← Chapters

အခန်း ၇၂၇-၇၂၉

Vol. 49 Ch. 727-729

အခန်း ၇၂၇-၇၂၉

Vol. 49 Ch. 727-729

အခန်း ၇၂၇

ဒီတစ်ခါ ယုံကြည်လိုက်မယ် (၂)

ထိုစကားများကို ကြားလျှင် ရွှီလင်လုံ နှလုံးတုန်သွားပြီး

“မင်းသားက ကျွန်မကိုပါ သတ်ဖို့ စီစဉ်နေတာလား။”

လုချန်း လက်မြှောက်၍ ရွှီလင်လုံ၏ နူးညံ့သော မေးစေ့ကို ဖျစ်ညှစ်ရင်း

“ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ မင်းက ကိုယ်ရဲ့အ‌စေခံမလေး၊ ကိုယ်ရဲ့ကစားစရာ။ ကိုယ်ရဲ့ကိုယ်ပိုင်ပစ္စည်းပါ။ ကိုယ်က ကိုယ်ပိုင်တဲ့ပစ္စည်းတွေကို အလွယ်တကူ ဖျက်ဆီးမယ့်သူ မဟုတ်ပါဘူး။”

လုချန်း၏ စကားများကို ခံစားမိသောအခါ ရွှီလင်လုံ၏ရင်ထဲ နွေးထွေးမှုလှိုင်းလုံးတစ်ခု ချက်ချင်း တက်လာသည်ကို ခံစားလိုက်ရသည်။ မကြာမီပင် ထိုနွေးထွေးမှုသည် သူမ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး အဖျားတက်သကဲ့သို့ ခံစားလာရသည်။

ရွှီလင်လုံ ဇဝေဇဝါ ဖြစ်နေ၏။ သူမ၏ ခန္ဓာကိုယ်က အဘယ်ကြောင့် ဤမျှ ထူးဆန်းစွာ တုံ့ပြန်နေရသနည်း။

အထူးသဖြင့် လုချန်းက သူမသည် သူ၏ကစားစရာ၊ သူ၏ကိုယ်ပိုင်ပစ္စည်းဖြစ်သည်ဟု ပြောသည်ကို ကြားသောအခါ သူမ၏ နှလုံးက စိတ်လှုပ်ရှားစွာဖြင့် တုန်ခါသွားသည်။

ထိုစဉ်ရွှီလင်လုံ၏ နှလုံး တစ်ချက် ထပ်ခုန်လှုပ်သွားသည်။ ဒါက ထိုလူယုတ်မာ၏ လက်ချက်ဖြစ်သည်မှာ သေချာသည်။

သူမ အဘယ်ကြောင့် ဤမျှ ယုတ်ညံ့သော အတွေးမျိုးကို စွဲကိုင်ထားရသနည်း။

ထိုလူက သူမအပေါ် ညို့ငင်စွမ်းအားတစ်မျိုးကို အသုံးပြုပြီး သူမ၏ အတွေးများကို ပြောင်းလဲကာ သူ၏ ကစားစရာဖြစ်သွားဖို့ ဆန္ဒရှိစေရန် ပြုစားထားပုံရသည်။

သူမ၏ စိတ်ထဲတွင် ထိုသို့ မှတ်ယူထားသော်လည်း ရွှီလင်လုံ တစ်ခွန်းမှ မပြောဆိုခဲ့ချေ။

ထို့နောက် လုချန်းက ဆက်လက်၍

“တိုင်ယင်ဂိုဏ်းက လူတွေကို ရန်ခရိုင် အပြင်ဘက် မျှားခေါ်ပြီး အဲဒီမှာပဲ အကုန် ရှင်းပစ်ဖို့ ကိုယ် စီစဉ်ထားတယ်။”

“ဒါကြောင့် မင်းရဲ့အကူအညီ လိုအပ်ပါလိမ့်မယ်။”

လုချန်း၏ ရည်ရွယ်ချက်ကို ရွှီလင်လုံ ချက်ချင်း သဘောပေါက်သွားပြီးနောက်

“မင်းသား ဘာကို ဆိုလိုတယ်ဆိုတာ ကျွန်မ နားလည်ပါတယ်။”

ထို့နောက် ရွှီလင်လုံက

“မင်းသား ဘယ်တော့ လှုပ်ရှားဖို့ စီစဉ်ထားလဲ။”

လုချန်း စာရွက်တစ်ရွက်ကို ထုတ်ယူ၍

“မနက်ဖြန် လုပ်ရအောင်။ ဒါက လမ်းကြောင်းပြမြေပုံ။ မင်းက သူတို့ကို ဒီလမ်းကြောင်းအတိုင်း မြို့အပြင်ဘက်က ကိုယ်စောင့်နေမယ့် နေရာကို ခေါ်သွားရမယ်။”

လမ်းကြောင်းပြမြေပုံကို လက်ခံရရှိပြီးနောက် ရွှီလင်လုံက စိုးရိမ်စိတ်ဖြင့်

“မင်းသားက နောက်ကျောကို ဓားနဲ့ထိုးမှာ မဟုတ်ဘူးမလား။”

သူမ၏ အခြေအနေကို ရွှီလင်လုံ ကောင်းစွာသိသည်။ ‌သူမသည် ထိုနတ်ဆိုးဂိုဏ်း၏ သူတော်စင်မ ဖြစ်သည်။ ထို့‌ကြောင့် လုချန်းက သူမကို မယုံကြည်မည်ကို သူမ စိုးရိမ်ခဲ့သည်။ သူမကို သစ္စာဖောက်ဟန်ဆောင်နေသည်ဟု ထင်ပြီး တိုင်ယင်ဂိုဏ်းဝင်များကို ဖယ်ရှားပြီးသည်နှင့် သူမကိုလည်း ဖယ်ရှားပစ်မည်ကို သူမ ကြောက်ရွံ့ခဲ့သည်။

လုချန်းက ပြုံး၍

“ဘာပဲဖြစ်ဖြစ် ကိုယ်က နယ်စားတစ်ယောက်ပါ။ ဘယ်လိုလုပ် ကတိဖျက်နိုင်မှာလဲ။”

ရွှီလင်လုံက

“ရာထူးမြင့်လေလေ ရက်စက်ကြမ်းကြုတ်လေလေပါပဲ။ ရှေးခေတ်ကတည်းက အဲဒီလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အစေခံမလေးတွေရဲ့ ကံကြမ္မာက ဘယ်တော့မှ မကောင်းခဲ့ဘူး။ သူတို့ကို ပေးပစ်တာ ဒါမှမဟုတ် သူတို့ရဲ့ သခင်တွေက တိတ်တိတ်လေး သတ်ပစ်တာပဲ ရှိခဲ့တယ်။”

လုချန်းက ရယ်မောလိုက်ပြီးနောက် သူမ၏ မျက်လုံးများကို ကြည့်ကာ

“မင်း မှန်တယ်။ အစေခံမလေးတွေ အများစုက ကြေကွဲစရာ ကံကြမ္မာနဲ့ ကြုံရတာ မှန်ပေမဲ့ အဲဒါက တခြားသူရဲ့ အစေခံတွေပါ။ ကိုယ့် အစေခံမလေးတွေရဲ့ အဆုံးသတ်ကတော့ အမြဲကောင်းပါတယ်။”

