အခန်း ၇၂၄-၇၂၆
Vol. 49 Ch. 724-726
အခန်း (၇၂၄)
ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့၏ ကလေးမွေးဖွားခြင်း (၃)
မြောက်ပိုင်းနယ်စားမင်းသား စတင်လှုပ်ရှားလာပြီဖြစ်ရာ လုရိဆိုသည့် နယ်ရုပ်ကို ဖယ်ရှားရမည့်အချိန် ရောက်လာလေပြီ။
ဆွမ်ဧကရာဇ်သည် လုရိအား အင်အားချဲ့ထွင်ခွင့် ပြုထားခဲ့ခြင်းမှာ သူ၏ထီးနန်း အဆုံးသတ်ချိန်ရောက်ပြီဟု မြောက်ပိုင်းရှိလူများအားယုံကြည်စေရန်နှင့် မြောက်ပိုင်းနယ်စားမင်းသား တောင်ဘက်ဆင်း၍ ထီးနန်းလုစေရန်ဖြစ်၏။
လုရိ ဦးဆောင်သည့် ပုန်ကန်သူများကိုမူ ဆွမ်ဧကရာဇ် အစကတည်းက အလေးထားခဲ့ခြင်း မရှိပေ။
.......
ကျူးနိုင်ငံတော်
နန်းတော်။
ဧကရီ၏ အိပ်ဆောင်။
မြောက်ပိုင်းပြည်နယ်၏ စစ်ရေးလှုပ်ရှားမှုများကို ကြားသိရသောအခါ နီရဲတောက်ပသည့် ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဖီးနစ်သရဖူကို ဆောင်းထားသည့် ယွဲ့ဧကရာဇ်လည်း အခွင့်အရေးတစ်ရပ် ပေါ်ပေါက်လာပြီဟု ချက်ချင်း ခံစားမိလိုက်၏။
ကျူးနိုင်ငံတော်သည် မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ဆန်းကြယ်သည့် လက်နက်ကို မရရှိသေးသော်လည်း မြောက်ပိုင်းပြည်နယ်က သူတို့၏ တပ်ဖွဲ့များကို တောင်ဘက်သို့ စေလွှတ်လိုက်ပါက ကာကွယ်ရေး တပ်အချို့ ကျန်ခဲ့သော်လည်း မြောက်ပိုင်းပြည်နယ်တွင်းရှိ တပ်ဖွဲ့အင်အား နည်းပါးသွားမည်မှာက မလွဲပေ။
ရှနိုင်ငံတော်သည် ပြိုလဲခါနီးဟု ထင်ရသော်လည်း နိုင်ငံတော်၏ အခြေခံအုတ်မြစ်သည် နက်ရှိုင်းလှသဖြင့် အလွယ်တကူ ပျက်စီးမည်မဟုတ်ပေ။ ယွဲ့ဧကရာဇ်သည် ဆွမ်ဧကရာဇ်အား ယုံကြည်မှုအပြည့်ရှိပြီး မြောက်ပိုင်းပြည်နယ်တပ်များကို တောင်ပိုင်းတွင် ပိတ်မိနေစေမည်ဟု ယုံကြည်သည်။
လက်ထဲရှိ ထောက်လှမ်းရေးသတင်းကို ကြည့်ရင်း ယွဲ့ဧကရာဇ်၏ မျက်နှာတွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာသည်။ သူမ၏ သူငယ်ချင်းကောင်း မြောက်ပိုင်းပြည်နယ်သို့ အပို့ခံရပြီးနောက်ပိုင်း မပြုံးခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ထိုစဉ်ကတည်းက စိတ်မချမ်းမြေ့မှုတစ်ခုကို သူမခံစားနေရခဲ့သည်။
မုယုံရွှီသည် မြောက်ပိုင်းနယ်စားမင်းသားအား ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။ လျှို့ဝှက်လဝန်းနန်းတော်မှ စွမ်းအားရှင်လည်း မြောက်ပိုင်းသို့ ရောက်ရှိသွားပြီဖြစ်သည်။ မုယုံရွှီ၏ အလှဖြင့် မြောက်ပိုင်းနယ်စားမင်းသားကို ထိန်းချုပ်ရန် အကြံအစည်ကလည်း လုံးဝပျက်စီးသွားပုံရသည်။ တစ်နည်းအားဖြင့် မုယုံရွှီပင် သစ္စာဖောက်ပြီး ဖြစ်နိုင်သည်။
သို့သော် ယခုအခါ၌ ထိုကိစ္စများက အရေးမကြီးတော့ပေ။ မြောက်ပိုင်းနယ်စားမင်းသား တောင်ပိုင်းသို့ စစ်ချီပါက ကျူးနိုင်ငံတော်သည် မြောက်ပိုင်း၏ အရေးပါသော မြို့ကြီးများကို သိမ်းပိုက်နိုင်ပြီး သူတို့၏ လျှို့ဝှက်လက်နက်များကိုပင် လုယူနိုင်မည် ဖြစ်သည်။
ယွဲ့ဧကရာဇ် ထိုသို့ တွေးနေစဉ် အမျိုးသမီးကိုယ်ရံတော်တစ်ဦး ဧကရီ၏ အိပ်ဆောင်ထဲသို့ ရုတ်တရက် ဝင်လာပြီး အနီရောင်လိုက်ကာများအပြင်ဘက်တွင် ဒူးထောက်ကာ
“အရှင်မ။ နဂါးနက်နိုင်ငံတော် လှုပ်ရှားလာပါပြီ”
ဟု သတင်းပို့လိုက်သည်။
ထိုအသံကို ကြားလျှင် ယွဲ့ဧကရာဇ်၏ မျက်နှာပေါ်ရှိ အပြုံး ချက်ချင်း ရပ်တန့်သွားသည်။
