← Chapters

အပိုင်း (၆၅)

Vol. 5 Ch. 65

အပိုင်း (၆၅)

Vol. 5 Ch. 65

စုန့်အမျိုးသမီး၏အသံ ထွက်ပေါ်လာလာချင်းမှာပဲ တည်နေရာတစ်ခုလုံးတွင် ရှိနေသည့် လူအားလုံးသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကြက်သေသေသွားခဲ့၏။

ဘာတွေဖြစ်နေသနည်း။ သူတို့ နားကြားများ လွဲခဲ့သည်လား။ ကြီးမားသည့် အလှည့်အပြောင်းသည် သူတို့ကို တုံ့ပြန်ရန် အချိန်ပင် မရစေခဲ့ပေ။ ယနေ့ ရှမ့်လန်တစ်ယောက် ကောင်းကောင်းဒုက္ခရောက်ရမည် မဟုတ်ပါလား။ အဘယ်ကြောင့် အခြေအနေက တစ်ဆစ်ချိုးသို့ ပြောင်းလဲသွားရသနည်း။

ထျန်းဟန်သည် ပထမဦးဆုံး တုံ့ပြန်သူဖြစ်၏။ လက်ရှိအခြေအနေမှာတော့ သူ၏ ခန္ဓာကိုယ်တွင် ရှိနေသည့် အမွေးအမျှင်များစွာတို့သည် ထောင်ထသွားခဲ့၏။ အန္တရာယ်ကိုတွေ့ကြုံရသည့် သားရဲတစ်ကောင်ကဲ့သို့ပင်။

“ချီးထဲမှ ချက်ချင်းကြီး ပြောင်းလဲသွားခဲ့ရသလား”

သူသည် ပထမဦးဆုံး ရှမ့်လန်ကို လှမ်းကြည့်လိုက်၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဤကဲ့သို့ လှည့်ကွက်ပေါင်းများစွာကို ရင်ဆိုင်ခဲ့ရဖူးသောကြောင့်ပင်။ သေချာပေ၏။ ရှမ့်လန်၏ ချောမောလွန်းသည့် မျက်နှာထက်တွင် အပြစ်ကင်းစင်သည့် အပြုံးတစ်ခု တည်ရှိနေခဲ့သည်။

ထျန်းဟန်၏ အသက်ရှင်သန်လိုစိတ်သည် ပိုမိုကာ များပြားလာခဲ့၏။ သူသည် ချက်ချင်းပဲ လှည့်ထွက်သွားရန် ပြင်ဆင်လိုက်၏။ သို့ပေမည့် သူ့၏အလိုလို သိစိတ်အရ သူထွက်ခွာသွား၍ မရနိုင်ကြောင်း နားလည်ပြီးဖြစ်၏။ သူသည် ရှမ့်လန်၏ ပစ်မှတ်ထားခြင်းကို ခံရပြီဖြစ်၏။ တစ်ဖက်လူသည် သူ့ကို ကျိန်းသေပေါက် လက်လွတ် ပေးတော့မည် မဟုတ်ချေ။

ကျန်းချုံးနှင့် ရန်ဝူကျိတို့သည် ပထမဦးဆုံးအကြိမ်ဖြင့် ရှမ့်လန်ဆီသို့ လှမ်းကာ လှမ်းကြည့်လိုက်၏။

မြို့တော်ဝန် လျှိုဝူယမ် ကလည်း ကြောင်သွားခဲ့၏။ ပထမဦးဆုံး သူသည် ရေငတ်သလို ခံစားလိုက်မိ၏။ ထို့ကြောင့် ရေတစ်ခွက်ကို အသာကောက်ကာ မော့လိုက်၏။ ပြီးနောက် ခြောက်ကပ်ကပ် လေသံဖြင့် ပြောလိုက်၏။ “စုန့်အမျိုးသမီး၊ ခင်ဗျား ဝမ်းနည်းလွန်းတာကြောင့် ပေါက်ကရတွေ လျှောက်ပြောနေတာလား”

