← Chapters

ဘုရင်လင်ကွမ်း ရှင်ပြန်ထမြောက်ပြီ

Vol. 29 Ch. 409

ဘုရင်လင်ကွမ်း ရှင်ပြန်ထမြောက်ပြီ

Vol. 29 Ch. 409

"ကောင်းကင်တစ်ခွင် ဆိုတာ ကောင်းကင်တစ်ခုလုံးကို ရည်ညွှန်းတာ..."

ကျူးရှို့ချိုင် ဘုံကျောင်းငယ်လေး၏ အပြင်ဘက်သို့ ရောက်ရှိလာပြီး သူ့ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာကာ ပြောလိုက်သည်။

"ရှင်းကျိုးကျွန်းရဲ့ ကောင်းကင်ပဲဖြစ်ဖြစ်... မြေအောက်ကမ္ဘာပဲဖြစ်ဖြစ် အခြားကမ္ဘာ၊ အထက်ကမ္ဘာ၊ စိတ်ပျက်ဖွယ်ကုန်းစောင်း ဒါမှမဟုတ် အတုအယောင်နယ်မြေ ဖြစ်ဖြစ် ဘယ်နေရာမဆို ကောင်းကင်တစ်ခွင်ရဲ့ အစိတ်အပိုင်းပဲ.... ကျောင်းအတွင်းက ကောင်းကင်က ကောင်းကင်တစ်ခွင်ရဲ့ နယ်မြေအတွင်းမှာပဲ ရှိတယ်... လင်ကွမ်း ဘယ်ကိုမှ သွားလို့မရဘူး"

ချန်ရှီ အနည်းငယ် စိတ်ရှုပ်သွားသည်။

"ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ အခွင့်အာဏာနဲ့တောင် သူ့ရွှေကိုယ်ခန္ဓာက ဘာလို့ ကွဲအက်သွားရတာလဲ"

ကျူးရှို့ချိုင် ခေါင်းခါလိုက်သည်။

"ဘုရင်ကျန်းခေတ်ရဲ့ နောက်ဆုံးနှစ် အဖြစ်အပျက် တော်တော်များများက ပဟေဠိတွေ ဖြစ်နေတုန်းပဲ... စစ်မှန်တဲ့ ဘုရင်ကြီး ကွယ်လွန်တာနဲ့အမျှ ဟွာရှတာအိုဘာဘာလည်း လုံးဝပျက်စီးသွားပြီး နတ်ဘုရားတွေ ပျောက်ကွယ်သွားတယ်... ဟွာရှနဲ့ အဆက်အသွယ်လည်း ပြတ်တောက်သွားတယ်.. ဒီအဖြစ်အပျက်တွေကို အခုထိ ဘယ်သူမှ ရှင်းမပြနိုင်သေးဘူး"

မီးနန်းတော်အတွင်းက ထူးကဲသော စွမ်းအားသည် အလွန်ထူထပ်ပြီး နတ်ကွန်းမှ လွင့်ထွက်သွားသော အလင်းတန်းများ ဖြစ်ပေါ်လာသည်။ ချန်ရှီ အလင်းတန်းများကြားတွင် လျှောက်သွားပြီး မီးနန်းတော်အတွင်း ထူးခြားသော စွမ်းအားကို ဂရုတစိုက် အာရုံခံ​ကြည့်သည်။ ဒရမ်သံများ နှင့် တိုက်ပွဲသံများ သူ့နားထဲသို့ ဝင်လာ၏။

ရုတ်တရက်ဆိုသလို သွေးထွက်သံယိုတွေနဲ့ ပြည့်နှက်နေတဲ့ စစ်မြေပြင်မှာ ရပ်နေရသလို ခံစားလိုက်ရတော့သည်။ သူ့ရှေ့မှာ အမတ နတ်ဆိုးတွေရဲ့ တပ်ကိုချထားပြီး သူ့ဘေးမှာတော့ မီးနန်းတော်ကို ချထားသည်။

မီးနန်းတော်အတွင်း၌ သူ ရပ်နေ၏။ အမိန့်တစ်ခုအရ ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားများသည် ၎င်းတို့၏ နတ်ကွန်းများမှ ခုန်ဆင်းကာ ပုန်ကန်သူအားလုံးကို သတ်ဖြတ်ကာ အမတနတ်ဆိုးများဆီသို့ ပြေးထွက်သွားကြသည်။

ရန်သူတွေကို ခေါင်းဖြတ်ကာ ခါးပတ်တွင် ချည်နှောင်ထားကြသည်။ အချို့သော နတ်ဘုရားများသည် သူတို့၏ ကြီးမားသောခါးမှာ ကြိုးဆွဲချထားသော ဦးခေါင်းများကိုပင် အလှဆင်ထားကြသေးသည်။

ရန်သူတွေကို ခက်ရင်းခွနဲ့ တုတ်ထိုးသလို ကင်ကြသည်။ ပြုတ်သည် ဒါမှမဟုတ် ပါးစပ်ထဲတောင် တိုက်ရိုက် စားသုံးကြလေသည်။

ဤဝိညာဉ် အရာရှိများသည် လူသားများနှင့် မတူဘဲ ထူးခြားသော ပုံစံအမျိုးမျိုး ရှိကြသည်။ အချို့မှာ လူ့ခန္ဓာကိုယ်ရှိကြပြီး အချို့မှာ တိရစ္ဆာန်ဦးခေါင်းများ၊ အခြားငှက်ခေါင်းများ၊ ငှက်ခြေသည်းများ၊ တိရစ္ဆာန်ခြေထောက်များနှင့် ခွာများရှိသည်။ မိုးကြိုးတောင်ပံများ ကျောမှ ပေါက်ထွက်ကာ အမွေးများကိုတော့ လျှပ်စီးကြောင်းများဖြင့် ပုံဖော်ထားသည်။

