← Chapters

သုံးရောင်ခြယ်မီးတောက်စပါးအုံး

Vol. 2 Ch. 16

သုံးရောင်ခြယ်မီးတောက်စပါးအုံး

Vol. 2 Ch. 16

ဒါတွေကို ပေါင်းစပ်နိုင်ရင် မဆိုးဘူး...

(ပေါင်းစပ်နေသည်...)

(ပေါင်းစပ်မည့်ဂူကောင်များမှာ ပထမအဆင့်အကြွင်းအကျန်ဂူကောင် နဂါးပုံစံဂူကောင် - ၂၉ကောင်)

(ပေါင်းစပ်မှုပြီးဆုံးပါပြီ...ပထမအဆင့်သာမန်ဂူကောင် နဂါးပုံစံဂူကောင် ၉ကောင်ကိုရရှိခဲ့သည်)

(နဂါးပုံစံဂူကောင် - ပင်မဂူအဖြစ်သန့်စင်ပြီးနောက်တွင် ဂူသခင်၏ခန္ဓာကိုယ်ပေါ်၌ နဂါးပုံစံတက်တူးများ ဖြစ်ပေါ်လာနိုင်‌ခြေအနည်းငယ်ရှိကာ ကံကောင်းစေမည့်အခွင့်အရေးအနည်းငယ်ကို ရရှိနိုင်သည်။လက်အောက်ခံဂူကောင်အဖြစ်အသုံးပြုမည်ဆိုပါက နဂါးဟိန်းသံကိုထုတ်ဖော်နိုင်မည်ဖြစ်သည်။)

"ဒါတော်တော်လေးမဆိုးတဲ့အရာပဲ...ဆက်ပြီးပေါင်းစပ်လိုက်ရအောင်"

လီယွမ်သည် ဤဂူကောင်နှင့်ပတ်သက်၍ ကျေနပ်ခြင်းမရှိသေးပေ။

(ပေါင်းစပ်နေသည်...)

(သင်သည် ဒုတိယအဆင့်ရှားပါးဂူကောင်ဖြစ်သော နဂါးပုံဖော်ဂူကောင်၃‌ကောင် ကိုရရှိခဲ့သည်။)

နဂါးပုံဖော်ဂူကောင် - ပင်မဂူအဖြစ်သန့်စင်ပြီးနောက်တွင် ဂူသခင်၏ခန္ဓာကိုယ်ပေါ်၌ နဂါးပုံစံတက်တူးများ ဖြစ်ပေါ်လာနိုင်‌ခြေ ၅၀ရာခိုင်နှုန်းရှိလာမည်ဖြစ်ကာ ကံကောင်းစေမည့်အခွင့်အရေးအနည်းငယ်ကို ရရှိနိုင်သည်။လက်အောက်ခံဂူကောင်အဖြစ်အသုံးပြုမည်ဆိုပါက ဒဏ်ရာများအားကုသပေးရာ၌ အသုံးပြုနိုင်မည်ဖြစ်သည်။)

"ဒါပဲလား..."

လီယွမ်က ကျေနပ်ခြင်းမရှိသေးပေ။

နဂါးပုံဖော်ဂူကောင်အား ရှားပါးဂူကောင်အဖြစ်သတ်မှတ်ထားသော်လည်း ထိုဂူကောင်၏လက်တွေ့အသုံး၀င်ပုံမှာ နိမ့်ပါးလှပေသည်။၎င်းကိုရှားပါးဂူကောင်အဖြစ် သတ်မှတ်ထားရခြင်းမှာ ၎င်းသည်ထူးခြားဆန်းကြယ်ဂူကောင်အဖြစ် ပြောင်းလဲရန် အလွန်နည်းပါးသောအခွင့်အရေးရှိနေ၍ဖြစ်သည်။

"ဒီအခွင့်အရေးသေးသေးလေးက ဘာလုပ်လို့ရမှာလဲ..."

