အခန်း ၇၃၀-၇၃၂
Vol. 49 Ch. 730-732
အခန်း (၇၃၀)
တိုင်ယင်ဂိုဏ်းချုပ် ပေါ်ထွက်လာခြင်း (၁)
ချင်ယူဝေ၏ အဆောင်မှ ထွက်လာပြီးနောက် လုချန်းသည် ရွှမ်ယွမ်ချောင်ကဲကို ခေါ်ကာ လူအချို့နှင့်အတူ မြို့ပြင်သို့ သွားခဲ့သည်။
ရွှီလင်လုံသည် တိုင်ယင်ဂိုဏ်းမှ လူအားလုံးကို စုစည်းပြီး ရန်ခရိုင်ပြင်ပ တစ်နေရာရာတွင် ချုံခိုတိုက်ခိုက်ဖို့ စောင့်နေပြီဟု သူ ယုံကြည်သည်။
သူ ပေါ်လာသည်နှင့် တိုင်ယင်ဂိုဏ်းမှ လူများ ပေါ်လာမည်ဖြစ်ပြီး ထိုအခါ ၎င်းတို့ကို တစ်ပြိုင်နက်တည်း ဖမ်းဆီးနိုင်ပေမည်။
အမှန်တကယ်လည်း တိုင်ယင်ဂိုဏ်းမှ လူများသည် လုချန်း ဖြတ်သန်းသွားမည့် လမ်းတစ်နေရာ၌ ချုံခိုစောင့်ဆိုင်းနေပြီး ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားကို ဖမ်းနိုင် မဖမ်းနိုင်က ဤအခွင့်အရေး အပေါ် မူတည်သည်။
တကယ်တော့ ဤတစ်ကြိမ်တွင် လုချန်းကိုယ်တိုင် မင်းသားစံအိမ်မှ ထွက်ခွာရန် မလိုအပ်ချေ။ တိုင်ယင်ဂိုဏ်းမှ လူအားလုံးကို ရွှီလင်လုံက တစ်နေရာတည်းသို့ စုစည်းခေါ်ဆောင်ထားပြီး ဖြစ်သဖြင့် ရွှမ်ယွမ်ချောင်ကဲအား စေလွှတ်၍ ကိုင်တွယ်ရန်သာ လိုအပ်သည်။
သို့သော်လည်း တိုင်ယင်နတ်ဆိုးဂိုဏ်းမှ သိုင်းပညာရှင်အချို့တွင် နက်နဲသော သိုင်းပညာများ ပိုင်ဆိုင်ထားကြကြောင်း လုချန်းတွေးမိခဲ့သည်။ သူတို့ကို အလွယ်တကူ သတ်ပစ်လိုက်ခြင်းက သူတို့၏ တန်ဖိုးရှိသော စွမ်းအားများကို စွန့်လွှတ်လိုက်ရသကဲ့သို့ ဖြစ်မည်ဟု ယူဆခဲ့သည်။
သူ ကိုယ်တိုင် သွားရောက်ပြီး အခြေအနေကို ကြည့်ရှုကာ သူတို့၏ စွမ်းအင်များကို စုပ်ယူမည်။ လုံလောက်စွာ စုပ်ယူပြီးနောက် ထိုစွမ်းအင်များကို သူ၏ ဇနီးမယားများထံ လွှဲပြောင်းပေးခြင်းက ပို၍ ကောင်းမည်ဖြစ်သည်။
........
တိုင်ယင်ဂိုဏ်းမှ လူများသည် သတ်မှတ်နေရာသို့ ရောက်သွပြီးနောက် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ တောအုပ်အတွင်း အလွန်တိတ်ဆိတ်နေပြီး မည်သည့်အသံမှ မကြားရချေ။
အချိန်အတန်ကြာပြီးနောက် ကင်းထောက်တစ်ဦး ပြန်ရောက်လာပြီး စိတ်လှုပ်ရှားစွာဖြင့်
“မြောက်ပိုင်းနယ်စားမင်းသားက တကယ်ပဲ ဒီလမ်းကလာနေတာ။ သူ့ဘေးမှာ ထိပ်သီး ပညာရှင်တစ်ယောက်တည်းပဲ ပါလာတာ။ ကျန်တဲ့ စစ်သည်တွေက သိပ်မစွမ်းဘူး။”
ထိုစကားကို ကြားလိုက်ရသည့်အခါ တိုင်ယင်ဂိုဏ်းမှ လူများ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြင်းထန်လာသည်။
ယနေ့ ထိုမျှ ကောင်းမွန်သော အခွင့်အရေးမျိုး ရလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြချေ။ ထိပ်သီးပညာရှင်တစ်ယောက်တည်းသာ ပါမည်ဆိုပါက မြောက်ပိုင်းနယ်စားမင်းသားကို အလွယ်တကူ ဖမ်းဆီးပြီး တောင်ဘက်သို့ ခေါ်ဆောင်သွားနိုင်မည် မဟုတ်လား။
ချောင်းရှန်ရသည် အရိပ်အယောင် ကောင်းကင်လူသား တစ်ဦး ဖြစ်သည်။ အရိပ်အယောင် ကောင်းကင်လူသားတစ်ဦးသည် ထိပ်သီး ပညာရှင်တစ်ဦးကို အလွယ်တကူ ထိန်းချုပ်ထားနိုင်သည်။ ထိပ်သီးပညာရှင်လောက်ကိုတော့ ဟန့်တားရုံသာမ သတ်ဖြတ်ရန်ပင် မခက်ပေ။
