နတ်မျိုးနွယ်
Vol. 29 Ch. 406
ရှထျန်းကျယ်မှာ သူ့နှလုံးသားထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။
ရှမိသားစု၏ အနာရတ် ဘိုးဘေးတစ်ဦးအနေဖြင့် ဤမရဏခရီးစဉ်တွင် အကာအကွယ်ပေးရန်အတွက် ကျွမ်းကျင်သူများစွာဖြင့် သဘာဝအတိုင်း သွားရမည် ဖြစ်သည်။ ရှရှစ်ချောင်း သည် သူနှင့်အတူ ယူဆောင်လာသော အဖွဲ့တွင် သြဇာအရှိဆုံးဖြစ်ပြီး အတုအယောင်ပြန်ခြင်း နယ်ပယ်က သခင်ဖြစ်နေပါပြီ။ မထင်မှတ်ပဲ သူ့ကိုပါ ကောင်မလေးတစ်ယောက်က အပြင်လောကကို ပို့လိုက်သည်။
ဖုန့်ယန်အိမ်တော်က ရှမိသားစု ဝိညာဉ်များနှင့် နတ်ဘုရားများသည် နောက်ထပ် မတိုက်ခိုက်ဝံ့တော့ဘဲ အသည်းအသန် ထွက်ပြေးသွားကြတော့သည်။
ချန်ရှီ သူတို့ကို လိုက်မဖမ်းပါ။ ဤဝိညာဥ်များနှင့် တစ္ဆေနတ်ဘုရားများသည် လမ်းကြောင်းအမျိုးမျိုးသို့ ထွက်ပြေးသွားကြသလို သူ၏ အရှိန်အဟုန်ဖြင့် ၎င်းတို့ကို လိုက်ရှာရန် လပေါင်းများစွာ သို့မဟုတ် နှစ်များပင် ကြာသွားပေလိမ့်မည်။
ထိုစဥ် ဟေးကော်က သူ၏ ရုပ်သွင်အမှန်ကို ထုတ်ဖော်ပြသပြီး ရှမိသားစု ဝိညာဉ်များနှင့် တစ္ဆေ နတ်ဘုရားများကို ဖမ်းယူရန် ချက်ချင်း ရှေ့သို့ ပြေးထွက်သွားခဲ့သည်။ သစ်သားလှည်းသည်လည်း တဟုန်ထိုးမြည်ကာ အင်အားနည်းသော ဝိညာဥ်များနှင့် တစ္ဆေ နတ်ဘုရားများကို လိုက်ရှာလေ၏။
ချန်ရှီသည် နက်ရှိုင်းနဂါးရွေ့ဓားကို ဖမ်းကိုင်လိုက်ပြီး ချီတစ်ချက်အား ညင်သာစွာ မှုတ်လိုက်သည်။ နဂါးဓားသည် ရုတ်တရက် ငွေရောင်နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားကာ လေထဲတွင် ကူးခတ်ရင်း ဝိညာဉ်များနှင့် တစ္ဆေ နတ်ဘုရား၏ နောက်ကျောကို ထိုးဖောက်ဝင်ရောက်ခဲ့သည်။
ထို့နောက် ချန်ရှီဟာ ရွှေငှက်ကြီးအဖြစ် ပြောင်းလဲကာ ပြေးထွက်သွားလေ၏။
ဤသည်မှာ ဟန်ရှန်းစန့်ရန်၏ မိုင်သောင်းချီဓားပျံ နည်းစနစ်ဖြစ်ပြီး ကြီးမားသော အကွာအဝေးကိုဖြတ်၍ ဓားတစ်လက်ကို ပျံသန်းရင်း ရန်သူများကိုလိုက်ကာ လူဆိုးများကို သတ်ရာတွင် အရေးကြီးသော စွမ်းအင်များ ဆက်တိုက်စီးဆင်းမှုကို ထိန်းသိမ်းထားနိုင်စေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။
ဒါက သူ့ရဲ့ထူးခြားချက်ထဲက တစ်ခုပါပဲ။
သို့သော် ချန်ရှီကတော့ ဤနည်းဖြင့် အကြိမ်များစွာ အသွင်ပြောင်းနိုင်စေခဲ့သည်။
အကွာအဝေး တစ်ခုတွင်တော့ ဧကများစွာကျယ်ဝန်းသော ထီးကြီးတစ်လတ် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ အောက်ဖက်ရှိ နတ်ဆိုးများနှင့် တစ္ဆေ နတ်ဘုရားများကို နှိမ်နင်းပြီးနောက် ၎င်းသည် ရွှေလင်းယုန်အဖြစ်သို့ တစ်ဖန်ပြောင်းလဲကာ ၎င်း၏အတောင်ပံများကို ခတ်ကာ နတ်ဆိုးများနှင့် တစ္ဆေ နတ်ဘုရားများကို ဆက်လိုက်သွားသည်။
အဝေးမှ အော်ဟစ်သံများ ပဲ့တင်ထပ်သွားကာ ရှထျန်းကျယ်၏ နှလုံးသားမှတဆင့် နာကျင်ခြင်း လှိုင်းလုံးများ ရိုက်ခတ်သွားခဲ့သည်။ ချန်ရှီကို ပြန်ကြည့်လိုက်တော့ သူ့မျက်လုံးထဲက စွဲလန်းမှု ၊ ခင်မင်မှုတွေ ပျောက်ကွယ်သွားခဲ့၏။
