အခန်း ၇၃၃-၇၃၅
Vol. 49 Ch. 733-735
အခန်း (၇၃၃ )
ဖမ်းမိထားတဲ့ နတ်ဆိုးမကို စစ်မေးရမယ် (၁)
တိုင်ယင်ဂိုဏ်းချုပ်၏ စကားဆုံးသွားပြီးနောက် ဘာမှ ထူးခြားမှု မဖြစ်ခဲ့ချေ။
ခဏအကြာတွင် သူတို့ရှေ့ရှိ လေထုက အနည်းငယ် ဆန်းကြယ်လာသည်။
ထို့နောက်တွင် တိုင်ယင်ဂိုဏ်းချုပ်က မယုံကြည်နိုင်စွာဖြင့်
“ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
“ဘာလို့ မင်း ကျုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့တာလဲ”
ဟု အော်ဟစ်လိုက်သည်။
တိုင်ယင်ဂိုဏ်းချုပ်၏ ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို မြင်လိုက်ရသည့်အခါ လုချန်း သက်ပြင်းချလိုက်သည်။ တိုင်ယင်ဂိုဏ်းက ရွှီလင်လုံကို ထိန်းချုပ်ထားနိုင်သေးသည်ဟု သူ ထင်ခဲ့သော်လည်း ယင်းသည် လှည့်စားမှုတစ်ခုသာ ဖြစ်နေသည်ကို တွေ့ရသည်။
တိုင်ယင်ဂိုဏ်းချုပ်၏ စကားကို ကြားလိုက်ရသည့်အခါ ရွှီလင်လုံလည်း ဇဝေဇဝါ ဖြစ်သွားသည်။ တိုင်ယင်ဂိုဏ်းချုပ်၏ ထိန်းချုပ်မှုမှ သူမ မည်သို့ လွတ်မြောက်ခဲ့ပါသနည်း။
သို့သော်လည်း သူမ မည်သို့ လွတ်မြောက်ခဲ့သည်ကို မသိသော်လည်း ယင်းသည် သူမနောက်မှ အမျိုးသားနှင့် ဆက်စပ်နေမည်မှာ သေချာသည်။ အမှန်စင်စစ် သူမသည် ဤအမျိုးသားနှင့် ထိတွေ့ပြီးမှ တိုင်ယင်ဂိုဏ်းကို သစ္စာဖောက်ရန် စတင်စဉ်းစားခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့ချေ။
ထိုအချိန်တွင် လုချန်းက သူ့စိတ်ထဲတွင် စနစ်ကို
“စနစ်။ ရွှီလင်လုံက တိုင်ယင်ဂိုဏ်းချုပ်ရဲ့ ထိန်းချုပ်မှုကနေ ဘယ်လို လွတ်မြောက်ခဲ့တာလဲ။”
ယခင်က သူစနစ်ကို မမေးခဲ့ပေ။ အရေးမကြီးဟု ထင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ တိုင်ယင်ဂိုဏ်းက သူ့ဖခင် ဧကရာဇ် အရိပ်ကိုယ်ရံတော်များကို ထိန်းချုပ်သလို ဆေးဝါးများဖြင့် ထိန်းချုပ်သည်ဟု သူ ယုံကြည်ခဲ့သည်။ ထို့ကြောင့် ရွှီလင်လုံ သူနှင့်နီးစပ်ပြီးနောက် တိုင်ယင်ဂိုဏ်းချုပ်၏ ထိန်းချုပ်မှုမှ သဘာဝအတိုင်း လွတ်မြောက်ခဲ့သည်ဟု လုချန်း ထင်ခဲ့သည်။
သို့သော် တိုင်ယင်ဂိုဏ်းချုပ်က အလွန် ဆန်းကြယ်သော နည်းလမ်းဖြင့် လူတိုင်း၏ ရှေ့တွင် ပေါ်လာခြင်းဖြစ်သည်။ ဂိုဏ်းချုပ်က လူများကို ထိန်းချုပ်ရန် ဆေးဝါးများ အသုံးပြုသည်ဟု လုချန်း မယုံကြည်တော့ချေ။
[တိုင်ယင်ဂိုဏ်းချုပ်သည် ရွှီလင်လုံကို ထိန်းချုပ်ရန် သွေးအမှတ်အသားနည်းလမ်းကို အသုံးပြုခဲ့သည်။ ရွှီလင်လုံ နဂါးဖီးနစ်လက်ဖက်ရည်ကို သောက်ကတည်းက သူမ၏ ခန္ဓာကိုယ်ရှိ သွေးအမှတ်အသားသည် ပယ်ဖျက်ခံခဲ့ရပြီး သခင်၏ အမှတ်အသားကို ထည့်သွင်းခံခဲ့ရသည်။]
ဒါက.....
လုချန်း တစ်ခုခုကို နားလည်သွားပုံရသည်။
ဒါဆို နဂါးဖီးနစ်လက်ဖက်ရည်ကိုယ်တိုင်က သွေးအမှတ်အသားလိုမျိုး ထိန်းချုပ်နည်းတစ်ခုလား။
သူ အဘယ်ကြောင့် တကယ့် လူယုတ်မာတစ်ဦးဖြစ်လာသည်ဟု ခံစားနေရသနည်း။
နဂါးဖီးနစ်လက်ဖက်ရည်၊ စုပ်ယူခြင်းပညာ၊ မိန်းမနှင့်နေပြီး ပိုစွမ်းအားကောင်းလာခြင်းတို့က နတ်ဆိုးဂိုဏ်းမှ နတ်ဆိုးတွေထက်တောင် ပိုပြီး နတ်ဆိုးဆန်နေပုံရသော အချက်များဖြစ်သည်။
ထို့နောက် ရွှီလင်လုံက အလွန်အမင်း ထိတ်လန့်ဟန်ဆောင်ကာ
“ဂိုဏ်း... ဂိုဏ်းချုပ်။ ကယ်ပါ။ ကျွန်မ... ကျွန်မ ဘာဖြစ်ခဲ့လဲ မသိဘူး။”
ထိုအချိန်တွင် တိုင်ယင်ဂိုဏ်းချုပ်က လုချန်းကို ကြည့်ကာ လှောင်ပြောင်လိုက်ပြီး
“မျှော်လင့်ထားတဲ့အတိုင်း ကံကြမ္မာရဲ့သားတော်ပဲ။ မင်းမှာ တကယ်ပဲ လှည့်ကွက်အချို့ ရှိတာကိုး။”
ရွှီလင်လုံကို သူ မသတ်နိုင်အောင် လုချန်းတားဆီးထားသည်ဟု တိုင်ယင်ဂိုဏ်းချုပ် ယူဆနေကြောင်း ထင်ရှားသည်။
“ဟဲဟဲဟဲ။ မင်းရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကျုပ်မစောင့်ချင်တော့ဘူး။”
“ဒီအမှိုက်ကို မင်းကို ပေးလိုက်ပြီ။ စိုးရိမ်တာ ကြောက်ရွံ့တာ...အဲ့ဒီအရာတွေ အားလုံးက ကျုပ်လိုအပ်တဲ့ အစာတွေပဲ...”
