အပိုင်း (၆၃)
Vol. 5 Ch. 63
ရှေးတရုတ်ပြည်တွင် အုပ်ချုပ်ရေးပိုင်းနှင့်ပတ်သက်၍ သေသေချာချာ တိတိကျကျ သတ်သတ်မတ်မတ် ခွဲခြားထားသော်လည်း ဤနေရာတွင်တော့ များစွာသော ရာထူးရာခံများနှင့် ရှုပ်ထွေးလျက်ရှိနေ၏။ ပြောရမည် ဆိုလျှင် ရှေးတရုတ်ပြည်နှင့် အလွန်ကွာခြားသည့် လောကကြီးပင်ဖြစ်၏။
တော်ဝင်ရန်နိုင်ငံသည် မိမိ၏ ကိုယ်ပိုင်အခြေအနေကို အသုံးပြုကာ မိမိကိုယ်ပိုင် စည်းမျဉ်းဥပဒေနှင့် အုပ်ချုပ်သည်ဟု သတ်မှတ်ရပေလိမ့်မည်။ သို့ပေမည့် ရှမ့်လန်သည် ထိုအရာများ၏ နောက်ကွယ်တွင် ရှိနေသည့် အကြောင်းအရာကို အကြမ်းဖျင်း သဘောပေါက်ထားသည်။
ပထမဦးဆုံးအနေနှင့် လောကကြီးထဲတွင် ရှိနေသည့် စစ်တပ်အားအင်အဆင့်သည် ရှေးတရုတ်ပြည်ထက် ပိုမိုကာ သာလွန်၏။ ထို့ကြောင့် ထူးချွန်လွန်းသည့် ပါရမီရှင်များ ပေါများလာခဲ့၏။ စုတ်တံကို ကိုင်ဆောင်ထားသည့် သူရဲကောင်းများ၊ ဓားကိုင်ဆောင်ထားသည့် သူရဲကောင်းများဟူ၍ သူရဲကောင်း အမျိုးမျိုးထင်ပေါ်လာခဲ့လေ၏။ သို့သော်ငြား ထိုသူတို့သည် နိုင်ငံ၏ အဓိကရာထူး နှင့် စစ်တပ်၏ အရေးကြီးသောနေရာများ သို့ ရောက်ရှိဖို့ဆိုသည်မှာ ခက်ခဲလွန်း၏။
ဒုတိယအားဖြင့် နိုင်ငံအနှံ့၊ တည်နေရာအနှံ့တွင် တော်ဝင်မျိုးနွယ်များ ပေါများလျက် ရှိနေခြင်းပင်။ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့များသည် ဤတော်ဝင်မျိုးနွယ်များကို ဖိနှိပ်နိုင်ရန် ဆုံးဖြတ်ပါက ကျိန်းသေပေါက် စစ်တပ်အားအင် ရှိဖို့လိုအပ်သည်။
………….
ညနေခင်းသို့ ရောက်ရှိသည့်အချိန်မှာတော့ ရွှမ်ဝူမြို့ဆီသို့ ထျန်းလန်စီရင်စု အုပ်ချုပ်ရေးမှူးရုံးမှ ကျူးကျွင်း၏ အကြံပေး ရန်ဝူကျိ၊ ထိုက်ရှုးစီရင်စု အုပ်ချုပ်ရေးမှူး ကျန်းချုံးတို့ရောက်ရှိလာခဲ့သည်။ ၎င်းတို့နှင့်အတူ ရွှမ်ဝူမြို့တော်ဝန် လျှိုဝူယမ်၊ ယခင် ရွှမ်ဝူမြို့၏ မြို့တော်ဝန်ဟောင်း ကျန်းပိုရန်၊ ရွှမ်ဝူမြို့၏ အစောင့်တပ် ခေါင်းဆောင် ကျန်းကျင်းတို့ ပါဝင်လာခဲ့၏။
