ပင်မဂူကောင်၏ ဆင့်ကဲပြောင်းလဲနည်းများ
Vol. 2 Ch. 26
ယုဟွမ်းချွမ်သည် စန်းဂူမျှော်စင်မှထွက်ခွာလာပြီးနောက် န၀မနန်းတော်သို့ပြန်လည်ထွက်ခွာသွားခဲ့သည်။
လီယွမ်သည် ယုဟွမ်းချွမ်ပေးသော ဂူကောင်ပျိုးထောင်ခြင်းနည်းစနစ်များကို စတင်လေ့လာခဲ့သည်။
ထိုစာစောင်တွင် ဂူကောင်များကိုပြုစုပျိုးထောင်ခြင်းနှင့်ပတ်သက်၍ ယုဟွမ်းချွမ်၏ထူးခြားသောထိုးထွင်းသိမြင်မှု၊သူ၏ကျင့်ကြံခြင်းအတွေးအမြင်နှင့် ဂူကောင်များ၏နောက်ဆက်တွဲတိုးတက်မှုနှင့် ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်တို့အား မှတ်တမ်းတင်ထားပေသည်။
ထိုအရာသည် ဂိုဏ်းမှဖြန့်ဝေသော "ဂူသခင်လက်စွဲ"နှင့် လုံး၀ကွဲပြားပေသည်။
ထိုဂူသခင်လက်စွဲတွင် ဂူနှင့်ပတ်သက်သော အကြောင်းအရာများပါ၀င်သော်လည်း အကြမ်းဖျင်းမျှသာ ဖော်ပြထားပေသည်။
"ဂူကောင်ကို ပြုစုပျိုးထောင်ခြင်း"သည် အမှန်တော့ အသေးစိတ်ကျသောနည်းစနစ်တစ်ခုဖြစ်ပေသည်။
လီယွမ်သည် အသေးစိတ်ကျကျဖော်ပြထားသော ဂူကောင်ပျိုးထောင်နည်းများကို အာရုံစိုက်လိုက်မိသည်။
"ဂူသခင်လက်စွဲမှာဆိုရင် ဂူကောင်တွေရဲ့ဆင့်ကဲဖြစ်စဉ်အတွက် ရိုးရှင်းတဲ့ဦးတည်ချက်တစ်ခုပဲရှိတယ်...သူတို့ကိုပြုစုပျိုးထောင်ပုံနဲ့ဆက်လက်အသွင်ပြောင်းတိုးတက်ဖို့အတွက် နည်းလမ်းတွေကိုအကြမ်းဖျင်းလောက်ပဲ ဖော်ပြထားခဲ့တယ်"
ယုဟွမ်းချွမ်၏မှတ်စုများတွင် ထိုအချက်အလက်များကို အသေးစိတ်ကျကျဖော်ပြထား၍ လီယွမ်လိုအပ်နေသောအရာနှင့် ကွက်တိကျပေသည်။
"အခြားသောဂူသခင်တွေမှာ ပတ်၀န်းကျင်အခြေအနေ၊အချိန်၊ပစ္စည်းတွေနဲ့ ဂူကောင်ပျိုးထောင်ခြင်းအတွက် အခြားသောတင်းကျပ်တဲ့လိုအပ်ချက်တွေရှိတယ်...ဒီအခြေအနေတွေက အရမ်းကိုကြမ်းတမ်းလွန်းတယ်"
"ငါ့အတွက်တော့ လမ်းကြောင်းရှိသရွေ့လုံလောက်ပြီ..."
လီယွမ်ထံတွင် ချို့တဲ့နေသောအရာမှာ အတွေ့အကြုံနှင့်ကုန်ကြမ်းများဖြစ်ကြသည်။သူသည် အခြားသောဂူသခင်များထက် ဖြတ်လမ်းကိုရရှိနိုင်သည်။
"ဘ၀ဟာ တစ်ခါတစ်ရံမှာ မမျှော်လင့်ထားတဲ့အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေတာပဲ...ယုဟွမ်းချွမ်ရောက်လာတာက ငါ့အတွက်အခွင့်အလမ်းတစ်ခုဖြစ်တယ်..."