တိုင်ယင်ဂိုဏ်းချုပ် စကားပြောရင်း သူ့အသံမှာ ပိုမို ပုံပျက်လာပြီး သွေးများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
အားလုံး ငြိမ်သက်သွားပြီးနောက် ရွှမ်ယွမ်ချောင်ကဲက လုချန်းဘက်သို့ လှည့်ကြည့်ကာ
“မင်းသား။ ခုနက နတ်ဆိုးက အရမ်းအန္တရာယ်များတယ်။ ကျွန်တော် သူ့ကို ချက်ချင်း သတ်ပစ်နိုင်တယ်လို့ ခံစားရတယ်။”
လုချန်းက ခပ်ပေါ့ပေါ့ပင်
“သူက အခုထိ ပြန်ကောင်းမလာသေးဘူး။ အခုချိန်မှာ စိုးရိမ်စရာ မလိုသေးပါဘူး။”
“အရင်ဆုံး ပြန်ကြရအောင်။”
ယွမ်ရှန်ရှန်ကို မေးကြည့်ရန် လုချန်း စဉ်းစားလိုက်သည်။ တိုင်ယင်ဂိုဏ်းချုပ် ပြောခဲ့သော စကားများအရ ဂိုဏ်းချုပ်သည် ဤလောကမှ မဟုတ်တာ ထင်ရှားသည်။ ယွမ်ရှန်ရှန်လည်း ဤလောကမှ မဟုတ်ပေ။ ထို့ကြောင့် သူမ ထိုဂိုဏ်းချုပ်အကြောင်း အနည်းငယ် နားလည်မည် ဖြစ်သည်။
ထိုအချိန်တွင် လျှံဇွန်းက လုချန်း ခေါ်ဆောင်သွားသော ရွှီလင်လုံကို ကြည့်လိုက်သည်။ ရွှီလင်လုံသည် လုချန်းထံတွင် ဖမ်းဆီးခံရန် တမင်တကာ ပြေးသွားခဲ့သည်ကို သူသိမြင်ခဲ့သည်။
အိမ်ရှေ့မိဖုရားကို မည်သို့ ဆောင်ရွက်ရမလဲဟု အစက လုချန်းကို မေးရန် ရည်ရွယ်ခဲ့သော်လည်း စဉ်းစားကြည့်ပြီးနောက် မပြောရန် ဆုံးဖြတ်ခဲ့သည်။ ရွှီလင်လုံသည် သူတို့ မင်းသား၏ အမျိုးသမီး ဖြစ်သည်မှာ ထင်ရှားသည်။ သူမကို မည်သို့ ကိုင်တွယ်ရမည်မှာ လုချန်း၏ ကိုယ်ပိုင်ကိစ္စဖြစ်ပြီး မေးမြန်းရန် မလိုအပ်ချေ။
သို့သော် ထိုအချိန်တွင် လုချန်း ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး လျှံဇွန်းကို
“ဒီနတ်ဆိုးမကို ခေါ်သွားပြီး ထောင်အမှတ် တစ်မှာ အကျည်းချထားလိုက်။”
ထိုစကားကို ကြားလိုက်ရသည့်အခါ လျှံဇွန်းနှင့် ရွှီလင်လုံ နှစ်ဦးစလုံး အံ့အားသင့်သွားသည်။
လုချန်း ဘာလုပ်ရန် ရည်ရွယ်သည်ကို လျှံဇွန်း အနည်းငယ် နားမလည်နိုင် ဖြစ်နေသည်။ ရွှီလင်လုံက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် နေထိုင်သင့်သည် မဟုတ်လား။ အဘယ်ကြောင့် လုချန်းက သူမကို ထောင်ထဲတွင် ချုပ်နှောင်ရန် အမိန့်ပေးနေရသနည်း။
ထောင်အမှတ် တစ် သည် အထူးအကျဉ်းသားများကို ချုပ်နှောင်ရန် ရည်ရွယ်ထားပြီး ၎င်း၏ ပတ်ဝန်းကျင်မှာ ကောင်းမွန်သော်လည်း ယင်းသည် ထောင်တစ်ခုသာ ဖြစ်သည်။
ထိုအချိန်တွင် ရွှီလင်လုံကတော့ အံ့အားသင့်သွားပြီး ရင်ထဲတွင် စိုးရိမ်စိတ်တစ်ခု ရုတ်တရက်ဖြစ်ပေါ်လာပြီး အမျက်ဒေါသများလည်း ပေါ်ပေါက်လာခဲ့သည်။
ဒီလူယုတ်မာက မသတ်ရန် ကတိကိုတည်သော်လည်း အခုတော့ သူမအား အကျဉ်းထောင်တွင် ထားရန် အမိန့်ပေးနေပြီလား။
သူမ ဒေါသထွက်နေသော်လည်း ရွှီလင်လုံ ထိုအချိန်တွင် တစ်ခွန်းမှ မပြောပေ။
ထိုအချိန်တွင် လျှံဇွန်းက
“ရွှီသခင်မ ကြွပါ။”
လုချန်းက ရွှီလင်လုံကို လွှတ်ပေးလိုက်ပြီးနောက် သူမက သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သို့သော် သူမ မည်သည့် အလျင်စလို လုပ်ရပ်မှ မလုပ်ပဲ လျှံဇွန်းနှင့်အတူ ထောင်အမှတ်တစ်သို့ လိုက်သွားခဲ့သည်။
ရွှီလင်လုံ ထောင်အမှတ်တစ်သို့ ရောက်သည်နှင့် အံ့အားသင့်သွားခဲ့သည်။ ထောင်အမှတ်တစ် ဆိုသည်မှာ အဆောင်တစ်ခုဖြစ်နေပြီး ထောင်နှင့် လုံးဝ မတူချေ။
အဆောင်ထဲတွင် အရာရာ ရှိပြီး အိပ်ခန်းထဲတွင်လှပစွာ အလှဆင်ထားကာ အိပ်ရာကြီးလည်း ရှိသည်။
ရွှီလင်လုံသည် ပတ်ဝန်းကျင်ကို မယုံကြည်နိုင်စွာ စူးစိုက်ကြည့်လိုက်ပြီး လျှံဇွန်းကို
“ဒါ ရှင်တို့ရဲ့ ထောင်အမှတ်တစ်လား။”
လျှံဇွန်းက ယဉ်ကျေးစွာဖြင့်
“ဟုတ်ပါတယ် ရွှီသခင်မ။”
ရွှီလင်လုံက လှောင်ပြောင်လိုက်၏။
“ဒီလိုနေရာမျိုးမှာ ဘယ်လို ရာဇဝတ်သားမျိုးကို ချုပ်နှောင်မှာလဲဆိုတာ ကျွန်မစဉ်းစားလို့မရဘူး။”
လျှံဇွန်းက
“ထောင်အမှတ်တစ်က အထူးအကျဉ်းသားတွေကို ချုပ်နှောင်ဖို့ ဆောက်ထားတာပါ။ ရွှီသခင်မက ဒီမှာနေတဲ့ ပထမဆုံးလူပါပဲ။”
ရွှီလင်လုံ ခဏမျှ ကြောင်သွားသည်။
သူမ ကိုယ်သူမ လှောင်ပြောင်လိုက်မိသည်။ သစ္စာမဲ့သော မြောက်ပိုင်းနယ်စားမင်းသားက ဆီကြိတ်ပြီးသည်နှင့် လားကို သတ်ရန် ကြံရွယ်နေတာလား။
သူမကို ဤနေရာတွင် တစ်သက်လုံး အကျဉ်းချထားရန် စီစဉ်ထာတာလည်း ဖြစ်နိုင်သည်။
သူမ အခု ထွက်ပြေးရန် ကြိုးစားသင့်ပါလား။
သူမ လျှံဇွန်းနှင့်အတူ အစောပိုင်းက ဝင်လာစဉ်က ထောင်အမှတ်တစ်၏ လုံခြုံရေးက ထူးထူးခြားခြား မရှိသလို အစွမ်းထက်သူများလည်း စောင့်ကြည့်နေခြင်း မရှိသည်ကို သူမ သတိထားမိခဲ့သည်။ သူမ ထွက်ပြေးလိုပါက သူမ၏ အဆင့်လွန်ပညာရှင် စွမ်းရည်ဖြင့် ဤနေရာမှ အလွယ်တကူ ထွက်ပြေးနိုင်ပေမည်။
သို့သော်...
သူမသည် တိုင်ယင်ဂိုဏ်းကို သစ္စာဖောက်ပြီးဖြစ်သဖြင့် သူမ မည်သည့်နေရာသို့ ထွက်ပြေးနိုင်ပါသနည်း။
ထိုအချိန်တွင် လျှံဇွန်းက
“ရွှီသခင်မ ဘာပဲလိုလို အပြင်က စစ်သားတွေကို ခေါ်လို့ရပါတယ်။ ကျွန်တော် အခု ပြန်တော့မယ်။”
ထိုသို့ ပြောပြီးနောက် ရွှီလင်လုံကို အရိုအသေပြုကာ လျှံဇွန်း အဆောင်မှ ထွက်သွားခဲ့သည်။
ရွှီလင်လုံ ခဏမျှ ကြောင်သွားသည်။
ဒီအတိုင်းပဲ ထွက်သွားတာလား။
သူမ ထွက်ပြေးနိုင်သည်ကို သူတို့ တကယ်ပဲ မကြောက်ကြဘူးလား။
မဟုတ်ပါ။ တိတိကျကျ ပြောရရင် လုချန်းက သူမ ထွက်ပြေးလိမ့်မယ်လို့ လုံးဝ မထင်ထားခြင်းဖြစ်သည်။
လုချန်းက သူမကို လုံးဝ ထိန်းချုပ်ထားသည်ကို စဉ်းစားမိသည်နှင့် ရွှီလင်လုံ အံကြိတ်လိုက်သည်။ ဒီလူယုတ်မာက သူမ သူ့ကို မစွန့်ခွာနိုင်တော့ဘူးဆိုတာ သိနေခြင်းဖြစ်သည်။ သူမ တိုင်ယင်ဂိုဏ်းကို သစ္စာဖောက်ပြီးသွားသဖြင့် သွားစရာ နေရာလည်း မရှိတော့ပေ။ ထို့ကြောင့် သူက သူမကို ဂရုမစိုက်တော့ပဲ ဒီမှာ ထားထားခြင်းဖြစ်သည်။
ရွှီလင်လုံ တွေးလေလေ ဒေါသထွက်လေ လေ ဖြစ်လာသော်လည်း သူမ ဘာမှ လုပ်၍မရတော့ချေ။ ထို့နောက် အိပ်ခန်းထဲသို့ ဝင်ကာ အိပ်ရာပေါ်တွင် ထိုင်ပြီး ကျင့်စဉ်ကြံရန် သူမ ဆုံးဖြတ်လိုက်သည်။
.......
