← Chapters

စတုတ္ထအဆင့်သို့တက်လှမ်းခြင်း

Vol. 2 Ch. 21

စတုတ္ထအဆင့်သို့တက်လှမ်းခြင်း

Vol. 2 Ch. 21

"မင်းကဒါတွေကို စိတ်မ၀င်စားဘူးလို့ ငါထင်ထားတာ..."

လီယွမ်က စိတ်၀င်တစားမေးမြန်းလာသောအခါ ချီရှန်းကပြုံးလိုက်မိသည်။

"လက်ရှိခေတ်ကာလမှာ ကမ္ဘာပေါ်ကလူတိုင်း ခုခံနိုင်စွမ်းကင်းမဲ့နေကြတယ်...ကမ္ဘာကြီးရဲ့အခြေအနေက တနေ့ထက်တနေ့ပိုပြီးဆိုးရွားလာနေတယ်...တစ်နေ့ကျရင်ငါတို့လည်း ဒီထဲဆွဲသွင်းခံရမှာပဲ..."

"ကျိုးကုန်းတောင်တန်းတောင်မှ ဒီကိစ္စ‌ကနေမလွတ်မြောက်နိုင်ဘူးလား..."

လီယွမ်သည် အကျပ်အတည်းကို ရုတ်တရက်ခံစားမိလိုက်သည်။သူသည် ဤနေရာကို ပြဿနာများကြားမ၀င်ရောက်စေလိုပေ။

"အာဏာလုနေကြတဲ့ အင်အားစုတွေအကြား စစ်ပွဲတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ကျိုးကုန်းတောင်တန်းတောင်မှ ဘေးထွက်နေနိုင်မှာမဟုတ်ဘူး...လက်ရှိအချိန်မှာ အကြီးမားဆုံးအန္တာရယ်က ကျူးကျော်လာတဲ့နတ်ဆိုးတွေပဲ..."

"နေရာတိုင်းမှာ ပရမ်းပတာဖြစ်နေတာကိုအခွင့်ကောင်းယူပြီးတော့ နတ်ဆိုးတွေဟာသောင်းကျန်းကြတယ်...သူတို့ကလူတွေကိုစားသောက်ပြီးတော့ တနေ့ထက်တနေ့ပိုအားကောင်းလာနေကြတယ်"

"တစ်နေ့မှာတော့ သူတို့ဟာငါတို့မဖြေရှင်းနိုင်တဲ့ ကပ်ဆိုးကြီးဖြစ်လာနိုင်တာပဲ..."

ချီရှန်းသည် ပြင်ပလောကရှိအကြောင်းများကို ရှင်းပြပေးနေခဲ့သည်။

ထို့ကြောင့်သာ လက်ရှိအခြေအနေသည် အလွန်ဆိုးရွားနေကြောင်း လီယွမ်သိရှိလိုက်ခြင်းဖြစ်သည်။ထိုသို့မဟုတ်ဘဲ ဂူနန်း၁၂ခုအတွင်း၌သာ ခိုအောင်းနေလျှင် သူဤအကြောင်းများကို သိရှိမည်မဟုတ်ပေ။

ချီရှန်းကသက်ပြင်းချ၍ ဆက်ရှင်းပြလိုက်သည်။

"ဒီနေ့အချိန်မှာ အလယ်ပိုင်းလွင်ပြင်ဒေသကို စည်းမျည်းတွေနဲ့အုပ်စိုးတဲ့အဖွဲ့အစည်းကို ညဇီးကွက်လို့ခေါ်ကြတယ်..."

"ညဇီးကွက်..."

ထိုအရာက လီယွမ်တစ်ခါမှမကြားဖူးသည့် အမည်ဖြစ်သည်။

"ညဇီးကွက်ဆိုတာ ဒါယန်းကိုစတင်တည်ထောင်ကတည်းရှိခဲ့တဲ့ သိုင်းနတ်ဘုရားအဖွဲ့ပဲ...ဒါယန်းပြည်ထောင်ကိုတည်ထောင်ပြီးနောက် ဧကရာဇ်ထိုက်ဇူက ညဇီးကွက်ကိုဖွဲ့စည်းခဲ့ပြီး ဧကရာဇ်ရဲ့အမိန့်ကိုပဲနာခံကြတယ်...အဖွဲ့အစည်းတစ်ခုလုံးကို အရမ်းအစွမ်းထက်တဲ့စစ်သည်တော်တွေနဲ့ဖွဲ့စည်းထားတယ်...ညဇီးကွက်ဘုရင်တွေဆိုရင် သိုင်းဧကရာဇ်အဆင့်မှာ အရမ်းကိုအစွမ်းထက်တဲ့စစ်သည်တော်တွေပဲ..."