သူသည် စုန့်အမျိုးသမီးကို စူးစိုက်ကာ ကြည့်ရှုလိုက်သည်။

ထျန်းဟန်၏ မျက်လုံးများသည် ဓားကဲ့သို့ပင် စုန့်ရီဆီသို့ ရောက်ရှိနေ၏။ ခင်ဗျားမိန်းမကို သေသေချာချာ သင်ပေးထားတယ် မဟုတ်လား။ ဘယ်လိုဖြစ်ပြီးတော့ စကား ပြောင်းသွားရတာလဲ။

ဤအဖွဲ့ထဲတွင် အတုန်လှုပ်ဆုံးသောသူသည် စုန့်ရီပင် ဖြစ်လို့နေ၏။ သူသည် မယုံကြည်နိုင်စွာဖြင့် သူ၏မိန်းမကို စူးစိုက်ကာ ကြည့်ရှုနေ၏။ ဤမိန်းမသည် သူနှင့် ဆယ်နှစ်ကျော်အိပ်ခဲ့သည့် မိန်းမတစ်ယောက်မှ ဟုတ်ပါရဲ့လား။ အဘယ်ကြောင့် အသံများပါလျှင် မရင်းနှီးသလို ဖြစ်နေရသနည်း။

စုန့်ရီသည် အသာလှမ်းကာ ပြောဆိုလိုက်သည်။ “မိန်းမ ဘာဖြစ်လို့လဲ။ ဝမ်းနည်းလွန်းတာကြောင့် ပေါက်ကရ လေးဆယ်တွေ လျှောက်ပြောနေတာလား။ ဒီကိစ္စက ရှမ့်လန်လုပ်တာလေ။ ဒီခွေးကောင်က ငါတို့သားကို သေတဲ့အထိ ကန်ကျောက်ခဲ့တာ မဟုတ်လား။ ဒါကို မင်းမျက်လုံးနဲ့လည်း ကိုယ်တိုင်မြင်ခဲ့တာပဲလေ။ ဘယ်လိုဖြစ်ပြီး အခု မင်းရဲ့စကားလုံးတွေက ပြောင်းလဲသွားရတာလဲ”

စုန့်အမျိုးသမီးသည် သူမ၏ယောကျ်ားကို မုန်းတီးစွာ ကြည့်ရှုလိုက်၏။ “ရှင်ပဲ .... ရှင် ကျွန်မသားရဲ့ပေါင်ကြားကို အားရပါးရ ကန်ကျောက်ခဲ့တာကို ကျွန်မမျက်လုံးနဲ့ မြင်ခဲ့တယ်။ ရှမ့်လန်က ကျွန်မတို့အိမ်ကို လာခဲ့တယ်။ ဒါပေမဲ့ ပိုက်ဆံလာပေးရုံပဲလေ။ အရူးကြီး ကျွန်မတို့ အိမ်ထဲမှာ စားရသောက်ရ ခက်ခဲနေမှာစိုးလို့ ပိုက်ဆံလာပြီး ထောက်ပံ့ပေးတာ”

သူ့မိန်းမသည် ပေါက်ကရများ လျှောက်ပြောနေခြင်း မဟုတ်ချေ။ သူမသည် ရည်ရွယ်ချက်ရှိရှိနှင့် ပြောဆို နေခြင်းပင် ဖြစ်၏။ စုန့်ရီသည် အလုံးစုံ ကြောင်အသွားခဲ့၏။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးကလည်း တုန်ယင် သွားခဲ့၏။ ခန္ဓာကိုယ်အား များပြားလွန်းသည့် အန္တရာယ် အငွေ့အသက်များ လွှမ်းခြုံလာခဲ့သည်။

“မင်း မင်းဘာဖြစ်သွားတာလဲ”

စုန့်ရီသည် တုန်ယင်စွာ ပြောလိုက်သည်။ “ရှမ့်လန်က မင်းကို ဘာပေးခဲ့တာလဲ။ မင်းကို ခြိမ်းခြောက်ခဲ့တာလား”

