပင် ဖြစ်သည်။ သို့သော် စနစ်ကို မျက်စိမှိတ် မှီခို၍မရတော့ကြောင်း လုချန်း တဖြည်းဖြည်း နားလည်လာခဲ့ပြီ။

ထိုအချိန်တွင် ယွမ်ရှန်ရှန်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရလိုက်ပုံရပြီး

“အဲဒီပြဿနာကို ဖြေရှင်းဖို့ ငါ့မှာ နည်းလမ်းတစ်ခု ရှိပါတယ်။”

လုချန်းက

“ဘာနည်းလမ်းများပါလဲ”

ဟု စူးစမ်းစွာ မေးလိုက်သည်။

“လျှို့ဝှက်လဝန်းနန်းတော်က ပညာရှင်အကြီးအကဲနှစ်ဦးက မင်းရဲ့ ဖခင်နဲ့ ပူးပေါင်းနေကြတယ်။ သူတို့ရဲ့ ပစ်မှတ်က ငါပဲ ဖြစ်ဖို့ အများဆုံးပါပဲ။ ဒါကြောင့် ငါ ကိုယ်တိုင် ပေါ်လာတာနဲ့ သူတို့က အဲဒီလက်နက်ကို ငါ့အပေါ် အသုံးပြုဖို့ မလွဲမသွေ လုပ်လိမ့်မယ်။”

“သူတို့ အဲဒါကို အသုံးပြုလိုက်ပြီးတာနဲ့ မင်းရဲ့လက်အောက်ခံ ကောင်းကင်လူသားအတွက် အဲဒီလူယုတ်မာတွေကို ကိုင်တွယ်တာဖို့ ဘာပြဿနာမှ မရှိတော့ဘူး။”

ထိုစကားကို ကြားသောအခါ လုချန်း အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ ယွမ်ရှန်ရှန်က သေခြင်းကို မကြောက်ဘူးလား။

သူမက ငါးစာအဖြစ် ရှေ့ထွက်ရဲ‌နေပါလား။

လုချန်းက

“ဒါပေမဲ့ ဆရာမ။ ဆရာမကို အဲဒီလက်နက်နဲ့ ထိခိုက်အောင်လုပ်မိရင်…”

သို့သော် စကားမဆုံးမီ ရပ်လိုက်ပြီး ယွမ်ရှန်ရှန် နောက်ဆက်ပြောမည့် စကားကို စောင့်လိုက်သည်။ သူမသည် အကြောင်းပြချက်မရှိပဲ သူ့အတွက် ဤမျှအန္တရာယ်များသော အလုပ်ကို လုပ်မည်မဟုတ်ဟု သူယုံကြည်သည်။ ဤမိန်းမတွင် တစ်စုံတစ်ခု ရှိနေမည်မှာ သေချာသည်။

လုချန်း သံသယရှိခဲ့သလိုပင် ယွမ်ရှန်ရှန်က

“လွန်ခဲ့တဲ့ လအနည်းငယ်က မင်းရဲ့ ဇနီးတွေကို လှုပ်ရှားနိုင်ပြီး စကားပြောနိုင်တဲ့ အရုပ်တစ်ရုပ်စီ ပေးခဲ့တယ်လို့ ကြားခဲ့ရတယ်။”

လုချန်း မျက်မှောင်ကြုတ်လိုက်သည်။ ယွမ်ရှန်ရှန် နောက်ဆက်ပြောမည့် စကားကို သူ ခန့်မှန်းမိပုံရသည်။

ယွမ်ရှန်ရှန်က

“ဒီလို အရုပ်ဖန်တီးတဲ့ ပညာက အဆင့်မြင့်လောကက လာတာပဲ ဖြစ်ရမယ်။ မင်းသာ ငါ့ကို အဲဒီနည်းလမ်းကို သင်ပေးနိုင်ရင် ငါ့ရဲ့ အငွေ့အသက်နဲ့ မခွဲခြားနိုင်တဲ့ အရုပ်တစ်ခုကို ဖန်တီးနိုင်လိမ့်မယ်။”

