← Chapters

အခန်း ၇၅၁-၇၅၃

Vol. 51 Ch. 751-753

အခန်း ၇၅၁-၇၅၃

Vol. 51 Ch. 751-753

အခန်း (၇၅၁)

ဒီနေ့ မင်းသားစိတ်ကောင်းဝင်နေတယ်(၁)

ချီပြည်နယ်မှ ပြည်သူများသည် လုချန်းကိုမြင်သောအခါ အသံတစ်ချက်မှ မထွက်ရဲကြပေ။ လမ်းမပေါ်တွင် လူများပြည့်ကျပ်နေသော်လည်း ထူးဆန်းစွာပင် တိတ်ဆိတ်ငြိမ်သက်နေသည်။

လုချန်းသည် ခန့်ညားချောမောသဖြင့် လူဆိုးနှင့်မတူသော်လည်း မြောက်ပိုင်းနယ်စားမင်းသား၏ ဂုဏ်သတင်းသည် အမြဲတမ်းမကောင်းခဲ့ပေ။ ထို့ကြောင့် မတော်တဆ မှားယွင်းပြောဆိုမိပါက တစ်မိသားစုလုံး ဘေးဒုက္ခကြုံမည်ကို စိုးရိမ်နေကြ၏။

လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေသည်ကို မြင်သောအခါ လုချန်းတစ်ချက် ပြုံးလိုက်၏။ ချီပြည်သူများသည် သူ့ကိုမယုံကြည်ပဲ အလွန်ကြောက်ရွံ့နေကြသည်ဟု စိတ်ထဲမှ တွေးလိုက်မိသည်။

ယုံကြည်မှုတည်ဆောက်ရန်မှာ အချိန်ယူရမည့် လုပ်ငန်းစဉ်ဖြစ်ပုံရ၏။

ချီနယ်စားမင်းသားစံအိမ်သို့ လုချန်း ဆက်လက်ထွက်ခွာသွားသည်။

ချီနယ်စားမင်းသားစံအိမ်မှ လူများလည်း မြောက်ပိုင်းနယ်စားမင်းသား ရောက်လာကြောင်း ကြားသောအခါ ကြောက်ရွံ့တုန်လှုပ်လျက်ရှိကြသည်။

လုချန်းက ချီနယ်စားမင်းသားစံအိမ်ထဲသို့ ဝင်လာပြီး

“ချီနယ်စားမင်းသားမှာ သားသမီးဘယ်နှစ်ယောက်ရှိသလဲ။”

ဟု မေးလိုက်သည်။

ရွှမ်ယွမ်ချန်းက

“ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုအရဆိုရင် ချီနယ်စားမင်းသားမှာ လက်ရှိ သားသမီးတစ်ယောက်မှမရှိသေးပါဘူး။”

ထိုစကားကိုကြားသောအခါ လုချန်း ခဏခန့် ကြောင်သွား၏။

သားသမီးတစ်ယောက်မှ မရှိဘူးလား။

မည်သို့ဖြစ်နိုင်မည်နည်း။ ချီမင်းသားသည် ဆယ်စုနှစ်များစွာ နယ်မြေကို အုပ်ချုပ်ခဲ့သည် မဟုတ်ပါလား။ သားသမီးတစ်ယောက်မှ မရှိတာ မည်သို့ဖြစ်နိုင်ပါမည်နည်း။

လုချန်းက စိတ်ဝင်တစားဖြင့် “အကြောင်းရင်းကို ရှာတွေ့ပြီလား။”

ရွှမ်ယွမ်ချန်းက

“မတွေ့သေးပါဘူး။ ကျွန်တော်တို့ ချီမိဖုရားကို မေးမြန်းခဲ့ပါတယ်။ သူလည်း အကြောင်းရင်းကို မသိပါဘူးတဲ့။”

“အစပိုင်းမှာ ချီမင်းသားက ချီမိဖုရားရဲ့ ကျန်းမာရေးပြဿနာကြောင့်လို့ ထင်ခဲ့လို့ ကိုယ်လုပ်တော်အများအပြားကို ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ သားသမီးတစ်ယောက်မှ မရခဲ့ပါဘူး။”

လုချန်းက

“ချီမင်းသားက ဘယ်အဆင့်မှာလဲ။”

ယေဘုယျအားဖြင့် လူတစ်ဦး၏ သိုင်းပညာအဆင့်မြင့်လေလေ ကိုယ်ဝန်ရရန် ပိုမိုခက်ခဲလေလေဖြစ်၏။ ချီမင်းသား၏ အဆင့်မြင့်ပါက သားသမီးမရှိသည်ကို နားလည်နိုင်စရာ ရှိမည်။

ရွှမ်ယွမ်ချန်းက

“ကျွန်တော်တို့ ရရှိထားတဲ့ အချက်အလက်အရ ချီမင်းသားဟာ အဆင့်ကိုးမှာပဲ ရှိနေပါတယ်။”

အဆင့်ကို သိုင်းပညာရှင်တစ်ဦးအတွက် သားသမီးရရှိရန် ထိုမျှခက်ခဲသလောဟု လုချန်း တွေးလိုက်မိသည်။

သို့သော်လည်း ပြန်တွေးကြည့်သောအခါ ချီမင်းသား၌ သားသမီးမရှိခြင်းက သူ့အတွက် ပြဿနာတစ်ခု လျော့နည်းသွားစေသည်။

ဤခေတ်၏ ထုံးတမ်းစဉ်လာအရ ချီမင်းသား၌ သားသမီးများရှိပါက သူ၏မျိုးဆက်များ လက်စားချေမည်ကို တားဆီးရန် ချီမင်းသား၏ သားသမီးများကို သတ်ပစ်ရမည်ဖြစ်သည်။

သို့သော်လည်း ချီမင်းသားသည် အမည်ခံအားဖြင့် လုချန်း၏ ဦးလေးတော်စပ်နေသောကြောင့် ထိုသို့သောလုပ်ရပ်မျိုးကို လုချန်းစိတ်ထဲ၌ မလုပ်လိုပေ။

ချီမင်းသား၌ သားသမီးမရှိသောကြောင့် သူ၏ဇနီးများနှင့် ကိုယ်လုပ်တော်များကို စီစဉ်ပေးရန်သာ လိုအပ်ပြီး အားလုံးကို သတ်ရန် မလိုအပ်ပေ။

မကြာမီ လုချန်းသည် ချီမင်းသားစံအိမ်၏ ပင်မဆောင်သို့ ရောက်ရှိလာ၏။ ထိုအချိန်တွင် ချီမင်းသားစံအိမ်မှ ကြီးငယ်မရွေး ရာနှင့်ချီသော လူများအားလုံးသည် အဆောင်ဝင်‌ပေါက်ဝတွင် ရပ်နေကြပြီး ခါးတွင် ဓားနှင့်သေနတ်များ ချိတ်ဆွဲထားသော မြောက်ပိုင်းစစ်သားများက ဝိုင်းရံထားကြသည်။

လုချန်း ပင်မဆောင်ထဲသို့ ဝင်ရောက်လာသောအခါ ချီမင်းသားစံအိမ်မှ လူများ ပို၍ပင် ကြောက်ရွံ့လာကြသည်။

ကြောက်လန့်တုန်လှုပ်နေသော ထိုလူများကို မြင်သောအခါ သူ့ကိုယ်သူ ထိုမျှလောက် ကြောက်စရာကောင်းလား တွေးမိလိုက်ပြီး လုချန်း ပြုံးလိုက်သည်။

ထို့နောက် လုချန်းက လူအုပ်ရှေ့တွင် ရပ်နေသော အမျိုးသမီးကို ကြည့်လိုက်၏။ သူမသည် အသက်လေးဆယ်ကျော်ရှိပြီး အရွယ်လွန်နေသော်လည်း ဆွဲဆောင်မှုအနည်းငယ်ရှိနေသေးသည်။

လုချန်းက စနစ်ဖြင့် စစ်ဆေးကြည့်သောအခါ ဤအမျိုးသမီးသည် ချီမိဖုရားဖြစ်ကြောင်း တွေ့ရှိရသည်။

[အမည် : ယွမ်ချိုင်ရှန်]

[အချက်အလက် : ချီမိဖုရား။ ယခုနှစ်တွင် အသက်ငါးဆယ်။ အဆင့်ခြောက် သိုင်းပညာရှင်။ ရှနိုင်ငံတော်မှ အရိပ်ကိုယ်ရံတော်ဖြစ်ပြီး ချီနယ်စားမင်းသားဘေးတွင် နှစ်ပေါင်းများစွာ ပုန်းအောင်းကာ အဆိပ်ခတ်ခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသား ရောက်လာခြင်းကို ကြောက်ရွံ့နေသည်။]

