← Chapters

မုန်တိုင်းထန်လာခြင်း

Vol. 2 Ch. 28

မုန်တိုင်းထန်လာခြင်း

Vol. 2 Ch. 28

လီယွမ်သည် သွေးမျက်လုံး‌ဂူကောင်နှင့်ပတ်သက်သော စာအုပ်များကို‌ဖတ်လေ့ရှိရာ မျက်စိမမြင်ရသူများကို အမျိုးအစားခွဲခြားထားကြောင်း သိရှိထားပေသည်။

အချို့မျက်စိမမြင်ရသူများမှာ အမြင်အာရုံဝေဝါးရုံမျှသာဖြစ်၍ သူတို့မြင်တွေ့ရသောမြင်ကွင်းများက လုံး၀မှောင်မိုက်နေခြင်းမရှိပေ။

"မေ့လိုက်တော့...ဘာမှကြီးကြီးကျယ်ကျယ်ကိစ္စလည်းမဟုတ်ဘူး..."

လီယွမ်သည် ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ပူနေခြင်းမရှိပေ။

"နောက်တစ်ဆင့်အတွက် စန်းလန်နန်းတော်ကနေ ငါလိုအပ်တဲ့ပစ္စည်းတွေပို့လာမှာကို စောင့်ရတော့မှာပဲ..."

သူ၏ပင်မဂူကောင်ဖြစ်သော ချီနှင့်သွေးဂူကောင်သည် စတုတ္ထအဆင့်ဧရာမဝိညာဉ်ဂူကောင်အဖြစ်သို့ ပြောင်းလဲသွားသော်လည်း လီယွမ်ကမကျေနပ်နိုင်သေးပေ။သူသည် သူ၏ပင်မဂူကောင်တိုင်းလိုလိုကို ဆင့်ကဲမြင့်တင်လိုခဲ့သည်။

လက်ရှိအချိန်တွင် ထူးခြားဂူကောင်ဖြစ်သော ရှင်သန်ထမြောက်ခြင်းဂူကောင်မှလွဲ၍ မည်သည့်ဂူကောင်ကမှ ဆင့်ကဲပြောင်းလဲခြင်းမရှိသေးပေ။

အထူးသဖြင့် ရှားပါးသောသားရဲဂူကောင်များဖြစ်သည့် သုံးရောင်ခြယ်မီးတောက်စပါးအုံးနှင့် ပုံရိပ်ယောင်ပိုးခြည်ဂူကောင်နှစ်ခုလုံးက ဆက်လက်တိုးတက်ပြောင်းလဲရန် အလားအလာကောင်းများရှိပေသည်။

…

အချိန်ကတဖြည်းဖြည်းကုန်လွန်သွားပြီးနောက် မျက်စိတစ်မှိတ်အတွင်း နောက်ထပ်၂လကုန်ဆုံးသွားခဲ့သည်။

လီယွမ်သည် မစ္စလီအားစောင့်ဆိုင်းနေချိန်၌ သူမကြားချင်ဆုံးသော သတင်းတစ်ခုကို ရရှိလိုက်သည်။

ပုရှီခန်းမ၏အကြီးအကဲဖြစ်သော ချီရှန်းသည် စန်းဂူမျှော်စင်သို့အလောတကြီးရောက်လာကာ သူ့အားသတင်းတစ်ပုဒ်ကို ပြောပြခဲ့သည်။

"လီယွမ်...မင်းအဆင်သင့်ပြင်ထားလိုက်တော့...စစ်ပွဲကမကြာခင်စတော့မယ်..."ကျိုးကုန်းဂူအသိုက်ရဲ့ထိပ်တန်းခေါင်းဆောင်တွေက စန်းလန်ဘုရင်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်ပြီလား..."

လီယွမ်က မေးမြန်းလိုက်သည်။

"အဲလိုမဟုတ်သေးပေမဲ့ အခြေအနေကသိပ်မဝေးတော့ဘူး...ခုပဲန၀မနန်းတော်ကနေပြီးတော့ ဂူသခင်အသစ်တစ်ယောက်ကိုစေလွှတ်လိုက်တယ်...သူတို့ကစစ်ပွဲခန်းမရဲ့အကြီးအကဲကို တာ၀န်ဆက်လက်ထမ်းဆောင်ခွင့်မပြုတော့ဘူး"

"စစ်ပွဲခန်းမရဲ့ အကြီးအကဲသစ်ဖြစ်တဲ့ဂူသခင်က သတင်းစကားပါးလိုက်တယ်..."