ကျင်းမူကုန်းနှင့် ကျင်းမူလန်တို့သည် မြင်းတပ်ကို ဦးဆောင်ကာဖြင့် ဧည့်ကြို၏။ ပြီးနောက် မြို့စားကြီး၊ ၎င်း၏မိန်းမ၊ ရှမ့်လန်နှင့် ကျန်သည့်သူများ အားလုံးတို့သည် မြို့စားအိမ်တော်၏ အဝင်ဝတွင် ဆီးကြိုကာဖြင့် ဧည့်ကြို၏။ ရှမ့်လန်အတွက် ဤအရာသည် ပထမဦးဆုံးအကြိမ် ဖြစ်၏။ မြို့စားအိမ်တော်၏ သမက်အဖြစ် ဖြစ်တည်လာခဲ့ပြီးနောက် အရေးကြီးသည့် အခမ်းအနားပွဲမျိုးတွင် ပထမဦးဆုံးအကြိမ် ပါဝင်ရခြင်းပင်။
ယနေ့မတိုင်ခင် ရှမ့်လန်သည် ရန်ဝူကျိ၊ ကျန်းချုံးတို့နှင့်ပတ်သက်၍ ၎င်း၏အိမ်စာများကို ကောင်းကောင်း ပြုလုပ်ထားခဲ့၏။ ရန်ဝူကျိသည် အသက်ငါးဆယ့်သုံးနှစ်အရွယ် ယောကျ်ားတစ်ယောက်ဖြစ်ပြီး ရွှဲ့ပြည်နယ် နန်းတွင်းစစ်ဆေးရေးတပ်၏ နန်းတွင်းစစ်ဆေးရေး စာမေးပွဲကို အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်၏။ ၎င်းသည် အံ့အားသင့်စရာ ကောင်းနေသည်လား။
ရွှဲ့ပြည်နယ်သည် လူဦးရေ သန်းနှစ်ဆယ်နီးပါးခန့်ရှိပြီး ကြီးမားသည့် နိုင်ငံကြီးတစ်ခု ဖြစ်၏။ နိုင်ငံတစ်ခုလုံးတွင် နံပါတ်သုံးနေရာကို ရရှိဖို့ဆိုသည်မှာ လွယ်ကူသည့် လူတစ်ယောက်မဟုတ်ချေ။ သို့ပေမည့် အဆင့်မြင့် နန်းတွင်း မင်းမှုထမ်းအဖွဲ့တွင် အားကောင်းသည့် လူတစ်ယောက် ဖြစ်သော်လည်း အဘယ်ကြောင့် ကျူးကျွင်း၏ဘေးသို့ ရောက်ရှိနေရသနည်း။
အဘယ်ကြောင့်ဆိုသော် ၎င်း၏မိသားစုသည် ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့၏။ ရန်ဝူကျိသည် ထို့ကြောင့် ကျူးကျွင်း၏ဘက်သို့ ဆွဲသွင်းခြင်း ခံလိုက်ရ၏။ ထို့ကြောင့်ပင်လျှင် နန်းတွင်းအဖွဲ့အစည်းဆီမှ နှုတ်ထွက်ခဲ့ရပြီး အပြင်ဘက်တွင် ကျောင်းတစ်ခု ဖွင့်လှစ်ကာ ဆယ်နှစ်နီးပါး သင်ကြားပြသခဲ့၏။ ၎င်း၏နာမည်သည် ရွှဲ့ပြည်နယ် တစ်ခုလုံး၌ ထင်ရှားကျော်ကြားလှသည်။
ထို့ကြောင့်ပင်လျှင် ၎င်းသည် ကျူးကျွင်း၏ အာရုံစိုက်ခြင်းကို ရရှိခဲ့၏။ မကြာခင်မှာပဲ အုပ်ချုပ်ရေးအဖွဲ့၏ အတိုင်ပင်ခံတစ်ယောက် ဖြစ်လာခဲ့၏။ ထိုလူသည် အစိုးရအဖွဲ့၏ အယုံကြည်ရဆုံးသော လူတစ်ယောက်ဖြစ်၏။ ၎င်း၏စကားလုံးတစ်ခု၊ ပြုမူဆောင်ရွက်မှုများသည် တကယ်ကို ကြောက်ခမန်းလိလိပင်။ ရန်ဝူကျိကို ပြဿနာရှာရခြင်းထက် မြို့တော်ဝန်၏သားကို ပြဿနာရှာရခြင်းကပင် ပိုမိုကာ သက်သာမည်ဟု လူတော်တော်များများက ပြောဆိုကြ၏။
.....