ချန်ရှီကို သူ မှတ်မိပြီ။ အရင်တုန်းကတော့ ချန်ရှီကို ကမ္ဘာကျော် ကလေးပညာရှင်အဖြစ် အမြဲမှတ်ယူခဲ့ပြီး သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက် ယခင်ထက် ထက်မြက်နေဆဲပင်။
အထက်ကမ္ဘာတွင် သူသည် ချန်ရှီ၏ခွန်အားကို တွေ့မြင်ခဲ့သည်။ သူ၏အားနည်းချက်များကို သင်ယူကာ ပြုပြင်ပေးရင်း နောက်ဆုံးတွင် ပို၍ကြီးမားသော အောင်မြင်မှုကို ရရှိခဲ့သည်။
ရန်ပိနှင့် တိုက်ပွဲသည် မြင့်မားသော အဆင့်မြင့် ထူးချွန်ထက်မြက်သူများ၏ ထိပ်တိုက်တွေ့မှု ဆိုတာ သူ့စိတ်ကို ထင်ရှားစေသည်။ ထိုတိုက်ပွဲကနေ သူ့အမြင်နှင့် ထိုးထွင်းသိမြင်မှုအား သိသိသာသာ တိုးတက်စေခဲ့သည်။
သူတို့ရဲ့ ရန်ပွဲတွေကနေတဆင့် သူ့ဘိုးဘေးတွေကို သာလွန်ဖို့ လမ်းကြောင်းတစ်ခုကိုလည်း ရှာတွေ့ခဲ့တယ်လို့တောင် ခံစားခဲ့ရသည်။ ဆက်လက် ကျင့်ကြံလိုက်ရင် သူသည် ဘိုးဘေးများအတိုင်း ဖြစ်လာမည်မှာ သေချာသည်၊ ၎င်းတို့ကို ကျော်လွန်ကာ အမတ အသစ်ဟူသော မျှော်မှန်းချက်ကိုပင် ရရှိနိုင်သည်။
ချန်ရှီ သူ့ဆီကို ယူဆောင်လာခဲ့တဲ့ ထိတ်လန့်တုန်လှုပ်မှုနဲ့ ဉာဏ်အလင်းဟာ အလွန်လေးနက်တဲ့အတွက် သူ့စိတ်ထဲမှာ ချန်ရှိကို သူငယ်ချင်းရော၊ လမ်းညွှန်သူရော မှတ်ယူခဲ့၏။ သို့သော်ယနေ့တွင် သူသည် သူ၏ယခင်တွေးခေါ်မှု မည်မျှနုံချာခဲ့ကြောင့် သဘောပေါက်လိုက်သည်။
သူတို့သည် လူမှုရေး လူတန်းစားများမှ ဖြစ်ပေသည်။ တစ်ဦးမှာ အုပ်စိုးရှင်တစ်ဦးဖြစ်ပြီး အခြားတစ်ဦးက အမြတ်ထုတ်သူ ဖြစ်သည်။ သူတို့ ဘယ်လို သူငယ်ချင်းဖြစ်နိုင်ပါ့မလဲ။
ဝံပုလွေနဲ့ သိုးလိုပါပဲ။ ဝံပုလွေတစ်ကောင်က သိုးတစ်ကောင်ကို ထူးခြားတယ်လို့ထင်ရင် တခြားတစ်ကောင်ကိုရော မစားဘူးတော့လား။
ဝံပုလွေက သိုးကိုစားနေတာကို ဒီသိုးတွေက မြင်တဲ့အခါ ဝံပုလွေရဲ့ ခင်မင်မှုကို ရရှိထားတာကြောင့်နဲ့ သူ့ကိုယ်ပိုင် အမျိုးအစားကို လျစ်လျူရှုမှာလား။
ရှထျန်းကျယ် ဒါကို သဘောပေါက်ပြီး ရုတ်တရက် စိတ်သက်သာရာ ရသွားသည်။
ချန်ရှီ သူ့ဆီ လှမ်းလာနေတာ တွေ့လိုက်သည်။
"အစ်ကိုရှ မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ"
ရှထျန်းကျယ် အဝေးကို လှမ်းကြည့်လိုက်ရာ ဟေးကော်သည် ရီမိသားစု တစ္ဆေများကို ဖြိုခွဲနေသည့် နေရာကို လှမ်းမြင်လိုက်ရလေသည်။
"ယင်နဲ့ယန်ကမ္ဘာတွေ ပေါင်းစည်းလိုက်တာနဲ့ နေရာတိုင်းက မလုံခြုံတော့ဘူး... ငါတို့ရှမိသားစုရဲ့ မရဏမြေအောက်က အမာခံစခန်းတွေ ဒုက္ခရောက်ကုန်ပြီလို့ ပြောတယ်... ဒါကြောင့် အပြင်ထွက်ပြီး အတွေ့အကြုံတွေ ယူပြီး နေရာစုံကို စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တာ"
ချန်ရှီက သူ့ဘေးမှာ ရပ်နေလိုက်သည်။
"မိသားစုဆယ့်သုံးစုက ဒီကပ်ဆိုးအတွက် ကောင်းကောင်း ပြင်ဆင်ထားလောက်ပါတယ်...