“မင်းလည်း ကိုယ့်ကို စုံစမ်းထားတယ်လို့ ယုံကြည်တယ်။ ဒါဆို ဝမ်ချင်းစီက ကိုယ့်ရဲ့ အစေခံမလေးဆိုတာ မင်းသိမှာပဲ။ သူ့ကို အခုကြည့်လေ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ကောင်းကောင်းမွန်မွန် နေထိုင်နေတယ် မဟုတ်လား။ ကောင်းကောင်းမွန်မွန် နေထိုင်ရုံတင်မကဘူး အခုဆို ကိုယ်ရဲ့ရင်‌ သွေးကိုပါ မွေးထားပြီ။”

စဉ်းစားပြီးနောက် ရွှီလင်လုံက

“ဒါဆို ဒီအစေခံမက မင်းသားကို ဒီတစ်ခါ ယုံကြည်လိုက်ပါမယ်။”

ထိုအချိန်တွင် လုချန်းက ရွှီလင်လုံ၏ တင်ပါးကို ပုတ်လိုက်ပြီး

“မင်းလို နတ်ဆိုးဂိုဏ်းက မှော်ဆရာမမျိုးတော့ ကိုယ့်ဆီမှာ မရှိဖူးဘူး။ မင်းက ကိုယ်ရဲ့ ရှားပါး ပစ္စည်းတစ်ခုပဲ။ မင်းကို ကိုယ်က ဘယ်လိုလုပ် ဖျက်ဆီးရက်နိုင်မှာလဲ။”

ထိုသို့ ပြောဆိုရင်း လုချန်း၏ လက်က ရွှီလင်လုံ၏ သေးငယ်သော ပါးစပ်သို့ ရွှေ့သွားပြီး

“မင်းကို ကတိတစ်ခု ပေးနိုင်တယ်။ ကိုယ်ဧကရာဇ်ဖြစ်လာတာနဲ့ မင်း အနည်းဆုံးတော့ မိဖုရားအဆင့် ရပါလိမ့်မယ်။”

ထိုစကားကို ကြားလျှင် ရွှီလင်လုံသည် လုချန်း၏ လက်ညှိုးကို ထွေးထုတ်လိုက်ပြီး ခပ်ဖွဖွ ရယ်လိုက်ကာ

“မင်းသား ကျွန်မကို လေကြီးလေကျယ်တွေ မပြောပါနဲ့။ ကျွန်မက အရူး မဟုတ်ဘူး။ ကျွန်မလို နတ်ဆိုးဂိုဏ်းဝင်တစ်ယောက်ကို မင်းသားက ဖျော်ဖြေရေး အစေခံမလေးအဖြစ်ပဲ ထားမှာပါ။ ဘယ်လိုလုပ် ကျွန်မကို တရားဝင် ရာထူး ပေးနိုင်မှာလဲ။”

လုချန်းက

“မယုံရင်လည်း မယုံနဲ့ပေါ့။ ဒါပေမဲ့ ကိုယ်ကတော့ ကိုယ့်စကားကို အမြဲ တည်တယ်။”

ထို့နောက် ရွှီလင်လုံ အနည်းငယ် ရုန်းကန်၍ လုချန်းလက်မှ ထရန် ကြိုးစားရင်း

“မင်းသား ကျွန်မကို သွားခွင့်ပြုသင့်ပြီ။ ကျွန်မ နှစ်ရက်လောက်ပျောက်နေတာ။ ဒီထက်ပိုကြာရင် အဲဒီ အဘွားကြီး ချောင်ရှန်ရ သံသယဝင်လာလိမ့်မယ်။”

လုချန်းလည်း ရွှီလင်လုံကို ထပ်မံ ဒုက္ခမပေးတော့ပဲ လွှတ်ပေးလိုက်သည်။

ထို့နောက် တံခါးဝသို့ ဦးတည်လျှောက်သွားရင်း ရွှီလင်လုံက

“မင်းသား ကျွန်မအပေါ် ဘယ်လိုနည်းလမ်းတွေ သုံးခဲ့လဲဆိုတာ ကျွန်မ မသိပေမဲ့ မင်းသားနဲ့အတူ ကုန်ဆုံးခဲ့တဲ့ ရက်တွေက အပျော်ဆုံးဖြစ်ခဲ့တယ်ဆိုတာတော့ ကျွန်မ ဝန်ခံရပါမယ်။ နောက်ဆုံးမှာ မင်းသားက သူပြောတဲ့အတိုင်း ကတိမဖျက်ဘဲ ကျွန်မရဲ့အသက်ကို ချမ်းသာပေးမယ်လို့ မျှော်လင့်ပါတယ်။”

စကားဆုံးသည်နှင့် ရွှီလင်လုံတစ်ယောက် စာကြည့်ခန်းမှ ထွက်ခွာသွားတော့သည်။ သူမသည် နောက်ဆုံးတွင်တော့ လုချန်းကို ယုံကြည်ရန် ရွေးချယ်ခဲ့သည်။ ဤလူယုတ်မာသာ သူမကို သတ်လိုပါက လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင် ရှိနေသဖြင့် သူမ ခုခံနိုင်မည် မဟုတ်ပေ။

သူမသည် နတ်ဆိုးဂိုဏ်းဝင် မှော်တရာမတစ်ဦးဖြစ်ပြီး မည်သူ့ကိုမှ ယုံကြည်လေ့မရှိပေ။ တိုင်ယင်ဂိုဏ်းဝင်များကိုပင် သူမ မယုံကြည်ပေ။ ဤသည်မှာ သူမအတွက် ပထမဆုံးအကြိမ် လူတစ်ဦးကို ယုံကြည်လိုက်ခြင်းဖြစ်သည်။ သို့သော် ထိုသူက သူမကို ကစားစရာတစ်ခုဟု မှတ်ယူထားသူတစ်ဦးလည်းဖြစ်နေသည်။

သူမ အလောင်းအစား လုပ်ခဲ့ပြီ။

သူမ၏ ရွေးချယ်မှု မှန်ကန်ပါက အသက်မသေသည့်အပြင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ပျော်ရွှင်စရာအချိန်များ ရှိနိုင်မည်။ ထိုကာလ ကြာရှည်မည် မဟုတ်သော်လည်း ထိုသို့သော ဘဝမျိုး မရဖူးခြင်းထက်တော့ ပိုကောင်းမည်။

ရွှီလင်လုံ၏ ဆွဲဆောင်မှုရှိသော ပုံပန်းသဏ္ဌာန် ထွက်ခွာသွားသည်ကို ကြည့်ရင်း လုချန်း၏ နှုတ်ခမ်းများသည် သိမ်မွေ့သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ ထိုစုန်းမ သူ၏လက်အောက်သို့ လုံးဝ ကျရောက်သွားပြီဟု ထင်ရသည်။

မည်သို့ပင်ဆိုစေ ဤစုန်းမသည် အတော်အတန် အန္တရာယ်ရှိသည်။ တောင်ဘက်သို့ သွားသည့်အခါ သူမကို ခေါ်သွားခြင်းသည် ပိုကောင်းပေလိမ့်မည်။

မည်သို့ပင်ဆိုစေ သူမသည် တိုင်ယင်နတ်ဆိုးဂိုဏ်း၏ သူတော်စင်မ ဖြစ်သည်။ သူမ၏သစ္စာသည် သူ့အတွက်သာဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ အခြားသူများအ‌ပေါ် ကောင်းလိမ့်မည်ဟု မယူဆနိုင်ပေ။ ဤအချက်ကို သတိထားရန် လိုအပ်သည်။

...

