အဆင့် ၄ ဂူသခင်နှင့်တိုက်ခိုက်ခြင်း
Vol. 2 Ch. 17
ညအချိန်၌...
ပုရှီခန်းမမှလူများသည် ကိစ္စရပ်အားလုံးကို ကောင်းစွာကိုင်တွယ်ပြီးနောက်တွင် သူတို့အားလုံး စန်းဂူမျှော်စင်မှ ထွက်ခွာသွားခဲ့သည်။
ဤသို့ဖြင့် စန်းဂူမျှော်စင်သည် ယခင်ကလို တည်ငြိမ်အေးချမ်းမှုအား ပြန်လည်ရရှိခဲ့သည်။
၀မ်ကျောက်ကျောက်သည် အရံဟင်းအနည်းငယ်အား ရိုးရိုးရှင်းရှင်းချက်ပြုတ်ထားခဲ့သည်။ဝါးရုံတောထဲရှိ ခြံ၀င်းငယ်အတွင်း၌ လူအိုကြီး၀မ်နှင့်လီယွမ်တို့က ဝိုင်သောက်နေခဲ့ကြသည်။
"မင်းဘာပြောလိုက်တယ်...မင်းကစတုတ္ထအထပ်နဲ့ပဉ္စမအထပ်က အကြွင်းအကျန်ဂူကောင်တွေကို ကိုင်တွယ်ဖို့အတွက် တာ၀န်ယူလိုက်တယ်...ဟုတ်လား"
"လီယွမ် မင်းရူးသွားတာလား..."
လီယွမ်က နေ့ခင်းဘက်မှ ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များအား ပြန်ပြောပြချိန်တွင် ၀မ်လင်းက အလွန်ထိတ်လန့်သွားခဲ့သည်။
"ဘာတွေစိုးရိမ်နေတာလဲ...လူအိုကြီး၀မ် မင်းနဲ့ငါသိတာ တစ်နှစ်နီးပါးလောက်ကြာနေပြီ...ဘာလို့ငါ့ကိုအခုထိမယုံသေးဘူးလား..."
လီယွမ်၏အမူအရာက အလွန်ပင်တည်ငြိမ်နေခဲ့သည်။
"ငါမင်းကိုယုံပါတယ်...မင်းကအလုပ်ကိုတကယ်ကြိုးစားပြီး အကျိုးပြုထားတာလေ မင်းဒီလိုတာ၀န်ယူလိုက်တော့ ဂိုဏ်းထဲကအချောင်ခိုနေတဲ့သူတွေ ပိုပြီး၀မ်းသာနေမှာပေါ့"
"သူတို့က ဘာလို့၀မ်းသာရမှာလဲ"
လီယွမ်က မေးမြန်းလိုက်သည်။
"မင်းကခုထိမသိသေးဘူးလား...ဒီလိုအခြေအနေမျိုးမှာဆိုရင် စန်းဂူမျှော်စင်ကိုတာ၀န်ယူဖို့အတွက် န၀မနန်းတော်ကတာ၀န်ခံတစ်ယောက်စေလွှတ်ပေးရလိမ့်မယ်...အဲ့တာ၀န်ခံအတွက်ထောက်ပံ့ငွေကို အဲ့အဖွဲ့ခေါင်းဆောင်တွေရဲ့ လစဉ်ထောက်ပံ့ကြေးကနေ ခွဲပေးရမှာလေ"
၀မ်လင်းက ဒေါသတကြီးလေသံဖြင့် ပြောလိုက်သည်။
လစဉ်ထောက်ပံ့ကြေးဟူသည် ကျိုးကုန်းဂူအသိုက်မှ အဖွဲ့၀င်များအား လစဉ်ဖြန့်ဝေပေးသော ကျင့်ကြံခြင်းအရင်းအမြစ်များဖြစ်ကြသည်။
"ဟားဟား...ငါသိပါတယ်"
လီယွမ်က ပြုံးလိုက်မိသည်။ယခုမှသာ ချီရှန်းတစ်ယောက် အဘယ်ကြောင့်ပျော်ရွှင်နေကြောင်း သူသိရှိလိုက်တော့သည်။
"မင်းကရယ်နိုင်သေးတယ်ပေါ့..."