သူမ လက်ဝှေ့ယမ်းလိုက်သည်နှင့် အမျိုးသမီးကိုယ်ရံတော် ကိုင်ထားသည့် ထောက်လှမ်းရေးသတင်း ပျံတက်လာကာ အနီရောင်လိုက်ကာများကို ဖြတ်ကျော်၍ ယွဲ့ဧကရာဇ်၏ လက်ထဲသို့ တိုက်ရိုက် ရောက်ရှိလာ၏။
ထောက်လှမ်းရေးအစီရင်ခံစာပါ အကြောင်းအရာများကို ခဏခန့် ဖတ်ရှုပြီးနောက် ယွဲ့ဧကရာဇ်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး သူမ၏ ခန္ဓာကိုယ်မှ လူသတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်လာသည်။
အိပ်ဆောင်အတွင်းရော အပြင်ရှိ အစေခံများအားလုံး ထိုလူသတ်လိုသည့် အငွေ့အသက်ကို ခံစားမိကာ တုန်ယင်လျက် ဒူးထောက်ချလိုက်ကြသည်။
ခဏအကြာတွင် ယွဲ့ဧကရာဇ်က
“နဂါးနက်နိုင်ငံတော်က အချိန်အခါကို ကောင်းကောင်းရွေးတတ်သားပဲ”
ဟု အေးစက်စွာ ရေရွတ်လိုက်သည်။
နဂါးနက်နိုင်ငံတော်သည် အင်အားအကြီးနိုင်ငံ မဟုတ်သော်လည်း ကျူးနိုင်ငံတော်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်နေသေးသည်။ သူတို့တွင် အထက်တန်းစား တပ်ဖွဲ့များ ရှိပြီး စစ်သည်များသည် အလွန်အစွမ်းထက်မြက်သည့်အတွက် သူတို့၏ စစ်သည်တစ်ဦးက အခြားစစ်သည်ဆယ်ဦးကို အခက်အခဲမရှိ ရင်ဆိုင်နိုင်သည်ဟု ဆို၏။
မြောက်ပိုင်းနယ်စားမင်းသား တောင်ပိုင်းသို့ စစ်ချီမည့်အချိန်ကို အခွင့်ကောင်းယူကာ မြောက်ပိုင်းကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ရန် ယွဲ့ဧကရာဇ် အစက စီစဉ်ထားခဲ့သည်။ သို့သော် ယခုအခါ အနောက်မြောက်ဘက်မှ နဂါးနက်နိုင်ငံတော်က စောင့်ကြည့်နေသဖြင့် သူမ မဆင်မခြင် မလှုပ်ရှားရဲပေ။
အကယ်၍ သူမ မဆင်မခြင် လုပ်ဆောင်မိပြီး နဂါးနက်နိုင်ငံတော်က အင်အားအလုံးအရင်းဖြင့် ကျူးကျော်လာလျှင်၊ ထို့ပြင် လွင်ပြင်ဒေသ မျိုးနွယ်စုများကပါ တစ်ချိန်တည်း တောင်ဘက်သို့ ရွေ့လျားလာပါက ကျူးနိုင်ငံတော်လည်း ကြီးမားသော အန္တရာယ် အခြေအနေတစ်ခုအတွင်းသို့ ရောက်ရှိသွားလိမ့်မည်ဖြစ်သည်။
သို့သော်လည်း စစ်တပ်ဖြင့် စိတ်ကြိုက် မတိုက်ခိုက်နိုင်သော်လည်း မြောက်ပိုင်းပြည်နယ်သို့ တစ်စုံတစ်ဦး စေလွှတ်၍ အခြေအနေ ရှုပ်ထွေးစေခြင်းကတော့ ဖြစ်နိုင်သေး၏။
ထိုအချက်ကို စဉ်းစားပြီးနောက် ယွဲ့ဧကရာဇ်က “ဝူကျန်းဝမ်ရဲ့ နောက်ဆုံးသတင်း ဘာတွေများ ရှိသေးလဲ”
ဟု တိုက်ရိုက် မေးမြန်းလိုက်သည်။
အမျိုးသမီးကိုယ်ရံတော်က
“ဝူမင်းသမီးက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာပဲ နေပြီး အပြင်ထွက်ခဲပါတယ်။”
ခဏခန့် စဉ်းစားပြီးနောက် ယွဲ့ဧကရာဇ်က
“ဒါဆို ငါ စာတစ်စောင် ရေးလိုက်မယ်။ ဒီစာကို သူ့လက်ထဲ ရောက်အောင် ပို့ပေးဖို့ နည်းလမ်းရှာလိုက်ပါ။”
မြောက်ပိုင်းနယ်စားမင်းသား မြောက်ပိုင်းပြည်နယ်မှ ထွက်ခွာသွားပါက လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင်လည်း သူနှင့်အတူ လိုက်ပါသွားမည်ဖြစ်ရာ အင်အားကြီး ပုဂ္ဂိုလ်များ ကျန်ရစ်တော့မည် မဟုတ်ပေ။
သူမ၏ သူငယ်ချင်းဖြစ်သူ အဆင့်လွန်ပညာရှင်အဆင့်သို့ ရောက်သွားပြီဟု မကြာသေးမီက ကြားသိခဲ့ရပြီး သူမအတွက် အဆင့်လွန်ပညာရှင် ကိုယ်ရံတော်တစ်ဦးကိုလည်း စေလွှတ်ပေးခဲ့သည်။
မြောက်ပိုင်းပြည်နယ်တွင် အဆင့်လွန်ပညာရှင် နှစ်ဦးရှိနေပြီဖြစ်သဖြင့် လက်နက်နည်းပညာများခိုးယူခြင်း သို့မဟုတ် မြောက်ပိုင်းနယ်စားမင်းသား၏ ဇနီးများကိုဖမ်းဆီး၍ ကျူးနိုင်ငံတော်သို့ ခေါ်လာခြင်းကဲ့သို့သော ကြီးမားသည့် မငြိမ်မသက်မှုများကို ဖန်တီးနိုင်ပေလိမ့်မည်။
..............