ရွှီလင်လုံ တိုင်ယင်ဂိုဏ်း၏ ယာယီအခြေစိုက်စခန်းသို့ ပြန်ရောက်သောအခါ ချောင်ရှန်ရ သူမရှေ့သို့ ချက်ချင်း ပေါ်လာပြီး

“ ဒီရက်ပိုင်း ဘယ်ရောက်နေတာလဲ သူတော်စင်မ။ ကျွန်မ ရှင့်ကို ဘာလို့ ရှာမတွေ့တာလဲ။”

အခန်း (၇၂၈)

ဒီတစ်ခါ ယုံကြည်လိုက်မယ် (၃)

ရွှီလင်လုံက ခပ်ပေါ့ပေါ့ပင်

“အကြီးအကဲ ချောင်က ကျွန်မကို မြောက်ပိုင်းနယ်စားမင်းသားကို မြှူဆွယ်ခိုင်းတာ မဟုတ်ဘူးလား။ ကျွန်မ ဘယ်ရောက်နေလဲဆိုတာ မသိဘူးလား။ ကျွန်မ မြောက်ပိုင်းနယ်စားမင်းသားရဲ့ သတင်းကို သွားစုံစမ်းတာပေါ့။”

ထိုစကားကို ကြားလိုက်ရသည့်အခါ ချောင်ရှန်ရ၏ ရင်ထဲတွင် ဝမ်းသာမှုလှိုင်းလုံးတစ်ခု တက်လာသည်။ ရွှီလင်လုံ တကယ်ပဲ လုပ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားချေ။

ကောင်းပြီ။ သူတို့ တိုင်ယင်ဂိုဏ်းသို့ ပြန်ရောက်သည့်အခါ ရွှီလင်လုံကို သူတော်စင်မ ရာထူးမှ ဆွဲချရမည့်အချိန် ရောက်ပြီဖြစ်သည်။ သူတို့ ဂိုဏ်းချုပ်က ရွှီလင်လုံကို အသက်မဲ့သော အလောင်းအဖြစ် ပြောင်းလဲပစ်သည်ကို သူမ မျက်စိဖြင့် ကိုယ်တိုင် မြင်ချင်သည်။

ထို့နောက် ချောင်ရှန်ရက ပြုံး၍

“ဒါဆို သူတော်စင်မက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ သတင်းသွားစုံစမ်းတာပေါ့။ ကျွန်မက အစောတုန်းက လွန်လွန်ကျူးကျူး ပြောမိပါတယ်။”

“သူတော်စင်မ ဘာသတင်းတွေ ရခဲ့လဲ။”

ရွှီလင်လုံက

“မြောက်ပိုင်းနယ်စားမင်းသားက သူ့တပ်တွေနဲ့ တောင်ဘက်ချီဖို့ ပြင်ဆင်ပြီးသွားပြီ။”

ထိုစကားကို ကြားလိုက်ရသည့်အခါ ချောင်ရှန်ရ စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သည်။ ထိုအချက်က ထင်ရှားနေသည် မဟုတ်လား။ မြောက်ပိုင်းပြည်နယ်သည် စစ်သည်များကို စုစည်းနေပြီဖြစ်ကာ သစ္စာဖောက်များကို ဖယ်ရှားရန် ကြေညာစာတမ်းပင် ထုတ်ပြန်ပြီးဖြစ်သည်။ မြောက်ပိုင်းမင်းသားသည် စစ်သည်များကို ဦးဆောင်ကာ ထီးနန်းကို သိမ်းပိုက်ရန် အဆင်သင့်ဖြစ်နေသည်ကို မည်သူမသိပဲ နေမည်နည်း။

ထိုသို့သော သတင်းအချက်အလက်မျိုးက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ပြေးလွှားပြီး စုဆောင်းရလောက်အောင် အဖိုးတန်သလား။

သို့သော် ထိုအချိန်တွင် ရွှီလင်လုံက ဆက်လက်၍

“စစ်သားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ဖို့အတွက် မြောက်ပိုင်းနယ်စားမင်းသားက မနက်ဖြန် မွန်းတည့်ချိန်မှာ ရန်ခရိုင် တောင်ဘက် တောအုပ်ထဲက စစ်တပ်စခန်းတစ်ခုကို သွားပြီး စိတ်ဓာတ်ကို မြှင့်တင်ရေး မိန့်ခွန်းပြောလိမ့်မယ်ဆိုတာ ကျွန်မ သိခဲ့ရတယ်။”

“ဒါက ကျွန်မတို့အတွက် အကောင်းဆုံးအခွင့်အရေးပဲ။”

“ဘာလို့လဲဆိုတော့ ရန်ခရိုင်က အဲဒီစခန်းနဲ့ သိပ်မဝေးတဲ့အတွက် လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်လူသား စွမ်းအားရှင်တွေက အဲဒီအချိန်မှာ ရန်ခရိုင်ကနေ ထွက်လိုက်လာမှာ မဟုတ်ဘူး။”

ထိုစကားကို ကြားလိုက်ရသည့်အခါ ချောင်ရှန်ရက စိုးရိမ်တကြီးဖြင့်

“ရန်ခရိုင်က စစ်တပ်စခန်းနဲ့ နီးလွန်းနေရင် လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်လူသား စွမ်းအားရှင်တွေ သတိထားမိသွားမှာ ကျွန်မ စိုးရိမ်တယ်...”