၀မ်လင်းက လီယွမ်အတွက် မတရားသလိုခံစားနေရသော်လည်း ထိုအရာကလီယွမ်လိုချင်သောအရာအတိအကျဖြစ်ကြောင်း ၀မ်လင်းမသိခဲ့ပေ။
"ဒါတွေအားလုံးက အသေးအမွှားလေးတွေပါပဲ...အဲလိုအရာတွေကို မက်မောနေစရာမလိုပါဘူး...ဒီတာ၀န်ကို ကျနော်ကိုယ်တိုင်ဆောင်ရွက်ဖို့ အာမခံပါတယ်"
လီယွမ်က လေးနက်တည်ကြည်စွာပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် ၀မ်လင်းသည် စကားမပြောနိုင်လောက်အောင် ဆွံ့အသွားခဲ့ရသည်။သူသည် ဤကောင်လေးမည်မျှထိဒုက္ခခံရမည်ကို ကြိုသိနေခဲ့ချေပြီ။
သူကိုယ်တိုင်ကလည်း ငယ်စဉ်ကတည်းက အားမာန်အပြည့်ဖြင့် တက်ကြွနေခဲ့သောလူငယ်လေးတစ်ယောက်ဖြစ်သည်။
သို့သော် လူအမျိုးမျိုး၏သဘောသဘာ၀ကို ကြုံတွေ့ခဲ့ရပြီးနောက်တွင် သူသည်လည်းမြေခွေးအိုကြီးတစ်ကောင်အဖြစ် ပြောင်းလဲလာခဲ့ရသည်။
ညဉ့်ဦးယံအချိန်တွင်...
လီယွမ်သည် စန်းဂူမျှော်စင်၏အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီးနောက် အိပ်ခန်းထဲသို့၀င်ရောက်၍ ခဏတာလေးအတွင်း အိပ်မောကျသွားခဲ့သည်။
…
ဝါးရုံတောအပြင်ဘက်၌ အမှောင်ရိပ်တစ်ခုက တိတ်ဆိတ်စွာချည်းကပ်လာခဲ့သည်။
"ဂူသခင်က ဒဏ်ရာအပြင်းအထန်ရထားတာကြောင့် သွေးမျက်လုံးဂူကောင်ကို ရယူဖို့စွန့်စားလိုက်တာပဲ..."
သွေးမျက်လုံးဂူကောင်သည် န၀မနန်းတော်၏အတွင်းစည်းသို့ အစီရင်ခံတင်ပြထားသော အဖိုးတန်ဂူကောင်ဖြစ်သည်။
အကယ်၍ ထိုဂူကောင်ပိုင်ရှင်သာ သေဆုံးသွားခဲ့ပါက န၀မနန်းတော်မှ အငြိမ်နေမည်မဟုတ်ချေ။
"အဲလိုသာဆိုရင် ရှီဝူလီကိုပဲအပြစ်တင်ရလိမ့်မယ်...ဘာပဲဆိုဆို သက်သေပြစရာအထောက်အထားမှမရှိတာ"
"ကိုယ်ပျောက်ဂူကောင်..."
အနက်ရောင်အရိပ်က တီးတိုးရေရွတ်လိုက်ပြီးနောက် ပုတ်သင်ညိုကဲ့သို့ဂူကောင်တစ်ကောင်အား အသက်သွင်းလိုက်သည်။ထို့နောက်တွင် သူ၏ပုံရိပ်သည် လေထုထဲ၌ရောယှက်ပျောက်ကွယ်သွားသကဲ့သို့ ရုတ်ချည်းပျောက်ကွယ်သွားခဲ့သည်။
သူသည် ဝါးရုံတောကိုဖြတ်သန်းလာရင်း ကိုယ်ပျောက်နေသောသူ၏အကြည့်က စန်းဂူမျှော်စင်နံဘေးမှ အိပ်ဆောင်ရှိရာသို့ကျရောက်လာခဲ့သည်။
"ဒါကသွေးမျက်လုံးဂူကောင်ရဲ့ ရနံ့ပဲ..."
