← Chapters

အခန်း ၇၅၇-၇၅၉

Vol. 51 Ch. 757-759

အခန်း ၇၅၇-၇၅၉

Vol. 51 Ch. 757-759

အခန်း (၇၅၇)

ဆရာမ အရေးယူချင်ရင် အခုယူလိုက်ပါ (၂)

လုချန်းကို အသုံးပြုရင်တောင် သူမ၏ကိုယ်ကျိုးအတွက်သာ ဖြစ်သင့်သည်ဟု ယွမ်ရှန်ရှန် ယူဆသည်။

လုချန်းက

“ဆရာမရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဆရာမရဲ့ ဆုံးမစကားတွေကို အမြဲ နားထောင်ပါ့မယ်။”

ထို့နောက် ယွမ်ရှန်ရှန်က

“မင်း နားလည်ရင် တော်ပြီ။ စကားအများကြီး မပြောတော့ဘူး။”

ဤအချိန်တွင် ယွမ်ရှန်ရှန် ပြန်ရန်ပြင်လိုက်စဉ် လုချန်းက ရုတ်တရက်

“ဆရာမ။ ခဏလေး နေပါဦး”

ဟု တားလိုက်၏။

ဤစကားကို ကြားသော် ယွမ်ရှန်ရှန် ခေါင်းလှည့်ကာ လုချန်းကို စိတ်ခံစားမှု ကင်းမဲ့စွာ ကြည့်ပြီး

“ဘာလဲ။ပြောစရာတစ်ခုခု ရှိသေးလား။”

လုချန်းက ပြုံးလျက်

“မနက်ဖြန်ကျရင် ကျွန်တော် နေပြည်တော်ကို တိုက်ခိုက်တော့မယ်။ ဆရာမရဲ့ စွမ်းအားတွေ တိုးတက်လာအောင် ကျွန်တော် ကူညီပေးရဦးမလား။”

ယွမ်ရှန်ရှန်က စိတ်မပါသော လေသံဖြင့်

“မင်းဘေးမှာ ကောင်းကင်လူသား စွမ်းအားရှင်နှစ်ယောက်တောင် ထပ်ရောက်နေပြီ။ တိုင်ချူးနတ်ဘုရားကျောင်းနဲ့ နေဝင်ဆည်းဆာ ဓားဂိုဏ်းက လူတွေဟာ အလွန်ကို အင်အားကြီးမားပါတယ်။ ငါ့ကို လိုအပ်တော့မှာ မဟုတ်ပါဘူး။”

လုချန်းက

“ဆရာမ ဘာတွေပြောနေတာလဲ။ ဆရာမရဲ့ အကူအညီမပါရင် အဲဒီ နတ်လက်နက်ကို ဘယ်လိုရှာတွေ့နိုင်မှာလဲ။”

ထိုစကားကို ကြားသော် ယွမ်ရှန်ရှန် စိတ်ထဲမှ ပြုံးလိုက်သည်။ ဤတပည့်သည် မိုက်မဲသူမဟုတ်သေးပေ။ ကောင်းကင်လူသား စွမ်းအားရှင်နှစ်ဦး ရောက်ရှိလာသော်လည်း သူမ သူ့အတွက် အသုံးဝင်နေဆဲဖြစ်ကြောင်း သူသိနေသေးပုံရသည်။

ထို့နောက် ယွမ်ရှန်ရှန်က

“ကောင်းပြီ။ လာခဲ့။”

ယွမ်ရှန်ရှန်၏ အသံဆုံးသည်နှင့် လုချန်းသည် ညစာပင် မစားတော့ပဲ အိပ်ရာဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ လျှောက်ရင်းနှင့် သူ၏ အဝတ်များကို ချွတ်လိုက်ကာ ကျစ်လစ်သော သူ၏ ခန္ဓာကိုယ်ကို ဖော်ပြလိုက်သည်။

အိပ်ရာပေါ် ရောက်သောအခါ လုချန်းသည် ယွမ်ရှန်ရှန်၏ မျက်နှာချင်းဆိုင်တွင် တင်ပျဉ်ထိုင်ချလိုက်သည်။

ထို့နေက် သူ၏ အတွင်းအားများကို စတင်လည်ပတ်စေ၏။ ယွမ်ရှန်ရှန်၏ ခရမ်းရောင် မျက်ဝန်းများသည် လုချန်း၏ မျက်လုံးများကို စူးစိုက်ကြည့်နေပြီး မကြာမီပင် သူ၏နှလုံးသားထဲမှ နက်ရှိုင်းစွာ ရှိနေသောလိုအင်များကို နှိုးဆွပေးလိုက်သည်။

ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ်ဖြစ်နေမှုကို ခုခံရင်း လုချန်းက စိတ်ဝင်တစားဖြင့် “ဆရာမ။ ဆရာမ အရင်က တခြားယောက်ျားတွေနဲ့ ဒီလို လေ့ကျင့်ခဲ့ဖူးသလား။”

ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်

“မင်း ငါ့ကို ဘာထင်နေလဲ။ တွေ့ရာယောက်ျားတိုင်းနဲ့ ဒီလိုလုပ်တတ်တယ်လို့ ထင်နေတာလား။”

လုချန်းက

“ဒါဆို ကျွန်တော်က ဆရာမနဲ့ ပထမဆုံး လေ့ကျင့်တဲ့ ယောက်ျားပေါ့။”

“ဒါဆို ကျွန်တော်က ဆရာမရဲ့ ပထမဆုံး အကြိမ်ကို ရခဲ့တာပေါ့။”

ထိုစကားကို ကြားသော် ယွမ်ရှန်ရှန်၏ လှပသော မျက်လုံးများ ပြူးကျယ်လာပြီး မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ အကြောင်းတစ်ခုခုကြောင့် လုချန်း၏ စကားများက ထူးဆန်းနေသည်ဟု သူမ အမြဲခံစားနေရ၏။

လုချန်းက ဆက်လက်၍

“ဆရာမ။ လူတိုင်းက နဂါးဖီးနစ် ယင်ယန်ကျင့်စဥ်ကို လေ့ကျင့်နိုင်တာတော့ မဟုတ်ပါဘူး။”

ဤစကားကို ကြားသောအခါ ယွမ်ရှန်ရှန်က

“ဪ ဟုတ်လား။”

ယွမ်ရှန်ရှန်သည် နဂါးဖီးနစ် ယင်ယန်ကျင့်စဥ်လေ့ကျင့်ခြင်းက ဘာကိုဆိုလိုသည်ကို မသိသေးပေ။ သူမ၏ အမြင်တွင် ၎င်းသည် ယောက်ျားနှင့်မိန်းမအတူတကွ လေ့ကျင့်နိုင်သည့် ပေါင်းစပ်ကျင့်စဥ် တစ်ခုမျှသာဖြစ်ပြီး အခြားမည်သည့်အခြေအနေမှ မလိုအပ်ဟု ယူဆထား၏။

လုချန်းက

“နဂါးဖီးနစ် ယင်ယန်ကျင့်စဥ်ကို လေ့ကျင့်ဖို့အတွက် အရေးကြီးတဲ့ အခြေအနေတစ်ခု ရှိတယ်။ ဆရာမ ကျွန်တော်နဲ့ အတူတူလေ့ကျင့်လာခဲ့တာ အကြိမ်အများကြီး ရှိပြီပဲ။ သတိမထားမိသေးဘူးလား။”

လုချန်း၏ စကားကြောင့် ယွမ်ရှန်ရှန် အနည်းငယ် တုန်လှုပ်သွားသည်။ အရေးကြီးသည့် အခြေအနေတစ်ခု။

ဘယ်လိုအခြေအနေမျိုးလဲ။

ဘာကြောင့် သူမ မသိခဲ့ရတာလဲ။

ယွမ်ရှန်ရှန်က ချက်ချင်းပင်

“ဘယ်လို အခြေအနေလဲ”

ဟု မေးလိုက်သည်။

လုချန်းက

“ဒီကျင့်စဥ် ကျင့်ဖို့က ယောက်ျားရော မိန်းမပါ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်စိတ်ရှိဖို့ လိုအပ်တယ်။ ဆရာမ ကျွန်တော်နဲ့ ပထမဆုံး အတူတူလေ့ကျင့်တဲ့အခါတုန်းက ကျွန်တော့်ရဲ့ ရမ္မက်စိတ်ကို နှိုးဆွဖို့ နည်းလမ်းတစ်ခုကို အသုံးပြုခဲ့တယ်မလား။ အဲဒီအချိန်ကတည်းက ဆရာမ သိခဲ့ရမှာပါ။”

