← Chapters

စန်းလန်နန်းတော်နှင့်အပေးအယူပြုလုပ်ခြင်း

Vol. 2 Ch. 30

စန်းလန်နန်းတော်နှင့်အပေးအယူပြုလုပ်ခြင်း

Vol. 2 Ch. 30

"ဖေဖေ...ဖေဖေ"

ရှောင်ယွမ်တစ်ယောက် အတွေးထဲတွင်နစ်မြုပ်နေသောအချိန်တွင် ကလေး၂ယောက်က ပြေး၀င်လာခဲ့သည်။

"ဖေဖေ...သမီးဒါကိုလက်မခံနိုင်ဘူး..."

မင်းသမီးလေးချင်းအာ၏ ပါးပြင်များသည် ဒေါသများနီရဲနေခဲ့သည်။

"အဖေကဘာလို့ရှောင်လဲ့ကို သိုင်းပညာသင်ကြားခွင့်ပြုပြီး သမီးကိုကျဘာလို့ဂူပညာမသင်ခိုင်းရတာလဲ"

အိမ်ရှေ့မင်းသားရှောင်လဲ့က ခွန်းတုံ့ပြန်လိုက်သည်။

"ဂူသခင်ဆိုတာ တာအိုဘုန်းတော်ကြီးတစ်ပါးဘဲလို့ ဆရာကပြောထားပြီးသားပဲလေ...သိုင်းပညာကိုမလေ့ကျင့်ဘူးလို့ ဘယ်သူကစပြောတာလဲ..."

ရှောင်ချင်းအာက သူ၏ခြေထောက်ဖြင့် မြေကြီးကိုဆောင့်ချလိုက်သည်။

"မင်းကငါ့ကိုသင်ယူခွင့်တောင်မပေးဘူးလေ...ပြီးတော့အဲလိုတုံးအတဲ့စကားတွေကို ပြောရမယ်လို့ ဘယ်သူကအခွင့်ပေးလိုက်တာလဲ...ငါသာဂူသခင်တစ်ယောက်ဖြစ်လာခဲ့ရင် မင်းလိုညံ့ဖျင်းတဲ့စစ်သည်တော်ထက် ပိုပြီးတော့အစွမ်းထက်လာမှာသေချာတယ်..."

မင်းသားလေးနှင့်မင်းသမီးလေး‌တို့အတွက် ဂူပညာနှင့်သိုင်းပညာတို့အကြား မည်သည်ကသာလွန်သည်ကိုငြင်းခုံကြခြင်းမှာ နေ့တိုင်းလိုလိုဖြစ်ပျက်နေခြင်းဖြစ်သည်။

ပုံမှန်အားဖြင့်ဆိုပါက ရှောင်ယွမ်ကရယ်မောနေမည်ဖြစ်သော်လည်း ဤအခိုက်အတန့်တွင် သူသည်အလွန်စိတ်မကောင်းဖြစ်နေခဲ့သည်။

"ချင်းအာ...မင်းတကယ်ပဲဂူပညာကို သင်ယူချင်‌နေတာလား..."

ရှောင်ယွမ်က တုန်ယင်နေသောလေသံဖြင့် မေးမြန်းလိုက်သည်။

"ဟုတ်တယ်...သမီးက အစ်ကိုကြီးလီယွမ်လိုမျိုး အစွမ်းထက်တဲ့ဂူသခင်တစ်ယောက်ဖြစ်လာချင်တယ်...ပြီးတော့အမေ့လိုမျိုး အစွမ်းထက်တဲ့ဂူသခင်ဖြစ်လာအောင်လုပ်ပြီး ကမ္ဘာပေါ်ကနံပါတ်၁ ဂူအင်မော်တယ်ဖြစ်လာရမယ်"

ရှောင်ချင်းအာက ခေါင်းမော့၍နှုတ်ခမ်းစူလျက်ပြောလိုက်သည်။

"တော်စမ်းပါ...အမေကလွဲရင် တခြားဂူသခင်တွေအကုန်လုံးက တောင်တန်းတွေပေါ်ပုန်းအောင်းနေပြီးတော့ အပြင်ကိုထွက်မလာရဲကြဘူး...စစ်သည်တော်တွေကသာ စစ်မြေပြင်မှာရဲရဲဝံ့ဝံ့တိုက်ခိုက်ကြပြီး ကမ္ဘာကြီးကိုကယ်တင်နိုင်လိမ့်မယ်"

