← Chapters

အခန်း ၇၇၅-၇၇၇

Vol. 52 Ch. 775-777

အခန်း ၇၇၅-၇၇၇

Vol. 52 Ch. 775-777

အခန်း (၇၇၅)

နောက်နှစ်မှာ တောင်ပေါ်ကဆင်းပြီး လာရှာမယ်

ချန်ဝမ်ရွန်သည် မူလက လုချန်း၏ နန်းတက်ပွဲအခမ်းအနားတွင် လျှို့ဝှက်လဝန်းနန်းတော်ကို ကိုယ်စားပြုရန်အတွက် နေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု လုချန်း နန်းတက်ပြီးပြီ ဖြစ်သောကြောင့် သူမ လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်ရန်အချိန်ကျရောက်ပြီဖြစ်သည်။ ထိုနေရာတွင် သူမကို စောင့်မျှော်နေသော အလုပ်များစွာ ရှိနေသည်။

ချန်ဝမ်ရွန်အတွက် လုချန်းနှင့် ခွဲခွာရန် ခက်ခဲနေသည်က သဘာဝပင်ဖြစ်သည်။ သူ့နှင့် အချိန်အတော်ကြာ အတူရှိနေခဲ့သောကြောင့် သူ မည်သို့သောလူစားမျိုးဖြစ်သည်ကို သူမ ရှင်းရှင်းလင်းလင်းနားလည်သည်။

လုချန်းသည် အလှအပကို နှစ်သက်သော်လည်း သူ၏နောက်ကွယ်တွင် တိကျသော ရည်ရွယ်ချက်တစ်ခုရှိသည်။ ယင်းမှာ သူ၏ဇနီးများ ကလေးရရှိရန်ဖြစ်သည်။

သို့သော် သူသည် သူ၏ဇနီးများကို မျိုးပွားခြင်းအတွက် အသုံးပြုသော ကိရိယာများအဖြစ်သာ သဘောထားသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

လုချန်းသည် သူ၏အမျိုးသမီးများအပေါ် အလွန်ကောင်းမွန်ပြီး နတ်ဆိုးဂိုဏ်းမှ မိစ္ဆာမ ရွှီလင်လုံအပေါ်တွင်ပင် ဂရုစိုက်သည်။ အိပ်ရာပေါ်တွင် ရွှီလင်လုံအပေါ် ကြမ်းတမ်းသော်လည်း ကိစ္စပြီးဆုံးသည်နှင့် သူမအပေါ် ဂရုစိုက်တတ်သည်။

သူမ၏ စိတ်ခံစားမှုများကို လွှမ်းမိုးစေသည့် အရာတစ်ခုခုရှိမည်ဟု ယခင်က ချန်ဝမ်ရွန် ထင်မြင်ခဲ့သော်လည်း ယခုအခါတွင် သူမသည် ဤလူဆိုးကို အမှန်တကယ် ချစ်မြတ်နိုးလာကြောင်း ယုံကြည်လာသည်။

လုချန်း၏ အမျိုးသမီးများအပေါ် စွဲလမ်းမှုနှင့်ပတ်သက်၍ ချန်ဝမ်ရွန် လုံးဝ လျစ်လျူရှုနိုင်ခဲ့ပြီး သူမအနေနှင့် လုချန်းကို တစ်ဦးတည်းပိုင်ဆိုင်နိုင်မည် မဟုတ်ကြောင်း နားလည်ထားပြီးသောကြောင့် ထိုအချက်က သူမအတွက်ချို့ယွင်းချက်တစ်ခုမဟုတ်တော့ပေ။

ယခု သူမ၏လက်စားချေခြင်း အောင်မြင်သွားပြီး သူမ၏ နိုင်ငံပြန်လည်ထူထောင်ရန်စိတ်ကူးကတော့ မျှော်လင့်ချက်မဲ့နေသော အိပ်မက်တစ်ခုဖြစ်လာခဲ့သည်။ ယခု သူမ၏တစ်ခုတည်းသော မှီခိုအားထားရာမှာ ဤလူ‌ဆိုး လုချန်းသာဖြစ်သည်။

လုချန်းနှင့် မကြာမီ ခွဲခွာရတော့မည်ဖြစ်ပြီးအချိန်အတော်ကြာအောင် မတွေ့ရတော့မည်ကို တွေးလိုက်သောအခါ ချန်ဝမ်ရွန် သက်ပြင်းချလိုက်မိသည်။

ချန်ဝမ်ရွန် သက်ပြင်းချလိုက်သည်နှင့် တံခါးပွင့်လာပြီး လုချန်း တံခါးပေါက်တွင် ပေါ်လာကာ ပြုံးလျက်

“ချစ်သူလေးက ကိုယ်နဲ့ခွဲရမှာကို မလိုလားလို့ သက်ပြင်းချနေတာလား။”

ထိုသို့ပြောရင်း လုချန်း ချန်ဝမ်ရွန်ကို အကဲခတ်လိုက်သည်။

ချန်ဝမ်ရွန်သည် အပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ လှပသော ခန္ဓာကိုယ်ကို ပေါ်လွင်စေနေသည်။ သူမ၏ဆံပင်ကို မြင့်မြင့်စည်းထားပြီး ဖြူနု‌သောလည်ပင်းကို ဖော်ပြနေကာ မြင့်မြတ်သောအသွင်အပြင်ကို ပေါ်လွင်စေသည်။ ချန်ဝမ်ရွန်သည် ယခုအခါ နိုင်ငံတစ်ခု၏ မင်းသမီးတစ်ပါးနှင့် ပိုတူနေသည်။

လုချန်းရောက်လာသည်ကို မြင်သောအခါ ချန်ဝမ်ရွန်က

“မင်းကြီးက အခု ဧကရာဇ်ဖြစ်နေပြီ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အဲ့ဒီနာမ်စားနဲ့ ရည်ညွှန်းနေသေးတာလဲ”

ဟု ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

ဤခေတ်၏ တင်းကျပ်သောလူမှုအဆင့်အတန်းများတွင် ဘွဲ့နာမများသည် အလွန်အရေးကြီးပြီး လူတစ်ဦး၏ အဆင့်အတန်းကို ဖော်ပြပေးသည်။

အလင်းအရိပ်နည်းလမ်းကိုသုံး၍ ချန်ဝမ်ရွန်၏ဘေးသို့ လုချန်းချက်ချင်း ရောက်ရှိလာပြီး သူမ၏နူးညံ့သောကိုယ်ခန္ဓာကို တုံ့ဆိုင်းခြင်းမရှိပဲ ဖက်လိုက်ကာ သူမ၏နားနားကပ်၍

“ကိုယ်ပြောခဲ့ပြီးပြီ။ အပြင်မှာ ကိုယ်ဟာ အချုပ်အခြာအာဏာပိုင်ဖြစ်ပေမဲ့ ကိုယ့်မိဖုရားဆောင်မှာတော့ ကိုယ်ဟာ မင်းရဲ့ချစ်သူသက်သက်ပါပဲ။”

“ကိုယ်သာ ကိုယ့်ချစ်သူနဲ့ ဒီလောက်အလှမ်းဝေးနေရရင် ကိုယ်ဟာ အထီးကျန်ဆန်တဲ့လူတစ်ယောက် ဖြစ်သွားလိမ့်မယ်။”

လုချန်း၏ စကားကို ကြားသောအခါ ချန်ဝမ်ရွန်၏နှုတ်ခမ်းထောင့်များ အလိုလို ကွေးညွှတ်သွားသည်။ သူမ ဤလူကို နှစ်သက်ရသည့်အကြောင်းရင်းတစ်ခုတွင် ထိုအချက်လည်း ပါဝင်သည်။ သူသည် အမြင့်ဆုံးအာဏာကို ပိုင်ဆိုင်ထားသော်လည်း သူ၏အမျိုးသမီးများအပေါ်တွင် ရိုးသားမှုရှိနေဆဲဖြစ်သည်။