အခန်း (၇၂၅ )
ရွှီလင်လုံ ပြန်လာခြင်း
မြောက်ပိုင်းပြည်နယ်။
ရန်ခရိုင်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။
လုချန်းသည် စာကြည့်ခန်းထဲတွင် စစ်ရေးဆိုင်ရာ စာရွက်စာတမ်းများကို အဆက်မပြတ် ဖတ်ရှုနေ၏။ စစ်ပွဲနီးကပ်လာသည်နှင့်အမျှ သူ၏အလုပ်တာဝန်များ ပိုမိုများပြားလာပြီး နေ့စဉ်နှင့်အမျှ စာရွက်စာတမ်း ရာပေါင်းများစွာကို ကြည့်ရှုရသည်။
သို့သော် စာရွက်စာတမ်းများ အားလုံးကို သူကိုယ်တိုင် စီမံဆောင်ရွက်ခြင်းတော့ မဟုတ်ပေ။ အများစုကို ကျူးကဲ့ကျုံကောင်းက ကိုင်တွယ်သော်လည်း စစ်ရေးကိစ္စများနှင့် သက်ဆိုင်သည့်အရာ အားလုံးကိုတော့ သူကိုယ်တိုင်ပြန်လည်စစ်ဆေးရ၏။ စစ်ရေးအာဏာ အပြည့်အဝယူထားသော အုပ်စိုးသူတစ်ဦးအနေနှင့် သူ၏စစ်ရေးတာဝန်များကို လစ်ဟင်း၍ မရပေ။
ထိုအချိန်တွင် စာကြည့်ခန်းအပြင်မှ အစေခံမလေးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
“မင်းသား။ တပ်မှူးလျှံ တွေ့ခွင့် တောင်းပါတယ်။”
လုချန်းက သူ၏အကြည့်ကို ရှေ့တည့်တည့်မှ စာရွက်စာတမ်းများပေါ်တွင် စိုက်ထားရင်း
“ဝင်ခွင့်ပြုလိုက်။”
နောက်တစ်ခဏတွင် လျှံဇွန်း တံခါးကို တွန်းဖွင့်၍ ဝင်လာသည်။
“မင်းသားကို ဂါရဝပြုပါတယ်။”
လုချန်းက ခေါင်းမဖော်ပဲ
“ဘာကိစ္စလဲ”
ဟု ပုံမှန်အတိုင်း မေးမြန်းလိုက်သည်။
လျှံဇွန်းက
“အိမ်ရှေ့မိဖုရား ရန်ခရိုင်ကို ပြန်ရောက်လာပါပြီ။ သူနဲ့အတူ အင်အားကြီး ပုဂ္ဂိုလ်တွေပါလာပါတယ်။”
ထိုအခါ လုချန်း အံ့အားသင့်သွားပြီး လျှံဇွန်းကို ကြည့်လိုက်ကာ
“လုစံအိမ်ကို ပြန်လာတာလား။”
လျှံဇွန်းက
“မဟုတ်ပါဘူး။ အိမ်ရှေ့မိဖုရားရဲ့ အမည်နဲ့ ပြန်လာတာ မဟုတ်ဘဲ နာမည်အသစ်တစ်ခုနဲ့ ပြန်လာတာပါ။”
“ဟယ်ယန်ခရိုင်ကို သွားတဲ့လမ်းမှာ ဓားပြအဖွဲ့တစ်ဖွဲ့နဲ့ တွေ့ခဲ့လို့ အိမ်ရှေ့မိဖုရား သေသွားပြီ သတင်းလွှင့်ထားပါတယ်။ အခုသူက ရန်ခရိုင်ကို နာမည်အသစ်တစ်ခုနဲ့ ရောက်လာတာပါ။”
ထိုစကားကို ကြားလျှင် လုချန်း အံ့အားသင့်သွားသည်။
နာမည်အသစ်.....
ဒီမှော်ဆရာမ ဘာတွေကြံနေပါလိမ့်။
အိမ်ရှေ့မိဖုရား အဖြစ် ရှိနေခြင်းက အလွန်ထိလွယ်ရှလွယ်သည်ဟု ခံစားမိပြီး ထိုအမည်ကို စွန့်လွှတ်ကာ သူ၏အမျိုးသမီးတစ်ဦးအဖြစ် ပြန်လာရန် ဆုံးဖြတ်လိုက်ခြင်းလား။
ခဏခန့် တွေးတောပြီးနောက် လုချန်းက
“သူ့ကို စောင့်ကြည့်ထားပါ။ တိုင်ယင်နတ်ဆိုးဂိုဏ်းက လှုပ်ရှားမှု တစ်စုံတစ်ခု လုပ်လာရင် ချက်ချင်း အစီရင်ခံပါ။”
“ဟုတ်ကဲ့ မင်းသား။”
“ခွင့်ပြုပါဦး။”
ပြောပြီးသည်နှင့် လျှံဇွန်း ချက်ချင်း ထွက်ခွာသွားသည်။
သို့သော် မကြာမီပင် လျှံဇွန်း စာကြည့်ခန်းသို့ ပြန်ရောက်လာခဲ့သည်။
လျှံဇွန်း စာကြည့်ခန်းထဲတွင် ပြန်ပေါ်လာသောအခါ လုချန်းက
“တပ်မှုးလျှံ ဘာလို့ ပြန်လာတာလဲ”
ဟု ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။
လျှံဇွန်းက ချက်ချင်းပင်
“မင်းသား။ အထူးကိုယ်ရံတော်တစ်ဦးကို အိမ်ရှေ့မိဖုရားက မတော်တဆ ဖမ်းမိခဲ့ပါတယ်။ သူက အဲဒီကိုယ်ရံတော်ကနေတစ်ဆင့် မင်းသားဆီကို သတင်းပို့ခိုင်းလိုက်ပါတယ်။”
ဒါက...
လုချန်းက စူးစမ်းလိုစိတ်ဖြင့်
“ဘာသတင်းလဲ။”
လျှံဇွန်းက
“အိမ်ရှေ့မိဖုရားက မင်းသား သူ့ကို စောင့်ကြည့်နေတာကို သူ သိပါတယ်တဲ့။ အခု အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာရှိလို့ တွေ့ဆုံချင်ပါတယ်တဲ့။”
မည်သို့ပင်ဆိုစေ ရွှီလင်လုံသည် တိုင်ယင်နတ်ဆိုးဂိုဏ်း၏ သူတော်စင်မ ဖြစ်သည်။ အထူးကိုယ်ရံတော်များက သူမကို ခြေရာခံစောင့်ကြည့်နေသည်ကို သူမ မသိပဲ နေပါ့မလား။
ထို့ပြင် မည်သူက စောင့်ကြည့်နေကြောင်းကိုလည်း သူမသိရှိထားပြီး ယခုအချိန်အထိ လျစ်လျူရှုထားခဲ့သည်။ သို့သော် ယခု ရန်ခရိုင်သို့ပြန်ရောက်လာပြီး တိုင်ယင်နတ်ဆိုးဂိုဏ်း၏ ကိစ္စရပ်များကို လုချန်းအား အသိပေးလိုသည့်အတွက် အထူးကိုယ်ရံတော်ကို အသုံးပြုကာ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ခဏခန့် စဉ်းစားပြီးနောက် လုချန်းက ကျောက်စိမ်းဆွဲပြားတစ်ခုကို ချွတ်လိုက်ပြီး လျှံဇွန်းထံ ပစ်ပေးလိုက်ကာ