ရှောင်လဲ့က အားကျမခံပြန်လည်ချေပလိုက်သည်။

"ပေါက်ကရတွေမပြောနဲ့...ငါသာဂူသခင်ဖြစ်လာရင် နတ်ဆိုးတွေနဲ့လူဆိုးတွေကို သတ်ဖြတ်နိုင်ပြီးတော့ လူသားတွေကိုကယ်တင်နိုင်လိမ့်မယ်"

ရှောင်ချင်းအာက မခံမရပ်နိုင်ဖြစ်ကာ အော်ဟစ်လိုက်သည်။

ဤသို့ဖြင့် နှစ်ယောက်သားက အဆက်မပြတ်ငြင်းခုံနေခဲ့ကြသည်။

"ချင်းအာ...အဖေတစ်ခုလောက်မေးမယ်...သမီးကို နန်းတော်ကိုးခုဂူအသိုက်မှာ တစ်ယောက်တည်းသွားနေခိုင်းမယ်ဆိုရင် အဖေ့ကိုစိတ်ဆိုးမှာလား"

ရှောင်ယွမ်ကမေးမြန်းလိုက်သည်။

"အကြာကြီးနေခိုင်းမှာလား..."

ရှောင်ချင်းအာက အလေးအနက်လေသံဖြင့်မေးလိုက်သည်။

"အင်း..."

ရှောင်ယွမ်ကခေါင်းညိတ်ပြလိုက်သည်။ဤကပ်ဆိုးကြီးသည် မည်မျှထိကြာမြင့်နိုင်ကြောင်း သူကိုယ်တိုင်လည်းမသိပေ။

သူသည် ဒါယန်းတော်၀င်မိသားစု၏ တိုက်ရိုက်မျိုးဆက်များ ပြန်အလာကိုစောင့်မျှော်နေဆဲဖြစ်သည်။

အထူးသဖြင့် စစ်နတ်ဘုရားအသစ်မွေးဖွားလာချိန်အထိပင်ဖြစ်သည်။

ထိုသို့မဟုတ်ပါက ဒါယန်းပြည်ထောင်သည် ငရဲတစ်ခုသဖွယ် လုံး၀ပြိုလဲပျက်စီးသွားကာ နတ်ဆိုးများ၏သုခဘုံအဖြစ်သို့ ပြောင်းလဲသွားမှာသေချာနေခဲ့သည်။

ထိုအချိန်ကို မည်သူကခန့်မှန်းနိုင်မည်နည်း...

"ငါ...ငါ"

ရှောင်ချင်းအာက တုံ့ဆိုင်းသွားခဲ့သည်။သူမသည် အဖေဖြစ်သူအားစွန့်ခွာ၍မသွားလိုသော်လည်း သူမကိုယ်တိုင်က ဂူအတတ်ပညာအား အမှန်တကယ်သင်ယူလိုခဲ့ကာ တစ်နေ့တွင်သူမ၏အမေလို သူရဲကောင်တစ်ယောက်ဖြစ်လာရန် ဆန္ဒရှိခဲ့သည်။

"အဖေ...ချင်းအာပိုပြီးသန်မာလာတဲ့အခါကျရင် မင်းကိုသေချာပေါက်ပြန်လာတွေ့မှာပါ..."

ချင်းအာ၏အမြင်တွင် သူမသာအစွမ်းထက်သောဂူသခင်ဖြစ်လာ‌သရွေ့ သူမ၏အဖေနှင့်ပြန်ဆုံတွေ့နိုင်မည်ဟု တွေးခဲ့သည်။ထိုအချိန်သည် များစွာဝေးကွာလိမ့်မည်မဟုတ်ပေ။

ရှောင်ယွမ်၏အမူအရာကရှုပ်ထွေးနေကာ သူ့ရင်ထဲတွင် နာကျင်ခံစားနေရပေသည်။

"ချင်းအာ...မင်းစိတ်ထဲမှာအဆင်သင့်ပြင်ထားပြီလား..."