ရွှီလင်လုံက

“ဒါကြောင့် ကျွန်မတို့ လျင်လျင်မြန်မြန် ပြတ်ပြတ်သားသား တိုက်ခိုက်ရမယ်။ မြောက်ပိုင်းနယ်စားမင်းသားကို ရုတ်တရက် ပြန်ပေးဆွဲရမယ်။ ဒါမှ လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်လူသား စွမ်းအားရှင် တုံ့ပြန်ဖို့ အချိန်မရမှာ။”

“မနက်ဖြန် မနက်မှာ တိုင်ယင်ဂိုဏ်းက လူတိုင်း သွားရမယ်။ လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်လူသား စွမ်းအားရှင် ရှုပ်ထွေးသွားအောင် အဖွဲ့တွေ ခွဲပြီးထွက်မယ်။”

ရွှီလင်လုံ၏ စကားကို ချောင်ရှန်ရ လုံးဝ သံသယမဝင်ချေ။ ရွှီလင်လုံက သူတို့ ဂိုဏ်းချုပ်ကို သစ္စာဖောက်လိမ့်မည်ဟု သူမ စိတ်ထဲ တစ်ခါမှ မတွေးခဲ့ဖူးချေ။

ရွှီလင်လုံ၏ အစီအစဉ် ဖြစ်နိုင်ခြေရှိသည်ဟုချောင်ရှန်ရလည်း ခံစားရသည်။

အမှန်စင်စစ် ယင်းမှာ မြောက်ပိုင်းနယ်စားမင်းသားကို ပြန်ပေးဆွဲနိုင်မည့် ရှားရှားပါးပါးအခွင့်အရေးများထဲမှ တစ်ခု ဖြစ်သည်။ ဤအခွင့်အရေးကို လက်လွတ်ခံ၍ မရပါ။ မြောက်ပိုင်းနယ်စားမင်းသား တောင်ဘက်သို့ ချီတက်သည်နှင့် သူ့ပတ်ဝန်းကျင်တွင် ပိုမို အစွမ်းထက်သော လူများစွာ ရှိလာမည်ဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင်သည် မြောက်ပိုင်းနယ်စားမင်းသားကို ကာကွယ်ရန် အမြဲရှိနေမည် ဖြစ်သဖြင့် တိုင်ယင်ဂိုဏ်းအနေနှင့် မြောက်ပိုင်းနယ်စားမင်းသားကို ချဉ်းကပ်ရန် မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် သူတို့ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အတတ်နိုင်ဆုံး ကြိုးစားရမည်သာ ဖြစ်သည်။

ခဏမျှ စဉ်းစားပြီးနောက် ချောင်ရှန်ရက

“ဒါဆို ကောင်းပြီ။ သူတော်စင်မ အကြံပေးတဲ့အတိုင်း လုပ်မယ်။”

.......

ညနေပိုင်း။

နေဝင်ဆည်းဆာ၏ အလင်းရောင် စတင်ဖုံးလွှမ်းလာသည်။ ငန်းအုပ်တစ်အုပ်သည် တြိဂံ ပုံစံဖြင့် တောင်ဘက်သို့ ပျံသန်းနေသည်။

တစ်နေကုန် အလုပ်များပြီးနောက် လုချန်းလည်း လေပြင်းမိုးတိမ်ဆောင်သို့ ပြန်ရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် အသားကင်နံ့တစ်ခု ရုတ်တရက် ရလိုက်သည်။

အနံ့ကြောင့် လုချန်းမှာ အံ့အားသင့်သွားပြီး ယနေ့ညစာအတွက် အသားကင်ရှိမည်လားဟု တွေးမိသည်။

ထို့နောက် အနံ့နောက်သို့ သူ လိုက်သွားခဲ့သည်။ မကြာမီပင် ၎င်းသည် လေပြင်းမိုးတိမ်ဆောင်မှ မဟုတ်ပဲ ချင်ယူဝေ၏ အဆောင်မှ လာကြောင်း သိလာရသည်။

ချင်ယူဝေ၏ အဆောင်သို့ လုချန်းသွားခဲသည်။ သူမကို မကြိုက်လို့တော့ မဟုတ်ပေ။ ချင်ယူဝေသည် အမှတ်၉၀ကျော် အလှပိုင်ရှင် အမျိုးသမီးတစ်ဦး ဖြစ်သဖြင့် အလွန်လှပကာ အာဏာရှိ မိသားစုမှ အမျိုးသမီးတစ်ဦး၏ ဟန်ပန်ရှိသည်။ လုချန်းလည်း သူမကို နှစ်သက်သည်။

သို့သော် လုချန်းတွင် အမျိုးသမီးများ အလွန်များပြားသည်။ သူ၏ အတွင်းဆောင်မှ အမျိုးသမီးများအားလုံး လှပကြသော်လည်း သူ၏ ပြင်းပြသော အောင်နိုင်လိုစိတ်က သူ့ကို ချန်ဝမ်ရွန်ကဲ့သို့သော အေးစက်စက်နတ်သမီးများ သို့မဟုတ် ဝူကျန်းဝမ်ကဲ့သို့သော ခေါင်းမာသည့် မိန်းမလှများကို အောင်နိုင်ရန် ပို၍စိတ်ဝင်စားစေသည်။

ချန်ဝမ်ရွန်နှင့် ဝူကျန်းဝမ်နှစ်ဦးတည်းကပင် လုချန်းကို အတော်လေး အလုပ်များစေသည်။ ထိုကြောင့် အာဏာရှိ မိသားစုမှ ထိုအမျိုးသမီးကို လုချန်း လျစ်လျူရှုမိခဲ့သည်။

လုချန်း အဆောင်ထဲ ဝင်သည်နှင့် ချင်ယူဝေကို တွေ့လိုက်ရသည်။ သူမသည် အစိမ်းရောင်တိမ်တိုက် ဝတ်စုံကို ဝတ်ဆင်ထားပြီး အဆောင်ထဲရှိ ကျောက်ခုံပေါ်တွင် ထိုင်ကာ သိုးငယ်တစ်ကောင်ကို ကိုယ်တိုင် ကင်နေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လုချန်းမှာ အံ့အားသင့်သွားသည်။

ထိုအချိန်တွင် ချင်ယူဝေသည် ကျော့မော့သော အာဏာရှိ မိသားစုမှ အမျိုးသမီးနှင့် လုံးဝ မတူတော့ချေ။ သူမ၏ လက်မောင်းများကို လှန်တင်ထားသဖြင့် ဖြူဖွေးသော လက်မောင်းသားများကို မြင်နေရသည်။ သူမသည် အစေခံတစ်ဦးကဲ့သို့ အလုပ်ကြိုးစားနေသည့်ပုံ ပေါ်သည်။

ချင်ယူဝေသည် အစေခံများကို သိုးကင် လှန်ရန် ညွှန်ကြားနေသည်။

အစေခံတစ်ဦးက ရုတ်တရက် လုချန်းကို သတိထားမိသွားပြီး အလျင်အမြန် ခါးညွှတ်ကာ

“ မင်းသားကို ဂါရဝပြုပါတယ်။”

ထိုစကားကို ကြားလိုက်ရသည့်အခါ ချင်ယူဝေလည်း အဆောင်ဝင်ပေါက်ဘက်သို့ အမြန်ကြည့်လိုက်ရာ လုချန်းကို တကယ်ပင် မြင်လိုက်ရသည်။

သူမ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး

“မင်းသား... မင်းသား... အရှင်မင်းသား”

ဟု ရေရွတ်လိုက်သည်။

ကြောက်ရွံ့တုန်လှုပ်ကာ မျက်နှာဖြူဖျော့သွားသော ချင်ယူဝေက အလျင်အမြန် ခါးညွှတ်ကာ

“မင်းသားကို ဂါရဝပြုပါတယ်။”

“ကျွန်မ မှားသွားမှန်း သိပါတယ် မင်းသား။ နောက်ဘယ်တော့မှ ဒီလို မလုပ်ရဲတော့ပါဘူး...”

