← Chapters

အပိုင်း (၆၈)

Vol. 5 Ch. 68

အပိုင်း (၆၈)

Vol. 5 Ch. 68

ရှမ့်လန်၏ စကားများကို နားထောင်ပြီးနောက် ထျန်းတ၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆက်ဆက်နှင့် တုန်ယင်သွားခဲ့၏။ နံပါတ်ဆယ့်သုံးသည် သူတို့ဂိုဏ်းချုပ် ပြုလုပ်ခဲ့သမျှလုပ်ရပ်အားလုံးကို သူ့ထက် ပိုမိုကာ သိရှိ၏။ ထိုထဲတွင် မြို့တော်ဝန်အိမ်ရာမှလူများ ပါဝင်ပတ်သက်လျက်ရှိသည်ကိုပင် သိရှိ၏။ ထိုအရာများ ပေါ်ပေါက်သွားပါက ကြီးမားသည့်ပြဿနာကြီး ဖြစ်လာပေမည်။

ထို့ကြောင့် ထျန်းဟန်သည် မြို့တော်ဝန် လျှိုဝူယမ်အတွက်တော့ ကြီးမားသည့် ဗုံးကြီးတစ်ခု ဖြစ်လာခဲ့၏။ ၎င်းကို ဖျက်ဆီးနိုင်စွမ်း ရှိနေသည့် ဗုံးကြီးပင်။ ရှမ့်လန်သည်သာ ထိုဗုံးကြီးကို အသုံးပြုကာ ဖောက်ခွဲလိုက်ပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များသည် ခန့်မှန်း၍ မရနိုင်အောင်ပင်။

ရှမ့်လန်သည် ထပ်မံကာ ပြောဆိုလိုက်၏။ “ကျုပ် နံပါတ်ဆယ့်သုံးကို ခေါ်သွားတော့မယ်။ ငြင်းချင်သေးလား”

လုပ်ကြံသူလေးယောက်တို့သည် မည်သည့်အသံမှမထွက်တော့ချေ။ ဘေးတစ်ဖက်တွင် အားကောင်းလွန်းသည့် ကျင်းမူလန် ရှိနေသောကြောင့် သူတို့ အဘယ်သို့ ငြင်းပယ်ရမည်နည်း။

“ကောင်းပြီ... ခင်ဗျားတို့ ပြန်လို့ရပြီ။ မှတ်ထားအုံး။ ကျုပ်ရဲ့ သတင်းစကားလေး ပါးပေးလိုက်အုံး”

ရှမ့်လန်က ပြောလိုက်၏။ “ပြီးတော့ ခင်ဗျားတို့ လက်တွေ ခုတ်ဖြတ်ထားတဲ့နေရာက သွေးတွေ အရမ်းထွက်နေတယ်။ လမ်းမှာ မသေသွားစေနဲ့အုံး။ ခင်ဗျားတို့ သေမယ်ဆိုရင်တောင်မှ ကျုပ်ပြောတဲ့စကားကို ဆက်ဆက် ပြောပြီးမှသေကြနော်”

ထျန်းတနှင့် အခြားသောသူများ၏ မျက်နှာများသည် မဲ့ရွဲ့သွားခဲ့ကြသည်။

ခွေးကောင်... ချီးထဲမှ မင်းရဲ့မိန်းမသာ ရှိမနေရင် ခြေတွေ၊လက်တွေအကုန်လုံးကို အပိုင်းပိုင်းခုတ်ပြီးပြီ။ ထျန်းတသည် စိတ်ထဲမှာတော့ အားရပါးရ ဆဲဆိုလျက် ရှိနေ၏။ သို့ပေမည့် ရှမ့်လန် သူတို့အား ထွက်ခွာသွားရန် ပြောဆိုချိန်မှာတော့ မငြင်းခဲ့ချေ။ သူတို့သည် ကြောက်လန့်တကြားဖြင့် ကျင်းမူလန်ကို လှမ်းကာကြည့်ရှုလိုက်၏။