[အဆင့်သတ်မှတ်ချက်: ၈၇]

[နှစ်သက်မှုအမှတ် : ၀]

ချီမိဖုရား၏ အချက်အလက်ကို ကြည့်ရှုပြီးနောက် လုချန်း ခဏခန့် အံ့အားသင့်သွားသည်။

ချီမင်းသား၌ အမွေဆက်ခံသူ မရှိရခြင်း၏ အကြောင်းရင်းကို လုချန်း ယခု နားလည်သွား၏။ ဆွမ်ဧကရာဇ်သည် ဤအရာကို အချိန်အတော်ကြာကတည်းက စီစဉ်ထားခဲ့သည်ဟု ထင်ရသည်။

ထို့နောက် လုချန်းက ချီမိဖုရားထံသို့ ချဥ်းကပ်သွားပြီး ပြုံးလျက်

“ကျွန်တော် တောင်းပန်ပါတယ် ဒေါ်လေး။ ဓားမှာ မျက်လုံးမပါလို့ ဦးလေးကို မတော်တဆ ထိခိုက်မိသွားတယ်။”

“ဒေါ်လေးအတွက် ဝမ်းနည်းစရာ ဖြစ်သွားတယ်။”

လုချန်း၏ စကားကို ကြားသောအခါ ချီမိဖုရားက

“ရ...ရပါတယ်”

ဟု ထစ်ထစ်အအ ပြောလိုက်၏။

ယွမ်ချိုင်ရှန်၏ စိတ်ထဲ အလွန်ကြောက်ရွံ့နေသည်။ မူလကတည်းက သူမသည် ဆွမ်ဧကရာဇ်၏ ရုပ်သေးရုပ်တစ်ခုသာဖြစ်ပြီး ချီမင်းသားအနားတွင် နှစ်ပေါင်းများစွာ နေထိုင်ရင်း ဇိမ်ကျသည့် အခွင့်ထူးခံဘဝကို ကျင့်သားရနေခဲ့သည်။

အစပိုင်းတွင် သူမသည် ဆွမ်ဧကရာဇ်ကို သစ္စာဖောက်ပြီး ချီမင်းသားနှင့်အတူ ကောင်းမွန်သောဘဝကို ဖြတ်သန်းရန် စီစဉ်ခဲ့သည်။ သို့သော် မြောက်ပိုင်းနယ်စားမင်းသား ရုတ်တရက်ထွက်ပေါ်လာပြီး နောက်ဆုံးတွင် ချီပြည်နယ်ကို သိမ်းပိုက်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

ယခု ချီမင်းသား သေဆုံးသွားပြီဖြစ်ပြီး အရိပ်ကိုယ်ရံတော်အဖွဲ့ဝင်ဖြစ်ခြင်းကလည်း သူမကို ကာကွယ်နိုင်တော့မည်မဟုတ်ပေ။

ထိုအချိန်တွင် လုချန်းက

“ကျွန်တော် ဒေါ်လေးကို လွှတ်ပေးလိုက်ရင် ဘယ်ကိုသွားဖို့ စဥ်းစားထားလဲ”

ဟု မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ယွမ်ချိုင်ရှန် ခဏမျှ ကြောင်အသွားပြီး လုချန်း၏ စကားကို မယုံနိုင်ဖြစ်နေသည်။

သူမသည် ချီမိဖုရားဖြစ်ပြီး အရွယ်လွန်နေပြီဖြစ်ကာ အသုံးဝင်မှုမရှိတော့ပေ။ မြောက်ပိုင်းနယ်စားမင်းသားက သူမကို တကယ် လွှတ်ပေးမှာလား။

ယွမ်ချိုင်ရှန်က မယုံကြည်နိုင်စွာဖြင့် “မင်းသား... မင်းသား အတည်ပြောတာလား။”

လုချန်းက

“ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်လေးက ကျွန်တော့်အဒေါ်ပါ။ ကျွန်တော် ဒေါ်လေးကို သတ်မှာမဟုတ်ပါဘူး”

ဟု ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

ယွမ်ချိုင်ရှန် ခဏမျှ စဥ်းစားလိုက်ပြီး

“ဖြစ်နိုင်ရင် ကျွန်မ မြောက်ပိုင်းပြည်နယ်မှာ နေချင်ပါတယ်။”

လုချန်းက တစ်ချက်ပြုံးလိုက်ပြီး

“ဒေါ်လေး မြောက်ပိုင်းပြည်နယ်မှာ နေချင်တယ်ဆိုရင်တော့ ဒေါ်လေးရဲ့ အရိပ်ကိုယ်ရံတော်ဘဝကို စွန့်လွှတ်ရပါလိမ့်မယ်။”

ထိုစကားကို ကြားသောအခါ ယွမ်ချိုင်ရှန်း၏ မျက်နှာ ချက်ချင်းပင် ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ လုချန်းက သူမ၏ သရုပ်မှန် ကို သိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူမသည် ချီမင်းသားနှင့် ဆယ်စုနှစ်များစွာ အတူနေခဲ့သော်လည်း ချီမင်းသားပင် သူမ အရိပ်ကိုယ်ရံတော်ဖြစ်ကြောင်း မသိခဲ့ပေ။ မြောက်ပိုင်းနယ်စားမင်းသားက ဘယ်လိုလုပ် သိနိုင်မှာလဲ။

သူမ သေတော့မည်ကို ကြောက်ရွံ့နေစဉ်တွင် လုချန်းက ရုတ်တရက် လက်ကိုဆန့်တန်းကာ သူမ၏ ကိုယ်ထဲသို့ အတွင်းအားတစ်မျိုး တိုက်ရိုက်ထည့်သွင်းလိုက်သည်။

လုချန်းက သူမကို သတ်တော့မည်ဟု ထင်နေသော်လည်း နောက်တစ်ခဏတွင် သူမ၏ ဝမ်းဗိုက်အတွင်းသို့ ပြင်းထန်သော စွမ်းအားတစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူမ၏ ချက္ကရမှ တစ်စုံတစ်ရာ ထွက်လာပြီး သွေးအန်ထွက်လာသည်။

မကြာမီပင် ဖြစ်ပျက်ခဲ့သည်ကို ယွမ်ချိုင်ရှန် သဘောပေါက်သွားပြီး

“ကျေးဇူးတင်ပါတယ် မင်းသား”

ဟု ချက်ချင်း ပြောလိုက်သည်။

အဆိပ်ဆေးလုံးကို သောက်ထားသော အရိပ်ကိုယ်ရံတော်များသည် ဆွမ်ဧကရာဇ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော်လည်း လုချန်းက သူမ၏ ချက္ကရအတွင်းရှိ အဆိပ်များကို ဖယ်ရှားလိုက်ပြီဖြစ်သည်။ ဆိုလိုသည်မှာ သူမသည် ယခု ဆွမ်ဧကရာဇ်၏ အမိန့်များကို လျစ်လျူရှုနိုင်ပြီဖြစ်သည်။

လုချန်းက ယွမ်ချိုင်ရှန်ကို ဆက်လက်အာရုံမစိုက်တော့ပဲ ပင်မဆောင်ရှိ အခြားသူများကို ကြည့်လိုက်သည်။ ထို့နောက် ဆွမ်ဧကရာဇ် ချီမင်းသားအနီးတွင် ထားရှိခဲ့သည့် အခြားအရိပ်ကိုယ်ရံတော်များကို လျင်မြန်စွာ ဖော်ထုတ်လိုက်ပြီး မြောက်ပိုင်းပြည်နယ်စစ်သားများဖြင့် တိုက်ရိုက်ရှင်းပစ်လိုက်သည်။

ထို့နောက် လုချန်းသည် ချီမင်းသားစံအိမ်မှ ဝန်ထမ်းများကို ဖယ်ရှားကာ အချို့သောလူများကိုတော့ ပြန်လည်ခန့်အပ်ခဲ့၏။ နောက်ရက်အနည်းငယ်ကြာအောင် ချီမင်းသားစံအိမ်တွင် နေထိုင်ရန် သူဆုံးဖြတ်လိုက်သည်။

......

