← Chapters

အခန်း ၇၆၀-၇၆၂

Vol. 51 Ch. 760-762

အခန်း ၇၆၀-၇၆၂

Vol. 51 Ch. 760-762

အခန်း (၇၆၀)

ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ (၂ )

“ဒါဆိုရင် ဒီစစ်ပွဲရဲ့ ရလဒ်က မသေချာသေးဘူးလို့ ဆိုလိုတာလား။”

ဝန်ကြီးများ အတွေးများနေစဉ်တွင် ဆွမ်ဧကရာဇ်ဘေးရှိ အနက်ရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်နှစ်ဦးသည် မြို့ရိုးပေါ်မှ ချက်ချင်းခုန်ချကာ အဝေးမှ လုချန်းဆီသို့ တည့်တည့်ဦးတည်သွား၏။

တစ်ချိန်တည်းမှာပင် ဆွမ်ဧကရာဇ်ကလည်း သူ၏ မကောင်းဆိုးဝါး နတ်လက်နက်ကို ယူဆောင်လာရန် အမိန့်ပေးသည်။

အရိပ်ကိုယ်ရံတော်က အတွင်းမှ အမှောင် အငွေ့အသက်များ ထွက်နေသော သေတ္တာတစ်လုံးကို ဆွမ်ဧကရာဇ်ထံ အလျင်အမြန် ယူလာသည်။ ထိုသေတ္တာမှ ထွက်လာသည့် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ခံစားမိပြီး မြို့ရိုးပေါ်ရှိ အရာရှိများသည် နောက်သို့ အနည်းငယ် ဆုတ်လိုက်မိကြသည်။

ဆွမ်ဧကရာဇ်သည် သူ့အရာရှိများ၏ တုံ့ပြန်မှုများကို ဂရုမစိုက်ပဲ သေတ္တာကို တိုက်ရိုက်ဖွင့်လိုက်သည်။

သေတ္တာကို ဖွင့်လိုက်သည်နှင့် အတွင်းမှ မှောင်မိုက်သော အငွေ့အသက်များ ချက်ချင်း ထွက်ပေါ်လာကာ မြို့ရိုးတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ မြို့ရိုးပေါ်ရှိ အရာရှိများနှင့် စစ်သားများလည်း အ‌မှောင်အမိုက် အငွေ့အသက်များ ဝန်းရံခြင်းကို ခံလိုက်ရပြီး ကပ်ဆိုးတစ်ခုခု ဖြစ်တော့မည်ဟု ထင်ကာ ကြောက်ရွံ့ထိတ်လန့်နေကြသည်။

သို့သော် နောက်ဆုံးတွင် ဘာမှမဖြစ်ခဲ့ပေ။

အဝေးမှ လုချန်းလည်း မြို့ရိုးမှ ထွက်လာသည့် မှောင်မိုက်သော အငွေ့အသက်များကို ခံစားမိလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်း တုန်ယင်လာပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ နတ်လက်နက်ကို ထုတ်လာပြီဖြစ်ကြောင်း လုချန်း သဘောပေါက်လိုက်သည်။

ထိုစဥ် ယွမ်ရှန်ရှန်သည် သူမ၏ ရုပ်သေးရုပ်ကို ထိန်းချုပ်ကာ ကောင်းကင်သို့ ပျံတက်သွားစေသည်။

ဤမြင်ကွင်းကိုမြင်သောအခါ ဆွမ်ဧကရာဇ်၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်တစ်ခု ဖြတ်သန်းသွားသည်။ အလွန်ကောင်းမွန်သည့် အခွင့်အရေးပင်။

သူက နတ်လက်နက်ကို ချက်ချင်း ဆုပ်ကိုင်လိုက်ပြီး ကောင်းကင်ရှိ ယွမ်ရှန်ရှန်ကို ချိန်ရွယ်လိုက်သည်။

ထိုစဉ် ယူချန်ချင်နှင့် ဖူဟုန်ချိုတို့ လုချန်းထံသို့ အနီးကပ်ရောက်ရှိလာပြီး တိုက်ခိုက်မှုကို စတင်လိုက်၏။ ဓားလှိုင်းလုံးများ လုချန်းဆီသို့ တည့်တည့်ဝင်ရောက်လာသည်။ သို့သော် လုချန်းက ရှောင်တိမ်းခြင်းမပြုပဲသူ၏ ဓားကို ဝှေ့ယမ်းလိုက်သည်။

တောင်ဖြိုဓားလှိုင်း.....

ရေတွက်၍ မရနိုင်သော ဓားလှိုင်းများသည် ထွက်ပေါ်လာပြီး ဓားလိုင်းများ ထိပ်တိုက်တွေ့ကာ ပတ်ဝန်းကျင်တစ်ခုလုံး ဖုန်မှုန့်များဖြင့် ဖုန်းလွှမ်းသွားသည်။

ဤမြင်ကွင်းကို မြင်သောအခါ မြို့ရိုးပေါ်ရှိ အရာရှိများသည် အံ့အားသင့်သွားကြရပြန်သည်။

လုချန်းထံမှ ယခုလေးတင် ထွက်ပေါ်လာသော စွမ်းအားသည် အဆင့်လွန်ပညာရှင် အဆင့်ကို သေချာပေါက် ကျော်လွန်နေပြီဖြစ်သည်။ အထူးသဖြင့် သူ ထုတ်လွှတ်လိုက်သော ဓားလှိုင်းအရ အနည်းဆုံး သူသည် အဆင့်လွန် ပညာရှင် အထွတ်အထိပ်အဆင့်၏ စွမ်းအားရှိကြောင်း ဖော်ပြနေ၏။

မြောက်ပိုင်းနယ်စားမင်းသားသည် အမှန်တကယ်ပင် အထွတ်အထိပ်အဆင့် အဆင့်လွန် ပညာရှင်တစ်ဦး ဖြစ်နေသည်။

မြောက်ပိုင်းနယ်စားမင်းသား မြောက်ပိုင်းနယ်သို့ မသွားရောက်စဉ်က သိုင်းပညာကို မည်သည့်အခါကမှ မလေ့ကျင့်ခဲ့ပေ။ သူ့တွင် မည်မျှပင် ထူးချွန်သည့် သိုင်းပါရမီရှိစေကာမူ ဒီလောက် နှစ်အနည်းငယ်အတွင်း အထွတ်အထိပ်အဆင့် အဆင့်လွန်ပညာရှင်တစ်ဦး ဖြစ်လာနိုင်မည် မဟုတ်ပေ။

အချို့လူများသည် တစ်သက်လုံး သိုင်းပညာလေ့ကျင့်သော်လည်း အဆင့်လွန် ပညာရှင် မဖြစ်နိုင်ကြသည်ကို သတိပြုရမည်။

မြောက်ပိုင်းနယ်စားမင်းသားက ထိုသို့သော အဆင့်ကို မည်သို့ ရောက်ခဲ့ပါသနည်း။

ထိုအခိုက်အတန့်တွင် ဆွမ်ဧကရာဇ် လည်း ခဏခန့် ကြောင်အသွား၏။ သို့သော်လည်း သူ အလျင်အမြန်ပင် ပြန်လည်တည်ငြိမ်သွားသည်။ လုချန်းထံ၌ မည်သို့သော စွမ်းအားရှိသည်ဖြစ်စေ သူ့အတွက် အရေးမကြီးပေ။ အဘယ်ကြောင့်ဆိုသော် မကြာမီ လုချန်း သေဆုံးတော့မည်ဖြစ်သောကြောင့်ဖြစ်သည်။

