← Chapters

အပိုင်း (၆၂)

Vol. 5 Ch. 62

အပိုင်း (၆၂)

Vol. 5 Ch. 62

ခဏလောက်ကြာပြီးနောက် စုန့်အမျိုးသမီးသည် သတိဝင်လာခဲ့၏။ သူမသည် ခေါင်းများ တဆစ်ဆစ်နှင့် ကိုက်ခဲလျက် ရှိနေ၏။ သို့ပေမည့် သူမ၏ခန္ဓာကိုယ်ကိုတော့ လှုပ်ရှား၍ရနိုင်လေပြီ။ အိပ်မက်မက်ခဲ့သည်လား။

ဟုတ်ပေ၏။ ဤအရာသည် အိပ်မက်မက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့သော်ငြား သူမ၏ ပေါင်ခွကြားကို အသာ စမ်းကြည့်လိုက်သည့်အချိန်မှာတော့ သေးများနှင့် ရွှဲစိုလျက် ရှိနေသည်ကို သိလိုက်၏။ ပြီးနောက် သူမသည် ရင်ဘတ်ကို အသာကြည့်ရှုလိုက်၏။ ရင်ဘတ်တွင် မီးလောင်သည့် ဒဏ်ရာတစ်ခုက တည်ရှိနေ၏။ ဤအရာသည် ဝိညာဉ်မီးတောက်များ၏ လောင်ကျွမ်းမှုကြောင့် ဖြစ်တည်လာခဲ့သည့် ဒဏ်ရာမျိုးပင်။

ဝိညာဉ်မီးတောက်များသည် ရေဖြင့် ငြိမ်းသတ်၍ ရနိုင်သည့်အရာမျိုး မဟုတ်ကြောင်း သူမက ရှင်းရှင်းလင်းလင်း မှတ်မိနေ၏။ ထို့အပြင် ဝိညာဉ်မီးတောက်များသည် သရဲမ၏ လက်ချောင်းများကြားထဲမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။ တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ အိပ်မက်မဟုတ်နိုင်ချေ။

အရာအားလုံးကို သူမက မှတ်မိနေ၏။ ဖြစ်ခဲ့သမျှ အရာအားလုံးသည် အစစ်အမှန်ကဲ့သို့ပင်။ ယခု အိမ်အပြင်ဘက်တွင် နေက ထွက်ပေါ်လာခဲ့ပြီဖြစ်၏။ အရာအားလုံးသည် သာမန်ကဲ့သို့ပင်။ သို့ပေမည့် သူမ၏ အိမ်တစ်ခုလုံးကတော့ သုန်မှုန်လျက် ရှိနေပြီး ခြောက်ခြားဖွယ်ရာကောင်းသည့် သရဲအိမ်ကြီးတစ်ခုကဲ့သို့ပင်။ နေရာအနှံ့တွင် သရဲများ လှည့်လည်ကာ သွားလာနေသကဲ့သို့ပင် ခံစားလာမိ၏။

သူမ၏ အိပ်ရာအောက်ကို တူးကြည့်ပါက ရွှေဒင်္ဂါးသုံးဆယ် ရှိလိမ့်မည်ဟု သရဲမက ပြောဆိုခဲ့၏။ စုန့်အမျိုးသမီးသည် ချက်ချင်းပင် ထရပ်ပြီး ပေါက်တူးသေးသေးလေးကို ယူဆောင်ကာဖြင့် အိပ်ရာ၏ အောက်သို့ တူးဆွလိုက်၏။ ပြီးနောက် သူမအံ့အားသင့်သွားသည်။ တကယ်ပင် ရွှေဒင်္ဂါး တစ်ဒါဇင်ကျော် တည်ရှိနေလေသည်။

ဤအရာတစ်ခုတည်းကပင် အံ့အားသင့်စရာ မဟုတ်ချေ။ ရွှေဒင်္ဂါးများကို ရေခဲဖြင့် ဖန်တီးထားသည့် သေတ္တာလေးတစ်ခုထဲတွင် ထည့်ထားပြီး ထိုသေတ္တာလေးပေါ်တွင် သေချင်လား၊ ရှင်ချင်လားကို မေးမြန်းထား၏။ တကယ့်သရဲမပင်။ မဟုတ်ပါက နွေရာသီတွင် ဤသို့အေးခဲနေသည့် သေတ္တာလေးတစ်ခုကို မည်ကဲ့သို့ ဖန်တီးနိုင်မည်နည်း။ ဤရွှေများသည်လည်း ကျိန်းသေပေါက် သရဲမပေးသည့်အရာများ ဖြစ်ပေလိမ့်မည်။