“ဒီကျောက်စိမ်းဆွဲပြားကို အိမ်ရှေ့မိဖုရားဆီ ပေးလိုက်ပြီး ဒီည မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က စာကြည့်ခန်းမှာ လာတွေ့လို့ရတယ်လို့ ပြောလိုက်ပါ။”
ကျောက်စိမ်းဆွဲပြားကို ဖမ်းမိပြီးနောက် လျှံဇွန်းက
“ဟုတ်ကဲ့။ ချက်ချင်းသွားလိုက်ပါ့မယ်။”
ချက်ချင်းပင် လျှံဇွန်း စာကြည့်ခန်းမှ တစ်ဖန် ထွက်ခွာသွားသည်။
ထိုမှော်ဆရာမသည် လပေါင်းများစွာ အပြင်တွင် လှည့်လည်နေပြီး ဆက်သည်းမခံနိုင်တော့ဟု လုချန်းတွေးမိသည်။
သို့သော် သူမသည် သူ့ကို ရှာဖွေရသည့် အခြားအကြောင်းရင်းများလည်း ရှိလိမ့်မည်။
တိုင်ယင်နတ်ဆိုးဂိုဏ်း လှုပ်ရှားနေပြီလား။
ဘာပဲဖြစ်ဖြစ်ရွှီလင်လုံကို တွေ့သောအခါ သူမ ဘာလိုချင်သည်ကို သိရမည်ဖြစ်သည်။
ထပ်မံ၍ စဉ်းစားမနေတော့ပဲ ရွှီလင်လုံ ရောက်လာသည်ကို စောင့်ဆိုင်းရင်း စာရွက်စာတမ်းများကို ဆက်လက်ဖတ်ရှုနေခဲ့သည်။
အချိန်အတန်ကြာပြီးနောက် စာကြည့်ခန်းအပြင်မှ အစေခံမလေး၏ အသံ နောက်ဆုံးတွင် ထွက်ပေါ်လာသည်။
“မင်းသား။ ရွှီသခင်မ တွေ့ခွင့် တောင်းပါတယ်။”
လုချန်း ပြုံးလိုက်သည်။ ရွှီလင်လုံသည် သူမ၏ အိမ်ရှေ့မိဖုရားဘဝ စွန့်ပစ်လိုက်ပြီဖြစ်ပြီး ရွီသခင်မအဖြစ်သာ မိတ်ဆက်ခဲ့သည်။
“ဝင်ခွင့်ပြုပါ။”
လုချန်း ပြောပြီးသည်နှင့် ရွှီလင်လုံ တံခါးကို တွန်းဖွင့်၍ ဝင်လာသည်။
လက်ထဲမှ စာရွက်စာတမ်းများကို ချထားပြီး ရွှီလင်လုံကို ကြည့်လိုက်သည်။
ယနေ့တွင် ရွှီလင်လုံသည် သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်ကို ပိုမိုထင်ရှားစေသည့် ခန္ဓာကိုယ်နှင့် ကပ်နေသော ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဝတ်စုံသည် သူမ၏ ရှည်လျားဖြူစွတ်သော ခြေထောက်များကို ဖော်ပြနိုင်လောက်အောင် တိုတောင်းပြီး သူမတစ်ကိုယ်လုံးမှ ဆွဲဆောင်မှုရှိသော အငွေ့အသက်များ ထွက်ပေါ်နေသည်။
လုချန်းက ပြုံး၍
“တောင်ဘက်သွားပြီး ရိကို သွားတွေ့ရမယ်ဆို။ ဘာလို့ ပြန်လာတာလဲ။”
ရွှီလင်လုံက လုချန်း၏ မေးခွန်းကို ဂရုမစိုက်ပဲ စားပွဲပေါ်ရှိ စာရွက်စာတမ်းပုံကို ကြည့်လိုက်ပြီးနောက် ပြက်ရယ်ပြုသော အပြုံးဖြင့်
“ရန်ခရိုင်က ထွက်သွားပြီး လအနည်းငယ်အကြာမှာ မင်းသား ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ အခုဆို နိုင်ငံရေးကိစ္စတွေကိုပဲ အာရုံစိုက်နေပုံရတယ်။”
လုချန်းက ပြုံး၍
“မင်း ကိုယ့်အပေါ် နားလည်မှုလွဲနေတာပဲ။ ကိုယ်က အလုပ်အပေါ်မှာ တာဝန်ယူစိတ်ကြီးတဲ့သူ တစ်ယောက်ပါ။”
“အရင်ကလည်း ဒီလိုပါပဲ။ အခုလည်း ဒီလိုပါပဲ။”
ရွှီလင်လုံက
“ဪ။ ဒါဆို မင်းသားက လုံးဝမပြောင်းလဲဘူးပေါ့။ ဒါကတော့ ကျွန်မ နည်းနည်းယုံရခက်တယ်။”
“ရှင်တကယ်မပြောင်းလဲသေးဘူးလားဆိုတာ ကျွန်မ သေချာစစ်ကြည့်ပါရစေဦး။”
ထိုပြောနေရင်း လုချန်းအပေါ် သူမ၏ ညို့ငင်စွမ်းကို အသုံးပြုလိုက်၏။ သူမ၏ ညို့ငင်စွမ်းက သူ့အတွက် အသုံးမဝင်ကြောင်း ကောင်းစွာ သိသော်လည်း ယင်းကို အသုံးပြုခြင်းကပင် လုချန်းကို သွေးဆောင်ရန် လှည့်ကွက်တစ်ခုသာ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လုချန်းလည်း ထိုင်နေရာမှ ထလိုက်ပြီး ရွှီလင်လုံဆီသို့ တည့်တည့်လျှောက်သွားကာ
“ကောင်းပြီ။ မင်း စိတ်ကြိုက် စစ်ဆေးလို့ရတယ်။”
ဤနေရာတွင် လုချန်း လက်လှမ်းမီလာပြီး
ရွှီလင်လုံကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမ၏ နှုတ်ခမ်းများကို သူ၏နှုတ်ခမ်းဖြင့် ဖုံးအုပ်လိုက်သည်။
ရွှီလင်လုံလည်း ပြင်းထန်သော စိတ်လှုပ်ရှားမှုကို ချက်ချင်း ခံစားလိုက်ရသည်။ ဤခံစားမှုသည် သူမအတွက် ကြာမြင့်စွာ မတွေ့ကြုံရခဲ့သော ခံစားချက်ဖြစ်သည်။