"မနေ့ညက န၀မနန်းတော်ရဲ့လက်အောက်ခံ ၁၆ခုမြောက်ဂူနန်းက အစုလိုက်အပြုံလိုက်သုတ်သင်ခံလိုက်ရတယ်...ဘယ်သူကမှအသက်ရှင်လျက် မလွတ်မြောက်နိုင်ခဲ့ဘူး..."

ချီရှန်း၏စကားကြောင့် ဤကိစ္စကအလွန်လေးနက်ကြောင်း လီယွမ်ခံစားမိလိုက်သည်။

ချီရှန်း၏စကားများကသိသာပေသည်။စစ်ပွဲမီးတောက်များက ကျိုးကုန်းဂူအသိုက်ထိတိုင်အောင် ပျံ့နှံ့လာခဲ့ပြီဖြစ်သည်။ရန်သူသည် နှစ်ပေါင်းထောင်ချီအမွေဆက်ခံတည်ရှိလာသော ဂူသခင်တို့၏မြင့်မြတ်နယ်မြေကိုပင် ကြောက်ရွှံခြင်းမရှိတော့ပေ။သူတို့သည် တမင်တကာပင် ရန်စလာခဲ့ချေပြီတကား...

"ဒါကနတ်ဆိုးတွေရဲ့ လက်ချက်လား..."

လီယွမ်က မေးမြန်းလိုက်သည်။

"လုံး၀မဟုတ်ဘူး...န၀မနန်းတော်ကအကြီးအကဲတွေရဲ့စုံစမ်းချက်အရဆိုရင် အဲ့နေရာမှာ စစ်သည်တော်တွေရဲ့ခြေရာလက်ရာတွေကို တွေ့ခဲ့ရတယ်..."

ချီရှန်းက ဆက်ပြောလိုက်သည်။

"တစ်စုံတစ်ယောက်က နတ်ဆိုးတွေနဲ့ပူးပေါင်းနေတာလား..."

လီယွမ်က အံ့ဩသွားခဲ့ရသည်။

"အမှန်ပဲ...လက်ရှိအချိန်မှာ ရှင်းကျန်းတောင်ပိုင်းဒေသကို ထိန်းချုပ်ဖို့ကြိုးစားနေတဲ့အဖွဲ့၃ဖွဲ့ရှိတယ်...သူတို့ကတော့ စန်းလန်ဘုရင်ရှောင်ယန်...ယိုဘုရင်လင်းယွဲ့နဲ့ တော်၀င်မိသားစုရဲ့ဩဇာခံဖြစ်တဲ့ စစ်သူကြီးကျန်းယီဖန်းပဲ"

"ဘယ်သူကရန်သူလဲ...ဘယ်သူကမိတ်ဆွေလဲဆိုတာ အတိအကျမသိရသေးဘူး..."

"န၀မနန်းတော်က ကျန်ရှိနေတဲ့ဂူနန်း၇၁ခုကို အပြည့်အ၀သတိထားဖို့ အမိန့်ပေးထားခဲ့တယ်...စစ်ပွဲစပြီဆိုတာနဲ့ ငါတို့အကုန်လုံးသေတဲ့အထိ တိုက်ခိုက်ရလိမ့်မယ်..."

စစ်ပွဲကို မည်သူကမှမကြိုက်ကြပေ။

သို့သော် မိမိတို့၏အိမ်တံခါး၏ထိ လာရောက်အနိုင်ကျင့်လာချိန်တွင် ကျိုးကုန်းဂူအသိုက်က ပြန်လည်တိုက်ခိုက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

"ငါနားလည်ပြီ...ဒါနဲ့ဂူသခင်အသစ်က ဘယ်အဆင့်မှာရှိလဲ အကြီးအကဲရှန်း"

လီယွမ်က မေးမြန်းလိုက်သည်။

"ဆဌမအဆင့် ဆန်းကြယ်ဂူသခင်ပဲ...မင်းအရမ်းကြီးစိတ်ပူစရာမလိုဘူး လီယွမ်...ဆဌမအဆင့်ဆန်းကြယ်ဂူသခင်က ဆဌမအဆင့်စစ်သည်တော်နဲ့ယှဉ်လို့ရတယ်...သူတို့တွေက အငယ်တန်းမဟာသခင်လို့ခေါ်ကြတဲ့ ဆဌမအဆင့်ကိုရောက်ရှိနေကြပြီ..."