မြို့တော်ဝန် လျှိုဝူယမ်သည် အေးစက်စက် အသံဖြင့် ပြောလိုက်၏။ “စုန့်အမျိုးသမီး ဒီနေရာမှာ လူတွေ အများကြီး ရှိတယ်လေ။ ဒီတော့ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ကိစ္စရပ်တွေကို ကြောက်မနေနဲ့။ ပြီးတော့ စုန့်ချောင်က ခင်ဗျား အချစ်ဆုံး သားတစ်ယောက် မဟုတ်ဘူးလား။ စုန့်ရီက ဘယ်လိုဖြစ်ပြီးတော့ သူ့ရဲ့သားကို ကန်ကျောက်မှာလဲ”

စုန့်အမျိုးသမီးက ပြောဆိုလိုက်၏။ “ဒီကိစ္စရဲ့နောက်ကွယ်မှာရှိတဲ့အကြောင်းအရင်းကို ကျွန်မပြောဖို့ခက်တယ်”

ထျန်းဟန်က ပြောလိုက်သည်။ “မင်း လိမ်နေတာပဲ။ ဘာကိုပြောဖို့ခက်တာလဲ။ ရှမ့်လန်ဆီက မင်း ဘယ်လောက်ရထားတာလဲ။ သူ မင်းကို ဘယ်လောက်နဲ့ နှုတ်ပိတ်ထားတာလဲ”

ရှမ့်လန်သည် တစ်လုံးတစ်ပါဒမှ ဝင်ရောက်ပြောဆိုခြင်း မရှိချေ။ အရာအားလုံးကို အပြစ်ကင်းစင်စွာဖြင့် လှမ်းကာ ကြည့်ရှုနေ၏။ အရှေ့တွင် ရှိနေသည့်အရာအားလုံးသည် သူနှင့် မသက်ဆိုင်သကဲ့သို့ပင်။

စုန့်အမျိုးသမီးသည် အသာပင်ပြောဆိုလိုက်၏။ “ဘာလို့ .... ဘာလို့လဲဆိုတော့ စုန့်ချောင်က ကြီးလာတော့ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားနေတယ်။ သူက တစ်နေ့ ကျွန်မ ရေချိုးတာကို ချောင်းခဲ့တယ်။ ဒါကြောင့် စုန့်ရီက သူ့သားရဲ့ပေါင်ခွကြားကို အားရပါးရ ကန်ခဲ့တာပဲ။ ဒါပေမဲ့ လုပ်ပြီးတဲ့နောက်မှာ အရမ်းကို နောင်တရခဲ့တယ်။ ရွှမ်ဝူမြို့ကို ခေါ်ပြီးတော့ ကုသပေးခဲ့တယ်”

ထိုအကြောင်းအရာကို ကြားသည့်အချိန်မှာတော့ နားထောင်နေကြသည့် ပွဲကြည့်ပရိသတ်များ အားလုံးတို့သည် အုတ်အော်သောင်းနင်း ဖြစ်သွားကြ၏။ ဤကဲ့သို့ လျှို့ဝှက်ချက် ရှိနေသည်လား။ မူလန်နှင့် မြို့စားကတော် တို့ပင်လျှင် ရှက်ရွံ့သွားခဲ့ကြသည်။

ယောကျ်ားအနည်းငယ်တို့သည်လည်း ၎င်းတို့၏ ငယ်ဘဝအဖြစ်အပျက်များကို ပြန်လည်ကာ တွေးတောမိကြ၏။

စုန့်ရီ၏ ဦးခေါင်းသည် ရုတ်တရက် ပေါက်ကွဲလုမတတ်ပင် ဖြစ်နေ၏။ သူ၏မိန်းမသည် ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ့ကို ပြန်လည်ကာ ဒုက္ခပေးမည်ဟု မထင်မှတ်ခဲ့ချေ။ ဤမိန်းမသည် သူနှင့်အတူ အိပ်စက်ခဲ့သည့် မိန်းမရော ဟုတ်ပါလေရဲ့လား။ အဆိပ်ပြင်းလွန်းသည့် မြွေတစ်ကောင်ကဲ့သို့ပင် ဖြစ်လို့နေခဲ့သည်။

