အခန်း ၇၇၂-၇၇၄
Vol. 52 Ch. 772-774
အခန်း (၇၇၂)
မြို့တော်ပြောင်းရွှေ့ရန် အစီအစဉ် (၂)
လုချန်းက ရွှီလင်လုံ၏ မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး
“မြန်မြန်ပြန်စေချင်နေတာလား”
ဟု မေးလိုက်သည်။
ရွှန်းလဲ့နေသော မျက်လုံးများဖြင့် ရွှီလင်လုံက
“ကျွန်မ ဘယ်လိုလုပ် မင်းကြီးကို ပြန်စေရဲပါ့မလဲ။ နိုင်ငံတော်ကိစ္စတွေ လုပ်ဆောင်တာကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ။ အကယ်၍ ကျွန်မကြောင့် အနှောင့်အယှက်ဖြစ်သွားလို့ နိုင်ငံတော်ကို ဘေးဆိုးကျရောက်စေတယ်ဆိုပြီး တစ်ယောက်ယောက်က ကျွန်မကို စွပ်စွဲလာရင် ကျွန်မ ဘာလုပ်ရမလဲ။”
လုချန်းက ရွှီလင်လုံကို လွှတ်လိုက်ပြီး ပြုံးလျက်
“မင်းက မိစ္ဆာမပဲ။ နိုင်ငံတော်ကို ဘေးဆိုးရောက်အောင် လုပ်သင့်တာပေါ့။”
ရွှီလင်လုံက
“ကျွန်မ နိုင်ငံတော်ကို ဘေးဆိုးရောက်စေချင်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ မင်းကြီးရဲ့ မိဖုရားဆောင်မှာ အရမ်းလှပတဲ့အမျိုးသမီးတွေ အများကြီးရှိနေတော့ ကျွန်မရဲ့အလှည့်မဟုတ်သေးတာ သေချာပါတယ်။”
ထိုအချိန်တွင် ရွှီလင်လုံက
“မင်းကြီး။ မိဖုရားတွေကို နေပြည်တော်ကို ဘယ်တော့ ခေါ်လာဖို့ စီစဉ်ထားပါလဲ။”
ထိုမေးခွန်းကို ကြားသောအခါ လုချန်း ခဏမျှ စဉ်းစားလိုက်ပြီး
“လောလောဆယ်တော့ သူတို့ကို ခေါ်လာဖို့ မစီစဉ်ထားဘူး။ နေပြည်တော်က အရမ်း
ခောတ်နောက်ကျကျန်နေခဲ့ပြီ။ သူတို့သာ ဒီကိုရောက်လာရင် နေပြည်တော်ရဲ့ဘဝကို အသားကျဖို့ ခက်ခဲလိမ့်မယ်။”
မြောက်ပိုင်းပြည်နယ်ရှိ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် လျှပ်စစ်မီးများရှိနေပြီး ရထားများနှင့် ဆန်းသစ်သောပစ္စည်းအမျိုးမျိုး ရှိနေသောကြောင့် မုကျိရွှမ်းတို့သည် မြောက်ပိုင်းပြည်နယ်ရှိ နေထိုင်မှုဘဝနှင့် အသားကျနေကြပြီဖြစ်သည်။
သူတို့ကို နေပြည်တော်သို့ ခေါ်လာပါက အိမ်သာတက်ဖို့အတွက်တောင် အိုးများကို အသုံးပြုရမည်ဖြစ်ပြီး ရေချိုးလျှင်လည်း ရေစည်များကို အသုံးပြုရသောကြောင့် သူတို့ အသားကျဖို့ ခက်ခဲလိမ့်သည်။
လုချန်းကိုယ်တိုင်ပင် အသားမကျသောကြောင့် ရှနိုင်ငံတော်၏ မြို့တော် ပြောင်းရွှေ့ရန်စိတ်ကူးကိုပင် စတင်တွေးတောနေခဲ့သည်။
ထိုအခိုက်တွင် လုချန်းက ရွှီလင်လုံ၏ နူးညံ့သော ခန္ဓာကိုယ်ကို လွှတ်လိုက်ပြီး ကုတင်ပေါ်မှ ဖြည်းဖြည်းချင်းထထိုင်လိုက်ကာ
“ကောင်းကောင်းအနားယူပါ။ ကိုယ်ဒီညပြန်လာမယ်။”
ထိုစကားကို ကြားသောအခါ ရွှီလင်လုံ နောက်တစ်ကြိမ် တုန်ယင်သွားပြီး အလျင်အမြန်ပင်
“ မျှမျှတတ ဆက်ဆံပါမင်းကြီး။ ချန်သခင်မလည်း မကြာခင် လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်တော့မယ်လို့ ကျွန်မကြားတယ်။ ဒီကာလအတွင်းမှာ သူ့ဆီကို ပိုပြီး သွားရောက်လည်ပတ်သင့်ပါတယ်။”
လုချန်းက နှာခေါင်းရှုံ့လိုက်ပြီး
“မနေ့ညက မင်းအရုပ်ကိုသုံးပြီး ကိုယ့်ကို မှော်အတတ်နဲ့ ကျိန်စာတိုက်ခဲ့တယ်။ မင်းကို ဒီလောက်လွယ်လွယ်လေးနဲ့ လွှတ်ပေးမယ်လို့ ထင်နေတာလား။”
ထိုစကားကြောင့် ရွှီလင်လုံ၏ ပါးပြင်များ ချက်ချင်းနီရဲသွားပြီး အလျင်အမြန်ပင်
“မင်းကြီး။ ကျွန်မ ဘာမှော်ပညာအကြောင်း မှမသိပါဘူး။ အဲဒီအရုပ်က မင်းကြီး ပေးထားတာပါ။မင်းကြီးက ကျွန်မကို ပေးထားတာဆိုတော့ ကျွန်မ အသုံးပြုဖို့ မဟုတ်ဘူးလား။”
လုချန်းက
“မိစ္ဆာမ။ အဲဒီစကားတွေ ပြောမနေနဲ့။ နောက်ခုနစ်ရက်ဆက်တိုက် ညတိုင်း သေချာရေချိုးပြီး ကုတင်ပေါ်မှာ စောင့်နေ။”
ဒါက…
ရွှီလင်လုံ၏ဗိုက်ထဲတွင် နာကျင်မှုအနည်းငယ် ခံစားလိုက်ရသည်။
ဤလူယုတ်မာ ဧကရာဇ်ဖြစ်လာကတည်းက ပို၍ပင် ပြင်းထန်လာသည်။
မြို့တော်ပြောင်းရွှေ့မည်ဆိုပါက အမြန်ဆုံးပြောင်းရွှေ့သင့်သည်။ သူတို့ ရန်ခရိုင်သို့ အမြန်ပြန်နိုင်ပါက သူမ အသက်ရှုချောင်နိုင်မည်ဖြစ်သည်။
ရန်ခရိုင်ကို ပြန်ရောက်သည်နှင့် ထိုလူ၏ အာရုံက သူမအပေါ်တွင်ရှိတော့မည်မဟုတ်ပေ။
ရွှီလင်လုံက သနားစဖွယ်ဟန်ဆောင်ကာ
“ကျွန်မ နားလည်ပါပြီ။”
လုချန်းက ဟက်ကနဲ ရယ်မောလိုက်ပြီး “သနားစရာ ဟန်ဆောင်လည်း အလကားပဲ။ မင်းကိုယ့်ကလေး မရမချင်း မင်းအခန်းကို မကြာခဏ လာရမှာပဲ။”