"သွေးမျက်လုံးဂူကောင်ကို သန့်စင်ထားတဲ့ဂူသခင်ဟာဆိုရင် အရမ်းကိုအားကောင်းတဲ့စူးစမ်းနိုင်စွမ်းရှိတယ်လို့ပြောကြတယ်...သူမကငါ့ရဲ့တည်ရှိမှုကိုကော ဖော်ထုတ်နိုင်မလား"
အနက်ရောင်အရိပ်၏အမြင်၌ သွေးမျက်လုံးဂူကောင်ပိုင်ရှင် မိန်းကလေးအား တိတ်တဆိတ်ပြန်ပေးဆွဲခြင်းက အကောင်းဆုံးဖြစ်နိုင်သည်ဟု ထင်မြင်ယူဆထားခဲ့သည်။
အကယ်၍ သတိထားမိသူများရှိလာပါက အကုန်လုံးအား သတ်ဖြတ်ရမှာဖြစ်သည်။
လေတစ်ချက်အဝှေ့၌ သစ်ရွက်များက ကြွေကျလာခဲ့ချေပြီ...
သို့သော် အနက်ရောင်အရိပ်မသိလိုက်သည်မှာ အိပ်ဆောင်တွင်း၌အိပ်မောကျနေသော ကောင်လေး၏မျက်လုံးများ ပွင့်နေခြင်းပင်ဖြစ်သည်။
လီယွမ်သည် ကုတင်ပေါ်၌လဲလျောင်းနေရင်း မျက်နှာကျက်ကို လေးနက်သောအမူအရာဖြင့် စိုက်ကြည့်လျက်ရှိပေသည်။
"မင်းကဘာလို့ထပ်ရောက်လာပြန်တာလဲ...ငါ့ကိုအေးအေးဆေးဆေးနေခွင့်မပေးနိုင်တော့ဘူးလား..."
အနက်ရောင်အရိပ်သည် ဝါးရုံတောဆီသို့ချဉ်းကပ်လာချိန်မှစ၍ ကင်းထောက်ဂူကောင်၏အစောဆုံးသော သတိပေးချက်က သူ့ထံသို့ဦးစွာရောက်ရှိနှင့်ပြီးဖြစ်သည်။
သို့သော်လည်း သူသတိထားမိပြီး မကြာမှီ တစ်ဖက်လူကပျောက်ကွယ်သွားခဲ့သည်။
"ဒါကကိုယ်ပျောက်ဂူကောင်ပဲဖြစ်ရမယ်..."
လီယွမ်သည် တစ်နှစ်ပတ်လုံး "ဂူသခင်လက်စွဲစာအုပ်"အား ဂရုတစိုက်ဖတ်ရှုလေ့လာခဲ့သည်။ထို့ကြောင့် ဂူကောင်အမျိုးအစားများနှင့် ၎င်းတို့၏အသုံး၀င်ပုံအသီးသီးကို အပြည့်အ၀နားလည်ထားခဲ့ပြီးဖြစ်သည်။
ကိုယ်ပျောက်ဂူကောင် ဂူသခင်၏ခန္ဓာကိုယ်အား လေထုထဲ၌ပေါင်းစပ်ကာ ကိုယ်ယောင်ဖျောက်ပေးနိုင်သော်လည်း လီယွမ်က၎င်းကို အာရုံခံနိုင်ဆဲဖြစ်သည်။
လီယွမ်သည် ကင်းထောက်ဂူကောင်များ၏ အထောက်အပံ့ဖြင့် တစ်ဖက်လူ၏တည်နေရာကို ဖော်ထုတ်နိုင်ခဲ့သည်။
"ဒါက...သူကရှောင်ကျောက်ကို ပစ်မှတ်ထားနေတာလား..."
