← Chapters

အခန်း ၇၃၆-၇၃၈

Vol. 50 Ch. 736-738

အခန်း ၇၃၆-၇၃၈

Vol. 50 Ch. 736-738

အခန်း (၇၃၆)

ယုံကြည်မှုရှိပါတယ်

တစ်ဦးက သူမနှင့်အတူ သေခြင်းရှင်ခြင်းကို အတူရင်ဆိုင်ခဲ့ရသော အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦး၊ နောက်တစ်ဦးက သူမ၏ချစ်ရသည့်ယောက်ျား။ ဝူကျန်းဝမ် ရွေးချယ်ရန် အလွန်ခက်ခဲနေသည်။

သို့သော် လုချန်းနှင့် ယွဲ့ဧကရာဇ်တို့ကြား တိုက်ပွဲတွင် အနိုင်ရသူ ပေါ်လာမည်ကိုတော့

ဝူကျန်းဝမ် ရှင်းရှင်းလင်းလင်း သိထား၏။

လက်ရှိအခြေအနေအရတော့ လုချန်းက အနိုင်ရနိုင်ခြေ ပိုများနေသည်။ အဘယ့်ကြောင့်ဆိုသော် မြောက်ပိုင်းပြည်နယ်တွင် ကြောက်မက်ဖွယ်ကောင်းသော စစ်အင်အားတစ်ခု ရှိနှင့်ပြီးဖြစ်ကာ လျှို့ဝှက်လဝန်းနန်းတော်၏ ထောက်ခံမှုကိုလည်း လုချန်းက ရရှိထားသည်။

သူမ၏ ချစ်လှစွာသော သူငယ်ချင်းနောက်ဆုံးတွင် ထိခိုက်ဒဏ်ရာရမည်ကို တွေးမိသောအခါ ဝူကျန်းဝမ်၏ရင်ထဲ၌ အနည်းငယ် နာကျင်သွားရ၏။

ယွဲ့ဧကရာဇ်သည် သံယောဇဉ်မဲ့ တာအိုကျင့်စဉ်ကို လျှောက်လှမ်းနေသူ ဖြစ်သည်။ ထိုလူငယ်လေးကြောင့် သူမပျက်စီးသွားပါက စစ်မှန်သော ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာနိုင်ဦးပါ့မလား။

ဝူကျန်းဝမ် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ လုချန်းက ပြုံး၍

“ကိုယ့်ရဲ့ဇနီးကို ကိုယ်ကယုံကြည်မှုရှိပါတယ်။”

ထိုအခါ ဝူကျန်းဝမ်က

“တစ်နေ့မှာ ရှင် တကယ်ပဲ ယွဲ့ဧကရီကို အနိုင်ယူခဲ့ရင် သူ့ကို ဘာလုပ်ဖို့ စီစဉ်ထားလဲ။”

ထိုမေးခွန်းကို ကြားသောအခါ လုချန်းက ညင်သာစွာ ပြုံးလိုက်ပြီး

“ဒီမေးခွန်းကို မင်း ကိုယ့်ကို အနည်းဆုံး ၅ ကြိမ်လောက် မေးဖူးပုံရတယ်။”

“ကိုယ့်အဖြေကတော့ အရင်အတိုင်းပါပဲ။ သူက ကိုယ့်အကြိုက်ဆိုရင် ကိုယ့်မိန်းမအဖြစ် လက်ခံပြီး ကလေးတွ မွေးခိုင်းမယ်။”

“သူက ကိုယ့်အကြိုက် မဟုတ်ရင်တော့ မင်းအတွက် ကိုယ်သူ့ကို သတ်မှာ မဟုတ်တဲ့အပြင် မင်းတို့နှစ်ယောက် အတူတူနေဖို့ပါ ခွင့်ပြုပေးမှာပါ။”

လူတိုင်းက ကျူးနိုင်ငံတော်၏ ဧကရီ အလွန်လှပသည်ဟု ဆိုကြသော်လည်း လုချန်း သူမကို တစ်ခါမှ မမြင်ဖူးပေ။ သူမ မည်သို့သော ရုပ်ရည်မျိုးရှိသည်ကို အမှန်တကယ် မသိချေ။

အရေးကြီးဆုံးအချက်က ဤလောကတွင် လှပသော အမျိုးသမီးများ ပြည့်နှက်နေခြင်းဖြစ်သည်။ ယခင်က မောင်းမများ ရွေးချယ်လက်ခံခဲ့စဉ်က ချမ်းသာသော မိသားစုများမှ သခင်မ များစွာလည်း လာရောက်ခဲ့ကြသည်။ ၎င်းတို့အများစုမှာ အလွန်လှပကြသော်လည်း အမှတ် ၉၀ အထိ ရောက်ရှိသူ တစ်ဦးမှ မရှိခဲ့ချေ။

အမှတ် ၉၀သည် လုချန်း၏ အနိမ့်ဆုံးသတ်မှတ်ချက်ဖြစ်သည်။ ၉၀ မပြည့်ပါက သူဘယ်တော့မှ လက်ခံမည် မဟုတ်ပေ။

၉၀ မှတ်မပြည့်သော အမျိုးသမီးတိုင်းကို သူ၏ အတွင်းဆောင်သို့ ခေါ်ဆောင်ခဲ့ပါက ဤလောကရှိ လှပသောအမျိုးသမီးများစွာကို သူ မည်သို့ အချိန်ပေးနိုင်မည်နည်း။

ထို့အပြင် အကျိုးအမြတ် ရှုထောင့်မှကြည့်လျှင် အမှတ် ၉၀ မပြည့်သော အမျိုးသမီးများသည် သူ့အတွက် များစွာ အသုံးမဝင်ပေ။

ထို့ကြောင့် လုချန်း ကျူးဧကရီကို သူ၏ အတွင်းဆောင်သို့ ခေါ်ဆောင်မည်လားဆိုသည်က သူကိုယ်တိုင် ဧကရီကို မျက်စိဖြင့် မြင်မှသာ သိရမည်ဖြစ်သည်။ သူမ သူ၏အမျိုးသမီးဖြစ်ရန် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိကို ကိုယ်တိုင်တွေ့မှသာ သိနိုင်မည်ဖြစ်သည်။

ယွဲ့ဧကရာဇ်ကို သူမနှင့်အတူ နေခွင့်ပြုမည်ဟု လုချန်းပြောသည်ကို ကြားသောအခါ ဝူကျန်းဝမ်၏ မျက်နှာတွင် ထူးဆန်းသောအမူအရာ ပေါ်လာ၏။ လုချန်း တစ်စုံတစ်ရာကို သိနေသည်ဟု သူမ အမြဲခံစားနေရသည်။

“ကဲ။ ဒီကိစ္စတွေကို မင်း စိတ်ပူနေဖို့မလိုပါဘူး။ ကိုယ်က လူသတ်ရတာကို ပျော်တဲ့သူမျိုး မဟုတ်ပါဘူး။”

