← Chapters

စန်းလန်ဘုရင်

Vol. 2 Ch. 22

စန်းလန်ဘုရင်

Vol. 2 Ch. 22

လီယွမ်သည် ပြင်ပလူများအား လက်ခံတွေ့ဆုံရသည်ကို သဘောမကျပေ။

သို့သော် လူအိုကြီး၀မ်မရှိတော့သည့်နောက်ပိုင်းတွင် လူမှုရေးကိစ္စများကို လုပ်ဆောင်ရမည်ဆိုပါက ၀မ်ကျောက်ကျောက်ထက်စာလျှင် သူကပိုမိုသင့်တော်သူတစ်ဦးဖြစ်ပေသည်။

"ခန်းမအကြီးအကဲရှန်းပြောတဲ့စကားအရဆိုရင် စန်းလန်ဘုရင်ကို ဒါယန်းမင်းဆက်ရဲ့စစ်မှန်တဲ့ဘုရင်တစ်ပါးလို့ သတ်မှတ်နိုင်တယ်"

ယခုအခါတွင် မျိုးရိုးအမည်မတူညီသောဘုရင်များသည် ဒါယန်းတော်၀င်မိသားစုအားစွန့်ခွာ၍ ကိုယ်ပိုင်အင်အားစုကိုတည်ထောင်နေချိန်တွင် စန်းလန်ဘုရင်က ပြိုကွဲလုဆဲဆဲဖြစ်နေသော ဒါယန်းမင်းဆက်ကိုဆက်လက်သစ္စာစောင့်သိနေဆဲဖြစ်သည်။

"ဒါယန်းဆိုတဲ့နာမည်က ကြာကြာမတည်ရှိနိုင်တော့တာ နှမြောစရာပဲ..."

"ငါအသက်ရှင်နေသေးတာတောင်မှ ဒီကိစ္စကိုမပြောင်းလဲနိုင်သေးဘူး...နတ်ဆိုးတွေကိုအမှန်တကယ်ချေမှုန်းပစ်နိုင်မှသာ ဒီကပ်ဆိုးကြီးကို ငါဖြေရှင်းနိုင်မှာအမှန်ပဲ..."

လီယွမ်သည် မှားယွင်းသောလုပ်ရှားမှုအား မလုပ်ဆောင်လိုပေ။ယခုလိုအချိန်မျိုးတွင် အမှားတစ်ချက်က အရာအားလုံးကိုဆုံးရှုံးသွားစေနိုင်သည်။

ထို့ပြင် သူအမွေဆက်ခံရရှိထားသော သိုင်းနတ်ဘုရားအရိုးများက မွေးကတည်းကဖယ်ရှားခံထားရခြင်းဖြစ်သည်။ထို့ကြောင့် သူသည်ဒါယန်းတော်၀င်မိသားစု၏ဆက်ခံသူဖြစ်ကြောင်းကို စကားတစ်လုံးတည်းဖြင့် အတည်ပြုပေးနိုင်ရန်မှာ ခက်ခဲသောကိစ္စတစ်ခုဖြစ်ပေသည်။

"အစ်ကိုယွမ်...စန်းလန်ဘုရင်က န၀မနန်းတော်ဂူအသိုက်ကို အနိုင်ရဖို့ဒီကိုရောက်လာတာလို့ထင်သလား..."

၀မ်ကျောက်ကျောက်က စိတ်မသက်မသာဖြစ်သွားခဲ့ရသည်။စစ်ပွဲကာလအတွင်း သူမ၏မိဘများ အသက်ဆုံးရှုံးခဲ့ရကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့်အတွက် သူမသည်စစ်ပွဲအား အလွန်မုန်းတီးနေခဲ့သည်။

သူမ၏မိဘများမရှိတော့ချိန်တွင် သူမ၏အဘိုးကလည်း ဆုံးပါးသွားပြီဖြစ်သည့်အတွက် သူမထံတွင်ခင်တွယ်ရသော တစ်ယောက်တည်းသူအဖြစ် အစ်ကိုကြီးယွမ်သာကျန်ရှိတော့သည်။

ယခုစစ်ပွဲထပ်ဖြစ်လာပါက...