ချင်ယူဝေ၏ အလျင်စလို တောင်းပန်မှုက လုချန်းကို စကားလုံး မဲ့စေခဲ့သည်။ သူက ဤမျှ ကြောက်စရာကောင်းပါသလား။

လုချန်းက

“ဘာမှားတာလဲ။ ဘယ်နေရာမှာ မှားတာလဲ” ဟု မေးလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ ချင်ယူဝေလည်း လုချန်း ဒေါသထွက်နေသည်ဟု ထင်မှတ်ကာ အလျင်အမြန်ပင်

“ကျွန်မ အဆောင်ထဲမှာ ဒီလို နိမ့်ကျတဲ့ အလုပ်မျိုးတွေ မလုပ်သင့်ပါဘူး။”

လုချန်း ရယ်မောလိုက်ပြီး ချင်ယူဝေဘက်သို့ လျှောက်သွားကာ

“မင်း အဆောင်ထဲမှာ ဒီလိုအရာတွေ လုပ်တာကို ကိုယ် ဘယ်တုန်းက တားမြစ်ခဲ့ဖူးလို့လဲ။”

ဒါက...

ချင်ယူဝေ တွေဝေသွားသည်။

မင်းသားက သူမကို အပြစ်မတင်ဘူးလို့ ဆိုလိုတာလား။

သူမသည် မယုံရဲလောက်အောင်ပင် ဖြစ်သွားသည်။ လုချန်း ဒေါသထွက်လိမ့်မည်ဟု သူမထင်မှတ်ထားခဲ့သည်။

သူမသည် လုချန်းနှင့် အကြိမ်အနည်းငယ် နီးစပ်ခဲ့ဖူးသော်လည်း သူ့နှင့် အချိန်များစွာ မကုန်ဆုံးခဲ့ရချေ။ သူမသည် လုချန်းအကြောင်းကို သူမ၏ အစေခံများမှတစ်ဆင့် ပိုမိုသိရှိခဲ့ပြီး ကိုယ်တိုင် ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် သိကျွမ်းခြင်းက နည်းပါးသည်။ သူမ သူ့ကို ကောင်းစွာ နားမလည်ခဲ့ချေ။

သူမ၏ အမြင်တွင် မင်းသားများသည် အမြဲတစေ ဒေါသကြီးသူများ ဖြစ်ကြသည်။

အံ့သြဖွယ် ကောင်းစွာပင် လုချန်းက သူမကို အပြစ်မတင်ချေ။

လုချန်းက ဆက်၍

“ဒါပေမဲ့ မူလအကြောင်းအရာကို ပြန်‌ပြောရရင်၊ ယူဝေ မင်း သိုးကင်စားချင်ရင် စားဖိုဆောင်က လူတွေကို လုပ်ခိုင်းလိုက်လို့ မရဘူးလား။ ဘာလို့ ကိုယ်တိုင် လုပ်ရတာလဲ။”

မျက်နှာနီရဲစွာဖြင့် ချင်ယူဝေက

“ကျွန်မတို့ သီးသန့်စားသောက်ကတည်းက လေပြင်းမိုးတိမ်ဆောင်က အစားအစာတွေလောက် အရသာရှိတာမျိုး မစားရတော့ဘူး။ ဒါကြောင့် အဲ့ဒီအရသာနဲ့တူအောင် လုပ်နိုင်မလားဆိုတာ ကိုယ်တိုင် စမ်းကြည့်ချင်တာ။”

လုချန်း ရယ်မောလိုက်၏။ သူ့ရှေ့ရှိ အာဏာရှိ မိသားစုမှ အမျိုးသမီးက အတော်ပင် အစားအသောက် ကြိုက်သူ ဖြစ်သည်ကို တွေ့လိုက်ရသည်။

...............

အခန်း (၇၂၉)

ချင်ယူဝေ ကိုယ်ဝန်ရှိခြင်း (၁)

လုချန်း၏ အမျိုးသမီးတစ်ဦး ဖြစ်လာပြီးနောက် ချင်ယူဝေသည် ချင်မိသားစုတွင်ရှိစဉ်ကလို အာဏာရှိ မိသားစုမှ အမျိုးသမီးငယ်တစ်ဦး၏ စိတ်နေသဘောထားကို ပြသခြင်းမရှိတော့ပဲ အလွန်အေးဆေး တည်ငြိမ်လာသည်။

ချင်မိသားစုကို ဖျက်ဆီးခံခဲ့ပြီးနောက် သူမ၏ လက်ရှိအခြေအနေကို သူမ ကောင်းစွာ သိရှိထားသည်။ လုချန်းသည် ယခုမှစ၍ သူမ၏ တစ်ဦးတည်းသော အားကိုးရာ ဖြစ်သည်။ လုချန်းကို သစ္စာရှိစွာ အစေခံပြီး အာဏာ သို့မဟုတ် အကျိုးအမြတ်အတွက် မယှဉ်ပြိုင်သရွေ့ တည်ငြိမ်သောဘဝကို သူမ ရရှိနိုင်ပေလိမ့်မည်။

ယခင်က ညစာစားပွဲများကို လေပြင်းမိုးတိမ်ဆောင်တွင် အမြဲကျင်းပလေ့ရှိပြီး အရသာအထူးကောင်းမွန်‌သော အစားအစာများကို တည်ခင်းကျွေးမွေးလေ့ရှိသည်။ အာဏာရှိ မိသားစုမှ အမျိုးသမီးငယ်တစ်ဦး ဖြစ်သော်လည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ကျွေးမွေးသည့် အစားအစာများလောက် အရသာရှိသည့် စားသောက်ဖွယ်ရာများကို ချင်ယူဝေ တစ်ခါမှ မစားဖူးခဲ့ပေ။

သို့သော် ရှောင်ဝမ်ယောင်နှင့် ရဲလိနန်ရန်တို့ ကလေးများ ရရှိပြီး လူဦးရေတိုးလာသောကြောင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ညစာစားပွဲများ နေ့စဉ်ကျင်းပခြင်း မရှိတော့ချေ။

စားဖိုဆောင်မှ စားဖိုမှူးများသည် ချက်ပြုတ်သည့်အခါ လေပြင်းမိုးတိမ်ဆောင်အတွက် အစားအစာများကို ဦးစားပေး ချက်ပြုတ်ကြသည်။ အတူတကွ ညစာစားခြင်းကို ဖျက်သိမ်းခဲ့သော်လည်း လုချန်းကတော့ ညစာအတွက် နေ့စဉ် လေပြင်းမိုးတိမ်ဆောင်သို့ ပြန်လာနေဆဲဖြစ်ရာ စားဖိုမှူးများသည် မင်းသားဖြစ်သူ လုချန်းကို ဦးစားပေးရမည်ပင်။

ဆိုလိုသည်မှာ အစားအစာပြင်ဆင်ရာတွင် စားဖိုဆောင်ရှိ စားဖိုမှူးများသည် အခြားဆောင်များရှိလူများကို လစ်လျူရှုနိုင်ပြီး ချင်ယူဝေသည်လည်း ထိုသူများထဲမှ တစ်ဦးဖြစ်သည်။ စားဖိုဆောင်မှ သူမအတွက်ပြင်ဆင်သော အစားအစာများသည် ချင်မိသားစုတွင် စားခဲ့ရသည်ထက် ပိုမိုအရသာရှိသော်လည်း စားဖိုမှူးများသည် သူမအတွက် အထူးစီမံထားသော ဟင်းလျာများကိုတော့ မချက်ပြုတ်ပေ။