အာဏာရရှိပြီးနောက် စိတ်ဓာတ်များ လုံးဝပြောင်းလဲသွားပြီး အရင်က သိကျွမ်းခဲ့သူများအတွက် လုံးဝမတူ‌တော့သော လူများအဖြစ် ပြောင်းလဲသွားသူများစွာ ရှိသည်။

အနာဂတ်တွင် လုချန်း ပြောင်းလဲသွားမည်လားကို ချန်ဝမ်ရွန် မသိသော်လည်း အနည်းဆုံးတော့ ယခုအချိန်အထိ သူ မပြောင်းလဲသေးပေ။

ထိုအချိန်တွင် လုချန်း၏လက်က သူမ၏တင်ပါးပေါ်၌ စတင်ဆော့ကစားနေသည်ကို ချန်ဝမ်ရွန် ခံစားမိလိုက်သည်။

သူ့ကို စတင်တွေ့ဆုံခဲ့သည့်နေ့မှ ယခုအချိန်အထိ ဤလူက အနည်းငယ်မှပင် မပြောင်းလဲခဲ့ချေ။

ထို့နောက် လုချန်းက

“ရွန်ရွန် တကယ်ပြန်ဖို့ စီစဉ်ထားတာလား။”

ချန်ဝမ်ရွန်က

“လျှို့ဝှက်လဝန်းနန်းတော်မှာ ကျွန်မပြန်လာတဲ့အခါ ကိုင်တွယ်ဖို့ ကိစ္စတွေ အများကြီးရှိတယ်လို့ ဆရာမက စာပို့လိုက်တယ်။”

ထိုအချိန်တွင် လုချန်း၏အခြားလက်တစ်ဖက်သည် ချန်ဝမ်ရွန်၏ခါးပတ်ကို ဖြုတ်နေပြီး

“သူပြန်သွားပြီ မဟုတ်ဘူးလား။ ဘာလို့ မင်းပဲ ကိုင်တွယ်ရမှာလဲ။”

“ဒီတစ်ခါ မင်းပြန်သွားရင် တောင်ပေါ်က ဘယ်တော့မှ ဆင်းလာနိုင်မယ်ဆိုတာ ဘယ်သူသိမှာလဲ။”

ချန်ဝမ်ရွန်က ချက်ချင်းပင်

“နောင်နှစ်ပေါ့။”

ထိုစကားကို ကြားသောအခါ လုချန်းက ချန်ဝမ်ရွန်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူမ၏မျက်တောင်များသည် ကွေးညွှတ်နေပြီး မျက်လုံးများသည် ကြည်လင်သော်လည်း အလွန်နူးညံ့နေသည်။

ချန်ဝမ်ရွန်က

“လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အတွင်းရေးကိစ္စတွေကို ဖြေရှင်းပြီးရင် နောင်နှစ်မှာ ရှင့်ကိုရှာဖို့ တောင်ပေါ်က ဆင်းလာပါမယ်။”

ချန်ဝမ်ရွန်၏စကားကို ကြားသောအခါ လုချန်းက ပြုံးလိုက်ပြီး

“မင်းနှုတ်ဖျားကနေ ဒီလို အား‌တက်‌စေတဲ့ စကားမျိုး ကြားရခဲလိုက်တာ။ ကိုယ့်ချစ်သူက နောက်ဆုံးတော့ အမှန်တရားကို မြင်သွားပြီကိုး။”

လုချန်း စကားဆုံးသည်နှင့် ချန်ဝမ်ရွန်၏အမူအရာ ချက်ချင်းပင် အေးစက်သွားပြန်သည်။ ထို့နောက် သူမက

“ကျွန်မ ရှင့်ကိုလာရှာတာ ကျင့်စဉ်အတွက်သက်သက်ပါ။ အပိုတွေ မတွေးနဲ့။”

ထိုအခိုက်တွင် လုချန်းသည် ချန်ဝမ်ရွန်ကို ကုတင်ပေါ်သို့ လှဲချလိုက်ပြီး သူမ၏လှပသောဆံပင်များ ကုတင်ပေါ်တွင် ချက်ချင်းပျံ့နှံ့သွားသည်။ သူမ၏ခါးပတ်လည်း ပြုတ်သွားပြီး အတွင်းခံအဖြူရောင် အင်္ကျီ ပေါ်ထွက်လာသည်။

သူမကို အပေါ်မှငုံ့ကြည့်ရင်း လုချန်းက

“ချစ်သူ။ ကိုယ်တို့ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ရင်းနှီးခဲ့ပြီးပြီ။ ဒါတောင် မင်းက ရှက်ကိုးရှက်ကန်း ဖြစ်နေတုန်းပဲလား။”

ချန်ဝမ်ရွန်သည် ကုတင်ပေါ်တွင် လှဲနေပြီး လုချန်း၏မျက်လုံးများကို စိုက်ကြည့်နေသည်။ သူမက သူ၏အကြည့်ကို ရှောင်လွှဲခြင်းမရှိသလို မျက်နှာအမူအရာ ပြောင်းလဲမှုလည်း မရှိပေ။

လုချန်းက ဆက်လက်လုပ်ဆောင်နေစဉ် ချန်ဝမ်ရွန်သည် ထံမှ ‘အင်း’ ဟု အသံထွက်လာသည်။ ဤအသံကို ကြားသောအခါ လုချန်း၏နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးညွှတ်သွားသည်။

ထို့နောက် လုချန်းက သူမ၏နားနားကပ်၍

“နတ်သမီးလေး။ ဒီည ကိုယ်တို့ကလေးရဖို့အတွက် နည်းနည်းပိုပြီး ကြိုးစားကြည့်ရအောင်လား။ အဲဒီလိုဆိုရင် မင်းရဲ့ဆရာမကြီးက ကိုယ့်ဘေးမှာ အချိန်ပိုကြာကြာ နေခွင့်ပြုလိမ့်မယ်။”

လုချန်း၏ နက်ရှိုင်းသောအသံကို ကြားသောအခါ ချန်ဝမ်ရွန်၏အေးစက်သောပါးပြင်များ နီရဲသွားသော်လည်း သူမက တည်ငြိမ်သောအသံဖြင့်

“သိုင်းပညာရှင်တစ်ယောက်အတွက် ကိုယ်ဝန်ရဖို့က မလွယ်ပါဘူး။”

လုချန်းက ခေါင်းကို အနည်းငယ် မော့လိုက်ပြီး ချန်ဝမ်ရွန်ကို နောက်တစ်ကြိမ် ငေးမောကြည့်လိုက်သည်။ ထိုအခိုက်တွင် လုချန်း၏ စိတ်နှလုံး မငြိမ်မသက်ဖြစ်လာသည်။

လုချန်းက ဆက်လက်လုပ်ဆောင်ရန် ရည်ရွယ်နေစဉ် ချန်ဝမ်ရွန်က ရုတ်တရက်

“အာဏာရလာပြီး ဧကရာဇ်က ပြောင်းလဲသွားမှာလား။”

ထိုမေးခွန်းကြောင့် လုချန်း အံ့အားသင့်သွားသည်။ ချန်ဝမ်ရွန် ထိုသို့မေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

စိတ်ကိုတည်ငြိမ်အောင် ပြုလုပ်ပြီးနောက် လုချန်းက

“ပြောရခက်ပါတယ်။ အနာဂတ်ကို ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။”