လုချန်း၏ စကားများက ဝူကျန်းဝမ်အတွက် ဆွဲဆောင်မှုမရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် လုချန်းသည် အုပ်ချုပ်သူ တစ်ဦးဖြစ်သည်။ ကမ္ဘာတစ်ခုလုံးကို ပေါင်းစည်းရန် ရည်ရွယ်ထားသည့် အုပ်ချုပ်သူဖြစ်သည်။ သူ့ အနေနှင့် သတ်ဖြတ်ခြင်းကို မနှစ်သက်သော်လည်း နောက်ဆုံးတွင် သူ၏အုပ်စိုးမှုအောက်သို့ တစ်ကမ္ဘာလုံးကို စုစည်းရန် လူများစွာကို သတ်ဖြတ်ရမည်မှာ မလွဲဧကန်ဖြစ်သည်။

အထူးသဖြင့် အခြားနိုင်ငံများမှ မင်းမျိုးမင်းနွယ်ဝင်များကို သတ်ရလိမ့်မည်။

ထိုမင်းမျိုးမင်းနွယ်များကို ဖယ်ရှားခြင်းမရှိပါက သူ၏အုပ်ချုပ်မှုကို မည်သို့တည်မြဲအောင် လုပ်နိုင်မည်နည်း။

သို့သော် ထပ်ပြောရမည်ဆိုလျှင် လုချန်း၏ သဘောထားက အမျိုးသမီးအုပ်စိုးသူများ အထူးသဖြင့် ယွဲ့ဧကရာဇ်ကဲ့သို့ လှပသော အုပ်စိုးသူများနှင့် ပတ်သက်လာပါက ကွဲပြားနိုင်ပေသည်။

ဤကာမရာဂစိတ်ပြင်းသော လူငယ်သည် ထိုအမျိုးသမီးများကို စစ်အောင်နိုင်ခြင်း၏ ဆုဖလားတစ်ခုအဖြစ် သတ်မှတ်နိုင်ခြေ အလွန်များသည်။ ဤအချက်က သူမ၏ ကိုယ်ပိုင်အတွေ့အကြုံဖြစ်သည်။

ဤသို့တွေးရင်း ဝူကျန်းဝမ် စိတ်ထဲတွင် သက်ပြင်းတစ်ချက် ညင်သာစွာ ချလိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသားစံအိမ် ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံရရင် ကျွန်မ ချက်ချင်း တုံ့ပြန်ဆောင်ရွက်ပါ့မယ်။”

ဝူကျန်းဝမ်၏ စကားများကို ကြားသောအခါ လုချန်းက ပြုံး၍

“ကျွန်တော့်ရဲ့ ဧကရီက မြောက်ပိုင်းနယ်စားမင်းသားစံအိမ် အန္တရာယ်ဖြစ်တာကို ဘေးကနေ ထိုင်ကြည့်နေမှာ မဟုတ်ဘူးဆိုတာ သိပါတယ်။”

ဝူကျန်းဝမ်က ညင်သာစွာ ပြောလိုက်သည်။

“ရှင့်ရဲ့ တောင်ဘက်ခရီးစဉ် အဆင်ပြေချောမွေ့ပြီး မြန်မြန်ဆန်ဆန်ပဲ ရှဧကရာဇ်ဖြစ်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို လျင်မြန်စွာ ပေါင်းစည်းနိုင်ပါစေလို့ ဆုတောင်းပါတယ်။”

လုချန်းက

“ဪ။ ဒါဆို မင်းကလည်း အခုကိုယ်ကမ္ဘာကြီးကို စုစည်းတာကို ထောက်ခံတယ်ပေါ့။”

ဝူကျန်းဝမ်က

“ကျွန်မက သာမန်ပြည်သူတွေ စစ်ပွဲတွေရဲ့ ဖျက်ဆီးမှုဒဏ်ကို ဆက်ပြီး မခံစားရစေချင်ရုံသက်သက်ပါ။ ကျွန်မတို့ နှစ်ထောင်ပေါင်းများစွာ စစ်ပွဲတွေ ဖြစ်ပွားနေခဲ့တာပဲ။ ဒီတစ်ခါတော့ အကုန်လုံး တစ်ခါတည်း အဆုံးသတ်လိုက်တာ ပိုကောင်းပါတယ်။”

လုချန်းက

“တစ်ခါတည်း အဆုံးသတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မြူခိုးဒေသမှာ ကိုယ်တို့ရဲ့ ရန်သူတွေတချို့ ကျန်နေသေးတယ်လေ။ သူတို့ ပေါ်ထွက်လာရင် စစ်ပွဲက ပြန်စရမှာ သေချာပါတယ်။”

“ဒါပေမဲ့ နိုင်ငံကြီးအချို့ကို ပေါင်းစည်းပြီးတဲ့နောက်ပိုင်း သာမန်ပြည်သူတွေရဲ့ ဘဝတွေက အခုထက် ပိုကောင်းလာမှာ သေချာပါတယ်။ အဲ့ဒီအခါကျရင် အရင်းအမြစ်တွေကို ပြန်လည်ဖြန့်ဝေနိုင်လာမယ်။ နိုင်ငံကြီးအားလုံးရဲ့ ပြည်သူတွေလည်း အကျိုးခံစားရမယ်။”

ထိုအခိုက်အတန့်တွင် ဝူကျန်းဝမ်က လုချန်းကို တစ်ချက်ကြည့်လိုက်ပြီး

“ရှင်အမြန်ရေသွားချိုးတာ ကောင်းမယ်။ မြေခွေးနံ့ နံနေတယ်။”

အမှတ် တစ် အကျဉ်းထောင်မှ ထွက်လာခဲ့သဖြင့် လုချန်း အနံ့အသက် အတော်ပြင်းနေသည်ကတော့ အမှန်ပင်။ သူက ရယ်မောရင်း

“ကောင်းပြီ။ နောက်မှ ဆက်ပြောကြတာပေါ့။”

ပြောပြီးသည်နှင့် လုချန်းက ဝူကျန်းဝမ်ဘေးမှ အစေခံမလေးကို

“ရေနွေးရှိလား သွားကြည့်ပေးပါဦး။ ငါ ရေချိုးရမယ်။”

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ သခင်အနေဖြင့် လုချန်းသည် မည်သည့်နေရာကိုသွားသွား သူလိုချင်သည့်အရာကို လွတ်လပ်စွာ အသုံးပြု၏။

ဝူကျန်းဝမ်ရှိရာသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ဝူကျန်းဝမ်၏ ရေချိုးခန်းကို အသုံးပြုရမည်ဖြစ်သည်။

အစေခံမလေးက ရေချိုးခန်းသို့ အလျင်အမြန် သွားလိုက်သည်။ ရေချိုးခန်းတွင် ရေနွေးရှိကြောင်း အတည်ပြုပြီးနောက် အစေခံမလေး ပြန်ထွက်လာကာ

“မင်းသား။ ရေနွေးအဆင်သင့်ဖြစ်ပါပြီ။”

လုချန်း ရေချိုးခန်းဘက်သို့ ဦးတည်တော့မည့်ဆဲဆဲတွင် သူ ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားသည်။

ထို့နောက် ဝူကျန်းဝမ်၏ နောက်သို့ လျှောက်သွားပြီး တစ်ချက်တည်းဖြင့် သူမကို နောက်မှပွေ့ချီကာ ရင်ခွင်ထဲ ထည့်လိုက်သည်။

ဝူကျန်းဝမ်က

“ရှင် ဘာလုပ်တာလဲ”

ဟု အလောတကြီး ရုန်းကန်လိုက်၏။

လုချန်းက ပြုံး၍

“ရေအတူချိုးကြရအောင်။ မင်း ကိုယ့်ကျောကို တိုက်ပေးရမယ်။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်က ဒေါသတကြီးဖြင့်