လီယွမ်သည် အခွင့်အရေးဟူသောစကားလုံးကို အယုံအကြည်မရှိပေ။ယခင်ဘ၀က ပင်ဂွင်းဂိမ်းကို နက်နက်ရှိင်းရှိင်းစွဲလမ်းခဲ့သူ့အဖို့ အခွင့်အရေးရနိုင်မည်ဟု မယုံကြည်ထားပေ။

"ဆက်ပြီးတော့ ပေါင်းစပ်လိုက်..."

(ပေါင်းစပ်ရန် ဂူကောင်များကိုရွေးချယ်ခြင်း...)

(ပေါင်းစပ်နေသည်...)

(သင်သည် တတိယအဆင့် ထူးခြားဂူကောင်ဖြစ်သော သုံးရောင်ခြယ်မီးတောက်စပါးအုံးကို ရရှိခဲ့သည်)

(ရန်လိုစိတ်ပြင်းထန်သော သားရဲဂူကောင်ဖြစ်သည့် သုံးရောင်ခြယ်မီးတောက်စပါးအုံးသည် ၎င်း၏ခန္ဓာကိုယ်အတွင်း၌ ထူးဆန်းသောမီးတောက်၃မျိုးကို သိမ်းဆည်းထားနိုင်ပေသည်။၎င်းကိုလက်အောက်ခံဂူကောင်အဖြစ် အသုံးမပြုနိုင်ပေ။

"ရန်လိုစိတ်ပြင်းထန်တာလား..."

လီယွမ်၏မျက်လုံးများက ချက်ချင်းတောက်ပလာခဲ့သည်။

ဒါမဆိုးဘူး...သုံးရောင်ခြယ်မီးတောက်စပါးအုံးက အတော်လေးရှားပါးတဲ့ဂူကောင်တစ်ကောင်ဖြစ်တဲ့အပြင် အနာဂတ်မှာလည်း ဆက်လက်ပြီးတိုးတက်နိုင်ခြေရှိတယ်...

"မင်းကိုရွေးလိုက်ပြီ...ငါ့ရဲ့ပင်မဂူကောင်အဖြစ် သန့်စင်လိုက်တော့..."

လီယွမ်သည် ယခုအချိန်၌ တိုက်ခိုက်ရေးအင်အားနည်းပါးနေသည့်အတွက် ဤသုံးရောင်ခြယ်မီးတောက်စပါးအုံးက သူ့အတွက်အသင့်တော်ဆုံးဖြစ်သည်။

ရုတ်ချည်းဆိုသလိုပင် အနက်ရောင်အိုးထဲမှ အလင်းတန်းများပျောက်ကွယ်သွားခဲ့သည်။

လီယွမ်သည် သူ၏လက်ဝါးကိုအနီးကပ်ကြည့်လိုက်ချိန်တွင် မြွေငယ်တစ်ကောင်ကို တွေ့လိုက်ရသည်။ထိုမြွေလေးသည် အရှည်တစ်ပေခန့်ရှိပြီး ၎င်း၏ကိုယ်ပေါ်၌ အစိမ်းရင့်ရောင်၊အပြာရောင်နှင့်အနီရောင်အစရှိသည့်အကြေးခွံများပါရှိကာ အဖြူရောင်ကိုယ်လုံးကိုယ်ထည်ပိုင်ဆိုင်ထားပေသည်။

"နည်းနည်းတော့ ချစ်စရာကောင်းတဲ့ပုံစံလေးပဲ..."