စီရင်စု၏ အုပ်ချုပ်ရေးမှူး ကျန်းချုံးသည် ကျိန်းသေပေါက် အံ့အားသင့်စရာကောင်းသည့် လူတစ်ယောက်ဖြစ်ပြီး အံ့ချီးနပမ်းသော ဉာဏ်ပညာကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်၏။ ၎င်း၏ဖခင်သည် စစ်တပ်အရာရှိ တစ်ယောက်ဖြစ်သည်။ ၎င်းသည် စာပေနှင့် သိုင်းပညာနှစ်ခုလုံးတွင် နှံ့နှံ့စပ်စပ် ပေါက်မြောက်သည့် လူတစ်ယောက်ဖြစ်၏။ ကိုယ်တိုင် လက်နက်ကို ကိုင်စွဲကာ စစ်ပွဲကို ဝင်ရောက်တိုက်ခိုက်နိုင်စွမ်းရှိသည့် လူတစ်ယောက် ဖြစ်သလို လူပေါင်းများစွာတို့ကို စီမံအုပ်ချုပ်ရသည့် စီမံအုပ်ချုပ်ရေးနည်းလမ်းများ၌လည်း ကျွမ်းကျင်လွန်း၏။
လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း မတူညီသည့် မြို့ငါးမြို့တွင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သည့် လူတစ်ယောက်ဖြစ်၏။ အချိန်အတိုင်းအတာတိုအတွင်းနိုင်ငံရေးရာ အောင်မြင်မှုများကို ရရှိအောင် ပြုလုပ်နိုင်သူ တစ်ယောက်ဖြစ်သည်။
လွန်ခဲ့သည့်သုံးနှစ်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စွမ်းစွမ်းတမံ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး အရှင်မင်းကြီးနှင့် ကျူးကလန်တို့သည် ၎င်းအား လူယုံတော်အဖြစ် ရွေးချယ်လိုက်၏။ ထို့ကြောင့်ပင်လျှင် ၎င်း၏ဂုဏ်သိက္ခာ တရားသည် တကယ်ကို ထွန်းတောက်လာခဲ့၏။
ထိုအချိန်တုန်းက သူသည် တိုင်ကျင်းမြို့၏ အုပ်ချုပ်ရေးမှူးတစ်ယောက်ခဲ့သာ ဖြစ်၏။ လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာလောက်က တိုင်ကျင်းမြို့၏ အုပ်ချုပ်ရေးမှူးသည် မည်သူဖြစ်မှန်း မည်သူမှမသိကြချေ။ သို့ပေမည့် တိုင်ကျင်းမြို့ဆီသို့ သူ ရောက်ရှိလာသည့်အချိန်မှာတော့ တိုင်ကျင်းမြို့တော်ဝန်သည် တကယ်ကို ကျော်ကြားပြီး အားလုံးသောသူတို့၏ ချီးကျူးရသည့် လူတစ်ယောက်ဖြစ်လေ၏။ တိုင်ကျင်းမြို့စားကြီးသည် တိုင်ကျင်းမြို့ကို အုပ်စိုးသူတစ်ယောက်ဖြစ်ပြီး နှစ်ပေါင်းရာချီ ကြီးကျယ်ခမ်းနားစွာ နေထိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်၏။ ရွှမ်ဝူမြို့စားကြီးနှင့် နှိုင်းယှဉ်မည်ဆိုလျှင် တိုင်ကျင်းမြို့စားကြီးသည် ပိုမိုကာ အားကောင်း၏။ ၎င်း၏ နည်းလမ်းများသည်လည်း ကြမ်းတမ်းရက်စက်၏။ သူသည် အစိုးရ၏ ဒေသခံအစိုးရအဖွဲ့အစည်းများ အားလုံးကိုပင် ဖိနှိပ်ထားနိုင်ခဲ့သည်။