လုချန်း၏အဖြေကို ကြားသောအခါ ချန်ဝမ်ရွန်၏မျက်နှာအမူအယာ ပြောင်းလဲမှုမရှိသော်လည်း သူမ၏ စိတ်ထဲတွင်တော့ ဝမ်းနည်းမှု အနည်းငယ်ရှိနေသည်။

လူတို့သည် ပြောင်းလဲတတ်သည်ကို သူမ သိသည်။ သူမ ငယ်စဉ်က တက်ကြွပြီး ရွှင်လန်းသောမိန်းကလေးတစ်ဦးဖြစ်ခဲ့ပြီး သူမ၏ နိုင်ငံပျက်စီးသွားပြီးနောက်ပိုင်း တိတ်ဆိတ်ပြီး ပို၍အေးစက်လာခဲ့သည်။ ဤမကောင်းဆိုးဝါးလူသားနှင့် မတွေ့ခင်အထိဖြစ်သည်။

လူတို့ ပြောင်းလဲတတ်သည်ကို သူမ သိသော်လည်း စိတ်ချရစေရန်အတွက် လုချန်းထံမှ ကတိအချို့ကို သူမ ရယူလိုသည်။

ထိုအချိန်တွင် လုချန်းက

“ဒါပေမဲ့ စိတ်ချနိုင်တဲ့ အချက်တစ်ချက်က ကိုယ်ရဲ့စရိုက်တွေ ပြောင်းလဲသွားရင်တောင် မင်းအပေါ်မှာရှိတဲ့ ကိုယ့်ရဲ့ခံစားချက်တွေက ပြောင်းလဲမှာမဟုတ်ဘူး။ မင်းကို ကိုယ်အမြဲတမ်းချစ်နေမှာ။ မင်းသယ်ဆောင်လာတဲ့ရနံ့၊ မင်းရဲ့ နတ်သမီးလိုအလှ၊ မင်းရဲ့အေးစက်ပြီး မြင့်မြတ်တဲ့အသွင်အပြင်နဲ့ ကိုယ်တို့အချစ်ဇာတ်လမ်းဖန်တီးတဲ့အခါ မင်းထုတ်လွှတ်တဲ့အသံတွေကို ကိုယ်ချစ်နေမှာ။”

လုချန်း၏စကားကို ကြားသောအခါ ချန်ဝမ်ရွန် အနည်းငယ်တုန်ယင်သွားသော်လည်း ချက်ချင်းပင် အေးစက်သော လေသံဖြင့်

“ရှင်က စကားချိုချိုလေးတွေ ပြောတတ်သားပဲ။”

လုချန်းက ပြုံးလိုက်ပြီး

“ကိုယ် စကားချိုချို ပြောတတ်တာလား မပြောတတ်ဘူးလားဆိုတာကိုတော့ အနှစ်တစ်ရာ၊ ဒါမှမဟုတ် အနှစ်တစ်ထောင်ကြာရင် သိရလိမ့်မယ်။”

ချန်ဝမ်ရွန်က လုချန်း၏မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး

“ရှင်ဒီစကားတွေကို ရှင့်ရဲ့ဇနီးတွေ အားလုံးကို ပြောခဲ့မှာပဲ။ ဟုတ်တယ်မလား။”

လုချန်းက

“အခုထိတော့ မင်းကိုပဲ ပြောဖူးသေးတယ်”

ချန်ဝမ်ရွန်က

“အခု ကျွန်မက ရှင့်ရဲ့အမျိုးသမီးဖြစ်နေပြီဆိုတော့ ရှင့်ကိုထားသွားလို့ မရတော့ဘူး။ ဒီတော့ ရှင့်အနေနဲ့ ကျွန်မကို စကားချိုချိုလေးတွေပြောဖို့ တကယ်မလိုအပ်ပါဘူး။”

..............

အခန်း (၇၇၆)

ချန်ဝမ်ရွန် ထွက်ခွာခြင်း

ချန်ဝမ်ရွန်၏ စကားကိုကြားသောအခါ လုချန်းက ညင်သာစွာ ပြုံးလိုက်ပြီး

“ဒီစကားတွေကို ဘယ်လိုများ စကားချိုချိုတွေလို့ သတ်မှတ်နိုင်မှာလဲ။ ကိုယ်ပြောတာက ရင်ထဲကလာတဲ့စကားတွေပါ။”

ထိုအချိန်တွင် ချန်ဝမ်ရွန် ဆက်မပြောတော့ပဲ လုချန်း၏ ချောမောသော မျက်နှာကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။

ရုတ်တရက် အိပ်ခန်းသည် တိတ်ဆိတ်သွားပြီး သူတို့နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

ခဏအကြာတွင် ချန်ဝမ်ရွန်က

“ကျွန်မ မနက်ဖြန်ပြန်ရတော့မယ်။ မင်းကြီး ကျွန်မကို ဘာမှလုပ်ဖို့ အစီအစဉ် မရှိတော့ဘူးလား။”

ထိုစကားကို ကြားသောအခါ လုချန်းသည် သားကောင်တွေ့သော ဝံပုလွေကဲ့သို့ ချန်ဝမ်ရွန်၏ နှုတ်ခမ်းများကို သူ၏နှုတ်ခမ်းများဖြင့် ပိတ်လိုက်သည်။

ချန်ဝမ်ရွန်လည်း မပီမသအသံများ အနည်းငယ်ပြုလုပ်ပြီးနောက်တွင် လုံးဝလက်နက်ချလိုက်ပြီး လုချန်းကို လုပ်ချင်ရာ လုပ်ခွင့်ပေးလိုက်သည်။

လုချန်း၏ သူမခန္ဓာကိုယ်အပေါ် ပြင်းပြသော စိတ်ဆန္ဒကို ခံစားလိုက်ရသောအခါ ချန်ဝမ်ရွန်၏ ရင်ထဲတွင် ကြီးမားသောနွေးထွေးမှုကို ခံစားလိုက်ရ၏။ ခုနက သူပြောခဲ့သော စကားများကလည်း ဤခံစားမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

ထိုကဲ့သို့သော စကားများ သို့မဟုတ် ဆင်တူသော စကားများကို သူ၏အခြားဇနီးမယားများကိုလည်း လုချန်း ပြောခဲ့မည်ကို ချန်ဝမ်ရွန် သေချာပေါက် သိသည်။ သို့သော်လည်း သူမ၏ စိတ်နှလုံး အလွန်ပျော်ရွှင်နေဆဲဖြစ်သည်။

အနာဂတ်တွင် ဘာတွေဖြစ်လာမည်ကို သူမ မသိပေ။ သို့သော် အနည်းဆုံးတော့ သူမရှေ့မှ ဤလူသည် သူမ၏ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ပေ။ ယခု ပစ္စုပ္ပန်ကိုသာ ဖမ်းဆုပ်ထားရန် လိုအပ်သည်ဟု သူမနားလည်သည်။

...

လင်လုံဆောင်။

ကောင်းကင် မှောင်မိုက်သွားပြီဖြစ်ကြောင်း သတိပြုမိသောအခါ လုချန်း ယခုည သူမဆီသို့ လာလိမ့်ဦးမည်ဟု ရွှီလင်လုံ တွေးလိုက်သည်။ ထိုလူသည် တစ်နေကုန် နန်းတွင်း၌ နိုင်ငံတော်ရေးရာ အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းနေခဲ့ရပြီး ပိတ်လှောင်ထားသော စွမ်းအင်များကို ထုတ်လွှတ်ရန် လိုအပ်နေပေလိမ့်မည်။

မဖြစ်ပါ။ ယခုည၏ ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် သူမ ချန်ဝမ်ရွန်ကို အမြန်သွားရှာရမည်။

ထိုအတွေးနှင့်အတူ ရွှီလင်လုံ ချန်ဝမ်ရွန်ဆီသို့ တိုက်ရိုက်သွားလိုက်သည်။ သို့သော် သူမဝင်လိုက်သည်နှင့် ချန်ဝမ်ရွန်နှင့် ထိုခွေးကောင်၏ အသံများကို ကြားလိုက်ရသည်။

“အင်း... ချစ်သူ...”