လုချန်း စိတ်ထဲမှ ပြုံးလိုက်သည်။ ဤအမျိုးသမီးသည် သူ၏ ရုပ်သေးပညာကို တကယ်ပင် စိတ်ဝင်စားနေခြင်း ဖြစ်သည်။

လုချန်းက

“ဆရာမ။ ကျွန်တော့်မှာ ရှိတဲ့ ရုပ်သေးပညာက အခြေခံအဆင့်ပဲ ရှိပါသေးတယ်။ ဆရာ မ သင်ယူခဲ့ရင်တောင် ဆရာမ ခုနက ပြောခဲ့တဲ့ ရည်ရွယ်ချက်အတွက် အသုံးမဝင်နိုင်ပါဘူး။”

ယွမ်ရှန်ရှန်က မယုံသင်္ကာဖြစ်သော မျက်လုံးများဖြင့် လုချန်းကို ကြည့်ကာ သူမ၏ တပည့်က သူမကို သင်ပေးရန် ဆန္ဒမရှိ၍ တမင်ထိုသို့ပြောနေခြင်းလားဟု တွေးတောမိလိုက်သည်။

ယွမ်ရှန်ရှန်က မျက်နှာအမူအရာမပါပဲ

“အဲဒီရည်ရွယ်ချက်အတွက် အသုံးဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ မင်း အရင်ဆုံး ငါ့ကို သင်ပေးသင့်တယ်။ ငါ သင်ယူပြီးရင် လုပ်နိုင်မလားဆိုတာ ငါ သိလိမ့်မယ်။”

“မင်း ငါ့ကို သင်ပေးဖို့ ဆန္ဒမရှိရင်တော့ အဲဒီလက်နက်ကို ကိုင်တွယ်ဖို့ မင်းဘာသာ နည်းလမ်းရှာရလိမ့်မယ်။”

ခဏမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် သူသည် သစ္စာဖောက် တပည့်တစ်ဦး ဖြစ်လာမည်ဟု လုချန်း မှတ်ယူလိုက်သည်။ ဤအမျိုးသမီး တစ်နေ့ သူ့လက်ထဲသို့ ရောက်လာပါက သူမအား ရုပ်သေးရုပ် ပညာကို ပေးအပ်ခြင်းက ကြီးမားသော ကိစ္စမဟုတ်ချေ။

သူမ မျှော်လင့်သလို ရုပ်သေးရုပ်ပညာသာ သူမ၏လက်ထဲတွင် အမှန်တကယ် အလုပ်ဖြစ်ခဲ့ပါက ရှနိုင်ငံတော်၏ လျှို့ဝှက်ဆန်းကြယ်သော လက်နက်ကို သူတို့ ကြောက်စရာ မလိုတော့‌ပေ။

ထိုသို့ စဉ်းစားမိသောအခါ လုချန်းက “ကောင်းပါပြီ ဆရာမ။ ရုပ်သေးရုပ်ပညာကို ဆရာမဆီ ပေးပါ့မယ်။”

.............

အခန်း (၇၁၉ )

ရောက်လာပြီဆိုတော့ (၂)

နောက်တစ်ခဏတွင် လုချန်း၏ နဖူးမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ယွမ်ရှန်ရှန်၏ နဖူးဆီသို့ တိုက်ရိုက်ဝင်ရောက်သွားပြီး ရုပ်သေးပညာအားလုံးကို ချက်ချင်း လက်ခံရရှိလိုက်သည်။

ယွမ်ရှန်ရှန်သည် ရုပ်သေးပညာ၏ အသုံးဝင်ပုံများကို ချက်ချင်း နားလည်သွားပြီး

“ရုပ်သေးပညာကို သုံးပြီး ငါ့ရဲ့အငွေ့အသက်နဲ့ တူညီတဲ့ အရုပ်တစ်ခု ဖန်တီးနိုင်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ဒါက အခြေခံ ရုပ်သေးပညာပဲ ရှိသေးတယ်။ ဖန်တီးလိုက်တဲ့ အရုပ်က ငါ့ရဲ့ အငွေ့အသက်ကိုပဲ တုပနိုင်ပြီး စွမ်းအားကိုတော့ လက်မခံနိုင်ဘူး။”