တိုင်ကျင်းမြို့စားအိမ်တော်သည် ဒေသခံအစိုးရအဖွဲ့ဝင်များအတွက် သေမင်းတမန် တည်နေရာဟူ၍ပင် သတ်မှတ် ခဲ့ကြ၏။ ရွှဲ့ပြည်နယ်၏ စည်းမျဉ်းစည်းကမ်း အသစ်များသည် အပြောင်းအလဲများခဲ့၏။ ထိုအရာသည် တိုင်ကျင်းမြို့ဆီသို့ သက်ရောက်ခြင်းမရှိသကဲ့သို့ပင်။
သို့ပေမည့် ကျန်းချုံး ထိုနေရာဆီ၌ ငါးနှစ်တိတိ တာဝန်ကျခဲ့ပြီးနောက် တိုင်ကျင်းမြို့စားကြီးအား အဆိုးဆုံး အခြေအနေဆီသို့ ရောက်အောင် တွန်းပို့နိုင်ခဲ့၏။ ကျန်းချုံးသည် တကယ်ကို အားကောင်းလွန်းသည့် အစီအမံများကို တစ်ဖက် တိုင်ကျင်းမြို့စားကြီးကို ဖိနှိပ်ကာ အောင်ပွဲ ရယူခဲ့၏။
တိုင်ကျင်းမြို့စားကြီးသည် ၎င်း၏စစ်တပ်ကို ဆုံးရှုံးခဲ့သည်သာမက ၎င်း၏ တည်နေရာ မြေပိုက်နက်များကိုလည်း ဆုံးရှုံးခဲ့လေ၏။ ပြီးနောက် တိုင်ကျင်းမြို့စားကြီးသည် မိမိကိုယ်ကိုသတ်သေခဲ့၏။ အဆုံးသတ်မှာတော့ မင်းကြီးသည် သနားညှာတာမှုကို ပြသခဲ့ပြီး တိုင်ကျင်းမြို့စား၏ ဆွေမျိုးပေါင်းများစွာကို သတ်ဖြတ်ခြင်းမရှိခဲ့ချေ။ သို့ပေမည့် ထိုသူများအားလုံးကို မူရင်းမြေနေရာဆီမှ မောင်းထုတ်ခဲ့သည်။
ကျန်းချုံးသည် ဤတိုက်ခိုက်ပွဲပြီးနောက် ကျော်ကြားလာခဲ့၏။ ၎င်းသည် အဓိကမြို့ကြီးများဆီသို့ တည်နေရာ ရွှေ့ပြောင်းခြင်း ခံခဲ့ရ၏။ ဤနေရာသို့ ၎င်းရောက်ရှိလာခဲ့သည်မှာ သုံးနှစ်နီးပါးခန့်ဖြစ်ပြီး ၎င်း၏ စွမ်းဆောင်ရည်များကို အသာသိုဝှက်ထားခဲ့၏။
နောက်ဆုံး သူသည် နုကျင်းမြို့ဆီသို့ စေလွှတ်ခြင်းကို ခံခဲ့ရ၏။ ဤနုကျင်းမြို့တွင် မည်သူက အားအကောင်းဆုံးဖြစ်သနည်း။ ရွှမ်ဝူအိမ်တော်ပင် ဖြစ်၏။ ထို့ကြောင့် လက်ရှိ အုပ်ချုပ်ရေးမှူး တစ်ယောက် ဖြစ်လာခဲ့ပြီးနောက် စစ်တပ်နှင့် နိုင်ငံရေးအာဏာများကို ပိုင်ဆိုင်လာ၏။ ထို့ကြောင့် ရွှမ်ဝူမြို့စားကြီးသည် နောက်ကျောဘက်ကို ဆူးတစ်ချောင်း ထိုးစိုက်ခံထားရသလို အမြဲသတိအပြည့်ဖြင့် ရှိနေခဲ့၏။ သို့ပေမည့် ကျန်းချုံးသည် ရာထူးရယူပြီးနောက် အဆင်ခြင်မဲ့ ပြုလုပ်ခဲ့ခြင်းမရှိသလို ရွှမ်ဝူမြို့စားကြီးနှင့် ထိပ်တိုက်ပြဿနာ ဖြစ်ခြင်းလည်း မရှိခဲ့ချေ။ သိုသိုသိပ်သိပ်သာ နေထိုင်ခဲ့သည်။