ချောင်ရှန်ရက ထိုထိပ်သီးပညာရှင်ကို ထိန်းချုပ်ထားနိုင်သရွေ့ သူတို့၏ သူတော်စင်မနှင့် အခြားအကြီးအကဲများက မြောက်ပိုင်းနယ်စားမင်းသားကို တိုက်ရိုက်ဖမ်းဆီးနိုင်သည်။ မြောက်ပိုင်းနယ်စားမင်းသားတွင် ကိုယ်ပိုင်စွမ်းရည်အချို့ ရှိသော်လည်း သူတို့၏ သူတော်စင်မ အပါအဝင် အကြီးအကဲ အများအပြားပူးပေါင်းတိုက်ခိုက်ပါက ဘယ်လိုမှ ယှဉ်နိုင်မည် မဟုတ်ပေ။
ဂိုဏ်းသားများသည် တိုက်ပွဲအတွက် အသင့်ပြင်ဆင်ထားကြပြီး မြောက်ပိုင်းနယ်စားမင်းသား ရောက်ရှိလာရန်သာ စောင့်ဆိုင်းနေကြသည်။
အချိန်အတန်ကြာပြီးနောက် မလှမ်းမကမ်းမှ မြင်းခွာသံများကို ချောင်ရှန်ရ ခံစားမိလိုက်သည်။ မြောက်ပိုင်းနယ်စားမင်းသား လာနေပြီ ဖြစ်ကြောင်း ထင်ရှားသည်။
ချောင်ရှန်ရ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွား၏။ အရေးအကြောင်းများဖစွာရှိသော သူမ၏ မျက်နှာတွင် ဆိုးဝါးသော အပြုံးပန်းတစ်ပွင့် ပေါ်လာခဲ့သည်။ ဤတာဝန် အလွန်လွယ်ကူနေတာကို သူမ အံ့အားသင့်နေမိသည်။
တိုင်ယင်ဂိုဏ်းမှလူများ အသက်ပြင်းပြင်းပင် မရှူပဲ စောင့်ဆိုင်းနေစဉ် ချဉ်းကပ်လာသော ရထားလုံးက ရုတ်တရက် ရပ်တန့်သွားသည်။
ဤအချက်က တိုင်ယင်ဂိုဏ်းမှ လူများကို အံအားသင့် သွားစေသည်။
ဘာဖြစ်နေတာလဲ။
ထိုအချိန်တွင် ရွှီလင်လုံက
“တစ်ခုခုတော့ မှားနေပြီ။ ဒီမှာပဲ နေ။ မလှုပ်နဲ့။ ကျွန်မ အခြေအနေကို စုံစမ်းဖို့ ရှေ့တက်ကြည့်မယ်။”
စကားဆုံးသည်နှင့် ရွှီလင်လုံ ဖြည်းဖြည်းချင်း ရှေ့သို့ ချဉ်းကပ်သွားခဲ့၏။ ယခုအထိ ချောင်ရှန်ရ မည်သည့် သံသယမှ မဝင်ခဲ့ချေ။ ရွှီလင်လုံက တိုင်ယင်ဂိုဏ်းကို သစ္စာဖောက်ရဲမည်ဟု သူမ တစ်ခါမှ မယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။
ရွှီလင်လုံ ရှေ့သို့ ထွက်ခွာသွားပြီးနောက် လုချန်း၏ တပ်ဖွဲ့ထံသို့ တိုက်ရိုက်ချဉ်းကပ်သွားခဲ့သည်။ လျှံဇွန်းက ရွှီလင်လုံကို ချက်ချင်း မှတ်မိသွားခဲ့သည်။
ရွှီလင်လုံ ရောက်လာပြီဖြစ်သဖြင့် သူမကို ထိခိုက်မိမှာ စိုးရိမ်စရာ မလိုတော့ပဲ လျှံဇွန်းက
“တိုက်”
ဟုကြွေးကြော်လိုက်သည်။
တိုင်ယင်ဂိုဏ်းမှ လူများ သူတို့၏ သူတော်စင်မ အမိန့်ကို စောင့်ဆိုင်းနေစဉ် ကောင်းကင်မှ အမြောက်ကျည်များစွာ ရုတ်တရက် ကျလာခဲ့ပြီး ဂိုဏ်းသားများ လေထဲသို့ မြောက်တက်ကုန်ကြသည်။
ချောင်ရှန်ရက
“မကောင်းဘူး။ ကျွန်မတို့ အဖမ်းခံရပြီ။”
သူတို့ အဖမ်းခံရပြီဟု ချောင်ရှန်ရ သဘောပေါက်သော်လည်း ထွက်မပြေးချေ။ ပြေးမည့်အစား လုချန်း၏ တပ်ဖွဲ့ကို ပိုမို နီးကပ်စွာ ချဉ်းကပ်ခွင့်ပင် ပေးခဲ့သည်။
မြောက်ပိုင်းပြည်နယ်၏ လက်နက်များတွင် ကြီးမားသော စွမ်းအားများ ရှိသော်လည်း အရိပ်အယောင် ကောင်းကင်လူသားတစ်ဦးဖြစ်သည့် သူမကို အန္တရာယ် မပြုနိုင်ပေ။ ဤသည်မှာ မြောက်ပိုင်းနယ်စားမင်းသားကို ဖမ်းဆီးရန် အကောင်းဆုံးအခွင့်အရေးဖြစ်ပြီး ထိုအခွင့်အရေးကို သူမလက်လွတ်ခံမည် မဟုတ်ချေ။ ဤအခွင့်အရေးကို လက်လွတ်ခံလိုက်ပါက နောက်ပိုင်းတွင် မြောက်ပိုင်းနယ်စားမင်းသား ပိုမို သတိထားလာမည်မှာ သေချာသည်။
ချောင်ရှန်ရ ချဉ်းကပ်လာသည်ကို ရွှီလင်လုံလျင်မြန်စွာ သတိထားမိပြီး လျှံဇွန်းကို တိုက်ခိုက်ဟန် ဆောင်လိုက်သည်။
လျှံဇွန်းလည်း ပရိယာယ်ကို နားလည်ပုံရပြီး ပြန်လည်တိုက်ခိုက်ဟန် ဆောင်လိုက်သည်။
လျှံဇွန်းက