“အလယ်အလတ်ရုပ်သေးပညာ ဒါမှမဟုတ် အဆင့်မြင့်ရုပ်သေးပညာသာ ဖြစ်ခဲ့မယ်ဆိုရင် ငါပြုလုပ်ထားတဲ့ အရုပ်က အရိပ်အယောင် ကောင်းကင်လူသားရဲ့ စွမ်းအားကိုတောင် ပိုင်ဆိုင်နိုင်တယ်။ အဲဒီအခါကျရင် ငါ့ရဲ့ အရုပ်ကလည်း တိုက်ပွဲတွေမှာ ပါဝင်နိုင်လိမ့်မယ်။”

ထိုသို့ပြောရင်း ယွမ်ရှန်ရှန်၏ အေးစက်သော မျက်လုံးများက လုချန်း၏ မျက်လုံးများကို စူးစိုက်ကြည့်နေခဲ့သည်။

လုချန်း စိတ်ထဲမှ ပြုံးလိုက်သည်။ ယွမ်ရှန်ရှန် ဘာကို ဆိုလိုသည်ကို သူ မည်သို့ နားမလည်ပဲ ရှိနိုင်မည်နည်း။

သူက တမင်ထိန်ချန်ထားပြီး အခြေခံရုပ်‌သေးပညာကိုသာ သူမအား သင်ပေးခဲ့သည်ဟု ယွမ်ရှန်ရှန် ထင်နေခြင်းဖြစ်သည်။ ထို့ကြောင့် သူ့ကိုစမ်းသပ်သလို ကြည့်လိုက်ခြင်းဖြစ်သည်။ အလယ်အလတ်နှင့် အဆင့်မြင့်ရုပ်သေးပညာများကိုပါ သူ့ထံမှ ရယူလိုခြင်းဖြစ်သည်။

လုချန်းက သက်ပြင်းချကာ

“ဟာ။ အဲဒီတုန်းက ကျွန်တော် တွေ့ခဲ့ရတဲ့ ထာဝရတန်ခိုးရှင်က ကျွန်တော့်ကို အခြေခံရုပ်သေးပညာပဲ သင်ပေးခဲ့တာ။”

လုချန်း၏ စကားကို ကြားသောအခါ ယွမ်ရှန်ရှန်၏ မျက်နှာတွင် သံသယဖြစ်သော အမူအရာ ပေါ်လာသည်။

ယွမ်ရှန်ရှန်၏ စူးစိုက်ကြည့်နေသော ခရမ်းရောင်မျက်လုံးများက လုချန်း၏ အတွင်းစိတ်ထဲမှ အတွေးများ အားလုံးကို ဖောက်ထွင်းမြင်နေရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။

အခန်းသည် ခဏတာမျှ အလွန်တိတ်ဆိတ်သွားပြီး လေထုက အလွန် ဖိစီးလာခဲ့သည်။ စဉ်းစားပြီးနောက် ယွမ်ရှန်ရှန်က

“ကောင်းပြီ။ အခြေခံ ရုပ်သေးပညာ‌ဆိုရင်လည်း သူတို့ အဲဒီလက်နက်ကို ထုတ်လာအောင်တော့ ဆွဲဆောင်နိုင်ပါသေးတယ်။ အဲ့ဒီအချိန်ကျရင် မင်းရဲ့ ကောင်းကင်လူသားက အဲဒီလက်နက်ကို ချက်ချင်း လုယူနိုင်မှာပါ။”

သူတို့ အကြောက်ဆုံးအရာမှာ ရန်သူက ထိုလက်နက်ကို ထုတ်ယူအသုံးပြုခြင်း မဟုတ်ပါ။ သူတို့စိုးရိမ်သည်က ရှနိုင်ငံတော် နန်းတွင်းရှိ သူတို့ မသိသော နေရာတစ်ခုတွင် လက်နက်ကို ဖွက်ထားပြီး အလစ်အငိုက် အသုံးပြုခြင်း ဖြစ်သည်။

