ဧရာမဝိညာဉ်ဂူကောင်အဖြစ် ဆင့်ကဲပြောင်းလဲခြင်း
Vol. 2 Ch. 27
လီလောချမ်၏မျက်ခုံးများက အနည်းငယ်လှုပ်ခါသွားခဲ့ကာ အေးစက်စက်အမူအရာဖြင့် လီယွမ်အား စိုက်ကြည့်လိုက်သည်။
ဒီလူက အပြင်းဖျားပြီးရူးသွားတာလား...ငါနဲ့မင်းက ကောင်းကောင်းသိကြလို့လား...
လီလောချမ်သည် လီယွမ်အား အော်ဟစ်ကြိမ်းမောင်းတော့မည့်အချိန်တွင် လီယွမ်သည်သူ၏ခါး၌ချိတ်ဆွဲထားသောအရာကို ထုတ်ယူလိုက်၍ ပါးစပ်ပိတ်ထားလိုက်ရသည်။
"မစ္စလီ...စန်းလန်ဘုရင်က ငါ့ကိုဒီတိုကင်လေးပေးထားခဲ့တယ်...အခက်အခဲတစ်ခုခုကြုံရင် ဒါလေးကိုပြပြီးအကူအညီတောင်းလို့ရတယ်လို့ပြောထားတယ်...အဆင်ပြေလားမသိဘူး"
လီယွမ်ထုတ်ပြလိုက်သောအရာမှာ လွန်ခဲ့သောတစ်နှစ်ကျော်ခန့်က ဆန်းကြယ်လိပ်ပြာဂူကောင်နှင့် လဲလှယ်ရန်အတွက် စန်းလန်ဘုရင်ပေးအပ်ခဲ့သော သင်္ကတဖြစ်သည်။
ငါဒီနေ့ ဒါကိုသုံးကြည့်ရတာပေါ့...
"အရှင့်ရဲ့စကားတော်က ရွှေကဲ့သို့အဖိုးတန်ပါတယ်...ဒါကြောင့်အရှင်ပြောသလိုမျိုး တောင်းဆိုလို့ရပါတယ်"
လီလောချမ်က ခေါင်းညိတ်ပြလိုက်သည်။
"ငါ့ဆီမှာဆေးဖက်၀င်အပင်တွေနဲ့ ဝိညာဉ်ရတနာတွေကို အရေးတကြီးလိုအပ်နေတယ်...ဒါပေမဲ့ ငါ့အတွက်အဲအရာတွေကို စုဆောင်းဖို့ခက်ခဲနေတာကြောင့် မစ္စလီကိုအကူအညီတောင်းချင်ပါတယ်"
ခုချိန်တွင် လီယွမ်ကသဘောပေါက်သွားခဲ့ပြီဖြစ်သည်။ရှားပါးကာ အဖိုးတန်သောဂူကောင်ကို ပြုစုပျိုးထောင်လိုပါက သူ၏ဂူပေါင်းစပ်ခြင်းစနစ်တစ်ခုတည်းကို အားကိုးရုံဖြင့်မလုံလောက်ပေ။အဆင့်မြင့်သောဂူကောင်ကို ရရှိရန်အခွင့်အလမ်းပိုမိုတိုးပွားရန်အတွက် ရှားပါးကာအဖိုးတန်သောရတနာများကို လိုအပ်နေပေသည်။
"ပြ)နာမရှိပါဘူး...ငါ့ကိုစာရင်းပေးလိုက်"
လီလောချမ်က တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလိုက်သည်။
"ကောင်းပါပြီ..."
လီယွမ်က သူလိုအပ်သောပစ္စည်းစာရင်းကိုချရေးကာ လီလောချမ်အားပေးလိုက်သည်။
"စာရင်းထဲမှာပါတဲ့ပစ္စည်းတွေကို တွေ့တာနဲ့ နန်းတော်ကတစ်ယောက်က မင်းဆီလာပို့ပေးလိမ့်မယ်...စစ်ပွဲကပြင်းထန်ပြီး လူအင်အားမလုံလောက်တဲ့အတွက်ကြောင့် အချိန်နည်းနည်းကြန့်ကြာနိုင်တယ်"
လီလောချမ်က ပြောလိုက်သည်။
"စစ်ပွဲအခြေအနေက အရမ်းတင်းမာနေတာလား..."
