← Chapters

အပိုင်း (၆၆)

Vol. 5 Ch. 66

အပိုင်း (၆၆)

Vol. 5 Ch. 66

မြို့စားကြီးသည် ရန်ဝူကျိနှင့် ကျန်းချုံးတို့အား အပြင်ဘက်ဆီသို့ လိုက်ပါပို့ဆောင်၏။

ရှမ့်လန်နှင့် မြို့တော်ဝန် လျှိုဝူယမ်တို့သည် အနောက်တွင် ကျန်ခဲ့၏။ မြို့တော်ဝန်သည် အလွန်တရာ မပျော်မရွှင် ဖြစ်လို့နေ၏။ သူ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု တည်ရှိနေသော်လည်း ကျောင်းတော်သား တစ်ယောက်၏ ဟန်ပန် အမူအရာမျိုးနှင့် ဟန်ဆောင်ပြုမူနေခြင်း ဖြစ်၏။ သူ၏ အကြည့်များသည် ရေခဲကဲ့သို့ပင် အေးစက်နေ၏။ အပြင်ဘက်တွင် ပြုံးထားသည်ဆိုသော်လည်း နှလုံးသားထဲတွင်တော့ ပိုးဆိုးပက်စက် ကျိန်ဆဲလျက် ရှိနေသည်။

ထျန်းဟန်သည် မြို့တော်ဝန် အိမ်ရာဆီမှ စစ်သည်တော် နှစ်ယောက်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဖြစ်၏။ လက်ရှိအခြေအနေတွင် ၎င်း၏ မျက်လုံးများသည် ရှမ့်လန်ဆီသို့ စူးစိုက်ကာ ရောက်ရှိနေပြီး အချိန်မရွေး ဝါးမျို စားသုံးတော့မည့် သကဲ့သို့ပင်။ ဤတစ်ကြိမ် သူ၏အစီအစဉ်သည် တကယ့်ကို ပြည့်စုံလွန်း၏။ မည်သူ့မှ လွတ်မြောက်နိုင်ခြင်း မရှိသည့် အခြေအနေမျိုးပင်။ သို့ပေမည့် ရှမ့်လန်သည် ကောက်ကျစ် စဉ်းလဲလွန်းလှ၏။ သူ၏ တိုက်ခိုက်ချက်ကို အချိန်မီ တုံ့ပြန်နိုင်ရုံသာမက ပြင်းထန်သည့် တန်ပြန် တိုက်ခိုက်မှုကိုပင် ပြုလုပ်ခဲ့၏။

ရှမ့်လန်သည် အရှေ့ဆီသို့ လှမ်းတက်ကာ ပြောလိုက်သည်။ "ခေါင်းဆောင်ထျန်း... ခင်ဗျား ကျုပ်ကို ဘာလို့ အဲ့လို ကြည့်နေရတာလဲ။ ကြောက်စရာကြီးဗျာ”

“ရှမ့်လန်... ဘယ်လိုဖြစ်ပြီးတော့ အရမ်းမောက်မာ ဂုဏ်ယူနေရတာလဲ” ထျန်းဟန်သည် အေးစက်စက်ဖြင့် လှမ်းကာ ပြောဆိုလိုက်၏။

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားသာ မသေဘူးဆိုရင် ကျုပ်တို့ရဲ့ဆက်ဆံရေးက အဆုံးသတ်မှာ မဟုတ်ဘူး။ ဒီတော့ ကျုပ် ဘယ်လိုလုပ် ပျော်လို့ရမှာလဲဗျာ”

“ငါသေရမယ် ဟုတ်လား”

ထျန်းဟန်သည် အားရပါးရ ရယ်မောကာ ပြောလိုက်၏။ “မင်း အိမ်မက်ပဲ မက်နေလိုက်။ ငါ့ကို ဘယ်သူက သတ်မှာလဲ။ မြို့တော်ဝန် အိမ်ရာလား။ ဒါမှမဟုတ် ထိုက်ချူးအုပ်ချုပ်ရေးရုံး ကလား”