ညချမ်းအချိန်။

လုချန်းသည် သွေးဆောင်တတ်သော ရွှီလင်လုံကို ဖမ်းဆီးပြီး ပြင်းထန်စွာ အပြစ်ပေးလိုက်သည်။

ကိစ္စပြီးဆုံးသောအခါ အားအင်ကုန်ခမ်းနေသော ရွှီလင်လုံက

“မင်းသားက ဘာလို့ ချိီမိဖုရားကို မသတ်တာလဲ။ မင်းသားက ချီမိဖုရားမှာ ဆွဲဆောင်မှုတွေ ရှိနေသေးတယ်လို့ ထင်နေပြီး မင်းသားရဲ့ အတွင်းဆောင်ကို ခေါ်သွားချင်လို့လား။”

ထိုစကားကို ကြားသောအခါ လုချန်း ပြန်ပြောစရာစကားမရှိ ဖြစ်သွားသည်။ ရွှီလင်လုံက သူ့ကို ဘာများထင်နေပါသနည်း။

သူသည် ဒီလောက် တဏှာကြီးသူမဟုတ်ပေ။ ယွမ်ချိုင်ရှန်သည် ကျန်းမာရေးကောင်းမွန်ပြီး ဆွဲဆောင်မှုအချို့ ကျန်ရှိနေသေးသော်လည်း လင်ဝမ်ရွန်နှင့် ဝူကျန်းဝမ်ကဲ့သို့ အိုမင်းခြင်းလက္ခဏာမရှိသော အမျိုးသမီးများကိုသာ လုချန်း နှစ်သက်သည်။

ယွမ်ချိုင်ရှန်တွင် အိုမင်းရင့်ရော်ခြင်းလက္ခဏာများ ထင်ရှားနေပြီး အရေးအကြီးဆုံးအချက်မှာ သူမ၏ ရမှတ် ကိုးဆယ်မရှိခြင်းနှင့် ချီမင်းသား၏ အမျိုးသမီးဖြစ်ခြင်းဖြစ်သည်။

လုချန်းက

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကိုယ်က မိန်းမတိုင်းကို လက်ခံတာမဟုတ်ဘူး။”

ရွှီလင်လုံက

“ဘယ်လိုလုပ် မဖြစ်နိုင်ရမှာလဲ။ မင်းသားက ရှင့်ရဲ့ အဒေါ်အရင်းနဲ့ မရီးကိုတောင် အလွတ်မပေးခဲ့တာ။ ချီမိဖုရားကို ထပ်ထည့်လိုက်တာက ဘာမှထူးဆန်းနေမှာ မဟုတ်ပါဘူး။”

လုချန်းက

“ကိုယ်သူ့ကို အသက်ချမ်းသာပေးရတဲ့ အကြောင်းရင်းက သူက ချီမိဖုရားဖြစ်လို့ပါ။ သူ့ကိုတောင် အသက်ချမ်းသာပေးလိုက်တယ်ဆိုတာက ကိုယ့်ရဲ့ ကရုဏာရှိမှုကို ပြသလိုက်တာပဲ။ အဲဒါမှ ချီပြည်သူတွေကို စိတ်အေးစေမှာ။”

“မင်းလို ဖြားယောင်းသွေးဆောင်တတ်တဲ့ မိန်းမကတော့ တစ်နေကုန် ညစ်ညမ်းတဲ့ အတွေးတွေနဲ့ ပြည့်နေတာပဲ။”

ရွှီလင်လုံက

“ဘယ်သူက ကျွန်မကို ဒီလိုဖြစ်အောင် လုပ်ခဲ့လဲ မသိဘူး”

ဟု ဝမ်းနည်းစွာ ပြောလိုက်သည်။

လုချန်းက ရယ်လိုက်ပြီး

“တော်လောက်ပြီ။ ဒီအကြောင်း မပြောတော့ဘူး။ ဒီနေ့ ကိုယ်စိတ်ကောင်းဝင်နေတယ်။ ဒါကြောင့် မင်းကို သေချာဆုချရမယ်။”

ထိုစကားနှင့်အတူ လုချန်းက လက်ကိုဝှေ့ယမ်းလိုက်ရာ ဘယ်ကမှန်းမသိ ရောက်ရှိသော ကြိုးတစ်ချောင်းနှင့် ခေါင်းလောင်းတစ်လုံး ပေါ်လာသည်။

ရွှီလင်လုံက လုချန်းကို မျက်‌စောင်းထိုး ကြည့်ပြီး

“ချီပြည်သူတွေသာ မင်းသား ဒီလိုလူစားမျိုးဆိုတာ သိသွားရင် ပိုတောင် ကြောက်ကြမှာ။”

လုချန်းက ပြုံးလျက်

“သူတို့ကြောက်သည်ဖြစ်စေ မကြောက်သည်ဖြစ်စေ အရေးမကြီးဘူး။ အရေးကြီးတာက ဒီည မင်းကို ကြောက်အောင်လုပ်ဖို့လိုတယ်။”

ထိုစကားများဖြင့် လုချန်းသည် ရွှီလင်လုံ၏ ပါးစပ်ကို ဖုံးအုပ်လိုက်သည်။

“အွန်း... အွန်း...”

..............

အခန်း (၇၅၂)

ထီးနန်းသိမ်းပိုက်ဖို့ အချိန်တန်ပြီ (၁)

ချီမြို့တော်ကို သိမ်းပိုက်ပြီးနောက် လုချန်းသည် ပြည်သူများအတွက် အကျိုးရှိသော မူဝါဒများစွာကို ချက်ချင်းချမှတ်ခဲ့သည်။

ထို့ပြင် လုချန်းသည် ချီမင်းသားစံအိမ်မှ လူများကိုပင် ချမ်းသာပေးခဲ့သောကြောင့် ဒေသခံများက သူ့ကို အပြစ်မဲ့သူများကို အကြောင်းမဲ့ သတ်ဖြတ်လေ့မရှိသော ဂရုဏာရှင်မင်းသားအဖြစ် လျင်မြန်စွာ လက်ခံလာခဲ့ကြသည်။ ထိုလုပ်ရပ်သည် ချီပြည်သူများ၏ လုချန်းအပေါ် ကြောက်ရွံ့မှုကိုလည်း လျော့ပါးစေခဲ့သည်။

သို့သော် တစ်ချိန်က မြောက်ပိုင်းစစ်တပ်အား ခုခံခဲ့သော အာဏာရှိ မိသားစုများမှာမူ အများအားဖြင့် ကံမကောင်း အကြောင်းမလှခဲ့ကြပေ။

ချီပြည်နယ် တည်ငြိမ်သွားသောအခါ ဝေစုယွမ်နှင့် မုချန်တိန်တို့ ဦးဆောင်သော စစ်သည်နှစ်သိန်းစီပါသည့် စစ်တပ်များသည် ရှနိုင်ငံတော်၏ ဗဟိုအချက်အချာဒေသများဆီသို့ ဆက်လက်ချီတက်ကြသည်။

မုချန်တိန်နှင့် ဝေစုယွမ်တို့သည် ရှေ့တန်းတပ်ကို ဦးဆောင်ခဲ့သည်။ သူတို့၏ ရည်ရွယ်ချက်မှာ လုချန်း နေပြည်တော်ဆီသို့ မချီတက်မီ ရှနိုင်ငံတော်၏ စစ်တပ်အများစုကို ချေမှုန်းရန်ဖြစ်သည်။

.......

အချိန်များကုန်လွန်သွားပြီး လဝက်ခန့်ကြာပြီးနောက်။

လုချန်း၏ ယာယီရုံးခန်းတွင်။

လုချန်းသည် ရန်ခရိုင်မှ ပေးပို့သော စာရွက်စာတမ်းအချို့ကို စစ်ဆေးနေစဥ် တံခါးဝမှ ပိုင်ချင်းချင်း၏ အသံကို ကြားလိုက်ရသည်။

“စစ်သူကြီး ချင် တွေ့ခွင့်တောင်းနေပါတယ်။”

လုချန်းက

“ဝင်ခိုင်းလိုက်ပါ။”

ထို့နောက် ချင်ယူရှန် အခန်းထဲသို့ ဝင်လာပြီး

“မင်းသားကို ဂါရဝပြုပါတယ်။”

လုချန်းက ခေါင်းညိတ်ပြီး

“အခုတလော ဘာထောက်လှမ်းရေးသတင်းတွေ ရထားသေးလဲ တပ်မှူးချင်။”

ချင်ယူရှန်သည် သူ့လက်ထဲရှိ ထောက်လှမ်းရေးအစီရင်ခံစာကို လုချန်းထံ ချက်ချင်းပေးအပ်ပြီး

“မင်းသား လုရိရဲ့ လူတွေဟာ ယမ်းမှုန့် ပြုလုပ်တဲ့ ပါဝင်ပစ္စည်းတွေကို တွေ့ရှိခဲ့ပြီး သေနတ်တွေ စတင်ထုတ်လုပ်ဖို့ ကြိုးစားနေကြပါပြီ။”