“ကျွန်မက ရှင့်အစေခံ မဟုတ်ဘူး။ ရှင့်ကျောကို တိုက်ဖို့ အစေခံခေါ်လိုက်”

လုချန်းက

“မဟုတ်ဘူး။ ကိုယ်က မင်းတိုက်ပေးတာကို ပိုကြိုက်တယ်။”

ထိုသို့ပြောပြီးသည်နှင့် ဝူကျန်းဝမ်၏ သဘောတူညီမှုကိုပင် မစောင့်တော့ပဲ သူမကို ရေချိုးခန်းသို့ တိုက်ရိုက်ခေါ်သွားသည်။

ထိုနှစ်ဦး ထွက်ခွာသွားသည်ကို မြင်သောအခါ မုယုံရွှီက ပြုံးလိုက်သည်။

ဝူကျန်းဝမ် မည်မျှပင် မာနကြီးစေကာမူ ရှက်ကြောက်စိတ်မရှိသော လုချန်းရှေ့တွင် သူမ မည်သို့မှ မတတ်နိုင်ပေ။

မကြာမီပင် အခန်းထဲမှ အသံသဲ့သဲ့ကို မုယုံရွှီကြားလာရသည်။ အခန်းသည် အသံလုံခန်း ဖြစ်သဖြင့် အပြင်ဘက်မှ ကြားရအသံက အလွန်တိုးသည်။

တကယ်တော့ အပြင်မှ ကြားနိုင်သည်ဆိုသည်မှာ အခန်းအတွင်းရှိ အသံသည် အလွန်ကျယ်လောင်နေသည်ဟု ဆိုလိုသည်။

မုယုံရွှီသည် ကျောက်စားပွဲပေါ်မှ နဂါးဖီးနစ်လက်ဖက်ရည်ကို ယူ၍ တစ်ခွက်ငှဲ့ကာ ဖြည်းညှင်းစွာ သောက်သုံးလိုက်၏။

လုချန်း တောင်ဘက်သို့ စစ်ချီမထွက်မီ သူမအခန်းသို့ ခေါ်ကာ စာရေးလေ့ကျင့်လျှင် ကောင်းမလားဟု တွေးမိသည်။

အဘယ်ကြောင့်ဆိုသော် သူ တောင်ဘက်သို့ ထွက်သွားသည်နှင့် ရန်ခရိုင်သို့ အတော်ကြာကြာ ပြန်လာနိုင်မည် မဟုတ်ပေ။ ရန်ခရိုင်သို့ မပြန်လာပဲ နန်းတော်တွင် ယာယီနေထိုင်နိုင်ခြေပင် ရှိသည်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ အမျိုးသမီးများသည် လုချန်းကို တစ်နှစ် သို့မဟုတ် နှစ်အနည်းငယ် မမြင်ရ‌တော့မှာ လည်း ဖြစ်နိုင်သည်။

ယခင်က ရှက်ရွံ့တတ်သော မုယုံရွှီသည် သူမကိုယ်သူမ အရှက်ကင်းမဲ့ပြီး အပျော်ကြိုက်သောအမျိုးသမီးဟု ယူဆလာခဲ့သည်။ မြောက်ပိုင်းမင်းသားစံအိမ်တွင် နေထိုင်ပြီး လုချန်း၏ နှိပ်စက်မှုများကို ခံစားရသည့်အချိန်မှစ၍ သူမ၏စိတ်နေသဘောထားများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ယခုအခါ သူမသည် အမျိုးသားနှင့် အမျိုးသမီးကြား ရင်းနှီးသောဆက်ဆံရေးသည် ပုံမှန်ဖြစ်သည်ဟု ခံစားရပြီး ရှက်ရွံ့စရာ အကြောင်းရင်း လုံးဝမရှိဟု မြင်လာသည်။ အဆုံးတွင် သူမသည် လုချန်း၏ အမျိုးသမီးဖြစ်နေပြီဖြစ်ပြီး သူတို့ကြား လင်မယားကိစ္စများ ရှိခြင်းက သဘာဝကျသည်။

ထို့ပြင် လုချန်းနှင့်အတူ စာရေးလေ့ကျင့် နေစဉ်အတွင်း သူမ၏ ကျင့်စဉ်အဆင့်ကိုလည်း မြှင့်တင်နိုင်သဖြင့် သူမအတွက် အပြည့်အဝ အကျိုးရှိသောကိစ္စလည်း ဖြစ်သည်။ ထို့ကြောင့် ထိုကိစ္စကို ငြင်းဆန်ရန် အကြောင်းမရှိပေ။ ပွင့်ပွင့်လင်းလင်းလက်ခံခြင်းက ပိုကောင်းသည်။

...............

အခန်း (၇၃၇)

မြောက်ပိုင်းပြည်နယ်တပ်များ စစ်ချီခြင်း (၁)

တစ်လကြာပြီးနောက် မြောက်ပိုင်းပြည်နယ်၏ စစ်တပ်များ စုစည်းမှု ပြီးမြောက်ခဲ့သည်။ မုချန်တိန် ဦးဆောင်သော စစ်သည် နှစ်သိန်းသည် ဟယ်ယန်ခရိုင်သို့ တည့်တည့်မတ်မတ် ဦးတည်နေပြီး ဝေစုယွမ်၏ ရေတပ်လည်း တောင်ဘက်သို့ ချီတက်ရန် ပြင်ဆင်မှုများ ပြုလုပ်ထားသည်။

လုချန်းသည် မြောက်ပိုင်းပြည်နယ်၏ ကိစ္စရပ်အားလုံးကို ကျူးကဲ့ကျုံကောင်းအား လွှဲအပ်ခဲ့ပြီး ရွှမ်ယွမ်ချန်း ဦးဆောင်သော စစ်သည် နှစ်သိန်းနှင့်အတူ သူကိုယ်တိုင် တောင်ဘက်သို့ ချီတက်မည်ဖြစ်သည်။

တောင်ဘက်သို့ မထွက်ခွာမီညတွင် မိသားစုစားသောက်ပွဲတစ်ခု ကျင်းပ၏။ သူ၏ဇနီးများနှင့် သားသမီးများအားလုံး လေပြင်းမိုးတိမ်ဆောင်သို့ စုဝေးရောက်ရှိလာကြသည်။

လေပြင်းမိုးတိမ်ဆောင်သည် အမှန်တကယ်ပင် ကျယ်ဝန်းလှသည်။ လုချန်း၏ ဇနီးများနှင့် သားသမီးများအားလုံး ရှိနေသည့်တိုင် ခန်းမဆောင်ထဲတွင် နေရာလွတ်များစွာ ကျန်နေသေးသည်။

နောင်တွင် သူတို့ အတူတကွ စားသောက်ခွင့်ရကြတော့မည် မဟုတ်ပေ။ လေပြင်းမိုးတိမ်ဆောင်က ကြီးမားသော်လည်း မင်းသားစံအိမ်မှ များပြားလှသော မိသားစုဝင်များအတွက်တော့ စားပွဲတစ်လုံးတည်းဖြင့် အားလုံးကို မဆံ့နိုင်သည်မှာ ထင်ရှားသည်။