“နတ်သမီးလေး။ မင်း ဒီဘဝမှာ ကိုယ်ရဲ့လက်ထဲကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ကိုယ်ဒီည မင်းကို ကိုယ်ဝန်ရအောင် လုပ်ရမယ်။”

“မင်းကြီး... ဒီလိုမဟုတ်ဘူး”

“ကိုယ်ရဲ့ ရွန်ရွန်...”

သူတို့နှစ်ဦးကြား ပြောဆိုမှုများကို ကြားလိုက်ရသောအခါ အစပိုင်းတွင် ရွှီလင်လုံသည် တုန်လှုပ်သွားခဲ့သော်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။

ထိုလူ ချန်ဝမ်ရွန်ဆီသို့ သွားနှင့်ပြီးဖြစ်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ရွှီလင်လုံလည်း နှင်းမုန်တိုင်း အဆောင်မှ လျင်မြန်စွာ ပြန်ထွက်လာခဲ့သည်။ လုချန်းက သူမကို သတိမပြုမိစေရန်နှင့် သူမကိုပါ ဆွဲခေါ်သွားမည်ကို ရှောင်ရှားရန် ဖြစ်သည်။

မကြာမီ ရွှီလင်လုံ လင်လုံဆောင်သို့ ပြန်ရောက်လာပြီး ယနေ့ည၏ ဘေးဆိုးမှ လွတ်မြောက်သွားသဖြင့် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ သို့သော် မနက်ဖြန် ချန်ဝမ်ရွန် နေပြည်တော်မှ ထွက်ခွာသွားတော့မည်ကို သူမမသိသေးပေ။

ချန်ဝမ်ရွန် လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်သွားပြီးသည်နှင့် လုချန်း၏ဘေးတွင် သူမနှင့် ပိုင်ချင်းချင်းသာ ကျန်တော့မည်ဖြစ်သည်။

သူမ၏ မှောင်မိုက်သောနေ့ရက်များ စတင်တော့မည် ဖြစ်သည်။

......

မိုးသောက်ချိန်တွင် နေရောင်ခြည်သည် ပြတင်းပေါက်ကိုကျော်ကာ အခန်းထဲသို့ ဝင်လာပြီး သူတို့၏ကြည်လင်သောအသားအရေများကို အလင်းရောင်ပေးသည်။

နွေးထွေးသောနေရောင်ခြည်ကို ခံစားလိုက်ရသောအခါ လုချန်းနှင့် ချန်ဝမ်ရွန်တို့လည်း မနက်မိုးလင်းပြီဖြစ်ကြောင်း သိလိုက်ကြသည်။

လုချန်းလည်း မကောင်းမှုများကို ဆက်မလုပ်တော့ပဲ ဖြည်းဖြည်းချင်း ထရပ်ကာ ချန်ဝမ်ရွန် ကို စိုက်ကြည့်နေခဲ့သည်။

ချန်ဝမ်ရွန်၏ ဆံပင်များ ရှုပ်ပွနေပြီး နဖူးပေါ်ရှိ ချွေးစက်များသည် သူမ၏ဆံပင်များကို စိုစွတ်နေစေသည်။ သူမ၏မျက်နှာကလည်း ပန်းရောင်သမ်းနေ၏။ လုချန်း သက်ပြင်းတစ်ချက် ညင်သာစွာ ချလိုက်သည်။

လုချန်း သက်ပြင်းချလိုက်သည်ကို မြင်သောအခါ ချန်ဝမ်ရွန်က

“မင်းကြီး ဘာဖြစ်လို့ သက်ပြင်းချတာလဲ။”

လုချန်းက ချန်ဝမ်ရွန်၏ မေးခွန်းကို ချက်ချင်းမဖြေပဲ စနစ်၏မျက်နှာပြင်ကို တစ်ဖန်ပြန်ဖွင့်ကာ ကြည့်လိုက်သည်။ သို့သော် မျက်နှာပြင်တွင် မည်သည့်သတိပေးချက်မှ ပေါ်မလာသေးပေ။

တစ်ညလုံး အပြင်းအထန် ကြိုးစားခဲ့သော်လည်း ချန်ဝမ်ရွန် ကိုယ်ဝန်မရသေးပေ။

လုချန်းက

“ကံမကောင်းစွာနဲ့ပဲ မင်းကို ကိုယ်ဝန်ရအောင် မလုပ်နိုင်သေးဘူး။”

ထိုစကားကို ကြားသောအခါ ချန်ဝမ်ရွန်က “မင်းကြီးက ကျွန်မကို တကယ်ပဲ ကိုယ်ဝန်ရစေချင်တာလား။”

လုချန်းက

“သိတဲ့အတိုင်းပဲပေါ့။”

ချန်ဝမ်ရွန်က

“မင်းကြီးက ညီညွတ်ခြင်းအဆင့်ကို ရောက်နေပြီလေ။ အနာဂတ်မှာ ကျွန်မတို့အတွက်အချိန်တွေ အများကြီး ရှိဦးမှာပါ။ ဘာလို့ဒီလောက်အလျင်လိုနေတာလဲ။”

လုချန်းက

“ဟုတ်တော့လည်း ဟုတ်ပါတယ်။”

ထိုသို့ပြောရင်း လုချန်းက ချန်ဝမ်ရွန်၏နားထင်ဘေးရှိ ဆံပင်များကို ပွတ်သပ်လိုက်ပြီး

“နောက်တစ်ခါ ပြန်လာရင် မင်းကို မိဖုရားဘွဲ့ ပေးမယ်။ဘယ်လိုလဲ။”

ချန်ဝမ်ရွန်က

“ဘွဲ့တွေဟာ ကျွန်မအတွက် ဘာအဓိပ္ပာယ်မှ မရှိပါဘူး။”

လုချန်းက

“ဒါပေမဲ့ ပေးသင့်တဲ့ဘွဲ့တွေကိုတော့ ပေးရပါလိမ့်မယ်။”

ထိုအခါ လုချန်းက ကိုယ်ကိုင်းညွှတ်ကာ ချန်ဝမ်ရွန်၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။ သူတို့နှစ်ဦး ခဏအကြာ နမ်းရှိုက်ပြီးနောက်တွင် ဝန်လေးစွာဖြင့် ခွဲခွာလိုက်ကြသည်။

ချန်ဝမ်ရွန်၏ မျက်လုံးများကို ကြည့်ရင်း လုချန်းက

“မင်းရဲ့ခန္ဓာကိုယ်က တကယ်ပဲ လှပလွန်းတယ်။ အနုပညာလက်ရာတစ်ခုလိုပဲ။ ဒီလိုလှပတဲ့ပုံစံကို နေ့တိုင်း မြင်ရဖို့အတွက် အမြဲတမ်း ကိုယ့်ဘေးမှာ ရှိနေစေချင်တယ်။”

ထိုစကားကို ကြားသောအခါ ချန်ဝမ်ရွန်၏ အစကတည်းက ရဲနေသောပါးပြင်သည် ပို၍ပင် နီရဲလာခဲ့သည်။

လုချန်း၏ နက်နဲသော ချစ်ခြင်း‌ မေတ္တာကို ချန်ဝမ်ရွန် ကောင်းစွာသိသည်။ သို့သော်လည်း သူမ၏အမြင်တွင် သူတို့လုပ်ဆောင်ခဲ့သောအရာများသည် အမှန်တကယ်တွင် အရေးမကြီးသော ကိစ္စများသာ ဖြစ်သည်။