“နောက်ပြီး မင်းသား လုရိဟာ မြောက်ပိုင်းစစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်မှု မဖြစ်စေဖို့အတွက် သူရဲ့တပ်တွေကို တောင်ဘက်ရွှေ့ထားပါပြီ။”

ထိုစကားကိုကြားသောအခါ လုချန်း အံ့အားသင့်သွားသည်။

ဒီကမ္ဘာ့လူတွေက ယမ်းမှုန့်ကို ဒီလောက်မြန်မြန် ရှာဖွေတွေ့ရှိခဲ့ကြတာလား။

လုချန်းသည် သူ့စိတ်ကို ပြန်ထိန်းလိုက်ပြီး တွေးလိုက်သည်။ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း မြောက်ပိုင်းပြည်နယ်၏ သေနတ်များသည် မျိုးဆက်ပေါင်းများစွာ တိုးတက်ပြောင်းလဲလာခဲ့ပြီးဖြစ်သည်။ ဒီကမ္ဘာက လူတွေ ယမ်းမှုန့်ကို ရှာဖွေတွေ့ရှိခြင်းက ထူးဆန်းသည့် ကိစ္စတော့ မဟုတ်ပေ။

ထို့နောက် လုချန်းက သူ၏လက်ထဲရှိ စာကိုဖွင့်ကာ သေချာဖတ်ရှုခဲ့သည်။ မင်းသား လုရိ ယမ်းမှုန့်ကို မည်သို့ရှာဖွေတွေ့ရှိခဲ့ကြောင်းကို အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားသည်။

မင်းသား လုရိသည် တာအိုဆရာများ၏ ဓာတုဗေဒစမ်းသပ်မှုများမှတစ်ဆင့် ယမ်းမှုန့်ကို ရှာဖွေတွေ့ရှိခဲ့သည်ကို မြင်သောအခါ သူသာ မပေါ်ပေါက်ခဲ့ပါက ယမ်းမှုန့်ကို ရှာဖွေတွေ့ရှိခဲ့လျှင်ပင် မီးရှူးမီးပန်းများအတွက်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး နှစ်ရာပေါင်းများစွာ ကြာသည်အထိ စစ်ရေးအတွက် အသုံးချနိုင်မည်မဟုတ်ဟု စိတ်ထဲမှ တွေးလိုက်မိသည်။

သို့သော် အခြားတစ်ဖက်မှကြည့်လျှင် မင်းသား လုရိနှင့်အဖွဲ့က ယမ်းမှုန့်ကို ရှာဖွေတွေ့ရှိခဲ့လျှင်ပင် သူတို့ ထုတ်လုပ်နိုင်သည့် ယမ်းမှုန့်သည် အကောင်းဆုံးအနေနှင့် ယမ်းမဲသာ ဖြစ်နိုင်မည်ဖြစ်ပြီး မျိုးဆက်များစွာ တိုးတက်ပြောင်းလဲလာခဲ့သည့် မြောက်ပိုင်းပြည်နယ်၏ သေနတ်များကဲ့သို့ စွမ်းအားရှိမည်မဟုတ်ပေ။

သို့သော် ဒါကလည်း အမှန်တကယ်ပင် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်။ သူ ထီးနန်းကို အမြန်ဆုံးသိမ်းပိုက်ရန် လိုအပ်သည်။

ယခု မင်းသား လုရိ ယမ်းမှုန့်ကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ရာ အခြားအင်အားစုများလည်း ထိုနည်းအတိုင်း လုပ်ဆောင်လာနိုင်ပေလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ အခြားနိုင်ငံများလည်း သေနတ်များ ပိုင်ဆိုင်လာနိုင်သည်။

သူတို့၏ သေနတ်များသည် မြောက်ပိုင်းပြည်နယ်၏ သေနတ်များကဲ့သို့ စွမ်းအားမပြင်းနိုင်သော်လည်း အခြားနိုင်ငံများ သေနတ် ရရှိလာပါက မြောက်ပိုင်းပြည်နယ် စစ်သားများအပေါ် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်။ နောင်တွင် မြောက်ပိုင်းပြည်နယ်က အဓိက နိုင်ငံကြီးများကို စုစည်းရန် ပြင်ဆင်သောအခါ သေနတ်များက ထိုလုပ်ငန်းစဥ်ကို နှေးကွေးစေမည်မှာ မလွဲဧကန်ပင်။

မည်သည့်နိုင်ငံကမှ သေနတ် မတီထွင်နိုင်မီ အဓိက နိုင်ငံကြီးများကို သိမ်းပိုက်ထားခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

ထိုသို့တွေးလိုက်ပြီးနောက် လုချန်းသည် ကလောင်ကိုယူကာ စစ်ရေးအမိန့်များကို စတင်ရေးသားခဲ့သည်။

မကြာမီပင် စစ်အမိန့်အသစ်များသည် ဝေစုယွမ်နှင့် မုချန်တိန်တို့ထံသို့ ရောက်ရှိလာခဲ့သည်။ နောက်ရက်များတွင် သူတို့၏ ထိုးစစ်ကို ပိုမိုအရှိန်မြှင့်တင်ခဲ့ကြသည်။

......

ထိုအတောအတွင်း။

တောင်ဘက်ရှိ မြို့တစ်မြို့တွင်။

ကျောက်နယ်စားသည် သူ၏လက်ထဲရှိ ထောက်လှမ်းရေးအစီရင်ခံစာကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် အချိန်အတော်ကြာ တိတ်ဆိတ်နေသည်။

ကျောက်နယ်စား၏ ရှေ့တွင် သူ၏လက်အောက်ခံ ဆယ့်နှစ်ယောက်ကျော်သည် ရပ်နေကြ၏။ သူတို့ထဲမှ တစ်ဦးက

“မင်းသား။ ကျွန်တော်တို့ မရှိတုန်း မင်းသား လုရိဟာ နယ်စားဟောင်းတွေရဲ့ ဆွေမျိုးတွေနဲ့ ပေါင်းပြီး ကျွန်တော်တို့ ခက်ခဲစွာ တိုက်ယူခဲ့တဲ့ နယ်မြေတွေကို သိမ်းပိုက်သွားပါပြီ။ ဒါကို ကျွန်တော်တို့ လက်ပိုက်ကြည့်နေလို့ မရပါဘူး။”

ထိုလက်အောက်ခံက စကားပြောပြီးသည်နှင့် နောက်တစ်ဦးက

“မှန်ပါတယ် မင်းသား။ ကျွန်တော်တို့ အခု အရေးယူဆောင်ရွက်တာမျိုး မလုပ်ဘူးဆိုရင် မင်းသား လုရိ နောက်ထပ် ဘာတွေလုပ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။”

‌ကျောက်နယ်စားထံတွင် သူ၏ကိုယ်ပိုင်ရည်မှန်းချက်များ ရှိသဖြင့် နယ်မြေအနည်းငယ် ဆုံးရှုံးမှုကို အလွန်အမင်း အရေးမစိုက်သော်လည်း သူ၏ လက်အောက်ငယ်သားများမှာမူ ကွဲပြားသည်။ သူတို့သည် ထိုနယ်မြေများကို အခက်အခဲများစွာကြားမှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခု မင်းသား လုရိက ထိုမြေများကို ပြန်လည် သိမ်းပိုက်သွားခဲ့ခြင်း ဖြစ်သည်။

သူ၏လက်ထဲရှိ ထောက်လှမ်းရေးအစီရင်ခံစာကို ချလိုက်ပြီးနောက် ကျောက်နယ်စားသည် သူ၏လက်အောက်ခံများကို ကြည့်ကာ

“ချီပြည်နယ် ကျသွားပြီ။ မြောက်ပိုင်းပြည်နယ်က စစ်သည် ခြောက်သိန်းကို တောင်ဘက် လွှတ်လိုက်ပြီ။ နေပြည်တော် ကျဆုံးဖို့ မကြာတော့ဘူး။ မြောက်ပိုင်းနယ်စားမင်းသား ကျုပ်ထက်အရင် နေပြည်တော်ကို ရောက်သွားရင် အဲဒီရာထူးက သူအပိုင်ဖြစ်သွားလိမ့်မယ်။”