လုချန်း၏ အဖြေကြောင့် ယွမ်ရှန်ရှန် ချက်ချင်း ဆွံ့အသွားသည်။ သို့သော် နောက်တစ်ခဏတွင် သူမ၏ ခန္ဓာကိုယ်မှ အေးစက်သော လေလှိုင်းများ ထွက်ပေါ်လာကာ အခန်းတစ်ခုလုံးကို အေးခဲစေပြီး လုချန်းကိုလည်း ရေခဲဂူထဲ ထည့်ထားသကဲ့သို့ ဖြစ်စေသည်။

ယွမ်ရှန်ရှန်၏ ခရမ်းရောင် မျက်ဝန်းများက လုချန်းကို အေးစက်ပြင်းထန်စွာ စိုက်ကြည့်ကာ

“မင်း ဘာပြောချင်တာလဲ။”

ယွမ်ရှန်ရှန်မှ ထွက်လာသည့် အေးစက်သောလေထုကို မြင်သောအခါ လုချန်းက

“ကျွန်တော် အမှန်တရားကိုပဲ ပြောပြနေတာပါ။ ဆရာမကို စိတ်ဆိုးအောင် လုပ်မိခဲ့ရင် ခွင့်လွှတ်ပါ။”

ယွမ်ရှန်ရှန်သည် လုချန်း၏ စောစောကစကားများကို လွဲမှားစွာ နားလည်လိမ့်မည် မဟုတ်ပေ။ အကယ်၍ နဂါးဖီးနစ် ယင်ယန်ကျင့်စဥ်ကို လေ့ကျင့်ရန်အတွက် ယောက်ျားနှင့်မိန်းမတို့သည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်စိတ်ရှိရန် လိုအပ်ပါက လုချန်းက သူမအပေါ် ထိုကဲ့သို့သော စိတ်ခံစားမှုမျိုး ရှိသည်ဟု ပြောနေခြင်း မဟုတ်ပါလား။

ဤလူသည် အမှန်တကယ်ပင် အိပ်မက်မက်ဝံ့သူ ဖြစ်သည်။

အထက်ကမ္ဘာမှ သူတော်စင်မဖြစ်သည့် သူမသည် သူ့အပေါ် ထိုကဲ့သို့သော အတွေးမျိုး မည်သို့ထားနိုင်မည်နည်း။

ဘယ်လို မနာခံတတ်တဲ့ တပည့်မျိုးလဲ။

သူက သူ၏ဆရာမကိုပင် ပြစ်မှားရန် ရည်ရွယ်နေ၏။

ထို့နောက် ယွမ်ရှန်ရှန်က

“တခြားအတွေးတွေ မတွေးနဲ့လို့ ငါအကြံပေးမယ်။ မင်းကို ငါ့တပည့်အဖြစ် လက်ခံလိုက်ရုံနဲ့ မင်းရဲ့အပြုအမူတွေကို အဆုံးမဲ့ သည်းခံလိမ့်မယ်လို့ မဆိုလိုဘူး။”

လုချန်းက ကြောက်ပါသည်ဟု ချက်ချင်း ဝန်မခံခဲ့ပေ။ သူ့ဘက်တွင် စွမ်းအားရှင်နှစ်ဦး ရောက်ရှိလာသည့်အတွက် လုချန်းသည် ပိုမိုရဲရင့်လာသည်ဟု ထင်ရသည်။

လုချန်းက

“ဆရာမ။ ကျွန်‌တော်က နဂါးဖီးနစ် ယင်ယန်ကျင့်စဥ်ကို လေ့ကျင့်ဖို့ လိုအပ်တဲ့ အခြေအနေတွေကိုပဲ ပြောပြခဲ့တာပါ။ ဆရာမက ဘာလို့ ဒေါသထွက်ရတာလဲ။”

“ကျွန်တော်က အမှန်တရားတစ်ခု ပြောမိသွားလို့ ဒီလောက်ဒေါသထွက်လာတာများလား။”

ယွမ်ရှန်ရှန် တုန်လှုပ်သွားပြီး

“မင်း”

ယနေ့လုချန်း ဤမျှ ရဲရင့်လာလိမ့်မည်ဟု ယွမ်ရှန်ရှန် မမျှော်လင့်ထားပေ။ သူမ၏ အတွင်းစိတ်တွင် လုချန်းအပေါ် အတွေးများ ရှိနေသည်ကို သူမသိသော်လည်း ဤယောက်ျားသည် ချန်ဝမ်ရွန်နှင့် ဆက်ဆံနေစဉ်ပင် ‘ဆရာမ’ ဟု ရေရွတ်နေနိုင်သူဖြစ်သည်။

ထို့နောက် ယွမ်ရှန်ရှန် တစ်စုံတစ်ခုကို သတိရသွားပြီး

“အဲဒီကောင်းကင်လူသား စွမ်းအားရှင်နှစ်ယောက် ရောက်လာတာက မင်းကို ဒီလိုပြောဆိုဖို့ သတ္တိတွေ ပေးလိုက်ပုံပဲ။”

“ကောင်းကင်လူသား စွမ်းအားရှင်တွေက ဒီကမ္ဘာမှာတော့ အင်အားကြီးတယ်ဆိုပေမဲ့ ကောင်းကင်လူသားဆိုတာ ကျင့်စဉ်ရဲ့အစပဲ ရှိသေးတယ်ဆိုတာ မမေ့နဲ့။ ဒီကမ္ဘာကနေ ထွက်သွားရင် ကောင်းကင်လူသားဆိုတာ ဘာမှမဟုတ်တော့ဘူး။”

“မင်း ဆက်ပြီး အကျိုးသင့်အကြောင်းသင့်မရှိပဲ ဆိုးသွမ်းနေဦးမယ်ဆိုရင် ငါတို့ လောကကနေ ထွက်သွားတဲ့အခါ မင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမှာပဲ။”

လုချန်းသည် ယွမ်ရှန်ရှန်၏ လှပသောခရမ်းရောင် မျက်ဝန်းများကို တည့်တည့်ကြည့်ကာ

“ကျင့်စဉ်ကျင့်တဲ့အခါ နှလုံးသားနဲ့ လေ့ကျင့်ရတယ်’ ဆိုတဲ့ စကားကို ကျွန်တော်ကြားဖူးပါတယ်။ ဆရာမက ကိုယ့်ရဲ့ နှလုံးသား၊ ကိုယ့်ရဲ့ ခံစားချက်တွေကို ငြင်းပယ်ဖို့ ရည်ရွယ်ထားရင် ဒီကမ္ဘာကနေ ထွက်သွားတဲ့အထိ စောင့်စရာမလိုပါဘူး။ အခုပဲ တပည့်ကို သတ်လိုက်ပါ။ ဒါဆို ဆရာမရဲ့ နှလုံးသား ငြိမ်သက်သွားမှာပါ။”

လုချန်း၏ စကားများနှင့်အတူ အရိုးထိထိုးဖောက်သည့် အေးစက်သော အငွေ့အသက်တစ်ခု ယွမ်ရှန်ရှန်ထံမှ ထပ်မံ ပေါက်ကွဲထွက်လာပြီး သူမက ချက်ချင်းပင်

“ပါးစပ်ပိတ်။ မင်းကို ငါတကယ် မသတ်ရဲဘူးလို့ ထင်နေတာလား။”

ထိုအခိုက်တွင် လုချန်း၏ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားသလို ခံစားလိုက်ရပြီး မကြာမီတွင် သူ့ခန္ဓာကိုယ်ပေါ်တွင် ရေခဲအလွှာများ စတင်တက်လာကာ ရေခဲဂူထဲတွင် ပိတ်မိနေသကဲ့သို့ ခံစားလိုက်ရသည်။

ထို့နောက် လုချန်းက သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး

“ကျွန်‌တော့်မှာတော့ ဒီအမြင်ပဲ ရှိပါတယ်။ ဆရာမ အရေးယူချင်ရင် အခုပဲ အရေးယူလိုက်ပါ။”

“အမှန်အတိုင်းပြောရရင် နဂါးဖီးနစ် ယင်ယန်ကျင့်စဥ်ကို လေ့ကျင့်ဖို့ ယောက်ျားနဲ့ မိန်းမကြားမှာ ချစ်ခင်စိတ်ရှိဖို့ လိုအပ်တယ်။ တစ်နည်းအားဖြင့် ဆရာမမှာလည်း ကျွန်တော့်အပေါ် ခံစားချက်တွေ ရှိတယ်။”