ထိုအချိန်တွင်။
လုချန်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ထဲသို့ ဝင်သည်နှင့် ဝမ်ရွန်ဆောင်သို့ တိုက်ရိုက် ဦးတည်သွားလိုက်သည်။ ဝင်လိုက်သည်နှင့် ယွမ်ရှန်ရှန် အဆောင်ငယ်တစ်ခုထဲတွင် တရားထိုင်နေသည်ကို အခန့်သင့် တွေ့လိုက်ရသည်။
လုချန်း ရောက်ရှိလာသည်ကို ခံစားမိသည်နှင့် ယွမ်ရှန်ရှန်က
“ဘာလို့ ဆရာမဆီ ရောက်လာတာလဲ။”
လုချန်း၏ သွေးအငွေ့အသက်ကို ခံစားမိပြီးဖြစ်သဖြင့် လုချန်းသည် သူမကို ရှာရန် ရောက်လာတာ သေချာသည်ဟု ယွမ်ရှန်ရှန် ချက်ချင်း ခန့်မှန်းခဲ့သည်။
ယွမ်ရှန်ရှန်၏ စကားကို ကြားလိုက်ရသည့်အခါ လုချန်း အံ့အားသင့်သွားသည်။ သူမကို ရှာရန် ရည်ရွယ်ချက်ဖြင့် သူရောက်လာတာဖြစ်ကြောင်း ယွမ်ရှန်ရှန် ချက်ချင်း သိရှိလိမ့်မည်ဟု လုချန်း မထင်ထားခဲ့ချေ။
ပုံမှန်အားဖြင့် သူ ဝမ်ရွန်ဆောင်သို့ ဝင်လာပါက ချန်ဝမ်ရွန် သို့မဟုတ် လင်ဝမ်ရွန်တို့နှင့် ပျော်ပါးဖို့ ဖြစ်နိုင်သည်။
သူမကို တစ်ခါမှ ရှာဖွေလေ့ မရှိချေ။
မတွန့်ဆုတ်ပဲ လုချန်းက တိုက်ရိုက် ပြန်ဖြေလိုက်သည်။
“ကျွန်တော် တိုင်ယင်နတ်ဘုရားဂိုဏ်းချုပ်နဲ့ ခုလေးတင် တွေ့ခဲ့တယ်။”
ထိုအခါ ယွမ်ရှန်ရှန်က
“တိုက်ခိုက်ခဲ့ကြလား”
ဟု မေးလိုက်သည်။
လုချန်းက
“မဟုတ်ပါဘူး။ တိုင်ယင်နတ်ဆိုးဂိုဏ်းက တပည့်တွေ ရုတ်တရက် သွေးအိုင်တွေအဖြစ် ပေါက်ကွဲသွားခဲ့တယ်။ ပြီးတော့ အဲဒီသွေးတွေက စုစည်းပြီး တိုင်ယင်ဂိုဏ်းချုပ်ရဲ့ မျက်နှာ ပုံပေါ်လာတယ်။ သူက ကျွန်တော့်ကို ထူးဆန်းတဲ့ စကားတွေ ပြောခဲ့တယ်။”
ထိုစကားကို ကြားပြီးနောက် ယွမ်ရှန်ရှန် ခဏခန့် စဉ်းစားလိုက်သည်။
“တိုင်ယင်ဂိုဏ်းချုပ်က ဒီလောကထဲကို ကျရောက်လာတဲ့ တခြားကမ္ဘာက မကောင်းဆိုးဝါးအကျင့် ကျင့်ကြံသူတွေနဲ့ တူတယ်။”
“သူ မင်းကို ဘာပြောခဲ့လဲ။”
လုချန်းက
“သူက ကျွန်တော်ဟာ ‘ကံကြမ္မာရဲ့သားတော်’ ဖြစ်တယ်လို့ ပြောပါတယ်။ နောက်ဆုံးတော့ ကျွန်တော့်ကို စောင့်ခဲ့ရတာ အောင်မြင်ပြီလို့ ပြောတယ်။ ပြီးတော့ ကျွန်တော်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်ရင် ဒီလောကကနေ ထွက်ခွာနိုင်ပြီလို့လည်း ပြောခဲ့တယ်။”
ထိုစကားကို ကြားလိုက်ရသည့်အခါ ယွမ်ရှန်ရှန် ရယ်မောလိုက်သည်။
“ကံကြမ္မာ၏သားတော်လား။ ဒီလို အယူအဆတွေ ယုံနေပုံထောက်ရင် တိုင်ယင်ဂိုဏ်းချုပ်ရဲ့ ဦးနှောက်က သိပ်မကောင်းဘူး။”
စိတ်ဝင်တစားဖြင့် လုချန်းက
“ဆရာမ။ ‘ကံကြမ္မာရဲ့သားတော်’ ဆိုတာ ဘာလဲ။ ဘာလို့ တိုင်ယင်ဂိုဏ်းချုပ်က ကျွန်တော့်ကို ကံကြမ္မာရဲ့ သားတော်လို့ ထင်တာလဲ။”
ယွမ်ရှန်ရှန်က ခပ်အေးအေးပင်
“ဒဏ္ဍာရီအရ နှစ်ထောင်ပေါင်းများစွာကြာတိုင်း ဒီကမ္ဘာက ကံကြမ္မာရဲ့ သားတော်တစ်ဦးကို မွေးဖွားပေးတယ်လို့ ဆိုတယ်။ ဒီကမ္ဘာမှာ သူပဲ ထာဝရတန်ခိုးရှင်ဖြစ်နိုင်ပြီး ဒီကမ္ဘာကနေ ထွက်ခွာနိုင်တဲ့ တစ်ဦးတည်းသောသူပဲ။”
သူမက ဆက်လက်၍ ဂရုမစိုက်ဟန်ဖြင့်
“ကြားရုံနဲ့တင် ဒါက အတုအယောင်ဆိုတာ သိသာနေပြီ။ ဒီဒဏ္ဍာရီက အမှန်ဟုတ်မဟုတ် စဉ်းစားစရာတောင် မလိုဘူး။ တကယ်ပဲ ထာဝရတန်ခိုးရှင်ဖြစ်ပြီး ဒီကမ္ဘာကနေ ထွက်ခွာသွားတဲ့ လူတွေ ရှိခဲ့ရင်တောင် အဲဒီ ‘ကံကြမ္မာရဲ့သားတော်’ ဆိုတာတွေက ဆရာမတို့လိုပဲ ဒီကမ္ဘာထဲကို ကျရောက်လာတဲ့ တခြားကမ္ဘာက ကျင့်စဉ်ကျင့်ကြံသူတွေ ဖြစ်နိုင်တယ်။ သူတို့ စွမ်းအားပြန်ရလာတာနဲ့ သဘာဝအတိုင်း ထွက်ခွာသွားကြတာပဲ။”
လုချန်း စဉ်းစားကြည့်လိုက်တော့ ဖြစ်နိုင်ခြေရှိကြောင်း သိလိုက်ရသည်။
တိုင်ယင်ဂိုဏ်းချုပ်က သူ့ကို ထူးခြားတယ်လို့ ထင်လို့လား ဒါမှမဟုတ် ကောလာဟလကို ယုံတာလား။
သို့သော် တိုင်ယင်ဂိုဏ်းချုပ်က သူ့ကို မြင်လိုက်တာနဲ့ ကံကြမ္မာရဲ့သားတော်လို့ ဘာလို့ ဆုံးဖြတ်လိုက်တာလဲ။
သူ့ကို ကံကြမ္မာရဲ့ သားတော်ဟု ဆုံးဖြတ်နိုင်သည့်အကြောင်းပြချက် တစ်ခုခု တိုင်ယင်ဂိုဏ်းချုပ်ဆီ၌ ရှိရမည်။
ထိုအတွေးဖြင့် လုချန်းက
“တိုင်ယင်ဂိုဏ်းချုပ်က ကျွန်တော့်ကို မြင်လိုက်တာနဲ့ ကံကြမ္မာ၏သားတော်လို့ ဆုံးဖြတ်လိုက်တယ်။ သူဘာလို့ ဒီလောက် သေချာနိုင်တာလဲဆိုတာ ဆရာမ သိလား။”
ယွမ်ရှန်ရှန်က
“မင်းက ငါနဲ့ ကျင့်ကြံထားတဲ့အတွက် ငါ့ရဲ့ ထာဝရတန်ခိုးရှင် အငွေ့အသက်ကို ထိတွေ့မိသွားတာပေါ့။ ထာဝရတန်ခိုးရှင် ကမ္ဘာကနေ ကျရောက်လာတဲ့ နတ်ဆိုးအကျင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ မင်းကို သာမန်လူတွေနဲ့ မတူဘူးဆိုတာ သဘာဝအတိုင်း သိသွားတယ်။ ဒါကြောင့် သူက မင်းကို ကံကြမ္မာ၏သားတော်လို့ ထင်တာပေါ့။”