ချီရှန်းက လီယွမ်အားနှစ်သိမ့်စကားဆိုလိုက်သည်။

လီယွမ်ကိုယ်တိုင်က အငယ်တန်းဂူသခင်တစ်ယောက်ဖြစ်သလို ထူးခြားဂူကောင်များကိုလည်း ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် သူကိုယ်တိုင်ကလည်း ကျွမ်းကျင်သူတစ်ယောက်အဖြစ် သတ်မှတ်၍ရပေသည်။

လီယွမ်သည် စစ်သည်တော်များနှင့်တစ်ခါမှမတိုက်ဖူးပေ။သူသည် သူ့ထက်အဆင့်မြင့်သော စစ်သည်တော်များကို တစ်ခါမှမတိုက်ခိုက်ဖူး၍ ၎င်းတို့၏အစွမ်းကိုမသိသော်လည်း အဆင့်တူစစ်သည်တော်များနှင့် ရင်ဆိုင်ရမည်ဆိုပါက မရှုံးနိမ့်နိုင်ဟု ယုံကြည်ချက်ရှိပေသည်။

"ကောင်းပြီ...မင်းကိုဒီအကြောင်းတွေ ငါလာပြောတယ်ဆိုတာ ဒီရက်ပိုင်းသတိထားဖို့ဘဲ..."

ချီရှန်းက သတိပေးလိုက်သည်။

"မင်းနဲ့ရှောင်‌ကျောက်က အလှည့်ကျကင်းစောင့်နိုင်မယ်ဆိုရင် အကောင်းဆုံးပဲ...သတိပေးခေါင်းလောင်းသံကြားပြီဆိုတာနဲ့ ပင်မတောင်ထိပ်ကိုအမြန်ဆုံးရောက်အောင်လာခဲ့...သဘောပေါက်လား..."

"ကောင်းပြီလေ..."

လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။

ချီရှန်းထွက်ခွာသွားပြီးနောက် လီယွမ်က ၀မ်ကျောက်ကျောက်အား ထိုအကြောင်းကိုပြောပြလိုက်သည်။

သို့သော် လီယွမ်ပြောလိုက်သောစကားကြောင့် ၀မ်ကျောက်ကျောက်က ကြောက်ရွှံခြင်းမရှိသည့်အပြင် ပို၍ပင်လေ့ကျင့်နေခဲ့သည်။

ဤသို့တည်ငြိမ်အေးချမ်းသောကာလက မည်မျှထိတည်တံ့နေမည်ကို လီယွမ်ကိုယ်တိုင်လည်းမသိပေ။

ထို့နောက် အချက်အလက်ပြဇယားက လီယွမ်၏မျက်စိရှေ့၌ ထွက်ပေါ်လာခဲ့သည်။

(ဂူသခင် - လီယွမ်)

(အနက်ရောင်အိုး - စတုတ္ထအဆင့် ၇၈၄-၈၀၀)

(အဆင့် - စတုတ္ထအဆင့်ဂူသခင်)

(ပင်မဂူ - သွေးနှင့်ချီဂူကောင်၊ပြန်လည်မွေးဖွားခြင်းဂူကောင်၊သုံးရောင်ခြယ်မီးတောက်စပါးအုံးဂူကောင်၊ပုံရိပ်ယောင်ပိုးခြည်ဂူကောင်)

(ဂူအိမ် - မရှိပါ)

"နောက်ထပ်လ၀က်လောက်နေရင် ငါကပဉ္မမအဆင့်ဂူသခင်ဖြစ်လာမှာပဲ...အချိန်...ငါအချိန်လိုတယ်"