အုပ်ချုပ်ရေးမှူးရုံးဆီမှ ဆရာကြီးနှစ်ယောက်ကို မြင်ရသည့်အချိန်မှာတော့ ၎င်းတို့၏ အသွင်အပြင်များသည် ရှမ့်လန် ထင်မှတ်ထားခဲ့သကဲ့သို့ပင် တူညီလျက်ရှိနေ၏။ ရန်ဝူကျိသည် ချောမောသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်ပြီး ပုံပန်းသွင်ပြင်သည် ခန့်ညားလွန်း၏။ သို့ပေမည့် မောက်မာလွန်းသည့် အသွင်အပြင် အမူအရာမျိုးပင်။ ၎င်း၏ဝတ်စုံများသည် တကယ်ကို မွှေးပျံ့လျက် ရှိနေပြီး မျက်ခုံးမွှေးများကိုပင် သေသေချာချာ ဆွဲထားသေး၏။
ရှမ့်လန်အနေနှင့် ထိုကဲ့သို့ ပြုလုပ်ထားမည်ဟု ထင်တောင် မထင်မှတ်ချေ။ သေချာပေ၏။ ကောလဟလများသည် တကယ့်ကို အခြေအမြစ် မရှိဘဲ ဖြစ်တည်ခဲ့ခြင်း မဟုတ်ချေ။
ကျန်းချုံး၏ အသားအရည်သည် မဲနက်လျက် ရှိနေလေ၏။ မျက်နှာသွင်ပြင်ကတော့ ခန့်ညား၏။ ပိန်ပိန်ပါးပါးဖြင့် သွင်ပြင်မူရာတစ်ခုလုံးသည် တင်းမာခက်ထန်သည့် ဟန်ပန်အမူအရာမျိုးပင်။ ၎င်းသည် စကားအနည်းငယ်ကိုသာ ပြောဆိုတတ်သည့် ယောကျ်ားတစ်ယောက်၏ အသွင်အပြင်အမူအရာမျိုး ဖြစ်၏။ မျက်လုံးများသည် လင်းယုန်ငှက် ၏ မျက်လုံးများကဲ့သို့ပင် စူးရှလွန်း၏။
ရန်ဝူကျိသည် ကြည့်ကောင်းလွန်းသည့်ဝတ်စုံကို ဝတ်ဆင်ထားလျက်ရှိနေတုန်းမှာပဲ ကျန်းချုံးမှာတော့ အဝတ်ဖြူ တစ်ခုကိုသာလျှင် ဝတ်ဆင်ထား၏။ ၎င်း၏ခန္ဓာကိုယ်၌ စျေးကြီးသည့် မည်သည့်ပစ္စည်းပစ္စယမှ မရှိချေ။ အသွင်အပြင်ကို ကြည့်ရမည်ဆိုလျှင်တော့ အုပ်ချုပ်သူ မည်သူဖြစ်မှန်းကိုပင် ခန့်မှန်း၍ ရနိုင်လိမ့်မည် မဟုတ်ချေ။
ရန်ဝူကျိနှင့် ရွှမ်ဝူမြို့စားကြီးတို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်ကာ ပြုံးပြ နှုတ်ဆက်လိုက်၏။ ပြီးနောက် မြို့စားကတော်နှင့်အတူ ခင်မင်ရင်းနှီးကြောင်း စကားများကို ပြောဆိုနေ၏။
မှန်ပေ၏။ ရန်ဝူကျိသည် တော်ဝင်မျိုးနွယ်ဆီမှ ဆင်းသက်လာခဲ့သည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမည့် ကျန်းချုံးသည် မည်သည့်ဂုဏ်ဒြပ်ကိုမှ ပိုင်ဆိုင်သည့်လူတစ်ယောက် မဟုတ်ချေ။ အစမှအဆုံးစီ ကျန်းချုံးသည် မြို့စားကြီးကို စကားတစ်ခွန်းသာလျှင် ပြောခဲ့သည်။ “တွေ့ရတာ ဝမ်းသာပါတယ်”
ပြီးနောက် စာပေဗဟုသုတနှင့် သိုင်းပညာကိုပါ အလွန်နှံ့စပ် ကျွမ်းကျင်သော အုပ်ချုပ်ရေးမှူးသည် ဘေးတစ်ဖက် ဆီမှ ရပ်ကာဖြင့် မည်သည့် စကားတစ်ခွန်းမှ ထပ်မံကာ မဆိုတော့ချေ။
“လန်အာ... အချိန်ကိုက် ရောက်လာတာပဲ။ လာ လူကြီးမင်းရန်နှင့် အုပ်ချုပ်ရေးမှူးကျန်းကို နှုတ်ဆက်လိုက်အုံး” မြို့စားကြီးက ပြောလိုက်၏။