“မြောက်ပိုင်းနယ်စားမင်းသား ဧကရာဇ်ဖြစ်သွားတာနဲ့ ကျုပ်ရဲ့ကြိုးပမ်းမှုအားလုံးဟာ အချည်းနှီး ဖြစ်သွားလိမ့်မယ်။ အခုအချိန်မှာ မင်းသား လုရိနဲ့ မြေယာအနည်းငယ်အတွက် တပ်အင်အားခွဲပြီး ရန်ဖြစ်နေမယ်ဆိုရင် မြောက်ပိုင်းနယ်စားမင်းသားနဲ့ အဲဒီရာထူးကို ဘယ်လိုယှဉ်ပြိုင်နိုင်တော့မှာလဲ။”

ကျောက်နယ်စား၏ စကားကိုကြားသောအခါ သူ၏လက်အောက်ခံများသည် ခဏခန့် ကြောင်သွားကြသည်။

ထိုအချိန်တွင် ကျောက်နယ်စား၏ လက်အောက်ခံတစ်ဦးက

“မင်းသားရဲ့ အမြင်က ကျယ်ပြောပြီး နည်းဗျူဟာတွေကလည်း နက်ရှိုင်းပါတယ်။ ကျွန်တော်တို့အားလုံး အထင်ကြီးလေးစားရပါတယ်။”

ကျောက်နယ်စားက ဆက်လက်၍

“မြောက်ပိုင်းစစ်တပ် နေပြည်တော်ကို ချီတက်လာတာကို တားဆီးဖို့ မြောက်ဘက်ကို အမြန်သွားရမယ်။”

“အထူးသဖြင့် ဟယ်ယန်ခရိုင်ရဲ့ အရှေ့ဘက်ကနေ ချီတက်လာတဲ့ စစ်တပ်ကိုပေါ့။”

ထိုစကားနှင့်အတူ ကျောက်နယ်စားသည် အဝေးတစ်နေရာကို မျှော်ကြည့်လိုက်ပြီး သူ၏စိတ်ထဲတွင် ခံစားချက်များစွာ ပြည့်နှက်နေသည်။

စစ်ပွဲက ဒီလောက်အဆင့်အထိ ရောက်လာပြီဖြစ်သည်။ နောက်ဆုံးတွင် စုစည်းမှု အောင်မြင်ပြီး ရှနိုင်ငံတော်အတွင်း၌ နယ်စားများ မရှိတော့ပဲ ဆွမ်ဧကရာဇ်၏ အာဏာသအထွတ်အထိပ်သို့ ရောက်ရှိသွားလျှင်ပင် ဆွမ်ဧကရာဇ်၏ လက်ထဲသို့ ရောက်ရှိလာမည့်အရာမှာ ပျက်စီးသွားပြီဖြစ်သည့် ရှနိုင်ငံတော်သာ ဖြစ်လိမ့်မည်။

စစ်ပွဲမတိုင်မီ အခြေအနေသို့ ရှနိုင်ငံတော် ပြန်လည်ရောက်ရှိရန် နှစ်ပေါင်းမည်မျှ ကြာမည်မှန်း မသိနိုင်ပေ။

ဆွမ်ဧကရာဇ်၏ လုပ်ရပ်များက အနည်းငယ် လွန်ကဲနေသည်ဟု ကျောက်နယ်စား ခံစားရသည်။

သို့သော်လည်း သူသည် ဆွမ်ဧကရာဇ်ဘက်မှ ရပ်တည်နေသူဖြစ်သောကြောင့် စကားများများ ပြောရန် အနေအထားမရှိပေ။

ယခု သူသည် ဆွမ်ဧကရာဇ်၏အမိန့်ကို လိုက်နာကာ တောင်ဘက်သို့ အမြန်ဆုံးသွားပြီး နောက်ဆုံးနယ်စားဖြစ်သော မြောက်ပိုင်းနယ်စားမင်းသားကို ကိုင်တွယ်ရန် ကူညီရမည်ဖြစ်သည်။

......

လုချန်း၏ စစ်ရေးအမိန့်များကို ရရှိပြီးနောက် မုချန်တိန်နှင့် ဝေစုယွမ်တို့သည် သူတို့၏ ထိုးစစ်ကို အရှိန်မြှင့်တင်ခဲ့ကြသည်။ အစပိုင်းတွင် ဆွမ်ဧကရာဇ်သည် သူတို့ နေပြည်တော်သို့ ဦးတည်နေသည်ကို တားဆီးရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ ထို့ကြောင့် အချိန်အတော်လေးတိုအတွင်း ရှနိုင်ငံတော်၏ ခရိုင်အများစုသည် မြောက်ပိုင်းပြည်နယ်၏ ထိန်းချုပ်မှုအောက်သို့ ရောင်ရှိလာခဲ့သည်။

သို့သော် မုချန်တိန်နှင့် ဝေစုယွမ်တို့၏ ချီတက်မှုသည် အလွန်လျင်မြန်သောကြောင့် သူတို့သည် နေပြည်တော်၏ ထိန်းချုပ်မှုဧရိယာအနီးသို့ ရောက်ရှိလာခဲ့သည်။

လုချန်းသည် ချီပြည်နယ်၏ မြို့တော်တွင် မရွေ့မလျား ရှိနေသေးသည်ကို ဆွမ်ဧကရာဇ် သဘောပေါက်သွားခဲ့သည်။ စစ်တပ်နှစ်ခု၏ ဆက်လက်ဖိအားပေးခြင်း ခံရပါက နေပြည်တော်သည် ထိုစစ်သည်လေးသိန်းကြောင့် ကျသွားနိုင်သည့် အန္တရာယ်ရှိသည် ဆွမ်ဧကရာဇ် သိမြင်လိုက်သည်။

ထိုသို့ဖြစ်ခွင့်ပြု၍ မရပေ။

လုချန်း တောင်ဘက်သို့ မလာမချင်း အချိန်ဆွဲရန် နည်းလမ်းရှာရမည်ဖြစ်သည်။ ထို့နောက်မှသာ သူတို့ကို နေပြည်တော်အနီးသို့ ချဥ်းကပ်ခွင့်ပြုရမည်။ ချက်ချင်းပင် ဆွမ်ဧကရာဇ်သည် တပ်များကို ရွှေ့ပြောင်းပြီး စစ်သူကြီးများကို စေလွှတ်ခဲ့ကာ မုချန်တိန်တို့၏ စစ်တပ်ကို နှောင့်နှေးစေရန် နည်းလမ်းရှာခဲ့သည်။ ကျောက်နယ်စားထံသို့လည်း လျှို့ဝှက်စာတစ်စောင် ပေးပို့ခဲ့သည်။

ရှနိုင်ငံတော် နန်းတွင်းကမူ အရှေ့ဘက်မှ လာသော မြောက်ပိုင်းပြည်နယ် ရေတပ်ကို ဖြေရှင်းရန် အာရုံစိုက်လိုက်သည်။

ပဋိပက္ခများသည် ယခုအချိန်အထိ အသေးစားများသာ ဖြစ်ခဲ့ပြီး တိုက်ပွဲကြီးအဖြစ် မရောက်သေးပေ။

ဆွမ်ဧကရာဇ်ထံမှ စာကို လက်ခံရရှိပြီးနောက် ကျောက်နယ်စားသည် သူ၏တပ်များကို မုချန်တိန်၏ စစ်တပ်နှင့် ပိုမိုနီးကပ်စေရန် ချက်ချင်း အမိန့်ပေးလိုက်သည်။

ထိုအချိန်တွင် မုချန်တိန်၏ စစ်သည်နှစ်သိန်းပါ စစ်တပ်သည် ကျင်းကျန်းမြို့တွင် နားနေကြဆဲဖြစ်သည်။ အထူးကိုယ်ရံတော်များ ရှိနေသောကြောင့် မုချန်တိန်သည် ကျောက်နယ်စား၏ လှုပ်ရှားမှုတိုင်းကို သိရှိနေခဲ့သည်။ ကျောက်နယ်စား စစ်သည်လေးသိန်းဖြင့် ကျင်းကျန်းမြို့အနီးသို့ ရောက်လာသည်ကိုလည်း သိထားခဲ့သည်။

ကျောက်နယ်စား၏ စစ်တပ်သည် သူတို့၏စစ်တပ်ထက် နှစ်ဆခန့်ကြီးမားသော်လည်း မုချန်တိန် အနည်းငယ်မှ ထိတ်လန့်ခြင်းမရှိပေ။

ကျောက်နယ်စားနှင့် သူသည် ယခုချိန်အထိ မိတ်ဆွေဟောင်းများဟု သတ်မှတ်နိုင်သေးသည်။

လွန်ခဲ့သောနှစ်များက ဆွမ်ဧကရာဇ် နန်းတက်နိုင်ရန်အတွက် သူတို့ အကြိမ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြဖူးသည်။ ကျောက်နယ်စားသည် ဆွမ်ဧကရာဇ်၏ လူဖြစ်ကြောင်းလည်း မုချန်တိန် ကောင်းစွာသိရှိထားသည်။