“မင်းတို့ ဘယ်သူတွေလဲ။ မင်းသားကို လုပ်ကြံဖို့အထိ ရဲတင်းနေကြပါလား။”
လျှံဇွန်း တိုက်ပွဲဝင်နေရသည်ကို
မြင်သောအခါ ချောင်ရှန်ရ အချိန်မဖြုန်းတော့ချေ။ ရထားတန်းကို ကြည့်လိုက်ပြီး အလယ်ရှိ အလှဆုံး ရထားလုံးကို အာရုံစိုက်လိုက်သည်။
ထိုရထားလုံးထဲတွင် မြောက်ပိုင်းနယ်စားမင်းသား ရှိနေကြောင်းသံသယဖြစ်စရာမလိုပေ။
နောက်တစ်ခဏတွင် ထိုရထားလုံးဆီသို့ ချောင်ရှန်ရ ပြေးသွားခဲ့သည်။ လျှံဇွန်းက စိုးရိမ်ဟန်ဆောင်ကာ
“လုပ်ကြံသူကပ်လာပြီ။ မင်းသားကို ကာကွယ်ကြ။”
လျှံဇွန်း၏ အော်သံက ကျယ်လောင်လှသော်လည်း ပတ်ဝန်းကျင်ရှိ စစ်သားတစ်ဦးမှ ရထားလုံးနားသို့ ချဉ်းကပ်မလာချေ။
ဤအချိန်အထိ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ချောင်ရှန်ရ မသိသေးပေ။ ရထားတံခါးကို သူမ၏ အတွင်းအားဖြင့် ခွဲဖွင့်လိုက်သောအခါ လူငယ်တစ်ဦးကို တွေ့မြင်ရသည်။
ထိုလူငယ်က မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့်
“အဖွားကြီး။ အသက်အရွယ်ရလာပြီဆိုရင် ဒီလိုပြေးလွှားနေရမယ့်အစား အိမ်မှာ မြေးတွေကို ပြုစုပျိုးထောင်ရင်း အနားယူသင့်တယ်မဟုတ်လား။”
မြောက်ပိုင်းနယ်စားမင်းသား လုံးဝ မထိတ်လန့်သည်ကို မြင်လိုက်ရသည့်အခါ ချောင်ရှန်ရက လှောင်ပြောင်လိုက်ပြီးနောက်
“မြောက်ပိုင်းနယ်စားမင်းသား ဖြစ်ထိုက်သူပါပဲ။ ဒီလောက် သတ္တိရှိတာ။”
“ကဲ။ ဒီအဖွားကြီးနဲ့ ခရီးထွက်ရအောင်။”
ချောင်ရှန်ရ လုချန်းကို ဖမ်းဆီးရန် ကြံရွယ်လိုက်သည့် အချိန်တွင် လုချန်း၏ အငွေ့အသက်များ ပေါက်ကွဲထွက်လာသည်။
“ကျွန်တော့်ကို ခရီးထွက်ခိုင်းချင်ရင်တော့ အဖွားကြီးမှာ အစွမ်းရှိမရှိ ကြည့်ရဦးမယ်။”
လုချန်းထံမှ ထွက်လာသော အငွေ့အသက်ကို ခံစားလိုက်ရသည့်အခါ ချောင်ရှန်ရ ခဏခန့် ငြိမ်သက်သွားခဲ့သည်။
.............
အခန်း( ၇၃၁ )
တိုင်ယင်ဂိုဏ်းချုပ် ပေါ်ထွက်လာခြင်း (၂)
အရိပ်အယောင်... အရိပ်အယောင် ကောင်းကင်လူသား။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
မြောက်ပိုင်းနယ်စားမင်းသားက ဒီနှစ်မှ ဘယ်နှနှစ် ရှိသေးလို့လဲ။
သူက ဘယ်လိုလုပ် အရိပ်အယောင် ကောင်းကင်လူသား ဖြစ်နိုင်မှာလဲ။
မြောက်ပိုင်းနယ်စားမင်းသားတွင် မြင့်မားသော သိုင်းပညာ အရည်အချင်းနှင့် အစွမ်းအချို့ ရှိကြောင်း သိရှိထားကြသော်လည်း သူ အရိပ်အယောင် ကောင်းကင်လူသား ဖြစ်နေပြီဟု သူတို့ မမျှော်လင့်ခဲ့ကြချေ။
ဤအချိန်တွင်တော့ မြောက်ပိုင်းနယ်စားမင်းသားကို ယနေ့ ခေါ်ဆောင်သွားခြင်းမှာ လွယ်ကူသော အလုပ် မဟုတ်တော့ကြောင်း
ချောင်ရှန်ရလည်း သဘောပေါက်သွားခဲ့သည်။ သို့သော် လက်လျှော့ရန်တော့ သူမ မစဉ်းစားသေးချေ။
မြောက်ပိုင်းနယ်စားမင်းသားသည် အရိပ်အယောင် ကောင်းကင်လူသား ဖြစ်နေသော်လည်း မင်းသားတစ်ပါးဖြစ်၍ တိုက်ပွဲများတွင် ပါဝင်လေ့ သိပ်မရှိပေ။ သူ သူမကို ယှဉ်နိုင်မည် မဟုတ်ချေ။
ထိုသို့ တွေးလိုက်ရင်း ချောင်ရှန်ရ၏ အကြည့်များ ချက်ချင်းပင် အဆိပ်ပြင်းလာကာ
“မြောက်ပိုင်းနယ်စားမင်းသားက ဒီအဖွားကြီးနဲ့ လမ်းလျှောက်ထွက်ဖို့ ငြင်းဆန်မယ်ဆိုရင်တော့ နောက်ဖြစ်လာမယ့် အရာတွေအတွက် ဒီအဖွားကြီးကို အပြစ်မတင်ပါနဲ့။”
ပြောဆိုရင်းပင် ချောင်ရှန်ရ၏ဓားက လုချန်းဆီ တိုးဝင်လာသည်။
