← Chapters

အခန်း ၇၇၈-၇၈၀

Vol. 52 Ch. 778-780

အခန်း ၇၇၈-၇၈၀

Vol. 52 Ch. 778-780

အခန်း (၇၇၈)

လုရိအဆုံးသတ်ခြင်း

သစ်တောအတွင်းမှ ထွက်ပေါ်လာသောအသံများကို ကြားသောအခါ တိုင်ယင်နတ်ဆိုးဂိုဏ်းမှအဖွဲ့ဝင်များ ချက်ချင်းပင် သတိအနေအထား ဖြစ်သွားကြသည်။

ဝေဖေးရန်က

“ဘယ်သူလဲ။ လူထွက်ပြပါ”

ဟု အော်ဟစ်လိုက်သည်။

သူ၏ အသံမဆုံးမီ လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး မကြာမီ လူဆယ်‌ယောက်ကျော်သည် ခပ်လှမ်းလှမ်းရှိ သစ်ကိုင်းများပေါ်တွင် ပေါ်ထွက်လာခဲ့သည်။

ထိုလူများထံမှ ထွက်ပေါ်လာသော အငွေ့အသက်သည် အလွန်ပြင်းထန်ပြီး အားလုံးနီးပါးသည် အဆင့်လွန်ပညာရှင်အဆင့် နှင့် အထက် စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။

ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ လုရိနှင့် တိုင်ယင်နတ်ဆိုးဂိုဏ်းမှ လူများ အံ့အားသင့်သွားကြသည်။

ဘာတွေဖြစ်နေတာလဲ။

ဘယ်လိုလုပ် အဆင့်လွန် ပညာရှင်အများကြီးက တစ်ပြိုင်နက်တည်း ပေါ်လာနိုင်တာလဲ။

ဒီလောကမှာ အဆင့်လွန် ပညာရှင် ဘယ်နှစ်ယောက်ရှိနေတာလဲ။

အဆင့်မြင့် အဆင့်လွန် ပညာရှင် ဆယ့်ခြောက်ယောက် တစ်ပြိုင်နက်တည်း ပေါ်လာခဲ့ပြီး ခေါင်းဆောင်နှစ်ဦး၏ အငွေ့အသက်များက ထင်ထင်ရှားရှား ပိုမိုအားကောင်းလျက်ရှိသည်။ ထိုနှစ်ဦးသည် အရိပ်အယောင် ကောင်းကင်လူသားများ ဖြစ်ဖွယ်ရှိသည်။

ဝေဖေးရန် ကိုယ်တိုင်က အရိပ်အယောင် ကောင်းကင်လူသားဖြစ်သောကြောင့် အခြား အရိပ်အယောင် ကောင်းကင်လူသားများကို အလွယ်တကူသိနိုင်သည်။

ခေါင်းဆောင်နှစ်ဦးသည် တကယ်ကို အရိပ်အယောင် ကောင်းကင်လူသားများဖြစ်ကြသည်။

ဝေဖေးရန်က ချက်ချင်းပင်

“ခင်ဗျားတို့ ဘယ်သူတွေလဲ။”

ခေါင်းဆောင်နှစ်ဦးအနက်မှတစ်ဦးဖြစ်သူ

လီယူက ပြုံးလျက်

“အကြီးအကဲဝေက အလွယ်တကူမေ့တတ်တဲ့အကျင့်ရှိပုံရတယ်။ နှစ်တွေတောင် သိပ်မကြာသေးဘူး အကြီးအကဲဝေက ကျုပ်ကို မေ့သွားပြီ။ ကျုပ်ကတော့ အကြီးအကဲဝေရဲ့ ညစ်ညမ်းတဲ့ အငွေ့အသက်ကို မှတ်မိနေတုန်းပဲ။ မျက်နှာဖုံးနဲ့တောင် အကြီးအကဲဝေကို ကျုပ်က ချက်ချင်းမှတ်မိနိုင်တယ်။”

ဒါက…

ဝေဖေးရန် တုန်လှုပ်သွားသည်။

သူ့ကို ချက်ချင်းမှတ်မိနိုင်တယ်တဲ့လား။

တိုင်ယင်ဂိုဏ်းချုပ် ပြန်လည်နိုးထလာကတည်းက ဤကာလအတွင်း အဆင့်လွန်ပညာရှင်ဆယ်ယောက်ကျော်ကို တပြိုင်နက်တည်း စုစည်းနိုင်သော အင်အားစုတစ်ခုနှင့် သူ ရန်မဖြစ်ခဲ့ဖူးပေ။

ခဏလေး…

ဝေဖေးရန် ရုတ်တရက် သဘောပေါက်သွားပြီး သူ၏မျက်နှာ ဖြူဆုတ်သွားသည်။ မျက်နှာဖုံးတပ်ထားသော်လည်း လိိီယူသည် ဝေဖေးရန်၏ တုန်လှုပ်မှုကို အလွယ်တကူ မြင်နိုင်သည်။

ဝေဖေးရန်က မယုံကြည်နိုင်စွာဖြင့်

“ခင်… ခင်ဗျားက နေဝင်ဆည်းဆာ ဓားဂိုဏ်းကလား။”

ဝေဖေးရိန် တွေးနိုင်သမျှထဲ၌ အဆင့်လွန်ပညာရှင် ဆယ်ယောက်ကျော်ကို တစ်ပြိုင်နက်တည်း စုစည်းနိုင်သည့် အင်အားစုမှာ နေဝင်ဆည်းဆာဓားဂိုဏ်း သို့မဟုတ် တိုင်ချူးနတ်ဘုရားကျောင်းသာ ဖြစ်သည်။

သို့သော် ထိုအင်အားစု နှစ်ခုစလုံးသည် ပင်လယ်ရပ်ခြားရှိ သူတို့၏သက်ဆိုင်ရာကျွန်းများတွင် နေထိုင်ကြပြီး ထိုနေရာများမှ ထွက်ခွာခြင်းမရှိဟု ယူဆရသည်။ ပင်လယ်မြေပုံမရှိပဲ သူတို့ ဒီနေရာကို ဘယ်လိုရှာတွေ့ခဲ့ကြတာလဲ။

လွန်ခဲ့သောနှစ်များက တိုင်ယင်နတ်ဆိုးဂိုဏ်း နေဝင်ဆည်းဆာဓားဂိုဏ်းကို တိုက်ခိုက်ခဲ့စဉ်က ဝေဖေးရန်သည် အဆင့်လွန် ပညာရှင်တစ်ဦးဖြစ်ပြီး လိီယူလည်း အဆင့်လွန် ပညာရှင်တစ်ဦး ဖြစ်ခဲ့သည်။ သူတို့အကြိမ်များစွာ ရင်ဆိုင်ခဲ့ဖူးသည်။

ယခုအချိန်တွင်တော့ အမှန်တရားကို သိရှိသွားသော ဝေဖေးရန်သည် ထိုသူ အဘယ်ကြောင့် ဤမျှရင်းနှီးနေရသည်ကို နားလည်သွားခဲ့သည်။ ထိုသူက နေဝင်ဆည်းဆာ ဓားဂိုဏ်းမှ လိီယူ ဖြစ်သည်။

သတိပြန်ရဝင်ပြီးနောက် ဝေဖေးရန် မယုံကြည်နိုင်သေးပဲ

“ခင်ဗျားတို့ ဒီနေရာကို ဘယ်လိုရှာတွေ့ခဲ့တာလဲ”

လိီယူက ပြုံးရယ်ကာ

“အကြီးအကဲဝေ ကျုပ်ကို အခုမှတ်မိသွားပြီထင်တယ်။”

“မှတ်မိပြီဆိုရင် အလုပ်တွေ ပိုလွယ်သွားပြီ။”

“အရင်က မိစ္ဆာကြီးသေပြီးတော့ ခင်ဗျားတို့ တိုင်ယင် နတ်ဆိုးဂိုဏ်းသားတွေ ကြွက်တွေလို ထွက်ပြေးသွားကြတော့ ကျုပ်တို့ကြားက အနိုင်အရှုံး ရလဒ်ကို ဘယ်တုန်းကမှ အဆုံးအဖြတ်မပေးနိုင်ခဲ့ဘူး။”

“ဒီနေ့တော့ အပြီးသတ် ဆုံးဖြတ်လိုက်ကြရအောင်။”

သူစကားပြောနေစဉ် လီယူထံမှ ကြီးမားသောအရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ နောက်တစ်စက္ကန့်တွင် လီယူသည် သစ်ပင်ပေါ်မှ ခုန်ချကာ သူ၏ဓားကို ဝေဖေးရန်ဆီသို့ ဝှေ့ယမ်းလိုက်သည်။

လွန်ခဲ့သောနှစ်များစွာက နတ်ဆိုးဂိုဏ်းနှင့် နေဝင်ဆည်းဆာ ဓားဂိုဏ်းတို့ တိုက်ခိုက်ခဲ့ချိန်တွင် ဝေဖေးရန်နှင့် လီယူတို့နှစ်ဦးစလုံးသည် တပ်ခွဲတစ်ခုစီကို ဦးဆောင်ခဲ့ကြပြီး အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ကြသည်။ ကံမကောင်းစွာဖြင့် လီယူသည် ဝေဖေးရန်ကို သတ်နိုင်ခြင်းမရှိခဲ့ပေ။ ထိုအရာက သူ ဘယ်တော့မှ မမေ့နိုင်သောအချက်တစ်ခု ဖြစ်သည်။

နှစ်အများကြီးကြာပြီးနောက်တွင် ဤယုတ်မာသော ကပ်ပါးကောင်ကို ပြန်တွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤအခွင့်အရေးကို လီယူ လက်လွှတ်ခံမည်မဟုတ်ပေ။

ဝေဖေးရန်က ချက်ချင်းပင် နတ်ဆိုးဂိုဏ်းမှ အခြားသူများကို

“အိမ်ရှေ့မင်းသားကို ခေါ်ပြီး ဆုတ်ခွာကြ”