“မင်း”

အေးစက်သော လေအေးများ ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်မှ ထပ်မံထွက်ပေါ်လာ၏။ ယခုအခါ စံအိမ်တစ်ခုလုံး အေးခဲနေသကဲ့သို့ ခံစားနေရသည်။ စံအိမ်ထဲရှိ လူများ၏ အကြည့်များလည်း လုချန်း၏ အခန်းဘက်သို့ ရောက်ရှိသွားကြ၏။

ထိုအခိုက်တွင် ရွှမ်ယွမ်ချောင်ကဲ၏ အသံ တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။

“မင်းသား အဆင်ပြေရဲ့လား။”

အေးစက်သောလေသည် ယွမ်ရှန်ရှန်ထံမှ ထွက်ပေါ်လာကြောင်း ရွှမ်ယွမ်ချောင်ကဲသည် သိရှိသော်လည်း အခန်းအတွင်းရှိ အခြေအနေကို သူစိုးရိမ်မိသည်။ အကယ်၍ တကယ်ပြဿနာရှိပါက လုချန်းကို ကာကွယ်ရန် အမြန်ဝင်ရမည်ဖြစ်သည်။

လုချန်းက

“ကျွန်တော်အဆင်ပြေပါတယ်။”

လုချန်း၏ အသံကြောင့် ရွှမ်ယွမ်ချောင်ကဲ စိတ်အေးသွားသည်။

“တစ်ခုခုရှိရင် ကျွန်တော့်ကို သတိပေးလိုက်ပါ။ ကျွန်တော် ထွက်သွားပါတော့မယ်။”

လုချန်းက ပုံမှန်လေသံဖြင့်

“သွားလို့ရပါပြီ။”

ရွှမ်ယွမ်ချောင်ကဲ၏ ကြားဝင်မှုကြောင့် ယွမ်ရှန်ရှန်သည် အနည်းငယ် တည်ငြိမ်သွားပြီး လုချန်းကို အေးစက်စွာဖြင့်

“ဒီနေ့ လေ့ကျင့်တာ ဒီမှာတင် ရပ်မယ်။ ငါပြန်တော့မယ်။”

ခုနက သူမအလွန်ပြင်းထန်စွာ ပြုမူခဲ့သော်လည်း ယင်းသည် လုချန်းကို ခြိမ်းခြောက်ရန်သာဖြစ်ပြီး သူ့ကို အမှန်တကယ် နာကျင်အောင်လုပ်ရန် ရည်ရွယ်ခြင်းတော့ မဟုတ်ပေ။

တစ်ဖက်တွင် လုချန်းသည် သူမ၏ စွမ်းအင်များ မြန်မြန်ပြန်လည်ဖြည့်တင်းရန် အလွန်အရေးကြီးသူဖြစ်သည်။

နောက်တစ်ဖက်တွင် သူမ၏ စိတ်နှလုံးတွင် တုန်လှုပ်မှုအနည်းငယ် ရှိနေပြီး လုချန်း၏ မကြောက်မရွံ့သော အပြုအမူများက သူမကို စိတ်မသက်မသာ ဖြစ်စေသည်။

ယွမ်ရှန်ရှန် စိတ်ထဲ တွေးလိုက်သည်။

“ဒီကျေးဇူးကန်းတဲ့လူက ငါ့အပေါ် ဒီလိုအတွေးမျိုး ထားရဲတယ်ပေါ့။”

သူမ၏ စွမ်းအားများကို ပြန်လည်ရရှိရန်အတွက် မဟုတ်ပါက သူမ သူ့ကို ရေခဲပန်းပုရုပ်ဖြစ်အောင် လုပ်ပစ်လိုက်လိမ့်မည်။

ယွမ်ရှန်ရှန် ပြန်ရန်ပြင်နေစဥ် လုချန်းက ထပ်မံ၍

“ဆရာမ။ ကျွန်တော့်မှာ ဆွေးနွေးစရာ နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်။”

ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်

“မင်းနဲ့ ထပ်ပြီး စကားပြောချင်စိတ်မရှိဘူး။”

လုချန်းက

“ဆရာမက ဒီလိုပဲ ဆက်ရှောင်နေမယ်ဆိုရင်တော့ ကျွန်တော့်မှာ ပြောစရာ ဘာမှမရှိပါဘူး။”

“ဒါပေမဲ့ အခုလို အတူတူလေ့ကျင့်နေတဲ့ အပြုအမူတွေက စုံတွဲတွေပဲ လုပ်တဲ့အလုပ်တွေဆိုတာ ဆရာမ စဥ်းစားမိဖူးလား။”

“ဆရာမက ကျွန်တော့်နဲ့ အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးပါပြီ။ တစ်နေ့ကျရင် ကျွန်တော်တို့ ဒီကမ္ဘာကနေ ထွက်သွားပြီး အထက်ကမ္ဘာကို ပြန်ရောက်သွားတဲ့အခါ ဆရာမရဲ့ ဂိုဏ်းဝင်တွေ ဒါမှမဟုတ် မိသားစုဝင်တွေ သိသွားရင် ဘာထင်ကြမလဲ။”

“ဆရာမ ဂရုမစိုက်ပေမဲ့ သူတို့က ဂရုမစိုက်နိုင်ဘူးလို့ ထင်လား။”

“ယောက်ျားနဲ့ မိန်းမနှစ်ယောက်တည်း အခန်းတစ်ခန်းထဲမှာ၊ အိပ်ရာတစ်ခုတည်းမှာ၊ ဘာမှမလုပ်ပဲ ယုံယုံကြည်ကြည်နဲ့ နဂါးဖီးနစ် ယင်ယန်ကျင့်စဥ်ကို လေ့ကျင့်ခဲ့ကြတာပါလို့ ပြောရင် သူတို့က ကျွန်တော်တို့ သန့်ရှင်းစင်ကြယ်တယ်လို့ ယုံကြမယ်ထင်လား။”

အခန်း( ၇၅၈ )

ဒီနေ့ပြီးရင် ရှနိုင်ငံတော်မှာ နယ်စားဆိုတာ မရှိတော့ဘူး

လုချန်း၏ စကားကို ကြားသောအခါ ယွမ်ရှန်ရှန် တုန်လှုပ်သွားပြီး သူ့ကို အေးစက်စက်ကြည့်ကာ

“မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား။”

သူတို့နှစ်ဦး မထွက်ခွာသေးချိန်တွင်ပင် လုချန်းက သူတို့ထွက်သွားပြီးနောက် ဖြစ်လာနိုင်သည့် အခြေအနေများကို အသုံးပြု၍ ခြိမ်းခြောက်နေသည်။ ဤကိစ္စကို လုချန်းကိုယ်တိုင် မပြောပါက မည်သူမှ သိနိုင်မည်မဟုတ်ချေ။

သို့သော် ဤသို့ တိုက်ရိုက်ပြောဆိုခြင်းသည် လုချန်းက သူမကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ရှင်းလင်းစွာပြသနေသည်။

လုချန်းက ချက်ချင်းပင်

“ကျွန်‌တော် မရဲပါဘူး။”

ယွမ်ရှန်ရှန်က အေးစက်သောအသံဖြင့်

“မင်းဘာလုပ်ချင်တာလဲ။”

လုချန်းက

“ကျွန်တော် ဘာမှမလုပ်ချင်ပါဘူး။ ကျွန်တော်က ဆရာမရဲ့ ခံစားချက်တွေကို ဖိနှိပ်ထားလို့ မသင့်တော်ဘူးလို့ပဲ ထင်တာပါ။”

ယွမ်ရှန်ရှန်က

“မင်း ဘာလုပ်ချင်တယ်ဆိုတာ ငါမသိဘူးလို့ ထင်နေလား။”

“မင်းဘေးမှာ အချိန်အကြာကြီး နေခဲ့တာဆိုတော့ မင်း ဘယ်လိုလူစားလဲဆိုတာ ငါသိပြီးသားပါ။ မင်းက ငါ့ရဲ့ ကိုယ်ခန္ဓာကို လိုချင်နေရုံသက်သက်ပဲ။”

လုချန်းက

“ကျွန်တော်က ဆရာမရဲ့ ကိုယ်ခန္ဓာကို လိုချင်နေတာကို ဝန်ခံပါတယ်။ ဒါပေမဲ့ ဒါကလည်း ဆရာမရဲ့ ကောင်းကျိုးအတွက်ပါပဲ။”

