အခန်း (၅၈)
Vol. 5 Ch. 58
လင်ချောင် စဉ်းစားမိလိုက်၏။
'ရှင်က လျှို့ဝှက်ပြီး စီးပွားရေးလုပ်တယ်၊ သူငယ်ချင်းတစ်ယောက်ရှိတယ်လို့ လိမ်တယ်။ အဲ့ဒါက ကျွန်မအပေါ် ယုံကြည်မှု လုံလောက်တာတဲ့လား။'
ကျိသော်က သူ့တူအတွက် ကိစ္စများကို ဖုံးကွယ်ထားခြင်းနှင့် အရေးအကြီးဆုံးဖြစ်သည့် အစီအစဉ်တကျ လက်ထပ်ပွဲ လူလဲမှု အကြောင်းကို စဉ်းစားမိလိုက်၏။
သူမကို ပြန်ချေပလို့မရတော့ သူက တိတ်ဆိတ်နေခဲ့ပြီး လင်းချောင်က အခွင့်အရေးကို အမိအရ ဖမ်းဆုပ်လိုက်၏။
"မြင်လား၊ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ကိုယ်ပိုင်နေရာလွတ်ပေးဖို့ လိုနေသေးတယ်။"
သူမ သူ့ကို သံသယမျက်လုံးများနှင့် ကြည့်လိုက်သည်။
"အရင်က အဆင်ပြေနေတာပဲကို။ ဘာလို့ ရုတ်တရက် အခုမှ ရုတ်တရက် ဂရုစိုက်လာရတာလဲ။"
ဒီစကားက ကျိသော်ကို ပိုပြီး တိတ်ဆိတ်သွားစေ၏။ အမှန်ပြောရလျှင် သူကိုယ်တိုင်လည်း သဘောမပေါက်သေးပေ။ ဒီအတိုင်းပဲ ဒါက မဖြစ်သင့်ဘူး၊ လင်းချောင်နှင့် စကားပြောဖို့ လိုအပ်သည်ဟုသာ သိ၏။ သူကိုယ်တိုင်တောင် နားမလည်သေးသည်ကို လင်းချောင်က သူ့မျက်နှာကိုကြည့်ပြီး ဘာသိနိုင်မှာလဲ။ သူတို့နှစ်ယောက်က အခုနောက်ပိုင်း အလွန်ရင်းနှီးသွားပြီး အကွာအဝေး ပျောက်သွားသည့်အတွက် သူက သူမကို ထိန်းချုပ်ချင်လာသည်လား။
ဒီလူက အမိန့်ပေးလေ့ရှိပြီး အချေအတင် စကားပြောရခြင်းကို မကြိုက်သူဖြစ်သည်။ သူ့စကားများက မေးမြန်းသည်ထက် စီစဉ်သည်က ပိုများသည်။ ကံကောင်းစွာနှင့် သူက အရာအားလုံးကို ဝင်မစွက်ဖက်ဘဲ တစ်ယောက်နှင့်တစ်ယောက် လုံလောက်သည့် နေရာလပ်တစ်ခုတော့ပေးထားသေးသည်။ ဒီလိုမဟုတ်လျှင် သူ၏ ထိန်းချုပ်တတ်သည့် သဘာဝက အလွန်ပြင်းထန်သည်ဟု လင်းချောင် ခံစားမိလိမ့်မည်။
စားပွဲတစ်လုံးက သူတို့ကို ခြားထားပြီး ဒီမိသားစုအစည်းအဝေးကလည်း ရည်ရွယ်ထားသည့်ပန်းတိုင်ကို မရောက်သေးဘဲ ခေါင်းစဉ်တစ်ခုအပေါ်တွင်သာ သဘောတူညီချက် ရခဲ့သည်။
"ရှောင်ကျိ! သခွားသီးနဲ့ ခရမ်းချဉ်သီးတွေ လိုချင်လား။"
ရုတ်တရက် ဗိုလ်မှူးကြီးလျန်၏ ဇနီးအသံက ပြတင်းပေါက်အပြင်ဘက်မှ ထွက်ပေါ်လာပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
သူတို့စုံတွဲက တစ်ပြိုင်နက်တည်းနီးပါး ထရပ်ပြီး တံခါးဖွင့်ဖို့ သွားလိုက်ကြသည်။ ဒါက တစ်ယောက်နှင့်တစ်ယောက် နားလည်မှု ရှိသည့် ရှားပါးအခိုက်အတန့်လေးတစ်ခုပင်။