ထိုအချိန်တွင် ယူချန်ချင် နှင့် ဖူဟုန်ချိုတို့၏ ရောက်ရှိလာမှုကို ယွမ်ရှန်ရှန် သတိပြုမိသွားခဲ့ပြီး စွမ်းအားရှင်တစ်ဦး၏ ဖိအားကို ချက်ချင်းထုတ်လွှင့်လိုက်သည်။

နောက်တစ်မိနစ်တွင် ရှိနေသူအားလုံးသည် အသက်ရှူ၍မရတော့သည့်အလား ခံစားလားရသည်။

လူများ၏ နဖူးများတွင် ချွေးစေးများ ပျံလာပြီး အချို့လူများသည် ခြေထောက်ပင်မခိုင်တော့ပဲ မြေပြင်ပေါ်သို့ တိုက်ရိုက် ဒူးထောက်လဲကျသွားကြသည်။

မြို့ရိုးပေါ်ရှိ အချို့လူများသည် ဆွမ်ဧကရာဇ် မည်သို့မှ မထိခိုက်ပဲ ရှိနေသည်ကို ရုတ်တရက် သတိပြုမိသွားခဲ့ကြသည်။ အဆင့်လွန်ပညာရှင်တစ်ဦးပင် ဤဖိအားကို ခံနိုင်ရည်ရှိမည် မဟုတ်သော်လည်း ဆွမ်ဧကရာဇ်ကတော့ ဘာမှမဖြစ်သလိုပင်။

ဆွမ်ဧကရာဇ်၏ စွမ်းအား အစစ်အမှန်သည် အဆင့်လွန် ပညာရှင် အထွတ်အထိပ်အဆင့်ကိုပင် ကျော်လွန်နေကြောင်း လူများလျင်မြန်စွာ နားလည်သွားကြသည်။

ဆွမ်ဧကရာဇ်သည် အမှန်တကယ်ပင် သူ၏ စွမ်းအားများကို ဖုံးကွယ်ထားခဲ့သည်ဟု လူများ သဘောပေါက်သွားခဲ့ကြသည်။

ဆွမ်ဧကရာဇ်သည် ကောင်းကင်ယံရှိ ယွမ်ရှန်ရှန်ကို ကြည့်ရှုကာ သူ၏လက်ထဲရှိ မိစ္ဆာ နတ်လက်နက်ကို အသုံးပြုရန် အလွန်စိတ်အားထက်သန်နေခဲ့သည်။ သို့သော် သူအစိုးရိမ်ဆုံးက သူမ၏ ရှောင်တိမ်းနိုင်စွမ်းဖြစ်သည်။ ထို့ကြောင့် အနည်းငယ် ထပ်စောင့်ဖို့ ဆုံးဖြတ်လိုက်သည်။ ယူချန်ချင် နှင့် ဖူဟုန်ချိုတို့ ယွမ်ရှန်ရှန်၏ အာရုံကို လွှဲပြီးတာ သေချာသည့်အခါမှ သူ လုပ်ဆောင်မည်ဖြစ်သည်။

ယူချန်ချင် နှင့် ဖူဟုန်ချိုတို့သည် လျှို့ဝှက်လဝန်းနန်းတော်မှ စွမ်းအားရှင်နှင့် အတူတူရှိနေပါက အကောင်းဆုံးဖြစ်မည်။ ထိုသို့ဆိုလျှင် သုံးဦးစလုံးကို တစ်ပြိုင်နက် ရှင်းလင်းနိုင်မည်ဖြစ်သည်။

ထိုအချိန်တွင် ယူချန်ချင်၏ ခန္ဓာကိုယ် အပေါ်သို့ ခုန်တက်လာခဲ့ပြီး များစွာသော ဓားလှိုင်းများဖြင့် သူ့ပတ်ပတ်လည်ကို ဝန်းရံလိုက်သည်။ နောက်တစ်ခဏတွင် ထိုဓားလှိုင်းများသည် ကောင်းကင်ယံရှိ ယွမ်ရှန်ရှန်ဆီသို့ ဦးတည်ပျံသန်းသွားခဲ့သည်။

ရုပ်သေးရုပ် “ယွမ်ရှန်ရှန်”သည် မည်သည့်အမူအရာမှ မရှိပဲ သူမ၏လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ နောက်တစ်ခဏတွင် “ယွမ်ရှန်ရှန်”၏ ခန္ဓာကိုယ်ပတ်လည်တွင် ရေခဲလွှာများစွာ ဖြစ်ပေါ်လာသည်။

ဓားလှိုင်းများ ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်ဆီသို့ ရောက်ခါနီးစဥ်တွင် ရေခဲလွှာများ ပြင်းထန်စွာ ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း ဓားလှိုင်းများကို ထိန်းချုပ်လိုက်သည်။

ထိုစဉ် ကောင်းကင်ယံရှိ ယွမ်ရှန်ရှန်ဆီမှ ထွက်ပေါ်လာသည့် ဖိအား မတည်မငြိမ်ဖြစ်နေသည်ကို ယူချန်ချင် သိမြင်လာပြီး အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသည်။ သူတို့ အမြဲသိထားသည့် ယွမ်ရှန်ရှန်နှင့် လုံးဝမတူပေ။

ယွမ်ရှန်ရှန်၏ ဒဏ်ရာများ ပိုဆိုးလာပြီး သူမ၏ အငွေ့အသက်များကို မတည်မငြိမ် ဖြစ်စေခြင်းလားဟု ယူချန်ချင် မစဥ်းစားမိပဲ မနေနိုင်ခဲ့ပေ။

ထိုအခြေအနေကို စဥ်းစားပြီး ယူချန်ချင်က ချက်ချင်းပင် ဖူဟုန်ချိုကို

“သူရဲ့ ဒဏ်ရာတွေ မပျောက်သေးဘူး။ သူ့ခွန်အားက မတည်ငြိမ်ဘူး။ သူ တခြားအရာတွေကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ မြောက်ပိုင်းနယ်စားမင်းသားကို မြန်မြန်သွားသတ်လိုက်။”

ထိုစကားကို ကြားသောအခါ ဖူဟုန်ချိုလည်းတစ်စုံတစ်ရာ မပြောတော့ပဲ အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ လုချန်းဆီသို့ ပြေးသွားလိုက်သည်။

ဖူဟုန်ချို လုချန်းထံသို့ ရောက်ခါနီးတွင် ယွမ်ရှန်ရှန်၏ ဦးခေါင်းက လုချန်းဘက်သို့ လှည့်သွားပြီး အာရုံပျံ့လွင့်သွားဟန် ပေါ်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ဆွမ်ဧကရာဇ်လည်း အချိန်တန်ပြီဟု ခံစားမိလိုက်သည်။ ယူချန်ချင်နှင့် ဖူဟုန်ချိုတို့သည် လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင်နှင့်အတူ မရှိကြသော်လည်း သူတို့ချင်း အလွန်နီးကပ်နေသဖြင့် သူ၏လက်ထဲရှိ နတ်လက်နက်ကို အသက်သွင်းလိုက်သည်နှင့် ယူချန်ချင်နှင့် ဖူဟုန်ချိုတို့ကို သတ်ပစ်ရန် မဖြစ်နိုင်သေးသော်လည်း သူတို့နှစ်ဦးစလုံးကို ပြင်းထန်စွာ ထိခိုက်စေနိုင်မည်ဟု ဆွမ်ဧကရာဇ် ယုံကြည်သည်။