ထျန်းဟန်ပြောသည်မှာ အမှန်ပင်ဖြစ်၏။ လျှိုဝူယမ်၏ အမိန့်သည် သူ့အား အကျဉ်းထောင်ထဲသို့ ခေါ်ဆောင် သွားရန်ပင် ဖြစ်၏။ ထို့အပြင် ထိုအရာသည် ဟန်ပြပြုလုပ်ခြင်းသာလျှင် ဖြစ်၏။ မြို့တော်ဝန်အိမ်ရာသည် ထျန်းဟန်၏ နောက်ခံဖြစ်၏။ ထို့ကြောင့် နှစ်ဦးနှစ်ဖက်လုံးသည် တူညီသည့် လှေတစ်စင်းပေါ်တွင် တည်ရှိနေသည့် လူများပင်။ သူ့အတွက် ရွှမ်ဝူမြို့၏ အကျဉ်းထောင်ထဲသို့ ဝင်ရောက်ခြင်းဆိုသည်မှာ ကိုယ့်အိမ်ကိုယ် ပြန်သွားခြင်းနှင့် ဆင်တူလှသည်။

ထျန်းဟန်က ပြောလိုက်၏။ “ရှမ့်လန်.. ငါမင်းကို ကတိပေးတယ်။ ငါထောင်ထဲကနေ လုံလုံခြုံခြုံနဲ့ သုံးရက်အတွင်း ပြန်ထွက်လာမယ်။ ပြီးတော့ ငါက ဘာပြစ်မှုကိုမှ ပြုလုပ်ခဲ့တဲ့ လူတစ်ယောက် မဟုတ်ဘူး”

ထျန်းဟန်သည် ထိုအခြင်းအရာနှင့်ပတ်သက်၍ ယုံကြည်ချက် ရှိနေသည်သာမက ရှမ့်လန်ကလည်း ထိုအရာကို ယုံကြည်လျက် ရှိနေ၏။

ထျန်းဟန်သည် မည်သည့်ပြစ်မှုကို ပြုလုပ်ခဲ့သနည်း။ စုန့်ရှောင်သေဆုံးခြင်း၏ နောက်တွင် တကယ့် အဓိက တရားခံအဖြစ် သတ်မှတ်ခြင်းခံရသည်ဆိုသော်လည်း စုန့်ရီဆီသို့ ရှိသမျှအပြစ်အားလုံးကို လွှဲချကာဖြင့် လွယ်လွယ်ကူကူ ရှောင်ရှားသွားနိုင်၏။ ရှမ့်လန်ဆီသို့ အပြစ်ဟူသမျှ ပုံချရန် စုန့်အမျိုးသမီးကို အတင်း တွန်းအား ပေးခဲ့သည့်အတွက် မြို့တော်ဝန်အိမ်ရာသည် သူ့ကို အနည်းငယ်လောက်သာ အပြစ်ပေးပေလိမ့်မည်။

ထျန်းဟန်သည် အံကိုကြိတ်ကာဖြင့် ပြောဆိုလိုက်၏။ “ရှမ့်လန် ငါဒီအရာတွေ အားလုံးကို ကျော်ဖြတ်ပြီးတဲ့ နောက်မှာ ဘာတွေလုပ်မလဲဆိုတာ မင်းသိလား”

ရှမ့်လန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။”မသိပါဘူး ခင်ဗျာ”

ထျန်းဟန်က ပြောလိုက်၏။ “အင်း ငါ ငါ့ရဲ့ လောင်းကစားအိမ်ကို တစ်စုံတစ်ယောက်ဆီကို ခဏ လက်လွှဲပေးလိုက်မယ်။ ဒါဆိုရင် ငါ့ဆီမှာ ဘာအပြစ်ချက်မှ မရှိတော့ဘူး။ ပြီးရင် ငါ့ရဲ့ ရှိသမျှအားအင်၊ ငါ့ရဲ့အချိန်တွေ၊ ငါ့ရဲ့လုံ့လဝီရိယတွေ အကုန်လုံးကို အသုံးပြုပြီး မင်းကိုသတ်မယ်။ ငါနေ့စဉ်နေ့တိုင်း လုပ်မယ့်အရာ တစ်ခုပဲရှိတယ်။ မင်းကို သတ်နိုင်မယ့် နည်းလမ်းကို ရှာဖို့ပဲ”

ဤအရာသည် ထျန်းဟန်၏ ကြီးကျယ်မြင့်မြတ်လွန်းသည့် စိတ်ဆန္ဒပင် ဖြစ်၏။ သူ့အနေနှင့် မည်သည့် အလုပ်အကိုင်၊ မည်သည့်အကြံအစည်၊ မည်သည့်အခွင့်အာဏာကိုမှ မမက်မောတော့ချေ။ ထိုအရာများအားလုံးကို ဖယ်ရှားပြီးနောက် ပထမဦးဆုံး ပြုလုပ်ရမည့်အရာသည် သူ၏ ရှေ့တွင်ရှိနေသည့် မိစ္ဆာသတ္တဝါကောင်ကို သတ်ဖြတ်ပစ်ရန်ပင်။