ဒါကြောင့် ပျက်စီးဆုံးရှုံးမှုက သိပ်ကြီးကြီးမားမား မဟုတ်လောက်ဘူး"
ရှထျန်းကျယ် ဒေါသအမျက် ထွက်နေသော်လည်း ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ သူက ခေါင်းကိုသာ ခါလိုက်ပြီး။
"ငါတို့မိသားစု၁၃စုက မရဏကမ္ဘာနဲ့ အထက်ကမ္ဘာကို လွန်ခဲ့တဲ့နှစ်ပေါင်း ခြောက်ထောင်လောက်က စပြီး အုပ်ချုပ်ခဲ့တယ်... ငရဲဘုရင်ဆယ်ပါးကို တဖြည်းဖြည်းနဲ့ အစားထိုးခဲ့တယ် ဒီနေ့အထိ ငါတို့ အစားထိုးပြီးပြီ ဒီနယ်ပယ်နှစ်ခုရဲ့ ပေါင်းစပ်မှုက ငါတို့ကို မထိခိုက်စေရုံသာမကဘဲ ငါတို့ရဲ့ စွမ်းအားတွေကိုပါ တိုးလာစေခဲ့တယ်"
ချန်ရှီ နှိမ့်ချစွာ အကြံဉာဏ် တောင်းလိုက်သည်။
"ဘာလို့လဲလို့ မေးပါရစေ..."
"မိသားစုဆယ့်သုံးစုက အစိုးရကို ချုပ်ကိုင်ထားတယ်.. စီရင်ထုံးအားလုံးက ဝမ်ယွမ်းနန်းတော်က ဆင်းသက်လာတာ.. မိသားစုဆယ့်သုံးစုရဲ့ဆန္ဒက တရားရုံးရဲ့ဆန္ဒပဲ... ဒါက အသက်ရှင်နေထိုင်သူတွေရဲ့ ကမ္ဘာ... သက်ရှိကမ္ဘာမှာ ငါတို့ မိသားစုဆယ့်သုံးစုက သက်ရှိကမ္ဘာကို ထိန်းချုပ်ပြီး ငရဲ၁၈ထပ်ကို အုပ်ချုပ်တယ်... အနှစ် ခြောက်ထောင်ကျော်ကြာအောင် သရဲတစ္ဆေတွေကို စုဆောင်းခဲ့ကြတယ်... သက်ရှိကမ္ဘာက အဲဒီတစ္ဆေတွေ တန်ခိုးအားကောင်းစေဖို့ နံ့သာပေါင်းနဲ့ ပူဇော်ကြတယ်"
ရှမိသားစု၏ ရွေးချယ်ခံရမည့် ဘိုးဘေးများ၏ မျှော်လင့်ထားသည့်အတိုင်း ရှထျန်းကျယ်ဟာလည်း သိသိသာသာ ထိုးထွင်းသိမြင်နိုင်စွမ်း ရှိသည်။
"မရဏကမ္ဘာနဲ့ သက်ရှိကမ္ဘာ ပေါင်းစည်းလိုက်ရင် သက်ရှိကမ္ဘာမှာ မိသားစုဆယ့်သုံးစုရဲ့ စွမ်းအားကို အားနည်းစေမယ်လို့ ထင်ရပေမယ့် အဲဒါက မရေမတွက်နိုင်တဲ့ အသေအပျောက်တွေကို ဖြစ်ပေါ်စေတယ်... အပြန်အလှန်အားဖြင့်တော့ ငရဲဘုရင်ဆယ်ပါးရဲ့ စွမ်းအားကို မြှင့်တင်ပေးလိမ့်မယ်... ကောင်းကင်အပြင်က နတ်ဘုရား မျက်စိမှိတ်ထားလို့ နေကွယ်သွားပြီ... ငါတို့မိသားစု ၁၃စုကလည်း ဒီအကျိုးအမြတ်ကို မတားဆီးနိုင်ဘူး..."
ချန်ရှီ ခဏလောက် နှုတ်ဆိတ်နေပြီးမှ မေးလိုက်သည်။
"အစ်ကိုရှ ဒါက မရေမတွက်နိုင်တဲ့ အသက်တွေ ပါဝင်တယ်... အကျိုးရှိရဲ့လား"
"ဟုတ်တယ်!"
ရှထျန်းကျယ်က လှည့်၍ မျက်လုံးကိုတည့်တည့်ကြည့်ကာ။
"ချန်ရှီ... ဖုန့်ယန်အိမ်တော်မှာ တိရစ္ဆာန်တွေမရှိရင်တောင် ငါတို့ ရှမိသားစုရဲ့ ဝိညာဉ်နဲ့ တစ္ဆေနတ်ဘုရားတွေ မရှိရင်တောင် သက်ရှိတွေက သေကြမှာပဲ... ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး... သူတို့ကိုသတ်တာ ငါတို့မိသားစု ၁၃စု မဟုတ်ဘူး... နေကွယ်သွားလို့... ယင်နဲ့ယန် ပေါင်းစည်းသွားတာက သူတို့ကို သတ်သွားတာ"
သူက ကောင်းကင်ကို လက်ညိုးထိုးပြပြီး ချန်ရှီကို တိုးတိုးလေး ဟောက်နေသည်။
"ဒါက သဘာဝဘေးဒဏ်ပဲ... ငါ့ရဲ့ရှမိသားစု၊ ငါ ရှထျန်းကျယ်နဲ့ ငါ့ဘိုးဘေးတွေကလည်း ဒါကို မပြောင်းလဲနိုင်ဘူး!"