လီယွမ်သည် ပြင်ပလောကကို ဂရုမစိုက်သည်မှာ ကြာနေပြီဖြစ်သည်။
"ရှင်းကျန်းတောင်ပိုင်းဒေသရဲ့ နယ်မြေအများစုက စစ်ဘေးဒဏ်ခံနေရတယ်...တောင်ပိုင်းရှင်းကျန်းပြည်နယ်က မြို့တွေကို သူပုန်တွေနဲ့နတ်ဆိုးတွေကသိမ်းပိုက်လိုက်ပြီဆိုတာနဲ့ ကျိုးကုန်းတောင်တန်းတွေပေါ်ကို ပဠိပက္ခတွေက အချိန်မရွေးရောက်လာမှာပဲလေ..."
လီလောချမ်က အနည်းငယ်မကျေမနပ်ဖြစ်နေပုံရသည်။
"ပူးပေါင်းဆောင်ရွက်မှုကိစ္စနဲ့ပတ်သက်ပြီးတော့ နန်းတော်ကိုးခုဂူအသိုက်ရဲ့ထိပ်တန်းအကြီးအကဲတွေက အရှင်မင်းမြတ်ကိုတိကျတဲ့အဖြေကို တစ်ခါမှမပေးသေးဘူး...ခုချိန်ထိတောင်မှ သူတို့ကရှောင်တိမ်းနေကြတုံးပဲ...သူတို့ကနတ်ဆိုးတွေလာရောက်တိုက်ခိုက်မှာကို မစိုးရိမ်ကြတော့ဘူးလား..."
လီလောချမ်သည် ဒေါသတကြီးပြောလိုက်ပြီးနောက် လီယွမ်ရှေ့တွင် ထိုစကားများကိုမပြောသင့်ကြောင်း နားလည်လိုက်သည်။ထို့ကြောင့်သူမသည် စကားလက်စသတ်ကာ မင်းသမီးလေးနဲ့အတူ အမြန်ဆုံးထွက်ခွာသွားခဲ့သည်။
"အခြေအနေက မလွယ်ဘူးထင်တယ်..."
စကားအနည်းငယ်ပြောရုံဖြင့် စစ်ပွဲအခြေအနေက အရေးကြီးနေကြောင်း လီယွမ်နားလည်လိုက်သည်။
ကျိုးကုန်းတောင်တန်းသည်ပင် စစ်ပွဲဒဏ်ကိုမကြာမှီခံစားရတော့မည်ဖြစ်သည်။
ကျိုးကုန်းဂူအသိုက်က နတ်ဆိုးတွေကို လက်လွတ်စပယ် ဖျက်ဆီးခွင့်ပြုမှာမဟုတ်ဘူး...ဒါကြောင့် နတ်ဆိုးတွေကိုတိုက်ထုတ်ဖို့အတွက်ဆိုရင် တောင်ပိုင်းနယ်စပ်တည်ငြိမ်အောင် ကူညီပေးနေတဲ့ စန်းလန်ဘုရင်နဲ့မြို့စောင့်တပ်တွေကို ကူညီပေးရမယ်...
"ခုလိုဖရိုဖရဲဖြစ်နေတဲ့ကာလမှာ ငါ့ရဲ့ကိုယ်ပိုင်ခွန်အားကို တိုးမြင့်ဖို့အရေးကြီးတယ်..."
လီယွမ်သည် မင်းသမီးလေးပစ်ချထားခဲ့သော ပန်းခြင်းတောင်းကိုကောက်ယူလိုက်သည်။
"ချမ်းသာတဲ့သူတွေက တကယ်ကွာခြားတာပဲ..."