လုချန်း၏ စကားကို ကြားသောအခါ ရွှီလင်လုံသည် သူ၏ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားသည်။ ဤယုတ်မာသူသည် သူမကို ကိုယ်ဝန်ဆောင်စေရန် ရည်ရွယ်နေသည်။
လုချန်း နောက်ထပ်ဘာမှမပြောတော့ပဲ ထရပ်လိုက်သည်။ ရွှီလင်လုံလည်း ချက်ချင်းထပြီး သူမ၏မသက်မသာဖြစ်မှုကို သည်းခံကာ လုချန်းကို အဝတ်အစားဝတ်ရန် ကူညီပေးလိုက်သည်။
အဝတ်အစားဝတ်ပြီးနောက် လင်လုံဆောင်မှ လုချန်း တိုက်ရိုက်ထွက်ခွာသွားသည်။ ထွက်သွားသောသူ၏ပုံရိပ်ကို ကြည့်ရင်း သူမ၏စွမ်းအားကို အလျင်အမြန် လှည့်ပတ်လိုက်ကာ
“ငါ့ကို ကိုယ်ဝန်ဆောင်နိုင်အောင် လုပ်မယ်လို့ တွေးနေရင်တော့ အိပ်မက်မက်နေတာပဲ ဖြစ်မယ်” ဟု တိုးတိုးလေးရွတ်လိုက်သည်။
ထိုသို့ရေရွတ်ရင်း သူမ၏ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများကို စွမ်းအားဖြင့် ဖယ်ရှားပစ်လိုက်သည်။
ရွှီလင်လုံသည် သူမကိုယ်သူမ အစေခံမ အဖြစ်ခံယူထားသော်လည်း လုချန်း၏ နှိပ်စက်ခံရခြင်းကိုသာ နှစ်သက်ပြီး ဤမျိုးပွားချင်သည့် နွားထီးအတွက် ကလေးမွေးပေးရန်တော့ စိတ်ကူးမရှိပေ။
နောက်ရက်များတွင် လုချန်းသည် လင်လုံဆောင်သို့ နေ့တိုင်း လာရောက်ခဲ့သည်။ ရွှီလင်လုံလည်း သူမ၏ကိုယ်ခန္ဓာသည် သူမကိုယ်ပိုင် မဟုတ်တော့သကဲ့သို့ ခံစားရလာသည်။
နောက်ပိုင်းတွင် ရွှီလင်လုံသည် ပိုမိုဉာဏ်ကောင်းလာပြီး ညဘက်တွင် ချန်ဝမ်ရွန်နေထိုင်ရာ အိပ်ဆောင်သို့ သွားလိုက်သည်။
ချန်ဝမ်ရွန်၏အကူအညီဖြင့် ရွှီလင်လုံလည်း နောက်ဆုံးတွင် သူမ၏ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်ခဲ့သည်။
........
တစ်လကြာပြီးနောက်…
နေပြည်တော်၏ အရေးကိစ္စ အများစုကို ဖြေရှင်းပြီးစီးခဲ့သည်။
ဆွမ်ဧကရာဇ်ကို ဂူသွင်းခဲ့ပြီးဖြစ်သည်။ ဆွမ်ဧကရာဇ်၏ ခန္ဓာကိုယ် မရှိတော့သော်လည်း အသုဘ အခမ်းအနားအတွက် ခေါင်းတလားတစ်ခု လိုအပ်နေဆဲဖြစ်သည်။
ဆွမ်ဧကရာဇ် နတ်ရွာစံပြီးနောက် လုချန်း တရားဝင် နန်းတက်ခဲ့ပြီး ရှနိုင်ငံတော်သည် ဧကရာဇ်အသစ်၏ ပထမဆုံးသော နန်းတွင်းအစည်းအဝေးကို ကြိုဆိုခဲ့သည်။
........
ချွန်ကျင်ခန်းမ။
ယနေ့တွင် ချွန်ကျင်ခန်းမ အလွန်တိတ်ဆိတ်ငြိမ်သက်နေသည်။ ရှနိုင်ငံတော်၏ အရာရှိများသည် လုချန်းအား ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။
လွန်ခဲ့သည့် တစ်လအတွင်း သူ၏စိတ်သဘောထားကြီးကြောင်း ဧကရာဇ်အသစ်က ပြသခဲ့ပြီး သူတို့နှင့် အပြစ်များအတွက် စာရင်းမရှင်းခဲ့ပေ။ သို့သော်လည်း ဒါက ဆွမ်ဧကရာဇ်ကို ဂူမသွင်း ရသေးသောကြောင့် ဖြစ်နိုင်သည်။
ယခု ဆွမ်ဧကရာဇ်ကို ဂူသွင်းပြီးဖြစ်သည်။ လုချန်းလည်း တရားဝင် နန်းတက်ခဲ့ပြီ။
ထို့ကြောင့် အချို့သော အရာရှိများကို ကိုင်တွယ်ဖြေရှင်းမည်လား ဆိုတာကို မသိရသေးပေ။
ထိုအခိုက်တွင် အမျိုးသမီးတစ်ဦး၏အသံသည် ခန်းမဆောင်ထဲတွင် ပဲ့တင်ထပ်သွားသည်။
“ဧကရာဇ် ရောက်ရှိလာပါပြီ။”
အမျိုးသမီးတစ်ဦး၏ အသံကို ကြားသောအခါ နန်းတွင်းအရာရှိများ အံ့အားသင့်သွားကြသည်။ ယခင်က နန်းတွင်းတွင် အမျိုးသမီးများ တစ်ခါမှ ပေါ်လာခဲ့ခြင်းမရှိပေ။ ယခုမူ လုချန်း နန်းတွင်းကို အုပ်ချုပ်သည့် ပထမဆုံးနေ့တွင် အမျိုးသမီးတစ်ဦး ချွန်ကျင်ခန်းမဆောင်သို့ ဝင်လာခဲ့သဖြင့် အနည်းငယ် မသင့်လျော်သကဲ့သို့ ဖြစ်နေသည်။
မကြာမီ ရွှေဝါရောင်နဂါးဝတ်ရုံကိုဝတ်ဆင်ထားသော လုချန်းသည် ကြီးမားသောခန်းမဆောင်အတွင်းရှိ နဂါးပလ္လင်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
စစ်တူစီသည် ချက်ချင်းပင် အရပ်ဘက်နှင့် စစ်ဘက်အရာရှိအားလုံးကို ဦးဆောင်၍ ဒူးထောက်လိုက်ပြီး
“ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ။”
အေးချမ်းသော လေသံဖြင့် လုချန်းက
“ထကြပါ။”
“ကျေးဇူးတင်ပါတယ် မင်းကြီး။”
ထို့နောက် ပိုင်ချင်းချင်းက
“ကိစ္စရှိသူများ တင်ပြနိုင်ပါတယ်။ ကိစ္စမရှိသူများ နန်းတွင်းမှ ထွက်ခွာနိုင်ပါတယ်”
ဟု ကြေညာလိုက်သည်။
ထိုစကားပြောပြီးသည်နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက မနေနိုင်တော့ပဲ ရှေ့သို့တိုးလာပြီး
“မင်းကြီး။ အစဉ်အလာအရ ဘယ်အမျိုးသမီးမှ နန်းတွင်းခန်းမထဲကို ခြေချခဲ့ခြင်းမရှိခဲ့ပါ...”