ကျောက်နယ်စားက သူပုန်ထခဲ့သည်ဟု ထင်ရသော်လည်း နေပြည်တော်ကို တိုက်ရိုက်မတိုက်ခိုက်ပဲ မြောက်ပိုင်းပြည်နယ်စစ်တပ်ကို ကြားဖြတ်ဟန့်တားရန် ရောက်ရှိလာခြင်းက ကျောက်နယ်စားသည် ဆွမ်ဧကရာဇ်ဘက်တွင် ရပ်တည်နေဆဲဖြစ်ကြောင်း ပြသနေသည်။

ကျောက်နယ်စားသည် ထိုအချိန်အထိ သူတိုက်ခိုက်တော့မည့် မြောက်ပိုင်းပြည်နယ်စစ်တပ်ကို မည်သူက ဦးဆောင်နေသည်ကို မသိခဲ့ပေ။ ကျောက်နယ်စား ကျင်းကျန်းမြို့အနီးသို့ ရောက်ရှိပြီးနောက် ‌မြောက်ပိုင်းစစ်တပ်၏ စစ်အင်အားကို စမ်းသပ်ရန်အတွက် ထိုးစစ်ငယ်တစ်ခု စတင်ရန် စီစဉ်ခဲ့သည်။

ကျောက်နယ်စားသည် မြောက်ပိုင်းပြည်နယ်စစ်တပ်၏ ကြီးမားသော စွမ်းအားအကြောင်းကို အတော်ကြာကတည်းက ကြားသိခဲ့ရပြီးဖြစ်သည်။ မြောက်ပိုင်းစစ်တပ်၏ မြောက်ပိုင်းရှိ အောင်မြင်မှုများကို ထောက်ရှုပြီး သူ သတိထားရန် လိုအပ် ကြောင်းကိုလည်း ကောင်းစွာနားလည်ထားခဲ့သည်။

သို့သော် ကျောက်နယ်စားကို အံ့အားသင့်သွားစေသည်က သူ၏တပ်များသည် မြို့အပြင်ဘက်သို့ ရောက်သည်နှင့် မြောက်ပိုင်းစစ်တပ်သည် တိုက်ခိုက်မှု တစ်စုံတစ်ရာမပြုပဲ ကျင်းကျန်းမြို့တွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ခြင်းဖြစ်သည်။ ထိုအရာက ကျောက်နယ်စားအတွက် အလွန်ထူးဆန်းနေသည်။

ကျောက်နယ်စား သူ၏စစ်သားများကို ထိုးစစ်စတင်ရန် အမိန့်ပေးတော့မည့် အချိန်၌ ကျင်းကျန်းမြို့၏ ကင်းမျှော်စင်ပေါ်တွင် မုချန်တိန် ပေါ်လာသည်ကို တွေ့လိုက်ရသောအခါ ကျောက်နယ်စား ချက်ချင်းပင် အံ့ဩမှင်တက်သွားတော့သည်။

..............

အခန်း( ၇၅၃ )

မင်းသား ပြန်လာပြီ (၁)

မြို့ရိုးပေါ်သို့ ရောက်ရှိပြီးနောက် မုချန်တိန်က အော်လံကိုယူ၍ အသံကျယ်ကျယ်ဖြင့်

“ကျောက်နယ်စား ကျန်းမာပါရဲ့လား။ ကျုပ်တို့ မတွေ့ရတာ ဆယ်နှစ်ကျော်ပြီမဟုတ်လား။”

ထိုအသံကို မုချန်တိန်၏အသံဖြစ်ကြောင်း သိလိုက်သောအခါ ကျောက်နယ်စား၏ မျက်ခုံးများ ချက်ချင်းတွန့်‌ခေါက်သွားသည်။

သူ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ မုချန်တိန် သေဆုံးသွားသည်မှာ ကြာပြီမဟုတ်လား။ သူ ဘယ်လိုလုပ် မြောက်ပိုင်းပြည်နယ်မှာ ရောက်နေရတာလဲ။

ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ကျောက်နယ်စားက သူ့ကိုယ်သူ ပြန်ထိန်းကာ

“ဟုတ်ပါတယ်။ ဆယ်နှစ်တောင် ရှိပြီ။”

“ခင်ဗျားက တော်တော် အသက်ပြင်းတာပဲ။ ခင်ဗျား သေသွားပြီလို့တောင် ထင်ထားတာ။ မထင်မှတ်ဘဲ အခုထိ အသက်ရှင်နေတုန်းပဲ။”

မုချန်တိန်က တစ်ချက်ရယ်မောလိုက်ပြီး

“ကျုပ်လည်း ဒီနေ့အထိ အသက်ရှင်မယ်လို့ မထင်ထားဘူး” ဟု ပြန်ပြောသည်။

ကျောက်နယ်စားက

“ခင်ဗျား ဒီအချိန်မှာ ပေါ်လာတာက ကျုပ်နဲ့ ပူးပေါင်းဖို့တော့ မဟုတ်လောက်ဘူး ထင်တယ်။”

မုချန်တိန်သည် ကျောက်နယ်စား၏ စကားများကို ဂရုမစိုက်ပဲ

“ကျောက်နယ်စား။ ကျုပ်နဲ့ ကျောင်းအဖိုးကြီးရဲ့ အဖြစ်ကို မြင်ပြီးတာတောင်မှ ခင်ဗျားက လုရှင်းချူးဘက်က ရပ်တည်နေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ကြိတ်ရမယ့်ဂျုံတွေ ကုန်သွားရင် နွားကိုသတ်ပြီး စွန့်ပစ်တတ်တဲ့ လုရှင်းချူးလို အာဏာရှင်တစ်ယောက်ကို သစ္စာခံရလောက်အောင် တန်ရဲ့လား။”

မုချန်တိန်၏ စကားများကို ကြားသောအခါ ကျောက်နယ်စား၏ မျက်နှာ ချက်ချင်း မည်းမှောင်သွား၏။

ကျောက်နယ်စားသည် ဆွမ်ဧကရာဇ်ဘက်မှ ရပ်တည်နေသည်မှာ မှန်သော်လည်း သူ၏လက်အောက်ခံများကမူ ဤအချက်ကို မသိထားကြပေ။ သူတို့အားလုံးက သူသည် ရှနိုင်ငံတော် နယ်နိမိတ်အတွင်းရှိ နယ်စားများကို ရှင်းလင်းရန် တိုက်ခိုက်နေပြီး ထို့နောက် ထီးနန်းအတွက် ယှဉ်ပြိုင်ရန် မြောက်ဘက်သို့ ချီတက်ခဲ့သည်ဟု ယုံကြည်ထားကြသည်။

မုချန်တိန်က ထိုသို့ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းကြောင့် ကျောက်နယ်စား၏ လက်အောက်ခံများသာ ယုံကြည်သွားပါက ကျောက်နယ်စားအပေါ် မကျေမနပ်ဖြစ်သွားနိုင်သည်။

ကျောက်နယ်စား ထိုရာထူးသို့ ရောက်စေရန်အတွက် သူတို့အသက်စွန့်ကြိုးပမ်းကြသည်မှာ နောင်တွင် ဧကရာဇ်၏လက်အောက်မှ ဝန်ကြီးများ ဖြစ်လာဖို့ဖြစ်သည်။ သို့သော်လည်း ကျောက်နယ်စားက ဆွမ်ဧကရာဇ်၏ အစေခံခွေးတစ်ကောင်အဖြစ် လျှို့ဝှက်စွာ အမှုထမ်းနေသည်ဆိုလျှင် သူ၏လက်အောက်ခံများက မည်သို့ သည်းခံနိုင်ပါမည်နည်း။

ကျောက်နယ်စားက အေးစက်စက်ရယ်မောလိုက်ပြီး

“ရှနိုင်ငံတော်ရဲ့ နယ်စားတစ်ပါးအနေနဲ့ သစ္စာဖောက်အရာရှိတွေက အာဏာကို သိမ်းပိုက်တာကို ကျုပ်က လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။”

ကျောက်နယ်စားက စကားက အတည်ပြုခြင်းလည်း မဟုတ် ငြင်းဆိုခြင်းလည်း မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဧကရာဇ်ကို သစ္စာရှိရှိ ထောက်ခံရန်ဟူသော အလံအောက်တွင် မြောက်ဘက်သို့ ချီတက်နေကြသဖြင့် ဤစကားများမှာ သူ၏လူများအတွက် မည်သို့မှ မှားယွင်းလိမ့်မည် မဟုတ်ချေ။