ဥပမာအားဖြင့် သိုးတစ်ကောင်လုံးကို ကင်ပေးခြင်းမျိုးမှာ မဖြစ်နိုင်ပေ။ သူမက စားဖိုဆောင်ကို ပြင်ဆင်ခိုင်းလျှင်ပင် လေပြင်းမိုးတိမ်ဆောင်တွင် သူမ စားခဲ့ရသည့် အရသာကို မှီမည်မဟုတ်ချေ။

အစားအစာကောင်းကောင်းကို တောင့်တတတ်သော ချင်ယူဝေသည် နောက်ဆုံးတွင် သူမကိုယ်တိုင် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

လေပြင်းမိုးတိမ်ဆောင်တွင် စားဖိုမှူးများ သိုးသားကင်သည်ကို သူမ မြင်ဖူးသည်။ထို့ကြောင့် စားဖိုများအသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်အားလုံးကို ရရှိပါက လေပြင်းမိုးတိမ်ဆောင်မှ သိုးသားကင်ကဲ့သို့ အရသာရှိသော အစားအစာကို ပြန်လည်ပြုလုပ်နိုင်မှာလားဟု စဉ်းစားမိသည်။

မည်သို့ပင်ဆိုစေ သူမတွင် လုပ်စရာများစွာ မရှိပေ။ မြောက်ပိုင်းနယ်စားမင်းသားသည် သူမထံ မကြာခဏ လာလေ့မရှိသလို သူမတွင် ကလေးလည်း မရှိပေ။ မင်းသားစံအိမ်တွင် သူမ အာရုံစိုက်ရန် လိုအပ်သည့် မည်သည့်အရာမှလည်း မရှိပေ။ သူမတွင် အချိန်များစွာ ရှိနေသဖြင့် လုပ်စရာ တစ်ခုခု ရှာခြင်းက ပိုကောင်းပေလိမ့်မည်။

ချင်ယူဝေ မမျှော်လင့်ထားသည်မှာ သူမ၏ ဆောင်သို့ အချိန်အတော်ကြာ လာရောက်ခဲ့ခြင်းမရှိသော လုချန်းတစ်‌ယောက် ယနေ့ ရုတ်တရက် ပေါ်လာခြင်းဖြစ်သည်။

လုချန်းက သိုးသားကင်နေပုံကို စစ်ဆေးရန် အနီးရှိစားပွဲပေါ်မှ တူတစ်စုံကို ကောက်ယူကာ သိုးသားကို ထိုးစိုက်ကြည့်လိုက်သည်။

“အင်း။ အခုလောက်ဆို ကျက်နေလောက်ပြီ။ ဇီယာမှုန့် နည်းနည်းဖြူးလိုက်တာနဲ့ ပြီးပြည့်စုံသွားလောက်ပြီ။”

“ဒါပေမဲ့ မင်း ကင်နေတုန်းက အသားကို ပိုပြီး လှီးထားဖို့ ကြိုးစားခဲ့သင့်တယ်။ အတွင်းထဲအထိ အရသာ မဝင်နိုင်တာမျိုး ဖြစ်နိုင်တယ်။”

ထိုသို့ ပြောပြီးနောက် လုချန်းက သူ၏ဘေးရှိ စားပွဲမှ ဓားတစ်ချောင်းကို ယူ၍ သိုးသားကို စတင်လှီးဖြတ်နေသည်။

လုချန်း ကိုယ်တိုင် လုပ်ဆောင်နေသည်ကို မြင်လျှင် ချင်ယူဝေ ထိုနေရာတွင် မှင်တက်ကာ ရပ်နေသည်။

လုချန်းက ဆက်လက် လှီးဖြတ်နေရင်း

“နောင်မှာ မင်း စားချင်တာ တစ်ခုခု ရှိရင် စားဖိုဆောင်က လူတွေကို ကြိုပြောထားလို့ရတယ်။ အစေခံမလေးတွေကို စားဖိုဆောင်မှာ သီးသန့် လေ့လာခိုင်းပြီး မင်းရဲ့ကိုယ်ပိုင် မီးဖိုချောင်မှာ ချက်ပြုတ်ခိုင်းလို့လည်း ရတယ်။ မင်းသားစံအိမ်မှာ ဒါမျိုးက ခွင့်ပြုတယ်။”

လုချန်း၏ စကားကို ကြားလျှင် ချင်ယူဝေက ချက်ချင်းပင်

“ကျေးဇူးတင်ပါတယ် မင်းသား။”

လုချန်းက

“ဒီည ဒီမှာပဲ ညစာစားမယ်။ အစေခံမလေးတစ်ယောက်က လေပြင်းမိုးတိမ်ဆောင်က မိဖုရားဆီ သွားအသိပေးလိုက်။”

ချင်ယူဝေဘေးမှ အလိုက်သိတတ်သော အစေခံမလေးက

“ကျွန်မ ချက်ချင်း သွားလိုက်ပါ့မယ်။”

ထို့နောက် အစေခံမလေးလည်း လေပြင်းမိုးတိမ်ဆောင်သို့ သွား၍ လုချန်း ချင်ယူဝေ၏ အဆောင်တွင် သိုးကင်စားနေကြောင်း မုကျိရွှမ်းကို ပြောပြခဲ့သည်။ မုကျိရွှမ်းလည်း သိပ်အရေးမကြီးလှဟု သဘောထားခဲ့သည်။

သူတို့ ညစာ သီးခြားစားသောက်ကတည်းက

ထိုကဲ့သို့သော နေ့မျိုး ရောက်လာမည်ကို မုကျိရွှမ်း မျှော်လင့်ထားပြီးသား ဖြစ်သည်။ သူတို့ သီးခြားစားသောက်နေပြီဖြစ်သဖြင့် လုချန်းသည် နေ့စဉ် လေပြင်းမိုးတိမ်ဆောင်တွင်သာ စားနိုင်မည်မဟုတ်ပဲ အခြားမယားများထံသို့လည်း သွားရမည်ဖြစ်သည်။

သို့သော် ထိုအချိန်တွင် မုကျိရွှမ်း တစ်ခုခုကို စဉ်းစားလိုက်ပြီး အစေခံမလေးကို စားဖိုဆောင်သို့သွားကာ အာဟာရဖြည့်စွက်စာများ ချင်ယူဝေ့ထံပို့ရန် အမိန့်ပေးလိုက်သည်။ ဥပမာ သိုးကျောက်ကပ်နှင့် သမင်အရွတ်များဖြစ်သည်။