ဗိုလ်မှူးကြီးလျန်၏ ဇနီးသည်က သူမတို့ခြံဝင်းထဲတွင် ရပ်နေသည်။
"အိမ်စိုက်တွေ၊ အစိမ်း ဒီတိုင်းစားလို့ရတယ်။ ငါ ယူလာပေးရမလား။"
စိုက်ပျိုးရေးဗီဇက သူတို့၏ မျိုးရိုးဗီဇထဲတွင် ကိန်းအောင်းနေပုံရသည်။ ဗိုလ်မှူးကြီးလျန်က ရာထူးနေရာအမြင့်တစ်ခုသို့ ရောက်လာခဲ့ပေမဲ့ သူ့ဇနီးကတော့ သူတို့ခြံထဲတွင် ဥယျာဉ်စိုက်ပျိုးပြီး ကိုယ့်ဘာသာ ဟင်းသီးဟင်းရွက်များ စိုက်ရသည်ကို ယခုထိ နှစ်သက်သေးသည်။ သူမက လင်းချောင်ကို ဒုတိယထပ်တွင်တွေ့တော့ အံ့သြသွား၏။
"ရှောင်လင်း၊ မင်းလည်း ပြန်လာပြီလား။"
သူမက ဟင်းသီးဟင်းရွက်များကို ယူလာရင်း မေးလိုက်သည်။
"မင်းရဲ့အမျိုးကို ရှာတွေ့ပြီလား။"
"သတင်းတော့ ရထားပါပြီ။"
လင်းချောင်က အသေးစိတ် မပြောပြဘဲ ပြန်ဖြေလိုက်သည်။
"ကောင်းတာပေါ့။ ရက်ပေါင်းများစွာ ပျောက်နေပြီဆိုရင် စိတ်ပူရတာပဲလေ။"
ဗိုလ်မှူးကြီးလျန်၏ဇနီးက ဟင်းသီးဟင်းရွက်များကို ဧည့်ခန်းတံခါးနားတွင် ထားလိုက်သည်။
"ဆေးပြီးရင် စားလို့ရပြီ။ အိမ်စိုက်ဆိုတော့ ဆိုင်က ဝယ်တာထက် ပိုလတ်ဆတ်တယ်။ ကြိုက်တယ်ဆိုရင် နောက်နှစ်ရက်လောက်နေရင် ထပ်ခူးပေးမယ်။"
သူမက အမြဲလိုလို ကြင်နာတတ်သော်လည်း သူမ၏ သဘောထားကတော့ အခုလိုမျိုး နွေးထွေးခဲ့ခြင်းမျိုး တစ်ခါမှ မရှိခဲ့ပေ။ လင်းချောင် အနည်းငယ် ကျင့်သားမရသလို ခံစားလိုက်ရသည်။
"ကျေးဇူးပါ အစ်မ။"
"ဘာ ကျေးဇူးတင်စရာ ရှိလို့လဲ မင်းတို့ မယူရင် ငါတို့လည်း အကုန် မစားနိုင်ဘူး။"
ဗိုလ်မှုးကြီးလျန်၏ဇနီးက ပြန်ဖို့ ပြင်နေပြီဖြစ်သော်လည်း ရုတ်တရက် လင်းချောင်ဘက်က်ို ဒါပေမဲ့ လှည့်လာခဲ့သည်။
"ငါ့နာမည်ရင်းက လျို၊ လျိုကွေ့ယင်းပါ။"
လင်းချောင်နှင့် နာမည်ချင်း ဖလှယ်ခဲ့ခြင်းက သူတို့၏ ဆက်ဆံရေသည် သူတို့ခင်ပွန်းများ၏ ချိတ်ဆက်မှုအပေါ်တွင်သာ အခြေခံနေသည် မဟုတ်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်။
ဒါ့အပြင် လင်းချောင်က ကျွင်းဇီကို စာသင်တော့မှာ မဟုတ်ဘူးဆိုတော့ လျိုကွေ့ယင်းက သူ့သားအတွက် မျက်နှာချိုသွေးရန် ကြိုးစားနေခြင်း မဟုတ်ဘူးဆိုသည်မှာလည်း ရှင်းနေ၏။
ဒါက လင်းချောင်ကို စိတ်သက်သာသွားစေပြီး သူမက အလွယ်တကူ အခေါ်အဝေါ်ပြောင်းလိုက်သည်။
"အစ်မလျို။"
လျိုကွေ့ယင်းလည်း သိသိသာသာ စိတ်ပြေလျော့သွားပြီး သူမ၏ မျက်လုံးသေးသေးလေးများက အပြုံးကြောင့် တွန့်ကွေးသွားခဲ့သည်။