"သိုင်းဧကရာဇ်အဆင့်က ဘယ်အဆင့်လဲ"

လီယွမ်သည် စစ်သည်တော်များနှင့်ပတ်သက်၍ အနည်းငယ်သာသိရှိထားပေသည်။

"ဂူသခင်အဆင့်၉ဆင့် ၊ သူရဲကောင်းအဆင့်၉ဆင့်ရှိတယ်....အဆင့်၉ကိုရောက်ရှိတဲ့ စစ်သည်တော်တွေဟာ သိုင်းဧကရာဇ်တွေဖြစ်ကြပြီးတော့ အဲ့အဆင့်ရဲ့အထက်မှာဆိုရင် ဂူအင်မော်တယ်နဲ့နိုင်းယှဉ်လို့ရတဲ့ သိုင်းနတ်ဘုရားနယ်ပယ်ရှိတယ်"

ချီရှန်း၏ရှင်းပြချက်ကို နားထောင်ပြီးနောက် စစ်သည်တော်များနှင့်ပတ်သက်၍ လီယွမ်ရှင်းလင်းသွားခဲ့သည်။

"အလယ်ပိုင်းလွင်ပြင်ဒေသမှာ ခေါင်းဆောင်မရှိတော့တာတောင်မှ စည်းစနစ်တကျရှိနေတာ ဒါယန်းကိုလုံး၀လဲပြိုမကျအောင်တားဆီးထားနိုင်တာက ညဇီးကွက်ကြောင့်ပဲ..."

"ကောင်းပြီ...ဒီအကြောင်းနဲ့ပတ်သက်ပြီး အများကြီးမပြောတော့ဘူး...အဲလူတွေရဲ့အဆင့်က ငါတို့နဲ့အရမ်းဝေးကွာလွန်းတယ်...ဒီကမ္ဘာကြီးဟာဆိုရင် မင်းနဲ့ငါထိန်းချုပ်နိင်တဲ့အရာမဟုတ်ဘူး...ဘာပဲဖြစ်ဖြစ် ငါတို့ကိုယ်တိုင်၀င်ပါရမယ့်အချိန်က အများကြီးလိုပါသေးတယ်...ဒါကြောင့်ခုလိုတည်ငြိမ်တဲ့ကာလကို အပြည့်အ၀ခံစားလိုက်ပါ..."

ချီရှန်းက လီယွမ်၏ပုခုံးကိုပုတ်၍ ပြောလိုက်သည်။

"ငါပြောတဲ့စကားတွေကို အာရုံစိုက်ပါ...စန်းလန်ဘုရင်ကြွလာတဲ့အခါမှာ မင်းရဲ့အပြုအမူကိုဂရုစိုက်ရမယ်...အနည်းဆုံးတော့ သူ့ရှေ့မှာသူ့ကိုစော်ကားမိသလိုဖြစ်စေမဲ့ ရိုင်းပြတဲ့အပြုအမူတွေ မလုပ်မိစေနဲ့..."

…

၂ရက်အကြာတွင်...

လီယွမ်သည် စန်းဂူမျှော်စင်၏စတုတ္ထထပ်တွင်ထိုင်နေပြီး သူ၏ရှေ့၌လွှင့်မြောနေသော မျက်နှာပြင်ကို စစ်ဆေးနေခဲ့သည်။

(ဂူသခင် - လီယွမ်)

(အနက်ရောင်အိုး - စတုတ္ထအဆင့် ၀-၈၀၀)

(အဆင့် - စတုတ္ထအဆင့်ဂူသခင်)

(ပင်မဂူ - သွေးနှင့်ချီဂူကောင်၊ပြန်လည်မွေးဖွားခြင်းဂူကောင်၊သုံးရောင်ခြယ်မီးတောက်စပါးအုံးဂူကောင်)

(ဂူအိမ် - မရှိပါ)

(လုပ်ဆောင်ချက်အသစ် - ပြိုကွဲဖျက်ဆီးခြင်းလုပ်ဆောင်ချက်ကို အသစ်ထည့်သွင်းထားပါသည်။ဤလုပ်ဆောင်ချက်က အဆင့်မြင့်ဂူကောင်များကို အဆင့်နိမ့်ဂူကောင်များအဖြစ်သို့ ပြိုကွဲစေကာ နည်းလမ်းအသစ်များဖြင့် ပြန်လည်ပေါင်းစည်းနိုင်သည်)