မူလန်သည် မည်သည့်စကားမှ မဆိုဘဲ ခေါင်းငုံ့ထား၏။ ထို့ကြောင့် လုပ်ကြံသူလေးယောက်တို့သည် မည်သည့် စကားမှ မဆိုတော့ချေ။ သူတို့၏ ဓားကျိုးများကို ကောက်ယူကာဖြင့် ထွက်ခွာသွားခဲ့ကြ၏။ ထွက်ခွာသွားစဉ်မှာပဲ သူတို့သည် မြို့စားအိမ်ရာမှ လူတစ်ဒါဇင်ကျော်တို့ ပုန်းအောင်းကာ ကြည့်ရှုလျက် ရှိနေကြောင်းကို မြင်လိုက်ရ၏။

၎င်းတို့သည် လက်ထဲတွင် မြားများကို ကိုင်ဆောင်ကာဖြင့် ထျန်းတနှင့် အခြားသော လုပ်ကြံသူ သုံးယောက်တို့ကို ချိန်ရွယ်ထားခဲ့ကြ၏။ မူလန်ကို စောင့်ရှောက်ရန်အတွက် မြို့စားကြီး စေလွှတ်လိုက်သည့် လူများသာလျှင် ဖြစ်ပေလိမ့်မည်။

အပြင်ဘက် ခြံဝင်းထဲတွင် စောင့်ကြပ်နေကြသည့် အဝက်နက်ဂိုဏ်းမှ အဖွဲ့သားတစ်ဒါဇင်ကျော်တို့သည် အကုန် သေဆုံးနှင့်နေပြီဖြစ်လေ၏။ ထျန်းတနှင့် အခြားသော လုပ်ကြံသူသုံးယောက်တို့သည် မြင်းများပေါ်သို့ ခုန်တက်ကာဖြင့် ရွှမ်ဝူမြို့ဆီသို့ အလျင်အမြန် ပြန်သွားခဲ့ကြ၏။ ကြီးမားလွန်းသော ပြဿနာကြီးသည် ရောက်ရှိလာပေတော့မည်။

.........

အိမ်၏အတွင်းဘက်မှာတော့ ရှမ့်လန်သည် နံပါတ်ဆယ့်သုံး၏ ရှေ့ဆီသို့ လျှောက်သွားခဲ့၏။ နံပါတ်ဆယ့်သုံး၏ ခန္ဓာကိုယ်ထဲ စိုက်ဝင်လျက်ရှိသော ဓားအား လက်လွတ်စံပယ် ဆွဲနှုတ်လိုက်သည်။

“အမလေး .. ဓားထုတ်ရတာ အားတော်တော်ကုန်တာပဲ။ ငါ အားနည်းနေတာပဲဖြစ်မယ်” နှစ်စက္ကန့်လောက် ကြာမြင့်ပြီးနောက် ရှမ့်လန်သည် ဓားကို ဆွဲထုတ်ပြီးဖြစ်သည်။ ပြီးနောက် နံပါတ်ဆယ့်သုံးကို လှမ်းကြည့်လိုက်၏။ သို့သော်လည်း တစ်ဖက်လူကို စည်းရုံးရန် စိတ်ကူးအကြံအစည် တစ်ခုလေးပင် ရှိပုံမပေါ်ချေ။

နံပါတ်ဆယ့်သုံးသည် သူ၏ မိဘများကို ကြည့်ရှုလိုက်၏။ သူ၏ မိဘများသည် အသက်ဘေးမှ လွတ်မြောက် ခဲ့လေပြီ။ သူသည် မည်သည့်စကားကိုမှ မဆိုချေ။ ထိုအစား ရှမ့်လန်၏ ရှေ့တွင် ဒူးထောက် ထိုင်ချကာဖြင့် နှဖူးနှင့်မြေပြင် တိုက်လျက် ရှိ၏။ တကယ့်ကို ညဏ်ကောင်းလွန်းသည့်လူပင်။ ယနေ့မှစ၍ ၎င်းသည် ရှမ့်လန်၏ အောက်ဆွဲဖြစ်သွားခဲ့ပြီ ဖြစ်၏။

ဤကဲ့သို့သောအောက်ဆွဲများသည် တခြားသူများမသိနိုင်သည့် ညစ်ပတ်သောအရာများကို ပြုလုပ်ရန် အကောင်းဆုံး လူမျိုးများ ဖြစ်သည်။