"လိုအပ်တာရှိရင် ဘေးအိမ်ကို လာခဲ့ပါ။ ငါ တစ်နေကုန် အိမ်မှာပဲ ရှိပါတယ်။"
လျိုကွေ့ယင်း၏ အမြင်တွင် လင်းချောင်က အခုထိ လှပနေသေးသည်။ သို့သော် လင်းချောင်က ကျွင်းဇီ၏ စာမေးပွဲ ရမှတ်များကို တိုးတက်အောင် လုပ်နိုင်ခဲ့သည်မှာ သူမ၏ ရုပ်ရည်ကြောင့် မဟုတ်ဘူးဆိုသည်ကို သူမ သိထား၏။
ကျွင်းဇီကလည်း ဆရာမလင်းက သူတို့အတန်းထဲမှ မိန်းကလေးတစ်ယောက် မှားယွင်းစွပ်စွဲခံရသည်ကို ကူညီဖို့ အားထုတ်ခဲ့ကြောင်း၊ ကောင်မလေး၏ အဖေက သူမကို ရိုက်တော့မလို ဖြစ်ခဲ့ကြောင်း (ကျွင်းဇီ ချဲ့ကားပြောခြင်း) ပြောပြဖူးသည်။ ကျောင်းသားများကို ဂရုစိုက်တတ်သည့် ဆရာမက ဆရာမကောင်းတစ်ယောက်ဖြစ်သည်။ အထူးသဖြင့် လင်းချောင်က ဝင်ပါစရာမလိုသည့် အစားထိုးဆရာမတစ်ဦး ဖြစ်နေသောကြောင့်ပင်။
လျိုကွေ့ယင်းက သက်ပြင်းချရင်း ထွက်သွားလိုက်သည်။ သူမ၏ သဘောထားက ယခင်နှစ်လကနှင့် လုံးဝကို ကွဲပြားသွားခဲ့ပြီ။ သို့သော် သေချာကြည့်မည်ဆိုလျှင် တစ်ညတည်းနှင့် ပြောင်းလဲသွားခြင်းတော့ မဟုတ်။ နူးညံ့သိမ်မွေ့သည့် ပြောင်းလဲမှုတိုင်းတွင် ခြေရာခံနိုင်သည့် အကြောင်းပြချက်များရှိတတ်၏။
ကျိသော်၏ အကြည့်က လင်းချောင်ထံ ရောက်လာသည်။
ဒီမိန်းမငယ်လေးက ခေါင်းလျှော်ပြီးကာစဖြစ်ပြီး ဆံပင်ကို ပေါ့ပေါ့ပါးပါး စည်းထားသောကြောင့် နားရွက်နားတွင် ဆံပင်အနည်းငယ် ကျနေကာ သူမ၏ စူးရှသော မျက်နှာသွင်ပြင်ကို ပျော့ပျောင်းသွားစေခဲ့သည်။ အပေါ်ထပ်တွင် ခုနကလို ပြင်းပြင်းထန်ထန် ညှိနှိုင်းဖို့ အသင့်ဖြစ်နေခဲ့သည့် ပုံစံမျိုး မဟုတ်တော့ပေ။
ဒီအကြောင်းတွေးမိတော့ ကျိသော် ထပ်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ လင်းချောင် ခေါင်းလှည့်လိုက်သည့်အခါ သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ဘာဖြစ်နေတာလဲ။ 'အစည်းအဝေးက မလုံလောက်သေးဘူးလား။ အပေါ်ထပ်မှာ ဆက်လုပ်ဖို့ ပြင်နေတာလား။'
လင်းချောင် မျက်ခုံးပင့်လိုက်သည်။ သူမ၏ ပုံစံက ချက်ချင်းဆိုသလို ဆူးပါသည့် နှင်းဆီတစ်ပွင့်၏ အရိပ်အယောင် ပေါ်လာ၏။
ကျိသော်က သူမကိုပဲ ကြည့်နေခဲ့သည်။
"နောက်မှ ဆက်ဆွေးနွေးကြတာပေါ့။"
သူက ငုံ့လိုက်ပြီး ကြမ်းပြင်ပေါ်မှ ဟင်းသီးဟင်းရွက်များကို ကောက်လိုက်သည်။
'သူ တကယ် ဆက်လုပ်ဖို့ စီစဉ်နေတာလား "နောက်မှ" လို့ ပြောပေမဲ့ပေါ့...'