ထိုအရာရှိ၏ စကားမဆုံးမီ လုချန်းက ဖြတ်ပြောလိုက်သည်။
“ကျုပ်ဆုံးဖြတ်ပြီးပြီ။ နန်းတွင်း မိန်းမစိုး စနစ်ကို ဖျက်သိမ်းတော့မယ်။”
အခန်း (၇၇၃)
မြို့တော်ရွှေ့ပြောင်းရန် အစီအစဉ် (၃)
ထိုစကားကိုကြားသောအခါ ယဉ်ကျေးမှု ဝန်ကြီးက
“မင်းကြီး။ ဒီလိုလုပ်လို့ မရပါဘူး။ မိန်းမစိုးစနစ်ကို ဖျက်သိမ်းလိုက်ရင် မောင်းမဆောင်ကို ခိုးသူတွေက အန္တရာယ်ပြုရင် ဘယ်လိုလုပ်မလဲ။”
လုချန်းက
“ရှေးဘိုးဘွားတွေ ရှနိုင်ငံတော်ကို တည်ထောင်တုန်းက မိန်းမစိုးတွေမရှိခဲ့ဘူး။ အဲ့တုန်းက ဘာလို့ မောင်းမဆောင်မှာ ဒုက္ခပေးသူတွေ မရှိခဲ့တာလဲ။”
“ရှေးယခင်ကတည်းက မောင်းမဆောင်ကို ဒုက္ခပေးတဲ့သူ အများစုဟု နန်းတွင်းအစောင့်တပ်က လူတွေပါ။ ခင်ဗျားက အဲ့ဒီအစောင့်တပ်သားအားလုံးကို မိန်းမစိုးတွေ ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်နေတာလား”
ဒါက...
လုချန်း၏ စကားကို ကြားလိုက်သောအခါ ဝန်ကြီးများ ခဏမျှ ကြောင်သွားကြသည်။
သို့သော်လည်း မိန်းမစိုးများ မရှိတော့ပါက ဧကရာဇ်အသစ်၏ဘေးတွင် အာဏာရှိသော အဖွဲ့အစည်းတစ်ခု သဘာဝအတိုင်းပင် ကင်းမဲ့သွားမည်ဟု ဝန်ကြီးအချို့ လျင်မြန်စွာ သဘောပေါက်လိုက်သည်။ အရပ်ဘက်အရာရှိများအတွက် ထိုအရာသည် အလွန်ကောင်းမွန်သော ကိစ္စတစ်ခုပင် ဖြစ်သည်။
ထိုအခိုက်တွင် ဘဏ္ဍာရေးဝန်ကြီး လျင်မြန်စွာ ထရပ်လိုက်ပြီး
“မင်းကြီးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်ထောက်ခံပါတယ်။ ယောက်ျားတွေကို မိန်းမစိုးတွေဖြစ်အောင် လုပ်တာဟာ သဘာဝတရားကို ဆန့်ကျင်နေပါတယ်။”
ဘဏ္ဍာရေးဝန်ကြီး စကားပြောပြီးနောက် လင်ကောင်းယွမ်က
“ကျွန်တော်ကလည်း မင်းကြီးရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်။ မိန်းမစိုး တွေလုပ်နိုင်တဲ့အရာကို အမျိုးသမီးတွေလည်း လုပ်နိုင်တာကြောင့် မိန်းမစိုးတွေကို ထပ်ပြီး မွေးထုတ်ဖို့ တကယ်တမ်း မလိုအပ်ပါဘူး။”
သိုင်းပညာ ကမ္ဘာလောကဖြစ်သဖြင့် အမျိုးသမီးအများစုလည်း သိုင်းပညာများ လေ့ကျင့်ထားကြသည်။ သူတို့၏ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များသည် အလွန်အားကောင်းပြီး နန်းတော်ရှိ မိန်းမစိုးများထက်ပင် သိုင်းပညာလေ့ကျင့်ထားသည့် အမျိုးသမီးများက ပိုမိုအစွမ်းထက်နိုင်ပေသည်။
ထို့ပြင် ဤကမ္ဘာ၌ အမျိုးသမီးတစ်ဦး၏ ရာသီစက်ဝန်းကို ထိန်းချုပ်ခြင်းသည်လည်း ခက်ခဲသော အလုပ် မဟုတ်ပေ။ ထို့ကြောင့် နန်းတော်တွင် မိန်းမစိုးများ အသုံးမပြုပဲ အမျိုးသမီးများနှင့် နန်းတွင်းအစောင့်တပ်မှ အမျိုးသားများအား ခန့်အပ်ထားနိုင်သည်။
ထိုအခြေအနေသို့ ရောက်လာသောအခါ လုချန်းက
“ကောင်းပြီ။ ဒီကိစ္စကို ဒီအတိုင်း ဆုံးဖြတ်လိုက်မယ်။ ဒါက သေးငယ်တဲ့ကိစ္စဖြစ်လို့ အချိန်များများဖြုန်းနေစရာ မလိုပါဘူး။”
လုချန်းက ထိုကိစ္စကို သေးငယ်သောကိစ္စဟု ဆိုလိုက်သဖြင့် အရာရှိများ ချက်ချင်းဆိုသလို မတည်မငြိမ်ဖြစ်သွားကြသည်။ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော မိန်းမစိုး စနစ်ကို ဖျက်သိမ်းခြင်းအား လုချန်းက သေးငယ်သောကိစ္စအဖြစ် သတ်မှတ်ခဲ့သည်။ ထိုကိစ္စမျိုးကိုပင် သေးငယ်သော ကိစ္စဟု မှတ်ယူပါက အကြီးစား ကိစ္စဆိုသည်မှာ အဘယ်နည်း။
လုချန်း