ယနေ့တွင် လီယွမ်သည် စတုတ္ထအဆင့်မဟာဂူသခင်တစ်ယောက်အဖြစ်သို့ တရား၀င်ရောက်ရှိခဲ့ပေသည်။

ထိုအခိုက်အတန့်တွင် မျက်နှာပြင်ပေါ်၌ အပိုအချက်အလက်တစ်ခုရှိနေကြောင်း လီယွမ်တွေ့လိုက်ရသည်။

"ဂူအိမ်ဆိုတာ ဘာကိုပြောတာလဲ..."

သူသည် ဂူအိမ်ဟူသောအရာကို တစ်ခါမှမမြင်ဖူးခဲ့သလို ထိုအကြောင်းကိုလည်း မည်သူကမှပြောဖူးသည်ကိုမကြားဖူးပေ။ထိုအကြောင်းကို ဂူသခင်လက်စွဲ၌ပင် မှတ်တမ်းတင်ထားခြင်းမရှိပေ။

"ဒီပြိုကွဲခြင်းလုပ်ဆောင်ချက်က ငါ့အတွက်အတော်အသုံး၀င်တာပဲ..."

ယခင်ကဆိုလျှင် သူသည်အဆင့်မြင့်ဂူကောင်များကိုပေါင်းစပ်ရန် အလိုရှိသောဂူအကြွင်းအကျန်များအား မရရှိခဲ့ပေ။ဤလုပ်ဆောင်ချက်ဖြင့်ဆိုလျှင် သူသည်အဆင့်မြင့်ဂူအကြွင်းအကျန်များအားဖြိုခွဲကာ ထိုဖြိုခွဲမှုမှတဆင့် ရရှိလာသောရှားပါးဂူကောင်များအား လမ်းကြောင်းအသစ်တစ်ခုဖြင့်ပေါင်းစည်းရန် ရွေးချယ်နိုင်ပေသည်။

ထိုသို့ဆိုလျှင် သူသည်ရှားပါးသောဂူကောင်များနှင့် အဖိုးတန်ဆန်းကြယ်ဂူကောင်များကို ပေါင်းစည်းရရှိနိုင်ခြေ အလွန်တိုးမြင့်လာမည်ဖြစ်သည်။

လီယွမ်သည် ပဉ္စအထပ်ရှိ အဆင့်မြင့်ပဉ္စမအဆင့်ဂူအကြွင်းအကျန်များကို သတိထားမိချိန်တွင် အလွန်ပင်စိတ်လှုပ်ရှားသွားခဲ့ရသည်။

(ရွေးချယ်ထားသော မူရင်းဂူကောင်များ - ပဉ္စမအဆင့် အဆိပ်ရောင်စုံဂူအကြွင်းအကျန် ၂ခု)

"ဖြိုခွဲခြင်းကိုစတင်နေပါပြီ..."

အနက်ရောင်အိုးသည် ရောင်စုံအလင်းတန်းများထွက်ပေါ်လာကာ စတင်တုန်ခါလာခဲ့သည်။

ရောင်စုံအဆိပ်ဂူကောင်သည် အလွန်ဆန်းကြယ်သောဂူကောင်တစ်မျိုးဖြစ်သည်။၎င်း၏ပုံစံသည် ရောင်စုံဘောလုံးတစ်ခုသဖွယ်ဖြစ်ကာ ဒြပ်စင်၅မျိုး၏စွမ်းအားကို စုပ်ယူနိုင်စွမ်းရှိသည်။

၎င်းကိုပင်မဂူကောင်အဖြစ် သန့်စင်လိုက်မည်ဆိုပါက အသုံးပြုသူဂူသခင်၏ ဒြပ်စင်၅ပါးအား အသုံးပြုနိုင်စွမ်းသည် မြင့်တက်လာမည်ဖြစ်သည်။

(ဖြိုခွဲခြင်းအဆုံးသတ်ပါပြီ)

(သင်သည် တတိယအဆင့်ရောင်စုံဂူကောင်၆ကောင်နှင့် ရောင်စုံရတနာအရည် ၁ခုအား လက်ခံရရှိပါသည်။)

"‌ရတနာအရည်ကိုတောင် ဖြိုခွဲပြီးပြန်လည်ထုတ်ဖော်နိုင်တာလား..."