လင်းချောင် ပြောစရာ စကားပျောက်သွားသည်။ ဒီအချိန်အတွင်း ကျိသော်က သခွားသီးနှင့် ခရမ်းချဉ်သီးများကို ဆေးပြီးပြီဖြစ်ပြီး အချို့ကို အပြင်ဘက်တွင်ထားကာ အချို့ကို ရေခဲသေတ္တာထဲ ထည့်လိုက်သည်။
ပြောရလျှင် ထိုခေတ်က ရေခဲသေတ္တာ ဒီဇိုင်းများက လက်တွေ့မကျပေ။ ရေခဲခန်းက အပေါ်ဆုံးမှ အခန်းသေးသေးလေးထဲ ရှိပြီး ရေခဲသေတ္တာက အောက်ထပ်တွင် ရှိသည်။
လင်းချောင်က ရေဆေးထားသည့် ခရမ်းချဉ်သီးတစ်လုံးကိုယူပြီး တစ်ကိုက်ကိုက်လိုက်ချိန်မှာပဲ သူ၏ စကားသံကို ကြားလိုက်ရ၏။
"မနက်ဖြန်ည၊ အိမ်မှာပဲ စားကြမယ်။"
မနက်ဖြန်ညလား။ သူမ ခဏတာလောက်အထိ စဉ်းစားမရဖြစ်သွားခဲ့သည်။
"မနက်ဖြန်က ဗုဒ္ဓဟူးနေ့ မဟုတ်ဘူးလား။"
တကယ်တော့ သူမ မွေးရပ်မြေကို ပြန်သွားသည့်နေ့က သူတို့ အိမ်ဟောင်းကို ပုံမှန်သွားလည်သည့်နေ့ဖြစ်သည်။ လင်းချောင်က သတိရသွားပြီး မေးလိုက်၏။
"ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမေ့ကို ဘာပြောခဲ့လဲ။"
"အဖွဲ့အစည်းထဲမှာ လုပ်စရာရှိတယ်လို့ ပြောခဲ့တယ်။"
လင်းချောင်နှင့် မတိုင်ပင်ဘဲ ကျိသော်က လင်းဝေ့ ပျောက်ဆုံးမှုအကြောင်း မပြောပြခဲ့ပေ။
တကယ်တော့ ဒါက တာဝန်မယူချင်သည့် ယောက်ျားတွေထက်တော့ ပိုကောင်း၏။ တာဝန်များကို ဇနီးဖြစ်သူအပေါ် ပုံချတတ်သည့် ယောက်ျားများရှိ၏။ မိန်းမက ခွင့်မပြုသောကြောင့် စုဝေးပွဲ မသွားရခြင်း၊ မိန်းမက ခွင့်မပြုသောကြောင့် ပိုက်ဆံ မသုံးရခြင်း ဟူ၍ ဆင်ခြေပေးတတ်ကြသည်။
လင်းချောင်၏ မျက်နှာသွင်ပြင်က နူးညံ့သွားခဲ့သည်။
"ကျေးဇူးတင်ပါတယ်။"
ဒီစကားကြောင့် ကျိသော်က ကိုယ်ကိုမတ်လိုက်ပြီး သူမကို မျက်ဝန်းနက်ကြီးများနှင့် ကြည့်လိုက်သည်။
"မနက်ဖြန်က ကိုယ့်မွေးနေ့လေ။"
သူ့အသံက ပေါ့ပေါ့ပါးပါးနှင့် လင်းချောင်၏ မေးခွန်းကို ပြန်ဖြေလိုက်သလိုမျိုးပင်။
သို့သော်လည်း ဒီအဖြေက...