စုန့်အမျိုးသမီးသည် သေတ္တာရှိရာဆီသို့ အသာဦးချကာ ကန်တော့လိုက်၏။ “အစ်မကြီးသရဲ.. ကျွန်မ အသက်ရှင်ချင်ပါတယ်။ ကျွန်မ အသက်ရှင်ချင်ပါတယ်။ စိတ်မပူပါနဲ့။ ကျွန်မ ဘာလုပ်ရမလဲဆိုတာ သိပါတယ်။ အုပ်ချုပ်ရေးမှူးရုံးကလူတွေ ရှမ့်လန်အကြောင်း မေးမြန်းရင် ကျွန်မယောကျ်ားက ကျွန်မသားကို ကန်ကျောက်ခဲ့တယ်လို့ ကျိန်းသေပေါက် ဖြေပါ့မယ်။ ပြီးတော့ ထျန်းဟန်ကလည်း ရှမ့်လန်ကို ပြဿနာ တတ်အောင်လို့ တမင်ပြုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်း သက်သေခံပါ့မယ်”

စုန့်အမျိုးသမီးသည် ဆက်တိုက်ဦးညွှတ်လျက်ရှိနေတုန်းမှာပဲ ရေခဲများဖြင့် ပြုလုပ်ထားခဲ့သည့် သေတ္တာလေးသည် အရည်ပျော်ကျသွားခဲ့၏။ အထဲတွင် ရှိနေသည့် ရွှေဒင်္ဂါးများသည် တကယ်ကို တောက်ပစွာ ထွက်ပေါ်လာခဲ့သည်။

“ကျေးဇူးပါပဲအစ်မကြီး၊ ကျေးဇူးပါပဲ” ဤအရာသည် သရဲမ၏ တုံ့ပြန်မှုဖြစ်ကြောင်း စုန့်အမျိုးသမီးက တွေးတောလိုက်မိ၏။ ဟုတ်ပေ၏။ ရေခဲဖြင့်ပြုလုပ်ထားသည့် သေတ္တာလေးသည် ပါးလျလွန်းသောကြောင့် အပြင်ဘက်သို့ ထုတ်လိုက်သည်နှင့်တပြိုင်တည်း ချက်ချင်း အရည်ပျော်ကျသွားမှာဖြစ်၏။

ပြီးနောက် စုန့်အမျိုးသမီးသည် ရွှေဒင်္ဂါးများကို အသာယူကာဖြင့် ရေတွက်လိုက်သည်။ သုံးဆယ် တိတိကျကျပင်။ ပြီးလျှင် ရွှေဒင်္ဂါးသုံးရာထပ်ရပေဦးမည်။

ရွာလေး၏ အနောက်တောင်ဘက်မှာတော့ ….

ရှမ့်လန်သည် အပြာရောင်ဝတ်စုံကို အသာချွတ်ကာဖြင့် ယောကျ်ား ဝတ်စုံနှင့် လဲလှယ် ဝတ်ဆင်လိုက်၏။ အမျိုးသမီးဝတ်စုံကို ဝတ်ရခြင်းသည် တကယ်ကို ကြောင်တောင်တောင် နိုင်လွန်း၏။ အထူးသဖြင့် အမျိုးသမီး ဝတ်စုံကို ဝတ်ပြီးနောက် အမျိုးသမီးထက်ပင် သူက ပိုမိုကာ လှပနေသလို ခံစားလာမိ၏။ ကြာကြာဝတ်လျှင် ခြောက်သွားနိုင်သည်။

ရှမ့်လန်သည် သူ၏ပေါင်ခွကြားကို အသာစမ်းကာ ကြက်သီးမွေးညှင်းထသွားခဲ့၏။ ပြီးနောက် သူသည် အပြာရောင်ဝတ်စုံနှင့် ရှိရှိသမျှအရာအားလုံးကို နှမျောတသစွာဖြင့် မီးရှို့လိုက်၏။ ကစားပွဲသည် ပြည့်စုံစွာဖြင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။