လီယွမ်သည် ထူးခြားဂူကောင်ဖြစ်သော သုံးရောင်ခြယ်မီးတောက်စပါးအုံးကို သေချာစစ်ဆေးလိုက်သည်။မြွေလေး၏ဦးခေါင်းပေါ်၌ ချိုအသေးလေးနှစ်ခုရှိကာ အညှောင့်ပေါက်ရန်စောင့်ဆိုင်းနေသော ဘူးသီးနုလေးများသဖွယ် သေးငယ်လှပေသည်။လီယွမ်သည်တောင်မှ အတော်အားစိုက်ကြည့်မှသာ ထိုဦးချိုများကို သတိထားမိခြင်းဖြစ်သည်။

၎င်း၏မျက်လုံးများက ဝိုင်းစက်နေကာ ချစ်စဖွယ်ကောင်းနေခဲ့သည်။ထိုကောင်လေးသည် သွေးအေးမျိုးစိတ်ဖြစ်သော မြွေပျံနှင့်လုံး၀ကွာခြားနေခဲ့သည်။

"မင်းဘာလုပ်နိုင်တယ်ဆိုတာ ငါ့ကိုပြစမ်း..."

လီယွမ်က အမိန့်ပေးလိုက်သည်။

သုံးရောင်ခြယ်မီးတောက်စပါးအုံးသည် တွားသွားနေခြင်းကို ရပ်တန့်လိုက်ကာ ၎င်း၏ခန္ဓာကိုယ်တစ်၀က်ခန့် လေပေါ်မတ်တပ်ရပ်လာခဲ့သည်။ထို့နောက် ၎င်း၏မျက်နှာပေါ်၌ ခက်ထန်သောအမူအရာတစ်ခုဖြစ်ပေါ်လာကာ ရှေ့သို့ဦးတည်၍ ‌တံတွေးထွေးထုတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် မြွေငယ်၏ပါးစပ်မှ အနီရောင်မီးတောက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုမီးတောက်သည် မြွေပျံ၏အလောင်းပေါ်သို့ ကျဆင်းသွားပြီးနောက် မကြာမှီ မြွေပျံ၏အလောင်းကို လောင်ကျွမ်းသွားခဲ့သည်။မီးငြိမ်းသွားပြီးနောက်တွင် အလောင်းတစ်ခုလုံးပြာကျသွားကာ မည်သည့်အစအနလေးတောင်မှ ရှာမတွေ့တော့ပေ။

"အလောင်းတွေကိုဖျက်ဆီးပြီး သဲလွန်စအကုန်လုံးကို ဖြေဖျောက်နိုင်တဲ့မီးတောက်ပေါ့...မဆိုးဘူး"

လီယွမ်သည် ဤအစွမ်းကို အလွန်ပင်နှစ်သက်ခဲ့သည်။

သူသည် သုံးရောင်ခြယ်မီးတောက်စပါးအုံးကို လက်ဖြင့်ပွတ်သပ်လိုက်သည်။

"အခြားမီးတောက်၂မျိုးရှိသေးတယ်မလား...အဲ့ဒါတွေရောပြကြည့်ပါအုံး"

သုံးရောင်ခြယ်မီးတောက်စပါးအုံးသည် လီယွမ်အားခေါင်းညိတ်ပြလိုက်ကာ ပါးစပ်ကိုဖွင့်၍ ထွေးထုတ်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ အပြာရောင်မီးတောက်တစ်ခုလျှံထွက်လာခဲ့သည်။ထိုမီးတောက်သည် အပေါ်ယံ၌ ပြင်းထန်စွာလောင်ကျွမ်းနေသော်လည်း အတွင်းပိုင်း၌ အရိုး‌‌စိမ့်မတတ်အေးသွားစေနိုင်သော အအေးဓာတ်ကိုဖော်ဆောင်နေခဲ့သည်။

ဘန်း...

အသက်၃ကြိမ်ရှုစာခန့်အကြာတွင် ထိုမီးတောက်က ကျယ်လောင်စွာပေါက်ကွဲသွားခဲ့သည်။

"ဒါကအေးခဲမီးတောက်ပေါ့...ဒီ‌မီးတောက်ရဲ့တကယ့်အစွမ်းက အတွင်းပိုင်းကနေပြီးတော့ ပြင်းထန်တဲ့အစွမ်းနဲ့ပေါက်ကွဲနိုင်တာပဲ..."