လုချန်းက သူ့စိတ်ထဲတွင်
“ဒါကတော့ မှန်တယ်။ ဒါပေမဲ့ တကယ်ပဲ ဒီလိုလား” ဟု တွေးလိုက်မိသည်။
တိုင်ယင်ဂိုဏ်းချုပ်က သူ့ကို ကံကြမ္မာရဲ့သားတော်ဟု ထင်ရခြင်းအကြောင်းရင်းက စနစ်ကြောင့်လားဟု လုချန်းအနည်းငယ် စိုးရိမ်မိသည်။
ထို့နောက် ယွမ်ရှန်ရှန်က ခပ်အေးအေးပင်
“သူက နတ်ဆိုးအကျင့် ကျင့်ကြံသူတစ်ယောက်ပဲ။ ကြောက်စရာမလိုပါဘူး။ ငါသာ စွမ်းအားပြန်ရလာရင် သူ့ကို လက်ညှိုးတစ်ချက်တောက်လိုက်တာနဲ့ ရှင်းပစ်နိုင်တယ်။”
လုချန်း စိတ်ထဲ ပြုံးလိုက်သည်။ ဒီအမျိုးသမီးက သူ့ကို ထပ်ပြီး အရိပ်အမြွက် ပြောနေခြင်းဖြစ်သည်။ သူနဲ့ အတူတူ ကျင့်ကြံဖို့ စည်းရုံးချင်တာဖြစ်သည်။
ယွမ်ရှန်ရှန်က
“အခု တိုင်ယင်ဂိုဏ်းချုပ် ဘယ်သွားလဲ။”
လုချန်းက
“သူက ကျွန်တော့်ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ စောင့်နေမယ်လို့ ပြောပြီးတော့ ပျောက်သွားတယ်။”
ခဏခန့် စဉ်းစားပြီးနောက် ယွမ်ရှန်ရှန်က
“သူကမိုင်ပေါင်းတစ်ထောင်ကျော်အထိ အသံလွှင့်နိုင်တာပဲ။ သူ့စွမ်းအားက ကောင်းကင်လူသားအဆင့်ကို ကျော်လွန်နေပြီနဲ့ တူတယ်။ သူ့ကို ကိုင်တွယ်ရတာ မလွယ် လောက်ဘူး။”
ယွမ်ရှန်ရှန် ထိုသို့ ပြောသည်ကို ကြားလိုက်ရသည့်အခါ လုချန်း စိုးရိမ်လာသည်။ ဤအမျိုးသမီး ထွက်ပြေးရန် စဉ်းစားနေပြီလား။
ပြဿနာ၏ ရှိနိုင်မည့် အရိပ်အယောင် စမြင်သည်နှင့် သူမ ထွက်ပြေးရန် စဉ်းစားနေပြီဖြစ်သည်။
လုချန်းက ယွမ်ရှန်ရှန်၏ လှပသော နတ်သမီးမျက်နှာကို ငေးကြည့်နေစဉ် သူမက
“တိုင်ယင်ဂိုဏ်း ကိစ္စကို အခု ခဏထားလိုက်။ အခု မင်းအတွက် အရေးအကြီးဆုံးက တောင်ဘက်ကို သွားပြီး ထီးနန်းအတွက် တိုက်ခိုက်ဖို့ပဲ။”
လုချန်းက
“ကျွန်တော် နားလည်ပါတယ်။”
လုချန်းသည် ဝမ်ရွန်ဆောင်တွင် အကြာကြီး မနေခဲ့ချေ။ ထိုက်ယင်ဂိုဏ်းချုပ်အကြောင်း သူ အခြေခံအားဖြင့် နားလည်သွားပြီဖြစ်သည်။ သူသည် မကောင်းဆိုးဝါး ကျင့်စဉ် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သဖြင့် တိုင်ချူးနတ်ဘုရားကျောင်းနှင့် နေဝင်ဆည်းဆာ ဓားဂိုဏ်းမှ လူများ ရောက်ရှိလာသည်နှင့် သူ့ကို ကိုင်တွယ်နိုင်ပေမည်။
ဝမ်ရွန်ဆောင်မှ ထွက်လာပြီးနောက်စာကြည့်ခန်းသို့ သွားရောက် အလုပ်လုပ်မည့်အစား ထောင်အမှတ်တစ် သို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။
ရွှီလင်လုံ ထပ်ပြေးရန် ကြိုးစားခဲ့ခြင်း ရှိမရှိ သူ ကြည့်ချင်သည်။
လုချန်း ထောင်အမှတ် တစ်သို့ ရောက်ရှိလာသောအခါ ရွှီလင်လုံသည် သူမ၏ အိပ်ရာပေါ်တွင် တရားထိုင်နေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လုချန်း ညင်သာစွာ ရယ်မောလိုက်သည်။
လုချန်း၏ ရယ်သံကို ကြားလိုက်ရသည့်အခါ ရွှီလင်လုံ ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။ သူမက ခပ်အေးအေးပင်
“ရှင် ဘာလာလုပ်တာလဲ။”
ရယ်မောရင်း လုချန်းက
“ဖမ်းမိထားတဲ့ နတ်ဆိုးမကို စစ်မေးဖို့ပေါ့”
..................
အခန်း (၇၃၄)
ကျွန်မကို ထည့်မတွက်ဘူး မဟုတ်လား (၁)
လုချန်း၏ အဖြေကို ကြားလိုက်ရသည့်အခါ ရွှီလင်လုံက ခပ်အေးအေးပင် နှာခေါင်းရှုံ့လိုက်ပြီး
“ကျွန်မသိထားတာတွေ အားလုံး ရှင်သိပြီးသားပဲ။ ထပ်ပြီး စစ်မေးစရာ ဘာရှိဦးမှာလဲ။ ကျွန်မကို သတ်လိုက်တာက ပိုကောင်းဦးမယ်။”
ရွှီလင်လုံ စိတ်ခံစားမှု ပြင်းထန်လာသည်ကို မြင်လိုက်ရသည့်အခါ လုချန်းလည်း သူမကို စနောက်လိုစိတ်များ ပေါ်ပေါက်လာသည်။
“ဘာပဲဖြစ်ဖြစ် မင်းက နတ်ဆိုးဂိုဏ်းက နတ်ဆိုးမပဲ။ ဒီလောက် လွယ်လွယ်လေး သတ်ပစ်လိုက်ရင် မင်းကို သက်ညှာလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား။”
“ဒါနဲ့ ပြောရဦးမယ်။ ထောင်အမှတ် တစ်မှာ အစောင့်အရှောက် များများစားစား မရှိဘူး။ မင်း ကြိုးစားခဲ့ရင် အစောပိုင်းက ထွက်ပြေးလို့ ရခဲ့တာပဲ။ ဘာလို့ မပြေးတာလဲ။”
လုချန်း ပြောသည်ကို ကြားလိုက်ရသည့်အခါ ရွှီလင်လုံ စိတ်တိုသွားသည်။ သူမက လှောင်ရယ်လိုက်ပြီး
“ပြေးဖို့ ဟုတ်လား။ ရှင်ကျွန်မ အပေါ်မှာ ဘယ်လိုနည်းလမ်းတွေ သုံးထားလဲဆိုတာ ရှင်ကိုယ်တိုင် မသိဘူးလား။ ကျွန်မ ဘယ်ကိုများ ပြေးနိုင်မှာလဲ။”
ယခု သူမ ထွက်ပြေးပါကလည်း သူမ၏ စိတ်နှလုံးအတွင်းမှ တောင့်တမှုကြောင့် နောက်ဆုံးတွင် လုချန်းထံသို့ ပြန်လာရမည်ဖြစ်သည်။