ရွှဲ့ပြည်နယ်တွင်နေထိုင်သည့် အခြားသောသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရမည် ဆိုလျှင်တောင်မှ ထျန်းဟန်သည် ကြီးကြီးမားမား ဆုံးရှုံးလိမ့်မည် မဟုတ်ချေ။ သူ၏ နှလုံးသားတစ်ခုလုံးသည် တိုက်ခိုက်လိုစိတ်များနှင့် ပြည့်နှက်လျက်ရှိ၏။ ငယ်ရွယ်စဉ် သူနှင့် သူ၏ ညီငယ်လေးတို့ ဖေးပြည်နယ်ဆီမှ ထွက်ပြေးလာခဲ့သည့် အချိန်ကိုပင် ပြန်လည်ကာ သတိရသွားမိသည်။

ရှမ့်လန်သည် ထျန်းဟန်အား သေဆုံးသွားတော့မည့် လူတစ်ယောက်၏ အသွင်သဏ္ဍာန်မျိုးဖြင့် ကြည့်ရှုနေ၏။ ပြီးနောက် ရှမ့်လန်သည် အလွန်ချောမောသည့် အပြုံးတစ်ခုကို ပြုံးထား၏။ “ထျန်းဟန်.. ခင်ဗျားမကြာခင် သေတော့မယ်”

ထျန်းဟန်က ဆွံ့အသွားခဲ့၏။ ပြီးနောက် အားရပါးရ ရယ်မောလိုက်သည်။ “ဟား ဟား ဟား ဟား ဟား ခွေးသူတောင်းစားလေး.... မင်းအိပ်မက် မက်နေတာပဲ”

မြို့တော်ဝန် လျှိုဝူယမ်သည် ရှမ့်လန်ကို လှမ်းကာ ကြည့်ရှု၏။ သူသည် အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင် လှမ်းကာ ကြည့်ရှုခြင်းဖြစ်၏။ ထျန်းဟန်က သေတော့မည် ဟုတ်လား။ ဤအရာသည် မည်ကဲ့သို့သော ဟာသမျိုးနည်း။

ထျန်းဟန်သည် သူ၏ ငွေအိုးကြီးဖြစ်၏။ သူ၏ အလွန်အားကောင်းသည့် လက်နက်တစ်ခုလည်း ဖြစ်၏။ အဘယ်သို့ သေဆုံးရန် ခွင့်ပြုပေးရမည်နည်း။ ထျန်းဟန်ကို သတ်ပစ်ချင်သည်ဆိုပါက အိမ်မက် မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

မြို့တော်ဝန် လျှိုဝူယမ်သည် ထူးမခြားနားသလို ပြောလိုက်၏။ “သမက်တော် ရှမ့်လန် ... ဒီကိစ္စက မပြီးသေးဘူးနော်။ အလုံးစုံ ယုံကြည်မနေနဲ့။ ဘယ်သူသိနိုင်မလဲ။ မနက်ဖြန်ကျရင် မြို့တော်ဝန်အိမ်ရာရဲ့ အကျဉ်းခန်းထဲကို ရောက်နေတဲ့လူက မင်းဖြစ်ရင် ဖြစ်နေနိုင်တယ်”

ပြီးနောက် သူသည် ရန်ဝူကျိနှင့် ကျန်းချုံးတို့ကို လိုက်ပါပို့ဆောင်ခဲ့သော ရွှမ်ဝူကို လှမ်းကာ ကြည့်ရှုလိုက်၏။ မြို့တော်ဝန်သည် မည်သို့မှ မနေနိုင်ဘဲ မြန်မြန်ဆန်ဆန်နှင့် ထိုသူတို့နောက် လိုက်သွား၏။ မြို့တော်ဝန်သည် တစ်စုံတစ်ခုကို ပြောချင်၏။ သို့ပေမည့် ရှမ့်လန်၏ ဂုဏ်သိက္ခာသည် သမက်တော်တစ်ယောက်၏ ဂုဏ်သိက္ခာသာ ဖြစ်၏။ တုဘက်ပြိုင်ကာ ငြင်းခုံပြောဆိုနေမည်ဆိုပါက သူ၏ အဆင့်အတန်း နိမ့်ကျရာရောက်ပေလိမ့်မည်။

.....