လုချန်း မိသားစုစားသောက်ပွဲ ကျင်းပသောအခါ အစားအသောက်များကို တစ်ဦးချင်းစီအတွက် ပြင်ဆင်ပြီး ဇနီးမယားများအားလုံး၏ ရှေ့တွင် သင့်တင့်သော အကွာအဝေးဖြင့် ထားရှိသည်။

လုချန်းက ခန်းမရှိ ဇနီးမယားများကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ချူးယုချင်ဘက်သို့ အကြည့်လွှဲကာ

“ဒေါ်လေးချူး။ ကျွန်တော် ထွက်သွားပြီးနောက်ပိုင်း စံအိမ်ရဲ့ လုံခြုံရေးကို ဒေါ်လေးကိုပဲ အပ်ခဲ့ပါတယ်။”

ချူးယုချင်က

“အင်း။ မင်းရဲ့စံအိမ်တစ်ခုလုံးကို ဒေါ်လေး ကောင်းကောင်း ဂရုစိုက်ပေးပါ့မယ်။”

ထို့‌နောက်လုချန်း၏ အကြည့်က ဝူကျန်းဝမ်ထံ ကျရောက်သွားပြီး ပြုံးလျက်

“မင်းသမီးကျန်းဝမ်ကိုလည်း ကျွန်တော့်မိသားစုကို ဂရုစိုက်ပေးဖို့ အကူအညီတောင်းချင်ပါတယ်။”

“ကျွန်တော်ပြန်လာရင် ကောင်းကောင်း ကျေးဇူးပြန်ဆပ်ပါ့မယ်။”

လုချန်း၏ စကားများကို ကြားသောအခါ ဝူကျန်းဝမ်က သူ့ကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ သူမသည် ယခုအခါ သူ့၏အမျိုးသမီးများထဲမှ တစ်ဦးဖြစ်နေပြီ ဖြစ်သော်လည်း သူက မိသားစုစားသောက်ပွဲတွင် သူမကို မင်းသမီးဟု ဆက်ခေါ်နေသည်။

သူမကို မင်းသားစံအိမ်၏ အစိတ်အပိုင်းအဖြစ် မမှတ်ယူဘူးလား။

ဝူကျန်းဝမ်က

“မင်းသားစံအိမ် အန္တရာယ်ကြုံလာရင် ကျွန်မ ဝင်ရောက်ကူညီပါ့မယ်”

ဟု အရေးမကြီးသလို ပြောလိုက်သည်။

ဝူကျန်းဝမ်၏ ပြန်ကြားချက်ကို ကြားပြီးနောက် လုချန်းက ခန်းမရှိ အခြားအမျိုးသမီးများကိုကြည့်ကာ ပြုံး၍

“ကျန်းဝမ်နဲ့ ပညာရှိကြီး တို့က အရိပ်အယောင် စွမ်းအားရှင်အဆင့်ကို ရောက်နေကြပြီ။ ကောင်းကင်လူသား ဖြစ်ဖို့ နီးစပ်နေကြပြီ။ သူတို့နှစ်ယောက် ရှိနေတဲ့အတွက် ဘယ်ရန်သူမှ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို လာပြီး မိုက်မဲစွာ စိန်ခေါ်ဝံ့မှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်။”

“ဒါပေမဲ့ သတိထားဖို့တော့ လိုသေးတယ်။ ကျွန်တော် ရန်ခရိုင်က ထွက်သွားပြီးရင် အပြင်မထွက်ပဲနေဖို့ ကြိုးစားပါ။ ထွက်သွားရင်တောင် လူအများကြီး ခေါ်သွားပါ။ ဒါမှမဟုတ် ပညာရှိကြီး ချက်ချင်းရောက်လာနိုင်တဲ့ နေရာတွေမှာပဲ နေပါ။”

မုကျိရွှမ်းက

“စိတ်ချပါ မင်းသား။ ကျွန်မတို့ မင်းသားစံအိမ်ကနေ မထွက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပြီး မင်းသား အောင်ပွဲနဲ့ ပြန်လာတာကို စောင့်နေပါ့မယ်။”

ထိုအခိုက်အတန့်တွင် ချူးယုချင်က တစ်စုံတစ်ရာကို တွေးမိပုံရပြီး

“ချန်းလေး။ မင်း ဒီတစ်ခါ တောင်ဘက်သွားတာဆိုတော့ တော်တော်နဲ့ ပြန်လာနိုင်မှာ မဟုတ်ဘူး။ ပိုင်ကိုပါ ခေါ်သွားတာ မကောင်းဘူးလား။”

ခဏမျှ စဉ်းစားပြီးနောက် လုချန်းက “ကောင်းပါပြီ။”

ထိုအခါ လုချန်းက ထောင့်တစ်နေရာတွင် မထင်မရှား ထိုင်နေသော ပိုင်ချင်းချင်းကို ကြည့်ကာ

“ပိုင်။ ဒီတစ်ခါ မင်း ကိုယ်နဲ့အတူ တောင်ဘက်ကို လိုက်ခဲ့ရမယ်။”

“ဟုတ်ကဲ့ မင်းသား။”

ပိုင်ချင်းချင်းက ခံစားချက်မဲ့စွာ ပြောလိုက်သော်လည်း သူမ၏နှလုံးသားတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ သူမတွင် ကလေးမရှိခြင်းကြောင့် ယခုလိုအချိန်တွင် လုချန်း၏ဘေးတွင် နေကာ သူ့ကို ပြုစုစောင့်ရှောက်နိုင်မည်ဖြစ်သည်။ အခြားဇနီးမယားများကဲ့သို့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် သူပြန်လာသည်အထိ စောင့်ဆိုင်းနေစရာ မလိုခြင်းကိုလည်း သူမ ဝမ်းမြောက်မိသည်။

ထိုအတောအတွင်း အခြားထောင့်တစ်နေရာတွင် ထိုင်နေသော ရွှီလင်လုံကတော့ ခန်းမထဲတွင် ဖြစ်ပျက်နေသော သဟဇာတဖြစ်သည့် မြင်ကွင်းကို ကြည့်ရင်း အနေရခက်နေသည်။ မိသားစုစားသောက်ပွဲသို့ တက်ရောက်နေသော်လည်း နတ်ဆိုးဂိုဏ်းမှ နတ်ဆိုးမတစ်ဦးဖြစ်သည့် သူမသည် ဤနေရာနှင့် မလိုက်ဖက်ဟု ခံစားနေရသည်။

ထိုအခိုက်အတန့်တွင် ဝမ်ချင်းစီက သူမကို တိုးတိုးလေးပြောလိုက်သည်။

“အစ်မရွှီလည်း မင်းသားနဲ့အတူ တောင်ဘက်ကို လိုက်သွားမှာ မဟုတ်လား။”

ဝမ်ချင်းစီက သူမကို စကားစပြောသည်ကို မြင်သောအခါ ရွှီလင်လုံ သက်ပြင်းချလိုက်သည်။ သူမနှင့် စကားပြောသူ တစ်ဦးမှ မရှိသေးသောကြောင့် အနည်းငယ် အထီးကျန်ပြီး အပယ်ခံရသလို ခံစားနေရခြင်း ဖြစ်သည်။

ရွှီလင်လုံက

“အင်း။ မင်းသားက ကျွန်မကို သူနဲ့အတူ လိုက်ဖို့ ပြောထားတယ်။”