"မဆိုးဘူး...တကယ်မဆိုးဘူး...နောက်ဆုံးမီးတောက်ကို ပြကြည့်ပါအုံး"

လီယွမ်က ပြုံး၍ပြောလိုက်သည်။

ယခုတစ်ကြိမ်တွင် သုံးရောင်ခြယ်မီးတောက်စပါးအုံးက မြေပြင်ပေါ်လျှောဆင်းသွားခဲ့သည်။

ထို့နောက်တွင် အစိမ်းရောင်မီးတောက်များက သူ၏ပါးစပ်မှလျှံထွက်လာကာ ဘေးနားရှိအိုးမှအပင်များထံ ကူးစက်လောင်ကျွမ်းသွားခဲ့သည်။

ခဏအကြာတွင် အိုးထဲမှမြက်ပင်များက လျင်မြန်စွာ ပေါက်ဖွားလာခဲ့သည်။

"ကြီးထွားမှုဖြစ်စဉ်ကိုတိုးမြင့်ပေးတာလား...စိတ်၀င်စားစရာပဲ"

လီယွမ်သည် မြွေလေး၏အစွမ်းကြောင့် ကျေနပ်သွားခဲ့သည်။

"ရွှီး..."

သို့ရာတွင် သုံးရောင်ခြယ်မီးတောက်စပါးအုံးက ခေါင်းယမ်း၍ အသံထွက်လာခဲ့သည်။

လီယွမ်က မြွေလေး၏အပြုအမူကြောင့် အံ့အားသင့်သွားခဲ့သည်။

"မင်းမှာတခြားအစွမ်းတွေရှိသေးတာလား"

သုံးရောင်ခြယ်မီးတောက်စပါးအုံးက ခေါင်းကိုတဆတ်ဆတ်ညိတ်ပြလိုက်ကာ ခေါင်းကိုတဖန်ပြန်မြှောက်လိုက်သည်။ယခုတစ်ကြိမ်တွင် သူသည်မီးတောက်အမျိုးအစားနှစ်ခုကို ဆက်တိုက်ထုတ်ဖော်လိုက်ပြီး အစိမ်းရောင်နှင့်အနီရောင်မီးတောက်တို့ ထွက်ပေါ်လာခဲ့သည်။

တဖြည်းဖြည်းနှင့် အနီရောင်မီးတောက်က အစိမ်းရောင်မီးတောက်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။

ခဏအတွင်း မီးတောက်ကပိုမိုပြင်းထန်စွာ တောက်လောင်လာခဲ့ပြီး အစိမ်းရောင်မီးတောက်၏ထောက်ပံ့ပေးမှုကြောင့် ယခင်ထက်ပိုမိုကြာရှည်စွာ တောက်လောင်နေခဲ့သည်။

"ဟားဟား...ဒီမီးတောက်တွေမှာ ပေါင်းစပ်နိုင်စွမ်းရှိနေတာပဲ"

လီယွမ်က ကျေနပ်စွာပြုံးလိုက်မိသည်။

လီယွမ်သည် သုံးရောင်ခြယ်မီးတောက်စပါးအုံး၏ အကြေးခွံများကို ဂရုတစိုက်ပွတ်သပ်လိုက်မိသည်။

"မင်းကိုရှောင်ကိုင်လို့နာမည်ပေးမယ်...ဒီနေ့ကစပြီး ငါ့နောက်လိုက်ခဲ့တော့"

"ရွှီး..."

ရှောင်ကိုင်က သူမ၏ကျေနပ်နှစ်ခြိုက်မှုအား ထုတ်ဖော်လိုက်သည်။

ရှောင်ကိုင်၏အသိစိတ်ရှိမှုက လီယွမ်အား မတူညီသောမြင်ကွင်းတစ်ခုအား ဖော်ဆောင်ပေးခဲ့သည်။ဂူသခင်တစ်ယောက်၏လောကသည် သူထင်ထားသည်ထက် များစွာပိုမိုစိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။

ဤလောက၌ အင်းဆက်ဂူ‌ကောင်များ၊သားရဲဂူ‌ကောင်များနှင့်အပင်ဂူကောင်များ အစရှိသည်ဖြင့် သူစူးစမ်းရန်လိုအပ်သော အရာများစွာကျန်ရှိနေပေသေးသည်။

ဘန်း...ဘန်း...ဘန်း....