မြို့စားအိမ်တော်ဆီမှ ထွက်ခွာသွားခဲ့ပြီးနောက် လျှိုဝူယမ်နှင့် အခြားသောသူအားလုံးသည် နောက်တွင် ဦးညွှတ်ကာဖြင့် ကျန်ရှိခဲ့၏။ ဤတစ်ကြိမ်မှာတော့ သူတို့အနေနှင့် သရုပ်ဆောင်ရန် မလိုအပ်တော့ချေ။ ထျန်းဟန်ကိုလည်း အတင်းဖမ်းချုပ်နေစရာ မလိုအပ်ချေ။

“အင်း... အုပ်ချုပ်ရေးမှူး ဒီကိစ္စက ဘယ်လိုဖြစ်သွားမယ်လို့ ထင်လဲ” မြို့တော်ဝန် လျှိုဝူယမ်က မေးမြန်းလိုက်၏။

အုပ်ချုပ်ရေးချုပ်သည် သူ့ကို လစ်လျူရှုထားသည်။ ပြီးနောက် အရှေ့ဆီသို့ တည့်တည့်ပင် လှမ်းလျှောက် သွားခဲ့သည်။

လျှိုဝူယမ်သည် မြန်မြန်ဆန်ဆန်ဖြင့် အနောက်မှ လိုက်ပါသွားခဲ့၏။ “အုပ်ချုပ်ရေးမှူး အခွင့်အရေးကို လွယ်လွယ်ကူကူနဲ့ လွဲချော်သွားခဲ့တာ နှမြောစရာပါပဲ”

ကျန်းချုံး၊ သူနှင့် ရန်ဝူကျိတို့သည် မည်သည့်စကားမှ ထပ်မံကာ မပြောတော့ချေ။

လက်ရှိအခြေအနေတွင် မြို့စားအိမ်တော်၏ အပြင်ဘက်တွင် အော်ဟစ်နေကြသော လူပေါင်းတစ်ထောင်ကျော် တို့သည် ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်၏။ သို့သော်ငြား လူအနည်းငယ်တို့မှာတော့ အော်ဟစ်လျက်ရှိနေသေးသည်။ “ရှမ့်လန်ကို ထုတ်ပေး။ အသက်အတွက် အသက်ပေးရမယ်။ ရှမ့်လန်ကို ထုတ်ပေး။ အသက်အတွက် အသက်ပေးရမယ်”

ကျန်းချုံးသည် မျက်မှောင်ကုပ်ကာဖြင့် မေးလိုက်၏။ “ထျန်းဟန်.. ဘယ်လိုဖြစ်ပြီးတော့ မင်းဒီကောင်တွေကို ခေါ်ထားရတာလဲ”

ထျန်းဟန်သည် တိုက်ရိုက်ဆိုသလိုပဲ ဒူးထောက်ကာ ပြောဆိုလိုက်သည်။ “ဒီနိမ့်ကျတဲ့လူက အမှားအယွင်း ပြုလုပ်မိပါတယ်”

သူနှင့် ရှမ့်လန်သည် ရန်ငြိုးများ တည်ရှိ၏။ ထို့ကြောင့် ရှမ့်လန်အား အပြစ်ပုံချနိုင်ရန် သူ အားစိုက်ကာ ကြိုးစားခဲ့ခြင်းပင်။ သို့ပေမည့် မည်သို့မှ မတတ်နိုင်ခဲ့ချေ။ သူ ထျန်းဟန်သည် သိုင်းလောက၏ လူပေလေလွင့် တစ်ယောက်သာ ဖြစ်၏။ သူတော်စင်တစ်ယောက် မဟုတ်ချေ။ အကောင်းဆုံး လက်စားချေရန် နည်းလမ်းက ဘာဖြစ်သနည်း။ ဟုတ်ပေ၏။ သူ၏ မျက်လုံးရှေ့တွင် ရန်သူအား မြန်မြန်ဆန်ဆန်နှင့် ပိုးဆိုးပက်စက် သတ်ဖြတ်ပစ်ရန် သာလျှင် ရှိ၏။ သူ၏ အားနည်းချက်သည် ဦးနှောက်အသုံးပြုရခြင်းပင်။