လီယွမ်သည် ချီနှင့်သွေးဂူကောင်၏ဆင့်ကဲဖြစ်စဉ်များအတွက် လိုအပ်ချက်များနှင့်ပြုစုပျိုးထောင်ရာတွင် ယုဟွမ်းချွမ်၏အတွေ့အကြုံများကို ဖတ်ရှုနေရင်း အလွန်ပင်အံ့ဩနေခဲ့သည်။
ချီနှင့်သွေးဂူကောင်သည် သာမန်အဖြစ်ဆုံးပထမအဆင့် ဂူကောင်များအနက်တစ်ခုဖြစ်သည်။ထိုသို့သာမန်ဖြစ်ရခြင်းမှာ ပြုလုပ်ရန်လွယ်ကူပြီး ရှားပါးမှုမရှိ၍ဖြစ်သည်။သို့သော် ၎င်းကိုဆင့်ကဲပြောင်းလဲရန်အတွက်ဖြစ်နိုင်ခြေမှာ သနားစရာကောင်းလောက်အောင်ပင်နိမ့်ကျနေခဲ့ပြီး အသွင်ကူးပြောင်းရန်မဖြစ်နိုင်လုနီးနီးပင်ဖြစ်သည်။
ယုဟွမ်းချွမ်ပင် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ယုဟွမ်းချွမ်၏ ကိုယ်ပိုင်အတွေ့အကြံများဖြင့် ဆင့်ကဲဖြစ်စဉ်တွင် အောင်မြင်နိုင်ခြေအရှိဆုံးလမ်းစဉ်အားလည်း မှတ်တမ်းတင်ထားခဲ့ပေသည်။
"ယုဟွမ်းချွမ်ရဲ့အဆိုအရ ချီနှင့်သွေးဂူကောင်ဟာဆိုရင် ဧရာမဂူကောင် ဒါမှမဟုတ် ဧရာမဝိညာဉ်ဂူကောင်အဖြစ် ဆင့်ကဲပြောင်းလဲနိုင်တယ်...ဒါပေမဲ့ဖြစ်နိုင်ခြေအရမ်းနည်းတယ်"
ဧရာမဂူသည် ဂူသခင်အား ဧရာမလူဘီလူးကြီးအဖြစ် ပြောင်းလဲပေးနိုင်သည်။ဧရာမဝိညာဉ်ဂူကမူ ထိုအရာကသီအိုရီသက်သက်သာဖြစ်သည်။
"ကြိုးစားကြည့်ရင် ဟုတ်မဟုတ်သိလာမှာပဲ..."
လီယွမ်သည် ယုဟွမ်းချွမ်၏အတွေ့အကြုံကို သေချာဖတ်ရှုပြီးနောက်တွင် ချီရှန်းအားသွားရောက်ရှာဖွေခဲ့ကာ ဆေးပင်အချို့အားဝယ်ယူပေးရန် အကူအညီတောင်းခဲ့သည်။
ချီရှန်းသည် ယုဟွမ်းချွမ်နောက်ဆုံးလာရောက်ခဲ့စဉ်က အဖြစ်အပျက်များအတွက် အလွန်စိတ်မကောင်းဖြစ်နေခဲ့သည်။
သို့သော်လည်း သူသည်လီယွမ်အပေါ် စိတ်အားထက်သန်မှုကြီးကြီးမားမားရှိနေဆဲဖြစ်သည်။သူသည် လီယွမ်အားဂျူနီယာတပည့်တစ်ယောက်အဖြစ် မဆက်ဆံတော့ဘဲ သူ့အားစိတ်ကျေနပ်စေရန်အတွက်ပင် ရည်ရွယ်ချက်အချို့ရှိနေခဲ့သည်။
၇ရက်ကြာပြီးနောက်...