ရှမ့်လန်သည် အရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် လက်သီးကိုဆုပ်ကာ နှုတ်ဆက်လိုက်၏။ ဤလူနှစ်ယောက်သည် ရန်သူနှစ်ယောက် ဖြစ်၏။ ၎င်း၏ယောက္ခမကြီးသည် အရာအားလုံးကို သေသေချာချာ ဂရုစိုက်ပြုလုပ်ရန် လိုအပ်လျက် ရှိနေ၏။ သို့ပေသိ ရှမ့်လန်သည် ဘာတစ်ခုမှ မဟုတ်ချေ။ ၎င်း၏အပြုအမူ ဆောင်ရွက်ချက်များ ကလည်း အရေးကြီးသည်မဟုတ်ချေ။ တစ်ဖက်လူများအနေနှင့် သူ့အား အသိအမှတ် မပြုဘဲ လျစ်လျူရှုကာ နေနိုင်၏။ ရှမ့်လန်သည် သမက်တော်တစ်ယောက် ဖြစ်သည်မို့ တစ်ဖက်လူနှစ်ယောက်သည် သူ့ကို တစ်ချက်ကလေးမှ အထင်ကြီးလိမ့်မည် မဟုတ်ချေ။
ရန်ဝူကျိသည် အသာ ပြုံးလိုက်၏။ ကျန်းချုံးမှာတော့ ခေါင်းညိတ်ကာ ရှမ့်လန်ကို လျစ်လျှူရှုထား၏။ ဤအရာသည် ပုံမှန်အပြုအမူပင် ဖြစ်၏။ ထို့နောက် ရွှမ်ဝူမြို့စားကြီးသည် မြို့စားအိမ်တော်ဆီသို့ ဤဆရာကြီးနှစ်ယောက်ကို ပင့်ဖိတ်ကာဖြင့် စားပွဲကျင်းပရန် ပြင်ဆင်လိုက်သည်။
ရှမ့်လန်သည် စားသောက်ရင်းနှင့် အလုပ်များလျက် ရှိနေ၏။ သူသည် ဝိုင်ချိုများကို ခဏခဏ သောက်သုံးလျက် ရှိနေ၏။ စားနေတုန်းမှာပဲ မူလန်၏ ခန္ဓာကိုယ်သွင်ပြင်ကို ခဏခဏ ကြည့်ရှုနေ၏။ ထိုအရာကို ကြည့်ရှုရင်း သူက ပိုမိုကာ စားပြန်၏။
မူလန်သည် သူမ၏ယောကျ်ား ပုံပန်းအသွင်အပြင်နှင့်ပတ်သက်၍ ဘာတစ်ခုမှ ပြောဆိုနိုင်ခြင်း မရှိချေ။ ဘာတစ်ခုမှ မဖြစ်သလို ဟန်ဆောင်ကာနေ နေရသည်။ သောက်တလွဲယောက်ျားပင်။
.......
“ရွှမ်ဝူ.. နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာခဲ့ပြီ” ရန်ဝူကျိက ပြောဆိုလိုက်၏။ အားလုံးသောသူတို့သည် ထိုစကားကို ကြားရသည့်အချိန်မှာတော့ တူကို အသာ ချလိုက်၏။ အဘယ်ကြောင့်ဆိုသော် လိုရင်းကို ပြောဆိုရန် အချိန်ကျ ရောက်လာသောကြောင့်ပင်။
ရန်ဝူကျိက ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူးက ကျုပ်ကို ဒီနေရာကို လွှတ်ပြီးတော့ ပြောခိုင်းတာက ရွှမ်ဝူ အနေနှင့် ကျင်းချန်ကျွန်းနှင့်ပတ်သက်ပြီး ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်ပဲ။ အုပ်ချုပ်ရေးမှူးရုံးက ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားအောင် ကြားဝင် ပြုလုပ်ပေးရမလား”
ဤဆရာကြီးနှစ်ယောက် လာရောက်လည်ပတ်ခြင်း ရည်ရွယ်ချက်က ဒါပင် ဖြစ်၏။ ကျင်းချန်ကျွန်းသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာထဲက အဆက်ဆက် ဆင်းသက်လာခဲ့သည့် မင်းကြီး ပိုင်ဆိုင်သည့် အရာပင် ဖြစ်၏။ သမိုင်းမှတ်တမ်းများကို သေသေချာချာ အစဖော်ရန် မလိုအပ်ချေ။