ချန်ရှီ သူ့လက်ကို မြှောက်လိုက်ပြီး ဆယ့်နှစ်ပိုင်းရှိတဲ့ ရွှေကြာပွတ်ကို ဆုပ်ကိုင်ထားလိုက်သည်။ ကြာပွတ်ပုံစံက အရှေ့မှာ ပါးလွှာပြီး နောက်ကျောမှာ ထူထဲပါသည်။ ကျန်လက်တစ်ဖက်ဖြင့် လေမီးဘီးကို ဆုပ်ကိုင်ထားသည်။ ဘီး အပြင်မှာ မီးတောက်နေပြီး အတွင်းတွင်​တော့ လေပွေတစ်ခု ရစ်ဝဲနေသည်။

အောက်ကို ငုံ့ကြည့်လိုက်တော့ ချွန်ထက်ပြီး လက်သည်းနဲ့တူတဲ့ သွားတွေနဲ့ ပြည့်နေကာ၊ ငှက်နှုတ်သီးရှည်ကြီးရဲ့ အောက်မှာ မုတ်ဆိတ်နီနီနဲ့ ကိုယ့်မျက်နှာကို ပြန်မြင်လိုက်ရသည်။

အမနတ်ဆိုးများ၏ ဦးခေါင်းများနှင့် သူ့ခါးတွင် ချိတ်ဆွဲထားသလို ဦးခေါင်းတွေကလည်း သူ့လည်ပင်းကို စက်ဝိုင်းပုံစံ ရစ်ပတ်ထားကာ အကြီးအငယ်၊ ယောက်ျား၊ မိန်းမ၊ လူပျို၊ လူကြီး အစုံပင်။

ချန်ရှီ သူ့စိတ်ကို ဖြေလျှော့လိုက်တော့ ထူးဆန်းတဲ့ မြင်ကွင်းတွေ ပျောက်သွားသည်။ တာအိုယွီလည်း ဤနေရာ၏ ထိတ်လန့်မှုကို ခံစားရပါသည်။ တစ်ဆက်တည်း ဤနေရာ၏ ထူးကဲသော စွမ်းအားက သူ့ကိုယ်သူ အရေးမပါသလိုတောင် ခံစားလာရစေခဲ့သည်။

သူသည် အမွှေးတိုင်၏ အငွေ့အသက်ကို နှစ်ပေါင်းတစ်ထောင်ကျော် ကြာအောင် စုပ်ယူထားသော်လည်း ဤဘုံကျောင်းအတွင်း၌ တည်မြဲနေသော အဘိညာဉ်တန်ခိုးနှင့် နှိုင်းယှဉ်ကြည့်လျှင် သူဟာ သမုဒ္ဒရာအတွင်း တစ်စက်မျှပင် မဟုတ်တော့ပေ။

ဤဘုံကျောင်း အတွင်း၌ ဝိညာဥ်တန်ခိုးက ကြီးမားလှ၏။ နတ်ကွန်းငါးရာနှင့် သက်ဆိုင်သော ဝိညာဥ် တန်ခိုးတစ်ခုစီက သူ့ထက် သာလွန်သည်။

ချန်ရှီ စိတ်တည်ငြိမ်မှုကို စုစည်းပြီးနောက် အမွှေးတိုင်တစ်ချောင်းကို ထုတ်လိုက်သည်။ အမွှေးတိုင်၏ အခိုးအငွေ့များသည် ဗဟိုနတ်ကွန်းဆီသို့ ဖြည်းညှင်းစွာ လွင့်ပျံလာသည်။

"မီးနန်းတော်ရဲ့ ကောင်းကင်ဘုံရှင်... တပည့်က ချန်ရှီပါ... ဒီနေ့ နေဝင်ပြီ မကောင်းဆိုးဝါး လကလည်း မြင့်လာတယ်... ယင်နဲ့ ယန် ပေါင်းစည်းပြီး ရှင်းကျိုးက သဘာဝဘေးဒဏ်တွေ လွှမ်းခြုံနေပြီ... သာမန်လူသားတွေက နတ်ဆိုးနဲ့ သရဲတစ္ဆေတွေကြောင့်ရော တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်တွေဆီကရော ဖိနှိပ်မှုတွေကို ခံနေရပါတယ်...တစ္ဆေနတ်ဘုရားတွေနဲ့ နတ်ဆိုးတွေက အခုဆို ပြင်းထန်လာပါပြီ... တပည့်ချန်ရှီက ဘုရင့်ရဲ့ အမိန့်အတိုင်း မီးနန်းတော်ရဲ့ ဝိညာဉ်ကို မြို့တော်ကောင်းကင်ကို ကာကွယ်သူအဖြစ် အသွင်ဆောင်ပြီး လှိုင်းတံပိုးတွေရဲ့ အမျက်ဒေါသကို ငြိမ်းအေးစေမည့်အကြောင်း၊ ရေနန်းတော်ထဲသို့ ဝင်တော်မူရမည့် အကြောင်း၊ တစ္ဆေနတ်ဘုရားနဲ့ နတ်ဆိုးတို့ အန္တရာယ်ကို ချေမှုန်းပြီး လူတို့ကို ကယ်တင်ရမည့်အကြောင်း ဘွဲ့တော် အပ်နှင်းလိုက်ပါတယ်...."

အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်တုံးကြီး ထွန်းလင်းတောက်ပလယသည်။ တံဆိပ်တုံး ဆင်းသက်လာပြီး နတ်ကွန်းတစ်ခုစီရှိ ထူးကဲသော တန်ခိုးများပေါ်တွင် တံဆိပ်ရိုက်လိုက်သည်။ ထူးကဲသော စွမ်းအားများသည် ရုတ်တရက် ကျုံ့သွားပြီး တောက်ပနေသော ရေကန်များထဲသို့ စုပုံကာ နတ်ကွန်းများဆီသို့ တိုးဝှေ့လာ၏။

ချန်ရှီလည်း နတ်ကွန်းများကို တစ်ခုပြီးတစ်ခု ခန့်အပ်ခဲ့သည်။ တံဆိပ်ခတ်ပြီးတာနဲ့ အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်တုံးကို ဖယ်ကာ အမွှေးတိုင်များဖြင့် နတ်ကွန်းတစ်ခုစီတွင် ထွန်းညှိလိုက်သည်။

တာအိုယွီ : "တာအိုမိတ်ဆွေ... နတ်ဘုရားတွေကို ပူဇော်ပြီးရင် နတ်ဆိုးအသွင်ပြောင်းတာကို ဖြေရှင်းနိုင်မှာလား..."

ချန်ရှီ ခေါင်းယမ်းလိုက်သည်။

"မဟုတ်​သေးဘူး... နတ်ဘုရားတွေကို ပူဇော်ပြီးရင် ထူးကဲတဲ့ စွမ်းအားတွေ ပေါင်းစပ်ဖွဲ့စည်းဖို့ အချိန်တစ်ခု ယူရလိမ့်မယ်"

သူသည် ယခင်က ချန်ယန်တောင်သခင်နှင့် မားကျူ ကဲ့သို့သော နတ်ဘုရားများကို ကယ်ခဲ့ပြီးပြီ။ သို့သော် နတ်ဘုရားများကို ခန့်အပ်ပြီးနောက် နတ်ရုပ်သည် ချက်ချင်း မပေါင်းစပ်သေးပါ။ နတ်ပုံစံကို အောင်မြင်စွာ ဖွဲ့စည်းရန် အချိန်အတော် ကြာခဲ့သည်။ နတ်တန်ခိုးတော် အားကောင်းလေ၊ ပေါင်းစည်းရန် ပို၍ခက်ခဲလေလေ၊ ကြာလေလေဖြစ်သည်။

ချန်ရှီ: "နတ်ဆိုးအသွင်ပြောင်းတာက ရက်တစ်ရာလောက် ကြာတယ်... ဒါပေမယ့် ဒီနတ်ဘုရားပုံစံတွေက သိပ်ကြာမှာ မဟုတ်ဘူး.. အနည်းဆုံး ဆယ်ရက် ဒါမှမဟုတ် လပေါင်းများစွာတောင် မကြာလောက်ဘူး"

သူ ထွက်သွားတော့ တာအိုယွီလည်း သူ့နောက်ကို ရှက်ရွံ့စွာ လိုက်လာခဲ့သည်။

မီးနန်း​တော်ထဲရှိ နတ်ကွန်းတစ်ခုစီတွင် ထူးကဲသော စွမ်းအင်များသည် အစက်အပြောက်များအဖြစ် ပေါင်းစပ်ကာ စူးစူးရှရှ အသံနှင့်အတူ နတ်ကွန်းထဲသို့ ဖြည်းညှင်းစွာ ကျဆင်းသွားသည်။ ဒီ့အပြင် တခြား ထူးထူးခြားခြား လှုပ်ရှားမှု မရှိလာခဲ့။

သို့သော်လည်း မီးနန်းတော်အတွင်း အမှောင်ထုကတော့ သူ့ကျောရိုးကို အေးစိမ့်သွားစေခဲ့သည်။ သူ လှည့်ကြည့်လိုက်တဲ့အခါ အလယ်ဗဟိုရှိ နတ်ကွန်းအနောက်ဘက် အမှောင်ထုထဲမှ ကြီးမားသော မျက်လုံးတစ်စုံကို ရုတ်တရက် မြင်လိုက်ရလေ၏။ အနှီမျက်လုံးက ဘုရင်လင်ကွမ်းရဲ့ နတ်ကွန်းထက်တောင် ပိုကြီးသေးသည်။

မိုးမခသစ်ရွက်ကဲ့သို့ ပြောင်းပြန် မျက်လုံးသည် ဘယ်ညာသို့ ဖြည်းညှင်းစွာ ခွဲထွက်သွားပြီး တောက်လောင်နေသော မျက်လုံးတစ်လုံးကို ပေါ်လွင်လာစေသည်။

တာအိုယွီသည် ဤမီးတောက်နေသော မျက်လုံးကို မြင်သောအခါ သူ့နှလုံး​တွေ ခုန်သွားခဲ့သည်။ သူသည် ကမ္ဘာပေါ်တွင် တစ်ဦးတည်းကျန်နေသကဲ့သို့ သို့မဟုတ် ရုတ်တရက် ကိုင်ပေါက်ခံရမည့် ပုရွက်ဆိတ်တစ်ကောင်လို တစ်ယောက်တည်း မတ်တပ်ရပ်နေရသကဲ့သို့ ခံစားလိုက်ရသည်။

ချန်ရှီ မီးနန်းတော်ထဲက ထွက်ခွာခါနီးတွင် မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"မင်းငါ့ကို အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်တုံးနဲ့ နှိုးခဲ့တာ... အဲဒါကြောင့် မင်းက လက်ရှိဘုရင်အစစ်ပဲ"

မီးနန်း​တော်ကြီးသည် မိုးခြိမ်းသံများ ဖြာထွက်နေသော မီးစင်ကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ သူ့နောက်မှ ကြီးမားသော ဖိအားတစ်ခု တက်လာသည်ကို ခံစားလိုက်ရသဖြင့် ချန်ရှီခန္ဓာကိုယ် တောင့်တင်းလာသည်။