လုချန်းက သူမ၏ခန္ဓာကိုယ်ကို အကျဉ်းချထားရုံသာမကသူမ၏ နှလုံးသားကိုပါ ဖမ်းဆီးထားခဲ့သည်။ ခန္ဓာကိုယ်ကို အကျဉ်းထောင်မှ လွတ်မြောက်အောင် ပြုလုပ်နိုင်သော်လည်း နှလုံးသားကို အကျဉ်းချထားခြင်းမှ မည်သို့ပြေးနိုင်မည်နည်း။ သူမသွားသည့်နေရာတိုင်းတွင် လုချန်းနှင့်အတူ မရှိပါက အကျဉ်းထောင်တွင်နေရခြင်းနှင့် မခြားနားပေ။
ထိုအချိန်တွင် ရွှီလင်လုံက
“ကျွန်မ ထင်တယ် မင်းသား။ ရှင်က ကျွန်မထက်တောင် နတ်ဆိုးဂိုဏ်းဝင်တစ်ယောက်နဲ့ ပိုတူတယ်။”
လုချန်းက ညင်သာစွာ ပြုံးလိုက်ပြီး အိပ်ရာဘေးသို့ လျှောက်သွားကာ သူမ၏ မေးစေ့ကိုကိုင်၍ သူမ၏ မက်မွန်ပန်း မျက်လုံးများကို ကြည့်ရင်း
“ဪ။တကယ်လား။ မင်း ဒီလို ပြောပြီးဆိုမှတော့ ကိုယ်လည်း နတ်ဆိုးဂိုဏ်းရဲ့ စစ်မေးနည်းအချို့ကို မင်းအပေါ်မှာ သုံးရတော့မှာပေါ့။”
ရွှီလင်လုံ မျက်လုံးများကို အနည်းငယ် မှိတ်ထားပြီး မကြောက်မရွံ့ဟန်ဆောင်ကာ
“လုပ်ချင်တာ လုပ်။ ကျွန်မကို သတ်လိုက်။ ဘာပဲဖြစ်ဖြစ် ကျွန်မ အသက်ရှင်ချင်စိတ် မရှိတော့ဘူး။”
လုချန်း ရယ်မောလိုက်ပြီးနောက် သူမကို အိပ်ရာပေါ်သို့ တွန်းချလိုက်သည်။ ရွှီလင်လုံက သူ ဘာလုပ်တော့မှာလဲဟု တွေးနေစဉ် ရုတ်တရက် အဝတ်ဆွဲဖြဲသံတစ်ခု ကြားလိုက်ရပြီးနောက် သူမ၏ နှုတ်ခမ်းများ ပိတ်မိသွားခဲ့သည်။
ရွှီလင်လုံ စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ ဤလူယုတ်မာက သူမကို အသုံးပြုပြီးနောက် စွန့်ပစ်ရန် စီစဉ်ထားသော်လည်း ယခုတိုင် ထို အရာများ ပြုလုပ်နေဆဲဖြစ်သည်။ သူမကို သတ်ပစ်လိုက်တာက ပိုကောင်းမည်။
ရွှီလင်လုံ၏ စိတ်ထဲ လုချန်းအပေါ် အမျက်ဒေါသများ ထွက်နေသော်လည်း မကြာမီတွင် သူမ၏ ဒေါသစိတ်များ လုံးဝပျောက်ကွယ်သွားခဲ့သည်။ လုချန်း၏ စစ်ဆေးမေးမြန်းမှုအောက်တွင် ရွှီလင်လုံသည် သူမကိုယ်သူမ ပုံမှန်မဟုတ်ဟု ခံစားလာရသည်။
လုချန်းသည် ရွှီလင်လုံအပေါ် ဝမ်ချင်းစီပင် မကြုံဖူးသေးသည့် နည်းလမ်းများကို အသုံးပြုခဲ့သည်။
ရွှီလင်လုံ နောက်တစ်နေ့မနက် နိုးထလာသောအခါ သူမ၏ လည်ပင်းတွင် ခေါင်းလောင်းတစ်လုံး ချည်ထားသည်ကို တွေ့လိုက်ရသည်။ ယခင်နေ့က ဖြစ်ရပ်များကို ပြန်တွေးမိသည်နှင့် ရွှီလင်လုံ ခေါင်းလှည့်ကာ အနီးရှိ လုချန်းကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။
ရွှီလင်လုံ နိုးနေသည်ကို မြင်လိုက်ရသည့်အခါ လုချန်းက ညင်သာစွာ ပြုံးလိုက်ပြီး “ကိုယ်က စကားတည်တဲ့သူပဲ။ ပေးထားတဲ့ ကတိကို တည်တယ်။”
“ မင်း အနည်းဆုံး မိဖုရားငယ်အဆင့် ရမယ်လို့ ကိုယ်ပြောထားတယ် မဟုတ်လား။ ဒါကြောင့် ကိုယ် မင်းကို သတ်လို့ မဖြစ်ဘူး။”
“ဒါနဲ့ တခြားတစ်ဖက်ကနေကြည့်ရင်တော့ မင်းက နှိပ်စက်ခံရတာကို တော်တော်လေး ကြိုက်ပုံရတယ်။ ဟုတ်တယ် မဟုတ်လား။”
ထိုစကားများကို ကြားလိုက်ရသည့်အခါ ရွှီလင်လုံ၏ မျက်နှာ ရုတ်တရက် နီရဲလာသည်။ ဘာကြောင့်မှန်း မသိ ထိုယုတ်မာသောလူက သူမကို နှိပ်စက်သောအခါ စိတ်လှုပ်ရှားမှုတစ်မျိုးကို သူမခံစားရသည်။
ဘာဖြစ်နေတာလဲ။
ရွှီလင်လုံ တစ်ခုခု ပြောရန် ပြင်ဆင်နေစဉ် လုချန်း၏ မျက်နှာ ရုတ်တရက် မှောင်မိုက်သွားပြီး
“ဟုတ်ပြီ။ အခုကစပြီး မင်း ကိုယ့်ကို ‘သခင်’ လို့ ခေါ်ရမယ်။”
လုချန်း၏ ညိုမှိုင်းနေသော မျက်နှာကို မြင်လိုက်ရသည့်အခါ ရွှီလင်လုံ တုန်လှုပ်သွားပြီး ကြောက်ရွံ့မှုများ လွှမ်းခြုံသွားသည်။ ဤလူ ဘာတွေးနေသည်ကို သူမ ကောင်းစွာ နားမလည်နိုင်ချေ။
သို့သော် ဤတစ်ကြိမ်တွင် ရွှီလင်လုံက လုချန်း၏ အမိန့်ကို မဆန့်ကျင်ပဲ
“သခင်... ဒီ အစေခံမ နားလည်ပါတယ်။”
သူမ၏ စကားများကို ကြားလိုက်ရသည့်အခါ လုချန်းက သူ့လက်ကို မြှောက်ကာ ရွှီလင်လုံ၏ ဆံပင်များကို ပွတ်သပ်လိုက်ပြီး
“အင်း။ဒါက ပိုပြီး နာခံမှု ရှိတာပေါ့”
ဟု မှတ်ချက်ပြုလိုက်သည်။
ထိုအချိန်တွင် ရွှီလင်လုံ၏စိတ်ထဲ လုချန်း၏ လက်ကို ကိုက်ပစ်ချင်စိတ် ပေါက်နေခဲ့သည်။
ယုတ်မာသော လူ။
သူမကို ကစားစရာတစ်ခုထက် မပိုအောင် တကယ်ပဲ ဆက်ဆံတာကိုး။
ရွှီလင်လုံ၏ မျက်လုံးများတွင် အဆိပ်ပြင်းသော အကြည့်ကို မြင်လိုက်ရသည့်အခါ လုချန်းက မျက်နှာတစ်ဖန် ပြန်တည်သွားပြီး
“ကိုယ့်ရဲ့ အစေခံမက ကိုယ့်ကို ဒီလို မျက်လုံးမျိုးနဲ့ ကြည့်ရဲတယ်လား။ မင်းလုံးဝ နာခံမှု မရှိသေးဘူးထင်တယ်။ သင်ခန်းစာအချို့ ပေးရတော့မယ်။”
ဤသို့ ပြောပြီးနောက် လုချန်းက ခေါင်းလောင်းကြိုးကို ဆွဲလိုက်ပြီး ရွှီလင်လုံကို သူ့ရှေ့သို့ ဆွဲခေါ်လိုက်၏။ ထို့နောက် ရွှီလင်လုံကို ဆက်လက် “သင်ကြား” ခဲ့သည်။
မကြာမီပင် အခန်းထဲတွင် သနားခံသံများ တစ်ဖန် ပြန်လည် ပဲ့တင်ထပ်လာသည်။
“မင်းသား။ ကျွန်မကို သနားပါဦး။သင်ခန်းစာ ရပါပြီ...”