“ကျွန်တော် မြို့တော်ကို ရန်ခရိုင် ပြောင်းရွှေ့ဖို့ စီစဉ်ထားတယ်။ ချစ်လှစွာသော ဝန်ကြီးမှူးမတ်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုထင်မြင်ကြပါသလဲ။”
ထိုစကားများက ဗုံးတစ်လုံး ပေါက်ကွဲသကဲ့သို့ ဖြစ်သွားခဲ့ပြီး နန်းတွင်းခန်းမတစ်ခုလုံးကို လှုပ်ရှားသွားစေသည်။
ဧကရာဇ်အသစ်က မြို့တော်ကို ရွှေ့ပြောင်းရန် အမှန်တကယ် စီစဉ်နေတာလား။
ထိုအရာကို မည်သို့ခွင့်ပြုနိုင်မည်နည်း။ ရှေးဘိုးဘွားများ လက်ထက်ကတည်းက သူတို့၏မြို့တော်သည် ဤနေရာ၌ရှိနေခဲ့သည်။ မြို့တော်ကို ဘယ်လိုရွှေ့ပြောင်းနိုင်မှာလဲ။
နန်းတွင်းခန်းမတစ်ခုလုံး တီးတိုးစကားပြောသံများ ထွက်လာပြီး ဈေးကြီးတစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။
ထိုအချိန်တွင် လင်ကောင်းယွမ်က ထပ်မံထရပ်ပြီး
“မင်းကြီးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်ထောက်ခံပါတယ်။”
လင်ကောင်းယွမ်၏ ထောက်ခံချက်ကို ကြားလိုက်ရသောအခါ လူများ အံ့အားသင့်သွားကြသည်။
ဘာလဲ။ လင်ကောင်းယွမ်က ဧကရာဇ်အသစ်၏ မြို့တော်ရွှေ့ပြောင်းမယ့် ဆုံးဖြတ်ချက်ကို တကယ်ပဲ သဘောတူခဲ့တာလား။
လင်မိသားစုသည် မျိုးဆက်ပေါင်းမည်မျှကြာသည်အထိ နေပြည်တော်၌ နေလာခဲ့လဲ ဆိုတာကို ဘယ်သူမှ မသိပေ။ သူက သူ့မိသားစုအခြေအနေကို မစဉ်းစားတော့ဘူးလား။
လင်ကောင်းယွမ် ဘာတွေတွေးနေတာလဲ။
လင်ကောင်းယွမ်သည် ယခင်ဧကရာဇ်၏ ဝန်ကြီးဖြစ်ခဲ့သောကြောင့် လုချန်း လက်စားချေမည်ကို ကြောက်ရွံ့ပြီး ဧကရာဇ်အသစ်၏ မြို့တော်ရွှေ့ပြောင်းရန် တောင်းဆိုချက်ကို ထောက်ခံနေခြင်း ဖြစ်နိုင်သလား။
ထိုအချိန်တွင် ယဉ်ကျေးမှု ဝန်ကြီး ထွက်လာပြီး
“မင်းကြီး။ ရှေ့ဘိုးဘွားတွေလက်ထက်ကတည်းက နေပြည်တော်ဟာ မြို့တော်ဖြစ်ခဲ့တာပါ။ အခုရွှေ့ပြောင်းမယ်ဆိုရင် ဒါဟာ ဘိုးဘွားတွေကို မရိုမသေလုပ်ရာ ရောက်ပါလိမ့်မယ်။”
တော်ဝင်မိသားစုအတွက် နေပြည်တော်သည် သူတို့ဘိုးဘွားများ၏ နယ်မြေဖြစ်သည်။ လုချန်းက နန်းတက်ပြီးနောက် ဘိုးဘွားများ၏ နယ်မြေကို စွန့်လွှတ်ရန် ကြိုးပမ်းခြင်းသည် ဘိုးဘွားများအပေါ် အကြီးအကျယ် မရိုမသေလုပ်ရာ ရောက်သည်။
ယဉ်ကျေးမှု ဝန်ကြီး စကားပြောပြီးသည်နှင့် ခေါင်းမာသော ရှေးရိုးစွဲသမားများစွာ ထရပ်ပြီး ရွှေ့ပြောင်းခြင်းကို ဆန့်ကျင်ကြသည်။
ထိုဆန့်ကျင်မှုကို လုချန်း ကြိုတင်ခန့်မှန်းထားခဲ့ပြီးဖြစ်သည်။ ခန်းမတစ်ခုလုံး ဆူညံသံများ တိတ်ဆိတ်သွားသောအခါ
“ကျွန်တော် မြို့တော်ရွှေ့ပြောင်းမယ်ဆိုတာ နေပြည်တော်ကနေ အားလုံးကို ရန်ခရိုင်ကို ရွှေ့ပြောင်းမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး”
“ရန်ခရိုင်မှာ နောက်ထပ်မြို့တော်တစ်ခုကို တည်ထောင်ပြီး အဲ့ဒီမှာ နန်းတော်တစ်ခု ထပ်ထားဖို့ပဲ စီစဉ်ထားတာပါ။ ရန်ခရိုင်ကို ကျွန်တော်နဲ့ လိုက်ချင်သူတွေက ကျွန်တော်နဲ့ လိုက်ခဲ့ပါ။ မလိုက်ချင်သူတွေက နေပြည်တော်မှာပဲ နေနိုင်ပါတယ်။”
ထိုစကားကို ကြားသောအခါ ဘဏ္ဍာရေးဝန်ကြီးက
“မင်းကြီး။ ဒါက အရာရှိ အရေအတွက် ပိုလျှံသွားတဲ့ အခြေအနေကို ဖြစ်ပေါ်စေနိုင်ပါတယ်။”
အစိုးရအရာရှိနှစ်စုနှင့် ရာထူးနေရာနှစ်ဆဖြစ်သည်။ ထိုသို့ဆိုလျှင် နိုင်ငံ့ဝန်ထမ်းများ၏ လစာဘတ်ဂျက် နှစ်ဆတိုးသွားမည်ဟု ဆိုလိုသည် မဟုတ်ပါလား။
လုချန်းက