သူမ၏ရင်ထဲမှ ခံစားချက်များကို ငြိမ်သက်အောင်လုပ်ပြီးနောက် ချန်ဝမ်ရွန်က “မင်းကြီး။ မိုးလင်းနေပါပြီ။ ကျွန်မပြန်ရတော့မယ်။”

သူမကို သွားခွင့်ပြုရန် ဝန်လေးသော်လည်း နောက်ဆုံးတွင် လုချန်း ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

“မင်း နောက်နှစ်ပြန်လာမယ်လို့ ကတိပေးထားတယ်။ မမေ့နဲ့နော်။ အဲ့ဒီအချိန်ကျ မင်းတောင်ပေါ်က ဆင်းမလာရင် ကိုယ် ကိုယ်တိုင် မင်းကို လာရှာမယ်။ ပြီးရင် မင်းကို နှစ်ပတ်လောက် ကုတင်ပေါ်က ဆင်းမရအောင် လုပ်ပစ်မယ်။”

လုချန်း၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသောအခါ ချန်ဝမ်ရွန်က တည်ငြိမ်သောအမူအရာကို ထိန်းသိမ်းထားရင်း

“ကျွန်မလာမယ်လို့ ပြောပြီးသားပါ။ ကျွန်မရဲ့ဆရာမက တားရင်တောင် ကျွန်မက မင်းကြီးကို တွေ့ဖို့ နည်းလမ်းရှာမှာပါ။”

လုချန်းက သူ၏လက်ကို မြှောက်ကာ ချန်ဝမ်ရွန်၏ ပါးပြင်ကို ပွတ်သပ်လိုက်သည်။ နေရောင်ခြည်အောက်တွင် သူမ၏ ပုံသဏ္ဍာန်သည် အရောင်အဝါများ ထုတ်လွှတ်နေပြီး သူမအား လွှတ်ပေးရန် ခက်ခဲစေသည်။

ထိုအချိန်တွင် လုချန်း တစ်ခုခုကို ပြန်အမှတ်ရသွားပြီး

“မသွားခင် ကိုယ့်ကို ‘ချစ်သူ’ လို့ တစ်ခါ ထပ်ခေါ်ပေးဦး။”

ချန်ဝမ်ရွန်သည် ပုံမှန်အားဖြင့် ယစ်မူးမနေချိန်တွင် သူ့ကို ‘ချစ်သူ’ ဟု မခေါ်တတ်ပေ။ သူတို့၏ မလျော်ကန်သော အချိန်များတွင်သာ ထိန်းချုပ်မှုမဲ့စွာ ထွက်ပေါ်လာတတ်သည်။

လုချန်း၏ တောင်းဆိုမှုကို ကြားသောအခါ ချန်ဝမ်ရွန်သည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ‘ချစ်သူ...’ ဟု ညင်သာစွာ ခေါ်လိုက်သည်။

ဤရေခဲနတ်သမီး၏ ရှက်ရွံ့သောအမူအရာကို မြင်သောအခါ လုချန်းလည်း သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်း ထပ်မံဆုံးရှုံးသွားသည်။ ထို့နောက် ချန်ဝမ်ရွန်၏ နှုတ်ခမ်းများကို တစ်ဖန်ဖမ်းယူလိုက်ပြန်သည်။

ထိုနှစ်ယောက်သည် မည်မျှကြာအောင် မကောင်းမှုများ ဆက်လုပ်ခဲ့ကြသည်ကို မသိပေ။ သို့သော်လည်း နောက်ဆုံးတွင် လုချန်း ချန်ဝမ်ရွန်ကို ထွက်ခွာခွင့်ပြုလိုက်သည်။

ချန်ဝမ်ရွန် ထွက်ခွာသွားပြီးနောက် လုချန်းသည် နောက်ရက်များတွင် အစိုးရရေးရာများကို ပြန်လည်အာရုံစိုက်လိုက်သည်။

မြို့တော်ရွှေ့ပြောင်းရေးအတွက် လုပ်စရာများစွာရှိသည်။ ကျူးကဲ့ကျုံကောင်း နေပြည်တော်၌ မရှိသောကြောင့် အရာအားလုံးသည် လုချန်း၏ တိုက်ရိုက်အာရုံစိုက်မှုကို လိုအပ်နေပြီး သူ့ကို အလွန်အလုပ်များစေသည်။

.......

ထိုအတောအတွင်း...

ရှနိုင်ငံတော်၏ တောင်ပိုင်းဒေသ။

ပင်နန်မြို့။

ပင်နန်မြို့ကို သိမ်းပိုက်ပြီးနောက် နတ်ဆိုးဂိုဏ်းသည် မြို့ကို သူတို့၏အခြေစိုက်စခန်းအဖြစ် ပြုလုပ်ခဲ့သည်။

မြို့တော်ဝန်အိမ်တော်၌ ကြီးမားသောသွေးကန်တစ်ခု ရှိနေပြီး သွေးကန်၏အလယ်တွင် အနီရောင်စက်ဝိုင်းတစ်ခုရှိနေကာ သွေးကန်အတွင်းမှ သွေးများကို အဆက်မပြတ် စုပ်ယူနေသည်။

ထိုအချိန်တွင် ဂိုဏ်းအကြီးအကဲတစ်ဦး မြို့တော်ဝန်အိမ်တော်ထဲသို့ ဝင်လာသည်။

“ဂိုဏ်းချုပ်ကြီး။ ယခင် အိမ်ရှေ့မင်းသား လုရိဟာ ရွှီလင်လုံကို လိုက်ရှာနေပါတယ်။ သူကနေတစ်ဆင့် ကျွန်တော်တို့ဂိုဏ်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။”

ထိုစကားကို ကြားသောအခါ သွေးကန်ထဲမှ သွေးစက်ဝိုင်းက ချက်ချင်းတုံ့ပြန်လိုက်သည်။

“သူနဲ့ ဆက်သွယ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ။ ကျုပ်လည်းတစ်ယောက်ယောက်ရဲ့ အကူအညီ လိုအပ်နေတာနဲ့ အတော်ပဲဖြစ်သွားပြီ။”

“ဟုတ်ကဲ့ ဂိုဏ်းချုပ်ကြီး”

“ကျွန်တော့်ကို ခွင့်ပြုပါ။”

မကြာမီ ဂိုဏ်းအကြီးအကဲ မြို့တော်ဝန်အိမ်တော်မှ ထွက်ခွာသွားသည်။ ဂိုဏ်းအကြီးအကဲ ထွက်ခွာသွားပြီးနောက် တိုင်ယင်ဂိုဏ်းချုပ်က

“လုချန်းဘေးမှာ ကောင်းကင်လူသား စွမ်းအားရှင်လေးယောက် ရှိနေမယ်လို့ မမျှော်လင့်ခဲ့ဘူး။ သူ့ကို ချဉ်းကပ်ဖို့ ခက်ခဲလိမ့်မယ်” ဟု သူ့ဘာသာသူ တီးတိုးပြောလိုက်သည်။

လုချန်း နေပြည်တော်သို့ ဝင်ရောက်ပြီး ဧကရာဇ်အသစ် ဖြစ်လာသောအခါ သူ၏ဘေးတွင် ကောင်းကင်လူသား စွမ်းအားရှင်လေးဦးရှိနေကြောင်း သတင်းသည် တိုင်ယင်ဂိုဏ်းချုပ်၏ နားသို့ ရောက်ရှိလာခဲ့သည်။ မြို့ကို သိမ်းပိုက်သည့်နေ့တွင် လူများစွာက ထိုမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ကြသောကြောင့် ထိုအချက်ကို ဖုံးကွယ်ထား၍ မရနိုင်ခဲ့ပေ။