ဤတစ်ကြိမ်မှာတော့ ထျန်းဟန်၏ နှလုံးသားတို့တွင် ရှိနေသည့် စိတ်ခံစားချက်များသည် စကားလုံးများနှင့် ဖော်ညွှန်းရန်ပင် မတတ်နိုင်တော့ချေ။ ရှမ့်လန်အား ပက်ပက်စက်စက် သတ်ဖြတ်ချင်စိတ်သည် ထိန်းမနိုင်သိမ်းမရ ဆိုသလို ဖြစ်လို့နေခဲ့၏။ သူသည် ကြိုးစားပမ်းစားနှင့် ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် ရှမ့်လန်၏ ဆံချည်တစ်မျှင်ကိုပင် ထိခိုက်ခြင်း မရှိဘဲ သူကိုယ်တိုင်ပင်လျှင် ဒုက္ခရောက်ခဲ့ရ၏။

မည်သို့ပင်ဆိုစေကာမူ သူသည် လက်ရှိ သူ၏အသက်အန္တရာယ်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုတော့ မရှိချေ။ မနက်ဖြန်ဆိုလျှင် မြို့တော်ဝန်အိမ်ရာ၏ အကျဉ်းထောင်စီမှ လုံလုံခြုံခြုံနှင့် ပြန်လည်ထွက်လာနိုင်ပေလိမ့်မည်။ ဤအရာမှာ အလွန်ရိုးရှင်းလွန်း၏။ ရှိရှိသမျှသော အပြစ်အားလုံးကို စုန့်ရီဆီသို့ ပို့လိုက်ရန်ပင် ဖြစ်သည်။

“အုပ်ချုပ်ရေးမှူး ဒါ ရွှေရောင်အခွင့်အရေး တစ်ခုပဲ။ ကျုပ်တို့ ရှမ့်လန်ကို သေအောင်ပြုလုပ်ရုံတင်မကဘူး။ မြို့စားအိမ်တော်တစ်ခုလုံးကိုလည်း ဒုက္ခရောက်အောင် ပြုလုပ်လို့ရတယ်”

ထျန်းဟန်က ပြောလိုက်၏။ “အဓိကသော့ချက်က စုန့်အမျိုးသမီးပဲ။ မြို့တော်ဝန်အိမ်ရာနဲ့ ထိုက်ချူးစီရင်စုက သူမကို အဓိက မျက်မြင်သက်သေအဖြစ် ဆင့်ခေါ်လိုက်မယ်ဆိုရင် ပြီးပြီပဲ”

ကျန်းချုံးသာ တကယ်တမ်း တောင်းဆိုသည်ဆိုပါက မြို့စားအိမ်တော်သည် စုန့်အမျိုးသမီးကို လွှဲပြောင်းပေးရန် ငြင်းပယ်နိုင်မည် မဟုတ်ချေ။

“ဒီအမျိုးသမီး စကားပြောင်းသွားပြီဆိုတာနဲ့ ရှမ့်လန် သေမိန့်ကနေ မလွတ်မြောက်နိုင်တော့ဘူး” ထျန်းဟန်က ပြောဆိုလိုက်၏။

ရန်ဝူကျိသည် မည်သို့မှ သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် တိုက်ရိုက်ဆိုသလိုပဲ ရထားပေါ်သို့ လှမ်းတက် သွားခဲ့၏။ ကျန်းချုံးသည် ခေါင်းကို အသာလှည့်ကာဖြင့် ထျန်းဟန်ကို အချိန်ခဏတာ ကြည့်ရှုလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “မင်းဒီတစ်ကြိမ်မှာ နိုင်ချင်သေးတာလား”

ဟုတ်ပေ၏။ ထျန်းဟန်တင်မက ဘေးတစ်ဖက်ရှိ လူပေါင်းများစွာတို့သည်လည်း ခေါင်းညိတ်လိုက်ကြ၏။

ကျန်းချုံးက အသာပြောလိုက်သည်။ “အင်း.. လူတစ်ယောက်က ရှေ့ကို တစ်လှမ်းလှမ်းတဲ့အချိန်မှာ ရှေ့သုံးလှမ်းစာ လောက် ကြိုပြီးတော့ တွေးရတယ်။ ဒါပေမဲ့ မင်းက မင်းမှာရှိတဲ့အရာကိုပဲ တွေးခဲ့တယ်။ ဒီတော့ အရှုံးပေးရတဲ့ အခြေအနေမျိုး ဖြစ်တာပေါ့။ ရှမ့်လန်က ဒီတစ်ကြိမ်မှာ မင်းကို နိုင်ချင်နေတယ်လို့ မင်း ထင်နေသေးတာလား။ မဟုတ်ဘူး။ သူက မင်းကို သေစေချင်နေတာ”