ထိုအချိန်တွင် တစ်စုံတစ်ယောက်က တံခါးလာခေါက်ခဲ့သည်။

"လီယွမ်..."

အိမ်အပြင်ဘက်မှနေ၍ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။အသံပိုင်ရှင်မှာ ပုရှီခန်းမ၏ခေါင်းဆောင်တစ်ယောက်ဖြစ်သော ချီရှန်းပင်ဖြစ်သည်။

"လာပြီ..."

လီယွမ်က တံခါးဖွင့်ပေးလိုက်သည်။

"မတွေ့ရတာကြာပြီ...လီယွမ်"

လီယွမ်သည် ဂူသခင်အကဲဖြတ်မှုကို အောင်မြင်ခဲ့ပြီးနောက် ဂူနန်း၁၂ခုသို့ ၀င်ရောက်ခဲ့ချိန်ကပင် ချီရှန်းကိုယ်တိုင်က လီယွမ်အား အရည်အချင်းရှိသော ဂူသခင်တစ်ယောက်အဖြစ် ချီးကျူးခဲ့ဖူးပေသည်။

"တစ်နှစ်လောက်တော့ကြာပြီထင်တယ်..."

လီယွမ်က ပြန်ပြောလိုက်သည်။

ချီရှန်းက ခေါင်းညိတ်ပြလိုက်သည်။ယခုတစ်ကြိမ်သည် လီယွမ်နှင့်သူတွေ့ဆုံသည်မှာ ဒုတိယအကြိမ်ပင်ဖြစ်သည်။

"မင်းက စန်းဂူမျှော်စင်မှာ တနေကုန်နေပြီးတော့ လမ်းလျှောက်ထွက်တာမျိုးတောင်မရှိဘူးလို့ ငါကြားဖူးတယ်...မင်းတကယ်မပျင်းဘူးလား"

"ကောင်းပါတယ်...ငါကဒီလိုဘ၀မျိုးကိုပဲ ပိုသဘောကျမိတယ်"

လီယွမ်က ပြုံး၍ပြောလိုက်သည်။

"ဒီနေ့ဖြစ်ပျက်ခဲ့တာတွေက ငါမျှော်လင့်ထားတာထက်တောင်မှ ကျော်လွန်နေခဲ့ပြီ...ကံကောင်းထောက်မစွာနဲ့ မင်းကအဲ့လူရဲ့အစာမဖြစ်ခဲ့ဘူး...မင်းရဲ့စန်းဂူမျှော်စင်ကို ရှင်းလင်းရေးလုပ်ဆောင်ဖို့အတွက် တစ်ယောက်ယောက်စေလွှတ်ပေးဖို့လိုလား"

ချီရှန်းက သက်ပြင်းချ၍ပြောလိုက်သည်။

"မလိုပါဘူး...ဒီနေရာမှာ နတ်ဆိုးစွမ်းအင်တွေအများကြီးပြည့်လျှံနေတယ်...လူအများစုက ဒီနေရာမှာ လိုက်လျောညီထွေလုပ်ဆောင်နိုင်စွမ်းမရှိတော့ဘူး...ဒါကြောင့်အခြားသူတွေကို ပြဿနာမဖြစ်စေရအောင်လို့ ငါကိုယ်တိုင်ပဲရှင်းလင်းရေးလုပ်တော့မယ်"

လီယွမ်က ခေါင်းခါပြလိုက်သည်။

"မင်းက စိတ်ကောင်းရှိပြီး အလုပ်ကြိုးစားတတ်တာပဲ..."