လုချန်း၏ဘေးတွင် ကောင်းကင်လူသား စွမ်းအားရှင်လေးဦးရှိနေကြောင်း သိရှိလိုက်ရသောအခါ တိုင်ယင်ဂိုဏ်းချုပ်၏ လုချန်းနှင့်ပတ်သက်သော ယူဆချက်က ပိုမိုသေချာလာခဲ့သည်။ သို့သော်လည်း ကောင်းကင်လူသား စွမ်းအားရှင်လေးဦးက လုချန်းကို ကာကွယ်ပေးနေသဖြင့် လုချန်းကို တိုက်ရိုက်ပစ်မှတ်ထားရန် ခက်ခဲလာသဖြင့် သူဒွိဟဖြစ်နေခဲ့သည်။

သူ၏အမြင်တွင် ကောင်းကင်လူသား စွမ်းအားရှင်များက မပြောပလောက်သော်လည်း သူ၏အင်အား အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးပါက ကောင်းကင်လူသား စွမ်းအားရှင်လေးဦးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နိုင်စွမ်း မရှိသေးပေ။

သူ အချိန်ကို စောင့်ဆိုင်းရမည်ဖြစ်သည်။

.............

အခန်း (၇၇၇)

ကြွက်အုပ်ကြီးတစ်အုပ်သာ

တောင်ပိုင်းမြို့။

ယနေ့ နေသာနေ၏။ လုရိသည် သူ၏တပ်ဖွဲ့များကို ဦးဆောင်ကာ မြို့ပြင်ရှိ စစ်တပ်စခန်းသို့ သွားနေသည်။

ထိုအယောင်ဆောင် တာအိုဆရာများသည် ယမ်းမှုန့်နည်းပညာကို ထပ်မံတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး ပေါက်ကွဲမှုစွမ်းအားကို ပိုမိုပြင်းထန်လာခဲ့ကြောင်း ကြားသိခဲ့ရသဖြင့် သူကိုယ်တိုင်စမ်းသပ်လိုသည်။

မကြာမီ လုရိနှင့် အဖွဲသည် မြို့ပြင်ရှိ သစ်တောထဲတွင် ကပ်လျက်တည်ရှိသော အလွန်တိတ်ဆိတ်နေသည့် စစ်တပ်စခန်းသို့ ရောက်လာသည်။

လုရိရောက်လာသည်ကို မြင်သောအခါ တာအိုဆရာများက မျက်နှာရရန် အတွက် ချက်ချင်းပင် သူတို့၏တိုးတက်ကောင်းမွန်လာသော “မိုးခြိမ်းသံလက်နက်” ကို လုရိရှေ့သို့ ယူလာစေသည်။

တိုးတက်ကောင်းမွန်လာသော မိုးခြိမ်းသံ လက်နက်များကို လုရိ ကြည့်လိုက်သည်။ ၎င်းတို့သည် ယခင်က လက်ဟောင်းများနှင့် များစွာမကွာခြားပေ။ မီးစာပါသည့် ယမ်းမှုန့်ထည့်ထားသော မြေအိုးများသာဖြစ်သည်။

တစ်ခုတည်းသောကွာခြားချက်မှာ ဤမြေအိုးများ၏အရွယ်အစားဖြစ်ပြီး သူတို့ ယခင်ကလုပ်ခဲ့သော မိုးခြိမ်းသံ လက်နက်များထက် အနည်းဆုံး ငါးဆပို၍ ကြီးမားသည်။

မြေအိုးများကို မြင်သောအခါ လုရိ၏မျက်နှာ ချက်ချင်းမှောင်သွားပြီး

“ဘာလို့ မြေအိုးတွေပဲ သုံးနေကြသေးတာလဲ။”

လုရိ၏မျက်နှာပေါ်ရှိ မကျေနပ်မှုကို သတိထားမိသောအခါ တာအိုဆရာတစ်ဦးက အလျင်အမြန်ပင် ရှေ့သို့တိုးလာပြီး

“အိမ်ရှေ့မင်းသား စိတ်မဆိုးပါနဲ့။ ကျွန်တော်တို့ မြေအိုးတွေကိုပဲ သုံးနေကြသေးပေမဲ့ စွမ်းအားအရမ်းပိုကောင်းလာပါတယ်။ စမ်းကြည့်လိုက်ရင် သိပါလိမ့်မယ်။”

“နောက်ပြီး ကျွန်တော်တို့က မိုးခြိမ်းသံ လက်နက်ရဲ့စွမ်းအားကို စမ်းသပ်နေဆဲ မို့လို့ပါ။ ရက်အနည်းငယ်ကြာရင် သံအိုးတွေ သုံးပါ့မယ်။”

တာအိုဆရာ၏အဖြေကို ကြားသောအခါ လုရိ၏အမူအရာသည် အနည်းငယ်နူးညံ့လာသည်။ ထို့နောက် သူကမြေအိုးတစ်လုံးကို ကောက်ကိုင်လိုက်ပြီး

“မီးယူလာခဲ့။”

နောက်တစ်ခဏတွင် တာအိုဆရာတစ်ဦးက မီးခြစ်တစ်လုံးကို အလျင်အမြန်ယူလာပေး၏။ ထို့နောက် လုရိကိုယ်တိုင် အိုး၏မီးစာကို မီးရှို့ကာ အဝေးရှိသစ်တောဆီသို့ ပစ်လိုက်သည်။

မြေအိုး၏မီးစာသည် အတော်လေးတိုပြီး လုရိ၏အားကောင်းသော ပစ်လွှတ်မှုကြောင့် အိုးသည် မြေပြင်ပေါ်သို့မကျမီပင် ပေါက်ကွဲသွားခဲ့သည်။

ပေါက်ကွဲပြီးနောက် အနီးအနားရှိ သစ်ရွက်များ ချက်ချင်းလွင့်စဉ်သွားပြီး မြေအိုးအပိုင်းအစ များစွာသည် ပတ်ဝန်းကျင်ရှိသစ်ပင်ပင်စည်များထဲသို့ ပျံသန်းဝင်ရောက်သွားသည်။

စွမ်းအား ရှိသည်ကတော့ အမှန်တကယ်ပင်ဖြစ်သည်။ သူတို့ပထမဆုံးစမ်းသပ်ခဲ့သော မိုးခြိမ်းသံ လက်နက်များထက် များစွာပို၍ ပေါက်ကွဲအား ကြီးမားသည်။

သို့သော် ၎င်းသည် ယမ်းမှုန့်နှင့် ပတ်သက်သော ပြဿနာဟုတ်မဟုတ်ကိုမူ မသေချာပေ။ မည်သို့ပင်ဆိုစေကာမူ မြေအိုး၏အရွယ်အစားသည် သိသိသာသာ တိုးလာခဲ့ပြီး ယမ်းမှုန့်ပမာဏလည်း များစွာတိုးလာခဲ့သည်။

ဤအချိန်တွင် လုရိက

“တိရစ္ဆာန် တစ်ကောင်နှစ်ကောင် ခေါ်လာခဲ့။”

လုရိ၏အမိန့်ကို ကြားသောအခါ စစ်သားများသည် ကြိုတင်ပြင်ဆင်ထားသော နွားများနှင့် သိုးများကို ယခင်ပေါက်ကွဲခဲ့သောနေရာသို့ အလျင်အမြန်ခေါ်ဆောင်လာကြသည်။

ထို့နောက် လုရိက နောက်ထပ်မြေအိုးတစ်လုံးကို ကောက်ကိုင်လိုက်ပြီး မီးရှို့ကာ ပစ်လိုက်သည်။