သူသည် ခြင်းတောင်းထဲမှပန်းပင်အားလုံးကို မမှတ်မိနိုင်သော်လည်း သူသိထားသလောက်ဆိုလျှင် ထိုထဲမှ၂ခု၃ခုသည်ပင် အလွန်အဖိုးထိုက်တန်နေခဲ့သည်။
သူ၏ဘ၀တလျှောက် ကြိုးစားပမ်းစားအလုပ်လုပ်ပြီးမှ ရရှိလာသော၀င်ငွေသည် အခြားသောသူများ၏ ဘဏ်စုငွေမှရရှိလာသောအတိုးနှုန်းလောက်ပင် မများသောအခါဟူသည့် သူ့ယခင်ဘ၀မှဇာတ်ကြောင်းတစ်ခုကိုပင် ပြန်သတိရလိုက်မိသည်။
သူသည် အခက်အခဲများစွာဖြင့် ဂူပေါင်းစပ်ခြင်းစနစ်ကြောင့် အောင်မြင်နေသော်လည်း အဆုံးသတ်၌ သူသည်ဘာကောင်မှမဟုတ်သေးပေ။
မည်သို့ပင်ဆိုစေ သူသည်စနစ်အားပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ပစ္စည်းများ၏အမည်ကို ခွဲခြားသိမြင်နိုင်သည်။
လီယွမ်သည် ထူးခြားဆန်းပြားသောပန်းပင်များနှင့် အချို့သောအပင်များကို အနက်ရောင်အိုးထဲသို့ ထည့်သွင်းလိုက်ချိန်တွင် သူ့မျက်လုံးရှေ့၌ မျက်နှာပြင်တစ်ခုထွက်ပေါ်လာခဲ့သည်။
(နဂါးသွေးမြက် - ဒဏ္ဍာရီများအရ နဂါးအစစ်အားမြုပ်နှံထားသော မြေပေါ်၌ပေါက်ရောက်သောရတနာတစ်ပါး)
"ကောင်းကင်ဆီးနှင်းပန်းပွင့် - မြောက်ဘက်အစွန်ဆုံးသော နှင်းဖုံးတောင်တန်းများပေါ်၌ ပေါက်ရောက်သောပန်းပွင့်"
(ကြယ်လနွယ်ပင် - ရှေးဦးခေတ်သစ်တော၏ အထူးအစိတ်အပိုင်းတွင်ပေါက်ရောက်သော အထီးကျန်စပျစ်နွယ်ပင်၊နေရောင်ခြည်မထိရောက်ချိန်၌ လနှင့်ကြယ်၏စွမ်းအင်ကို အဟာရပြု၍စုပ်ယူသည်)
【……】
"ကြည့်ရတာ မင်းသမီးလေးက ဆန်းကြယ်လိပ်ပြာကို တကယ်သဘောကျပုံရတယ်"
စန်းလန်ဘုရင်သည်လည်း သူ၏သမီးကိုအမှန်တကယ် ချစ်မြတ်နိုးခြင်းမရှိပါက ယခုလိုအဖိုးမဖြတ်နိုင်သောပန်းများနှင့်ပြည့်နှက်နေသော ပန်းခြင်းတောင်းကိုပေးထားမည်မဟုတ်ပေ။
"ငါ့ကိုယ်ငါတောင် သိမ်ငယ်သလိုခံစားနေရတယ်..."
လီယွမ်၏စိတ်ထဲတွင် ထိုသို့သောအတွေးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
သေစမ်း...ငါကဘာလို့အဲလိုအတွေးမျိုး၀င်လာရတာလဲ...ငါ့လိုကြီးမြတ်တဲ့ခေါင်းဆောင်တစ်ယောက်က အခြားသူတွေထက်သိမ်ငယ်နေစရာလိုလို့လား...
လောလောဆယ်အဲအကြောင်းကိုမေ့ထားရမယ်...ငါ့ရဲ့ခွန်အားကိုမြင့်တင်နိုင်မှ စစ်ပွဲကျရောက်လာတဲ့အချိန်ကျရင် ငါ့ရဲ့အသက်ကိုကယ်တင်နိုင်မှာပဲ...