ဒေါသတကြီးနဲ့ :"လွန်ခဲ့တဲ့ အနှစ်ခြောက်ထောင်လောက်ကတည်း ဘိုးဘေးတွေ ဒီသဘာဝဘေးကို တွန်းလှန်လို့ မရခဲ့ဘူး... ကောင်းကင်အပြင် နတ်ဘုရားက မျက်စိမပွင့်နိုင်ဘူးဆိုတာ ငါတို့ဘိုးဘေးတွေ သိလာတယ် ဒါက စစ်မှန်တဲ့ နတ်ဘုရားရဲ့ ဒဏ်ခတ်မှုပဲ ကပ်ဆိုးကြီးပဲ... စစ်မှန်တဲ့ဘုရင်က ခုခံပြီး သေသွားတယ်... စစ်မှန်တဲ့ဘုရင်ခေတ်က ပြီးသွားပြီ"
ချန်ရှီ ဘာမှမပြောဘဲ သူ့အကြည့်ကို ပြန်ကြည့်လိုက်သည်။ ရှထျန်းကျယ်သည် သူ့ဒေါသကို ထုတ်ဖော်ရန် ကြိုးစားနေပုံရပြီး ဒေါသတကြီးပြောကာ သူ့အသံကို မထိန်းနိုင်တော့ပေ။
"ငါတို့ဘိုးဘေးတွေက ဒါကိုသိတာနဲ့ ငါတို့မြေးတွေဆီမှာလည်း ဖြစ်လာမယ်ဆိုတာ သူတို့သိတယ်... နတ်ဘုရားရဲ့ပြစ်ဒဏ်ကို ခွင့်ပြုဖို့ပဲ တတ်နိုင်တယ်... ငါတို့ရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ ကောင်းကင်ဘုံနားဆင်သူတွေက စောင့်ကြည့်နေတာကို ခွင့်ပြုဖို့ပဲ လုပ်နိုင်တယ်... ငါတို့ အင်အားတွေ တိတ်တဆိတ်စုပြီး မရဏကမ္ဘာကို တဖြည်းဖြည်း တိုက်စားတယ်... အထက်ပြည်ကို တဖြည်းဖြည်း တည်ဆောက်နိုင်ခဲ့တယ် အဲဒီအချိန်ကစပြီး ငါတို့ မိသားစုဆယ့်သုံးစု အပါအဝင် အားလုံးက ဓနရှင်တွေပဲ!"
နတ်သမီးရှောင်သွမ့်သည် သူတို့နှင့် မနီးမဝေးတွင် ရပ်နေပြီး လရောင်အောက်က ရှင်းကျိုးကျွန်းကို ငေးကြည့်ရင်း တိတ်ဆိတ်နေသည်။ သူ့စကားကြောင့် အတွေးပျက်သွားသလိုမျိုး သူမ နှုတ်ဆိတ်နေခဲ့သည်။
"ငါတို့ မိသားစုဆယ့်သုံးစုက နှစ်ပေါင်းခြောက်ထောင်ကျော် ကြာခဲ့ပြီ... မရေမတွက်နိုင်တဲ့ မျိုးနွယ်စုခေါင်းဆောင်နဲ့ မရေမတွက်နိုင်တဲ့ မျိုးနွယ်စုသခင်တွေ အသေခံပြီး အထက်ကမ္ဘာကို တည်ဆောက်တယ်..... မရဏကမ္ဘာကို အုပ်ချုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ လက်ရှိအခြေအနေအထိ ရောက်လာခဲ့တယ်.."
"မရဏကမ္ဘာမှာ ဖုန့်ယန်အိမ်တော်နဲ့ ဆင်တူတဲ့ အမာခံနယ်မြေတွေက မရဏကမ္ဘာကြီးကို အုပ်ချုပ်နေတဲ့ နေရာကြီးလို ပြန့်ကျဲနေပြီ...မိသားစုဆယ့်သုံးစုရဲ့ အုပ်ချုပ်မှုအောက်မှာ သေခြင်းတရားကလည်း မိသားစုဆယ့်သုံးစုရဲ့ လက်အောက်ကပဲ... ဒါပေမယ့် ငါတို့ရဲ့မိသားစုက ကောင်းကင်ဘုံရဲ့ အဆုံးစွန်ကို ငါတို့အလိုမရှိဘူး... တစ်ကိုယ်ကောင်းဆန်တဲ့ ကောင်းကင်ဘုံကို ထုတ်ဖော်မပြတတ်ဘူး..."
ချန်ရှီရဲ့ နှလုံးသားသည်လည်း တုန်လှုပ်သွားပြီး သူမျက်မြင်တွေ့ခဲ့ရသည့် ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံကို သတိရမိသွားသည်။ သူက ခေါင်းခါလိုက်ပြီး။
"မှန်တဲ့ကောင်းကင်ကြီးကို မြင်ရင် မင်း ပိုပြီး စိတ်ပျက်အားငယ်သွားလိမ့်မယ်... ကောင်းကင်အပြင်က လေထုညစ်ညမ်းမှုက ပိုပြင်းထန်တယ်... စစ်မှန်တဲ့နတ်ဘုရားတွေက သူတို့ရဲ့ကိုယ်ပိုင် ယင်နဲ့ယန် စွမ်းအင်တွေကို သုံးပြီး ရှင်းကျိုးကျွန်းကို ကာကွယ်ဖို့ နေနဲ့လအဖြစ် ပြောင်းလဲသွားကြတာ..."