သို့သော် လက်နက်၏ တည်နေရာကို သူတို့ အတည်ပြုနိုင်ပါက ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးအနေနှင့် ကောင်းကင်လူသား မဟုတ်သူများ၏ လက်ထဲမှ တစ်စုံတစ်ခုကို လုယူခြင်းက ရိုးရှင်းသော ကိစ္စဖြစ်သည်။

ထို့နောက် ယွမ်ရှန်ရှန်က လုချန်း၏ ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး

“တခြား ဘာများ ရှိသေးလဲ။”

လုချန်းက

“မရှိပါဘူး။ ကျွန်တော် ပြန်ပါတော့မယ်”

သူ၏ စကားဆုံးသည်နှင့် လုချန်း နောက်လှည့်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ နောက်အခန်းသို့သွားကာ ချန်ဝမ်ရွန်နှင့် အိပ်ရန် စဉ်းစားလိုက်သည်။

သို့သော် သူ လှည့်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်အား အစွမ်းထက်သော အင်အားတစ်ခုက ထိန်းချုပ်ထားသည်ကို တွေ့ရှိလိုက်ရသည်။

ယွမ်ရှန်ရှန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်

“မင်း ဒီကို ရောက်နေပြီဆိုတော့ မင်းရဲ့ဆရာမကို ကျင့်ကြံဖို့ ကူညီပေးပါဦး။”

လုချန်း အနည်းငယ် စကားလုံး မဲ့သွားသည်။ ဤအမျိုးသမီးက သူ့ကို လွှတ်ပေးမည်မဟုတ်ဟု သူ ခန့်မှန်းထားမိသည်။

သို့သော် များများစားစား မတွေးတော့ပဲ

“တပည့် နားလည်ပါတယ်။”

လုချန်း၏ လေသံက အနည်းငယ် မချီမဆန့် ဖြစ်နေသည်ကို ကြားသောအခါ ယွမ်ရှန်ရှန်က သူ့ကိုစည်းရုံးလိုက်သည်။

“အဆင့်မြင့် လောကမှာတောင် မင်းရဲ့ဆရာဖြစ်တဲ့ငါဟာ ဂိုဏ်းကြီးတွေထဲမှာ အမြင့်ဆုံးနဲ့ အင်အားအကြီးဆုံး ရာထူးကို ပိုင်ဆိုင်ထားတယ်။ တစ်နေ့ ငါ ဒီကမ္ဘာကနေ ထွက်ခွာနိုင်ခဲ့ရင် မင်းကို အနာဂတ်မှာ ကျင့်စဉ်အရင်းအမြစ်တွေ အများကြီးပေးမယ်လို့ အာမခံတယ်။ ဒါမှ မင်းလည်း တကယ့် ထာဝရတန်ခိုးရှင်တစ်ဦး ဖြစ်လာနိုင်မှာ။”

“ဒါကြောင့် ငါက မင်းကို အခွင့်အရေးယူနေတယ်လို့ မင်း မခံစားသင့်ဘူး။”

လုချန်းက

“ကျွန်တော့်မှာ ဒီလိုအတွေးတွေ မရှိပါဘူး။ ဆရာမနဲ့ ကျင့်ရတာ ဝမ်းသာပါတယ်။”

ယွမ်ရှန်ရှန်က

“အဲဒါ အကောင်းဆုံးပဲ”

“ဒီကိုလာ။”

ယွမ်ရှန်ရှန်၏ စကားဆုံးသည်နှင့် လုချန်း၏ ခန္ဓာကိုယ်လည်း တစ်ဖန် လှုပ်ရှားနိုင်လာပြီး အဝတ်အစားများကို ချွတ်ကာ ကုတင်ဆီသို့ လျှောက်သွားသည်။

ကုတင်သို့ ရောက်သည်နှင့် လုချန်းက ထိုင်လိုက်ပြီး ယွမ်ရှန်ရှန်ဘက်ကို မျက်နှာမူလိုက်သည်။