ချီရှန်းသည် ပစ္စည်းများထည့်ထားသောအိတ်တစ်လုံးအား သယ်ဆောင်ကာ ဝါးတောလေးဆီသို့ လူကိုယ်တိုင်သွားရောက်ခဲ့သည်။
"လီယွမ်...မင်းတောင်းဆိုထားတဲ့ပစ္စည်းတွေအားလုံးကို ငါတွေ့ခဲ့ပြီ...မင်းကဂူနန်း၁၂ခုရဲ့ ထူးချွန်တဲ့တပည့်တစ်ယောက်ဖြစ်တဲ့အတွက် ကုန်ကျစရိတ်အားလုံးကို ရှင်းပေးမယ်"
"ကျေးဇူးတင်ပါတယ်...အကြီးအကဲရှန်း..."
လီယွမ်သည် လက်သီးဆုပ်၍ ကျေးဇူးတင်စကားဆိုလိုက်သည်။
သူ၏ဘ၀က ယခင်ကဲ့သို့ငြိမ်းချမ်းနေဆဲဖြစ်သော်လည်း သူ၏ခွန်အားကပေးအပ်ခဲ့သည့် သူ၏အဆင့်အတန်းတိုးတက်မှုအား ထင်ထင်ရှားရှားခံစားနေရပေသည်။
"လီယွမ်...မင်းကဘာလို့ပစ္စည်းတွေအများကြီးလိုချင်နေရတာလဲ...အကြီးအကဲယုရဲ့အတွေ့အကြုံတွေကတဆင့် မင်းကထိုးထွင်းသိမြင်မှုတချို့ရရှိခဲ့တာလား...မင်းရဲ့ပင်မဂူကောင်ဖြစ်တဲ့ ချီနဲ့သွေးဂူကောင်ကို ဆင့်ကဲတိုးတက်အောင် လုပ်ဆောင်တော့မှာလား"
ချီရှန်းက အလောတကြီးမေးမြန်းလိုက်သည်။
ယုဟွမ်းချွမ်သည် လီယွမ်အား အထူးသဘောကျနေကြောင်း သူခံစားမိနေသည်။
လီယွမ်သာ သူ၏သွေးနှင့်ချီဂူကောင်ကို တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက သူ၏တပည့်အဖြစ်သတ်မှတ်ပေးမည်ဟု ယုဟွမ်းချွမ်က ကတိပြုခဲ့သည်။
ယုဟွမ်းချွမ်သည် န၀မနန်းတော်၏မဟာအကြီးအကဲတစ်ယောက်ဖြစ်ကာ အနာဂတ်တွင်တိုးတက်မှုအချို့ ထပ်မံရရှိလာပါက နန်းတော်သခင်ဖြစ်ရန်ပင် မျှော်လင့်ချက်ရှိပေသည်။
ယုဟွမ်းချွမ်၏ တပည့်ဖြစ်ရသည်မှာ ကောင်းကင်သို့ပင်ပျံတက်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်သည်။
"အမှန်ပဲ..."
လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။
ယခုအချိန်တွင် သူသွားရမည့်လမ်းကြောင်းကို ရှင်းရှင်းလင်းလင်းသတ်မှတ်ထားပြီးဖြစ်သည်။သူသည် သွေးနှင့်ချီဂူကောင်ကို ပင်မဂူကောင်အဖြစ် ဆက်လက်အသုံးပြုမည်ဆိုပါက သံသယရှိသူများကို မလွဲမသေရင်ဆိုင်ရမည်ဖြစ်သည်။သို့ဖြစ်ရာ သွေးနှင့်ချီဂူကောင်ကို အဆင့်မြင့်တင်ခြင်းက သူ၏ကိုယ်ပိုင်ဆန္ဒနှင့်ကိုက်ညီပေသည်။
"ပိုပြီးကြိုးစားပါ...မင်းသေချာပေါက်လုပ်နိုင်မှာပါ...မင်းဆီကသတင်းကောင်းကိုစောင့်နေတယ်"