မူလက ထိုလူသည် ရှီဝူလီ၏မြွေပျံဂူငယ်အတွက် သူ့ထံသို့ရောက်လာခြင်းဖြစ်ရမည်ဟု တွေးခဲ့ဖူးသော်လည်း ယခုမူထိုသို့မဖြစ်လာဟန်ရသည်။
လူအိုကြီး၀မ် စိတ်ပူနေသောအရာသည် နောက်ဆုံးတွင် ဖြစ်လာခဲ့ပြီဖြစ်သည်။
တစ်စုံတစ်ယောက်သည် ရှောင်ကျောက်၏သွေးမျက်လုံးဂူကောင်ကို စတင်ပစ်မှတ်ထားလာခဲ့ပြီဖြစ်သည်။
"ရှောင်ကိုင်ထတော့...အလုပ်လုပ်ချိန်ရောက်ပြီ"
လီယွမ်သည် နှလုံးသားကင်းမဲ့သူတစ်ဦးမဟုတ်ပေ။လူအိုကြီး၀မ်က သူ့အားကောင်းမွန်စွာဆက်ဆံပေးခဲ့ရာ သူ၏ကြင်နာမှုကို သူအမြဲအမှတ်ရနေခဲ့သည်။သို့ဖြစ်ရာ ယခုလိုရှောင်ကျောက်တစ်ယောက် အန္တာရယ်ကြုံတွေ့လာချိန်၌ သူငြိမ်ငြိမ်လေးထိုင်မကြည့်နိုင်ပေ။
ကိုယ်ပျောက်ဂူကောင် အဲ့လိုပုံစံမျိုးဂူကောင်တွေ ငါ့မှာလည်းရှိနေတာပဲလေ...
လီယွမ်သည် ကိုယ်ဖျောက်ဂူကောင်တစ်ကောင်အား အသက်သွင်း၍ အိပ်ခန်းထဲမှထွက်ခွာလာခဲ့သည်။
ထိုအချိန်တွင် အနက်ရောင်အရိပ်သည် တံခါးနားသို့ချဉ်းကပ်လာကာ ဖြည်းညှင်းစွာတွန်းဖွင့်လိုက်သည်။
ဘန်း...
ထိုအချိန်တွင် အခန်းတံခါးက ရုတ်တရက်ပွင့်လာခဲ့ကာ အထဲမှနေ၍ လက်သီးချက်တစ်ခုထွက်ပေါ်လာခဲ့သည်။
"ရှောင်ကျောက်ထတော့...သူခိုးတစ်ယောက်ရောက်လာပြီ..."
"လီယွမ်...မအိပ်နဲ့တော့"
ပထမဆုံးအော်ဟစ်လိုက်သူမှာ လီယွမ်ပင်ဖြစ်သည်။
၀မ်လင်း၏လုပ်ဆောင်မှုကြောင့် လီယွမ်အံ့ဩသွားခဲ့ရသည်။လူအိုကြီး၀မ်ဟူသည့်အတိုင်း ထိုလူအိုကြီးသည် ရှောင်ကျောက်အားအချိန်ပြည့်စောင့်ကြည့်နေခဲ့သည်။
လူအိုကြီး၀မ်သည် ခွန်အားသိပ်မကောင်းသော်လည်း နိုးကြားမှုအပြည့်ရှိနေခဲ့သည်။
၀မ်လင်း၏ရုတ်ချည်းတိုက်ခိုက်မှုကြောင့် လီယွမ်တစ်ယောက် အံ့ဩသွားခဲ့ရသည်။
"လူအိုကြီး၀မ်က ငါမျှော်လင့်ထားသလိုပဲ...သူကရှောင်ကျောက်ကို အချိန်ပြည့်သတိထားပြီး စောင့်ကြည့်နေတာပါလား"
လူအိုကြီး၀မ်သည် အနည်းငယ်အားနည်းသော်လည်း အပြည့်အ၀နိုးကြားနေခဲ့သည်။
၀မ်လင်း၏ရုတ်ချည်းတိုက်ခိုက်မှုကြောင့် အနက်ရောင်အရိပ်၏ ကိုယ်ယောင်ဖျောက်မှု၌ ချို့ယွင်းချက်ဖြစ်ပေါ်သွားကာ ၎င်း၏ပုံရိပ်အား ဖော်ထုတ်လိုက်မိသည်။
"အဲ့ဒါမင်းပေါ့...စစ်ပွဲအုပ်ချုပ်မှုခန်းမရဲ့လက်ထောက်ခေါင်းဆောင်ဖြစ်တဲ့ အောရွှမ်း...မင်းကဘာလို့ညဘက်ကြီး စန်းဂူမျှော်စင်ကို ခိုး၀င်လာရတာလဲ..."