နောက်တစ်စက္ကန့်တွင် သူ၏ခန္ဓာကိုယ် ပိုမိုလှုပ်ရှားလာသည်ကို ခံစားလိုက်ရပြီး ယွမ်ရှန်ရှန်၏ ခရမ်းရောင်မျက်လုံးများက ပို၍ ပို၍ ဆွဲဆောင်မှုရှိလာသည်။

ယွမ်ရှန်ရှန်နှင့် အကြိမ်ပေါင်းများစွာ ကျင့်ကြံမှုများစွာ ပြုလုပ်ပြီးနောက် သူမ ဘာလုပ်နေသည်ကို လုချန်း နားလည်သွားခဲ့သည်။

ယွမ်ရှန်ရှန်သည် ညို့ငင်စွမ်းအားနှင့် ဆင်တူသော နည်းစနစ်တစ်ခုကို အသုံးပြု၍ သူ၏ အတွင်းစိတ်ဆန္ဒများကို လှုံ့ဆော်နေပြီး ထို့နောက် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမရှိပဲ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့ကြသည်။

ထိုညို့ငင်စွမ်းအား ပညာသည် ရွှီလင်လုံ၏ ပညာနှင့် အလွန်ကွာခြားသည်ဟု လုချန်းတွေးလိုက်မိပြီး ယခုနေ သူ၏စိတ်နှလုံးထိန်းချုပ်ခြင်းပညာကို သုံး၍ တန်ပြန်တိုက်ခိုက်နိုင်မည်လားဟု တွေးမိလိုက်သည်။

ထိုသို့ တွေးလိုက်ရင်း သူ၏ အတွင်းအားကို ချက်ချင်း လည်ပတ်စေကာ ယွမ်ရှန်ရှန်၏ မျက်လုံးများကို ကြည့်၍ စိတ်နှလုံးထိန်းချုပ်ခြင်းပညာကို အသုံးပြုလိုက်သည်။ သို့သော် သူ၏ စိတ်နှလုံးထိန်းချုပ်ခြင်းပညာသည် ယွမ်ရှန်ရှန်အပေါ် လုံးဝအကျိုးသက်ရောက်မှု မရှိသည်ကို သူ ချက်ချင်း သဘောပေါက်သွားသည်။

သူ၏ စိတ်နှလုံးထိန်းချုပ်ခြင်းပညာသည် သမုဒ္ဒရာထဲသို့ ရေတစ်စက်ကျသွားသကဲ့သို့ ဖြစ်နေသည်။

ထိုအခိုက်အတန့်တွင် ယွမ်ရှန်ရှန်လည်း လုချန်း သူမအပေါ် စိတ်ပိုင်းဆိုင်ရာ နည်းစနစ်တစ်ခုကို အသုံးပြုနေသည်ကို သတိထားမိသော်လည်း သူမ လုံးဝမသိသကဲ့သို့ ဘာမှမပြောပေ။

သူမ၏စိတ်ထဲတွင် သူမ၏ တပည့် မည်မျှ မသိနားမလည်ကြောင်း တွေးလိုက်မိသည်။ သူမသည် အဆင့်မြင့်သော လောကတစ်ခုမှ ကျဆင်းလာခဲ့သူ ဖြစ်သည်ကို သူ မသိဘူးလား။ သူမသည် ယခု ကောင်းကင်လူသားအဆင့်တွင်သာ ရှိနေသော်လည်း သူမ၏ မူရင်း လောကတွင် ကောင်းကင်လူသားအဆင့်ထက် အဆင့်များစွာ မြင့်သည်။ သူမ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအားသည် ထိုအဆင့်မြင့်ဘုံတွင်ပင် ရှိနေဆဲဖြစ်သည်။ လုချန်းတင်မဟုတ် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးတောင် သူမအပေါ် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ပြုလုပ်နိုင်မည် မဟုတ်ပေ။

သူမ လုချန်းကို မတားဆီးသော်လည်း သူမ၏စိတ်ထဲတွင်မူ စိတ်ခံစားမှုအချို့ ရှိနေခဲ့သည်။

ဤလူသည် အမှန်တကယ်ပင် သစ္စာဖောက် တပည့်တစ်ဦးဖြစ်ပြီး သူ၏ဆရာကိုပင် လိုချင်နေသည်။ သူမအပေါ် စိတ်ပိုင်းဆိုင်ရာ နည်းစနစ်တစ်ခုကို အသုံးပြုပြီး သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ တိရစ္ဆာန်ဆန်သော အပြုအမူများ လုပ်ဆောင်လိုနေခြင်းလား။