“ခင်ဗျားနဲ့ပတ်သက်လို့ မုချန်တိန်။ ခင်ဗျားရဲ့မုမိသားစု ပုန်ကန်ဖို့ စဉ်းစားနေပြီလို့ မင်းကြီးက သံသယရှိခဲ့ဖူးတယ်။ ခင်ဗျား တကယ် ပုန်ကန်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။”

“ဒါပေမဲ့ ကျုပ် တော်တော်စိတ်ဝင်စားသွားတာက မြောက်ပိုင်းနယ်စားလည်း ဧကရာဇ်ရဲ့သားပဲကို။ ခင်ဗျားက ဘာဖြစ်လို့ မြောက်ပိုင်းနယ်စားကို သစ္စာခံလိုက်ရတာလဲ။ ခင်ဗျားက လုမျိုးနွယ်ရဲ့ အစေခံ။ လုမိသားစုရဲ့ ခွေးတစ်ကောင်ဖြစ်နေပြီ မဟုတ်လား။”

မုချန်တိန်က အေးအေးဆေးဆေးပင်

“မြောက်ပိုင်းနယ်စားမင်းသားက ဉာဏ်ပညာရှိပြီး မျှတတဲ့ အုပ်စိုးသူတစ်ဦးပါ။ အာဏာရှင် လုရှင်းချူးနဲ့ ယှဉ်လို့မရပါဘူး။”

ဤစကားများကို ကြားသောအခါ ကျောက်နယ်စား ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဖခင်ကိုသတ်ပြီး ထီးနန်းသိမ်းဖို့ ကြံစည်နေတဲ့သူက ဉာဏ်ပညာရှိပြီး တောက်ပတဲ့ အုပ်စိုးသူ ဖြစ်နိုင်ပါ့မလား။”

မုချန်တိန်သည် ကျောက်နယ်စား၏ စကားများကို လျစ်လျူရှုလိုက်ပြီး

“ကျောက်နယ်စား။ တိုက်ပွဲမစခင် ကျွန်တော်တို့ငယ်ဘဝတုန်းက ရင်းနှီးမှုကြောင့် နောက်ဆုံးအကြိမ်အနေနဲ့ အကြံပေးပါရစေ။ မြောက်ပိုင်းနယ်စားကို လက်နက်ချလိုက်ပါ။ ဒါက ခင်ဗျားအတွက် တစ်ခုတည်းသော ရွေးချယ်မှုပဲ။”

ကျောက်နယ်စားက

“အဓိပ္ပာယ်မရှိတာ။ ကျုပ်က အာဏာသိမ်းမယ့် သစ္စာဖောက်ကို ဘာဖြစ်လို့ လက်နက်ချရမှာလဲ။”

မုချန်တိန်က

“ကျောက်နယ်စားက ခေါင်းမာနေတယ်ဆိုတော့ ဆက်ပြောနေလည်း အဓိပ္ပာယ်မရှိဘူး။ တိုက်ပွဲ စတင်ကြရအောင်။”

မုချန်တိန်၏ စကားဆုံးသည်နှင့် ကျောက်နယ်စားသည် သူ၏ဓားကို ချက်ချင်းဓားအိမ်မှ ထုတ်လိုက်ပြီး

“တိုက်ခိုက်ကြ”

ဟု အမိန့်ပေးလိုက်သည်။

နောက်တစ်စက္ကန့်အတွင်းမှာပင် ဗုံသံများ ထွက်ပေါ်လာပြီး စစ်သည်တော်များ တန်းစီနေသည့် နေရာများမှ မြားများစွာ ပျံထွက်လာကြသည်။

မုချန်တိန်လည်း သူ၏ဓားကို မြှောက်၍

“တိုက်ခိုက်ကြ။”

ချက်ချင်းဆိုသလိုပင် ကျင်းကျန်းမြို့၏ ကောင်းကင်ယံအထက်တွင် ဗုံသံ စစ်ခရာသံများ ပြည့်နှက်သွားသည်။

ခရာသံများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အမြောက်ဆံများ ပေါက်ကွဲသံက ကျင်းကျန်းမြို့တစ်ဝိုက်တွင် တစ်ဆက်တည်း ပဲ့တင်ထပ်သွားသည်။

ချက်ချင်းဆိုသလိုပင် အမြောက်ဆံများစွာ ကျောက်နယ်စား၏ တပ်အလယ်သို့ ကျဆင်းလာသည်။ သူ၏စစ်သားများ အငိုက်မိကာ အမြောက်ဆံ ပေါက်ကွဲမှုကြောင့် လွင့်စင်ကုန်ကြသည်။

အမြောက်ဆံများ ပေါက်ကွဲသောနေရာများတွင် ဖုန်အလိမ်းလိမ်းထလာကာ ကိုယ်ခန္ဓာများ အပိုင်းပိုင်း ပြတ်ကုန်ကြပြီး အရပ်လေးမျက်နှာသို့ ပြန့်ကျဲကုန်ကြသည်။ ပေါက်ကွဲသောနေရာများ၌ စစ်သား ဆယ် ယောက်ရှိလျှင် ကိုး‌ယောက်ခန့် ကျဆုံးသွားကြသည်။

ထိုအရာကို မြင်တွေ့ရသောအခါ ကျောက်နယ်စား၏ စစ်သားများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြပြီး ကြောက်စိတ်များက တပ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ကျောက်နယ်စားက

“ဒါတွေက မြောက်ပိုင်းပြည်နယ်ရဲ့ လက်နက်တွေပဲပေါ့။”

“ဒါကြောင့် ဝူနိုင်ငံတော် မြောက်ပိုင်းပြည်နယ်ကို ရှုံးခဲ့တာပဲ” ဟုလည်း စိတ်ထဲမှတွေးလိုက်သည်။

ကျောက်နယ်စား ချက်ချင်းသတိပြန်ဝင်လာပြီး အသံကျယ်ကျယ်ဖြင့်

“ဆုတ်ကြ။”

အစကတည်းက သူ၏အစီအစဉ်က စမ်းသပ်တိုက်ခိုက်ရန်သာဖြစ်ပြီး ကျင်းကျန်းမြို့ကို သိမ်းပိုက်ရန် ရည်ရွယ်ချက် မရှိခဲ့ချေ။

အခုတော့ မြောက်ပိုင်းပြည်နယ်မှ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လက်နက်များကို မြင်တွေ့ရပြီးနောက် စစ်သားများသာမက ကျောက်နယ်စားကိုယ်တိုင်ပင် တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားခဲ့သည်။

ဆုတ်ခွာရန် ခရာသံများ ထွက်ပေါ်လာပြီး အချက်ပြအလံများ လွှင့်တင်လာသည်။ ထို့နောက် ကျောက်နယ်စား၏ စစ်သားများ အလျင်အမြန် ဆုတ်ခွာသွားကြသည်။ ကျောက်တပ်၏ ဆုတ်ခွာမှုနှုန်းကမှာ အလွန်လျင်မြန်၏။ အရေးအကြီးဆုံးမှာ အနည်းငယ်မျှပင် ပရမ်းပတာမဖြစ်ပဲ စနစ်တကျ ရှိနေခြင်းပင်။

အမြောက်ပစ်ခတ်မှုအောက်တွင်ပင် ကျောက်စစ်သည်များက အတွင်းမှ ကြောက်ရွံ့ထိတ်လန့်မှုကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ကြသည်။

ထိုအချိန်တွင် မုချန်တိန်ဘေးမှ လက်ထောက်ဗိုလ်ချုပ်တစ်ဦးက

“လိုက်တိုက်ရမလား ဗိုလ်ချုပ်။”

မုချန်တိန်က ချက်ချင်းပင်

“မလိုဘူး။”

ကျောက်တပ်များ၏ စနစ်တကျ ဆုတ်ခွာမှုသည် ၎င်းတို့၏ ထူးခြားသော စွမ်းရည်ကို ပြသနေသည်။ လက်နက်ကြီးများ မယူဆောင်ပဲ သေနတ်များ၊ လက်ပစ်ဗုံးများဖြင့်သာ လိုက်လံတိုက်ခိုက်ပါက သိသာထင်ရှားသော ရလဒ်များ ရရှိမည် မဟုတ်ပေ။

သေနတ်များသည် အတော်လေး အစွမ်းထက်သော်လည်း ရန်သူ့မြားများကိုလည်း လျှော့တွက်၍ မရချေ။

ဟုတ်ပါသည်။ အဓိကအချက်မှာ လုချန်းက စစ်အင်အားကောင်းသည့် တပ်များကို တတ်နိုင်သမျှ ကြောက်လန့်စေပြီး လက်နက်ချဖို့ စည်းရုံးရန် စစ်အမိန့်တွင် ပြောထားသောကြောင့် ဖြစ်သည်။