အောရွှမ်းသည် ဖော်ထုတ်ခံလိုက်ရပြီးနောက် ဆက်လက်ဖုံးကွယ်ရန် မကြိုးစားတော့ဘဲ ရက်စက်စွာပြုံးပြလိုက်သည်။
"အရင်က လူတစ်ယောက်ပဲသေမှာဆိုပေမဲ့ ခုလိုဖြစ်သွားမှတော့ မင်းတို့အားလုံးကိုသတ်ဖြတ်ဖို့ကလွဲပြီး အခြားရွေးချယ်စရာမရှိတော့ဘူး"
"ရွှေ၀တ်ရုံဂူကောင်..."
အောရွှမ်းသည် စစ်ပွဲအုပ်ချုပ်မှုခန်းမ၏ လက်ထောက်ခေါင်းဆောင်တစ်ယောက် ဖြစ်သည်နှင့်အညီ သူ၏အဓိကဂူကောင်သည် တိုက်ခိုက်ရေးဂူကောင် အမျိုးအစားဖြစ်သည်။
၎င်းသည် ရွှေရောင်၀တ်ရုံတစ်ခုသဖွယ် ဂူသခင်၏ ခန္ဓာကိုယ်အပေါ်ယံ၌ ရွှေရောင်စွမ်းအင်အလွှာတစ်ခုကို စုစည်းပေးနိုင်သော စတုတ္ထအဆင့် လျှို့ဝှက်ဂူကောင်ဖြစ်သည့်ရွှေ၀တ်ရုံဂူကောင်ပင်ဖြစ်သည်။
"သေလိုက်တော့..."
အောရွှမ်းက လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
၀မ်လင်းသည် အောရွှမ်းကို အလစ်ဖမ်းကာ စတင်တိုက်ခိုက်ခဲ့သော်လည်း သူတို့နှစ်ဦးကြား ခွန်အားကွာဟချက်က အလွန်ပင်များပြားလှပေသည်။ထို့ကြောင့် သူ၏လက်သီးချက်များက အောရွှမ်းကို မထိခိုက်စေခဲ့ပေ။
ဘန်း...
လက်သီးချက်က ၀မ်လင်းအားထိမှန်ကာ နောက်သို့လွှင့်ထွက်သွားစေခဲ့သည်။
"အဘိုး..."