လုချန်းနှင့် ချန်ဝမ်ရွန်တို့ ယခင်က ပြုလုပ်ခဲ့သည်များကို စဉ်းစားလိုက်သည်နှင့် ယွမ်ရှန်ရှန်၏ ရေခဲပြင်ကဲ့သို့ မျက်နှာပေါ်တွင် နီမြန်းမှုအချို့ ပေါ်လာသည်။

ထို့နောက် သူမ၏ စိတ်တွင်းလှုပ်ရှားမှုများ ငြိမ်သက်အောင် အလျင်အမြန် လုပ်ဆောင်လိုက်သည်။

..............

အခန်း( ၇၂၀)

ရောက်လာပြီဆိုတော့ (၃)

ယွမ်ရှန်ရှန် စိတ်ထဲ ညည်းညူလိုက်မိသည်။ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်သည် ယေဘုယျအားဖြင့် အကျိုးရှိသော်လည်း ၎င်း၏ ဆိုးကျိုးများက ကျင့်ကြံမှုကို အလွန် နှောင့်ယှက်ခဲ့သည်။ ဤဆိုးကျိုးများသာ မရှိခဲ့ပါက လုချန်းကို အသုံးချကာ သူမ၏ စွမ်းအားကို အပြည့်အဝ ပြန်လည်ရရှိပြီး ဖြစ်လိမ့်မည်။

ယွမ်ရှန်ရှန်၏ စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုအောက်တွင် ယွမ်ရှန်ရှန်နှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ လုချန်း ချက်ချင်း ခံစားလိုက်ရသည်။ သူတို့ကြားထဲ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမရှိသော်လည်း ယွမ်ရှန်ရှန်၏ စိတ်ပိုင်းဆိုင်ရာ နည်းစနစ်များသည် အလွန်လက်တွေ့ကျသော စိတ်ကူးယဉ် ဘုံကမ္ဘာတစ်ခုကို ဖန်တီးနိုင်သည်ဟု ဆိုရပေမည်။

ယွမ်ရှန်ရှန်နှင့် ထိုသို့သော အရာမျိုး လုပ်နေသည်ဟု လုချန်း အမှန်တကယ် ခံစားလိုက်ရသည်။ ဤအမျိုးသမီးသည် နောက်ဆုံးတော့ သနားစိတ် အနည်းငယ် ရှိ သေးသည်ဟု လုချန်း တွေးလိုက်မိသည်။ သူတို့ ပထမဆုံးအကြိမ် လေ့ကျင့်တုန်းက ထိုစိတ်ကူးယဉ်ခြင်းကိုပင် သူမ မဖန်တီးလိုခဲ့ပေ။

ယခု သူမက စိတ်ကူးယဉ်မှုကို ဖန်တီးခဲ့ပြီဖြစ်သဖြင့် အနည်းဆုံးတော့ အချိန်ကြာကြာလေ့ကျင့်ရခြင်းက သည်းမခံနိုင်စရာ မဖြစ်တော့ပေ။

.......

ဤအတောအတွင်း...

အန်းပင်မြို့၌…

အမွှေးနံ့သာများ ပျံ့သင်းနေသော အခန်းတစ်ခန်းထဲတွင် အနက်ရောင်ပိတ်ပါး ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ထိုင်ခုံကြီး တစ်ပေါ်တွင် တစ်စောင်းလှဲနေ၏။ ဝတ်ရုံထဲမှ သူမ၏ ဖြူဖွေးနူးညံ့သော ခြေတံရှည်များကို ခပ်ဝါးဝါး မြင်နေရသည်။

ရွှီလင်လုံသည် ဂွမ်းစောင်တစ်ထည်ကို ပွေ့ဖက်ထားပြီး မျက်လုံးများ မှုန်မှိုင်းနေကာ

“ကျွန်မရဲ့ မင်းသား…”