"ဟုတ်ကဲ့..."

ရှောင်ချင်းအာက ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆိုရင် အဖေကမင်းကိုစမ်းသပ်ရလိမ့်မယ်...မင်းသာစမ်းသပ်မှုကိုအောင်မြင်ရင် ဂူပညာကိုတတ်မြောက်အောင် သင်ကြားခွင့်ပေးမယ်"

ကလေးများ၏စိတ်ကူးသည် အလွန်ပင်ရိုးရှင်းလှပေသည်။

မည်သို့ပင်ဆိုစေ ရှောင်ယွမ်ကဤကိစ္စအား သဘောမတူခဲ့ပေ။

ချင်းအာသည် ဤလမ်းကြောင်းကို အမှန်တကယ်ချစ်မြတ်နိုးကြောင်း သူသေချာအောင်လုပ်ဆောင်ရမည်ဖြစ်သည်။ထိုသို့မဟုတ်ပါက သူသည်ချင်းအာကို အန္တာရယ်အဖြစ်မခံနိုင်ပေ။

"ဘယ်လိုစမ်းသပ်မှာလဲ..."

ရှောင်ယွမ်အာက မေးမြန်းလိုက်သည်။

"အဖေက မင်းကိုကျိုးကုန်းဂူအသိုက်ဆီ ၂လလောက်ပို့ထားလိုက်မယ်...အဲ့အချိန်မှာမင်းကိုဘယ်သူမှ ဂရုစိုက်မှာမဟုတ်ဘူး...အစေခံတွေက မင်းကိုအစားအသောက်၊အ၀တ်အစား၊အမိုးအကာနဲ့သွားရေးလာရေးကအစ ဘာမှစီစဉ်ပေးမှာမဟုတ်ဘူး...မင်းအတွက်အစားအသောက်ကောင်းတွေနဲ့ ပျော်စရာတွေရှိလာမှာမဟုတ်ဘူး"

"၂လကြာပြီးတဲ့နောက် မင်းနောင်တမရဘူးဆိုရင်တော့ မင်းရဲ့ဆုံးဖြတ်ချက်ကို ငါသဘောတူပေးမယ်"

"အဖေ‌ပြောတာ သဘောတူလား..."

စန်းလန်နယ်မြေ၏ မင်းသမီးလေးဖြစ်သော ရှောင်ချင်းအာသည် ငယ်စဉ်ကတည်းက လူတိုင်း၏ပစားပေးမှုကိုခံခဲ့ရကာ လူတိုင်းလိုလို၏အာရုံစူးစိုက်ခံရသူဖြစ်သည်။သို့ဖြစ်ရာ လောကကြီးသည် အလွန်လှပလွန်းသည်ဟု သူမထင်နေမှာမလွဲချေ။

မင်းသားလေးရှောင်လဲ့သည်လည်း နတ်ဆိုးများကိုသတ်ဖြတ်ကာ ကမ္ဘာကြီးအားကယ်တင်ရန် ကြွေးကြော်နေခဲ့သည်။သူသည်လည်း ကမ္ဘာကြီး၏ရက်စက်မှုကို တစ်ခါမှတွေ့မြင်ဖူးခြင်းမရှိသလို အခက်အခဲ၊အတားအဆီးများကိုလည်း တစ်ခါမှမကြုံတွေ့ဖူးပေ။

ရှောင်ယွမ်သည် သဘာ၀ကျစွာပင် အရာရာတိုင်းကို ဂရုတစိုက်စဉ်းစားနေရပေသည်။

ချင်းအာ၏နှလုံးသားသည် သံမဏိကဲ့သို့မာကျောကာ ယိမ်းယိုင်မှုမရှိပါက သူမအားန၀မနန်းတော်ကို ၀င်ခွင့်ပြုလိုက်ခြင်းသည် ပြဿနာမရှိပေ။သူမအတွက် ဂူသခင်တစ်ယောက်ဖြစ်လာရန်မှာ ဆိုးဝါးသောရွေးချယ်မှုမဟုတ်ပေ။

"ကောင်းပြီအဖေ..."