သူ ဖန်တီးပြုလုပ်ထားသည့် ဝိညာဉ်မီးများသည် ဖော့ဖရပ်စ်နှင့် ပြုလုပ်ထားသည့်အရာဖြစ်ပြီး ရေခဲသေတ္တာ မှာတော့ ဆားခဲများဖြင့် ဖန်တီးထားခြင်းဖြစ်၏။ စုန့်အမျိုးသမီး၏ ရင်ဘတ်တွင် ဒဏ်ရာများ ကျန်ရှိရန်အတွက် သူသည် ငွေအပ်များကို အသုံးပြုကာ ထွင်းဖောက်ခဲ့ရခြင်းပင်။ ဤအရာများ ကြားထဲတွင် ဟာကွက်များ တည်ရှိနေမည် ဆိုလျှင်တောင်မှ မူးယစ်ဆေးများသောက်သုံးမိ၍ ကောင်းလျက်ရှိနေသော စုန့်အမျိုးသမီးသည် တစ်ရာ ရာခိုင်နှုန်း သေချာသည်ဟူ၍ပင် ထင်မှတ်နေပေလိမ့်မည်။

အရာအားလုံးကို ဖျက်ဆီးပြီးသည့်နောက် ရှမ့်လန်သည် မြို့စားအိမ်တော်ဆီသို့ လျင်မြန်စွာ သွားခဲ့၏။ လမ်းတစ်လျှောက်တွင် သူသည် ပြဿနာတစ်ခုကို တွေးတောထားခဲ့၏။

သူ၏ မိန်းမသည် ဝတ်စုံတစ်ခု ပျောက်ဆုံးနေသည်ကို သတိပြုမိမည်လား။ မဖြစ်နိုင်ပေ။ သူမဆီ၌ အဝတ်အစားပေါင်းများစွာ တည်ရှိနေ၏။ သို့ပေမည့် သိသွားရင်ရော မည်သို့လုပ်မည်နည်း။

“သိသွားတော့ ဘာဖြစ်လဲ။ ငါခိုးတယ်လို့ သူမက ထင်မှာမလို့လား။ ငါခိုးတယ်လို့ ထင်ရင်ရော။ ငါခိုးတယ်လို့ ပြောလို့ မဖြစ်ဘူး။ မဟုတ်ရင် ငါ့ကို နှာဘူးလို့ ထင်သွားလိမ့်မယ်။ မိန်းမတစ်ယောက်ရဲ့ ဝတ်စုံကို ခိုးတဲ့ ယောကျ်ားတစ်ယောက်ဆိုတာ မိန်းမစိတ်ဖြစ်လိမ့်မယ်။ ဒါဆိုရင် ရှက်စရာကြီးပဲ။ ဒါဆိုရင် ငါဘယ်လိုရှင်းပြရမလဲ”

“အင်း ပြီးတော့ ငါက ငါ့မိန်းမကို ချစ်တယ်ဆိုတာ သူသိတာပဲ။ ငါသူ့ရဲ့ဝတ်စုံကို ခိုးတယ်ဆိုတာ ပြောလို့မရတဲ့ အရာတစ်ခုခု ပြုလုပ်တယ်လို့ ထင်မှတ်နိုင်တယ်။ ဝတ်စုံညစ်ပတ်သွားတဲ့နောက်မှာ ငါက သက်သေတွေကို ဖျက်ဆီးချင်လို့ ဝတ်စုံတစ်ခုလုံးကို မီးရှို့လိုက်တယ်လို့လည်း ထင်နိုင်တယ်”

ထိုသို့ဆိုလျှင် သူမ၏နှလုံးသားထဲတွင် ရှိနေသည့် ရှမ့်လန်၏ပုံရိပ်ကြီး ပျက်စီးသွားပေလိမ့်မည်။ ကိုယ့်မိန်းမ ဝတ်စုံကို ခိုးယူ၍ ဘာဘာညာညာ ပြုလုပ်ခြင်း။ သောက်ကျိုးနည်း ရှက်စရာပင်။

………..

ရွှမ်ဝူမြို့

အရူးကြီး၏ အဖေတူ၊ အမေကွဲ ညီငယ်လေးဖြစ်သော စုန့်ချောင်သည် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ နန်းတော်ထဲသို့ ဝင်ရောက်ပြီး အောင်မြင်ကျော်ကြားသည့် မိန်းမစိုးတစ်ယောက် ဖြစ်အောင်ပြုလုပ်မည်ဆိုသော ၎င်း၏ ရည်ရွယ်ချက် အားလုံးသည်လည်း ပျက်စီးသွားခဲ့ပြီဖြစ်၏။

အရူးကြီး၏အဖေဖြစ်သော စုန့်ရီသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လျက်ရှိပြီး သူ့၏သားငယ်ကို ကြည့်ရှုနေ၏။ သူက အော်ဟစ်နေမိ၏။ “ဘာကြောင့်လဲ၊ ဘာကြောင့်လဲ”