ရုန်းကန်ခြင်းမရှိသည့်အပြင် ရွှီလင်လုံ အလွန်တက်ကြွလာကာ သူမ၏ လက်များက လုချန်းလည်ပင်းကို ရစ်ပတ်လိုက်သည်။ သူတို့နမ်းရှိုက်နေစဉ် အဝတ်အစားများကို စတင်ဖြေလျော့ပေးနေသည်။
လုချန်းက နမ်းရှိုက်ရင်း စာကြည့်ခန်းအတွင်းရှိ အနားယူခန်းသို့ ရွှီလင်လုံကို တွန်းသွင်းလိုက်သည်။
ခဏအကြာတွင် သူတို့ အိပ်ရာသို့ ရောက်ရှိသွားကြပြီး လုချန်းက ရွှီလင်လုံကို တွန်းချလိုက်ကာ သူမကို အပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။
ထိုအချိန်တွင် ရွှီလင်လုံ၏ မျက်နှာပန်းရောင်သန်းနေပြီး သူမ၏ မျက်လုံးများက မှုန်မှိုင်းနေကာ ဆွဲဆောင်မှုအပြည့် ရှိနေသည်။
ရွှီလင်လုံက
“ဒီည ကျွန်မက ရှင့်ရဲ့အစေခံမပါ။ ကျွန်မကို ဘာလုပ်လုပ် ရပါတယ်။”
ထိုဆွဲဆောင်မှုရှိသော စုန်းမ ရွှီလင်လုံ၏ ပုံပန်းသဏ္ဌာန်ကို မြင်ပြီး လုချန်း မထိန်းချုပ်နိုင်တော့ပဲ သူမ၏ ပါးစပ်ကို ထပ်မံ ဖုံးအုပ်လိုက်သည်။
ထို့နောက် လပေါင်းများစွာ ထွက်ပြေးခဲ့သည့် ထိုစုန်းမကို ကောင်းကောင်း ဆုံးမလိုက်သည်။
နတ်ဆိုးဂိုဏ်းမှ လူများသည် သူတို့၏ နှလုံးသားထဲရှိ ဆန္ဒများကို ထုတ်ဖော်ကာ စိတ်ကူးရှိသည့်အတိုင်း လုပ်ဆောင်သင့်ကြောင်း ရွှိီလင်လုံ နားလည်လာသည်။
သူမ၏ လက်ရှိဆန္ဒမှာ လုချန်း၏ အစေခံမ အဖြစ် သူ၏ ပြင်းပြသည့် ဆန္ဒကို ခံယူရန်ဖြစ်သည်။ သူမ အဘယ်ကြောင့် ခုခံရမည်နည်း။ သူမ ဤလူကို လိုက်နာရန်သာ လိုအပ်သည်။
ယင်းသည် သူမအတွက် ယင်စွမ်းအင်ကို ယန်စွမ်းအင်အဖြစ် ပြောင်းလဲအသုံးချရန် ဖြစ်ပြီး သူမ၏ နတ်သမီးကျင့်စဉ် လေ့ကျင့်ရန်အတွက် အလွန်ကောင်းမွန်သည့် အခွင့်အရေးလည်း ဖြစ်သည်။
ဤအတွေးများဖြင့် ရွှီလင်လုံ အလွန်တက်ကြွလာသော်လည်း လုချန်းနှင့်ယှဉ်ပါက အလွယ်တကူပင် ရှုံးနိမ့်သွားသည်။
ပထမဆုံးသော အရုဏ်ဦး အလင်းတန်းများ အခန်းထဲသို့ ထိုးဖောက်ဝင်ရောက်လာသောအခါ လုချန်းသည် ရွှီလင်လုံ၏ နူးညံ့သော ခန္ဓာကိုယ်ကို ပွေ့ဖက်ထားပြီး
“ မှော်ဆရာမ။ ကိုယ် မပြောင်းလဲဘူးဆိုတာ အခု မင်းသိပြီလား။”
ရွှီလင်လုံက ခပ်ဖွဖွ ရယ်လိုက်ပြီး
“အမှန်ပါပဲ။ မင်းသားက မပြောင်းလဲပါဘူး”
ထို့နောက် လုချန်းက ရွှီလင်လုံကို လှည့်လိုက်ပြီး သူမ၏ စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်သော မျက်လုံးများကို ကြည့်ကာ
“ပြောပါဦး။ ဒီတစ်ခါ မင်းဘာလို့ ပြန်လာတာလဲ။”
ရွှီလင်လုံက ပြုံး၍
“မနေ့ကတော့ ကျွန်မကို သေလုနီးပါး ပင်ပန်းအောင် လုပ်နေပြီး အခုမှ ဘာလို့ မေးနေတာလဲ။”
“ကျွန်မ ဘာလို့ ပြန်လာတာလဲဆိုတာ မင်းသား မသိဘူးလား။”
ပြောနေရင်း ရွှီလင်လုံက သူမ၏ လက်ကို မြှောက်၍ လုချန်း၏ ကျယ်ပြန့်သော ရင်ဘတ်ပေါ်တွင် စက်ဝိုင်းများ ဆွဲနေ လိုက်သည်။
လုချန်းက ခပ်ဖွဖွ ရယ်လိုက်ပြီးနောက်
“မင်းကတော့ သင်ခန်းစာ မရသေးဘူးပဲ။”
ထိုအခါ လုချန်းက ထပ်မံလှုပ်ရှားရန် ပြင်ဆင်လိုက်သော်လည်း ရွှီလင်လုံက သူ၏ ရည်ရွယ်ချက်ကို ရိပ်မိသဖြင့် အလျင်အမြန် ပြောလိုက်သည်။
“ဂိုဏ်းချုပ်ကြီး နိုးထလာပြီ။ သူက ရှင့်ရဲ့ခန္ဓာကိုယ်ကို လိုချင်နေတယ်။”
လုချန်း အံ့အားသင့်သွားသည်။
သတိပြန်ဝင်လာပြီးနောက် လုချန်းက
“ဆက်ပြော။”
ရွှီလင်လုံက ဆက်လက်၍
“တိုင်ယင်ဂိုဏ်းက တောင်ပိုင်းက မြို့တစ်မြို့ကို သတ်ဖြတ်ပြီး ယဇ်ပူဇော်လိုက်တာ ဂိုဏ်းချုပ်ကြီးရဲ့ ဝိညာဉ် နိုးထလာခဲ့တယ်။ သူက အခု ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်တစ်ခုကို အရမ်း လိုအပ်နေတယ်။”
“တိုင်ယင်နတ်ဆိုးဂိုဏ်းက အကြီးအကဲတွေက ရှင်က ကံကြမ္မာရဲ့သားတော်လို့ ယုံကြည်နေကြတယ်။ ရှင့်ရဲ့ခန္ဓာကိုယ်က ဂိုဏ်းချုပ်ကြီးအတွက် အကောင်းဆုံးလို့ ယူဆကြတယ်။ ရှင် ကံကြမ္မာရဲ့သားတော် မဟုတ်ရင်တောင် ရှင့်ရဲ့သိုင်းပညာပါရမီက အလွန်မြင့်လို့ ရှင့်ရဲ့ခန္ဓာကိုယ်က ကျွန်မတို့ဂိုဏ်းချုပ်ကြီးအတွက် အရမ်းသင့်တော်နေတယ်။ ဒါကြောင့် ရှင့်ကို ဖမ်းပြီး တိုင်ယင်နတ်ဆိုးဂိုဏ်းကို ခေါ်သွားဖို့ စီစဉ်နေကြတယ်။”