လုချန်းလည်း ချက်ချင်း ထရပ်လိုက်ပြီး ပျက်စီးနေသော ရထားလုံးပေါ်မှ လေထဲသို့ ခုန်တက်လိုက်သည်။
ထိုအခါ ချောင်ရှန်ရက လုချန်းဆီသို့ ဓားဖြင့် ထပ်မံ ဝှေ့ယမ်းလိုက်သည်။
အလင်းအရိပ်ကျင့်စဉ်ဖြင့် လူအုပ်ထဲမှ လုချန်း ချက်ချင်း ထွက်ခွာသွားခဲ့သော်လည်း သူ့ပုံရိပ်ကို ချောင်ရှန်ရက မကြာမီပင် ဖမ်းမိသွားသည်။ လုချန်း ထွက်ပြေးရန် ကြိုးစားနေသည်ဟု ထင်ကာ မတွန့်ဆုတ်ပဲ သူ့နောက်သို့ လိုက်သွားသည်။
ဤနေရာတွင် လူအလွန်များ နေသဖြင့် သူ၏စွမ်းအင် အပြည့်အဝ ထုတ်မသုံးနိုင်ဟု လုချန်း ခံစားရသည်။
ဤမျှကြာအောင် ကျင့်ကြံခဲ့ပြီးနောက် လှုပ်ရှားရမည့်အချိန် ရောက်ပြီဖြစ်သည်။ ချောင်ရှန်ရ ကိုယ်တိုင်လည်း အရိပ်အယောင် ကောင်းကင်လူသား ဖြစ်သဖြင့် သူ၏ စွမ်းရည်ကို စမ်းသပ်ရန်အတွက် ကောင်းမွန်သော စမ်းသပ်ကျောက်တုံးတစ်ခု ဖြစ်ပေလိမ့်မည်။
သင့်တော်ပြီဟု ခံစားလိုက်ရချိန်၌ လုချန်းချက်ချင်း ရပ်တန့်လိုက်သည်။
လုချန်း ဆက်မပြေးပဲ ရပ်တန့်လိုက်သည်ကို မြင်လိုက်ရသည့်အခါ ချောင်ရှန်ရက လှောင်ပြောင်လိုက်ပြီး
“မြောက်ပိုင်းနယ်စားမင်းသား ဘာလို့ မပြေးတော့တာလဲ။”
လုချန်း ပြုံးလိုက်ပြီးနောက်
“ဒီပတ်ဝန်းကျင်က အတော်လေး ကောင်းတယ်။ လူလည်း သိပ်မရှိဘူး။ အဖွားကြီးတစ်ယောက်ကို မြှုပ်နှံဖို့ သင့်တော်တဲ့ နေရာပဲ။ ပြေးစရာ မလိုတော့ဘူး။”
ထိုစကားများကို ကြားလိုက်ရသည့်အခါ ချောင်းရှန်ရ ခဏခန့် ကြောင်သွားပြီးနောက်
“နောက်ကျရင်လည်း မင်းသား ဒီလောက် စကားတတ်နေဖို့ မျှော်လင့်ပါတယ်”
ဟု အေးစက်စွာ ပြောလိုက်သည်။
သူမ၏ စကားသံ ဆုံးသွားသည်နှင့် မြေပြင်မှ ခုန်တက်ကာ လုချန်းဆီသို့ ပြေးသွားလိုက်သည်။ လုချန်းက သူ၏ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။
.......
ဒီရေလှိုင်းများ။
ထိတွေ့နိုင်သော ဓားလှိုင်းများ ဆက်တိုက် ထွက်လာကြ၏။ သမုဒ္ဒရာမှ တက်လာသော ကြောက်မက်ဖွယ် လှိုင်းလုံးကြီးများကဲ့သို့ မြေကြီးကို လှန်ပစ်နေသည်။
ချောင်ရှန်ရ၏ စိတ်ထဲ အံ့အားသင့်သွားခဲ့သည်။ တိုက်ပွဲစကတည်းက ဤမျှ ပြင်းထန်သော ဓားပညာကို လုချန်းအသုံးပြုလိမ့်မည်ဟု သူမ မမျှော်လင့်ထားချေ။
သို့သော် ချောင်ရှန်ရ နည်းနည်းမှ မကြောက်ချေ။ လျင်မြန်စွာ လှုပ်ရှားကာ လုချန်း၏ တိုက်ခိုက်မှုကို လွယ်ကူစွာ ရှောင်တိမ်းပြီး လုချန်း၏ ဘယ်ဘက်သို့ ပတ်သွားလိုက်သည်။
ချက်ချင်းပင် ချောင်ရှန်ရက သူမ၏ ဓားကို ဝှေ့ယမ်းလိုက်သည်။
ဝိညာဉ်စား ဓားကွက်။
သူမ၏ ဓားမှ ထုတ်လွှတ်လိုက်သော မှောင်မိုက်သော ဓားလှိုင်းများသည် ချက်ချင်းပင် အရိုးစုများစွာအဖြစ် ပြောင်းလဲသွားပြီး ထိုအရိုးစုများ ရောက်ရှိရာ နေရာတိုင်းတွင် သစ်ရွက်များ ဝါသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လုချန်းက ရယ်မောလိုက်သည်။ တကယ်ပင် နတ်ဆိုးဂိုဏ်း၏ နတ်ဆိုးများ ပုံစံအတိုင်းပင်။ သူတို့၏ တိုက်ကွက်များက အလွန် ရက်စက်ကြမ်းကြုတ်ပုံ ရသည်။
၎င်းတို့ကို တိုက်ရိုက် ရင်ဆိုင်ရန် လုချန်း မရွေးချယ်ပါ။ ထိုအစား သူ၏ အလင်းအရိပ်ကျင့်စဉ်ကို ထပ်မံ အသုံးပြုကာ ချောင်ရှန်ရ၏ နောက်တွင် ပေါ်ထွက်လာလိုက်သည်။
ရေခဲနှင်းပြင်.....