နောက်ဆုံးတွင် ရှနိုင်ငံတော်ကို လုချန်းပိုင်ဆိုင်လာမည်ဖြစ်ရာ သူသာ နိုင်ငံကို လုံးဝဖျက်ဆီးပစ်လိုက်ပါက ရှနိုင်ငံတော်တွင် လူဦးရေ မည်မျှကျန်ရှိမည်နည်း။ ထို့နောက် အခြားနိုင်ငံများကို မည်သို့သိမ်းပိုက်မည်နည်း။

လုချန်းအတွက် လူဦးရေသည် အရေးပါသော အရင်းအမြစ်တစ်ခု ဖြစ်နေဆဲပင်။

မြောက်ပိုင်းပြည်နယ်၏ လက်နက်များက ကျောက်နယ်စားကို ကြောက်ရွံ့သွားစေခဲ့ပြီဟု မုချန်တိန် ယုံကြည်သည်။ ယခုတော့ ကျောက်နယ်စား မည်သို့ရွေးချယ်မည်ကိုသာ စောင့်ကြည့်ရတော့မည်ဖြစ်သည်။ ကျောက်နယ်စားသာ ဆွမ်ဧကရာဇ်ဘက်မှ ဆက်လက်ရပ်တည်ရန် အတင်းအကျပ် ဆုံးဖြတ်ခဲ့ပါက သူအနေနှင့် တိုက်ခိုက်ရန်မှတပါး ရွေးစရာမရှိတော့ပေ။

သူတို့သိမ်းပိုက်ထားသည့် မြို့တစ်မြို့သို့ ဆုတ်ခွာသွားပြီးနောက် ကျောက်နယ်စား၏ စိတ်များသည် အချိန်အတော်ကြာအောင် တည်ငြိမ်နိုင်ခြင်း မရှိခဲ့ပေ။ မြောက်ပိုင်းပြည်နယ်၏ လက်နက်များသည် အလွန်ကြောက်မက်ဖွယ်ကောင်းနိုင်သည်ဟု သူ ခန့်မှန်းခဲ့ဖူးသော်လည်း ၎င်းတို့၏ စွမ်းအားသည် အဆင့်လွန် ပညာရှင်တစ်ဦး၏ စွမ်းအားနှင့် ယှဉ်ပြိုင်နိုင်လောက်သည်အထိ ဖြစ်လိမ့်မည်ဟု သူ မထင်ခဲ့ချေ။

ထိုပေါက်ကွဲသော သံလုံးများကို မည်သို့ပြုလုပ်ထားသနည်း။ ထိုကဲ့သို့ သံလုံးသေးသေးလေးက ဘာ့ကြောင့်များ အလွန်ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်နိုင်သနည်း။

မုချန်တိန် လိုက်မတိုက်ခဲ့သည်မှာ ကံကောင်းသည်။ မဟုတ်ပါက ယနေ့ သူတို့စစ်သည်များ၏ သုံးပုံတစ်ပုံခန့် အနည်းဆုံး ဆုံးရှုံးခဲ့နိုင်သည်။

ယခုတော့ ဒုက္ခရောက်ပေပြီ။ မြောက်ပိုင်းပြည်နယ်တွင် ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းသော လက်နက်များ ရှိနေခြင်းကြောင့် သူ၏စစ်သားများက နေပြည်တော်သွားမည့်လမ်းကြောင်းကို မကာကွယ်နိုင်တော့ချေ။ ဆွမ်ဧကရာဇ် ပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်တော့မည်ကို သူ စိုးရိမ်မိသည်။

ထိုသို့တွေးမိသောအခါ ကျောက်နယ်စား အလွန်စိတ်ဓာတ်ကျလာသည်။ မြောက်ပိုင်းနယ်စားမင်းသားက အချိန်တိုအတွင်း မြောက်ပိုင်းပြည်နယ်တွင် ထိုကဲ့သို့ ဆန်းကြယ်သည့် အရာများကို မည်သို့ဖန်တီးနိုင်ခဲ့သနည်း။ ယခင်က ဒီကမ္ဘာတွင် ပေါက်ကွဲသော သံလုံးများဆိုသည်မှာ မရှိခဲ့ပေ။

ကျောက်နယ်စား စိုးရိမ်လာသည်။ စစ်ပွဲ၏ရလဒ်ကို ခန့်မှန်းရန် ခက်ခဲလာပြီ။

လာမည့်စစ်ပွဲသည် သာမန်လူများ ဝင်ရောက်စွက်ဖက်နိုင်သည့်အရာ မဟုတ်တော့ချေ။ တစ်ခုတည်းသော မျှော်လင့်ချက်မှာ အဆင့်လွန် ပညာရှင်များနှင့် စွမ်းအားရှင်များအပေါ်တွင်သာ တည်နေတော့သည်။

အကယ်၍ ဆွမ်ဧကရာဇ်သည် လျှို့ဝှက်လဝန်းနန်းတော်မှ စွမ်းအားရှင်ကို သတ်နိုင်ပြီး သူကိုယ်တိုင် စွမ်းအားရှင်ဖြစ်လာခဲ့ပါက မြောက်ပိုင်းပြည်နယ်၏ လက်နက်များသည် သူ့အပေါ်တွင် အကျိုးသက်ရောက်မှု မရှိတော့ပဲ အခြေအနေပြောင်းလဲသွားနိုင်သည်။

သို့သော်လည်း ဆွမ်ဧကရာဇ်၏ အစီအစဉ်သာ မအောင်မြင်ခဲ့ပါက သူလည်း သူ၏ရာထူးမှ ဆင်းသက်ရပေလိမ့်မည်။

ဆွမ်ဧကရာဇ်သာ မအောင်မြင်ခဲ့လျှင် သူ ဘာလုပ်သင့်သနည်း။

ကျောက်နယ်စား မျက်မှောင်ကြုတ်လျက် အတွေးများထဲ နစ်မြောနေသည်။ နောက်ရက်များတွင် ကျောက်နယ်စားသည် မုချန်တိန်တပ်၏ အရှေ့ဘက်သို့ ချီတက်မှုကို ကာကွယ်ရင်း သူနောက်တစ်ဆင့် လှုပ်ရှားရမည့် အစီအစဉ်များကို စဉ်းစားနေသည်။

တစ်ချိန်တည်းမှာပင် ပင်လယ်နားတွင် ဖြစ်ပွားနေသည့် စစ်ပွဲသည်လည်း အဆုံးသတ်သလောက် ဖြစ်နေပြီဖြစ်သည်။ ရှနိုင်ငံတော်က အထက်တန်းစား တပ်များကို စေလွှတ်ခဲ့သော်လည်း မြောက်ပိုင်းပြည်နယ်၏ အမြောက်ကြီးများဖြင့် တိုက်ခိုက်မှုအောက်တွင် နန်းတွင်းစစ်တပ် ဆက်တိုက် ဆုတ်ခွာခဲ့ရသည်။

အခြေအနေများ အလွန်အရေးကြီးလာသည်ကို မြင်သောအခါ အဆင့်လွန် ပညာရှင်တစ်ဦးကို စစ်ပွဲတွင်ကူညီဖို့ စေလွှတ်ရန်ပင် ဆွမ်ဧကရာဇ်သည် စဉ်းစားခဲ့ဖူးသည်။ သို့သော်လည်း ထိုအချိန်တွင် အရှေ့ဘက်နှင့် အနောက်ဘက်မှ မြောက်ပိုင်းပြည်နယ်၏ တပ်များက ဘာ့ကြောင့်မှန်းမသိ ချီတက်မှုကို ရပ်တန့်လိုက်ကြသည်။ တစ်ခုခုကို စောင့်ဆိုင်းနေပုံရသည်။

.......

တစ်ချိန်တည်းမှာပင်...

ချီမြို့တော်။

ချီပြည်သူများ၏ နှုတ်ဆက်ခြင်းကို ခံယူရင်း လုချန်းသည် တောင်ဘက်သို့ ခရီးဆက်ခဲ့သည်။

မြင်းပေါ်တွင် ထိုင်နေသော လုချန်းသည် နေပြည်တော်ဘက်သို့ ကြည့်ရင်း

“မင်းသား ပြန်လာပြီ” ဟု သူ့ဘာသူ တီးတိုးရေရွတ်လိုက်လေသည်။

............

All Chapters