"မင်းအတွင်းထဲက တန်ခိုးအာဏာကို ငါနားလည်တယ်... အဲဒါ လူတွေကို အုပ်ချုပ်တဲ့ ဘုရင်ကြီးရဲ့ စွမ်းအားပဲ ဒါပေမယ့် မင်းရဲ့ စွမ်းအားက အားနည်းနေသေးတယ်... မင်းအထဲမှာ လျှို့ဝှက်ထားတဲ့ နောက်ထပ် တန်ခိုးတစ်ခု ရှိသေးတယ်... အဲဒီအရှင်မရဲ့ တန်ခိုး.... ဒီတော့ စစ်မှန်တဲ့ ဘုရင်ငယ်လေး မင်း ငါ့ကို နှိုးဆွဖို့ အဲဒီနတ်လေးကို ယဇ်ပူဇော်ဖို့ သုံးမှာလား"

မိုးခြိမ်းသံက ဒေါသကြီးလာသည်။

"မစားဘူး! ငါက ယောက်ျားလေးတွေ မိန်းကလေးတွေပဲ စားတာ!"

"ဝူး!

တာအိုယွီသည် မီးနန်း​တော်ထဲမှ ပြေးထွက်လာစဉ် သူ့လက်များ ခြေထောက်များ ကျိုးပဲ့သွားသလို ခံစားသွားရသည်။

"စစ်မှန်တဲ့ဘုရင် မင်းကတော့ သနားစရာပဲ!"

ချန်ရှီ လှည့်ကြည့်လိုက်တော့ ဒေါသကြီးနေတဲ့ အလယ်ဗဟို နတ်ကွန်းရဲ့ နောက်ကွယ်က ကြီးမားတဲ့ မီးတောက်မျက်လုံးကြီးသည် ဒေါသကြီးစွာနဲ့ အပေါ်အောက် ဘယ်ညာ လှုပ်ယမ်းနေတာကို တွေ့လိုက်ရလေသည်။

"အရင်က စစ်မှန်တဲ့ဘုရင်က ငါ့ကို ဒီလူဆိတ်ညံရာအရပ်ကို ဖိတ်ခေါ်ပြီး နွားနှစ်ရာ၊ မြင်းကောင်ရေ သုံးရာ၊ ဝက်နဲ့ သိုးကိုးရာနဲ့ ပူဇော်တယ်... ​သေရည်ကောင်းကောင်း အိုးတစ်ထောင်.... မင်းကတော့ ဒီပိန်ပိန်နဲ့ ကန့်ညောင်လေးကိုပဲ မင်းနဲ့အတူ ယူလာပေးတယ်ပေါ့..."

အမှောင်ထဲမှ နှစ်ပေသုံးပေခန့်ရှည်ကာ ထူထဲသော လက်ညိုးတစ်ချောင်း ထွက်လာသည်။ လက်ချောင်းပေါ်ရှိ အရေပြားက ကြမ်းတမ်းပြီး အက်ကွဲ​နေသည်။ လက်သည်းသည် သာမန်ထက် အဆပေါင်းများစွာ ပိုထူကာ မီးလောင်ဒဏ်ရာများကိုလည်း တွေ့ရ၏။

လက်ညိုးက ချန်ရှီရှေ့ကို ဆန့်တန့်လာပြီး သူ့ကို ညွှန်ပြသည်။ ထို့နောက် အမှောင်ထုထဲမှ ဒေါသကြီးသော အသံက ပဲ့တင်ထပ်လာ၏။

"မင်းဆိုတဲ့ ဘုရင်လေးက ဘယ်လောက် တောင့်ခံနိုင်မှာလဲ!"

ဘုံကျောင်းငယ်လေးထဲက ကျူးရှို့ချိုင်လည်း နားမလည်နိုင်စွာ ထိတ်လန့်သွားသည်။

"တစ်ဆယ်လေး... ဒီဘုရင်လင်ကွမ်းက မသေသေးတာလား... ဆယ်ရက်လောက် ကြာမှ ပြန်ရှင်သန်ပြီး နတ်သဏ္ဌာန်ဖြစ်လာမှာ မဟုတ်ဘူးလား "

ချန်ရှီလည်း နားမလည်နိုင်စွာ တုန်လှုပ်သွားသည်။ သူအရင်က ပြန်လည် ရှင်သန်လာ​စေခဲ့တဲ့ နတ်ဘုရားတိုင်းဟာ နတ်သဏ္ဌာန်အဖြစ် ဖြည်းဖြည်းချင်း စုစည်းမှုမဖြစ်ခင် ကောင်းကင်နဲ့ မြေကြီးတစ်ခွင်မှာ ပြန့်ကျဲနေတဲ့ ထူးခြားတဲ့ စွမ်းအားတွေကို စဉ်ဆက်မပြတ် စုစည်းဖို့ လိုအပ်ပါ၏။

သို့သော် ခြွင်းချက်တစ်ခုတော့ ရှိသွားခဲ့သည်။

အဲဒါက ကွမ်းရှန့်ပင်။ ဧကရာဇ်ကွမ်းရှန့်သည် သူ့ဆီက အစွမ်းအစ အကူအညီမရှိဘဲ နတ်ဘုရားပုံစံအဖြစ် ပေါင်းစည်းထားပြီးသား ဖြစ်သည်။