ထိုသို့တွေးရင်း ဆွမ်ဧကရာဇ်က သူ၏လက်ထဲရှိ မကောင်းဆိုးဝါး နတ်လက်နက်ကို ချက်ချင်း မြှောက်လိုက်ပြီး ကောင်းကင်ယံရှိ ယွမ်ရှန်ရှန်ကို ချိန်လိုက်သည်။

ထိုစဥ် ကောင်းကင်ယံတွင် ရှိနေဆဲဖြစ်သော ယူချန်ချင်လည်း အန္တရာယ်ရှိသည်ကို ခံစားလိုက်ရသည်။ သူ တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ရပြီး အလျင်အမြန် လှည့်ကြည့်ရာ ဆွမ်ဧကရာဇ်က ယွမ်ရှန်ရှန်နှင့် သူတို့အတူရှိနေသည်ကို အခွင့်ကောင်းယူကာ ၎င်းတို့သုံးဦးစလုံးကို တစ်ပြိုင်နက်တည်း ဖယ်ရှားရန် စီစဉ်နေသည်ကို မြင်လိုက်ရသည်။

...........

အခန်း( ၇၆၁)

ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ (၃)

ယုချန်ချင် အလျင်အမြန် ရှောင်တိမ်းလိုက်သော်လည်း လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် ဆွမ်ဧကရာဇ်၏ လက်ထဲရှိ နတ်လက်နက်မှ အနက်ရောင် ရောင်ခြည်တစ်ခု ထွက်ပေါ်လာသည်။

ထိုရောင်ခြည်၏ သွားနှုန်းက အလွန်လျင်မြန်သဖြင့် အန္တရာယ်ကို ကြိုတင်သိရှိခဲ့သော်လည်း အနက်ရောင် ရောင်ခြည်ကြောင့် ယူချန်ချင် ထိခိုက်ဒဏ်ရာရရှိသွားသည်။ သူ၏ လက်မောင်းသည် ချက်ချင်းဆိုသလိုပင် ပြာမှုန့်များဖြစ်သွားခဲ့သည်။

ကောင်းကင်ယံမှ ယွမ်ရှန်ရှန်၏ ကံကြမ္မာက ပို၍ပင်ဆိုးရွားသွားခဲ့သည်။ အနက်ရောင် ရောင်ခြည်တန်းသည် သူမ၏ ရင်ဘတ်ကို တည့်တည့်ထိမှန်ပြီး သူမ၏ခန္ဓာကိုယ် ချက်ချင်းပျက်စီးကာ ပြာမှုန့်ဖြစ်သွားခဲ့သည်။

မြေပြင်ပေါ်သို့လဲကျသွားသော ယူချန်ချင် ကတော့ အလွန်အမင်း ဒေါသထွက်သွားပြီး မြို့ရိုးပေါ်ရှိ ဆွမ်ဧကရာဇ်အား မုန်းတီးမှုအပြည့်ဖြင့် လှည့်ကြည့်လိုက်သည်။

ယူချန်ချင်နှင့် ဖူဟုန်ချိုတို့သည် ဆွမ်ဧကရာဇ် အကောက်ကြံ တိုက်ခိုက်မည်ကို ကြိုတင်သိရှိထားသောကြောင့် အမြဲသတိထားနေခဲ့ကြသည်။ သို့သော် သူတို့ ထိုနတ်လက်နက်၏စွမ်းအားကို လျှော့တွက်ခဲ့ကြသည်။

ထိုအနက်ရောင် ရောင်ခြည်တန်း ထွက်ပေါ်လာပြီးသည့် အချိန်တွင် မြေပြင်နှင့်ကောင်းကင်တို့ အရောင်ပြောင်းသွားပြီး ညအချိန် ရောက်ရှိသွားသကဲ့သို့ ချက်ချင်းအမှောင်အတိ ကျသွားသည်။ အနက်ရောင် တိမ်တိုက်ထုကြီးများ ရုတ်တရက် ကောင်းကင်ကို ဖုံးအုပ်လိုက်ပြီး မိုးပြိုကျတော့မယောင် မြေပြင်နှင့်ပို၍နီးကပ်စွာ ရွေ့လျားလာခဲ့သည်။

ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ် ချက်ချင်းပြာဖြစ်သွားသည်ကို မြင်သောအခါ ဆွမ်ဧကရာဇ် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဟားဟားဟား။ ကောင်းကင်လူသား စွမ်းအားရှင်ဆိုတာ ဘာလဲ။ ရှနိုင်ငံတော်မှာ အရာအားလုံးကို အုပ်စိုးသူက ငါပဲ”

ဘေးနားရှိ ဝန်ကြီးများလည်း အိပ်မက်မှနိုးလာသကဲ့သို့ အသိပြန်ဝင်လာကြပြီး ချက်ချင်းပင် ဆွမ်ဧကရာဇ်အား ဦးညွှတ်အရိုအသေပေးကာ

“ဒီလောက် ကြောက်စရာကောင်းတဲ့ ရန်သူကို ချေမှုန်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် မင်းကြီး။”

“လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်လူသား စွမ်းအားရှင်မရှိတော့တဲ့အတွက် ရှနိုင်ငံတော်ဟာ ပြည်တွင်းစစ်တွေကြောင့် ဆက်ပြီးဒုက္ခခံစားရတော့မှာ မဟုတ်ပါဘူး။”

“အရှင်မင်းကြီးဟာ တကယ့် နဂါးဧကရာဇ်ပါပဲ။”

လူများ၏ ချီးကျူးသံများကိုကြားသောအခါ ဆွမ်ဧကရာဇ်၏ ရင်ထဲ ပို၍ဂုဏ်ယူနေခဲ့သည်။

သူသည် သူ၏လက်ထဲရှိ နတ်လက်နက်ကို ကိုင်ပြီး ချက်ချင်းပင် မြို့ရိုးပေါ်မှ ခုန်ချကာ လုချန်းရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။

လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင် သေဆုံးသွားပြီဖြစ်သောကြောင့် ထိုသားဆိုးက ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ချေ။ ဖူဟုန်ချိုက လုချန်းကို သတ်ရန် မအောင်မြင်ခဲ့သဖြင့် သူကိုယ်တိုင် ဤအမှိုက်ကို ရှင်းပစ်ရတော့မည်။

ထိုသို့လုပ်ရန် သူအချိန်အတော်ကြာကတည်းက လိုလားခဲ့သည်။ ယခုတော့ လုချန်းသည် သူ၏ သွေးသားမဟုတ်ပဲ အခြားသူ၏သားဖြစ်ကြောင်း လုံးဝသေချာနေပြီဖြစ်သည်။

ဆွမ်ဧကရာဇ် မြို့ရိုးပေါ်မှ ခုန်ချလာသည်နှင့် ဆွမ်ဧကရာဇ်၏ လက်ထဲရှိ နတ်လက်နက်ဆိုသော အရာကို လုချန်း ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ ထိုလက်နက်သည် တင့်ကားဖျက် လက်နက်နှင့် အလွန်ဆင်တူသည်။ သို့သော် အ‌မှောင်အငွေ့အသက်များကို ထုတ်လွှတ်နေသော ပြောင်းမှလွဲ၍ ဤသည်မှာ ခောတ်သစ်နည်းပညာလောက၏ လက်နက်မဟုတ်သည်မှာ ရှင်းနေသည်။