ကျယ်လောင်သော ပေါက်ကွဲမှုအပြီးတွင် ပေါ်ကွဲမှု ဗဟိုချက်ရှိ နွားများနှင့် သိုးများသည် ချက်ချင်းလဲကျသွားပြီး မထနိုင်ကြတော့ပေ။

သို့သော် ပေါက်ကွဲမှုကြောင့် သေဆုံးမှုအချို့ဖြစ်ပေါ်စေသော်လည်း နွားများနှင့် သိုးများ၏ ကိုယ်ခန္ဓာများသည် အပိုင်းပိုင်း မဖြစ်သွားခဲ့ပေ။ ၎င်းတို့၏ မိုးခြိမ်းသံ လက်နက်သည် မြောက်ပိုင်းပြည်နယ်ကလုပ်သော အမြောက်များဆံများထက် များစွာစွမ်းအားနိမ့်ကျသည်။

သို့သော် လက်ရှိ မိုးခြိမ်းသံ လက်နက်၏ စွမ်းအား မည်သို့ပင်ရှိစေကာမူ သူတို့သည် မြောက်ပိုင်းပြည်နယ်မှ လက်နက်များ၏ စွမ်းအားနှင့် တူညီသော အရာတစ်ခုကို တစ်နည်းတစ်ဖုံ ရရှိခဲ့ပြီဖြစ်ရာ လုရိ၏စိတ်ထဲ မျှော်လင့်ချက်အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။

လုရိသည် ဒဏ်ရာရပြီး သေဆုံးသွားသော နွားနှင့်သိုးများကို ကြည့်ရင်း စိတ်ဓာတ်ခိုင်မာလာသည်။ သူ၏ပိုင်ဆိုင်မှုအားလုံးကို သူနောက်ဆုံးတွင် ပြန်လည်ရယူမည်ဖြစ်သည်။

ထိုအချိန်တွင် စစ်သည်တစ်ဦး လုရိထံသို့ အလျင်အမြန်ပြေးလာကာ

“အိမ်ရှေ့မင်းသား။ သစ်တောထဲမှာ လူအုပ်တစ်အုပ် ရုတ်တရက်ပေါ်လာပါတယ်။”

စစ်သား၏ အစီရင်ခံမှုကို ကြားသောအခါ လုရိက

“သူတို့ ဘယ်သူတွေလဲ။ သတ်ပစ်လိုက်။”

ဤနေရာသည် သူတို့၏ စစ်တပ်စခန်းဖြစ်ပြီး မည်သူမဆို ဝင်ခွင့်ရသည့် နေရာမဟုတ်ပေ။ သူတို့၏ စစ်တပ်နယ်မြေကို ကျူးကျော်ဝံ့သူ မည်သူပင်ဖြစ်စေ ဖယ်ရှားပစ်ရမည်။

စစ်သားက စိုးရိမ်စွာဖြင့်

“အိမ်ရှေ့မင်းသား။ ကျွန်တော်တို့လူတွေက အဲ့ဒီလူတွေကို မယှဉ်နိုင်ပါဘူး။ သူတို့ထဲမှာ ပညာရှင်တစ်ဦးရှိနေပါတယ်။”

လုရိ မျက်မှောင်ကြုတ်လိုက်ပြီး နောက်ထပ်စကားပြောတော့မည်အချိန်တွင် ရုတ်တရက် အပေါ်မှအသံတစ်ခု ထွက်ပေါ်လာသည်။

“အိမ်ရှေ့မင်းသားက ဘာလို့ဒီလောက်ဒေါသကြီးတာပဲ။ လာတဲ့သူတွေက မိတ်ဆွေလား ရန်သူလားဆိုတာ မခွဲခြားပဲ သတ်ဖို့ပဲ အမိန့်ပေးတာလား။”

ထိုအသံကို ကြားသောအခါ စစ်သားများ ချက်ချင်းတင်းမာသွားပြီး လုရိကို ကာကွယ်ရန် အလျင်အမြန်ဝိုင်းရံလိုက်ကြသည်။

ဗိုလ်ချုပ်တစ်ဦးက

“ဘယ်သူလဲ။ ထွက်လာခဲ့”

ဟု အော်ဟစ်လိုက်သည်။

သူ၏စကားဆုံးသည်နှင့် လေပြင်းတစ်ချက်တိုက်ခတ်လာပြီး သစ်ရွက်များကို လေတိုးသည့် အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထို့နောက် အနက်ရောင်ဝတ်ရုံဝတ် မျက်နှာဖုံးစွပ်ထားသော လူတစ်စု အပေါ်မှ ကျဆင်းလာပြီး လုရိနှင့် သူ၏လူများရှေ့တွင် ပေါ်လာသည်။

ထိုရောက်ရှိလာသူများ၏ အငွေ့အသက်ကို ခံစားမိသောအခါ လုရိ၏ဘေးမှ ဗိုလ်ချုပ်တစ်ဦးက အလျင်အမြန်ပင်

“အိမ်ရှေ့မင်းကို ကာကွယ်ကြ။”

ထို့နောက် စစ်တပ်စခန်းမှ စစ်သားများ ထပ်ထွက်လာပြီး အနက်ရောင်ဝတ်ရုံဝတ်ထားသော ထိုလူစုကို ဝိုင်းရံလိုက်ကြသည်။

ဤအချိန်တွင် အနက်ရောင်ဝတ်ရုံဝတ်ထားသောလူများ၏ခေါင်းဆောင်ကပြုံးလျက်

“ဒီလောက် သတိထား နေစရာမလိုပါဘူး အိမ်ရှေ့မင်းသား။ ကျွန်တော်တို့က ခင်ဗျားရဲ့ရန်သူတွေ မဟုတ်ပါဘူး။”

ထိုစကားကို ကြားသောအခါ လုရိ၏မျက်နှာမှောင်သွားပြီး

“ဖိတ်ကြားခြင်း မရှိပဲလာတဲ့ ဧည့်သည်တွေကို ကောင်းတဲ့ရည်ရွယ်ချက်ရှိမယ်လို့ ယုံကြည်ဖို့ခက်ပါတယ်”

ဟု အေးစက်စွာ ပြောလိုက်သည်။

ဝေဖေးရန်က ပြုံးလျက်

“ကျွန်တော်က ဖိတ်ကြားခြင်းမရှိပဲ လာခဲ့တာမဟုတ်ပါဘူး အိမ်ရှေ့မင်းသား။ အိမ်ရှေ့မင်းသားက ကျွန်တော်တို့ကို တစ်ချိန်တစ်လုံး ရှာနေတာ မဟုတ်ဘူးလား။ အိမ်ရှေ့မင်းသားက ကျွန်တော်တို့ကို ရှာနေတယ်ဆိုတာ ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ်က သိတာနဲ့ ကျွန်တော့်ကို အိမ်ရှေ့မင်းသားနဲ့ တွေ့ဆုံဖို့ ချက်ချင်းစေလွှတ်လိုက်တာပါ။”

ဝေဖေးရန်၏စကားကြောင့် လုရိ အံ့အားသင့်သွားသည်။

သူ ဒီလူတွေကို ဘယ်တုန်းက ရှာခဲ့ဖူးတာလဲ။

ခဏလေး…

လုရိ တစ်စုံတစ်ခုကို သိလိုက်ပုံရပြီး

“ခင်ဗျားတို့က တိုင်ယင်ဂိုဏ်းကလား။”

ဝေဖေးရန်က

“ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပေးပါရစေ။ ကျွန်တော်က ဝေဖေးရန်ပါ။ တိုင်ယင်ဂိုဏ်းရဲ့ အဆင့်ငါး အကြီးအကဲပါ။”