“ကျွန်တော်နဲ့ ဆရာမဟာ အမြဲတမ်း နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို လေ့ကျင့်နေကြပေမဲ့ လက်ရှိနည်းလမ်းနဲ့တော့ ကျင့်စဉ်ရဲ့ စွမ်းအင်အပြည့်အဝကို အသုံးချနိုင်မှာ မဟုတ်ပါဘူး။”

“ဆရာမနဲ့ ကျွန်တော်သာ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ရဲ့ မှန်ကန်တဲ့ ကျင့်ကြံမှုနည်းလမ်းကို အသုံးပြုခဲ့မယ်ဆိုရင် ဆရာမရဲ့ စွမ်းအားတွေ အခုဆို ပြန်ရနေလောက်ပါပြီ။”

ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်

“ဆက်ပြောနေဖို့ မလိုဘူး။ ငါ ဘယ်တော့မှ သဘောမတူနိုင်ဘူး။”

သူမစကားဆုံးသည်နှင့် ယွမ်ရှန်ရှန် ထိုနေရာမှ ပျောက်ကွယ်သွားပြီး သူမ၏ အခန်းထဲသို့ ပြန်ရောက်သွားတော့သည်။

ယွမ်ရှန်ရှန် ထိုသို့ ထွက်ပြေးသွားသည်ကို မြင်သော်လည်း လုချန်းသည် စိတ်ဓာတ်မကျပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားသည်။

ယွမ်ရှန်ရှန်၏ သူ့အပေါ်နှစ်သက်မှုသည် ကိုးဆယ့်ရှစ်သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်ရာ သူမကို တွန်းပေးရမည့် အချိန်ရောက်ပြီဟု သူယူဆသည်။ လက်ရှိကျင့်ကြံမှုပုံစံအတိုင်းသာ ဆက်သွားပါက သူတို့၏ ဆက်ဆံရေး တိုးတက်လာနိုင်မည် မဟုတ်ချေ။ အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းက ပို၍ ရိုးရှင်းသည်။

သူမ၏ ကိုယ်ခန္ဓာကို သူလိုချင်နေသည်ကို သူမသိကြောင်း လုချန်း ယုံကြည်ထားသည်။ သူမသိနေပြီး ဖြစ်သဖြင့် သူ မျက်နှာဖုံး စွပ်နေစရာ မလိုတော့ပေ။

ဟုတ်ပါသည်။ ယွမ်ရှန်ရှန်နှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်ခြင်းသည် လျင်မြန်စွာ အောင်မြင်နိုင်မည့် ကိစ္စမျိုးမဟုတ်ချေ။ အထူးသဖြင့် သူမသည် တန်ခိုးရှင်လောကမှ စွမ်းအားရှင်တစ်ဦးဖြစ်နေသောကြောင့်ဖြစ်သည်။

အရင်တုန်းက ချူးယုချင်၏ ခံစစ်ကို ဖျက်ဆီးရန်ပင် အချိန်အတော်ကြာခဲ့ဖူးသည်။ ထို့ကြောင့် အလျင်မလိုပဲ အချိန်ယူမည်ဟု လုချန်း ဆုံးဖြတ်ထားသည်။

တစ်ချိန်တည်းမှာပင်။

သူမအခန်းသို့ ပြန်ရောက်သောအခါ ယွမ်ရှန်ရှန်သည် လုချန်း၏ စကားများကို ပြန်တွေးမိပြီး ဒေါသထွက်နေခဲ့သည်။ အေးစက်သောလေထုသည် အခန်းတစ်ခန်းလုံးကို အဆက်မပြတ်ပျံ့နှံ့နေပြီး ရေခဲဂူတစ်ခုဖြစ်သွားခဲ့သည်။

လုချန်းက သူမ၏ ကိုယ်ခန္ဓာကို တက်မက်နေကြောင်း သူမ အစကတည်းက သိထားသည်။ သူ၏ တပ်မက်မှုများကို အသုံးပြု၍ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို အတူတကွ လေ့ကျင့်ခဲ့သော်လည်း ဤမျှရဲရင့်စွာ ထုတ်ဖော်ပြောဆိုလာမည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

သို့သော် ပြန်စဉ်းစားကြည့်သောအခါ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် ကျင့်ကြံမှုအခြေအနေနှင့်ပတ်သက်ပြီး လုချန်းပြောခဲ့သည်များမှာ အဓိပ္ပာယ်မဲ့နေသည် မဟုတ်ဟု ထင်ရသည်။

ကျင့်စဉ်များ၏ လုပ်ဆောင်ပုံကို ကောင်းစွာကျွမ်းကျင်သော ကျင့်ကြံသူတစ်ဦးဖြစ်သော ယွမ်ရှန်ရှန်သည် ထိုကျင့်စဉ်၏ လုပ်ဆောင်ပုံကို ကောင်းစွာသိထားသောကြောင့်ပင် သူမ လုချန်းနှင့် လေ့ကျင့်စဉ်တွင် လုချန်း၏ မျက်လုံးများကို ကြည့်ရှုပြီး သူ၏ စိတ် အတွင်းပိုင်းရှိ တပ်မက်မှုများကို တက်တက်ကြွကြွ နှိုးဆွခဲ့ရသည်။

ယခင်က လုချန်း၏ အတွင်းစိတ်မှ ဆန္ဒများကို သူမက အမြဲတမ်းလှုံ့ဆော်ခဲ့သော်လည်း သူမကိုယ်တိုင်လည်း သူ့အပေါ် ထိုသို့သောခံစားချက်မျိုးများ ရှိနေမည်ဟုတော့ ယွမ်ရှန်ရှန် တစ်ခါမှ မစဉ်းစားခဲ့မိပေ။

ယခုမှသာ လုချန်းအပေါ် သူမနှစ်သက်မှုအချို့မရှိခဲ့ပါက နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို အတူတကွ ကျင့်ကြံနိုင်မည် မဟုတ်ကြောင်း သူမ သတိရလိုက်သည်။

ထိုသို့တွေးလိုက်သောအခါ ယွမ်ရှန်ရှန်၏ မျက်ခုံးများ တွန့်သွားသည်။ နှစ်ပေါင်းထောင်ချီ အသက်ရှင်ခဲ့သော သူမသည် ကာမစိတ်ရှိသော အပေါစားလူရမ်းကားတစ်ဦးအပေါ် ခံစားချက်များ ဝင်သွားခဲ့ပုံရသည်။

အတိတ်က တန်ခိုးရှင်လောကတွင် အမျိုးသမီးများအကြောင်း အမြဲတမ်းတွေးနေတတ်သော ကျင့်ကြံသူများကို သူမ မုန်းတီးခဲ့သည်။ အထူးသဖြင့် မိသားစုကြီးများမှ သခင်လေးများသည် ကျင့်စဉ်များ မှန်မှန်ကန်ကန် ကျင့်ကြံခြင်းမရှိဘဲ လှပသောစွမ်းအားရှင်များနှင့် ပေါင်းသင်းရန်သာ ရှာဖွေတတ်ကြသည်။

ယွမ်ရှန်ရှန်သည် သူမ၏ စိတ်နှလုံး မငြိမ်မသက်ဖြစ်နေခြင်းကို ရပ်တန့်ရန်အတွက် သူမ၏ အတွင်းအားများကို အလျင်အမြန် လှည့်ပတ်လိုက်သည်။

သူမသည် ဤလောကတွင် အချိန်အကြာကြီးနေခဲ့ရပြီး သူမ၏ လောကမှ တစ်ဦးတစ်ယောက်ကိုမှ အချိန်အတော်ကြာ မတွေ့ခဲ့ရသောကြောင့် အခြားလောကမှ လာသော လုချန်းအား အပေါင်းအဖော်တစ်ဦးအဖြစ် ရှုမြင်လာကာ သူ့အပေါ် နှစ်သက်မှုများ ဝင်လာခြင်းဖြစ်သည်ဟု တွေးလိုက်သည်။

ထိုအတွေးဖြင့် ယွမ်ရှန်ရှန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“သစ္စာဖောက်တပည့်က သူ့ဆရာမရဲ့ ကိုယ်ခန္ဓာကို လိုချင်နေတာပဲ။ ဒါပေမဲ့ သူ တကယ်ရနိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပေါ့”

ဟု တီးတိုးရွတ်လိုက်သည်။

နောက်ပိုင်းတွင် လုချန်းကို သတိထားနေရန် ယွမ်ရှန်ရှန် ဆုံးဖြတ်လိုက်သည်။ လုချန်းက အခွင့်အရေးကိုယူပြီး သူမကို အမှန်တကယ် ဖျက်ဆီးပစ်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။