ရှောင်လဲ့အာသည် ကြီးမားသောအရာတစ်ခုအား ပြီးမြောက်အောင်လုပ်ဆောင်နိင်တော့မည်ဟု ခံစားနေရသည့်အတွက် စိတ်လှုပ်ရှားလာခဲ့သည်။ထို့ပြင် သူမ၏ခန္ဓာကိုယ်လေးကလည်း စွမ်းအားများဖြင့် ပြည့်နှက်နေခဲ့သည်။

"အဖေ...ကျေးဇူးပြုပြီး သမီးကိုအမှတ်၁၂ဂူနန်းဆီပို့ပေးပါ..."

ယခုအချိန်တွင် သူမကိုယ်တိုင်က စတင်၍အဆိုပြုခဲ့သည်။

"အမှတ်၁၂ဂူနန်း..."

ရှောင်ယွမ်သည် ထိုနေရာအားမှတ်မိရန် ခဏလောက်ကြိုးစားလိုက်ရသည်။

"အဲ့ဒါက အစ်ကိုကြီးလီယွမ်ရှိတဲ့ဂူနန်းပဲ..."

ရှောင်ချင်းအာက ဝင်ပြောလိုက်သည်။

ရှောင်ယွမ်သည် သူ၏သမီးဖြစ်သူက မကြာခဏထုတ်ပြောလေ့ရှိသည့်အတွက် လီယွမ်ဟူသောအမည်ကို အထင်ကြီးခဲ့မိသည်။ထိုဂူသခင်လေးသည် သူ၏သမီးအား ဆန်းကြယ်လိပ်ပြာဂူကောင်ကို ပေးခဲ့သူလည်းဖြစ်သည်။

"အဆင်ပြေတယ်..."

ရှောင်ယွမ်က သဘောတူလိုက်သည်။

အနီးအနားတွင် အသိမိတ်ဆွေတစ်ယောက်ရှိနေခြင်းက ချင်းအာအား သူမရောက်ရှိနေသောပတ်၀န်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ကူညီပေးနိုင်သည်။သူမနှင့်လုံး၀မရင်းနှီးသောပတ်၀န်းကျင်က ချင်းအာအတွက် ခက်ခဲကြမ်းတမ်းလှပေသည်။

"ဒါပဲကွ...လဲ့အာရေ ငါကဂူသခင်တစ်ယောက်ဖြစ်လာတော့မှာနော်"

ရှောင်ချင်းအာသည် ချက်ချင်းပင်ရွှင်မြူးစွာကခုန်လိုင်ကာ ရှောင်လဲ့အားမျက်နှာချင်းဆိုင်၍ စနောက်လိုက်သည်။

"သွားစမ်းပါ...အဲ့ဒါကမပြောပလောက်တဲ့လှည့်ကွက်လေးတွေပါဘဲ...သူရဲဘောကြောင်သူတွေသာ အဲ့ဒါကိုသင်ယူကြလိမ့်မယ်"

ရှောင်လဲ့က ပြန်လည်ချေပလိုက်သည်။

ရှောင်ချင်းအာကလည်း လုံး၀အကျောမခံပေ။

"ခဏပဲစောင့်...ငါပြန်ရောက်လာတဲ့အခါကျရင် ဘယ်သူကအသန်မာဆုံးလဲသက်သေပြမယ်"

ဤသို့ဖြင့် နှစ်ယောက်သားက စတင်ငြင်းခုံခဲ့ကြသည်။

…

နောက်ထပ်၃ရက်ကြာပြီးနောက်...

လီယွမ်သည် သူကိုယ်တိုင်အသစ်ပြင်ဆင်ထားသော စန်းဂူမျှော်စင်၏ ခုခံရေးစနစ်ကိုစစ်ဆေးရင်း အလွန်ပင်ကျေနပ်နေခဲ့သည်။သူသည် ဂူသခင်များနှင့်စစ်သည်တော်များရှာမတွေ့နိုင်သော ထောက်လှမ်းရေးဂူကောင်များကို နေရာအနှံ့ဖြန့်ကျက်ထားခဲ့သည်။

ထိုအချိန်တွင် လီယွမ်သည် ကင်းထောက်ဂူကောင်များ၏ အသိပေးမှုကို ရုတ်တရက်လက်ခံရရှိလိုက်သည်။