နောက်ပိုင်းတွင် လီထျန်းချင်မှ ပိုင်ဆိုင်သွားခဲ့ပြီး မြင်းနီဓား​ပြအဖြစ် ပြောင်းလဲသွားကြောင်း ကောက်ချက်ချခဲ့သည်။ သူသည် အကျင့်ပျက်အရာရှိများကို သတ်ပစ်ကာ နတ်ဆိုးများကို ချေမှုန်းပစ်သည်။ ချမ်းသာသူများကို လုယက်ကာ ဆင်းရဲသားများကို ကူညီခဲ့သည်။ ကျေးလက်ရှိ ဆင်းရဲသားအများအပြားသည် မြင်းနီသူခိုးအား ယဇ်ပူဇော်ခြင်း၊ နံ့သာပေါင်းနှင့် ပူဇော်သက္ကာပြုကြပြီး သဘာဝအတိုင်း အားကောင်းလာ၏။

ဒါကို ရွှေရောင်ကိုယ်ထည်နဲ့ ထုလုပ်ထားရင်း လူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းခြင်းလို့ ခေါ်လေသည်။ သို့သော် ဘုရင်လင်ကွမ်းရဲ့ အခြေအနေမှာ ထိုကဲ့သို့မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိလာရသည်။

ချန်ရှီရဲ့ အမွှေးတိုင်တစ်ချောင်းတည်းနဲ့ အသက်ပြန်ရှင်လာ၏။ ဤသည်မှာ ဖြစ်ပျက်မှုအသစ် တစ်ခုဖြစ်သည်။

ဘုရင်လင်ကွမ်းက အလွန်အစွမ်းထက်သည် သို့မဟုတ် အလွန်အားနည်းကြောင်း ညွှန်ပြနေသည်။ အတိတ်က အဖြစ်အပျက်တွေက သူ့ကို မသတ်နိုင်ခဲ့လောက်အောင် အစွမ်းထက်လွန်းခဲ့လိမ့်မည်။ ဒါမှမဟုတ် ချန်ရှီက သူ့ကို အမွှေးတိုင်တစ်ချောင်းတည်းနဲ့ အသက်ပြန်ရှင်စေခဲ့တာကြောင့် သူက အရမ်းအားနည်းတယ်လို့ ဆိုရလေမလား။

ဒါကို သူတွေးနေချိန်မှာပဲ အမှောင်ထဲက အသံတစ်ခုက ရုတ်တရက် ရယ်မောလိုက်လေသည်။

"ဟေ့ မင်း ပူဇော်သက္ကာတွေ လာယူခဲ့တာ အများကြီးပဲကိုး... စစ်မှန်တဲ့ ဘုရင်ငယ်လေး ငါကမင်းကို တွန့်တိုတတ်တယ်လို့ ထင်နေတာ... ဒါပေမယ့် မင်း နတ်ဆိုးတွေ အများကြီး ယူလာမယ်လို့ မမျှော်လင့်ထားဘူး"

စိတ်ရှုပ်စွာနဲ့ ချန်ရှီ လှည့်ကြည့်လိုက်တော့ တံဆိပ်ခတ်လုနီးနေပြီ ဖြစ်တဲ့ ဘုံကျောင်းဆီကို ထူးဆန်းတဲ့အသွင်က ပြေးလာနေတာကို တွေ့လိုက်ရလေသည်။

ထိုထူးဆန်းသော ရုပ်သွင်သည် သေးသွယ်သောအသွင်ဖြင့် အနက်ရောင်ကို ၀တ်ဆင်ထားသည်။ လည်ပင်းတွင် ပန်းပွင့်ကြီးတစ်ပွင့် ပွင့်နေကာ ပန်းပွင့်​ရဲ့ အဖွင့်အပိတ်က ထိုလူ၏မျက်​နှာကို ​ပေါ်လွင်​​လာစေသည်​။

ထို့နောက် ပန်းပွင့်ကြီးက ပွင့်လာကာ ပွင့်ချပ်များ လှုပ်ယမ်းလာသည်။ ပွင့်ထွက်သွားတိုင်း လူမျက်နှာတစ်ခုစီကို ဆောင်ထားသည်။

ထူးဆန်းသော သတ္တဝါ၏ ခန္ဓာကိုယ်သည် အလွန်မြင့်မားပြီး ပေရာနှင့်ချီ ရှိသည်။ ချန်ရှီ မော့ကြည့်လိုက်တော့ ကောင်းကင်ကနေ သူ့ကို ငုံ့ကြည့်နေတဲ့ မျက်နှာတွေကို တွေ့လိုက်ရ၏။

ဤအကြည့်ကို လှမ်းမြင်လိုက်ရာ သူ့အတွင်း၌ နတ်ဆိုး အတွေးများ ပေါ်လာသည်။ ချန်ရှီ ဆဋ္ဌမမြောက် နတ်စာလုံးအသစ်ကို အလျင်အမြန် အသက်သွင်းလိုက်တာကြောင့် သူ့အတွင်း၌ မိုးခြိမ်းသံ တဟုန်ထိုး ထွက်ပေါ်လာကာ နတ်ဆိုး အတွေးများကို သန့်စင်စေပြီး နောက်ဆုံးတွင် သူ့ကိုယ်သူ ငြိမ်သက်သွားစေခဲ့သည်။

"နတ်ဆိုးမျိုးစေ့ ထွက်လာပြီ!"