“သခင်”
လုချန်းလည်း နတ်ဆိုးဂိုဏ်းမှ နတ်ဆိုးမကို မည်မျှကြာအောင် သင်ကြားခဲ့သည်ကို မသိလိုက်ချေ။ သို့သော် ရွှီလင်လုံ ပြန်လည် သတိရလာသောအခါ သူမ၏ ဆန့်ကျင်လိုစိတ်အားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။
အိပ်ရာပေါ်တွင် လဲလျောင်းကာ ခေါင်းအုံးကို ပွေ့ဖက်ထားရင်း သူမက တိုးတိုးလေး မေးလိုက်သည်
“ဒါက ရှင့်ရဲ့ မျက်နှာအစစ်အမှန်လား မင်းသား။”
လုချန်းက
“လူတိုင်းရဲ့ စိတ်ထဲမှာ အမှောင်ခြမ်း ရှိတယ်။ ကိုယ်က အဲ့ဒါကို သိပ်ထုတ်ဖော်ပြလေ့ မရှိဘူး။”
ရွှီလင်လုံက
“ကျွန်မ ကံဆိုးတာပေါ့။ ရှင့် လက်ထဲ ရောက်သွားပြီဆိုတော့ တစ်သက်လုံး ရှင့်ရဲ့ ကစားစရာဘဝနဲ့ နေရတော့မယ်။”
လုချန်းက ပြုံး၍
“ကံဆိုးတာလား။ ကိုယ်သာ မရှိခဲ့ရင် မင်း တိုင်ယင်ဂိုဏ်းချုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေပြီး သူ့ရဲ့ သွေးကျွန်အဖြစ် ဆက်နေရဦးမှာ။”
ရွှီလင်လုံက
“ဒါပေမဲ့ အခုလည်း ကျွန်မက ရှင့်ရဲ့ အစေခံ မဟုတ်ဘူးလား။”
သူမ၏ စကားကို ကြားလိုက်ရသည့်အခါ လုချန်းက ရွှီလင်လုံ၏ နားနား ကပ်၍
“ဘာလဲ။ မင်း မကျေနပ်ဘူးလား။”
လုချန်း၏ နက်ရှိုင်းသော အသံကို ကြားလိုက်ရသည့်အခါ ရွှီလင်လုံ၏ ကျောရိုးများ အေးစိမ့်သွားပြီး သူမ၏ ခန္ဓာကိုယ်လည်း တစ်ဖန် မငြိမ်မသက် ဖြစ်လာပြန်သည်။
“အင်း။ ကိစ္စမရှိပါဘူး။ ဒီကျွန်မက ဒီလို နိမ့်ကျတဲ့ ကံကြမ္မာနဲ့ မွေးလာတာဆိုတော့ ဘယ်သူ့ကို အပြစ်တင်လို့ ရမှာလဲ။”
ရွှီလင်လုံသည် သူမ၏ ကံကြမ္မာကို လက်ခံလိုက်ပြီဖြစ်သည်။ လုချန်း၏ အစောပိုင်းက ရက်စက်ကြမ်းကြုတ်မှုသည် စိတ်လှုပ်ရှားမှုနှိုးဆွရန် လှည့်ကွက်တစ်ခုသာ ဖြစ်ပြီး သူ၏ တကယ့်သဘာဝက ထိုသို့ မဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။
...........
အခန်း (၇၃၅)
ကျွန်မကို ထည့်မတွက်ဘူး မဟုတ်လား (၂)
ထူးဆန်းစွာပင် လုချန်း အခုလို ဆက်ဆံနေခြင်းကို သူမ ပိုနှစ်သက်နေပုံပေါ်သည်။ သူမ ပြောသလိုပင် သူမ၏ဘဝသည် တန်ဖိုးမရှိဟု ခံယူထားခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ထိုအချိန်တွင် လုချန်းက
“ဒီည မင်း မင်းသားစံအိမ် ပြန်နေသင့်တယ်။ အားလပ်ချိန်တွေ အများကြီးရှိနေရင် နောက်ပိုင်းမှာ ချင်းစီနဲ့အတူ သူ့အလုပ်တွေကို လိုက်လုပ်နိုင်တယ်။”
“ဟုတ်ပြီ။ ဒီတစ်ခါ ကိုယ်နဲ့အတူ တောင်ပိုင်းကို လိုက်ခဲ့ရမယ်။”
ထိုစကားကိုကြားသောအခါ ရွှီလင်လုံက ခပ်ဖွဖွ ရယ်မောလိုက်ပြီး
“သခင်က ကျွန်မကို မယုံသေးဘူးနဲ့တူတယ်။ သခင်က ထွက်သွားတဲ့အခါ ကျွန်မက သခင်နှစ်သက်တဲ့ မိန်းမလှလေးတွေကို အန္တရာယ်ပြုမှာကို ကြောက်နေလို့ ကျွန်မကို အချိန်တိုင်း ဘေးနားမှာ ထားချင်နေတာလား။”
လုချန်းက မငြင်းခဲ့ပေ။ ထို့အစား သူက ကြိုးကို ထပ်ဆွဲလိုက်သဖြင့် ရွှီလင်လုံ၏ ဦးခေါင်း မတ်သွားကာ ခေါင်းလောင်းသံ မြည်လာသည်။ လုချန်းက သူမ၏ နားနားကပ်၍ ဆက်ပြောလိုက်သည်။
“မင်းပြောတာ မှန်တယ်။ မင်းလို နတ်ဆိုးဂိုဏ်းက နတ်ဆိုးမက ကိုယ့်မိန်းမတွေကို အန္တရာယ်ပြုမှာကို ကြောက်တယ်။ ဒါကြောင့် မင်းကို ဘေးနားမှာ ချည်နှောင်ထားပြီး အချိန်တိုင်း ပညာပေးရမယ်။”
“မင်းက မနာခံရင် သတ်ပစ်မယ်။”
ရွှီလင်လုံသည် ဒေါသထွက်မည့်အစား လုချန်း၏ စကားများကိုကြားပြီးနောက် ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ အလွန်အမင်း ခံစားလိုက်ရသည်။
ထိုအချိန်တွင် လုချန်းနှင့် ရွှီလင်လုံ အလွန်နီးကပ်နေသည်ကြောင့် သူမ၏ ခန္ဓာကိုယ် စိတ်လှုပ်ရှားမှုဖြင့် တင်းမာလာသည်ကို လုချန်း သိသိသာသာ ခံစားလိုက်ရသည်။
အခုတော့ အတော်လေး သေချာနေပြီ ဖြစ်သည်။ ဒီနတ်ဆိုးဂိုဏ်းက နတ်ဆိုးမမှာ တကယ် ပြဿနာရှိနေသည်။
သူက ပိုပြီး ပြစ်ဒဏ်ပေးလေလေ သူမက ပိုပြီး စိတ်လှုပ်ရှားလေ ဖြစ်သည်။ ဤလောကတွင် ထိုကဲ့သို့သောသူမျိုး တွေ့ရမည်ဟု လုချန်း လုံးဝမမျှော်လင့်ထားပေ။
ထိုအချိန်တွင် ရွှီလင်လုံက ချွဲနွဲ့သော အသံဖြင့်
“သခင်က အရမ်းကို ခက်ထန်တာပဲ။ ကျွန်မ နာခံပါ့မယ်။”
လုချန်းက ပြတ်သားစွာဖြင့်
“မင်း နာခံချင်ယောင်ဆောင်ရုံနဲ့ ကိုယ် စိတ်လျော့မယ် မထင်နဲ့။ မင်းကို အနီးကပ် စောင့်ကြည့်နေမှာ။”
လုချန်း၏ စကားများက ရွှီလင်လုံ၏ နှလုံးကို ပိုမိုမြန်ဆန်စွာ ခုန်စေပြီး ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။
သို့သော် ထိုအချိန်တွင် လုချန်းက ရွှီလင်လုံကို လွှတ်ပေးလိုက်ပြီး ထရပ်လိုက်ကာ
“ဒီနေ့တော့ ဒီလောက်ပဲ။ ကိုယ့်မှာ တခြားကိစ္စတွေ ရှိသေးလို့ အခု သွားရဦးမယ်။”
ထိုအချိန်တွင် ရွှီလင်လုံလည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်နေပြီ ဖြစ်ရာ သူမက
“မင်းသားက တိုင်ယင်ဂိုဏ်းကို ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ။”
“ကျွန်မ နားလည်သလောက် ဂိုဏ်းချုပ်ရဲ့စွမ်းအားကို ပြန်ရရှိလာရင် ကောင်းကင်လူသား စွမ်းအားရှင်ထက်တောင် ပိုပြီး အစွမ်းထက်လာနိုင်တယ်။”