ချီရှန်းသည် လီယွမ်ကဲ့သို့ စံပြအလုပ်သမားကောင်းမျိုးကို စုဆောင်းမိရန်မမျှော်လင့်ထားပေ။

"ဒါတွေအကုန်လုံးက အသေးအမွှားလေးတွေပါဘဲ..."

လီယွမ်က ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ အဲ့လူကသေသွားပြီဆိုတော့ စတုတ္ထအထပ်နဲ့ပဉ္စမအထပ်က ဂူပိုးကောင်တွေကိုကိုင်တွယ်နိုင်ဖို့အတွက် စန်းဂူမျှော်စင်မှာ ဘယ်သူမှမရှိတော့ဘူး...ဒါကြောင့် တာ၀န်ခံအသစ်စေလွှတ်ပေးဖို့အတွက် န၀မနန်းတော်ကို တင်ပြရမယ်"

"လောလောဆယ်တော့ အဲ့ကိစ္စကိုဂရုစိုက်ဖို့အတွက် မင်းကိုဒုက္ခ‌ပေးရအုံးမှာပဲ...မင်းသာသတိထားမယ်ဆိုရင် ဘာမှတော့မဖြစ်ပါဘူး..."

လီယွမ်၏အသိစိတ်က တုန်ခါသွားခဲ့ပြီး အခွင့်အရေးကောင်းရောက်ရှိလာကြောင်း သဘောပေါက်လိုက်သည်။

"ခေါင်းဆောင်ရှန်း...ငါဒါကိုကိုင်တွယ်နိုင်မယ်လို့ထင်တယ်...ငါကခုဆိုရင် တတိယအဆင့်ဂူသခင်ဖြစ်နေခဲ့ပြီ...ဂူကောင်တွေကိုကိုင်တွယ်တဲ့နေရာမှာ အတွေ့အကြုံအများကြီးရှိတယ်...စတုတ္ထနဲ့ပဉ္စမထပ်မှာရှိနေတဲ့ အကြွင်းအကျန်ဂူကောင်တွေကို ကိုယ်တွယ်ရတာ ငါ့အတွက်ပြဿနာမဟုတ်ဘူး..."

"မင်းက တတိယအဆင့် ဂူသခင်တစ်ယောက်ဖြစ်နေပြီပေါ့..."

ချီရှန်းက အံ့ဩသွားခဲ့ရသည်။

"အမှန်ပါပဲ..."

လီယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ထိုကိစ္စကိုဖုံးကွယ်ထားခြင်းမရှိပေ။

"ဒါကတကယ့်ကိုမယုံနိုင်စရာပဲ...တကယ်မယုံနိုင်စရာပဲ..."

ချီရှန်းက လီယွမ်အားစိုက်ကြည့်လိုက်ပြီး လီယွမ်အားကြည့်နေသော သူ၏အကြည့်များက ပြောင်းလဲနေခဲ့ပြီဖြစ်သည်။

ထိုကဲ့သို့ ထက်မြက်ပြီး အလုပ်ကြိုးစားသော ပါရမီရှင်လူငယ်လေးသည် အနာဂတ်တွင် ကျိန်းသေပေါက်သူ့အား သာလွန်သွားမည်ဖြစ်ကာ ဂူအသိုက်၏အရှင်သခင်တစ်ယောက် ဖြစ်လာမည်ဖြစ်သည်။

အနည်းဆုံးတော့ န၀မနန်းတော်၏အတွင်းစည်း၌ အကြီးအကဲတစ်ဦးအဖြစ် တာ၀န်ထမ်းဆောင်နိုင်စွမ်းရှိပေမည်။

"ငါ့ကို လုံခြုံမှုနဲ့ငြိမ်းချမ်းတဲ့ဘ၀ကို ပေးအပ်ခဲ့တဲ့ ဂူနန်း၁၂ခုရဲ့ပံ့ပိုးပေးမှုကြောင့် ငါကဂူသခင်တစ်ယောက်ဖြစ်ခွင့်ရခဲ့တယ်...ခုလိုဂူအသိုက်ကအကူအညီလိုအပ်နေတဲ့အချိန်မှာ တပည့်တစ်ယောက်အနေနဲ့ ဒီတာ၀န်ကိုလက်ခံဖို့ကလွဲပြီး ငါ့မှာရွေးချယ်စရာမရှိဘူး..."