ဒါကို တွေးနေတုန်းမှာပဲ ရုတ်တရတ် မျက်နှာမှာ ယားယံလာသလို ခံစားလိုက်ရသည်။ သူ ခြစ်မိတော့မှာ ဖြစ်ပေမယ့် ဖုရှန်းမြို့က လူတွေ အဖြစ်အပျက်ကို ရုတ်တရက် သတိရသွားသဖြင့် သူ့ကိုယ်သူ ချက်ချင်း တားလိုက်သည်။

အဲဒီအချိန်မှာ သူ့ခေါင်းနောက်ဖက်ကလည်း ယားယံလာသည်။ ယားယံမှုက ပိုပြင်းထန်လာပြီး ခေါင်းနဲ့ မျက်နှာကို ကုတ်ပစ်ချင်စိတ်တွေ ဖြစ်​ပေါ်လာ၏။ ချန်ရှီ မလှုပ်ရဲတော့ဘူး။ ယားယံမှုက သူ့နောက်ကျော၊ ဗိုက်နဲ့ ခြေထောက်တွေအနှံ့ ပျံ့နှံ့သွားသလိုပင်။ အခုပဲ ခြစ်ထုတ်နိုင်ရင် ပျော်ရွှင်စရာ​ကြီး ဖြစ်လာတော့မည့်နှယ်။

အတွင်းထဲမှာ ကြောင်တစ်ကောင်က သူ့အမြီးကို ညင်သာစွာ ပွတ်သပ်နေသလိုမျိုး ယားယံမှုကို ခံစားလာရပြန်သည်။

"ခြစ်.... ခြစ်လိုက်..."

ကုတ်ခြစ်ရန် တွန်းအားကို သူ အသည်းအသန် ခုခံခဲ့သော်လည်း မြေပြင်ပေါ်သို့ လဲကျသွားသော တာအိုယွီကတော့ သည်းမခံနိုင်ဘဲ သူ့မျက်နှာကို ကုတ်လိုက်သည်။

တာအိုယွီ၏ မျက်နှာသည် ရုတ်တရက် ထောင်ပေါင်းများစွာသော ပါးလွှာသည့် ပွင့်ချပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး ညင်သာစွာ ဖွင့်လာသည်။ ပွင့်ချပ်တစ်ခုစီ၏ အောက်တွင် စက္ကူကဲ့သို့ ပါးလွှာသော တာအိုယွီ၏ မျက်နှာများ ရှိ​နေသည်။

"ငါဘာဖြစ်နေတာလဲ?"

သူ့အသံက အသံတစ်ထောင် ရှိနေသလို ပဲ့တင်ထပ်နေ၏။

ချန်ရှီ မျက်လုံးများ မှိတ်ထာကာ ယားယံလာသည်ကို အောင့်အီးသည်းခံထားသည်။ မျက်လုံး ပြန်ဖွင့်လိုက်တော့ ရုတ်တရက် သူမြင်လိုက်သမျှ နှစ်ဆ၊ နှစ်ထပ်ပုံများ ​ဖြစလာသည်။

"ရှောင်သွမ့်! ရှောင်သွမ့်"

ချန်ရှီရဲ့ အသံမှာ တုန်လှုပ်နေမှန်း သိသာထင်ရှားလာ၏။ သူ မလှုပ်ဝံ့ဘဲ နေရာတွင်သာ အေးခဲသွားသည်။

"ငါ့မျက်လုံးထဲကို ကြည့်!"

ရှောင်သွမ့် သူ့ခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်မှ ပြေးထွက်လာကာ သူ့ထံသို့ ချဉ်းကပ်လာသည်။

"ရှင့်မျက်လုံးတွေ..."

သူမ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ချန်ရှီ၏ မျက်လုံးများထဲ၌ မရေမတွက်နိုင်သော နုနယ်သည့် ပန်းပွင့်များ ပေါင်းစည်းနေသည်။

သူမက နှုတ်ခမ်းစူကာ ဆို၏။

"ယောက်ျား... ကျွန်မ သူတို့ကို မှုတ်ပစ်မယ်!"

"မမှုတ်နဲ့!"

ချန်ရှီ သူမကို အမြန်တားလိုက်သည်။ လွင့်သွားလျှင် ဤမျက်လုံးသည် ပန်းပွင့်ကဲ့သို့ ပွင့်နေပေလိမ့်မည်။

"ဟားဟားဟား!"

မြေကြီးက ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားကာ မီးနန်းတော်ရှေ့ရှိ ရွှေကြာပွတ်သည်လည်း တုန်ခါလာတာကြောင့် လေထုထဲ ဆူညံသွားသည်။ မီးနန်းတော် အနောက်က မြေပြင်သည်လည်း ပြင်းပြင်းထန်ထန် တုန်နေပြီး ကြီးမားသော လက်တစ်စုံက ရွှေကြာပွတ်ကို ဆုပ်ကိုင်ထားသည်။ မီးနန်းတော် နောက်ကွယ်တွင် ဆံပင်နီ၊ မုတ်ဆိတ်နီနီ နတ်ဘုရားတစ်ပါးသည် တောင်စောင်းမှ ဖြည်းညှင်းစွာ ထလာပြီး အခြားလက်တစ်ဖက်က တောင်ထိပ်ကို ထောက်ထားသည်။

"စစ်မှန်တဲ့ ဘုရင်ငယ်​လေး... မင်းက မတွန့်တိုပါဘူး!"

ဘုရင်လင်ကွမ်းသည် ဆယ့်နှစ်ထပ် ဘုရားတစ်ဆူနှင့် ဆင်တူသော ရွှေကြာပွတ်ကို မြှောက်ကာ ထူးဆန်းသော ရုပ်ပုံလွှာကို လွှဲရိုက်လိုက်ရာ ပွင့်ချပ်နှင့်တူသော ခေါင်းပေါ်က ပွင့်ချပ်များ လွင့်ပျံသွားသည်။

ပန်းပွင့်များဖြင့် ဖုံးအုပ်ထားသော ထူးဆန်းသော မျက်နှာဆီကလည်း စူးစူးရှရှ အော်သံကြီး ထွက်လာသည်။ ဦးခေါင်းကို ပန်းပွင့်များအဖြစ် ပြောင်းလဲထားသော တာအိုယွီကလည်း သူ့ကိုယ်၌ နာကျင်ခံစားသွားရသလို ရှိုက်ကြီးတငင် အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှာပဲ ချန်ရှီသည် သူ့ရဲ့ညာဘက်မျက်လုံးမှာ စူးရှတဲ့နာကျင်မှုကို ခံစားလိုက်ရသည်။ ထို့နောက် ငုတ်တုတ်ထိုင်ချ၍ မျက်လုံးများကို မှိတ်ထားလိုက်သည်။

"မင်းက ငါတွေ့ဖူးသမျှထဲမှာ အကြင်နာဆုံးဘုရင်ပဲကွ!"