ယခုအချိန်တွင် ရွှီလင်လုံသည် လုချန်းလက်အောက်သို့ အလုံးစုံ ကျရောက်သွားပြီ ဖြစ်ပြီး လုချန်းအတွက် စိုးရိမ်တတ်လာပြီဖြစ်သည်။
လုချန်းက ပြုံးပြီး
“အချိန်တန်ရင် ဖြေရှင်းတာပေါ့။ အခုချိန်မှာတော့ သူ့စွမ်းအားကို ပြန်ရဖို့ ဝေးနေသေးတယ် မဟုတ်လား။”
ရွှီလင်လုံ စဉ်းစားကြည့်ပြီး ထိုစကား မှန်ကန်သည်ဟု ယူဆလိုက်သည်။
လုချန်းက ဆက်လက်၍
“တိုင်ယင်ဂိုဏ်းရဲ့ ကိစ္စတွေကို မင်း စိတ်ပူစရာမလိုဘူး။ နတ်ဆိုးဂိုဏ်းချုပ်က ကိုင်တွယ်ရ နည်းနည်းခက်နေနိုင်ပေမဲ့ ကိုယ်ကလည်း အားနည်းသူ တစ်ယောက်တော့ မဟုတ်ဘူး။”
“ရှနိုင်ငံတော်ရဲ့ ထီးနန်းကို သိမ်းပိုက်ပြီးတာနဲ့ တိုင်ယင်နတ်ဆိုးဂိုဏ်းကို ချက်ချင်း ရှင်းပစ်မယ်။”
တကယ်တော့ လုချန်းလည်း အခြားကမ္ဘာလောကမှ လာသော ထိုစွမ်းအားရှင်ကို အနည်းငယ် စိုးရိမ်မိနေသည်။
တိုင်ချူးဘုရားကျောင်းနှင့် နေဝင်ဆည်းဆာဓားဂိုဏ်းမှ ကိုယ်စားလှယ်များ ရောက်ရှိလာချိန်တွင် ရှနိုင်ငံတော်၏ ထီးနန်းကို သူ သိမ်းပိုက်ပြီးလုနီးပါး ဖြစ်လိမ့်မည်။ ထိုအချိန်တွင် တိုင်ယင်ဂိုဏ်းကို တိုက်ခိုက်ရန် ဘက်ပေါင်းစုံမှ အင်အားများကို စုစည်းမိမည် ဖြစ်သည်။
လုချန်း၏ အစီအစဉ်ကို ရွှီလင်လုံ သိမြင်သွားပြီး ဆက်မမေးတော့ပေ။
ထိုအချိန်တွင် လုချန်း အဝတ်အစားများ ဝတ်ဆင်ပြီးသွားပြီဖြစ်သည်။ သူကရွှီလင်လုံ၏ လှပသော ခန္ဓာကိုယ်ကို တစ်ချက်ပြန်ကြည့်လိုက်သည်။ ထိုကဲ့သို့သော မိန်းမတစ်ယောက်သည် တကယ်ပင် စိတ်ကိုထိန်းမနိုင်သိမ်းမရ ဖြစ်စေနိုင်သည်။
သူမအပေါ်ကျရောက်လာသော သူ၏ အားကြီးသော အကြည့်များကို စားမိသောအခါ ရွှီလင်လုံလည်း မရည်ရွယ်ပဲ တုန်ယင်သွားပြီး ထိုလူတွင် ထိုကဲ့သို့သော အတွေးများ ထပ်ဝင်လာပြီလားဟု တွေးမိသည်။
ကံကောင်းထောက်မစွာပင် လုချန်း နောက်ထပ် လှုပ်ရှားမှု မပြုတော့ပေ။ သူက သူမကို တစ်ချက်ကြည့်လိုက်ပြီး
“မင်းရဲ့ အတွေ့အကြုံတွေက ချင်းစီနဲ့ တော်တော်လေး ဆင်တူတယ်။ မင်းတို့နှစ်ယောက်မှာ ပြောစရာတွေ အများကြီးရှိမှာ သေချာတယ်။ နောက်ပိုင်း သူနဲ့ ပိုပြီး စကားပြောပါ။”
ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရခြင်း၊ အဖွဲ့အစည်းတစ်ခုက ပြုစုပျိုးထောင်ပေးခဲ့ခြင်း၊ တာဝန်တစ်ခုကြောင့် လုချန်းထံသို့ ချဉ်းကပ်ခဲ့ခြင်း၊ နောက်ဆုံးတွင် လုချန်း၏ ညှင်းပန်းနှိပ်စက်မှုကြောင့် သေလုနီးပါး ဖြစ်ကာ ပြန်လည်ရှင်သန်လာပြီး သူ၏ မိန်းမ အစေခံဖြစ်သွားခြင်း၊ ကိုယ်ရောစိတ်ပါ သူ့လက်အောက်သို့ ကျရောက်သွားခြင်းတို့ကြောင့် သူတို့နှစ်ယောက်တွင် တူညီမှုများ ရှိနေသည်။
သို့သော် သူတို့နှစ်ဦးကြားတွင် ကွဲပြားမှုများ ရှိနေသည်။ ဝမ်ချင်းစီသည် ဆွဲဆောင်မှုရှိပြီး စွဲမက်ဖွယ်ကောင်းသော်လည်း ရွှီလင်လုံ၏ နာကျင်မှုကို နှစ်သက်တတ်သည့် စိတ်မျိုး မရှိပေ။ ဖြစ်ကောင်း ဖြစ်နိုင်သည်မှာ ရွှီလင်လုံသည် နတ်ဆိုးဂိုဏ်းမှ နတ်ဆိုးမ ဖြစ်နေသည်ကြောင့် သူမ၏ စိတ်ခံစားမှုက တစ်နည်းနည်းတစ်ဖုံ သဘာဝလွန်နေခြင်း ဖြစ်ပေလိမ့်မည်။
လုချန်း၏ စကားများကိုကြားပြီးနောက် ရွှီလင်လုံက
“နားလည်ပါပြီ။ ကျွန်မ ဝမ်မိန်းကလေးဆီကနေ ကောင်းကောင်းသင်ယူပြီး အနာဂတ်မှာကောင်းကောင်းအမှုထမ်းပါ့မယ်။”
လုချန်းလည်း တစ်ချက်ပြုံးလိုက်ပြီး ဘာမှမပြောတော့ပဲ အခန်းထဲမှ ထွက်သွားခဲ့သည်။
လုချန်း ထွက်သွားပြီးနောက် ရွှီလင်လုံသည် ရှုပ်ပွနေသော အခန်းကို ကြည့်လိုက်ပြီး သူမ၏ ဖောင်းကားနေသော ဗိုက်ကို ထိတွေ့လိုက်သည်။
တစ်ရက်အတွင်း သူမ၏ကိုယ်အလေးချိန် တိုးလာသည်ဟု ခံစားရသည်မှာ မယုံနိုင်စရာပင်။
အိုး...
သူမ ဤယုတ်မာသောလူလက်မှ လွတ်မြောက်ရန် အမှန်တကယ် မဖြစ်နိုင်တော့ဟု ထင်ရသည်။
ထိုသို့တွေးလိုက်ပြီး ရွှီလင်လုံ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ ဤလူသည် သူမအပေါ် ဤမျှရဲရင့်စွာ ပြုမူနေပြီး သူမက ထောင်ချောက်ဆင်မည်ကို အနည်းငယ်မျှပင် စိုးရိမ်ခြင်းမရှိပေ။
စောင့်ကြည့်လိုက်ပါ။ သူမသူ့အား သားသမီးများစွာ မွေးဖွားပေးပြီးနောက် သူ၏သားသမီးများမှတစ်ဆင့် လက်စားချေမည်ဟု တွေးလိုက်သည်။
ထိုသို့တွေးလိုက်သောအခါ ရွှီလင်လုံ အတော်လေး စိတ်သက်သာရာရသွားခဲ့သည်။
သို့သော် ထိုအတွေးများရှိသော်လည်း သူမ၏ ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးများကို ထုတ်ပယ်ရန် အတွင်းအားများကို စတင် လည်ပတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေနှင့် သူမ သက်သောင့်သက်သာ မရှိသောကြောင့် ဖြစ်သည်။
...
လုချန်းသည် မင်းသားစံအိမ်သို့ ပြန်ရောက်သောအခါ ဝူကျန်းဝမ်၏ အစေခံမိန်းကလေး တစ်ဦး လုချန်းထံလာရောက်ကာ ဝူကျန်းဝမ်က သူနှင့် တစ်စုံတစ်ခု ဆွေးနွေးလိုကြောင်း သတင်းပို့လာသည်။
သူလွန်ခဲ့သောရက်အနည်းငယ်ကမှ သူမ၏ အဆောင်သို့ သွားရောက်ခဲ့သည် မဟုတ်ပါလား။
အခု သူမက မစောင့်နိုင်ပြန်ဘူးလားဟု တွေးလိုက်သည်။
အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ဦးသည် ကျားမတစ်ကောင်နှင့်တူသည်ဟု ဆိုကြသည်...