ဘာကြောင့်မှန်းမသိချေ။ နှလုံးသားထဲ၌ ဝမ်းနည်းမှုများက စို့တက်လာခဲ့၏။ နံပါတ်ဆယ့်သုံးသည် မျက်ရည်များ ကျဆင်းလျက် ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါသည့်အထိ ငိုယိုလျက်ရှိ၏။

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျား တကယ့်ကို ဝမ်းနည်းပက်လက်ငိုနေတာပဲ။ ဒါပေမဲ့ ခင်ဗျား ငိုတာ ရုပ်ဆိုးလွန်းတယ်”

“အင်း”

နံပါတ်ဆယ့်သုံးသည် ချက်ချင်းပင် မျက်ရည်များကို သုတ်လိုက်၏။ ဤကဲ့သို့ အမြင်ကျဉ်းမြောင်းသည့် သခင်သစ် တစ်ယောက်ကို ရရှိခြင်းကြောင့် သူ့အတွက် အနာဂတ်နေ့ရက်များသည် ခက်ခဲပေတော့မည်။

ရှမ့်လန်က ပြောလိုက်၏။ “ဒီနေ့ကစပြီး ခင်ဗျားကို ရှမ့်ဆယ့်သုံး လို့ခေါ်မယ်”

“ကောင်းပါပြီ သခင်။” နံပါတ်ဆယ့်သုံးက ဦးညွှတ်လိုက်သည်။

“ရှမ့်ဆယ့်သုံး”

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားရဲ့ မိဘတွေက မြို့စားအိမ်တော်မှာ နေလိမ့်မယ်။ တကယ်လို့ ခင်ဗျားသာ ဆိုးရွားတဲ့အရာ တစ်ခုခုကို လုပ်မယ်။ စကားနားမထောင်ဘူးဆိုရင် ခင်ဗျားရဲ့မိဘတွေက ကျုပ်လက်ထဲမှာ ရှိတယ်။ သူတို့နှစ်ယောက်လုံး သေဆုံးသွားအောင် ကျုပ်လုပ်လို့ရတယ်”

မူလန်သည် သူမ၏ လှပသည့် မျက်လုံးများဖြင့် မျက်နှာကျက်ဆီသို့ ကြည့်ရှုလိုက်၏။ ဘာမှန်းမသိဘဲ သူမသည် သူမယောက်ျားနှင့် သူမ၏ကြား ခပ်ခွာခွာနေထိုင်ရန်ပင် ဆုံးဖြတ်ချင်မိ၏။ တစ်စုံတစ်ယောက်၏ မိဘကို ဓားစာခံအဖြစ် ထိန်းသိမ်းထားခဲ့၏။ သို့ပေမည့် သူမ၏ ယောက်ျားသည် အလွန်မြင့်မြတ်သည့် လူကြီးလူကောင်း တစ်ယောက်၏ ဟန်ပန်အမူအရာမျိုးနှင့် ထိုစကားကို ပြောဆိုနေလေသည်။ အရှက်သိက္ခာသည် မည်သည့်နေရာတွင် ကျပျောက်ခဲ့သနည်း။

“ကောင်းပါပြီ သခင်” ရှမ့်ဆယ့်သုံးသည် ထပ်မံကာ ဦးညွှတ်လိုက်ပြန်၏။ သူသည် ရှမ့်လန်၏ ခြေထောက်ကိုပင် နှဖူးနှင့် ထိလိုက်၏။

ရှမ့်လန်သည် ချက်ချင်းပင် တစ်ဖက်လူကို ဆွဲမလိုက်သည်။ “မြန်မြန် ခင်ဗျားရဲ့ ခြေထောက်တွေက ကျိုးနေတာလေ။ မြေပေါ်မှာ ဘာလိုလုပ် ဒီလောက်အကြာကြီး ဒူးထောက်လို့ရမှာလဲ။ မြေပြင်ကလည်း အေးတယ်”

သူ၏ သရုပ်ဆောင်စွမ်းရည်သည် တကယ့်ကို ညံ့ဖျင်းလွန်းလှချေ၏။ အားလုံးသောသူတို့၏ နှုတ်ခမ်းများသည် မဲ့ရွဲ့နေသောကြောင့်ပင်။

...........