ဆံပင်နီနီ နတ်ဆိုးရုပ်က တောင်ပေါ်ကနေ ထွက်လာပြီး သူ့ရဲ့ ဘယ်ဘက်လက်ကို အပေါ် တွန်းလိုက်ပါ၏။ ၎င်း၏ ဘယ်ဘက်လက်တွင် ရွှေရောင်မီးဘီးကို ဆုပ်ကိုင်ထားခဲ့သည်။ အပြင်ဘက်တွင် တောက်လောင်နေသော မီးတောက်များနှင့် လေပွေလှိုင်းတစ်ခုက အတွင်း၌ ပျံ့နှံ့နေသည်။

"ဝူး!"

မီးဘီးသည် လွတ်လွတ်လပ်လပ် ပျံသန်းသွားကာ လေထဲသို့ လွှတ်တင်ကာ ထိုနတ်ဆိုး၏ လည်ပင်းကို တိကျစွာ ဖြတ်ပစ်လိုက်သည်။ ထို့နောက် ဘုရင်လင်ကွမ်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ့ပါးစပ်ကိုဖွင့်ကာ နတ်ဆိုး၏ဝိညာဉ်ကို စုပ်ယူလိုက်​လေသည်။

"ကောင်းလိုက်တဲ့ အရသာ!"

နတ်ဆိုး သေဆုံးပြီးနောက် ချန်ရှီ၏ ညာဘက်မျက်လုံးရှိ စူးရှသော နာကျင်မှုက တဖြည်းဖြည်း သက်သာလာသည်။ အော်ဟစ်နေသော တာအိုယွီ၏ ပွင့်ချပ်ပုံစံ ဦးခေါင်းသည် ဖြည်းဖြည်းချင်း ပိတ်သွားပြီး အပိုင်းအစတစ်ခုအဖြစ် ပြန်လည် ကြီးထွားလာသည်။

အစောက နတ်ဆိုးကလည်း နတ်ဆိုးမျိုးစိတ်ဖြစ်သည်။ သေသွားသောအခါ နတ်ဆိုးနယ်မြေ ကွယ်ပျောက်ပြီး ၎င်းတို့အပေါ် သက်ရောက်စေခဲ့သော အမျိုးမျိုးသော လွှမ်းမိုးမှုများကလည်း ပျောက်ကွယ်သွားခဲ့၏။

ထိုအချိန်တွင် တောင်ခြေရင်းက ထူးထူးဆန်းဆန်းရုပ်ပုံ တစ်အုပ်ကလည်း သူတို့ဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်။ ၎င်းတို့၏ နတ်ဆိုးစွမ်းအင်များက တဟုန်ထိုး တက်လာကာ တောင်ပတ်ပတ်လည် ကောင်းကင်ယံကို ကွဲလွဲသွားစေခဲ့သည်။ ဤအရာများသည် ပွင့်ဖူးသော နတ်ဆိုးပန်းများမှ အညှောက်ပေါက်ခဲ့သော နတ်ဆိုးမျိုးစေ့များပင် ဖြစ်သည်။

သူတို့ရဲ့ပုံစံတွေက ထူးထူးဆန်းဆန်းနဲ့ ကွဲပြားကြသည်။ အချို့မှာ ထင်ရှားသော အရိုးစုများဖြင့် ညစ်ညမ်းသော အကောင်များပင်။ အချို့မှာ ကင်းခြေများကဲ့သို့ ခြေလက်တွေများကာ အချို့မှာလည်း တောက်ပသော အလင်းရောင်ဖြင့် လင်းထိန်နေ၏။ အချို့မှာ မရေမတွက်နိုင်သော လက်များ အညှောက်ပေါက်ကာ အချို့မှာ မျက်လုံးများကို ဖုံးအုပ်ထားကာ အချို့မှာ ၎င်းတို့၏ လမ်းခရီးတွင်ပင် အရာအားလုံး အရည်ပျော်သွားကြသည်။

ဤနတ်ဆိုးများသည် မူလက ရုပ်ပိုင်းဆိုင်ရာအသွင်သဏ္ဌာန် မရှိခဲ့ပေ။ သက်ရှိကမ္ဘာနဲ့ မရဏကမ္ဘာများ ပေါင်းစပ်ပြီးနောက် သူတို့သည် သက်ရှိကမ္ဘာထဲ ကျူးကျော်ဝင်ရောက်ကာ ရုပ်ပိုင်းဆိုင်ရာ အသွင်သဏ္ဍာန်နှင့် နတ်ဆိုးအသွင်ပြောင်းခြင်းကို စတင်ခဲ့သည်။

ရုတ်တရက် လေမီးဘီးသည် လေထဲ၌ ဟောက်ကာ လှည့်ပတ်ရင်း ဘုရင်လင်ကွမ်း၏ ဆုပ်ကိုင်မှုထဲသို့ ဆင်းသက်လာခဲ့သည်။