လူစိမ်းတစ်ယောက်သည် ဝါးရုံတောဆီသို့ လျင်မြန်စွာချည်းကပ်လာခဲ့သည်။

ထိုလူစိမ်းသည် အသက်ရှုချိန်၃ကြိမ်ခန့်သာကြာ၍ လီယွမ်၏ကင်းထောက်ဂူကောင်များ ဖြန့်ကျက်ထားသောနေရာကို အလွယ်တကူဖြတ်ကျော်ကာ စန်းဂူမျှော်စင်ရှေ့သို့ရောက်လာခဲ့သည်။

သို့ဖြစ်ရာ အကြွင်းမဲ့ခွန်အားနှင့်ရင်ဆိုင်ရမည်ဆိုပါက ထောက်လှမ်းခြင်းကအရေးမပါတော့ဘဲ ကိုယ်ပိုင်စွမ်းအားကသာ အဓိကဖြစ်ကြောင်း လီယွမ်နားလည်လိုက်သည်။

ကံကောင်းစွာပင် ယခုရောက်လာသူမှာ ရန်သူမဟုတ်ခဲ့ပေ။

"မစ္စလီ..."

လီယွမ်က အပြုံးလေးဖြင့်နှုတ်ဆက်လိုက်သည်။

"လီယွမ်...မင်းလိုချင်တာတွေ ငါယူလာခဲ့ပြီ"

လီလောချမ်သည် နောက်ဆုံးအကြိမ်တုံးက လီယွမ်တောင်းဆိုခဲ့သော ရှားပါးရတနာများပါ၀င်သည့် သစ်သားသေတ္တာကြီးကို မြေပေါ်ပစ်ချလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ်...ဒါကဆုလာဘ်ပါ"

လီယွမ်ကဦးညွတ်၍ ပိုက်ဆံအိတ်ကိုပေးလိုက်သည်။

စန်းလန်ဘုရင်က သူ့အားပေးအပ်ခဲ့သည့်တိုကင်သည် အကူအညီတောင်းနိုင်သောအရာတစ်ခုသာဖြစ်သော်လည်း ကျသင့်သောတန်ဖိုးကိုမူ သူပေးချေရမည်ဖြစ်သည်။

"မလိုအပ်ဘူး...မင်းကိုငါတို့နန်းတော်ကတောင်းဆိုစရာရှိလို့ မင်းပိုက်ဆံပေးမယ့်အစား အဲ့ဒါကိုပဲလုပ်ပေးနိုင်မလား"

လီလောချမ်က လက်ကိုဝှေ့ယမ်း၍ပြောလိုက်သည်။

"ဘာများတောင်းဆိုမလို့ပါလဲ..."

လီယွမ်က သတိထားနေသောလေသံဖြင့် မေးမြန်းလိုက်သည်။

စန်းလန်နန်းတော်တောင်မှ မလုပ်နိုင်တဲ့အရာကို ငါ့ကိုဘာလို့လာလုပ်ခိုင်းရတာလဲ...

"စိတ်အေးအေးထားပါ...မင်းအတွက်အခက်အခဲမရှိပါဘူး...မင်းသမီးလေးက မင်းနဲ့အတူတူစန်းဂူမျှော်စင်မှာ ၂လလောက်လာနေလိမ့်မယ်...သူမက ဂူသခင်တစ်ယောက်ရဲ့အတွေ့အကြုံကို တစ်ယောက်တည်းခံစားစေချင်တာပါ..."

လီလောချမ်က ခပ်ဖျော့ဖျော့ပြုံး၍ပြောလိုက်သည်။

လီလောချမ်၏စကားကြောင့် လီယွမ်အံ့ဩသွားခဲ့ကာ သူ၏ယခင်ဘ၀က ရှိုးပွဲများအကြောင်း မတွေးမိဘဲမနေနိုင်တော့ပေ။

သူမသည် လူတိုင်းပစားခံရသော မင်းသမီးလေးတစ်ပါးဖြစ်သော်လည်း တောင်တန်းများပေါ်တွင် တစ်ယောက်တည်းလာရောက်နေထိုင်ခြင်းက ရသာစုံရှိုးများကိုပင် သတိရသွားစေခဲ့သည်။

"မင်းက အနာဂတ်မှာ ရှားပါးရတနာတွေကို မကြာခဏလိုအပ်လာလိမ့်မယ်လို့ ငါထင်တယ်...စန်းလန်နန်းတော်ရဲ့အကူအညီနဲ့ဆိုရင် မင်းအတွက်အများကြီးပိုလွယ်ကူလာမှာပဲ...ဒီသဘောတူညီချက်အတွက် မင်းဘက်ကအကျိုးမယုတ်ပါဘူး"

လီလောချမ်က ပြောလိုက်သည်။

"ဟားဟား...မစ္စလီပြောတာအမှန်တွေပဲ..."