လင်မယားဆိုသည်မှာ တူညီသည့် သစ်ကိုင်းတစ်ခုပေါ်တွင် နားခိုလျက်ရှိနေသည့် ငှက်နှစ်ကောင်ကဲ့သို့ပင်။ တစ်ယောက်က ဒုက္ခရောက်သည်ဆိုပါက ကျိန်းသေပေါက် နှစ်ယောက်လုံး ဒုက္ခရောက်မှာဖြစ်၏။

“ခွေးမ.. ပေါက်ကရတွေ လျှောက်ပြောနေတယ်။ မင်းရူးနေပြီ။ မင်းလုံးဝရူးနေပြီ” စုန့်ရီသည် သူ့၏မိန်းမကို ဒေါသတကြီးဖြင့် လက်ညှိုးညွှန်လိုက်သည်။

ထျန်းဟန်သည် ဒေါသတကြီးဖြင့် ပြောဆိုလိုက်၏။ “စုန့်ရီ.. အမှားအယွင်း မလုပ်နဲ့တော့။ ဒီကိစ္စက မင်းရဲ့ချစ်ခင် မြတ်နိုးရတဲ့လူကို ထိခိုက်နာကျင်စေခဲ့ပြီ။ မင်းရဲ့ရန်သူ သဘောကျမယ့် ကိစ္စရပ်မျိုးပဲ။ မင်းမိန်းမကို ပြောလိုက်။ တစ်စုံတစ်ယောက်က ခြိမ်းခြောက်နေတာဆိုရင် ပွင့်ပွင့်လင်းလင်းပြော။ ဒီမှာ အုပ်ချုပ်ရေးပိုင်းက လူတွေရှိတယ်။ ကူညီပေးနိုင်လိမ့်မယ်”

ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော့ ရန်ဝူကျိနှင့် ကျန်းချုံးတို့၏ မျက်နှာများသည် အေးစက်သွားခဲ့ကြသည်။

အရူး။ ကျန်းကျင်းသည် စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲလျက်ရှိနေ၏။ ရန်ဝူကျိနှင့် အရှင်ကျန်းချုံးကို မည်ကဲ့သို့သောလူမျိုး ထင်မှတ်နေလေသနည်း။ ၎င်းတို့၏နာမည်များကို ထုတ်ဖော်ကာ ပြောချင်တိုင်းပြော၍ ရသည့်လူများဟု ထင်မှတ်နေလေသည်လား။

၎င်းတို့နှစ်ယောက်သည် ဤနေရာတွင် ထိုင်နေလိုက်ရုံနှင့် ကြီးမားသည့်ဖိအားဒဏ်ကို ပေးအပ်နေပြီဖြစ်၏။ အဘယ်သို့ ဝင်ရောက်ပြောဆိုရန် လိုမည်နည်း။

ထျန်းဟန်အနေနှင့် မပြောတာကမှ အဆင်ပြေသေး၏။ ထိုအရာကို ကြားသည့်အချိန်မှာတော့ စုန့်အမျိုးသမီး သည် ထိုအရှင်နှစ်ယောက်ဆီသို့ ပြေးသွားပြီး ဦးတိုက်ကာ တောင်းပန်လိုက်၏။ “ဆရာကြီးတို့ ကျေးဇူးပြုပြီး ကူညီပါအုံး၊ ကူညီပါအုံး”

ကျန်းချုံးနှင့် ရန်ဝူကျိတို့သည် ထျန်းဟန်ကို လှစ်လျူရှုထားနိုင်၏။ သို့ပေမည့် စုန့်အမျိုးသမီးကိုတော့ လစ်လျူရှု၍ မဖြစ်နိုင်ချေ။ ကြင်နာစွာဖြင့် ပြောဆိုမှဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စုန့်အမျိုးသမီး သည် သာမန်လူတစ်ယောက်ဖြစ်ပြီး သားတစ်ယောက် ဆုံးရှုံးရခြင်းအတွက် ကြီးမားသည့် နာကျင်မှုကို ခံစားနေရသူ ဖြစ်သည် မဟုတ်ပါလား။