ရှထျန်းကျယ် ကောင်းကင်ကို မော့ကြည့်ကာ ရယ်မောလိုက်သည်။
"ချန်ရှီ မင်းက ငါတို့မျိုးနွယ်က ဆင်းသက်လာတာ မဟုတ်ဘူး... အယူအဆတစ်ခုကို အနှစ်ခြောက်ထောင်ကျော်၊ မရေမတွက်နိုင်တဲ့ မျိုးဆက်တွေ ဖြတ်သန်းပြီး ငါ့ဆီ လက်ဆင့်ကမ်းလိုက်တဲ့အခါ မာနဆိုတာကို မင်း နားလည်မှာ မဟုတ်ဘူး..."
ချန်ရှီရဲ့ စကားကို သူ ယုံမှာ မဟုတ်ချေ။
ရန်သူ၏ တစ်ဖက်သတ်စကားများသည် ၎င်းတို့ဘိုးဘေးများ၏ သွန်သင်ချက်နှင့် အမွေအနှစ်များနှင့် နှိုင်းယှဉ်ပါက အရေးမပါလှပေ။ သူတို့ စိတ်ပြောင်းလို့ မရဘူး။ ဒါကိုသိတာမို့ ချန်ရှီ ခဏလောက် နှုတ်ဆိတ်နေပြီးမှ ဝင်ပြောလိုက်သည်။
"ဒါပေမယ့် မင်းတို့မွေးတဲ့ နတ်ဆိုးတွေကို လူသား ကိုက်စားခွင့်ပေးမယ့်အစား မိသားစုဆယ့်သုံးစုကလည်း လူတွေကို ကယ်တင်နိုင်တယ်"
ရှထျန်းကျယ်က ရယ်လိုက်သည်။
"ချန်ရှီ မင်း သဘောမပေါက်သေးဘူးလား... တကယ်တော့ ငါတို့မိသားစု ဆယ့်သုံးစုက မင်းတို့လို သာမာန်လူတွေနဲ့ မတူတော့ဘူး... မင်းနဲ့ယှဉ်ရင် ငါတို့ကို နတ်မျိုးနွယ် ဆယ့်သုံးပါးလို့ ခေါ်သင့်တယ်"
ချန်ရှီ အနည်းငယ် လန့်သွားသည်။
"ဘာကြောင့်လဲ မေးလို့ရမလား?"
ရှထျန်းကျယ် : "ရှေးခေတ်ကတည်းက ငါတို့မှာ အကန့်အသတ်မဲ့ စည်းစိမ်ဥစ္စာနဲ့ တိုင်းတာလို့မရနိုင်တဲ့ အသိပညာတွေ ပိုင်ဆိုင်ထားတယ်... မိုင်းတွေ၊ မြေသြဇာကောင်းတဲ့ လယ်ကွင်းတွေ၊ မြစ်တွေ၊ တူးမြောင်းတွေ၊ ကုန်းလမ်းပို့ဆောင်ရေးနဲ့ ရတနာမျိုးစုံကို ထိန်းချုပ်ထားတယ်... ငါတို့စားတဲ့ အရသာတွေက မင်းစားတဲ့ ဖွဲနုနဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ မတူဘူး... ငါတို့ သင်ယူရတဲ့ အသိပညာက မင်းသင်ယူတဲ့ အရာနဲ့ မတူဘူး... ငါတို့က ဖုန်မှုန့်တွေမရှိတဲ့ လမ်းမှာ လမ်းလျှောက်ပြီး ရထားလုံးလမ်းနဲ့ နဂါးအတတ်ပညာနဲ့ သွားလာနေကြတာ.."
"မင်းတို့အထဲမှာ အတောက်ပဆုံးကတောင် ငါတို့ရဲ့ ကျွန်တွေ၊ အသေးအမွှား အရာရှိ နေရာတွေပဲ ထမ်းဆောင်နိုင်တယ်... မင်းတို့ထဲမှာ အလှပဆုံးမိန်းမက ငါတို့ရဲ့မယားငယ်ဖြစ်ဖြစ်၊ သခင်မပဲ၊ မွေးလာတဲ့သားတွေက ငါတို့ရဲ့ကျွန်တွေပဲ..."
"ဒီလိုဖြစ်ခဲ့တာ နှစ်ပေါင်း ခြောက်ထောင်ရှိပြီ... မင်းအဘိုး ချန်ယင်တူး နဲ့ မင်းအဖေ ချန်ထန်ကလည်း အတူတူပဲ... ငါတို့မွေးကတည်းက မြင့်မားပြီး ခွန်အားကြီးတယ်၊ ကောင်းမွန်တဲ့အဝတ်အစားတွေ ဝတ်ပြီး အရသာရှိတဲ့အစားအစာတွေနဲ့ ကျွေးမွေးခံခဲ့တာ... ငါတို့က အကောင်းဆုံး အရင်းအမြစ်တွေနဲ့ မွေးဖွားလာခဲ့တာ.. အသာလွန်ဆုံး နည်းပညာတွေကို သင်ကြားပေးခဲ့ပြီး ကမ္ဘာကို အုပ်စိုးသူအဖြစ် ကျော်ကြားလာခဲ့ပြီးသား..."