ဤသည်မှာ အဆင့်မြင့် စွမ်းအားရှင် လောကမှ လက်နက်တစ်ခုဖြစ်ပြီး ဤလောကထဲသို့ တစ်နည်းတစ်ဖုံ ရောက်ရှိလာခဲ့ခြင်း ဖြစ်နိုင်သည်။ ဖုန်းယင်ကျွန်းရှိ သတ္တု အဆောက်အဦးသည် အခြားလောကမှ ကျရောက်လာသော အာကာသယာဉ် ဖြစ်နေမလားဟုပင် သူတွေးလိုက်သည်။

အတွေးများထဲတွင် နစ်မြောနေစဉ် ဆွမ်ဧကရာဇ်က သူ့ကို ကြောက်စရာကောင်းသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ

“ဆိုးသွမ်းတဲ့သား။ မင်းမှာ ပြောစရာတစ်ခုခု ကျန်သေးလား။”

ထိုစကားကိုကြားသောအခါ လုချန်း သတိပြန်ဝင်လာသည်။ ထိတ်လန့်ခြင်း လုံးဝမရှိပဲ ပြုံးလျက်။

“ဖခင်လက်ထဲက လက်နက် ဘယ်ကရတာလဲဆိုတာ ကျွန်တော် သိချင်မိတယ်။”

“ဒီလို မကောင်းတဲ့ အငွေ့အသက်ကို ထုတ်လွှတ်နေတဲ့ လက်နက်ကို ဖခင် ကိုယ်တိုင်အသုံးပြုနေတယ်။ ဒါက ဘာကိုဆိုလိုတယ်ဆိုတာ ဖခင် သိရဲ့လား။”

လုချန်းက ထိတ်လန့်ခြင်းမရှိပဲ သူ၏လက်ထဲရှိ လက်နက်အကြောင်းကိုသာ ပြောနေသည်ကို မြင်သောအခါ ဆွမ်ဧကရာဇ်က နှာခေါင်းရှုံ့ကာ

“မင်းလို သေရတော့မယ့်သူအတွက် ဒါက ဘာအရေးကြီးမှာလဲ။”

လုချန်းက ပွင့်ပွင့်လင်းလင်းပင်

“ဒီလိုမျိုး မကောင်းတဲ့ နတ်မိစ္ဆာလက်နက်မျိုးက နတ်ဆိုးဂိုဏ်းက ပစ္စည်းဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ ဖခင်ဟာ နတ်ဆိုးဂိုဏ်းက လူတွေရဲ့ သွေးဆောင်ဖြားယောင်းခြင်းကို ခံနေရတာ သေချာပါတယ်။ ဒါကြောင့် သူတို့ပစ္စည်းတွေကို သုံးနေတာပဲ။”

လုချန်း၏ စကားများကိုကြားသောအခါ မြို့ရိုးပေါ်ရှိ အရာရှိများ ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

ဘာ......

ဆွမ်ဧကရာဇ်က နတ်ဆိုးဂိုဏ်းနဲ့ ပူးပေါင်းနေတာလား။

ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။

မဟုတ်ပါ။ အကယ်၍ ဆွမ်ဧကရာဇ် နတ်ဆိုးဂိုဏ်းနှင့် ပူးပေါင်းမနေပါက သူ၏လက်ထဲရှိလက်နက်က ဘယ်ကလာတာလဲ။

နိုင်ငံကြီးတစ်ခု၏ ဧကရာဇ်က နတ်ဆိုးဂိုဏ်းနဲ့ ပူးပေါင်းတာကို အခြားနိုင်ငံတွေက သိသွားရင် သူတို့အားလုံး ပူးပေါင်းပြီး ဆန့်ကျင်လာမှာ သေချာသည်။

ဆွမ်ဧကရာဇ်က အေးစက်စွာဖြင့်

“မင်းရဲ့ ကောက်ကျစ်တဲ့ စကားတွေကို ရပ်လိုက်တော့။ မင်းပြောစရာမရှိတော့ဘူးဆိုရင် မင်းရဲ့အမေဆီကို ငါကိုယ်တိုင် ပို့ပေးမယ်။”

သူပြောနေစဉ်ပင် လုချန်းကို တိုက်ခိုက်ရန် ဆွမ်ဧကရာဇ် ပြင်ဆင်လိုက်သည်။ သို့သော် ထိုအချိန်တွင် လုချန်းက ကျယ်လောင်စွာဖြင့်

“ဧကရာဇ်ရဲ့ စိတ်ကို နတ်ဆိုးဂိုဏ်းက ထိန်းချုပ်ထားတယ်။ မြို့ရိုးပေါ်က ဝန်ကြီးများအားလုံး သက်သေခံကြပါ။ ဒီနေ့ ကျွန်တော် လုပ်သမျှ အားလုံးဟာ ဧကရာဇ်ကို သတိပြန်ဝင်လာစေဖို့အတွက်ပါ။ ဒါတွေအားလုံးဟာ ရှနိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာအတွက်ပါ။”

လုချန်း၏ စကားများကို ကြားသောအခါ

ဆွမ်ဧကရာဇ် ချက်ချင်းပင် စိတ်မငြိမ်မသက်ဖြစ်လာသည်။

တစ်ခုခု မှားယွင်းနေသည်။

လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်လူသား စွမ်းအားရှင် သေဆုံးသွားခဲ့တာတောင် ဒီလူယုတ်မာလေးက ဘာလို့ လုံးဝမထိတ်လန့်ရတာလဲ။

မြောက်ပိုင်းပြည်နယ်၏ လက်နက်များက ကြောက်စရာကောင်းသော်လည်း အရိပ်အယောင် ကောင်းကင်လူသား စွမ်းအားရှင်ကိုတော့ သတ်နိုင်မည် မဟုတ်ပေ။

ဒါဆို သူ ဘာလို့ မကြောက်ရတာလဲ။

ဒီလူယုတ်မာလေးကို ဘာက ဒီလောက်အထိ ယုံကြည်မှုရှိစေတာလဲ။

ဘာပဲဖြစ်ဖြစ် သူ့ကို မြန်မြန်သတ်ပစ်ရမည်။

ဒီလူယုတ်မာလေးကို သတ်လိုက်တာနဲ့ သူ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာမည်။

ထို့နောက် ရှနိုင်ငံတော်သည် သူတစ်ယောက်တည်း ပိုင်ဆိုင်သော အရာဖြစ်လာလိမ့်မည်။ ထိုအချိန်တွင် သူ့ကို ဘယ်သူမှ ထပ်ပြီးဆန့်ကျင်ရဲတော့မည် မဟုတ်ပေ။

ထိုသို့တွေးလိုက်ရင်း ဆွမ်ဧကရာဇ်သည် လုချန်းကို တိုက်ခိုက်ရန် လက်ကို မြှောက်လိုက်သည်။

ထိုအချိန်တွင် ကောင်းကင်မှ အလွန်ကြီးမားသော ဖိအားတစ်ခု ကျဆင်းလာပြီး ထိုနေရာရှိ လူတိုင်းကို ချက်ချင်းဖိနှိပ်လိုက်ရာ အားလုံး အသက်ရှူရ ခက်သွားကြသည်။

လူများ ချက်ချင်း အံ့အားသင့် သွားကြသည်။

ဆွမ်ဧကရာဇ်၊ ယူချန်ချင်နှင့် ဖူဟုန်ချိုတို့လည်း မှင်တက်သွားကြသည်။

ဘာတွေဖြစ်နေတာလဲ။

လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်လူသား စွမ်းအားရှင် သေသွားပြီမဟုတ်ဘူးလား။ ဒါဆို ဘာလို့ ကောင်းကင်လူသား စွမ်းအားရှင်တစ်ယောက်ရဲ့ အငွေ့အသက် ရှိနေရတာလဲ။