သူ၏အဆင့်ပိုမိုမြင့်မားလာသည်နှင့်အမျှ လီယွမ်သည် ကုန်ကြမ်းပစ္စည်းများအား ပိုမိုလိုအပ်လာခဲ့သည်။သူသည် အဆင့်နိမ့်ဂူကောင်များကို အသုံးပြုနေရုံဖြင့် သူ၏လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်တော့ပေ။

အဆင့်မြင့်ဂူကောင်များက ရှားပါးလွန်းလှပေသည်။သူသည် ပိုမိုအစွမ်းထက်ကာ ရှားပါးသောဂူကောင်များကို ပေါင်းစပ်လိုသည်ဆိုပါက အမှားအယွင်းမရှိရအောင် အဖိုးတန်ရတနာများစွာနှင့် ထူးခြားဆန်းပြားသောဆေးပင်များ၊ကုန်ကြမ်းပစ္စည်းများကို လိုအပ်လာမည်ဖြစ်သည်။

…

လီယွမ်သည် ပဉ္စမအဆင့်သို့ရောက်ခါနီးတွင် မမျှော်လင့်ထားသော ဧည့်သည်တစ်ယောက်က ဝါးတောလေးရှိရာသို့ လာရောက်လည်ပတ်ခဲ့သည်။

အသစ်ရောက်ရှိလာသူမှာ ၁၂ခုမြောက်ဂူနန်း၏ သခင်အသစ်ဖြစ်ကာ ဖေးလော့ချင်ဟုအမည်ရပေသည်။

(လီယွမ်ရှိနေတာက ၁၂ခုမြောက်ဂူနန်းပါ ကျိုးကုန်းဂူအသိုက်မှာ နန်းတော်၉ခုရှိပြီး နန်းတော်တစ်ခုစီရဲ့လက်အောက်မှာ ဂူနန်း၇၂ခုရှိပါတယ်...ခု၁၆ခုမြောက်ဂူနန်းကဖျက်ဆီးခံလိုက်ရလို့ န၀မနန်းတော်ရဲ့လက်အောက်မှာ ဂူနန်း၇၁ခုကျန်ပါမယ်)

"ဂျူနီယာညီလေးလီယွမ်...ငါမင်းဆီကိုအစောကြီးလာလည်မလို့ပဲ...ဒါပေမဲ့ မကြာသေးခင်က အခြေအနေတွေကအရမ်းရှုပ်ထွေးနေတော့ ငါလည်းအလုပ်တွေရှုပ်နေလို့ ခုမှလာရတာပဲ"

လီယွမ်သည် ဂူသခင်အသစ်၏စကားပြောပုံကြောင့် အံ့ဩသွားခဲ့ရသည်။ထိုလူသည် သူ့အားအဘယ်ကြောင့် ဂျူနီယာညီလေးဟုခေါ်ရသနည်း။

"ဟားဟား...ယုဟွမ်းချွမ်ကငါ့ရဲ့ဆရာလေ..."

လီယွမ်၏မျက်လုံးများမှ သံသယအရိပ်အယောင်ကို သတိထားမိ၍ ဖေးလော့ချင်က ရယ်မောလိုက်သည်။

"ဒါပေမဲ့ ငါကအကြီးအကဲယုရဲ့တပည့်မဟုတ်သေးပါဘူး..."

လီယွမ်က အံ့ဩသွားခဲ့သည်။

သူနှင့်ယုဟွမ်းချွမ်သည် တစ်ကြိမ်သာတွေ့ဆုံဖူးပေသည်။တစ်ဖက်လူသည် သူ့အားချီးကျူးစကားအချို့ပြောကာ ဂူကောင်ပြုစုပျိုးထောင်ခြင်းနှင့်ပတ်သက်၍ အကြံပြုချက်အချို့ပေးခဲ့သော်လည်း ထိုမှတပါးတုံ့ပြန်ချက်ထပ်မပေးခဲ့ပေ။

"မင်းခုထိနားမလည်သေးဘူးလား...ဆရာကမင်းကိုအထင်ကြီးနေခဲ့တာ...ဒါပေမဲ့ သူ့ရဲ့မျက်နှာအမူအရာက ဘာမှမဖြစ်သလိုမျိုးဟန်ဆောင်နေတာပဲ...သူကအဲလိုလုပ်ရတာကိုသဘောကျတယ်..."