သူက ချန်ရှီကိုကြည့်ပြီး ပြုံးပြလိုက်သည်။
"ငါတို့က နတ်ဘုရားတွေပဲ မဟုတ်ဘူးလား... ငါတို့ မပြောရင်တောင် ပြည်သူတွေက ပုရွက်ဆိတ်တွေပဲ မဟုတ်ဘူးလား... သူတို့ရဲ့ ဘဝတွေက တန်ဖိုးမရှိဘူး... တိရစ္ဆာန်တွေထက်တောင် သိပ်စိတ်မဆိုးပါဘူးလို့ ငါတို့ မပြောလိုပါဘူး ဒါပေမယ့် အမှန်တရားက အမှန်တရားပဲ... ပိုကောင်းတဲ့ မနက်ဖြန်အတွက် သေသွားတဲ့ တိရစ္ဆာန်တချို့က ထိုက်တန်တယ်"
ချန်ရှီ နှိမ့်ချစွာ အကြံဥာဏ် တောင်းလိုက်သည်။
"နောင်တစ်နေ့ မင်းတို့ စိတ်ပျက်ဖွယ်ကုန်းစောင်း ကို ဖြုတ်ချပြီး နတ်ဘုရားအစစ်တွေကို သတ်ပစ်လိုက်ရင် အရာအားလုံး လှပသွားလိမ့်မယ်... ဒါပေမယ့် လူ မကျန်တော့ဘူး မင်းတို့ဘာတွေကို အုပ်စိုးမှာလဲ"
ရှထျန်းကျယ်: "ဒါက ပိုကောင်းမှာ မဟုတ်ဘူးလား?... အနောက်နွားရှင်းကျိုးက စစ်မှန်တဲ့ နတ်ဘုရားနယ်မြေ ဖြစ်လာမှာပဲ..."
ချန်ရှီ: "မင်းတို့လို ကမ္ဘာကြီးကို အုပ်စိုးတဲ့ လူတွေက ငါ့ကို ကြောက်လာစေသားပဲ... ဒါပေမယ့် မင်းတို့ကိုယ်မင်းတို့ နတ်ဘုရားအစစ်တွေလို့ ပြောနေတယ်... ဘာဖြစ်လို့ အနှစ်ခြောက်ထောင်မှာ မွေးရာပါ တာအိုသန္ဓေသားကို မရခဲ့ကြတာလဲ.. မွေးရာပါ တာအိုသန္ဓေသားက ဘာလို့ ငါ့လို ပြည်သူရဲ့ လက်ထဲကို ကျသွားရတာလဲ"
ရှထျန်းကျယ်က သူ့ကိုကြည့်ရင်း သူ့အပြုံးက မှေးမှိန်သွားသည်။
"မင်း ကာကွယ်နိုင်ခဲ့လို့လား?"
ချန်ရှီ မျက်ခုံးပင့်လိုက်သည်။
သူ့နောက်ကွယ်က ဘုံကျောင်းငယ်လေးမှာ ကျူးရှို့ချိုင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။
"မြင်လား တစ်ဆယ်လေး မြင်လား ဒီနေ့ရဲ့ကမ္ဘာက အဲဒီလိုဖြစ်နေတာ... အဲဒါကြောင့် ငါက ဒီကုန်းစောင်းမှာ ဆွဲထားရတာ... ဒီကမ္ဘာကြီးက ပုပ်ပွနေပြီ... ငါတို့ အတွင်းတိမ်တွေကို မွေးမြူပြီး မုန့်ကျစ် မပါဘဲ ခုတ်ထစ်ပစ်ရမယ်!"
မယ်မယ်ရှစ်ကျီပင် နားပင်းချင်နေသော နားကို ပိတ်ကာ "ဒီကောင်က အရူးပဲ" ဟု တွေးလိုက်သည်။
ရှထျန်းကျယ်က ပြုံးပြီး ဆက်ပြောသည်။
"ချန်ရှီ ငါ မင်းကို ဘာလို့ ဒီလောက်ပြောနေရတာလဲ သိလား "
ချန်ရှီ: "သေခါနီးလူရဲ့ စကားက ကောင်းလို့များလား"
ရှထျန်းကျယ်က ခေါင်းခါပြီး ရယ်မောလိုက်သည်။
"မင်းက ယုံကြည်မှုလွန်ကဲပြီး ဥပဒေမဲ့ ဖြစ်နေပြီ.. ငါက မင်းနဲ့ မယှဉ်နိုင်ပေမယ့် အထက်ကမ္ဘာမှာ ပြုစုပျိုးထောင်ခဲ့ပြီး မင်းရဲ့ လမ်းညွှန်မှုကြောင့် ဟာကွက်တွေကိုလည်း ဖြည့်စွမ်းနိုင်ခဲ့တယ်... ရန်ပိနဲ့ မင်းရဲ့ တိုက်ပွဲက ငါ့အတွက် ပိုလို့တောင် ထိုးထွင်းဥာဏ်တွေ ပေးခဲ့သေးတယ်.. အစွမ်းထက်တဲ့ နဂါးအတွက် ငါ့မှာ စွမ်းရည်မရှိဘူး.. ငါက ဒီကျင့်စဥ်မှာ ငါ့ဘိုးဘေးတွေကို ကျော်သွားပြီ..."