လူအများ စိတ်ရှုပ်ထွေးနေစဉ် လုချန်း၏ နောက်ကျောမှ အေးစက်သောအသံတစ်သံ ထွက်ပေါ်လာသည်။

“အကြီးအကဲ ယူ။ အကြီးအကဲ ဖူ။ မတွေ့ရတာကြာပြီ။”

ဤရင်းနှီးသောအသံကိုကြားသောအခါ ယူချန်ချင်နှင့် ဖူဟုန်ချိုတို့ တုန်လှုပ်သွားကြသည်။

သူတို့၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်လာသည်။ လုချန်း၏ နောက်ကျောကို ကြည့်လိုက်သောအခါ အဖြူရောင်ဝတ်စုံ၊ အနက်ရောင် ဆံပင်နှင်မျက်နှာဖုံးအုပ်ထားသော အမျိုးသမီးတစ်ဦးသည် ရှေ့သို့ ဖြည်းဖြည်းချင်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။

နောက်တစ်ခဏတွင် ထိုအမျိုးသမီးသည် သူမ၏ မျက်နှာဖုံးကို ဖယ်ရှားလိုက်သည်။ မျက်နှာဖုံး မြေပေါ်သို့ ပြုတ်ကျသွားသည်နှင့် သူမ၏ ဆံပင်များ ဖြည်းဖြည်းချင်း ဖြူဖွေးလာခဲ့သည်။

ယွမ်ရှန်ရှန်၏ မျက်နှာအစစ်အမှန်ကို မြင်သောအခါ ဆွမ်ဧကရာဇ်နှင့် မြို့ရိုးပေါ်ရှိ လူများသည် ထိုနေရာတွင်ပင် တောင့်တင်းသွားကြသည်။

ခုလေးတင်မှ သူမကို သတ်လိုက်တာမဟုတ်လား။

ဘာလို့ အသက်ရှင်နေသေးတာလဲ။

ကောင်းကင်လူသား စွမ်းအားရှင်တွေကို သတ်လို့မရတာလား။

ထိုအချိန်တွင် ဆွမ်ဧကရာဇ်၏ ရင်ထဲ ထိတ်လန့်မှုများ ပေါ်ပေါက်လာသည်။ သူမြင်နေရသည်ကို သူမယုံနိုင်ပေ။ ထိုအမျိုးသမီး ပြာဖြစ်သွားခဲ့သည်ကို ရှင်းရှင်းလင်းလင်း မြင်နေပါလျက် ဘယ်လိုများ ပြန်ရှင်သန်လာနိုင်တာလဲ။

သူ၏နတ်လက်နက်ကို တစ်ကြိမ်အသုံးပြုခဲ့ပြီးဖြစ်ရာ အတွင်း၌ သွေးသားအနှစ်သာရများ မကျန်ရှိတော့ပေ။ ထို့ကြောင့် ဒုတိယအကြိမ် ထပ်မံအသုံးပြုနိုင်၍ မရနိုင်တော့ပေ။

ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးအား ဆန့်ကျင်တိုက်ခိုက်ရန် အခွင့်အရေး လုံးဝမရှိတော့ချေ။

မဟုတ်ပါ။ အခွင့်အရေးလုံးဝမရှိတာတော့ မဟုတ်ပါ။

တစ်စုံတစ်ခုကို ဆွမ်ဧကရာဇ် ရုတ်တရက် သတိရလိုက်သည်။

ထို့နောက် သူ၏ ဝတ်စုံအတွင်းမှ ကျောက်စိမ်းပုတီးစေ့တစ်လုံးကို ချက်ချင်းထုတ်ယူလိုက်သည်။

..............

အခန်း (၇၆၂)

ဧကရာဇ်၏ ကျဆုံးခန်း

လုချန်း၏ဘက်မှ မည်သူမှ ဆွမ်ဧကရာဇ်ကို မတားဆီးနိုင်မီ ဆွမ်ဧကရာဇ်က ကျောက်စိမ်းပုတီးစေ့ကို သူ၏ပါးစပ်ထဲသို့ ချက်ချင်းထည့်လိုက်သည်။

ဤမြင်ကွင်းကိုမြင်သောအခါ ယွမ်ရှန်ရှန်၏ မျက်ခုံးများတွန့်သွားပြီး

“မကောင်းတော့ဘူး။ သူက သူ့ရဲ့စွမ်းအားကို ကောင်းကင်လူသားအဆင့်ကို အတင်းအကျပ်မြှင့်တင်ဖို့ ကြိုးစားနေတာ။”

လုချန်း အံ့သြသွားသည်။ ထိုကျောက်စိမ်းပုတီးသည် လျှို့ဝှက်လဝန်းနန်းတော်၏ ရတနာပစ္စည်း ဖြစ်နိုင်သလား။

ယွမ်ရှန်ရှန်၏ စကားများဆုံးသည်နှင့် ဆွမ်ဧကရာဇ်၏ခန္ဓာကိုယ်အတွင်းမှ အစွမ်းထက်သောစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ရာသီဥတု ရုတ်ခြည်းပြောင်းလဲကာ ကောင်းကင်တွင် မိုးခြိမ်းသံများဖြစ်ပေါ်လာသည်။

ကောင်းကင်မှ မိုးကြိုးများက ဆွမ်ဧကရာဇ်၏ခေါင်းပေါ် တည့်တည့်ကျရောက်လာပြီး သူ၏ဆံပင်များကို ချက်ချင်းပင် ရှုပ်ပွစေကာ အဝတ်အစားများလည်း စုတ်ပြဲသွားသည်။

သို့သော် ကောင်းကင်မှ မိုးကြိုးများဖြင့် အကြိမ်များစွာ ထိမှန်ပြီးနောက်တွင်ပင် ဆွမ်ဧကရာဇ်သည် မသေဆုံးခဲ့ပေ။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်း စီးဆင်းနေသည့် စွမ်းအားကို ခံစားမိပြီးနောက် ရူးသွပ်စွာ ရယ်မောလိုက်သည်။

“ဒါ ကောင်းကင်လူသား စွမ်းအားလား”

“ငါက ရှနိုင်ငံတော်ရဲ့ အုပ်စိုးသူ အစစ်။ ဘယ်သူမှ ငါ့ကိုထီးနန်းက ဖြုတ်ချနိုင်မှာ မဟုတ်ဘူး။”

ထိုသို့ပြောပြီးနောက် ဆွမ်ဧကရာဇ် ယွမ်ရှန်ရှန်ကို ချက်ချင်း တိုက်ခိုက်လိုက်သည်။ သူ၏လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် မြေပြင်ပေါ်ရှိ အပျက်အစီးအားလုံး စုစည်းသွားပြီး ကြီးမားသော ကျောက်လုံးကြီးတစ်ခုအဖြစ် ဖြစ်ပေါ်လာကာ ယွမ်ရှန်ရှန်ဆီသို့ ဦးတည်လွင့်စင်သွားသည်။

ဤအရာကိုမြင်သော်လည်း ယွမ်ရှန်ရှန် အနည်းငယ်မှပင် မထိတ်လန့်သွားပေ။ သူမ၏လက်ကို ညင်သာစွာမြှောက်လိုက်ပြီး ရေခဲလွှာများစွာ ဖန်တီးလိုက်သည်။ ရေခဲလွှာများနှင့် ထိတွေ့မိသောအခါ ကျောက်လုံးကြီး ချက်ချင်းပင် ကွဲကြေသွားပြီး အုတ်ခဲကျောက်ခဲများအဖြစ် ပြန်လည်ကွဲထွက်သွားသည်။