ဟု ညွှန်ကြားသည်။

ဝေဖေးရန်သည် လီယူ ထိပ်တိုက်မရင်ဆိုင်ရဲပေ။ အထူးသဖြင့် လီယူ၏ဘေးတွင် အရိပ်အယောင် ကောင်းကင်လူသားတစ်ဦးနှင့် အဆင့်လွန် ပညာရှင် ဆယ်ဂဏန်းကျော် ပါလာသောကြောင့် သူ၏ရင်ဆိုင်နိုင်စွမ်းထက် အများကြီး ကျော်လွန်နေသည်။

ထို့ပြင် ယခု သူ့တွင် ပို၍အရေးကြီးသော တာဝန်တစ်ခုရှိသည်။ နတ်ဆိုးဂိုဏ်းသို့ အလျင်အမြန်ပြန်ကာ ရှနိုင်ငံတော်သို့ နေဝင်ဆည်းဆာဓားဂိုဏ်းရောက်ရှိလာကြောင်း ဂိုဏ်းချုပ်ကို အကြောင်းကြားရန်ဖြစ်သည်။

နေဝင်ဆည်းဆာဓားဂိုဏ်းသည် နတ်ဆိုးဂိုဏ်းကို ပစ်မှတ်ထားရန် ရှနိုင်ငံတော်သို့ ရောက်ရှိလာခြင်း ဖြစ်နိုင်သည်။ ယခင်က နတ်ဆိုးဂိုဏ်းနှင့် နေဝင်ဆည်းဆာဓားဂိုဏ်း တိုက်ခိုက်ခဲ့ချိန်တွင် သူတို့၏ဂိုဏ်းချုပ်ကြီးပင် နေဝင်ဆည်းဆာဓားဂိုဏ်းနှင့် တိုင်ချူးနတ်ဘုရားကျောင်းကို ယှဉ်နိုင်ခြင်းမရှိခဲ့ပေ။ သူတို့၏ဂိုဏ်းချုပ်တွင်သာ ထူးခြားသော အသွင်အပြင် မရှိခဲ့ပါက ထိုအချိန်ကတည်းလုံးဝသေဆုံးသွားနိုင်သည်။

ယခု သူတို့၏ဂိုဏ်းချုပ်သည် စွမ်းအားများ ပြန်လည် မရရှိသေးပေ။ နေဝင်ဆည်းဆာဓားဂိုဏ်းကို ရင်ဆိုင်ရန်ပါက အနိုင်ရနိုင်ခြေ မရှိပေ။ အရေးအကြီးဆုံးက နေဝင်ဆည်းဆာဓားဂိုဏ်းနှင့် တိုင်ချူးနတ်ဘုရားကျောင်းတို့သည် မဟာမိတ်များဖြစ်နေကြခြင်းဖြစ်သည်။ နေဝင်ဆည်းဆာဓားဂိုဏ်း ရှနိုင်ငံတော်၌ ရှိနေပြီဆိုပါက တိုင်ချူးနတ်ဘုရားကျောင်းလည်း ရောက်ရှိလာနိုင် ခြေရှိသည်။

ဝေဖေးရန် စကားဆုံးသည်နှင့် သူသည် လီယူနှင့် သူ၏ဘေးမှ အရိပ်အယောင် ကောင်းကင်လူသားကို တိုက်ခိုက်ရန် ချက်ချင်းလုပ်ဆောင်လိုက်သည်။ သူ၏ ဝိညာဉ်ခေါ်အလံကို ချက်ချင်း ထုတ်ယူလိုက်၏။ ထိုအခါ မရေမတွက်နိုင်သော အနက်ရောင်အရိုးစုများ လီယူနှင့် သူ၏အဖွဲ့ဆီသို့ ဦးတည်ပျံသန်းသွားသည်။

......

ဝေဖေးရန်တို့၏ အပြန်အလှန်စကားများကို ကြားသောအခါ လုရိ၏ မျက်နှာ ချက်ချင်းဆိုသလို ဖြူဖျော့သွားသည်။

နတ်ဆိုးဂိုဏ်းပင် ဤအင်အားစုကို ကြောက်ရွံ့သည်ဆိုပါက ယင်းက မည်မျှအစွမ်းထက်နေသနည်း။

လျှို့ဝှက်လဝန်းနန်းတော်အပြင် ရှနိုင်ငံတော်၌ ထိုကဲ့သို့အစွမ်းထက်သော အင်အားစုများ ရှိသေးသလား။

လုရိ တွေးတောနေစဉ် လေပြင်းတစ်ချက်တိုက်ခတ်လာပြီးနောက် တစ်စုံတစ်ဦးက သူ့ကို မလိုက်သလို ခံစားလိုက်ရသည်။ နောက်တစ်စက္ကန့်တွင် နတ်ဆိုးဂိုဏ်းမှ လူတစ်ဦးက လုရိကို ခေါ်ဆောင်ကာ ထွက်ပြေးသွားခဲ့သည်။

ဝေဖေးရန် ကိုယ်တိုင် လုရိကို လာရှာခြင်းမှာ လုရိနှင့် လုချန်းသည် ညီအစ်ကိုများ ဖြစ်သောကြောင့်ဖြစ်သည်။ သူတို့၏ဂိုဏ်းချုပ်သာ လုရိ၏ခန္ဓာကိုယ်ထဲသို့ ဦးစွာဝင်စားနိုင်ခဲ့ပါက သွေးနှောင်ကြိုးကို အသုံးပြု၍ လုချန်းအပေါ် လှည့်ကွက်အချို့ အသုံး‌ပြုနိုင်စရာ ရှိသည်။

သို့သော် သူတို့ ဤနေရာတွင် နေဝင်ဆည်းဆာဓားဂိုဏ်းမှ လူများနှင့် တွေ့ကြုံရမည်ဟုတော့ ဝေဖေးရန် မမျှော်လင့်ခဲ့ပေ။

နတ်ဆိုးဂိုဏ်းက လုရိနှင့်အတူ ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်သောအခါ လီယူက သူ၏ဘေးမှ အရိပ်အယောင် ကောင်းကင်လူသားကို ချက်ချင်းပင်

“ညီလေး။ မင်း လုရိကို သွားရှင်းလိုက်။ ဝေဖေးရန်ကိုတော့ ငါကိုင်တွယ်မယ်။”

လီယူ၏ဘေးမှ လူက

“ဟုတ်ကဲ့” ဟုသာ ပြောလိုက်ပြီး နောက်တစ်စက္ကန့်တွင် သူ၏ခန္ဓာကိုယ်သည် အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လုရိ ထွက်ပြေးနေသည့်ဘက်သို့ ဦးတည်လိုက်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ဝေဖေးရန် ခဏခန့် ကြောင်သွားသည်။ လီယူတို့က သူ့ကိုသက်သက်လာရှာခြင်းဟု ထင်ထားခဲ့သော်လည်း သူက လုရိနောက်သို့ လိုက်ရန် တစ်ယောက်ကို စေလွှတ်ခဲ့သည်။

မဖြစ်ပါ။ လုရိသည် သူတို့၏နတ်ဆိုးဂိုဏ်းအတွက် အရေးပါသောလူဖြစ်သည်။

ဝေဖေးရန်လည်း ချက်ချင်းလိုက်၍ လီယူ၏ ညီငယ်ကို တားဆီးရန် ရည်ရွယ်လိုက်သော်လည်း သူရွေ့လျားရန်ပြင်လိုက်သည်နှင့် လီယူက သူ့ရှေ့သို့ ပေါ်လာကာ သူ၏လမ်းကို ပိတ်လိုက်သည်။

“အကြီးအကဲဝေ။ ဘယ်ကိုသွားဖို့ စဉ်းစားနေတာလဲ”

“အကြီးအကဲဝေ။ ခင်ဗျားက ကျုပ်တို့ရဲ့ နေဝင်ဆည်းဆာဓားဂိုဏ်းက အဖွဲ့ဝင်အများကြီးကို သတ်ခဲ့တယ်။ အကြွေးဆပ်ဖို့ အချိန်တန်ပြီ။”

သူ၏လမ်း ပိတ်ဆို့ခံထားရသည်ကို မြင်သောအခါ ဝေဖေးရန်က အေးစက်စက်ဖြင့် လှောင်ပြုံးပြုံး လိုက်သည်။ သူတို့နှစ်ဦးစလုံးသည် ညီညွတ်ခြင်းအဆင့်ကို ရောက်ရှိနေပြီး အရိပ်အယောင် ကောင်းကင်လူသားများ ဖြစ်သောကြောင့် လီယူကို သူမယှဉ်နိုင်ဟု ဝေဖေးရန် မယုံကြည်ပေ။

ချက်ချင်းပင် ဝေဖေးရန်သည် လီယူဆီသို့ ဦးတည်သွားပြီး တိုက်ပွဲ စတင်လိုက်သည်။

အရိပ်အယောင် ကောင်းကင်လူသားများကြား တိုက်ပွဲသည် ကောင်းကင်လူသားများ တိုက်ပွဲကဲ့သို့ ကြီးကျယ်ခမ်းနားမှု မရှိသော်လည်း အဖျက်စွမ်းအားက ကြီးမားနေဆဲဖြစ်၏။ သစ်တောထဲရှိ သစ်ပင်များ တစ်ပင်ပြီးတစ်ပင် လဲကျသွားခဲ့သည်။

စစ်တပ်စခန်းမှ စစ်သားများလည်း ကြောက်ရွံ့ကာ ဦးတည်ရာမဲ့ ထွက်ပြေးသွားကြသည်။

.....

တစ်ချိန်တည်းမှာပင်...