သို့သော် ဝူကျန်းဝမ် ထိုမျှလောက် ကြောက်စရာကောင်းသည်ဟုတော့ သူ မခံစားခဲ့ရပေ။
လုချန်း ထပ်မစဉ်းစားတော့ပဲ ဝူကျန်းဝမ်၏ အဆောင်သို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။
ဝူကျန်းဝမ်၏ အဆောင်သို့ ဝင်လိုက်သောအခါ ဝူကျန်းဝမ်နှင့် မုယုံရွှီတို့ ငြင်းခုံနေကြသည်ကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် ဝူကျန်းဝမ်က မုယုံရွှီကို
“ချင်ရို့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ရောက်လာတဲ့အခါ မင်းရဲ့ပါးစပ်က အခုလိုပဲ သူတပါးကို မဆင်မခြင် လျှောက်ပြောဦးမှာလားဆိုတာ ကြည့်ချင်သေးတယ်။”
ရယ်မောလိုက်ရင်း လုချန်းက
“ကိုယ်ရဲ့မင်းသမီးကျန်းဝမ်။ ရွှီက ဒီတစ်ခါ ဘာလုပ်ပြန်လို့လဲ။”
ဟု ဝင်မေးလိုက်သည်။
လုချန်း၏ အသံကိုကြားပြီးနောက် ဝူကျန်းဝမ်က သူ့ကို ကြည့်လိုက်ပြီး
“မင်းသားစံအိမ်က အစေခံတွေက အစေခံလို မနေဘူး။ သူတို့ရဲ့ သခင်တွေကို အမြဲ ပြန်ပြောနေကြတယ်။ မင်းသားကလည်း သူတို့ကို အမြဲတမ်း အလိုလိုက်နေတာပဲ။”
မုယုံရွှီတွင် မင်းသားစံအိမ်၌ ကိုယ်ပိုင်အဆောင် ရှိသော်လည်း မင်းသမီးကျန်းဝမ်၏ ရာထူးနှင့် ယှဉ်လျှင် သူမသည် အစေခံတစ်ဦးမျှသာ ဖြစ်သည်။
လုချန်းက အဆောင်ငယ်ထဲ လျှောက်သွားပြီး မုယုံရွှီ၏ ဘေးတွင် ထိုင်လိုက်သည်။ သူ၏ လက်မောင်းက သူမ၏ ခါးကို ရစ်ပတ်လိုက်ပြီး
“ရွှီက ရိုးရိုးအစေခံတစ်ယောက် မဟုတ်ဘူး။ သူမက ကျူးနိုင်ငံတော်ကနေ မြောက်ပိုင်းပြည်နယ်ကို စေလွှတ်လိုက်တဲ့ သံအရာရှိတစ်ယောက်ပါ။”
ဝူကျန်းဝမ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး
“သူက ကျူးနိုင်ငံတော်က အရာရှိတစ်ယောက် တကယ်ပီသတယ်ဆိုရင် ကျွန်မကို နေ့တိုင်း ပြန်မပြောရဲဘူး။”
ပြောရမည်ဆိုလျှင် ဝူကျန်းဝမ်သည် ကျူးဧကရီ၏ သူငယ်ချင်းတစ်ဦး ဖြစ်သည်။ ထို့ကြောင့် ကျူးနိုင်ငံတော်မှ အရာရှိကြီးများပင် သူမအား အလွန်လေးစားစွာ ဆက်ဆံကြသည်။ မုယုံရွှီတစ်ဦးတည်းသာ သူမနှင့်ရင်ဆိုင်သည့်အခါ သူမအား အရေးမစိုက်ပေ။
ပြောရလျှင် မုယုံရွှီတွင် ယခုအချိန်၌ ကျောထောက်နောက်ခံ ရှိနေပြီဖြစ်၏။ ထိုလူမှာ ယခု သူမ၏ ခါးကို ဖက်ထားပြီး သူမ၏ ကိုယ်ခန္ဓာကို လက်ဖြင့် ပွတ်သပ်နေသောသူ ဖြစ်သည်။
လုချန်းက ထိုအကြောင်းအရာကို ဆက်မပြောတော့ပဲ ဝူကျန်းဝမ်ကို
“အစေခံ မိန်းကလေးက မင်း ကိုယ့်ကို ရှာနေတယ်လို့ ပြောတယ်။ အထီးကျန်နေလို့ မင်းရဲ့ အထီးကျန်မှုကို ဖြေဖျောက်ပေးရမယ်လို့တော့ မပြောနဲ့နော်။”
ဝူကျန်းဝမ်က လုချန်း၏ စကားများကို လျစ်လျူရှုလိုက်ပြီး စာတစ်စောင်ကို ကျောက်စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
“ကြည့်လိုက်။”
လုချန်းလည်း စိတ်ဝင်စားစွာဖြင့် ထိုစာကို ကောက်ယူပြီး သေချာဖတ်လိုက်၏။ စာပါ အကြောင်းအရာများကို ဖတ်ပြီးသောအခါ သူ၏ နှုတ်ခမ်းထောင့်များတွင် အနည်းငယ် ပြုံးယောင်သန်းလာသည်။
“ကျန်းဝမ်။ ယွဲ့ဧကရာဇ်က မင်းရဲ့ သူငယ်ချင်းကောင်းဆို။ မင်းက သူ့ကို အဲ့လို သစ္စာဖောက်လိုက်တာလား။”
“သူ မင်းဆီကို ရေးခဲ့တဲ့စာ ကိုယ့်ကို ပြရဲတယ်။”
သူမ သူ့အား အပြည့်အဝနာခံသွားပြီဖြစ်ကြောင်း သူကောင်းစွာသိသော်လည်း ဤလူက ဒီလိုစကားမျိုး အရသာခံ ပြောနေဆဲဖြစ်သည်။ ဒါက သူမအား စော်ကားနေခြင်းမဟုတ်ပါလား။
ဝူကျန်းဝမ်က
“သူက ရှင့်ကို မယှဉ်နိုင်လောက်ဘူးလို့ ခံစားရလို့ပါ။ သူ့ကို ကျွန်မလို မဖြစ်စေချင်ဘူး။”
လုချန်းက စာပါ အကြောင်းအရာကို ဖတ်ရင်း ခေါင်းညိတ်လိုက်ကာ
“သူရဲ့ အစီအစဉ်က တော်တော်လေး ကောင်းတယ်လို့ ပြောရမယ်။ မြောက်ပိုင်းပြည်နယ်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီးတော့ ပရမ်းပတာ ဖြစ်အောင် ဖန်တီးမယ်။ ပြီးတော့ မြောက်ပိုင်းပြည်နယ်ရဲ့ လက်နက်နည်းပညာတွေကို ခိုးယူမယ်။ နောက်ဆုံး ရှနိုင်ငံတော်ကို ကိုယ်သိမ်းပြီးတဲ့အခါ ကိုယ့်ကိုခြိမ်းခြောက်နိုင်အောင် ကိုယ့်ရဲ့ မိန်းမတွေနဲ့ ကလေးတွေကို ပြန်ပေးဆွဲမယ်။”
“ဒါပေမဲ့ ကံမကောင်းတာကတော့...”
“သူအရာအားလုံးကို စဉ်းစားထားခဲ့ပေမဲ့ မင်းက ကိုယ်လူ ဖြစ်နေပြီဆိုတာကိုတော့ မမြင်နိုင်ခဲ့ဘူး။”
ဝူကျန်းဝမ်က ခံစားချက်မ မရှိသော မျက်နှာဖြင့်
“ရှင် အရမ်းပျော်မနေပါနဲ့။ ကျွန်မက သူနဲ့ မပူးပေါင်းရင်တောင်မှ သူက တခြားတစ်ယောက်ကို စေလွှတ်မှာပဲ။”
လုချန်းက ပေါ့ပေါ့ပါးပါးပင်
“လာပါစေ။ ရန်ခရိုင်ထဲမှာ အဆင့်လွန်ပညာရှင် မနည်းပါဘူး။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ထဲမှာတင် အများကြီးရှိတယ်။”
လုချန်း၏ မျက်လုံးများကို ကြည့်လိုက်ပြီး
ဝူကျန်းဝမ်က
“ကျွန်မကို အဲ့ဒီထဲမှာ ထည့်မတွက်ထားဘူး မဟုတ်လား။”
လုချန်းက ပြုံးလိုက်ပြီး
“မင်းက အခု ကိုယ့်ရဲ့ဇနီးပဲ။ ဘာလဲ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ် အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ မင်းက ရပ်ကြည့်နေမှာပဲလား။”
ဝူကျန်းဝမ်သည် တိတ်ဆိတ်သွားခဲ့သည်။ အကယ်၍ မြောက်ပိုင်းနယ်စားမင်းသားစံအိမ် အန္တရာယ်နှင့် တကယ်ရင်ဆိုင်ရပါက သူမ မျက်နှာလွှဲနေမည် မဟုတ်ပေ။
သို့သော် လုချန်းနှင့် ယွဲ့ဧကရာဇ်တို့ကြားက ကိစ္စများနှင့် ပတ်သက်လာပါက သူမ တကယ်ကို ပါဝင်လိုခြင်း မရှိပေ။
...........