ထျန်းဟန်သည် အေးစက်သည့်အသံဖြင့် ပြောလိုက်သည်။ “ခန္ဓာကိုယ်ကို တစ်ချက်လောက်ကန်လိုက်ရုံနဲ့ ရှမ့်လန်ကို သေအောင်ပြုလုပ်ရမယ်လို့ ထင်လို့လား။ ရှမ့်လန် သေအောင် တရားစွဲဆိုနိုင်ဖို့ဆိုရင် ခင်ဗျားသားလည်း သေမှဖြစ်မှာပေါ့”

စုန့်ရီသည် နားလည်သွားခဲ့၏။ သို့ပေမည့် သူ့၏သားသည် နန်းတွင်းထဲသို့ ဝင်ရောက်ပြီး မိန်းမစိုး တစ်ယောက် ဖြစ်လာမည်ဆိုလျှင်လည်း ဆိုးရွားသည့်အရာမျိုး မဟုတ်ချေ။ သို့သော်ငြား သေဆုံးသည်ဆိုခြင်းမှာတော့ ဆိုးရွားလွန်းသည့်အရာပင်။ ထျန်းဟန်နှင့် တခြားသောသူများသည် ဤမျှရက်စက်ပြီး အညှာအတာ ကင်းမဲ့လိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ ဤမျှ ကြမ်းတမ်းရက်စက်စွာဖြင့် ပြုမူဆောင်ရွက်သွားလိမ့်မည်ဟု သူ မည်သို့မှ မထင်မှတ်ခဲ့ချေ။

ထျန်းဟန်သည် ထူးမခြားနားသလို ပြောလိုက်၏။ “အင်း လူသတ်သမားက သူ့ရဲ့အသက်ကို ပြန်ပေးရမယ်လေ။ ဘုရင့်ရဲ့သားတော်တစ်ယောက်က ဥပဒေကို ချိုးဖောက်တယ်ဆိုရင်တောင်မှ သာမန်လူတွေလိုပဲ အပြစ်ပေး ခံရမယ်”

ဟုတ်ပေ၏။ ဤစကားစုသည် အဓိပ္ပာယ်ရှိသည့် ကိစ္စရပ်မျိုး မဟုတ်ချေ။ သို့ပေမည့် ၎င်းသည် အဓိပ္ပာယ် ရှိသယောင် ပြောဆိုနေခဲ့ခြင်းပင်။ ထျန်းဟန်က မေးမြန်းလိုက်သည်။ “အင်း… အုပ်ချုပ်ရေးမှူးရုံးရဲ့ အဓိကလူတွေ ရောက်လာကြပြီလား”

“ရောက်တော့မယ်”

ထျန်းချီက ပြောလိုက်၏။ “ရွှမ်ဝူအိမ်တော်ရဲ့ ကျင်းမူလန်နဲ့ ကျင်းမူကုန်းတို့က မြင်းစီးတပ်ဖွဲ့ကို ဦးဆောင်ပြီး သွားကြိုနေတယ်။

ထျန်းဟန်သည် ထပ်မံကာ မေးမြန်းလိုက်သည်။ “အုပ်ချုပ်ရေးမှူးရုံးက လူတွေလာပြီဆိုရင် ဘာလုပ်ကြမှာလဲ”

ထျန်းချီက ပြောလိုက်၏။ “အင်း သေချာတော့မသိပါဘူး”

ထျန်းဟန်သည် သက်ပြင်းချကာ ပြောလိုက်သည်။ “အရာအားလုံးက အဆင်သင့်ဖြစ်နေပြီ။ ရှမ့်လန်ကတော့ နေဝင်ကပ်ဆိုက်ပြီပဲ”

ထျန်းချီက ပြောလိုက်၏။ “သူက ခွေးလိုကောင်မျိုးပါပဲ။ မြို့စားအိမ်တော်ကို တွယ်ကပ်ပြီးတော့ နေခဲ့တယ် ဆိုရင်တောင် ခွေးဟာခွေးပဲ”

“ဟုတ်တယ်။ ဒီခွေးရိုင်းကို ငါတို့ နင်းချေဖျက်ဆီးသတ်ဖြတ်ပစ်ရမယ်။ ဒါပေမဲ့ ငါတို့ရဲ့အဓိက ရည်ရွယ်ချက်က မြို့စားအိမ်တော် တစ်ခုလုံး ပျက်စီးအောင် ပြုလုပ်ဖို့ပဲ”