လီယူ၏ညီသည် လုရိနှင့်အတူ ထွက်ပြေးနေသော နတ်ဆိုးဂိုဏ်းမှ လူကို ပိတ်ဆို့ထားနိုင်လိုက်ပြီဖြစ်သည်။ သို့သော် ထိုလူသည် အရိပ်အယောင် ကောင်းကင်လူသားတစ်ဦး၏ လိုက်လံတိုက်ခိုက်မှုကို အလွန်ကြောက်ရွံ့သဖြင့် လုရိကို ထိုနေရာ၌ပင် စွန့်ပစ်ခဲ့သည်။

ပျံသန်းနေရာမှ ပြုတ်ကျပြီးနောက်တွင် လုရိ လုံးဝကြောင်နေခဲ့သည်။

သူ၏လက်ရှိစိတ်အခြေအနေမှာ နတ်ပြည်မှ ငရဲထဲသို့ လိမ့်ကျသွားသကဲ့သို့ဖြစ်နေသည်။

သူသည် နတ်ဆိုးဂိုဏ်းနှင့် အဆက်အသွယ်လုပ်ရန် ကြိုးစားနေစဉ်တွင် ထိုကဲ့သို့ကြီးမားသောအင်အားစုကို မမျှော်လင့်ပဲ တွေ့ခဲ့ရသည်။

ထိုအခိုက်တွင် လုရိ ချက်ချင်းစိတ်တည်ငြိမ်‌ အောင် လုပ်လိုက်ပြီး အဝေးရှိပုံရိပ်အား

“သခင်ကြီး။ ကျွန်တော်က ရှနိုင်ငံတော်ရဲ့ မင်းသားတစ်ပါးပါ။ နတ်ဆိုးဂိုဏ်းကလူ မဟုတ်ပါဘူး။ သူတို့ရဲ့ ဓားစာခံဖြစ်နေတာပါ။ လူမှားသတ်မိတာမျိုး မဖြစ်ပါစေနဲ့။”

လုရိ စကားမဆုံးသေးခင်မှာပင် လီယူ၏ညီသည် သူ၏ဓားကို ချက်ချင်းဝှေ့ယမ်းလိုက်သည်။ နောက်တစ်စက္ကန့်တွင် လုရိ၏ဦးခေါင်းသည် ခန္ဓာကိုယ်မှ ပြတ်ထွက်သွားခဲ့သည်။

လုရိ အဆုံးသတ်သွားပြီ။

သူသေဆုံးချိန်တွင် လုရိ အလွန်ခံပြင်းနေသေးသည်။ နေဝင်ဆည်းဆာဓားဂိုဏ်းသည် နတ်ဆိုးဂိုဏ်းကို လာရှာခြင်းဖြစ်ပြီး သူက ဤကိစ္စတွင် ရောယှက်ပါဝင်မိရုံမျှသာဖြစ်သည်ဟု တွေးထားခဲ့သည်။ နေဝင်ဆည်းဆာဓားဂိုဏ်းက သူ့ကိုသတ်ရန် အထူးတာဝန်ဖြင့် လာခဲ့ခြင်းဖြစ်ကြောင်းကို သူ မသိခဲ့ပေ။

..............

အခန်း (၇၇၉)

သေပြီးနောက် ဝိညာဉ်တည်ရှိနေသလော

နေဝင်ဆည်းဆာဓားဂိုဏ်း၏ တိုက်ခိုက်ခြင်းကိုခံလိုက်ရသဖြင့် ဝေဖေးရန် ခေါ်ဆောင်လာသည့် တိုင်ယင်ဂိုဏ်းမှ တပည့်များအားလုံးနီးပါး သေဆုံးကုန်ကြသည်။ အခြေအနေမကောင်းမှန်းသိသည့်အခါ ဝေဖေးရန်သည် တိုင်ယင်ဂိုဏ်းချုပ်က ပေးထားသည့် နေရာပြောင်းရွှေ့မှု တံဆိပ်ပြားကို အလျင်အမြန် အသုံးပြုလိုက်လေသည်။

မည်သို့ပင်ဆိုစေကာမူ ဝေဖေးရန်သည် တိုင်ယင်ဂိုဏ်း၏ အဓိက သက်ကြီးပညာရှိတစ်ဦးဖြစ်ပြီး သူတွင် ထူးခြားသော အသက်ကယ်နည်းလမ်းများ ရှိနေခြင်းက မဆန်းကြယ်‌ပေ။

ဝေဖေးရန် ထွက်ပြေးပြီးနောက် လီယူ နောက်မှ ဆက်လိုက်တော့ပေ။ သူတို့၏ အဓိကတာဝန်မှာ မင်းသားလုရိကို သတ်ပြီး သူစုဆောင်းထားသည့် အင်အားများကို လုံးဝ ဖျက်ဆီးပစ်ရန်သာ ဖြစ်သည်။

တိုင်ယင်ဂိုဏ်းကို ဖျက်ဆီးခြင်း နှင့်ပတ်သက်၍တော့ သူတို့၏ သခင်လေး အမိန့်ပေးသည့်အချိန်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။

မင်းသားလုရိ သေဆုံးပြီးနောက် သူစုဆောင်းထားသည့် အင်အားများသည်လည်း အလျင်အမြန် ပြိုကွဲသွားခဲ့ပြီး အများစုမှာ ရှနန်းတွင်းကို လက်နက်ချ အညံ့ခံရန် ဆုံးဖြတ်ခဲ့ကြသည်။

အခြေအနေ ပြောင်းလဲသွားပြီဖြစ်ကြောင်း သူတို့ကောင်းစွာ သဘောပေါက်သွားကြသည်။ ဧကရာဇ်အသစ်ကို ဆက်လက်တိုက်ခိုက်နေပါက ဖျက်ဆီးခံရမည်မှာ အသေအချာပင်။

......

ရက်အနည်းငယ်ကြာသော် မောပန်းနွမ်းနယ်နေသော ဝေဖေးရန်တစ်ယောက် တိုင်ယင်ဂိုဏ်း၏ အဓိကစခန်းသို့ ပြန်ရောက်လာခဲ့သည်။

ဝေဖေးရန်၏ ဆိုးရွားလှသော အခြေအနေကိုမြင်သောအခါ တိုင်ယင်ဂိုဏ်းချုပ် အံ့ဩသွားပြီး

“ဝေအကြီးအကဲ။ ခင်ဗျား ဘာဖြစ်ခဲ့တာလဲ။”

ဝေဖေးရန် ကြမ်းပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်လိုက်ပြီး

“ဂိုဏ်းချုပ်။ ကျွန်တော် တာဝန်ပျက်ကွက်ခဲ့ပါတယ်။ ဂိုဏ်းချုပ်ပေးတဲ့ တာဝန်ကို မပြီးမြောက်နိုင်ခဲ့ပါဘူး။”

ထိုစကားကိုကြားသော် တိုင်ယင်ဂိုဏ်းချုပ် ခဏခန့် ကြောင်သွားသည်။ သူက ဝေဖေးရန်ကို မင်းသားလုရိနှင့် ဆက်သွယ်ရန်သာ တောင်းဆိုခဲ့သည် မဟုတ်လား။ ထိုသို့သော ရိုးရှင်းသည့်အလုပ်ကို အဘယ့်ကြောင့် ပျက်ကွက်ရတာလဲ။

သို့သော် နောက်ကွယ်တွင် ရှုပ်ထွေးမှုများ ရှိရမည်ဟု မကြာမီ တိုင်ယင်ဂိုဏ်းချုပ် သဘောပေါက်သွားပြီး

“ခင်ဗျား ဘာကြုံခဲ့ရလဲဆိုတာ ပြောပြပါ။”

ဝေဖေးရန်က

“ကျွန်တော်တို့ မင်းသားလုရိနဲ့ ဆက်သွယ်နိုင်ခဲ့ပါတယ်။ သူကလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ နေဝင်ဆည်းဆာဓားဂိုဏ်းက လူတွေ ရုတ်တရက် ပေါ်လာခဲ့ပါတယ်။”

ထိုစကားကိုကြားသောအခါ သွေးကန်ထဲမှ သွေးခဲ ရုတ်တရက် တုန်ခါသွားသည်။

“နေဝင်ဆည်းဆာဓားဂိုဏ်း”

ထို့နောက် တိုင်ယင်ဂိုဏ်းချုပ်၏ ခက်ထန်သော အသံ ဆက်လက်ထွက်ပေါ်လာသည်။

“ဆက်ပြော”

ဂိုဏ်းချုပ်က အမိန့်ပေးလိုက်သည်။

ဂိုဏ်းချုပ်သည် ဒေါသထွက်နေသည်ကိုမြင်သော် ဝေဖေးရန်၏ နဖူးတွင် ချွေးသီးများ စီးကျလာပြီး

“နေဝင်ဆည်းဆာဓားဂိုဏ်းက အရိပ်အယောင် ကောင်းကင်လူသား စွမ်းအားရှင် နှစ်ဦးနဲ့ အဆင့်လွန်ပညာရှင် ဆယ်ယောက်ကျော်ကို စေလွှတ်ခဲ့ပါတယ်။ အဲ့ဒီ အရိပ်အယောင် ကောင်းကင်လူသား စွမ်းအားရှင်တစ်ယောက်က ကျွန်တော်နဲ့ သိကျွမ်းပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက ကျွန်တော်တို့ ဂိုဏ်းက နေဝင်ဆည်းဆာဓားဂိုဏ်းကို တိုက်ခိုက်တုန်းက သူ့နဲ့ တိုက်ခိုက်ခဲ့ရပါတယ်။ အဲဒီတုန်းက သူကလည်း အဆင့်လွန်ပညာရှင်တစ်ဦးပါပဲ။”

ထိုမျှဆိုပြီး ဝေဖေးရန်သည် တိုင်ယင်ဂိုဏ်း ချုပ်၏ အမိန့်ကို စောင့်မျှော်ရင်း တိတ်ဆိတ်သွားသည်။

တိုင်ယင်ဂိုဏ်းချုပ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးမှ

“ဒီနေရာကို သူတို့ ရှာတွေ့လိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့မိဘူး။”