ထိုစကားကို ကြားသည့်အချိန်မှာတော့ ထျန်းဟန်သည် မည်သို့မှ မနေနိုင်ဘဲ ကြောက်အသွားခဲ့၏။ ဟုတ်ပေ၏။ ရှမ့်လန်သည် သူ့ကို သေစေချင်မှန်း သူကောင်းကောင်းသိ၏။ သို့ပေမည့် သူ ထျန်းဟန်သည် လွယ်လွယ်ကူကူနှင့် သတ်ဖြတ်၍ ရနိုင်သည့် လူမျိုးမဟုတ်ချေ။ ထို့အပြင် သူနှင့် မြို့တော်ဝန်အိမ်ရာ၏ ကြားထဲတွင် ရှိနေသည့် ပတ်သက်ဆက်နွယ်မှုသည် မည်မျှနက်ရှိုင်းသနည်း။ သူ ထျန်းဟန်သည် စုန့်ချောင် သေဆုံးသွားခြင်း အမှုမှ လွယ်လွယ်ကူကူနှင့် လွတ်မြောက်သွားနိုင်သူ တစ်ယောက်ဖြစ်၏။

ကျန်းချုံးသည် တိုက်ရိုက်ဆိုသလိုပဲ ရထားလုံးပေါ်သို့ လှမ်းတက်ပြီးသည့်နောက် တံခါးကို ပိတ်ရင်း ပြောလိုက်သည်။

“သွား ... နံပါတ် ဆယ့်သုံးကို မြန်မြန်သွားသတ်လိုက်။ အရမ်းနောက်မကျဖို့ ငါမျှော်လင့်တယ်။ သွားတော့”

အမိန့်ပေးပြီးနောက် သူသည် နုကျင်းစီရင်စုဆီသို့ တိုက်ရိုက်ဆိုသလိုပဲ ရထားလုံးဖြင့် အသော့နှင်လေ၏။ ရွှမ်ဝူမြို့တွင်ပင်လျှင် မနားတော့ချေ။ ညတွင်းချင်း အပြင်းပြန်သွားခဲ့ခြင်းဖြစ်၏။

ပြောပြောပြီးခြင်းမှာပဲ လျှိုဝူယမ်နှင့် ကျန်းကျင်းတို့၏ မျက်နှာတစ်ခုလုံးသည် ရုတ်တရက် ပြောင်းလဲသွား၏။ သူတို့သည် ချက်ချင်းပဲ နားလည်သွားခဲ့၏။ ဟုတ်ပေ၏။ ရှမ့်လန်သည် အချိန်ကိုက် ရှေ့တစ်လှမ်းကို လှမ်းခဲ့ပြီး ရှေ့သုံးလှမ်းကို ကြိုတင်ကာ တွေးခဲ့ပြီးပြီ ဖြစ်၏။ သို့ပေမည့် သူတို့သည် စုန့်ချောင်၏ သေဆုံးခြင်းနှင့် ပတ်သက်၍ အတွေးများလျက်ရှိနေသည်။

ဤကဲ့သို့သော အခြေအနေမျိုးသည် ကျန်းချုံးအား စိတ်ပျက်သွားစေခဲ့၏။ ယခုထျန်းဟန်သည် အကျဉ်းထောင်ထဲတွင် ရောက်နေ၏။ ယခင်တုန်းက လူမြင်ကွင်းတွင် ပြုလုပ်ခဲ့သည့် ရှိရှိသမျှ ဆိုးရွားသော အပြစ်အားလုံးသာ ပေါ်ပေါက်သွားခဲ့ပါက အကျိုးဆက်က မည်သို့ဖြစ်မည်နည်း။

နံပါတ် ဆယ့်သုံးသည် သူ၏ ယုံကြည်အားထားရဆုံးသော လူတစ်ယောက်ဖြစ်၏။ ထျန်းဟန်၏ လျှို့ဝှက်ချက် အားလုံးကို သိရှိသည့်လူလည်း ဖြစ်၏။ ထျန်းဟန်၏ အသက်ကို ဆယ်ကြိမ်သတ်ဖြတ်လျှင်ပင် လုံလောက်သည့် အရာမျိုး မဟုတ်နိုင်သော ရာဇဝတ်မှုသက်သေများသည် နံပါတ် ဆယ့်သုံးတွင် တည်ရှိလို့နေ၏။

“မြန်မြန် တစ်စုံတစ်ယောက် လွှတ်ပြီး နံပါတ် ဆယ့်သုံးကို သတ်လိုက်တော့”

ချက်ချင်းပဲ ကျန်းကျင်း၊ ထျန်းဟန်နှင့် အခြားသောသူများသည် နံပါတ် ဆယ့်သုံး၏ အိမ်ဆီသို့ ကျွမ်းကျင်သူပေါင်း များစွာကို စေလွှတ်လိုက်တော့သည်။

.........