မြို့တော်ဝန်အိမ်ရာအတွင်းမှာတော့ မြို့တော်ဝန်လျှိုဝူယမ်သည် သူ၏ အတိုင်ပင်ခံပြောဆိုသည့် အကြောင်းအရာ များကို နားထောင်လျက် ရှိနေ၏။ သူ၏ မျက်နှာသည် နီမြန်းလျက် ရှိနေ၏။ နံပါတ်ဆယ့်သုံးကို သတ်ဖြတ်ရန် စုစုပေါင်း လုပ်ကြံသူ ခြောက်ယောက်သွားခဲ့၏။ လျှိုဝူယမ်သည်လည်း ထိုထဲမှ နှစ်ယောက်ကို ပေးပို့လိုက်၏။ အဆုံးသတ်မှာတော့ နှစ်ယောက်လုံး သေဆုံးသွားခဲ့၏။

ဟုတ်ပေ၏။ ဤအရာမှာ အရေးမကြီးချေ။ အရေးကြီးသည်မှာ နံပါတ်ဆယ့်သုံး မသေခဲ့ခြင်းပင်။ ရှမ့်လန်က ကယ်တင်သွားခဲ့သည်။

“စောက်တလွဲ ရှမ့်လန် ပေါက်ကရကောင်ပဲ”

အရာအားလုံးသည် ခြေတစ်လှမ်းသာလျက် ရှိနေ၏။ သူနှင့် ကျန်းကျင်းတို့၏ အမြန်နှုန်းသည် တကယ်ကို မြန်ဆန်လွန်း၏။ မြို့စားအိမ်တော်မှထွက်ထွက်ချင်း နံပါတ်ဆယ့်သုံးကို သတ်ဖြတ်ရန် လုပ်ကြံသူများကို စေလွှတ်လိုက်ခြင်း ဖြစ်၏။ မထင်မှတ်ထားလောက်အောင်ဘဲ သူတို့ ခြေတစ်လှမ်း နောက်ကျခဲ့ပြန်၏။ ဤသောက်တလွဲကောင်သည် အမြော်အမြင် ကြီးလွန်းနေ၏။

သူ၏ အတိုင်ပင်ခံက ပြောဆိုလိုက်သည်။ “ဆရာ ကျုပ်တို့တော့ ဒုက္ခရောက်ပြီ”

ဟုတ်ပေ၏။ တကယ့်ကို ကြီးမားသည့် ဒုက္ခအတွင်းသို့ သက်ဆင်းပြီ ဖြစ်၏။ နံပါတ်ဆယ့်သုံးသည် ရှမ့်လန်၏ လူယုံတစ်ယောက် ဖြစ်ခဲ့ဖူး၏။ ထို့ကြောင့် အဝတ်နက်ဂိုဏ်း၏ လျှို့ဝှက်ချက်အားလုံးကို သိရှိ၏။ ထျန်းဟန ပြုလုပ်ခဲ့သည့် ရာဇဝတ်မှုအားလုံးကိုလည်း သိရှိခဲ့ပြီး ဖြစ်၏။ လူ မည်မျှ သတ်ခဲ့ကြောင်းကိုပင် သိရှိ၏။

ထျန်းဟန်သည် များပြားလွန်းသည့် ရာထူးအရာခံနှင့် အရာရှိကြီးများအတွက် ညစ်ပတ်သည့်အလုပ်များကို အကြိမ်ပေါင်းများစွာ လုပ်ပေးခဲ့သည်။ ထျန်းဟန်၏ အပြစ်များသည်သာ လူသိရှင်ကြား ပေါ်ပေါက်လာပါက ခေါင်းဆယ်ကြိမ်လောက် အဖြတ်ခံရလျှင်ပင် လုံလောက်လိမ့်မည် မဟုတ်ချေ။ နံပါတ်ဆယ့်သုံးသည် ထိုပြစ်မှု အားလုံးအတွက် မျက်မြင်သက်သေ ဖြစ်လို့နေသည်။

ယခင်တုန်းက ထျန်းဟန်သည် ထက်ရှပြီး အလွန်အသုံးးတည့်သည့် ဓားတစ်စင်းဖြစ်ခဲ့၏။ ယခု ထျန်းဟန် ဆိုသည်မှာ ပူလောင်လွန်းသည့် အာလူးသီး တစ်လုံးကဲ့သို့ပင်။