ထိုသို့သောမြင်ကွင်းအား သူမစိတ်ကူးယဉ်လို့ပင်မရနိုင်ပေ။

"စိတ်ပူစရာမလိုဘူး...စစ်ပွဲဆိုတာက နောင်တစ်ကြိမ်ဖြစ်လာမယ့် ငါတို့ရှောင်လွဲလို့မရနိုင်တဲ့အရာပဲ...ငါတို့လုပ်ဆောင်နိုင်တာက အတတ်နိုင်ဆုံးပြင်းပြင်းထန်ထန်လေ့ကျင့်ပြီး လုံလောက်တဲ့စွမ်းအားပိုင်ဆိုင်အောင်လုပ်ဖို့ဘဲ..."

ဝါးရုံတောအောက် တောက်ပေါ်လမ်းလေးပေါ်၌ လူတစ်စုကရယ်ရယ်မောမောဖြင့် စကားစမြည်ပြောရင်း လျှောက်လာခဲ့ကြသည်။

အနီးကပ်ကြည့်မည်ဆိုပါက...

ရှေ့ဆုံးတွင် အသက်၇နှစ်၈နှစ်အရွယ်ခန့်ရှိမည့် ယောကျာ်းလေးနှင့်မိန်းကလေးအမြွှာတစ်ယောက်က အမျိုးသားတစ်ယောက်၏လက်နှစ်ဖက်ကို ဆွဲကိုင်ထားကြသည်။

အဆိုပါအမျိုးသားသည် စပါးအုံးမြွေကြီး၉ကောင်ခြံရံ၍ ခြေသည်း၅ချောင်းနဂါးပြာတစ်ကောင်ကို စီခြယ်ထားသော ၀တ်စုံအား၀တ်ဆင်ထားခဲ့သည်။သူသည် နဂါးနှင့်ကျားများကဲ့သို့ တည်ငြိမ်သောခြေလှမ်းများနှင့်လျှောက်လှမ်းနေခဲ့ကာ သူ၏မျက်နှာပေါ်၌အကြောက်အလန့်ကင်းမဲ့နေခဲ့သည်။

စပါးအုံးမြွေ၉ကောင်ခြံရံထားသော ခြေသည်း၅ခုပါ မိုးပြာနဂါး၀တ်စုံသည် တော်၀င်မိသားစု၏မျိုးဆက်များအနက် မင်းသားများ၏ အမြင့်ဆုံးအဆင့်အတန်းကိုကိုယ်စားပြုကာ စန်းလန်ဘုရင်၏အဆင့်အတန်းနှင့်ခွန်အားကို ဖော်ပြနေခဲ့သည်။

"ဒီလိုပြင်းထန်တဲ့အော်ရာမျိုး..."

လီယွမ်၏အမူအရာက အလွန်လေးနက်နေခဲ့သည်။

ဤသည်မှာ သူမြင်တွေ့ဖူးသမျှတွင် အစွမ်းအထက်ဆုံးဖြစ်ပေသည်။ထိုလူသည် ဂူနန်း၁၂ခု၏ အရှင်သခင်တစ်ဦးဖြစ်သော ဟွမ်ဖူနန်ထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်ပေသည်။

သူ၏ခန္ဓာကိုယ်မှထုတ်လွှတ်နေသော အော်ရာများအရဆိုလျှင် စန်းလန်ဘုရင်သည် ထိပ်တန်းအဆင့်စစ်သည်တော်တစ်ဦးဖြစ်ကြောင်း သံသယဖြစ်နေရန်မလိုအပ်ပေ။

အဝေးမှကြည့်နေသောလီယွမ်သည်ပင် စန်းလန်ဘုရင်၏ ဖိနှိပ်မှုကိုခံစားနေရပေသည်။

ဤကမ္ဘာကြီးတွင် သိုင်းပညာကျင့်ကြံမှုကို ရိုသေလေးစားကြပေသည်။ပြင်ပကမ္ဘာရှိ လူပေါင်းများစွာ၏အမြင်တွင် ဂူသခင်များ၏ကျင့်ကြံမှုလမ်းစဉ်သည် သိုင်းပညာကျင့်ကြံခြင်းထက် ယုတ်ညံ့သောအရာဖြစ်ကာ ပြင်ပအရာ၀တ္ထုများအား အလွန်အကျွံမှီခိုရသော လမ်းစဉ်တစ်ခုဖြစ်သည်ဟု ယူဆထားကြပေသည်။

မကြာမှီ စန်းလန်ဘုရင်ဦးဆောင်လာသောအုပ်စုသည် စန်းဂူမျှော်စင်အရှေ့ရှိ ဝါးရုံတောလေးဆီသို့ ရောက်ရှိလာခဲ့သည်။

"တွေ့ရတာ၀မ်းသာပါတယ် စန်းလန်ဘုရင်..."