မြို့စားအိမ်တော်၏ အတွင်း

“မိန်းမ... ရှင်းပြဖို့ အချိန်မရှိဘူး။ မြင်းပေါ် မြန်မြန်တက်”

ရှမ့်လန်က ပြောလိုက်၏။ “မင်းရဲ့ သိုင်းပညာက ဘယ်လိုရှိလဲ။ တော်တော်ကြီးကျွမ်းလား”

မူလန်သည် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျွမ်းတာပေါ့”

“မိန်းမ မင်းအရမ်းကြီး ဝါကြွားနေတာတော့ မဟုတ်ပါဘူးနော်”

ရှမ့်လန်က ပြောလိုက်၏။ “အင်း လျှိုဝူယမ်၊ ကျန်းကျင်းနှင့် ထျန်းဟန်တို့ စေလွှတ်လိုက်တဲ့ ကျွမ်းကျင်သူ သုံးဖွဲ့ကို ရင်ဆိုင်ဖို့အတွက်ဆိုရင် အဆင်ပြေနိုင်လား”

မူလန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ပြဿနာမရှိဘူး”

“အဲလောက်တော်တာလား။ ငါ နည်းနည်းငယ် အံ့အားသင့်နေမိပြီ”

ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင်လည်း မြန်မြန် မိန်းမ ... နံပါတ်ဆယ့်သုံးအိမ်ကို သွားပြီး သူ့အသက်ကို ကယ်ဖို့ လုပ်ရအောင်”

“ကောင်းပြီ”

မူလန်သည် တခြားဘာကိုမှ မပြောတော့ချေ။ တိုက်ရိုက်ဆိုသလိုပဲ အမိန့်ပေးလိုက်၏။ “ကျင့်ဟွေ့၊ ကျင်းကျုံး၊ ကျင်းရှန်... အမြန်ဆုံးမြင်းတွေကို ရွေးပြီး ကျွန်မနဲ့အတူ သွားမယ်”

ရှမ့်လန်သည် ခဏလောက် စဉ်းစားကာ ပြောလိုက်၏။ “ငါလည်း လိုက်မယ်”

မူလန်သည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“မိန်းမ ငါမြင်း ဘယ်လိုစီးရမလဲ မသိဘူး။ အတူတူစီးလို့ရလား”

ရှမ့်လန်က ပြောလိုက်၏။ “စိတ်မပူပါနဲ့။ ငါမင်းကို မထိပါဘူး”

မူလန်သည် ဘာတစ်ခုမှ မပြောချေ။ ရှမ့်လန်ကို အသာဆွဲမပြီး မြင်းအနောက်သို့ ဆွဲတင်လိုက်သည်။

“သွားကြရအောင်” မူလန်သည် ကျွမ်းကျင်သူများကို ခေါ်ကာဖြင့် မြို့တော်ဝန်အိမ်ရာမှ အသော့နှင်လေတော့၏။

..........

ရှမ့်လန်သည် သူမကို မထိချေ။ အဘယ်ကြောင့် မထိဆိုသော် မထိချင်၍ မဟုတ်ချေ။ မူလအားဖြင့် သူသည် ဤကဲ့သို့သော အခွင့်အရေးကို အရယူကာဖြင့် သူ့မိန်းမ၏ ခါးသေးသေးလေးကို ဖတ်ရန် ပြင်ဆင်ထားခဲ့၏။ သို့ပေမည့် လက်ရှိအချိန်၌ သူသည် မူလန်၏ အရှေ့တွင် ထိုင်ရခြင်း ဖြစ်၏။ ထို့အပြင် မူလန်သည် အလွန်မြန်ဆန်သည့်နှုန်းဖြင့် မြင်းကို စီးလျက်ရှိနေ၏။ ထို့ကြောင့် ရှမ့်လန်သည် ပြုတ်ကျသွားမည် စိုးသောကြောင့် တစ်ချိန်လုံး မြင်း၏ လည်ပင်းကိုသာလျှင် ဖက်ထားရ၏။ မူလန်၏ ရင်ဘတ်ကို နောက်ကျောနှင့် ထိတွေ့ရန် အခွင့်အရေးကိုပင် သူ မေ့လျော့လို့ နေခဲ့သည်။