လီယွမ်က ရိုးသားစွာပြန်ပြောလိုက်သည်။

"ကောင်းပြီလေ...မင်းမှာယုံကြည်မှုရှိတယ်ဆိုမှတော့ ဒီနေရာကကိစ္စတွေအားလုံးကို မင်းစီမံခန့်ခွဲနိုင်ဖို့ ငါချန်ထားခဲ့လိုက်မယ်"

စတုတ္ထအထပ်နှင့်ပဉ္စမအထပ်မှ အကြွင်းအကျန်ဂူကောင်များသည် အလွန်ပင်ရှားပါးသော်လည်း လီယွမ်၏အစွမ်းအစဖြင့်ဆိုပါက ကိုင်တွယ်နိုင်မည်ဟု သူယုံကြည်ထားပေသည်။

အရေးအကြီးဆုံးသောအချက်မှာ ဤနေရာအားတာ၀န်ယူရန်အတွက် တာ၀န်ခံတစ်ယောက်စေလွှတ်ပေးရန် န၀မနန်းတော်သို့တင်ပြလိုက်ပါက ထိုတာ၀န်ခံအတွက်ထောက်ပံ့ငွေပေးချေရန် သူတို့လိုခေါင်းဆောင်မျာ၏ထောက်ပံ့ငွေမှ နုတ်ယူမည်ဖြစ်သည်။

ယခု တစ်စုံတစ်ယောက်က တာ၀န်ယူပေးလာရာ သူတို့အတွက်အကျိုးအမြတ်မလျော့တော့ပေ။ထို့ကြောင့် ချီရှန်းက လီယွမ်အား ပို၍ပင်နှစ်သက်လာခဲ့သည်။

အခြားသောတပည့်များသာဆိုလျှင် သူတို့သည် တာ၀န်ကိုအချောင်ခိုကာ ဤနေရာမှပြောင်းရွေ့ရန်ပင် လျှောက်ထားကြမည်ဖြစ်သည်။အဆုံးသတ်တွင် ဤသို့သောနေရာမျိုး၌ အန္တာရယ်ကအချိန်မရွေးဖြစ်ပေါ်လာနိုင်ကြောင်း သိထားရပေမည်။

ရှီဝူလီကိုယ်တိုင်က အလွန်အစွမ်းထက်သော မဟာဂူသခင်ဖြစ်ပေရာ ထိုကဲ့သို့လူထံ၌ မမျှော်လင့်ထားသော အရန်အစီအစဉ်များ ရှိကောင်းရှိနိုင်ပေသည်။

သို့သော် လီယွမ်က ရဲရဲဝံ့ဝံ့တာ၀န်ယူရန် ရှေ့ထွက်လာပေရာ လီယွမ်၏တာ၀န်ယူလိုစိတ်နှင့်အဖိုးတန်အရည်အသွေးများက ပိုမို‌ပေါ်လွင်လာကြောင်း ငြင်းဆန်၍မရတော့ပေ။

ချီရှန်းသည် သူ့စိတ်ထဲ၌ သက်ပြင်းချကာ ရေရွတ်လိုက်သည်။

"တကယ့်စံပြထားရမယ့် လူငယ်တစ်ယောက်ပဲ...ရဲရင့်တယ်...တာ၀န်သိစိတ်အပြည့်ရှိတယ်...အခြားတပည့်တွေအပေါ်ကိုလည်း စာနာထောက်ထားတတ်တယ်...ညစ်ပတ်တဲ့အလုပ်တွေကိုလည်းမလုပ်ဘူး...မင်း‌အနာဂတ်မှာ ဘယ်လောက်ဝေးဝေးသွားနိုင်မှာလဲ..."

All Chapters