ချီရှန်းက ပြုံး၍အားပေးစကားပြောလိုက်သည်။
ချီရှန်းသည် ပစ္စည်းများကိုပေးဆောင်ပြီးနောက် လီယွမ်စိတ်အနှောင့်အယှက်မဖြစ်စေရန်အတွက် ထွက်ခွာသွားခဲ့သည်။
လီယွမ်သည် ပစ္စည်းများအားလုံးထည့်ထားသော အိတ်တစ်လုံးကိုယူဆောင်၍ စန်းဂူမျှော်စင်ထဲဝင်သွားကာ တံခါးကိုပိတ်ချလိုက်သည်။
(ဂူသခင် - လီယွမ်)
(အနက်ရောင်အိုး - စတုတ္ထအဆင့် ၄၅၂-၈၀၀)
(အဆင့် - စတုတ္ထအဆင့်ဂူသခင်)
(ပင်မဂူ - သွေးနှင့်ချီဂူကောင်၊ပြန်လည်မွေးဖွားခြင်းဂူကောင်၊သုံးရောင်ခြယ်မီးတောက်စပါးအုံးဂူကောင်၊ပုံရိပ်ယောင်ပိုးခြည်ဂူကောင်)
(ဂူအိမ် - မရှိပါ)
လီယွမ်သည် အိတ်ကိုဖွင့်လိုက်ချိန်တွင် အဖိုးတန်ပစ္စည်းအများအပြားကို မြေကြီးပေါ်သွန်ချလိုက်ပြီးနောက် အမျိုးအစားတူရာအလိုက် စုပုံလိုက်သည်။
(ပေါင်းစပ်မည့်ဂူကောင်များမှာ ပင်မဂူကောင်ချီနှင့်သွေးဂူကောင်၊ရမ္မက်လှုံ့ဆော်မြက်နှင့်သွေးခရုကောင်)
(ပေါင်းစပ်ခြင်းစတင်ပါပြီ...)
(ပေါင်းစပ်မှုပြီးဆုံးခြင်း - သင်၏သွေးနှင့်ချီဂူကောင်သည် တိုးတက်မှုအချို့ရရှိခဲ့သည်။)
"တိုးတက်မှုအချို့ရှိလာတာလား..."
လီယွမ်သည် လက်ရှိကြုံတွေ့နေရသော အခက်အခဲကို အနည်းငယ်သဘောပေါက်လိုက်သည်။
"ထပ်လုပ်မယ်..."
(ပေါင်းစပ်ခြင်းစတင်ပါပြီ...)
(ပေါင်းစပ်မှုပြီးဆုံးခြင်း - သင်၏သွေးနှင့်ချီဂူကောင်သည် တိုးတက်မှုအချို့ရရှိခဲ့သည်။)
လီယွမ်မျှော်လင့်ထားသလိုပင် တိုးတက်မှုအနည်းငယ်သာ ထပ်မံရရှိခဲ့သည်။
"မလုံလောက်သေးဘူး...ထပ်လုပ်စမ်း...အနက်ရောင်အိုးရေ...မင်းရဲ့ကန့်သတ်ချက်ကဘာလဲဆိုတာကို ငါသိအောင်ပြစမ်းပါ...ငါ့အတွက်ပေါင်းစပ်လိုက်စမ်း..."
…
…
၃လကြာပြီးနောက်....
လီယွမ်သည် ကုန်ကြမ်းအားလုံးကို အသုံးပြုခဲ့ပြီးပြီဖြစ်သည်။ယခုလို ဂူကောင်အားအဆင့်မြင့်တင်ရခြင်းက အဆုံးမသတ်နိုင်သည့် ငွေတွင်းကြီးသဖွယ်ဖြစ်သည်။
သီအိုရီများသည် သီအိုရီများသာဖြစ်ကာ လက်တွေ့အခြေအနေသို့ ပြောင်းလဲလိုပါက ခက်ခဲမှုကအဆပေါင်းများစွာ တိုးမြင့်လာမည်ဖြစ်သည်။
"ခက်ခဲလွန်းတယ်..."