လီယွမ်သည် အလွန်ပင်၀မ်းသာသွားခဲ့သည်။

ယခင်ကဆိုလျှင် ထူးခြားဂူကောင်ဖြစ်သော ပြန်လည်ရှင်သန်ခြင်းဂူကောင်ကို ပေါင်းစပ်စဉ်က အခြေအနေအား သူပြန်သတိရမိသည်။ထိုသို့ပေါင်းစည်းနိုင်ခြင်း၏ အဓိကအချက်မှာ အဆိပ်ရှိခြေထောက်ထောင်ချီကင်းခြေက အင်မော်တယ်မြက်ကို မတော်တဆစားမိထား၍ဖြစ်ပေသည်။

အကယ်၍ သူ့ထံတွင်ဖြိုကွဲခြင်းလုပ်ဆောင်ချက်ကို အစောပိုင်းကတည်းကပိုင်ဆိုင်ထားခဲ့မည်ဆိုပါက သူသည်ခြေထောက်ထောင်ချီအဆိပ်ကင်းခြေထံမှ အင်မော်တယ်မြက်ပင်အား ထုတ်ယူနိုင်မည်ဖြစ်သည်။

ထိုသို့ဆိုလျှင် သူ့ထံ၌အခြားသောရွေးချယ်စရာများ ရရှိလာမည်ဖြစ်သည်။

"ထပ်ပြီးဖြိုခွဲမယ်..."

(ရွေးချယ်ထားသော မူရင်းဂူကောင်များ - ပဉ္စမအဆင့် အလောင်းထိန်းချုပ်ဂူအကြွင်းအကျန် ၂ခု)

"ဖြိုခွဲခြင်းကိုစတင်နေပါပြီ..."

....

(ဖြိုခွဲခြင်းအဆုံးသတ်ပါပြီ)

(သင်သည် တတိယအဆင့်အစေခံ ဂူကောင်၃ကောင်နှင့် ဝိညာဉ်ငြို့ငင်ခြင်းပျော်ရည် ၁ခုအား လက်ခံရရှိပါသည်။)

"ဒါကအရမ်းမိုက်တာပဲ..."

လီယွမ်သည် ဟွမ်ဖူနန်၏ပင်မဂူကောင်ဖြစ်သော အလောင်းထိန်းချုပ်ဂူကောင်ကို အလွန်ပင်သဘောကျမိခဲ့သည်။ဟွမ်ဖူနန်သည် ထိုဂူကောင်၏အစွမ်းဖြင့် တစ်ချိန်တည်းတွင် အလောင်းရုပ်သေးများစွာကို ထိန်းချုပ်နိုင်ခဲ့သည်။

"ထပ်လုပ်မယ်..."

လီယွမ်သည် ဖြိုခွဲခြင်းကို အရူးအမူးစတင်လုပ်ဆောင်ခဲ့သည်။

(သင်သည် တတိယအဆင့်ပြန်လည်နုပျိုခြင်း ဂူကောင်၃ကောင်နှင့် ပြန်လည်နုပျိုခြင်းပျော်ရည် ၁ခုအား လက်ခံရရှိပါသည်။)

(သင်သည် တတိယအဆင့်ယန်ချီ ဂူကောင်၃ကောင်နှင့် ရွှေရောင်ယန်ဆေးလုံး ၁ခုအား လက်ခံရရှိပါသည်။)

(သင်သည် တတိယအဆင့်လေဖမ်းလိပ်ပြာ ဂူကောင်၃ကောင်နှင့် လေလျှောက်မြက်ပင် ၁ခုအား လက်ခံရရှိပါသည်။)

လီယွမ်သည် တစ်ရက်တာလုံးအချိန်ယူပြီးနောက်တွင် ပဉ္စမအဆင့်အကြွင်းအကျန်ဂူကောင်အများစုကို ဖြိုခွဲရန်လုပ်ဆောင်ခဲ့သည်။ကျန်အကြွင်းအကျန်ဂူကောင်များကိုမူ ဂိုဏ်းထံပြန်လည်ပို့ဆောင်ရန် အသုံးပြုရမည်ဖြစ်သည်။

"ဒါတွေကို ပေါင်းစပ်ဖို့အချိန်ရောက်ပြီ..."