“ကျွန်တော့်အတွက်ကတော့ လက်ရှိအရာရှိအရေအတွက်ဟာ နည်းတောင်နည်းနေပါသေးတယ်။ အနာဂတ်မှာ ကျွန်တော့်ရဲ့ နိုင်ငံကို စီမံခန့်ခွဲပေးဖို့အတွက် အရာရှိတွေ ပိုလို့တောင် လိုအပ်ဦးမှာပါ။”
လုချန်း ထိုသို့ပြောဆိုသည်ကို ကြားလိုက်ရသောအခါ နန်းတွင်းရှိ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများလည်း လုချန်း၏ ရည်မှန်းချက်ကြီးမှုများကို ချက်ချင်းပင် သိမြင်လိုက်ကြသည်။ အကယ်၍ လုချန်းသည် နိုင်ငံများကို အမှန်တကယ် စုစည်းရန် ရည်ရွယ်ပါက လက်ရှိအရာရှိအရေအတွက်သည် ပိုမိုကျယ်ပြန့်လာသော နယ်မြေကို အုပ်ချုပ်ရန်အတွက် အမှန်တကယ်ပင် မလုံလောက်တော့ပေ။
နန်းတွင်းအရာရှိများ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ လုချန်းက
“အားလုံးကို တစ်လအချိန်ပေးပြီး စဉ်းစားစေချင်ပါတယ်။ နေပြည်တော်ကို ပညာရှိကြီးတစ်ဦး လွှတ်လိုက်မယ်။ ကျွန်တော်နဲ့ မြောက်ပိုင်းဘက်ကို လိုက်ချင်သူတွေက ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါ။ မလိုက်ချင်သူတွေက နေပြည်တော်မှာပဲနေပြီး ပညာရှိကြီးကို နိုင်ငံတော်ရေးရာတွေမှာ ကူညီနိုင်ပါတယ်။”
လုချန်း၏ စကားကိုကြားသောအခါ အရာရှိများ တစ်ယောက်ကိုတစ်ယောက် စိတ်မသက်မသာဖြင့် ကြည့်လိုက်ကြသည်။ နန်းတွင်း အဖွဲ့နှစ်ခုဟူ၍ ယခင်က တစ်ခါမှ မရှိခဲ့ဖူးပေ။
နန်းတွင်းအဖွဲ့နှစ်ခုဆိုသည်မှာ နိုင်ငံတော်ကို နှစ်ပိုင်းကွဲစေနိုင်သည်။ နေပြည်တော်တွင် ကျန်ရှိနေသော ဝန်ကြီးများသည် မင်းသားတစ်ပါးနှင့် ပေါင်းကာ နိုင်ငံတော်ကို ခွဲထွက်ရန် ကြံစည်နိုင်သည် မဟုတ်ပါလား။
ဧကရာဇ်အသစ်က ရဲရင့်လွန်းလှသည်။
..........
အခန်း (၇၇၄)
ချန်ဝမ်ရွန် ပြန်ချင်ခြင်း
လုချန်းသည် နန်းတွင်းနှစ်ခုတည်ထောင်ခြင်းဖြင့် ကွဲပြားမှုဖြစ်နိုင်ခြေကို သဘာဝအတိုင်းပင် ထည့်သွင်းစဉ်းစားခဲ့သည်။ သို့သော် သူ့အတွက် နန်းတွင်းနှစ်ခု တည်ထောင်ခြင်းသည် ယာယီအပြောင်းအလဲကာလတစ်ခုသာ ဖြစ်သည်။
အကူးအပြောင်းကာလ ပြီးဆုံးသွားသည်နှင့် နေပြည်တော်ရှိ နန်းတွင်းကို တဖြည်းဖြည်းဖျက်သိမ်းသွားမည်သာဖြစ်သည်။ ထို့နောက် သူသည် သူ၏အယုံကြည်ရဆုံးအရာရှိများကို နေပြည်တော်သို့ စေလွှတ်မည်ဖြစ်ပြီး သူ၏အယုံကြည်ရဆုံးသောတပ်ဖွဲ့များကို ထိုနေရာတွင် တပ်စွဲထားမည်ဖြစ်သည်။
ဟုတ်ပါသည်။ အရေးအကြီးဆုံးအချက်မှာ သူ၏ ညီအစ်ကို မောင်နှမများကို ရန်ခရိုင်သို့ခေါ်ဆောင်သွားရန်ဖြစ်သည်။ သူသည် ထိုမင်းသားများကို နေပြည်တော်တွင် ချန်ထားခဲ့မည် မဟုတ်ပေ။
ထိုအချိန်တွင် နေပြည်တော်တွင် ကျန်ရစ်သော အရာရှိများအတွက် အရေးပါသောကိစ္စများ မရှိတော့ပဲ သူတို့သည် အခြေခံအားဖြင့် နေပြည်တော်တွင် အငြိမ်းစားယူပြီး လုမိသားစု၏ ဘိုးဘွားသင်္ချိုင်းများကို စောင့်ရှောက်ရမည်သာဖြစ်သည်။
နန်းတွင်းရှိအမတ်များ ဆက်လက်ဆွေးနွေးခြင်းမရှိတော့သည်ကို မြင်သောအခါ သူ၏အဆိုပြုချက်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း လုချန်း သိလိုက်သည်။ ထို့ကြောင့် သူက
“မြို့တော် ပြောင်းရွှေ့ပြီးတဲ့နောက် အနာဂတ်မှာ နေပြည်တော်ကို ပြန်ပြောင်းရွှေ့နိုင်ခြေရှိပါတယ်။ ဒီကိစ္စတွေ အပြီးသတ်ပြီးရင် နေပြည်တော်အသစ်တစ်ခု တည်ဆောက်ဖို့ ကျွန်တော် စီစဉ်ထားတယ်။”
“အရာရှိမင်းတို့မှာ တခြားအမြင်ရှိရင် အခုပဲ လွတ်လပ်စွာ တင်ပြနိုင်ပါတယ်။”