အနာဂတ်ပြဿနာများကို အဆုံးသတ်ရန် လုချန်းကို သတ်ပစ်မည်ဟူသော အတွေးမှာမူ သူမအတွက် မဖြစ်နိုင်သော ကိစ္စဖြစ်သည်။ လုချန်းသည် လက်တွေ့အကျိုးကျေးဇူးနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်သက်မှုနှစ်ခုလုံးအတွက် အလွန်အရေးပါနေသည်။ ထို့ကြောင့် သူမလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ မအောင်မြင်စေရန် သူ့ကို ကာကွယ်ခြင်းသာဖြစ်သည်။

ဤလောကမှ ထွက်ခွာနိုင်စွမ်းရှိပြီဆိုပါက ထိုတပည့်ဆိုးနှင့် ဝေးဝေးနေတော့မည်ဟု ယွမ်ရှန်ရှန် ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်သည်။ တန်ခိုးရှင်လောကသည် အလွန်ကျယ်ပြန့်သည်။ သူမ၏ မူလလောကသို့ ပြန်ရောက်သည်နှင့် သူတို့နှစ်ဦး တစ်သက်တာလုံး ပြန်ဆုံတွေ့ရန် အလွန်ခက်ခဲပေလိမ့်မည်။

ထိုသို့တွေးလိုက်သောအခါ အမြဲတမ်းအေးစက်ပြီး အခက်အခဲများကို ဘယ်တော့မှမကြောက်ရွံ့တတ်သော စွမ်းအားရှင်မသည် ထိုနေ့တွင်တော့ ညင်သာစွာ သက်ပြင်းချလိုက်မိသည်။

“ဘယ်လိုကံကြမ္မာဆိုးမျိုးလဲ။”

.......

နောက်တစ်နေ့နံနက်။

လုချန်းနိုးလာသောအခါ ယွမ်ရှန်ရှန် ပင်မဆောင်တွင် ရှိနှင့်နေပြီဖြစ်သည်။ ညက အဖြစ်အပျက် ရှိခဲ့သော်လည်း ယနေ့တွင် နေပြည်တော်ကို တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် သူမ ထွက်လာရခြင်းဖြစ်သည်။

လုချန်း သူ၏အခန်းထဲမှ ခြေလှမ်းထွက်လိုက်သည်နှင့် ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်မှ အေးစက်သော လေလှိုင်းများ ထွက်ပေါ်လာပြီး လုချန်းရှိရာသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

ဤမြင်ကွင်းကို မြင်သော်လည်း လုချန်း သိပ်အာရုံမစိုက်ပေ။ သူက ပြုံးလျက်

“ဆရာမ အစောကြီးနိုးနေတာပဲ။”

ယွမ်ရှန်ရှန်က လုချန်း၏ စကားကို ပြန်မဖြေပဲ ခပ်အေးအေးပင်

“မင်း ထီးနန်းတက်ပြီး ဧကရာဇ်အဖြစ် ကြေညာပြီးတာနဲ့ ရွန်ရွန်နဲ့ငါ လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်တော့မယ်။”

လုချန်းသည် ခဏခန့် အံ့အားသင့်သွားသော်လည်း တစ်စုံတစ်ရာ ထပ်မပြောတော့ပေ။ ပြန်ချင်သည်ဆိုလျှင်လည်း ပြန်ကြပါစေတော့။ မည်သို့ပင်ဆိုစေ ယွမ်ရှန်ရှန် သူ၏လက်ထဲမှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။ တစ်နေ့နေ့တွင် ဤစွမ်းအားရှင်မ သူ၏မိန်းမ ဖြစ်စေရမည်။

“နားလည်ပါပြီ။”

ထို့နောက် ယွမ်ရှန်ရှန် အဆောင်အပြင်ဘက်သို့ လျှောက်သွားရင်း

“မြန်မြန်လုပ်။ မင်းရဲ့ ကောင်းကင်လူသား စွမ်းအားရှင်တွေကို အသင့်ပြင်ခိုင်းထားလိုက်။ ဆွမ်ဧကရာဇ်နဲ့ သူ့အဖွဲ့ နတ်လက်နက်ကို သုံးလိုက်တာနဲ့ ချက်ချင်းသိမ်းပိုက်လိုက်။”

လုချန်းလည်း တုံ့ဆိုင်းမနေတော့ပဲ ယွမ်ရှန်ရှန်နောက်သို့ တိုက်ရိုက်လိုက်ကာ စစ်တပ်စခန်းသို့ သွားလိုက်သည်။

မကြာမီတွင် လုချန်းသည် စစ်သည်တစ်သိန်းခွဲပါဝင်သော တပ်ကိုဦးဆောင်ကာ နေပြည်တော်သို့ တန်းတန်းမတ်မတ် ချီတက်လာခဲ့သည်။

နေ့လည်မတိုင်မီ သူတို့ နေပြည်တော်သို့ ရောက်ရှိသွားသည်။ ခရီးတစ်လျှောက်တွင် မည်သည့် ခုခံမှုမှ မကြုံရပဲ အလွန်ချောမွေ့စွာ ရောက်ရှိသွားခြင်းဖြစ်သည်။

ဆွမ်ဧကရာဇ်၏ အတွေးများကို

လုချန်း သိမြင်လိုက်သည်။ ဆွမ်ဧကရာဇ်သည် လျှို့ဝှက်လဝန်းနန်းတော်၏ စွမ်းအားရှင်ကို အရင်ဖြေရှင်းပြီးမှ နန်းတွင်းစစ်တပ်ကို ပြန်လည်တိုက်ခိုက်စေရန် စီစဉ်ထားသည်။ မြောက်ပိုင်းပြည်နယ်တွင် စွမ်းအားရှင်မရှိတော့ပါက ဆွမ်ဧကရာဇ်ဘက်မှ အရိပ်အယောင် ကောင်းကင်လူသား စွမ်းအားရှင်ဖြင့် မြောက်ပိုင်းစစ်သည်များကို ဖျက်ဆီးနိုင်မည် ဖြစ်သည်။

ယခုအချိန်တွင် မြောက်ပိုင်းပြည်နယ်မှ စစ်သားများကို နန်းတွင်းစစ်တပ်ဖြင့် သွားရောက်တားဆီးပါက မည်သည့်အကျိုးကျေးဇူးမှ ရရှိနိုင်မည် မဟုတ်ချေ။ သူတို့သည် မြောက်ပိုင်းစစ်တပ်၏ တိုက်ခိုက်ရေးစွမ်းအားကို မျက်မြင်ကိုယ်တွေ့ မြင်ထားပြီးသားဖြစ်သည်။ လုချန်း ချီတက်လာသည်ကို တားဆီးရန် ကြိုးစားခြင်းသည် နန်းတွင်းစစ်သည်များကို သေတွင်းသို့ ပို့ဆောင်ခြင်းသာ ဖြစ်သည်။

နေပြည်တော်အနီးရှိ နန်းတွင်းစစ်တပ်မှ စစ်သည်များသည် အထူးတလည် ရွေးချယ်ထားသော လက်ရွေးစင် စစ်သည်များ ဖြစ်ပြီး သူတို့ သေကြေပျက်စီးစေရန် ဆွမ်ဧကရာဇ် စေလွှတ်မည် မဟုတ်ပေ။

ဤစစ်ပွဲ၏ သော့ချက်သည် ရန်သူဖက်ရှိ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်များကို ဖယ်ရှားပစ်ရန်ဖြစ်ကြောင်းကို နှစ်ဖက်စလုံးမှ ကောင်းစွာသိထားကြသည်။ နှစ်ဖက်စလုံး၏ အရိပ်အယောင် ကောင်းကင်လူသား စွမ်းအားရှင်များနှင့် ကောင်းကင်လူသား စွမ်းအားရှင်များမရှိတော့သည်နှင့် ဤစစ်ပွဲဆက်တိုက်ခိုက်စရာ အကြောင်း မရှိတော့ချေ။

နေပြည်တော်အတွင်းရှိ လူများကတော့အလွန်ထိတ်လန့်နေကြသည်။ ထွက်ပြေးနိုင်သူများမှာ တောင်ဘက်သို့ ထွက်ပြေးသွားကြပြီဖြစ်ပြီး ကျန်ရှိသူအများစုမှာ ထွက်ပြေးရန် နည်းလမ်းမရှိသူများ ဖြစ်ကြသည်။