ဝမ်ချင်းစီက ပြုံးရွှင်သော မျက်နှာဖြင့် “မင်းသားကို ဘေးမှာနေပြီး သူ့ရဲ့ ချစ်ခြင်းကို ခံယူနိုင်တဲ့ အစ်မရွှီကို ကျွန်မ အားကျပါတယ်။”

ထိုစကားကို ကြားသောအခါ ရွှီလင်လုံက ညင်သာစွာ ရယ်မောပြီး

“ညီမဝမ် အားကျတယ်ဆိုရင် မင်းသားနဲ့ စကားပြောပြီး ညီမကိုပါ ခေါ်သွားဖို့ ဘာလို့ မပြောတာလဲ။”

ဝမ်ချင်းစီက

“ကျွန်မမှာ ကလေးရှိတော့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာပဲ သူကို ပြုစုစောင့်ရှောက်ဖို့လိုတယ်။ မင်းသားနဲ့အတူ တောင်ဘက်ကို မလိုက်နိုင်ဘူး။”

ဝမ်ချင်းစီနှင့် ရွှီလင်လုံတို့ စကားပြောနေစဉ် လုချန်း၏ အခြားဇနီးမယားများလည်း အချင်းချင်း စကားပြောဆိုနေကြရာ ခန်းမတစ်ခုလုံး ရုတ်တရက် အသက်ဝင်လာသည်။

ဤဆူညံလှုပ်ရှားနေသော မြင်ကွင်းကို ကြည့်ရင်း ယွမ်ရှန်ရှန်ကတော့ အလွန်ပင် မသက်မသာ ခံစားနေရသည်။

ခန်းမထဲတွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ အစေခံများနှင့် အလုပ်သမားများမှအပ လုချန်း၏ ဇနီးမယားများနှင့် ကလေးများသာရှိကြသည်။ သူတို့အားလုံးသည် သူနှင့်ရင်းနှီးသော ဆက်စပ်မှုများ ရှိကြသည်။ သူ၏ဆရာမအဖြစ် ရောက်နေသူက သူမတစ်ဦးတည်သာဖြစ်သည်။

ထို့ကြောင့် လုချန်း၏ မိသားစုစားသောက်ပွဲသို့ တက်ရောက်နေရခြင်းကို အနည်းငယ် ထူးဆန်းသည်ဟု သူမ ခံစားနေရသည်။

မူလက သူမ လာရောက်ရန် ရည်ရွယ်ချက် မရှိခဲ့ချေ။ သူမကဲ့သို့ တာအိုကျင့်စဉ် ကျင့်ကြံသူတစ်ဦးအတွက် ရုပ်ပိုင်းဆိုင်ရာ ဆန္ဒများသည် အရေးမပါတော့ပေ။ ရက်ပေါင်းများစွာ အစာမစားလည်း သူမနေနိုင်သည်။

သို့သော် ချန်ဝမ်ရွန်က လုချန်းတွင်အရေးကြီးကိစ္စများ ဆွေးနွေးစရာ ရှိနိုင်သည်ဟု အခိုင်အမာ ပြောဆိုပြီး သူမကို ခေါ်လာခဲ့သည်။ ရောက်ရှိလာသောအခါ လုချန်းက သူ၏ဇနီးမယားများကို ချစ်ခင်နေသည်ကိုသာ မြင်ရပြီး အရေးကြီးသည့် ကိစ္စများ ဆွေးနွေးနေသည့် လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရချေ။

လုချန်းက သူမကို သူ၏အတွင်းဆောင်သို့ တမင်ခေါ်ခြင်းဖြစ်သည်ဟုပင် ယွမ်ရှန်ရှန် သံသယဝင်မိသည်။

သူမ အနေရခက်နေသော်လည်း ယွမ်ရှန်ရှန်သည် များများစားစား မပြောခဲ့ချေ။ ထိုအခါ မုကျိရွှမ်းက ရုတ်တရက် သူမကို “အကြီးအကဲယွမ်။ မင်းသားရဲ့ လုံခြုံရေးကို အကြီးအကဲကိုပဲ အပ်ပါတယ်။”

မုကျိရွှမ်း၏ စကားများကို ကြားသောအခါ ယွမ်ရှန်ရှန်က ခပ်အေးအေး ပြန်ဖြေလိုက်သည်။

“လုချန်းက ဆရာမရဲ့ တပည့်ပါ။ သူ ထိခိုက်မယ့်ကိစ္စကို ဆရာမခွင့်ပြုမှာ မဟုတ်ပါဘူး။ စိတ်ပူစရာ မလိုပါဘူး မိဖုရား။”

မုကျိရွှမ်းက

“ဒါဆို အကြီးအကဲယွမ်ကို ကြိုတင်ကျေးဇူးတင်ပါတယ်။”

.............

အခန်း (၇၃၈)

မြောက်ပိုင်းပြည်နယ်တပ်များ စစ်ချီခြင်း (၂)

ယွမ်ရှန်ရှန်သည် ထပ်မပြောတော့ပဲ မင်းသားစံအိမ်မှ ချက်ထားသော အရက်ဖြူကို ဆက်သောက်နေသည်။

ပွဲပြီးဆုံးသွားသောအခါ...

အမျိုးသမီးများက လုချန်းကို ကြည့်နေကြသည်။ နောက်တစ်နေ့မနက်တွင် သူ ထွက်ခွာရတော့မည်ဖြစ်ရာ ယခုညအတွက် သူမည်သို့ စီစဉ်ထားသည်ကို သိလိုနေကြခြင်းဖြစ်သည်။

လုချန်းက သူတို့ကို ကြည့်ပြီး ပြုံးကာ “ဒေါ်လေးချူး ဒီည လေပြင်းမိုးတိမ်ဆောင်မှာပဲ နေခဲ့ပါ။ ဒေါ်လေးနဲ့ ဆွေးနွေးစရာတွေ ရှိပါတယ်။”

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း လုချန်းသည် သူ၏ ဇနီးမယားများထံ အလှည့်ကျ သွားရောက်လည်ပတ်ကာ ဂရုစိုက်ပြီးဖြစ်သည်။

ယခု နောက်ဆုံးည တစ်ညသာ ကျန်တော့မည်ဖြစ်ပြီး နောက်နေ့မနက်စောစော တောင်ပိုင်းသို့ ထွက်ခွာရမည်ဖြစ်သည့်အတွက် သူ၏ဇနီးမယားများအားလုံးကို လေပြင်းမိုးတိမ်ဆောင်တွင် အတူနေစေရန် မဖြစ်နိုင်ပေ။

လုချန်း၏ စကားကို ကြားသောအခါ လှပသည့် ချူးယုချင်၏ မျက်နှာတွင် သွေးရောင်လွှမ်းသွားသည်။

“ကောင်းပြီ။ ဒေါ်လေး နားလည်ပါတယ်။”

ထို့နောက် အမျိုးသမီးများလည်း လေပြင်းမိုးတိမ်ဆောင်မှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြပြီး မုကျိရွှမ်းနှင့် ချူးယုချင်သာ ကျန်ရှိတော့သည်။

လုချန်းသည် အရင်ဆုံး မုကျိရွှမ်းနှင့် ချူးယုချင်တို့နှင့် အတူ ရေချိုးပြီးနောက် ချူးယုချင်နှင့် အလုပ်ကိစ္စများကို စတင်ဆောင်ရွက်သည်။ ချူးယုချင် အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားနေရသည်။ ညတိုင်း ဇနီးနှစ်ဦးက သူ့ကိုပြုစုဂရုစိုက်ရန် အကြံပြုခဲ့တာ သူမကိုယ်တိုင်ဖြစ်ကြောင်း သတိရလိုက်သည်။