“ဒီတစ်ခါ တိုင်ယင်နတ်ဆိုးဂိုဏ်းက အဓိက အကြီးအကဲ ချောင်ရှန်ရကိုပါ စေလွှတ်လိုက်တယ်။ သူက သူတော်စင်မဟောင်းဖြစ်ပြီး သူ့ရဲ့အဆင့်က အရိပ်အယောင် ကောင်းကင်လူသားအဆင့်လောက် ရှိတယ်။”
ရွှီလင်လုံ၏ စကားများကို ကြားပြီးနောက် လုချန်း အတွေးထဲ နစ်မြောသွားသည်။
လုချန်း တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ရွှီလင်လုံက အသံနိမ့်နိမ့်ဖြင့်
“ရှင့်ကို သတိပေးဖို့အတွက် ကျွန်မ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ အဖမ်းခံရနိုင်မယ့် အန္တရာယ်ကို စွန့်စားပြီး လာခဲ့တာပါ။ မင်းသားက ကျွန်မကို ဘယ်လိုဆုချမလဲ။”
လုချန်း သတိပြန်ဝင်လာပြီး ရွှီလင်လုံ၏ မေးစေ့ကို ညှစ်၍ သူမ၏ မျက်လုံးများကို ကြည့်ကာ ပြုံးလျက်
“ဆုလိုချင်တယ် ဟုတ်လား။”
“ကလေးတစ်ယောက် ဆုချရင်ကော ဘယ်လိုလဲ။”
ထိုစကားကို ကြားလျှင် ရွှီလင်လုံက နှာခေါင်းရှုံ့ကာ ရယ်မောလိုက်ပြီး သူမ၏ မျက်နှာအမူအရာကို ချက်ချင်း ပြောင်းလဲလိုက်ကာ အေးစက်သော လေသံဖြင့်
“မင်းသားက လုံးဝမပြောင်းလဲဘူးပဲ။”
လုချန်းက
“ကိုယ်မပြောင်းလဲဘူးဆိုတာ အခုထိ မင်းမသိသေးဘူးလား။”
ထို့နောက် လုချန်းက
“ပြောပါဦး။ ဒီတစ်ခါ မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ။ ထပ်ထွက်ပြေးဖို့လား။ ဒါမှမဟုတ် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ နေဖို့လား။”
ရွှီလင်လုံက
“မင်းသား ကောင်းကောင်းသိနေတာပဲ မဟုတ်လား။ ရှင် ကျွန်မကို ပြုစားထားလို့ အခု ကျွန်မ ရှင့်ကို ခွဲမသွားနိုင်တော့ပဲ ရှင့်ရဲ့ အစေခံမ၊ ရှင့်ရဲ့ကစားစရာ ဖြစ်နေရပြီလေ။”
ဆက်လက်၍ ရွှီလင်လုံက
“ကျွန်မကို ကစားစရာဖြစ်ဖို့ပဲ ကံကြမ္မာက ဖန်တီးထားတာပဲ နေမယ်။ ကျွန်မက တိုင်ယင်ဂိုဏ်းရဲ့ သူတော်စင်မ ဖြစ်ပေမဲ့ အမှန်တကယ်တော့ ဂိုဏ်းချုပ်ကြီးရဲ့ အစေခံတစ်ယောက်ပါပဲ။ သူ ပြန်လည်ရှင်သန်လာတာနဲ့ သူ့ကို ပြုစုရတော့မှာပါ။”
“အခု ကျွန်မ ဒီကို ရောက်လာတာက ရှင့်လို ရုပ်ချောပြီး တော်တဲ့ အမျိုးသားတစ်ယောက်ကို ကျွန်မရဲ့ သခင်အဖြစ် ရွေးချယ်ဖို့ပါ။”
ထို့နောက် ရွှီလင်လုံက လုချန်းအား ဆွဲဆောင်မှုရှိသော အကြည့်ဖြင့် ကြည့်လိုက်ပြီး
“ဟုတ်တယ်မဟုတ်လား ကျွန်မရဲ့သခင်...”
ထိုစကားကို ကြားလျှင် လုချန်း၏ နှလုံးသားထဲရှိ အိပ်ပျော်နေသော အရိုင်းစိတ် တစ်ဖန် နိုးထလာသည်။
သူက နှာခေါင်းရှုံ့၍ ရယ်မောလိုက်ပြီးနောက်
“မင်း ကိုယ့်ရဲ့ အစေခံ ဖြစ်ချင်ရင် မင်းကို သေချာ စမ်းသပ်ရမယ်။”
“ကိုယ်ရဲ့ စမ်းသပ်မှုကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပြီလား မှော်ဆရာမ။”
ထိုစကားကို ကြားလျှင် ရွှီလင်လုံ အံ့အားသင့်သွားသည်။
စမ်းသပ်မှု...
ဘာစမ်းသပ်မှုမျိုးလဲ။
ဒီလူက မနေ့ညကမှ…
ရွှီလင်လုံ၏ အတွေးများ လွင့်မျောနေစဉ် လုချန်းသည် ရုတ်တရက် ငုံ့ဆင်းလာပြီး သူမ၏ နှုတ်ခမ်းများကို တစ်ဖန် ပိတ်ဆို့လိုက်သည်။
ဝမ်ချင်းစီ ကလေးရရှိပြီးနောက် လုချန်းသည် သူမကို ကြမ်းတမ်းစွာ ဆက်ဆံခြင်း မရှိတော့သည်မှာ ကြာပြီဖြစ်သည်။ ယခု စုန်းမတစ်ဦး ရှိနေပြီဖြစ်သဖြင့် သူ၏ စစ်မှန်သော သဘောသဘာဝကို နောက်ဆုံးတွင် ပြန်လည် ထုတ်ဖော်ခွင့်ရလာသည်။
............
အခန်း ( ၇၂၆)
ဒီတစ်ခါ ယုံကြည်လိုက်မယ် (၁)
ရွှီလင်လုံ ရုတ်တရက် နောင်တအနည်းငယ် ရလိုက်သည်။
သူမ ရန်ခရိုင်သို့ ပြန်လာခြင်းသည် ထောင်ချောက်ထဲသို့ လျှောက်လှမ်းဝင်ရောက်ခြင်းနှင့်တူသည်ဟု ခံစားရသည်။
သူမသည် ဤလူကို အစွမ်းထက်သူတစ်ဦးအဖြစ် အစောကတည်းက သတ်မှတ်ထားခဲ့ပြီး သူ၏အစွမ်းကြောင့် သူမ ကိုယ့်ကိုယ်ကိုယ် နှစ်မြှုပ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ယခုမူ ထိုလူသည် သူမ ထင်ထားသည်ထက်ပင် ပို၍ ကြမ်းတမ်းကြောင်း သိလိုက်ရသည်။
နံနက်မှ ညနေထိ။
ထို့နောက် ညမှ နံနက်ထိ...