အတိုချုံးစွာ ပြောဆိုရမည်ဆိုလျှင် မြောက်ဘက်ပိုင်းတွင် ရှိနေသည့် ကျင်းဟိုင်မြို့စားကြီးသည် ထိုကျင်းချန်ကျွန်း ကို ၎င်းပိုင်ဆိုင်သည်ဟု သတ်မှတ်ထား၏။ ရွှမ်ဝူအိမ်တော်ကလည်း ထိုကျင်းချန်ကျွန်းကို ပိုင်ဆိုင်သည်ဟု တွေးထင်ထားခဲ့ကြ၏။ ထို့ကြောင့်ပင်လျှင် မိသားစုနှစ်ယောက်သည် အပြင်းအထန် တိုက်ခိုက်ခဲ့ကြ၏။ နှစ်ပေါင်းရာချီ တိုက်ခိုက်ခဲ့ပြီးနောက် ဤအရာကို ပိုင်ဆိုင်သူသည် မည်သူဖြစ်ကြောင်း သေသေချာချာ အတည်ပြုနိုင်ခြင်း မရှိချေ။
မိသားစုနှစ်ခုလုံးသည် ၎င်းတို့ပိုင်ဆိုင်သည်ဖြစ်ကြောင်း မှတ်တမ်းမှတ်ရာ သက်သေများကို တစ်ခုပြီး တစ်ခု အသီးသီး ထုတ်ဖော်ပြသခဲ့၏။ အဆုံးသတ်မှာတော့ နောက်ဆုံးမျိုးဆက် မင်းကြီးသည် ကျင်းချန်ကျွန်းကို နှစ် နှစ်ဆယ်လျှင် တစ်ခါ အလှည့်ကျ ပိုင်ဆိုင်ခွင့်ရရန် ဆုံးဖြတ်ခဲ့၏။
ဤအရာသည် သာမန်ကျွန်းတစ်ခုသာဖြစ်ပါက အဆင်ပြေ၏။ အဓိကအားဖြင့် ကျင်းချန်ကျွန်းတွင် အဆင့်မြင့် သံမဏိများ ထွက်ရှိပြီး တခြား သတ္တုပစ္စည်းများလည်း ထွက်၏။ ထိုအရာကိုရရှိသည့် မည်သူမဆိုသည် တစ်နှစ်တာ၏ ဝင်ငွေ ၃၀ ရာခိုင်နှုန်းခန့် တိုးသွားပေမည်။ လွန်ခဲ့သည့်နှစ် နှစ်ဆယ်တုန်းက ရွှမ်ဝူမြို့သည် ထိုအရာကို လက်လွှတ်ခဲ့ရသောကြောင့် ဝင်ငွေများ လျော့ကျခဲ့၏။ တကယ်ကို ကြီးကြီးမားမား ထိခိုက်ခဲ့ရ ခြင်းပင်။
မြို့စားအိမ်တော်၏ ငွေကြေးပိုင်းဆိုင်ရာ ပြဿနာသည် ရှစ်ဝမ်ကျောင်း တစ်ယောက်တည်းကြောင့်သာ မဟုတ်ဘဲ ကျင်းချန်ကျွန်းကို ဆုံးရှုံးရသောကြောင့်လည်း ဖြစ်၏။ ကျင်းချန်ကျွန်းကို ဆုံးရှုံးရခြင်းကြောင့် ရွှမ်ဝူအိမ်တစ်ခုလုံး၏ နောက်ခံတစ်ခုလုံး ပျက်စီးသွားခဲ့သည်ဟု သတ်မှတ်ရပေလိမ့်မည်။
ရွှမ်ဝူမြို့စားကြီးက ပြောလိုက်၏။ “အင်း၊ အုပ်ချုပ်ရေးမှူးရုံးဘက်က ဘာတွေတွေးနေတာလဲ”
ရန်ဝူကျိက ပြောလိုက်သည်။ “အစိုးရ အရာရှိကြီးတွေ ပြောတာကတော့ ငြိမ်းချမ်းရေးက အရမ်း အရေးကြီးတယ်တဲ့။ ကျင်းချန်ကျွန်းကို အပိုင်းနှစ်ပိုင်းခွဲလိုက်မယ်။ မြောက်ဘက်ပိုင်းက ကျင်းဟိုင် မြို့စားကြီးက ပိုင်ဆိုင်ပြီး တောင်ဘက်ပိုင်းကတော့ ရွှမ်ဝူအိမ်တော်က ပိုင်ဆိုင်ပေါ့”