သို့သော် ဤသည်က အဆုံးမဟုတ်သေးပေ။ ဆွမ်ဧကရာဇ်သည် သူ၏ခန္ဓာကိုယ်အတွင်းမှ သူ၏ကိုယ်ပိုင်မဟုတ်သည့် စွမ်းအားကို ဆက်လက်အသုံးပြုနေသည်။ ထို့နောက်တွင် ကောင်းကင်ပေါ်တွင် ဧရာမနဂါးတစ်ကောင်၏ ပုံရိပ်တစ်ခု ပေါ်လာသည်။

နဂါးကိုမြင်သောအခါ ယွမ်ရှန်ရှန်သည် အနည်းငယ်အံ့အားသင့်သွားသည်။ ဆွမ်ဧကရာဇ်အသုံးပြုသည့် တိုက်ကွက်က မရိုးရှင်းကြောင်း ထင်ရှားသည်။ ဒါက ဤကမ္ဘာမှ နည်းလမ်းမဟုတ်ပေ။ ရှနိုင်ငံတော်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာနိုင်သည့် ရှတော်ဝင်မိသားစု အိမ်တော်တွင် လျှို့ဝှက်ချက်များ ရှိနေပုံရသည်။

သို့သော် နဂါးပုံရိပ်သည် သူမအတွက် အန္တရာယ်မဖြစ်နိုင်ပေ။

ယွမ်ရှန်ရှန်က သူမ၏လက်ကို ညင်သာစွာမြှောက်လိုက်၏။ ထို့နောက် သူမ၏လက်ချောင်းထိပ်များတွင် အေးခဲသောအငွေ့အသက်တစ်ခု ရစ်ဝဲသွားသည်။ နောက်တစ်ခဏတွင် ထိုအေးခဲမှုသည် ချက်ချင်းပင် ရေခဲနဂါးအဖြစ်သို့ ပြောင်းလဲသွားသည်။

ကောင်းကင်တွင် နဂါးနှစ်ကောင် ပေါ်ထွက်လာသည့်အခါ အလွန်အံ့သြဖွယ်ကောင်းသော မြင်ကွင်းဖြစ်လာသည်။ နောက်တစ်ခဏတွင် နဂါးနှစ်ကောင်လုံးသည် ပါးစပ်ဟကာ တစ်ကောင်နှင့်တစ်ကောင် အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်ကြသည်။

နားကွဲမတတ်ဟိန်းဟောက်သံက နေပြည်တော်တစ်ခုလုံး ပျံ့နှံ့သွားပြီး အသံလှိုင်းများကို မခံနိုင်သောလူများသည် သူတို့၏နားများကို လက်ဖြင့်အလျင်အမြန်အုပ်ထားကြရသည်။

ခဏအကြာတွင် နဂါးနှစ်ကောင်သည် တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်ကြပြီး တိုက်မိသည့်အခိုက်တွင် စွမ်းအားလှိုင်းလုံးများ ပျံ့နှံ့သွားကာ ခိုင်ခိုင်မာမာ မရပ်နိုင်သောလူများကို လေထဲသို့ လွင့်သွားစေသည်။

ကောင်းကင်လူသား စွမ်းအားရှင်နှစ်ဦး၏ တိုက်ပွဲသည် သက်ရောက်မှု အလွန်ကြီးမားပြီး ဤသို့သောမြင်ကွင်းမျိုးကို ဤကမ္ဘာရှိလူများ မြင်ဖူးခြင်း မရှိသလောက်ဖြစ်သည်။

ထိုအခိုက်တွင် လုချန်းက ချက်ချင်းပင် မြောက်ပိုင်းစစ်သည်များကို ဆက်လက်ဆုတ်ခွာရန် အချက်ပြလိုက်သည်။ လုချန်း၏အမိန့်ကိုရရှိသည်နှင့် မြောက်ပိုင်းပြည်နယ်စစ်သည်များ အလျင်အမြန်ဆုတ်ခွာသွားကြသည်။

တစ်ချိန်တည်းတွင် ကောင်းကင်ပေါ်ရှိ နဂါးနှစ်ကောင်သည် တဖြည်းဖြည်း မှေးမှိန်သွားပြီး နှစ်ဖက်စလုံးတွင် မည်သူမှ ဒဏ်ရာမရခဲ့ပုံရသည်။

ဆွမ်ဧကရာဇ် ကျယ်လောင်စွာရယ်မောလိုက်ပြီး

“ကောင်းကင်လူသား စွမ်းအားရှင်တွေဆိုတာ ဒီလောက်ပဲလား... အဟွတ်...”

ဆွမ်ဧကရာဇ် စကားမဆုံးမီ ရုတ်တရက် အနက်ရောင်သွေးတစ်ပွက် အန်ချလိုက်သည်။ ထိုအခိုက်တွင် သူ၏လက်ထဲရှိ နတ်ဆိုး လက်နက်သည် ထူထဲသောအနက်ရောင်မြူများကို ထုတ်လွှတ်လာသည်။

ဆွမ်ဧကရာဇ်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး သူ၏ လက်နက်ကို ချက်ချင်းမြှောက်ကာ ယွမ်ရှန်ရှန်ကို ချိန်ရွယ်လိုက်သည်။ ယွမ်ရှန်ရှန်လည်း တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိပြီး လျင်မြန်စွာပင် ကောင်းကင်ပေါ်သို့တက်သွားသည်။

ဆွမ်ဧကရာဇ်က နတ်ဆိုးလက်နက်ကို တစ်ဖန် အသက်သွင်းလိုက်သည်။ ထိုသို့ပြုလုပ်ပြီးနောက်တွင် သူ၏စွမ်းအားများကို မကောင်းဆိုးဝါး နတ်လက်နက်က စုပ်ယူနေသကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးနေသည်ကို ခံစားလိုက်ရသည်။

ထို့နောက် လက်နက်ပြောင်းဝမှ ရောင်ခြည်တန်းတစ်ခု ထွက်လာပြီး ယွမ်ရှန်ရှန်ဆီသို့ တည့်တည့် ဦးတည်သွားသည်။ ၎င်းသည် ပထမ ရောင်ခြည်ထက် များစွာသေးငယ်သော်လည်း ယွမ်ရှန်ရှန်အတွက် အန္တရာယ်ကြီးမားနေသေးသည်။ ရောင်ခြည်က ယွမ်ရှန်ရှန်ကို ထိခိုက်တော့မည့်အချိန်တွင် သူမ၏ပုံရိပ်သည် မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး ပျောက်ကွယ်သွားသည်။

အာရုံစူးစိုက်ထားသည့် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးသည် ဘယ်လိုအလွယ်တကူ ထိနိုင်မည်နည်း။

ယွမ်ရှန်ရှန်က တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်ကိုမြင်သောအခါ ဆွမ်ဧကရာဇ်က

“နင် ဘယ်လောက်အထိ ရှောင်နိုင်မလဲဆိုတာ ငါကြည့်မယ်။”

ပြောရင်းနှင့် ဆွမ်ဧကရာဇ်သည် ထိုနတ်လက်နက်ကို ထပ်မံအသုံးပြုရန် ပြင်ဆင်လိုက်သည်။

လုချန်းလည်း ဆက်လက်ရပ်ကြည့်မနေတော့ပဲ သူ့နောက်ရှိ ရှထျန်းယွမ်၊ မုဟုန်ကွမ်းနှင့် ရွမ်ယွမ်ချောင်ကဲတို့ကို

“ဂိုဏ်းချုပ် ရှနဲ့ မုသခင်ကြီးနဲ့ ရွမ်ယွမ်သခင်ကြီးတို့ လှုပ်ရှားလိုက်ပါ။”

လုချန်း၏အသံဆုံးသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသုံးခု ကျဆင်းလာသည်။ ဆွမ်ဧကရာဇ်နှင့် ဝန်ကြီးများလည်း ဤဖိအားသုံးခုကို ခံစားမိသောအခါ ချက်ချင်းပင် အံ့အားသင့်သွားကြသည်။

ဆွမ်ဧကရာဇ်က လုချန်းဘေးရှိ လူနှစ်ဦးကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...”