တရားမျှတမှုကို ဆောင်ကြဉ်းပေးရမည့် မင်းမှုထမ်းအရာရှိများဖြစ်သည်မို့ ကျိန်းသေပေါက် သာမန်လူများကို ကြင်နာနူးညံ့သည့် စိတ်နှလုံးအခြေခံကို ပြသမှဖြစ်ပေလိမ့်မည်။

ကျန်းချုံးသည် အသာပင် ပြောဆိုလိုက်၏။ “ဘယ်လိုကိစ္စမျိုးတွေ ဖြစ်ခဲ့ရလဲ။ မြန်မြန်ပြောစမ်း”

စုန့်အမျိုးသမီးက ငိုယိုနေမိသည်။ “ကျွန်မသားက ကျွန်မယောကျ်ားရဲ့ကန်ချက်ကြောင့် သေဆုံးခဲ့ရတာ မဟုတ်ပါဘူး။ သူက ဒဏ်ရာရရှိခဲ့ရတာကြောင့် ရွမ်ဝူမြို့ရဲ့ သမားတော်ဆီမှာ ဆေးကုသခဲ့တယ်။ ပြောရမယ်ဆိုရင် အများဆုံး သူ့ရဲ့ လိင်အင်္ဂါကို ဖြတ်တောက်လိုက်ရုံပဲ ရှိတာပါ။ မိသားစုရဲ့မျိုးဆက်ကို ဆက်လက် မသယ်ပိုးနိုင်ရုံပဲ ရှိတယ်မဟုတ်လား။ ဒီအတွက်တော့ ကျွန်မက ကျွန်မသားကို သေသေချာချာ ဂရုစိုက်ခဲ့တယ်။ ဒါပေမဲ့ မနေ့က နေ့လယ်မှာတော့ သူတို့က ကျွန်မကို အိမ်အတင်းပြန်ခိုင်းတယ်။ ပြီးတော့ ကျွန်မယောကျ်ား အိမ်ကို ရုတ်တရက် ပြန်လာပြီးတော့ စုန့်ချောင် သေပြီလို့ ပြောခဲ့တယ်”

ပြောပြီးနောက် စုန့်အမျိုးသမီးသည် မျက်ရည်များ ကျဆင်းလာခဲ့၏။ သူမ၏ ငိုယိုမှုသည် အစစ်အမှန် ငိုယိုနေခြင်းပင်။ သို့ပေမည့် စုန့်ချောင်သည် သူမ၏ အချစ်ခင် မြတ်နိုးရဆုံး သားတစ်ယောက်ဖြစ်၏။ ထို့အပြင် စောစောစီးစီး သေဆုံးခဲ့ခြင်းလည်း ဖြစ်၏။ အမေတစ်ယောက်အနေနှင့် သေချင်လောက်သည့်အထိ ပင်ပန်း စိတ်ပျက် ဝမ်းနည်းလျက် ရှိနေသည်မှာ အမှန်ပင်။

ပြီးနောက် စုန့်အမျိုးသမီးသည် ဆက်လက်ကာ ပြောဆိုလိုက်၏။ “ပြီးတော့ ကျွန်မယောကျ်ားက ရှမ့်လန်အပေါ် အပြစ်တွေအကုန်လုံး ပုံချဖို့အတွက် ပြောဆိုခဲ့တယ်။ ရွှမ်ဝူမြို့ကို ရောက်တဲ့အချိန်မှာ ထျန်းဟန်ကလည်း ကျွန်မကို ထပ်ပြီး ကတိပေးခဲ့တယ်။ လူသတ်သမားက ရှမ့်လန်ဖြစ်တဲ့အကြောင်း ၊ အပြစ်ဟူသမျှ ခေါင်းပေါ်ပုံချဖို့ပဲ။ ရှမ့်လန်က ဒီအချိန်မှာ ကျိန်းသေပေါက် သေရလိမ့်မယ်လို့လည်း ပြောတယ်။ ရှမ့်လန်ကို သတ်ဖြတ်ဖို့ အောင်မြင်ပြီးပြီဆိုရင် ကျွန်မယောကျ်ားက ဒီမြို့မှာ ရာထူးရာခံတစ်ခုခုနှင့် လူတစ်ယောက် ဖြစ်လာလိမ့်မယ်လေ”