လီယွမ်က ဦးညွတ်နှုတ်ဆက်လိုက်သည်။

"ယဉ်ကျေးနေစရာမလိုပါဘူး..."

စန်းလန်ဘုရင် ရှောင်ယွမ်က လီယွမ်အားတစ်ချက်ကြည့်လိုက်ကာ ပြုံး၍ပြောလိုက်သည်။

"ဂူနန်း၁၂ခုမှာတောင် မင်းလိုပါရမီရှင်တွေအများကြီးရှိနေတာလား..."

ထိုအချိန်တွင် ပုရှီခန်းမ၏အကြီးအကဲ ချီရှန်းက၀င်ရောက်ပြောဆိုလိုက်သည်။

"ဘုရင်စန်းလန်ရဲ့ချီးမွမ်းခြင်းအတွက် ကျေးဇူးတင်ပါတယ်...ဒီကောင်လေးကို စန်းဂူမျှော်စင်ရဲ့တာ၀န်ခံလီယွမ်လို့ခေါ်ပါတယ်...သူကတကယ့်ကိုပါရမီရှိတဲ့ဂူသခင်တစ်ယောက်ပါ..."

"ကဲလီယွမ်...စန်းဂူမျှော်စင်ကို မိတ်ဆက်ပေးဖို့ မင်းကိုတာ၀န်ပေးရတော့မယ်..."

လီယွမ်သည် မောက်မာခြင်းမရှိဘဲ နှိမ့်ချသောလေသံဖြင့် ပြောလိုက်သည်။

"စန်းလန်ဘုရင်...ကျေးဇူးပြုပြီးငါ့နောက်ကိုလိုက်ခဲ့ပေးပါ..."

"ကောင်းပြီ..."

ရှောင်ယွမ်ကခေါင်းညိတ်ပြလိုက်ကာ ဝါးရုံတောထဲမှ ထွက်ခွာလာခဲ့သည်။

ချီရှန်းသည် လီယွမ်မှအမှားတစ်စုံတစ်ရာလုပ်မိပြီး စန်းလန်ဘုရင်အားဆန့်ကျင်မိမည်ကို စိုးရိမ်နေသည့်အတွက်ကြောင့် ရင်တထိတ်ထိတ်ဖြင့် နောက်မှလိုက်ပါလာခဲ့သည်။

"ဝိုး...လိပ်ပြာလေး..."

"ဘယ်လောက်တောင်လှလိုက်တဲ့ လိပ်ပြာလေးလဲ..."

ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင် မင်းသမီးလေးက ပျော်ရွှင်စွာအော်ဟစ်လိုက်ပြီး ရုတ်တရက်ပြေးထွက်သွားခဲ့ကာ ဝါးရုံတောထဲပျံသန်းနေသော လိပ်ပြာလေးအားလိုက်ဖမ်းနေခဲ့သည်။

"မင်းသမီးလေး...သတိထား‌ပေးပါ"

ချီရှန်းကစိုးရိမ်တကြီးဖြစ်ကာ မင်းသမီးလေးအား အမြန်ဟန့်တားလိုက်သည်။

ဤနေရာသည် ဂူနန်း၁၂ခုဖြစ်သောကြောင့် နေရာတိုင်းလိုလိုတွင် အဆိပ်ရှိဂူကောင်များဖြင့်ပြည့်နှက်နေခဲ့သည်။မင်းသမီးလေးသည် အသက်ငယ်ရွယ်သေးသဖြင့် ကျင့်ကြံခြင်းကိုမလုပ်ဆောင်နိုင်သေးပေ။အကယ်၍ မင်းသမီးလေးသာ တစ်စုံတစ်ရာဖြစ်သွားပါက သူ၏အသက်၁၀ချောင်းဖြင့်ပင် ပေးချေရန်မလုံလောက်ပေ။

"ရပါတယ်...သူမကိုကစားခွင့်ပေးလိုက်ပါ..."