“မဖြစ်နိုင်ဘူး...”

“မင်းလို ပုန်ကန်တတ်တဲ့ မျိုးမစစ်သားက ဘယ်လိုလုပ် ကောင်းကင်လူသား စွမ်းအားရှင်တွေ အများကြီးရဲ့ အကူအညီ ရနိုင်ရတာလဲ။”

ဆွမ်ဧကရာဇ်၏အမြင်တွင် လုချန်းသည် မျိုးမစစ်သားတစ်ဦးသာ ဖြစ်ပြီး သူကိုယ်တိုင်ကတော့ ရှနိုင်ငံတော်၏ စစ်မှန်သောနဂါးဖြစ်သည်။ သို့သော် လုချန်း၏ဘေးတွင် လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးသာမက ရုတ်တရက် ကောင်းကင်လူသား စွမ်းအားရှင် သုံးဦးပါ ထပ်ရှိနေသည်။

ဆိုလိုသည်မှာ လုချန်း၏ဘေးတွင် ကောင်းကင်လူသား စွမ်းအားရှင်လေးဦး ရှိနေသည်။

ရာစုနှစ်ပေါင်းများစွာ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးမှ မပေါ်ပေါက်ခဲ့သည့် ဤကမ္ဘာတွင် လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင် ပေါ်ပေါက်လာပြီး လူသတ်ပွဲများ ပြုလုပ်ခဲ့သည်မှာ ဆယ်စုနှစ်အနည်းငယ်သာ ရှိသေးသည်။

သို့သော် ယနေ့တွင် ကောင်းကင်လူသား စွမ်းအားရှင်လေးဦးစလုံး တစ်ပြိုင်နက်တည်း ပေါ်လာပြီး ထိုလေးဦးစလုံးသည် လုချန်းနှင့် ဆက်စပ်နေသည်။

ထာဝရ တန်ခိုးရှင်များမရှိသည့် ဤကမ္ဘာတွင် ကောင်းကင်လူသား စွမ်းအားရှင်များသည် တန်ခိုးရှင်များနှင့် တူညီသည်။ ယခုပေါ်ထွက်လာသည့် စွမ်းအားရှင် လေးဦးစလုံးသည် လုချန်းနှင့်အတူ ရပ်တည်နေကြသည်။ ဒါက ဘာကိုဆိုလိုသလဲ။

ဒါက လုချန်းဘက်တွင် ကံကြမ္မာရှိသည်ဟု ဆိုလိုသည်။

ဆွမ်ဧကရာဇ် ထိုအချက်ကို လုံးဝလက်မခံနိုင်ပေ။

သူလို မျိုးမစစ်သားတစ်ဦးက ကောင်းကင်လူသား စွမ်းအားရှင်လေးဦးကို ဘယ်လိုစည်းရုံး ဆွဲဆောင်နိုင်တာလဲ။

ဆွမ်ဧကရာဇ် မကျေနပ်ပေ။

သူသည် ရှနိုင်ငံတော်ကို တစ်သက်လုံး ဂရုတစိုက် စောင့်ရှောက်ခဲ့သော်လည်း နောက်ဆုံးတွင် သူ၏ထီးနန်းကို မျိုးမစစ် သားတစ်ဦးက သိမ်းပိုက်လိမ့်မည်ကို တွေးတိုင်း စိတ်ထဲတွင် မကျေမနပ်ဖြစ်နေခဲ့သည်။

ကောင်းကင်လူသား စွမ်းအားရှင်များ၏ ဖိအားပေးမှုကို ခံရပြီးနောက် ဆွမ်ဧကရာဇ် သူ၏ စိတ်ခံစားမှုများကို ထိန်းချုပ်၍ မရတော့ပဲ သူ၏ခန္ဓာကိုယ်မှ ထူထဲသော အမှောင်အငွေ့အသက်များ စတင်ထွက်ပေါ်လာသည်။

သူ၏လက်ထဲရှိ နတ်လက်နက်သည်လည်း စိတ်လှုပ်ရှားနေပုံရပြီး အနက်ရောင်နှင့် အနီရောင်အလင်းများကို ထုတ်လွှတ်သည်။

ထိုအရာကိုမြင်သောအခါ ယွမ်ရှန်ရှန်က ချက်ချင်းပင်

“သူ နတ်ဆိုးပူးနေပြီ။ ကျွန်မတို့ ဒါကို မြန်မြန်ဖြေရှင်းရမယ်။”

ဤစကားကိုကြားသည်နှင့် ရွှမ်ယွမ်ချောင်ကဲ့တို့ ချက်ချင်း လှုပ်ရှားလိုက်ပြီး ဆွမ်ဧကရာဇ်၏ပတ်ဝန်းကျင်တွင် ချက်ချင်းပေါ်လာကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်သည်။

ဓားလှိုင်းနှင့် လက်ဝါးလှိုင်းများ ဆွမ်ဧကရာဇ်ဆီသို့ တည့်တည့်ဦးတည်သွားသည်။ သို့သော် ဆွမ်ဧကရာဇ်က ရှောင်တိမ်းခြင်းမရှိပဲ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သို့သော်လည်း ပြီးနောက် သူ့ကိုဘာမှ မထိခိုက်ခဲ့သကဲ့သို့ ဖြစ်နေသည်။

လူတိုင်းအံ့အားသင့်သွားကြသည်။ ဘာဖြစ်နေတာလဲ။

ယွမ်ရှန်ရှန် နားလည်သွားပုံရပြီး

“သူ့လက်ထဲက မကောင်းဆိုးဝါး နတ်လက်နက်က သူ့ကို ထိန်းချုပ်နေပြီ။ အဲ့ဒီလက်နက်က ယုတ်မာတယ်။”

ထိုစကားကိုကြားသည်နှင့် လူတိုင်းချက်ချင်းပင် သဘောပေါက်သွားကြသည်။

ရှထျန်းယွမ်က လုချန်းကို ချက်ချင်းပင်

“ဆုတ်ခွာပေးပါ မင်းသား။”

လုချန်းက စကားတစ်ခွန်းမှမပြောပဲ အလင်းအရိပ်ကျင့်စဉ်ကို အသုံးပြု၍ စစ်မြေပြင်မှ ချက်ချင်းထွက်ခွာသွားသည်။ ဖြစ်လာမည့် တိုက်ပွဲက သူပါဝင်နိုင်သည့် တိုက်ပွဲမျိုးမဟုတ်ကြောင်း ထင်ရှားသောကြောင့်ဖြစ်သည်။