၀မ်ကျောက်ကျောက်သည် မမြင်တွေ့နိုင်သော်လည်း အခြေအနေကိုခံစားမိနိုင်ပေသည်။
"ရှောင်ကျောက်ရေ...လီယွမ်နဲ့လိုက်သွား...မြန်မြန်သွားတော့"
၀မ်လင်းသည် ယနေ့သေရမည်ကိုသိရှိထားပြီဖြစ်ကာ ထိုလူငယ်နှစ်ဦးအသက်ရှင်ရန်သာ မျှော်လင့်လျက်ရှိတော့သည်။
အောရွှမ်း၏မျက်နှာပေါ်၌ ရက်စက်သောအမူအရာဖြစ်ပေါ်လာကာ ၀မ်လင်း၏အသက်ကိုနှုတ်ယူရန် ကြံစည်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ကတုန်ခါလာကာ ခြေထောက်မှသိ ခေါင်းထိတိုင်အောင် အေးစက်မှုကိုခံစားလိုက်ရသည်။အတွေ့အကြုံရင့်ကျက်သော ဂူသခင်တစ်ယောက်ဖြစ်သည်နှင့်အညီ သေရေးရှင်ရေးအချိန်ကာလ၌ အန္တာရယ်အငွေ့အသက်ကြောင့် နောက်သို့ဆုတ်ခွာလိုက်သည်။
သူနောက်ဆုတ်လိုက်ပြီးနောက် မူလကသူရပ်နေသောနေရာသို့ အနီရောင်မီးလျှံတစ်ခု ကျဆင်းလာခဲ့သည်။
ထိုအနီရောင်မီးလျှံက စူးရှတောက်ပကာ မြေကြီး၌ အပေါက်တစ်ခုလောင်ကျွမ်းဖြစ်ပေါ်စေခဲ့သည်။
ထိုမီးဖြင့်သာ ထိတွေ့မိပါက သူ၏အဆုံးသတ်မကောင်းနိုင်ပေ။အောရွှမ်းသည် သူ၏ခေါင်းကိုလှည့်ကြည့်လိုက်ချိန်၌ လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုကောင်လေး၏ပုခုံးပေါ်၌ အန္တာရယ်အငွေ့အသက်များကို ထုတ်လွှတ်နေသော ချစ်စဖွယ်သုံးရောင်ခြယ်မြွေလေးတစ်ကောင်ကို တွေ့လိုက်ရသည်။ထိုမြွေလေးသည် သူ၏ပါးစပ်ကိုဟ၍ အနီရောင်မီးလျှံများကို ဖော်ထုတ်လိုက်ဟန်ရသည်။
"သားရဲဂူကောင်..."
အောရွှမ်းသည် ထိုဂူကောင်ကိုမမှတ်မိသော်လည်း ရှားပါးသည့်အဖိုးတန်ဂူကောင်ဖြစ်ကြောင်း ရိပ်စားမိပေသည်။
"အဖိုးတန်ဂူကောင် ၂ကောင်တောင်လား..."
လက်ရှိအခြေအနေအား သဘောပေါက်ပြီးနောက် အောရွှမ်းကအလွန်စိတ်လှုပ်ရှားလာခဲ့သည်။
သွေးမျက်လုံးဂူကောင်ကို ဂူသခင်ထံပေးအပ်လိုက်လျှင်တောင်မှ ယခုလိုပိုမိုအဖိုးတန်သော သားရဲဂူကောင်အား သူ့အတွက်ရယူနိုင်ပေသည်။
"အတော်ထူးခြားတဲ့ဂူကောင်ပဲ...ဒါပေမဲ့ ပိုင်ရှင်မှားယွင်းနေတာ နှမြောစရာကောင်းတယ်"
အောရွှမ်းသည် ချက်ချင်းဆိုသလိုပင်ဦးတည်ချက်ပြောင်း၍ လီယွမ်ဆီသို့ပြေး၀င်သွားခဲ့သည်။
လီယွမ်သည် ခပ်ဝေးဝေးသို့ အမြန်လေးဆုတ်ခွာလိုက်သည်။
"အမြန်နှုန်းချင်းယှည်ချင်တယ်ဆိုရင် မင်းကငါ့နောက်မှာပဲရှိသေးတယ်...လေဖမ်းဂူကောင်.."