တကယ့်ကို ပြည့်စုံသည့် လိမ်ညာမှုတစ်ခု ဖြစ်နေသည်လား။ ထိုအရာသည် ခုနှစ်တယ် ရာခိုင်နှုန်းသည် အမှန်အကန်ဖြစ်ပြီး သုံးဆယ်ရာခိုင်နှုန်းမှာတော့ လိမ်ညာလှည့်စားထားခြင်းဖြစ်၏။ ဤအချိန်မှာတော့ စုန့်အမျိုးသမီးသည် ယုတ္တိအကျဆုံး လိမ်ညာမှုကို ပြုလုပ်ခဲ့သည်ဟု သတ်မှတ်ရမှာ ဖြစ်၏။ သူမ၏ နာကျင်မှုများ သည် တကယ်ကို ကြီးမားလွန်း၏။ ထို့ကြောင့်ပင်လျှင် တစ်ဖက်လူအားလုံးကို ဒုက္ခရောက်အောင် ကြံစည်နေခဲ့ခြင်းပင်။

“အင်း... ကျွန်မသားကို သတ်ခဲ့တာ ထျန်းဟန်ပဲ ဖြစ်ရမယ်။ ကျေးဇူးပြုပြီးတော့ တရားမျှတမှု ရှာဖွေပေးပါ” စုန့်အမျိုးသမီးသည် ဆက်တိုက်ဆိုသလိုပဲ နဖူးနှင့်မြေပြင်ကို တိုက်လျက်ရှိ၏။

အားလုံးသောသူတို့သည် ထိုအသံကို ကြားရသည့်အချိန်မှာတော့ ကြက်သီးမွှေးညှင်းများပင် ထကုန်ကြသည်။

ထျန်းဟန်သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။ သူသည် စုန့်အမျိုးသမီးကို လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “ခင်ဗျား၊ ခင်ဗျား”

ပြီးသည့်နောက် သူသည် ကျန်းချုံး၏ အရှေ့ဆီသို့ သွားကာ ဒူးထောက်လိုက်သည်။ “အရှင် ... ဒါက ရှမ့်လန်ရဲ့ ဇာတ်ညွှန်းတွေပါပဲ။ ရှမ့်လန်က ဘယ်လောက်ထိ ဆိုးယုတ်ပြီး ကြမ်းတမ်း ကောက်ကျစ်တယ်ဆိုတာကို အရှင်သိချင်မှ သိလိမ့်မယ်။ ဒါတွေအကုန်လုံးက ရှမ့်လန် လုပ်တဲ့အကြောင်းအရာပါပဲ”

ရှမ့်လန်သည် အပြစ်ကင်းစင်သည့် ယုန်သူငယ်လေးတစ်ယောက်ကဲ့သို့ပင် မျက်လုံးအပြူးသားဖြင့် ကြည့်ရှုနေခဲ့၏။ သူသည် အကူအညီမဲ့စွာဖြင့် ပုခုံးကို တွန့်လိုက်မိ၏။ လူများသည် အဘယ်ကြောင့် သူ့ကို လာရောက်ကာ အပြစ်ဟူသမျှ ခေါင်းပေါ်တင်နေရသနည်း။ ယနေ့ညတွင် သူ စကားတစ်လုံးတစ်လေမှ ထုတ်ဖော် မပြောဆိုခဲ့ချေ။ သို့ပေမည့် သူ့ကို လူသတ်သမားအဖြစ် လာရောက်ကာ ခေါ်ဆိုနေသည်။ သက်သေကိုလည်း ခြိမ်းခြောက်ကာ ဖျောက်ဖျက်ထားသည်ဟု အပြစ်တင်နေပြန်၏။