စားဖိုဆောင်မှ ဝန်ထမ်းများ သယ်လာသည့် အစားအစာကို မြင်သောအခါ လုချန်း ဘာလုပ်ရမှန်း မသိဖြစ်သွားသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တစ်ခုလုံးတွင် သူ၏ကျန်းမာရေးကို စိုးရိမ်သူမှာ သူ၏ မိဖုရား တစ်ဦးတည်းသာ ဖြစ်ပုံရသည်။ သူ့အား အဆက်မပြတ် အားဖြည့်ရန် တိုက်တွန်းနေသည်။ သူသည် အရိပ်အယောင် ကောင်းကင်လူသားအဆင့်ကို ရောက်နေပြီဖြစ်သည်။ အားကောင်းအောင် ဘာလုပ်စရာ ရှိသေးသနည်း။

တကယ်တော့ ဤအစားအစာများသည် အများဆုံး သူ၏အသက်ဓာတ်ကို တိုးစေပြီး အချို့အားအင်များကို အနည်းငယ်သာ မြှင့်တင်ပေးနိုင်သည်။ လုချန်း၏ လက်ရှိခွန်အားဖြင့် ဤအာဟာရဖြည့်စွက်စာများက အရေးမပါတော့ပေ။

သို့သော် လုချန်းသည် အများကြီးမပြောတော့ပေ။ ဤအရာအားလုံးသည် မုကျိရွှမ်း၏ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများဖြစ်သည်။ ထိုကြောင့် သူမ လုပ်ချင်တာ လုပ်ပါစေဟု တွေးလိုက်သည်။

သို့သော် စားဖိုဆောင်မှ ပို့လာသည့် အစားအစာကို မြင်လျှင် အာဏာရှိ မိသားစုမှ မွေးဖွားလာသည့် အမျိုးသမီးငယ်တစ်ဦးဖြစ်သော ချင်ယူဝေ၏ မျက်နှာသည် နီမြန်းသွားသည်။ သူမသည် ဟင်းချက်သည့်ကိစ္စများတွင် မကြာခဏ ပါဝင်ခြင်းမရှိသော်လည်း ထိုအရာများ ဘာအတွက် ဖြစ်သည်ကို တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။

ထို့ပြင် လေပြင်းမိုးတိမ်ဆောင်တွင် အတူတကွ ညစာစားစဉ် မိဖုရားက လုချန်းအတွက် ထိုအရာများကို မကြာခဏ ပြင်ဆင်ပေးလေ့ရှိပြီး ၎င်းတို့၏ အကျိုးသက်ရောက်မှုများကို သူမ ကောင်းစွာ သိထားသည်။

ညစာစားပြီးနောက် လုချန်းနှင့် ညလုံးပေါက် အတူရှိရမည့်အကြောင်းကို တွေးလိုက်မိလျှင် ချင်ယူဝေ၏ ပါးပြင်များ ပူလောင်လာသည်။

ထိုအချိန်တွင် လုချန်းက

“ယူဝေ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ နေရတာ အသားကျပြီလား။”

ချင်ယူဝေက

“မင်းသား စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်မ နေသားကျပါပြီ။”

စားသောက်နေရင်း လုချန်းက

“မင်း အဆင်ပြေရင်ပြီးတာပဲ။”

လုချန်းက

“တစ်ခုခု လိုအပ်ရင် မင်းသားစံအိမ်ရဲ့ စီမံခန့်ခွဲသူ ဒါမှမဟုတ် မိဖုရားကို ပြောလို့ရတယ်။”

ချင်ယူဝေက

“ကျွန်မ နားလည်ပါတယ်။”

သူမ ထိုသို့ပြောဆိုခဲ့သော်လည်း ချင်ယူဝေ မိဖုရားထံ အမှန်တကယ် ချဉ်းကပ်လိမ့်မည်မဟုတ်ပေ။ မိဖုရား အလွန်အလုပ်များသည်ကို သူမ သိ၏။ သူမ၏ သေးငယ်သော ကိစ္စများဖြင့် မိဖုရားကို အနှောင့်အယှက်ပေးလို့ ဘယ်လို‌လုပ် ကောင်းမှာလဲ။

ထို့ပြင် သူမတွင် ဘာမှလိုအပ်သည်ဟူ၍ မရှိပေ။ သူမကို အစားအစာ၊ အဝတ်အထည်များနှင့် လစဉ် သုံးငွေများပင် ပေးထားသဖြင့် ချင်မိသားစုတွင် နေထိုင်စဉ်ကနှင့် သိပ်မကွာခြားပေ။

တစ်ခုတည်းသော ကွာခြားချက်မှာ မြောက်ပိုင်းမင်းသားစံအိမ်တွင် သူမ၏အဆင့်အတန်း သိပ်မမြင့်မားခြင်းနှင့် လုချန်းအား လုပ်ကျွေးရန် ကိုယ့်ကိုယ်ကိုအပ်နှင်းရခြင်းတို့ဖြစ်သည်။ သို့သော် ဤအရာများက ပြဿနာမဟုတ်ပေ။

ဦးခေါင်းဖြတ်ခံရသော ချင်မိသားစုဝင်များနှင့် နှိုင်းယှဉ်ပါက အသက်ရှင်နေရသည်မှာ သူမ၏ကံကောင်းခြင်းပင်ဖြစ်သည်။

ယခု သူမပိုင်ဆိုင်ထားသည့် အရာအားလုံးသည် သူမရှေ့မှ လူကြောင့်ဖြစ်သည်။ ဤအတွေးများဖြင့် ချင်ယူဝေ၏ စိတ်နှလုံးတွင် ကျေးဇူးတင်စိတ်များဖြင့် ပြည့်လျှံလာပြီး ခန္ဓာကိုယ်က ပို၍နွေးထွေးလာသည်။

ညစာစားပြီးနောက် လုချန်းနှင့် ချင်ယူဝေသည် အဆောင်ငယ်ထဲတွင် ခဏခန့် အချိန်ကုန်ဆုံးပြီးနောက် ရေနွေးစိမ်ရန်အတွက် ရေချိုးခန်းသို့ အတူတူ သွားကြသည်။

လုချန်း၏ ရင်ခွင်ထဲတွင် ရှိနေစဉ် ချင်ယူဝေသည် ကြီးမားသော ပျော်ရွှင်မှုကို ခံစားရပြီး ဒီလိုဘဝမျိုး ထာဝရ တည်မြဲနေစေရန်နှင့် ဤလူက သူမကို မည်သည့်အခါမှ မစွန့်ပစ်စေရန်သာ ဆုတောင်းနေခဲ့သည်။

နာရီဝက်ခန့်ကြာပြီးနောက် ရေချိုးခြင်း ပြီးဆုံးသွားပြီး လုချန်းနှင့် ချင်ယူဝေတို့လည်း သူတို့၏ တရားဝင်လုပ်ငန်း များကို စတင်ရန် အိပ်ရာသို့ သွားကြသည်။

မအိပ်ရသော ညတစ်ည ထပ်ဖြစ်ခဲ့သည်။

မနက်ခင်းနေရောင်ခြည်က အိပ်ရာပေါ်သို့ ကျရောက်လာပြီဖြစ်သည်။ ချင်ယူဝေသူမ၏ မျက်လုံးများကို ဖွင့်လိုက်သောအခါ လုချန်း၏ ချောမောသော မျက်နှာကို တွေ့လိုက်ရသည်။