ချက်ချင်းပင် အောရွှမ်း၏ခြေထောက်အောက်၌ လေဖမ်းလိပ်ပြာငယ်နှစ်ကောင်ထွက်ပေါ်လာကာ သူ၏အရှိန်နှုန်းကသိသိသာသာတိုးမြင့်လာခဲ့သည်။သို့သော်လည်း ထိုသို့လုပ်ဆောင်ပြီးသည်တောင်မှ ကောင်လေးနှင့်သူ့အကြားအကွာအဝေးက တဖြည်းဖြည်းတိုးမြင့်လာ၍ အောရွှမ်းစိတ်ရှုပ်ထွေးသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးများ၌ ထိတ်လန့်မှုများ အတိုင်းသားထင်ဟပ်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူလိုက်ဖမ်းနေသော ကောင်လေးအား လေဖမ်းလိပ်ပြာအကောင်ရေဒါဇင်ချီက ဝိုင်းရံကာ အရှိန်တိုးမြင့်ပေးနေ၍ဖြစ်ပေသည်။
လီယွမ်တစ်ယောက် ထွက်ပြေးနေစဉ်အတွင်း ရှောင်ကိုင်ကတိုက်ခိုက်ရန် ပြင်ဆင်နေခဲ့သည်။
သုံးရောင်ခြယ်မီးတောက်စပါးအုံးက သူမ၏ပါးစပ်ကိုဖွင့်၍ ဧရာမမီးလုံးကြီးတစ်ခုကို အောရွှမ်းဆီသို့ပစ်လွှတ်လိုက်သည်။သို့သော် ယခုတစ်ကြိမ်၌ အောရွှမ်းကအသင့်ရှိနေခဲ့ကာ မီးလုံးအားရှောင်တိမ်းလိုက်သည်။
"မင်းငါ့ကိုထိနိုင်မယ်ထင်လို့လား...မင်းရဲ့လက်ရှိခွန်အားအရဆိုရင် ဒီလိုဂူကောင်တွေကိုထိန်းချုပ်နိုင်ဖို့ စိတ်စွမ်းအားအဆမတန်ကုန်ဆုံးလိမ့်မယ်...မင်းဘယ်အချိန်ထိထိန်းထားနိုင်မလဲကြည့်ရအောင်..."
လီယွမ်သည် အောရွှမ်း၏လှောင်ပြောင်မှုကိုကြားလိုက်ရသော်လည်း သူ၏ပါးစပ်ထောင့်များက အနည်းငယ်ကွေးညွတ်သွားခဲ့သည်။
ယခုတစ်ကြိမ်တွင် သူ၏ပုခုံးပေါ်တွင်ရှိနေသော ရှောင်ကိုင်က အစိမ်းရောင်မီးတောက်များကို ထပ်မံပစ်လွှတ်လိုက်သည်။
အောရွှမ်းက နောက်ထပ်တစ်ကြိမ် ရှောင်ထွက်လိုက်ကာ ရယ်မောလိုက်သည်။
"ဟားဟား...မင်းရဲ့ဂူကောင်တွေကအစွမ်းထက်ပေမဲ့ ပိုင်ရှင်ကအသုံးမကျတာစိတ်မကောင်းစရာပဲ..."
သို့သော် သူ၏စကားမဆုံးမှီ သူရှောင်တိမ်းလိုက်သောမီးတောက်က ရုတ်တရက်အရှိန်အဟုန်မြင့်တက်လာခဲ့ကာ အောရွှမ်း၏နောက်ကျောသို့ ခုန်အုပ်လာခဲ့သည်။
ထိုမီးတောက်သည် ကပ်ပါးတစ်ကောင်ကဲ့သို့ အောရွှမ်း၏ခန္ဓာကိုယ်ပေါ်မှ ရွှေရာင်၀တ်ရုံကို စတင်လောင်ကျွမ်းလာခဲ့သည်။
ထိုအခြေအနေရောက်မှသာ သူသည်အန္တာရယ်တောသို့ ကျရောက်နေကြောင်း အောရွှမ်းနားလည်သွားကာ လက်ရှိအခြေအနေမည်မျှလေးနက်ကြောင်း သဘောပေါက်သွားခဲ့သည်။
…