လင်းချောင် နှစ်စက္ကန့်လောက် ကြောင်သွားပြီးမှ ပါးစပ်ထဲက ခရမ်းချဉ်သီးကို မြိုချလိုက်၏။
"ရှင့်မွေးနေ့က မနက်ဖြန်လား။ ဘာလို့ စောစောက မပြောတာလဲ။"
ကျိသော်က မျက်လုံး ပင့်၍ကြည့်လိုက်သည်။
"အိမ်ထောင်စုစာရင်းမှာ ရှိတယ်လေ။ မင်း သိတယ်ထင်ထားတာ။"
သူတို့ လက်ထပ်ချိန်တုန်းက တစ်ယောက်နှင့်တစ်ယောက် ကိုယ်ရေးအချက်အလက်များကို စစ်ဆေးခဲ့ကြပြီး လင်းချောင်က သူ၏ အိမ်ထောင်စုစာရင်းကို မြင်ခဲ့ဖူးသည်၊ သို့သော်..
"ခဏလေးပဲ ကြည့်ဖူးတာကို ရှင်က ကျွန်မ မှတ်မိမယ်လို့ ထင်နေတာလား။"
လင်းချောင်က သူ အသေးအဖွဲကိစ္စကိုပဲ ကောက်ပြောနေသည်ဟု ခံစားရသည်။
"ရှင်ရော ကျွန်မမွေးနေ့ ဘယ်နေ့လဲ သိလို့လား။"
"၁၉၆၂ ခုနှစ်၊ မတ်လ ၂၃ ရက်"
လင်းချောင် - "..."
အမျိုးသား ဇာတ်ဆောင်များ အားလုံးက မှတ်ဉာဏ်ကောင်းကြသည်လား။ ဒါမှမဟုတ် သူတို့၏ ပါတနာများ မွေးနေ့ကို မှတ်မိအောင်အထိ အလွန် တိကျစေ့စပ်သေချာကြသည်လား။
လင်းချောင် စကားမပြောနိုင်ဖြစ်သွားခဲ့သည်။ ဒီလူ၏ မျက်နှာသွင်ပြင်က ဒီအချီတွင် အနိုင်ရခဲ့သော်လည်း ပြောင်းလဲသွားခြင်းမျိုး မရှိပေ။ ထိုအစား သူမကို ထပ်ကြည့်ပြီး အပြစ်တင်နေသလိုပင်။
လင်းချောင် ရုတ်တရက် ခံစားလိုက်ရသည်မှာ သူက ဆရာဖြစ်ပြီး သူမကတော့ မေးခွန်းထုတ်ခံရသော်လည်း မဖြေနိုင်သည့် ကျောင်းသူတစ်ယောက်လိုပင်။ ဒါက အနည်းငယ် စိတ်ပျက်စရာကောင်း၏။ သို့သော် ကံကောင်းစွာနှင့် ဒီလူက နေ့လယ်ဘက် အလုပ်သွားရမည်ဆိုတော့ သူတို့၏ဆက်ဆံရေးမှ ရိုးသားမှုအကြောင်း နောက်ထပ်အစည်းအဝေးတစ်ခုလုပ်ဖို့ အချိန်မလုံလောက်တော့ပေ။
သူထွက်သွားပြီးနောက် လင်းချောင်က အိမ်ထောင်စုစာရင်းကို ပြန်စစ်ဆေးကြည့်ရာ သူ့မွေးနေ့က တကယ်ပဲ မနက်ဖြန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
တစ်ရက်သာ ကျန်တော့သည်။ မဟုတ်ဘူး၊ နေ့တစ်ဝက်သာ ကျန်တော့ခြင်းဖြစ်သည်။ လင်းချောင် ဘယ်လောက်ပဲ စွမ်းဆောင်နိုင်ပါစေ၊ သူ့အတွက် လက်ဆောင်တစ်ခုကိုတော့ ဖန်တီးလို့ မရတော့ပေ။