ဟုတ်ပေ၏။ လက်ရှိအခြေအနေတွင် ဗုံးတစ်လုံးအဖြစ် ရည်ညွှန်းရမည်ဆိုလျှင် ပိုမိုက သင့်တော်၏။ သို့သော်လည်း ဤလောကကြီးတွင် ဗုံးဟူသည့်အရာမရှိချေ။ သူ၏လက်ထဲတွင် ရှိနေသည့် ထျန်းဟန် ဆိုသော ပြဿနာကောင်ကြီးသည် အချိန်မရွေး သူ့အား ဒုက္ခပေးနိုင်၏။

သူ၏ အတိုင်ပင်ခံက ပြောလိုက်သည်။ “ဆရာ ကျုပ်တို့ ထျန်းဟန်ကို ကယ်လို့မဖြစ်တော့ဘူး”

ဘန်း

လျှိုဝူယမ်သည် စားပွဲကို အသာထုနှက်လိုက်၏။ ထျန်းဟန်သည် မြို့တော်ဝန်လျှိုဝူယမ်၏ အောက်ဆွဲ ဖြစ်ကြောင်း အားလုံးသောသူတို့က သိရှိ၏။ သူ့အတွက် မည်မျှ များပြားသည့် မကောင်းသည့် လုပ်ရပ်များကို လုပ်ပေးခဲ့သနည်း။ ကျန်းကျင်းကို အမှီခိုမပြုခင်က မြို့တော်ဝန်လျှိုဝူယမ်သည် ထျန်းဟန်၏ နံပါတ်တစ် နောက်ခံတစ်ယောက် ဖြစ်ခဲ့၏။ ထျန်းဟန်တစ်ယောက် နေ့စဉ်နေ့တိုင်း ရှာဖွေခဲ့သည့် အမြတ်ငွေများထဲမှ နှစ်ဆယ်ရာခိုင်နှုန်းသည် လျှိုဝူယမ်၏ အိတ်ကပ်ထဲသို့ ရောက်ရှိခဲ့ခြင်းပင်။ သူသည်သာ ထျန်းဟန်ကို သတ်ဖြတ်လိုက်ပါက သူ၏ စီးပွားရေးသည် ကျဆင်းသွားပေလိမ့်မည်။

“အင်း ငါတကယ် ထျန်းဟန်ကို သတ်မယ်ဆိုရင် ငါ့လက်၊ ငါ့ခြေတွေကို ခုတ်ပိုင်းလိုက်တာနဲ့ အတူတူ ဖြစ်သွားလိမ့်မယ်။ ပြီးတော့ ငါ့အတွက် သိက္ခာကျစရာလည်း ဖြစ်လိမ့်မယ်”

လျှိုဝူယမ်က ပြောလိုက်၏။ “ရွမ်ဝူက အခုချိန်ထိ မလှုပ်ရှားသေးဘူး။ သူ့သမက်တော်ရဲ့ လက်ထဲမှာ ငါ ကြီးကြီးမားမား ဆုံးရှုံးနေရပြီ။ ဒီအတိုင်းသာဆိုရင်တော့ ကြာရင် အားလုံးဝိုင်းပြီး ရယ်မောတဲ့ အခြေအနေမျိုး ဖြစ်ကုန်တော့မှာပဲ”

သူ၏ အတိုင်ပင်ခံသည် တစ်စုံတစ်ခုကို ပြောချင်၏။ သို့ပေမည့် တွန့်ဆုတ်လို့နေခဲ့၏။ အဆုံးသတ်မှာတော့ မည်သည့် စကားကိုမှ မဆိုတော့ချေ။

“ကျန်းကျင်းရော ဘယ်လိုလဲ”

လျှိုဝူယမ်က မေးမြန်းလိုက်သည်။ “သူက ထျန်းဟန်ရဲ့ အကြီးမားဆုံး နောက်ခံပဲလေ။ ပြောရမယ်ဆိုရင် သူက နှစ်စဉ်နှစ်တိုင်း ငါ့ထက်တောင် ပိုပြီး ပိုက်ဆံတွေ ရထားခဲ့တာပဲ မဟုတ်လား”

ဤယုံကြည်ရသည့် အကြံပေးက ပြောဆိုလိုက်၏။ “နံပါတ်ဆယ့်သုံးကို လုပ်ကြံမှု ကျရှုံးခဲ့တယ်ဆိုတာကို သိတာနဲ့ တပြိုင်နက် သူ မြင်းပေါ်တက်ပြီးတော့ အုပ်ချုပ်ရေးမှူးဆီ ပြေးသွားခဲ့တယ်”

..........