ထျန်းဟန်က ပြောလိုက်သည်။ “ရှမ့်လန် အကျဉ်းချထားခံရမယ်ဆိုရင် သူ့ရဲ့မိသားစုတွေအားလုံးက ငါတို့လက်ထဲကို ရောက်လာပြီ။ ငါတို့လုပ်ချင်တာ လုပ်လို့ရတယ်ပေါ့”

ထျန်းချီက ပြောလိုက်၏။ “ဟုတ်ပါတယ်”

ပြီးနောက် ထျန်းဟန်သည် ဆက်လက်ကာ ပြောဆိုလိုက်ပြန်သည်။ “စုန့်ရီ … ခင်ဗျားမိန်းမကို သွားခေါ်ခဲ့။ ပြီးတော့ အသုဘဝတ်စုံတွေ ဝတ်ခဲ့ခိုင်းလိုက်။ မြို့စားအိမ်တော်ကို သွားပြီး လူသတ်သမားက ရှမ့်လန်ဖြစ်ကြောင်း ပြောဖို့ပဲ။ သူမက မျက်မြင်သက်သေနော်။ မှတ်ထားအုံး။ ကျန်တဲ့ မျက်မြင်သက်သေတွေကိုလည်း ပြင်ဆင်ထား ပြီးပြီလား”

စုန့်ရီသည် မျက်လုံးထဲတွင် မျက်ရည်များ ဝိုင်းကာဖြင့် ပြောလိုက်၏။ “ပြင်ဆင်ထားပြီးပါပြီ”

ထျန်းဟန်က ပြောလိုက်သည်။ “ဒါက သားတစ်ယောက်သာသာပဲလေ။ ခင်ဗျားထပ်ပြီး မွေးလို့ရပါသေးတယ်။ ရှမ့်လန်ကို သတ်ဖြတ်ပြီးတဲ့အချိန်ကျရင် ခင်ဗျားက ဒီမြို့ရဲ့ အရေးကြီးတဲ့ လူတစ်ယောက်ဖြစ်လာလိမ့်မယ်”

စုန့်ရီ၏ခန္ဓာကိုယ်က တုန်ယင်သွားခဲ့၏။ ပြီးနောက် သူက ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။ “လမ်းညွှန်ပြသ ပေးတဲ့အတွက် ကျေးဇူးပါပဲ ဆရာကြီး”

………..

စုန့်ရီသည် အိမ်ကို အမြန်ဆန်ဆုံးနှုန်းနှင့် ပြန်လျက်ရှိ၏။ သူ့၏မိန်းမသည် ထူးဆန်းသည့် ပုံပန်းသွင်ပြင် မျိုးနှင့် ရှိနေကြောင်းကို သူ သတိပြုမိလိုက်၏။ သူမသည် ဆိုးရွားသည့် ပုံပန်းသွင်ပြင်မျိုး ဖြစ်နေသလို ခန္ဓာကိုယ်၌လည်း သေးနံ့များနှင့် သင်းကြိုင်နေခဲ့၏။ သူမ၏မျက်လုံးများသည် နီရဲလျက် ရှိနေပြီး ရူးသွပ်တော့မည်သကဲ့သို့ပင်။ သို့ပေသိ သူသည် ဘာတစ်ခုကိုမှ ဆက်လက်ကာ မမေးမြန်းချေ။

သူ့၏မိန်းမသည် အလွန်ဝမ်းနည်းနေသည်ဟုသာ ခံစားမိ၏။ ဝမ်းနည်းလွန်းသောကြောင့် သေးများထွက်ကျသည့် အခြေအနေဆီသို့ ရောက်ရှိနေခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမ၏ကလေးကို အရမ်းချစ်မြတ်နိုး သောကြောင့်ပင်။

စုန့်ရီက ဝမ်းနည်းစွာပြောလိုက်သည်။ “မိန်းမ.. ချောင်အာက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားတယ်။ သူ့ကို ကုသလို့ မရနိုင်တော့ဘူး။ သူ …. သူသေသွားပြီ”

စုန့်အမျိုးသမီး၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားခဲ့၏။ သူမသည် သူမ၏ယောကျ်ားကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူမသည် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်ဆိုလျှင်တောင်မှ ဤသတင်းဆိုးကို ကြားရသည့်အချိန်မှာတော့ မျက်ရည်များသည် ထိန်းချုပ်၍ မရနိုင်သလိုပင် ကျဆင်းလာခဲ့၏။