ရွှီလင်လုံ နိုးလာသောအခါ သူမ ကိုယ်တိုင် မသိသည့် အခန်းတစ်ခုထဲတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။
သူမ၏ အသိစိတ်များ မှုန်မှိုင်းနေဆဲဖြစ်၏။ ထပြီးနောက် ခေါင်းကို အားကုန်ခါလိုက်ကာ အခန်းတွင်း အပြင်အဆင်ကို လှမ်းကြည့်လိုက်သည်။
ဒါက မြောက်ပိုင်းနယ်စားမင်းသား စာကြည့်ခန်းဘေးရှိ အနားယူခန်း မဖြစ်နိုင်ပေ။ အနားယူခန်းက စာလုံး ပန်းချီကား
များစွာဖြင့် စာပေအငွေ့အသက်များ ပြည့်နှက်နေ ကြောင်း သူမ မှတ်မိနေသည်။
သို့သော် ဤအခန်းသည် မွှေးရနံ့များဖြင့် ပြည့်နှက်နေပြီး အဓိကအားဖြင့် ပန်းရောင်ဆေးခြယ်ထားပြီး ဖြားယောင်းသွေးဆောင်မှုများနှင့် ပြည့်နှက်နေသော လေထုရှိသည်။
ရွှီလင်လုံ နိုးလာသည်ကို မြင်လျှင် အခန်းထဲရှိ အစေခံမလေးတစ်ဦး ချက်ချင်းရောက် လာပြီး
“ရွှီသခင်မ နိုးပြီလားရှင်။”
“ရေချိုးချင်ပါလား။ ရေနွေး ပြင်ထားပြီးပါပြီ။”
အစေခံမလေး၏ စကားကို ကြားလျှင် ရွှီလင်လုံက လက်ကိုမြှောက်၍ နားထင်ကို နှိပ်နယ်ရင်း
“ဒါ ဘယ်နေရာလဲ”
ဟု မေးလိုက်သည်။
အစေခံမလေးက
“ဒါ မင်းသားက ရွှီသခင်မအတွက် ပြင်ဆင်ထားတဲ့ အိပ်ခန်းပါရှင်။ အခုကစပြီး ရွှီသခင်မက ဒီအဆောင်မှာ နေရမယ်လို့ မင်းသားက ပြောပါတယ်။”
ထိုစကားကို ကြားလျှင် ရွှီလင်လုံ စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ ထိုလူယုတ်မာသည် သူမကို သူ၏ပျော်ရွှင်မှုအတွက် ကစားစရာတစ်ခုလို အမှန်တကယ် ထားရှိရန် ရည်ရွယ်နေခြင်းပင်။
မည်သို့ပင်ဖြစ်စေ ယခုအချိန်သည် ဤအရာများကို စဉ်းစားရမည့်အချိန် မဟုတ်သေးပေ။ သူမ တစ်ကိုယ်လုံး စေးကပ်နေသဖြင့် အမြန် ရေချိုးရန် လိုအပ်သည်။
ထိုအချက်ကို စဉ်းစားမိပြီးနောက် ရွှီလင်လုံက
“ရေချိုးဇလားဘယ်မှာလဲ။ ကျွန်မကို လမ်းပြပေးပါ”
ရွှီလင်လုံသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ယခင်က ရေမချိုးဖူးသေးသဖြင့် အဆောက်အဦများကို မသိရှိပဲ ရေချိုးဇလားထဲတွင် စိမ်ချိုးရမည်ဟု ယူဆခဲ့သည်။
အစေခံမလေးသည် ချက်ချင်းပင်
“ကျွန်မနောက် လိုက်ခဲ့ပါ။”
ထို့နောက် အစေခံမလေးက ရွှီလင်လုံကို မင်းသားစံအိမ်၏ ရေချိုးခန်းသို့ ခေါ်ဆောင်သွားသည်။ သူမရှေ့ရှိ ရေချိုးကန်ကို မြင်လျှင် ရွှီလင်လုံ ခဏခန့် အံ့အားသင့်သွားသည်။ လုချန်း သူမအတွက် စီစဉ်ပေးထားသည့် အခန်းသည် ဤမျှ ကောင်းမွန်ပြီး ရေချိုးကန်ပါ ရှိလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ချေ။
သူမ ရေချိုးကန်ထဲ ဝင်လိုက်သည်နှင့် ရေနွေးများက သူမ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ မနေ့က ပင်ပန်းနွမ်းနယ်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ပိုမို လန်းဆန်းလာခဲ့သည်။ ခေါင်းလည်း ယခင်ကလို မကြည်မလင် မဖြစ်တော့ပေ။
ထိုအချိန်တွင် ရွှီလင်လုံက သူမ၏ ဖြူဖွေးသော လက်မောင်းများကို မြှောက်၍ ရေချိုးကန်ထဲမှ ရေနွေးများကို ညင်သာစွာ မွှေနှောက်ရင်း သက်ပြင်းချလိုက်သည်။
သူမ၏ ရွေးချယ်မှု မှန်ကန်ပါ့မလား မသိနိုင်ပေ။ သူမသည် လှပသော်လည်း တစ်နေ့တွင် အိုမင်းရပေမည်။ လုချန်း၏ ကစားစရာအဖြစ် ထာဝရ မနေနိုင်ပေ။ နောက်ဆုံးတွင် ထိုလူယုတ်မာ သူမကို ငြီးငွေ့လာပေလိမ့်မည်။
ထို့ကြောင့် သူမအတွက် ထွက်ပေါက်တစ်ခု ရှာဖွေရမည်။
သို့သော် ထိုလူ သူမကို မနေ့က လုပ်ဆောင်ခဲ့သည်များကို စဉ်းစားလိုက်သည်နှင့် ရွှီလင်လုံ၏ မျက်နှာ နီမြန်းလာသည်။ သူမ၏ စိတ်များ ပျက်စီးနေသည်ဟု ခံစားရသည်။ ထိုလူက သူမကို မည်မျှပင် ညှဉ်းပန်းနှိပ်စက်သည်ဖြစ်စေ ထိုခံစားမှုကို သူမ စွဲလမ်းနေပြီ ဖြစ်သည်။