နံပါတ်ဆယ့်သုံး အား ရှမ့်လန်ကယ်ဆယ်သွားခဲ့သည်ဆိုသည့် သတင်းကို ရရှိပြီးနောက် ကျန်းကျင်းသည် ချက်ချင်းပဲ မြင်းပေါ်သို့တက်ကာဖြင့် သူ့အဖေ၏ ရထားလုံးကို အမီလိုက်၏။ နှစ်နာရီကြာပြီးသည့် နောက်မှာတော့ ကျန်းကျင်းသည် အမီလိုက်နိုင်ခဲ့သည်။

“အဖေ... နံပါတ်ဆယ့်သုံးကို သုတ်သင်တာ မအောင်မြင်ခဲ့ဘူး။ အခု နံပါတ်ဆယ့်သုံးက ရှမ့်လန်ရဲ့ လက်ထဲကို ရောက်သွားပြီ”

ကျန်းချုံးသည် ထိုသတင်းကို ကြားရချိန်မှာတော့ အံ့အားမသင့်ချေ။ “ဒါဆိုရင် ဘာလို့သူ့နောက်ကို မလိုက်ရတာလဲ။ လုပ်စရာရှိတဲ့အရာကို လုပ်ရမှာပေါ့”

သူ၏ စကားစုသည် ကျန်းကျင်း၏ အတွေးများကို ထင်ပေါ်သွားစေခဲ့၏။ ကျန်းကျင်းသည် ထျန်းဟန်ကို သတ်ချင်၏။ အစောတုန်းတည်းက သတ်ချင်ခြင်းဖြစ်၏။ သို့ပေမည့် ယခု သူ့အဖေ၏ ရထားလုံးနောက်သို့ အမှီလိုက်လာခဲ့ခြင်းမှာ ထျန်းဟန်ကို ကယ်တင်ချင်သောကြောင့်ပင်။

“ဒီထျန်းဟန်က ကျုပ်တို့မိသားစုအတွက် အများကြီး လုပ်ပေးခဲ့တာလေ။ သူ ဒီအတိုင်း သေသွားမယ်ဆိုရင် နောက်လိုက်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက ကျဆင်းသွားနိုင်တယ်။ ပြီးတော့”

ကျန်းကျင်းသည် သူ၏ စကားကို ဆက်မပြောတော့ချေ။ ထျန်းဟန်သည် ကျန်းမိသားစုနှင့် ပူးပေါင်းနောက် ၎င်း၏ နှစ်စဉ်ဝင်ငွေမှ ၃၅ ရာခိုင်နှုန်းကို ပေးအပ်ခဲ့၏။ ထျန်းဟန်သာ သေဆုံးသွားသည်ဆိုပါက ကျန်းမိသားစုအတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်နေမည် မဟုတ်ပါလား။

ကျန်းချုံးက မေးလိုက်၏။ “အင်း မြို့စားရွှမ်ဝူနဲ့ တိုင်ကျင်းမြို့စားတို့ ဘာကွာတယ်ထင်လဲ”

ကျန်းကျင်းက ပြောလိုက်သည်။ “တိုင်ကျင်းမြို့စားက မောက်မာပြီး ဟိတ်ကြီးဟန်ကြီးနိုင်တယ်။ သူ့ကို ကြည့်ရတာ အားကောင်းတဲ့ပုံပေါ်တယ်။ ဒါပေမဲ့ ပြစ်ချက်တွေ အများကြီးပဲ။ ရွှမ်ဝူမြို့စားကြီးကတော့ ပုံစံကို ကြည့်ရမယ်ဆိုရင် အားနည်းတဲ့ပုံပဲ။ ပုံပေါ်တယ်။ ဒါပေမဲ့ သူက လိပ်တစ်ကောင်လိုပဲ။ ဘယ်နေရာကို တိုက်ခိုက်ရမလဲ ဆိုတာ ဝေခွဲရခက်စေတယ်”