ထိုအခိုက်အတန့်တွင် ဂူသခင်တစ်ယောက်သည် စတုတ္ထအဆင့်သို့မရောက်ရှိမှီတွင် ကောင်းမွန်သောအလားအလာရှိသည့်ဂူကောင်ကို ပြောင်းလဲရန်ကြိုးစားကြကြောင်း လီယွမ်သဘောပေါက်သွားခဲ့သည်။
သာမန်ဂူအား အဆင့်မြင့်ဂူကောင်အဖြစ်ပြောင်းလဲရသည်မှာ အလွန်ခက်ခဲလှပေသည်။
လီယွမ်သည် ဂူကောင်၏ကြီးထွားမှုအပိုင်း၊အစာကျွေးခြင်းနှင့်ပြုစုပျိုးထောင်မှုတို့ကဲ့သို့ မရေမတွက်နိုင်သော အဆင့်များကိုကျော်ဖြတ်ခဲ့သော်လည်း ၃လတာကာလအတွင်း ကြီးကြီးမားမားပြောင်းလဲမှုမရခဲ့ပေ။
လီယွမ်နေရာတွင် အခြားသောဂူသခင်များသာဆိုပါက ၃နှစ်မှနှစ်၃၀ကြာသည်ထိ ကြာမြင့်မည်ကို သူစိုးရိမ်မိသည်။
ထို့ကြောင့်လီယွမ်သည် အချိန်အတိုင်းအတာတစ်ခုထိ ဂူကောင်အဆင့်မြင့်တင်မှုကို ရပ်နားရန်ဆုံးဖြတ်လိုက်သည်။နောက်ထပ်တစ်ကြိမ်အဆင့်မြင့်တင်မှုလုပ်ဆောင်လိုပါက သူသည်အရေးကြီးသောကုန်ကြမ်းများနှင့် အထောက်အပံ့များကို ရှာဖွေစုဆောင်းရမည်ဖြစ်သည်။
…
ငွေကိုရေလိုသုံးပါ...ချွေတာခြင်းက သင့်အသက်ကိုအလဟာဿ ကုန်ဆုံးစေပေသည်။
မျက်စိတစ်မှိတ်အတွင်း အချိန်နှစ်၀က်က လျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။
လီယွမ်သည် အောက်ထပ်မှနေ၍ ကလေးဆန်သောအသံတစ်ခုအား ကြားလိုက်ရချိန်တွင် ပဉ္စမအဆင့်ဂူအကြွင်းအကျန်အား ဖြိုခွဲနေချိန်ဖြစ်သည်။
"အစ်ကိုကြီးရေ...အစ်ကိုကြီး"
လီယွမ်သည် အနည်းငယ်အံ့ဩသွားခဲ့သည်။သူသည် ထိုအသံအားရင်းနှီးနေသော်လည်း အသံပိုင်ရှင်ကိုမှတ်မိရန် ကြိုးစားနေရသည်။
လီယွမ်သည် တံခါးကိုဖွင့်လိုက်ချိန်တွင် အဝါရောင်ဖျော့ဖျော့၀တ်စုံအား ၀တ်ဆင်ထားသော မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ထိုမိန်းကလေးမှာ စန်းလန်နယ်မြေ၏မင်းသမီးလေးဖြစ်သော ရှောင်ချင်အာပင်ဖြစ်သည်။
လီယွမ်သည် ဘေးပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ရာ စန်းလန်ဘုရင်ကိုမတွေ့ရသလို အိမ်ရှေ့မင်းသားဖြစ်သူ ရှောင်လဲ့ကိုလည်းမတွေ့ရပေ။ယခုရောက်ရှိလာသူများမှာ ရှောင်ချင်းအာနှင့်ကြောရှင်းသောဟန်ပန်ရှိသည့် အစောင့်အမျိုးသမီးတစ်ယောက်ဖြစ်သည်။
"အစ်ကိုကြီး..."
လီယွမ်အားမြင်လိုက်ချိန်တွင် ရှောင်ချင်းအာက လက်ကိုအဆက်မပြတ်ဝှေ့ယမ်း၍ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"တွေ့ရတာ၀မ်းသာပါတယ် မင်းသမီးလေး...မင်းသမီးလေးကဘာလို့ ဒီကိုရုတ်တရက်ကြီးရောက်လာတာလဲ"
လီယွမ်က ဦးညွတ်၍နှုတ်ဆက်လိုက်သည်။
"ကျင်းဟောင်ကသေတော့မယ်ထင်တယ်...အစ်ကိုကြီးကယ်ပေးပါအုံး..."