နေဝင်ဆည်းဆာဓားဂိုဏ်းသည် သူတို့အတွက် အထူးလာရောက်ခြင်းဟု တိုင်ယင်ဂိုဏ်းချုပ် ယူဆလိုက်သည်။ လွန်ခဲ့သည့်နှစ်များတုန်းက နေဝင်ဆည်းဆာဓားဂိုဏ်းကို ဖျက်ဆီးရန် ကြိုးစားခဲ့စဉ် သူတို့သည် ကျွန်းပေါ်ရှိ လူများစွာကို သတ်ဖြတ်ခဲ့ကြသည်။ နေဝင်ဆည်းဆာဓားဂိုဏ်းက လက်စားချေရန် လာရောက်ခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။

ထိုအချိန်တွင် ဝေဖေးရန်က သတိကြီးစွာဖြင့် မေးလိုက်သည်။

“ဂိုဏ်းချုပ်။ ကျွန်တော်တို့ ဘာလုပ်သင့်ပါသလဲ”

ထိုစကားကိုကြားသော် ခဏခန့် တွေးတောပြီးနောက် တိုင်ယင်ဂိုဏ်းချုပ်က

“ကျန်တဲ့ သက်ကြီးပညာရှင်တွေကို ချက်ချင်း ခေါ်လိုက်။ ကျုပ်တို့ ဒီနေရာကနေ ခဏ ရှောင်ကြရလိမ့်မယ်။ ကျုပ်ရဲ့ စွမ်းအားတွေ အပြည့်အဝ ပြန်မရသေးတော့ နေဝင်ဆည်းဆာဓားဂိုဏ်းက လူတွေနဲ့ တိုက်ရိုက် ရင်ဆိုင်လို့ မရသေးဘူး။”

တိုင်ယင်ဂိုဏ်းချုပ်သည် မကောင်းဆိုးရွား ပညာရှင်တစ်ဦးဖြစ်သော်လည်း လူမိုက်တစ်‌ ‌‌ ယောက်တော့ မဟုတ်ပေ။ အနည်းဆုံးတော့ နေဝင်ဆည်းဆာဓားဂိုဏ်းတွင် ကောင်းကင်လူသားအဆင့် စွမ်းအားရှင်တစ်ဦး ရှိနေပြီး တိုင်ချူးနတ်ဘုရားကျောင်းနှင့်လည်း အလွန်ကောင်းမွန်သည့် ဆက်ဆံရေးရှိနေသည်။

ယခု နေဝင်ဆည်းဆာဓားဂိုဏ်းက လူများသည် ဤနေရာကို ရှာတွေ့နေပြီဖြစ်ရာ တိုင်ချူးနတ်ဘုရားကျောင်းက လူများလည်း လိုက်လာနိုင်ခြေ အလွန်များသည်။ သူ၏စွမ်းအားများ ပြန်မရသေးသောကြောင့် ထိုကြီးမားသည့် အင်အားနှစ်ခုနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိသေးပေ။ ဆက်လက်ပုန်းအောင်းနေခြင်းက အကောင်းဆုံးဖြစ်သည်။

တိုင်ယင်ဂိုဏ်းချုပ်သည် စိတ်ပျက်အားငယ်ခြင်းကိုလည်း ပြင်းထန်စွာ ခံစားနေရသည်။ သာမန်နိမ့်ကျသည့် လောကမှသားများအား အထက်ကျင့်စဉ် လောကမှ စွမ်းအားရှင်တစ်ဦးက ထိတ်လန့်နေရသည့် အဖြစ်ဖြစ်သည်။ ထိုသတင်းသာ အထက်ကျင့်စဉ် လောကသို့ ပြန့်သွားပါက သူ၏မျက်နှာ‌ ဖော်၍ရ‌တော့မည် မဟုတ်ပေ။

တိုင်ယင်ဂိုဏ်းချုပ်၏ စကားကိုကြားသောအခါ ဝေဖေးရန်က ချက်ချင်းပင်

“ဟုတ်ကဲ့ ဂိုဏ်းချုပ်။”

ထို့နောက် တိုင်ယင်ဂိုဏ်းသည် သူ၏လူများအားလုံးကို စုဆောင်းကာ ပင်နန်မြို့မှ ညတွင်းချင်း ထွက်ခွာ၍ တောင်တောင်များထဲ၌ ပြန်လည်ပုန်းအောင်းကြလေသည်။

......

တစ်ဖက်တွင်။

ရှနိုင်ငံတော်။

နေပြည်တော်၌...

လုချန်းသည် စာကြည့်ခန်းထဲတွင် မြို့တော်ပြောင်းရွှေ့ရေးဆိုင်ရာ စာရွက်စာတမ်းများကို စီမံဆောင်ရွက်နေစဉ် တံခါးအပြင်ဘက်မှ ပိုင်ချင်းချင်း၏ အေးစက်စက် အသံ ရုတ်တရက် ပေါ်ထွက်လာသည်။

“မင်းကြီး။ နေဝင်ဆည်းဆာဓားဂိုဏ်းကလူတွေ ဝင်ခွင့် တောင်းပါတယ်။”

လုချန်းက ပုံမှန်လေသံဖြင့်

“ဝင်ခွင့်ပြုလိုက်ပါ။”

နောက်တစ်ခဏတွင် လိီယူနှင့် ရှထျန်းယွမ်တို့နှစ်ဦး စာကြည့်ခန်းထဲသို့ ဝင်လာကြသည်။ ရှထျန်းယွမ် ရောက်ရှိလာသည်ကိုမြင်သော် လုချန်းက

“အခြေအနေဘယ်လိုလဲ ဂိုဏ်းချုပ်။”

လိီယူက ဦးဆောင်ပြီး ဖြေလိုက်သည်။

“ကိစ္စပြီးမြောက်သွားပါပြီ မင်းကြီး။ မင်းသားလုရိ စုဆောင်းထားတဲ့ အင်အားစုအားလုံးလည်း သူတို့ဘာသာသူတို့ အညံ့ခံခဲ့ကြပါတယ်။”

ထိုစကားကိုကြားသော် လုချန်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ခေါင်းဆောင်ကို ဖြတ်တောက်ခြင်း ဗျူဟာသည် အမှန်တကယ် အကျိုးသက်ရောက်မှုရှိသည်။

ယခု သူ့ထံ၌ နေဝင်ဆည်းဆာဓားဂိုဏ်းနှင့် တိုင်ချူးနတ်ဘုရားကျောင်းဟူသော အင်အားစုကြီးများကို ပိုင်ဆိုင်ထားပြီဖြစ်ရာ နိုင်ငံအများအပြားကို ပေါင်းစည်းရန်အတွက်လည်း ခေါင်းဖြတ်မဟာဗျူဟာကို အသုံးပြုသင့်ပေသည်။

ထိုအတွေးနှင့်အတူ လုချန်း အနည်းငယ် နောင်တရမိသည်။ သူ အချိန်အကြာကြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားခဲ့သော ယမ်းလက်နက်များ ဤမျှမြန်မြန် အသုံးမဝင် ဖြစ်သွားမည်ဟု မမျှော်လင့်ခဲ့ပေ။

ထိုအချိန်တွင် လိီယူက ဆက်လက်၍

“မင်းကြီး။ ကျွန်တော်တို့ရဲ့ တာဝန်ကို ထမ်းဆောင်နေတုန်း တိုင်ယင်ဂိုဏ်းက အရိပ်အယောင် ကောင်းကင်လူသားတစ်ယောက်ကို တွေ့ခဲ့ရပါတယ်။”

ထိုစကားကိုကြားသော် လုချန်းသည် အံ့အားသင့်သွားသော်လည်း မကြာမီပင် သဘောပေါက်သွားသည်။ မင်းသားလုရိသည် ရွှီလင်လုံကိုရှာပြီး တိုင်ယင်ဂိုဏ်းတို့နှင့် ဆက်သွယ်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ တိုင်ယင်ဂိုဏ်းကလည်း ဤအကြောင်းကို သိရှိပြီး မင်းသားလုရိကို ချဉ်းကပ်ခဲ့ခြင်းဖြစ်မည်။

ရှထျန်းယွမ်က

“မင်းကြီး သွေးဆာတဲ့ သဘာဝရှိတဲ့ တိုင်ယင်နတ်ဆိုးဂိုဏ်းဟာ ရှနိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေပါတယ်။ သူတို့ရှိနေသရွေ့ ရှနိုင်ငံတော်ဟာ စိတ်မအေးချမ်းနိုင်ပါဘူး။ နိုင်ငံကြီး‌တွေကို မကိုင်တွယ်ခင်မှာ တိုင်ယင်ဂိုဏ်းကို ဖယ်ရှားပစ်ဖို့ အကြံပြုလိုပါတယ်။”

ရှထျန်းယွမ်၏ စကားကိုကြားပြီးနောက် လုချန်း အတွေးထဲနစ်မြောသွားသည်။ တိုင်ယင်ဂိုဏ်းက အမှန်တကယ်ကို အန္တရာယ်တစ်ခုဖြစ်သည်။

ထို့ပြင် တိုင်ယင်ဂိုဏ်းချုပ် သခင်သည် ဤလောကမှ မဟုတ်သည့်အပြင် သူ့ထံ၌ မည်သို့သော ဆိုးယုတ်သည့် နည်းလမ်းများ ရှိနေသည်ကိုလည်း မည်သူမှ မသိပေ။

ခဏခန့် စဉ်းစားပြီးနောက် လုချန်းက ရှထျန်းယွမ်ကို ကြည့်ကာ

“ဂိုဏ်းချုပ်ရှ။ တိုင်ယင်ဂိုဏ်း ကိစ္စကို နေဝင်ဆည်းဆာဓားဂိုဏ်းကို အပ်နှံမယ်။ အခက်အခဲ တစ်စုံတစ်ရာ ရှိရင် ကျွန်တော့်ကို ချက်ချင်း အသိပေးပါ။”

ရှထျန်းယွမ်က ချက်ချင်းပင် ဦးညွှတ်ကာ

“အမိန့်အတိုင်းပါ မင်းကြီး။”