လီယွမ်က တုံ့ဆိုင်းခြင်းမရှိ၀န်ခံလိုက်သည်။

အနာဂတ်တွင်သူသည် ရှားပါးရတနာများကိုစုဆောင်းရန်အတွက် လီလောချမ်၏အကူအညီကို လိုအပ်လာမည်ဖြစ်သည်။ထိုအတွက် သူလုပ်ဆောင်ပေးရမည်မှာ မင်းသမီးလေးကို ဤနေရာတွင်၂လခန့်လာရောက်နေထိုင်ခွင့်ပြုရမည်ဖြစ်ရာ အလွန်ကောင်းမွန်သော အပေးအယူဖြစ်ပေသည်။

"ဒါဆို အဆင်ပြေသွားပြီပေါ့...ခဏကြာရင် မင်းသမီးလေးက သူမတစ်ယောက်တည်းတောင်ပေါ်ကိုတက်လာလိမ့်မယ်...သူမကိုအရမ်းကြီးစိတ်ပူနေစရာမလိုဘူး...သူမလုပ်ချင်တာကိုသာလုပ်ခွင့်ပေးလိုက်"

လီလောချမ်ကပြောလိုက်သည်။

"ပြဿနာမရှိပါဘူး..."

လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ..."

လီလောချမ်သည် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမ၏ပုံရိပ်ကတဖြည်းဖြည်းမှုန်ဝါးလာကာ ထိုနေရာမှပျောက်ကွယ်သွားခဲ့သည်။

"မြန်လိုက်တာ...သူမဆီကရတဲ့ဖိအားက စီနီယာအစ်ကို ဖေးလော့ချင်ဆီကထက် ပိုပြီးအားကောင်းတယ်...သူမက သတ္တမဆင့်မဟာသခင် စစ်သည်တော်ဖြစ်လိမ့်မယ်"

လီယွမ်က သက်ပြင်းချရင်းရေရွတ်လိုက်သည်။

ယခုအခါ လီယွမ်သည် စစ်သည်တော်များ၏ အဆင့်ကိုနားလည်နေပြီဖြစ်သည်။

ဆဌမအဆင့်စစ်သည်တော်ကို အငယ်တန်းမဟာသခင်ဟုသတ်မှတ်ပါက သတ္တမအဆင့်စစ်သည်တော်ကိုမူ အစစ်အမှန်မဟာသခင်ဟု သတ်မှတ်နိုင်ပေသည်။ထိုအဆင့်တွင် မဟာသခင်များသည် သာမန်လူသားများ၏ကန့်သတ်ချက်ကိုကျော်လွန်ကာ ခြေပြတ်လက်ပြတ်များမှ အသစ်ပြန်လည်ပေါက်ဖွားလာနိုင်သည်။

ဤသည်ကိုကြည့်ခြင်းဖြင့် စန်းလန်နန်းတော်တွင် ဩဇာအာဏာကြီးမားသော လူအနည်းငယ်ရှိနေကြောင်း သိသာပေသည်။

ခဏအကြာတွင် လီယွမ်သည် ဝါးရုံတော၏အဆုံး၌ သေးငယ်သောပုံရိပ်လေးတစ်ခုထွက်ပေါ်လာကြောင်း မြင်လိုက်ရသည်။သူမသည် ပုခုံးပေါ်၌အထုပ်၂ထုပ်အား သယ်ဆောင်လာခဲ့ကာ မောဟိုက်စွာအသက်ရှုနေခဲ့သည်။

"အစ်ကိုကြီးလီယွမ်ရေ..."

…

Thank For Reading.

All Chapters