ကျန်းချုံးက ပြောလိုက်၏။ “ဒါကြောင့် ရွှမ်ဝူနဲ့ တိုက်ခိုက်တဲ့တိုက်ပွဲက တစ်ညအသွင်း ပြီးသွားမှာ မဟုတ်ဘူး။ ဘာကြောင့် အလျင်လိုနေရတာလဲ”

ကျန်းကျင်းက ပြောလိုက်သည်။ “ဒါပေမဲ့”

ကျန်းချုံးသည် ဒေါသတကြီး ပြောလိုက်၏။ “အခု အရာရှိတစ်ယောက်အနေနဲ့ ဘာလုပ်ဖို့ အရေးကြီးဆုံးလို့ ထင်လဲ”

ကျန်းကျင်းက ပြောလိုက်သည်။ “ဂုဏ်သိက္ခာတရားပါပဲ။ အခြေအနေတစ်ခုလုံးကို ကြည့်ရမယ်ဆိုရင် ဒီတစ်ကြိမ် တိုက်ပွဲကို ရှုံးနိမ့်သွားပြီဆိုတာနဲ့ ဂုဏ်သိက္ခာတွေအားလုံး ကျသွားလိမ့်မယ်”

“ဒါတွေကို သိနေတယ်ဆိုရင် ဘာလို့ငါ့ကို လာမေးနေရတာလဲ .. သွား ... ထျန်းဟန်ကို သွားသတ်တော့”

ကျန်းချုံးက တည့်တည့်ပဲ ပြောဆိုလိုက်၏။ ပြီးနောက် တံခါးကိုအသာပိတ်ကာဖြင့် အမိန့်ပေးလိုက်၏။ “သွားတော့”

ရထားလုံးတံခါး ပိတ်သွားခဲ့ပြီးနောက် နုကျင်းစီရင်စုဆီသို့ အလျင်အမြန်နှင့် အသော့နှင်ပြန်သည်။

ကျန်းကျင်းသည် ဒေါသထွက်လျက်ရှိနေ၏။ သူသည် လက်ထဲတွင်ရှိနေသည့် ကြာပွတ်ကို ကိုင်ဆွဲကာဖြင့် မြေပေါ်သို့ တဖုန်းဖုန်း ရိုက်နှက်နေမိ၏။

နံပါတ်ဆယ့်သုံး၏ ခြေထောက်ကို ထျန်းဟန်အား ရိုက်ချိုးခိုင်းနေသည့် ရှမ့်လန်၏ အသွင်သည် သူ၏ မျက်လုံးထဲမှ မထွက်ခဲ့ချေ။ ထိုနေ့က ထျန်းဟန် မည်မျှ ရှက်ကွဲခဲ့သနည်း။

သူသည် လက်ရှိအချိန်၌ ထျန်းဟန်ကိုသတ်ပစ်ရန် ဖိအားပေးခြင်း ခံနေရသည်။ စေ့စေ့တွေးကြည့်မည်ဆိုပါက ကျိန်းသေပေါက် ထျန်းဟန်ခံခဲ့ရသလို ထပ်တူညီစွာ အရှက်ကွဲတော့မည် မဟုတ်ပါလား။

.......

အဝတ်နက်ဂိုဏ်း၏အတွင်း ....

လျှိုဝူယမ်နှင့် ထျန်းဟန်တို့သည် အဓိက ဟောခန်းထဲတွင် ထိုင်လျက်ရှိသည်။

“ဂိုဏ်းချုပ်... နံပါတ် ဆယ့်သုံးကို ရှမ့်လန် ကယ်သွားပါတယ်” ထျန်းတသည် သူ၏ လက်ပြတ်ကြီးကို ပတ်တီးစများဖြင့် စီးနှောင်ခဲ့ပြီးသား ဖြစ်၏။ သို့နောက် တုန်ယင်သည့် အသံဖြင့် ပြောလိုက်၏။ “ပြီးတော့ အဲခွေးကောင်က ကျုပ်တို့ နံပါတ်ဆယ့်သုံးကို သတ်ဖြတ်ဖို့လာတဲ့အချိန်ထိ စောင့်စားနေခဲ့တယ်။ သူ့ရဲ့မိန်းမ ကျင်းမူလန်ကိုလည်း ခေါ်လာသေးတယ်”