ထိုအရာကို ကြားသည့်အချိန်မှာတော့ ရွှမ်မြို့စားကြီးသည် ဒေါသထွက်သွားမိ၏။ သူ့အား အဆုံးစွန်ထိ တွန်းပို့နေလေသည်လား။ ကျင်းချန်ကျွန်းတစ်ခုလုံး၏ အဓိကမိုင်းတွင်းများသည် မြောက်ဘက်ပိုင်းတွင် တည်ရှိကြောင်း အားလုံး သိရှိပြီးဖြစ်၏။ တောင်ဘက်ပိုင်းတွင်တော့ အနည်းငယ်သော မြေများ၊ တောများသာ လျှင် တည်ရှိ၏။
သို့သော်ငြား ဒေါသထွက်သွားသည်ဆိုလျှင်တောင်မှ မြို့စားကြီးသည် ချက်ချင်း ငြင်းပယ်မှုကို မပြုလုပ်ချေ။ ဖန်ခွက်ကို အသာမြောက်ကာဖြင့် ပြောလိုက်သည်။ “ကဲ သောက်ကြစို့”
ဟုတ်ပေ၏။ ရန်ဝူကျိသည် ဤကဲ့သို့သော ရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်ဖြစ်ကြောင်း သိရှိပြီးဖြစ်၏။ ထို့ကြောင့် ဘာတစ်ခုမှ ဆက်လက်ကာ မပြောတော့ချေ။ အစိုးရအရာရှိများ၏ သဘောထားနှင့်ပတ်သက်၍ သူက ထုတ်ဖော်ပြောဆိုခဲ့ပြီးသား ဖြစ်၏။ သူသည် ဤနေရာဆီသို့ ကြားဝင် ဖြေရှင်းပေးရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ လက်ကျန်ကိစ္စမှာတော့ ရွှမ်ဝူအိမ်တော်နှင့် ကျင်းဟိုင်မြို့စားကြီးတို့ ဆုံးဖြတ်ရမည့်ကိစ္စဖြစ်၏။ သူ့အနေနှင့် ဘာမှဝင်ရောက်ကာ ပြောဆိုခွင့် မရှိချေ။
စားပွဲသည် အရေးကြီးဆုံး အခြေအနေဆီသို့ ရောက်ရှိလာခဲ့ကြ၏။ တစ်ယောက်နှင့် တစ်ယောက်သည် ရင်းနှီးလှသည် မဟုတ်ချေ။ ရန်သူများဟူ၍ပင် သတ်မှတ်ရမှာဖြစ်၏။ ထို့ကြောင့် အာလာပသလာပ ပြောဆိုခြင်းဆိုသည်မှာ ကြောင်တောင်တောင်နိုင်သည် မဟုတ်ပါလား။
ရှမ့်လန်သည် သမက်တော်တစ်ယောက် ဖြစ်သော်လည်း လက်ရှိစားပွဲဝိုင်းတွင် ထိုင်လျက်ရှိ၏။ ဘယ်သူမှ စကားပြောဆိုခြင်း မရှိသောကြောင့် စားပွဲတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။ အခြေအနေမှာလည်း ကြောင်တောင်တောင် နိုင်၏။
ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ ဆူပူအော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။ လူပေါင်းများစွာတို့ အော်ဟစ်လျက် ရှိနေကြောင်း သိသာသည်။
“ရှမ့်လန်ကို ထုတ်ပေး။ သူ့ကို အသက်ပြန်လျော်ခိုင်းရမယ်”
“ရှမ့်လန်ကို ထုတ်ပေး။ သူ့ကို အသက်ပြန်လျော် ခိုင်းရမယ်”
ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ စိတ်သက်သာရာရသလို သက်ပြင်းကိုပင် ချမိနေ၏။ သူသည် စိတ်သက်တောင့်သက်သာ ခံစားလာမိ၏။ “အင်း .. ပွဲက ရောက်လာပြီ။ ပျင်းနေတာနဲ့ အတော်ပဲ။ မဟုတ်ရင် ငါ အိပ်ပျော်တော့မယ်”