ထိုအခိုက်တွင် စစ်တူစီ ရှေ့သို့တိုးလာပြီး
“မင်းကြီး။ ကျွန်တော် ကြားရတာက မြောက်ပိုင်းပြည်နယ်မှာ မီးရထား’ လို့ခေါ်တဲ့ အရာတစ်ခုရှိပြီး တစ်ရက်အတွင်း မိုင်တစ်ထောင်ခရီးနှင်နိုင်ရုံသာမက ရပ်နားပြီး အနားယူရန်လည်း မလိုအပ်ပါဘူး။ ဒါအမှန်ပါပဲလား။”
လုချန်းက
“ဟုတ်ပါတယ်။ အမှန်တကယ်ရှိပါတယ်။ အားလုံး အန်းပင်မြို့သို့ ရောက်တာနဲ့ မြောက်ဘက်ကို မီးရထားနဲ့ သွားနိုင်ပါလိမ့်မယ်။ အန်းပင်မြို့ကနေ ရန်ခရိုင်ကို တစ်ရက်၊ နှစ်ရက်ပဲ ကြာပါလိမ့်မယ်။”
စစ်တူစီက
“ကျွန်တော် အကြံပြုလိုတာက ပြောင်းရွှေ့ပြီးနောက် ရန်ခရိုင်ကနေ နေပြည်တော်အထိ မီးရထားလမ်းဖောက်လုပ်သင့်ပါတယ်။ ဒါဆို အနာဂတ်မှာ နေပြည်တော်က ပြည်သူတွေ မြောက်ဘက်ကို ခရီးသွားချင်ရင်ပဲဖြစ်ဖြစ်၊ ရန်ခရိုင်ကလူတွေ တောင်ဘက်ကို ခရီးသွားချင်ရင်ပဲဖြစ်ဖြစ် ပိုပြီးအဆင်ပြေသွားပါလိမ့်မယ်။”
လုချန်းက
“ကျွန်တော် ချီပြည်နယ်မှာတုန်းက မီးရထားလမ်းဖောက်လုပ်ဖို့ အမိန့်ပေးခဲ့ပြီးပြီ။ တစ်နှစ်အတွင်းမှာ မီးရထားဟာ နေပြည်တော်ကို ရောက်လာနိုင်ပါလိမ့်မယ်။”
စစ်တူစီက
“မင်းကြီးဟာ ပညာရှိပါပေတယ်။”
မီးရထားကို သယ်ယူပို့ဆောင်ရေးနည်းလမ်းအဖြစ် အသုံးပြုခြင်းဖြင့် ရန်ခရိုင်မှ နေပြည်တော်သို့ ခရီးသွားချိန်သည် အနာဂတ်တွင် အများကြီးလျော့နည်းသွားမည်ဖြစ်သည်။ ဤနည်းဖြင့် နေပြည်တော်ကို ရန်ခရိုင်သို့ ပြောင်းရွှေ့လိုက်သော်လည်း လုချန်းသည် နေပြည်တော်ရှိ အာဏာကို ခိုင်ခိုင်မာမာ ဆက်လက်ထိန်းချုပ်ထားနိုင်ပေလိမ့်မည်။
အခြားမည်သူမှ စကားမပြောသည်ကို မြင်သောအခါ လုချန်းက
“တခြားအမြင်မရှိရင် နေပြည်တော်ပြောင်းရွှေ့တဲ့ကိစ္စကို အပြီးသတ်ကြစို့။ ဒီနေ့ နန်းတွင်းအစည်းအဝေးပြီးရင် အားလုံးက ကိုယ်ပိုင်မှတ်တမ်းတစ်ခုစီ ရေးရမယ်။ ပြောင်းရွှေ့တာနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့အတွေးအမြင်တွေနဲ့ ကျွန်တော်နဲ့အတူ မြောက်ဘက်ကို လိုက်ဖို့ ဆန္ဒရှိမရှိ ဆိုတာတွေကို မှတ်တမ်းထဲမှာ ဖော်ပြရမယ်”
“ဒီနေရာမှာ အားလုံးကို ကျွန်တော်အာမခံနိုင်တာကတော့ ကျွန်တော်နဲ့အတူ မြောက်ဘက်ကိုလိုက်မလိုက်ဆိုတာဟာ ခင်ဗျားတို့ရဲ့ကိုယ်ပိုင်ဆန္ဒအပေါ်မှာပဲ လုံးဝမူတည်တယ်။ အဲ့ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ ကျွန်တော် ဒုက္ခမပေးဘူး။ မြောက်ဘက်ကို မလိုက်ဘဲ နေပြည်တော်မှာပဲ နေမယ်ဆိုရင်တောင် အလုပ်ကိစ္စအချို့ကို ကျွန်တော် စီစဉ်ပေးပါဦးမယ်။”
လုချန်း၏ အာမခံချက်ကို ကြားသောအခါ အရာရှိများက
“မင်းကြီးဟာ ဉာဏ်ပညာရှိတော်မူပါတယ်”
ဟု တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
လုချန်းသည် ရှေးရိုးစွဲ အဖွဲ့ကို နေပြည်တော်တွင် ထားခဲ့ရန် ရည်ရွယ်ခဲ့သည်။ ဤရှေးရိုးစွဲများကို သတ်ပစ်ရန် မလွယ်ကူပေ။ ဧကရာဇ်တစ်ဦး အနေနှင့် လူများကို အလွယ်တကူ လျှောက်သတ်ဖြတ်ပါက အခြားသူများက အနာဂတ်တွင် သူ့ကို ယုံကြည်တော့မည်မဟုတ်ပေ။ လုချန်းတွင် အာဏာအပြည့်အဝရှိသော်လည်း သူ မဆင်မခြင် မလုပ်ဆောင်ပေ။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်တစ်ဦးသည် ကရုဏာနှင့် အာဏာကို မျှမျှတတ ထိန်းညှိရန် လိုအပ်သောကြောင့်ဖြစ်သည်။