ဤအရာအားလုံးသည် ထိုလူနှင့် သက်ဆိုင်ရမည်။ သူ သူမကို တစ်ခုခု လုပ်ထားလို့သာ သူမ ယခုလို ဖြစ်နေရသည်ဟု သူမဘာသာ တွေးလိုက်သည်။
နဂါးဖီးနစ်လက်ဖက်ရည်သည် အမျိုးသမီးတစ်ဦး၏ လုချန်းအပေါ် ခံစားမှုများကို အမှန်တကယ် နက်ရှိုင်းစေနိုင်သည်။ သို့သော် ထို့ထက်မပိုပါ။ ယင်းသည် ခံစားမှုများကို ပိုမိုပြင်းထန်စေရုံသာဖြစ်သည်။ ရွှီလင်လုံ၏ တုံ့ပြန်မှုများသည် သူမ၏ ကိုယ်ပိုင်ဆန္ဒများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဥပမာအားဖြင့် မင်းသားစံအိမ်မှ အခြားအမျိုးသမီးများဖြစ်သည်။ လုချန်းနှင့် အတူရှိပြီးနောက် လုချန်းက သူတို့၏ စိတ်ခံစားမှုများကို တက်ကြွစွာ မလှုံ့ဆော်မချင်း စိတ်တည်ငြိမ်စွာ နေထိုင်ကြသည်။
မင်းသားစံအိမ်ရှိ အမျိုးသမီးများသည် ရွှီလင်လုံကဲ့သို့ မဟုတ်ကြပါ။ သူတို့လည်း လုချန်း၏ ညှဉ်းပန်းမှု ခံရသော်လည်း ထိုအရာကို ပြန်လည်တောင့်တနေခြင်းမျိုး မရှိကြပေ။
ရွှီလင်လုံ ရေချိုးခန်းမှ ထွက်လာသောအခါ အစေခံမလေးတစ်ဦး အခန်းထဲဝင်လာပြီး
“ရွှီ သခင်မ ရေချိုးပြီးပြီဆိုရင် စာကြည့်ခန်းကို လာခဲ့ဖို့ မင်းသားက ပြောလိုက်ပါတယ်။”
ထိုစကားကို ကြားလျှင် ရွှီလင်လုံ ခဏခန့် ရပ်တန့်သွား၏။ သို့သော် ထိုလူက သူမကို အချိန်အကြာကြီး ညှဉ်းပန်းခဲ့ပြီးနောက် ထိုကဲ့သို့သော ကိစ္စမျိုးကို ထပ်ပြုလုပ်မည်မဟုတ်ဟု သူမ တွေးလိုက်မိသည်။ သူမ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုင်ယင်နတ်ဆိုးဂိုဏ်းမှ လူများကို ဖမ်းဆီးလိုခြင်းသာ ဖြစ်နိုင်သည်။
ထိုသို့ စဉ်းစားပြီး အစေခံမလေးများအား အဝတ်အမြန် ဝတ်ဆင်ခိုင်းလိုက်သည်။ သူမ အနှစ်သက်ဆုံး အနက်ရောင်ဝတ်စုံကို ဝတ်ကာ မနေ့က သူတို့တိုက်ပွဲဆင်နွှဲခဲ့သည့် နေရာသို့ တစ်ဖန် ဦးတည်သွားလိုက်သည်။
ရွှီလင်လုံ စာကြည့်ခန်းသို့ ရောက်လာသောအခါ လုချန်းက အလွန်လေးနက်သော ပုံစံဖြင့် စာရွက်စာတမ်းများကို စစ်ဆေးနေသည်။
ရွှီလင်လုံက
“မင်းသားက တကယ်ကို ကြောက်စရာကောင်းတယ်။ နေ့ညမအိပ်ပဲ နေနိုင်တယ်။”
ခေါင်းမဖော်ဘဲ လုချန်းက
“ကိုယ်က အရိပ်အယောင် ကောင်းကင်လူသားအဆင့်ကို ရောက်နေပြီ။ နေ့ညမအိပ်ပဲ နေနိုင်တာ ကိုယ့်အတွက် ဘာမှ မဟုတ်ဘူး။”
ရွှီလင်လုံက ကွေ့ပတ်မနေတော့ပဲ
“ပြောပါတော့။ ဘာလို့ ကျွန်မကို ဒီကို ခေါ်တာလဲ။”
“မင်းသား ကျွန်မကို ထပ်ပြီး အနိုင်ကျင့်ချင်တယ်လို့ ကျွန်မ မထင်ဘူး။”
ထိုစကားကို ကြားပြီးနောက် လုချန်း ခပ်ဖွဖွရယ်လိုက်၏။ ထို့နောက် လက်မြှောက်လိုက်သည်နှင့် နောက်တစ်ခဏတွင် ရွှီလင်လုံ၏ ခန္ဓာကိုယ်သည် လေထဲသို့ ပျံတက်သွားပြီး လုချန်း၏ လက်မောင်းများထဲသို့ တည့်တည့် ကျရောက်လာသည်။
ရွှီလင်လုံ၏ နူးညံ့သော ခန္ဓာကိုယ်ကို ပွေ့ဖက်ထားရင်း သူမ၏ နားနား ကပ်ကာ
“အနိုင်ကျင့်တယ်။ ကိုယ်မင်းကို ဘယ်တုန်းကမှ အနိုင်ကျင့်ဖူးလို့လဲ။”
ပြောနေရင်း လုချန်း၏ လက်များက စတင်လှုပ်ရှားလာကာ သူမ၏ မငြိမ်မသက်ဖြစ်နေသော ခန္ဓာကိုယ်ကို ပွတ်သပ်နေသည်။ ရွှီလင်လုံလည်း တစ်ဖန် မငြိမ်မသက်ဖြစ်လာတော့သည်။
သူမက ချက်ချင်း
“မင်းသားက တိုင်ယင်ဂိုဏ်း ကိစ္စကို စိုးရိမ်နေမှာပဲ။ တိုင်ယင်နတ်ဆိုးဂိုဏ်းက လူတွေကို ကိုင်တွယ်ဖို့ မင်းသားနဲ့ ကျွန်မ အကောင်းဆုံး ပူးပေါင်းပါ့မယ်။”
လုချန်းလည်း ရွှီလင်လုံအား စနောက်ခြင်းအား ရပ်လိုက်ပြီး
“မကြာခင် တောင်ဘက်ကို သွားရတော့မယ်။ ရန်ခရိုင်မှာ တိုင်ယင်ဂိုဏ်းဝင်တွေ ရှိနေရင် ကိုယ် စိတ်မချနိုင်ဘူး။ ဒါကြောင့် တိုင်ယင်နတ်ဆိုးဂိုဏ်းက လူတွေ အားလုံး သေရမယ်။”
.............