စိတ်ဝိညာဉ်စွမ်းအင် ထွက်လာသည်နှင့် ပတ်ဝန်းကျင်လေထုသည် ချက်ချင်း ဖိစီးသွားခဲ့ပြီး ထင်ရှားသော အေးစက်မှုတစ်ခုသည် ချောင်ရှန်ရ၏ ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။
သူမ၏ နောက်ဘက်မှ အန္တရာယ်ကို ခံစားလိုက်ရပြီး ရှောင်တိမ်းရန် ပြင်ဆင်နေစဉ် နောက်တစ်ခဏ၌ သူမ၏ ခန္ဓာကိုယ် မလှုပ်ရှားနိုင်တော့သည်ကို တွေ့ရှိခဲ့သည်။
ချောင်ရှန်ရ၏ မျက်နှာတွင် မယုံကြည်နိုင်ဖြစ်နေသော အမူအရာများ ပေါ်လာသည်။
ဒါ ဘယ်လို ပညာမျိုးလဲ။
ဘာလို့ ငါ့ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တာလဲ။
ချောင်ရှန်ရ၏ ခန္ဓာကိုယ် အေးခဲသွားသည်ကို မြင်လိုက်ရသည့်အခါ သူ့ဆရာမ ယွမ်ရှန်ရှန်က အသုံးဝင်သော အရာအချို့ကို တကယ်ပင် သင်ကြားပေးခဲ့သည်ဟု လုချန်းစိတ်ထဲတွင် တွေးလိုက်မိသည်။
ရေခဲနှင်းပြင်ပညာသည် ရန်သူများကို သတ်မှတ်နယ်နိမိတ်အတွင်း ချုပ်တည်းထားနိုင်ပြီး ထိန်းချုပ်မှုပညာ အမျိုးအစားတွင် ပါဝင်သည်။
၎င်း၏ အကျိုးသက်ရောက်မှုမှာ အတော်လေး သိသာသည်။ အဆင့်မြင့် ပညာရှင်များကြား တိုက်ပွဲတွင် အနိုင်အရှုံးသည် စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်လေ့ရှိပြီး တစ်ခါတစ်ရံတွင် ခဏမျှသော ထိန်းချုပ်မှုတစ်ခုကပင် ပြိုင်ဘက်ကို သတ်နိုင်သည့် အခြေအနေကို ဖန်တိီးနိုင်သည်။
ထိုအချိန်တွင် လုချန်းက ဓားလှိုင်းများကို ထပ်မံ ပစ်လွှတ်လိုက်၏။ ဓားလှိုင်းလုံးများက ချောင်းရှန်ယာဆီသို့ အပြေးအလွှား ရောက်ရှိသွားခဲ့သည်။
သူမ၏ စွမ်းအားအကုန်သုံးပြီး ထိန်းချုပ်ခံရမှုမှ လွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း သူမ အောင်မြင်ခါနီးတွင် ဓားလှိုင်းများစွာ၏ တိုက်ရိုက်ထိမှန်ခြင်း ခံလိုက်ရသည်။ သို့သော် ဒါက သူမ၏ အသက်ကို မနုတ်ခဲ့ချေ။
ချောင်ရှန်ရ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သွေးများစွာ အန်ထုတ်လိုက်သည်။ သူမ၏ မျက်နှာ အလွန်ဆိုးရွားနေပြီး အဆိပ်ပြင်းသော အကြည့်ဖြင့် လုချန်းကို စိုက်ကြည့်နေသည်။ သူ့ကို မျက်လုံးဖြင့်ပင် ဆွဲဖြဲပစ်ချင်သည့်အလား ဖြစ်သည်။
“ဒီအဖွားကြီး ဝန်ခံပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားကို ကျွန်မ လျှော့တွက်မိတယ်။ ဒါပေမဲ့ မင်းသားက ဒီလို လှည့်ကွက်လေးတစ်ခုနဲ့ ဒီအဖွားကြီးကို သတ်နိုင်လိမ့်မယ်လို့ ထင်သလား။”
ပြောဆိုရင်းပင် ချောင်ရှန်ရက ပုတီးစေ့တစ်ခုကို ရုတ်တရက် ထုတ်လိုက်သည်။
လုချန်း စူးစမ်းနေစဉ်ပင် ချောင်ရှန်ရက ထိုပုတီးစေ့ကို အသက်သွင်းလိုက်သည်။
သွေးဆာသောပုတီး။
နောက်တစ်ခဏတွင် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း သွေးနီရောင်အဖြစ် ပြောင်းလဲသွားသည်။
ထိုမြင်ကွင်း မြင်လိုက်ရသည့်အခါ လုချန်း အံ့အားသင့်သွားသည်။ ၎င်းတို့သည် အရိပ်အယောင် ကောင်းကင်လူသားများသာ ဖြစ်နေသေးသည် မဟုတ်လား။ ထိုမျှ စိတ်ကူးယဉ်ဆန်သော လှုပ်ရှားမှုမျိုးကို မည်သို့ ဖန်တီးနိုင်ပါသနည်း။
ကောင်းကင်လူသား စွမ်းအားရှင်များသည် ထာဝရ အသက်ရှင်ခြင်း တာအို လမ်းကြောင်းသို့ စတင်ဝင်ရောက်နေကြပြီဖြစ်သော်လည်းအရိပ်အယောင် ကောင်းကင်လူသားများသည် သိုင်းပညာနယ်ပယ်အတွင်း၌သာ ရှိသေးသည်။ ဤမျှ အစွမ်းထက်သော ရတနာများကို အသုံးပြုခြင်းက တကယ်ပဲ ပြဿနာမရှိဘူးလား။
ကောင်းကင်ဘုံက ဝင်ရောက်စွက်ဖက်သင့်သည် မဟုတ်လား။
ဤအချိန်တွင် အဝေးမှ ရွှမ်ယွမ်ချောင်ကဲက ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ချက်ချင်း တုံ့ပြန်လိုက်သည်။
မြေမြှုပ်လက်ဝါး......
လက်ဝါးတစ်ချက် ရိုက်လိုက်သည်နှင့်
ချောင်ရှန်ရ တုံ့ပြန်ရန်ပင် အချိန်မရမီ သူမကို တိုက်ရိုက် မြေပြင်ပေါ်သို့ ရိုက်ချလိုက်ပြီး သူမ၏ လက်ထဲမှ သွေးနီရောင်ပုတီးစေ့လည်း ချက်ချင်း ကြေမွသွားကာ ပတ်ဝန်းကျင်တစ်ခုလုံး သွေးမှုန်များ ပျံ့လွင့်သွားခဲ့သည်။
ရွှမ်ယွမ်ချောင်ကဲက လုချန်းနားသို့ လျှောက်သွားကာ
“မင်းသား။ အဆင်ပြေရဲ့လား။”
သွေးမှုန်များ ငြိမ်သက်သွားသည်နှင့် ချောင်ရှန်ရ၏ ကြေကွဲဖွယ် အခြေအနေ ပေါ်လွင်လာသည်။ သူမသည် ခန္ဓာကိုယ်မှ သွေးများယိုစီးနေပြီး အရိုးများ ကျိုးကြေနေကာ အသက်ကို မျှင်းမျှင်းရှုနေရသည်။
လုချန်းဘေးတွင် ရွှမ်ယွမ်ချောင်ကဲ ရှိနေသည်ကို မြင်လိုက်ရသည့်အခါ ချောင်ရှန်ရ သွေးတစ်ချက် ထပ်အန်လိုက်ပြီး
“မ... မမျှော်လင့်... ထားတာက... ဒါ လှည့်ကွက်တစ်ခု... ဖြစ်နေတာကိုး...”