သူမသည် လောဘကြီး၏၊ တစ်ကိုယ်ကောင်းဆန်၏။ စည်းမျဉ်းစည်းကမ်းကို လိုက်နာတတ်သူလည်း မဟုတ်ချေ။ သို့ပေမည့် သူမ၏သားကိုတော့ အလွန်ချစ်မြတ်နိုးသူ ဖြစ်၏။ သင်းကွပ်ခံရပြီး နန်းတော်ထဲသို့ မိန်းမစိုးအဖြစ် ရောက်ရှိသွားမည်ဆိုလျှင်တောင်မှ သူမသည် အသက်ရှင်လျက်ရှိနေသော သူမ၏ သားကို ကြည့်ရှုရင်း ပျော်ရွှင်နေမိမှာ သေချာသည်။ ယခု သူမ၏သားသည် သေဆုံးသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် နှလုံးသားတစ်ခုလုံး ကွဲကြေလုမတတ် ခံစားနေမိသည်။

သရဲမကြီး… ရှင်တကယ် ကျွန်မကို မလိမ်ခဲ့ဘူး။ ရှင်တကယ် ကျွန်မကို မလိမ်ခဲ့ဘူးပဲ။ ထျန်းဟန်… ရှင် အရမ်းကို ရက်စက်တယ်။ ကျွန်မသားကို သတ်ဖြတ်ပစ်ခဲ့တယ် ဟုတ်လား။ စုန့်ရီ… ရှင့်ကတော့ တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်။

စုန့်အမျိုးသမီး၏ မျက်နှာပေါ်တွင် တင်းမာခက်ထန်သည့် အရိပ်အယောင်များနှင့် ပြည့်နှက်သွားခဲ့၏။ မျက်လုံးများတွင် အမုန်းတရားများနှင့် ပြည့်နှက်လာခဲ့၏။

စုန့်ရီက ပြောလိုက်သည်။ “ရှမ့်လန်… ဒီခွေးကောင် ငါတို့သားကို သတ်ဖြတ်ပစ်တယ်။ လက်စားချေရမယ်”

စုန့်ရီသည် ခြောက်ကပ်စွာ ပြောလိုက်၏။ “မိန်းမ၊ မင်း အခုထ။ ကောင်းကင်ဘုံမှာ ငါတို့ရဲ့သား ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နားနေနိုင်ဖို့ ရှမ့်လန်ကို လက်စားချေဖို့ပဲ ရှိတော့တယ်”

စုန့်အမျိုးသမီးက နှာခေါင်းရှုံ့လိုက်သည်။ အင်း… သရဲမကြီးကြောင့်သာ မဟုတ်ဘူးဆိုရင် ရှင့်အကြောင်းကို ကျွန်မ ကောင်းကောင်းသိမှာ မဟုတ်ဘူး။

စုန့်ရီက ပြောလိုက်၏။ “စိတ်မပူနဲ့ မိန်းမ။ အုပ်ချုပ်ရေးမှူးရုံးမှာ ထိုက်ချူးစီရင်စုက အုပ်ချုပ်ရေးမှူးတွေတောင် ရှိတယ်။ ပြီးတော့ အစိုးရ ကိုယ်စားလှယ်တွေကလည်း ငါတို့ကို ထောက်ပံ့ပေးလိမ့်မယ်လေ။ ပြီးတော့ မင်းက မျက်မြင်သက်သေပဲ။ ရှမ့်လန်က ငါတို့သားကို ကန်ကျောက်ပြီး သတ်ခဲ့တယ်ဆိုတဲ့အကြောင်းကို သက်သေပြရုံပဲ။ နားလည်ပြီလား”

စုန့်အမျိုးသမီးသည် သွေးကဲ့သို့ နေရဲနေသည့်မျက်လုံးများဖြင့် သူမ၏ယောကျ်ားကို ကြည့်ရှုလိုက်၏။ ပြီးနောက် ခြောက်ကပ်ကပ် ပြောလိုက်သည်။ “သိတယ်။ ဘာလုပ်ရမလဲဆိုတာ ကျွန်မသိတယ်”

စုန့်ရီက ပြောလိုက်၏။ “ဒါဆိုရင် သွားကြရအောင်။ အသုဘဝတ်စုံဝတ်၊ ချောင်အာရဲ့ အလောင်းကို မြို့စားအိမ်တော်ဆီ ထမ်းပြီးတော့ တရားမျှတမှုကို တောင်းခံရမယ်။ ရှမ့်လန်ကို ကျိန်းသေပေါက် သတ်ပစ်ရမယ်”