လီယွမ်နေရာတွင် အချို့သူများဆိုပါက ဤပန်းခြင်းတောင်းသည် အဖိုးထိုက်တန်သည်ဟူသော စကားလုံးဖြင့်သာ ဖော်ပြကြပေလိမ့်မည်။
"အနက်ရောင်အိုး...ငါ့အတွက်ပေါင်းစပ်ပေးလိုက်..."
(ပေါင်းစပ်မည့်ဂူကောင်များမှာ ပင်မဂူကောင်ချီနှင့်သွေးဂူကောင်၊နဂါးသွေးမြက်ပင်၊ကြယ်လနွယ်ပင်)
လီယွမ်သည် ထူးခြားဆန်းပြားသောပန်းပင်များနှင့်အခြားသောဆေးပင်များအားလုံးကို ထည့်သွင်းရန်မလုပ်ဆောင်ခဲ့ပေ။မတူညီသောဂုဏ်သတ္တိများရှိနေသည့် အရာအားလုံးကိုရောနှောလိုက်ခြင်းက ချီနှင့်သွေးဂူကောင်၏ဆင့်ကဲပြောင်းလဲမှုကို သွေဖယ်သွားစေနိုင်သည်။
ဆိုးဆိုးဝါးဝါးအခြေအနေတွင် ဂူကောင်ကပျက်စီးသွားနိုင်ခြေရှိသည်။ထိုသို့သောဖြစ်စဉ်မျိုးကို လီယွမ်ယခင်ကလည်း ကြုံတွေ့ဖူးပေသည်။
(ပေါင်းစပ်နေသည်...)
(သင်၏ပင်မဂူကောင်ဖြစ်သော ချီနှင့်သွေးဂူကောင်သည် စတုတ္ထအဆင့်ထူးခြားဂူကောင်ဖြစ်သော ဧရာမဝိညာဉ်ဂူကောင်အဖြစ်သို့ ပြောင်းလဲသွားပါသည်)
(ဧရာမဝိညာဉ်ဂူကောင် - ဧရာမဝိညာဉ်ဂူကောင်၏ သွေးနှင့်ချီစွမ်းအားသည် တောင်နှင့်မြစ်များကိုပင် လွှမ်းခြုံသွားစေခဲ့သည်။ဤဂူကောင်သည် ဂူသခင်၏သွေးနှင့်ချီစွမ်းအင်ကို အချိန်တိုအတွင်းမြင့်တင်ပေးနိုင်ပြီး ဧရာမဝိညာဉ်အဖြစ်ပုံဖော်ကာ တောင်နှင့်မြစ်များကို ချိုးဖျက်စေနိုင်သည်။)
"တကယ်ကြီးပြောင်းလဲသွားတာလား..."
တစ်ကြိမ်တည်းဖြင့် အောင်မြင်မှုရရှိသွား၍ လီယွမ်က အလွန်အံ့ဩသွားခဲ့ရသည်။
"အရင်ကဆို ချီနဲ့သွေးဂူကောင်ကို ဆေးပင်တွေအများကြီးကျွေးထားခဲ့တာပဲ...ခုချိန်မှာရှားပါးပြီး သင့်တော်တဲ့ရတနာတစ်ခုကို ထပ်ပေါင်းကျွေးလိုက်တာက ကောင်းမွန်တဲ့ပြောင်းလဲမှုကို အစပြုပေးလိုက်တာပဲ..."
"ဒါပေမဲ့ ဘာလို့ဧရာမဝိညာဉ်ဂူကောင်ဖြစ်သွားရတာလဲ..."