သူတို့ တိုင်ယင်ဂိုဏ်း ရန်ခရိုင်တွင် ရှိနေသည်ကို လုချန်း အစကတည်းက သိရှိနေခဲ့ကြောင်း ချောင်ရှန်ရ သဘောပေါက်သွားခဲ့သည်။ ဤခရီးစဉ်က သူတို့ကို ဆွဲထုတ်ကာ နှိမ်နင်းရန် တမင်ကြံစည်ထားသော လှည့်ကွက်တစ်ခုသာ ဖြစ်သည်။
.............
အခန်း (၇၃၂)
တိုင်ယင်ဂိုဏ်းချုပ် ပေါ်ထွက်လာခြင်း (၃)
ချောင်ရှန်ရ၏ စကားကို ကြားပြီး လုချန်းက ရယ်မောလိုက်သည်။
ထို့နောက် သူက ချောင်ရှန်ရဆီသို့ တိုက်ရိုက် လျှောက်သွားကာ
“တိုင်ယင်နတ်ဆိုးဂိုဏ်းက လူတွေမှာ ကြိုတင်ကာကွယ်မှု ဘာတစ်ခုမှ မရှိကြပါလား။”
လုချန်း ချောင်ရှန်ရ ဆီသို့ ရောက်ခါနီးတွင် အစိမ်းရောင် မီးခိုးငွေ့တစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာသည်။ မီးခိုးငွေ့များမှာ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားသဖြင့် လုချန်း သူ၏ အလင်းအရိပ်ကျင့်စဉ်ကိုပင် အသုံးပြုရန် အချိန်မရလိုက်ချေ။
မီးခိုးငွေ့များက တစ်ခုခု မှားယွင်းနေကြောင်း ရွှမ်ယွမ်ချောင်ကဲ ချက်ချင်း သိရှိသွားပြီး
“မင်းသား။ သတိထားပါ။ မီးခိုးငွေ့က အဆိပ်ရှိတယ်။”
ဟု အလျင်အမြန် အော်ပြောလိုက်သည်။
မီးခိုးငွေ့များ ပျံ့လွင့်သွားပြီးနောက် ချောင်ရှန်ရက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရယ်မောရင်း သူမက
“ဒီအဖွားကြီး သေရမယ်ဆိုရင်တောင်... မင်းကိုပါ.. ဆွဲခေါ်သွားမယ်... ”
ချောင်ရှန်ရ သွေးတစ်ပွက် ထပ်အန်လိုက်သည်။
သို့သော် သူမ မျှော်လင့်ထားသည့် မြင်ကွင်း မပေါ်ပေါက်လာချေ။ လုချန်းသည် ထိုနေရာတွင် အကောင်းပကတိ ရပ်နေပြီး သူမကို ခပ်ပေါ့ပေါ့ပင် ကြည့်နေသည်။
ချောင်ရှန်ရ၏ မျက်ဆံများ ကျုံ့ဝင်သွားသည်။
“မဟုတ်ဘူး... မဖြစ်နိုင်ဘူး... ဒါက ဂိုဏ်းချုပ်ကြီးရဲ့ အရိုးပျော့ အဆိပ်ပဲ။ ဘယ်လိုလုပ် အာနိသင်မရှိတာလဲ...”
ဤအဆိပ်ကို တိုက်ရိုက်ထိတွေ့လျှင် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးကိုပင် ထိခိုက်စေနိုင်ကြောင် သူတို့၏ ဂိုဏ်းချုပ်ထံမှ ချောင်ရှန်ရ ကြားဖူးသည်။ မြောက်ပိုင်းနယ်စားမင်းသားမှာ အရိပ်အယောင် ကောင်းကင်လူသား တစ်ဦးသာ ဖြစ်သဖြင့် လုံးဝ မထိခိုက်ပဲ မည်သို့ ရှိနိုင်မည်နည်း။
လုချန်းက ပြုံး၍
“စိတ်မကောင်းပါဘူး။ ကျွန်တော်က အဆိပ်အားလုံးကို ခံနိုင်တယ်။”
သူ၏ စကားသံ မပြီးဆုံးသေးမီ ချောင်ရှန်ရ၏ ခန္ဓာကိုယ် လေထဲသို့ မြောက်တက်သွားပြီး လုချန်း၏ လက်ထဲသို့ တိုက်ရိုက် ရောက်ရှိလာသည်။ သူမ၏ လည်ပင်းကို ဆုပ်ကိုင်ရင်း လုချန်းက
“ကဲ။ တိုင်ယင်ဂိုဏ်းရဲ့ သူတော်စင်မဟောင်းကြီး။ ခင်ဗျား ထွက်ခွာရမယ့်အချိန် ရောက်ပြီ။”
ချက်ချင်းပင် သေခြင်းတရား၏ ကြောက်မက်ဖွယ် အေးစက်မှုက ချောင်ရှန်ရ၏ ရင်ထဲတွင် ဖုံးလွှမ်းသွားခဲ့သည်။ သူမ၏ စိတ်ဝိညာဉ်စွမ်းအင် အားလုံးကို စုဆောင်းကာ သူမ၏ အတွင်းအား ချက္ကရကနေရာကို ဖောက်ခွဲကာ လုချန်းနှင့်အတူ သေဆုံးရန် ကြံစည်လိုက်သည်။
သို့သော် လုချန်း၏ စုပ်ယူခြင်းပညာက အတော်လေး တိုးတက်နေပြီဖြစ်ပြီး သူမကို အခွင့်အရေး မပေးခဲ့ချေ။ မျက်စိတစ်မှိတ်အတွင်း ချောင်ရှန်ရ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင် အများစု ကုန်ခန်းသွားခဲ့သည်။
သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ လျင်မြန်စွာ ကုန်ခန်းသွားသည်ကို ခံစားလိုက်ရသည့်အခါ ချောင်ရှန်ရ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ဒီလူကမှ တကယ့် နတ်ဆိုးဂိုဏ်းက နတ်ဆိုးအစစ်ပဲ။
“မင်း... မင်း...”