ရှောင်ယွမ်က ဂရုမစိုက်သည့်ဟန်ပန်ဖြင့်ပြောလိုက်သည်။ထိုအရာသည် အဆင့်နိမ့်ဂူကောင်မျှသာဖြစ်ကာ သူ၏သမီးကိုထိခိုက်နိုင်စွမ်းမရှိပေ။

"ကလေးဆန်လိုက်တာ..."

စန်းလန်ဘုရင်၏ မင်းသားလေးက နှိမ့်ချသောလေသံဖြင့် ပြောလိုက်သည်။

သူတို့နှစ်ယောက်သည် ရှောင်ယွမ်၏ကလေးများဖြစ်ကာ အမွှာများလည်းဖြစ်ကြသည်။သို့သော် မင်းသားလေးနှင့်မင်းသမီးလေးတို့အကြား၌ လုံး၀ကွဲပြားသောကိုယ်ရည်ကိုယ်သွေးပိုင်ဆိုင်ထားကြသည်။

လီယွမ်က ထိုအခြေအနေအားဂရုမစိုက်ပေ။

သူသည် ရှောင်ယွမ်ဦးဆောင်သောအဖွဲ့အား စန်းဂူမျှော်စင်သို့ အလည်အပတ်ခေါ်ဆောင်သွားခဲ့ကာ စန်းဂူမျှော်စင်၏လုပ်ငန်းစဉ်နှင့် အသွင်ပြောင်းခြင်းလုပ်ငန်းစဉ်အား အကျဉ်းချုပ်ရှင်းပြပေးခဲ့သည်။

"ဒါကတကယ့်ကိုပြဿနာများလိုက်တာ...သူများတွေက ဂူသခင်တစ်ယောက်ရဲ့လမ်းစဉ်ဟာ လှည့်ကွက်တွေနဲ့ပြည့်နှက်နေတယ်လို့ပြောကြတာ အံ့ဩစရာမရှိတော့ဘူး"

မင်းသားလေးက မကျေမနပ်ဖြင့် စောဒကတက်လိုက်သည်။

"မရိုင်းစမ်းနဲ့ ကလေး..."

ရှောင်ယွမ်က မင်းသားလေးအား မာန်မဲလိုက်သည်။

မင်းသားလေးသည် စန်းလန်ဘုရင်၏စကားကို မလွန်ဆန်ဝံ့သည့်အတွက်ကြောင့် အနည်းငယ်မကျေမနပ်ဖြစ်ကာ စန်းဂူမျှော်စင်မှပြေးထွက်လာခဲ့သည်။

လီယွမ်သည် ကလေး၏ပြောစကားများကို ဂရုမစိုက်ပေ။သူတို့သည် တူညီသောကမ္ဘာမှမဟုတ်ပေရာ သူတို့၏စကားပြောပုံများက သဘာ၀ကျစွာပင် ကွဲပြားကြပေသည်။ထို့ကြောင့် မင်းသားလေးရှောင်မှာ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရှိပေသည်။

"သခင်ရှန်း...လီယွမ်...ငါ့ကလေးရဲ့ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးကြပါ..."

ထိုအခိုက်အတန့်တွင် ရှောင်ယွမ်မှအမှန်တကယ် စတင်တောင်းပန်လာသောကြောင့် လီယွမ် အံ့အားသင့်သွားရသည်။

ချီရှန်းကအလောတကြီး ပြန်လည်ပြောဆိုလိုက်သည်။

"သခင်ငယ်က ခုချိန်မှာငယ်ရွယ်သေးတာပဲ...သူပွင့်ပွင့်လင်းလင်းပြောတတ်တာ ငါတို့နားလည်ပါတယ်...နောက်ပြီးသူပြောတဲ့စကားတွေကမမှားပါဘူး...ငါတို့ဂူသခင်လမ်းစဉ်က သေးငယ်တဲ့လှည့်ကွက်တွေနဲ့ ပြည့်နှက်နေတယ်"

"ဂူသခင်တစ်ယောက်ရဲ့လမ်းစဉ်က အံ့ဩဖို့ကောင်းတဲ့အရာတွေနဲ့ ပြည့်နှက်နေတယ်လို့ငါထင်တယ်...တကယ်တော့ လေ့အာနဲ့ချင်အာရဲ့အမေက ဂူသခင်တစ်ယောက်ပါ"

ရှောင်ယွမ်က သက်ပြင်းချရင်းပြောလိုက်သည်။

ချီရှန်း....