နေဝင်ဆည်းဆာဓားဂိုဏ်းက တိုင်ယင်ဂိုဏ်းကို ဖျက်ဆီးနိုင် မနိုင်ဆိုသည်ကို လုချန်းလည်း သေချာမသိပေ။ မည်သို့ပင် ဖြစ်စေကာမူ တိုင်ယင်ဂိုဏ်းချုပ်သည် ယခင်က နေဝင်ဆည်းဆာဓားဂိုဏ်းနှင့် တိုင်ချူးနတ်ဘုရားကျောင်းတို့၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ ယခုမှ သူပြန်လည်ရှင်သန်လာခဲ့ခြင်းဖြစ်သည်။

ဤတစ်ကြိမ် တိုင်ယင်ဂိုဏ်းကို ဖျက်ဆီးနိုင်ခဲ့လျှင်ပင် အချိန်အနည်းငယ်ကြာပြီးနောက် တိုင်ယင်ဂိုဏ်းချုပ် ပြန်လည်ရှင်သန်လာနိုင်ခြေ ရှိနေသည်။

မကောင်းဆိုးရွား ကျင့်စဉ်ကျင့်သည့် တိုင်ယင်ဂိုဏ်းချုပ် နှင့်ပတ်သက်ပြီး လုချန်း အများကြီးမသိပေ။ သူသည် ကောင်းကင်လူသားအဆင့်ကိုပင် မရောက်သေးသည့်အတွက် ကျင့်စဉ်လမ်းကြောင်း၏ တံခါးဝသို့ပင် မနင်းနိုင်သေးပေ။

ရှထျန်းယွမ်က ဆက်ပြောသည်။

“မင်းကြီး။ တခြားကိစ္စ မရှိရင် ကျွန်တော်တို့ကို ခွင့်ပြုပါ။”

လုချန်းက

“လုပ်စရာရှိတာ ဆက်လုပ်ပါ။”

ရှထျန်းယွမ်နှင့် လိီယူတို့က တစ်ပြိုင်တည်း

“သွားခွင့်ပြုပါ။”

နှစ်ဦးစလုံး စာကြည့်ခန်းမှ ထွက်ခွာပြီးနောက် လုချန်းသည် ထိုင်နေရာမှ ထကာ တံခါးဆီသို့ တည့်တည့်လျှောက်သွားသည်။

ယနေ့တွင် သူ စာကြည့်ခန်းမှ အစောကြီး ထွက်သွားသည်ကိုမြင်သောအခါ တံခါးဝရှိ ပိုင်ချင်းချင်း အံ့အားသင့်သွားသည်။

အခုတလော လုချန်းသည် ညနက်သန်းခေါင်အထိ စာကြည့်ခန်းတွင် ညစဉ် အချိန်ဖြုန်းနေခဲ့ပြီး သူမက အနားယူရန် အမြဲသတိပေးနေရသည်။ ယခုမူ ညစာမစားမီပင် သူကိုယ်တိုင် ထွက်လာခဲ့ခြင်းဖြစ်သည်။

ပိုင်ချင်းချင်းက ချက်ချင်း မေးလိုက်သည်။

“မင်းကြီး။ တစ်ခုခု စားသုံးဖို့ အလိုရှိပါလား။”

လုချန်းက

“အခုတော့ မလိုသေးဘူး။ ကိုယ် လင်လုံနန်းဆောင်ကို သွားမယ်။”

ပိုင်ချင်းချင်းက

“ဟုတ်ကဲ့။”

ထို့နောက် ပိုင်ချင်းချင်းက လုချန်းကို လင်လုံနန်းဆောင်သို့ လိုက်ပို့လိုက်သည်။

ထိုအချိန်တွင် ရွှီလင်လုံသည် အနက်ရောင်ပိုးသား ဝတ်စုံကို ဝတ်ဆင်ကာ အိပ်ရာပေါ်တွင် လေးလေးပင်ပင် လှဲလျောင်းနေသည်။ အနက်ရောင်ပိုးသားသည် အလွန်ပါးလွှာသဖြင့် သူမ၏ ဖြူဖွေးသော အသားအရေကို မြင်နေရသည်။ ရှည်လျားပြီး ဖြူဖွေးသော ခြေထောက်များလည်း ပေါ်နေပြီး ဆွဲဆောင်မှု အလွန်ရှိနေသည်။

“ဟူး...”

ရွှီလင်လုံသည် သက်ပြင်းချလိုက်ပြီးနောက် သူမ၏ သွယ်လျသော လက်ချောင်းလေးဖြင့် ဗိုက်ကို ထိလိုက်သည်။

ဤရက်များတွင် ထိုလူယုတ်မာသည် သူမဆီသို့ နေ့စဉ်ရောက်လာပြီး ဗိုက်ကို ပြည့်နေစေသည်။

ဒါတွေ မည်သည့်အချိန်မှ အဆုံးသတ်မည်နည်း။

သူမ နေ့စဉ်ထိုသို့ မလုပ်နိုင်ပေ။

ရွှီလင်လုံ၏ စိတ်ထဲ တွေးလိုက်သည်။ သူမ ထွက်ပြေးသင့်ပုံရသည်။ ဤအတိုင်းဆိုလျှင် သူမ ရူးသွားလိမ့်မည်။

ထိုအတွေးနှင့်အတူ ရှက်ရွံ့မှုတစ်ခု သူမ ခံစားလိုက်ရသည်။ သူမသည် နတ်ဆိုးဂိုဏ်းကြီးတစ်ခု၏ မှော်ဆရာမ တစ်ဦးဖြစ်သော်လည်း ယောက်ျားတစ်ဦးကို မနိုင်နိုင်ပေ။

သူမနှင့်နှိုင်းယှဉ်လျှင် ထိုလူသာလျှင် မကောင်းဆိုးရွား အစစ်ဖြစ်သည်။

ထိုအချိန်တွင် ရွှီလင်လုံ နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။

ရုတ်တရက် အစေခံတစ်ဦး၏ အသံ အပြင်မှ ပေါ်ထွက်လာသည်။

“မင်းကြီးကို ဂါရဝပြုပါတယ်။”

အစေခံ၏ အသံကိုကြားသောအခါ ရွှီလင်လုံ၏ ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားသည်။ ညပင်မရောက်သေးပါ။ ယနေ့ သူ အဘယ်ကြောင့် ဤမျှစောစော ရောက်လာရသနည်း။

အိပ်ရာမှ အလျင်အမြန် ထကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။ သူမ တံခါးသို့ ရောက်သည်နှင့် လုချန်းက တံခါးကို တွန်းဖွင့်ပြီး ဝင်လာသည်။

ရွှီလင်လုံသည်လည်း အလျင်အမြန်ပင်

“ကျွန်မ မင်းကြီးကို ဂါရဝပြုပါတယ်။”

ရွှီလင်လုံ၏ ရိုသေလေးစားစွာ ဂါရဝပြုခြင်းကိုမြင်သောအခါ လုချန်း ပြုံးလိုက်သည်။

“ဒါက မင်းမဟုတ်သလိုပဲ။ မင်း ဘယ်တုန်းက ဒီလောက် ယဉ်ကျေးလာတာလဲ ”

ထိုစကားကိုကြားသော် ရွှီလင်လုံ စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ အကယ်၍ သူမ သာ ယဉ်ကျေးမှု မပြသပါက ယနေ့ညတွင် ဒုက္ခရောက်ရမည်မှာ သေချာသည်။

သူမ၏ သေးငယ်သော ပုန်ကန်မှုတစ်ခုကပင် ဤလူ၏ ကြမ်းတမ်းသော စရိုက်ဘက်ကို နှိုးဆွလိမ့်မည်ဖြစ်ကြောင်း သူမ သတိပြုမိခဲ့သည်မှာ ကြာပြိီဖြစ်သည်။

ရွှီလင်လုံက မေးလိုက်သည်။

“မင်းကြီး။ ဒီနေ့ ဘာလို့ စောစောရောက်လာရတာလဲ။ အရင်ရက်တွေက အလုပ်တွေ အရမ်းများနေတယ် မဟုတ်လား။”

လုချန်းက ရွှီလင်လုံ၏ လက်မောင်းကို ဆွဲကာ သူမ၏ ခန္ဓာကိုယ်ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ ထို့နောက် သူမကို ညင်သာစွာ ပွတ်သပ်ရင်း

“ဘာလဲ။ ကိုယ့်ကိုတွေ့ရတာ မပျော်ဘူးလား”

ရွှီလင်လုံက ချက်ချင်းပင် ဖြေသည်။

“ကျွန်မ ဘယ်လိုများ မပျော်ရဲပါ့မလဲ။”

ရွှီလင်လုံ၏ ခန္ဓာကိုယ်ပေါ်ရှိ ပိုးသားအဝတ်သည် ထိတွေ့ရသည်မှာ ချောမွေ့လှ၏။ထို့နောက် လုချန်းက ရွှီလင်လုံ၏ နူးညံ့သော ကိုယ်ခန္ဓာကို ပွေ့ချီကာ အိပ်ရာဆီသို့ တည့်တည့်မတ်မတ် ဦးတည်လိုက်သည်။

ထိုအဖြစ်ကို မြင်သောအခါ ရွှီလင်လုံတွင် ပြောစရာ စကားမရှိတော့။

ထပ်ဖြစ်ပြန်ပြီ။

သို့သော် ရွှီလင်လုံကို အံ့အားသင့်စေသည်မှာ လုချန်းက သူမကို အိပ်ရာသို့ ခေါ်ဆောင်လာပြီးနောက် သူမ၏ ခန္ဓာကိုယ်ကို ဖက်ထားရုံမှလွဲ၍ မကောင်း‌သော အရာတစ်ခုမှ ချက်ချင်း မလုပ်ခဲ့ပေ။

ရွှီလင်လုံ၏ ကိုယ်ခန္ဓာကို ပွတ်သပ်နေစဉ် လုချန်းက

“ကိုယ် ဒီနေ့ ရောက်လာတာ တိုင်ယင်ဂိုဏ်းအကြောင်း မေးစရာရှိလို့။”