ချောင်ရှန်ရ၏ မျက်ဆံများ အပ်ဖျားခန့်အထိကျုံ့ဝင်သွား၏။ သူမ သေဆုံးသွားစဉ် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။
သူ၏ ခန္ဓာကိုယ်အတွင်း လွှမ်းမိုးလာသော စွမ်းအင်ကို ခံစားလိုက်ရသည့်အခါ လုချန်းလည်း ရုတ်တရက် မခံမရပ်နိုင်အောင် ယားယံလာပြီး စိတ်အခြေအနေ မငြိမ်မသက် ဖြစ်ကာ တိုက်ခိုက်ချင်စိတ် ပေါက်လာသည်။
စွမ်းအားများစွာ စုပ်ယူမိပြီး ကန့်သတ်ချက်များကြောင့် ပိတ်မိနေပါက စိတ်တိုဒေါသထွက်ခြင်းများကို ခံစားရနိုင်သည်။
ထို့နောက် လုချန်းက သူ့လက်ထဲရှိ ဓားကို ကိုင်လိုက်ပြီး အဝေးရှိ သစ်တောကို ဆက်တိုက် ဝှေ့ယမ်းလိုက်သည်။ ဓားစွမ်းအင်များ ထွက်လာပြီး သစ်တောထဲရှိ သစ်ပင်များ မြည်ဟည်းသံနှင့်အတူ ပြိုလဲကျကုန်သည်။
သူ၏ စွမ်းအင်အချို့ကို ထုတ်လွှတ်ပြီးနောက် လုချန်းမှာ များစွာ သက်တောင့်သက်သာ ခံစားရပြီးနောက် ရွှမ်ယွမ်ချောင်ကဲရှိနေသော နေရာသို့ ပြန်သွားခဲ့သည်။
ရွှမ်ယွမ်ချောင်ကဲ ရောက်သည်နှင့် တိုင်ယင်ဂိုဏ်းမှ ကျန်ရှိနေသော အဖွဲ့ဝင်များ ချက်ချင်း ရှုံးနိမ့်သွားသည်။
ကောင်းကင်လူသား စွမ်းအားရှင် ရွှမ်ယွမ်ချောင်ကဲ၏ ရှေ့တွင် အဆင့်လွန်ပညာရှင်များနှင့် သူတို့အောက်ရှိသူများသည် သာမန်လူများမျှသာဖြစ်ပြီး တန်ပြန်တိုက်ခိုက်ရန် လုံးဝ မစွမ်းဆောင်နိုင်ကြချေ။
တစ်ယောက်ယောက် ထွက်ပြေးနိုင်သွားပြီး သတင်းပေါက်ကြားခြင်းမှ ကာကွယ်ရန် ရွှီလင်လုံက လုချန်းကို တိုက်ရိုက်တိုက်ခိုက်ရန် သွားခဲ့သည်။ ရွှီလင်လုံ သူ့ဆီသို့ ချဉ်းကပ်လာစဉ် သူမက
“မြန်မြန်။ ကျွန်မကို ထိန်းချုပ်လိုက်”
ဟု အလျင်အမြန် တီးတိုးပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ လုချန်း ချက်ချင်း နားလည်သွားပုံရပြီး အရိပ်အယောင် ကောင်းကင်လူသား၏ ဖိအားကို ချက်ချင်း ထုတ်လွှတ်ကာ ရွှီလင်လုံ၏ လက်ထဲမှ ဓားကို တောက်ချပစ်ပြီးနောက် သူမ၏ လက်မောင်းကို ဆွဲကိုင်ကာ ကျောဘက်သို့ လိမ်ချိုးလိုက်ပြီး ရွှီလင်လုံကို ချုပ်လိုက်သည်။
သူတော်စင်မပင် ဖမ်းဆီးခံရသည်ကို မြင်လိုက်ရသည့်အခါ အသက်ရှင်ကျန်ရစ်သော တိုင်ယင်ဂိုဏ်းမှ လူများ ချက်ချင်း စိတ်ပျက်အားငယ်သွားသည်။
ဤအချိန်တွင် ရွှီလင်လုံက စတင်ရုန်းကန်ကာ ရုန်းကန်ရင်း
“လူယုတ်မာ။ ကျွန်မကို အခု လွှတ်လိုက်။ မဟုတ်ရင် ကျွန်မတို့ ဂိုဏ်းချုပ် နိုးထလာတာနဲ့ ရှင် သူ့ရဲ့ အစာဖြစ်သွားလိမ့်မယ်။”
ပြောဆိုရင်းပင် ရွှီလင်လုံက သူမ၏ ခန္ဓာကိုယ်ကို လိမ်ဖယ်လိုက်ပြီး သူမ၏ တင်ပါးများက လုချန်း၏ ခန္ဓာကိုယ်ကို ဖိကပ်နေသည်။ သူမ၏ ရုန်းကန်မှုက လုချန်းကို လုံးဝ စကားလုံးမဲ့စေခဲ့သည်။
များစွာသော စွမ်းရည်များကို စုပ်ယူထားပြီးဖြစ်သဖြင့် သူ၏ ခန္ဓာကိုယ်တွင် စိတ်ရိုင်းအချို့ ရှိနေသေးပြီး ရွှီလင်လုံ၏ လှုပ်ရှားမှုများက လုချန်းအား ဤမှော်ဆရာမကို အခုချက်ချင်း သတ်ပစ်လိုစိတ်များ ဖြစ်ပေါ်စေသည်။
ရွှီလင်လုံက အညံ့မခံမည့်ဟန် ဆက်လက် ပြုမူနေပြီး ရန်စသော လေသံဖြင့်
“ဘာဖြစ်တာလဲ။ ဘာလို့ တိတ်နေတာလဲ။ လူယုတ်မာ။ ရှင် ကြောက်နေတာ မဟုတ်လား။ ကြောက်နေရင် အခု လွှတ်လိုက်လေ။”
လုချန်းက လှောင်ပြောင်လိုက်သည်။