ယုဟွမ်းချွမ်၏ မှတ်တမ်းများအရဆိုလျှင် ချီနှင့်သွေးဂူကောင်သည် စတင်ပြောင်းလဲချိန်၌ ဧရာမဂူကောင်အဖြစ်သာပြောင်းလဲရမည်ဖြစ်သည်။
ဧရာမနှင့် ဧရာမဝိညာဉ်အကြား ကွာဟချက်ကအနည်းငယ်သာရှိသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် သိသိသာသာပိုမိုအားကောင်းကာ ဧရာမဂူကောင်၏ အဆင့်မြင့်ပုံစံတစ်ခုအဖြစ် မှတ်ယူနိုင်ပေသည်။
လီယွမ်၏ချီနှင့်သွေးများသည် လက်ရှိအချိန်၌ ပင်လယ်ကြီးသဖွယ်လှိုင်းထန်နေခဲ့သည်။ချီနှင့်သွေးဂူကောင်သည် အသွင်ပြောင်းပြီးနောက် ပိုမိုကွဲပြားကာအားကောင်းလာခဲ့သည်။
"စမ်းသပ်ကြည့်ရအောင်..."
သွေးနီဥသဏ္ဍာန်ဂူကောင်လေးက အနက်ရောင်အိုးထဲမှ ထွက်ခွာလာခဲ့သည်။ထို့နောက်တွင် ဂူကောင်ကတဖြည်းဖြည်းကြီးထွားလာကာ လက်ဝါးအရွယ်ခန့်ရှိလာပြီး မာကျောသောအတောင်ပံများနှင့်ချွန်ထက်သောအစွယ်များ ပိုင်ဆိုင်လာခဲ့သည်။
"ဧရာမဝိညာဉ်ဂူကောင် အသက်သွင်းစမ်း..."
လီယွမ်က အော်ဟစ်လိုက်သည်။
ဧရာမဝိညာဉ်ဂူကောင်သည် လီယွမ်၏အော်ဟစ်သံနှင့်အတူ ပဲ့တင်ထပ်၍ ချီနှင့်သွေးစွမ်းအားကို တဟုန်ထိုးမြင့်တက်စေခဲ့သည်။
ထို့နောက်တွင် လီယွမ်၏ကြွက်သားများက စတင်ဖောင်းကားလာခဲ့သည်။
ဘန်း...
နောက်အခိုက်အတန့်တွင် လီယွမ်၀တ်ဆင်ထားသည့်၀တ်စုံက ပေါက်ကွဲသွားခဲ့သည်။
လက်ရှိအချိန်တွင် လီယွမ်၏ဆံပင်များကထောင်တက်နေကာ သွေးချီစွမ်းအားများက သွေးနီရောင်မီးတောက်များသဖွယ် သူ၏ခန္ဓာကိုယ်တဝိုက်၌ အရှိန်အဟုန်ပြင်းပြင်းဖြင့် လှည့်ပတ်နေခဲ့သည်။
"အားကောင်းလိုက်တာ..."
လက်ရှိအချိန်တွင် သူသည်နွားအကောင်တစ်ရာခန့်ကိုပင် လက်သီးတစ်ချက်ဖြင့်ထိုးသတ်နိုင်မည်ဟု ခံစားနေရပေသည်။
လီယွမ်သည် လေထဲသို့ လက်သီးတစ်ချက်ပစ်လွှတ်ကြည့်လိုက်ရာ ရှည်လျားသောနဂါးတစ်ကောင်ကဲ့သို့ အားကောင်းသောလေလမ်းကြောင်းတစ်ခုဖြစ်ပေါ်လာပြီး မြေကြီးပေါ်၌ကြီးမားသောစွတ်ကြောင်းကြီးတစ်ခုကို ဖြစ်ပေါ်စေကာ အဝေးမှဝါးပင်များကိုပင် ပျက်စီးစေခဲ့သည်။
ဝါးပင်များသည် အပိုင်းပိုင်းပျက်စီးသွားကာ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
"ဟွမ်ဖူနန်ကို ငါတိုက်ခိုက်တုံးကသာ ဒီအခြေအနေမှာရှိနေခဲ့မယ်ဆိုရင် ငါအစီအစဉ်ဆွဲနေစရာတောင်မလိုဘူး...သူ့ကိုလက်သီးတစ်ချက်နဲ့အမှုန့်ခြေပစ်နိုင်တယ်..."