ကျန်းချုံးသည် ထျန်းဟန်ကို အေးစက်စွာ လှမ်းကာ ကြည့်လိုက်၏။ ဤတစ်ကြိမ်တော့ သူတို့ရှုံးနိမ့်ခဲ့ပြီဖြစ်၏။ သို့သော်လည်း ် ပြန်လည်အနိုင်ယူရန် ကြိုးစားချင်နေသေးသည်။

“လျှိုဝူယမ် ... သူ့ကို ဖမ်းလိုက်” ကျန်းချုံးက အသာပြောလိုက်လေ၏။

ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော့ ရှမ့်လန်သည် စိတ်ထဲမှ ကြိတ်ကာ သက်ပြင်းချလိုက်သည်။ “အင်း တကယ်တော်တဲ့လူပဲ”

မျက်နှာပြင်ထက်တွင် ကျန်းချုံးသည် ဖမ်းဆီးရန် အချက်ပြခဲ့ခြင်းဖြစ်၏။ သို့ပေမည့် တကယ်တမ်းမှာတော့ လက်ရှိရှုံးနိမ့်မှုကို ရပ်တန့်ပစ်ချင်ခြင်းသာလျှင် ဖြစ်၏။ မဟုတ်ပါက ရှမ့်လန်၏ နောက်ထပ်ခြေလှမ်းအဖြစ် ရှိရှိသမျှသော အပြစ်အားလုံး ထျန်းဟန်ဆီသို့ ရောက်ရှိလာပေမည်။ ရှမ့်လန်နှင့် မြို့စားအိမ်တော်၏ ဂုဏ်သတင်းသည် ပိုမိုကာ တိုးတက်လာပေလိမ့်မည်။

ရွှမ်ဝူမြို့တော်ဝန် လျှိုဝူယမ်သည် နာကြည်းမှုများနှင့် ပြည့်နက်လျက်ရှိနေ၏။ သူသည် လက်ကို အသာ ဝှေ့ယမ်းကာ ပြောလိုက်၏။ “လာစမ်း ထျန်းဟန်နှင့် စုန့်ရီကို ဖမ်းလိုက်။ ပြီးတော့ မြို့တော်ဝန်အိမ်ရာကို ခေါ်ခဲ့ကြ။ ဒီစုန့်အမျိုးသမီးကိုလည်း ခေါ်ခဲ့။ ပြန်ပြီးတော့ စစ်ဆေးကြည့်ရမယ်”

ထိုစကားကို ကြားသည့်အချိန်မှာတော့ စုန့်အမျိုးသမီးသည် ကြောက်လန့်သွားခဲ့၏။ သူမ သည်သာ မြို့တော်ဝန် အိမ်ရာဆီသို့ ရောက်ရှိသွားပါက အသက်ရှင်နိုင်လိမ့်မည်မဟုတ်ချေ။

သို့ပေမည့် ရှမ့်လန် ဘာတစ်ခုမှ ပြောနေစရာ မလိုတော့ချေ။ မြို့စားကတော်သည် တိုက်ရိုက်ဆိုသလိုပဲ အသာ ဆင်းလျောက်သွားခဲ့၏။ သူမသည် စုန့်အမျိုးသမီး၏ ခန္ဓာကိုယ်မှ သေးနံ့များကို တစ်ချက်ကလေးမှ ဂရုစိုက်သည့်ပုံ မပေါ်ချေ။ သူမသည် စုန့်အမျိုးသမီး၏ လက်များကို ကိုင်စွဲကာ ပြောလိုက်၏။ “သနားစရာ မိန်းမတစ်ယောက်ပဲ။ ဒီလိုနှိပ်စက်ခံရမှုအောက်ကနေ ဘယ်လိုဖြစ်ပြီး ကြံ့ကြံ့ခံ ရပ်တည်နိုင်မှာလဲ။ ပြီးတော့ သေဆုံးသွားသူကို လေးစားသင့်တယ်။ လာကြ ဒီလူငယ်လေးရဲ့ခန္ဓာကိုယ်ကို ယူသွားပြီး ကောင်းကောင်း သဂြိုလ်ပေးလိုက်ကြ”