နေပြည်တော်အပြင်ဘက်သို့ ရောက်ရှိလာပြီးနောက် သစ္စာဖောက် အရာရှိများအား ပြစ်ဒဏ်ခတ်ရန် ချီတက်လာကြောင်း ကြေညာချက် ရေးဆွဲရန် လုချန်းက သူ၏စစ်သည်များကို ချက်ချင်းအမိန့်ပေးလိုက်သည်။ မည်သူ့ကို ပြစ်ဒဏ်ခတ်မည်ဟု မပြောပဲ ဧကရာဇ်ဘေးတွင် သစ္စာဖောက်အရာရှိများ ရှိနေသည်ဟုသာ ပြောခဲ့သည်။

ထိုအချိန်တွင် နန်းတွင်းအရာရှိများသည် ချွန်ကျင် ခန်းမတွင် စုဝေးရောက်ရှိနေပြီး စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။

မြောက်ပိုင်းနယ်စားမင်းသား မြို့တံခါးဝသို့ ရောက်နေပြီဖြစ်သော်လည်း ဆွမ်ဧကရာဇ်က သူ၏တပ်များကို မစေလွှတ်သေးပေ။ မြောက်ပိုင်းစစ်တပ်၏ စွမ်းရည်ကို တွေးမိရင်း အရာရှိများ၏ မျက်နှာများ ဖြူဖျော့နေကြသည်။

အချို့ဆိုလျှင် မြောက်ပိုင်းနယ်စားမင်းသားထံ တိုက်ရိုက်လက်နက်ချရန်ပင် ပြင်ဆင်ထားကြသည်။ ထိုကဲ့သို့ သဘောထားရှိသူများက နည်းပါသည်တော့ မဟုတ်ပေ။ တကယ်တမ်းတွင် ထိုသို့တွေးနေသူများက အများစုဖြစ်သည်။

သူတို့အမြင်တွင် သူတို့အားလုံးသည် လုမိသားစုဝင်များသာ ဖြစ်သည်။ မည်သူက ဧကရာဇ်ဖြစ်သည်ဖြစ်စေ အရေးမကြီးပေ။ သားနှင့်အ‌ဖေတို့ ထီးနန်းလုနေခြင်းသည် မှူးမတ်များဖြစ်သော သူတို့နှင့် ဘာမှမဆိုင်ပေ။ မည်သူက အောင်ပွဲခံမည်ကို စောင့်ကြည့်ရုံသာ လိုအပ်သည်။

နန်းတွင်းအရာရှိများ နန်းတော်ထဲတွင် မငြိမ်မသက်ဖြစ်နေစဉ် ရုတ်တရက် ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက သူတို့၏ အာရုံကို ဖမ်းစားလိုက်သည်။

အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ထိုလူသည် နန်းတော်ထဲသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ ဆွမ်ဧကရာဇ်ဖြစ်နေသည်ကို မြင်သောအခါ အရာရှိများ ချက်ချင်း တိတ်ဆိတ်သွားပြီး

“မင်းကြီး အသက်ရှည်ပါစေ”

ဟု တစ်ညီတညွတ်တည်း ဟစ်ကြွေးလိုက်ကြသည်။

ဂါရဝပြုပြီးနောက် အရာရှိတစ်ဦးက ချက်ချင်းပင်

“မင်းကြီး။ပုန်ကန်သူတွေ မြို့တံခါးဝကို ရောက်နေပါပြီ။ နေပြည်တော်ဟာ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ။ ချက်ချင်း စစ်တပ်စေလွှတ်ဖို့ တောင်းဆိုပါတယ်။”

ဆွမ်ဧကရာဇ်က ပေါ့ပေါ့ပါးပါးပင်

“ကျုပ်ဝတ်ထားတဲ့ သံချပ်ကာကို ခင်ဗျားတို့ မမြင်ကြဘူးလား။”

ဒါက...

ဆွမ်ဧကရာဇ်၏ ရည်ရွယ်ချက်ကို အရာရှိများ နားလည်သွားပုံရသည်။ တစ်ဦးက

“မင်းကြီး။ စစ်မြေပြင်က အန္တရာယ်များပါတယ်။ မင်းကြီးကိုယ်တိုင် မသွားသင့်ပါဘူး။”

သို့သော် ထိုအရာရှိ စကားမဆုံးမီ ဆွမ်ဧကရာဇ်က ကြားဖြတ်ကာ

“ကျုပ်ရဲ့ သစ္စာဖောက်သားက မြို့အပြင်ဘက်မှာ သစ္စာဖောက်အရာရှိတွေကို ပြစ်ဒဏ်ခတ်ဖို့ ကြေညာချက် ထုတ်နေတယ်လို့ ကြားတယ်။”

ချစ်ခင်ရတဲ့ ဝန်ကြီးတို့။ ခင်ဗျားတို့အားလုံး မြို့ရိုးပေါ်ကို လိုက်ခဲ့ကြပြီး သူ ဘယ်သစ္စာဖောက်အရာရှိတွေကို ပြစ်ဒဏ်ခတ်ဖို့ ရည်ရွယ်တယ်ဆိုတာ သွားကြည့်ကြစို့။”

ထိုစကားကို ကြားသောအခါ အရာရှိများ၏ ကျောများတွင် ချွေးအေးများ စိုရွှဲလာသည်။

မြောက်ပိုင်းနယ်စားမင်းသား ရှုံးနိမ့်သွားပါက မြောက်ပိုင်းနယ်စားမင်းသား ပြစ်ဒဏ်ခတ်လိုသော သစ္စာဖောက်အရာရှိသည် ဆွမ်ဧကရာဇ်၏ အယုံကြည်ရဆုံးသူ ဖြစ်လာနိုင်သည်။ သို့သော် မြောက်ပိုင်းနယ်စားမင်းသား အောင်မြင်သွားပြီး သူ မြို့တွင်းသို့ ဝင်ရောက်လာပြီးနောက် ပထမဆုံးဖြေရှင်းမည့် ပြဿနာမှာ ထိုသို့သော သစ္စာဖောက်အရာရှိများကိစ္စ ဖြစ်နိုင်သည်။

မြောက်ပိုင်းနယ်စားမင်းသား၏ အင်အားကို ထောက်ထားလျှင် မည်သူမှ သူ၏မျက်စိထဲတွင် သစ္စာဖောက်အရာရှိအဖြစ် မရောက်လိုကြပေ။

ထိုအချိန် လင်‌ကောင်းယွမ်က ထရပ်လိုက်ပြီး

“ကျွန်တော် မင်းကြီးနဲ့အတူ မြို့ရိုးပေါ်ကို လိုက်ပါဖို့ ဆန္ဒရှိပါတယ်။ ပုန်ကန်သူတွေရဲ့ တိုက်ခိုက်မှုကို အတူတကွ တွန်းလှန်ပါမယ်။”

ဤစကားများကိုကြားသောအခါ ဆွမ်ဧကရာဇ် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

“လင်လူကြီးမင်းကို ကျုပ်ယုံကြည်ခဲ့တာ မမှားဘူးဆိုတာ သိရပြီ။”

လင်‌ကောင်းယွမ် ပြောလိုက်သည်ကို ကြားသောအခါ အခြားအရာရှိများကလည်း သူတို့၏ ရပ်တည်ချက်များကို ထုတ်ဖော်ပြောဆိုကြသည်။

“မင်းကြီးနဲ့အတူ နေပြည်တော်ကို ကာကွယ်ဖို့ ကျွန်တော်လည်း ဆန္ဒရှိပါတယ်။ သေသည်အထိ မဆုတ်ခွာပဲ ကာကွယ်မယ်လို့ ကတိသစ္စာပြုပါတယ်။”

“ကောင်းတယ်။ အရမ်းကောင်းတယ်။”

“ဒါဆိုရင် အဲဒီသစ္စာဖောက်သားက ဘာလုပ်ဖို့ ရည်ရွယ်နေလဲဆိုတာ သွားကြည့်ကြစို့။”

ထို့နောက် ဆွမ်ဧကရာဇ် နန်းတော်မှ ထွက်ခွာကာ မြို့ရိုးဆီသို့ ဦးတည်သွားတော့သည်။

ဆွမ်ဧကရာဇ်၏ ခြေလှမ်းများသည် ခိုင်မာနေပြီး သူ၏မျက်လုံးများမှာ ခွန်အားပြည့်ဝကာ စိတ်အားထက်သန်မှုအပြည့်ဖြင့် တောက်ပနေသည်။

ယခုလို ခံစားချက်မျိုးကို သူမခံစားခဲ့ရသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။

ဆွမ်ဧကရာဇ် သူ့ဘာသူ တီးတိုးရေရွတ်လိုက်သည်။

“ဒီနေ့ပြီးရင်တော့ ရှနိုင်ငံတော်မှာ နယ်စားဆိုတာ မရှိတော့ဘူး။”

...............