ဝေဖေးရန်၏အတည်ပြုအဖြေကို ရရှိပြီးနောက် လုရိ နောက်တစ်ကြိမ် အံ့အားသင့်သွားသည်။

ဤလူများက တိုင်ယင်နတ်ဆိုးဂိုဏ်းမှ ဖြစ်‌ နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ပထမတွင် သူသည် တိုင်ယင်နတ်ဆိုးဂိုဏ်းကို ရှာမတွေ့နိုင်သောကြောင့် စိတ်ပျက်ခဲ့ရသည်။ အစွမ်းထက်သော နောက်ခံအင်အားကောင်းတစ်ခု မရရှိနိုင်ခြင်းကြောင့် စိတ်ပျက်နေခဲ့သော်လည်း ယခုအခါတွင် ထိုနောက်ခံအင်အားက သူ့ထံသို့ ကိုယ်တိုင်ချဉ်းကပ်လာခဲ့သည်။

ထို့နောက် လုရိက

“ခင်ဗျားတို့ရဲ့အထောက်အထားကို ဘယ်လိုသက်သေပြနိုင်မလဲ။”

ထိုစကားကို ကြားသောအခါ ဝေဖေးရန်က အေးစက်စွာရယ်လိုက်ပြီး

“ကျွန်တော်တို့ရဲ့အထောက်အထားကို သက်သေပြဖို့ မလိုအပ်ပါဘူး။ အိမ်ရှေ့မင်းသားက ကျွန်တော်တို့နဲ့ ပူးပေါင်းချင်လား၊ မပူးပေါင်းချင်ဘူးလားဆိုတာ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ပါတယ်။ ကျွန်တော်တို့က အတင်းအကျပ်မလုပ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကို လိုအပ်နေတာက အိမ်ရှေ့မင်းသားပါ။ပြောင်းပြန်မဟုတ်ပါဘူး။”

လုရိ၏အမူအရာ ပို၍ပင် ရုပ်ဆိုးလာသည်။ ဝေဖေးရန်၏စကားများက အမှန်ပင်ဖြစ်သည်။ သူသည် ကောင်းကင်လူသား စွမ်းအားရှင်များနှင့် ယှဉ်ပြိုင်နိုင်သော အင်အားစုတစ်ခုကို အလွန်အမင်း လိုအပ်နေသည်။

ထိုအချိန်တွင် ဝေဖေးရန်က

“အိမ်ရှေ့မင်းသား စိတ်ချပါ။ အိမ်ရှေ့မင်းသားသာ တိုင်ယင်ဂိုဏ်းနဲ့ ပူးပေါင်းမယ်ဆိုရင် အိမ်ရှေ့မင်းသား ပိုင်ဆိုင်တဲ့အရာအားလုံးကို ပြန်ရရှိမှာ သေချာပါတယ်။”

“ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ် နိုးထလာပြီးပါပြီ။ မကြာခင်မှာ သူ့ရဲ့စွမ်းအားတွေ ပြန်ရလာတော့မှာပါ။ ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ်အတွက် ကောင်းကင်လူသားတွေက အရေးမပါပါဘူး။”

လုရိက ဝေဖေးရန်ကို သံသယဖြင့် ကြည့်လိုက်သည်။ နတ်ဆိုးဂိုဏ်းများ အလွန်ကြောက်စရာကောင်းကြောင်း သူသိသည်။ အထူးသဖြင့် တိုင်ယင်နတ်ဆိုးဂိုဏ်း၏စွမ်းအားကို သူကောင်းကောင်းသိသည်။ သို့သော် ကောင်းကင်လူသားများက ဘာမှမဟုတ်ကြောင်း ပြောဆိုခြင်းက အလွန်လေကြီးလွန်းသည်။

လုရိက

“ကောင်းပြီ။ ကျုပ် ခင်ဗျားတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိပါတယ်။”

ဝေဖေးရန်က ပြုံးလျက်

“အိမ်ရှေ့မင်းသား မှန်ကန်တဲ့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။”

ထိုအချိန်တွင် လုရိက

“ခင်ဗျားတို့ရဲ့ဂိုဏ်းချုပ်က အရင်တုန်းက ဘယ်အဆင့်အထိ စွမ်းအားရှိခဲ့တာလဲ။”

ဝေဖေးရန်က

“ကောင်းကင်လူသား စွမ်းအားရဲ့ အထက်။”

ဝေဖေးရန်၏အဖြေကို ကြားသောအခါ လုရိ အံ့အားသင့်သွားသည်။ ကောင်းကင်လူသား စွမ်းအားရဲ့ အထက်လား။

ဒီလောက်တောင် အစွမ်းထက်တာလား။

ထိုမျှအားကောင်းပါက ယခုအခါ သူတို့ မည်သူ့ကိုမဆို အနိုင်ယူနိုင်မည် မဟုတ်ပါလား။

ဒါဆို တိုင်ယင်နတ်ဆိုးဂိုဏ်းက ဘာလို့ ပုန်းအောင်းနေသေးတာလဲ။

ဝေဖေးရန်က လုရိ၏အတွေးများကို ရိပ်စားမိပုံရပြီး

“ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ်က တစ်ချိန်က ရန်သူတွေကြောင့် အကြီးအကျယ်ဒဏ်ရာရခဲ့ပြီး အိပ်စက်ခြင်းထဲကို ကျရောက်ခဲ့ရပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ ကျွန်တော်တို့က ဂိုဏ်းချုပ်ရဲ့စွမ်းအားကို ပြန်လည်ရရှိစေဖို့ နည်းလမ်းတွေကို ရှာဖွေခဲ့ကြပါတယ်။ ကျွန်တော်တို့ဂိုဏ်းရဲ့ ကြိုးစားအားထုတ်မှုတွေ‌ကြောင့် အခု ဂိုဏ်းချုပ်က နိုးထလာပါပြီး။ မကြာခင်မှာ တိုင်ယင်နတ်ဆိုးဂိုဏ်းရဲ့အမည်ဟာ သိုင်းလောကတစ်ခွင်မှာ ပြန်လည်ပျံ့နှံ့လာပါလိမ့်မယ်။”

ထိုစကားကို ကြားသောအခါ ဝေဖေးရန် အမှန်တရားကို ပြောနေသည်ဟု လုရိ တွေးလိုက်သည်။ တိုင်ယင်နတ်ဆိုးဂိုဏ်းသည် အမှန်တကယ် သူပြောသလို အစွမ်းထက်ပါက သူပိုင်ဆိုင်ခဲ့သမျှ အရာအားလုံးကို မကြာမီပြန်ယူနိုင်လိမ့်မည်။

ထိုအတွေးနှင့်အတူ လုရိ စိတ်လှုပ်ရှားလာသည်။

သူ၏အကြည့်များကလည်း ခိုင်မာပြတ်သားသွားသည်။ နေပြည်တော်ရှိ ထိုရာထူးကို ပြန်လည်ရယူရန် သူစိတ်ပိုင်းဖြတ်လိုက်သည်။

လုချန်းတွင် ကောင်းကင်လူသားများ၏အကူအညီရှိလည်း အရေးစိုက်စရာ မရှိပေ။ သူလည်း သူ့ကိုယ်ပိုင်အကူအညီကို ရှာတွေ့ခဲ့ပြီ မဟုတ်ပါလား။

နေပြည်တော်ကို သိမ်းပိုက်မည့်အကြောင်း လုရိ စိတ်ကူးယဉ်နေစဉ် အသံတစ်ခုက သူ့အတွေးများကို ဖြတ်တောက်လိုက်သည်။

“ကြွက်အုပ်တစ်အုပ်ပဲ ဖြစ်နေသေးတာကိုသိုင်းလောကကို လှုပ်ခတ်ဖို့ အိပ်မက်မက်နေကြသေးတယ်။”

............

All Chapters