“အချစ်…”

“ကျွန်မရဲ့ မင်းသား…”

ထိုအခိုက်အတန့်တွင် မမျှော်လင့်ပဲ အခန်းအပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။

“သူတော်စင်မ။ အကြီးအကဲ ချောင်ရောက်လာပါပြီ။”

ထိုစကားကို ကြားသောအခါ ရွှီလင်လုံ ချက်ချင်း သတိပြန်ဝင်လာပြီး သူမ၏ မျက်ခုံးမွေးများ တင်းသွားကာ စိတ်တိုဒေါသ ထွက်လာသည်။

သို့သော်လည်း ထိုင်ခုံပေါ်မှ ထလိုက်ကာ ခြယ်သပြင်ဆင်ပြီးနောက် ခန်းမဆောင်သို့ သွားခဲ့သည်။

ခန်းမဆောင်အဝင်ဝသို့ ရောက်သည်နှင့် ခန်းမဆောင်အလယ်တွင် သူမကို စောင့်ဆိုင်းနေသော ခါးကိုင်းနေပြီး အရေတွန့်နေသည့် အဘွားအိုတစ်ဦးကို တွေ့လိုက်ရသည်။

ရွှီလင်လုံ ခန်းမဆောင်ထဲသို့ ဝင်ရောက်သည်နှင့်

“အကြီးအကဲ ချောင်က မြောက်ပိုင်းမှာ ကျွန်မကို လာရှာတာ အရေးကြီးကိစ္စ ရှိလို့လား။”

ဤအဘွားအို၏ အမည်မှာ ချောင်ရှန်ရ ဖြစ်ပြီး တိုင်ယင်နတ်ဆိုးဂိုဏ်း၏ အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။သူမသည် အရိပ်အယောင် ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူမသည် တိုင်ယင်ဂိုဏ်း၏ ဌာနချုပ်မှ အလွန် ထွက်ခွာခဲသူဖြစ်သည်။

ထို့နောက် ချောင်ရှန်ရက

“သူတော်စင်မ။ အကြီးအကဲတွေဆီက ကျွန်မ ကြားတာက မြောက်ပိုင်းနယ်စားမင်းသားဟာ ကံကြမ္မာရဲ့သားတော်လို့ ရှင် သံသယရှိတယ်ဆို။”

ထိုစကားကို ကြားသောအခါ ရွှီလင်လုံ နှလုံးတုန်သွားသည်။

ချောင်ရှန်ရကဲ့သို့ တိုင်ယင်နတ်ဘုရားဂိုဏ်း၏ အဓိကပုဂ္ဂိုလ်တစ်ဦး မြောက်ပိုင်းပြည်နယ်သို့ အဘယ်ကြောင့် ရောက်လာသည်ကို သူမ ချက်ချင်း နားလည်သွားခဲ့သည်။ ထိုခွေးကောင်အတွက်သာ မလွဲမသွေ ဖြစ်ရမည်။

ဒါက ပြဿနာ တစ်ခုဖြစ်သည်။

ထို့နောက် ရွှီလင်လုံက

“ကျွန်မမှာ သံသယရှိခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဖောက်ပြန်တတ်မှုကို မြင်ပြီးနောက်ပိုင်း ကျွန်မရဲ့ ထင်မြင်ချက်ကို ပယ်ချလိုက်ပါပြီ။”

“သူသာ ကံကြမ္မာရဲ့သားတော် ဖြစ်ခဲ့မယ်ဆိုရင် ဒီလောက် မိန်းမလိုက်စားပြီး မိန်းမတွေ အများကြီး မထားနိုင်ပါဘူး။”

“အကြီးအကဲချောင် သူ့အတွက် ဒီကို လာခဲ့တာဆိုရင် ရှင့်ရဲ့ ဒီခရီးက အလကား ဖြစ်လိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။”

ချောင်ရှန်ရက ပြုံးပြီး တုံ့ပြန်လိုက်သည်။

“အဲဒီလို မဟုတ်နိုင်ပါဘူး။”