လမ်းတလျှောက်မှာတော့ ကျင်းကျုံးသည် မည်သို့မှ မနေနိုင်ဘဲ မေးမြန်းလိုက်၏။ “သမက်တော်... ကျုပ်တို့ နံပါတ်ဆယ့်သုံးကို စောစောစီးစီး ကယ်တင်နိုင်တဲ့ အခြေအနေမျိုး ရှိတယ်လေ။ အခုမှ ဘာလို့ အလျင်စလိုနဲ့ သွားနေရတာလဲ”

ရှမ့်လန်သည် ကျင်းကျုံးကို လှမ်းကာ ကြည့်ရှုလိုက်၏။ ထိုအကြည့်တွင် အဓိပ္ပာယ်ပေါင်းများစွာ ပါဝင်နေသည်။ လက်ရှိလူပေါင်းများစွာထဲတွင် ကျင်းကျုံးသည် ဦးနှောက်အနိမ့်ပါးဆုံးလူ ဖြစ်နေလေသည်လား။ ဤသို့သော မေးလွန်းကို အခြားသောသူများ မမေးချေ။ သို့သော်ငြား ကျင်းကျုံးက မေးမြန်းနေသည်။

ကျင်းရှန်က ပြောလိုက်၏။ “အင်း ရန်သူက နံပါတ် ဆယ့်သုံးကို မသတ်သေးဘူးဆိုရင် ကျုပ်တို့ သွားကယ်တာ အဓိပ္ပာယ်မဲ့သွားမှာပေါ့။ ဒီတော့ နံပါတ် ဆယ့်သုံးနဲ့ ထျန်းဟန်တို့ အပြန်အလှန် ထိတွေ့တဲ့အထိ စောင့်ရမယ်”

............

နံပါတ် ဆယ့်သုံး၏ အိမ်သည် ရွှမ်ဝူမြို့၏ အပြင်ဘက်တွင် ရှိ၏။ သူ၏အိမ်အား အစဉ်အမြဲဆိုသလို အဝတ်နက်ဂိုဏ်းမှ အဖွဲ့သားတစ်ဒါဇင်ကျော်တို့က တိတ်တဆိတ် စောင့်ကြပ်လျက် ရှိနေ၏။

ထိုအချိန်မှာပဲ လူတစ်စု ရောက်ရှိလာကြသည်။ ထိုလျှို့ဝှက် ကျွမ်းကျင်သူများသည် လျှိုဝူယမ်၊ ကျန်းကျင်းနှင့် ထျန်းဟန်တို့ စေလွှတ်ခဲ့သည့် လူများပင် ဖြစ်သည်။

လျှိုဝူယမ်၊ ကျန်းကျင်းနှင့် ထျန်းဟန်တို့ စေလွှတ်လိုက်သည့် လျှို့ဝှက်ကျွမ်းကျင်သူများသည် အလွန် မြန်ဆန်လွန်း၏။ နာရီဝက် မကြာခင်မှာပဲ ထိုလူ တစ်ဒါဇင်ကျော်တို့သည် နံပါတ် ဆယ့်သုံး၏ အိမ်အပြင်ဘက် ခြံဝင်းတွင်းသို့ ရောက်ရှိနေကြပြီ ဖြစ်၏။

ထျန်းဟန်သည် သူ၏ အဖွဲ့သားနှစ်ယောက်ကို စေလွှတ်လိုက်၏။ ထျန်းတနှင့် ထန်းချီတို့ပင် ဖြစ်၏။ ထိုသူတို့သည် သိုင်းပညာနှင့် ပတ်သက်၍ အလွန်ကျွမ်းကျင်သည်။

ထျန်းတသည် ပြတင်းပေါက်မှ တဆင့် အတွင်းရှိလူများကို လှမ်းကာ ကြည့်ရှုရင်း ပြောလိုက်၏။ “နံပါတ် ဆယ့်သုံး... အင်း အညှာတာကင်းမဲ့တယ် ဆိုပြီး အပြစ်မတင်နဲ့။ မင်းက သိတာ အရမ်းများသွားပြီ။ တကယ်လို့ မင်းသာ မသေဘူးဆိုရင် ဂိုဏ်းချုပ် ပြဿနာ အကြီးကြီးတက်ပြီ”

All Chapters