ရှောင်ချင်းအာသည် ထူးခြားဆန်းပြားသောပန်းပင်များနှင့် အပင်များဖြင့်ပြည့်နှက်နေသော ခြင်းတောင်းတစ်ခုအား ယူဆောင်လာခဲ့သည်။
ဆန်းကြယ်လိပ်ပြာဂူကောင်သည် ခြင်းတောင်းထဲတွင်လဲလျောင်းနေကာ သေလုနီးပါးဖြစ်နေခဲ့သည်။
"ငါ့ကိုတစ်ချက်ပြကြည့်ပါ..."
လီယွမ်သည် ခြင်းတောင်းကိုယူလိုက်ချိန်တွင် အနည်းငယ်အံ့ဩနေခဲ့သည်။
ရှောင်ချင်းအာက သဘောကျ၍ယူဆောင်သွားသော ဆန်းကြယ်လိပ်ပြာသည် သေဆုံးလုနီးပါးဖြစ်နေ၍ ယခုသူ့ထံပြန်ရောက်လာခြင်းဖြစ်ပေသည်။
ထိုမိန်းကလေးသည် ဆန်းကြယ်လိပ်ပြာကို ဤမျှဂရုစိုက်လိမ့်မည်ဟု သူမထင်မှတ်ထားပေ။
"အစ်ကိုကြီး ကျင်းဟောင်ကနေမကောင်းဘူးလား..."
ရှောင်ချင်းအာသည် သူမ၏မျက်လုံးရွှဲရွှဲကြီးများကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အလွန်ပင်စိတ်လှုပ်ရှားနေခဲ့သည်။
လီယွမ်သည် အခြေအနေကိုတချက်စစ်ဆေးပြီး ဆန်းကြယ်လိပ်ပြာကို ပန်းတောင်းထဲမှထုတ်လိုက်ချိန်တွင် သူမအနည်းငယ်စိုးရိမ်သွားခဲ့သည်။
"ကျင်းဟောင်ကနေကောင်းပါတယ်...ဒီခြင်းတောင်းထဲက ပန်းတချို့ကသူမနဲ့ဓာတ်မတည့်ဘူး...ခုချိန်ကစပြီးတော့ ကျင်းဟောင်ရှိနေတဲ့ပန်းခြင်းထဲကို ထူးခြားဆန်းပြားတဲ့ပန်းပင်တွေမထည့်ပါနဲ့"
"ဒါဆို အကြောင်းရင်းကအဲလိုပေါ့...ဒါတွေအကုန်လုံးက အဖေ့ရဲ့အမှားတွေပဲ...သူငါ့အတွက်ဆိုပြီး ခူးလာပေးတဲ့ပန်းတွေက ကျင်းဟောင်ကိုသေလုနီးနီးဖြစ်စေတာပဲ..."
ရှောင်ချင်းအာက ဒေါသတကြီးရေရွတ်လိုက်သည်။
သူမသည် ဒေါသတကြီးဖြင့် ပန်းခြင်းတောင်းကို မြေကြီးပေါ်ပစ်ချလိုက်သည်။
လီယွမ်က မင်းသမီးလေးကိုကြည့်၍ ဆွံ့အသွားခဲ့သည်။
ဤကိစ္စအတွက်သူသည် စန်းလန်ဘုရင်အား အပြစ်တင်၍မရပေ။
ခြင်းတောင်းထဲရှိ ပန်းတိုင်းလိုလိုပင် ရတနာများနှင့်လဲလှယ်နိုင်သည်အထိ အဖိုးတန်သော်လည်း ဆန်းကြယ်လိပ်ပြာဂူကောင်အတွက် အသုံး၀င်ခြင်းမရှိလှပေ။
လီယွမ်သည် ဆန်းကြယ်လိပ်ပြာဂူကောင်ကို အချိန်အတော်ကြာသည်ထိ သူ၏ဂူစွမ်းအင်များဖြင့် အားဖြည့်ပေးကာ ကုသမှုလုပ်ဆောင်ခဲ့သည်။
မကြာမှီ ဆန်းကြယ်လိပ်ပြာဂူကောင်က အားအင်များပြည့်၀လာကာ ရှောင်ချင်းအာ၏ပုခုံးပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
"ဝိုး...အစ်ကိုကြီး မင်းကတကယ်အံ့ဩစရာပဲ...ငါအနာဂတ်မှာ မင်းလိုအစွမ်းထက်တဲ့ဂူသခင်တစ်ယောက်ဖြစ်ချင်တယ်..."