လီယွမ်သည် ဖေးလော့ချင်၏စကားကြောင့် အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့သည်။

ဖေးလော့ချင်က လီယွမ်၏အမူအရာကိုကြည့်၍ ရယ်မောလိုက်သည်။

"သူကမင်းကိုစိတ်ပျက်သွားတယ်ထင်လို့လား...တကယ်တော့သူက မင်းနဲ့ပတ်သက်ပြီးအရမ်းချီးကျူးနေခဲ့တာလေ..."

"အစကတော့ ဆရာ့ရဲ့စကားတွေကိုငါမကျေနပ်ခဲ့ဘူး...ဒါပေမဲ့ဒီကိုရောက်လာပြီးတဲ့နောက်မှာ ငါယုံကြည်လိုက်ရပြီ...ဆရာပြောတာအမှန်ပဲ...မင်းကတကယ့်ကိုပြိုင်ဖက်ကင်းပါရမီရှင်ပဲ"

လီယွမ်က ပို၍ပင်ကြောင်အသွားခဲ့ရသည်။ယုဟွမ်းချွမ်နှင့်ဖေးလော့ချင်တို့က တစ်စုံတစ်ခုအား ရှာတွေ့သွားကြသည်လား...

"ဂူသခင်က အရမ်း‌မြှောက်ပင့်နေပါပြီ...ဒီလူက ပါရမီရှင်တစ်ယောက်မဟုတ်ပါဘူး..."

ထိုအချိန်တွင် ဖေးလော့ချင်က စကားစလာခဲ့သည်။

"ငါရှင်းပြမယ်...ငါထင်တာမမှားဘူးဆိုရင် ဂျုနီယာညီလေးက ဂူကောင်တွေကိုထိန်းချုပ်တဲ့နေရာမှာ အတွေးတစ်ချက်နဲ့တင်ဂူကောင်တွေကို ထိန်းချုပ်နိုင်တဲ့အဆင့်ကိုရောက်သွားပြီမဟုတ်လား..."

"ငါဝါးတောဆီခြေချလိုက်တာနဲ့ အရမ်းကိုအားကောင်းတဲ့ ကင်းထောက်ဂူကောင်တွေ့ရဲ့စောင့်ကြည့်မှုကို ခံစားလိုက်ရတယ်..."

"ဂျူနီယာလေးက အရမ်းငယ်သေးပေမဲ့ လက်အောက်ခံဂူကောင်တွေကို ကောင်းကောင်းထိန်းချုပ်ထားနိုင်တာပဲ...ငါထင်တာမမှားဘူးဆိုရင် ဂျူနီယာညီလေးရဲ့စိတ်စွမ်းအားက ပင်လယ်နယ်ပယ်ကိုခြေချနေလောက်ပြီ..."

ထိုစကားကိုကြားပြီးနောက် လီယွမ်သည် အရာအားလုံးကို နားလည်သွားခဲ့ကာ အနည်းငယ်ကြောက်လန့်သွားခဲ့သည်။

ယုချွမ်းဟွမ်သည် ထိုနေ့ကသူ့အပေါ်ဖော်ဖော်ရွှေရွှေဆက်ဆံခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။သူသည်လည်း လီယွမ်ကမရေမတွက်နိုင်သော ကင်းထောက်ဂူကောင်များအား ထိန်းချုပ်ထားသည်ကို တွေ့မြင်ခဲ့ပြီးဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူအပြင်၌ထားရှိသောဂူကောင်များမှာ မပြောပလောက်သော ကင်းထောက်ဂူကောင်များဖြစ်နေ၍ဖြစ်သည်။

အကယ်၍ သူသာလက်အောက်ခံဂူကောင်များအား ရာနှင့်ချီ၍ထိန်းချုပ်ထားနိုင်ကြောင်း ယုဟွမ်းချွမ်သိရှိသွားခဲ့မည်ဆိုပါက သူ့အားထိုနေရာ၌ပင် တပည့်အဖြစ် မရမကခံယူခိုင်းမှာ စိုးရိမ်ရပေသည်။