ထျန်းဟန်၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ်နှင့် တုန်ယင်နေခဲ့၏။ သူသည် ထိုမြင်ကွင်းကို စိတ်ထဲက ခန့်မှန်းခဲ့ပြီးသား ဖြစ်၏။ သို့ပေမည့် ဤရုပ်ချောချောနှင့် ကလေကချေကောင်သည် တကယ့်ကို ဉာဏ်ကောင်းလွန်းနေ၏။ အရာအားလုံးကို ရှေ့သို့ ကြိုတွက်ကာဖြင့် စဉ်းစားနိုင်သည်။

ဤတစ်ကြိမ်မှာတော့ နံပါတ် ဆယ့်သုံးသည် ကျိန်းသေပေါက် ရှမ့်လန်၏ နောက်ဆွဲဖြစ်သွားပေလိမ့်မည်။ ထို့အပြင် ထျန်းဟန်ပေါ်တွင် ရှိနေသည့် အမုန်းတရားများကလည်း ပိုမိုက များပြားသွားမှာ သေချာ၏။

ထျန်းဟန်သည် လူမည်မျှများများကို သတ်ဖြတ်ခဲ့သနည်းနှင့် မည်မျှများပြားသည့် ပြစ်မှုများကို ပြုလုပ်ခဲ့သည် ဖြစ်ကြောင်းကို တရားရုံး၌ သက်သေခံမည်ဆိုပါက ပြဿနာတက်ပြီ မဟုတ်ပါလား။ ထို့အပြင် ဤအရာက အရေးမကြီးသေးချေ။ အရေးကြီးသည်မှာ သူသည် အရာရှိအရာခံများအတွက် မကောင်းသည့် ကိစ္စရပ် အားလုံးကို ပြုလုပ်ပေးခဲ့ခြင်းပင်။ နံပါတ်ဆယ့်သုံးသည်သာ အရာအားလုံးကို ထုတ်ဖော်ပါက လောကကြီးတွင် မည်သူမှ သူ့ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။

ထျန်းဟန်သည် လက်ကို ဝှေ့ယမ်းလိုက်သည်။ ထျန်းတသည် ထွက်ခွာသွားခဲ့၏။

ထျန်းဟန်သည် ခေါင်းမော့ကာ မျက်နှာကြက်ကို စိုက်ကြည့်လိုက်သည်။ သူ၏စိတ်အစဉ်တွင် ကောင်းကင်နဂါး ကိုယ်ရံတော်တပ်ဖွဲ့၌ ရှိစဉ်က အတိတ်ပုံရိပ်များ ပြန်လည်ထင်ဟပ်လာသည်။

နေဝင်ချိန်အောက်တွင် လူနှစ်ယောက်အတူတကွ ပြေးလွှားနေသည့်မြင်ကွင်း...

နှင်းဖုံးနေသောဒေသတစ်ခုတွင် ရူးရူးမိုက်မိုက် သိုင်းပညာလေ့ကျင့်ခဲ့ကြသည့် မြင်ကွင်း...

ထိုနေ့ရက်များသည် အမှန်တကယ်ပင် ရမ္မက်မီးများ တောက်လောင်ခဲ့သည့် နှစ်များပါတကား။

ယခုတော့... အဆုံးသတ်ကို ရောက်လာခဲ့ပြီလား။

ထျန်းဟန်၏ မျက်ဝန်းအစုံမှ မျက်ရည်နှစ်ကြောင်းသည် တသွင်သွင် စီးကျလာသည်။ အချိန်များကိုသာ နောက်ပြန်လှည့်၍ရမည်ဆိုလျှင် သူသည် ကျိန်းသေပေါက် ရှမ့်လန်ဆိုသည်ကောင်ကို သတ်ဖြတ်ခဲ့ပေလိမ့်မည်။

အား.....

ထျန်းဟန်သည် ဒဏ်ရာရထားသည့် တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ရူးသွပ်စွာ အော်ဟစ်လျက် ရှိနေ၏။

All Chapters