သို့သော်လည်း လုချန်းက သူမနှင့် အခြားအမျိုးသမီးတစ်ဦးကို အတူတူ ထိုသို့သော မကောင်းမှုများကို ပြုလုပ်တိုင်း သူမ အလွန်အမင်း ရှက်ရွံ့နေတတ်သည်။

သို့သော် ဤညတွင် လုချန်း၏ အဓိကရည်ရွယ်ချက်မှာ ချူးယုချင်နှင့် မကောင်းမှုများ ပြုရန်မဟုတ်ပေ။ လုပ်ငန်းပြီးသွားပြီးနောက် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် သတိထားရမည့်အချက်များကို ချူးယုချင်နှင့် မုကျိရွှမ်းတို့နှင့်အတူ သေချာစွာ ဆွေးနွေးခဲ့၏။

သူတို့၏ စကားဝိုင်းသည် မိုးလင်းသည်အထိ ကြာမြင့်ခဲ့သည်။

ပထမဆုံး အရုဏ်ဦးနေရောင်ခြည် အခန်းထဲသို့ ဝင်ရောက်လာသောအခါ ထွက်ခွာရန် အချိန်ကျပြီဖြစ်သည်ကို လုချန်း သတိရလိုက်သည်။

နေပြည်တော်မှ ထွက်ခွာလာစဉ်က တစ်နေ့နေ့တော့ ပြန်လာမည်ဟု သူဆုံးဖြတ်ခဲ့သည်။ ယခုအခါ ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် အချိန်တန်ပြီဖြစ်သည်။

လုချန်းသည် ချူးယုချင်ကို ရင်ခွင်ထဲမှ လွှတ်လိုက်ပြီး ရေချိုးခန်းဆီသို့ ထသွားလိုက်သည်။ ချူးယုချင်နှင့် မုကျိရွှမ်းတို့ကလည်း လျင်မြန်စွာ ထ၍ သူ့ကို ရေချိုးပေးပြီးနောက် ကိုယ်တိုင် ကိုယ်ကျပင် အနက်ရောင် ရွှေခြည်ထိုးသံချပ်ကာဝတ်စုံကို ဝတ်ဆင်ပေးခဲ့သည်။

ဝတ်ဆင်ပြီးနောက် လုချန်းက ချူးယုချင်နှင့် မုကျိရွှမ်းကို ကြည့်ကာ

“ဒေါ်လေးချူး နဲ့ နှမတော်တို့လက်ထဲ မင်းသားစံအိမ်ကို လွှဲခဲ့ပါတယ်။”

အမျိုးသမီးနှစ်ဦးစလုံးက

“လမ််းခရီးမှာ ဂရုစိုက်ပါ။ အမြန်ဆုံး ပြန်လာတာကို စောင့်မျှော်နေပါမယ်”

ဟု တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

လုချန်းက အနည်းငယ် ပြုံး၍ ဘာစကားမှ ထပ်မပြောတော့ပဲ အပြင်သို့ ထွက်ခွာသွား တော့သည်။

လုချန်း မင်းသားစံအိမ်၏ ပင်မတံခါးဝသို့ ရောက်သောအခါ သူ၏ဇနီးမယားများ သူ့ကို စောင့်နေနှင့်ကြပြီးဖြစ်သည်။

ထိုအခါ အမျိုးသမီးများ ရှေ့သို့ ထွက်လာကြသည်။ သူတို့၏ မျက်နှာများတွင် မခွဲခွာစေချင်သည့် အရိပ်အယောင်များ ပေါ်နေကြသည်။ တောင်ပိုင်းခရီးစဉ်မှ သူ ပြန်လာဖို့ ဘယ်လောက်ကြာဦးမည်ကို မည်သူမှ မသိသောကြောင့်ဖြစ်သည်။

လုချန်းက သူ၏ ဇနီးမယားကို ကြည့်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် ဤကမ္ဘာသို့ ရောက်ရှိလာသည်မှာ အနှစ်နှစ်ဆယ်နီးပါး ရှိပြီဖြစ်ပြီး ဤမျှ ပျော်စရာကောင်းပြီး ကြီးမားသော မိသားစုရရှိသည့်အတွက် ကံကောင်းသည်ဟု ခံစားရသည်။

သူ၏ ယခင်ဘဝတွင် ယခုသူပိုင်ဆိုင်ထားသည့်အရာများကို ပိုင်ဆိုင်ရန် မဖြစ်နိုင်ပေ။

စနစ်က ဘာကြောင့် သူ့ကိုချိတ်ဆက်ဖို့ ရွေးချယ်ခဲ့သည်ဆိုသော အကြောင်းအရင်းကို မသိသော်လည်း အနည်းဆုံးတော့ သူ ပျော်ရွှင်ခဲ့ရသည်ကို လုချန်း ကျေနပ်သည်။

ဤကမ္ဘာနှင့် စနစ်ကို သူ ကျေးဇူးတင်မိသည်။

သူ၏ ဇနီးမယား တစ်ဦးစီကို နှုတ်ဆက်ပြီးနောက် လုချန်းလည်း နောက်ဆုံးတွင် မြင်းရထားပေါ်သို့ တက်ကာ ရထားဘူတာရုံသို့ ဦးတည်လိုက်သည်။

သူတို့သည် အန်းပင်မြို့သို့ ရထားစီး၍ သွားကြမည်ဖြစ်ပြီး ထိုနေရာတွင် စစ်တပ်ကို စုစည်းကာ ချီပြည်နယ်ကို သိမ်းပိုက်မည့် စစ်ဆင်ရေးစတင်မည်ဖြစ်သည်။

နောက်လာမည့်ကာလအတွင်း အန်းပင်မြို့တွင် လုချန်း နေထိုင်မည်ဖြစ်သည်။ တောင်ပိုင်းသို့ချီတက်ရာတွင် အဟန့်အတားဖြစ်စေမည့် အရာအားလုံးကို အပြီးအပိုင်ဖယ်ရှားပြီးမှသာ နေပြည်တော်သို့ တိုက်ရိုက်စစ်ချီမည်ဖြစ်သည်။

.......

ဆောင်းဦးလေ စတင်တိုက်ခတ်လာပြီဖြစ်သည်။ လုချန်း ရထားပေါ်သို့ တက်လိုက်၏။ ပြတင်းပေါက်မှတစ်ဆင့် မြင်ရသော အဝါရောင် ကော်ဇော ခင်းထားသလိုဖြစ်‌နေသည့် ရှုခင်းကို သူငေးမောနေမိသည်။ သစ်ရွက်များက လေတွင် ကခုန်နေကြ၏။ သူ၏ရင်ထဲတွင်လည်း လေးနက်သော ခံစားချက်များ ပြည့်နှက်နေသည်။

သူ၏ ယခင်ဘဝတုန်းက သမိုင်းကြောင်းများကို ကျောင်းတွင်လေ့လာခဲ့ရသည်။ ယခုကဲ့သို့ တစ်နေ့တွင် သမိုင်းကို ဖန်တီးမည့်သူတစ်ဦး ဖြစ်လာမည်ဟု သူ မတွေးခဲ့မိပေ။

သူ ယခုမျှော်လင့်သည်က ဤတစ်ကြိမ်တွင် အရာအားလုံး အဆင်ပြေချောမွေ့ပါစေဟုပင်။

ထီးနန်းကို သိမ်းပိုက်ပြီး ရှနိုင်ငံကို စုစည်းလိုက်သည်နှင့် တစ်ဝက်အောင်မြင်ပြီဟု ဆိုနိုင်မည်ဖြစ်သည်။ ထို့နောက် ကျန်ရှိနေသည့် အင်အားကြီး တိုင်းပြည်များကို ဖြိုချရန် အလွန်ခက်ခဲတော့မည် မဟုတ်ပေ။

...