ရှောင်ချင်းအာက ပျော်ရွှင်စွာရေရွတ်လိုက်သည်။
"မင်းသမီးလေးက သေချာပေါက်လုပ်နိုင်မှာပါ..."
လီယွမ်က ပြုံးပြုံးလေးတုံ့ပြန်လိုက်သည်။
"မင်းသမီးလေး...ငါတို့ဒီမှာကြာကြာနေလို့မရဘူး...ငါတို့ပြန်သင့်နေပြီ..."
အမျိုးသမီးအစောင့်က သတိပေးလိုက်သည်။
"ကောင်းပြီ...ကောင်းပြီ"
ရှောင်ချင်းအာက ထွက်ခွာရန်တွန့်ဆုတ်နေခဲ့သည်။
"အစ်ကိုကြီးရေ ချင်းအာသွားတော့မယ်နော် ကျင်းဟောင်ကိုကုသပေးလို့ ကျေးဇူးတင်ပါတယ်"
ထို့နောက် ရှောင်ချင်းအာသည် အမျိုးသမီးအစောင့်ကိုကြည့်၍ ပြောလိုက်သည်။
"အစ်မလီ...အစ်ကိုကြီးကို ကုသခလေးပေးလိုက်ပါအုံး"
"မဟုတ်ဘူး...လက်မခံပါရစေနဲ့...ဒီပန်းခြင်းတောင်းကို မင်းသမီးဆက်မလိုချင်တော့ဘူးဆိုရင် ကျင်းဟောင်ကိုကုသပေးခအနေနဲ့ ဒီမှာထားခဲ့လိုက်လို့ရပါတယ်"
လီယွမ်က သူ၏လက်ကိုဝှေ့ယမ်း၍ပြောလိုက်သည်။
အမျိုးသမီးအစောင့်ဖြစ်သူ လီလောချမ်သည် လီယွမ်အားငွေပေးရန်ပြင်ဆင်နေချိန်တွင် လီယွမ်၏စကားကြောင့် သူမ၏လက်များတောင့်တင်းသွားရသည်။
"ဒီကောင်က တော်တော်အတင့်ရဲ့နေပါလား...ဒီခြင်းတောင်းထဲကရှားပါးပြီးအဖိုးတန်တဲ့ပန်းပင်တွေက ဒါယန်းဒဂ်ါးတွေထက် အများကြီးပိုတန်ဖိုးရှိတယ်..."
"မင်းကြိုက်ရင် ယူသွား..."
ရှောင်ချင်းအာသည် ဂရုမစိုက်ဟန်ဖြင့် သူမ၏လက်ကလေးကိုဝှေ့ယမ်းလိုက်ကာ ချမ်းသာသောအမျိုးသမီးတစ်ယောက်၏ ဟန်ပန်ကိုဖော်ပြလိုက်သည်။
"တစ်ခုလောက်မေးစရာရှိသေးတယ်..."
ထိုအချိန်တွင် လီယွမ်၏ခေါင်းထဲ၌ အကြံတစ်ခုဖြစ်ပေါ်လာခဲ့ကာ ချက်ချင်းအကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် အမျိုးသမီးအစောင့်ကို ကြည့်လိုက်သည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မစ္စလီကိုပဲအကူအညီတောင်းရလိမ့်မယ်"
…