အခန်း (၇၅၉)

ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ (၁)

မကြာမီပင် ဆွမ်ဧကရာဇ်သည် ဝန်ကြီးတစ်စုကို ခေါ်ဆောင်ကာ မြို့ရိုးထိပ်သို့တက်၍ အဝေးရှိ မြောက်ပိုင်းပြည်နယ် စစ်တပ်ကို ကြည့်ရှုလိုက်သည်။

ဝန်ကြီးများသည် မြောက်ပိုင်းနယ်စားမင်းသားကို တစ်ဖန်ပြန်မြင်ရသောအခါ သူတို့၏ နှလုံးသားများတွင် အဆုံးမရှိ‌သော စိတ်ခံစားမှုများနှင့် ပြည့်နှက်နေသည်။

အတိတ်တုန်းက သူတို့အားလုံးသည် မြောက်ပိုင်းနယ်စားမင်းသားကို အထင်သေးခဲ့ကြပြီး အသုံးမကျသူဟု အမြဲယူဆခဲ့ကြသည်။ သို့သော် အံ့သြစရာကောင်းသည်မှာ သူသည် နှစ်အနည်းငယ်အတွင်း၌ပင် မြောက်ပိုင်းပြည်နယ်ကို အလွန်အစွမ်းထက်သော အနေအထားအထိ တိုးတက်အောင် စီမံနိုင်ခဲ့သည်။

သူသည် မြောက်ဘက်ရှိ လွင်ပြင်ဒေသမျိုးနွယ်စုများကို အနိုင်ရရုံသာမက ဝူနိုင်ငံတော်၏ စစ်တပ်ကိုပါ ချေမှုန်းကာ သူတို့အား ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးစေခဲ့သည်။ အခုနောက်ဆုံးတွင် သူ၏စစ်တပ်ဖြင့် ရှနိုင်ငံတော်၏ နေပြည်တော်အထိ ချီတက်လာခဲ့သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က မြောက်ပိုင်းနယ်စားမင်းသား ထိုကဲ့သို့ အောင်မြင်မှုမျိုးကို ရလိမ့်မည်ဟု မည်သူကမှ စိတ်ကူးနိုင်ခဲ့မည် မဟုတ်ပေ။

ထိုအချိန်က မြောက်ပိုင်းနယ်စားမင်းသားနှင့် ဆက်ဆံရေးကောင်းများ မတည်ဆောက်ခဲ့မိသည့်အတွက် အချို့အရာရှိများ နက်နက်ရှိုင်းရှိုင်း နောင်တရနေကြသည်။ အကယ်၍ မြောက်ပိုင်းနယ်စားမင်းသားနှင့် အဆင်ပြေခဲ့ပါက ယခုကဲ့သို့ သူ့တပ်များ မြို့နားသို့ ချီတက်လာသည်ကို မြင်ရသောအခါ ကြောက်ရွံ့နေစရာ မလိုတော့ပေ။

ထိုအခိုက်တွင် ဆွမ်ဧကရာဇ်က မြို့ရိုးထိပ်မှနေ၍

“သစ္စာဖောက်သား။ မင်း ပုန်ကန်ဖို့ ကြိုးစားနေတာလား”

ဟု အော်ဟစ်လိုက်သည်။

လုချန်းက ဆွမ်ဧကရာဇ်အား ချက်ချင်းမ တုံ့ပြန်ပဲ သူကိုမြင်သည်နှင့် မြင်းပေါ်မှ ဆင်းကာ ဆွမ်ဧကရာဇ် ရပ်နေသည့် မြို့ရိုးဘက်သို့ မျက်နှာမူပြီး အရိုအသေပေးလိုက်သည်။

“ဖခင်ဧကရာဇ်ကို အရိုအသေပေးပါတယ်။ မင်းကြီး အသက်ရှည်ပါစေ။”

လုချန်းသည် ထီးနန်းကို သိမ်းပိုက်ရန် လာခဲ့သော်လည်း ဆွမ်ဧကရာဇ်သည် အများပြည်သူရှေ့တွင် သူ၏ ဖခင်အရင်းဖြစ်နေသည်။ ဆွမ်ဧကရာဇ်အပေါ် စိတ်ခံစားချက် မရှိသော်လည်း သင့်တော်သောထုံးတမ်းစဉ်လာကို လိုက်နာခဲ့သည်။

ထို့ပြင် ယခု သူ၏ ဖခင်ကိုသတ်ပြီး ထီးနန်းသိမ်းခဲ့ပါက သူ၏သားသမီးများသည်လည်း အနာဂတ်တွင် ထိုအတိုင်း လိုက်လုပ်နိုင်ကြောင်း ခံစားမိသည်။ ထို့ကြောင့် သူတို့အတွက် စံနမူနာဆိုးတစ်ခုကို မချန်ထားခဲ့လိုပေ။

ထိုစိုးရိမ်မှုများရှိသော်လည်း လုချန်း၏ ထီးနန်းအတွက် တိုက်ခိုက်ရန် ရည်ရွယ်ချက်ကတော့ ခိုင်မာနေဆဲဖြစ်သည်။

ဆွမ်ဧကရာဇ်က လှောင်ပြုံးဖြင့် “သစ္စာဖောက်သား။ မင်းတပ်တွေနဲ့ နေပြည်တော်ကို ဝိုင်းထားပြီးမှ ဘာလို့ ငါ့ကို ဒီလို လိမ်ညာတဲ့ ဂါရဝတွေ လာပြနေရတာလဲ။”

အရိုအသေပေးပြီးနောက် လုချန်းက ကျယ်လောင်စွာဖြင့်

“ဖခင်ရဲ့ ဘေးမှာ သစ္စာဖောက်အရာရှိတွေ ဝိုင်းရံနေတယ်။ သူတို့က ဖခင်ကို ရက်စက်ကြမ်းကြုတ်တဲ့ အလုပ်တွေလုပ်ဖို့ လမ်းမှားပြရုံတင်မကဘူး ဖခင်ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး နန်းတွင်းကို အမိန့်တွေ ပေးနေတယ်။ အခု ကျွန်တော်က ဖခင်အတွက် သစ္စာဖောက်အရာရှိတွေကို အမြစ်ဖြုတ်ပစ်ဖို့၊ ဖခင်ရဲ့ လွတ်လပ်မှုကို ပြန်လည်ရရှိစေဖို့နဲ့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်အသက်ဝင်စေဖို့အတွက် တပ်တွေကို ဦးဆောင်လာခဲ့ပါတယ်။”

ထိုစကားကို ကြားသော် ဆွမ်ဧကရာဇ် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဟား ဟား ဟား ဟား။ သစ္စာဖောက်အရာရှိတွေ ဟုတ်လား။ရယ်စရာကောင်းလိုက်တာ။”

“ငါ့ဘေးမှာ သစ္စာရှိတဲ့ အရာရှိတွေပဲ ရှိတယ်။ သစ္စာဖောက်အရာရှိဆိုတာ မရှိဘူး။ မင်းပုန်ကန်ချင်ရင်တောင်မှ အကြောင်းပြချက်ကောင်းကောင်းတစ်ခုလောက်တော့ ရှာဦးမှပေါ့။”

“တော်ပြီ။ မင်းက ပုန်ကန်တဲ့ လမ်းကို ရွေးချယ်ပြီးပြီဆိုတော့ ငါတို့ရဲ့ ဖခင်နဲ့သား ဆက်ဆံရေးကို ဆက်ပြီး ထည့်သွင်းစဉ်းစားပေးလို့ မရတော့ဘူး။”

သူစကားပြောနေစဥ် မြို့ရိုးပေါ်ရှိ လေးသမားများ ရှေ့သို့ တက်လာကြ၏။ လေးသမား တစ်ဦးစီက တိမ်ဖောက်မြှားနှင့် တိမ်ဖောက်လေးများကို ကိုင်ဆောင်ထားသည်။

ဆွမ်ဧကရာဇ်က သူ၏လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို တိမ်ဖောက်မြှားများစွာသည် အပြင်ဘက်ရှိ စစ်တပ်ဆီသို့ ပျံသန်းသွားသည်။