ချီပြည်နယ်။

မြို့တော်။

ချီမင်းသားစံအိမ်။

ချီမင်းသား လုဟယ်သည် ချီပြည်နယ် နယ်နိမိတ်အတွင်းရှိ အာဏာရှိ မိသားစု ခေါင်းဆောင်များအား ဧည်ခံရန် ညစာစားပွဲတစ်ခု ကျင်းပနေသည်။

ထိုအခိုက်တွင် ချီမင်းသားက သူ၏လက်ထဲမှ ဖန်ခွက်ကို ကြည့်ကာ

“မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းပြည်နယ်ကနေ ကျွန်တော်တို့ကို လောဘတကြီး စောင့်ကြည့်နေခဲ့တယ်။ သတင်းစာထဲမှာတောင် စစ်ပြင်နေတဲ့အကြောင်း ထုတ်ပြန်ခဲ့တယ်။ မကြာခင် သူရဲ့တပ်တွေကို တောင်ဘက်ကို ရောက်လာတော့မှာ။”

“အားလုံးပဲ ကျွန်‌တော်တို့ ဘာဆက်လုပ်သင့်သလဲဆိုတာ သေချာစဉ်းစားကြပါ။”

ချီမင်းသား၏ စကားများကို ကြားသောအခါ ခန်းမဆောင်ကြီးထဲရှိ လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး မည်သူမှ စကားမပြောကြပေ။ ခန်းမသည် တိတ်ဆိတ်လွန်း၍ ထိတ်လန့်စရာကောင်းနေသည်။

ထိုအချိန်တွင် မိသားစုခေါင်းဆောင်တစ်ဦးက

“တခြားကိစ္စတွေကို ဘေးဖယ်ထားလိုက်ပါ။ မြောက်ပိုင်းနယ်စားမင်းသား မြောက်ပိုင်းပြည်နယ်မှာ လုပ်ခဲ့တာတွေကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ သူ့ကို နန်းတက်ခွင့်ပေးလို့ မရနိုင်ပါဘူး။”

“သူသာ ထီးနန်းကို ရယူလိုက်ရင် အာဏာရှိ မိသားစုတွေရဲ့ အာဏာကို လျှော့ချဖို့လုပ်ဆောင်ချက်တွေအပြင် မြေယာအားလုံးကို သူ့အတွက် သိမ်းယူမှာ သေချာပါတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော်တို့ဟာ သူ့ရဲ့ ကျွန်တွေသက်သက်ပဲ ဖြစ်သွားပါလိမ့်မယ်။”

ထိုမိသားစုခေါင်းဆောင်၏ မှတ်ချက်ကို ကြားပြီးနောက် နောက်တစ်ဦးက

“မှန်ပါတယ်။ မြောက်ပိုင်းနယ်စာမင်းသားကို တောင်ဘက် မလာနိုင်အောင် နန်းတွင်းကို အစွမ်းကုန် ကူညီပေးရပါမယ်။”

ချီမင်းသားသည် သူ၏ခွက်ထဲမှ အရက်ကိုလှုပ်ခါလိုက်ပြီးနောက်

“ဝူနိုင်ငံ‌တော်ရဲ့ စစ်သည်သိန်းချီဟာ မြောက်ပိုင်းပြည်နယ်ကို ရှုံးနိမ့်ခဲ့တယ်။ ခင်ဗျားတို့က ကျွန်တော်တို့မှာ မြောက်ပိုင်းပြည်နယ်စစ်တပ်ကို တားဆီးဖို့ စွမ်းအားရှိတယ်လို့ တကယ်ယုံကြည်နေတာလား။”

ဤသို့ဆိုသောအခါ မိသားစုခေါင်းဆောင်တစ်ဦးက ချက်ချင်းပင်

“မင်းသားစိတ်ချပါ။ ဒီအကျပ်အတည်းကို ရင်ဆိုင်ဖို့ ကျွန်ုပ်တို့ရဲ့ အာဏာရှိ မိသားစုတွေက အစွမ်းကုန် ပူးပေါင်းပြီး ပံ့ပိုးပေးပါမယ်။ စစ်သည်ဖြစ်စေ၊ ရိက္ခာဖြစ်စေ ခင်ဗျား လိုအပ်တာမှန်သမျှကို ကျွန်ုတော်တို့ အာဏာရှိ မိသားစုတွေက ပံ့ပိုးပေးမှာပါ။”

ထိုစကားကို ကြားသောအခါ ချီမင်းသားက အပြုံးတစ်ခုကို ပြသပြီး

“ခင်ဗျားတို့ရဲ့ အကူအညီနဲ့ဆို ကျွန်တော် စိတ်အေးရပါပြီ။”

“သို့သော်လည်း မြောက်ပိုင်းပြည်နယ်ရဲ့ လျှို့ဝှက်လက်နက်တွေက ကျွန်တော့်အတွက် စိုးရိမ်စရာဖြစ်နေတုန်းပါပဲ။ မြောက်ပိုင်းနယ်စားမင်းသားက မင်းသားလုရိကို ဟယ်ယန်ခရိုင်ကို တိုက်ခိုက်ဖို့ ကူညီခဲ့တုန်းက အချိန်အလွန်တိုအတွင်းမှာပဲ ခရိုင်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်။”

ထိုအချိန်တွင် ဝမ်မိသားစု၏ လက်ရှိခေါင်းဆောင်က ထရပ်ပြီး

“မင်းသား စိတ်အေးအေးထားပါ။ မြောက်ပိုင်းနယ်စားမင်းသားရဲ့ တောင်ဘက်ချီတက်မှုကို ကာကွယ်ဖို့ ကျွန်တော်တို့ရဲ့ ဝမ်မိသားစုက တိမ်ဖောက်လေးနဲ့ မြားတွေကို ချီပြည်နယ်ကို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်။ ဒီလက်နက်တွေနဲ့ဆိုရင် မင်းသားရဲ့ စစ်သည်တွေက မြောက်ပိုင်းပြည်နယ်တပ်ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ပါတယ်။”

တောင်ပိုင်းမှ အာဏာရှိ မိသားစုများ ဖျက်ဆီးခံရပြီးနောက် ဆူဖုန်းမြို့မှ လွတ်မြောက်လာသူအချို့သည် ချီပြည်နယ်သို့ ရောက်ရှိလာကြပြီး ချီမင်းသားက လက်ခံခဲ့သည်။

တောင်ပိုင်း အာဏာရှိမိသားစုများတွင် ယခင်ကကဲ့သို့ အာဏာ မရှိတော့သော်လည်း သူတို့တွင် အရေးပါသော အရင်းအမြစ်များ ရှိနေသေးသည်။ ထွက်ပြေးခဲ့ကြစဉ်တွင် ဝမ်မိသားစုဝင်များသည် တိမ်ဖောက်လေးနှင့် မြားများစွာ ယူဆောင်လာခဲ့သည်။