ချန်ရှီက ညည်းလိုက်သည်။
ရှထျန်းကျယ်က ပြုံးရင်း :"ဒါပေမယ့် ဒီနည်းပညာမှာ ငါ့ဘိုးဘေးတွေကို သာလွန်သွားရင်တောင် မင်းကို ငါနဲ့ မယှဉ်နိုင်သေးဘူး ဆိုတာကို နားလည်နေတုန်းပဲ... မင်းနဲ့ ရန်ပိ နှစ်ယောက်စလုံးက အံ့သြစရာကောင်းလောက်အောင် နှိုင်းယှဉ်လို့တောင် မရနိုင်တော့ဘူး။ ဒါပေမယ့် မင်းကို အနိုင်ယူဖို့ ငါ့မှာ ကိုယ်ပိုင်နည်းလမ်းရှိတယ်... မိုင်သောင်းချီဓားပျံ ကျင့်စဥ်ကို မင်း မကျွမ်းကျင်ဘူး မဟုတ်လား? တိုက်ဆိုင်လိုက်တာ... မှော်လက်နက်နှစ်ခုကို ငါသိတယ်... ငါတို့ရှမိသားစုရဲ့ နတ်ဆိုးတွေနဲ့ ဝိညာဉ်တွေကို သတ်ရင်း အလုပ်တွေ အများကြီးလုပ်ပြီးပြီ ငါနဲ့ စကားပြောနေရင်း မင်း နည်းနည်းတော့ မောသွားသလို ခံစားရတယ်မလား..."
ချန်ရှီရဲ့ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြင့်။
"မင်းငါ့ကို စောင့်ကြည့်နေတာလား"
ရှထျန်းကျယ်က ပြုံးပြီး :"ဒါက မင်းနဲ့ ရန်ပိဆီက ငါသင်ယူခဲ့တာလေ... မင်း သူ့ကို အချိန်တိုအတွင်းမှာ ရှာတွေ့နိုင်ခဲ့တယ်"
သူသည် အခြားသူများ၏ အရည်အချင်းများထဲက ချို့ယွင်းချက်များကို ရှာဖွေတွေ့ရှိနိုင်သော်လည်း ၎င်းတို့ကို စောင့်ကြည့်ခြင်း၊ အကျဉ်းချုံ့ပြီး ခွဲခြမ်းစိတ်ဖြာကာ ၎င်းတို့အား အနိုင်ယူရန် အခွင့်အလမ်းများကို ရှာဖွေခြင်းတွင် ထူးချွန်လာသည်။
"ငါက သူ့လောက်မတော်သလို မင်းလောက်လည်း မတော်ပါဘူး... ဒါပေမယ့် မိုင်သောင်းချီဓားပျံ ကျင့်စဥ်က တစ်ခုတည်းသော အာရုံစူးစိုက်မှု လိုအပ်ပြီး အကွာအဝေးပိုကြီးလေ မင်းစိတ်ထဲမှာ ဖိစီးမှုတွေ ပိုကြီးလာလေပဲ... ဒါကိုတော့ ငါသိပါတယ်"
သူသည် စွမ်းအားရှစ်ပါးနဂါး ကျင့်စဥ်ကို ဖြည်းညှင်းစွာ အသက်သွင်းလိုက်သည်။ သူ့ရောင်ဝါများ အားကောင်းလာပြီး သူ့အဝတ်အစားများက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။
"မင်းက ငါတို့ရှမိသားစုရဲ့ နတ်ဆိုးတွေကို လိုက်ဖမ်းနေတာ.... မင်းရဲ့ မှော်လက်နက်နှစ်ခုက မိုင်တစ်ထောင်ကျော် ဝေးကွာပြီ... မင်း သူတို့ကို တပြိုင်နက်တည်း ထိန်းချုပ်ပြီး တိုက်ခိုက်ရတာ မယုံနိုင်လောက်အောင် ပင်ပန်းလိမ့်မယ်... ဒါက ငါ အနိုင်ရဖို့ အခွင့်အရေးပဲ"
နဂါးဟောက်သံများသည် သူ့ခန္ဓာကိုယ်မှ ပဲ့တင်ထပ်ကာ နဂါးစိမ်းတစ်ကောင် သူ့နောက်မှ ထွက်လာပြီး သူ့လက်မောင်းပေါ် တဖြည်းဖြည်းချင်း ရောက်ရှိလာသည်။ နဂါးကြီးက ခေါင်းကို မြှောက်ကာ ချန်ရှီကို စိုက်ကြည့်နေ၏။
ရှထျန်းကျယ်သည် မူလက ရွှေရောင်ကောင်းကင်နဂါးကို မွေးမြူခဲ့သော်လည်း ယခုအခါ ၎င်းသည် နွေဦး၏ ပထမဆုံး မိုးခြိမ်းသံ၊ အထီးနှင့် အစွမ်းထက်ဆုံး နွေဦးရာသီကို ကိုယ်စားပြုသည့် အရှေ့ဘက် ကောင်းကင်စိမ်းပြာနဂါးကြီး ဖြစ်လာခဲ့သည်။
ချန်ရှီသည် စိမ်းပြာနဂါးကို ကြည့်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။
"မင်းရဲ့ အရေးကြီးတဲ့ စွမ်းအင်ကို ဖြည့်စွမ်းပြီး အများကြီး ရရှိခဲ့ပုံရတယ်... မင်းရဲ့ အရေးကြီးတဲ့ စွမ်းအင်ကို ခိုးယူသွားတဲ့ နတ်ဆိုးကို မင်းရှာတွေ့သွားပြီလား..."