အလွန်ရှားပါးသော ရတနာများနှင့်အမျိုးမျိုးသော ဂူကောင်အသစ်များက လီယွမ်အားအလွန်ပျော်ရွှင်စေခဲ့သည်။

"ပစ္စည်းတွေကရှားပါးလေလေ အကျိုးရလဒ်ကပိုကောင်းလေပဲ..."

"ငါ့အတွက်ပေါင်းစပ်လိုက်တော့..."

(ပေါင်းစပ်မည့်ဂူကောင်များမှာ ပြန်လည်နုပျိုခြင်းဂူကောင် ၊ လေလိုက်ဖမ်းလိပ်ပြာ ၊ အစေခံဂူကောင် ၊ ရောင်စုံရတနာပျော်ရည် ၊ လေလျှောက်မြက်ပင်)

(ပေါင်းစပ်ခြင်းစတင်ပါပြီ...)

(ပေါင်းစပ်မှုပြီးဆုံးခြင်း - ဆန်းကြယ်ရှုမောဖွယ်လိပ်ပြာဂူကောင်ကို ရရှိခဲ့ပါသည်။)

(ဆန်းကြယ်ရှုမောဖွယ်လိပ်ပြာဂူကောင် - စတုတ္ထအဆင့်ဆန်းကြယ်ဂူကောင်ဖြစ်ကာ ပင်မဂူကောင်အဖြစ် သန့်စင်လိုက်မည်ဆိုပါက ဂူသခင်၏အသွင်အပြင်နှင့်ကိုယ်ဟန်အနေအထားကို ဖြည်းဖြည်းချင်းတိုးတက်လာစေကာ အသားအရေကိုဖြူ၀င်းလှပလာစေမည်ဖြစ်သည်။အမျိုးသမီးများအတွက် ပိုမိုသင့်လျော်ပေသည်)

(လက်အောက်ခံဂူကောင်အဖြစ် အသုံးပြုမည်ဆိုပါက အလှကြည့်ရန်အတွက်သာအသုံးပြုနိုင်သည်။ထိုဂူကောင်သည် တိုက်ခိုက်ရေးစွမ်းအားမရှိဘဲ အခြားသူများကိုအန္တာရယ်မပြုနိုင်ပေ)

ချက်ချင်းဆိုသလိုပင် လီယွမ်၏ခေါင်းပေါ်၌ အမူအရာများ ပြည့်နှက်သွားခဲ့သည်။

ဒါကအလှအပကိုဦးစားပေးတဲ့ အမှိုက်ဂူကောင်ပဲမဟုတ်လား...

လီယွမ်သည် ဤဂူကောင်ကိုမလိုအပ်ပေ။အဓိကအကြောင်းအရင်းမှာ သူ၏နဂိုလက်ရှိရုပ်ရည်ကို အဆင်ပြေသည်ဟုယူဆကာ ထပ်မံချောမောလာမည်ကို စိတ်မ၀င်စား၍ဖြစ်သည်။သို့ဖြစ်ရာ အခြားသူများအတွက်သာ ဤဂူကောင်ကိုအသုံးပြုရန် ထားရစ်ခဲ့မည်ဖြစ်သည်။

"ဆက်ပြီးပေါင်းစည်းမယ်..."

ဤသို့ဖြင့် လီယွမ်သည် ၇ရက်၇ညတာ မဆုတ်မနစ်အားထုတ်ကြိုးပမ်းခဲ့ပြီး အဆုံးသတ်တွင် ၀မ်းသာစရာကောင်းသည့်အခြေအနေက ဆိုက်ရောက်လာခဲ့သည်။

(သင်သည် စတုတ္ထအဆင့် ထူးခြားဂူကောင် ပုံရိပ်ယောင်ပိုးခြည်ဂူကောင်ကို ရရှိခဲ့သည်။)

(ပုံရိပ်ယောင်ပိုးခြည်ဂူကောင် - စတုတ္ထအဆင့်ထူးခြားဂူကောင်ဖြစ်သည်။ပင်မဂူကောင်အဖြစ်အသုံးပြုပါက ဂူသခင်သည် သူ၏ပုံပန်းသွင်ပြင်နှင့်ခန္ဓာကိုယ်အချိုးအစားကိုပြောင်းလဲနိုင်သည်။အခြားလူများကိုလည်း ပုံစံပြောင်းလဲနိုင်ရန်ကူညီပေးနိုင်သည်။လက်အောက်ခံဂူကောင်အဖြစ် အသုံးပြု၍မရပါ)

"ဒါကတိုက်ခိုက်ရေးအမျိုးအစား ထူးခြားဂူကောင်မဟုတ်တာ နှမြောစရာပဲ..."