"ငါသေသေချာချာသတိထားနေတာတောင်မှ ငါ့ရဲ့အတွေ့အကြုံက လုံလုံလောက်လောက်ရှိမနေသေးဘူးပဲ...ပိုပြီးသန်မာတဲ့သူတွေနဲ့ရင်ဆိုင်ရ‌လေလေ ငါကပိုပြီးအန္တာရယ်များလေလေပဲ...နောက်တစ်ခါကျပိုပြီးသတိထားရမယ်"

လီယွမ်သည် တာအိုဘုန်းတော်ကြီးတစ်ပါးသဖွယ် သူ၏ဘ၀အကြောင်းကို သေသေချာချာ တွေးတောနေခဲ့သည်။

ဆဌမအဆင့်ဆန်းကြယ်ဂူသခင်တစ်ယောက်၏ ဝိညာဉ်စွမ်းအားသည် ဆဌမအဆင့်စစ်သည်တော်တစ်ယောက်၏ အာရုံခံစားမှုကဲ့သို့ ထက်မြက်သည့်အတွက်ကြောင့် သူထားရှိသောကင်းထောက်ဂူကောင်များကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အလားတူပင် သန်မာသောရန်သူများနှင့်ရင်ဆိုင်ရမည်ဆိုပါက သူ၏ထောက်လှမ်းမှုများက အသုံး၀င်မည်မဟုတ်ပေ။သို့ဖြစ်ဂာ သူ၏လက်အောက်ခံဂူကောင်များကိုလည်း စတင်အဆင့်မြင့်ရမည်ဖြစ်သည်။

"ဂူသခင်...ဝိညာဉ်စွမ်းအားတွေကို ဘယ်လိုအဆင့်ခွဲထားလဲ..."

ထိုအချိန်တွင် လီယွမ်ကတိုက်ရိုက်ပင်မေးမြန်းလိုက်သည်။

"ငါ့ကိုစီနီယာအစ်ကိုလို့ပဲခေါ်ပါ..."

ဖေးလော့ချင်က စိတ်အားထက်သန်စွာဖြင့် စတင်ရှင်းပြခဲ့သည်။

"ဝိညာဉ်စွမ်းအားက ဖန်တီးနိုင်စွမ်းကို ကြီးကြီးမားမားသက်ရောက်စေတယ်...အဓိကကျင့်ကြံတဲ့နည်းစနစ်အားလုံးမှာ ဝိညာဉ်စွမ်းအားက မရှိမဖြစ်အရေးပါတယ်...တစ်စုံတစ်ယောက်က ဆဌမအဆင့်ကိုရောက်ချိန်မှာ ဝိညာဉ်စွမ်းအားကိုကွဲကွဲပြားပြားသိမြင်နိုင်လိမ့်မယ်..."

"ငါတို့ဂူသခင်တွေအတွက်ဆိုရင် ဝိညာဉ်စွမ်းအားက အဓိကအရေးပါတဲ့နေရာမှာ ပါ၀င်နေတယ်..."

"မင်းထိန်းချုပ်နိုင်တဲ့ လက်အောက်ခံဂူကောင်အရေအတွက်နဲ့ မင်းရဲ့ပင်မဂူကောင်က ဘယ်လောက်ထိအစွမ်းထုတ်ဖော်နိုင်မလဲဆိုတာတွေထိ ဝိညာဉ်စွမ်းအားကဆုံးဖြတ်ပေးတယ်"

"ဝိညာဉ်စွမ်းအားကို မြစ်၊ပင်လယ်၊နယ်မြေ၊ချောက်နက်ဆိုပြီး ၄မျိုးပိုင်းခြားထားတယ်"

"ရိုးရိုးသားသားပြောရမယ်ဆိုရင် ငါကဆဌမအဆင့်ဆန်းကြယ်ဂူသခင်တစ်ယောက်ဆိုပေမဲ့ ငါ့ရဲ့ဝိညာဉ်စွမ်းအားက မင်းထက်သိသိသာသာလျော့နည်းနေတယ်...ငါ့ရဲ့ဝိညာဉ်စွမ်းအားက မြစ်နယ်ပယ်မှာပဲရှိသေးတယ်"

…

All Chapters