မဟုတ်သေးပါဘူး...မင်းဘာလို့ဒီအကြောင်းကို စောစောမပြောပြခဲ့တာလဲ...

ချီရှန်းတစ်ယောက် အလွန်အရှက်ရသွားခဲ့သည်။သူသည် ပုံမှန်အားဖြင့် လူမှုဆက်ဆံရေးအပိုင်းတွင် အလွန်ရင်းနှီးနေသည်ဟုထင်ရသော်လည်း ယခုလိုအချိန်မျိုး၌ မည်သို့တုံ့ပြန်ရမည်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။

လွန်ခဲ့သောနှစ်အချို့က ကွယ်လွန်သွားခဲ့သော စန်းလန်မိဖုရားသည် တစ်ချိန်ကဂူသခင်တစ်ယောက်ဖြစ်ခဲ့လိမ့်မည်ဟု မည်သူမှထင်မည်မဟုတ်ချေ။

လီယွမ်ကငြိမ်သက်နေသော်လည်း သူ့စိတ်ထဲ၌အပြင်းအထန်တွေးတောနေခဲ့သည်။

စန်းလန်မိဖုရားသည် သာမန်ဂူသခင်တစ်ယောက်မဟုတ်လောက်ပေ။န၀မနန်းတော်ဂူအသိုက်သည် ရှောင်ယွမ်အားလာရောက်လည်ပတ်ခွင့်ပေးကာ တပ်ဖွဲ့အချင်းချင်းပူးပေါင်းရန်ရည်ရွယ်ချက်ရှိနေသည်မှာ အံ့ဩစရာတော့မဟုတ်ပေ။ဤကိစ္စသည် စန်းလန်မိဖုရားနှင့်များစွာ သက်‌ဆိုင်နေလောက်ပေသည်။

"ဒီဘုရင်က ဂူသခင်တွေရဲ့လမ်းစဉ်ကို တော်တော်စိတ်၀င်စားမိပါတယ်...ဂူသခင်တွေရဲ့စွမ်းရည်တော်တော်များများကို စစ်သည်တော်တွေကအမှီမလိုက်နိုင်ကြဘူး"

ရှောင်ယွမ်က ပြုံးပြုံးလေးပြောလိုက်သည်။

…

နာရီ၀က်ခန့်ကြာပြီးနောက် စန်းလန်ဘုရင်တို့အဖွဲ့သည် စန်းဂူမျှော်စင်မှထွက်ခွာလာခဲ့သည်။

သူတို့သည်အပြင်သို့ထွက်ထွက်ချင်း ဝါးရုံတောထဲ၌ မင်းသားလေးနှင့်မင်းသမီးလေးတို့သည် တစ်ယောက်ယောက်ကိုတစ်ယောက် အပြင်းအထန်ငြင်းခုန်နေကြပြီး သူတို့၏မျက်နှာနှင့်နားရွက်များပင် နီရဲနေခဲ့ကြသည်။

"စစ်သည်တော်တွေက အစွမ်းအထက်ဆုံးပဲ..."

"မဟုတ်ဘူး...ဂူသခင်တွေကသာ အစွမ်းအထက်ဆုံးဖြစ်တယ်..."

"စစ်သည်တော်တွေဟာ အရမ်းကိုအစွမ်းထက်ပြီး ကမ္ဘာကြီးရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်တယ်..."

"ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးကဂူသခင်တွေပဲ..."

"အနာဂတ်မှာ ငါသိုင်းနတ်ဘုရားတစ်ပါးဖြစ်လာခဲ့လို့ရှိရင် ဂူသခင်အားလုံးကို သိုင်းပညာမသင်မနေရဆိုပြီး သင်ယူခိုင်းရမယ်"

"ငါသာအနာဂတ်မှာ ဂူအင်မော်တယ်ဖြစ်လာလို့ရှိရင် စစ်သည်တော်တွေအားလုံးက ငါ့အမိန့်ကိုနာခံရလိမ့်မယ်..."