တကယ်တော့ လက်ဆောင်မပေးလျှင်လည်း ကိစ္စမရှိ။ နောက်ဆုံးအကြိမ် ရွှီလီ မွေးနေ့တုန်းက ဒီလူက လက်ဆောင်ပေးဖို့ သတိမထားမိခဲ့ပုံပေါ်သည်။ သို့သော် လက်ဆောင်များ ပေးခြင်းက မွေးနေ့ရှင်ကို စိတ်မဆိုးစေဟု သူမက သူ့ကို ပြောခဲ့သည်။ ထို့အပြင် လက်တွဲဖော်ကောင်းတစ်ယောက်က အနည်းဆုံးတော့ အမူအရာတစ်ခု ပြသလိမ့်မည်။ အထူးသဖြင့် သူတို့၏ ဆက်ဆံရေးက သာမန် လက်တွဲဖော်ထက် ပိုနေခဲ့ပြီ။ လက်ဆောင်မပေးလျှင် အနည်းငယ် မသင့်တော်ပေ။
ကျိသော် ညနေ အလုပ်မှ ပြန်ရောက်တော့ လင်းချောင်က ပုံမှန်နှင့်မတူဘဲ ကွဲပြားနေသည်ကို သတိထားမိသည်။ သူ ဘာက ကွဲပြားနေတာလဲဆိုသည်ကိုတော့ တိတိကျကျ မပြောနိုင်၊ နှုတ်ခမ်းများက ပိုနီနေသည်လား၊ မျက်လုံးများကပဲ ပိုတောက်ပနေသည်လား၊ သို့သော် သူမက အလွန်ကြည့်ကောင်းနေ၏။ သူမ၏ ဆံပင်ကို ပုံသွင်းထားပြီး နောက်ကျောတွင် နိမ့်နိမ့်လေး စည်းထားသည်။ ဒူးအထိရောက်သည့် ဂါဝန်တစ်ထည်လည်း ဝတ်ထား၏။ စားပွဲပေါ် ထိုင်ပြီး သူ့ကို ကန်ခဲ့တုန်းက ဝတ်ခဲ့သည့် ဂါဝန်ဖြစ်သည်။
ကျိသော်က စစ်ဦးထုပ်ကို အင်္ကျီချိတ်သည့်နေရာတွင် ချိတ်လိုက်သည်။
"ခဏနေ အပြင်သွားမလို့လား။"
"မဟုတ်ပါဘူး၊ စားသောက်ဆိုင် သွားစားမလို့လေ။"
လင်းချောင်က ဖိနပ်လဲပြီး အိမ်တံခါးဝတွင် ရောက်နေပြီဖြစ်သည်။ ထိုလူက သူ့ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
"စားသောက်ဆိုင် သွားမလို့လား။"
"ဘာလဲ။ ဒီကိစ္စအတွက်လည်း အစည်းအဝေးလုပ်ဖို့ လိုအပ်သေးတာလား။"
လင်းချောင်က ပြုံးရင်း မျက်ခုံးပင့်ပြီး သူ့ကို ကြည့်လိုက်သည်။
ကျိသော် ဘာမှမပြောသော်လည်း အကြောင်းတစ်ခုခုကြောင့် လင်းချောင် အခုလိုပုံစံဖြင့် အပြင်သွားသည်ကို သိပ်မကြိုက်ပေ။ ခဏအကြာမှာတော့ သူက အင်္ကျီချိတ်ထားသည့်နေရာမှ သူ၏ စစ်ဦးထုပ်ကို ပြန်ယူလိုက်သည်။
"ကိုယ် သွားဝယ်လိုက်မယ်။"
အိမ်တွင်တောင် ဒီအရာရှိအိုကြီးက သူမကို ဒီလိုကိစ္စများ ကူညီပေးနေသည်။ ကံကောင်းစွာနှင့် သူက ဘာမှ မပြောသလို ဝေဖန်ခြင်းလည်းမရှိဘဲ သူမကို စိတ်တိုင်းကျ ဝတ်ခွင့်ပြုကာ ကူညီပေးခြင်းဖြစ်သည်။
လင်းချောင် ဘာမှ မရှုံးဘူးဟု ခံစားရသည်။ သူ၏ အပြုအမူကို ကြည့်နေရသည်နှင့်ပင် တန်နေပြီဖြစ်သည်။
ဒါ့အပြင် မိန်းကလေးများက သူတို့ကိုယ်သူတို့ ဖက်ရှင်ကျအောင် ဝတ်တတ်ကြသည်။ သူမက ပုံမှန်အားဖြင့် အလွန်ပျင်းရိသူဖြစ်သည်။ ထို့ပြင် ယခုခေတ်က အလှကုန်ပစ္စည်း အမျိုးအစားများလည်း နည်းလွန်း၏။