ထိုစကားကိုကြားသောအခါ ရွှီလင်လုံသည် လန့်သွားပြီး

“မင်းကြီး။ ကျွန်မ တိုင်ယင်ဂိုဏ်းအကြောင်း အားလုံးပြောပြပြီးပြီ မဟုတ်လား။”

လုချန်းက

“အသေးစိတ်ကို သိချင်တယ်။”

ဆက်လက်ပြီး သူက

“ဥပမာ တိုင်ယင်ဂိုဏ်းချုပ် ဘယ်လိုပြန်ရှင်လာခဲ့တာလဲ။”

လုချန်း၏ ပထမဆုံး မေးခွန်းကိုကြားသောအခါ ရွှီလင်လုံ ခဏခန့် စဉ်းစားလိုက်ပြီး

“တိုင်ယင်ဂိုဏ်းမှာ ဝိညာဉ်စုဆောင်းတဲ့ ခေါင်းတလား ရှိပါတယ်။ ဂိုဏ်းချုပ်ရဲ့ ခန္ဓာကိုယ် ပျက်စီးသွားပေမဲ့ သူ့ရဲ့ဝိညာဉ်ကတော့ ပျက်စီးသွားခြင်း မရှိပါဘူး။ တိုင်ယင်ဂိုဏ်းက သူ့ရဲ့ဝိညာဉ်ကို သွေးစွမ်းအင်နဲ့ အမြဲတမ်း ပြုစုပျိုးထောင်ပေးခဲ့တာမို့ သူ့ဝိညာဉ် ပြန်နိုးထလာတာပါ”

“တကယ်တော့ သူ့ကို တကယ်ပြန်ရှင်လာတယ်လို့တော့ မယူဆနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့မှာ ကိုယ်ခန္ဓာ မရှိသေးလို့ပါ။”

လုချန်းက

“ဒါဆို သေပြီးနောက်မှာ ဝိညာဉ်က ရှိနေသေးတယ်လို့ ဆိုလိုတာလား။”

ရွှီလင်လုံက

“ကျွန်မ မသိပါဘူး။”

လုချန်း ဆက်ပြောရန် ပြင်လိုက်စဉ် စနစ်၏ အသိပေးချက် ပေါ်လာသည်။

[ကောင်းကင်လူသားအဆင့်နှင့် အထက်ရှိ စွမ်းအားရှင်များ၏ ဝိညာဉ်များသည် ပိုမိုအားကောင်း၏။ ကိုယ်ခန္ဓာ ပျက်စီးသွားလျှင်ပင် သက်တမ်းမကုန်သေးသရွေ့ ဝိညာဉ်သည် အလွယ်တကူ ပျက်သုဉ်းမသွားပေ။]

...........

အခန်း (၇၈၀)

တိုင်ယင်ကျမ်းစာ၏ အခန်းကဏ္ဍ

စနစ်၏ အချက်ပေးသံကိုကြားပြီး လုချန်း အနည်းငယ် အံ့အားသင့်သွားက အကြောင်းအရင်းကို သဘောပေါက်လိုက်သည်။ တိုင်ယင်ဂိုဏ်းချုပ်သည် သူ မသေဆုံးမီ ကောင်းကင်လူသားအဆင့်တွင် ရှိနေခဲ့ပုံရသည်။

လုချန်း တိတ်ဆိတ်သွားသည်ကိုမြင်သော် ရွှီလင်လုံက

“မင်းကြီး။ မင်းကြီးက တိုင်ယင်ဂိုဏ်းကို အရေးယူဖို့ စီစဉ်နေလို့ တိုင်ယင်ဂိုဏ်းချုပ် အကြောင်း ရုတ်တရက် စုံစမ်းတာလား။”

လုချန်း သတိပြန်ဝင်လာပြီး ပြုံးကာ

“ဘာမှမဟုတ်ပါဘူး။ ကိုယ် အမှတ်မထင် မေးလိုက်တာပါ။”

လုချန်း၏ သာမန်ကာလျှံကာ အဖြေကိုကြားသောအခါ ရွှီလင်လုံက သနားစဖွယ်ဟန်ဆောင်ကာ

“ဟင့် ဟင့် ။ မင်းကြီးက ကျွန်မကို အခုထိ ယုံကြည်မှုမရှိသေးဘူးပဲ။”

ရွှီလင်လုံ၏ သနားစဖွယ် ဟန်ဆောင်မှုများကိုမြင်သော် လုချန်းက သူမ၏ တင်ပါးကို ရိုက်လိုက်ပြီး ပြုံးကာ

“ဒီရက်တွေမှာ ကိုယ် နည်းနည်း ဒေါသထွက်နေတယ်။”

လုချန်း စကားဆုံးသည်နှင့် ရွှီလင်လုံလည်း ဟန်ဆောင်မှုများကို ချက်ချင်းရပ်လိုက်ပြီး အလျင်အမြန်ပင်

“မင်းကြီး။ တိုင်ယင်ဂိုဏ်းကို ဖယ်ရှားပစ်ဖို့ဆိုတာ လွယ်မှာတော့ မဟုတ်ဘူး။”

လုချန်းက

“ဘာလို့လဲ”

ရွှီလင်လုံက

“တိုင်ယင်ဂိုဏ်းချုပ်က အလွန်သတိကြီးတဲ့သူပါ။ အကယ်၍ တစ်ခုခုမှားနေတာကို သူရိပ်မိလိုက်ရင် သူက တိုင်ယင်ဂိုဏ်းကို ချက်ချင်း ပုန်းခိုင်းထားလိမ့်မယ်။ ပြီးတော့ သူတို့ကို ပြန်ရှာတွေ့ဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်မဟုတ်ဘူး။”

ရွှီလင်လုံသည် မူလက တိုင်ယင်ဂိုဏ်း၏ အဖွဲ့ဝင်ဖြစ်သောကြောင့် ဂိုဏ်း၏ အခြေအနေများကို နားလည်ထားသည်။

ရွှီလင်လုံ၏ သတိပေးစကားကိုကြားပြီး လုချန်း ခဏခန့် တွေးတောလိုက်သည်။

အကယ်၍ တိုင်ယင်ဂိုဏ်းမှ လူများ ပုန်းအောင်းသွားပါက သူတို့ကို ရှာဖွေရန် မလွယ်ကူသည်မှာ အမှန်ပင်။ ထို့နောက် လုချန်းက ရွှီလင်လုံကို မေးလိုက်သည်။

“နတ်ဆိုး ဂိုဏ်းဝင်တွေနဲ့ သာမန်လူတွေကို ခွဲခြားဖို့ နည်းလမ်းရှိလား။”

ရွှီလင်လုံက

“မရှိဘူးလို့ ထင်ပါတယ်။”

“လူအများကြီး သတ်ထားတဲ့ နတ်ဆိုး ဂိုဏ်းဝင်တွေဆိုရင်တော့ သူတို့ရဲ့ သွေးစွမ်းအင် အငွေ့အသက်က အရမ်းလေးလံနေတယ်။ အဲဒီလိုလူတွေကိုတော့ ခွဲခြားဖို့ လွယ်ပါတယ်”

“ဒါပေမဲ့ လူအများကြီး သတ်ထားတဲ့သူတွေ က နတ်ဆိုးဂိုဏ်းကချည်းပဲ မဟုတ်ဘူး။ တချို့ အဓိက အင်အားစုတွေကလည်း ပေါ့ပေါ့တန်တန် လူတွေသတ်ဖြတ်တတ်ကြတော့ သူတို့ရဲ့ သွေးစွမ်းအင် အငွေ့အသက်ကလည်း လေးလံနေတတ်တာပဲ။”

“နောက်ပြီး တိုင်ယင်ဂိုဏ်းက သက်ကြီးပညာရှင်အချို့မှာ သူတို့ရဲ့ သွေးစွမ်းအင် အငွေ့အသက်ကို ဖိနှိပ်နိုင်တဲ့ နည်းလမ်းတွေရှိတော့ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က သွေးစွမ်းအင် အငွေ့အသက်က ပါးကွက်သားတစ်ယောက်ထက်တောင် ပိုပေါ့ပါးနေပါတယ်။”

ထိုစကားကိုကြားသောအခါ လုချန်း နောက်တစ်ကြိမ် အတွေးထဲနစ်မြောသွားသည်။ ထိုသို့ဆိုလျှင် တိုင်ယင်ဂိုဏ်း ပုန်းအောင်းသွားပါက သူတို့ကို ရှာဖွေရန် ခက်ခဲလိမ့်မည်မှာ အမှန်ပင်။

ထိုအချိန်တွင် လုချန်း၏လက်သည် ရွှီလင်လုံ၏ ဝတ်စုံအောက်သို့ ရုတ်တရက်ရောက်သွားသည်။ ရွှီလင်လုံလည်း ရုတ်တရက် အော်ဟစ်ရန် ပြင်လိုက်သော်လည်း ချက်ချင်းပင် ထိန်းချုပ်လိုက်သည်။

သူမ ဤလူယုတ်မာကို မနှိုးဆွလိုပေ။

ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ရွှီလင်လုံက ဆက်ပြောလိုက်သည်။

“ဟုတ်သားပဲ မင်းကြီး။ ကျွန်မ ကြားတာက တိုင်ယင်ကျမ်းစာကို ကျင့်ကြံလိုက်ရင် တိုင်ယင်ဂိုဏ်းက တပည့်တွေအားလုံးရဲ့ တည်နေရာကို သိနိုင်တယ်တဲ့။”

လုချန်းသည် သတိပြန်ဝင်လာပြီး စူးစမ်းစွာဖြင့် မေးလိုက်သည်။

“ဒီလောက်တောင် အစွမ်းထက်လား။”

ရွှီလင်လုံက ဆက်လက်ပြောသည်။

“ဒါပေမဲ့ တိုင်ယင်ကျမ်းစာကို ကျင့်ကြံဖို့ မလွယ်ဘူး။ တိုင်ယင်ဂိုဏ်းချုပ်က တိုင်ယင်ကျမ်းစာကို ကျွန်မတို့ဆီ ပေးပြီးနောက်ပိုင်း အခုထိ တိုင်ယင်ဂိုဏ်း တစ်ခုလုံးမှာ ဒုတိယအဆင့်အထိ ကျင့်ကြံနိုင်တဲ့လူ တစ်ယောက်မှ မရှိသေးဘူး။”