တိမ်ဖောက်လေးသည် အဆင့်လွန် ပညာရှင်တစ်ဦးကို အလွယ်တကူ သတ်နိုင်စွမ်းရှိသည်။ ချီမင်းသားသည် ထိုလက်နက်ကို အမြဲလိုချင်ခဲ့သော်လည်း သူ့ကို သတိထားနေသော ဝမ်မိသားစုက တစ်ခါမှ ထုတ်မပြခဲ့ပေ။

သို့သော်လည်း ဤတစ်ကြိမ်တွင် ဝမ်မိသားစု၌ ရွေးချယ်စရာမရှိတော့ချေ။ မြောက်ပိုင်းနယ်စားမင်းသား တောင်ဘက်သို့ ကျူးကျော်ဝင်ရောက်လာပါက သူတို့မိသားစု ဘယ်တော့မှ ပြန်ထူထောင်နိုင်တော့မည် မဟုတ်သည်ကို စိုးရိမ်ကြသည်။ ဆွမ်ဧကရာဇ်နှင့် နှိုင်းယှဉ်လျှင်ပင် မြောက်ပိုင်းနယ်စားမင်းသားသည် အာဏာရှိ မိသားစုများအတွက် ပို၍ ထိတ်လန့်စရာဖြစ်သည်ဟု ယူဆကြသည်။

ဆွမ်ဧကရာဇ်သည် အာဏာရှိ မိသားစုအချို့ကို ဖယ်ရှားခဲ့သော်လည်း မြောက်ပိုင်းနယ်စားမင်းသား၏ လုပ်ဆောင်ချက်များကတော့ သူတို့၏ ဖြစ်တည်မှုကို ခြိမ်းခြောက်နေသည်။ သူတို့ကို မြောက်ပိုင်းနယ်စားမင်းသား၏ လက်အောက်ခံများ သက်သက်အဖြစ်သာ ရောက်ရှိ‌စေမည်ဖြစ်သည်။

ဝမ်မိသားစုခေါင်းဆောင်က တိမ်ဖောက်လေးများကို ထုတ်ပေးရန် ကမ်းလှမ်းလာသည်ကို ကြားသောအခါ ချီမင်းသား အလွန်ဝမ်းသာသွားသည်။ သူက သူ၏ခွက်ထဲမှ အရက်ကို ကုန်စင်အောင်သောက်လိုက်ပြီး

“ကျွန်တော် အသက်ရှင်နေသမျှ မြောက်ပိုင်းနယ်စားမင်းသားကို တောင်ဘက်ကို ချီတက်ခွင့်မပြုဘူး။”

ဟု ကြေညာလိုက်၏။

နန်းတွင်းမှ စစ်သည် နှစ်သိန်း၊ သူတိတ်တဆိတ် တိုးချဲ့ခဲ့သည့် စစ်သည် သိန်းပေါင်းများစွာနှင့် ယခုလက်ရှိ သူ၏ တရားဝင် စစ်သည် ငါးသောင်းတို့ စုပေါင်းလိုက်ပါက စစ်သည် ငါးသိန်းနီးပါး ရှိနေသည်ဟု ချီမင်းသား စဉ်းစားမိသည်။

မြေမျက်နှာသွင်ပြင် အနေအထားကို ကောင်းစွာ အသုံးချကာ မြို့များကို ခိုင်ခံ့စွာကာကွယ်ပါက မြောက်ပိုင်း၏ နှစ်သိန်းမျှသော စစ်အင်အားသည် တောင်ပိုင်းသို့ တစ်လှမ်းမှ ချီတက်နိုင်မည် မဟုတ်ပေ။

ထိုသို့တွေးလိုက်သောအခါ ချီမင်းသား၏ မျက်နှာပေါ်တွင် ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ခု ပေါ်လာသည်။

မြောက်ပိုင်းပြည်နယ်တပ်များသည် ဝူနိုင်ငံတော်၏ တပ်များကို အနိုင်ယူနိုင်ခဲ့ သောတပ်များဖြစ်သဖြင့် မြောက်ပိုင်းပြည်နယ်တပ်များကို တိုက်ရိုက်ရင်ဆိုင်ခြင်း မပြုသင့်ကြောင်းကိုလည်း သူနားလည်သည်။

သို့သော် စစ်ပွဲတွင် အောင်ပွဲသည် စစ်တပ်များ၏ တိုက်ခိုက်ရေးစွမ်းအားအပေါ်တွင်သာ အမြဲတမ်း မှီခိုနေသည် မဟုတ်ပေ။ ချီပြည်နယ်သည် လွင်ပြင်ဒေသနှင့် တောင်တန်းဒေသများကြားရှိ အကူးအပြောင်းနေရာတွင် တည်ရှိပြီး သဘာဝ အတားအဆီးများဖြစ်သော တောင်တန်းများ ပေါများသည်။ ထို့ပြင် အချို့မြို့များသည် တောင်ကြားလမ်းများကြားတွင် မဟာဗျူဟာကျစွာ တည်ရှိနေသဖြင့် ရန်သူကို တားဆီးရန် အကောင်းဆုံး ခံတပ်မြို့များ ဖြစ်ကြသည်။

သူ့ဘက်က စတင်တိုက်ခိုက်ခြင်းမရှိပဲ သူ၏အရင်းအမြစ်အားလုံးကို ကာကွယ်ရေးအတွက် အသုံးချပြီး နန်းတွင်းမှ အင်အားနှစ်သိန်းတပ်၏ အကူအညီလည်း ရှိနေပါက မြောက်ပိုင်းနယ်စားမင်းသား တောင်ဘက်သို့ တစ်လှမ်း ချီတက်ရန်ပင် အလွန်ခက်ခဲလိမ့်မည်ဟု ချီမင်းသား ယုံကြည်နေသည်။

ချီမင်းသား ထိုသို့တွေးတောနေစဉ် ရုတ်တရက် စစ်သည်တစ်ဦး ခန်းမဆောင်ကြီးထဲသို့ အပြေးဝင်လာပြီး

“မင်းသား။ မြောက်ပိုင်းပြည်နယ်တပ်တွေ ချီတက်လာပါပြီ”

ဟု အော်ပြောလိုက်သည်။

ထိုသတင်းကို ကြားသောအခါ ချီမင်းသား၏ မျက်နှာအမူအရာ ချက်ချင်း မည်းမှောင်သွားသည်။

“ဒီလောက်တောင်မြန်လား။”

သူက ချက်ချင်းပင်

“နန်းတွင်းစစ်တပ်က အခု ဘယ်မှာလဲ”

ဟုမေးလိုက်သည်။

စစ်သည်က လျင်မြန်စွာပင်

“နန်းတွင်းစစ်တပ်က ကျိယန်မြို့ကို ရောက်နေပါပြီ။”

ခဏခန့် စဉ်းစားပြီးနောက် ချီမင်းသားသည် ထိုည၏ ညစာစားပွဲကို ချက်ချင်းအဆုံးသတ်လိုက်ပြီး ချီပြည်နယ်၏ စစ်သူကြီးအားလုံးကို ခေါ်ယူလိုက်သည်။

..................

All Chapters