လုချန်း ထွက်ခွာသွားသည်နှင့် ဆွမ်ဧကရာဇ်၏ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်အငွေ့အသက်သည် လျင်မြန်စွာကြီးထွားလာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။

ရှထျန်းယွမ်နှင့် အခြားသူများကို မည်သည့်အရာကမှ ထိန်းချုပ်ထားခြင်း မရှိတော့ပေ။

ဆွမ်ဧကရာဇ်တွင် တစ်စုံတစ်ခု အလွန်မှားယွင်းနေသည်။ သူတို့ အလျင်အမြန်လုပ်ဆောင်ရမည်ဖြစ်သည်။

ထိုအခိုက်တွင် ဆွမ်ဧကရာဇ်၏မျက်လုံးများ သွေးနီရောင်သို့ ပြောင်းလဲသွားပြီး

“သေရမယ်... လူတိုင်းသေရမယ်”

ဟု ကြောက်မက်ဖွယ် ကောင်းသောအသံဖြင့် ပြောလိုက်သည်။

သို့သော် ထိုအခိုက်တွင် ယွမ်ရှန်ရှန်နှင့် အခြား ကောင်းကင်လူသား စွမ်းအားရှင် သုံးဦးတို့က တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ အဖြူ၊ အဝါ၊ အနီနှင့် အစိမ်းရောင် စွမ်းအင်များသည် လျင်မြန်စွာစုစည်းသွားပြီး ယွမ်ရှန်ရှန် တည်ဆောက်ထားသော ပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အခြားသုံးဦးက သူတို့၏စွမ်းအားများကို ပုံစံထဲ အားဖြည့်ပေးလိုက်ကြသည်။

ပုံစံပေါ်လာသည်နှင့် တပြိုင်နက် ဆွမ်ဧကရာဇ်၏ ခန္ဓာကိုယ်မှ အမည်းရောင် အငွေ့အသက်များ တစ်ဝက်ခန့် လျော့နည်းသွားပြီး စွမ်းအားရှင်လေးဦးက ဆက်လက်၍ တိုက်ခိုက်ကြသည်။

နောက်တစ်ခဏတွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိပြုမိသော မကောင်းဆိုးဝါး နတ်လက်နက်က ထွက်ပြေးရန် ကြိုးစားသော်လည်း မြေပြင်ပေါ်ရှိ ပုံစံသည် ချက်ချင်းပင် ကျုံ့ဝင်သွားပြီး ဆွမ်ဧကရာဇ်နှင့် နတ်လက်နက်ကို ပိတ်မိစေလိုက်သည်။

ဆွမ်ဧကရာဇ်က

“ကျုပ်က ရှနိုင်ငံတော်ရဲ့ အုပ်စိုးသူ။ ကျုပ်ကမှ စစ်မှန်တဲ့နဂါး။ ဘယ်သူမှ ကျုပ်ကို မသတ်နိုင်ဘူး”

ဟု ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။

ပြောနေစဥ်ပင် ဆွမ်ဧကရာဇ်၏ ခန္ဓာကိုယ် ပြင်းထန်စွာ ပေါက်ကွဲသွား၏။ ထိုအရာကိုမြင်သောအခါ မြို့ရိုးပေါ်ရှိ ဝန်ကြီးများလည်း ကြောက်လန့်တကြား မြေပြင်ပေါ်သို့လဲကျသွားကြသည်။

ဤအဆင့်တွင် ဆွမ်ဧကရာဇ်၏စွမ်းအားသည် ကောင်းကင်လူသား စွမ်းအားရှင်များနှင့် အတူတူနီးပါးဖြစ်နေသည်။ အကယ်၍ သူသာ သူ၏ ချက္ကရကို ပေါက်ကွဲစေပါက နေပြည်တော်တစ်ခုလုံးသည် သူ၏ ဈာပနအတွက် မီးသဂြိုဟ်ရာနေရာ ဖြစ်သွားမည်။

ယွမ်ရှန်ရှန်နှင့် ကောင်းကင်လူသား စွမ်းအားရှင်သုံးဦးကလည်း ဆွမ်ဧကရာဇ်၏ ရည်ရွယ်ချက်ကို သတိထားမိကြသည်။ ယွမ်ရှန်ရှန်က အခြားသူများကို ပုံစံတွင် အားဖြည့်ရန် ချက်ချင်းသတိပေးလိုက်သည်။

ထို့နောက် အခြားသူများလည်း သူတို့၏စွမ်းအားများကို ပုံစံထဲသို့ ဆက်လက် ထည့်သွင်းလိုက်ကြသည်။ ဤအခိုက်တွင် ဆွမ်ဧကရာဇ်၏ခန္ဓာကိုယ်သည် အလွန်အမင်း တောက်ပသောအနီရောင်အလင်းလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ လူများ၏ မျက်လုံးများ ဖွင့်ထား၍ မရနိုင်အောင် ဖြစ်သွားသည်။

ဆွမ်ဧကရာဇ်သည် သူ၏ချက္ကရကို ပေါက်ကွဲစေပြီးနောက် တုန်လှုပ်ဖွယ်ရာလှိုင်းလုံးများ ပေါ်ပေါက်လာကာ မြို့ရိုးပေါ်ရှိ လူတိုင်းကို လေထဲသို့လွင့်သွားစေသည်။

လူတိုင်း သေဆုံးမည်ဟု ထင်မှတ်ခဲ့ကြသော်လည်း သူတို့ အံ့အားသင့်စွာ တွေ့ရှိရသည်မှာ ပေါက်ကွဲမှုကြောင့် သက်ရောက်ခံရသော အများဆုံး ဒဏ်ရာက အရိုးကျိုးခြင်းသာ ဖြစ်ပြီး အသက်သေဆုံးမှု တစ်ခုမှ မရှိခြင်းပင်။

မြို့ပြင်မှ ဖုန်မှုန့်များ တဖြည်းဖြည်းကင်းစင်သွားသောအခါ ဆွမ်ဧကရာဇ် မရှိတော့ကြောင်း သတိပြုမိကြပြီး ယွမ်ရှန်ရှန်နှင့် ရွှမ်ယွမ်ချောင်ကဲ အပါအဝင် စွမ်းအားရှင်လေးဦးမှာမူ ဖြူဖတ်ဖြူရော်ဖြစ်နေပြီး မောဟိုက်နေကြသည်ကို တွေ့လိုက်ရသည်။

ထိုအခိုက်တွင် ယွမ်ရှန်ရှန် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။ သူမ၏ပုံရိပ်သည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ယူချန်ချင်နှင့် ဖူဟုန်ချိုတို့၏ရှေ့တွင် ချက်ချင်းပေါ်လာသည်။

ယခုအချိန်တွင် ထိုနှစ်ဦးသည် သူတို့၏ အစီအစဥ်ပျက်စီးသွားကြောင်း သဘောပေါက်သွားပြီး

“ ကျွန်တော်တို့ကို ချမ်းသာပေးပါ နန်းတော်သခင်မကြီး။ ကျွန်တော်တို့...”

ဟု အလျင်အမြန် ဒူးထောက်တောင်းပန်လိုက်ကြသည်။

သူတို့ စကားမဆုံးမီ ယွမ်ရှန်ရှန်က သူမ၏လက်ကိုဝှေ့ယမ်းလိုက်၏။ သူတို့၏ခန္ဓာကိုယ်များသည် ရေခဲရုပ်များအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး နောက်တစ်ခဏတွင် ဖုန်မှုန့်များအဖြစ်သို့ ကွဲကြေသွားတော့သည်။

..............

All Chapters