ထို့ပြင် လုချန်းသည် ကြီးမားသောအရာများ ပြီးမြောက်အောင် လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားသူဖြစ်သည်။ အကယ်၍ ရှေးရိုးစွဲအုပ်စုကို မြောက်ပိုင်းသို့ ခေါ်ဆောင်သွားပါက နောင်တွင် မူဝါဒအချို့ကို အကောင်အထည်ဖော်ရန် ခက်ခဲမည်ဖြစ်သည်။
သူ၏ အစိုးရအဖွဲ့သည် စိတ်အားထက်သန်သော အရာရှိများဖြင့် ဖွဲ့စည်းထားရမည်။ ဤပြောင်းရွှေ့မှုတွင် ကျန်ရစ်မည့်သူများသည် အများအားဖြင့် ရှေးရိုးစွဲ အရာရှိများဖြစ်မည်ဖြစ်ပြီး ဤလိမ်လည်တတ်သော မြေခွေးအိုများကို ဂူဗိမာန်များ စောင့်ရှောက်ရန် ထားရှိခြင်းက အကောင်းဆုံးဖြစ်သည်။
ထိုအချိန်တွင် လုချန်းက
“ကျွန်တော်ပြောချင်နဲ့ ကိစ္စတွေကို ပြောပြီးပြီ။ ကျွန်တော့် အရာရှိတွေ တခြားဆွေးနွေးစရာရှိသေးလား။”
လုချန်း၏စကားဆုံးသည်နှင့် ဝန်ကြီးတစ်ဦးက ထရပ်ပြီး
“မင်းကြီး။ မင်းသားအများစုက အရွယ်ရောက်နေကြပါပြီ။ သူတို့အတွက် နယ်စားနယ်မြေတွေ ပေးဖို့အချိန်တန်ပါပြီ။”
ထိုစကားကို ကြားသောအခါ အရာရှိများများ၏စိတ်ထဲ တင်းကျပ်သွားကြသည်။
နယ်စားနယ်မြေများကို ဆက်မပေးတော့မည်ကို သူတို့အားလုံး သိသော်လည်း လုချန်း၏ ရည်ရွယ်ချက်များကို စမ်းသပ်လိုကြသည်။
လုချန်းသည် ခန်းမဆောင်ထဲတွင် ရပ်နေသော မင်းသားအချို့ကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ သူတို့သည် သူ၏ထိန်းချုပ်မှုမှ လွတ်မြောက်ပြီး လွတ်လပ်မှုကို ခံစားဖို့ အခုထိ မျှော်လင့်ချက်များ ရှိနေသေးကြောင်း သူသိသည်။
သို့သော် လုချန်းက သူတို့ကို ထိုအခွင့်အရေးပေးမည်မဟုတ်ပေ။
လုချန်းက
“ခင်ဗျားက ကျွန်တော့်ကိုတစ်ခုသတိပေးလိုက်တာပဲ။ နောက်ထပ်ကိစ္စတစ်ခု ကြေညာစရာ ကျန်နေသေးတာကို ကျွန်တော်မေ့နေတယ် “
“အခုကစပြီး ရှနိုင်ငံတော်က နယ်စားနယ်မြေစနစ်ကို ဖျက်သိမ်းပြီး ခရိုင်စနစ်ကို အပြည့်အဝ ကျင့်သုံးမယ်။ အခုကစပြီး ဘွဲ့နာမတွေကို ရွှေငွေနဲ့ အခွင့်ထူးတွေ အတွက်ပဲ ထားတော့မယ်။”
ထိုကြေညာချက် ထုတ်ပြန်လိုက်သည်နှင့် ခန်းမဆောင်ကြီး တစ်ခုလုံး ချက်ချင်းတိတ်ဆိတ်သွားပြီး အရာရှိများ ဘေးတွင် ရပ်နေသော မင်းသားအချို့
လက်သီးများ ချက်ချင်းဆုပ်လိုက်မိကြသည်။ လုချန်း၏ ရည်ရွယ်ချက်ကို သူတို့လုံးဝ နားလည်သွားကြသည်။
ထိုအခိုက်တွင် ရှေးရိုးစွဲတစ်ဦး ထရပ်လိုက်ပြီး
“ ဒါ မလုပ်သင့်ပါဘူး မင်းကြီး။ နယ်စားနယ်မြေပေးတဲ့စနစ်က ရှေးဟောင်းရိုးရာဓလေ့တစ်ခုပါ။ ဘယ်လိုလုပ် ဖျက်သိမ်းနိုင်မှာလဲ။”
လုချန်းက ချက်ချင်းပြန်ဖြေလိုက်သည်။
“ကျွန်တော့်မှာ ကလေးဆယ်ယောက်ရှိပြီးပြီ။ ဒါပေမဲ့ ကျွန်တော်က အသက်နှစ်ဆယ်ကျော်ပဲ ရှိသေးတယ်။ ပေါ့ပေါ့တွက်ရင်တောင် အနည်းဆုံး အနှစ်တစ်ထောင်အသက်ရှင်နိုင်သေးတယ်။ အဲဒီအတိုင်း တွက်ချက်ကြည့်ရင် ကျွန်တော်သေတဲ့အခါ ကျွန်တော့်မှာ သားသမီးတစ်ထောင် ဒါမှမဟုတ် ရှစ်ရာလောက်ရှိနိုင်တယ်။”
“ကျွန်တော့်ရဲ့ကလေးတွေကလည်း ကလေးရမယ်။ သူတို့ရဲ့ကလေးတွေလည်း ကလေးရမယ်ဆိုရင် လူတိုင်းကို နယ်စားတွေဖြစ်စေရမယ်လို့ ဆိုလိုတာလား။”
“လူတိုင်းကို နယ်စားပေးလုပ်လိုက်ရင် အနှစ်တစ်ထောင်တောင် မကြာသေးခင်မှာ ရှနိုင်ငံတော်မှာ နယ်စားမင်းသားအယောက်တစ်သောင်းဒါမှမဟုတ် တစ်သိန်းလောက် ရှိလာလိမ့်မယ်။ အဲဒီလူအားလုံးကို နေရာပေးဖို့ဆိုတာက အဓိက နိုင်ငံကြီးတွေရဲ့မြေတွေကိုပါ ပေါင်းထည့်လိုက်ရင်တောင် မလုံလောက်နိုင်ဘူး။”
ဒါက...