“ရယ်စရာပဲ။ ကျုပ်က ညစ်ပတ်တဲ့ ပိုးမွှားလေးတွေကို ဘယ်လိုလုပ် ကြောက်ရမှာလဲ။”
ထိုသို့ပြောရင်း လုချန်းက တိုင်ယင်ဂိုဏ်းမှ တပည့်များဘက်သို့ ကြည့်လိုက်ပြီး သူ၏ ကိုယ်ရံတော်များကို
“အားလုံးကို သတ်ပစ်”
ဟု အမိန့်ပေးလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ထိုက်ယင်ဂိုဏ်းမှ တပည့်အချို့သည် သူတို့၏ အတွင်းအား ချက္ကရနေရာများကို ကိုယ်တိုင် ပေါက်ကွဲစေရန် ချက်ချင်း ရွေးချယ်ခဲ့ကြသော်လည်း ၎င်းတို့ ကိုယ်တိုင် ပေါက်ကွဲမတိုင်မီ ရွှမ်ယွမ်ချောင်ကဲ၏ လက်ဝါး ရိုက်ချက်ကို ခံလိုက်ရသည်။
တိုင်ယင်ဂိုဏ်းမှ တပည့်အချို့ ချက်ချင်း ဒူးထောက်လိုက်ကြပြီး
“ကျွန်တော်တို့ အရှုံးပေးပါတယ်။ မသတ်ပါနဲ့။ ကျွန်တော့်ကို အတင်းအကျပ် အခိုင်းခံရတာပါ။”
သို့သော် ဤတပည့်များ တိုင်ယင်နတ်ဆိုးဂိုဏ်းကို သစ္စာဖောက်ရန် စိတ်ကူးများ စတင်ပေါ်ပေါက်လာသည်နှင့် သူတို့၏ ခန္ဓာကိုယ်များ ရုတ်တရက် ပေါက်ကွဲသွားကာ သွေးအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လုချန်း မျက်မှောင်ကြုတ်လိုက်သည်။ ရွှီလင်လုံ၏ စကားများသည် မှန်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။
တိုင်ယင်နတ်ဆိုးဂိုဏ်းကို သစ္စာဖောက်သူများ သွေးအိုင်တစ်ခုအဖြစ် တကယ်ပင် ပြောင်းလဲသွားခဲ့သည်။
ဒါက အလွန်အမင်း ပြည့်စုံလွန်းသည် မဟုတ်လား။ သွေးသာ ရှိပြီး အရိုးတစ်စပင် မကျန်တော့ချေ။
ဒါက ဘာနိယာမက ဘာလဲ။
ယင်းသည် ဆေးဝါးဖြင့် ထိန်းချုပ်မှု မဟုတ်သလို စိတ်ထိန်းချုပ်မှုလည်း မဟုတ်ပေ။ သေချာသည်က ပိုးကောင်ဖြင့် ထိန်းချုပ်မှုလည်း မဟုတ်ချေ။ အကြောင်းမှာ ရွှီလင်လုံ၏ ခန္ဓာကိုယ်တွင် သူပိုးကောင်တစ်ကောင်မှ မတွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။
ထို့နောက် လုချန်း ရွှီလင်လုံ၏ ခန္ဓာကိုယ်ကို ထပ်စစ်ဆေးခဲ့ရာ မည်သည့် မူမမှန်မှုမှ မတွေ့ရှိခဲ့ချေ။
ထိုအချိန်တွင် ပေါက်ကွဲသွားသော သွေးများ ရုတ်တရက် စတင်စီးဆင်းလာသည်။
ရွှမ်ယွမ်ချောင်ကဲလည်း ချက်ချင်း အန္တရာယ်ကို သိရှိသွားပြီး လုချန်း၏ ရှေ့သို့ လျင်မြန်စွာ ရွေ့လျားကာ
“မင်းသား။ သတိထားပါ။ အန္တရာယ်ရှိတယ်။”
ရွှမ်ယွမ်ချောင်ကဲ၏ စကားမဆုံးမီ သွေးများသည် ကြီးမားသော မျက်နှာပုံစံအဖြစ် ပေါင်းစပ်သွားသည်။ သွေးမျက်နှာက လုချန်းကို ကြည့်ကာ
“တကယ်ပဲ ကံကြမ္မာရဲ့ သားတော် ဖြစ်ထိုက်သူပါပဲ။”
“ကောင်းကင်ဘုံက တကယ်ပဲ ကျုပ်ကို မျက်နှာသာပေးတာပဲ။ နောက်ဆုံးတော့ ကံကြမ္မာရဲ့ သားတော်ကို တွေ့ပြီ။”
“အခု ဒီကျိန်စာသင့်တဲ့ နေရာကနေ ကျုပ်ထွက်ခွာနိုင်တော့မယ်။”
“ဟားဟားဟား။ မြောက်ပိုင်းနယ်စားမင်းသား။ ကျုပ်ရောက်လာတာကို စောင့်နေလိုက်။ မင်းဘဝရဲ့ နောက်ဆုံးအချိန်တွေကို ကြောက်ရွံ့မှုနဲ့ ပျော်ရွှင်လိုက်။”
ဤအချိန်တွင် ရွှီလင်လုံက အလျင်အမြန် အော်ဟစ်လိုက်သည်။
“ဂိုဏ်းချုပ်ကြီး။ ကျွန်မကို ကယ်ပါ။”
သွေးမျက်နှာက ရွှီလင်လုံကို ကြည့်လိုက်ပြီးနောက် လှောင်ပြောင်လိုက်သည်။
“အသုံးမကျတဲ့ သတ္တဝါ။ ကျုပ်ကမင်းကို ဘာလို့ လိုအပ်ရမှာလဲ။ မင်းက ကျုပ်ရဲ့ အစာပဲ ဖြစ်လာမှာ။”
...............