လုချန်းကတော့ မျက်လုံးများ ပိတ်ထားပြီး အိပ်ပျော်နေဆဲ ဖြစ်ပုံရသည်။ သူတို့ နှစ်ယောက်သည် ဘေးချင်းကပ်လျက် လှဲလျောင်းနေကြပြီး ခန္ဓာကိုယ်များ ထိစပ်‌နေကြသည်။ ချင်ယူဝေသည် လုချန်းကို မနှိုးရဲသဖြင့် သူ့ကို ဆက်လက်ကြည့်နေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် လုချန်း မျက်လုံးဖွင့်လိုက်သည်။ လုချန်း၏ ခန္ဓာကိုယ်အနည်းငယ်လှုပ်ရှားလိုက်ရာ ချင်ယူဝေလည်း မတတ်သာ၍ “အင်း” ဟူသော အသံအနည်းငယ်ထွက်လာသည်။ သူမ ချက်ချင်းပါးစပ်ပိတ်လိုက်သည်။ လုချန်းဒေါသထွက်မည်ကို သူမ ကြောက်ရွံ့နေသည်။

ချင်ယူဝေ၏ တုံ့ပြန်မှုကို မြင်လျှင် လုချန်းက ပြုံး၍

“ကိုယ်က အဲဒီလောက် ကြောက်စရာကောင်းတဲ့သူ မဟုတ်ပါဘူး။ မင်း ကိုယ့်ကို ဒီလောက်ထိ ကြောက်စရာ မလိုပါဘူး။”

ချင်ယူဝေ၏ မျက်နှာ ချက်ချင်း နီမြန်းသွားသည်။

ထိုအချိန်တွင် လုချန်းက စနစ်မျက်နှာပြင်ကို ကြည့်လိုက်သည်။ စနစ်မျက်နှာပြင်တွင် သတိပေးချက်များစွာ ရှိနေသည်။

လုချန်းစိတ်ထဲတွင် တွေးလိုက်သည်နှင့် စနစ်၏ သတိပေးချက်များ ပေါ်ထွက်လာသည်။

[ဇနီးနှင့် ချစ်ခြင်းမေတ္တာလေ့ကျင့်ခြင်းအတွက် အတွင်းအားမန္တန်ကျင့်စဉ်...]

[ချင်ယူဝေသည် သခင်၏ ကလေးကို ကိုယ်ဝန်ဆောင်နေသည်။ ဒီဇယ်အင်ဂျင်ထုတ်လုပ်သည့် နည်းပညာဆုချသည်။]

[ကိုယ်ဝန်ဆုသည် အားပေးမှုဆုဖြစ်သည်။ ကလေးကို ဘေးကင်းစွာ မွေးဖွားနိုင်ပါစေ။]

လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။ ချင်ယူဝေ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ရောက်လာပြီး မကြာမီပင် ကိုယ်ဝန်ရရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။

ကလေးရအောင် အလျင်စလို လုပ်၍မရဟု ယူဆရသည်။

တစ်ခါတစ်ရံ ရည်ရွယ်ချက် ရှိရှိ စိုက်ပျိုးသောပန်းက ပွင့်ချင်မှပွင့်တတ်ပြီး မတော်တဆ စိုက်ပျိုးမိသော မိုးမခပင်က အရိပ်ရစေနိုင်သည်။

သူသည် ကလေးရရန် ယခင်က အလွန်ကြိုးစားခဲ့သော်လည်း မုကျိရွှမ်းနှင့် ကျောင်းညီအစ်မတို့ပင် ကိုယ်ဝန်မရခဲ့ပေ။ သူ မနေ့ညက သိုးကင်တစ်ကောင်အတွက် ရောက်လာခဲ့ပြီး ချင်ယူဝေနှင့် အချိန်ကုန်ဆုံးခဲ့ခြင်းက သူမအား အလိုအလျောက် ထီပေါက်သွားစေခဲ့သည်။

လုချန်းက ချင်ယူဝေ၏ လှပသော မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး

“မင်း ကိုယ်ဝန်ရှိနေပြီ။ ဒီရက်ပိုင်း ပိုပြီးဂရုစိုက်ပါ။”

လုချန်း၏ စကားကို ကြားလျှင် ချင်ယူဝေ ခဏခန့် မှင်တက်သွားသည်။

ကိုယ်ဝန်ရှိနေပြီ....

သူမ တကယ် ကိုယ်ဝန်ရှိနေပြီလား။

အမှန်တကယ်လား။

သူမ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားတာလား။

ယုံကြည်ဖို့ ခက်နေသော်လည်း အစေခံမလေးများထံမှ ကြားခဲ့ရသည့် ယုံတမ်းစကားများကို ချင်ယူဝေ တွေးမိလိုက်သည်။ လုချန်း၏ ကိုယ်ဝန်ရှိမရှိ စစ်ဆေးနိုင်စွမ်းသည် မည်သည့်သမားတော်ထက်မဆို ပိုသာသည်။ သူ၏ ဇနီးတစ်ဦးဦး ကိုယ်ဝန်ရှိနေသည်နှင့် လုချန်း ချက်ချင်း သိနိုင်သည်ဟု ဆို၏။

သူက သူမ ကိုယ်ဝန်ရှိနေပြီဟု ပြောသည်ဆိုလျှင် သူမ တကယ် ကိုယ်ဝန်ရှိနေနိုင်ခြေ အလွန်မြင့်မားသည်။

သူမ မြောက်ပိုင်းနယ်စားမင်းသား၏ ကလေးကို ဤမျှ လျင်မြန်စွာ ရရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။

မြောက်ပိုင်းနယ်စားမင်းသား၏ ကလေးကို ရရှိခြင်းသည် သူမ၏ အနာဂတ်ဘဝ လုံခြုံခြင်းဟု ဆိုလိုသည်။

ချင်ယူဝေ အလွန်စိတ်လှုပ်ရှားနေသည်။

“ကလေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသား။”

ထိုစကားကို ကြားလျှင် လုချန်း ခပ်ဖွဖွ ရယ်လိုက်သည်။ ဤစကားကို သူတစ်နည်းတစ်ဖုံ ရင်းနှီးနေပုံရပြီး တစ်နေရာရာတွင် ကြားဖူးခဲ့သလို ခံစားနေရသည်။

လုချန်းက ချင်ယူဝေနှင့် ဖြည်းညှင်းစွာ ခွာလိုက်ပြီး

“ကောင်းပါပြီ။ ဒီနေ့ မင်းကောင်းကောင်းအနားယူပါ။ ကိုယ် လုပ်စရာကိစ္စတွေ ရှိလို့ အရင်ထလိုက်မယ်။”

ယနေ့ သူ တိုင်ယင်နတ်ဆိုးဂိုဏ်းကို ကိုင်တွယ်ရမည်ဖြစ်သည်။ ချစ်ခြင်းမေတ္တာများထဲတွင် ထာဝရ နစ်မြောနေ၍ မရနိုင်ပေ။

............

All Chapters