လုချန်း၏စကားကို ကြားသောအခါ နန်းတွင်း အရာရှိများ စကားမပြောနိုင်တော့ပေ။ ဧကရာဇ်အသစ်က ဤမျှကလေးများများ တကယ်ရနိုင်မှာလားဟု သူတို့တွေးမိသည်။
သူ့ရဲ့စွမ်းအားက အဆင့်လွန် ပညာရှင်အဆင့်ထက် ပိုနေပြီမဟုတ်လား။ ယေဘုယျအားဖြင့် လူတစ်ဦး၏သိုင်းပညာအဆင့် မြင့်မားလေလေ ကလေးရရှိဖို့ ပိုခက်ခဲလေဖြစ်သည်။
ထို့ပြင် သိုင်းပညာလေ့ကျင့်လေလေ ကာမဆန္ဒများကို ပိုပြီးထိန်းချုပ်ရလေလေဖြစ်သည်။ သို့သော် ဧကရာဇ်အသစ်က ကလေးဆယ်ယောက် ဘယ်လိုရထားတာလဲ။
လုချန်းက ဆက်ပြောလိုက်သည်။
“ရှေးဘိုးဘေးတွေက နယ်စားနယ်မြေစနစ်ကို အလျဉ်းသင့်သလို အကောင်အထည်ဖော်ခဲ့တာပါ။ သူတို့က ရှနိုင်ငံတော်ရဲ့နယ်မြေအားလုံးကို ထိန်းချုပ်နိုင်ခြင်းမရှိလို့ မင်းသားတွေကို အုပ်ချုပ်ဖို့တာဝန်ပေးခဲ့ရတာပါ။”
“ဒါပေမဲ့ အခုခေတ်က ပြောင်းလဲသွားပြီ။ အခု ရှနိုင်ငံတော်မှာ နယ်စားတွေ မလိုအပ်တော့ဘူး။ ကျွန်တော် နယ်မြေအားလုံးကို ကောင်းကောင်းစီမံခန့်ခွဲနိုင်တယ်။ တစ်နေ့မှာ ရှနိုင်ငံတော်က ကျွန်တော်တောင် စီမံခန့်ခွဲနိုင်ခြင်း မရှိလောက်အောင် ကျယ်ပြန့်လာရင်တော့ နယ်စားနယ်မြေပေးတဲ့ကိစ္စကို ထည့်သွင်းစဉ်းစားပါ့မယ်။”
လုချန်း၏ စကားသည် အလွန်အရေးပါသည်။ သူသည် အခြေခံအားဖြင့် အခြားနိုင်ငံများကို သိမ်းပိုက်ပြီး ရှနိုင်ငံတော်၏ နယ်မြေကို တိုးချဲ့ရန် ရည်ရွယ်ထားကြောင်း နန်းတွင်းတစ်ခုလုံးကို ပြောနေခြင်းဖြစ်သည်။
လုချန်းက ထိုမျှလောက်ပြောပြီးဖြစ်၍ မည်သူတစ်ဦးတစ်ယောက်မှ ဆက်မပြောဝံ့တော့ပေ။ နယ်စားနယ်မြေစနစ် ဖျက်သိမ်းခြင်း မလွဲမသွေဖြစ်လာမည်ကို သူတို့နားလည်သွားကြသည်။ ယခုမှစ၍ မင်းသားများ၏ ဘဝများသည် ပို၍ခက်ခဲလာမည် ဖြစ်သည်။
ထိုအချိန်တွင် လုချန်းက ခန်းမဆောင်ရှိလူများကို ကြည့်လိုက်ပြီး
“ဒီကိစ္စကို အပြီးသတ်ကြစို့။ ကျွန်တော့်ရဲ့ အရာရှိမင်းတွေမှာ တခြားကိစ္စတွေ ရှိပါသေးလား။”
ထို့နောက် အရာရှိတစ်ဦးက မင်းသား လုရိ၏ကိစ္စများကို ဆွေးနွေးရန် ထရပ်လိုက်သည်။ မင်းသား လုရိ၏ကိစ္စများ ဆွေးနွေးပြီးနောက် အခြားကိစ္စများစွာကို ဆက်ဆွေးနွေးကြသည်။
အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ လုချန်း၏ ပထမဆုံးနန်းတွင်းအစည်းအဝေးဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ကိစ္စများစွာ စုပုံနေသည်က သဘာဝပင်။ သို့သော် ကိစ္စအများစုမှာ သူ၏ဆုံးဖြတ်ချက် မလိုအပ်သော်လည်း ဝန်ကြီးများက တင်ပြရန် ဇွတ်အတင်းလုပ်နေကြသည်။
နေပြည်တော်ကို ရန်ခရိုင်သို့ အမြန်ပြောင်းရွှေ့ပြီး ဤကိစ္စရပ်အားလုံးကို ကျူးကဲ့ကျုံကောင်းထံ အပ်နှံရန်သာ လုချန်းစဉ်းစားနေမိသည်။
လုချန်း၏ ပထမဆုံးနန်းတွင်းအစည်းအဝေးသည် တစ်နေကုန်ကြာမြင့်ခဲ့ပြီး အရာရှိများလည်း ချွန်ကျင်ခန်းမဆောင်တွင်ပင် နေ့လယ်စာစားခဲ့ရသည်။
ဧကရာဇ်တစ်ဦး ဖြစ်ရခြင်း၏ ကြီးမားသောဝန်ထုပ်ဝန်ပိုးကို လုချန်း စတင်ခံစားလိုက်ရသည်။ အကြွင်းမဲ့ အာဏာကို ပိုင်ဆိုင်ထားပြီး သူလိုချင်သမျှကို ရရှိနိုင်သော်လည်း လုပ်ဆောင်ရမည့်ကိစ္စများက အမှန်တကယ်ပင် မရေမတွက်နိုင်အောင် များပြားလှသည်။
တာဝန်များအားလုံးကို လစ်လျူရှုပြီး ညံ့ဖျင်းသော ဧကရာဇ်တစ်ဦး ဖြစ်လိုစိတ်များ လုချန်းထံ ပေါ်လာခဲ့သည်။
ဧကရာဇ်ဖြစ်ရခြင်းက အလွန်ပင် ပင်ပန်းသည်။
ညနေပိုင်းတွင် နန်းတွင်းအစည်းအဝေး ပြီးဆုံးသောအခါ လုချန်း အလွန်ပင် ပင်ပန်းနွမ်းနယ်နေသည်။ သူ၏အိပ်ဆောင်သို့ ပြန်ရန် ရည်ရွယ်နေစဉ် နန်းတွင်းအစေခံမိန်းကလေးတစ်ဦးက သူ့ဆီသို့ ချဉ်းကပ်လာပြီး
“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။”
ဤအစေခံမိန်းကလေးသည် နှင်းမုန်တိုင်းနန်းဆောင်မှဖြစ်ကြောင်း လုချန်း ချက်ချင်းသိလိုက်ပြီး
“ဘာကိစ္စလဲ”
ဟု အလျင်အမြန်မေးလိုက်သည်။
အစေခံမိန်းကလေးက
“ချန်သခင်မက လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်တော့မယ်လို့ ပြောခိုင်းလိုက်ပါတယ်။”
ဤစကားကို ကြားသောအခါ လုချန်း
သည် ခဏမျှ တုံ့ဆိုင်းသွားပြီး
“ငါ သိပြီ။”
ထို့နောက် လုချန်း ချန်ဝမ်ရွန်ကို သွားရောက်တွေ့ဆုံလိုက်သည်။
.............