မြောက်ပိုင်းပြည်နယ်စစ်တပ်သည် ချက်ချင်းနေရာပြောင်းကာ ဒိုင်းကိုင်စစ်သည်များ ရှေ့ဆုံးသို့ပြေးထွက်လာကြသည်။ သို့သော် တိမ်ဖောက်မြားများ မြောက်ပိုင်းစစ်သည်များကို မထိမီ အင်အားကြီးမားသော စွမ်းအားတစ်ခုက ယင်းတို့ကို လေထဲတွင်ဖမ်းယူလိုက်သည်။

ထိုမြင်ကွင်းသည် ဝန်ကြီးများအား ထိတ်လန့်သွားစေခဲ့သည်။

မြှားများစွာကို တိုက်ရိုက် တားဆီးနိုင်သည့် ဤစွမ်းအားက ဘာလဲ။

ကောင်းကင်လူသား စွမ်းအားရှင်လား။

ဟုတ်မည်။ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်ရမယ်။

ကောင်းကင်လူသား စွမ်းအားရှင်သာလျှင် ဤကဲ့သို့ စွမ်းရည်မျိုး ပိုင်ဆိုင်လိမ့်မည်။

လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင် မြောက်ပိုင်းပြည်နယ်သို့ သွားခဲ့သည်ဟု သူတို့ အစောကြီးကတည်းက ကြားခဲ့ကြရသည်။ ယခုတွင်တော့ ထိုသတင်းများ မှန်ကန်နေပုံရသည်။

လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင်သည် မြောက်ပိုင်းပြည်နယ်ဘက်တွင် အမှန်ပင် ရပ်တည်နေခဲ့သည်။

ဒါက ပြဿနာကြီးတစ်ခုဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသားဘက်တွင် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး ရှိနေပါက ထီးနန်းကို သိမ်းပိုက်ခြင်းသည် လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပါလား။

မြောက်ပိုင်းနယ်စားမင်းသား နေပြည်တော်ကို ဖောက်ထွင်းဝင်ရောက်သည့်အခါ မည်သို့လက်နက်ချရမည်ကို မြို့ရိုးပေါ်ရှိ ဝန်ကြီးအားလုံးနီးပါး ချက်ချင်းစဉ်းစားလာကြသည်။

သို့သော် ထိုဝန်ကြီးများနှင့်မတူပဲ ဆွမ်ဧကရာဇ်ကတော့ ဤမြင်ကွင်းကို မြင်သော်လည်း ထိတ်လန့်ခြင်းမရှိပေ။ ထိုအစား သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးငယ်တစ်ခုပင်ပေါ်လာခဲ့သည်။

သူသည် ကောင်းကင်လူသား စွမ်းအားရှင် ပေါ်လာရန် စောင့်နေခဲ့သည်။ အကယ်၍ သူသာ ကောင်းကင်လူသား စွမ်းအားရှင်ကို ရှင်းလင်းနိုင်ပါက စစ်ပွဲ လျင်မြန်စွာ ပြီးဆုံးနိုင်သည်။

ထိုအခိုက်တွင် မြောက်ပိုင်းစစ်သည် များသည် ရုတ်တရက် ဆုတ်ခွာသွားပြီး လူအနည်းငယ်ကိုသာ ချန်ထားခဲ့သည်။

ဤမြင်ကွင်းကို မြင်သောအခါ မြို့ရိုးပေါ်ရှိ လူများ တစ်ဖန် ဆွံ့အသွားကြပြန်သည်။

ဘာတွေဖြစ်နေတာလဲ။

မြောက်ပိုင်းစစ်သည်တွေ ဘာလို့ ဆုတ်ခွာသွားတာလဲ။

မြို့ကို တိုက်ခိုက်ချင်ကြတာ မဟုတ်ဘူးလား။

ဘာလို့ ဒီလောက်စောစော ဆုတ်ခွာသွားရတာလဲ။

မကြာမီတွင် ဆံပင်ဖြူနှင့် အစိမ်းရောင်ဝတ်စုံဝတ်ထားသည့် ခြေဗလာ အမျိုးသမီးတစ်ဦးသည် လုချန်းတို့ ရှိရာသို့ ရောက်လာသည်။

သူမရောက်ရှိလာသည်နှင့် မြို့ရိုးပေါ်ရှိ လူတိုင်း သူမ၏အလှတရားကြောင့် ခဏမျှ မှင်တက်သွားကြသည်။

ဒီလောက်လှတဲ့ အမျိုးသမီး။

ထိုမျှလှပသောမိန်းမသည် ဤကမ္ဘာမှ သာမန်လူတစ်ဦးမဟုတ်ဟု ထင်ရသည်။

သူမသည် လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင်ဖြစ်ကြောင်း လူတိုင်း ချက်ချင်း သဘောပေါက်လိုက်ကြသည်။

ယွမ်ရှန်ရှန် ပေါ်လာသည်ကို မြင်သောအခါ အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသည့် ယူချန်ချင်နှင့် ဖူဟုန်ချိုတို့ ဆွမ်ဧကရာဇ်ထံသို့ ချဥ်းကပ်လာကြသည်။

ယူချန်ချင်က

“မင်းကြီး။ ကျုပ်တို့က မင်းကြီးအတွက် မြောက်ပိုင်းနယ်စားမင်းသားကို သတ်ပေးပါမယ်။ မင်းကြီးကတော့ ဒီအခွင့်အရေးကိုယူပြီး လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်လူသား စွမ်းအားရှင်ကို ရှင်းပစ်လိုက်ပါ။ ဒီကောင်းကင်လူသား စွမ်းအားရှင် မသေရင် ကျုပ်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေအားလုံး အလကားဖြစ်သွားလိမ့်မယ်။”

ဆွမ်ဧကရာဇ်က အေးဆေးတည်ငြိမ်စွာဖြင့်

“ခင်ဗျားတို့ ကျုပ်ကို သတိပေးဖို့ မလိုပါဘူး။ ကျုပ်ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။”

သူတို့၏ စကားပြောဆိုမှုကို ကြားသောအခါ ဘေးနားရှိ ဝန်ကြီးများသည် တစ်ဖန် အံ့ဩသွားကြရပြန်သည်။

သူတို့၏စကားများအရ ဆွမ်ဧကရာဇ်က ကောင်းကင်လူသား စွမ်းအားရှင်ကို သတ်နိုင်တာလား။

ဒါဘယ်လိုဖြစ်နိုင်မှာလဲ။

လူအများစုအတွက် ကောင်းကင်လူသား စွမ်းအားရှင်များသည် ထာဝရတန်ခိုးရှင်များနှင့် တူညီပြီး သာမန်လူသားများ လက်လှမ်းမမီနိုင်ပေ။ သာမန်လူတစ်ဦးက ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးကို မည်သို့သတ်နိုင်မည်နည်း။

ပြီးတော့ ဒီအနက်ရောင်ဝတ်စုံဝတ်ထားတဲ့ လူတွေက ဘယ်သူတွေလဲ။

ဘာလို့ သူတို့ တစ်ခါမှ မမြင်ဖူးရတာလဲ။

ဝန်ကြီးများ၏ စိတ်ထဲမေးခွန်းများဖြင့် ပြည့်နှက်နေသော်လည်း အချက်တစ်ချက်ကိုတော့ သူတို့သေချာနေသည်။ ဆွမ်ဧကရာဇ်သည် သူ၏စွမ်းအားကို ဖုံးကွယ်ထားခဲ့ပြီး သူ၏လက်ထဲတွင် လျှို့ဝှက်ချက်များ ရှိနေဆဲဖြစ်ကာ ကောင်းကင်လူသား စွမ်းအားရှင်ကိုပင် မကြောက်ပေ။

နန်းတော်တွင် ကောင်းကင်လူသား စွမ်းအားရှင်ကို သတ်နိုင်သည့် နတ်လက်နက်တစ်ခု ရှိနေသည်ဆိုသည့် ကောလာဟလများကို သူတို့ပြန်သတိရသွားကြသည်။ ယခင်က လူအများအပြားသည် ယင်းကို ကောလာဟလသက်သက်ဟုသာ သဘောထားခဲ့ကြသည်။

ယခုမူ ဆွမ်ဧကရာဇ်တွင် ကောင်းကင်လူသား စွမ်းအားရှင်ကို သတ်နိုင်သည့် နတ်လက်နက်တစ်ခု အမှန်တကယ် ပိုင်ဆိုင်ထားခြင်း ဖြစ်နိုင်သည်ဟု ထင်မြင်လာကြသည်။

...............

All Chapters