စူးစမ်းစိတ်ဖြင့် လုချန်းက

“ဒုတိယအဆင့်ကို ဘယ်သူမှ မရောက်ခဲ့ဘူးဆိုတော့ ပထမအဆင့်ကိုတော့ တစ်ယောက်ယောက်က ရောက်ခဲ့တာပေါ့။”

ရွှီလင်လုံက

“သက်ကြီးပညာရှင် အချို့က ပထမအဆင့်ကို ရောက်ခဲ့ကြပါတယ်။ မင်းကြီးနဲ့ ပူးတွဲ ကျင့်ကြံပြီး နောက်မှာတော့ ကျွန်မလည်း ပထမအဆင့်ကို အမြန်ရောက်ရှိခဲ့ပါတယ်။”

“မင်းက ပထမအဆင့်ကို ရောက်နေပြီဆိုတော့ တခြားသူတွေရဲ့ နေရာကို သိနိုင်ပြီလား။”

ရွှီလင်လုံက

“မဖြစ်နိုင်ပါဘူး။ တိုင်ယင်ကျမ်းစာကို အနည်းဆုံး တတိယအဆင့်အထိ ရောက်မှသာ တခြားတပည့်တွေရဲ့ နေရာကို သိနိုင်မယ့် အစွမ်း ရပါတယ်။”

ထိုစကားကိုကြားပြီးနောက် လုချန်း ခဏမျှ တွေးတောပြီးမှ

“မင်းရဲ့ တိုင်ယင်ကျမ်းစာကို ကိုယ့်ကို ပြပါဦး။”

စကားဆုံးသည်နှင့် လုချန်း လက်ကိုမြှောက်လိုက်ရာ စာရေးကိရိယာများ ရွှီလင်လုံထံသို့ ပျံသန်းလာသည်။ သူမက ကလောင်တံကိုယူပြီး စာရွက်ပေါ်တွင် စတင်ရေးသားသည်။

မကြာမီ တိုင်ယင်ကျမ်းစာ၏ မန္တန်ကို စာရွက်ပေါ်တွင် ရေးပြီးသွားသည်။ လုချန်းလည်း စာရွက်ပေါ်ရှိ မန္တန်ကို စတင်ဖတ်ကြည့်လိုက်ပြီး တစ်ခုခုပြောရန် ပြင်ဆင်လိုက်စဉ် စနစ်၏ အချက်ပေးသံ ပေါ်လာသည်။

[မပြည့်စုံသော ကျင့်စဉ်ကို တွေ့ရှိသည်။ ပေါင်းစပ်လိုပါသလား]

စနစ်၏ အချက်ပေးသံကိုကြားသော် လုချန်းခဏမျှ ကြောင်သွားသည်။ မပြည့်စုံသော ကျင့်စဉ်တဲ့လား။

တိုင်ယင်ကျမ်းစာက မပြည့်စုံဘူးလား။

ထို့နောက် လုချန်းက စနစ်ကို

“ပေါင်းစပ်လိုက်။”

နောက်တစ်ခဏတွင် တိုင်ယင်ကျမ်းစာပါ အကြောင်းအရာများ လုချန်း၏ ဦးနှောက်ထဲသို့ ပေါင်းစပ်သွားပြီး ထိုကျင့်စဉ်ကို မည်သို့ ကျင့်ကြံရမည်ကို သူ သိရှိသွားသည်။

သို့သော် လုချန်း ချက်ချင်း မကျင့်ကြံသေးပေ။

တိုင်ယင်ဂိုဏ်းချုပ်က တိုင်ယင်ကျမ်းစာ၏ ပထမအဆင့်ကိုသာ ဂိုဏ်း၏တပည့်များကို ရည်ရွယ်ချက်ရှိရှိ ပေးထားသည်ဟု သူ သံသယရှိနေသည်။ ထို့ကြောင့် တိုင်ယင်ဂိုဏ်း၏ တပည့်များ မည်သို့ပင် ကျင့်ကြံစေကာမူ ပထမအဆင့်ကိုသာ ရောက်နိုင်သည်။

ထိုနည်းဖြင့် တိုင်ယင်ဂိုဏ်းချုပ်သည် တိုင်ယင်ကျမ်းစာမှတစ်ဆင့် ထိုတပည့်များ၏ နေရာကို သိနိုင်သော်လည်း တပည့်များကတော့ ၎င်းကို အသုံးပြု၍ သူ၏နေရာကို ပြန်လည်သိရှိနိုင်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။

ပြီးပြည့်စုံသော တွက်ချက်မှုဖြစ်သည်။

ထိုအချိန်တွင် စနစ်၏ အချက်ပေးသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

[တိုင်ယင်ကျမ်းစာကို ပြုပြင်နိုင်သည့် အလားအလာကို တွေ့ရှိ]

အချက်ပေးသံကိုကြားသော် လုချန်း အနည်းငယ် လန့်သွားသည်။ သူ၏စနစ်တွင် မပြည့်စုံသော ကျင့်စဉ်များကို ပြုပြင်နိုင်သည့် စွမ်းရည်ရှိသလား။

ဇဝေဇဝါဖြစ်ကာ လုချန်းက စိတ်ထဲမှ မေးလိုက်သည်။

“ကျွန်ုပ်ဆုလာဘ်က ကလေးရဖို့ဆိုပြီး ထင်ထားတာ။ ခင်ဗျားက ကျင့်စဉ်တွေကိုပါ ပြုပြင်နိုင်တာလား။”

[သခင့်အနေနဲ့ သားသမီးရတနာနဲ့ ဆက်စပ်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ဖို့ပဲ လိုအပ်ပါတယ်။ ထိုအခါ စုဆောင်းထားတဲ့ မပြည့်စုံတဲ့ ကျင့်စဉ်တွေကို ပြုပြင်နိုင်ပါတယ်]

လုချန်းသည် ခဏတာမျှ ကြောင်သွားသည်။ ထိုသို့တကယ် ဖြစ်နိုင်သလား။

ထိုအချိန်တွင် လုချန်း၏ အကြည့်က ရွှီလင်လုံ၏ လှပသော ပုံရိပ်အပေါ် ကျရောက်လာသည်။

စနစ်က သားသမီးရတနာနှင့် ပတ်သက်သည့် ကိစ္စရပ်များက မပြည့်စုံသော ကျင့်စဉ်တစ်ခုကို ပြုပြင်ပေးနိုင်သည်ဟု ပြောထားသောကြောင့် သူ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

လုချန်းက သူမကို ထိုသို့ အပြင်းအထန် စိုက်ကြည့်နေသည်ကိုမြင်သောအခါ ရွှီလင်လုံ၏ နှလုံးခုန်နှုန်း မြန်ဆန်သွားပြီး သူမ၏ ခန္ဓာကိုယ်လည်း အနည်းငယ် တုန်ယင်သွားသည်။

“မင်းကြီး ဘာလို့ ကျွန်မကို ဒီလိုကြည့်နေတာလဲ”

လုချန်းက ပြုံးကာ

“ဒီနေ့ မင်းက အရင်ကထက် ပိုပြီး ချစ်စရာကောင်းနေတယ်လို့ ရုတ်တရက် ခံစားလိုက်ရလို့ပါ။”

ရွှီလင်လုံသည် ခဏမျှ အံ့အားသင့်သွားသော်လည်း သူမ တစ်စုံတစ်ရာ မပြောနိုင်ခင်မှာပင် လုချန်းက သူမကို အိပ်ရာပေါ်သို့ ဖိချလိုက်ပြီး သူမ၏ နီရဲသော နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းဖြင့် ဖိကပ်လိုက်သည်။

“အွမ် အွမ် ”

ရုန်းကန်မှု အနည်းငယ်ပြုလုပ်ပြီးနောက် ရွှီလင်လုံသည် လက်လျှော့လိုက်ပြီး လုချန်း သဘောအတိုင်း လုပ်ခွင့်ပြုလိုက်သည်။

ရွှီလင်လုံကို နမ်းနေစဉ် လုချန်းသည် စနစ်၏ မျက်နှာပြင်ကို မျက်စိထောင့်မှ အကဲခတ်ကြည့်နေသည်။

[တိုင်ယင်ကျမ်းစာ ပြုပြင်နေသည်... ၁၅%... ၁၆%... ၁၇%.]

ဤအရာကို မြင်လိုက်ရသည်နှင့် လုချန်း စိတ်ထဲတွင် တွေးမိသည်။ ကျင့်စဉ်ကို တကယ်ပင် ပြန်လည်ပြုပြင်နိုင်သည်။ နမ်းရုံမျှဖြင့် ဤမျှလောက် ပြုပြင်နိုင်ပါက ပိုမိုနီးကပ်သော အပြုအမူများဖြင့် ပိုမိုမြန်ဆန်စွာ ပြုပြင်နိုင်ပေမည်။

ထိုသို့တွေးလိုက်သောအခါ လုချန်း၏ လက်သည် ရွှီလင်လုံ အနှစ်သက်ဆုံးဖြစ်သည့် အနက်ရောင် ပိုးသားဝတ်စုံကို အတင်းအကျပ် ဆွဲဖြဲလိုက်ပြီး ဖျက်ဆီးပစ်သည်။

ရွှီလင်လုံ စိတ်မကောင်းဖြစ် သွားသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ အနက်ရောင်ပိုးသား အများအပြား ပေးပို့စေခဲ့သော်လည်း လုချန်းက အားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။

နှစ်နာရီကြာပြီးနောက်...