နတ်ဆိုးနတ်ဘုရားက ဝမ်းသာအားရ ရယ်မောခြင်းရင်း ကြွလာမည့် နတ်ဆိုးများကို တွေ့ဆုံရန် တောင်ပေါ်မှာ အားဖြည့်နေ၏။ လေမီးဘီးကို လွှဲလိုက်ခြင်းဖြင့် သူနှင့်ဆန့်ကျင်ဘက် နတ်ဆိုး၏ ဦးခေါင်းတစ်ဝက်ကို ဖြတ်ပစ်လိုက်သည်။ ရွှေကြာပွတ်ကို လွှဲပစ်လိုက်ရင်တော့ ကြာပွတ်၏ အဆုံး၌ ကောင်းကင်က မိုးခြိမ်းသံ​ကြီးလို အသံနက်ကြီး ထွက်ပေါ်လာလိမ့်မည်။

ဘုရင်လင်ကွမ်း ကြာပွတ်ကို လွှဲချလိုက်ပြီး မိုးခြိမ်းသံများဖြင့် ကျူးကျော်လာ​သော နတ်ဆိုးများကို ချက်ချင်း ရိုက်ထုတ်လိုက်သည်။ သူ ခြေထောက်ကို မြှောက်ကာ ဆောင့်ချလိုက်သည်နှင့် တောင်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားသည်။ နတ်ဆိုးများကို ဖျက်စီးမယ့် မီးတောက်များ မြေပြင်မှ တောက်လောင်လာ၏။

ဘုရင်လင်ကွမ်းသည် သူ၏ လေမီးဘီးကို မီးအိုင်ထဲသို့ ပစ်ပေါက်လိုက်ကာ လှိုင်းပုတ်သံကြီးလို ခေါင်းတွေကို တစ်ခေါင်းပြီးတစ်ခေါင်း ဖြတ်လိုက်သည်။ ထို့နောက် သူသည် ရွှေကြာပွတ်ကို ကိုင်ဆောင်ကာ ရှေ့သို့ ထပ်တိုးလာခဲ့သည်။ မိုးခြိမ်းသံတွေက ကောင်းကင်ကနေ ရွာသွန်းနေဆဲ ဖြစ်ကယ မီးပင်လယ်ကို ထိုးဖောက်ပြီး ခေါင်းတွေကို အပိုင်းပိုင်း ခွဲပစ်လိုက်၏။

ကျူးရှို့ချိုင်မှာ မြင်ကွင်းကို ငေးကြည့်ရင်း အံ့အားသင့်သွားခဲ့သည်။

"ဒီဘုရင်လင်ကွမ်းက သူ့ခန္ဓာကိုယ် အစစ်လား?"

ချန်ရှီ ခေါင်းယမ်းလိုက်သည်။

"သေချာတာကတော့ စစ်မှန်တဲ့ ဘုရင်ခေတ်တုန်းက ဟွာရှရှန်ကျိုးကနေ ပင်လယ်ကိုဖြတ်ကူးခဲ့တဲ့ နတ်ဘုရားတွေက ကိုယ်ပွားတွေ ဒါမှမဟုတ် လူ့ဇာတိခံယူထားတာတွေပဲ... ဖြစ်ပါတယ်... မယ်မယ်ရှစ်ကျီပဲ သူ့ပုံစံနဲ့သူ ရောက်လာတာ"

ကျူးရှို့ချိုင်: "ကိုယ်ပွားတစ်ခုတည်းက ဒီလောက်တောင် အစွမ်းထက်နိုင်တာလား?"

ဝုန်းကနဲ အသံနောက်တစ်ခု ပြိုကျပြီးနောက် နတ်ဆိုးနယ်မြေ တစ်ခု ပေါက်ကွဲသွားသည်။ ချန်ရှီ၏မျက်လုံးများကို ဂရုတစိုက် စစ်ဆေးနေသော ရှောင်သွမ့် ရုတ်တရက် အဝေးသို့ လှည့်ကြည့်လိုက်ပြီး သူမမျက်နှာပေါ်တွင် ရှုပ်ထွေးနေသော အမူအရာတစ်ခု ပေါ်လာသည်။

ချန်ရှီ: "မင်း ဘာကြည့်နေတာလဲ"

"အဝေးကနေ လူတစ်ယောက် ကျွန်မတို့ကို စောင့်ကြည့်နေတယ်"

ချန်ရှီရဲ့ နှလုံးသားက တုန်လှုပ်သွားသည်။

"ဘယ်မှာလဲ?"

ရှောင်သွမ့် ညွှန်ပြပြီးသည်နှင့် ချန်ရှီ မဆိုင်းမတွဘဲ ကောင်းကင်သံတုတ်ကို ခေါ်ကာ ကောင်းကင်ဘုံ မီးနယ်မြေကို အသက်သွင်းလိုက်သည်။ ကောင်းကင်သံတုတ်က မိုင်တစ်ရာအကွာအဝေးသို့ လွင့်ပျံသွားလေသည်။ ချန်ရှီဟာ အတွေးတစ်ခုတည်းဖြင့်ပင် ကောင်းကင်သံတုတ်ကို လှန်လိုက်ရာ အလွန်ထူထပ်လာသော အနက်ရောင် တိုင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ကျူးရှို့ချိုင်လည်း ပြေးထွက်သွားပြီး လေထဲ၌ ရပ်ကာ ကောင်းကင်သံတုတ် ပြုတ်ကျမည့်နေရာကို လှမ်းကြည့်လိုက်သည်။ သံတုတ်က မြေပြင်ကို ထိတော့မည့်အခိုက် ရုတ်တရက် ပြုတ်ကျလာတာကို တစ်စုံတစ်ယောက်က ဆုပ်ကိုင်ထားသလိုမျိုး ရပ်သွား၏။

"ငါတို့ ရှာတွေ့သွားပြီ... သွားကြရအောင်"

သံတုတ်အောက်မှ အသံတစ်သံက ပြောလေ၏။

All Chapters