ပြီးနောက် စုန့်ရီက ပြန်လည်ကာ တွေးတောလိုက်သည်။ သူ၏ မိန်းမသည် ဆိုးဆိုးရွားရွား အခြေအနေမျိုး ဖြစ်၏။ သားတစ်ယောက် ဆုံးရှုံးရခြင်းအတွက် နာကျင်သည့် ခံစားချက်များကို ရရှိနေခဲ့၏။ ပြောရမည်ဆိုလျှင် လက်ရှိအခြေအနေ၌ အဝတ်အစားများပင် လဲစရာ မလိုအပ်ချေ။ သူ၏ မိန်းမသည် ဆိုးရွားသည့် ပုံပန်းသွင်ပြင်မျိုး ဖြစ်နေသည် မဟုတ်ပါလား။ ပိုမို၍ ယုတ္တိကျနရန်အတွက် ဤအတိုင်း ခေါ်ဆောင်သွားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ အောက်ပိုင်းဝတ်စုံကိုပင် မလဲခိုင်းတော့ရန် သူက ဆုံးဖြတ်လိုက်၏။ စုန့်ရီသည် တကိုယ်လုံး သေးနံ့များဖြင့် နံဟောင်လျက်ရှိနေသော သူ၏မိန်းမကို ခေါ်ဆောင်ပြီး ရွှမ်ဝူမြို့ဆီသို့ ရထားလုံးဖြင့် အပြေးနှင်လေသည်။

…..

သူတို့သည် ထျန်းဟန်ဆီသို့ ရောက်ရှိလာခဲ့၏။ ထျန်းဟန်သည် စုန့်အမျိုးသမီးအား အထက်အောက် သေသေချာချာ ကြည့်ရှုပြီး နှာခေါင်းကို ပိတ်လိုက်မိ၏။ ဤစုန့်ရီသည် တကယ့်ကို အတွေ့အကြုံများပြီး ကြမ်းတမ်းလွန်းသူ ဖြစ်လေ၏။ ယုတ္တိတန်ရန်အတွက် ကျိန်းသေပေါက် အဝတ်အစားများပင် လဲလှယ်ခိုင်းခြင်း မရှိခဲ့ချေ။

စုန့်အမျိုးသမီးသည် ဆံပင်များ ပွစာကျဲလျက် ရှိနေပြီး မျက်လုံးများကလည်း သွေးကဲ့သို့ နီမြန်းလျက် ရှိနေ၏။ မျက်လုံးများသည် တွေဝေငေးငိုင်စွာဖြင့် အသိအာရုံ တည်ရှိပုံမပေါ်ချေ။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် မီးလောင်ထားသည့် ဒဏ်ရာများ တည်ရှိနေခဲ့၏။ အောက်ပိုင်းတွင်လည်း သေးများဖြင့် စိုရွှဲနေသေး၏။

စုန့်ရီသည် သူ၏မိန်းမကို မည်မျှ ဆိုးရွားသည့်အရာမျိုး ပြုလုပ်ထားခဲ့ကြောင်း မသိရှိနိုင်ချေ။ သေသေချာချာ လေ့ကျင့်ပေးထားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

ထျန်းဟန်က ပြောလိုက်သည်။ “ခင်ဗျားရဲ့သား သေဆုံးတာကြောင့် ကျုပ် အရမ်း ဝမ်းနည်းတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး လက်ရှိအချိန်မှာ စိတ်ထိန်းထားပါအုံး။ စိတ်မပူနဲ့။ ဒီကိစ္စမှာ ခင်ဗျားတို့အတွက် တရားမျှတမှု ရအောင် ကျုပ်လုပ်ပေးမယ်”

ပြီးနောက် သူသည် ဓားကြီးတစ်ချောင်းကို အသာထုတ်ကာဖြင့် အရှေ့တွင် ရှိနေသည့် စားပွဲခုံကြီးကို နှစ်ပိုင်း ပိုင်းဖြတ်လိုက်၏။ “လူသတ်သမားက အသက်ပြန်ပေးရမယ်။ ရှမ့်လန်က ရွှမ်ဝူအိမ်တော်ရဲ့ သမက်တော်တစ်ယောက် ဖြစ်တယ်ဆိုရင်တောင် ခြွင်းချက်မရှိဘူး။ သွားကြရအောင်။ မြို့စားအိမ်တော်ကို သွားပြီးတော့ တရားမျှတမှု ရှာကြမယ်”