လုချန်းသည် ရွှီလင်လုံကို ပွေ့ဖက်ထားရင်း စနစ်မျက်နှာပြင်ကို ကြည့်နေသည်။

လုချန်းက ဆက်မလုပ်တော့သည်ကိုမြင်သောအခါ ရွှီလင်လုံဇဝေဇဝါဖြစ်သွားသည်။ ယနေ့ သူက အဘယ်ကြောင့် သဘောထားကြီးသွားရသနည်း။

ထိုသို့မဖြစ်သင့်ပေ။

အရင်က ဤလူသည် သူမ တောင်းပန်မှသာ ရပ်တန့်လေ့ရှိသည်။

ထိုအချိန်တွင် စနစ်မျက်နှာပြင်၌

[တိုင်ယင်ကျမ်းစာကို အပြည့်အစုံ ပြုပြင်ပြီးစီးပါပြီ]

လုချန်းက စနစ်ကို

“ဒီကျင့်စဉ်က ကျွန်ုပ်အပေါ်မှာ ဆိုးကျိုး မရှိဘူးလား။ ကျွန်ုပ် ဒါကို ကျင့်ကြံလို့ရရဲ့လား”

[ဆိုးကျိုး မရှိပါ။ သခင့်အနေနဲ့ ဒီကျင့်စဉ်ကို ကျင့်စဉ်မျက်နှာပြင်ထဲ ထည့်ပြီး တခြားကျင့်စဉ်တွေနဲ့အတူ ကျင့်ကြံဖို့ပဲ လိုအပ်ပါတယ်]

စနစ်၏ အဖြေကိုကြားသောအခါ တိုင်ယင်ကျမ်းစာကို စနစ်၏ကျင့်စဉ် ကဏ္ဍထဲသို့ လုချန်း ချက်ချင်း ထည့်သွင်းလိုက်သည်။

ထို့စဉ် လုချန်း၏ ပုံစံ တစ်ခုခုမှားနေသည်ကို ရွှီလင်လုံ သတိပြုမိသည်။ သူ ရပ်တန့်သွားပြီး အတွေးထဲနစ်မြောသွားသည်ကို သူမ ထူးဆန်းနေသည်။

စပ်စုစိတ်ဖြင့် ရွှီလင်လုံက

“မင်းကြီး ဘာဖြစ်တာလဲ။ ကျွန်မက မင်းကြီးကို စိတ်ကျေနပ်မှုကို မပေးနိုင်လို့လား။”

ရွှီလင်လုံ၏ အသံကိုကြားသောအခါ လုချန်း သတိပြန်ဝင်လာပြီး မကောင်းသည့် အပြုအမူများကို ဆက်လက်လုပ်ဆောင်လိုက်သည်။

သူမ၏ မဆင်မခြင် မေးလိုက်သည့် မေးခွန်းအတွက် ရွှီလင်လုံ ရုတ်တရက် နောင်တရသွားသည်။ ဤလူယုတ်မာကို အဘယ်ကြောင့် သွားမေးရသနည်း။ ဤသည်မှာ ဒုက္ခကို ရှာဖွေခြင်းမဟုတ်ပါလား။

အချိန်သည် တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်ဆုံးသွားသည်။ တိုင်ယင်ကျမ်းစာပါ အကြောင်းအရာများကို သူ၏ဦးနှောက်ထဲ ဝင်နေကြောင်း လုချန်း သဘောပေါက်လိုက်သည်။

မကြာမီ လုချန်း၏ စိတ်ထဲတွင် အဖြူရောင်အစက်တစ်ခု ပေါ်လာသည်။ သူ၏ရှေ့တွင် တစ်ခုနှင့် သူ၏အောက်တွင် တစ်ခုဖြစ်သည်။

ဒါက တိုင်ယင်ကျမ်းစာ၏ အာရုံခံနိုင်စွမ်းများလားဟု လုချန်းတွေးမိလိုက်သည်။

ထို့နောက် လုချန်း သူ၏ အာရုံခံစွမ်းအားကို ထုတ်လွှတ်လိုက်ရာ နန်းတော်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ထိုအချိန်တွင် နန်းတော်အပြင်ဘက်၌ အခြား အဖြူရောင်အစက် တစ်ခုကို သူ သတိပြုမိလိုက်သည်။

လုချန်းသည် မျက်မှောင်ကြုတ်လိုက်သည်။ တိုင်ယင်ဂိုဏ်းသည် နေပြည်တော်သို့ သူလျှိုများ စေလွှတ်ခဲ့ပြီး ထိုသူလျှိုသည် နန်းတော်နှင့် အလွန်နီးကပ်နေ ပုံရသည်။

ဤအချိန်တွင် ရွှီလင်လုံလည်း တစ်စုံတစ်ရာကို သိရှိလာဟန်တူသည်။ သူမ၏ ခေါင်းထဲမှ အာရုံခံနိုင်စွမ်း တစ်ခုက လုချန်းနှင့် တိုက်ရိုက်ချိတ်ဆက်နေသည်ဟု ခံစားနေရသည်။

ထိုစဉ် တိုင်ယင်ကျမ်းစာ၏ လုပ်ဆောင်ချက်ကိုလည်း လုချန်း ရှာဖွေတွေ့ရှိသွားသည်။ အနက်ရောင်စွမ်းအင်စုတစ်ခုသည် ရွှီလင်လုံထံမှ သူ့ဆီသို့ လျင်မြန်စွာ ဝင်ရောက်လာသည်။

အနက်ရောင်စွမ်းအင်ကို စုပ်ယူလိုက်သောအခါ ရွှီလင်လုံလည်း ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ တစ်ခုခုမှားနေသည်ကို ရိပ်မိလိုက်သောကြောင့် လုချန်းလည်း တိုင်ယင်ကျမ်းစာကို လည်ပတ်ခြင်းအား ချက်ချင်းရပ်လိုက်ပြီး ပြန်လည်သန်စွမ်းစေသောစွမ်းအားကို အသုံးပြု၍ သူမကို ကုသပေးလိုက်သည်။

လုချန်း၏ ကုသမှုအောက်တွင် ရွှီလင်လုံသည် ပုံမှန်အတိုင်း အမြန်ပြန်ဖြစ်လာခဲ့သည်။

လုချန်း စိတ်ထဲမှ သူ့ဘာသာသူ လှောင်ပြောင်လိုက်သည်။ တိုင်ယင်ကျမ်းစာကို ဖန်တီးသူသည် သူ၏စွမ်းအားကို မြှင့်တင်ရန်အတွက် သူ၏နောက်လိုက်များ၏ အတွင်းအားကို စုပ်ယူရန် ရည်ရွယ်ထားကြောင်း သူ သဘောပေါက်သွားသည်။

တကယ့်ကို မကောင်းဆိုးရွား ကျင့်စဉ်မျိုးဖြစ်သည်။ အမှန်တကယ်ပင် ဆိုးယုတ်လှသည်။

တိုင်ယင်ကျမ်းစာသည် အပိုင်းနှစ်ပိုင်းပါရှိသည်။ အပိုင်းတစ်ပိုင်းတည်းသာ ကျင့်ကြံပါက ကျင်ကြံသူအား အာဟာရဓာတ်အဖြစ်သို့ ဖြစ်စေမည်ဖြစ်သည်။ ကျမ်းစာအပြည့်အစုံကို ပိုင်ဆိုင်ထားသူများက ထို အာဟာရဓာတ်ဖြစ်သွားသူ၏ စိတ်ဝိညာဉ်စွမ်းအားကို ပြန်လည်စုပ်ယူခြင်းဖြင့် စွမ်းအားမြှင့်တင်နိုင်မည်ဖြစ်သည်။

တိုင်ယင်ဂိုဏ်းချုပ်က တိုင်ယင်ကျမ်းစာ အပြည့်အစုံကို ပိုင်ဆိုင်ထားသလားဟု လုချန်းက စိတ်ထဲမှ တွေးလိုက်သည်။ အကယ်၍ ဂိုဏ်းချုပ်သည်ပင် ကျမ်းစာအပြည့်အစုံကို မပိုင်ဆိုင်ပါက သူက ဂိုဏ်းချုပ်၏ အတွင်းအားကို စုပ်ယူနိုင်မည်။

ထို့နောက် လုချန်းသည် တိုင်ယင်ကျမ်းစာကို နောက်တစ်ကြိမ် စတင်လည်ပတ်လိုက်ပြီး နန်းတော်အနီးရှိ တိုင်ယင်ဂိုဏ်း၏ တပည့်များကို အာရုံခံလိုက်သည်။

လက်ရှိတွင် အရိပ်အယောင် ကောင်းကင်လူသားအဆင့်တွင်သာ ရှိနေသောကြောင့် သူ၏ အာရုံခံစွမ်းအားသည် အကန့်အသတ်ရှိသည်။ တိုင်ယင်ကျမ်းစာက “အာဟာရ” များ၏ နေရာကို ဖော်ထုတ်နိုင်သော်လည်း သူ၏ အာရုံခံနိုင်သည့် အကွာအဝေးအတွင်းရှိ တိုင်ယင်ဂိုဏ်းသားများ၏ တည်နေရာကိုသာ သိနိုင်သည်။ သူအာရုံခံနိုင်သည့် အကွာအဝေးထက် ပိုမိုပါက သူတို့၏ ပုန်းအောင်းရာနေရာကို မဖော်ထုတ်နိုင်ပေ။

သူ၏ အကန့်အသတ်ရှိသော ကျင့်စဉ်အဆင့်က စိတ်ပျက်ဖွယ်ပင်။

ကမ္ဘာကို အမြန်ဆုံး စုစည်းပြီး ကောင်းကင်လူသားအဆင့်သို့ အမြန်ဆုံး တက်လှမ်းရန် လိုအပ်သည်ဟု လုချန်း ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။

ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းနိုင်မှသာလျှင် သူ၏စွမ်းအားများ သိသာစွာ ခုန်တက်နိုင်မည်ဖြစ်သည်။

ထိုသို့တွေးလိုက်သောအခါ လုချန်း၏ စိတ်တွင်းဆန္ဒများ ပိုမိုပြင်းပြလာပြီး သူ၏ အပြုအမူများလည်း ပို၍ကြမ်းတမ်းလာသည်။

...........

All Chapters