မင်းသားလေးနှင့်မင်းသမီးလေးတို့သည် တစ်ယောက်တစ်ခွန်းအပြန်အလှန် ငြင်းခုန်ပြောဆိုနေကြပြီး တစ်ယောက်ကိုတစ်ယောက်လုံး၀အကျောမခံကြပေ။

သူတို့၏ပြိုင်ဆိုင်မှုအရ စာကြောင်းအရှည်ဆုံးနှင့်အကျယ်ဆုံးပြောနိုင်သူကအနိုင်ဖြစ်သည်။

ထိုရယ်စရာကောင်းသောကလေး၂ယောက်ကိုကြည့်ရင်း လီယွမ်မရယ်ဘဲမနေနိုင်တော့ပေ။တိတ်ဆိတ်ငြိမ်သက်နေသော စန်းဂူမျှော်စင်သည်ယခုအခါ အချိန်တစ်ခုကြာသည်ထိ လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်။

"မင်းတို့၂ယောက်တော်လောက်ပြီ..."

ရှောင်ယွမ်သည် ကလေး၂ယောက်ကိုကြည့်ရင်း လှမ်းတားလိုက်သည်။

"မင်းတို့က ဂူသခင်ဖြစ်ချင်တာပဲဖြစ်ဖြစ် စစ်သည်တော်တစ်ယောက်ဖြစ်ချင်တာပဲဖြစ်ဖြစ် ခိုင်ခံ့တဲ့အခြေခံကိုတည်ဆောက်ပြီးတော့ အပြင်းအထန်လေ့ကျင့်ကြရလိမ့်မယ်...နောင်တစ်ချိန်မှာ မင်းတို့ပိုင်ဆိုင်တဲ့ခွန်အားက အရာရာကိုအဆုံးအဖြတ်ပေးလိမ့်မယ်...ခုလိုလေနဲ့ငြင်းခုံတာဘာမှအကျိုးမရှိဘူး..."

"ဟွန့်...ဟွန့်"

မင်းသားလေးနဲ့မင်းသမီးလေးတို့က အသီးသီးနှာမှုတ်ပြလိုက်ကာ ခေါင်းလှည့်လိုက်ကြသည်။

"သွားရအောင်...နောက်ထပ်တစ်နေရာဆီသွားဖို့ အချိန်ရောက်ပြီ..."

ရှောင်ယွမ်သည် ကလေးနှစ်ယောက်ကိုလက်တစ်ဖက်စီဖြင့် ဆုပ်ကိုင်ကာရှေ့တိုးလိုက်သည်။

"စန်းလန်ဘုရင်...ဂရုစိုက်ပြီးသွားပါ..."

လီယွမ်သည် စန်းလန်းဘုရင်တို့ထွက်သွားတော့မည်ကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။ထိုအဖွဲ့နောက်တစ်ကြိမ်မလာစေရန်လည်း သူ‌ဆုတောင်းနေမိသည်။

သို့သာ်...

ထိုအဖွဲ့သည် ‌ခြေ၂လှမ်းခန့်သာလှမ်းပြီး ရုတ်တရက်ရပ်တန့်သွားခဲ့သည်။

မင်းသမီးလေးရှောင်ချင်းအာသည် ‌ခြေတစ်လှမ်းလှမ်းတိုင်း နောက်သို့ပြန်ပြန်ကြည့်နေခဲ့သည်။သူမသည် ခြေထောက်ကိုပင်မလှုပ်ရှားတော့ဘဲ သူမ၏ခြေထောက်၂ချောင်းက အေးခဲနေပုံရကာ ရှည်လျားသောထောက်တိုင်များသဖွယ် မြေပေါ်၌ကပ်ညှိနေခဲ့သည်။

"ချင်းအာ...မင်းဘာပြောစရာရှိလို့လဲ..."

ချင်းအာသည် ကလေးပီပီ သူ၏အတွေးများအား ဖုံးကွယ်မထားတော့ပေ။သူမ၏မျက်လုံးဝိုင်းကြီးများက ဝါးရုံတောထဲရှိ နေရာတစ်ခုကိုစိုက်ကြည့်နေခဲ့သည်။

ထို့နောက် ရှောင်ချင်းအာက နှုတ်ခမ်းစူ၍ ပူဆာလိုက်သည်။

"အဖေ...သမီးအဲလိပ်ပြာကိုလိုချင်တယ်.... "

…

All Chapters