ရှထျန်းကျယ်က ပြုံးပြီး ပြောလိုက်သည်။
"ငါ သူမကိုသတ်ပြီး ငါ့ရဲ့အရေးကြီးတဲ့ စွမ်းအင်ကို ပြန်ယူခဲ့တယ်လေ..."
သူသည် ရှည်လျားသော ဟောက်သံကို ထုတ်လိုက်ပြီး သူ၏လှံထိပ်ကို ပွတ်ဆွဲလိုက်ခြင်းဖြင့် နဂါးစွမ်းအင်များ တိုးမြင့်လာကာ ချန်ရှီကို တိုက်ခိုက်လိုက်သည်။
သူသည် ချန်ရှီနှင့် အလွန်နီးကပ်နေပါ၏။ သူ၏ စွမ်းအားရှစ်ပါးနဂါး၏ စွမ်းအားအပြည့်ကို ထုတ်လွှတ်ရန် လုံလောက်သော အကွာအဝေးတစ်ခုလည်း ဖြစ်သည်။ ရှထျန်းကျယ်ဟာ မကြုံစဖူး အပြစ်အနာ အဆာကင်းသော ရိုက်ခတ်မှုတစ်ခုဖြစ်သည့် "တန်ခိုးကြီးသော နဂါး၏ မယှဉ်နိုင်သော" လှုပ်ရှားမှုကို ထုတ်ဖော်ပြသလာခဲ့သည်။
ရှထျန်းကျယ်ရဲ့ ယုံကြည်မှုက အလွန်ကြီးမားနေပြီ ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူ့စွမ်းအင်၊ နတ်ဝိညာဥ်၊ ရုပ်ခန္ဓာနှင့် သူ၏မြင့်မြတ်သော နတ်သန္ဓေသားတို့သည် ချောမွေ့စွာ ပေါင်းစပ်ထားချေပြီ။ သူ့ရဲ့ လှုပ်ရှားမှုများသည် ရပ်တန့်၍ မရနိုင်ဘဲ နဂါးလှံများ တုန်လှုပ်သွားကာ နဂါးစွမ်းအင်သည်လည်း ပို၍ မြင့်မားလာခဲ့သည်။
ဤအခိုက်အတန့်တွင် သူနှင့် ချန်ရှီ အကြားအကွာအဝေးသည် ပို၍ပို၍ တိုးလာကြောင်း သူ သဘောပေါက်လိုက်သည်။
ခဏကြာတော့ ရှထျန်းကျယ် အံ့သြသွားသည်။ သူသည် မူလက ချန်ရှီ အနားတွင် ရပ်ခဲ့သော်လည်း ယခု ဆယ်မိုင်ကျော် ဝေးကွာသွားခဲ့သည်။
သူသည် အရှေ့သို့ ပြေးရန် ရုန်းကန်ရင်း သူ၏ နဂါးလှံကို အဆက်မပြတ် ထိုးလိုက်စဥ် ရုတ်တရက် တုန်လှုပ်သွားမိသည်။ သို့သော် သူသည် ချန်ရှီနှင့် ဝေးရာသို့ လွင့်ထွက်သွားရုံသာမက သူထုတ်လိုက်သော နဂါးလှံစွမ်းအင်သည်လည်း ပြန့်ကျဲသွားကာ ဟိုဘက်ဒီဘက် လွင့်စင်ကုန်သည်။ သူ၏ ယခင်က ချို့ယွင်းချက်မရှိသော နည်းပညာသည် ရုတ်တရက် ချို့ယွင်းချက်များနှင့် ဖုံးလွှမ်းသွားခဲ့သည်။
ရှထျန်းကျယ်သည် ချန်ရှီထံမှ သူ့ကိုယ်သူ ဆုတ်ခွာသွားသည်ကို ကြည့်ရင်း သူ၏နဂါးလှံစွမ်းအင်ကလည်း လျော့သွားရာ စိတ်ပျက်အားငယ်သွားသည်။
"ချန်ခွင်း အပြောင်းအလဲလား?"
ဒါကို သူတွေးလိုက်ရင်ပဲ ငွေရောင်နဂါးကြီးဟာ ရုတ်တရက် ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းက သူ့နောက်ကျောကို ထိုးဖောက်ပြီးနောက် တစ်ဖန်လှည့်ကာ ရင်ဘတ်ကို ဖောက်သည်။ ထို့နောက် လည်ချောင်းအနှံ့ လှီးဖြတ်ကာ ဘယ်ဘက် နားထင်ထဲသို့ ဝင်ကာ ညာဘက်မှ ပြန်ထွက်သွားသည်။
နက်ရှိုင်းနဂါးရွေ့ဓားသည် အပ်တစ်ချောင်းကဲ့သို့ သူ့ခန္ဓာကိုယ်ကို ဖြတ်သွားရင်း ကျယ်လောင်စွာ အသံထွက်နေသည်။
ရှထျန်းကျယ်၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သွေးကြောများမှ သွေးများ စီးကျနေသည်။ သူသည် မြေပြင်ပေါ်သို့ ဒူးထောက် လဲကျကာ ချောင်းတဟွတ်ဟွတ်ဆိုးရင်း သွေးပါလာသည်။
"ကွာဟချက်က ကြီးနေသေးတာလား... ဒါက ကလေးပညာရှင် ဆိုတာလား"
ပြီးနောက် သက်တမ်းကုန်သွားသလို မြေပြင်ပေါ် လဲကျသေဆုံးသွားတော့သည်။