ပြီးနောက် မြို့စားကတော်သည် စုန့်အမျိုးသမီးကို ပြောဆိုလိုက်သည်။ “ရှင်က လန်အာရဲ့ မွေးရပ်ရွာကနေ လာတဲ့လူပဲ။ ဒီတော့ ရှင်က ရွှမ်ဝူမြို့တော်ရဲ့ မြို့သူမြို့သားတစ်ယောက်လို့ သတ်မှတ်လို့ရတယ်။ ရက်အနည်းငယ်လောက် ကျွန်မတို့အိမ်တော်မှာ နေလိုက်။ ဒါမှ ကြောက်စရာ အဖြစ်အပျက်တွေ ကနေ တည်ငြိမ်သွားမှာ။ ဘယ်လိုထင်လဲ မြို့တော်ဝန်”

မြို့စားကတော်သည် ရုတ်တရက် ကျန်းချုံးကို လှမ်းကာ မေးမြန်းလိုက်ပြီး လှမ်းကာ ကြည့်ရှုလိုက်၏။ မြို့စားကတော်သည် စုန့်အမျိုးသမီးအား ဤနေရာတွင် နေထိုင်ရန် တောင်းဆိုလျက် ရှိနေ၏။ ထို့အပြင် ဤအရာသည် တရားဝင်ပင်။

ဤအချိန်မှာတော့ အုပ်ချုပ်ရေးမှူး ကျန်းချုံးသည် မည်သည့်စကားမှ မဆိုတော့ချေ။ ခွင့်ပြုပေးလိုက်ရ၏။

ကျန်းချုံးသည် လျှိုဝူယမ်အား ထျန်းဟန်နှင့် စုန့်ရီတို့ကို ပြန်လည်ခေါ်ဆောင်သွားရန် အမိန့်ပေးပြီးနောက် စုန့်အမျိုးသမီးကို မြို့စားအိမ်တော်တွင် ထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။

“အင်း မြို့စားကတော်ပြောတာ အမှန်ပါပဲ။ သိပ်အဓိပ္ပာယ်လည်း ရှိတယ်”

ကျန်းချုံးက ပြောလိုက်၏။ ပြီးနောက် ကျန်းချုံးသည် ရန်ဝူကျိအား လှမ်းကာ ပြောဆိုလိုက်၏။ “လူကြီးမင်းရန်၊ နောက်ကျနေပြီ။ ကျုပ်တို့မြို့ကိုပြန်ပြီးတော့ ကောင်းကောင်း အနားယူကြရအောင်”

ရန်ဝူကျိက ပြောလိုက်သည်။ “ကောင်းပါပြီ”

ပြီးနောက် ဆရာကြီးနှစ်ယောက်တို့သည် မြို့စားကတော်၊ ရွှမ်ဝူမြို့စားကြီးအား နှုတ်ဆက်လိုက်၏။ “လျှိူဝူယမ် ဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်ပြီးစုံစမ်းရမယ်။ အားလုံးကို ဖြေရှင်းချက်ပေးရမယ်” ကျန်းချုံးက အသာပြောလိုက်၏။

“ကောင်းပါပြီ”

မြို့တော်ဝန်လျှိုဝူယမ်သည် လေးစားစွာဖြင့် ပြောဆိုလိုက်၏။ ပြီးနောက် ရုတ်တရက် အော်ဟစ်လိုက်သည်။ “ထျန်းဟန်နှင့် စုန့်ရီကို ထောင်ထဲထည့်ထားလိုက်။ မနက်ဖြန်ကျရင် သူတို့ကို မေးမြန်းမယ်”

ကျန်းချုံးသည် မြို့စားကြီးကို နှုတ်ဆက်သည့်အချိန်မှာတော့ ရုတ်တရက် ရှမ့်လန်ကို လှမ်းကာ ကြည့်လိုက်၏။ ပြီးနောက် မြို့စားကြီးကို ပြောလိုက်၏။ “မြို့စားကြီး ... ခင်ဗျားရဲ့သမက်က တကယ်ကို အထင်ကြီးလောက်စရာပဲ။

All Chapters