ထမင်းစားနေစဉ်အတွင်း လင်းချောင်က ပျော်ရွှင်နေပုံရပြီး သူ့ကို ခဏခဏ စောင်းကြည့်နေသည်ကို ကျိသော် သတိထားမိခဲ့သည်။ ဒါက သူ့ကို တူခဏချသွားစေ၏။
"မင်း ကိုယ့်ကို ပြောချင်တာ တစ်ခုခုရှိလို့လား။"
အကြောင်းတစ်ခုခုကြောင့် လင်းချောင်က မွန်းတည့်ချိန်တုန်းက သူမ စူးစမ်းချင်စိတ်ဖြင့် သူ့နောက်မှလိုက်၍ အပေါ်ထပ်ကိုသွားခဲ့သည်ကို ပြန်သတိရသွားသည်။
ဒီလို ရင်းနှီးသည့် ပုံစံ၊ ဒီလို ရင်းနှီးသည့် အနေအထား၊ သို့သော် ဒီတစ်ခါတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး သူက လျှို့ဝှက်ချက်ကို သိဖို့ အားထုတ်ရသူဖြစ်နေခဲ့လေပြီ။
လင်းချောင်က အပြုံးကို မျိုသိပ်ပြီး ခေါင်းညိတ်လိုက်သည်။
"အရင်စားကြမယ်၊ ညစာစားပြီးမှ စကားပြောကြတာပေါ့။"
သို့သော် ညစာစားပြီးနောက်မှာလည်း သူမ အလျင်စလို မလုပ်ခဲ့ပေ။ သူနှင့်အတူ သတင်းကြည့်ပြီး ညမှောင်သည်အထိ ခြံထဲတွင် လမ်းလျှောက်ခဲ့သည်။
ကျိသော်က တကယ်ကို စိတ်ရှည်သည်။ သူမက မပြောသလို သူကလည်း မမေးပေ။
လင်းချောင်က အချိန်ကျပြီဟု ခံစားလိုက်ရသည့်အခါ အပူခံခွက်ကို ကောက်ယူလိုက်သည်။ တမင်တကာ လုပ်ခြင်းဖြစ်သည်။
"အပေါ်ထပ်ကိုတက်ပြီး စကားပြောကြစို့။"
အပေါ်ထပ်ရောက်တော့ စားပွဲတွင်ထိုင်ရန် သူ့ကို လက်ဟန်ပြလိုက်သည်။ ပုံမှန်အတိုင်းဟုသာ ခံစားရသော်လည်း သိပ်အလေးအနက် အခြေအနေတော့ မဟုတ်ပေ။ ကျိသော် စဉ်းစားနေတုန်းမှာပဲ လင်းချောင်က ရုတ်တရက် အိပ်ခန်းမီးကို ပိတ်လိုက်၏။
ရုတ်တရက် မှောင်မိုက်သွားသောကြောင့် ကျိသော် ခဏတာ မမြင်နိုင်ဖြစ်သွားခဲ့သည်။ ပြန်ပြီး မှုန်ဝါးဝါး မြင်ရလာချိန်မှာတော့ နူးညံ့သည့် ကိုယ်ခန္ဓာတစ်ခုက သူ့လက်ထဲကို ရောက်လာပြီဖြစ်ပြီး သူက အလိုလို ဖမ်းဆုပ်မိကာ လင်းချောင်က သူ့ပေါင်ပေါ် ခွထိုင်နေသည်ကို သိလိုက်ရသည်။ သူမက သူ့လည်ပင်းကို ဖက်ထားပြီး ဒီလှုပ်ရှားမှုကြောင့် သူမ၏ ဂါဝန်က ဟသွားကာ ဖြူဖျော့နေသည့် ဒူးများက လေထဲတွင် ပေါ်နေပြီး လက်လှမ်း၍လည်း မှီသည့်အနေအထားဖြစ်သည်။
သူက လက်များဖြင့် အလိုလို ဆုပ်ကိုင်မိလိုက်သည်။ လင်းချောင်က သူ့နားနား ကပ်ပြီး တိုးတိုးလေး ပြောလိုက်၏။
"မွေးနေ့လက်ဆောင် အကြိုပေးတာ။ လိုချင်လား?"