ထို့နောက် ထျန်းဟန်သည် စုန့်အမျိုးသမီးကို ကြည့်ရှုကာ ပြောလိုက်သည်။ “အစ်မကြီး.. ဘာလုပ်ရမယ်ဆိုတာ သိတယ် မဟုတ်လား”

စုန့်အမျိုးသမီးသည် မျက်လုံးကို အသာပင့်လိုက်၏။ သူမ၏ မျက်လုံးထဲတွင် အမုန်းတရား အငွေ့အသက်များဖြင့် ပြည့်နှက်လျက် ရှိနေ၏။ ထိုအရာများသည် ထျန်းဟန်ကိုပင် တုန်ယင်သွားစေခဲ့၏။

စုန့်အမျိုးသမီးသည် စကားကို တစ်လုံးချင်း ပြောလိုက်သည်။ “သိတာပေါ့။ ဘာလုပ်ရမလဲဆိုတာ ကျိန်းသေပေါက် သိတယ်။ လူသတ်သမားက အသက်ကို ပြန်ပြီးပေးရမယ်”

စကားလုံးတစ်ခုတိုင်းတွင် များပြားလွန်းသည့် အမုန်းတရား၏ အငွေ့အသက်များ ရစ်တွယ်လျက် ရှိနေ၏။

ထျန်းဟန်က ပျော်ရွှင်သွားခဲ့လေ၏။ ဟုတ်ပေ၏။ ဤအရာသည် သူလိုချင်သည့်အရာပင် ဖြစ်သည်။

“သွားကြရအောင်။ ရွှမ်ဝူအိမ်တော်ကို သွားပြီးတော့ ရှမ့်လန်ကို အသက်ကြွေး တောင်းရမယ်” ထျန်းဟန်က အမိန့်ပေးလိုက်၏။

အဝတ်နက်ဂိုဏ်းဆီမှ ဂိုဏ်းသားအနည်းငယ်တို့သည် စုန့်ချောင်၏အလောင်းကြီးကို သယ်ကာဖြင့် စုန့်ရီ၊ ၎င်း၏မိန်းမနှင့်အတူ ရွှမ်ဝူအိမ်တော်ဆီသို့ ဦးတည်လေ၏။ ၎င်းတို့နောက်တွင်တော့ လူပေါင်း တစ်ရာကျော်တို့ လိုက်ပါလာခဲ့ကြ၏။ ထိုသူများသည် ရွှမ်ဝူမြို့တွင် ရှိနေကြသော လူပေါ့လူသွမ်း၊ လူဆိုးများပင် ဖြစ်၏။ ထျန်းဟန်၏ တပည့်များဟုလည်း သတ်မှတ်ရပေလိမ့်မည်။

လမ်းတစ်လျှောက်တွင်တော့ ဘာမှန်းမသိသည့်လူများ၊ လူပေါ့လူသွမ်းများတို့သည် ထိုအဖွဲ့ထဲသို့ ဝင်ရောက် ပူးပေါင်းကာဖြင့် လူအင်အား ပိုမိုများပြားလာခဲ့၏။ လူတစ်ရာကျော်မှသည် လူတစ်ထောင်၊ နှစ်ထောင် နီးပါးဆီသို့ပင် ရောက်ရှိလာ၏။

ထျန်းဟန်သည် ပိုမိုကာ ဝံ့ကြွားလာခဲ့သည်။ “မြို့စားကြီး… လူတွေကို ခင်ဗျားရဲ့ ကိုယ်ပိုင်ကလေးတွေလို ချစ်မြတ်နိုးတယ် မဟုတ်လား။ အခု လူတစ်ထောင်ကျော်လောက်က တရားမျှတမှု လာပြီး တောင်းဆိုတဲ့အချိန်မှာ ခင်ဗျား ရှမ့်လန်ကို ဘယ်လို လက်လွှဲပေးရမလဲဆိုတာ ကြည့်လိုက်မယ်။ ရှမ့်လန်၊ မင်းဘယ်လိုသေမလဲဆိုတာ ငါကြည့်မယ်”

လမ်းလျှောက်နေရင်းမှာပဲ အဝတ်နက်ဂိုဏ်းမှ အဖွဲ့ဝင်များသည် အော်ဟစ်လျက် ရှိနေ၏။ “လူသတ်သမား အသက်ပြန်ပေးရမယ်။ ရှမ့်လန်ကို ထုတ်ပေး၊ ရှမ့်လန်ကို ထုတ်ပေး”

All Chapters