ကြွယ်၀လွန်းသော သွေးချီများက လီယွမ်၏အကျင့်စရိုက်ကိုပင် ထိခိုက်သွားစေပုံရသည်။
သူသည် ခွန်အားဖြင့်ထိပ်တိုက်ရင်ဆိုင်ရသည်ကို သဘောကျလာခဲ့သည်။
လီယွမ်သည် ရုတ်ချည်းဆိုသလိုမျိုး ခွန်အားများထိုးတက်လာသည်ကို ကျေနပ်နှစ်သိမ့်နေသောအချိန်တွင် စန်းဂူမျှော်စင်၏တံခါးက ရုတ်တရက်ပွင့်လာခဲ့သည်။
"အစ်ကိုယွမ်...အစ်ကိုယွမ်...အဆင်ပြေရဲ့လား..."
၀မ်ကျောက်ကျောက်က အပြေး၀င်ရောက်လာကာ အော်ဟစ်လိုက်သည်။
"ခဏလောက်နေပါအုံး..."
လီယွမ်၏ခန္ဓာကိုယ်က တောင့်တင်းသွားခဲ့ကာ သူ၏မျက်နှာပေါ်၌ ရှက်ရွှံ့မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
သူသည် ဧရာမဝိညာဉ်ဂူကောင်ကို ပထမဆုံးအကြိမ်အသုံးပြုခြင်းဖြစ်၍ ခွန်အားကိုမထိန်းချုပ်နိုင်ဘဲ သူ၏အ၀တ်အစားများပေါက်ကွဲသွားစေကာ ကိုယ်လုံးတီးဖြစ်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ရှောင်ကျောက်ကမျက်မမြင်ဖြစ်နေခဲ့သည်။ထိုသို့မဟုတ်ပါက သူမသည်နဂါးသွေးစွမ်းအားဖြင့် ပြည့်၀နေသောအရာကို တွေ့မြင်ရနိုင်ပေသည်။
"ငါဘာမှမဖြစ်ပါဘူး..."
လီယွမ်သည် အသက်ရှုခြင်းကိုချိန်ညှိလိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်ရှိဖောင်းကားနေသောကြွက်သားများက တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။သူ၏ခန္ဓာကိုယ်တွင် ကြွက်သားအရာများပြတ်သားစွာရှိနေဆဲဖြစ်သော်လည်း မူလသွင်ပြင်ကိုပြန်လည်ရရှိလိုက်သည်။
"ချီနဲ့သွေးဂူကောင်အဆင့်တက်သွားတော့ အဲ့ဒါရဲ့စွမ်းအားတွေကို ငါခဏလောက်မထိန်းချုပ်နိုင်ဖြစ်သွားတာပါ...ခုတော့အကုန်လုံးအဆင်ပြေသွားပါပြီ"
လီယွမ်က ရှင်းပြလိုက်သည်။
"အိုး..."
၀မ်ကျောက်ကျောက်က ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရုတ်တရက်ရပ်တန့်သွားခဲ့သည်။
"ရန်သူတွေ၀င်တိုက်ခိုက်ပြီလို့ အထင်လွဲသွားခဲ့တာ...အစ်ကိုကြီးယွမ်အဆင်ပြေတယ်ဆိုတော့ ၀မ်းသာပါတယ်"
ထိုစကားကိုပြောပြီးနောက် ၀မ်ကျောက်ကျောက်သည် မျက်နှာကြီးနီရဲ၍ ထွက်ပြေးသွားခဲ့သည်။
သေစမ်း...ဒီကောင်မလေးမျက်နှာက ဘာလို့ရေနွေးအိုးလို နီရဲနေရတာလဲ...
လီယွမ်သည် ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုအားသတိရလိုက်ကာ ထိတ်လန့်သွားခဲ့သည်။ထိုမိန်းကလေးသည် အချို့အရာများကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်သည်လား...
…