တခြားပေးစရာ ဘာမှမရှိသောကြောင့် သူတို့က ဒီအတိုင်း အတူအိပ်လို့ရသည်။ ဘာပဲဖြစ်ဖြစ်၊ ထိုအရာက သူ့ကို ပျော်ရွှင်စေသလို သူမကို ပျော်ရွှင်စေပြီး လူတိုင်းကို ကောင်းကောင်းခံစားရစေလိမ့်မည်။ အစကတည်းက လင်းချောင်က ရှက်ရွံ့တတ်သူ မဟုတ်ခဲ့သလို အခုဆိုလျှင် ပို၍တောင် မဟုတ်နေပေ။ ထိုအမျိုးသား၏ နှုတ်ခမ်းများက သူမနှုတ်ခမ်းပေါ် ဖိကပ်လာသည်ကို ခံစားမိတော့ သူမက ခပ်ဖွဖွလေး ကိုက်လိုက်သေး၏။
ဒီလိုကိုက်လိုက်သောကြောင့် ကျိသော်၏ ရှေ့ဆက်တိုးချင်စိတ်က ချက်ချင်းပြင်းထန်သွားပြီး သူ့လက်က သူမ၏ လည်ပင်းနောက်ဘက်ကို အလိုအလျောက် ဆုပ်ကိုင်မိလိုက်သည်။ ဒီလိုကိစ္စများတွင် အမျိုးသားများက အမြဲတမ်း ဦးဆောင်ရမည်ကို အသားကျနေကြပုံပေါ်သည်။ အမြဲတမ်းလိုလို နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်တတ်ကြပြီး မကြာခင်မှာပဲ လင်းချောင်ထံမှ ညည်းသံ ခပ်တိုးတိုး ထွက်လာခဲ့တော့သည်။
ဒါက ကျိသော်ကို အနည်းငယ် နောက်ဆုတ်စေခဲ့သော်လည်း သူ၏ ပူနွေးနေသည့် လက်ကတော့ သူမ၏ ပေါင်ကို ဆက်ပြီး ပွတ်သပ်နေခဲ့သည်။ ဂါဝန်အောက်မှ သူမ၏ခြေထောက်ကို ဆုပ်ကိုင်ထားလိုက်၏။
ဒီလူက ဒီလိုလုပ်ချင်နေသည်မှာ ကြာပြီဖြစ်ပုံရသည်။ သူ၏ ဆုပ်ကိုင်မှုက အနည်းငယ်ကြမ်းတမ်း၏။ မှိန်ဖျော့ဖျော့ အလင်းရောင်ထဲတွင် သူ၏ တင်းမာနေသည့် မေးရိုးနှင့် လည်စေ့ကိုလည်း မြင်နေရ၏။
သူ့လက်မောင်းက သူမကို မတင်တော့မလို ဖြစ်နေတုန်းမှာပဲ လင်းချောင်က သူ့ပခုံးကို ဖိလိုက်ပြီး ခပ်ဖွဖွလေး အသက်ရှူလိုက်ကာ ပြောလိုက်သည်။
"ဒီနေရာ။"
သူမက အံဆွဲထဲတွင် ကြိုတင်ဝှက်ထားခဲ့သည့်ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။
"ဒီတစ်ခါ ချွတ်ဖို့မလိုဘူးလို့ ရှင့်ကို ပြောထားတယ်လေ။"
သူမ၏ အသံက အမျိုးသားရဲ့ နားရွက်နားမှဖြတ်သွားပြီး ကျိသော်၏ မျက်လုံးများက မှောင်မိုက်သွားတော့သည်။ သူက သူမ၏ ခေါင်းအနောက်ဘက်ကို ဖမ်းဆုပ်လိုက်ပြီး ဘေးဘက်မှ သူမနှုတ်ခမ်းကို ကိုက်လိုက်သည်။
အမှောင်ထုထဲတွင် ခါးပတ် မြေပေါ်ကျသွားသည့် အသံကို ကြားလိုက်ရသည်။ လင်းချောင်က အနမ်းကြောင့် အားနည်းနေပြီဖြစ်သော်လည်း သူ့ကို စနောက်လိုက်၏။
"ကျွန်မ ပြတင်းပေါက်လိုက်ကာ မဆွဲရသေးဘူး။ ရှင် အဲ့ဒါကို ဂရုစိုက်ရဲ့လား။"
အဝတ်အစားများ ရွေ့လျားသည့်အသံက ရုတ်တရက် ရပ်တန့်သွား၏။