“သူတော်စင်မ။ ရှင့်ရဲ့ အတွေးအမြင်က အရမ်း ကျဉ်းမြောင်းနေတယ်။ ကံကြမ္မာရဲ့သားတော်က ကိုယ်ကျင့်တရား မြင့်မားတဲ့သူ ဖြစ်ရမယ်လို့ ဘယ်သူက ပြောခဲ့လို့လဲ။ မြောက်ပိုင်းနယ်စားမင်းသား လုပ်သမျှ အရာအားလုံးက ဟန်ဆောင်တာ မဟုတ်ဘူးလို့ ရှင် ဘယ်လို သိနိုင်တာလဲ။”

ထိုစကားကို ကြားသောအခါ ရွှီလင်လုံ၏ မျက်ခုံးမွေးများ အနည်းငယ် တွန့်သွားသည်။

လုချန်း ဟန်ဆောင်နေသည်ဟု သူမ မယုံကြည်ပေ။ ထိုလူသည် သဘာဝအတိုင်း ရမ္မက်ကြီးပြီး ခွေးတစ်ကောင်ကဲ့သို့ ပျော်ပါးတတ်သူဖြစ်သည်။

လုချန်းအပေါ် အနည်းငယ် မကျေနပ်စိတ် ရှိနေသော်လည်း တိုင်ယင်ဂိုဏ်းက သူ့ကို တိုက်ခိုက်ခြင်းကိုတော့ သူမ မလိုချင်ပေ။ ရန်ခရိုင်မှ သူမ ထွက်ပြေးခဲ့သည့် လများအတွင်း ဂိုဏ်း၏ ချုပ်နှောင်မှုများမှ သူမ အမှန်တကယ် လွတ်မြောက်ခဲ့ကြောင်း တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။ သူမ တိုင်ယင်ဂိုဏ်းကို သစ္စာဖောက်ခဲ့လျှင်ပင် သွေးအိုင်ထဲ၌ အဆုံးသတ်မည် မဟုတ်ပေ။

ထို့ပြင် သူမသည် ထိုခွေးလူသားကို စွန့်ခွာ၍မရနိုင်ကြောင်း တွေ့ရှိခဲ့သည်။ အစတုန်းက သူ့ထံမှ ထွက်ခွာခဲ့စဉ်က သူမဘာမှ ထူးထူးခြားခြား မခံစားခဲ့ရပေ။

သို့သော် နေ့ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ ထိုလူအပေါ် သူမ၏ တောင့်တမှုက ပိုမိုပြင်းထန်လာခဲ့သည်။ ယခု သူ့ဘေးသို့ ပြန်သွားကာ သူ၏အမျိုးသမီးအဖြစ် အလုပ်အကျွေးပြုရန် အလွန်ဆန္ဒပြင်းပြနေသည်။

လုချန်း၏ နည်းစနစ်အချို့ သူမကို လွှမ်းမိုးနေခြင်းကြောင့် သူ့ကို စွန့်ခွာ၍မရခြင်း ဖြစ်နိုင်ကြောင်းကိုလည်း ရွှီလင်လုံ သိရှိထားသည်။ သူမ စိတ်ထဲတွင် ဤအချက်ကို နက်နက်ရှိုင်းရှိုင်း သိရှိထားသော်လည်း ထိုလူယုတ်မာကို တောင့်တခြင်းအား မရပ်တန့်နိုင်သေးသည်ကို သူမ တွေ့ရှိခဲ့ရသည်။

နတ်ဆိုးဂိုဏ်းမှ နတ်ဆိုးမတစ်ဦးအနေနှင့် သူမ၏ ကိုယ်ပိုင်ကျွမ်းကျင်မှုနယ်ပယ်တွင် ကျဆုံးခဲ့ရခြင်းက ရွှီလင်လုံအား အတော်ပင် စိတ်ပျက်အားငယ်စေခဲ့သည်။

ထိုခွေးလူသားသည် သူမထက်ပင် နတ်ဆိုးဂိုဏ်းသားတစ်ဦးနှင့်တူ‌နေသည်ဟု ရွှီလင်လုံ ခံစားနေရသည်။

........

All Chapters