လီယွမ်ကသက်ပြင်းချလိုက်မိသည်။

"ဒါပေမဲ့ ပုံရိပ်ယောင်ပိုးခြည်ဂူကောင်က ငါ့ရဲ့လိုအပ်ချက်နဲ့ကိုက်ညီမှုရှိတယ်...ငါ့ရဲ့ပုံစံနဲ့ဆို အဆင်မပြေတဲ့နေရာတွေအများကြီးရှိတယ်...ပြီးတော့ထူးခြားဂူကောင်ကိုရဖို့ဆိုတာမလွယ်ဘူး...ဒါကြောင့်ငါ့ရဲ့ရွေးချယ်မှုကဒါပဲ..."

ပုံရိပ်ယောင်ပိုးခြည်ဂူကောင်သည် ပက်ကျိတစ်ကောင်သဖွယ် ဖြူဖွေးဖောင်းကားနေပေသည်။

ထိုကောင်လေးသည် လီယွမ်၏ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလာသည်နှင့် ပတ်၀န်းကျင်နှင့်ရောနှောကာ ပုတ်သင်ညိုကဲ့သို့ပင် တဖြည်းဖြည်းအရောင်ပြောင်းလဲလာခဲ့ပြီး လီယွမ်၏ခန္ဓာကိုယ်နှင့်ထပ်တူညီသောအရောင်သို့ ပြောင်းလဲသွားခဲ့သည်။

"စိတ်၀င်စားစရာပဲ..."

"ပက်ကျိလေး...ဒီပန်းအိုးကို အနက်ရောင်အိုးအဖြစ်ပြောင်းလဲလိုက်..."

လီယွမ်က အမိန့်ပေးလိုက်ရာ ပက်ကျိလေးက ပန်းအိုးပေါ်သို့ရုတ်တရက်ပြုတ်ကျသွားခဲ့သည်။

ခဏအကြာတွင် ပက်ကျိလေး၏ထိတွေ့မှုအောက်၌ ပန်းအိုးသည်အနက်ရောင်အိုးတစ်လုံးသဖွယ် ပြောင်းလဲသွားခဲ့ရသည်။ထိုအနက်ရောင်အိုးကို မည်သည့်ရှုထောင့်မှကြည့်ကြည့် ပန်းအိုးတစ်ခုဟုထင်မှတ်စရာအကြောင်းမရှိပေ။

"မင်းမှာ ဖုံးကွယ်နိုင်တဲ့အစွမ်းအစရှိနေတာပဲ..."

ထို့နောက်သူသည် ပက်ကျိလေးအား သစ်ပင်တစ်ခုပေါ်ချပေးကာ လူသားတစ်ယောက်ပုံစံပြောင်းလဲခိုင်းရာတွင်လည်း အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့သည်။

"ဒါကထူးခြားဂူကောင်တွေရဲ့အစွမ်းပဲ..."

လီယွမ်က တိုးတိုးလေးရေရွတ်လိုက်သည်။

ယခုအခါသူ၏နဂိုရည်ရွယ်ချက်က ပြီးပြည့်စုံခဲ့ပြီဖြစ်သည်။သူ၏နောက်ထပ်ရည်ရွယ်ချက်မှာ အခြားသောပင်မဂူကောင်များအား စတုတ္ထအဆင့်ထိရောက်အောင် ဖြည်းဖြည်းချင်းပြုစုပျိုးထောင်ရမည်ဖြစ်သည်။

အချိန်တွေကအများကြီးကျန်ပါသေးတယ်...ဖြေးဖြေးချင်းသွားကြတာပေါ့...

…

၅ရက်ခန့်ကြာပြီးနောက်...

လီယွမ်သည် ပုရှီခန်းမမှနေ၍ သတင်းတစ်ပုဒ်ရရှိခဲ့သည်။

စန်းလန်ဘုရင်သည် ဂူနန်း၁၂ခုသို့ ဧည့်သည်တော်အဖြစ်ရောက်ရှိလာခဲ့ဖြစ်ရာ လီယွမ်က စန်းဂူမျှော်စင်ကိုယ်စား စန်းလန်ဘုရင်အားကြိုဆိုရာ၌ တာ၀န်ယူရမည်ဖြစ်သည်။

…

All Chapters